ပေါက်ကွဲတတ်သောအိမ်မွေးဟမ်းစတာ...

By Ocean_Myth

156K 25.3K 525

Both Unicode and Zawgyi ကမ္ဘာကြီးကို ဂြိုလ်သားတွေရဲ့ကျူးကျော်တာခံရပြီးနောက်အစွမ်းတွေနိုးထ လာခဲ့ကြတယ်။အစွမ်းရှ... More

Intro
အပိုင်း - ( 1 ) Unicode
အပိုင္း - ( 1 ) Zawgyi
အပိုင်း - ( 2 ) Unicode
အပိုင်း - ( 2 ) Zawgyi
အပိုင်း - ( 3 ) Unicode
အပိုင်း - ( 3 ) Zawgyi
အပိုင်း - ( 4 ) Unicode
အပိုင်း - ( 4 ) Zawgyi
အပိုင်း - ( 5 ) Unicode
အပိုင်း - ( 5 ) Zawgyi
အပိုင်း - ( 6 ) Unicode
အပိုင်း - ( 6 ) Zawgyi
အပိုင်း - ( 7 ) Unicode
အပိုင်း - ( 7 ) Zawgyi
အပိုင်း - ( 8 ) Unicode
အပိုင်း - ( 8 ) Zawgyi
အပိုင်း - ( 9 ) Unicode
အပိုင်း - ( 9 ) Zawgyi
အပိုင်း - ( 10 ) Unicode
အပိုင်း - ( 10 ) Zawgyi
အပိုင်း - ( 11 ) Unicode
အပိုင်း - ( 11 ) Zawgyi
အပိုင်း - ( 12 ) Unicode
အပိုင်း - ( 12 ) Zawgyi
အပိုင်း - ( 13 ) Unicode
အပိုင်း - ( 13 ) Zawgyi
အပိုင်း - ( 14 ) Unicode
အပိုင်း - ( 14 ) Zawgyi
အပိုင်း - ( 15 ) Unicode
အပိုင်း - ( 15 ) Zawgyi
အပိုင်း - ( 16 ) Unicode
အပိုင်း - ( 16 ) Zawgyi
အပိုင်း - ( 17 ) Unicode
အပိုင်း - ( 17 ) Zawgyi
အခန်း - ( 18 ) Unicode
အပိုင်း - ( 18 ) Zawgyi
အပိုင်း - ( 19 ) Unicode
အပိုင်း - ( 19 ) Zawgyi
အပိုင်း - ( 20 ) Unicode
အပိုင်း - ( 20 ) Zawgyi
အပိုင်း - ( 21 ) Unicode
အပိုင်း - ( 21 ) Zawgyi
အပိုင်း - ( 22 ) Unicode
အပိုင်း - ( 22 ) Zawgyi
အပိုင်း - ( 23 ) Unicode
အပိုင်း - ( 23 ) Zawgyi
အပိုင်း - ( 24 ) Unicode
အပိုင်း - ( 24 ) Zawgyi
အပိုင်း - ( 25 ) Unicode
အပိုင်း - ( 25 ) Zawgyi
အပိုင်း - ( 26 ) Unicode
အပိုင်း - ( 26 ) Zawgyi
အပိုင်း - ( 27 ) {1} Zawgyi
အပိုင်း - ( 27 ) {2} Unicode
အပိုင်း - ( 27 ) {2} Zawgyi
အပိုင်း - ( 27 ) {3} Unicode
အပိုင်း - ( 27 ) {3} Zawgyi
အပိုင်း - ( 28 ) Unicode
အပိုင်း - ( 28 ) Zawgyi
အပိုင်း - ( 29 ) Unicode
အပိုင်း - ( 29 ) Zawgyi
အပိုင်း - ( 30 ) Unicode
အပိုင်း - ( 30 ) Zawgyi
အပိုင်း - ( 31 ) Unicode
အပိုင်း - ( 31 ) Zawgyi
အပိုင်း - ( 32 ) Unicode
အပိုင်း - ( 32 ) Zawgyi
အပိုင်း - ( 33 ) Unicode
အပိုင်း - ( 33 ) Zawgyi
အပိုင်း - ( 34 ) Unicode
အပိုင်း - ( 34 ) Zawgyi
အပိုင်း - ( 35 ) Unicode
အပိုင်း - ( 35 ) Zawgyi
အပိုင်း - ( 36 ) Unicode
အပိုင်း - ( 36 ) Zawgyi
အပိုင်း - ( 37 ) Unicode
အပိုင်း ( 37 ) Zawgyi
အပိုင်း - ( 38 ) Unicode
အပိုင်း - ( 38 ) Zawgyi
အပိုင်း - ( 39 ) Unicode
အပိုင်း - ( 39 ) Zawgyi
အပိုင်း (40) - Unicode
အပိုင်း (40) - Zawgyi
အပိုင်း (41) - Unicode
အပိုင်း (41)- Zawgyi
အပိုင်း (42) - Unicode
အပိုင်း (42) - Zawgyi
အပိုင်း (43) - Unicode
အပိုင်း (43) - Zawgyi
အပိုင်း (44) - Unicode
အပိုင်း (44) - Zawgyi
အခန်း (45) - Unicode
အပိုင်း (45) - Zawgyi
အပိုင်း (46) - Unicode
အပိုင်း (46) - Zawgyi
အပိုင်း (47) - Unicode
အပိုင်း (47) - Zawgyi
အပိုင်း (48) - Unicode
အပိုင်း (48) - Zawgyi
အပိုင်း (49) - Unicode
အပိုင်း (49) - Zawgyi
အပိုင်း (50) - Unicode
အပိုင်း (50) - Zawgyi
အပိုင်း (51) - Unicode
အပိုင်း (51) - Zawgyi
အပိုင်း (52) - Unicode
အပိုင်း (52) - Zawgyi
အပိုင်း - (53) Unicode
အပိုင်း - (53) Zawgyi
အပိုင်း (54) - Unicode
အပိုင်း (54) - Zawgyi
အပိုင်း (55) - Unicode
အပိုင်း (55) - Zawgyi

အပိုင်း - ( 27 ) {1} Unicode

2.1K 478 7
By Ocean_Myth

အခန်း ( ၂၇ ) { ၁ } - သရီးအင်ဝမ်း

       ချန်ချန်းသိုကာ သူ့စိတ်ထဲမှာ အကြမ်းဖျင်းအစီအစဥ်ဆွဲလိုက်ပြီးနောက် ဝလွန်းတယ်လို့ အပြောခံရတာကြောင့် သူ့လက်လက်ဖဝါးပေါ်မှာပတ်ပြေးနေသော ဟမ်းစတားလေးကို ချော့လိုက်သည်။ " မင်းက မဝပါဘူး ၊ အမွှေးထူရုံလေးပါပဲ "

      " ကျွိ ! "

      ပါမောက္ခဝေ့ကမှ ကျွန်တော့်ထက် အဆတစ်ထောင်လောက် ဝတာ !

      ချန်ချန်းသို ပြုံးလိုက်ပြီး ရှုရှောင်ဟွေး ခါးလေးကို လက်ညှိုးနှင့် တို့လိုက်၏။ဟမ်းစတားလေးဟာ ခါးပေါ်ရော ခါးအောက်ရော အတို့ခံရပြီး သူ့ရှေ့လက်ဖဝါးလေးတွေကို ဒေါသတကြီးမြှောက်ကာ ချန်ချန်းသို လက်ဖဝါးပေါ်မှာ ခြေကို ဆောင့်လိုက်သည်။ခင်ဗျားက အရမ်းစိတ်တိုဖို့ကောင်းတာပဲ !

     ချန်ချန်းသိုက ရှုရှောင်ဟွေးခေါင်းပေါ်က အပြာရောင် သုတ်ဆေးတွေကို ကြည့်လိုက်သည်။သူက ရှုရှောင်ဟွေး ခါးလေးကို ကိုင်ထားကာ ဂွမ်းလုံးကို ရေစွတ်ပြီး ရှုရှောင်ဟွေး ခေါင်းပေါ်နှင့် ပါးပြင်လေးတွေပေါ်မှာ ရှိနေသေးသော အပြာရောင်ဆေးတွေကို ဂရုတစိုက် သုတ်ပေးနေ၏။ထို့နောက် ​ရေစုပ်သော ​ပိတ်ကျဲစဖြင့် ခြောက်အောင် သုတ်ပေးလိုက်သည်။

     ရှုရှောင်ဟွေးက ချန်းချန်းသို လက်ဖဝါးပေါ်မှာ လှဲကာ ခေါင်းကို လှည့်ထား၏။

     ရှုရှောင်ဟွေးကို ခြောက်သွေ့အောင် လုပ်ပေးပြီးနောက် ချန်ချန်းသိုက ရှုရှောင်ဟွေး၏ နူးညံ့သော ဗိုက်သားပြင်လေးကို လက်မနှင့် ပွတ်သပ်ပေးကာ ဆောင့်ကြောင့်ထိုင်ချပြီး သူ့လက်ဖဝါးကို မြေပြင်နှင့် နီးကပ်အောင် နှိမ့်ချပေးလိုက်သည်။ " ထပ်စစ်စရာမလိုတော့ဘူးဆိုတော့ ပစ္စည်းတွေပြန်သိမ်းလို့ရပြီနော် "

    ရှုရှောင်ဟွေးက ချန်ချန်းသို လက်ဖဝါးပေါ်ကနေ မနည်းထကာ တွားဆင်းပြီး သူ့လက်ဖဝါးလေးများကို ပစ္စည်းတွေဆီ ချိန်ရွယ်ဆန့်တန်းလိုက်၏။

     ရှုရှောင်ဟွေးက သူ့ပစ္စည်းတွေသူ သိမ်းနေတုန်း ချန်ချန်းသိုက ပါမောက္ခဝေ့ကို ကြည့်ပြီး တခြားတစ်နေရာကို မေးငေါ့ပြလိုက်သည်။သူက ပါမောက္ခဝေ့နှင့် သီးသန့်စကားပြောချင်တာဖြစ်၏။

      ပါမောက္ခဝေ့ ခေါင်းညိတ်လိုက်သည်။

     ချန်ချန်းသိုက ဓာတ်ခွဲခန်း၏ အစွန်ဘက်ကို လျှောက်သွားတော့ ပါမောက္ခဝေ့က အလျင်မလိုသည့်ပုံဖြင့် လိုက်လာ၏။ " တစ်ခုခုမှားနေလို့လား ? "

      ချန်ချန်းသိုက ပစ္စည်းပုံကြားထဲရောက်နေသည့် ရှုရှောင်ဟွေးကို လှမ်းကြည့်လိုက်သည်။ဟမ်းစတားလေးက သေနတ်ဒင်တစ်ခုပေါ်ကနေ သူ့ဖင်တုံးလေးနဲ့ လျှောဆင်းသွားပြီး ပြောင်းဆန်အိတ်လေးတစ်အိတ်ပေါ်မှာ ချာလပတ်လည်နေ၏။သူ့လက်ဖဝါးလေးတွေက ခဏလောက် မနည်းရုန်းကန်နေရပြီးနောက် ခက်ခက်ခဲခဲ ထရပ်လိုက်ကာ ကြမ်းပြင်ပေါ်က ပြောင်းဆန်အိတ်တွေနှင့် သေနတ်တွေကို ဆက်ကောက်နေတော့သည်။
( Ocean - အကောင်ပေါက်က ဝတယ်ပြောတော့လည်းမကြိုက် ၊ သူကဖြင့် လုံးနေတာများ ထတောင်မထနိုင်တော့ဘူး )

    ချန်ချန်းသို အကြည့်လွှဲလိုက်ကာ ပါမောက္ခဝေ့ကိုကြည့်ပြီး သူ့စိတ်ထဲ ရှိနေခဲ့သော မေးခွန်းတစ်ခုကို မေးလိုက်သည်။ " ပါမောက္ခဝေ့ ၊ ရှေးဟောင်းပစ္စည်းတွေက တိရိစ္ဆာန်တွေကို လူအဖြစ်ပြောင်းတာတို့ လူတွေကို တိရိစ္ဆာန်အဖြစ်ပြောင်းတာတို့ လုပ်နိုင်လား ? "

      ပါမောက္ခဝေ့ပုံစံက ဟာသတစ်ခုကို ကြားလိုက်ရသလိုပင်။သူ့မျက်လုံးတွေက စိတ်ဝင်စားမှုနှင့် လင်းလက်သွားပြီးပြောလာ၏။ " ကြည့်စမ်းပါဦး ၊ မင်းရဲ့ ဟမ်းစတားလေးအပေါ် နူးညံ့ညင်သာပြီး ချစ်နေလိုက်တာများ ၊ တခြားသူတွေ သူတို့ အိမ်မွေးစစ်သည်တော်တွေအပေါ် ဆက်ဆံတဲ့ပုံစံနဲ့ ကွာလိုက်ပုံများ အသိသာကြီးနော် ၊ မင်းအကောင်ပေါက်လေးကို ချစ်လွန်းလို့ လူအဖြစ်တောင် ပြောင်းစေချင်နေတာလား ? "

     ချန်ချန်းသို သူ့ကို မျက်လုံးများ မှေးကျဥ်းပြီးကြည့်လိုက်သည်။

      ပါမောက္ခဝေ့ နှုတ်ခမ်းတွန့်သွား၏။ " မင်းတကယ်ကြီး ပြောနေတာလား ? "

     ချန်ချန်းသို ခေါင်းညိတ်လိုက်သည်။ " ရှောင်ဟွေးက လူပုံစံနဲ့ သုံးခါ ပေါ်လာဖူးပြီးသွားပြီ ၊ လူဖြစ်သွားတဲ့ အချိန်အတိုင်းအတာက အရမ်း တိုလွန်းပေမယ့် တစ်ကြိမ်ထက်တစ်ကြိမ် ကြာချိန်က ပိုပိုရှည်လာတယ်။ပြီးတော့ သူက မြေကြီးထဲကနေ အဖြူရောင်အလင်းတန်းတစ်ခု ထွက်လာပြီး သူ့ခန္ဓာကိုယ်ထဲ ဝင်သွားတဲ့ ညဘက်မှပဲ လူဖြစ်တာ "

     ပါမောက္ခဝေ့က ဟမ်းစတားလေးကို လှမ်းကြည့်လိုက်သည်။ " သူက ကိုယ့်ကိုယ်ကိုယ် တိရိစ္ဆာန်အဖြစ်ပြောင်းလို့ရတဲ့ စွမ်းရည်ပိုင်ရှင်မဟုတ်ဘူးဆိုတာ သေချာရဲ့လား ? မြို့တော်သစ်မှာ တိရိစ္ဆာန်အဖြစ်ပြောင်းနိုင်တဲ့သူ နှစ်ယောက်ရှိတယ်။ဒါပေမဲ့ သူတို့က ဟမ်းစတားလေးလိုတော့ ပြီးပြည့်စုံမနေဘူး "

     ချန်ချန်းသို ခေါင်းခါလိုက်သည်။ " အဲ့လိုမျိုးမဟုတ်တာသေချာတယ် "

     ပါမောက္ခဝေ့က ခန္ဓာကိုယ်ကို ဆန့်ကာ လက်ဖဝါးလေးတွေကို ဆန့်ကာဖြင့် ပစ္စည်းတွေ ကောက်သိမ်းနေသော ထိုဝတုတ်အမွှေးလုံးလေးကို လှမ်းကြည့်လိုက်၏။ " ဒါဆိုရင်တော့ တကယ်ထူးဆန်းသွားပြီ... "

    ထို့နောက် ပါမောက္ခဝေ့ ရုတ်တရတ် တစ်စုံတစ်ခုကို သတိရသွား၏။

    ချန်ချန်းသိုက ပါမောက္ခဝေ့၏ မျက်နှာအမူအရာပြောင်းလဲမှုကိုဖမ်းမိလိုက်ပြီး လှမ်းမေးလိုက်သည်။ " ပါမောက္ခဝေ့ ? "

     ပါမောက္ခဝေ့က ရုတ်တရတ်ကြီး ရှုရှောင်ဟွေးဘေးသို့ လျှောက်သွားကာ ထိုင်ချလိုက်ပြီး ဟမ်းစတားလေးရဲ့ ကျောနောက်က ငွေမှင်ရောင် လိုင်းလေးကို သေချာသွားကြည့်ရင်း တီးတိုးရေရွတ်လာ၏။ " ဒါက ဘယ်လိုများ ဖြစ်နိုင်မှာတဲ့လဲ... "

    ကြမ်းပြင်ပေါ်က ဟမ်းစတားလေးက မတ်တပ်ရပ်လာကာ ရှေ့မှာ ပန်းနုရောင် လက်ဖဝါးနုနုလေးတွေကို ဝှေ့ယမ်းပြပြီး ပါမောက္ခဝေ့ကို ခေါင်းလေးမော့လျက် ကြည့်လာပြီး ချန်ချန်းသိုကို ပြန်လှည့်ကြည့်လိုက်သည်။

     " ကျွိ ? "

     ပါမောက္ခဝေ့က ဘာကိုကြည့်နေတာလဲ ?

     ပါမောက္ခဝေ့က ကြမ်းပြင်ပေါ်က အမွှေးလုံးလေးကို ဆွဲကိုင်ပြီးနောက်​ကျောက မျဥ်းကြောင်းလေးကို ပိုမိုရှင်းလင်းစွာ အတည်ပြုချင်ခဲ့၏။

     ကြမ်းပြင်ပေါ်က ဟမ်းစတားလေးဟာ ပျော့ပြောင်းစွာ လှစ်ကနဲ လက်ကြားထဲက ထွက်ပြေးသွားပြီး ပစ္စည်းပုံကြီးနောက်ဝင်ပုန်းကာ သူ့ခန္ဓာကိုယ်လေးကို ဖွက်ထားရင်း ပါမောက္ခဝေ့ကို သတိအပြည့်နှင့် ခေါင်းလေးဆန့်ထုတ် ကြည့်လိုက်သည်။ " ကျွိ ? "

     သူက ဘာလိုချင်နေပြန်ပြီလဲ ? ပါမောက္ခဝေ့က သူ့ကို ထပ်ပြီး ချည်ထားချင်နေတာဆိုရင်တော့ ဒီတစ်ခါ တကယ်ကြီးကို စိတ်ဆိုးပစ်လိုက်တော့မှာနော် !

     ချန်ချန်းသိုက ပါမောက္ခဝေ့ကို အလွယ်တကူပဲ ဆွဲဖယ်ပစ်လိုက်ပြီး ပုန်းနေသော ဟမ်းစတားလေးကို ငုံကြည့်လိုက်၏။ " သူ့ကိုအရေးစိုက်မနေနဲ့ ၊ သိမ်းစရာရှိတာသာသိမ်း " ချန်ချန်းသို ခဏရပ်လိုက်ပြီး ဆက်ပြောလာသည်။ " ပဲတီစိမ်းနဲ့ နှံစားပြောင်းကလည်း ပေါက်ပေါက်လုပ်လို့ရတာပဲ "

      ရှုရှောင်ဟွေးက ချက်ချင်းပင် ပါမောက္ခဝေ့ကို လျစ်လျူရှုလိုက်ကာ ဖင်လုံးလေး လှုပ်တုပ်လှုပ်တုပ်ဖြင့် ပဲတီစိမ်းနှင့် နှံစားပြောင်းတွေထည့်ထားသော အိတ်တွေထဲ အသည်းအသန်ရှာဖွေတော့၏။

    ချန်ချန်းသိုက ပါမောက္ခဝေ့ကို အင်္ကျီစကနေဆွဲကာ ဘေးကို ခေါ်သွားလိုက်သည်။

     ချန်ချန်းသို သူ့ကို မျက်လုံးများ မှေးကျဥ်းပြီး ကြည့်လိုက်၏။ " ပါမောက္ခဝေ့ ၊ ဟမ်းစတားနဲ့ ကြွက်ဖြူဆိုတာ လုံးဝကို အကွာကြီးနော်။ဒီမျိုးစိတ်နှစ်ခုကို မင်းသေချာပေါက် ခွဲခြားနိုင်တယ် ! ဒါမှမဟုတ် မင်းဆိုလိုတာ ဟမ်းစတားလေးက မင်းစမ်းသပ်ခဲ့တဲ့ ကြွက်ဖြူလေးတွေနဲ့ အတူတူပဲလို့လား ? "

     အေးစက်နေသော အကြည့်တွေနှင့် ချန်ချန်းသိုကို ပါမောက္ခဝေ့ မော့ကြည့်ပြီး ပြောလိုက်သည်။ " ကြွက်ဖြူနဲ့ ဟမ်းစတားနဲ့ မတူဘူးဆိုတာ ဟုတ်ပါတယ် ၊ ပထမတုန်းက ငါက စနေတာပါ "

     " ငါအမှန်အတိုင်းပဲ ကြားချင်တယ် " ချန်ချန်းသိုက ပြောလာ၏။

      ပါမောက္ခဝေ့က ခေါင်းကိုငုံ့ကာ သူ့နားကြပ်ကို ခဏလောက် လွှဲယမ်းနေပြီး ​ပြောလာသည်။ " ငါသုတေသနအဖွဲ့ထဲမှာရှိနေတုန်းက အစမ်းသပ်ခံ ဟမ်းစတားတစ်ကောင်ရှိခဲ့ဖူးတယ်။သူက ဘယ်လိုဖြစ်ပြီး ကြွက်ဖြူတွေနဲ့ ရောပါလာတာလဲတော့ မသိဘူး။ငါတို့က စမ်းသပ်မှုကို စပြီးတဲ့အခါကျမှ အဲ့လို ရောပါနေတာကို သိလိုက်ရတာဆိုတော့ ပြန်ထုတ်ဖို့က နောက်ကျလွန်းသွားပြီ "

    " သူတို့အားလုံးက ကိုက်ဖြတ်သတ္တဝါချင်းတူတူပဲဆိုတော့ ဟမ်းစတားလေးကိုလည်း အစမ်းသပ်ခံအဖြစ် တိုက်ရိုက်သုံးလိုက်ကြတာ "

     " ရှေးဟောင်းပစ္စည်းတွေရဲ့ ရောင်ခြည်လှိုင်း ပထမတစ်လှိုင်းတုန်းနဲ့ စမ်းသပ်အပြီးမှာ ဟမ်းစတားလေးက သေတော့မလို ဖြစ်သွားတယ်။သူ့ဦးနှောက်လှိုင်းလေးတွေဆို အရမ်းအားနည်းသွားတယ်။ဒုတိယလှိုင်းစပြီး သိပ်မကြာခင်လည်းကျရော မမျှော်လင့်ပဲ သူပျောက်သွားရော "

     " အစကထင်တာကတော့ ဟမ်းစတားလေးရဲ့ နိုးထလာတဲ့ စွမ်းရည်က တိတ်တဆိတ်လှုပ်ရှားတာ ဒါမှမဟုတ် နေရာလွတ်ဖယ်ရှားခြင်းလိုဟာမျိုးလို့ ထင်လိုက်ကြတာ။ဒါပေမဲ့ အချိန်အကြာကြီး အတည်ပြုကြီးတဲ့နောက်မှာ သိလာရတာကတော့ ဟမ်းစတားလေးက ထူးဆန်းစွာနဲ့ ပျောက်သွားတယ် ဆိုတာပဲ "

    " ငါကတော့ ဟမ်းစတားလေးက ကွမ်တမ်အခြေအနေတစ်ခုကို ရောက်သွားပြီး ရှေးဟောင်းပစ္စည်းတွေရဲ့ ရောင်ခြည်လှိုင်းတွေနဲ့ ပေါင်းစပ်သွားတယ်လို့ မှန်းထားမိလိုက်တာပဲ ၊ ဒါပေမဲ့ သူများတွေကတော့ အဲဒီ့မှန်းချက်က စိတ်ကူးယဥ်ဆန်တယ်လို့ ထင်ကြတယ် "

     ပစ္စည်းတွေအားလုံးကို ပြန်သိမ်းပြီးပြီဖြစ်သော ဘောလုံးဝတုတ်လေးကို ပါမောက္ခဝေ့လှမ်းကြည့်လိုက်သည်။ " မင်းအိမ်မွေးစစ်သည်တော်လေးက နည်းနည်းပိုပိန်နေတာကလွဲလို့ အဲဒီ့ တစ်ကောင်နဲ့ တစ်ပုံစံတည်းပဲ "

     " ရှုရှောင်ဟွေးက အဲဒီ့ ဟမ်းစတားလေးလား ? " ချန်ချန်းသိုက မေးလာ၏။

      ပါမောက္ခဝေ့ ခေါင်းခါလိုက်သည်။ " မဖြစ်နိုင်ဘူး။ကွမ်တမ်အခြေအနေဖြစ်သွားတဲ့ ဟမ်းစတားလေးက အသက်ပြန်မဝင်လာနိုင်ဘူး။မင်းရဲ့ ဟမ်းစတားလေးက ရှေးဟောင်းပစ္စည်းနဲ့ ပေါင်းစပ်မိထားတာ။ဒီတော့ ရှေးဟောင်းပစ္စည်းထဲမှာရှိနေတဲ့ ကွမ်တမ်ဟမ်းစတားလေးရဲ့ ပုံပန်းသဏ္ဍာန်လေးတွေက ဟမ်းစတားရှုရှောင်ဟွေးလေးကိုယ်ထဲ ဝင်သွားပြီး ဟမ်းစတား ရှုရှောင်ဟွေးလေးရဲ့ နဂိုပုံစံကိုပြောင်းလဲသွားစေပြီး သူ့ကို အစမ်းသပ်ခံ ဟမ်းစတားလေးနဲ့ ပုံစံတူသွားစေတာ "

     ချန်ချန်းသို ခေါင်းညိတ်ပြလိုက်တော့ ပါမောက္ခဝေ့က ရုတ်တရတ်ကြီး အနားကို တိုးကပ်လာ၏။ " မင်းခုဏက ပြောတာလေ ၊ ညဘက်ဆို သူ့ကိုယ်ထဲ ဝင်သွားတဲ့ အဖြူရောင်စွမ်းအင် အလင်းတန်းရှိတယ်ဆို ? ငါတိုင်းကြည့်ချင်.... "

      ထိုအချိန်မှာ ဟမ်းစတားလုံးလေးက ဒီဘက်ကို ဦးတည် ပြေးလာလေသည်။

    ချန်ချန်းသိုက ရုတ်တရတ်ကြီး ပါမောက္ခဝေ့ ပုခုံးကို ဖြတ်ရိုက်ထည့်လိုက်၏။ပါမောက္ခဝေ့မှာ ကြမ်းပြင်ပေါ် လဲကျမလိုပင် ဖြစ်သွားပြီး ပြောလက်စ စကားလည်း ရပ်သွားတော့သည်။

    ထို့နောက် ချန်ချန်းသို အသံက သူ့နားထဲ ကြားယောင်လာသည်။ " ငါမင်းကို ဘယ်လို ပြောရမယ်မှန်းတောင် မသိတော့ဘူး "

    ပါမောက္ခဝေ့က စမ်းသပ်ချက်တွေ လုပ်တဲ့နေရာမှာ ရက်စက်သည်ဟု ချန်ချန်းသို ထင်မိသော်လည်း သူက ကမ္ဘာကြီးတစ်ခုလုံးကို ကယ်တင်ခဲ့သူဖြစ်ကာ လူတွေကိုလည်း ဆက်လက်ကယ်တင်နေဦးမည့်သူဖြစ်၏။

    ပါမောက္ခဝေ့ မတ်မတ်ပြန်ရပ်ကာ ကျွတ်ကျတော့မလိုဖြစ်သွားသော မျက်မှန်ကို ပြန်ပင့်တင်လိုက်သည်။ " ဟိုး ဟိုး ! မင်းငါ့ကို သတ်ချင်နေတာ ငါသိသားပဲ "

     " ငါက မင်းတို့တွေ အရမ်းပျင်းနေကြမယ် ထင်လို့ပါ " ချန်ချန်းသို ဆောင့်ကြောင့်ထိုင်ကာ ရှုရှောင်ဟွေးကို ပြန်လည် ကောက်ယူလိုက်၏။ " ဘာပဲဖြစ်ဖြစ် ကျေးဇူးပါပဲ "

    ဒီလူက ရှေးဟောင်းပစ္စည်းတွေကို ဖောက်ခွဲပြီး လူတွေကို စွမ်းရည်တွေရအောင် အချိန်တွေအကြာကြီး ရင်းနှီးမြုပ်နှံခဲ့သူဖြစ်သည်။ဒီလုပ်ရပ်က စက်တစ်ပိုင်းသားရဲကြီးတွေ၏ အဆုံးမဲ့  တစ်ဖက်သတ် သတ်ဖြတ်မှုကို ရပ်တန့်သွားစေခဲ့၏။သူကိုယ်တိုင်ကမူ ထိုစဥ်တုန်းက AI နည်းပညာကို များစွာမှီခိုရင်း ဒုံးကျည်တွေ ဒုံးပျံတွေကို တိုးတက်စေခဲ့ကာ ထိတ်တို့၏ အာကာသယာဥ်ပျံကို ဖောက်ခွဲပစ်ခဲ့သည်။

      ပါမောက္ခဝေ့ ပြုံးလိုက်၏။

    

Continue Reading

You'll Also Like

88K 12.9K 61
'' အကောင်ပေါက်လေး ဒီကိုလာ ပြီးတော့ မင်းရဲ့ချစ်စရာ ကောင်းမှု တွေကို ပြသ ပေး!'' English title ' Little orc comes hear , show off your cuteness! '' Titl...
3.6M 536K 118
Title - Legendary Phoenix Book cover by Narcissus A beautiful romance story of God of Phoneix and extremely handsome God of Dreams ~♥~ Type- OWN CRE...
11.3K 361 28
Type - bl Genre - Fantasy, Romance ဂရိနတ်ဘုရားဒဏ္ဍာရီတွေကို အခြေခံပြီး ရေးဖြစ်သွားတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ရိုးရိုးလေးပါပဲ။ ဟိုးရှေးရှေးတုန်းက...