ချူရှင်း မင်းသားအန်းနဲ့ တွေ့ဆုံဖို့ နန်းပြင်ထွက်လာခဲ့ပေမယ့် အချင်းချင်းမမြင်ကြည်ကြသည့်နှစ်ဉီး မည်သို့ ပြောဆိုဆွေးနွေးရမည်မှန်း မသိသောကြောင့် အတော်လေး ဉီးနှောက်ခြောက်နေလေပြီ....
တော်ဝင်ညီလာခံမှာ မတည်မငြိမ်မှုတွေ ဖြစ်လာမှာစိုးတဲ့အတွက် မင်းသားအန်းကို ဘုရင်ခံအဖြစ် ယာယီအုပ်ချုပ်ခွင့်ပေးထားကြောင်း အမိန့်စာ အတုကိုလည်း ထုတ်ပြန်ကြေငြာခဲ့ရသေးတယ်....
မင်းသားအန်းရဲ့ နောက်ခံအင်အားကြောင့် အတင်းအဖျဉ်းများသည်လည်း အခြေမြစ်ရှိလိမ့်မည်မဟုတ်...
ကျင်းကျောက်ကလွဲရင် မင်းသားအန်းတစ်ဉီးတည်းကသာ တော်ဝင်သွေးရှိသူတစ်ဉီးဖြစ်တဲ့အပြင် ချူရှင်းရဲ့ ကူညီထောက်ပံ့ပေးမှုတွေပါရှိနေတဲ့အတွက် မည်သူမျှ မလှုပ်ရှားရဲတော့ပေ.....
ချူရှင်း ရှဲ့ဟယ်ကို အချိန်နဲ့အမျှ စိတ်ပူနေတာကြောင့် အပြင်မှာ ကြာငြာမနေနိုင်ခဲ့ပေ..ဒါ့ကြောင့် ရှဲ့ဟယ် မှာလိုက်တဲ့ ထန်ဟူလု နှစ်ချောင်းဝယ်ပြီး နန်းတော်ဆီ အသော့နှင်ခဲ့တယ်.....
သို့ပေမယ့် လမ်းတစ်ဝက်မှာတင် တားဆီးခံခဲ့ရတယ်.....
ချန်ချူံက ချူရှင်းရဲ့ မြင်းရှေ့မှာ ပိတ်ရပ်နေပြီး မီးဝင်းဝင်းတောက်နေတဲ့ အကြည့်တွေနဲ့ ကြည့်နေတယ်.....
ချူရှင်း သက်ပြင်းချလိုက်ပြီး....
" တခြားမှာ သွားပြောရအောင်...."
နှစ်ဉီးစလုံး မြင်းတွေကို သစ်ပင်မှာချည်ထားပြီး ခြေထောက်အောက်က မြက်ခင်းပြင်ကို အကြောင်းမဲ့ ငေ့းကြည့်နေကြတယ်....
ချူရှင်း လက်နှစ်ဖက်စလုံးနောက်ပစ်ထားပြီး လေညှင်းခံရင်း ......
" မင်း စိတ်ထဲရှိတာ အကုန်ပြောပါ....."
ချန်ချုံ ချူရှင်းကိုလှည့်ကြည့်လိုက်တဲ့အခါ သိပ်ကိုအံ့သြနေခဲ့မိတယ်....
သူဘာလို့ ဒီလောက် အေးဆေးနေတာလဲ....ရှောင်ယန်ကို သတ်လိုက်တဲ့ ဘုရင်ယုတ်ကို ဘယ်လိုကြောင့်များ လွယ်လွယ်လွှတ်ပေးနိုင်တာလဲ......
" မင်း ဟိုဘုရင်ယုတ်ဆီမှာ ကျဆုံးသွားပြီလား....."
" ကောင်းကင်၊မြေပြင်၊ အရှင်သခင်၊ ဆွေမျိုး၊ ဆရာသမားတို့အပေါ် သစ္စာစောင့်သိရမှာက ငါတို့တွေရဲ့တာဝန်တွေပါ....ဒါ့ကြောင့် အရှင်မင်းကြီးအပေါ် သစ္စာစောင့်သိရမယ်....ငါ အတိတ်က အမှားတွေကျူးလွန်ခဲ့ဖူးပေမယ့် ပြုပြင်ဖို့ ဆုံးဖြတ်လိုက်ပြီ....မင်းကြီးကို ဘယ်တော့မှ ပုန်ကန်မှာမဟုတ်ဘူး....."
ချူရှင်းရဲ့ အပြောကြောင့် ချန်ချုံ ဒေါသတကြီး အော်ဟစ်လေပြီ.....
"ဒါဆို ရှောင်ယန်ကရော....ဒီလိုပဲ ပြီးဆုံးသွားရတော့မှာလား.!!!!!"
ချူရှင်းရဲ့ မျက်ဝန်းတွေထဲမှာ ဝမ်းနည်းမှုအချို့ ဖြတ်ပြေးသွားပြီး.....
"တကယ့် တရားခံအစစ်ကို မင်းဆီပို့ပေးပြီးပြီလေ....."
ထိုအပြောကြောင့် ချန်ချုံပိုလို့ပင် ဒေါသထွက်လာပြီး.....
"ဒါပေမယ့် သတ်လိုက်တဲ့သူက ဘုရင်ယုတ်လေ....."
ဒီအကြောင်းတွေနဲ့ ပတ်သတ်ပြီး ချူရှင်း ရှင်းမပြချင်သလို ဆက်လည်း မပြောချင်တော့တာကြောင့် သက်ပြင်းချလိုက်ပြီး.....
"သစ္စာရှိပြီး ဖြောင့်မတ်ဖို့ဆိုတာ အပြောလွယ်ပေမယ့် သိပ်ကိုခက်ခဲတယ်....မင်းကြီး အမှားတွေကျူးလွန်ခဲ့ပေမယ့် ငါ သူ့အပေါ်
သစ္စာမဖောက်နိုင်ဘူး...."
" မင်းက မျက်ကန်းတစ္ဆေတစ်ယောက်ဖြစ်နေမှန်း ငါမသိခဲ့မိဘူး...... ဒီဘုရင်ယုတ်ကို ကောင်းကင်နဲ့ မြေပြင်အပါဝင် ပြည်သူပြည်သားတိုင်းက နာကြည်းမုန်းတီးနေကြတာ....ဒါနဲ့တောင် မင်း သူ့အပေါ် သစ္စာစောင့်သိချင်နေသေးတယ်ပေါ့....ရှောင်ယန်ကို ဘေးဖယ်ထားလိုက်ပါဉီး....သူ သတ်ခဲ့တဲ့သူတွေကို မင်းမေ့သွားပြီလား....သူက အမေကိုတောင် ပြန်သတ်ခဲ့တာကွ!!!!!"
ချူရှင်းရဲ့ အကြည့်တွေရော လေသံတွေပါအေးစက်လာပြီး.....
" ဘာဖြစ်လဲ....သေသင့်တဲ့ သူတွေမို့ သတ်ပစ်လိုက်တာပေါ့....."
ချန်ချုံ မယုံနိုင်သော အကြည့်တွေနဲ့ ချူရှင်းကို ကြည့်လိုက်ပြီး.....
" မင်း....ဘာပြောလိုက်တယ်...."
ချူရှင်း ရှင်းပြမနေတော့ဘူး....မင်းကြီးက အဖြစ်မှန်တွေကို လူသိခံမယ့်အစား ကဲ့ရဲ့ရှုံ့ချခံဖို့ကိုသာရွေးချယ်ခဲ့တယ် မဟုတ်လား....မင်းကြီး ခံစားခဲ့ရသမျှကို ဘေးလူတွေ နားလည်နိုင်ပါ့မလား.....
ဒါ့အပြင် မင်းကြီး ခံစားခဲ့ရတာတွေက သူတို့ ခံစားခဲ့ရတာတွေထက် အဆပေါင်းများစွာ ဆိုးရွှားလွန်းပါတယ်.....
ချူရှင်း ဒေါသထွက်နေတဲ့ ချန်ချုံကို လှည့်ကြည့်လိုက်ပြီး ဘာစကားမှ မပြောချင်တော့ဘူး...... သူနားလည်ပါတယ်...ဒီနေ့ပြီးရင် သူတို့သူငယ်ချင်းနှစ်ယောက် လမ်းခွဲရမယ်ဆိုတာ......
နောက်ဆုံမှာတော့ ချူရှင်း သူငယ်ချင်းအပေါ်သစ္စာဖောက်မိခဲ့တယ်...ဒါပေမယ့် နောင်တမရခဲ့မိပါဘူး.......
" မင်း ငါ့ကို ဖြောင်းဖို့ ကြိုးစားမနေနဲ့တော့ ....ငါ ဆုံးဖြတ်ပြီးသွားပြီ....."
ချူရှင်း ထိုသို့ပြောလိုက်ပြီး မြင်းပေါ်ခုန်တက်ကာ နန်းတော်ရှိရာဆီ အပြေးနှင်ဖို့ပြင်လိုက်တယ်......
ချန်ချုံက ချူရှင်းရဲ့ ကျောပြင်ကို တစိုက်မတ်မတ်ငေးကြည့်နေပြီး လှမ်းအော်လိုက်တယ်....
"မင်း သူ့အပေါ်လုပ်ခဲ့တာတွေကို မှတ်ရောမှတ်မိသေးရဲ့လား....မင်းရဲ့ နောင်တက အချိန်နှောင်းနေပြီ...သူ မင်းကို သတ်ချင်နေရင်ဘယ်လိုလုပ်မလဲ...."
"မင်းကြီး ငါ့ကို သေစေချင်ရင် ငါကလည်း သေပေးဖို့အသင့်ပဲ....."
ချူရှင်း နောက်လှည့်မကြည့်စတမ်း ထွက်ခွာသွားခဲ့ပါပြီ......
ချူရှင်း နန်းတော်ထဲ ပြန်ရောက်ချိန်မှာ ရင်ဘတ်ထဲ ထည့်သယ်လာတဲ့ ထန်ဟူလူတွေ နည်းနည်းပုံပျက်နေပြီ...ဒါပေမယ့် အချိန်နောက်ကျနေပြီဖြစ်တာကြောင့် ရှဲ့ဟယ်ကိုသူ လိုက်ရှာလိုက်တော့တယ်.....
ရှဲ့ဟယ်က ပန်းခြံလေးထဲမှာ တစ်ယောက်တည်း ထိုင်ပြီး မြေကျင်းလေးတွေတူးပြီး ပုရွက်ဆိတ်လေးတွေနဲ့ ဆော့ကစားနေတယ်......
ချူရှင်းကို မြင်တာနဲ့ အပြေးလေး သွားကြိုလိုက်ပြီး.....
" ရေးးး ဉီးဉီး ပြန်လာပြီ...."
" အင်း...ဒီမှာ မင်းအတွက် ထန်ဟူလူ ဝယ်လာတယ်....."
ရှဲ့ဟယ် နီရဲနေတဲ့လျှာလေးကို ထုတ်ပြီး ထန်ဟူလုကို နည်းနည်းချင်းစီ လျှက်နေတယ်...ချူရှင်း ဆက်မကြည့်ရဲတော့တာကြောင့် အကြည့်လွှဲလိုက်ပြီး အသံတိုးတိုးနဲ့...
" ပျော်ရဲ့လား...."
"အင်း...ဒီနေရာက အရမ်းကောင်းတယ်...ဒါပေမယ့် နည်းနည်းတော့ အထီးကျန်တယ်...."
ဒီ့အထက် ချူရှင်းလည်း ဘာမှမလုပ်ပေးနိုင်ခဲ့ပါဘူး...မင်းကြီးရဲ့ လက်ရှိအခြေနေကို လူမြင်ခံလို့မှမရတာ...ဒါ့ကြောင့် မြန်မြန် စကားလမ်းကြောင်းလွှဲလိုက်ပြီး.....
" ဒါဆို ဉီးဉီး သားနဲ့အတူကစားပေးမယ်လေ...."
ရှဲ့ဟယ် အပြုံးအကြီးကြီးပြုံးချလိုက်လေတယ်.....
စစ်မြေပြင်မှာ ရွပ်ရွပ်ချွံချွံတိုက်ခိုက်ခဲ့ဖူးတဲ့ စစ်သူကြီးတစ်ယောက်က ဂုဏ်သိက္ခာတွေ ဘာတွေ ထိန်းမနေဘဲ ငါးနှစ်သား အသိဉာဏ်ရှိသူတစ်ယောက်နဲ့ အတူကစားပေးနေသတဲ့.....
ဒိီမြင်ကွင်းကို သူ့လက်အောက်ငယ်သားတွေသာ မြင်သွားမယ်ဆို မျက်လုံးကျွတ်ကျသွားနိုင်တယ်.....
ရှဲ့ဟယ်ရဲ့မျက်နှာပေါ်က ဟန်ဆောင်မှုကင်းမဲ့နေတဲ့ အပြုံးလေးကို ချူရှင်း တမေ့တမော ငေးကြည့်နေမိတယ်....
ဒါဟာ မင်းကြီး သိပ်ကိုလိုလားတောင်းတခဲ့ဖူးတဲ့......လွတ်လပ်ပေါ့ပါးလှတဲ့ ဘဝတစ်ခုပါပဲ....ချစ်ခင်ပေးမယ့် မိဘ၊ အတူဆော့ကစားပေးမယ့် သူငယ်ချင်းတွေနဲ့အတူ ရိုးရှင်းစွာအတူရှိနေနိုင်မယ့် ဘဝမျိုးလေးပါပဲ.....
လူတိုင်းသာ နာကျင်မှုတွေကိုမေ့ထားနိုင်မယ်ဆို ဘယ်လောက်များကောင်းလိုက်မလဲ.....
ရှဲ့ဟယ်ရဲ့ အခုလို လွတ်လပ်ပေါ့ပါးနေမှုလေးဟာ တခဏတာအတွက်ပဲ ဖြစ်နေတာတော့ သိပ်ကို နှမြောစရာကောင်းလှပါတယ်....
ရှဲ့ဟယ်ရဲ့ လက်ရှိအသွင်အပြင်လေးကို ချူရှင်း နှမြောတသခြင်းများစွာနဲ့ ကြည့်နေခဲ့ရတယ်.....
ကစားရတာ မောလာတာကြောင့် ရှဲ့ဟယ် မြက်ခင်းပေါ် လှဲအိပ်လိုက်ပြီး......
" ဉီးဉီးကို ထူးဆန်းတာတစ်ခုပြောပြမယ်...."
" ဘာများတုန်း....."
" သား ဒီနေရာကို တစ်ခါမှ မရောက်ဖူးပေမယ့် ဒီနေရာကို ရင်းနှီးနေသလိုခံစားရတယ်....သား ဒီနေရာကို အိမ်မက် မက်ဖူးတယ်......"
ချူရှင်းက ရှဲ့ဟယ် ခေါင်းပေါ်က မြက်ပင်လေးတွေကိုဖယ်ပေးလိုက်ရင်း....
" သားက ဒီနေရာကို အိမ်မက်ထဲမှာ မြင်ဖူးတယ်ပေါ့....ဟုတ်လား..."
" ဟုတ်တယ်....ခဏခဏ မက်ဖူးတယ်...အိမ်မက်ထဲမှာ လူတစ်ယောက်ကိုလည်း အမြဲတွေ့ရတယ်....."
ချူရှင်း နှလုံးရပ်တော့မလိုပါပဲ.....ရှဲ့ဟယ် အိမ်မက်ထဲမှာ သူ့ကိုယ်သူပြန်မြင်နေခဲ့တာလား......
"အဲ့လူပြောတာတော့ သားက သူ့ရဲ့အရင်ဘဝတဲ့....."
"အရင်ဘဝတဲ့လား...."
မင်းကြီး ဘာတွေတွေးနေတာလဲ......
" ဟုတ်တယ်....သူကပြောသေးတယ်....သူကအပြစ်သားမို့လို့ မဆုံးမရှိနှိပ်စက်ခံနေရတာတဲ့....ဒီနေရာကြီးက သူ့အတွက် ဘယ်တော့မှ မလွ်မြောက်နိုင်တဲ့ လှောင်အိမ်ကြီးတဲ့....ဒါပေမယ့် သေသွားပြီးရင်တော့ လွတ်မြောက်မှာတဲ့.....နောင်ဘဝကျရင် တော်ဝင်မိသားစုဆီမှာ မွေးမလာချင်ဘူးလို့လဲပြောသေးတယ်....သူက သာမာန်လူတစ်ယောက်လို မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်နေချင်တာ...အရမ်းမချမ်းသာရင်နေ စားနိုင်သောက်နိုင်ရုံလောက်ဆိုတော်ပြီတဲ့.....အဲ့တော့ သူရဲ့အရင်ဘဝဖြစ်တဲ့ သားကို ကောင်းကောင်းနေလား မနေလား လာကြည့်တာတဲ့....သား လိမ်လိမ်မာမာနေတာ့မြင်တော့ သူ စိတ်ချသွားပြီလို့လဲ ပြောသွားသေးတယ်....."
ချူရှင်း အေးစက်တောင့်တင်းလာတဲ့အပြင် စကားပြောဖို့ကိုတောင် မနည်းအားယူနေရတယ်....
" ပြီး..ပြီးတော့ရော....."
ရှဲ့ဟယ်က သေချာပြန်စဉ်းစားနေတဲ့ အမူအရာလေးနဲ့.......
"သူ့အကြောင်းတွေ ခဏခဏမက်တယ်...သူ့ဆန္ဒတွေ ပြည့်ဝပြီပြောလိုက်ပြီးကတည်းက ထပ် မမက်တော့ဘူး.....သား ဒီနေရာကိုသာရောက်မလာရင် သူ့အကြောင်းသတိရမှာတောင်မဟုတ်တော့ဘူး....သား အိမ်မက်က တကယ်ကြီးလားဟင်...."
ချူရှင်း မျက်လုံးတွေ မှိတ်လိုက်ပြီး.....
" ဖြစ်နိုင်ပါတယ်...."
ချူရှင်းရဲ့ အဖြေကြောင့် ရှဲ့ဟယ် တုန်လှုပ်သွားပုံရပြီး ချူရှင်းရဲ့ လက်မောင်းကို ကိုင်လိုက်ကာ......
" ဉီးဉီး...အပြစ်သားဆိုတာ ဘာလဲဟင်....အိမ်မက်ထဲကလူက ဘာလို့ သူ့ကိုယ်သူ အပြစ်သားလို့ပြောသွားတာလဲဟင်....."
" သူက အပြစ်သားမဟုတ်ပါဘူး....အသက်ရှင်စဉ်တုန်းကအမှားတချို့ လုပ်မိခဲ့တဲ့သူပါ....."
" ဟင်!!!ဒါပေမယ့် သူ့ကိုယ်သူ အပြစ်သားလို့ပြောသွားတာကို....."
ချူရှင်းက ရှဲ့ဟယ်ရဲ့ မျက်နှာလေးကို လက်ခုပ်ထဲထည့်လိုက်ပြီး.....
"မဟုတ်ဘူး....သူသာ တကယ်အပြစ်သားဖြစ်တယ်ဆို ငရဲရှစ်ထပ်ဆီရောက်နေမှာပေါ့...ဘယ်လိုလုပ် လူဝင်စားဖြစ်နိုင်မှာလဲ....ဒါ့ကြောင့် သူက အပြစ်သားလုံးဝမဟုတ်ဘူး......."
ရှဲ့ဟယ် ဇဝေဇဝါဖြစ်နေပုံရတယ်...ချူရှင်းကို သတိလက်လွတ်ငေးကြည့်နေတယ်လေ.....
ချူရှင်း ရှဲ့ဟယ်ရဲ့ မျက်ရည်တွေကို သုတ်ပေးလိုက်ပြီး မျက်ဝန်းလှလှလေးတွေကို ငေးကြည့်နေခဲ့မိတယ်.....
ဒီအိမ်မက်က အရှင်မင်းကြီးသိပ်ကို လိုလားတောင့်တခဲ့တဲ့ ဆန္ဒတွေအကြောင်းမဟုတ်လား.....
နောင်ဘဝမှာ တော်ဝင်မိသားစုဝင်တစ်ယောက်မဟုတ်ဘဲ သာမာန်မိသားစုလေးမှာ မွေးဖွားလာတဲ့ လွတ်လပ်ပေါ့ပါးတဲ့ သာမာန်လူတစ်ယောက်ဖြစ်ချင်ခဲ့လို့ ကောင်းကောင်းမွန်မွန်မြှုပ်နှံသဂြိုလ်ပေးဖို့ တောင်းဆိုခဲ့တာမဟုတ်လား....
ဒီအိမ်မက်လေးက အမှောင်ကမ္ဘာထဲမှာ ပိတ်မိနေတဲ့ မင်းကြီးအတွက် တစ်ခုတည်းသောယုံကြည်ချက်လေးတစ်ခုဖြစ်ခဲ့တယ်.....
ကျွန်တော်မျိုးကသာ ပြန်လည်ဝင်စားဖို့မသင့်တဲ့သူပါ မင်းကြီးရယ်.......
[ တင်းတောင်....ပစ်မှတ်ရဲ့ နှစ်သက်မှု 2မှတ် ထပ်တိုးပါတယ်... စုစုပေါင်း 98 မှတ်ပါ....]
[ 444: Hostတာ့တာ့ ဘယ်အချိန်ထိ ကလေးလေးလို သရုပ်ဆောင်နေဉီးမှာလဲ. ....]
ငါးရက်ရှိနေပြီ....Hostတာ့တာ့ရဲ့ ကလေးလို ချစ်စရာကောင်းတဲ့ အပြုအမူတွေကို မြင်ရတာ မျက်လုံးတွေလည်း နာလှပါပြီ.....ငါလေး ထပ်ပြီးသည်းမခံနိုင်တော့ဘူး.......
[ ရှဲ့ဟယ်: ရက်နည်းနည်းလောက်ပါပဲ....]
【444:……】
[ ရှဲ့ဟယ်: ဘေဘီကငယ်သေးတယ်....ကလေးဘဝက ဘယ်လောက်အဖိုးတန်သလဲဆိုတာ ဘေဘီ ကြီးလာမှနားလည်လာလိမ့်မယ်......]
【444:……】
ရက်အနည်းငယ်ကြာပြီးနောက်.....
ရှဲ့ဟယ် ခါတိုင်းနဲ့မတူဘဲ စိတ်ဆိုးနေပုံရတယ်.....
" ဉီးဉီး....ဖေဖေပြန်မလာသေးဘူးလား...ဘယ်တော့မှပြန်လာမှာလဲ....."
" သိပ်မကြာခင်ပြန်လာတော့မှာပါ....."
သို့ပေမယ့်လည်း ရှဲ့ဟယ် ခါတိုင်းလိုပြုံးမနေဘဲ ကြောက်လန့်တကြားဖြစ်သွားပုံနဲ့.....
" ဖေဖေက သားကိုမလိုချင်တော့လို့လားဟင်....."
" မဟုတ်တာ...ဘာလို့ အဲ့လိုထင်ရတာလဲ...."
" ဖေဖေနဲ့ တခါမှအကြာကြီးမခွဲဖူးဘူး....ဖေဖေ့ကိုလွမ်းတယ်.....အူးဝါးးးးးးးးးး"
ချူရှင်း ခေါင်းကိုက်နေပါပြီ....ရှဲ့ဟယ်ရဲ့အဖေကို ဘယ်အရပ်မှာ သွားရှာပေးရပါ့မလဲ.....
ချော့နေပေမယ့်လည်း ရှဲ့ဟယ် သည်းကြီးမည်းကြီး အော်ငိုနေတယ်.....
ချူရှင်းလဲ ခေါင်းတွေ အစိတ်စိတ်ကွဲတော့မတတ်ထိုးကိုက်နေပြီ....
ဒါပေမယ့် ရှဲ့ဟယ် ပြောခဲ့ဖူးတဲ့နာမည်ကို ရုတ်တရက်သတိရမိလိုက်တယ်....
ယန်ကျင်း.....
ယန်ရှန်း......
ယန်ရှန်းက မင်းကြီးအနားမှာ တစ်ချိန်လုံးရှိနေတဲ့သူဆိုတော့....ရှဲ့ဟယ်ရဲ့ စိတ်ကူးယဉ် အဖေက ယန်ရှန်းများဖြစ်နေမလား.....
ချူရှင်း သိလိုစိတ်နဲ့ ထုတ်မေးလိုက်တယ်.....
" သား ဖေဖေနာမည် ဘယ်လိုခေါ်လဲ....."
ရှဲ့ဟယ် သည်းထန်စွာအော်ငိုနေရင်းကနေ.....
" ဖေဖေ့နာမည်က ယန်ရှန်း......"
ချူရှင်း ခါးသက်စွာပြုံးလိုက်မိပါတယ်....
မင်းကြီးရဲ့စိတ်ထဲမှာ ယန်ရှန်းက အဖေတစ်ယောက်လို အမြဲကာကွယ်စောင့်ရှောက်ပေးခဲ့တဲ့သူ.....ချူရှင်းကတော့ နာကျင်အောင် နှိပ်စက်ညှင်းပန်းခဲ့သူ......
ချူရှင်း နာကျင်ရခြင်းတွေကို အနိုင်နိုင်မြိုသိပ်လိုက်ပြီး ရှဲ့ဟယ်ရဲ့ ကျောပြင်လေးကို ပွတ်သပ်ပေးနေခဲ့တယ်.....
"စိတ်မဆိုးပါနဲ့....သား ဖေဖေ မကြာခင်ပြန်လာတော့မှာပါ....."
ချူရှင်း ရှဲ့ဟယ်ကို ချော့သိပ်ပြီး အခန်းထဲကထွက်လာခဲ့တယ်.....
အခန်းပြင်ရောက်တာနဲ့ ငယ်သားတစ်ယောကိုခေါ်ပြီး.....
" ယန်ရှန်းကို နန်းတွင်းထဲ ဆင့်ခေါ်လိုက်....."
ယန်ရှန်း ခင်မျာမှာလည်း အချိန်တိုင်းပူပန်နေခဲ့ရပါတယ်....မင်းကြီးနားမှာနေပေးချင်ပေမယ့်လည်း အငြိုးကြီးလှတဲ့ ချူရှင်းက မင်းသာအန်းတစ်ယောက်ကိုပဲ ဝင်ခွင့် ပေးခဲ့တယ်.....
သူ့ကို ချူရှင်းက မင်းကြီးနားမှာ စိတ်ချလက်ချထားပေးမှာမဟုတ်ကြောင်း ယန်ရှန်းနားလည်ပါတယ်....မင်းကြီးဘေးကင်းစေဖို့အတွက်လည်း နန်းတော်ထဲဝင်ချင်စိတ်ကို အကြိမ်ကြိမ်ချိုးနှိမ်ထားခဲ့ရတယ်....မင်းကြီးဘေးကင်းနေသ၍ သူ့အတွက် အဆင်ပြေပါတယ်......
ဒါ့ကြောင့် ချူရှင်းဆီက ဆင့်ခေါ်စာရောက်လာချိန်မှာ ယန်ရှန်းအတော်ထိတ်လန့်သွားခဲ့တယ်....မင်းကြီးတစ်ခုခုများဖြစ်နေပြီလား......
ထောင်ချောက်ဆင်ထားမယ်ဆိုရင်တောင် ယန်ရှန်း ဂရုစိုက်မတော့ဘဲ နန်းတော်ဆိီ အပြေးနှင်ခဲ့တယ်.....
ချူရှင်း ယန်ရှန်းကို ရှုပ်ထွေးတဲ့အကြည့်တွေနဲ့ ကြည့်လိုက်မိတယ်....
ဒီလူဟာ မိန်းမစိုးတစ်ယောက်ဖြစ်နေသည့်တိုင် မင်းကြီး အယုံကြည်ရဆုံးသူဖြစ်နေတယ်.....
ချူရှင်း ယန်ရှန်းကို အထဲခေါ်လိုက်ပြီး.....
" မင်းကြီးက မင်းကိုတွေ့ချင်နေတယ်...."
ယန်ရှန်း ချူရှင်းကို သတိပေးတဲ့အကြည့်မျိုးနဲ့ ကြည့်လိုက်ပြီး နန်းတွင်းထဲဝင်လာခဲ့တယ်....
ယန်ရှန်းကို မြင်လိုက်တာနဲ့ ရှဲ့ဟယ်ရဲ့ မျက်နှာလေး ဝင်းပလာပြီး.....
" ဖေဖေပြန်လာပြီ ဟေးးးးးးး!!!!"
ယန်ရှန်းရဲ့ နှလုံးသားတစ်ခုလုံးတုန်ခါသွားခဲ့ရတယ်.....မင်းကြီးရဲ့ လက်ရှိအခြေနေကို သိထားပြီးတာကြောင့် အသုံးနှုန်းတွေကိုပြင်လိုက်ပြီး.....
" အင်း...ဖေဖေပြန်ရောက်ပြီ....."
ရှဲ့ဟယ်ရဲ့မျက်နှာပေါ်က မှုန်မှိုင်းမှုတွေ နေလာနှင်းသဖွယ်ကွယ်ပျောက်သွားပြီး ယန်ရှန်းရဲ့လက်ကို မလွတ်စတမ်း ဖမ်းဆွဲထားရှာတယ်.....
ယန်ရှန်း မင်းကြီးရဲ့ မျက်လုံးတွေကို ငေးကြည့်နေတယ်.....
ဘယ်လိုတွေပြောင်းလဲသွားပါစေ ဒီကောင်လေးဟာ သူသိပ်ချစ်ရတဲ့ မင်းကြီး ဖြစ်နေဆဲပါပဲ..
သူ့ရဲ့မင်းကြီးက သူ့ကိုယ်သူမမှတ်မိနိုင်တော့တာတောင် မသိစိတ်ကနေ သူ့ (ယန်ရှန်း)အပေါ် အားကိုးယုံကြည်ထိုက်သူအဖြစ်
အမှတ်ရပေးနေဆဲပါပဲ.....
ယန်ရှန်းအတွက်တော့ ဒီဘဝမှာ ဘာကိုမှ ထပ်မလိုတော့တဲ့အထိ ပြည့်စုံစေခဲ့ပါတယ်......
[တင်းတောင် ယန်ရှန်းရဲ့နှစ်သက်မှု 2မှတ်ထပ်တိုးပါတယ်...စုစုပေါင်း အမှတ် 100ပါ.....]
ရှဲ့ဟယ် အိပ်ပျော်သွားတဲ့အထိ ယန်ရှန်း တစ်ချိန်လုံးအနားမှာရှိနေပေးခဲ့တယ်....
အိပ်ပျော်သွားတဲ့ ရှဲ့ဟယ်ကို ကြည့်ပြီး ယန်ရှန်းပြုံးလိုက်ကာ ခြေလှမ်းဖွဖွလှမ်းပြီး အခန်းပြင်ထွက်လာခဲ့တယ်......
အခန်းပြင်မှာ တချိန်လုံး မတ်တပ်ရပ်နေခဲ့တဲ့ ချူရှင်းကို မြင်လိုက်တာနဲ့ ယန်ရှန်း မီးဝင်းဝင်းတောက်နေတဲ့ အကြည့်နဲ့ ကြည့်လိုက်ပြီး.....
" ကျုပ် မင်းကြီးနားမှာပဲနေတော့မယ်....."
"ကောင်းပြီ...."
မင်းကြီး စိတ်ချမ်းသာဖို့အတွက် ယန်ရှန်းကို ပြန်လွှတ်လိုက်လို့မဖြစ်သေးဘူး....
ဒီမိန်းမစိုးရဲ့လက်မှာ လူပေါင်းများစွာရဲ့သွေးတွေစွန်းထင်နေတယ်.....လူတိုင်းရဲ့အမြင်မှာတော့ ယန်ရှန်းဟာ မင်းကြီးခိုင်းသမျှတိုင်းကို ရက်စက်စွာကျူးလွန်တတ်တဲ့ အလိုတော်ရိတစ်ယောက်ဖြစ်နေပေမယ့် မင်းကြီးအတွက်တော့ ယန်ရှန်းဟာ တစ်ဉီးတည်းသော ယုံကြည်အားကိုးထိုက်သူတစ်ယောက်ဖြစ်ခဲ့တယ်.....
ယန်ရှန်းဟာ မင်းကြီးသာပျော်ရွှင်နိုင်မယ်ဆို သူ့အသက်ကိုတောင်အလေးမထားဘဲ ပေးဆပ်ဝံ့သူပါ.....
ချူရှင်း အရင်တုန်းက ဒါတွေကိုနားမလည်နိုင်ခဲ့ပေမယ့် အခုချိန်မှာ နားလည်နိူင်ခဲ့ပါပြီ.....
သူကတော့ ယန်ရှန်းလို ကိုယ်ကျင့်တရားတွေ သိက္ခာတရားတွေ ထည့်မတွက်ဘဲ မင်းကြီးတစ်မျက်နှာတည်းသာ ကြည့်တတ်တဲ့သူ မဟုတ်နိုင်ခဲ့ဘူး....
ဒီနေရာမှာ မင်းသားအန်းရော ချူရှင်းပါ ယန်ရှန်းကိုမယှဉ်နိုင်ခဲ့ပါဘူး.....
သူတို့တစ်ဉီးစီတိုင်းမှာ ကိုယ့်ရဲ့ဖြစ်တည်မှုတွေ၊ ကိုယ်ပိုင်အတွေးအမြင်တွေ၊ လုပ်နိုင်ခြင်းတွေ၊ မလုပ်နိူင်ခြင်းတွေရှိနေပေမယ့် ယန်ရှန်းကတော့ ဒါတွေ အားလုံးနဲ့ ကင်းလွတ်နေသူပါ......
မင်းကြီးရဲ့ နှစ်သက်မှု၊ မုန်းတီးမှုတစ်ခုချင်းစီတိုင်းကို ယန်ရှန်းကသာ သင်ပြပေးခဲ့တာပါ....
ချူရှင်း လက်သီးဆုပ်ထားတာကို ဖြေချလိုက်တယ်....မင်းကြီးသာ ပျော်နေမယ်ဆို ယန်ရှန်းကို သည်းခံရမှာပဲ......သူသိပ်ချစ်ရတဲ့မင်းကြီးနားမှာ မင်းကြီးကို ချစ်နေတဲ့ ယန်ရှန်းရှိနေတာကို သည်းခံပေးရုံပါပဲ......
"မင်းကြီး အခြေနေသိပ်မကောင်းဘူး....မင်း သူ့အနားကနေတဖဝါးမှမခွာနဲ့....မင်းကြီးကို စိတ်မပျက်စေနဲ့....."
ဒီစကားကြားတော့ ယန်ရှန်း လှောင်ပြုံး ပြုံးလိုက်မိတယ်.....
" ဒီကိစ္စနဲ့ ပတ်သတ်ရင် စစ်သူကြီးချူ ကျုပ်ကို ညွှန်ကြားနေစရာမလိုပါဘူး....."
ချူရှင်း ခါးသက်စွာ ရယ်မောလိုက်ပြီး ဘာမှထပ်မပြောတော့ပေ.......
တကယ်လည်း ချူရှင်းမှာ အဲ့လိုပြောဖို့ အရည်အချင်းမရှိခဲ့ပါဘူး....
အဲ့နေ့ကတည်းကစပြီစ ချူရှင်း ရှဲ့ဟယ်ကိုနေ့တိုင်းလာကြည့်ဖြစ်ခဲ့တယ်....ဒါပေမယ့် ယန်ရှန်းနဲ့ ပျော်ရွှင်ရယ်မောနေတာလေးကို ခမ်းလှမ်းလှမ်းကနေသာ ငေးကြည့်နေခဲ့တယ်......
လက်ရှိ သူ့မှာ ဘာမျှော်လင့်ချက်မှ မရှိတော့ဘူးဆိုပေမယ့် မင်းကြီး ပျော်ရွှင်နေတာကို မြင်နိုင်သမျှ ကာလပတ်လုံး ကျေနပ်ဝမ်းမြောက်နေခဲ့ရပါတယ်.....
တစ်နေ့.... ရှဲ့ဟယ် အိပ်ရာနိုးလာချိန်မှာ ယန်ရှန်းကို မမှတ်မိတော့တဲ့အပြင် သူစိမ်းနေရာတစ်ခုကိုရောက်နေသလို ကြောက်လန့်တုန်ရီနေတယ်.....ယန်ရှန်းကိုလည်း အနားကပ်မခံတော့ဘူး....
ချူရှင်း သတင်းကြားကြားချင်း စိုးရိမ်မှုအကြည်နဲ့ အပြေးသွားကြည့်ခဲ့တယ်.....
ရှဲ့ဟယ်က ချူရှင်းကိုမြင်တာနဲ့ အသက်ဘေးကနေကယ်ဆယ်ပေးမယ့်သူတစ်ယောက်ကိုတွေ့လိုက်သည့်နှယ် ပြေးဖက်လိုက်ပြီး.....
" ချူသာ့ကော....."
ချူရှင်း တောင့်တင်းသွားတယ်......
" ဘယ်...ဘယ်လိုခေါ်လိုက်တယ်....."
ရှဲ့ဟယ် ပြုံးပြီး ဖြေလိုက်တာက.....
" ချုတာ့ကောက ကျွန်တော့်ကို မမှတ်မိဘူးလား....ကျွန်တော်....ရှောင်ယန်လေ......"
Zawgyi
ခ်ဴ႐ွင္း မင္းသားအန္းနဲ႔ ေတြ႕ဆုံဖို႔ နန္းျပင္ထြက္လာခဲ့ေပမယ့္ အခ်င္းခ်င္းမျမင္ၾကည္ၾကသည့္ႏွစ္ဉီး မည္သို႔ ေျပာဆိုေဆြးေႏြးရမည္မွန္း မသိေသာေၾကာင့္ အေတာ္ေလး ဉီးေႏွာက္ေျခာက္ေနေလၿပီ....
ေတာ္ဝင္ညီလာခံမွာ မတည္မၿငိမ္မႈေတြ ျဖစ္လာမွာစိုးတဲ့အတြက္ မင္းသားအန္းကို ဘုရင္ခံအျဖစ္ ယာယီအုပ္ခ်ဳပ္ခြင့္ေပးထားေၾကာင္း အမိန္႔စာ အတုကိုလည္း ထုတ္ျပန္ေၾကျငာခဲ့ရေသးတယ္....
မင္းသားအန္းရဲ႕ ေနာက္ခံအင္အားေၾကာင့္ အတင္းအဖ်ဥ္းမ်ားသည္လည္း အေျချမစ္႐ွိလိမ့္မည္မဟုတ္...
က်င္းေက်ာက္ကလြဲရင္ မင္းသားအန္းတစ္ဉီးတည္းကသာ ေတာ္ဝင္ေသြး႐ွိသူတစ္ဉီးျဖစ္တဲ့အျပင္ ခ်ဴ႐ွင္းရဲ႕ ကူညီေထာက္ပံ့ေပးမႈေတြပါ႐ွိေနတဲ့အတြက္ မည္သူမွ် မလႈပ္႐ွားရဲေတာ့ေပ.....
ခ်ဴ႐ွင္း ႐ွဲ႕ဟယ္ကို အခ်ိန္နဲ႔အမွ် စိတ္ပူေနတာေၾကာင့္ အျပင္မွာ ၾကာျငာမေနႏိုင္ခဲ့ေပ..ဒါ့ေၾကာင့္ ႐ွဲ႕ဟယ္ မွာလိုက္တဲ့ ထန္ဟူလု ႏွစ္ေခ်ာင္းဝယ္ၿပီး နန္းေတာ္ဆီ အေသာ့ႏွင္ခဲ့တယ္.....
သို႔ေပမယ့္ လမ္းတစ္ဝက္မွာတင္ တားဆီးခံခဲ့ရတယ္.....
ခ်န္ခ်ံဴက ခ်ဴ႐ွင္းရဲ႕ ျမင္းေ႐ွ႕မွာ ပိတ္ရပ္ေနၿပီး မီးဝင္းဝင္းေတာက္ေနတဲ့ အၾကည့္ေတြနဲ႔ ၾကည့္ေနတယ္.....
ခ်ဴ႐ွင္း သက္ျပင္းခ်လိုက္ၿပီး....
" တျခားမွာ သြားေျပာရေအာင္...."
ႏွစ္ဉီးစလုံး ျမင္းေတြကို သစ္ပင္မွာခ်ည္ထားၿပီး ေျခေထာက္ေအာက္က ျမက္ခင္းျပင္ကို အေၾကာင္းမဲ့ ေင့းၾကည့္ေနၾကတယ္....
ခ်ဴ႐ွင္း လက္ႏွစ္ဖက္စလုံးေနာက္ပစ္ထားၿပီး ေလညႇင္းခံရင္း ......
" မင္း စိတ္ထဲ႐ွိတာ အကုန္ေျပာပါ....."
ခ်န္ခ်ံဳ ခ်ဴ႐ွင္းကိုလွည့္ၾကည့္လိုက္တဲ့အခါ သိပ္ကိုအံ့ၾသေနခဲ့မိတယ္....
သူဘာလို႔ ဒီေလာက္ ေအးေဆးေနတာလဲ....ေ႐ွာင္ယန္ကို သတ္လိုက္တဲ့ ဘုရင္ယုတ္ကို ဘယ္လိုေၾကာင့္မ်ား လြယ္လြယ္လႊတ္ေပးႏိုင္တာလဲ......
" မင္း ဟိုဘုရင္ယုတ္ဆီမွာ က်ဆုံးသြားၿပီလား....."
" ေကာင္းကင္၊ေျမျပင္၊ အ႐ွင္သခင္၊ ေဆြမ်ိဳး၊ ဆရာသမားတို႔အေပၚ သစၥာေစာင့္သိရမွာက ငါတို႔ေတြရဲ႕တာဝန္ေတြပါ....ဒါ့ေၾကာင့္ အ႐ွင္မင္းႀကီးအေပၚ သစၥာေစာင့္သိရမယ္....ငါ အတိတ္က အမွားေတြက်ဴးလြန္ခဲ့ဖူးေပမယ့္ ျပဳျပင္ဖို႔ ဆုံးျဖတ္လိုက္ၿပီ....မင္းႀကီးကို ဘယ္ေတာ့မွ ပုန္ကန္မွာမဟုတ္ဘူး....."
ခ်ဴ႐ွင္းရဲ႕ အေျပာေၾကာင့္ ခ်န္ခ်ံဳ ေဒါသတႀကီး ေအာ္ဟစ္ေလၿပီ.....
"ဒါဆို ေ႐ွာင္ယန္ကေရာ....ဒီလိုပဲ ၿပီးဆုံးသြားရေတာ့မွာလား.!!!!!"
ခ်ဴ႐ွင္းရဲ႕ မ်က္ဝန္းေတြထဲမွာ ဝမ္းနည္းမႈအခ်ိဳ႕ ျဖတ္ေျပးသြားၿပီး.....
"တကယ့္ တရားခံအစစ္ကို မင္းဆီပို႔ေပးၿပီးၿပီေလ....."
ထိုအေျပာေၾကာင့္ ခ်န္ခ်ံဳပိုလို႔ပင္ ေဒါသထြက္လာၿပီး.....
"ဒါေပမယ့္ သတ္လိုက္တဲ့သူက ဘုရင္ယုတ္ေလ....."
ဒီအေၾကာင္းေတြနဲ႔ ပတ္သတ္ၿပီး ခ်ဴ႐ွင္း ႐ွင္းမျပခ်င္သလို ဆက္လည္း မေျပာခ်င္ေတာ့တာေၾကာင့္ သက္ျပင္းခ်လိုက္ၿပီး.....
"သစၥာ႐ွိၿပီး ေျဖာင့္မတ္ဖို႔ဆိုတာ အေျပာလြယ္ေပမယ့္ သိပ္ကိုခက္ခဲတယ္....မင္းႀကီး အမွားေတြက်ဴးလြန္ခဲ့ေပမယ့္ ငါ သူ႕အေပၚ
သစၥာမေဖာက္ႏိုင္ဘူး...."
" မင္းက မ်က္ကန္းတေစၧတစ္ေယာက္ျဖစ္ေနမွန္း ငါမသိခဲ့မိဘူး...... ဒီဘုရင္ယုတ္ကို ေကာင္းကင္နဲ႔ ေျမျပင္အပါဝင္ ျပည္သူျပည္သားတိုင္းက နာၾကည္းမုန္းတီးေနၾကတာ....ဒါနဲ႔ေတာင္ မင္း သူ႕အေပၚ သစၥာေစာင့္သိခ်င္ေနေသးတယ္ေပါ့....ေ႐ွာင္ယန္ကို ေဘးဖယ္ထားလိုက္ပါဉီး....သူ သတ္ခဲ့တဲ့သူေတြကို မင္းေမ့သြားၿပီလား....သူက အေမကိုေတာင္ ျပန္သတ္ခဲ့တာကြ!!!!!"
ခ်ဴ႐ွင္းရဲ႕ အၾကည့္ေတြေရာ ေလသံေတြပါေအးစက္လာၿပီး.....
" ဘာျဖစ္လဲ....ေသသင့္တဲ့ သူေတြမို႔ သတ္ပစ္လိုက္တာေပါ့....."
ခ်န္ခ်ံဳ မယုံႏိုင္ေသာ အၾကည့္ေတြနဲ႔ ခ်ဴ႐ွင္းကို ၾကည့္လိုက္ၿပီး.....
" မင္း....ဘာေျပာလိုက္တယ္...."
ခ်ဴ႐ွင္း ႐ွင္းျပမေနေတာ့ဘူး....မင္းႀကီးက အျဖစ္မွန္ေတြကို လူသိခံမယ့္အစား ကဲ့ရဲ႕႐ႈံ႕ခ်ခံဖို႔ကိုသာေ႐ြးခ်ယ္ခဲ့တယ္ မဟုတ္လား....မင္းႀကီး ခံစားခဲ့ရသမွ်ကို ေဘးလူေတြ နားလည္ႏိုင္ပါ့မလား.....
ဒါ့အျပင္ မင္းႀကီး ခံစားခဲ့ရတာေတြက သူတို႔ ခံစားခဲ့ရတာေတြထက္ အဆေပါင္းမ်ားစြာ ဆိုး႐ႊားလြန္းပါတယ္.....
ခ်ဴ႐ွင္း ေဒါသထြက္ေနတဲ့ ခ်န္ခ်ံဳကို လွည့္ၾကည့္လိုက္ၿပီး ဘာစကားမွ မေျပာခ်င္ေတာ့ဘူး...... သူနားလည္ပါတယ္...ဒီေန႔ၿပီးရင္ သူတို႔သူငယ္ခ်င္းႏွစ္ေယာက္ လမ္းခြဲရမယ္ဆိုတာ......
ေနာက္ဆုံမွာေတာ့ ခ်ဴ႐ွင္း သူငယ္ခ်င္းအေပၚသစၥာေဖာက္မိခဲ့တယ္...ဒါေပမယ့္ ေနာင္တမရခဲ့မိပါဘူး.......
" မင္း ငါ့ကို ေျဖာင္းဖို႔ ႀကိဳးစားမေနနဲ႔ေတာ့ ....ငါ ဆုံးျဖတ္ၿပီးသြားၿပီ....."
ခ်ဴ႐ွင္း ထိုသို႔ေျပာလိုက္ၿပီး ျမင္းေပၚခုန္တက္ကာ နန္းေတာ္႐ွိရာဆီ အေျပးႏွင္ဖို႔ျပင္လိုက္တယ္......
ခ်န္ခ်ံဳက ခ်ဴ႐ွင္းရဲ႕ ေက်ာျပင္ကို တစိုက္မတ္မတ္ေငးၾကည့္ေနၿပီး လွမ္းေအာ္လိုက္တယ္....
"မင္း သူ႕အေပၚလုပ္ခဲ့တာေတြကို မွတ္ေရာမွတ္မိေသးရဲ႕လား....မင္းရဲ႕ ေနာင္တက အခ်ိန္ေႏွာင္းေနၿပီ...သူ မင္းကို သတ္ခ်င္ေနရင္ဘယ္လိုလုပ္မလဲ...."
"မင္းႀကီး ငါ့ကို ေသေစခ်င္ရင္ ငါကလည္း ေသေပးဖို႔အသင့္ပဲ....."
ခ်ဴ႐ွင္း ေနာက္လွည့္မၾကည့္စတမ္း ထြက္ခြာသြားခဲ့ပါၿပီ......
ခ်ဴ႐ွင္း နန္းေတာ္ထဲ ျပန္ေရာက္ခ်ိန္မွာ ရင္ဘတ္ထဲ ထည့္သယ္လာတဲ့ ထန္ဟူလူေတြ နည္းနည္းပုံပ်က္ေနၿပီ...ဒါေပမယ့္ အခ်ိန္ေနာက္က်ေနၿပီျဖစ္တာေၾကာင့္ ႐ွဲ႕ဟယ္ကိုသူ လိုက္႐ွာလိုက္ေတာ့တယ္.....
႐ွဲ႕ဟယ္က ပန္းျခံေလးထဲမွာ တစ္ေယာက္တည္း ထိုင္ၿပီး ေျမက်င္းေလးေတြတူးၿပီး ပု႐ြက္ဆိတ္ေလးေတြနဲ႔ ေဆာ့ကစားေနတယ္......
ခ်ဴ႐ွင္းကို ျမင္တာနဲ႔ အေျပးေလး သြားႀကိဳလိုက္ၿပီး.....
" ေရးးး ဉီးဉီး ျပန္လာၿပီ...."
" အင္း...ဒီမွာ မင္းအတြက္ ထန္ဟူလူ ဝယ္လာတယ္....."
႐ွဲ႕ဟယ္ နီရဲေနတဲ့လွ်ာေလးကို ထုတ္ၿပီး ထန္ဟူလုကို နည္းနည္းခ်င္းစီ လွ်က္ေနတယ္...ခ်ဴ႐ွင္း ဆက္မၾကည့္ရဲေတာ့တာေၾကာင့္ အၾကည့္လႊဲလိုက္ၿပီး အသံတိုးတိုးနဲ႔...
" ေပ်ာ္ရဲ႕လား...."
"အင္း...ဒီေနရာက အရမ္းေကာင္းတယ္...ဒါေပမယ့္ နည္းနည္းေတာ့ အထီးက်န္တယ္...."
ဒီ့အထက္ ခ်ဴ႐ွင္းလည္း ဘာမွမလုပ္ေပးႏိုင္ခဲ့ပါဘူး...မင္းႀကီးရဲ႕ လက္႐ွိအေျခေနကို လူျမင္ခံလို႔မွမရတာ...ဒါ့ေၾကာင့္ ျမန္ျမန္ စကားလမ္းေၾကာင္းလႊဲလိုက္ၿပီး.....
" ဒါဆို ဉီးဉီး သားနဲ႔အတူကစားေပးမယ္ေလ...."
႐ွဲ႕ဟယ္ အျပဳံးအႀကီးႀကီးျပဳံးခ်လိုက္ေလတယ္.....
စစ္ေျမျပင္မွာ ႐ြပ္႐ြပ္ခြၽံခြၽံတိုက္ခိုက္ခဲ့ဖူးတဲ့ စစ္သူႀကီးတစ္ေယာက္က ဂုဏ္သိကၡာေတြ ဘာေတြ ထိန္းမေနဘဲ ငါးႏွစ္သား အသိဉာဏ္႐ွိသူတစ္ေယာက္နဲ႔ အတူကစားေပးေနသတဲ့.....
ဒိီျမင္ကြင္းကို သူ႕လက္ေအာက္ငယ္သားေတြသာ ျမင္သြားမယ္ဆို မ်က္လုံးကြၽတ္က်သြားႏိုင္တယ္.....
႐ွဲ႕ဟယ္ရဲ႕မ်က္ႏွာေပၚက ဟန္ေဆာင္မႈကင္းမဲ့ေနတဲ့ အျပဳံးေလးကို ခ်ဴ႐ွင္း တေမ့တေမာ ေငးၾကည့္ေနမိတယ္....
ဒါဟာ မင္းႀကီး သိပ္ကိုလိုလားေတာင္းတခဲ့ဖူးတဲ့......လြတ္လပ္ေပါ့ပါးလွတဲ့ ဘဝတစ္ခုပါပဲ....ခ်စ္ခင္ေပးမယ့္ မိဘ၊ အတူေဆာ့ကစားေပးမယ့္ သူငယ္ခ်င္းေတြနဲ႔အတူ ႐ိုး႐ွင္းစြာအတူ႐ွိေနႏိုင္မယ့္ ဘဝမ်ိဳးေလးပါပဲ.....
လူတိုင္းသာ နာက်င္မႈေတြကိုေမ့ထားႏိုင္မယ္ဆို ဘယ္ေလာက္မ်ားေကာင္းလိုက္မလဲ.....
႐ွဲ႕ဟယ္ရဲ႕ အခုလို လြတ္လပ္ေပါ့ပါးေနမႈေလးဟာ တခဏတာအတြက္ပဲ ျဖစ္ေနတာေတာ့ သိပ္ကို ႏွေျမာစရာေကာင္းလွပါတယ္....
႐ွဲ႕ဟယ္ရဲ႕ လက္႐ွိအသြင္အျပင္ေလးကို ခ်ဴ႐ွင္း ႏွေျမာတသျခင္းမ်ားစြာနဲ႔ ၾကည့္ေနခဲ့ရတယ္.....
ကစားရတာ ေမာလာတာေၾကာင့္ ႐ွဲ႕ဟယ္ ျမက္ခင္းေပၚ လွဲအိပ္လိုက္ၿပီး......
" ဉီးဉီးကို ထူးဆန္းတာတစ္ခုေျပာျပမယ္...."
" ဘာမ်ားတုန္း....."
" သား ဒီေနရာကို တစ္ခါမွ မေရာက္ဖူးေပမယ့္ ဒီေနရာကို ရင္းႏွီးေနသလိုခံစားရတယ္....သား ဒီေနရာကို အိမ္မက္ မက္ဖူးတယ္......"
ခ်ဴ႐ွင္းက ႐ွဲ႕ဟယ္ ေခါင္းေပၚက ျမက္ပင္ေလးေတြကိုဖယ္ေပးလိုက္ရင္း....
" သားက ဒီေနရာကို အိမ္မက္ထဲမွာ ျမင္ဖူးတယ္ေပါ့....ဟုတ္လား..."
" ဟုတ္တယ္....ခဏခဏ မက္ဖူးတယ္...အိမ္မက္ထဲမွာ လူတစ္ေယာက္ကိုလည္း အၿမဲေတြ႕ရတယ္....."
ခ်ဴ႐ွင္း ႏွလုံးရပ္ေတာ့မလိုပါပဲ.....႐ွဲ႕ဟယ္ အိမ္မက္ထဲမွာ သူ႕ကိုယ္သူျပန္ျမင္ေနခဲ့တာလား......
"အဲ့လူေျပာတာေတာ့ သားက သူ႕ရဲ႕အရင္ဘဝတဲ့....."
"အရင္ဘဝတဲ့လား...."
မင္းႀကီး ဘာေတြေတြးေနတာလဲ......
" ဟုတ္တယ္....သူကေျပာေသးတယ္....သူကအျပစ္သားမို႔လို႔ မဆုံးမ႐ွိႏွိပ္စက္ခံေနရတာတဲ့....ဒီေနရာႀကီးက သူ႕အတြက္ ဘယ္ေတာ့မွ မလြ္ေျမာက္ႏိုင္တဲ့ ေလွာင္အိမ္ႀကီးတဲ့....ဒါေပမယ့္ ေသသြားၿပီးရင္ေတာ့ လြတ္ေျမာက္မွာတဲ့.....ေနာင္ဘဝက်ရင္ ေတာ္ဝင္မိသားစုဆီမွာ ေမြးမလာခ်င္ဘူးလို႔လဲေျပာေသးတယ္....သူက သာမာန္လူတစ္ေယာက္လို မိသားစုနဲ႔ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနခ်င္တာ...အရမ္းမခ်မ္းသာရင္ေန စားႏိုင္ေသာက္ႏိုင္႐ုံေလာက္ဆိုေတာ္ၿပီတဲ့.....အဲ့ေတာ့ သူရဲ႕အရင္ဘဝျဖစ္တဲ့ သားကို ေကာင္းေကာင္းေနလား မေနလား လာၾကည့္တာတဲ့....သား လိမ္လိမ္မာမာေနတာ့ျမင္ေတာ့ သူ စိတ္ခ်သြားၿပီလို႔လဲ ေျပာသြားေသးတယ္....."
ခ်ဴ႐ွင္း ေအးစက္ေတာင့္တင္းလာတဲ့အျပင္ စကားေျပာဖို႔ကိုေတာင္ မနည္းအားယူေနရတယ္....
" ၿပီး..ၿပီးေတာ့ေရာ....."
႐ွဲ႕ဟယ္က ေသခ်ာျပန္စဥ္းစားေနတဲ့ အမူအရာေလးနဲ႔.......
"သူ႕အေၾကာင္းေတြ ခဏခဏမက္တယ္...သူ႕ဆႏၵေတြ ျပည့္ဝၿပီေျပာလိုက္ၿပီးကတည္းက ထပ္ မမက္ေတာ့ဘူး.....သား ဒီေနရာကိုသာေရာက္မလာရင္ သူ႕အေၾကာင္းသတိရမွာေတာင္မဟုတ္ေတာ့ဘူး....သား အိမ္မက္က တကယ္ႀကီးလားဟင္...."
ခ်ဴ႐ွင္း မ်က္လုံးေတြ မွိတ္လိုက္ၿပီး.....
" ျဖစ္ႏိုင္ပါတယ္...."
ခ်ဴ႐ွင္းရဲ႕ အေျဖေၾကာင့္ ႐ွဲ႕ဟယ္ တုန္လႈပ္သြားပုံရၿပီး ခ်ဴ႐ွင္းရဲ႕ လက္ေမာင္းကို ကိုင္လိုက္ကာ......
" ဉီးဉီး...အျပစ္သားဆိုတာ ဘာလဲဟင္....အိမ္မက္ထဲကလူက ဘာလို႔ သူ႕ကိုယ္သူ အျပစ္သားလို႔ေျပာသြားတာလဲဟင္....."
" သူက အျပစ္သားမဟုတ္ပါဘူး....အသက္႐ွင္စဥ္တုန္းကအမွားတခ်ိဳ႕ လုပ္မိခဲ့တဲ့သူပါ....."
" ဟင္!!!ဒါေပမယ့္ သူ႕ကိုယ္သူ အျပစ္သားလို႔ေျပာသြားတာကို....."
ခ်ဴ႐ွင္းက ႐ွဲ႕ဟယ္ရဲ႕ မ်က္ႏွာေလးကို လက္ခုပ္ထဲထည့္လိုက္ၿပီး.....
"မဟုတ္ဘူး....သူသာ တကယ္အျပစ္သားျဖစ္တယ္ဆို ငရဲ႐ွစ္ထပ္ဆီေရာက္ေနမွာေပါ့...ဘယ္လိုလုပ္ လူဝင္စားျဖစ္ႏိုင္မွာလဲ....ဒါ့ေၾကာင့္ သူက အျပစ္သားလုံးဝမဟုတ္ဘူး......."
႐ွဲ႕ဟယ္ ဇေဝဇဝါျဖစ္ေနပုံရတယ္...ခ်ဴ႐ွင္းကို သတိလက္လြတ္ေငးၾကည့္ေနတယ္ေလ.....
ခ်ဴ႐ွင္း ႐ွဲ႕ဟယ္ရဲ႕ မ်က္ရည္ေတြကို သုတ္ေပးလိုက္ၿပီး မ်က္ဝန္းလွလွေလးေတြကို ေငးၾကည့္ေနခဲ့မိတယ္.....
ဒီအိမ္မက္က အ႐ွင္မင္းႀကီးသိပ္ကို လိုလားေတာင့္တခဲ့တဲ့ ဆႏၵေတြအေၾကာင္းမဟုတ္လား.....
ေနာင္ဘဝမွာ ေတာ္ဝင္မိသားစုဝင္တစ္ေယာက္မဟုတ္ဘဲ သာမာန္မိသားစုေလးမွာ ေမြးဖြားလာတဲ့ လြတ္လပ္ေပါ့ပါးတဲ့ သာမာန္လူတစ္ေယာက္ျဖစ္ခ်င္ခဲ့လို႔ ေကာင္းေကာင္းမြန္မြန္ျမႇဳပ္ႏွံသၿဂိဳလ္ေပးဖို႔ ေတာင္းဆိုခဲ့တာမဟုတ္လား....
ဒီအိမ္မက္ေလးက အေမွာင္ကမ႓ာထဲမွာ ပိတ္မိေနတဲ့ မင္းႀကီးအတြက္ တစ္ခုတည္းေသာယုံၾကည္ခ်က္ေလးတစ္ခုျဖစ္ခဲ့တယ္.....
ကြၽန္ေတာ္မ်ိဳးကသာ ျပန္လည္ဝင္စားဖို႔မသင့္တဲ့သူပါ မင္းႀကီးရယ္.......
[ တင္းေတာင္....ပစ္မွတ္ရဲ႕ ႏွစ္သက္မႈ 2မွတ္ ထပ္တိုးပါတယ္... စုစုေပါင္း 98 မွတ္ပါ....]
[ 444: Hostတာ့တာ့ ဘယ္အခ်ိန္ထိ ကေလးေလးလို သ႐ုပ္ေဆာင္ေနဉီးမွာလဲ. ....]
ငါးရက္႐ွိေနၿပီ....Hostတာ့တာ့ရဲ႕ ကေလးလို ခ်စ္စရာေကာင္းတဲ့ အျပဳအမူေတြကို ျမင္ရတာ မ်က္လုံးေတြလည္း နာလွပါၿပီ.....ငါေလး ထပ္ၿပီးသည္းမခံႏိုင္ေတာ့ဘူး.......
[ ႐ွဲ႕ဟယ္: ရက္နည္းနည္းေလာက္ပါပဲ....]
【444:……】
[ ႐ွဲ႕ဟယ္: ေဘဘီကငယ္ေသးတယ္....ကေလးဘဝက ဘယ္ေလာက္အဖိုးတန္သလဲဆိုတာ ေဘဘီ ႀကီးလာမွနားလည္လာလိမ့္မယ္......]
【444:……】
ရက္အနည္းငယ္ၾကာၿပီးေနာက္.....
႐ွဲ႕ဟယ္ ခါတိုင္းနဲ႔မတူဘဲ စိတ္ဆိုးေနပုံရတယ္.....
" ဉီးဉီး....ေဖေဖျပန္မလာေသးဘူးလား...ဘယ္ေတာ့မွျပန္လာမွာလဲ....."
" သိပ္မၾကာခင္ျပန္လာေတာ့မွာပါ....."
သို႔ေပမယ့္လည္း ႐ွဲ႕ဟယ္ ခါတိုင္းလိုျပဳံးမေနဘဲ ေၾကာက္လန္႔တၾကားျဖစ္သြားပုံနဲ႔.....
" ေဖေဖက သားကိုမလိုခ်င္ေတာ့လို႔လားဟင္....."
" မဟုတ္တာ...ဘာလို႔ အဲ့လိုထင္ရတာလဲ...."
" ေဖေဖနဲ႔ တခါမွအၾကာႀကီးမခြဲဖူးဘူး....ေဖေဖ့ကိုလြမ္းတယ္.....အူးဝါးးးးးးးးးး"
ခ်ဴ႐ွင္း ေခါင္းကိုက္ေနပါၿပီ....႐ွဲ႕ဟယ္ရဲ႕အေဖကို ဘယ္အရပ္မွာ သြား႐ွာေပးရပါ့မလဲ.....
ေခ်ာ့ေနေပမယ့္လည္း ႐ွဲ႕ဟယ္ သည္းႀကီးမည္းႀကီး ေအာ္ငိုေနတယ္.....
ခ်ဴ႐ွင္းလဲ ေခါင္းေတြ အစိတ္စိတ္ကြဲေတာ့မတတ္ထိုးကိုက္ေနၿပီ....
ဒါေပမယ့္ ႐ွဲ႕ဟယ္ ေျပာခဲ့ဖူးတဲ့နာမည္ကို ႐ုတ္တရက္သတိရမိလိုက္တယ္....
ယန္က်င္း.....
ယန္႐ွန္း......
ယန္႐ွန္းက မင္းႀကီးအနားမွာ တစ္ခ်ိန္လုံး႐ွိေနတဲ့သူဆိုေတာ့....႐ွဲ႕ဟယ္ရဲ႕ စိတ္ကူးယဥ္ အေဖက ယန္႐ွန္းမ်ားျဖစ္ေနမလား.....
ခ်ဴ႐ွင္း သိလိုစိတ္နဲ႔ ထုတ္ေမးလိုက္တယ္.....
" သား ေဖေဖနာမည္ ဘယ္လိုေခၚလဲ....."
႐ွဲ႕ဟယ္ သည္းထန္စြာေအာ္ငိုေနရင္းကေန.....
" ေဖေဖ့နာမည္က ယန္႐ွန္း......"
ခ်ဴ႐ွင္း ခါးသက္စြာျပဳံးလိုက္မိပါတယ္....
မင္းႀကီးရဲ႕စိတ္ထဲမွာ ယန္႐ွန္းက အေဖတစ္ေယာက္လို အၿမဲကာကြယ္ေစာင့္ေ႐ွာက္ေပးခဲ့တဲ့သူ.....ခ်ဴ႐ွင္းကေတာ့ နာက်င္ေအာင္ ႏွိပ္စက္ညႇင္းပန္းခဲ့သူ......
ခ်ဴ႐ွင္း နာက်င္ရျခင္းေတြကို အႏိုင္ႏိုင္ၿမိဳသိပ္လိုက္ၿပီး ႐ွဲ႕ဟယ္ရဲ႕ ေက်ာျပင္ေလးကို ပြတ္သပ္ေပးေနခဲ့တယ္.....
"စိတ္မဆိုးပါနဲ႔....သား ေဖေဖ မၾကာခင္ျပန္လာေတာ့မွာပါ....."
ခ်ဴ႐ွင္း ႐ွဲ႕ဟယ္ကို ေခ်ာ့သိပ္ၿပီး အခန္းထဲကထြက္လာခဲ့တယ္.....
အခန္းျပင္ေရာက္တာနဲ႔ ငယ္သားတစ္ေယာကိုေခၚၿပီး.....
" ယန္႐ွန္းကို နန္းတြင္းထဲ ဆင့္ေခၚလိုက္....."
ယန္႐ွန္း ခင္မ်ာမွာလည္း အခ်ိန္တိုင္းပူပန္ေနခဲ့ရပါတယ္....မင္းႀကီးနားမွာေနေပးခ်င္ေပမယ့္လည္း အၿငိဳးႀကီးလွတဲ့ ခ်ဴ႐ွင္းက မင္းသာအန္းတစ္ေယာက္ကိုပဲ ဝင္ခြင့္ ေပးခဲ့တယ္.....
သူ႕ကို ခ်ဴ႐ွင္းက မင္းႀကီးနားမွာ စိတ္ခ်လက္ခ်ထားေပးမွာမဟုတ္ေၾကာင္း ယန္႐ွန္းနားလည္ပါတယ္....မင္းႀကီးေဘးကင္းေစဖို႔အတြက္လည္း နန္းေတာ္ထဲဝင္ခ်င္စိတ္ကို အႀကိမ္ႀကိမ္ခ်ိဳးႏွိမ္ထားခဲ့ရတယ္....မင္းႀကီးေဘးကင္းေနသ၍ သူ႕အတြက္ အဆင္ေျပပါတယ္......
ဒါ့ေၾကာင့္ ခ်ဴ႐ွင္းဆီက ဆင့္ေခၚစာေရာက္လာခ်ိန္မွာ ယန္႐ွန္းအေတာ္ထိတ္လန္႔သြားခဲ့တယ္....မင္းႀကီးတစ္ခုခုမ်ားျဖစ္ေနၿပီလား......
ေထာင္ေခ်ာက္ဆင္ထားမယ္ဆိုရင္ေတာင္ ယန္႐ွန္း ဂ႐ုစိုက္မေတာ့ဘဲ နန္းေတာ္ဆိီ အေျပးႏွင္ခဲ့တယ္.....
ခ်ဴ႐ွင္း ယန္႐ွန္းကို ႐ႈပ္ေထြးတဲ့အၾကည့္ေတြနဲ႔ ၾကည့္လိုက္မိတယ္....
ဒီလူဟာ မိန္းမစိုးတစ္ေယာက္ျဖစ္ေနသည့္တိုင္ မင္းႀကီး အယုံၾကည္ရဆုံးသူျဖစ္ေနတယ္.....
ခ်ဴ႐ွင္း ယန္႐ွန္းကို အထဲေခၚလိုက္ၿပီး.....
" မင္းႀကီးက မင္းကိုေတြ႕ခ်င္ေနတယ္...."
ယန္႐ွန္း ခ်ဴ႐ွင္းကို သတိေပးတဲ့အၾကည့္မ်ိဳးနဲ႔ ၾကည့္လိုက္ၿပီး နန္းတြင္းထဲဝင္လာခဲ့တယ္....
ယန္႐ွန္းကို ျမင္လိုက္တာနဲ႔ ႐ွဲ႕ဟယ္ရဲ႕ မ်က္ႏွာေလး ဝင္းပလာၿပီး.....
" ေဖေဖျပန္လာၿပီ ေဟးးးးးးး!!!!"
ယန္႐ွန္းရဲ႕ ႏွလုံးသားတစ္ခုလုံးတုန္ခါသြားခဲ့ရတယ္.....မင္းႀကီးရဲ႕ လက္႐ွိအေျခေနကို သိထားၿပီးတာေၾကာင့္ အသုံးႏႈန္းေတြကိုျပင္လိုက္ၿပီး.....
" အင္း...ေဖေဖျပန္ေရာက္ၿပီ....."
႐ွဲ႕ဟယ္ရဲ႕မ်က္ႏွာေပၚက မႈန္မိႈင္းမႈေတြ ေနလာႏွင္းသဖြယ္ကြယ္ေပ်ာက္သြားၿပီး ယန္႐ွန္းရဲ႕လက္ကို မလြတ္စတမ္း ဖမ္းဆြဲထား႐ွာတယ္.....
ယန္႐ွန္း မင္းႀကီးရဲ႕ မ်က္လုံးေတြကို ေငးၾကည့္ေနတယ္.....
ဘယ္လိုေတြေျပာင္းလဲသြားပါေစ ဒီေကာင္ေလးဟာ သူသိပ္ခ်စ္ရတဲ့ မင္းႀကီး ျဖစ္ေနဆဲပါပဲ..
သူ႕ရဲ႕မင္းႀကီးက သူ႕ကိုယ္သူမမွတ္မိႏိုင္ေတာ့တာေတာင္ မသိစိတ္ကေန သူ႕ (ယန္႐ွန္း)အေပၚ အားကိုးယုံၾကည္ထိုက္သူအျဖစ္
အမွတ္ရေပးေနဆဲပါပဲ.....
ယန္႐ွန္းအတြက္ေတာ့ ဒီဘဝမွာ ဘာကိုမွ ထပ္မလိုေတာ့တဲ့အထိ ျပည့္စုံေစခဲ့ပါတယ္......
[တင္းေတာင္ ယန္႐ွန္းရဲ႕ႏွစ္သက္မႈ 2မွတ္ထပ္တိုးပါတယ္...စုစုေပါင္း အမွတ္ 100ပါ.....]
႐ွဲ႕ဟယ္ အိပ္ေပ်ာ္သြားတဲ့အထိ ယန္႐ွန္း တစ္ခ်ိန္လုံးအနားမွာ႐ွိေနေပးခဲ့တယ္....
အိပ္ေပ်ာ္သြားတဲ့ ႐ွဲ႕ဟယ္ကို ၾကည့္ၿပီး ယန္႐ွန္းျပဳံးလိုက္ကာ ေျခလွမ္းဖြဖြလွမ္းၿပီး အခန္းျပင္ထြက္လာခဲ့တယ္......
အခန္းျပင္မွာ တခ်ိန္လုံး မတ္တပ္ရပ္ေနခဲ့တဲ့ ခ်ဴ႐ွင္းကို ျမင္လိုက္တာနဲ႔ ယန္႐ွန္း မီးဝင္းဝင္းေတာက္ေနတဲ့ အၾကည့္နဲ႔ ၾကည့္လိုက္ၿပီး.....
" က်ဳပ္ မင္းႀကီးနားမွာပဲေနေတာ့မယ္....."
"ေကာင္းၿပီ...."
မင္းႀကီး စိတ္ခ်မ္းသာဖို႔အတြက္ ယန္႐ွန္းကို ျပန္လႊတ္လိုက္လို႔မျဖစ္ေသးဘူး....
ဒီမိန္းမစိုးရဲ႕လက္မွာ လူေပါင္းမ်ားစြာရဲ႕ေသြးေတြစြန္းထင္ေနတယ္.....လူတိုင္းရဲ႕အျမင္မွာေတာ့ ယန္႐ွန္းဟာ မင္းႀကီးခိုင္းသမွ်တိုင္းကို ရက္စက္စြာက်ဴးလြန္တတ္တဲ့ အလိုေတာ္ရိတစ္ေယာက္ျဖစ္ေနေပမယ့္ မင္းႀကီးအတြက္ေတာ့ ယန္႐ွန္းဟာ တစ္ဉီးတည္းေသာ ယုံၾကည္အားကိုးထိုက္သူတစ္ေယာက္ျဖစ္ခဲ့တယ္.....
ယန္႐ွန္းဟာ မင္းႀကီးသာေပ်ာ္႐ႊင္ႏိုင္မယ္ဆို သူ႕အသက္ကိုေတာင္အေလးမထားဘဲ ေပးဆပ္ဝံ့သူပါ.....
ခ်ဴ႐ွင္း အရင္တုန္းက ဒါေတြကိုနားမလည္ႏိုင္ခဲ့ေပမယ့္ အခုခ်ိန္မွာ နားလည္ႏိူင္ခဲ့ပါၿပီ.....
သူကေတာ့ ယန္႐ွန္းလို ကိုယ္က်င့္တရားေတြ သိကၡာတရားေတြ ထည့္မတြက္ဘဲ မင္းႀကီးတစ္မ်က္ႏွာတည္းသာ ၾကည့္တတ္တဲ့သူ မဟုတ္ႏိုင္ခဲ့ဘူး....
ဒီေနရာမွာ မင္းသားအန္းေရာ ခ်ဴ႐ွင္းပါ ယန္႐ွန္းကိုမယွဥ္ႏိုင္ခဲ့ပါဘူး.....
သူတို႔တစ္ဉီးစီတိုင္းမွာ ကိုယ့္ရဲ႕ျဖစ္တည္မႈေတြ၊ ကိုယ္ပိုင္အေတြးအျမင္ေတြ၊ လုပ္ႏိုင္ျခင္းေတြ၊ မလုပ္ႏိူင္ျခင္းေတြ႐ွိေနေပမယ့္ ယန္႐ွန္းကေတာ့ ဒါေတြ အားလုံးနဲ႔ ကင္းလြတ္ေနသူပါ......
မင္းႀကီးရဲ႕ ႏွစ္သက္မႈ၊ မုန္းတီးမႈတစ္ခုခ်င္းစီတိုင္းကို ယန္႐ွန္းကသာ သင္ျပေပးခဲ့တာပါ....
ခ်ဴ႐ွင္း လက္သီးဆုပ္ထားတာကို ေျဖခ်လိုက္တယ္....မင္းႀကီးသာ ေပ်ာ္ေနမယ္ဆို ယန္႐ွန္းကို သည္းခံရမွာပဲ......သူသိပ္ခ်စ္ရတဲ့မင္းႀကီးနားမွာ မင္းႀကီးကို ခ်စ္ေနတဲ့ ယန္႐ွန္း႐ွိေနတာကို သည္းခံေပး႐ုံပါပဲ......
"မင္းႀကီး အေျခေနသိပ္မေကာင္းဘူး....မင္း သူ႕အနားကေနတဖဝါးမွမခြာနဲ႔....မင္းႀကီးကို စိတ္မပ်က္ေစနဲ႔....."
ဒီစကားၾကားေတာ့ ယန္႐ွန္း ေလွာင္ျပဳံး ျပဳံးလိုက္မိတယ္.....
" ဒီကိစၥနဲ႔ ပတ္သတ္ရင္ စစ္သူႀကီးခ်ဴ က်ဳပ္ကို ၫႊန္ၾကားေနစရာမလိုပါဘူး....."
ခ်ဴ႐ွင္း ခါးသက္စြာ ရယ္ေမာလိုက္ၿပီး ဘာမွထပ္မေျပာေတာ့ေပ.......
တကယ္လည္း ခ်ဴ႐ွင္းမွာ အဲ့လိုေျပာဖို႔ အရည္အခ်င္းမ႐ွိခဲ့ပါဘူး....
အဲ့ေန႔ကတည္းကစၿပီစ ခ်ဴ႐ွင္း ႐ွဲ႕ဟယ္ကိုေန႔တိုင္းလာၾကည့္ျဖစ္ခဲ့တယ္....ဒါေပမယ့္ ယန္႐ွန္းနဲ႔ ေပ်ာ္႐ႊင္ရယ္ေမာေနတာေလးကို ခမ္းလွမ္းလွမ္းကေနသာ ေငးၾကည့္ေနခဲ့တယ္......
လက္႐ွိ သူ႕မွာ ဘာေမွ်ာ္လင့္ခ်က္မွ မ႐ွိေတာ့ဘူးဆိုေပမယ့္ မင္းႀကီး ေပ်ာ္႐ႊင္ေနတာကို ျမင္ႏိုင္သမွ် ကာလပတ္လုံး ေက်နပ္ဝမ္းေျမာက္ေနခဲ့ရပါတယ္.....
တစ္ေန႔.... ႐ွဲ႕ဟယ္ အိပ္ရာႏိုးလာခ်ိန္မွာ ယန္႐ွန္းကို မမွတ္မိေတာ့တဲ့အျပင္ သူစိမ္းေနရာတစ္ခုကိုေရာက္ေနသလို ေၾကာက္လန္႔တုန္ရီေနတယ္.....ယန္႐ွန္းကိုလည္း အနားကပ္မခံေတာ့ဘူး....
ခ်ဴ႐ွင္း သတင္းၾကားၾကားခ်င္း စိုးရိမ္မႈအၾကည္နဲ႔ အေျပးသြားၾကည့္ခဲ့တယ္.....
႐ွဲ႕ဟယ္က ခ်ဴ႐ွင္းကိုျမင္တာနဲ႔ အသက္ေဘးကေနကယ္ဆယ္ေပးမယ့္သူတစ္ေယာက္ကိုေတြ႕လိုက္သည့္ႏွယ္ ေျပးဖက္လိုက္ၿပီး.....
" ခ်ဴသာ့ေကာ....."
ခ်ဴ႐ွင္း ေတာင့္တင္းသြားတယ္......
" ဘယ္...ဘယ္လိုေခၚလိုက္တယ္....."
႐ွဲ႕ဟယ္ ျပဳံးၿပီး ေျဖလိုက္တာက.....
" ခ်ဳတာ့ေကာက ကြၽန္ေတာ္႕ကို မမွတ္မိဘူးလား....ကြၽန္ေတာ္....ေ႐ွာင္ယန္ေလ......"