​ကောင်းမွန်တဲ့ဘဝနဲ့ အမျိုးသမီ...

By Autumn_Aster

29.7K 2.8K 64

Type : Web Novel Author: Jiu Yue Wei Lan 九月微蓝 Total Chapter: 106 Eng Trans -> https://www.novelupdates.com... More

Prologue
အခန်း၁ တွင်ပါဝင်သည့် အသုံးအနှုန်းများ
အခန်း ၁
အခန်း-၂
အခန်း-၃
အခန်း ၅
အခန်း-၆
အခန်း ၇
အခန်း ၈
အခန်း-၉
အခန်း-၁၀
အခန်း ၁၁
အခန်း- ၁၂
အခန်း ၁၃
အခန်း ၁၄
အခန်း ၁၅
အခန်း ၁၆
အခန်း ၁၇

အခန်း ၄

1.2K 166 6
By Autumn_Aster

UNICODE

အခန်း၄ တွင် ပါဝင်သော အသုံးအနှုန်းများ

大哥 (pinyin: da ge) တ့ကော – အစ်ကို၊ အကြီးဆုံးအစ်ကို

兄 (pinyin: xiong)ရှောင်း – အစ်ကိုကြီး

安 (pinyin: an)အမ် – ငြိမ်းချမ်းမှု

老太爷 (pinyin: lao tai ye) လောင်ထိုက်ယဲ့– ဝမ်ထျန်းကျိုး၏ အဖေဘက်မှ အဖိုး သို့ပေမယ့် လေးစားအပ်သော ဆရာဟုလည်း အဓိပ္ပါယ်ရသည်။

အခန်းထဲမှာရှိနေသည့် သူမရဲ့ မမလေးကို စူးယွီက အကြောင်းကြားလိုက်သည်။

သူမ၏ အစ်ကိုအကြီးဆုံး အလည်လာသည်ကို သိရတော့ လွမ်ရှီက သူမရဲ့ အခမ်းအနားကိုယ်ဟန်အနေအထား နှင့် ကျင့်ဝတ်တွေ လေ့ကျင့်နေသည်ကို ရပ်ပြီး သူမအစ်ကိုအကြီးဆုံးကို ကြိုဆိုရန်အတွက် အဝတ်အစားတွေကို အလျင်အမြန် ပြုပြင်လိုက်သည်။

သူမအစ်ကိုအကြီးဆုံး လွမ်ယွီဝန်က သူမ၏ တရားဝင်မိခင်ကနေ မွေးဖွားတာဖြစ်ပြီး လက်ရှိတွင် စာပေသင်ကြားမှုဖြစ်သည့် ချင်ရှန်အကယ်ဒမီမှာ စာလေ့လာနေသူဖြစ်သည်။

ချင်ရှန်အကယ်ဒမီ၏ ကျောင်းသားအများစုက အစိုးရအရာရှိတွေ၏ ကလေးတွေ၊ မျိုးရိုးမြင့် မိသားစုတွေ၏ အမျိုးကောင်းသားတွေမဟုတ်ရင် တော်ဝင်မိသားစု မျိုးနွယ်ဝင်တွေဖြစ်ကြသည်။

ပြောစရာမလိုအောင်ပင် သီးသန့်ဆရာတွေအတွက် အခကြေးငွေက အရမ်းကို ဈေးကြီးလှသည်။

မူလကိုယ်ပိုင်ရှင်နှင့် သူမအစ်ကိုအကြီးဆုံး၏ ဆက်ဆံရေးက အဆိုးလည်းမဟုတ်သလို အကောင်းလည်းမဟုတ်ပေ။ အရမ်းကို ရင်းနှီးသည့်ဆက်ဆံရေးမဟုတ်လို့ ပြောလို့ရသည်။ ဖျားနာမှုတစ်ခုကြောင့် သူမအစ်ကိုအကြီးဆုံးက သူမဆီ အလည်လာတာက ဒါ ပထမဆုံးလို့ ဆိုရမည်။

လွမ်ရှီက ခပ်ဖျော့ဖျော့ပြုံးလိုက်မိသည်။ ဒါတွေအကုန်လုံးက သူမမှာ ကောင်းမွန်သည့် လက်ထပ်သဘောတူညီမှု ရလာလို့သာဖြစ်သည်။

သူမ၏ လတ်လတ်ဆတ်ဆတ်စေ့စပ်ထားသည့် သတို့သားလောင်း ဝမ်ထျန်းကျိုးက လက်ရှိမှာ ချင်ရှန်အကယ်ဒမီတွင် စာလေ့လာနေတာမို့လို့ သူမအစ်ကိုအကြီးဆုံးနှင့် ကျောင်းတူတူပဲလို့ ဆိုလိုလို့ရသည်။

ထို့ကြောင့် သူမအစ်ကိုအကြီးဆုံးက ကြည်လင်နှလုံးသားဥယျာဉ်ကို အလည်လာသည်အား လွမ်ရှီက မအံ့ဩလှပေ။

သိပ်မကြာခင်မှာပဲ တက်ကြွပြီး ချောမောသည့်အသွင်နှင့် အပြာရောင် ဘရိုကိတ်ဝတ်စုံကို ဝတ်ဆင်ထားသည့် ၁၉နှစ်အရွယ် ယောကျာ်းက အခန်းထဲ ဝင်လာ၏။

လွမ်ရှီက နေ့ခင်းမှာ မူလကိုယ်ပိုင်ရှင်၏ အမူအကျင့်နှင့် ကိုယ်ဟန်အနေအထားတွေကို ရင်းနှီးအောင် လုပ်ထားခဲ့သည်။ သူမလုပ်ခဲ့သည့် လေ့ကျင့်ခန်းသေးသေးကြောင့် သူမမျက်နှာလှလှတွင် အနီဖျော့ဖျော့ စွန်းထင်နေပုံက လူတစ်ယောက်၏ နှလုံးသားကို အကြည့်တစ်ချက်ဖြင့် ဖမ်းစားနိုင်လေသည်။

လွမ်ယွီဝန်က သူ၏ စတုတ္ထညီမလေးရဲ့ မှင်သက်လောက်သည့်အလှကို ပထမဆုံးအစစ်အမှန်ခံစားဖူးတာ ဖြစ်သည်။ သူ့မျက်ဝန်းထဲ လန့်ဖြန့်သွားသည့် လေးစားမှုက ဖြတ်ပြေးသွားပေမယ့် ထိုခံစားချက်တွေက ချက်ချင်းဆိုသလို သနားကရုဏာဖြစ်ဖွယ်ဖြစ်လာသည်။ သူ၏ စတုတ္ထညီမလေးရဲ့ အရည်အချင်းသာ သူမရဲ့ ရှုမောဖွယ်အလှလို အသက်ရှူနှုန်းမှားမည်ဆိုလျှင် ကောင်းလိမ့်မည်။

ကံဆိုးစွာနှင့် 'ဆိုလျှင်' ဆိုတာမျိုးက မရှိပေ။

သူ့စိတ်ထဲမယ် နောင်တသေးသေးလေးတစ်ခုက ပေါ်လာပြီး လွမ်ယွီဝန်က အရမ်းကိုလေးနက်သည့်အမူအရာဖြင့် ပြောလာ၏။

"စစ်မေ့ အသားအရောင်ကို ကြည့်ရတာ ကောင်းမွန်နေတာပဲ။ အခုတော့ တ့ကောက စိတ်အေးရပါပြီ" ပြောရင်းနှင့် သူ့အိမ်လိုမျိုး ခုံမှာ ထိုင်လိုက်ပြီး စားပွဲပေါ် မဟော်ဂနီဘူးလေးတစ်ခု တင်လိုက်သည်။

"တ့ကောရဲ့ပူပန်ပေးမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်" လွမ်ရှီက သူမအစ်ကိုကြီး၏ အလည်လာမှုကို စိတ်ထဲမှာ အကြမ်းဖျင်းခန့်မှန်းထားမိရင်း အလျင်အမြန်ပြောလာလေသည်။ သူမအစ်ကိုကြီးအတွက် ရေနွေးကြမ်းထည့်ပေးရင်း သူမမျက်နှာထက်တွင် အပြုံးတစ်ခု ဆင်ယင်ထားလေသည်။

"တ့ကော ဒီမှာ တ့ကောကို တည်ခင်းဖို့ ညီမလေးမှာ လက်ဖက်ခြောက်ကောင်းကောင်းမရှိပါဘူး။ တ့ကောက အထင်မသေးဖို့ ညီမလေး မျှော်လင့်ပါတယ်" သူမက ထိုစကားပြောလာရင်း လွမ်ယွီဝန်ကို ရေနွေးကြမ်း ကမ်းပေးလာသည်။

လွမ်ယွီဝမ်က ရေနွေးကြမ်းကို လက်ခံပြီး တစ်ငုံသောက်လိုက်သည်။ သေချာစွာနှင့် သာမန်ရေနွေးကြမ်းဖြစ်ပေမယ့်လည်း သူမကို ပြုံးပြီး စနောက်ဖို့ ရွေးချယ်လိုက်သည်။ "တ့ကောက ဘာလို့ အထင်သေးရမှာလဲ? ကျီရုန်ရှောင်းတောင်မှ စစ်မေ့ ကိုယ်တိုင်ငှဲ့ပေးတဲ့ ရေနွေးကြမ်းကို သောက်ဖို့ ကံမကောင်းသေးဘူးလေ"

သူ၏ အခင်အမင်မပျက်သည့်အမူအရာနှင့် စကားတွေက သူနှင့် လွမ်ရှီကြားမှ အကွာအဝေးကို နီးကပ်လာစေသည်။

လွမ်ရှီ "..."

စာအုပ်ထဲမှ ဇာတ်လိုက်က ဝမ်ထျန်းကျိုးကို ကျီရုန်ဟု အမြဲခေါ်လေ့ရှိတာ သူမမှတ်မိသည်... ကျီရုန်က ဝမ်ထျန်းကျိုး၏ နာမည်ဖြစ်သည်။ သို့ပေမယ့် မူလကိုယ်ပိုင်ရှင်က ဒါကို မသိပေ။ ထို့ကြောင့် လွမ်ရှီက မသေချာဟန်ဖြင့်‌မေးလာသည်။ "တ့ကော ကျီရုန်ရှောင်းက ဘယ်သူ့ကို ပြောတာလဲဟင်?"

သူ့စတုတ္ထညီမလေး၏ ပဟေဠိဖြစ်နေသည့် အမူအရာကို မြင်တော့ လွမ်ယွီဝန်က နူးညံ့စွာရယ်ရင်း ပြောလာသည်။ "ကျီရုန်က ဝမ်ထျန်းကျိုးရဲ့ နောက်နာမည်ပဲ။ စစ်မေ့က ကျီရုန်ကို ဘယ်သူလို့ထင်နေလို့လဲ?"

ဝမ်ထျန်းကျိုး၏ ဖခင်က ဘာသာရေးဝန်ကြီးဖြစ်တာသိကြသော်လည်း သူ့နောက်မှ ဝမ်မိသားစုက လူတော်လူကောင်းတွေရှိသည့် နာမည်ကျော်မိသားစုဖြစ်သည်။ မိသားစု၏လူမှုရေးအဆင့်အတန်းက ပုံရိပ်ယောင်ပင်။ ဝမ်ထျန်းကျိုး၏ ဖခင်ဘက်မှ ဦးလေးက ကြည်ညိုလေးစားရခံသည့် နယ်စားကြီးအမ်း ဖြစ်ကာ ဝမ်လောင်ထိုက်ယဲ့ကတော့ ဧကရာဇ်၏ ဆရာအဖြစ် မင်းဆက်သုံးဆက်တိုင်အောင် နေရာယူထားသည့်သူဖြစ်သည်။ သူက တော်ဝင်ညီလာခံမှာ ဩဇာလွှမ်းမိုးနိုင်တာကို အထင်သေးလို့မရပေ။

သူတို့နှင့်ယှဉ်လျှင် သူကောင်းအမတ်ချန်းယီ၏ အိမ်တော်က အထက်တန်းမျိုးနွယ်စုလို့ပဲ သတ်မှတ်လို့ရသည်။

မရေမတွက်နိုင်သည့် မျိုးနွယ်မြင့်သမီးတွေကို ငြင်းပယ်ခဲ့သည့် ဝမ်ထျန်းကျိုးက သူ၏ ကိုယ်လုပ်တော်ဖွား စစ်မေ့ကို စိတ်ဝင်စားမယ်လို့ လွမ်ယွီဝမ်က မထင်ထားပေ။

သူ၏ စတုတ္ထညီမလေးက ကောင်းမွန်သည့်ကံကောင်းမှုနှင့် ကောင်းချီးပေးခံထားရသည်လို့ ဆိုရမည်။

သူနှင့် သူ၏ စတုတ္ထညီမလေးရဲ့ ဆက်ဆံရေးကို အခြေခံပြီး သူက ပြီးခဲ့တဲ့နှစ်ရက်မှာ ဝမ်ထျန်းကျိုးနှင့် ဆက်နွယ်မှုကို ချောမွေ့စွာတည်ဆောက်နိုင်ခဲ့သည်။ ပြီးတော့ သူ့စတုတ္ထညီမလေးက မတော်တဆရေထဲပြုတ်ကျပြီး အအေးမိတာကို ဝမ်ထျန်းကျိုးသိတော့ သူ့စိုးရိမ်ပူပန်မှုအား ဖော်ပြလာသည်။

"ဟုတ်သား စစ်မေ့ ဒီလက်ရာမြောက်အောင် ထွင်းထုထားတဲ့ ကျောက်စိမ်းဆံထိုးက ကျီရုန်ရှောင်းက တ့ကောကို ယုံကြည်ပြီး စစ်မေ့ဆီတစ်ဆင့်ပေးခိုင်းလိုက်တာ။ နှစ်သက်သဘောကျလားလို့ တစ်ချက်ကြည့်ပါဦး"

လွမ်ယွီဝန်ကို ပြုံးပြီး မဟော်ဂနီဘူးကို ဖွင့်ပြီး ဖြူဖွေးကာ လှပလွန်းသည့် ကျောက်စိမ်းဆံထိုးကို ထုတ်ပြလာသည်။

စေ့စပ်ပြီး အမျိုးသားနှင့်အမျိုးသမီးကြားမှာ လက်ဆောင်လဲလှယ်တာက ပုံမှန်ပင်ဖြစ်သည်။

သို့ပေမယ့် လွမ်ရှီ၏ သတို့သားလောင်းဖြစ်သူ ဝမ်ထျန်းကျိုးက သူသေသည်အချိန်အထိကို တစ်ကိုယ်တည်းဘဝနှင့်သာ ဖြစ်လေသည်။ အခု သူက သူ့သတို့သမီးလောင်းဆီအား ဘာပြောဆိုမှုမှမရှိဘဲ လက်ဆောင်ပေးပို့လာသည်။

သူမအံ့အားသင့်မှုကို ဖုံးကွယ်ရင်း လွမ်ရှီက အံ့ဩတုန်လှုပ်နေသည့်အမူအရာဖြင့် ကျောက်စိမ်းဆံထိုးကို လက်ခံလိုက်လေသည်။ ဒီနေရာမှာ ဘာကများ ပြဿနာအတိအကျရှိတာလဲ?

လွမ်ယွီဝမ်က နောက်ထပ် ရေနွေးတစ်ငုံကို သောက်ပြီး သူ့စတုတ္ထညီမ၏ ယုံရခက်နေသည့်အမူအရာကို ရှုစားနေလေသည်။ သူက စကားဆက်ပြောတော့မလို နှုတ်ခမ်းထောင့်က ကွေးတက်သွား၏။

"မနက်ဖြန်ကျရင် စစ်မေ့ဆီကို အလည်လာမယ်လို့ ကျီရုန်ရှောင်းက ပြောသွားတယ်"

အမှန်တိုင်းပြောရလျှင် သူ့စတုတ္ထညီမ၏ အံ့ဩမှုက ပုံမှန်သာဖြစ်သည်။ သူလည်း အစပိုင်းတိုင်းက အံ့အားသင့်ခဲ့သည်။ ကျီရုန်ရှောင်းက သူနှင့်အသက်တူတူပဲဆိုပေမယ့် သူက လုံးဝသန့်ရှင်းပြီး အိပ်ဆောင်ဖော်ရော မိန်းကလေးအစေခံရော သူ့ဘေးမှာ မရှိပေ။

ပြီးတော့ အခု ကျီရုန်ရှောင်းက သူ့စတုတ္ထညီမလေးနှင့် စေ့စပ်ထားသည်။ သူ့စတုတ္ထညီမလေး နေကောင်း မကောင်းတောင် ဂရုစိုက်လေသည်။ သူမှတ်မိတာ မမှားဘူးဆိုလျှင် သူ့စစ်မေ့က သူ့အမေနှင့် ပွဲအနည်းငယ်သာ တက်ရောက်ပြီး ထိုအချိန်တွင်းမှာ သူ့အမေဘေးကနေ တစ်ဖဝါးတောင်မခွာခဲ့ပေ။ ဆိုလိုတာက သူမက လက်မထပ်ရသေးသည့် အခြားယောကျာ်းပျိုတွေနှင့် တွေ့ဖို့ အခွင့်အရေးတစ်ခုတောင် မရှိခဲ့ပေ။

ကျီရုန်ရှောင်းက သူ့စတုတ္ထညီမလေးကို ပွဲတစ်ခုခုမှာ တွေ့ပြီး မြင်မြင်ခြင်းသဘောကျသွားသည်ဆိုတာက ဖြစ်နိုင်လား?

လွမ်ယွီဝန်အကြည့်က လွမ်ရှီ၏ ရင်သက်ရှုမောဖွယ်ရာ မျက်နှာလှလှလေးကို ကြည့်ရင်း အတွေးထဲ နစ်မြုပ်နေသည်။ အထက်တန်းလွှာမျိုးရိုးမြင့်သမီး အများစုက လှပသည့်အသွင်ရှိနေပြီး မြို့တော်မှာ အဆင်းနှင့် အချင်းနှင့်ပြည့်စုံကြလေသည်။ တစ်ဖက်မှာတော့ သူ့စစ်မေ့က အလှသာရှိပြီး အချင်းကတော့ သာမန်မျှသာဖြစ်သည်။ ကျီရုန်ရှောင်းက အရမ်းထူးခြားတဲ့လူမျိုးလား?

လွမ်ရှီ "...."

လွမ်ရှီက သူမလက်ထဲမှာ ကျောက်စိမ်းဆံထိုးကို ကိုင်ထားရင်း မျက်လုံးအဝိုင်းသားဖြစ်နေသည်။ သူမစိတ်ထဲမှာတော့ ထူးဆန်းသည့်သံသယတစ်ခုရှိနေသည်။ ဒီဝမ်ထျန်းကျိုးကရော ကူးပြောင်းလာတဲ့သူပဲလား?

သူ့စစ်မေ့က အသိစိတ်ပြန်မဝင်သေးတာကို လွမ်ယွီဝန်သတိထားမိတော့ မျက်ခုံးပင့်ကာ ပြုံးရင်းစနောက်လာလေသည်။ "စစ်မေ့ အပျော်လွန်ပြီး တုံးအသွားတာများလား?"

လွမ်ရှီ၏နှုတ်ခမ်းက တွန့်သွားသည်။ ဘာများပျော်စရာရှိလို့လဲ?

ထိုအတွေးတွေးမိသော်ငြားလည်း ရှက်ရွံ့သည့်အပြုံးတစ်ခုနှင့် ဟန်ဆောင်နေသေးသည်။ "တ့ကော ကျေးဇူးပြုပြီး အဓိပ္ပါယ်မရှိတာတွေမပြောပါနဲ့။ ညီမ မဟုတ်... မဟုတ်..."

သူမစကားတောင်မဆုံးသေး စူးယွီ၏ စိုးရိမ်နေသည်အသံက အခန်းအပြင်ကနေထွက်လာသည်။ "မမလေး တတိယမမလေး ရောက်လာပါတယ်"

သူမအသံဆုံးရုံရှိသေး တင့်တယ်သည့်ပုံရိပ်တစ်ခုက အခန်းထဲသို့ လေလိုမီးလို ဝင်ရောက်လာသည်။ အံ့ဩစွာနှင့် လွမ်စန်းညန်က လွမ်ရှီဆီ ဒီမနက်ပဲ အလည်လာခဲ့ပြီးသားဖြစ်သည်။

လွမ်နင်း မဝင်လာခင်အထိကို လွမ်ရှီက သူမရဲ့ ရှက်နေသည့်အပြုံးကို အချိန်မှီ မဖုံးကွယ်လိုက်နိုင်ပေ။

ထို့ကြောင့် လွမ်နင်းက ထိုမြင်ကွင်းကို မြင်လိုက်ပေမယ့် အကြည့်ကတော့ လွမ်ရှီလက်ထဲမှ ကျောက်စိမ်းဆံထိုးဆီမှာသာဖြစ်သည်။ သူမက ထိုအချိန်မှာ ရင်တထိတ်ထိတ်ဖြင့် ပူလောင်လာသည်။

ရွှေနှင့်ငွေ ဆံပင်အဆင်တန်ဆာတွေနှင့် ယှဉ်လျှင် လွမ်စန်းညန်က ကျောက်စိမ်းတွေကို ပိုသဘောကျသည်။

"ကော အိမ်တော်ကို ပြန်ရောက်တာနဲ့ စစ်မေ့ခြံဝန်းကို လာလည်ပြီးတော့ စစ်မေ့ကို တန်ဖိုးကြီးကျောက်စိမ်းဆံထိုးတောင်ပေးလိုက်သေးတယ်။ ညီမလေးအတွက်ကျတော့ ဘာမှမပါရင် ညီမလေးတော့ မပျော်တော့ဘဲနေမှာ"

ဧကရာဇ်အို၏ တော်ဝင်ကိုယ်လုပ်တော်ဖြစ်ပြီးနောက် သူမ၏ အရသာနှင့် ကြိုက်နှစ်သက်မှုစံနှုန်းတွေက မြင့်တက်လာသည်။

ပြီးတော့ လွမ်စစ်ညန်လက်ထဲမှ ကျောက်စိမ်းက တောက်ပကာ ခရစ်စတယ်လိုကြည်နေပြီး အနာဆာတစ်စက်တောင်မရှိပေ။

ကြည့်လိုက်တာနှင့် မြင်ရခဲသည့် အရည်အသွေးမြင့်ဆိုတာ ပြောနိုင်သည်။

သူမအစ်ကိုကြီးက ဘယ်ကနေရလာလဲဆိုတာတော့ သူမ မသိပ‌ေ။ လွမ်နင်းက ထိုကျောက်စိမ်းဆံထိုးကို ကြည့်ရင်း သူမအပိုင်ဖြစ်အောင် လုပ်ချင်နေသည်။

သူ၏ သွေးသားရင်းတတိယညီမက ကျီရုန်ရှောင်းမှ စစ်မေ့ထံပေးသည့် ကျောက်စိမ်းဆံထိုးကို မျက်စိကျနေတာ လွမ်ယွီဝန်မြင်တော့ ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်။

"နင်းအာ ဒီကျောက်စိမ်းဆံထိုးက ဝမ်ကုန်းဇီကနေပြီး စစ်မေ့ကို ပေးခိုင်းလို့ ကောက ပေးတာ"

"ဘာ? မဖြစ်နိုင်တာကို"

လွမ်နင်းက လှပသည့်မျက်ဝန်းအဝိုင်းသားနှင့် အမူအရာကလည်း မယုံကြည်နိုင်ဟန်ဖြစ်နေသည်။ သူမက လုံးဝသတိမထားမိလိုက်ပေမယ့် သူမစကားက သူမရဲ့ ပြင်းထန်သည့် မနာလိုမှုကို ဖော်ပြလာသည်။

လွမ်ရှီက မျက်လွှာချပြီး ဆွံ့အနေသည်။

လွမ်စန်းညန်ရဲ့ အပြုအမူနဲ့ အမူအရာတွေ ထိန်းသိမ်းဖို့ အများကြီးလိုသေးတာပဲ။

လွမ်ယွီဝန်က လွမ်ရှီကို တောင်းပန်သည့်အကြည့်ဖြင့် ကြည့်လိုက်ပြီး သူက မတ်တပ်ရပ်ကာ သူ၏ ထိန်းချုပ်မှုမရှိသည့် ညီမလေးကို ဆွဲလိုက်သည်။

"နင်းအာ"

သူမအသိပြန်ဝင်လာပြီး လွမ်နင်းက တောင်းပန်သည့်အပြုံးကို ဖျစ်ညှစ်ထုတ်ကာ "တောင်းပန်ပါတယ် စစ်မေ့။ ဝမ်ကုန်းဇီက မိန်းမတွေနဲ့ ဝေးဝေးနေတယ်လို့ မမကြားဖူးတော့ ဝမ်ကုန်းဇီ စစ်မေ့ကို လက်ဆောင်ပေးတယ်လို့ ကြားချိန်မှာ မမက အရမ်းအံ့ဩသွားတာပါ"

"စစ်မေ့ကို ဒီလိုလန့်သွားစေဖို့ မမက မရည်ရွယ်ပါဘူး"

"ဒီလိုလက်ရာမြောက်ပြီး လှပတဲ့ ကျောက်စိမ်းဆံထိုးကို မမမြင်ဖူးတာ ပထမဆုံးပဲ။ ဖြစ်နိုင်ရင် မမက ဒီကျောက်စိမ်းဆံထိုးကို ရှုစားဖို့ ရက်အနည်းငယ်လောက် စစ်မေ့က ငှါးပေးနိုင်မလား?"

ထင်ရှားစွာနှင့် ထိုကျောက်စိမ်းဆံထိုးကို လိုချင်သည်အား လွမ်စန်းညန်က လက်မလျှော့ပေ။

သူမအပိုင်မဟုတ်သည့်အရာကို နေ့တိုင်း ဘယ်လို ယူရမလဲပဲ စဉ်းစားနေသည်။

လွမ်ယွီဝန်၏ မျက်နှာချောချောက အနည်းငယ်မှုန်မှိုင်းသွားသည်။

နင်းအာက ဘာပြောလိုက်တာလဲ?

ထိုစကားကြားတော့ လွမ်ရှီက လွမ်စန်းညန်ကို ထူးဆန်းစွာ ကြည့်လိုက်တော့ သူမမျက်ဝန်းထဲမှာ အချိန်မှီမဖုံးကွယ်လိုက်နိုင်သည့် ပိုင်ဆိုင်လိုစိတ်တွေရှိနေတာ သတိထားမိသွားသည်။ လွမ်ရှီက စိတ်ထဲမှာ မျက်မှောင်ကြုတ်မိသွားသည်။ လွမ်စန်း၏ အကျင့်စရိုက်နှင့်ဆို ခွေးထံ အသားပေါက်စီပစ်ပေးလိုက်သလို ငှါးပေးလိုက်တာနှင့် သူမ၏ ကျောက်စိမ်းဆံထိုး ပြန်မရတော့မှာကို ကြောက်မိသည်။ လွမ်စန်းညန်၏ ရည်ရွယ်ချက်ကို သူမစိတ်ထဲမှာ သိပေမယ့်လည်း လွမ်ရှီက အပေါ်ယံမှာတော့ ရှက်ရွံ့သည့်အပြုံးပြုံးပြလာသည်။

"စန်းကျဲရဲ့စိတ်ကို ညီမလေး နားလည်ပါတယ်။ ညီမလေးလည်း အရမ်းအံ့ဩသွားတာ။ မနက်ဖြန်ကျရင် ဝမ်ကုန်းဇီက ညီမလေးဆီ အလည်လာမယ်လို့ တ့ကောက ပြောထားတော့ အခုထိကို ညီမလေး မယုံရဲသေးဘူး"

အမြဲတစေ တည်ငြိမ်နေသည့် လွမ်ရှီက လွမ်စန်းညန်၏ နှလုံးသားအတွင်းပိုင်းထိ ထိုးဆွဖို့ကို မလွန်ဆန်နိုင်ပေ။

ယခုလက်ရှိမှာ သူမရဲ့ သိသာထင်ရှားခြင်းမရှိတာကို ထိန်းသိမ်းဖို့လိုသည့် တရားမဝင်သမီးဖြစ်ကောင်းဖြစ်ပေမယ့် သူမမှာ ဒေါသမရှိဘူးလို့တော့ မဆိုလိုပေ။

သူမသတို့သားလောင်းပေးထားသည့် လက်ဆောင်ကို သူမအစ်မက ရှုစားချင်လို့ ငှါးပေးရမယ်? ငတုံးလို့ ထင်နေတာလား? ဒီစကားသာ အပြင်ကို ရောက်သွားရင် သူမက ဝမ်ထျန်းကျိုး၏ နှလုံးသားထဲ ဆူးစိုက်လိုက်သလို မဖြစ်သွားပေဘူးလား? လွမ်စန်းညန်က ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ လွမ်ရှီက သူမကို နည်းနည်းလေးတောင် အလိုလိုက်မည်မဟုတ်ပေ။

စရရင် လွမ်စန်းညန်က ဒီကိစ္စမှာ ကျိုးကြောင်းမဆီလျော်သည့်သူဖြစ်သည်။

"ဒီကျောက်စိမ်းဆံထိုးကို ငှါးဖို့က ညီမလေးက သဘောထားသေးသိမ်တာ မဟုတ်ပါဘူး။ ဒီကျောက်စိမ်းဆံထိုးက ဝမ်ကုန်းဇီပေးထားပြီးတော့ ဝမ်ကုန်းဇီက ညီမလေးရဲ့ သတို့သားလောင်းလေ။ သူပို့ပေးတဲ့ လက်ဆောင်ကို ငှါးဖို့အတွက်က ညီမလေးအတွက် အဆင်မပြေလှပါဘူး။ စန်းကျဲက ညီမလေးကို ခက်ခဲအောင် မလုပ်ဖို့ မျှော်လင့်ပါတယ်"

ထိုစကားတွေကို သူမပြောလာတာနှင့် လွမ်နင်းရဲ့အပြုံးက ပျောက်ကွယ်လုနီးပါးဖြစ်သည်။ သူမနှလုံးသားထဲ မနာလိုမှု အားကျမှုတွေက နွယ်တွေလို ထိုးထွက်ကာ ပျံ့နှံ့လာသည်။

ချက်ချင်းဆိုသလို သူမက သူမရဲ့စတုတ္ထညီမလေးထံ မကူးပြောင်းလာတာကို မုန်းတီးမိသွားသည်။ သူမရဲ့စတုတ္ထညီမလေး ဘဝက အဲ့လောက် ကောင်းတာလား?

အရင်ဘဝမှာတုန်းက သူမဘဝတစ်လျှောက်လုံး ချီယွဲ့အမ်၏ မဆုံးနိုင်သည့် ချစ်မြတ်နိုးခြင်းကို ခံခဲ့ရပြီး ဒီဘဝမှာ ဝမ်ထျန်းကျိုးဆီ ပြောင်းသွားတာတောင်မှ ဝမ်ထျန်းကျိုးက သူ့နှလုံးသားကို သူမ၏ စတုတ္ထညီမလေးထံ အပ်နှံထားပြီးသည့်ပုံပင်။

"စစ်မေ့ ပြောတာမှန်ပါတယ်။ အခုလေးတင် မမရဲ့စဉ်းစားမှုက နားလည်မလိုက်သလိုဖြစ်သွားပြီး စစ်မေ့ကို ခက်ခဲအောင် လုပ်မိသွားပါတယ်။ ညီမလေးမှာ ကောင်းတဲ့ သတို့သားလောင်းရှိတာ မမက အစစ်အမှန်အားကျမိတယ်။ မမသတို့သားလောင်းကတော့ စားဖို့ သောက်ဖို့ ပျော်ပါးဖို့လောက်ပဲ သိတယ်" လွမ်စန်းညန်က အတင်းဖျစ်ညှစ်ထားသည့် အပြုံးနှင့် ပြောလာကာ သူမရဲ့ ချမ်းသာသည့် သတို့သားလောင်းက သူမကို လက်ဆောင်တစ်ခုတောင် မပို့ပေးဘဲ သူ့နောက်ခြံဝန်းမှာ အိပ်ဖော်တွေနှင့် အစေခံ မိန်းကလေးတွေနှင့် ပြည့်နေတာကို မကျေမနပ်ဖြစ်မိနေသည့်ပုံပင်။

လွမ်ရှီက ဒီတစ်ကြိမ် ပြန်မဖြေဘဲ ရှက်နေဟန်ဖြင့် ခေါင်းသာ ငုံ့လိုက်သည်။

အခု အစ်ကိုအကြီးဆုံးအရှေ့မှာ သူမ၏ တရားဝင်အစ်မဖြစ်သူနှလုံးသားထဲမှ အနက်ရှိုင်းဆုံးကို ဖော်ထုတ်တာ ရှောင်ဖို့ အကောင်းဆုံးပင်။

ချီအာကုန်းဇီက ဘယ်လိုလူမျိုးပဲဖြစ်နေပါစေ လွမ်စန်းညန်က ရွေးချယ်ထားတာဖြစ်သည်။

သူမက သူ့ကို လက်ထပ်ဖို့ ဆုံးဖြတ်ပြီးမှတော့ တခြားသူတွေရဲ့ သနားကြင်နာမှုကို ရဖို့ သူမနှုတ်ခမ်းကနေ မကျေနပ်မှုတွေ ပြောနေမယ့်အစား စိတ်ပိုင်းဆိုင်ရာကို ပြင်ဆင်ထားသင့်သည်။

ပိုးထည်ဝတ်စုံကို ပြောင်းတာက လွယ်ကူသည့်အပြုအမူမဟုတ်ပေ။ တစ်ဖက်လူမှ ကျားကိုစားဖို့ ဝက်ကို ကစားပြသည် ဖြစ်ပါမှပင်။

လွမ်စန်းညန် ကံကောင်းဖို့ကို သူမ ဆုတောင်းပေးသည်။

လွမ်ယွီဝန် "..."

နင်းအာနှင့် ချီအာကုန်းဇီ၏ လက်ထပ်သဘောတူညီမှုက သူနှင့် သူ့အမေရဲ့နှလုံးသားထဲမှာ အမြဲ ဆူးတစ်ချောင်းဖြစ်နေသည်။

သူတို့အဖေကို သူတို့မကျေမနပ်မဖြစ်တာမျိုး မဟုတ်ပေမယ့်လည်း ဒီလက်ထပ်မှုက သူတို့ ပြောင်းလဲလို့မရပေ။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက သူ့ညီမလေးက စေ့စပ်တာ ဖျက်သိမ်းချင်တယ်လို့ ပြောတုန်းက သူနှင့် အမေက စိတ်ထဲမှာ ပျော်ရွှင်နေမိသည်။

ဘယ်လိုကြောင့်မှန်းမသိဘဲ နင်းအာက ရုတ်တရက် စိတ်ပြောင်းသွားပြီး သူမလက်ထပ်ပွဲကို ပျော်ရွှင်စွာ စတင် ပြင်ဆင်နေသည်။ အဲ့တုန်းက သူနှင့် သူ့အမေက နင်းအာကို မကောင်းတာတွေများ ပူးကပ်နေသလားလို့တောင် သံသယဝင်မိမတတ်ဖြစ်သွားသည်။

အဆုံးမှာတော့ နင်းအာက နင်းအာ ဖြစ်နေတုန်းဆိုတာ သူတို့ အတည်ပြုလိုက်သည်။ သူမက ရုတ်တရက် အတွေးတွေကို ရှင်းထုတ်လိုက်ရုံသာဖြစ်သည်။

"နင်းအာ တ့ကောကို ရှာနေတာလား?" လွမ်ယွီဝမ်က ဒီကိစ္စကြောင့် စစ်မေ့နှင့် ခပ်တန်းတန်းဖြစ်သွားတာမျိုးကို မလိုချင်လို့ လျင်မြန်စွာ စကားလမ်းကြောင်းလွှဲလိုက်သည်။

လွမ်နင်းက သူမအစ်ကိုကြီး၏ မေးခွန်းကို ကြားချိန်မှာ သူမ အလည်လာသည့် အကြောင်းရင်းကို နောက်ဆုံးမှာ မှတ်မိသွားကာ သူမ၏ စတုတ္ထညီမလေးကို မနာလိုဖို့ စိတ်မရှိတော့ပေ။ ပြီးတော့ ဝမ်ထျန်းကျိုးက သူ့ဂုဏ်သတင်းကို မြင့်အောင် ဟန်ပြနေတာလည်း ဖြစ်နိုင်သည်။

လွမ်နင်းက သူမကိုယ်သူမ နောက်ထပ်တစ်ဖန် နှစ်သိမ့်မှုပေးပြီးနောက် ခေါင်းခါကာ ပြန်ဖြေလာသည်။ "မဟုတ်ဘူး ညီမလေးက စစ်မေ့ကို လာရှာတာ။ မနက်ဖြန်ကျရင် ညီအစ်မတစ်ချို့ကို ဖိတ်ပြီးတော့ လက်ဖက်ရည်အခမ်းအနား လုပ်မလို့လေ။ စစ်မေ့ပါလာပြီး ညီမရဲ့ မိတ်ဆွေ ညီအစ်မတွေနဲ့ ရင်းနှီးလာအောင်လို့လေ။ ဒါပေမယ့် မနက်ဖြန် ဝမ်ကုန်းဇီက စစ်မေ့ဆီလာလည်မယ်လို့ ညီမမထင်ထားဘူး။ နှမြောစရာပဲ"

လွမ်ယွီဝမ် "..."

လွမ်ရှီ၏ နှုတ်ခမ်း အနည်းငယ်တွန့်သွားသည်။ နှမြောစရာလို့တော့ သူမ မထင်ပေ။ သူမက အအေးမိတာကနေ နာလန်ထူနေတဲ့ လူနာဖြစ်နေတုန်းဆိုတာကို လွမ်စန်းညန်များ မေ့ရော့နေလေသလား?

ထို့အပြင် သူမက နေမကောင်းမဖြစ်နေရင်တော့ လွမ်စန်းညန်၏လက်ဖက်ရည်အခမ်းအနားကို တက်မည်မဟုတ်ပေ။ သူမက နည်းနည်းလေးအလုပ်များနေတာ လွမ်စန်းညန်ရဲ့ ညီအစ်မတွေနဲ့ အေးအေးဆေးဆေးတွေ့ဖို့ အချိန် ဘယ်မှာရှိလဲ?

2023 Feb 06

ZAWGYI

အခန္း၄ တြင္ ပါဝင္ေသာ အသုံးအႏႈန္းမ်ား

大哥 (pinyin: da ge) တ့ေကာ – အစ္ကို၊ အႀကီးဆုံးအစ္ကို

兄 (pinyin: xiong)ေ႐ွာင္း – အစ္ကိုႀကီး

安 (pinyin: an)အမ္ – ၿငိမ္းခ်မ္းမႈ

老太爷 (pinyin: lao tai ye) ေလာင္ထိုက္ယဲ့– ဝမ္ထ်န္းက်ိဳး၏ အေဖဘက္မွ အဖိုး သို႔ေပမယ့္ ေလးစားအပ္ေသာ ဆရာဟုလည္း အဓိပၸါယ္ရသည္။

အခန္းထဲမွာ႐ွိေနသည့္ သူမရဲ႕ မမေလးကို စူးယြီက အေၾကာင္းၾကားလိုက္သည္။

သူမ၏ အစ္ကိုအႀကီးဆုံး အလည္လာသည္ကို သိရေတာ့ လြမ္႐ွီက သူမရဲ႕ အခမ္းအနားကိုယ္ဟန္အေနအထား ႏွင့္ က်င့္ဝတ္ေတြ ေလ့က်င့္ေနသည္ကို ရပ္ၿပီး သူမအစ္ကိုအႀကီးဆုံးကို ႀကိဳဆိုရန္အတြက္ အဝတ္အစားေတြကို အလ်င္အျမန္ ျပဳျပင္လိုက္သည္။

သူမအစ္ကိုအႀကီးဆုံး လြမ္ယြီဝန္က သူမ၏ တရားဝင္မိခင္ကေန ေမြးဖြားတာျဖစ္ၿပီး လက္႐ွိတြင္ စာေပသင္ၾကားမႈျဖစ္သည့္ ခ်င္႐ွန္အကယ္ဒမီမွာ စာေလ့လာေနသူျဖစ္သည္။

ခ်င္႐ွန္အကယ္ဒမီ၏ ေက်ာင္းသားအမ်ားစုက အစိုးရအရာ႐ွိေတြ၏ ကေလးေတြ၊ မ်ိဳး႐ိုးျမင့္ မိသားစုေတြ၏ အမ်ိဳးေကာင္းသားေတြမဟုတ္ရင္ ေတာ္ဝင္မိသားစု မ်ိဳးႏြယ္ဝင္ေတြျဖစ္ၾကသည္။

ေျပာစရာမလိုေအာင္ပင္ သီးသန္႔ဆရာေတြအတြက္ အခေၾကးေငြက အရမ္းကို ေဈးႀကီးလွသည္။

မူလကိုယ္ပိုင္႐ွင္ႏွင့္ သူမအစ္ကိုအႀကီးဆုံး၏ ဆက္ဆံေရးက အဆိုးလည္းမဟုတ္သလို အေကာင္းလည္းမဟုတ္ေပ။ အရမ္းကို ရင္းႏွီးသည့္ဆက္ဆံေရးမဟုတ္လို႔ ေျပာလို႔ရသည္။ ဖ်ားနာမႈတစ္ခုေၾကာင့္ သူမအစ္ကိုအႀကီးဆုံးက သူမဆီ အလည္လာတာက ဒါ ပထမဆုံးလို႔ ဆိုရမည္။

လြမ္႐ွီက ခပ္ေဖ်ာ့ေဖ်ာ့ျပဳံးလိုက္မိသည္။ ဒါေတြအကုန္လုံးက သူမမွာ ေကာင္းမြန္သည့္ လက္ထပ္သေဘာတူညီမႈ ရလာလို႔သာျဖစ္သည္။

သူမ၏ လတ္လတ္ဆတ္ဆတ္ေစ့စပ္ထားသည့္ သတို႔သားေလာင္း ဝမ္ထ်န္းက်ိဳးက လက္႐ွိမွာ ခ်င္႐ွန္အကယ္ဒမီတြင္ စာေလ့လာေနတာမို႔လို႔ သူမအစ္ကိုအႀကီးဆုံးႏွင့္ ေက်ာင္းတူတူပဲလို႔ ဆိုလိုလို႔ရသည္။

ထို႔ေၾကာင့္ သူမအစ္ကိုအႀကီးဆုံးက ၾကည္လင္ႏွလုံးသားဥယ်ာဥ္ကို အလည္လာသည္အား လြမ္႐ွီက မအံ့ဩလွေပ။

သိပ္မၾကာခင္မွာပဲ တက္ႂကြၿပီး ေခ်ာေမာသည့္အသြင္ႏွင့္ အျပာေရာင္ ဘ႐ိုကိတ္ဝတ္စုံကို ဝတ္ဆင္ထားသည့္ ၁၉ႏွစ္အ႐ြယ္ ေယာက်ာ္းက အခန္းထဲ ဝင္လာ၏။

လြမ္႐ွီက ေန႔ခင္းမွာ မူလကိုယ္ပိုင္႐ွင္၏ အမူအက်င့္ႏွင့္ ကိုယ္ဟန္အေနအထားေတြကို ရင္းႏွီးေအာင္ လုပ္ထားခဲ့သည္။ သူမလုပ္ခဲ့သည့္ ေလ့က်င့္ခန္းေသးေသးေၾကာင့္ သူမမ်က္ႏွာလွလွတြင္ အနီေဖ်ာ့ေဖ်ာ့ စြန္းထင္ေနပုံက လူတစ္ေယာက္၏ ႏွလုံးသားကို အၾကည့္တစ္ခ်က္ျဖင့္ ဖမ္းစားႏိုင္ေလသည္။

လြမ္ယြီဝန္က သူ၏ စတုတၳညီမေလးရဲ႕ မွင္သက္ေလာက္သည့္အလွကို ပထမဆုံးအစစ္အမွန္ခံစားဖူးတာ ျဖစ္သည္။ သူ႕မ်က္ဝန္းထဲ လန္႔ျဖန္႔သြားသည့္ ေလးစားမႈက ျဖတ္ေျပးသြားေပမယ့္ ထိုခံစားခ်က္ေတြက ခ်က္ခ်င္းဆိုသလို သနားက႐ုဏာျဖစ္ဖြယ္ျဖစ္လာသည္။ သူ၏ စတုတၳညီမေလးရဲ႕ အရည္အခ်င္းသာ သူမရဲ႕ ႐ႈေမာဖြယ္အလွလို အသက္႐ွဴႏႈန္းမွားမည္ဆိုလွ်င္ ေကာင္းလိမ့္မည္။

ကံဆိုးစြာႏွင့္ 'ဆိုလွ်င္' ဆိုတာမ်ိဳးက မ႐ွိေပ။

သူ႕စိတ္ထဲမယ္ ေနာင္တေသးေသးေလးတစ္ခုက ေပၚလာၿပီး လြမ္ယြီဝန္က အရမ္းကိုေလးနက္သည့္အမူအရာျဖင့္ ေျပာလာ၏။

"စစ္ေမ့ အသားအေရာင္ကို ၾကည့္ရတာ ေကာင္းမြန္ေနတာပဲ။ အခုေတာ့ တ့ေကာက စိတ္ေအးရပါၿပီ" ေျပာရင္းႏွင့္ သူ႕အိမ္လိုမ်ိဳး ခုံမွာ ထိုင္လိုက္ၿပီး စားပြဲေပၚ မေဟာ္ဂနီဘူးေလးတစ္ခု တင္လိုက္သည္။

"တ့ေကာရဲ႕ပူပန္ေပးမႈအတြက္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္" လြမ္႐ွီက သူမအစ္ကိုႀကီး၏ အလည္လာမႈကို စိတ္ထဲမွာ အၾကမ္းဖ်င္းခန္႔မွန္းထားမိရင္း အလ်င္အျမန္ေျပာလာေလသည္။ သူမအစ္ကိုႀကီးအတြက္ ေရေႏြးၾကမ္းထည့္ေပးရင္း သူမမ်က္ႏွာထက္တြင္ အျပဳံးတစ္ခု ဆင္ယင္ထားေလသည္။

"တ့ေကာ ဒီမွာ တ့ေကာကို တည္ခင္းဖို႔ ညီမေလးမွာ လက္ဖက္ေျခာက္ေကာင္းေကာင္းမ႐ွိပါဘူး။ တ့ေကာက အထင္မေသးဖို႔ ညီမေလး ေမွ်ာ္လင့္ပါတယ္" သူမက ထိုစကားေျပာလာရင္း လြမ္ယြီဝန္ကို ေရေႏြးၾကမ္း ကမ္းေပးလာသည္။

လြမ္ယြီဝမ္က ေရေႏြးၾကမ္းကို လက္ခံၿပီး တစ္ငုံေသာက္လိုက္သည္။ ေသခ်ာစြာႏွင့္ သာမန္ေရေႏြးၾကမ္းျဖစ္ေပမယ့္လည္း သူမကို ျပဳံးၿပီး စေနာက္ဖို႔ ေ႐ြးခ်ယ္လိုက္သည္။ "တ့ေကာက ဘာလို႔ အထင္ေသးရမွာလဲ? က်ီ႐ုန္ေ႐ွာင္းေတာင္မွ စစ္ေမ့ ကိုယ္တိုင္ငွဲ႔ေပးတဲ့ ေရေႏြးၾကမ္းကို ေသာက္ဖို႔ ကံမေကာင္းေသးဘူးေလ"

သူ၏ အခင္အမင္မပ်က္သည့္အမူအရာႏွင့္ စကားေတြက သူႏွင့္ လြမ္႐ွီၾကားမွ အကြာအေဝးကို နီးကပ္လာေစသည္။

လြမ္႐ွီ "..."

စာအုပ္ထဲမွ ဇာတ္လိုက္က ဝမ္ထ်န္းက်ိဳးကို က်ီ႐ုန္ဟု အၿမဲေခၚေလ့႐ွိတာ သူမမွတ္မိသည္... က်ီ႐ုန္က ဝမ္ထ်န္းက်ိဳး၏ နာမည္ျဖစ္သည္။ သို႔ေပမယ့္ မူလကိုယ္ပိုင္႐ွင္က ဒါကို မသိေပ။ ထို႔ေၾကာင့္ လြမ္႐ွီက မေသခ်ာဟန္ျဖင့္‌ေမးလာသည္။ "တ့ေကာ က်ီ႐ုန္ေ႐ွာင္းက ဘယ္သူ႕ကို ေျပာတာလဲဟင္?"

သူ႕စတုတၳညီမေလး၏ ပေဟဠိျဖစ္ေနသည့္ အမူအရာကို ျမင္ေတာ့ လြမ္ယြီဝန္က ႏူးညံ့စြာရယ္ရင္း ေျပာလာသည္။ "က်ီ႐ုန္က ဝမ္ထ်န္းက်ိဳးရဲ႕ ေနာက္နာမည္ပဲ။ စစ္ေမ့က က်ီ႐ုန္ကို ဘယ္သူလို႔ထင္ေနလို႔လဲ?"

ဝမ္ထ်န္းက်ိဳး၏ ဖခင္က ဘာသာေရးဝန္ႀကီးျဖစ္တာသိၾကေသာ္လည္း သူ႕ေနာက္မွ ဝမ္မိသားစုက လူေတာ္လူေကာင္းေတြ႐ွိသည့္ နာမည္ေက်ာ္မိသားစုျဖစ္သည္။ မိသားစု၏လူမႈေရးအဆင့္အတန္းက ပုံရိပ္ေယာင္ပင္။ ဝမ္ထ်န္းက်ိဳး၏ ဖခင္ဘက္မွ ဦးေလးက ၾကည္ညိဳေလးစားရခံသည့္ နယ္စားႀကီးအမ္း ျဖစ္ကာ ဝမ္ေလာင္ထိုက္ယဲ့ကေတာ့ ဧကရာဇ္၏ ဆရာအျဖစ္ မင္းဆက္သုံးဆက္တိုင္ေအာင္ ေနရာယူထားသည့္သူျဖစ္သည္။ သူက ေတာ္ဝင္ညီလာခံမွာ ဩဇာလႊမ္းမိုးႏိုင္တာကို အထင္ေသးလို႔မရေပ။

သူတို႔ႏွင့္ယွဥ္လွ်င္ သူေကာင္းအမတ္ခ်န္းယီ၏ အိမ္ေတာ္က အထက္တန္းမ်ိဳးႏြယ္စုလို႔ပဲ သတ္မွတ္လို႔ရသည္။

မေရမတြက္ႏိုင္သည့္ မ်ိဳးႏြယ္ျမင့္သမီးေတြကို ျငင္းပယ္ခဲ့သည့္ ဝမ္ထ်န္းက်ိဳးက သူ၏ ကိုယ္လုပ္ေတာ္ဖြား စစ္ေမ့ကို စိတ္ဝင္စားမယ္လို႔ လြမ္ယြီဝမ္က မထင္ထားေပ။

သူ၏ စတုတၳညီမေလးက ေကာင္းမြန္သည့္ကံေကာင္းမႈႏွင့္ ေကာင္းခ်ီးေပးခံထားရသည္လို႔ ဆိုရမည္။

သူႏွင့္ သူ၏ စတုတၳညီမေလးရဲ႕ ဆက္ဆံေရးကို အေျခခံၿပီး သူက ၿပီးခဲ့တဲ့ႏွစ္ရက္မွာ ဝမ္ထ်န္းက်ိဳးႏွင့္ ဆက္ႏြယ္မႈကို ေခ်ာေမြ႕စြာတည္ေဆာက္ႏိုင္ခဲ့သည္။ ၿပီးေတာ့ သူ႕စတုတၳညီမေလးက မေတာ္တဆေရထဲျပဳတ္က်ၿပီး အေအးမိတာကို ဝမ္ထ်န္းက်ိဳးသိေတာ့ သူ႕စိုးရိမ္ပူပန္မႈအား ေဖာ္ျပလာသည္။

"ဟုတ္သား စစ္ေမ့ ဒီလက္ရာေျမာက္ေအာင္ ထြင္းထုထားတဲ့ ေက်ာက္စိမ္းဆံထိုးက က်ီ႐ုန္ေ႐ွာင္းက တ့ေကာကို ယုံၾကည္ၿပီး စစ္ေမ့ဆီတစ္ဆင့္ေပးခိုင္းလိုက္တာ။ ႏွစ္သက္သေဘာက်လားလို႔ တစ္ခ်က္ၾကည့္ပါဦး"

လြမ္ယြီဝန္ကို ျပဳံးၿပီး မေဟာ္ဂနီဘူးကို ဖြင့္ၿပီး ျဖဴေဖြးကာ လွပလြန္းသည့္ ေက်ာက္စိမ္းဆံထိုးကို ထုတ္ျပလာသည္။

ေစ့စပ္ၿပီး အမ်ိဳးသားႏွင့္အမ်ိဳးသမီးၾကားမွာ လက္ေဆာင္လဲလွယ္တာက ပုံမွန္ပင္ျဖစ္သည္။

သို႔ေပမယ့္ လြမ္႐ွီ၏ သတို႔သားေလာင္းျဖစ္သူ ဝမ္ထ်န္းက်ိဳးက သူေသသည္အခ်ိန္အထိကို တစ္ကိုယ္တည္းဘဝႏွင့္သာ ျဖစ္ေလသည္။ အခု သူက သူ႕သတို႔သမီးေလာင္းဆီအား ဘာေျပာဆိုမႈမွမ႐ွိဘဲ လက္ေဆာင္ေပးပို႔လာသည္။

သူမအံ့အားသင့္မႈကို ဖုံးကြယ္ရင္း လြမ္႐ွီက အံ့ဩတုန္လႈပ္ေနသည့္အမူအရာျဖင့္ ေက်ာက္စိမ္းဆံထိုးကို လက္ခံလိုက္ေလသည္။ ဒီေနရာမွာ ဘာကမ်ား ျပႆနာအတိအက်႐ွိတာလဲ?

လြမ္ယြီဝမ္က ေနာက္ထပ္ ေရေႏြးတစ္ငုံကို ေသာက္ၿပီး သူ႕စတုတၳညီမ၏ ယုံရခက္ေနသည့္အမူအရာကို ႐ႈစားေနေလသည္။ သူက စကားဆက္ေျပာေတာ့မလို ႏႈတ္ခမ္းေထာင့္က ေကြးတက္သြား၏။

"မနက္ျဖန္က်ရင္ စစ္ေမ့ဆီကို အလည္လာမယ္လို႔ က်ီ႐ုန္ေ႐ွာင္းက ေျပာသြားတယ္"

အမွန္တိုင္းေျပာရလွ်င္ သူ႕စတုတၳညီမ၏ အံ့ဩမႈက ပုံမွန္သာျဖစ္သည္။ သူလည္း အစပိုင္းတိုင္းက အံ့အားသင့္ခဲ့သည္။ က်ီ႐ုန္ေ႐ွာင္းက သူႏွင့္အသက္တူတူပဲဆိုေပမယ့္ သူက လုံးဝသန္႔႐ွင္းၿပီး အိပ္ေဆာင္ေဖာ္ေရာ မိန္းကေလးအေစခံေရာ သူ႕ေဘးမွာ မ႐ွိေပ။

ၿပီးေတာ့ အခု က်ီ႐ုန္ေ႐ွာင္းက သူ႕စတုတၳညီမေလးႏွင့္ ေစ့စပ္ထားသည္။ သူ႕စတုတၳညီမေလး ေနေကာင္း မေကာင္းေတာင္ ဂ႐ုစိုက္ေလသည္။ သူမွတ္မိတာ မမွားဘူးဆိုလွ်င္ သူ႕စစ္ေမ့က သူ႕အေမႏွင့္ ပြဲအနည္းငယ္သာ တက္ေရာက္ၿပီး ထိုအခ်ိန္တြင္းမွာ သူ႕အေမေဘးကေန တစ္ဖဝါးေတာင္မခြာခဲ့ေပ။ ဆိုလိုတာက သူမက လက္မထပ္ရေသးသည့္ အျခားေယာက်ာ္းပ်ိဳေတြႏွင့္ ေတြ႕ဖို႔ အခြင့္အေရးတစ္ခုေတာင္ မ႐ွိခဲ့ေပ။

က်ီ႐ုန္ေ႐ွာင္းက သူ႕စတုတၳညီမေလးကို ပြဲတစ္ခုခုမွာ ေတြ႕ၿပီး ျမင္ျမင္ျခင္းသေဘာက်သြားသည္ဆိုတာက ျဖစ္ႏိုင္လား?

လြမ္ယြီဝန္အၾကည့္က လြမ္႐ွီ၏ ရင္သက္႐ႈေမာဖြယ္ရာ မ်က္ႏွာလွလွေလးကို ၾကည့္ရင္း အေတြးထဲ နစ္ျမဳပ္ေနသည္။ အထက္တန္းလႊာမ်ိဳး႐ိုးျမင့္သမီး အမ်ားစုက လွပသည့္အသြင္႐ွိေနၿပီး ၿမိဳ႕ေတာ္မွာ အဆင္းႏွင့္ အခ်င္းႏွင့္ျပည့္စုံၾကေလသည္။ တစ္ဖက္မွာေတာ့ သူ႕စစ္ေမ့က အလွသာ႐ွိၿပီး အခ်င္းကေတာ့ သာမန္မွ်သာျဖစ္သည္။ က်ီ႐ုန္ေ႐ွာင္းက အရမ္းထူးျခားတဲ့လူမ်ိဳးလား?

လြမ္႐ွီ "...."

လြမ္႐ွီက သူမလက္ထဲမွာ ေက်ာက္စိမ္းဆံထိုးကို ကိုင္ထားရင္း မ်က္လုံးအဝိုင္းသားျဖစ္ေနသည္။ သူမစိတ္ထဲမွာေတာ့ ထူးဆန္းသည့္သံသယတစ္ခု႐ွိေနသည္။ ဒီဝမ္ထ်န္းက်ိဳးကေရာ ကူးေျပာင္းလာတဲ့သူပဲလား?

သူ႕စစ္ေမ့က အသိစိတ္ျပန္မဝင္ေသးတာကို လြမ္ယြီဝန္သတိထားမိေတာ့ မ်က္ခုံးပင့္ကာ ျပဳံးရင္းစေနာက္လာေလသည္။ "စစ္ေမ့ အေပ်ာ္လြန္ၿပီး တုံးအသြားတာမ်ားလား?"

လြမ္႐ွီ၏ႏႈတ္ခမ္းက တြန္႔သြားသည္။ ဘာမ်ားေပ်ာ္စရာ႐ွိလို႔လဲ?

ထိုအေတြးေတြးမိေသာ္ျငားလည္း ႐ွက္႐ြံ႕သည့္အျပဳံးတစ္ခုႏွင့္ ဟန္ေဆာင္ေနေသးသည္။ "တ့ေကာ ေက်းဇူးျပဳၿပီး အဓိပၸါယ္မ႐ွိတာေတြမေျပာပါနဲ႔။ ညီမ မဟုတ္... မဟုတ္..."

သူမစကားေတာင္မဆုံးေသး စူးယြီ၏ စိုးရိမ္ေနသည္အသံက အခန္းအျပင္ကေနထြက္လာသည္။ "မမေလး တတိယမမေလး ေရာက္လာပါတယ္"

သူမအသံဆုံး႐ုံ႐ွိေသး တင့္တယ္သည့္ပုံရိပ္တစ္ခုက အခန္းထဲသို႔ ေလလိုမီးလို ဝင္ေရာက္လာသည္။ အံ့ဩစြာႏွင့္ လြမ္စန္းညန္က လြမ္႐ွီဆီ ဒီမနက္ပဲ အလည္လာခဲ့ၿပီးသားျဖစ္သည္။

လြမ္နင္း မဝင္လာခင္အထိကို လြမ္႐ွီက သူမရဲ႕ ႐ွက္ေနသည့္အျပဳံးကို အခ်ိန္မွီ မဖုံးကြယ္လိုက္ႏိုင္ေပ။

ထို႔ေၾကာင့္ လြမ္နင္းက ထိုျမင္ကြင္းကို ျမင္လိုက္ေပမယ့္ အၾကည့္ကေတာ့ လြမ္႐ွီလက္ထဲမွ ေက်ာက္စိမ္းဆံထိုးဆီမွာသာျဖစ္သည္။ သူမက ထိုအခ်ိန္မွာ ရင္တထိတ္ထိတ္ျဖင့္ ပူေလာင္လာသည္။

ေ႐ႊႏွင့္ေငြ ဆံပင္အဆင္တန္ဆာေတြႏွင့္ ယွဥ္လွ်င္ လြမ္စန္းညန္က ေက်ာက္စိမ္းေတြကို ပိုသေဘာက်သည္။

"ေကာ အိမ္ေတာ္ကို ျပန္ေရာက္တာနဲ႔ စစ္ေမ့ျခံဝန္းကို လာလည္ၿပီးေတာ့ စစ္ေမ့ကို တန္ဖိုးႀကီးေက်ာက္စိမ္းဆံထိုးေတာင္ေပးလိုက္ေသးတယ္။ ညီမေလးအတြက္က်ေတာ့ ဘာမွမပါရင္ ညီမေလးေတာ့ မေပ်ာ္ေတာ့ဘဲေနမွာ"

ဧကရာဇ္အို၏ ေတာ္ဝင္ကိုယ္လုပ္ေတာ္ျဖစ္ၿပီးေနာက္ သူမ၏ အရသာႏွင့္ ႀကိဳက္ႏွစ္သက္မႈစံႏႈန္းေတြက ျမင့္တက္လာသည္။

ၿပီးေတာ့ လြမ္စစ္ညန္လက္ထဲမွ ေက်ာက္စိမ္းက ေတာက္ပကာ ခရစ္စတယ္လိုၾကည္ေနၿပီး အနာဆာတစ္စက္ေတာင္မ႐ွိေပ။

ၾကည့္လိုက္တာႏွင့္ ျမင္ရခဲသည့္ အရည္အေသြးျမင့္ဆိုတာ ေျပာႏိုင္သည္။

သူမအစ္ကိုႀကီးက ဘယ္ကေနရလာလဲဆိုတာေတာ့ သူမ မသိပ‌ေ။ လြမ္နင္းက ထိုေက်ာက္စိမ္းဆံထိုးကို ၾကည့္ရင္း သူမအပိုင္ျဖစ္ေအာင္ လုပ္ခ်င္ေနသည္။

သူ၏ ေသြးသားရင္းတတိယညီမက က်ီ႐ုန္ေ႐ွာင္းမွ စစ္ေမ့ထံေပးသည့္ ေက်ာက္စိမ္းဆံထိုးကို မ်က္စိက်ေနတာ လြမ္ယြီဝန္ျမင္ေတာ့ ကူကယ္ရာမဲ့စြာ ျပဳံးလိုက္သည္။

"နင္းအာ ဒီေက်ာက္စိမ္းဆံထိုးက ဝမ္ကုန္းဇီကေနၿပီး စစ္ေမ့ကို ေပးခိုင္းလို႔ ေကာက ေပးတာ"

"ဘာ? မျဖစ္ႏိုင္တာကို"

လြမ္နင္းက လွပသည့္မ်က္ဝန္းအဝိုင္းသားႏွင့္ အမူအရာကလည္း မယုံၾကည္ႏိုင္ဟန္ျဖစ္ေနသည္။ သူမက လုံးဝသတိမထားမိလိုက္ေပမယ့္ သူမစကားက သူမရဲ႕ ျပင္းထန္သည့္ မနာလိုမႈကို ေဖာ္ျပလာသည္။

လြမ္႐ွီက မ်က္လႊာခ်ၿပီး ဆြံ႕အေနသည္။

လြမ္စန္းညန္ရဲ႕ အျပဳအမူနဲ႔ အမူအရာေတြ ထိန္းသိမ္းဖို႔ အမ်ားႀကီးလိုေသးတာပဲ။

လြမ္ယြီဝန္က လြမ္႐ွီကို ေတာင္းပန္သည့္အၾကည့္ျဖင့္ ၾကည့္လိုက္ၿပီး သူက မတ္တပ္ရပ္ကာ သူ၏ ထိန္းခ်ဳပ္မႈမ႐ွိသည့္ ညီမေလးကို ဆြဲလိုက္သည္။

"နင္းအာ"

သူမအသိျပန္ဝင္လာၿပီး လြမ္နင္းက ေတာင္းပန္သည့္အျပဳံးကို ဖ်စ္ညႇစ္ထုတ္ကာ "ေတာင္းပန္ပါတယ္ စစ္ေမ့။ ဝမ္ကုန္းဇီက မိန္းမေတြနဲ႔ ေဝးေဝးေနတယ္လို႔ မမၾကားဖူးေတာ့ ဝမ္ကုန္းဇီ စစ္ေမ့ကို လက္ေဆာင္ေပးတယ္လို႔ ၾကားခ်ိန္မွာ မမက အရမ္းအံ့ဩသြားတာပါ"

"စစ္ေမ့ကို ဒီလိုလန္႔သြားေစဖို႔ မမက မရည္႐ြယ္ပါဘူး"

"ဒီလိုလက္ရာေျမာက္ၿပီး လွပတဲ့ ေက်ာက္စိမ္းဆံထိုးကို မမျမင္ဖူးတာ ပထမဆုံးပဲ။ ျဖစ္ႏိုင္ရင္ မမက ဒီေက်ာက္စိမ္းဆံထိုးကို ႐ႈစားဖို႔ ရက္အနည္းငယ္ေလာက္ စစ္ေမ့က ငွါးေပးႏိုင္မလား?"

ထင္႐ွားစြာႏွင့္ ထိုေက်ာက္စိမ္းဆံထိုးကို လိုခ်င္သည္အား လြမ္စန္းညန္က လက္မေလွ်ာ့ေပ။

သူမအပိုင္မဟုတ္သည့္အရာကို ေန႔တိုင္း ဘယ္လို ယူရမလဲပဲ စဥ္းစားေနသည္။

လြမ္ယြီဝန္၏ မ်က္ႏွာေခ်ာေခ်ာက အနည္းငယ္မႈန္မိႈင္းသြားသည္။

နင္းအာက ဘာေျပာလိုက္တာလဲ?

ထိုစကားၾကားေတာ့ လြမ္႐ွီက လြမ္စန္းညန္ကို ထူးဆန္းစြာ ၾကည့္လိုက္ေတာ့ သူမမ်က္ဝန္းထဲမွာ အခ်ိန္မွီမဖုံးကြယ္လိုက္ႏိုင္သည့္ ပိုင္ဆိုင္လိုစိတ္ေတြ႐ွိေနတာ သတိထားမိသြားသည္။ လြမ္႐ွီက စိတ္ထဲမွာ မ်က္ေမွာင္ၾကဳတ္မိသြားသည္။ လြမ္စန္း၏ အက်င့္စ႐ိုက္ႏွင့္ဆို ေခြးထံ အသားေပါက္စီပစ္ေပးလိုက္သလို ငွါးေပးလိုက္တာႏွင့္ သူမ၏ ေက်ာက္စိမ္းဆံထိုး ျပန္မရေတာ့မွာကို ေၾကာက္မိသည္။ လြမ္စန္းညန္၏ ရည္႐ြယ္ခ်က္ကို သူမစိတ္ထဲမွာ သိေပမယ့္လည္း လြမ္႐ွီက အေပၚယံမွာေတာ့ ႐ွက္႐ြံ႕သည့္အျပဳံးျပဳံးျပလာသည္။

"စန္းက်ဲရဲ႕စိတ္ကို ညီမေလး နားလည္ပါတယ္။ ညီမေလးလည္း အရမ္းအံ့ဩသြားတာ။ မနက္ျဖန္က်ရင္ ဝမ္ကုန္းဇီက ညီမေလးဆီ အလည္လာမယ္လို႔ တ့ေကာက ေျပာထားေတာ့ အခုထိကို ညီမေလး မယုံရဲေသးဘူး"

အၿမဲတေစ တည္ၿငိမ္ေနသည့္ လြမ္႐ွီက လြမ္စန္းညန္၏ ႏွလုံးသားအတြင္းပိုင္းထိ ထိုးဆြဖို႔ကို မလြန္ဆန္ႏိုင္ေပ။

ယခုလက္႐ွိမွာ သူမရဲ႕ သိသာထင္႐ွားျခင္းမ႐ွိတာကို ထိန္းသိမ္းဖို႔လိုသည့္ တရားမဝင္သမီးျဖစ္ေကာင္းျဖစ္ေပမယ့္ သူမမွာ ေဒါသမ႐ွိဘူးလို႔ေတာ့ မဆိုလိုေပ။

သူမသတို႔သားေလာင္းေပးထားသည့္ လက္ေဆာင္ကို သူမအစ္မက ႐ႈစားခ်င္လို႔ ငွါးေပးရမယ္? ငတုံးလို႔ ထင္ေနတာလား? ဒီစကားသာ အျပင္ကို ေရာက္သြားရင္ သူမက ဝမ္ထ်န္းက်ိဳး၏ ႏွလုံးသားထဲ ဆူးစိုက္လိုက္သလို မျဖစ္သြားေပဘူးလား? လြမ္စန္းညန္က ရည္႐ြယ္သည္ျဖစ္ေစ မရည္႐ြယ္သည္ျဖစ္ေစ လြမ္႐ွီက သူမကို နည္းနည္းေလးေတာင္ အလိုလိုက္မည္မဟုတ္ေပ။

စရရင္ လြမ္စန္းညန္က ဒီကိစၥမွာ က်ိဳးေၾကာင္းမဆီေလ်ာ္သည့္သူျဖစ္သည္။

"ဒီေက်ာက္စိမ္းဆံထိုးကို ငွါးဖို႔က ညီမေလးက သေဘာထားေသးသိမ္တာ မဟုတ္ပါဘူး။ ဒီေက်ာက္စိမ္းဆံထိုးက ဝမ္ကုန္းဇီေပးထားၿပီးေတာ့ ဝမ္ကုန္းဇီက ညီမေလးရဲ႕ သတို႔သားေလာင္းေလ။ သူပို႔ေပးတဲ့ လက္ေဆာင္ကို ငွါးဖို႔အတြက္က ညီမေလးအတြက္ အဆင္မေျပလွပါဘူး။ စန္းက်ဲက ညီမေလးကို ခက္ခဲေအာင္ မလုပ္ဖို႔ ေမွ်ာ္လင့္ပါတယ္"

ထိုစကားေတြကို သူမေျပာလာတာႏွင့္ လြမ္နင္းရဲ႕အျပဳံးက ေပ်ာက္ကြယ္လုနီးပါးျဖစ္သည္။ သူမႏွလုံးသားထဲ မနာလိုမႈ အားက်မႈေတြက ႏြယ္ေတြလို ထိုးထြက္ကာ ပ်ံ႕ႏွံ႔လာသည္။

ခ်က္ခ်င္းဆိုသလို သူမက သူမရဲ႕စတုတၳညီမေလးထံ မကူးေျပာင္းလာတာကို မုန္းတီးမိသြားသည္။ သူမရဲ႕စတုတၳညီမေလး ဘဝက အဲ့ေလာက္ ေကာင္းတာလား?

အရင္ဘဝမွာတုန္းက သူမဘဝတစ္ေလွ်ာက္လုံး ခ်ီယြဲ႕အမ္၏ မဆုံးႏိုင္သည့္ ခ်စ္ျမတ္ႏိုးျခင္းကို ခံခဲ့ရၿပီး ဒီဘဝမွာ ဝမ္ထ်န္းက်ိဳးဆီ ေျပာင္းသြားတာေတာင္မွ ဝမ္ထ်န္းက်ိဳးက သူ႕ႏွလုံးသားကို သူမ၏ စတုတၳညီမေလးထံ အပ္ႏွံထားၿပီးသည့္ပုံပင္။

"စစ္ေမ့ ေျပာတာမွန္ပါတယ္။ အခုေလးတင္ မမရဲ႕စဥ္းစားမႈက နားလည္မလိုက္သလိုျဖစ္သြားၿပီး စစ္ေမ့ကို ခက္ခဲေအာင္ လုပ္မိသြားပါတယ္။ ညီမေလးမွာ ေကာင္းတဲ့ သတို႔သားေလာင္း႐ွိတာ မမက အစစ္အမွန္အားက်မိတယ္။ မမသတို႔သားေလာင္းကေတာ့ စားဖို႔ ေသာက္ဖို႔ ေပ်ာ္ပါးဖို႔ေလာက္ပဲ သိတယ္" လြမ္စန္းညန္က အတင္းဖ်စ္ညႇစ္ထားသည့္ အျပဳံးႏွင့္ ေျပာလာကာ သူမရဲ႕ ခ်မ္းသာသည့္ သတို႔သားေလာင္းက သူမကို လက္ေဆာင္တစ္ခုေတာင္ မပို႔ေပးဘဲ သူ႕ေနာက္ျခံဝန္းမွာ အိပ္ေဖာ္ေတြႏွင့္ အေစခံ မိန္းကေလးေတြႏွင့္ ျပည့္ေနတာကို မေက်မနပ္ျဖစ္မိေနသည့္ပုံပင္။

လြမ္႐ွီက ဒီတစ္ႀကိမ္ ျပန္မေျဖဘဲ ႐ွက္ေနဟန္ျဖင့္ ေခါင္းသာ ငုံ႔လိုက္သည္။

အခု အစ္ကိုအႀကီးဆုံးအေ႐ွ႕မွာ သူမ၏ တရားဝင္အစ္မျဖစ္သူႏွလုံးသားထဲမွ အနက္႐ိႈင္းဆုံးကို ေဖာ္ထုတ္တာ ေ႐ွာင္ဖို႔ အေကာင္းဆုံးပင္။

ခ်ီအာကုန္းဇီက ဘယ္လိုလူမ်ိဳးပဲျဖစ္ေနပါေစ လြမ္စန္းညန္က ေ႐ြးခ်ယ္ထားတာျဖစ္သည္။

သူမက သူ႕ကို လက္ထပ္ဖို႔ ဆုံးျဖတ္ၿပီးမွေတာ့ တျခားသူေတြရဲ႕ သနားၾကင္နာမႈကို ရဖို႔ သူမႏႈတ္ခမ္းကေန မေက်နပ္မႈေတြ ေျပာေနမယ့္အစား စိတ္ပိုင္းဆိုင္ရာကို ျပင္ဆင္ထားသင့္သည္။

ပိုးထည္ဝတ္စုံကို ေျပာင္းတာက လြယ္ကူသည့္အျပဳအမူမဟုတ္ေပ။ တစ္ဖက္လူမွ က်ားကိုစားဖို႔ ဝက္ကို ကစားျပသည္ ျဖစ္ပါမွပင္။

လြမ္စန္းညန္ ကံေကာင္းဖို႔ကို သူမ ဆုေတာင္းေပးသည္။

လြမ္ယြီဝန္ "..."

နင္းအာႏွင့္ ခ်ီအာကုန္းဇီ၏ လက္ထပ္သေဘာတူညီမႈက သူႏွင့္ သူ႕အေမရဲ႕ႏွလုံးသားထဲမွာ အၿမဲ ဆူးတစ္ေခ်ာင္းျဖစ္ေနသည္။

သူတို႔အေဖကို သူတို႔မေက်မနပ္မျဖစ္တာမ်ိဳး မဟုတ္ေပမယ့္လည္း ဒီလက္ထပ္မႈက သူတို႔ ေျပာင္းလဲလို႔မရေပ။

ၿပီးခဲ့တဲ့ရက္ပိုင္းတုန္းက သူ႕ညီမေလးက ေစ့စပ္တာ ဖ်က္သိမ္းခ်င္တယ္လို႔ ေျပာတုန္းက သူႏွင့္ အေမက စိတ္ထဲမွာ ေပ်ာ္႐ႊင္ေနမိသည္။

ဘယ္လိုေၾကာင့္မွန္းမသိဘဲ နင္းအာက ႐ုတ္တရက္ စိတ္ေျပာင္းသြားၿပီး သူမလက္ထပ္ပြဲကို ေပ်ာ္႐ႊင္စြာ စတင္ ျပင္ဆင္ေနသည္။ အဲ့တုန္းက သူႏွင့္ သူ႕အေမက နင္းအာကို မေကာင္းတာေတြမ်ား ပူးကပ္ေနသလားလို႔ေတာင္ သံသယဝင္မိမတတ္ျဖစ္သြားသည္။

အဆုံးမွာေတာ့ နင္းအာက နင္းအာ ျဖစ္ေနတုန္းဆိုတာ သူတို႔ အတည္ျပဳလိုက္သည္။ သူမက ႐ုတ္တရက္ အေတြးေတြကို ႐ွင္းထုတ္လိုက္႐ုံသာျဖစ္သည္။

"နင္းအာ တ့ေကာကို ႐ွာေနတာလား?" လြမ္ယြီဝမ္က ဒီကိစၥေၾကာင့္ စစ္ေမ့ႏွင့္ ခပ္တန္းတန္းျဖစ္သြားတာမ်ိဳးကို မလိုခ်င္လို႔ လ်င္ျမန္စြာ စကားလမ္းေၾကာင္းလႊဲလိုက္သည္။

လြမ္နင္းက သူမအစ္ကိုႀကီး၏ ေမးခြန္းကို ၾကားခ်ိန္မွာ သူမ အလည္လာသည့္ အေၾကာင္းရင္းကို ေနာက္ဆုံးမွာ မွတ္မိသြားကာ သူမ၏ စတုတၳညီမေလးကို မနာလိုဖို႔ စိတ္မ႐ွိေတာ့ေပ။ ၿပီးေတာ့ ဝမ္ထ်န္းက်ိဳးက သူ႕ဂုဏ္သတင္းကို ျမင့္ေအာင္ ဟန္ျပေနတာလည္း ျဖစ္ႏိုင္သည္။

လြမ္နင္းက သူမကိုယ္သူမ ေနာက္ထပ္တစ္ဖန္ ႏွစ္သိမ့္မႈေပးၿပီးေနာက္ ေခါင္းခါကာ ျပန္ေျဖလာသည္။ "မဟုတ္ဘူး ညီမေလးက စစ္ေမ့ကို လာ႐ွာတာ။ မနက္ျဖန္က်ရင္ ညီအစ္မတစ္ခ်ိဳ႕ကို ဖိတ္ၿပီးေတာ့ လက္ဖက္ရည္အခမ္းအနား လုပ္မလို႔ေလ။ စစ္ေမ့ပါလာၿပီး ညီမရဲ႕ မိတ္ေဆြ ညီအစ္မေတြနဲ႔ ရင္းႏွီးလာေအာင္လို႔ေလ။ ဒါေပမယ့္ မနက္ျဖန္ ဝမ္ကုန္းဇီက စစ္ေမ့ဆီလာလည္မယ္လို႔ ညီမမထင္ထားဘူး။ ႏွေျမာစရာပဲ"

လြမ္ယြီဝမ္ "..."

လြမ္႐ွီ၏ ႏႈတ္ခမ္း အနည္းငယ္တြန္႔သြားသည္။ ႏွေျမာစရာလို႔ေတာ့ သူမ မထင္ေပ။ သူမက အေအးမိတာကေန နာလန္ထူေနတဲ့ လူနာျဖစ္ေနတုန္းဆိုတာကို လြမ္စန္းညန္မ်ား ေမ့ေရာ့ေနေလသလား?

ထို႔အျပင္ သူမက ေနမေကာင္းမျဖစ္ေနရင္ေတာ့ လြမ္စန္းညန္၏လက္ဖက္ရည္အခမ္းအနားကို တက္မည္မဟုတ္ေပ။ သူမက နည္းနည္းေလးအလုပ္မ်ားေနတာ လြမ္စန္းညန္ရဲ႕ ညီအစ္မေတြနဲ႔ ေအးေအးေဆးေဆးေတြ႕ဖို႔ အခ်ိန္ ဘယ္မွာ႐ွိလဲ?

2023 Feb 06


Continue Reading

You'll Also Like

869K 72.3K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
4.1M 170K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
1.3M 69.2K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
1.6M 137K 46
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...