Slowly Falling For Changkong...

By ANyein_26

50.2K 5.4K 165

COMPLETED βœ”οΈ Author - Ban Li Zi , Chestnut Chapter - 56 + 10 extras Started Date -1.9.2022 Ended Date- 22.1... More

Description
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18.1
Chapter-18.2
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-30
Chapter-31
Chapter-32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-39
Chapter-40
Chapter-41
Chapter-42
Chapter-43
Chapter-44
Chapter-45
Chapter-46
Chapter-47
Chapter-48
Chapter-49
Chapter-49
Chapter-50
Chapter-51
Chapter-52
Chapter-53
Chapter-54
Chapter-55
Chapter-56
Chapter-57 ( ရှန့်နွမ်ထချပ်ပို - ၁ )
Chapter-58 ( ရှန့်နွမ်ထချပ်ပို - ၂ )
Chapter-59 ( ရှန့်နွမ်ထချပ်ပို - ၃ )
Chapter-60 ( ရှန့်နွမ်ထချပ်ပို - ၄ )
Chapter-61 ( α€œα€€α€Ία€‘α€•α€Ία€α€½α€„α€Ία€·α€α€±α€¬α€„α€Ία€Έα€α€Όα€„α€Ία€Έ )
Chapter-62 ( α€œα€€α€Ία€‘α€•α€Ία€‘α€­α€™α€Ία€Έα€™α€Όα€¬α€Έα€α€Όα€„α€Ία€Έ )
Chapter-63 ( α€€α€œα€±α€Έα€œα€±α€Έ )
Chapter-64 ( Date )
Chapter-65 ( ပြောင်းရွှေ့ခြင်း )
Chapter-66 ( ဝေ့ရိချန် ) The End

Chapter-29

594 84 1
By ANyein_26


ရှန့်ချန်ခုန်း အဝတ်အစားလဲပြီး ရှန့်နွမ်အား သူအပြင်သွားမည့်အကြောင်း ပြောလိုက်သည်။

ရှန့်နွမ်က

"အစ်ကိုက ရွှီလျန်ကျဲနဲ့ဒိတ်လုပ်မလို့လား"

"......."

ရှန့်ချန်ခုန်းသည် ရှန့်နွမ်က သူ ဒိတ်လုပ်ရန်အပြင်သွားတယ်လို့ ဘာကြောင့် ချက်ချင်းတွေးလိုက်တာလဲလို့ စဉ်းစားနေ၏။ ကောင်းပြီ တကယ်လည်း သူ ရွှီလျန်ကို သွားတွေ့မှာပဲလေ။

"ငါ့မှာ လက်တိုလက်တောင်းအလုပ်လေးတစ်ခုရှိလို့ပါ မကြာခင် ပြန်လာခဲ့မယ်"

"အာ မလိုပါဘူး မလိုပါဘူး အစ်ကို တစ်ညလုံး အပြင်မှာနေလို့ရတယ် တကယ်ပြောတာ!"

ရှန့်ချန်ခုန်း : နင့်မှာ ဘယ်လိုအတွေးမျိုးတွေရှိနေတာလဲ?

"ငါသွားပြီ"

ရှန့်ချန်ခုန်း အိမ်ရှေ့တံခါးကို လက်လှမ်းလိုက်သည်။ သို့ပေမဲ့ ရှန့်နွမ်က သူ့နောက်ပြေးလိုက်လာကာ သူ့အား သူ့အခန်းထဲသို့ ပြန်ဆွဲခေါ်သွားလေ၏။

"အစ်ကိုက ထသွားထလာဖြစ်လွန်းတာကြီး ဝတ်သွားမလို့လား! တခြားတစ်ခုခုနဲ့သွားလဲလိုက်"

ရှန့်ချန်ခုန်း ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလျက်

"ငါက အထူးတလည်နေရာမျိုး သွားမှာမှမဟုတ်တာ"

"အစ်ကိုက အစ်ကို့ရဲ့ကောင်မလေးကို သွားတွေ့မှာလေ၊ ဘယ်လိုလုပ် ထသွားထလာပုံစံမျိုးဝတ်သွားရမှာလဲ! ပြီးတော့ ဒါက အစ်ကို့ရဲ့ဒုတိယအကြိမ်ဒိတ်လုပ်တာ ယောက်ျားတွေအားလုံးကဒီလိုပုံစံပဲလား? စိတ်ပျက်စရာကောင်းလိုက်တာ!"

ရှန့်ချန်ခုန်း ".........."

ရှန့်နွမ် ရှန့်ချန်ခုန်း၏ဗီရိုကို ဖွင့်လိုက်သည်။ အနည်းအကျဉ်းသာရှိပေမဲ့ သပ်သပ်ရပ်ရပ်ဖြစ်နေသော အဝတ်အစားများကိုကြည့်ရင်း သူမ သက်ပြင်းချလိုက်မိသည်။

"ယောက်ျားလေးအဝတ်အစားတွေက အကုန်လုံးကြည့်မကောင်းတာတွေပဲ"

ရှန့်နွမ် သက်ပြင်းချမိပြန်၏။ ယောက်ျားလေးအဝတ်အစားတွေက လုံးဝကြည့်ကောင်းမနေဘူး။ အရောင်နဲ့ပုံစံတွေအကုန်လုံးက အရမ်းရိုးရှင်းလွန်းတယ် ၊ အမျိုးသမီးအဝတ်အစားတွေနှင့်နှိုင်းယှဉ်ကြည့်ပါက ၎င်းတို့က အရောင်မွဲခြောက်နေတာပဲ။

"အစ်ကို ညီမထင်တာ အစ်ကို အဝတ်အစားသစ်တွေဝယ်ဖို့လိုတယ်"

"ယောက်ျားလေးအဝတ်အစားအားလုံးက ကြည့်မကောင်းဘူးဆို အခုလေးတင် နင်ပြောလိုက်တာ၊ ငါတို့ အသစ်ထပ်ဝယ်ရင်တောင် ကြည့်ရဆိုးနေဦးမှာပဲ"

ရှန့်နွမ် "........"

အနည်းဆုံးတော့ သူတို့တွေက အသစ်တွေဖြစ်နေမှာလေ အား!

"အရင်တစ်ခေါက်က အစ်ကိုဝတ်ခဲ့တဲ့ အမည်းရောင်ဆွယ်တာဆိုရင်ရော?"

"ငါ အဲဒါကို လျှော်ထားတယ် မခြောက်သေးဘူး"

"အင်း... ဒါဆို ဒီအဖြူရောင်ဆွယ်တာကိုဝတ်လိုက်"

ရှန့်နွမ်သည် ဗီရိုထဲမှ ခေါက်ထားသောအဖြူရောင်ဆွယ်တာကို ယူလိုက်၏။ ထို့နောက် သူမက သူ့ကုတ်အင်္ကျီကိုဆန်းစစ်၍

"အစ်ကို့မှာ အမည်းရောင်ကုတ်အင်္ကျီပဲရှိတာလား"

ရှန့်ချန်ခုန်းက သူမကြည့်နေသောအင်္ကျီကိုကြည့်ပြီး သူမအား အမှန်ပြင်ပေးလေသည်။

"အဲဒါက အမည်းရောင်မဟုတ်ဘူး အပြာရင့်ရောင်"

"သူတို့အားလုံးအတူတူပဲ!"

ရှန့်ချန်ခုန်း မပြုံးဘဲမနေနိုင်တော့ပေ။

"နင်တို့မိန်းကလေးတွေက နှုတ်ခမ်းနီတွေကြည့်တဲ့အချိန်ကျရင် ဘာလို့ ဒီလိုမျိုးမပြောကြတာလဲ? အရောင်တွေက အတော်လေးဆင်တူတာပဲမဟုတ်ဘူးလား?"

သူ BUNNY ကောင်တာမှာလုပ်ခဲ့သော အရောင်နမူနာစမ်းသပ်ခဲ့သည်ကို အမှတ်ရနေသေးသည်။

"ဒါကမတူဘူး"

သရော်ပြုံးတစ်ခုနှင့်အတူ ရှန့်နွမ်က ခေါင်းစွပ်ပါသောအပြာရင့်ရောင်ကုတ်အင်္ကျီတစ်တည်ကိုထုတ်၍ ရှန့်ချန်ခုန်းကို ပစ်ပေးလိုက်၏။

"လဲလိုက်"

ရှန့်ချန်ခုန်း ထပ်ပြီးအချိန်ဆွဲမနေချင်တော့ ၊ ထို့ကြောင့် သူ ရှန့်နွမ်ကို မောင်းထုတ်ကာ သူမရွေးပေးခဲ့သောအင်္ကျီအား အလျင်အမြန် ပြောင်းဝတ်လိုက်သည်။ မှန်ရှေ့တွင်ရပ်လျက် သူ့ကော်လံကို ပြင်သည်။ မှန်မှတစ်ဆင့် သူ့အိပ်ရာဘေးကအံဆွဲအား မြင်နေရ၏။

BUNNY နှုတ်ခမ်းနီက အထဲမှာရှိနေသေးသည်။ သူ အခု အဲဒါကို ရွှီလျန်ကို ပေးလိုက်သင့်လား?

သူ အံဆွဲအား အချိန်အတန်ကြာ စိုက်ကြည့်နေခဲ့သည်။ ရှန့်နွမ်က စိတ်မရှည်သဖြင့် သူ့အခန်းတံခါးကို ခေါက်လာသောအခါ ရှန့်ချန်ခုန်းသည် ရှေ့သို့လျှောက်သွားပြီး နှုတ်ခမ်းနီကိုယူကာ သူ့အိတ်ကပ်ထဲထည့်လိုက်တော့သည်။

ရှန့်ချန်ခုန်း သူ့အခန်းတံခါးဖွင့်လိုက်၏။ သူ့အဝတ်အစားလဲဝတ်ထားသည်ကိုမြင်တော့ ရှန့်နွမ်မှာ နောက်ဆုံး စိတ်ကျေနပ်သွားရတော့သည်။

မောင်နှမနှစ်ယောက်မှာ ဝမ်းရှုလီ၏ပိတ်ထားသောအခန်းတံခါးနားမှ ဖြတ်လျှောက်လာခဲ့သည်။ သူမက နေ့လည်ခင်းတစ်ရေးတစ်မော အိပ်နေခြင်းဖြစ်၏။ ရှန့်ချန်ခုန်း စိုက်ကြည့်နေသည်ကိုမြင်သောအခါ ရှန့်နွမ်က သူ့ကိုပြောလိုက်သည်။

"ညီမ အမေ့ကို ဂရုစိုက်ထားလိုက်မယ် စိတ်မပူပါနဲ့၊ ညီမဘာသာ ညစာချက်နိုင်ပါတယ်။ ဒီတော့ စိတ်ချထားလိုက် ဒီနေ့ညအိမ်ပြန်မလာခဲ့နဲ့!"

ရှန့်ချန်ခုန်းသည် ရှန့်နွမ်နဖူးအား တောက်လိုက်လေသည်။ သူ့ဖိနပ်ကိုစီး၍ အိမ်ရှေ့တံခါးဖွင့်ကာ ထွက်သွားတော့သည်။

ရွှီလျန်သည် ရှန့်ချန်ခုန်းကို မက်ဆေ့ချ်ပို့ပြီးနောက် သူမ ပါတီပွဲကို မကြာမကြာ ကြည့်နေ၏။ အနီးနားရှိသူငယ်ချင်းအချို့နှင့်စကားပြောနေသော ဝေ့ရိချန်မှာလည်း သူမအား စောင့်ကြည့်နေလေသည်။ ဝေ့ရိချန်သူငယ်ချင်းများထဲမှတစ်ယောက်က မျက်ခုံးပင့်လျက်မေးလာ၏။

"ရွှီလျန်မှာ အခု ကောင်လေးရှိနေပြီမလား?"

အခြားသူငယ်ချင်းတစ်ယောက်က ရယ်မောပြီး ဝိုင်တစ်ငုံသောက်ကာ

"ငါတို့အစ်ကိုကြီးရဲ့အနာပေါ်ဆားမဖြူးနဲ့"

လူအချို့က ရယ်မောနေကြသော်လည်း ဝေ့ရိချန်က မည်သည်မှပြန်မပြောခဲ့ပေ။ သူက သောက်နေရင်း ရွှီလျန်ကိုသာ ဆက်ကြည့်နေခဲ့သည်။ သို့သော် သူ ရွှီလျန်ကို စောင့်ကြည့်နေရင်း လူတစ်ယောက်ကိုလည်း သတိပြုမိခဲ့သည် — ကျန်းယွဲ့ကျန်း

ကျန်းယွဲ့ကျန်းမှာ ယခုလေးတင် ရောက်ရှိလာခြင်းဖြစ်သည်။ ထိုသူက အခမ်းအနားပွဲထဲသို့ ဝင်ရောက်လာသောအခါ ချက်ချင်းပင် ဝေ့ရိချန်အနားသို့ လျှောက်လာပြီး သူ့ခြေလှမ်းတွေမှာ လျင်မြန်ပြီး အရေးတကြီးဖြစ်နေ၏။

"ဝေ့ရိချန် မင်း ငါ့ဝိုင်ကို တကယ်သောက်လိုက်တယ်ပေါ့! အဲဒီပုလင်းက ဘယ်လောက်တန်လဲဆိုတာ မင်းသိရဲ့လား?"

ကျန်းယွဲ့ကျန်းမှာ အတော်လေး ဒေါသထွက်နေပုံပေါ်သည်။ သူ့မှာ ၎င်းပုလင်းကို ရရှိရန်အတွက် အများကြီးကြိုးစားအားထုတ်ခဲ့ရပြီး အချိန်အတော်ကြာကုန်ဆုံးခဲ့ရသည်။ ၎င်းမှာ အလွန်တန်ဖိုးရှိသောကြောင့် စိတ်ပါပါ မပါပါ သောက်လိုစိတ်မရှိခဲ့ပေ ၊ ကျန်းယွဲ့ကျန်း စီစဉ်ထားခဲ့သည်မှာ အလှလေးတစ်ယောက်ကို အရင်ဆုံးရှာကာ သူမနှင့်ပရောပရည်လုပ်နေစဉ် ဝိုင်သောက်၍ တဖြည်းဖြည်း ပြောမပြနိုင်သောကိစ္စတော်တော်များများဆီသို့ ဦးတည်သွားရန်ပင်။

သို့သော် အလှလေးတစ်ယောက်အစား ဝိုင်မှာ ဝေ့ရိချန်အစာအိမ်ထဲ၌သာ အဆုံးသတ်သွားခဲ့ရသည်။

ဝေ့ရိချန် သူ့ကို တစ်ချက်ဝေ့ကြည့်ကာ သေးငယ်သောအပြုံးလေးတစ်ခုက သူ့နှုတ်ခမ်းထက်၌ ဖြစ်ပေါ်လာခဲ့သည်။

"ငါ အဲဒါကို မသောက်ခင်တည်းက ဘယ်လောက်တန်လဲဆိုတာ ငါသိသားပဲ"

"မင်း!"

အကယ်၍ သူတို့တွေသာ ပါတီတစ်ခုမှာမဟုတ်ခဲ့ပါက ကျန်းယွဲ့ကျန်း သူ့ကို လက်သီးဖြင့်ထိုးပြီးနေခဲ့ပြီ!

ဝေ့ရိချန်သူငယ်ချင်းများထဲမှတစ်ယောက်က ရှေ့သို့လျှောက်လာပြီးဆို၏။

"ကျန်းကော ဒေါသမထွက်ပါနဲ့၊ သူက အစ်ကို့ထက်တောင်အများကြီးပိုဒေါသထွက်နေသေးတယ်! အဆုံးမှာ သူ အချိန်အကြာကြီးလိုက်နေခဲ့တဲ့အမျိုးသမီးက ကောင်လေးရသွားပြီလေ၊ နောက်ဆုံးတော့ ဝမ်းနည်းဖွယ်ရာတစ်ဖက်သတ်အချစ်က ကိုးနှစ်ကြာပြီးတဲ့နောက်မှာ အဆုံးသတ်သွားခဲ့ပြီ"

ယင်းမှာ ကျန်းယွဲ့ကျန်းအား သူ၏ဒေါသကို အများကြီးဖြေလျော့သွားစေခဲ့သည်။ သူက စာနာထောက်ထားသောအပြုံးတစ်ခုအား ဖျစ်ညှစ်ပြုံးလာလျက်

"ဝိုင်တစ်ပုလင်းက ကိုးနှစ်တာ တစ်ဖက်သတ်အချစ်နဲ့ထိုက်တန်ပါတယ်၊ ဒါက တကယ်ထိုက်တန်တယ်လို့ ငါထင်တယ်"

ဝေ့ရိချန် သူ့နှုတ်ခမ်းထောင့်မှာ တွန့်ကွေးသွားခဲ့သည်။

အာ သူ့မှာ တကယ်ကို သူငယ်ချင်းကောင်းတစ်ဖွဲ့ရှိနေတာပဲ။

သူတို့ စကားပြောနေစဉ်အချိန်တွင်း ရှန့်ချန်ခုန်းမှာ ရောက်ရှိလာခဲ့သည်။ ရွှီလျန် သူ့ထံမှမက်ဆေ့ချ်ရသောကြောင့် သူမက အပြင်ဘက်သို့ တန်းတန်းလျှောက်သွားတော့သည်။ ရှန့်ချန်ခုန်းက ဟိုတယ်အပြင်ဘက်၌ စောင့်နေ၏။ ရွှီလျန်ထွက်လာသည်နှင့် သူ သူမကို မြင်လိုက်ရသည်။

ရွှီလျန်၏ပုံမှန်စတိုင်က အများစုမှာ အနက်ရောင်များဖြစ်ကာ ကြည့်ကောင်းပြီးမိုက်သည်။ သို့ပေမဲ့ ယနေ့တွင် သူမက ပါတီပွဲတစ်ခုသို့ တက်ရောက်ခြင်းဖြစ်သောကြောင့် ရှားရှားပါးပါး သူမ ဝတ်ဆင်ခဲသော အရောင်တစ်မျိုးအား ဝတ်ဆင်ထားခဲ့သည်။

သူမက အဆင့်မြင့်ဇာပန်းထည်ဖြင့်တန်ဆာဆင်ထားသော V-neck ပုံစံ အဖြူရောင်အင်္ကျီတစ်ထည်ကို ဝတ်ဆင်ထား၏။ သူမက retro စတိုင် အစိမ်းရောင်စကတ်တစ်ထည်ကိုလည်း ဝတ်ဆင်ထားကာ သူမဆံပင်ကိုလည်း အထူးတလည် ရစ်ခွေထားသည်။ ရွှီလျန်သည် အလွန်ကြော့ရှင်းလှပသော (၁၈)ရာစုကအထက်တန်းစားအမျိုးသမီးတစ်ယောက်လို့တောင် ထင်ရ၏။

ရှန့်ချန်ခုန်း အေးခဲသွား၏။ အချိန်ခဏလောက် သူ မည်သို့တုံ့ပြန်ရမှန်း မသိတော့ပေ ၊ ထိုစဉ် ရွှီလျန်က သူ့ကို သတိပြုမိသွား၍ သူ့ထံ လျှောက်လာခဲ့သည်။ သူ ဘာမှပြောမလာသည်ကိုမြင်တော့ ရွှီလျန်က လက်မြှောက်၍ သူ့ရှေ့ယမ်းပြလိုက်သည်။

"ဘာဖြစ်လို့လဲ"

သူမစကားတွေ၌ ရှန့်ချန်ခုန်းနှလုံးသားမှာ ထပ်ပြီး ခုန်စပြုလာပြန်သည်။ သူ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လျက် သူမနှင့်ဝေးရာသို့ကြည့်ရင်း သူ့ပါးတွေမှာ ပူနွေးလာရတော့သည်။

"ဘာမှမဟုတ်ပါဘူး ဘာမှမဟုတ်ဘူး ကိုယ်တွေးနေတာ မင်းက မင်းရဲ့ပုံမှန်စတိုင်ကနေ ကွဲထွက်နေတယ်လို့ပါ"

ရွှီလျန် သူမဝတ်စုံကို ငုံ့ကြည့်လျက် မေးမြန်းလိုက်၏။

"ကျွန်မ ကြည့်ကောင်းလား"

"ကောင်း...ကောင်းတယ် အရမ်းလှတယ်"

ရွှီလျန် သူ့အဖြေကို ပြုံးမိသွား၏။

"ကျွန်မအမေက ဒါကိုရွေးပေးခဲ့တာ ကျွန်မ တကယ် ဒီလိုမျိုးတွေကိုဝတ်လေ့မရှိဘူး၊ ဒါပေမဲ့ ကြည့်ကောင်းတယ်လို့တော့ထင်တယ်"

သူမမျက်နှာပေါ်ရှိအပြုံးက ရှန့်ချန်ခုန်းအား လုံးဝဖမ်းစားခံလိုက်ရလေသည်။ သူမအပြုံးတွေဟာ မွန်းတည့်ချိန်နေမင်းထက်တောင် တောက်ပနေတယ်လို့ သူခံစားရ၏။ ရှန့်ချန်ခုန်းမှာ အလျင်စလိုဖြင့် အဝေးသို့အကြည့်ပြန်ရွှေ့လျက် မေးလိုက်သည်။

"ဒီလိုပါးပါးလေးဝတ်ထားတာ မအေးဘူးလား"

ယခုတွင် နိုဝင်ဘာရောက်နေပြီဖြစ်၏။ ရွှီလျန်က တစ်လမ်းလုံးမှာ အဝတ်အစားအနည်းဆုံးဝတ်ဆင်ထားသောသူဖြစ်သည်။

"အခု ကျွန်မ နေပူဆာလုံနေပြီလေ နွေးလာပြီ ကျွန်မအဆင်ပြေပါတယ်"

သူမ ဤသို့ပြောလျက် ရွှီလျန် ခေါင်းမော့ကြည့်လိုက်သည်။ သူမမျက်လုံးတွေကိုကာကွယ်ရန် သူမလက်ကိုသုံး၍ ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။ ဒီနေ့ရာသီဥတုက အတော်လေးကောင်းနေ၏။ ကောင်းကင်သည် ကြည်လင်ပြာလဲ့နေကာ နေရောင်က သူမလက်ချောင်းတွေမှတစ်ဆင့် ထိုးဖောက်လျက် သူမမျက်နှာပေါ်၌ အရိပ်တစ်ခုကျလာစေသည်။

သူမ ရှန့်ချန်ခုန်းကိုကြည့်ရင်း ပြုံးပြ၏။

"ဒိတ်လုပ်ကြရအောင်"

သူမပြောကြားချက်က ရှန့်ချန်ခုန်းနှလုံးသားအား ပို၍ခုန်လာစေခဲ့သည်။ သူ့ရှေ့ကရွှီလျန်ကိုကြည့်လျက် မရှင်းပြနိုင်သောအတွေးများ......

သူမက သူ့ကို ဘာတွေပဲတောင်းဆိုလာပါစေ သူက သဘောတူရန်အဆင်သင့်ပဲ။

"ဒီနေ့ အပန်းဖြေဥယျာဉ်တစ်ခုမှာ အပြင်အဆင်ပွဲတစ်ခုလုပ်နေတယ်လို့ ကျွန်မ ကျန်းကော်အာဆီကကြားထားတယ် သွားပြီးတော့ ကြည့်ကြည့်ရအောင်"

ရွှီလျန်က ရှန့်ချန်ခုန်းနှင့်ပိုနီးကပ်သွားစေပြီး သူမ၏တောက်ပနေသောအနီရောင်နှုတ်ခမ်းပါးမှာလည်း လှပသောအဝန်းပိုင်းတစ်ခုအဖြစ် ကော့တက်သွားလေသည်။ ထို့နောက် သူမက သားကောင်ကိုထောင်ချောက်ဆင်လိုက်သကဲ့သို့ သူ့အား တွယ်ဖက်ထားလိုက်သည်။

"ကျွန်မတို့ရဲ့ပြီးခဲ့တဲ့ဒိတ်က အစီအစဉ်ဖျက်လိုက်ရတယ်ဆိုတော့ ဒီနေ့က ကျွန်မတို့ရဲ့တရားဝင်ပထမဆုံးဒိတ်ပဲ"

ရှန့်ချန်ခုန်းသည် မသိစိတ်အရ ခေါင်းညိတ်လိုက်ကာ သူ့နှလုံးခုန်သံမှာ ပိုပိုပြီး ခုန်လာတော့၏။

"ကောင်းပြီ"

"ကျွန်မ ဒီကိုကားမောင်းလာခဲ့တာ ကျွန်မ ကားသွားယူနေတုန်း ခဏစောင့်နေဦးနော်"

ရွှီလျန်သည် ကားပါကင်သို့သွား၍ သူမကားကို မောင်းလာခဲ့သည်။ သူမက ရှန့်ချန်ခုန်းအား ဟွန်းတီးလိုက်ကာ ခရီးသည်ခုံဘက်ခြမ်းတွင် ဝင်ထိုင်ရန် တိုက်တွန်း၏။ သူမက ကားမောင်းမထွက်မီ သူ့ထိုင်ခုံခါးပတ် ပတ်ပြီးသည်ထိ စောင့်နေခဲ့သည်။

ဒီတစ်ကြိမ်က ရှန့်ချန်ခုန်း ရွှီလျန်ကားထဲမှာထိုင်တာ ပထမဆုံးအကြိမ်ပဲ ၊ သူမက မြန်မြန်မမောင်းဘဲ ထိုအစား တည်ငြိမ်နေသည်။ ရွှီလျန်က အပန်းဖြေဥယျာဉ်မှာ မြို့လယ်ခေါင်မှာမဟုတ်ကြောင်း မှတ်ချက်ပြုလာခဲ့သည်။ မိနစ်ငါးဆယ်ကြာလောက် GPS လမ်းညွှန်အတိုင်းလိုက်ပြီးနောက် နောက်ဆုံးတွင် သူတို့သည် အပန်းဖြေဥယျာဉ်ဂိတ်အလားအလာအား မြင်လိုက်ရ၏။

ယနေ့မှာ စနေနေ့ဖြစ်သောကြောင့် အပန်းဖြေဥယျာဉ်၌ ပန်းခြံအား အတော်လေး အရောင်သွေးစုံအောင်ဖြစ်ပေါ်စေသော လူအုပ်ကြီးအားဆွဲခေါ်ရန် ပွဲအများကြီးရှိနေ၏။ ရွှီလျန် ပြည့်ကျပ်နေသောကားပါကင်ကိုလှည့်ပတ်ကြည့်လျက် သူတို့တွေ ပါကင်နေရာတစ်ခုကို ရှာတွေ့၊မတွေ့အား စိုးရိမ်စပြုလာသည်။

"ဟိုနေရာမှာ နေရာလွတ်တစ်ခုရှိတယ် ဒါပေမဲ့ အရမ်းတော့မကောင်းဘူး"

ရွှီလျန် နေရာလွတ်ကိုကြည့်ပြီး ရှန့်ချန်ခုန်းကို သဘောတူလိုက်သည်။ နေရာက အလွန်ကျဉ်း၍ အခြားတစ်ဖက်ရှိရပ်ထားသောကားနှင့်လည်း အရမ်းနီးကပ်နေကာ ပါကင်ထိုးသည့်နည်းပညာကန့်သတ်ချက်အား စမ်းသပ်နေ၏။

၎င်းသည် နေရာကောင်းတစ်ခုမဟုတ်သောကြောင့် နေရာလွတ်အဖြစ်ကျန်နေခြင်း ဖြစ်နိုင်သည်ဟု ရွှီလျန် စိတ်အားငယ်စွာ တွေးမိသွားသည်။

"မင်းရဲ့ကားက ဆံ့လောက်ပါတယ်"

ရွှီလျန် ဖြည်းဖြည်းချင်း နေရာလွတ်နားသို့ မောင်းလာခဲ့သည်။ သူမ၏လေးနက်နေသောမျက်နှာအမူအရာက သူမအား အန္တရာယ်များသောလမ်းတစ်လမ်းသို့ မောင်းနှင်တော့မည့်ဟန် ဖြစ်ပေါ်စေ၏။

"အကျယ်ကတော့လုံလောက်ပါတယ်၊ ကားကို အထဲ,ထဲထိန်းမောင်းနိုင်မလားဆိုတာတော့ ကျွန်မ မသိဘူး"

ရှန့်ချန်ခုန်း ရွှီလျန်ကိုကြည့်လျက် ပြော၏။

"ကိုယ်လုပ်ကြည့်မယ်ဆိုရင်ရော? ကိုယ် ကားပါကင်ထိုးနေတဲ့အချိန် မင်း ကားအပြင်ထွက်နေလိုက်လေ၊ ကိုယ် ကားပါကင်ထိုးပြီးသွားရင် တံခါးက အကျယ်ကြီးဖွင့်လို့ရမှာမဟုတ်ဘူး"

ရွှီလျန် ရှန့်ချန်ခုန်းအား အံ့ဩမှုအချို့ဖြင့် ပြန်ကြည့်လျက်

"ရှင့်မှာ ယာဉ်မောင်းလိုင်စင်ရှိလို့လား"

'အာ'ဆိုသည်နှင့်အတူ ရှန့်ချန်ခုန်း ပြန်ဖြေ၏။

"ကိုယ် လိုင်စင်ကို အထက်တန်းဘွဲ့ရပြီးတာနဲ့ ချက်ချင်းရခဲ့တာ၊ အရင်က ကိုယ့်အဖေရဲ့ကားကို အကြိမ်တော်တော်များများ မောင်းဖူးပါတယ် ဒါကြောင့် မင်းစိတ်ချထားလို့ရတယ်"

၎င်းမှာ သူ့ထံမှ'အထက်တန်းစားတက္ကသိုလ်'ရောင်ဝါတွေ ထွက်ပေါ်နေသည့်အတွက်ကြောင့််ဖြစ်နိုင်ပေမဲ့လည်း ရွှီလျန်က ရှန့်ချန်ခုန်းကို ကိစ္စအများစု၌ မမြင်ရဘဲနှင့်တောင် ယုံကြည်ပြီးသားဖြစ်သည်။ အကယ်၍ ယခုအချိန်၌ သူက အချိန်အချို့ကြာအောင် ကားကိုမထိဖူးခဲ့လျှင်တောင် သူမက သူ့အရည်အချင်းကို လုံးဝသံသယဝင်မှာမဟုတ်ပေ။

ထို့ကြောင့် ရွှီလျန်သည် ကားရပ်၍ ယာဉ်မောင်းထိုင်ခုံအား ရှန့်ချန်ခုန်းထံ လွှဲပေးလိုက်သည်။ ရှန့်ချန်ခုန်းသည် ရွှီလျန်ကားက အကူပါကင်ထိုးသည့်စနစ်အား အသုံးမပြုဘဲ ထိုအစား လက်တစ်ဖက်က စတီယာရင်ပေါ်၌ သာမန်ကာလျှံကာမျှသာတင်လျက် နေရာလွတ်တွင် ကားအား မလွဲတမ်း လက်တန်းပါကင်ထိုးလိုက်လေသည်။

ရွှီလျန် နည်းနည်း မချင့်မရဲဖြစ်သလို ခံစားလာရသည်။ သူမက သူ့ကို 'ဘယ်ဘက်ကိုသွား' 'ညာဘက်ကိုနည်းနည်းသွားလိုက်' ကဲ့သို့သော လမ်းညွှန်မှုနည်းနည်း ပေးခဲ့သင့်တာ။

ရွှီလျန်ကားနှင့်အခြားတစ်ဖက်ရှိကားနှစ်စီးကြားအကွာအဝေးမှာ အနည်းငယ် ကျဉ်းမြောင်းသည်။ ရှန့်ချန်ခုန်း အပြင်ထွက်ရန်ကြိုးစားလိုက်ချိန်တွင် သူ ကားတံခါးတစ်ဝက်မျှသာ ဖွင့်လို့ရသည့်အတွက် သူ့အား ဘေးတိုက် အကျပ်အတည်းဖြစ်စေသည်။ ၎င်းက ရွှီလျန်အား သူ့လက်ကိုဆုပ်ကိုင်ထားရင်း ရယ်မောစေ၏။

သူ့လက်ဖဝါးကရုတ်ခြည်းနွေးထွေးမှုလေးက ရှန့်ချန်ခုန်းကို သူမအား ကြောင်တောင်တောင်ဖြင့် ငုံ့ကြည့်မိစေသည်။ ရွှီလျန်လက်က နူးညံ့သိမ်မွေ့ပြီး သူမအသားအရည်က ချော​မွေ့၏။ ယင်းမှာ ဆုပ်ကိုင်ထားရန် အလွန်ကောင်းသည်။ သူက သူတို့၏ဆုပ်ကိုင်ထားသောလက်တွေကို ငုံ့ကြည့်နေသည်အားမြင်တော့ ရွှီလျန် မေးလိုက်သည်။

"ကျွန်မတို့ဒိတ်လုပ်နေတဲ့အချိန် လက်ကိုင်ထားသင့်တယ်လို့ ရှင်ထင်လား"

"အင်း အာ....."

ရှန့်ချန်ခုန်းမှာ သူမမျက်ဝန်းတွေအား ကြည့်ရန် သတ္တိမရှိပေမဲ့လည်း သူမလက်ကိုတော့ သူ လွှတ်မပေးခဲ့ပေ ၊ ရွှီလျန်၏အနည်းငယ်အေးစက်နေသောလက်ထိပ်တွေကို ခံစားရတော့ သူက သူမလက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်မိသည်။

ဤအချိန်၌ အပန်းဖြေဥယျာဉ်အပြင်ဘက်တွင် လူအများကြီး ရှိမနေပေ ၊ အများစုမှာ ပန်းခြံအတွင်းသို့ ရောက်ရှိနေပြီးသားဖြစ်ကြသည်။ ထို့ကြောင့် သူတို့က ဝင်ခွင့်လက်မှတ်ဝယ်ရန်အတွက် တန်းစီစရာမလိုအပ်ခဲ့ပေ။ ကံကောင်းထောက်မစွာဖြင့် သူတို့သည် စီစဉ်ထားသောတင်ဆက်မှုမစတင်ခင်မှာပဲ ဝင်ခွင့်ရသွားခဲ့သည်။

လာရောက်လည်ပတ်သူလူအုပ်ကြီးမှာ စင်အောက်ဘက်တွင် စုဝေးနေကြပြီးဖြစ်ကာ သူတို့ဖုန်းများဖြင့် မှတ်တမ်းတင်နေကြသည်။ ရွှီလျန်သည်လည်း သူမအိတ်ထဲမှဖုန်းကိုထုတ်လိုက်၏။ တင်ဆက်မှုမှာ ဆယ့်ငါးမိနစ်တည်းသာ ကြာမြင့်သည်။ ပြီးနောက် ရွှီလျန်က ရှန့်ချန်ခုန်းဘက်သို့လှည့်၍

"ဓာတ်ပုံအတူတူရိုက်ကြရအောင်"

ရှန့်ချန်ခုန်းသည် မိန်းကလေးတွေက ဆယ်လ်ဖီရိုက်ရတာသဘောကျမှန်း (ရှန့်နွမ်ကျေးဇူးဖြင့်)သိထားပြီးသားဖြစ်၏။ သို့ပေမဲ့ ရွှီလျန်က ဓာတ်ပုံရိုက်ရတာသဘောကျသော လူတစ်ယောက်နှင့်မတူပေ။ ရွှီလျန်က သူမနှုတ်ခမ်းတွေကိုတွန့်၍ ခေါင်းစောင်းနေစဉ် ဓာတ်ပုံရိုက်နေသည့်ပုံအား ရှန့်ချန်ခုန်းအတွက် စိတ်ကူးယဉ်ကြည့်ရန်ပင် ခက်ခဲ၏။

ရှင်းရှင်းပြောရရင် ရွှီလျန်က ဆယ်လ်ဖီရိုက်ရတာ တကယ်သဘောမကျဘူး။ သူမဖုန်းထဲမှာ beauty filter တစ်ခုလေးတောင်မရှိဘူး။ သူမ ကင်မရာဖွင့်ပြီး အရှေ့ကင်မရာ ပြောင်းလိုက်သောအခါ သူမက မိုက်ခရိုစကုပ်တစ်ခုအောက်တွင် စောင့်ကြည့်ခံနေသလိုဖြစ်နေမှန်း တွေ့လိုက်ရသည်။ မင်း အရာအားလုံးကိုတောင် မြင်နိုင်တယ်.. ချွေးပေါက်၊ အကုန်လုံးပဲ။

"......."

ရွှီလျန် တည်တည်ငြိမ်ငြိမ်ဖြင့် ကင်မရာပိတ်၍ ရှန့်ချန်ခုန်းကို ပြောလိုက်သည်။

"ကျွန်မကို တစ်မိနစ်လောက်အချိန်ပေး Selfie App တစ်ခု download လုပ်လိုက်မယ်"

App Store တွင် ဆယ်လ်ဖီကင်မရာအများအမြောက်ရှိနေ၏။ ရွှီလျန် ရှာဖွေနေစဉ် ရင်းနှီးနေသော icon တစ်ခုအား သတိပြုမိသွားသည်။ ၎င်းမှာ ကျန်းကော်အာအသုံးပြုသောတစ်ခုပင်ဖြစ်တာကြောင့် သူမ ၎င်းအား download လုပ်လိုက်သည်။ ခဏကြာပြီးနောက် သူမ ကင်မရာကို ပြန်ဖွင့်ပြီး သင့်တော်တဲ့ filter တစ်ခုအား ရွေးလိုက်၏။ ရွှီလျန် စိတ်ကျေနပ်မှုဖြင့် ခေါင်းညိတ်သည်။ ဒီတစ်ခေါက်တော့ ပြဿနာမရှိတော့ဘူး။

"အဲဒီမှာခဏလောက်ရပ်နေနော်"

ရွှီလျန်က ရှန့်ချန်ခုန်းကို သူမဘေးနားတွင် သူတို့ပခုံးတွေထိကပ်လာသည်ထိ ရပ်နေရန် ညွှန်ပြပေးနေသည်။ ရှန့်ချန်ခုန်းမှာ ရွှီလျန်က သူမဖုန်းအား မြှင့်မြှင့်မြောက်ထားရန် ရုန်းကန်နေရသည်ကိုမြင်နေသည့်အတွက် သူက သူမဆီမှ ဖုန်းကိုယူလိုက်သည်။

"ကိုယ် လုပ်လိုက်မယ်"

သူက သင့်တော်သောရှုထောင့်တွေ့သည့်အထိ ဖုန်းအား နေရာရွေ့နေခဲ့သည်။ သူ ခလုတ်နှိပ်လိုက်သည့်အခိုက်အတန့်၌ ရွှီလျန်က ရုတ်တရက် လှည့်လာပြီး သူ့ပါးကိုနမ်းလိုက်လေသည်။

၎င်းပုံရိပ်ကို ရွှီလျန်၏ဈေးကြီးသည့်ဖုန်းထဲ၌ အောင်အောင်မြင်မြင် ချန်ထားခဲ့နိုင်သည်။

ရှန့်ချန်ခုန်း "......."

"ဟီး ဟီး ကြည့်ကောင်းတယ်"

ရွှီလျန် သူမဖုန်းကို ပြန်ယူ၍ စခရင်ထဲကဓာတ်ပုံကို ကြည့်နေ၏။ ရွှီလျန် ရှန့်ချန်ခုန်းကို ပြန်ကြည့်လိုက်ချိန်တွင် သူ့ပါးပေါ်၌ အနီရောင်စွန်းထင်းရာတစ်ခုအား သတိပြုမိသွားသည်။ ရွှီလျန် ရှန့်ချန်ခုန်းအား တစ်ရှူးကမ်းပေးရင်း

"ဒီမှာ သုတ်လိုက်ဦး"

"အာ?"

ရှန့်ချန်ခုန်း နားမလည်။

ရွှီလျန် မျက်ခုံးပင့်မလိုက်သော်လည်း ပြန်မဖြေခဲ့ပေ ၊ ထိုအစား သူမက လက်လှမ်း၍ သူ့အတွက် သူ့ပါးကိုသုတ်ပေးလိုက်သည်။ တစ်ရှူးအဖြူရောင်မှာ အနီရောင်ဖြင့် ပေကျံသွားခဲ့၏။ ရွှီလျန် တစ်ရှူးကို ရှန့်ချန်ခုန်းအား ကမ်းပေးလျက် ပြော၏။

"နှုတ်ခမ်းနီရာ"

ရှန့်ချန်ခုန်း "........"

သူ့မျက်နှာကိုသန့်ရှင်းပြီးနောက် သူတို့နှစ်ယောက်မှာ လမ်းဆက်လျှောက်လာခဲ့သည်။ သူတို့လမ်းလျှောက်နေစဉ် ရေခဲမုန့်ကတော့များရောင်းနေသော ဆိုင်ခန်းငယ်တစ်ဆိုငိအား တွေ့လိုက်ရသည်။ ရွှီလျန် နည်းနည်းစားချင်လာသောကြောင့် ဝယ်ယူရန်အတွက် ရှန့်ချန်ခုန်းကို ဆိုင်ခန်းငယ်ဆီသို့ ခေါ်ဆောင်သွား၏။

ရွှီလျန်က သူမရေခဲမုန့်ကို ကိုက်လိုက်ပြီးနောက် ရှန့်ချန်ခုန်းကို ကမ်းပေးလျက်

"ရှင် နည်းနည်းမြည်းကြည့်ချင်လား? အရသာရှိတယ်"

သူမနှုတ်ခမ်းမှာ ရေခဲမုန့်တွေ ပေနေဆဲဖြစ်သည်။ ရှန့်ချန်ခုန်း သူမကို အပြုံးဖြင့် ကြည့်၍ ခေါင်းယမ်းပြလိုက်၏။

"ကိုယ် မစားချင်ပါဘူး မင်းပဲကုန်အောင်စားလိုက်"

ရွှီလျန် ခဏလောက် စဉ်းစားပြီးနောက် အော်ခေါ်လိုက်သည်။

"ရှန့်ချန်ခုန်း"

"ဟင်?"

ရွှီလျန် သူ့ကိုပြုံးပြပြီး သူမလက်ဖြင့် သူ့လည်ပင်းကိုချိတ်လိုက်သည်။ သူမခြေဖျားထောက်လျက် သူမက သူ့နှုတ်ခမ်းတွေကို နမ်းရှိုက်လိုက်တော့သည်။

ရွှီလျန်နှုတ်ခမ်းတွေမှာ ရေခဲမုန့်ကြောင့် အေးနေဆဲဖြစ်သည်။ ၎င်းက သူ့နှုတ်ခမ်းကို နူးနူးညံ့ညံ့ ထိကပ်လာသောအခါ ရှန့်ချန်ခုန်းမှာ ရွှီလျန်၏ရနံ့ကိုတောင် ရနိုင်ပြီး သူ့နှလုံးသားထဲ တန်းတန်းမတ်မတ် ထိခတ်သွားတော့သည်။

ပထမဆုံးအနေဖြင့် ရှန့်ချန်ခုန်းသည် ရွှီလျန်ကချိုမြိန်ကြောင်း ထင်မိသွားသည်။

ရွှီလျန်က ရှန့်ချန်ခုန်းအမူအရာကို ရယ်မောနေ၏။ သူက သတိလက်လွတ်ဖြစ်သွားပုံရကာ သူ့မျက်လုံးတွေမှာလည်း အံ့ဩမှုအပြည့်နှင့်ပင်။

ရွှီလျန်နမ်းရှိုက်ပြီးနောက် ရေခဲမုန့်အချို့မှာ ရှန့်ချန်ခုန်းနှုတ်ခမ်းဆီသို့ ကူးပြောင်းသွားတော့သည်။ ရှန့်ချန်ခုန်းက နီမြန်းနေသောမျက်နှာဖြင့် သူ့နှုတ်ခမ်းထောင့်ကရေခဲမုန့်ကို လျှာဖြင့်လျက်လိုက်သည်။

"ကိုယ်တို့က အပြင်မှာပဲရှိသေးတယ်၊ အရမ်းမလုပ်......"

"အရမ်းဘာဖြစ်လဲ?"

"......."

ရှန့်ချန်ခုန်း ပြန်လည်မချေပနိုင်တော့ပေ။

ရွှီလျန် သူ့လက်မောင်းကို ဆွဲယူ၍ ရေခဲမုန့်ကိုင်ထားသောသူမလက်ဖြင့် ပန်းခြံကဆောက်အအုံကို လက်ညှိုးထိုးပြ၏။

"အဲဒီဟာသွားကစားရအောင်"

"ကောင်းပြီ"

သူတို့နှစ်ယောက်မှာ အပန်းဖြေဥယျာဉ်၏နောက်ဆုံးပြပွဲ ပြီးဆုံးသည်အထိ တစ်နေ့လုံး ကစားနေခဲ့ကြကာ ကောင်းကင်မှာလည်း မည်းမှောင်လာခဲ့သည်။ ရွှီလျန် အေးနေမည်ကို စိုးရိမ်သည့်အတွက် ရှန့်ချန်ခုန်းက သူ့ကုတ်အင်္ကျီကိုချွတ်၍ ရွှီလျန်ကိုပေးလိုက်သည်။

"ညဘက်ဆိုအေးတယ် မင်း အအေးမိလိမ့်မယ်"

"အာ"

ရွှီလျန် ကုတ်အင်္ကျီကိုယူ၍ ဝတ်လိုက်သည်။ သူမသည် ကုတ်အင်္ကျီထံမှ ရှန့်ချန်ခုန်း၏အနွေးဓာတ်လေးကို ခံစားရနေဆဲဖြစ်ကာ ၎င်းမှာ သူက သူမအား ပွေ့ဖက်ထားသကဲ့သို့ပင်။ ရွှီလျန် ပြုံးလျက် သူမလက်တွေကို ကုတ်အင်္ကျီအိတ်ကပ်ထဲ ထည့်လိုက်၏။ သူမ ဤသို့လုပ်လိုက်ချိန်တွင် သူမလက်ချောင်းတွေက အိတ်ကပ်များထဲမှတစ်အိတ်တွင်း၌ ဘူးအသေးလေးဆစ်ဘူးအား ထိမိသွားသည်။

"ရှင့်အိတ်ကပ်ထဲကဒီဟာကဘာလဲ"

ရွှီလျန် သူမထိလိုက်သောဘူးလေးကို အပြင်ထုတ်ကြည့်သောအခါ ၎င်းမှာ နှုတ်ခမ်းနီဘူးမှန်း တွေ့ရ၏။

"Serenade 007?"

သူမ ရှန့်ချန်ခုန်းကို မရေမရာကြည့်မိ၏။ ရှန့်ချန်ခုန်း နှုတ်ခမ်းဖွင့်ဟလိုက်ပြီး နောက် ပြန်ပိတ်သွားခဲ့သည်။ နောက်ဆုံး သူ ထစ်ထစ်ငေါ့ငေါ့နှင့်မပြောလာခင် ဤကဲ့သို့ အကြိမ်အတော်ကြာ လုပ်နေခဲ့သည်။

"ကိုယ် အဲဒါကို လွန်ခဲ့တဲ့အချိန်အနည်းငယ်လောက်က ဝယ်ထားခဲ့တာ၊ ကိုယ် ဒီနေ့နေ့လည်ခင်းက မင်းကို ပေးမလို့ပဲ ဒါပေမဲ့ ကိုယ်တို့ကစားနေတဲ့အချိန်မှာ မေ့သွားတာ"

ရွှီလျန် သူ့ကိုကြည့်နေပြီး ရှန့်ချန်ခုန်းနားတွေ နီမြန်းလာသည်ထိ စောင့်ကြည့်နေခဲ့သည်။ အပြုံးတစ်ခုဖြင့် သူမက သူ့ကို မေး၏။

"ကျွန်မအိမ်ကိုသွားချင်လား?"

ရှန့်ချန်ခုန်း သူမကို ကြည့်လိုက်ချိန်တွင် ရွှီလျန်မျက်ဝန်းတွေဟာ ညကောင်းကင်ကကြယ်များဖြင့်ပြည့်နှက်နေသကဲ့သို့ တလက်လက်တောက်ပနေခဲ့သည်။

"သွားကြရအောင်"

ရွှီလျန် နောက်လှည့်၍ ကားပါကင်သို့ လျှောက်သွားတော့သည်။

အပန်းဖြေဥယျာဉ်မှ ရွှီလျန်အိမ်သို့ မိနစ်ငါးဆယ်ကျော် မောင်းနှင်ရမည်ဖြစ်သည်။ သူတို့နှစ်ယောက် သူမအိမ်ကို ရောက်ချိန်၌ ရွှီလျန်က သူမကားသော့နှင့်ရှန့်ချန်ခုန်း၏ကုတ်အင်္ကျီအား ဆိုဖာပေါ်တွင် တင်ထားလိုက်သည်။ ရှန့်ချန်ခုန်းက သူမနောက်တွင် ရပ်နေ၏။ ရွှီလျန် နောက်လှည့်၍ သူမဆံပင်ကိုဖြည်ကာ အနက်ရောင်ဆံနွယ်တွေက ရေလိုမျိုး ဆင်းကျလာတော့သည်။

"ဒီနေ့ ကျွန်မ ရှင့်ကို နှစ်ကြိမ်နမ်းခဲ့တယ်၊ ဒီတော့ အခု ကျွန်မ ရှင့်ကို လက်တုံ့ပြန်ခွင့်ပေးလိုက်မယ်"

ရှန့်ချန်ခုန်း သူမအား တဒင်္ဂလောက် ကြည့်နေခဲ့သည်။ ပြီးနောက် ရှေ့သို့လျှောက်လာပြီး သူမခါးအား ပွေ့ဖက်လျက် သူမနှုတ်ခမ်းတွေကို နမ်းရှိုက်လာခဲ့သည်။

သူက သန်မာပြီး သူမခါးထက်က သူ၏ဆုပ်ကိုင်ထားခြင်းမှာ နည်းနည်းတင်းကျပ်နေသည်။ သို့ပေမဲ့ သူက သူမအား ဤကဲ့သို့ အချိန်အကြာကြီး မထိတွေ့နေခဲ့ပေ ၊ ရွှီလျန်ထံ၌လည်း သူ့အား အဝေးသို့တွန်းထုတ်လိုစိတ် လုံးဝမရှိခဲ့ချေ။

သူ့အနမ်းတွေက သူမခြေထောက်တွေကို ပျော့ပျောင်းလာစေသည်နှင့် သူမခံနိုင်အားမှာလည်း ဖြည်းဖြည်းချင်း ဆုတ်ယုတ်သွားခဲ့သည်။ ရှန့်ချန်ခုန်းသည် သူမ အားလျော့လာသည်အား ခံစားမိသောကြောင့် သူမကိုယ်လေးကို သူမနောက်ရှိဆိုဖာပေါ်သို့ ညင်ညင်သာသာ ဖိကပ်လိုက်တော့သည်။

ရွှီလျန် ဆိုဖာနှင့်ထိကပ်သွားသည်နှင့် သူမက ချက်ချင်း ကူရှင်တွေပတ်လည်၌ စူးစမ်းရှာဖွေနေသည်။ သူမခံနိုင်ရည်အားအကုန်လုံး ဆုံးရှုံးသွားတော့မည့်အချိန်မှာပဲ ကူရှင်အောက်၌ ဖွက်ထားသောဘူးအသေးလေးကို သူမ ရှာတွေ့သွားတော့သည်။

ယခုအချိန်တွင် ရှန့်ချန်ခုန်းမှာ ဤဘူးအသေးလေးဖြင့် အတော်လေးရင်းနှီး​နေပြီဖြစ်၏။ သူက ဘူးကိုင်ထားသောရွှီလျန်လက်ကို ဆုပ်ကိုင်လျက် စိတ်ဆိုးစွာ မေး၏။

"ဒါက ဘာလို့ဒီမှာရှိနေသေးတာလဲ"

"အင်း......"

ရွှီလျန်က ဆိုဖာက အတော်လေးကြီးတယ်လို့ အမြဲတမ်းတွေးနေခဲ့တာ အဲဒါကြောင့်......

ရှန့်ချန်ခုန်း အတော်ကြာ စကားမပြောနိုင်တော့ ၊ သက်ပြင်းတစ်ချက်ချလျက် သူ သူမလက်ထဲကဘူးသေးလေးကိုယူပြီး သူ့ဘာသာ ပြန်ကိုင်ထားလိုက်သည်။

"မင်းအမေ......"

"ကျွန်မအမေ အိမ်ပြန်သွားပြီ၊ သူမ ဒီည ပြန်မလာမှာမဟုတ်ဘူး"

သူမစကားတွေကြားသောအခါ နောက်ဆုံးတွင် ရှန့်ချန်ခုန်းသည် သူ၏တုံ့ဆိုင်းနေမှုအား လွှတ်ချလိုက်ပြီး သူနှင့်ရွှီလျန်ကြားရှိ အကွာအဝေးအား နီးကပ်စေလိုက်သည်။

ရှန့်ချန်ခုန်းမှာ သူတို့အတူတူနေခဲ့သောအရင်နှစ်ခေါက်ကနှင့်ယှဉ်လျှင် ယနေ့ညတွင် ပို၍စိတ်အားထက်သန်နေပုံရသည်။ ၎င်းက ရွှီလျန်အတွက် အလွန်စိန်ခေါ်ရာရောက်၏။ ရွှီလျန် ရှန့်ချန်ခုန်းကို ပွေ့ဖက်လိုက်သည်နှင့် သူမမှာ သူ၏တောင့်တင်းနေသောကြွက်သားများအား ခံစားရနိုင်သည်။ သို့သော် သူမ စကားဆိုရုံမှလွဲ အခြားဘာမှမလုပ်နိုင်တော့ပေ။

"မ...မလုပ် မလုပ်နဲ့......"

ရှန့်ချန်ခုန်း နေရာပြောင်းပြီး သူမလည်တိုင်နား၌ သူ့မျက်နှာကို မြှုပ်နှံထား၏။ ထို့နောက် သူ ခေါင်းမော့၍ ရွှီလျန်နားထဲသို့ တိုးတိုးလေးကပ်ပြောလိုက်သည်။

"ဒါဆို မင်းက ကိုယ့်ကို ဘာလုပ်စေချင်တာလဲ"

ရွှီလျန် ပြန်မဖြေ ၊ သူမ ပြန်မဖြေနိုင်တော့ဘူး။ သူမအသံမှာ အတန်ကြာကတည်းက ပျောက်ဆုံးသွားခဲ့ပြီ။

ရှန့်ချန်ခုန်းသည် သူ့နှုတ်ခမ်းတွေဟာ ရှားရှားပါးပါး အပြုံးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရယ်မောလိုက်၏။ သူက ရွှီလျန်ကို သူ့ရင်ခွင်ထဲထည့်၍ သူမအား သူနှင့်နီးနီးကပ်ကပ် ပွေ့ဖက်ထားလိုက်သည်။

"မင်း ကိုယ့်ကို နောက်မှထပ်ပြောလို့ရတယ်"

__________________


ရွန့္ခ်န္ခုန္း အဝတ္အစားလဲၿပီး ရွန့္ႏြမ္အား သူအျပင္သြားမည့္အေၾကာင္း ေျပာလိုက္သည္။

ရွန့္ႏြမ္က

"အစ္ကိုက ႐ႊီလ်န္က်ဲနဲ႕ဒိတ္လုပ္မလို႔လား"

"......."

ရွန့္ခ်န္ခုန္းသည္ ရွန့္ႏြမ္က သူ ဒိတ္လုပ္ရန္အျပင္သြားတယ္လို႔ ဘာေၾကာင့္ ခ်က္ခ်င္းေတြးလိုက္တာလဲလို႔ စဥ္းစားေန၏။ ေကာင္းၿပီ တကယ္လည္း သူ ႐ႊီလ်န္ကို သြားေတြ႕မွာပဲေလ။

"ငါ့မွာ လက္တိုလက္ေတာင္းအလုပ္ေလးတစ္ခုရွိလို႔ပါ မၾကာခင္ ျပန္လာခဲ့မယ္"

"အာ မလိုပါဘူး မလိုပါဘူး အစ္ကို တစ္ညလုံး အျပင္မွာေနလို႔ရတယ္ တကယ္ေျပာတာ!"

ရွန့္ခ်န္ခုန္း : နင့္မွာ ဘယ္လိုအေတြးမ်ိဳးေတြရွိေနတာလဲ?

"ငါသြားၿပီ"

ရွန့္ခ်န္ခုန္း အိမ္ေရွ႕တံခါးကို လက္လွမ္းလိုက္သည္။ သို႔ေပမဲ့ ရွန့္ႏြမ္က သူ႕ေနာက္ေျပးလိုက္လာကာ သူ႕အား သူ႕အခန္းထဲသို႔ ျပန္ဆြဲေခၚသြားေလ၏။

"အစ္ကိုက ထသြားထလာျဖစ္လြန္းတာႀကီး ဝတ္သြားမလို႔လား! တျခားတစ္ခုခုနဲ႕သြားလဲလိုက္"

ရွန့္ခ်န္ခုန္း ကူကယ္ရာမဲ့စြာျဖင့္ သက္ျပင္းခ်လ်က္

"ငါက အထူးတလည္ေနရာမ်ိဳး သြားမွာမွမဟုတ္တာ"

"အစ္ကိုက အစ္ကို႔ရဲ႕ေကာင္မေလးကို သြားေတြ႕မွာေလ၊ ဘယ္လိုလုပ္ ထသြားထလာပုံစံမ်ိဳးဝတ္သြားရမွာလဲ! ၿပီးေတာ့ ဒါက အစ္ကို႔ရဲ႕ဒုတိယအႀကိမ္ဒိတ္လုပ္တာ ေယာက္်ားေတြအားလုံးကဒီလိုပုံစံပဲလား? စိတ္ပ်က္စရာေကာင္းလိုက္တာ!"

ရွန့္ခ်န္ခုန္း ".........."

ရွန့္ႏြမ္ ရွန့္ခ်န္ခုန္း၏ဗီရိုကို ဖြင့္လိုက္သည္။ အနည္းအက်ဥ္းသာရွိေပမဲ့ သပ္သပ္ရပ္ရပ္ျဖစ္ေနေသာ အဝတ္အစားမ်ားကိုၾကည့္ရင္း သူမ သက္ျပင္းခ်လိဳက္မိသည္။

"ေယာက္်ားေလးအဝတ္အစားေတြက အကုန္လုံးၾကည့္မေကာင္းတာေတြပဲ"

ရွန့္ႏြမ္ သက္ျပင္းခ်မိျပန္၏။ ေယာက္်ားေလးအဝတ္အစားေတြက လုံးဝၾကည့္ေကာင္းမေနဘူး။ အေရာင္နဲ႕ပုံစံေတြအကုန္လုံးက အရမ္းရိုးရွင္းလြန္းတယ္ ၊ အမ်ိဳးသမီးအဝတ္အစားေတြႏွင့္ႏွိုင္းယွဥ္ၾကည့္ပါက ၎တို႔က အေရာင္မြဲေျခာက္ေနတာပဲ။

"အစ္ကို ညီမထင္တာ အစ္ကို အဝတ္အစားသစ္ေတြဝယ္ဖို႔လိုတယ္"

"ေယာက္်ားေလးအဝတ္အစားအားလုံးက ၾကည့္မေကာင္းဘူးဆို အခုေလးတင္ နင္ေျပာလိုက္တာ၊ ငါတို႔ အသစ္ထပ္ဝယ္ရင္ေတာင္ ၾကည့္ရဆိုးေနဦးမွာပဲ"

ရွန့္ႏြမ္ "........"

အနည္းဆုံးေတာ့ သူတို႔ေတြက အသစ္ေတြျဖစ္ေနမွာေလ အား!

"အရင္တစ္ေခါက္က အစ္ကိုဝတ္ခဲ့တဲ့ အမည္းေရာင္ဆြယ္တာဆိုရင္ေရာ?"

"ငါ အဲဒါကို ေလွ်ာ္ထားတယ္ မေျခာက္ေသးဘူး"

"အင္း... ဒါဆို ဒီအျဖဴေရာင္ဆြယ္တာကိုဝတ္လိုက္"

ရွန့္ႏြမ္သည္ ဗီရိုထဲမွ ေခါက္ထားေသာအျဖဴေရာင္ဆြယ္တာကို ယူလိုက္၏။ ထို႔ေနာက္ သူမက သူ႕ကုတ္အကၤ်ီကိုဆန္းစစ္၍

"အစ္ကို႔မွာ အမည္းေရာင္ကုတ္အကၤ်ီပဲရွိတာလား"

ရွန့္ခ်န္ခုန္းက သူမၾကည့္ေနေသာအကၤ်ီကိုၾကည့္ၿပီး သူမအား အမွန္ျပင္ေပးေလသည္။

"အဲဒါက အမည္းေရာင္မဟုတ္ဘူး အျပာရင့္ေရာင္"

"သူတို႔အားလုံးအတူတူပဲ!"

ရွန့္ခ်န္ခုန္း မၿပဳံးဘဲမေနနိုင္ေတာ့ေပ။

"နင္တို႔မိန္းကေလးေတြက ႏႈတ္ခမ္းနီေတြၾကည့္တဲ့အခ်ိန္က်ရင္ ဘာလို႔ ဒီလိုမ်ိဳးမေျပာၾကတာလဲ? အေရာင္ေတြက အေတာ္ေလးဆင္တူတာပဲမဟုတ္ဘူးလား?"

သူ BUNNY ေကာင္တာမွာလုပ္ခဲ့ေသာ အေရာင္နမူနာစမ္းသပ္ခဲ့သည္ကို အမွတ္ရေနေသးသည္။

"ဒါကမတူဘူး"

သေရာ္ၿပဳံးတစ္ခုႏွင့္အတူ ရွန့္ႏြမ္က ေခါင္းစြပ္ပါေသာအျပာရင့္ေရာင္ကုတ္အကၤ်ီတစ္တည္ကိုထုတ္၍ ရွန့္ခ်န္ခုန္းကို ပစ္ေပးလိုက္၏။

"လဲလိုက္"

ရွန့္ခ်န္ခုန္း ထပ္ၿပီးအခ်ိန္ဆြဲမေနခ်င္ေတာ့ ၊ ထို႔ေၾကာင့္ သူ ရွန့္ႏြမ္ကို ေမာင္းထုတ္ကာ သူမေ႐ြးေပးခဲ့ေသာအကၤ်ီအား အလ်င္အျမန္ ေျပာင္းဝတ္လိုက္သည္။ မွန္ေရွ႕တြင္ရပ္လ်က္ သူ႕ေကာ္လံကို ျပင္သည္။ မွန္မွတစ္ဆင့္ သူ႕အိပ္ရာေဘးကအံဆြဲအား ျမင္ေနရ၏။

BUNNY ႏႈတ္ခမ္းနီက အထဲမွာရွိေနေသးသည္။ သူ အခု အဲဒါကို ႐ႊီလ်န္ကို ေပးလိုက္သင့္လား?

သူ အံဆြဲအား အခ်ိန္အတန္ၾကာ စိုက္ၾကည့္ေနခဲ့သည္။ ရွန့္ႏြမ္က စိတ္မရွည္သျဖင့္ သူ႕အခန္းတံခါးကို ေခါက္လာေသာအခါ ရွန့္ခ်န္ခုန္းသည္ ေရွ႕သို႔ေလွ်ာက္သြားၿပီး ႏႈတ္ခမ္းနီကိုယူကာ သူ႕အိတ္ကပ္ထဲထည့္လိုက္ေတာ့သည္။

ရွန့္ခ်န္ခုန္း သူ႕အခန္းတံခါးဖြင့္လိုက္၏။ သူ႕အဝတ္အစားလဲဝတ္ထားသည္ကိုျမင္ေတာ့ ရွန့္ႏြမ္မွာ ေနာက္ဆုံး စိတ္ေက်နပ္သြားရေတာ့သည္။

ေမာင္ႏွမႏွစ္ေယာက္မွာ ဝမ္းရႈလီ၏ပိတ္ထားေသာအခန္းတံခါးနားမွ ျဖတ္ေလွ်ာက္လာခဲ့သည္။ သူမက ေန႕လည္ခင္းတစ္ေရးတစ္ေမာ အိပ္ေနျခင္းျဖစ္၏။ ရွန့္ခ်န္ခုန္း စိုက္ၾကည့္ေနသည္ကိုျမင္ေသာအခါ ရွန့္ႏြမ္က သူ႕ကိုေျပာလိုက္သည္။

"ညီမ အေမ့ကို ဂ႐ုစိုက္ထားလိုက္မယ္ စိတ္မပူပါနဲ႕၊ ညီမဘာသာ ညစာခ်က္နိုင္ပါတယ္။ ဒီေတာ့ စိတ္ခ်ထားလိုက္ ဒီေန႕ညအိမ္ျပန္မလာခဲ့နဲ႕!"

ရွန့္ခ်န္ခုန္းသည္ ရွန့္ႏြမ္နဖူးအား ေတာက္လိုက္ေလသည္။ သူ႕ဖိနပ္ကိုစီး၍ အိမ္ေရွ႕တံခါးဖြင့္ကာ ထြက္သြားေတာ့သည္။

႐ႊီလ်န္သည္ ရွန့္ခ်န္ခုန္းကို မက္ေဆ့ခ်္ပို႔ၿပီးေနာက္ သူမ ပါတီပြဲကို မၾကာမၾကာ ၾကည့္ေန၏။ အနီးနားရွိသူငယ္ခ်င္းအခ်ိဳ႕ႏွင့္စကားေျပာေနေသာ ေဝ့ရိခ်န္မွာလည္း သူမအား ေစာင့္ၾကည့္ေနေလသည္။ ေဝ့ရိခ်န္သူငယ္ခ်င္းမ်ားထဲမွတစ္ေယာက္က မ်က္ခုံးပင့္လ်က္ေမးလာ၏။

"႐ႊီလ်န္မွာ အခု ေကာင္ေလးရွိေနၿပီမလား?"

အျခားသူငယ္ခ်င္းတစ္ေယာက္က ရယ္ေမာၿပီး ဝိုင္တစ္ငုံေသာက္ကာ

"ငါတို႔အစ္ကိုႀကီးရဲ႕အနာေပၚဆားမျဖဴးနဲ႕"

လူအခ်ိဳ႕က ရယ္ေမာေနၾကေသာ္လည္း ေဝ့ရိခ်န္က မည္သည္မွျပန္မေျပာခဲ့ေပ။ သူက ေသာက္ေနရင္း ႐ႊီလ်န္ကိုသာ ဆက္ၾကည့္ေနခဲ့သည္။ သို႔ေသာ္ သူ ႐ႊီလ်န္ကို ေစာင့္ၾကည့္ေနရင္း လူတစ္ေယာက္ကိုလည္း သတိျပဳမိခဲ့သည္ — က်န္းယြဲ႕က်န္း

က်န္းယြဲ႕က်န္းမွာ ယခုေလးတင္ ေရာက္ရွိလာျခင္းျဖစ္သည္။ ထိုသူက အခမ္းအနားပြဲထဲသို႔ ဝင္ေရာက္လာေသာအခါ ခ်က္ခ်င္းပင္ ေဝ့ရိခ်န္အနားသို႔ ေလွ်ာက္လာၿပီး သူ႕ေျခလွမ္းေတြမွာ လ်င္ျမန္ၿပီး အေရးတႀကီးျဖစ္ေန၏။

"ေဝ့ရိခ်န္ မင္း ငါ့ဝိုင္ကို တကယ္ေသာက္လိုက္တယ္ေပါ့! အဲဒီပုလင္းက ဘယ္ေလာက္တန္လဲဆိုတာ မင္းသိရဲ႕လား?"

က်န္းယြဲ႕က်န္းမွာ အေတာ္ေလး ေဒါသထြက္ေနပုံေပၚသည္။ သူ႕မွာ ၎ပုလင္းကို ရရွိရန္အတြက္ အမ်ားႀကီးႀကိဳးစားအားထုတ္ခဲ့ရၿပီး အခ်ိန္အေတာ္ၾကာကုန္ဆုံးခဲ့ရသည္။ ၎မွာ အလြန္တန္ဖိုးရွိေသာေၾကာင့္ စိတ္ပါပါ မပါပါ ေသာက္လိုစိတ္မရွိခဲ့ေပ ၊ က်န္းယြဲ႕က်န္း စီစဥ္ထားခဲ့သည္မွာ အလွေလးတစ္ေယာက္ကို အရင္ဆုံးရွာကာ သူမႏွင့္ပေရာပရည္လုပ္ေနစဥ္ ဝိုင္ေသာက္၍ တျဖည္းျဖည္း ေျပာမျပနိုင္ေသာကိစၥေတာ္ေတာ္မ်ားမ်ားဆီသို႔ ဦးတည္သြားရန္ပင္။

သို႔ေသာ္ အလွေလးတစ္ေယာက္အစား ဝိုင္မွာ ေဝ့ရိခ်န္အစာအိမ္ထဲ၌သာ အဆုံးသတ္သြားခဲ့ရသည္။

ေဝ့ရိခ်န္ သူ႕ကို တစ္ခ်က္ေဝ့ၾကည့္ကာ ေသးငယ္ေသာအၿပဳံးေလးတစ္ခုက သူ႕ႏႈတ္ခမ္းထက္၌ ျဖစ္ေပၚလာခဲ့သည္။

"ငါ အဲဒါကို မေသာက္ခင္တည္းက ဘယ္ေလာက္တန္လဲဆိုတာ ငါသိသားပဲ"

"မင္း!"

အကယ္၍ သူတို႔ေတြသာ ပါတီတစ္ခုမွာမဟုတ္ခဲ့ပါက က်န္းယြဲ႕က်န္း သူ႕ကို လက္သီးျဖင့္ထိုးၿပီးေနခဲ့ၿပီ!

ေဝ့ရိခ်န္သူငယ္ခ်င္းမ်ားထဲမွတစ္ေယာက္က ေရွ႕သို႔ေလွ်ာက္လာၿပီးဆို၏။

"က်န္းေကာ ေဒါသမထြက္ပါနဲ႕၊ သူက အစ္ကို႔ထက္ေတာင္အမ်ားႀကီးပိုေဒါသထြက္ေနေသးတယ္! အဆုံးမွာ သူ အခ်ိန္အၾကာႀကီးလိုက္ေနခဲ့တဲ့အမ်ိဳးသမီးက ေကာင္ေလးရသြားၿပီေလ၊ ေနာက္ဆုံးေတာ့ ဝမ္းနည္းဖြယ္ရာတစ္ဖက္သတ္အခ်စ္က ကိုးႏွစ္ၾကာၿပီးတဲ့ေနာက္မွာ အဆုံးသတ္သြားခဲ့ၿပီ"

ယင္းမွာ က်န္းယြဲ႕က်န္းအား သူ၏ေဒါသကို အမ်ားႀကီးေျဖေလ်ာ့သြားေစခဲ့သည္။ သူက စာနာေထာက္ထားေသာအၿပဳံးတစ္ခုအား ဖ်စ္ညွစ္ၿပဳံးလာလ်က္

"ဝိုင္တစ္ပုလင္းက ကိုးႏွစ္တာ တစ္ဖက္သတ္အခ်စ္နဲ႕ထိုက္တန္ပါတယ္၊ ဒါက တကယ္ထိုက္တန္တယ္လို႔ ငါထင္တယ္"

ေဝ့ရိခ်န္ သူ႕ႏႈတ္ခမ္းေထာင့္မွာ တြန့္ေကြးသြားခဲ့သည္။

အာ သူ႕မွာ တကယ္ကို သူငယ္ခ်င္းေကာင္းတစ္ဖြဲ႕ရွိေနတာပဲ။

သူတို႔ စကားေျပာေနစဥ္အခ်ိန္တြင္း ရွန့္ခ်န္ခုန္းမွာ ေရာက္ရွိလာခဲ့သည္။ ႐ႊီလ်န္ သူ႕ထံမွမက္ေဆ့ခ်္ရေသာေၾကာင့္ သူမက အျပင္ဘက္သို႔ တန္းတန္းေလွ်ာက္သြားေတာ့သည္။ ရွန့္ခ်န္ခုန္းက ဟိုတယ္အျပင္ဘက္၌ ေစာင့္ေန၏။ ႐ႊီလ်န္ထြက္လာသည္ႏွင့္ သူ သူမကို ျမင္လိုက္ရသည္။

႐ႊီလ်န္၏ပုံမွန္စတိုင္က အမ်ားစုမွာ အနက္ေရာင္မ်ားျဖစ္ကာ ၾကည့္ေကာင္းၿပီးမိုက္သည္။ သို႔ေပမဲ့ ယေန႕တြင္ သူမက ပါတီပြဲတစ္ခုသို႔ တက္ေရာက္ျခင္းျဖစ္ေသာေၾကာင့္ ရွားရွားပါးပါး သူမ ဝတ္ဆင္ခဲေသာ အေရာင္တစ္မ်ိဳးအား ဝတ္ဆင္ထားခဲ့သည္။

သူမက အဆင့္ျမင့္ဇာပန္းထည္ျဖင့္တန္ဆာဆင္ထားေသာ V-neck ပုံစံ အျဖဴေရာင္အကၤ်ီတစ္ထည္ကို ဝတ္ဆင္ထား၏။ သူမက retro စတိုင္ အစိမ္းေရာင္စကတ္တစ္ထည္ကိုလည္း ဝတ္ဆင္ထားကာ သူမဆံပင္ကိုလည္း အထူးတလည္ ရစ္ေခြထားသည္။ ႐ႊီလ်န္သည္ အလြန္ေၾကာ့ရွင္းလွပေသာ (၁၈)ရာစုကအထက္တန္းစားအမ်ိဳးသမီးတစ္ေယာက္လို႔ေတာင္ ထင္ရ၏။

ရွန့္ခ်န္ခုန္း ေအးခဲသြား၏။ အခ်ိန္ခဏေလာက္ သူ မည္သို႔တုံ႕ျပန္ရမွန္း မသိေတာ့ေပ ၊ ထိုစဥ္ ႐ႊီလ်န္က သူ႕ကို သတိျပဳမိသြား၍ သူ႕ထံ ေလွ်ာက္လာခဲ့သည္။ သူ ဘာမွေျပာမလာသည္ကိုျမင္ေတာ့ ႐ႊီလ်န္က လက္ျမႇောက္၍ သူ႕ေရွ႕ယမ္းျပလိုက္သည္။

"ဘာျဖစ္လို႔လဲ"

သူမစကားေတြ၌ ရွန့္ခ်န္ခုန္းႏွလုံးသားမွာ ထပ္ၿပီး ခုန္စျပဳလာျပန္သည္။ သူ မ်က္ေတာင္ပုတ္ခတ္ပုတ္ခတ္လုပ္လ်က္ သူမႏွင့္ေဝးရာသို႔ၾကည့္ရင္း သူ႕ပါးေတြမွာ ပူေႏြးလာရေတာ့သည္။

"ဘာမွမဟုတ္ပါဘူး ဘာမွမဟုတ္ဘူး ကိုယ္ေတြးေနတာ မင္းက မင္းရဲ႕ပုံမွန္စတိုင္ကေန ကြဲထြက္ေနတယ္လို႔ပါ"

႐ႊီလ်န္ သူမဝတ္စုံကို ငုံ႕ၾကည့္လ်က္ ေမးျမန္းလိုက္၏။

"ကြၽန္မ ၾကည့္ေကာင္းလား"

"ေကာင္း...ေကာင္းတယ္ အရမ္းလွတယ္"

႐ႊီလ်န္ သူ႕အေျဖကို ၿပဳံးမိသြား၏။

"ကြၽန္မအေမက ဒါကိုေ႐ြးေပးခဲ့တာ ကြၽန္မ တကယ္ ဒီလိုမ်ိဳးေတြကိုဝတ္ေလ့မရွိဘူး၊ ဒါေပမဲ့ ၾကည့္ေကာင္းတယ္လို႔ေတာ့ထင္တယ္"

သူမမ်က္ႏွာေပၚရွိအၿပဳံးက ရွန့္ခ်န္ခုန္းအား လုံးဝဖမ္းစားခံလိုက္ရေလသည္။ သူမအၿပဳံးေတြဟာ မြန္းတည့္ခ်ိန္ေနမင္းထက္ေတာင္ ေတာက္ပေနတယ္လို႔ သူခံစားရ၏။ ရွန့္ခ်န္ခုန္းမွာ အလ်င္စလိုျဖင့္ အေဝးသို႔အၾကည့္ျပန္ေ႐ႊ႕လ်က္ ေမးလိုက္သည္။

"ဒီလိုပါးပါးေလးဝတ္ထားတာ မေအးဘူးလား"

ယခုတြင္ နိုဝင္ဘာေရာက္ေနၿပီျဖစ္၏။ ႐ႊီလ်န္က တစ္လမ္းလုံးမွာ အဝတ္အစားအနည္းဆုံးဝတ္ဆင္ထားေသာသူျဖစ္သည္။

"အခု ကြၽန္မ ေနပူဆာလုံေနၿပီေလ ေႏြးလာၿပီ ကြၽန္မအဆင္ေျပပါတယ္"

သူမ ဤသို႔ေျပာလ်က္ ႐ႊီလ်န္ ေခါင္းေမာ့ၾကည့္လိုက္သည္။ သူမမ်က္လုံးေတြကိုကာကြယ္ရန္ သူမလက္ကိုသုံး၍ ေကာင္းကင္ထက္သို႔ ေမာ့ၾကည့္လိုက္သည္။ ဒီေန႕ရာသီဥတုက အေတာ္ေလးေကာင္းေန၏။ ေကာင္းကင္သည္ ၾကည္လင္ျပာလဲ့ေနကာ ေနေရာင္က သူမလက္ေခ်ာင္းေတြမွတစ္ဆင့္ ထိုးေဖာက္လ်က္ သူမမ်က္ႏွာေပၚ၌ အရိပ္တစ္ခုက်လာေစသည္။

သူမ ရွန့္ခ်န္ခုန္းကိုၾကည့္ရင္း ၿပဳံးျပ၏။

"ဒိတ္လုပ္ၾကရေအာင္"

သူမေျပာၾကားခ်က္က ရွန့္ခ်န္ခုန္းႏွလုံးသားအား ပို၍ခုန္လာေစခဲ့သည္။ သူ႕ေရွ႕က႐ႊီလ်န္ကိုၾကည့္လ်က္ မရွင္းျပနိုင္ေသာအေတြးမ်ား......

သူမက သူ႕ကို ဘာေတြပဲေတာင္းဆိုလာပါေစ သူက သေဘာတူရန္အဆင္သင့္ပဲ။

"ဒီေန႕ အပန္းေျဖဥယ်ာဥ္တစ္ခုမွာ အျပင္အဆင္ပြဲတစ္ခုလုပ္ေနတယ္လို႔ ကြၽန္မ က်န္းေကာ္အာဆီကၾကားထားတယ္ သြားၿပီးေတာ့ ၾကည့္ၾကည့္ရေအာင္"

႐ႊီလ်န္က ရွန့္ခ်န္ခုန္းႏွင့္ပိုနီးကပ္သြားေစၿပီး သူမ၏ေတာက္ပေနေသာအနီေရာင္ႏႈတ္ခမ္းပါးမွာလည္း လွပေသာအဝန္းပိုင္းတစ္ခုအျဖစ္ ေကာ့တက္သြားေလသည္။ ထို႔ေနာက္ သူမက သားေကာင္ကိုေထာင္ေခ်ာက္ဆင္လိုက္သကဲ့သို႔ သူ႕အား တြယ္ဖက္ထားလိုက္သည္။

"ကြၽန္မတို႔ရဲ႕ၿပီးခဲ့တဲ့ဒိတ္က အစီအစဥ္ဖ်က္လိုက္ရတယ္ဆိုေတာ့ ဒီေန႕က ကြၽန္မတို႔ရဲ႕တရားဝင္ပထမဆုံးဒိတ္ပဲ"

ရွန့္ခ်န္ခုန္းသည္ မသိစိတ္အရ ေခါင္းညိတ္လိုက္ကာ သူ႕ႏွလုံးခုန္သံမွာ ပိုပိုၿပီး ခုန္လာေတာ့၏။

"ေကာင္းၿပီ"

"ကြၽန္မ ဒီကိုကားေမာင္းလာခဲ့တာ ကြၽန္မ ကားသြားယူေနတုန္း ခဏေစာင့္ေနဦးေနာ္"

႐ႊီလ်န္သည္ ကားပါကင္သို႔သြား၍ သူမကားကို ေမာင္းလာခဲ့သည္။ သူမက ရွန့္ခ်န္ခုန္းအား ဟြန္းတီးလိုက္ကာ ခရီးသည္ခုံဘက္ျခမ္းတြင္ ဝင္ထိုင္ရန္ တိုက္တြန္း၏။ သူမက ကားေမာင္းမထြက္မီ သူ႕ထိုင္ခုံခါးပတ္ ပတ္ၿပီးသည္ထိ ေစာင့္ေနခဲ့သည္။

ဒီတစ္ႀကိမ္က ရွန့္ခ်န္ခုန္း ႐ႊီလ်န္ကားထဲမွာထိုင္တာ ပထမဆုံးအႀကိမ္ပဲ ၊ သူမက ျမန္ျမန္မေမာင္းဘဲ ထိုအစား တည္ၿငိမ္ေနသည္။ ႐ႊီလ်န္က အပန္းေျဖဥယ်ာဥ္မွာ ၿမိဳ႕လယ္ေခါင္မွာမဟုတ္ေၾကာင္း မွတ္ခ်က္ျပဳလာခဲ့သည္။ မိနစ္ငါးဆယ္ၾကာေလာက္ GPS လမ္းၫႊန္အတိုင္းလိုက္ၿပီးေနာက္ ေနာက္ဆုံးတြင္ သူတို႔သည္ အပန္းေျဖဥယ်ာဥ္ဂိတ္အလားအလာအား ျမင္လိုက္ရ၏။

ယေန႕မွာ စေနေန႕ျဖစ္ေသာေၾကာင့္ အပန္းေျဖဥယ်ာဥ္၌ ပန္းၿခံအား အေတာ္ေလး အေရာင္ေသြးစုံေအာင္ျဖစ္ေပၚေစေသာ လူအုပ္ႀကီးအားဆြဲေခၚရန္ ပြဲအမ်ားႀကီးရွိေန၏။ ႐ႊီလ်န္ ျပည့္က်ပ္ေနေသာကားပါကင္ကိုလွည့္ပတ္ၾကည့္လ်က္ သူတို႔ေတြ ပါကင္ေနရာတစ္ခုကို ရွာေတြ႕၊မေတြ႕အား စိုးရိမ္စျပဳလာသည္။

"ဟိုေနရာမွာ ေနရာလြတ္တစ္ခုရွိတယ္ ဒါေပမဲ့ အရမ္းေတာ့မေကာင္းဘူး"

႐ႊီလ်န္ ေနရာလြတ္ကိုၾကည့္ၿပီး ရွန့္ခ်န္ခုန္းကို သေဘာတူလိုက္သည္။ ေနရာက အလြန္က်ဥ္း၍ အျခားတစ္ဖက္ရွိရပ္ထားေသာကားႏွင့္လည္း အရမ္းနီးကပ္ေနကာ ပါကင္ထိုးသည့္နည္းပညာကန့္သတ္ခ်က္အား စမ္းသပ္ေန၏။

၎သည္ ေနရာေကာင္းတစ္ခုမဟုတ္ေသာေၾကာင့္ ေနရာလြတ္အျဖစ္က်န္ေနျခင္း ျဖစ္နိုင္သည္ဟု ႐ႊီလ်န္ စိတ္အားငယ္စြာ ေတြးမိသြားသည္။

"မင္းရဲ႕ကားက ဆံ့ေလာက္ပါတယ္"

႐ႊီလ်န္ ျဖည္းျဖည္းခ်င္း ေနရာလြတ္နားသို႔ ေမာင္းလာခဲ့သည္။ သူမ၏ေလးနက္ေနေသာမ်က္ႏွာအမူအရာက သူမအား အႏၲရာယ္မ်ားေသာလမ္းတစ္လမ္းသို႔ ေမာင္းႏွင္ေတာ့မည့္ဟန္ ျဖစ္ေပၚေစ၏။

"အက်ယ္ကေတာ့လုံေလာက္ပါတယ္၊ ကားကို အထဲ,ထဲထိန္းေမာင္းနိုင္မလားဆိုတာေတာ့ ကြၽန္မ မသိဘူး"

ရွန့္ခ်န္ခုန္း ႐ႊီလ်န္ကိုၾကည့္လ်က္ ေျပာ၏။

"ကိုယ္လုပ္ၾကည့္မယ္ဆိုရင္ေရာ? ကိုယ္ ကားပါကင္ထိုးေနတဲ့အခ်ိန္ မင္း ကားအျပင္ထြက္ေနလိုက္ေလ၊ ကိုယ္ ကားပါကင္ထိုးၿပီးသြားရင္ တံခါးက အက်ယ္ႀကီးဖြင့္လို႔ရမွာမဟုတ္ဘူး"

႐ႊီလ်န္ ရွန့္ခ်န္ခုန္းအား အံ့ဩမႈအခ်ိဳ႕ျဖင့္ ျပန္ၾကည့္လ်က္

"ရွင့္မွာ ယာဥ္ေမာင္းလိုင္စင္ရွိလို႔လား"

'အာ'ဆိုသည္ႏွင့္အတူ ရွန့္ခ်န္ခုန္း ျပန္ေျဖ၏။

"ကိုယ္ လိုင္စင္ကို အထက္တန္းဘြဲ႕ရၿပီးတာနဲ႕ ခ်က္ခ်င္းရခဲ့တာ၊ အရင္က ကိုယ့္အေဖရဲ႕ကားကို အႀကိမ္ေတာ္ေတာ္မ်ားမ်ား ေမာင္းဖူးပါတယ္ ဒါေၾကာင့္ မင္းစိတ္ခ်ထားလို႔ရတယ္"

၎မွာ သူ႕ထံမွ'အထက္တန္းစားတကၠသိုလ္'ေရာင္ဝါေတြ ထြက္ေပၚေနသည့္အတြက္ေၾကာင့္္ျဖစ္နိုင္ေပမဲ့လည္း ႐ႊီလ်န္က ရွန့္ခ်န္ခုန္းကို ကိစၥအမ်ားစု၌ မျမင္ရဘဲႏွင့္ေတာင္ ယုံၾကည္ၿပီးသားျဖစ္သည္။ အကယ္၍ ယခုအခ်ိန္၌ သူက အခ်ိန္အခ်ိဳ႕ၾကာေအာင္ ကားကိုမထိဖူးခဲ့လွ်င္ေတာင္ သူမက သူ႕အရည္အခ်င္းကို လုံးဝသံသယဝင္မွာမဟုတ္ေပ။

ထို႔ေၾကာင့္ ႐ႊီလ်န္သည္ ကားရပ္၍ ယာဥ္ေမာင္းထိုင္ခုံအား ရွန့္ခ်န္ခုန္းထံ လႊဲေပးလိုက္သည္။ ရွန့္ခ်န္ခုန္းသည္ ႐ႊီလ်န္ကားက အကူပါကင္ထိုးသည့္စနစ္အား အသုံးမျပဳဘဲ ထိုအစား လက္တစ္ဖက္က စတီယာရင္ေပၚ၌ သာမန္ကာလွ်ံကာမွ်သာတင္လ်က္ ေနရာလြတ္တြင္ ကားအား မလြဲတမ္း လက္တန္းပါကင္ထိုးလိုက္ေလသည္။

႐ႊီလ်န္ နည္းနည္း မခ်င့္မရဲျဖစ္သလို ခံစားလာရသည္။ သူမက သူ႕ကို 'ဘယ္ဘက္ကိုသြား' 'ညာဘက္ကိုနည္းနည္းသြားလိုက္' ကဲ့သို႔ေသာ လမ္းၫႊန္မႈနည္းနည္း ေပးခဲ့သင့္တာ။

႐ႊီလ်န္ကားႏွင့္အျခားတစ္ဖက္ရွိကားႏွစ္စီးၾကားအကြာအေဝးမွာ အနည္းငယ္ က်ဥ္းေျမာင္းသည္။ ရွန့္ခ်န္ခုန္း အျပင္ထြက္ရန္ႀကိဳးစားလိုက္ခ်ိန္တြင္ သူ ကားတံခါးတစ္ဝက္မွ်သာ ဖြင့္လို႔ရသည့္အတြက္ သူ႕အား ေဘးတိုက္ အက်ပ္အတည္းျဖစ္ေစသည္။ ၎က ႐ႊီလ်န္အား သူ႕လက္ကိုဆုပ္ကိုင္ထားရင္း ရယ္ေမာေစ၏။

သူ႕လက္ဖဝါးက႐ုတ္ျခည္းေႏြးေထြးမႈေလးက ရွန့္ခ်န္ခုန္းကို သူမအား ေၾကာင္ေတာင္ေတာင္ျဖင့္ ငုံ႕ၾကည့္မိေစသည္။ ႐ႊီလ်န္လက္က ႏူးညံ့သိမ္ေမြ႕ၿပီး သူမအသားအရည္က ေခ်ာ​ေမြ႕၏။ ယင္းမွာ ဆုပ္ကိုင္ထားရန္ အလြန္ေကာင္းသည္။ သူက သူတို႔၏ဆုပ္ကိုင္ထားေသာလက္ေတြကို ငုံ႕ၾကည့္ေနသည္အားျမင္ေတာ့ ႐ႊီလ်န္ ေမးလိုက္သည္။

"ကြၽန္မတို႔ဒိတ္လုပ္ေနတဲ့အခ်ိန္ လက္ကိုင္ထားသင့္တယ္လို႔ ရွင္ထင္လား"

"အင္း အာ....."

ရွန့္ခ်န္ခုန္းမွာ သူမမ်က္ဝန္းေတြအား ၾကည့္ရန္ သတၱိမရွိေပမဲ့လည္း သူမလက္ကိုေတာ့ သူ လႊတ္မေပးခဲ့ေပ ၊ ႐ႊီလ်န္၏အနည္းငယ္ေအးစက္ေနေသာလက္ထိပ္ေတြကို ခံစားရေတာ့ သူက သူမလက္ကို တင္းက်ပ္စြာ ဆုပ္ကိုင္ထားလိုက္မိသည္။

ဤအခ်ိန္၌ အပန္းေျဖဥယ်ာဥ္အျပင္ဘက္တြင္ လူအမ်ားႀကီး ရွိမေနေပ ၊ အမ်ားစုမွာ ပန္းၿခံအတြင္းသို႔ ေရာက္ရွိေနၿပီးသားျဖစ္ၾကသည္။ ထို႔ေၾကာင့္ သူတို႔က ဝင္ခြင့္လက္မွတ္ဝယ္ရန္အတြက္ တန္းစီစရာမလိုအပ္ခဲ့ေပ။ ကံေကာင္းေထာက္မစြာျဖင့္ သူတို႔သည္ စီစဥ္ထားေသာတင္ဆက္မႈမစတင္ခင္မွာပဲ ဝင္ခြင့္ရသြားခဲ့သည္။

လာေရာက္လည္ပတ္သူလူအုပ္ႀကီးမွာ စင္ေအာက္ဘက္တြင္ စုေဝးေနၾကၿပီးျဖစ္ကာ သူတို႔ဖုန္းမ်ားျဖင့္ မွတ္တမ္းတင္ေနၾကသည္။ ႐ႊီလ်န္သည္လည္း သူမအိတ္ထဲမွဖုန္းကိုထုတ္လိုက္၏။ တင္ဆက္မႈမွာ ဆယ့္ငါးမိနစ္တည္းသာ ၾကာျမင့္သည္။ ၿပီးေနာက္ ႐ႊီလ်န္က ရွန့္ခ်န္ခုန္းဘက္သို႔လွည့္၍

"ဓာတ္ပုံအတူတူရိုက္ၾကရေအာင္"

ရွန့္ခ်န္ခုန္းသည္ မိန္းကေလးေတြက ဆယ္လ္ဖီရိုက္ရတာသေဘာက်မွန္း (ရွန့္ႏြမ္ေက်းဇူးျဖင့္)သိထားၿပီးသားျဖစ္၏။ သို႔ေပမဲ့ ႐ႊီလ်န္က ဓာတ္ပုံရိုက္ရတာသေဘာက်ေသာ လူတစ္ေယာက္ႏွင့္မတူေပ။ ႐ႊီလ်န္က သူမႏႈတ္ခမ္းေတြကိုတြန့္၍ ေခါင္းေစာင္းေနစဥ္ ဓာတ္ပုံရိုက္ေနသည့္ပုံအား ရွန့္ခ်န္ခုန္းအတြက္ စိတ္ကူးယဥ္ၾကည့္ရန္ပင္ ခက္ခဲ၏။

ရွင္းရွင္းေျပာရရင္ ႐ႊီလ်န္က ဆယ္လ္ဖီရိုက္ရတာ တကယ္သေဘာမက်ဘဴး။ သူမဖုန္းထဲမွာ beauty filter တစ္ခုေလးေတာင္မရွိဘူး။ သူမ ကင္မရာဖြင့္ၿပီး အေရွ႕ကင္မရာ ေျပာင္းလိုက္ေသာအခါ သူမက မိုက္ခရိုစကုပ္တစ္ခုေအာက္တြင္ ေစာင့္ၾကည့္ခံေနသလိုျဖစ္ေနမွန္း ေတြ႕လိုက္ရသည္။ မင္း အရာအားလုံးကိုေတာင္ ျမင္နိုင္တယ္.. ေခြၽးေပါက္၊ အကုန္လုံးပဲ။

"......."

႐ႊီလ်န္ တည္တည္ၿငိမ္ၿငိမ္ျဖင့္ ကင္မရာပိတ္၍ ရွန့္ခ်န္ခုန္းကို ေျပာလိုက္သည္။

"ကြၽန္မကို တစ္မိနစ္ေလာက္အခ်ိန္ေပး Selfie App တစ္ခု download လုပ္လိုက္မယ္"

App Store တြင္ ဆယ္လ္ဖီကင္မရာအမ်ားအေျမာက္ရွိေန၏။ ႐ႊီလ်န္ ရွာေဖြေနစဥ္ ရင္းႏွီးေနေသာ icon တစ္ခုအား သတိျပဳမိသြားသည္။ ၎မွာ က်န္းေကာ္အာအသုံးျပဳေသာတစ္ခုပင္ျဖစ္တာေၾကာင့္ သူမ ၎အား download လုပ္လိုက္သည္။ ခဏၾကာၿပီးေနာက္ သူမ ကင္မရာကို ျပန္ဖြင့္ၿပီး သင့္ေတာ္တဲ့ filter တစ္ခုအား ေ႐ြးလိုက္၏။ ႐ႊီလ်န္ စိတ္ေက်နပ္မႈျဖင့္ ေခါင္းညိတ္သည္။ ဒီတစ္ေခါက္ေတာ့ ျပႆနာမရွိေတာ့ဘူး။

"အဲဒီမွာခဏေလာက္ရပ္ေနေနာ္"

႐ႊီလ်န္က ရွန့္ခ်န္ခုန္းကို သူမေဘးနားတြင္ သူတို႔ပခုံးေတြထိကပ္လာသည္ထိ ရပ္ေနရန္ ၫႊန္ျပေပးေနသည္။ ရွန့္ခ်န္ခုန္းမွာ ႐ႊီလ်န္က သူမဖုန္းအား ျမႇင့္ျမႇင့္ေျမာက္ထားရန္ ႐ုန္းကန္ေနရသည္ကိုျမင္ေနသည့္အတြက္ သူက သူမဆီမွ ဖုန္းကိုယူလိုက္သည္။

"ကိုယ္ လုပ္လိုက္မယ္"

သူက သင့္ေတာ္ေသာရႈေထာင့္ေတြ႕သည့္အထိ ဖုန္းအား ေနရာေ႐ြ႕ေနခဲ့သည္။ သူ ခလုတ္ႏွိပ္လိုက္သည့္အခိုက္အတန့္၌ ႐ႊီလ်န္က ႐ုတ္တရက္ လွည့္လာၿပီး သူ႕ပါးကိုနမ္းလိုက္ေလသည္။

၎ပုံရိပ္ကို ႐ႊီလ်န္၏ေဈးႀကီးသည့္ဖုန္းထဲ၌ ေအာင္ေအာင္ျမင္ျမင္ ခ်န္ထားခဲ့နိုင္သည္။

ရွန့္ခ်န္ခုန္း "......."

"ဟီး ဟီး ၾကည့္ေကာင္းတယ္"

႐ႊီလ်န္ သူမဖုန္းကို ျပန္ယူ၍ စခရင္ထဲကဓာတ္ပုံကို ၾကည့္ေန၏။ ႐ႊီလ်န္ ရွန့္ခ်န္ခုန္းကို ျပန္ၾကည့္လိုက္ခ်ိန္တြင္ သူ႕ပါးေပၚ၌ အနီေရာင္စြန္းထင္းရာတစ္ခုအား သတိျပဳမိသြားသည္။ ႐ႊီလ်န္ ရွန့္ခ်န္ခုန္းအား တစ္ရႉးကမ္းေပးရင္း

"ဒီမွာ သုတ္လိုက္ဦး"

"အာ?"

ရွန့္ခ်န္ခုန္း နားမလည္။

႐ႊီလ်န္ မ်က္ခုံးပင့္မလိုက္ေသာ္လည္း ျပန္မေျဖခဲ့ေပ ၊ ထိုအစား သူမက လက္လွမ္း၍ သူ႕အတြက္ သူ႕ပါးကိုသုတ္ေပးလိုက္သည္။ တစ္ရႉးအျဖဴေရာင္မွာ အနီေရာင္ျဖင့္ ေပက်ံသြားခဲ့၏။ ႐ႊီလ်န္ တစ္ရႉးကို ရွန့္ခ်န္ခုန္းအား ကမ္းေပးလ်က္ ေျပာ၏။

"ႏႈတ္ခမ္းနီရာ"

ရွန့္ခ်န္ခုန္း "........"

သူ႕မ်က္ႏွာကိုသန့္ရွင္းၿပီးေနာက္ သူတို႔ႏွစ္ေယာက္မွာ လမ္းဆက္ေလွ်ာက္လာခဲ့သည္။ သူတို႔လမ္းေလွ်ာက္ေနစဥ္ ေရခဲမုန့္ကေတာ့မ်ားေရာင္းေနေသာ ဆိုင္ခန္းငယ္တစ္ဆိုငိအား ေတြ႕လိုက္ရသည္။ ႐ႊီလ်န္ နည္းနည္းစားခ်င္လာေသာေၾကာင့္ ဝယ္ယူရန္အတြက္ ရွန့္ခ်န္ခုန္းကို ဆိုင္ခန္းငယ္ဆီသို႔ ေခၚေဆာင္သြား၏။

႐ႊီလ်န္က သူမေရခဲမုန့္ကို ကိုက္လိုက္ၿပီးေနာက္ ရွန့္ခ်န္ခုန္းကို ကမ္းေပးလ်က္

"ရွင္ နည္းနည္းျမည္းၾကည့္ခ်င္လား? အရသာရွိတယ္"

သူမႏႈတ္ခမ္းမွာ ေရခဲမုန့္ေတြ ေပေနဆဲျဖစ္သည္။ ရွန့္ခ်န္ခုန္း သူမကို အၿပဳံးျဖင့္ ၾကည့္၍ ေခါင္းယမ္းျပလိုက္၏။

"ကိုယ္ မစားခ်င္ပါဘူး မင္းပဲကုန္ေအာင္စားလိုက္"

႐ႊီလ်န္ ခဏေလာက္ စဥ္းစားၿပီးေနာက္ ေအာ္ေခၚလိုက္သည္။

"ရွန့္ခ်န္ခုန္း"

"ဟင္?"

႐ႊီလ်န္ သူ႕ကိုၿပဳံးျပၿပီး သူမလက္ျဖင့္ သူ႕လည္ပင္းကိုခ်ိတ္လိုက္သည္။ သူမေျခဖ်ားေထာက္လ်က္ သူမက သူ႕ႏႈတ္ခမ္းေတြကို နမ္းရွိုက္လိုက္ေတာ့သည္။

႐ႊီလ်န္ႏႈတ္ခမ္းေတြမွာ ေရခဲမုန့္ေၾကာင့္ ေအးေနဆဲျဖစ္သည္။ ၎က သူ႕ႏႈတ္ခမ္းကို ႏူးႏူးညံ့ညံ့ ထိကပ္လာေသာအခါ ရွန့္ခ်န္ခုန္းမွာ ႐ႊီလ်န္၏ရနံ႕ကိုေတာင္ ရနိုင္ၿပီး သူ႕ႏွလုံးသားထဲ တန္းတန္းမတ္မတ္ ထိခတ္သြားေတာ့သည္။

ပထမဆုံးအေနျဖင့္ ရွန့္ခ်န္ခုန္းသည္ ႐ႊီလ်န္ကခ်ိဳၿမိန္ေၾကာင္း ထင္မိသြားသည္။

႐ႊီလ်န္က ရွန့္ခ်န္ခုန္းအမူအရာကို ရယ္ေမာေန၏။ သူက သတိလက္လြတ္ျဖစ္သြားပုံရကာ သူ႕မ်က္လုံးေတြမွာလည္း အံ့ဩမႈအျပည့္ႏွင့္ပင္။

႐ႊီလ်န္နမ္းရွိုက္ၿပီးေနာက္ ေရခဲမုန့္အခ်ိဳ႕မွာ ရွန့္ခ်န္ခုန္းႏႈတ္ခမ္းဆီသို႔ ကူးေျပာင္းသြားေတာ့သည္။ ရွန့္ခ်န္ခုန္းက နီျမန္းေနေသာမ်က္ႏွာျဖင့္ သူ႕ႏႈတ္ခမ္းေထာင့္ကေရခဲမုန့္ကို လွ်ာျဖင့္လ်က္လိုက္သည္။

"ကိုယ္တို႔က အျပင္မွာပဲရွိေသးတယ္၊ အရမ္းမလုပ္......"

"အရမ္းဘာျဖစ္လဲ?"

"......."

ရွန့္ခ်န္ခုန္း ျပန္လည္မေခ်ပနိုင္ေတာ့ေပ။

႐ႊီလ်န္ သူ႕လက္ေမာင္းကို ဆြဲယူ၍ ေရခဲမုန့္ကိုင္ထားေသာသူမလက္ျဖင့္ ပန္းၿခံကေဆာက္အအုံကို လက္ညွိုးထိုးျပ၏။

"အဲဒီဟာသြားကစားရေအာင္"

"ေကာင္းၿပီ"

သူတို႔ႏွစ္ေယာက္မွာ အပန္းေျဖဥယ်ာဥ္၏ေနာက္ဆုံးျပပြဲ ၿပီးဆုံးသည္အထိ တစ္ေန႕လုံး ကစားေနခဲ့ၾကကာ ေကာင္းကင္မွာလည္း မည္းေမွာင္လာခဲ့သည္။ ႐ႊီလ်န္ ေအးေနမည္ကို စိုးရိမ္သည့္အတြက္ ရွန့္ခ်န္ခုန္းက သူ႕ကုတ္အကၤ်ီကိုခြၽတ္၍ ႐ႊီလ်န္ကိုေပးလိုက္သည္။

"ညဘက္ဆိုေအးတယ္ မင္း အေအးမိလိမ့္မယ္"

"အာ"

႐ႊီလ်န္ ကုတ္အကၤ်ီကိုယူ၍ ဝတ္လိုက္သည္။ သူမသည္ ကုတ္အကၤ်ီထံမွ ရွန့္ခ်န္ခုန္း၏အေႏြးဓာတ္ေလးကို ခံစားရေနဆဲျဖစ္ကာ ၎မွာ သူက သူမအား ေပြ႕ဖက္ထားသကဲ့သို႔ပင္။ ႐ႊီလ်န္ ၿပဳံးလ်က္ သူမလက္ေတြကို ကုတ္အကၤ်ီအိတ္ကပ္ထဲ ထည့္လိုက္၏။ သူမ ဤသို႔လုပ္လိုက္ခ်ိန္တြင္ သူမလက္ေခ်ာင္းေတြက အိတ္ကပ္မ်ားထဲမွတစ္အိတ္တြင္း၌ ဘူးအေသးေလးဆစ္ဘူးအား ထိမိသြားသည္။

"ရွင့္အိတ္ကပ္ထဲကဒီဟာကဘာလဲ"

႐ႊီလ်န္ သူမထိလိုက္ေသာဘူးေလးကို အျပင္ထုတ္ၾကည့္ေသာအခါ ၎မွာ ႏႈတ္ခမ္းနီဘူးမွန္း ေတြ႕ရ၏။

"Serenade 007?"

သူမ ရွန့္ခ်န္ခုန္းကို မေရမရာၾကည့္မိ၏။ ရွန့္ခ်န္ခုန္း ႏႈတ္ခမ္းဖြင့္ဟလိုက္ၿပီး ေနာက္ ျပန္ပိတ္သြားခဲ့သည္။ ေနာက္ဆုံး သူ ထစ္ထစ္ေငါ့ေငါ့ႏွင့္မေျပာလာခင္ ဤကဲ့သို႔ အႀကိမ္အေတာ္ၾကာ လုပ္ေနခဲ့သည္။

"ကိုယ္ အဲဒါကို လြန္ခဲ့တဲ့အခ်ိန္အနည္းငယ္ေလာက္က ဝယ္ထားခဲ့တာ၊ ကိုယ္ ဒီေန႕ေန႕လည္ခင္းက မင္းကို ေပးမလို႔ပဲ ဒါေပမဲ့ ကိုယ္တို႔ကစားေနတဲ့အခ်ိန္မွာ ေမ့သြားတာ"

႐ႊီလ်န္ သူ႕ကိုၾကည့္ေနၿပီး ရွန့္ခ်န္ခုန္းနားေတြ နီျမန္းလာသည္ထိ ေစာင့္ၾကည့္ေနခဲ့သည္။ အၿပဳံးတစ္ခုျဖင့္ သူမက သူ႕ကို ေမး၏။

"ကြၽန္မအိမ္ကိုသြားခ်င္လား?"

ရွန့္ခ်န္ခုန္း သူမကို ၾကည့္လိုက္ခ်ိန္တြင္ ႐ႊီလ်န္မ်က္ဝန္းေတြဟာ ညေကာင္းကင္ကၾကယ္မ်ားျဖင့္ျပည့္ႏွက္ေနသကဲ့သို႔ တလက္လက္ေတာက္ပေနခဲ့သည္။

"သြားၾကရေအာင္"

႐ႊီလ်န္ ေနာက္လွည့္၍ ကားပါကင္သို႔ ေလွ်ာက္သြားေတာ့သည္။

အပန္းေျဖဥယ်ာဥ္မွ ႐ႊီလ်န္အိမ္သို႔ မိနစ္ငါးဆယ္ေက်ာ္ ေမာင္းႏွင္ရမည္ျဖစ္သည္။ သူတို႔ႏွစ္ေယာက္ သူမအိမ္ကို ေရာက္ခ်ိန္၌ ႐ႊီလ်န္က သူမကားေသာ့ႏွင့္ရွန့္ခ်န္ခုန္း၏ကုတ္အကၤ်ီအား ဆိုဖာေပၚတြင္ တင္ထားလိုက္သည္။ ရွန့္ခ်န္ခုန္းက သူမေနာက္တြင္ ရပ္ေန၏။ ႐ႊီလ်န္ ေနာက္လွည့္၍ သူမဆံပင္ကိုျဖည္ကာ အနက္ေရာင္ဆံႏြယ္ေတြက ေရလိုမ်ိဳး ဆင္းက်လာေတာ့သည္။

"ဒီေန႕ ကြၽန္မ ရွင့္ကို ႏွစ္ႀကိမ္နမ္းခဲ့တယ္၊ ဒီေတာ့ အခု ကြၽန္မ ရွင့္ကို လက္တုံ႕ျပန္ခြင့္ေပးလိုက္မယ္"

ရွန့္ခ်န္ခုန္း သူမအား တဒဂၤေလာက္ ၾကည့္ေနခဲ့သည္။ ၿပီးေနာက္ ေရွ႕သို႔ေလွ်ာက္လာၿပီး သူမခါးအား ေပြ႕ဖက္လ်က္ သူမႏႈတ္ခမ္းေတြကို နမ္းရွိုက္လာခဲ့သည္။

သူက သန္မာၿပီး သူမခါးထက္က သူ၏ဆုပ္ကိုင္ထားျခင္းမွာ နည္းနည္းတင္းက်ပ္ေနသည္။ သို႔ေပမဲ့ သူက သူမအား ဤကဲ့သို႔ အခ်ိန္အၾကာႀကီး မထိေတြ႕ေနခဲ့ေပ ၊ ႐ႊီလ်န္ထံ၌လည္း သူ႕အား အေဝးသို႔တြန္းထုတ္လိုစိတ္ လုံးဝမရွိခဲ့ေခ်။

သူ႕အနမ္းေတြက သူမေျခေထာက္ေတြကို ေပ်ာ့ေပ်ာင္းလာေစသည္ႏွင့္ သူမခံနိုင္အားမွာလည္း ျဖည္းျဖည္းခ်င္း ဆုတ္ယုတ္သြားခဲ့သည္။ ရွန့္ခ်န္ခုန္းသည္ သူမ အားေလ်ာ့လာသည္အား ခံစားမိေသာေၾကာင့္ သူမကိုယ္ေလးကို သူမေနာက္ရွိဆိုဖာေပၚသို႔ ညင္ညင္သာသာ ဖိကပ္လိုက္ေတာ့သည္။

႐ႊီလ်န္ ဆိုဖာႏွင့္ထိကပ္သြားသည္ႏွင့္ သူမက ခ်က္ခ်င္း ကူရွင္ေတြပတ္လည္၌ စူးစမ္းရွာေဖြေနသည္။ သူမခံနိုင္ရည္အားအကုန္လုံး ဆုံးရႈံးသြားေတာ့မည့္အခ်ိန္မွာပဲ ကူရွင္ေအာက္၌ ဖြက္ထားေသာဘူးအေသးေလးကို သူမ ရွာေတြ႕သြားေတာ့သည္။

ယခုအခ်ိန္တြင္ ရွန့္ခ်န္ခုန္းမွာ ဤဘူးအေသးေလးျဖင့္ အေတာ္ေလးရင္းႏွီး​ေနၿပီျဖစ္၏။ သူက ဘူးကိုင္ထားေသာ႐ႊီလ်န္လက္ကို ဆုပ္ကိုင္လ်က္ စိတ္ဆိုးစြာ ေမး၏။

"ဒါက ဘာလို႔ဒီမွာရွိေနေသးတာလဲ"

"အင္း......"

႐ႊီလ်န္က ဆိုဖာက အေတာ္ေလးႀကီးတယ္လို႔ အၿမဲတမ္းေတြးေနခဲ့တာ အဲဒါေၾကာင့္......

ရွန့္ခ်န္ခုန္း အေတာ္ၾကာ စကားမေျပာနိုင္ေတာ့ ၊ သက္ျပင္းတစ္ခ်က္ခ်လ်က္ သူ သူမလက္ထဲကဘူးေသးေလးကိုယူၿပီး သူ႕ဘာသာ ျပန္ကိုင္ထားလိုက္သည္။

"မင္းအေမ......"

"ကြၽန္မအေမ အိမ္ျပန္သြားၿပီ၊ သူမ ဒီည ျပန္မလာမွာမဟုတ္ဘူး"

သူမစကားေတြၾကားေသာအခါ ေနာက္ဆုံးတြင္ ရွန့္ခ်န္ခုန္းသည္ သူ၏တုံ႕ဆိုင္းေနမႈအား လႊတ္ခ်လိဳက္ၿပီး သူႏွင့္႐ႊီလ်န္ၾကားရွိ အကြာအေဝးအား နီးကပ္ေစလိုက္သည္။

ရွန့္ခ်န္ခုန္းမွာ သူတို႔အတူတူေနခဲ့ေသာအရင္ႏွစ္ေခါက္ကႏွင့္ယွဥ္လွ်င္ ယေန႕ညတြင္ ပို၍စိတ္အားထက္သန္ေနပုံရသည္။ ၎က ႐ႊီလ်န္အတြက္ အလြန္စိန္ေခၚရာေရာက္၏။ ႐ႊီလ်န္ ရွန့္ခ်န္ခုန္းကို ေပြ႕ဖက္လိုက္သည္ႏွင့္ သူမမွာ သူ၏ေတာင့္တင္းေနေသာႂကြက္သားမ်ားအား ခံစားရနိုင္သည္။ သို႔ေသာ္ သူမ စကားဆို႐ုံမွလြဲ အျခားဘာမွမလုပ္နိုင္ေတာ့ေပ။

"မ...မလုပ္ မလုပ္နဲ႕......"

ရွန့္ခ်န္ခုန္း ေနရာေျပာင္းၿပီး သူမလည္တိုင္နား၌ သူ႕မ်က္ႏွာကို ျမႇုပ္ႏွံထား၏။ ထို႔ေနာက္ သူ ေခါင္းေမာ့၍ ႐ႊီလ်န္နားထဲသို႔ တိုးတိုးေလးကပ္ေျပာလိုက္သည္။

"ဒါဆို မင္းက ကိုယ့္ကို ဘာလုပ္ေစခ်င္တာလဲ"

႐ႊီလ်န္ ျပန္မေျဖ ၊ သူမ ျပန္မေျဖနိုင္ေတာ့ဘူး။ သူမအသံမွာ အတန္ၾကာကတည္းက ေပ်ာက္ဆုံးသြားခဲ့ၿပီ။

ရွန့္ခ်န္ခုန္းသည္ သူ႕ႏႈတ္ခမ္းေတြဟာ ရွားရွားပါးပါး အၿပဳံးတစ္ခုအျဖစ္ ေျပာင္းလဲသြားၿပီး ရယ္ေမာလိုက္၏။ သူက ႐ႊီလ်န္ကို သူ႕ရင္ခြင္ထဲထည့္၍ သူမအား သူႏွင့္နီးနီးကပ္ကပ္ ေပြ႕ဖက္ထားလိုက္သည္။

"မင္း ကိုယ့္ကို ေနာက္မွထပ္ေျပာလို႔ရတယ္"

__________________

Continue Reading

You'll Also Like

192M 4.6M 100
[COMPLETE][EDITING] Ace Hernandez, the Mafia King, known as the Devil. Sofia Diaz, known as an angel. The two are arranged to be married, forced by...
3.7M 292K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
1.4M 35.1K 47
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
4.7M 294K 107
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...