သူမရှေ့မှာ ငုတ်တုတိထိုင်ပြီး တအိမ်လုံးကို မျက်စိကစားနေသော သော်တာ
ခဲတံကိုလည်းကိုက်ထားတာ စရောက်ထဲက
ဂျစ်ကန်ကန်အချိုးမပြေသောပုံစံပေမို့ သူမစိတ်ထဲ သေချာကိုင်တွယ်မှရမည်ဟု မှတ်ချက်ချမိလိုက်သည်။
"မကြီးက အိမ်ထောင်ကွဲနေတာလား???'
"Chemistry ထုတ် ဒီနှစ်ကorganic ခန်းပယ်လို့မရဘူးမလား အာ့တာလေးအရင်လုပ်ကြည့်မယ်"
"နေပါဦး စာကနောက္မှပေါ့ အခုက မရင်းနှီးပဲ စာစသင်ရမယ်ဆိုတော့ နဲနဲလေးမသက်မသာဖြစ်ရလို့"
"ဒါဆို ဘာမေးမှာလည်း???"
"အဟင်း သော်တာက ဒဲ့သမား သိချင်တာရှိရင်မေးရမှ တမျိုးတော့မထင်နဲ့ အမ ဘဲက အမကို ယူမယ့်နေ့မှာထားခဲ့တာဆို"
"လုံလောက်တဲ့အဖြေအခုထိမရသေးဘူးလား
သုံးလကျော်ပြီဖြစ်တဲ့ ကိစရပ်ကိုလေ"
"အမကတော့ မဟုတ်ဘူးပဲဖြေမှာပေါ့"
"အဟွန်း ထားသွားတယ်ဆိုရင်ရော???'
"ထားသွားတယ်ဆိုရင် သော်တာကောက်ချက်ချတာ မှန်သွားတာပေါ့ ပိုက်ဆံတစ်သောင်းကြေးတောင်လောင်းထားတာ"
ရင်ဘတ်တနေရာက ဆစ်ကနဲဖြစိသွားရသည်။
သူမသိတာပေါ့ သူမကို မခံချင်အောင်ပြော
ပြသနာတက်အောင်လုပ်
ပြီးတာနဲ့ မသင်ချင်ပါဘူးဆိုပြီး လစ်ထွက်ဦးမှာ
"အင်း အဲ့မုန့်ဖိုးနဲ့ကောင်းတာ၀ယ်သုံးပေါ့
အမရဲ့ အတင်းဖျင်းနဲ့ငွေရှာနိုင်ပြီးသုံးရတာ
ပျော်ရတယ်ဆိုရင်ပေါ့"
"ဘာလည်း အမက စိတ်ဆိုးတာလား
ပွင့်ပွင့်လင်းလင်းပေါ့ မကြိုက်ရင်မကြိုက်ဘူးဘာညာ"
"လူတိုင်းကတော့ ကိူယ့်အတွင်းရေးကို မြိန်ရေရှက်ရေပြောဆိုနေတာမျိုးကြိုက်လှဟန်မရှိပါဘူး
ကိုယ်ရေးကိုယ်တာဆိုတာ အတတ်နိုင်ဆုံးစည်းနဲ့နေရတာပေါ့
ဥပမာ သော်တာ ကျောင်းလစ်ပြီး ရည်းစားခိုးထားတာ မုန့်သွား၀ယ်တိုင်းကြားနေရတာပဲ
အမက အဲ့အတင်းဖျင်းမပြောရင်တောင်
သူများတွေက အားရ၀မ်းသာစွာပြောနေမှာပဲ"
"ဘာ!!!!'
"တရားပါတယ်သော်တာ စိတ်မဆိုးနဲ့ပေါ့
သော်တာ သူများအကြောင်းပြောဆိုအားရနေချိန်မှာ တချိန်ထဲမှာပဲ တခြားတစ်ယောက်က သော်တာ့အကြောင်းပြောဆိုနေနိုင်တာပဲလေ"
"အဟွန်း အမက စကားတတ်သားပဲ ဒါပေမယ့် အမသိလား အမကို စတွေ့ထဲကသဘောမကျဘူး ၊မြုံစိစိနဲ့ မခုတ်တတ်တဲ့ကြောင်လိုလိုပုံ"
"ကြိုက်သလိုဝေဖန်လို့ရပါတယ်
သော်တာ ပြောတာနဲ့ အမရဲ့ဖြစ်တည်မှုကပြောင်းလဲသွားတာမှမဟုတ်တာ အနည်းဆုံးတော့ အမက ဆယ်တန်းအောင်ထားပြီးသားလေ"
"ပြောချင်တာက အဆင့်တန်းမတူဘူးလို့ပြောနေတာလား!!!လာမယှဉ်နဲ့ဆိုတဲ့သဘောလား"
ရွက်စိမ်းက ဘာမှမပြောပဲ မျက်ခုံးတစ်ချက်ပင့်ပြလိုက်သည်။ဟုတ်တယ်ဆိုတဲ့ပုံစံမျိုး
"အဟား အမလိုလူစားဆီမှာ အနိုမ်မခံနိုင်ဘူး
အမဒီ၀န်းကျင်မှာ နေရဲပုံက တော်ရုံ မျက်နှာနဲ့မဟုတ်ဘူးနော် ၊သော်တာ့ထက်အပုံကြီးနိမ့်ကျတာရောသိလား"
"ဒါဆိုပြိုင်မလား????'
"စိန်လိုက်လေ ဘယ်လိုပြိုင်မလည်း!??"
"မင်း ဆယ်တန်းအောင်ရင် ငါဒီ၀န်းကျင်ကထွက်သွားမယ် ပြီးတော့ မင်းငါ့အကြောင်းကို ပေါ်တင် ဝေဖန်ပြောဆိုနိုင်တယ် ဘယ်လိုလည်း!!!"???''
"လင်ပစ်သွားတာရော ၀န်ခံရဲလား???"
လက်သီးတွေတင်းကနဲနေအောင်စုပ်မိသည်။
ရင်ဘတ်ထဲမောကျသွားတာ ကြောင့် သူမရှိသမျှအားအင်ကိုစုကာ
"အင်း သေချာပေါက်ပေါ့"
"အဟား အမရဲ့ကျရှုံးခန်ူးကို မြင်ယောင်ချင်သေးတယ် သေချာပေါက် အောင်စေရမယ်"
"ကောင်းပြီလေ အခုစာလုပ်တော့မလား???"
"အင်း!!!'
စာအုပ်တေွ လှန်လှောနေပေမယ့် လက်တွေက တဆတ်ဆတ်တုန်လို့
ဒီလိုစကားတွေတောင့်ခံရနေပေမယ့် ငိုချင်စိတ်ကို မနည်းထိန်းချုပ်ထားရသည်။
အနေထိုင်မတတ်တာချင်းတူတာတောင်
အားကိုးမရှိတော့ အနိုမ်ခံရတာက အိမ်အထိပေါ်တင်ရယ်.....
တစ်ခါတစ်လေ လူတွေနဲ့ဝေးရာကိုသာပြေးထွက်ချင်လိုပါ၏။
................
"ကော်ဖီ အပြင် တခြားကိတ်တွေပါရှိသေးတာမို့ စိတ်တိုင်းကျ ရွေးချယ်လို့ရပါ
တယ်ရှင့်"
"နွားနို့တစ်ခွက်ပဲပေးပါ!!!'
"ကျွန်တော့်ကို လက်တေး တစ်ခွက်"
"ကျွန်တော့်ကိုကျ ဆန်းဒေး"
"ဟိတ်ကောင် ဒီလိုနေရာမှာ ဆန်းဒေးရမလား"
"မသိဘူးလေ ကော်ဖီဆိုငါကအဲ့ဒါပဲသိတာ"
ပြောင်စပ်စပ်မျက်နှာပေးတွေနဲ့ လူကိုခေါ်ရစ်နေတာ ဆယ်မိနစ်လောက်ရှိနေလေပြီ။
မရှိတာတွေမှာလိုက် ဟိုမေးဒီမေးလုပ်လိုက်နှင့်
ကိုသူရကလည်း ဒီနေ့မှနောက်ကျနေသည်။ဟိုကောင်မလေးနှစ်ယောက်ကလည်း ဒီတိုင်းလေးသာကြောင်ကြည့်နေကြသည်။သူတို့လည်း၀င်မပြောရဲ
"ဟိုလေ ဒီဆိုင်မှာရှိတာပဲမှာပေးလို့ရမလားရှင့် "
"ဘာတွေလောနေတာလည်း ဒီမှာလူဆိုတာ ဟိုဘက်ဝိုင်းနဲ့ငါတို့ဝိုင်းပဲ ရှိတာ အေးဆေးပေါ့"
"အေးလေ လူကြည့်တော့ ပိန်ညှောင်ညှောင်နဲ့ မင့်ကို ကြည့်ချင်လို့ ခေါ်ထားတယ်များမှတ်နေလား"
"ဘာရှင့်!!!!'
"ဟိတ်ကောင်တွေ!!!"
အခြေတင်ဖြစ်နေတုန်း အသံလာရာကြည့်လိုက်တော့ Jay
"ဘာတုန်းခများက"
မှုန်သုန်နေတဲ့မျက်နှာက လူသတ်တတ်တော့မယ့်အတိုင်း Jay ကခက်ထန်နေသည်။
ဆိုင်ထဲကိုအကြမ်းပတမ်း၀င်ချလာပြီး
ထိုလူတွေထဲကတစ်ယောက်ကိုထိုးချလိုက်တာ ပြင်းပြင်းထန်ထန်ရယ်
"ခွပ်!!!'
"ဟာ ဟေ့ မင်း!!!''
"ဘာလုပ်ချင်လည်း ငါဒီဆိုင်ပိုင်ရှင်
ငါ့ပိုင်နက္မှာ ငါ့၀န်ထမ်းကို ထိပါးပြောဆိုတာ ငါကလက်ခုပ်လက်ဝါးတီးပြီး ထိုင်ကြည့်နေရမှာလား"
ထိုလူအုပ်စုမျက်နှာတွေပျက်ကြသွားပေမယ့် သူတို့ပုံစံကမကျေနပ်သေး
"ပိုင်ရှင်ဖြစ်တော့ လီးဖြစ်လား ဟေ့ကောင် လာစမ်း!!!'
အထိုးခံရတဲ့လူကထလာတော့ ကျန်နှစ်ယောက်က အသည်းသန်ဝိုင်းဆွဲကြသည်။
"မင်းငါ့ကို ထိကြည့်လိုက်လေ ရဲစခန်းခေါ်ရင်ကြာလို့ ဒီမှာတင် မင်းတို့ကိုကြိုက်တာလုပ်လိုက်လို့ရတယ်"
"မင်း သေမယ် သိလား!!!!'
လုပ်ရပ်နဲ့မရတော့ ကြိမ်းဝါးကာ အုပ်လိုက်ပြန်ထွက်သွားကြသည်။
ရွက်စိမ်းကိုကြည့်လိုက်တော့ မျက်ရည်ကြည်တွေရစ်ဝိုင်းနေကာ သူ့ကိုမမြင်ဖူးသလိုငေးကြည့်နေသည်။
"ဒီ ဒီဆိုင်က????"
"ဟုတ်တယ် ကို့ဆိုင်"
"ရွက်စိမ်းနားမလည်တော့ဘူး??ရှင်နောက်နေတာမလား!!"
"မနောက်ဘူး ဒီမှာရေသောက်ပြီး ခနထိုင်နေ
ဟေ့ ဟိုနှစ်ယောက် ဒီလာခဲ့!!!"
ချောင်ကွယ်မှာ ပုန်းနေတဲ့ ကောင်မလေးနှစ်ယောက်ကိုပါခေါ်လိုက်တော့ အပြေးလေးရောက်လာကြသည်။
စောနကထိုးတယ်ကြိတ်တယ်ဖြစ်ထဲက ဘေးကဝိုင်းကလူတွေထသွားပြီ ဖြစ်တာမို့ ဆိုင်မှာ ဘယ်သူမှမရှိတော့
"နင်တို့နှစ်ယောက်က ပါးစပ်မပါဘူးလား
ဒီမှာ တစ်ယောက်အပြောခံနေရတာ နားမပါကြတာလား???'
"မဟုတ် မဟုတ်ပါဘူး နုနု တို့လည်းကြောက်လို့ပါ"
"အလုပ်ထုတ်တယ် မင်းတို့ကို ပြသနာတစ်ခုကိုတောင် မဖြေရှင်းနိုင်တာတင်မက ကူညီစိတ်တောင်မရှိတဲ့ လူစား မလိုအပ်ဘူး အခုထွက်!!!'"
ကောင်မလေးတွေ ငိုရှိုက်ရင်းထွက်သွားကြတော့ ရွက်စိမ်း နဲ့ သူနဲ့ပဲ ဆိုင်ထဲမှာ ကျန်ခဲ့ရသည်။ ထိုအချိန်ထိ ကိုသူရ မရောက်သေး
"လန့်သွားလား!!!!!""
"အင်း ဒါပေမယ့် ဒီဆိုင်ရှင်ပိုင်ဆိုတာ
တကယ်မသိလို့ပါ!!!''
"သိရင် အလုပ်မလာဘူးပေါ့အဲ့လိုလား"
"ဟုတ်တယ်"
"အဟွန်း!!!'
ပါးတစ်ဖက်က ပါးချိုင့်တွေ နစ်၀င်သည့်အထိ
Jay ကပြုံးလိုက်ရင်း ရှေ့တိုးကပ်လာတော့
ရွက်စိမ်းမှာ နေရာမရှိ နောက်ကိုကပ်လိုက်မိတော့ အုတ်နံရံသာရှိနေလေသည်။
ဒီလူနဲ့ နီးကပ်နေရမှုကို မလိုချင်တာကြောင့်
"ဘေဘီ!!!!'
"ဖယ်ပေးပါ ရွက်စိမ်းလည်းအလုပ်
ထွက္မယ်"
"ဘယ်သူ့သဘောနဲ့လည်း!!!"
နီးကပ်လာတဲ့အနေထားမှာ ရွကိစိမ်း ဇောချွေးပြန်နေပြီ ဖြစ်ပြီး လူက ပိုပြီးငိုချင်လာရသည်။
"ရှေ့ ရှေ့မတိုးနဲ့နော် အော်လိုက္မှာ ဖယ်!!!!!""
"မင်းကလေ ယုန်လေးလိုပဲ အရမ်းအသည်းငယ်တတ်တာပဲ စိတ်ချပါ အလုပ်မထွက် နဲ့ ဒီဆိုင် ကိုမလာဘူး ပြီးတော့ ကိုသူရမကြာခင်ရောက်တော့မှာ"
ဆံပင်ဂုတ်၀ဲေလးတွေကို လှမ်းယူဆော့ကစားပြီး ဖျတ်ကနဲငုံ့ဆင်းကာ ဆံပင်တွေကိုနမ်းရှိုက်သွားသည်။
အသားကို ထိတာမဟုတ်ပေမယ့် သူ့ရဲ့နီးကပ်မှုကို ရွကိစိမ်းသေလောက်အောင်ရွံပါသည်။
သူပြန်ထွက္သွားသည့်အထိ နှုတိခမ်းတွေပြတ်လုမတတ်ကိုက်ရင်း တအိအိ ခုံပေါ်ထိုင်ချမိလိုက်သည်။
သူမကိုသွေးတိုးစမ်းသည့်သဘောလား
ငါပြုတိုင်းရတယ်ဆိုတဲ့သဘောလား မသိပေမယ့် ဒီလိုအပြုမူမျိုးကို တကယ်မနှစ်သက်ပေ။
ခွန်ထိထားတဲ့ နေရာတွေကို သူမ ဘယ်သူ့ကိုမှ ပေးမထိနိုင်....
တစ်ဖက်သက်အချစ်တွေ သစာတွေက ဒီနေ့ဒီချိန်ထိ မပြောင်းသေးပါဘူးခွန်
...................
Location -United Arab Emirates
Country in the middle East, Dubai
"ဗွမ်း!!!!!'
လက်ပြန်ကြိုးတုတ်ထားသောသူအား ရေနဲ့ပက်ချလိုက်တာ မညှာမတာ။
သွေးတွေယိုစီးကျနေပေမယ့် ရိုက်နှက်ထားသည့် ညိုမဲနေရာတွေက ပိုပြီးများနေသညိ။
မျက်နှာထက် နားထင်စပ်မှာ ချုပ်ရိုးရာကြီးကထင်းနေကာ ဆံပင်တွေအားလုံး မရှိတော့
ကတုံးဆံပင်သာသာနှင့် ပါးသိုင်းတွေ ရှိနေသော ခွန် ဟာ ရှမ်း အမျိုးသားပါလို့ ထောက်ပြစရာတောင်မရှိ
တကယ့်ကိုအပြောင်းလဲလုပ်နိုင်လွန်းသည်။
"သတ်ပစ်လိုက်ပါလား!!!!'
"ဒီနိုင်ငံက ဒီလိုလုပ်ရပ်ကို အသေအလဲတားမြစ်ထားတာနော် သူ့ကို ဒီနေရာမှာထားပြီး စစ်ဆေးနေတာနဲ့တင်များနေပြီ ဒီနေရာကို ခများတို့ဘာမှတ်နေလည်း"
အချမ်းသာဆုံးနိုင်ငံဖြစ်တဲ့ ဒီလိုနေရာမျိုးထိ
သူတို့နောက်ကြောင်းလိုက်ခဲ့ရတာနည်းလား
ထိုင်းမှာ အကွကိချ ဖမ်းတော့ လည်း သူ့လက်ထဲကနေ ရုန်းထွက်ပြန်သည်။ဆုံးရှုံးခဲ့ရတာက သူ့လက်နက်ရုံနဲ့ နယ်စပ်က၀ယ်လက်တွေ
အခုတစ်ခေါက် မြန်မာပြည်တန်းမပြန်ဘဲ ဒီမှာ skyscraper အဆောက်ဦးထဲမှာ လုပ်သားအဖြစ် ရှိနေပြန်သည်။
ဉာဏ်များသညိ။ မြေခွေးလိုကောက်ကျစ်သည်။တန်းသတ်ဖို့ဒီနေရာမှာ မဖြစ်တော့ ညှင်းဆဲပြီး ဖမ်းချုပ်ထားရတာ ဒီနေ့နဲ့ဆို ဆယ်ရက်တိတိ
ဘေးကနေ ဆူပူကြိမ်းမောင်းနေတဲ့ အမေရိကန်စပ် မြန်မာလူမျိုးတစ်ဦးဖြစ်တဲ့
ဦးမိုက် ကယ် နေရောင် (moon light company ရဲ့ အရင်က CEO , ယခုလက်ရှိ ဦးလရောင်မှိုင်းရဲ့ အကိုတော်စပ်ပြှီး Jay ရဲ့ ဦးလေးတစ်ယောက်)
"သူတို့တူ၀ရီးတွေ ကျုပ်ညီအိမ်၀င်မွှေထဲက သတ်ပစ်ချင်ခဲ့တာ ၊အခု ကျုပ်ညီခမျာ ဟန်ပြ
စီးပွားပဲရှိတော့တယ် ၊သူတို့သာဖြတ်မခုတ်ဘူးဆို ဒီဘက်တွေထိ နယ်ချဲ့ပြီး ထင်တိုင်းကြဲခွင့်ရတော့မှာ"
သတိလစ်ချင်ချင်ဖြစ်နေတဲ့ ခေါင်းကို တောက်လျောက် မမေ့အောင်ထိန်းရင် ပြောဆိုနေကြတာကို အာရုံစိုက်ထားလိုက်သည်။ဖန်တွက်နေသော မျက်လုံးတွေက အတင်းပြူးပြဲဖွင့်ရပါများတော့ ကျိန်းစပ်နေ၏။
"သူ့ဦးလေးကို သတ္လိုက်္မိလို့ပေါ့ ဒါတောင် ဒီကောင်ရအောင်ကယ်ထုတ်သေးတာ ၊
မသိရင် နောင်တရသလိုလို ဘာလိုလိုနဲ့ နားလည်းပါးရိုက်လုပ်ပြေးလို့ ကျုပ်တို့လည်း အခုလို လိုက်လာရတာ၊ ကျုပ်အဖေဆို ခုထိ ဆေးရုံမှာ "
ဘိုးလေးတော်၏ တရားမ၀င်သားဖြစ်သူ
မင်းနွယ် က အကြံအိုက်ကာ နဖူးစပ်ကို ထောက်ထားရင်း ထိုင်ချလိုက်သည်။
"ကျုပ်အဖေကို သူမြန်မာပြည်မှာ မွှေခဲ့တာ နည်းလား သူ့ကို လက်၀ယ်ထားတဲ့သူတိုင်း
မြွေပွေး ခါးပိုက်ပိုက်ထားရသလိုပဲ ၊ထင်တဲ့အတိုင်းလည်း သူယုတ်မာခဲ့တာပဲ ၊အခုမိခါတော့မှ မသတ်ရဘူးဆိုတော့ လီး တွေ ဖြစ်နေရော"
စကားအပြောဆိုကအစ ပက်စက်သည်။သူတို့လက်နက်၀ယ်ရောင်းအုပ်စုတွေကို ချုပ်ကိုင်လုနီးပါးဖြစ်နေတဲ့ ခွန့် ကို မိတာတောင် သတ်ချင်တိုင်း သတ်လို့မရခဲ့။
ဘုန်းကံကိုက မြင်ပြင်းကပ်စရာ
"သူ့အားနည်းချက်နဲနဲပါးပါးမေးကြည့်
လေ ရအောင် ပြီးတော့ သူ့ဆီကသတင်းတွေကရွှေထက်အဖိုးတန်တယ်ဆိုတာ မင်းသိတယ်မလား ၊ဒီကောင်ကအခုထိအသုံး၀င်နေတုန်းနော်"
"မြန်မာပြည်မှာ မိန်းမယူဖို့ ဖြစ်သေးတယ်ဆိုတာသိရတယ် ၊ကောင်မလေးကို ထားခဲ့တော့
ဘယ်လိုမှ အားနည်းချက်ကရှာမရ ၊အဓိကဆွေရင်းဖြစ်တဲ့ သူ့ဦးလေးကို
သတ်လိုက္မိတော့ အကျပ်ကိုင်ဖို့နည်းတောင်မတွေ့တော့ဘူး"
"ကောင်မလေးနဲ့က ကြိုက်တာကြာပြီလား ၊နာမည်က???'
"ရွက်စိမ်း ဆိုလားပဲ ၊တအားကြိုက်တာထက်
မဖြစ်မနေယူရတော့မယ့်ပုံမျိုးတဲ့ ၊နယ်က တပည့်တွေပြောချက်အရ!!'
ရွက်စိမ်း .......ဒီနာမည်ကို သူတမ်းတနေခဲ့တာ
အဖြူရောင်၀တ်စုံလေးနဲ့ မျှော်လင့်ကြီးစွာစောင့်နေခဲ့မည့်သူမ
မျက်ရည်တွေဝဲနေခဲ့တာ မသိရင် သူမကြိုသိနေခဲ့တဲ့အတိုင်း
ဦးလေးတော်ကို ဖမ်းချုပ်ထားပြီး ချက်ချင်းလာတွေ့ရမယ်ပြောတဲ့အချိန်ထိ သူမဂ်လာပွဲကိုတော့ပြီးသည်အထိ ဆောင်ဖို့ ကြိုးပမ်းခဲ့သည်။
သို့ပေမယ့် နောက်ဆက်တွဲရွက်စိမ်း ပုံကိုပါထုတ်ပြပြီး သူမအနီးတဝိုက္မှာ ရှိနေခဲ့တဲ့ သူတို့လူယုံတွေ
အနံ့ခံကောင်းတဲ့ခွေးတွေကြောင့် ရွက်စိမ်းအသက်ဘေးမကင်းဖြစ်နေရတာကြောင့် ဆုံးဖြတ်ချက်တွေကရက်စက်ခဲ့သည်။
ချစ်လားမချစ်လား မသိပေမယ့် သူမကို တစ်ရက်လေးတောင်မေ့မရ
သူမဆီပြန်သွားရင်လည်း ယခုချိန်မလုံခြုံသေးပေ
ဒါတွေကြောင့် သူ ရှောင်ဖယ်ခဲ့သည်။
တွယ်ညိမှုတွေရှိလာပြန်တော့လည်း ရုန်းမဖယ်နိုင်
သေချာတာကမင်းကို ဒီနေ့ထိသတိရနေမိတယ်
မကြားနိုင်ပေမယ့် ရွက်စိမ်း ဆိုတဲ့နာမည်ကို အခါခါခေါ်မိပြန်တယ်....
အနည်းငယ်ထူးဆန်းပေမယ့်
မင်းဆီသေချာပေါက်ပြန်လာခဲ့မယ်
စောင့်နေမယ်မလား ရွက်စိမ်း......
မတူညီခဲ့တဲ့ဘ၀တွေက ဤသို့ရှိခဲ့သော်။
..........
"ဘာလို့ငါ့ကို ကြိုမပြောတာလည်း "
"နင်သိရင် လုပ်မှာမဟုတ်ဘူးလေ
ပြီးတော့ ငါ့အကိုကအဲ့မှာမန်နေဂျာဆိုတာကတော့အတည်
သူတို့ကိုယ်တိုင်အလုပ်ရစေချင်လို့လာပြောတော့ ငါလည်းအဆင်ပြေအောင်လုပ်ပေးတာပါဟာ"
"ငါ့နင့်စေတာနာ နားလည်ပါတယ် နီလာရယ်
ဒါပေမယ့် ငါသူ့ကို သဘောမကျဘူး"
"သူအရမ်းဆိုးတာသိပါတယ်
အခုဟာကတကယ့်ကို သူဘက်ကကူညီချင်တဲ့ဟန်"
နီလာက ထိုအကြောင်းရာနဲ့ပတ်သတ်လို့သိထားပေမယ့် ယခုလက်ရှိအလုပ်ပေးဖို့ခခယယတောင်းဆိုခဲ့တာကိုကြည့်ပြီး အကောင်းမြင်ပေးဖို့ ယုံကြည်ပေးဖို့ပဲတောင်းဆိုလာသည်။
မမရွှေ သာသိရင် ရွက်စိမ်းကိုသတ်မှာ
တကယ်ရင်မောရပါဘိ
...................
"ဘေဘီ!!!"
ကုန်စုံဆိုင်ကအပြန် သူမမလိုချင်သောအနေထားနဲ့တိုက်ရိုက်ဆုံတွေ့ပြန်သည်။
ပတ်၀န်းကျင်ကလည်း သူမကို မျက်စိဒေါက်ထောက်ကြည့်နေတာအခုထိကို
"ရှင်ဘာလာလုပ်တာလည်း"
"အလုပ်ဆီမလာရပေမယ့် ဘေဘီ့မျက်နှာကိုတော့ လာကြည့်လို့ရတယ်မလား"
"အခုချက်ချင်းပြန်ပါ လူကိုဘာမှတ်လို့ .....'"
အသံခပ်ကြိတ်ကြိတ်ပြောရင်း မျက်၀န်းတွေကဘေးကဲ့ကြည့်မိတော့ အားလုံးနီးပါးကြည့်နေကြတာမြင်မကောင်း
"ကျွန်မ သိကာ ရှိတာမို့ ပြန်ပါ တောင်းပန်ပါတယ်"
"ဒါဆို ဆိုင်မှာ တစ်နေ့တစ်ခါ လာကြည့်လို့ရမလား"
"သဘောပဲရှင် အခုပြန်လိုက်ပါတော့"
လိုချင်တဲ့အဖြေရတော့ Jay ကပြုံးယောင်သန်းကာ ပြန်လည်ထွက်ခွာသွားသည်။
လပိုင်းပဲရှိသေးတယ် ယောကျာ်းတစ်ယောက်ရှာတယ်ဆိုတဲ့ သတင်းကတော့
မနက်ဖြန်မနက်္မှာ သေချာပေါက်ပြန့်တော့မှာအမှန်......
ညနေစောင်းတော့သော်တာရောက်လာပေ
မယ့် ဘာတစ်ခုမှတော့မမေး
စာကိုသာ အတင်းကျက္၏။
မဆိုသလောက်ဆိုးတတ်ပေမယ့်
စာကိုတော့ အသေချာလေးလုပ်နိုင်သည်။
ဒီနှုန်းအတိုင်းဆို အောင်ဖို့ကသေချာသလောက်ပင်
"မနက်ဖြန် တစ်ရက်နားမယ်"
စာကျက်နေရင်းစကားရှားရှားပါးပါးထွက်လာတော့
"ဘာကိစရှိလို့လည်း သော်တာ"
"ဘဲနဲ့ချိန်းထားတယ် သူကအသေချောတာနော် အာ့တာ သော်တာ့ကိုပဲ မုန့်ကျွေးမယ်ဆိုပြီး ချိန်းတာ"
"ဘာ!!!"
"လာပြီး ဩဝါဒမချွေနဲ့ အမအလုပ်က စာမေးပွဲအောင်ဖို့ စာသင်ပေးရမယ့်အလုပ်!!!!!""
🥰🥰🥰🥰
နက်ဖြန်တစ်ပိုင်းလာမယ်နော်
ကြာသွားရင်တောင်းပန်ပါတယ်
Zawgyi
"ဒါဆို ဘာမေးမှာလည်း???"
ပြသနာတက်အောင်လုပ်
ပျော်ရတယ်ဆိုရင်ပေါ့"
"လူတိုင်းကတော့ ကိုယ့်အတွင်းရေးကို မြိန်ရေရှက်ရေပြောဆိုနေတာမျိုးကြိုက်လှဟန်မရှိပါဘူး
"ဘာ!!!!'
"ဒါဆိုပြိုင်မလား????'
"အင်း သေချာပေါက်ပေါ့"
"အင်း!!!'
စာအုပ်တွေ လှန်လှောနေပေမယ့် လက်တွေက တဆတ်ဆတ်တုန်လို့
................
တယ်ရှင့်"
"ဘာရှင့်!!!!'
"ဟိတ်ကောင်တွေ!!!"
"ဘာတုန်းခများက"
"ခွပ်!!!'
"ဟာ ဟေ့ မင်း!!!''
"မင်း သေမယ် သိလား!!!!'
"ဒီ ဒီဆိုင်က????"
"ဟုတ်တယ် ကို့ဆိုင်"
"လန့်သွားလား!!!!!""
တကယ်မသိလို့ပါ!!!''
"ဟုတ်တယ်"
"အဟွန်း!!!'
"ဘေဘီ!!!!'
ထွက္မယ်"
"ဘယ်သူ့သဘောနဲ့လည်း!!!"
ဆံပင်ဂုတ်ဝဲလေးတွေကို လှမ်းယူဆော့ကစားပြီး ဖျတ်ကနဲငုံ့ဆင်းကာ ဆံပင်တွေကိုနမ်းရှိုက်သွားသည်။
သူပြန်ထွက်သွားသည့်အထိ နှုတိခမ်းတွေပြတ်လုမတတ်ကိုက်ရင်း တအိအိ ခုံပေါ်ထိုင်ချမိလိုက်သည်။
...................
"ဗွမ်း!!!!!'
"သတ်ပစ်လိုက်ပါလား!!!!'