ရွှီလျန်က ဉာဏ်ထိုင်းတဲ့သူမဟုတ် ၊ ရှန့်ချန်ခုန်းက သူမကို တမင်တကာ ရှောင်ဖယ်နေမှန်း သူမ ရေးတေးတေးလေး သတိပြုမိသည်။ သူမ သူ့ကို ထိုအကြောင်း မေးချင်ပေမဲ့လည်း အတန်ကြာစဉ်းစားပြီးနောက် ရွှီလျန်သည် 'OK' ဟူသောလက်ပုံစံ ပို့လိုက်တော့သည်။
ရှန့်ချန်ခုန်း၏စာမေးပွဲရက်ဟာ ဖြည်းဖြည်းချင်း နီးကပ်လာပြီဖြစ်သည်။ သူမကိုရှောင်ဖယ်နေဖို့ရာအတွက် သူ့အကြောင်းပြချက်က ဘာပဲဖြစ်ဖြစ် သူက သူ့အချိန်တွေကို စာကြည့်ရန် အသုံးပြုသည်ကြောင့် အဆင်ပြေနေသေး၏။ ယခုအချိန်တွင် ရွှီလျန်က သူ့ကို တကယ်ပဲ အနှောင့်အယှက်ပေးလိုစိတ်မရှိပေ။
ထိုစဉ် ရှန့်ချန်ခုန်းသည် ရွှီလျန် သူ့ကိုပို့ခဲ့သောနောက်ဆုံးမက်ဆေ့ချ်ကို ကြည့်နေလျက် သူ့မျက်နှာပေါ်၌ ရှုပ်ထွေးလှသောအမူအရာရှိနေ၏။ ရွှီလျန်က နုံအတဲ့သူမဟုတ်ဘူး ၊ သူမမှာ သူ့ကို မေးစရာမေးခွန်းတွေ အများကြီးရှိနေနိုင်သည်။ သို့ပေမဲ့ အချို့အကြောင်းပြချက်ကြောင့် သူမက ရှန့်ချန်ခုန်းကို အခုထိ မည်သည့်အရာမှ မေးမလာခဲ့ပေ။
သူ့ဖုန်းကိုချ၍ မကြာသေးခင်က သူဝယ်လာခဲ့သောနှုတ်ခမ်းနီကိုထုတ်ရန် သူ့အိပ်ရာဘေးရှိအံဆွဲအား ဆွဲဖွင့်လိုက်သည်။ ၎င်းအား ခဏကြာကြည့်ပြီးနောက် အံဆွဲထဲ၌သာ ပြန်ထည့်ထားခဲ့သည်။
စနေနေ့၌ ရှန့်နွမ် အိမ်ပြန်လာမည်ဖြစ်သောကြောင့် ရှန့်ချန်ခုန်းသည် စားစရာအများအပြား ဝယ်လာခဲ့၏။ ရှန့်နွမ် အိမ်ထဲဝင်လာချိန်တွင် သူမသည် သူမအိတ်ကိုချ၍ မီးဖိုချောင်ထဲ ပျော်ရွှင်စွာ ပြေးဝင်သွားတော့သည်။ ရှန့်ချန်ခုန်းက သူမကို မနှုတ်ဆက်လာခင်မှာပဲ သူမကပြော၏။
"အိုး! အစ်ကို အစ်ကို့ရဲ့ဝက်နံရိုးချိုချဉ်တွေက အကောင်းဆုံးပဲ!"
သူမက အမြဲလိုလို အစားစားပြီးသည့်အချိန်တိုင်း သူမလက်ချောင်းတွေကိုလျက်၍သာ လတ်စသတ်ခဲ့သည်။
ရှန့်ချန်ခုန်းမှာ ကူကယ်ရာမဲ့စွာဖြင့် သူ့ညီမလေးကို ပြုံး၍ကြည့်နေရင်း သူမအား မီးဖိုချောင်ထဲမှ မောင်းထုတ်ရန် ကြိုးစားနေ၏။ ရှန့်နွမ်က နောက်ထပ်နံရိုးတစ်ချောင်းကို ယူ၍ သူမပါးစပ်ထဲသို့ အလျင်အမြန် ထိုးထည့်လိုက်လေသည်။
"အား အရမ်းအရသာရှိတာပဲ၊ ညီမသိချင်လိုက်တာ ရွှီလျန်ကျဲ ဒီလိုဟင်းမျိုးကို ဘယ်အချိန်စားရမလဲလို့?"
ဇွန်းပြားကိုကိုင်ထားသောရှန့်ချန်ခုန်းလက်မှာ တစ်စက္ကန့်လောက်ရပ်တန့်သွား၏။ ထို့နောက် သူက ဝက်နံရိုးပန်းကန်ကိုယူ၍ ရှန့်နွမ်အား ကမ်းပေးလိုက်သည်။
"နင် အရင်သွားနှင့်၊ မီးဖိုချောင်ကမီးခိုအူတယ်"
ရှန့်နွမ် ပန်းကန်ပြားကိုယူလိုက်သည်။ သူမ မျက်လုံးတွေကိုလှိမ့်၍ ထွက်သွားရန် ငြင်းပယ်၏။
"ရွှီလျန်ကျဲကို ဘယ်တော့အိမ်ခေါ်လာမှာလဲလို့ ဟမ်?"
"အဲဒီအတွက်စိတ်မပူနဲ့"
ရှန့်ချန်ခုန်းသည် အရံဟင်းပွဲတွေကို တည်ခင်းနေ၏။
"အခုထိ နင့်ရဲ့လပတ်စာမေးပွဲရလဒ် မရသေးဘူးလား"
ရှန့်နွမ်မျက်နှာထက်ကအပြုံးမှာ ရုတ်ခြည်း တောင့်တင်းသွားသည်။
"..... အာ အာ အာ ညီမ အစ်ကို့ကိုထပ်မနှောင့်ယှက်တော့ဘူး။ ဖြည်းဖြည်းချင်းချက်နော် ညီမ အခုသွားတော့မယ်"
ထို့နောက် သူမသည် ပန်းကန်ပြားဖြင့် မီးဖိုချောင်ထဲမှပြေးထွက်သွားပြီး ထမင်းစားပွဲတွင် ခါးသီးနေသောမျက်နှာအမူအရာဖြင့် ထိုင်နေလေသည်။
ရှန့်နွမ်သည် ဝက်နံရိုးချိုချဉ်နည်းနည်းထပ်စားပြီးမှသာ လပတ်စာမေးပွဲရလဒ်အကြောင်းတွေးနေခြင်းမှ သတိပြန်လည်လာခဲ့သည်။ ခဏကြာပြီးနောက် သူမဖုန်းကိုထုတ်၍ Weibo ဖွင့်လိုက်၏။ သူမ ရွှီလျန်၏ Weibo ကိုတွေ့တော့ သူမထံ မက်ဆေ့ချ်တစ်စောင်ပို့လိုက်လေသည်။
ရှန့်နွမ် : [ မမရေ ညီမကိုမှတ်မိလား? ညီမက ရှန့်ချန်ခုန်းရဲ့ညီမလေးလေ ]
ထိုစဉ် ရွှီလျန်က သူမအမေနှင့်အတူ ကော့တေးပါတီတစ်ခု၌ ရှိနေခဲ့သည်။
ရွှီလျန်တို့မိသားစုက စီးပွါးရေးကြီးကြီးမားမားမရှိသော်လည်း သူတို့က အတော်လေးချမ်းသာနေဆဲဖြစ်သည်။ သူမ ပြည်ပကို မပြောင်းရွှေ့ခင်က မားမားရွှီသည် ဤကဲ့သို့သော လူချမ်းသာများ၏လူမှုရေးစုဝေးပွဲများ၌ မကြာခဏ သူမမျက်နှာလာပြလေ့ရှိခဲ့သည်။ ဒီတစ်ကြိမ်က ရွှီလျန် ပထမဆုံးအကြိမ် တက်ရောက်ခြင်းဖြစ်၏။ ဤသို့သော ကြောင်သူတော်အခမ်းအနားပွဲတွေကိုအသာထား သူမက လူမှုရေးအခမ်းအနားပွဲတွေသွားရခြင်းကို မနှစ်သက်။
ဝေ့ရိချန်သည်လည်း ပါတီမှာရောက်နေ၏။ ရွှီလျန်က ထောင့်တစ်နေရာတွင် တစ်ယောက်တည်းရပ်နေသည်ကို မြင်သောအခါ သူ လျှောက်သွားပြီး သူမဘေးနားတွင် ရပ်နေလိုက်သည်။
"မင်းက ဒီလိုပွဲတွေကိုလာမယ်လို့ ငါမထင်ခဲ့ဘူး"
ရွှီလျန်က သူ့အား ခနဲ့တဲ့တဲ့အပြုံးတစ်ခုပေးကာ ကိတ်အသေးလေးတစ်ခုကို ခက်ရင်းဖြင့်ထိုးလိုက်၏။
"ငါ့အမေက နှစ်ရက်အတွင်း ပြန်တော့မှာဆိုတော့ သူမက ငါ့ကို ကြိုးကိုင်ပြီး ဒီပါတီကိုခေါ်လာတာ"
ဝေ့ရိချန်ပြုံး၍ ဝိုင်တစ်ငုံသောက်ရန် သူ့လက်မြှောက်လိုက်သည်။
"မင်းအမေက မင်းမှာကောင်လေးရှိနေပြီလို့ အန်တီလျောင်ကိုပြောနေတာ ငါကြားခဲ့တယ်၊ ကြည့်ရတာ သတင်းက မြန်မြန်ပျံ့သွားတဲ့ပုံပဲ"
"......."
ရွှီလျန် အတန်ကြာတိတ်ဆိတ်နေ၏။ ထို့နောက် တစ်ခွန်းတည်းသာဆိုလာခဲ့သည်။
"ပျင်းစရာကောင်းလိုက်တာ"
ဝေ့ရိချန်က နောက်ထပ်ဝိုင်တစ်ငုံသောက်လျက် ရွှီလျန်အားဘေးတိုက်ကြည့်၍
"ဒါပေမဲ့ ဒီည မင်းအတော်လေးနှစ်လိုဖွယ်ကောင်းတယ် မင်းရဲ့ဝတ်စုံကကြည့်ကောင်းတယ်"
ရွှီလျန်ဝတ်စုံက သူမအမေက ရွေးပေးခဲ့ခြင်းဖြစ်ကာ ၎င်းအား ဝတ်ဆင်ရန်လည်း ရွှီလျန်ကိုခြိမ်းခြောက်ခဲ့သေးသည်။ ရွှီလျန်က ဤသို့သောပါတီပွဲတွေကို တစ်ခါမှ မတက်ရောက်ဖူးသောကြောင့် သူမမှာ ပွဲအတွက် သင့်တော်သည့်အဝတ်အစားမရှိသည်မှာ ပုံမှန်ပဲဖြစ်သည်။ အဆုံးမှာ သူမသည် သူမအမေရွေးပေးထားသောဝတ်စုံကို မကြိုက်သော်ငြားလည်း သူမ မျက်စိမှတ် ခေါင်းညိတ်၍သာ ယင်းအား ဝတ်ဆင်လိုက်တော့သည်။
နောက်ဆုံးမှာ သူမက သားရေဝတ်စုံဝတ်ပြီးတော့ ပါတီပွဲကို လာလို့မရနိုင်ဘူးလေ။
"ရိချန် ဒီကိုလာပြီးတော့ မင်းရဲ့အန်ကယ်နျဲ့နဲ့စကားလာပြော"
ဝေ့ကျန်းထင်းက သူနှင့်မီတာအနည်းငယ်အဝေးမှ သူ့သားဖြစ်သူအား လှမ်းကြည့်နေသည်။ ရွှီလျန်မှာ သူတို့အချင်းချင်းအကြည့်ဆုံသွားသောအခါ ယဉ်ယဉ်ကျေးကျေးဖြင့် ခေါင်းညိတ်ပြကာ ဝေ့ကျန်းထင်းသည်လည်း ပြန်ပြုံးပြပြီးခေါင်းညိတ်ပြလေသည်။
ဝေ့ရိချန်က နောက်ထပ်ဝိုင်တစ်ငုံစာထပ်သောက်ကာ ရွှီလျန်အား ပြော၏။
"ငါ အဲဒီကိုသွားဖို့လိုတယ်"
"အင်း"
ဝေ့ရိချန် လျှောက်လာပြီး သူ၏ဝိုင်မရှိတော့သောဖန်ခွက်အား အနီးရှိစားပွဲတစ်ခုပေါ်တွင် တင်ထားလိုက်သည်။ ဝေ့ကျန်းထင်းက ဝေ့ရိချန် ရောက်လာသည်ကိုစောင့်နေပြီးနောက် တိုးတိုးကပ်ပြောလာခဲ့၏။
"ရွှီလျန်မှာကောင်လေးရှိပြီးသားလို့ မင်းရဲ့အန်တီရွှီဆီက မကြားခဲ့ဘူးလား၊ မင်းက အခုထိ လက်မလျှော့သေးဘူးလား"
ဝေ့ရိချန် ရယ်မောလျက်
"အဖေရောပဲ.. နျဲ့ယဲ့က ကျွန်တော်တို့က တစ်ယောက်နဲ့တစ်ယောက် မသင့်တော်ဘူးလို့ပြောထားပြီးသားလေ၊ အဖေက ဘယ်တော့မှလက်လျှော့မှာလဲ"
"ဒါကဘယ်လိုလုပ်တူမှာလဲ.. သူမမှာ သေချာတဲ့သူတစ်ယောက်ယောက်မရှိသေးဘူးဆိုတော့ မင်းမှာအခွင့်အရေးရှိနေတုန်းပဲ။ သင့်တော်သည်ဖြစ်စေ မတော်သည်ဖြစ်စေ ပြောင်းလဲလို့ရတယ်"
ဝေ့ရိချန် သူ့နှုတ်ခမ်းသူကိုက်၍ မည်သည့်မှတ်ချက်မှ မပေးလာတော့ပေ။
သူမထောင့်တစ်နေရာတွင် ရွှီလျန်မှာ သူမ၏ကိတ်တစ်ပန်းကန်အား ကုန်သွားခဲ့ပြီဖြစ်သည်။ သူမသည် နောက်ထပ်သရေစာအား သူမကိုယ်တိုင် ရှာရန်အတွက် ဘူဖေးစားပွဲနားသို့ လျှောက်လာခဲ့လေသည်။ သူမ ပါတီပွဲကိုတက်ရောက်ရန် သူမအမေကို ကတိပေးလိုက်စဉ်က တကယ်တော့ နောက်ထပ်အရေးကြီးသောအကြောင်းပြချက်ကြောင့် ပွဲတက်ရန် သဘောတူခဲ့ခြင်းဖြစ်သည်။ Grand Europe ဟိုတယ်ရှိသရေစာတွေက အရသာရှိခြင်းကြောင့် ကျော်ကြား၏။
မားမားရွှီမှာ ရွှီလျန် တစ်ယောက်တည်းရပ်နေသည်ကို မြင်၏။ တခြားသူတွေ၏အာရုံကိုရှောင်ရှား၍ သူမဘာသာတစ်ယောက်တည်းနေ,နေလေသည်။ တခြားသူတွေက သူမအကြည့်အား ဖမ်းမိရန်ကြိုးစားနေချိန်တွင် ရွှီလျန်မှာ မမြင်ချင်ယောင်ဆောင်နေခဲ့၏။ ထိုအစား သူမဖုန်းကိုထုတ်ပြီး ခေါင်းငုံ့ကာ သူမပတ်ပတ်လည်က လူအားလုံးကို တစ်ခဏအတွင်း လျစ်လျူရှုထားလိုက်တော့သည်။
မားမားရွှီ၏နှုတ်ခမ်းထောင့်စွန်းမှာ ကော့တက်သွားခဲ့သည်။ ထို့နောက် သူမ စကားပြောရန် နောက်လှည့်၍ သူမအနားကလူတွေနှင့် ရယ်မောနေတော့၏။
ရွှီလျန် သူမ WeChat ကိုဖွင့်လိုက်ချိန်တွင် ရှန့်ချန်ခုန်းက သူမအား မက်ဆေ့ချ်တစ်စောင်မှမပို့ထားကြောင်း တွေ့လိုက်ရသည်။ သူမသည် ရှန့်ချန်ခုန်း၏ avatar အား ခဏကြာစိုက်ကြည့်နေပြီးနောက် App ကိုပြန်ပိတ်လိုက်သည်။ ထို့နောက် သူမ Weibo ကိုဖွင့်၏။
ရွှီလျန်သည် သူမထံ မက်ဆေ့ချ်တစ်စောင်ရောက်နေမှန်း တွေ့လိုက်ရ၏။ ရွှီလျန် မက်ဆေ့ချ်ကိုဖွင့်ကြည့်ကာ သူမလက်ချောင်းက ကောင်မလေးတစ်ယောက်၏ချစ်စရာကောင်းသောကာတွန်း avatar တစ်ခုနား၌ ရစ်ဝဲနေလေသည်။
ရှန့်နွမ်?
သေချာတာပေါ့ သူမ မှတ်မိတာပေါ့၊ သူမ စာရိုက်၍ ပြန်ဖြေလိုက်သည်။
ရွှီလျန် : [ အင်း မှတ်မိတာပေါ့ အစ်မ မင်းကိုဘာလုပ်ပေးရမလဲ? ]
ထိုအချိန်၌ ရှန့်နွမ်မှာလည်း စားသောက်ပြီးပြီဖြစ်သည်။ သူမဖုန်းကိုစစ်ကြည့်ချိန်တွင် ရွှီလျန်စာပြန်ထားကြောင်း တွေ့ရ၍ သူမ နည်းနည်းလေးအံ့အားသင့်နေ၏။
ရှန့်နွမ် : [ ညီမ အစ်ကို့ဆီကကြားတာ အခု မမကသူနဲ့တွဲနေပြီဆို၊ Congratulations ပါနော် ဒါပေမဲ့ ဒီနေ့ ညီမအစ်ကိုက တစ်ခုခုဖြစ်နေသလိုပဲ မမတို့စကားများထားကြတာလား? ]
ရွှီလျန် : [ မင်းအစ်ကို အိမ်မှာရှိလား ]
ရှန့်နွမ် : [ အင်း အခုလေးတင် သူ့အခန်းထဲဝင်သွားတာ ဒီနေ့ကသူ့ရဲ့နားရက်လေ ]
ရွှီလျန် : [ အိုကေ အစ်မသိပြီ ]
အိုကေ? ရှန့်နွမ် နည်းနည်းစိတ်ရှုပ်ထွေးသွား၏။ ရွှီလျန်က ဘာသိတာလဲ? သူမကရော ဘာလို့မသိရတာလဲ?
သူတို့စကားများထားကြတာလား? ဘယ်လိုတောင်စိတ်ပူစရာလဲ?
သို့သော် ဤအရာအားလုံးဖြစ်နေစေကာမူ ရှန့်နွမ်သည် သူမ WeChat အိုင်ဒီကို ရွှီလျန်ထံမှာချန်ထားရန် အခွင့်အရေးယူခဲ့သည့်အတွက်ကြောင့် အနာဂတ်တွင် သူမတို့နှစ်ယောက် စကားပြောရန် ပိုလွယ်ကူသွားခဲ့ပြီ။
ရွှီလျန်သည် ရှန့်နွမ်အား သူမ WeChat တွင်ပေါင်းထည့်ပြီး ရှန့်ချန်ခုန်း၏ avatar ကိုနှိပ်၍ သု့ကို မက်ဆေ့ချ်တစ်စောင်ပို့လိုက်သည်။
ရွှီလျန် : [ စာကြည့်နေတာလား? ]
ရှန့်ချန်ခုန်း : [ အင်း ]
ရှန့်ချန်ခုန်းမှာ အမှန်တကယ်ပင် စာအုပ်ဖတ်နေခြင်းဖြစ်သည်။ သို့ပေမဲ့ အကြောင်းပြချက်အချို့ကြောင့် ရွှီလျန် သူ့ကိုမေးလာချိန်တွင် သူ နည်းနည်းလေး အပြစ်ရှိသလိုခံစားနေရဆဲဖြစ်၏။
ခဏကြာပြီးနောက် သူက သူ၏ဖွင့်ထားသောစာအုပ်ကို ဓာတ်ပုံရိုက်၍ ရွှီလျန်ထံပို့လိုက်သည်။
ဓာတ်ပုံ အောင်မြင်စွာ ပို့ပြီးသွားသည့်အချိန်၌ ရှန့်ချန်ခုန်း ရုတ်ခြည်း နောင်တရသွား၏။ သူ၏အပြစ်ရှိစိတ်အား ဝန်ခံနေသလိုမျိုး ခံစားနေရသည်။ အာ.. သူ ဓာတ်ပုံကို ဖျက်လိုက်သင့်လား? ဒါပေမဲ့ ရွှီလျန်က ဓာတ်ပုံကို မြင်ပြီးသွားပြီဖြစ်မယ်။
သူ ဓာတ်ပုံဖျက်သင့်လား၊မဖျက်သင့်လား တွေးတောနေသည့်အချိန်မှာပဲ ရွှီလျန်က နောက်ထပ်မက်ဆေ့ချ် ပို့လာခဲ့သည်။
ရွှီလျန် : [ ရှင်စာကြည့်နေတဲ့အချိန်ဆို ကျွန်မ ရှင့်ကို တကယ်အနှောင့်အယှက်မပေးချင်ပါဘူး ဒါပေမဲ့ ရှင် အခုချက်ချင်း ကျွန်မကို လာကြိုနိုင်မလားလို့ပါ ]
ရှန့်ချန်ခုန်း : [ ဘာဖြစ်လို့လဲ ]
ရှန့်ချန်ခုန်း ချက်ချင်း စိုးရိမ်လာ၏။ ရွှီလျန် တစ်ခုခုများဖြစ်လို့လား?
ရွှီလျန် : [ ကျွန်မကို ကျွန်မအမေက ပါတီတစ်ခုကိုဆွဲခေါ်လာတာလေ တကယ်ပျင်းစရာကောင်းပြီး စိတ်ညစ်စရာကြီး၊ သူမက ကျွန်မကို ထွက်သွားခွင့်မပြုဘူးလေ ]
ရွှီလျန် : [ ဒါပေမဲ့ ရှင် ကျွန်မကိုလာခေါ်မယ်ဆိုရင်တော့ သူမက ကျိန်းသေပေါက် သူမကိုသွားခွင့်ပြုလိမ့်မယ် ]
ရှန့်ချန်ခုန်း ခဏလောက် ပြန်မတုံ့ပြန်ခဲ့ပေ ၊ ရွှီလျန် ဤသည်ကိုမြင်တော့ နည်းနည်း ပုံကြီးချဲ့ရန် ဆုံးဖြတ်လိုက်သည်။
ရွှီလျန် : [ ကျွန်မ ရှင့်ကို တောင်းပန်ပါတယ်နော် •́︿•̀ ]
ရှန့်ချန်ခုန်း : [ ......... ]
ရှန့်ချန်ခုန်း : [ ကောင်းပြီ ကိုယ် မင်းကို အခုလာခေါ်မယ် ကိုယ့်ကိုလိပ်စာပေး ]
ရွှီလျန် : [ Grand Europe ဟိုတယ် ဒုတိယထပ် ဂုဏ်ပြုပွဲခန်းမ ]
ရွှီလျန် : [ ကျွန်မစောင့်နေမယ် ]
___________________
႐ႊီလ်န္က ဉာဏ္ထိုင္းတဲ့သူမဟုတ္ ၊ ရွန့္ခ်န္ခုန္းက သူမကို တမင္တကာ ေရွာင္ဖယ္ေနမွန္း သူမ ေရးေတးေတးေလး သတိျပဳမိသည္။ သူမ သူ႕ကို ထိုအေၾကာင္း ေမးခ်င္ေပမဲ့လည္း အတန္ၾကာစဥ္းစားၿပီးေနာက္ ႐ႊီလ်န္သည္ 'OK' ဟူေသာလက္ပုံစံ ပို႔လိုက္ေတာ့သည္။
ရွန့္ခ်န္ခုန္း၏စာေမးပြဲရက္ဟာ ျဖည္းျဖည္းခ်င္း နီးကပ္လာၿပီျဖစ္သည္။ သူမကိုေရွာင္ဖယ္ေနဖို႔ရာအတြက္ သူ႕အေၾကာင္းျပခ်က္က ဘာပဲျဖစ္ျဖစ္ သူက သူ႕အခ်ိန္ေတြကို စာၾကည့္ရန္ အသုံးျပဳသည္ေၾကာင့္ အဆင္ေျပေနေသး၏။ ယခုအခ်ိန္တြင္ ႐ႊီလ်န္က သူ႕ကို တကယ္ပဲ အေႏွာင့္အယွက္ေပးလိုစိတ္မရွိေပ။
ထိုစဥ္ ရွန့္ခ်န္ခုန္းသည္ ႐ႊီလ်န္ သူ႕ကိုပို႔ခဲ့ေသာေနာက္ဆုံးမက္ေဆ့ခ်္ကို ၾကည့္ေနလ်က္ သူ႕မ်က္ႏွာေပၚ၌ ရႈပ္ေထြးလွေသာအမူအရာရွိေန၏။ ႐ႊီလ်န္က ႏုံအတဲ့သူမဟုတ္ဘူး ၊ သူမမွာ သူ႕ကို ေမးစရာေမးခြန္းေတြ အမ်ားႀကီးရွိေနနိုင္သည္။ သို႔ေပမဲ့ အခ်ိဳ႕အေၾကာင္းျပခ်က္ေၾကာင့္ သူမက ရွန့္ခ်န္ခုန္းကို အခုထိ မည္သည့္အရာမွ ေမးမလာခဲ့ေပ။
သူ႕ဖုန္းကိုခ်၍ မၾကာေသးခင္က သူဝယ္လာခဲ့ေသာႏႈတ္ခမ္းနီကိုထုတ္ရန္ သူ႕အိပ္ရာေဘးရွိအံဆြဲအား ဆြဲဖြင့္လိုက္သည္။ ၎အား ခဏၾကာၾကည့္ၿပီးေနာက္ အံဆြဲထဲ၌သာ ျပန္ထည့္ထားခဲ့သည္။
စေနေန႕၌ ရွန့္ႏြမ္ အိမ္ျပန္လာမည္ျဖစ္ေသာေၾကာင့္ ရွန့္ခ်န္ခုန္းသည္ စားစရာအမ်ားအျပား ဝယ္လာခဲ့၏။ ရွန့္ႏြမ္ အိမ္ထဲဝင္လာခ်ိန္တြင္ သူမသည္ သူမအိတ္ကိုခ်၍ မီးဖိုေခ်ာင္ထဲ ေပ်ာ္႐ႊင္စြာ ေျပးဝင္သြားေတာ့သည္။ ရွန့္ခ်န္ခုန္းက သူမကို မႏႈတ္ဆက္လာခင္မွာပဲ သူမကေျပာ၏။
"အိုး! အစ္ကို အစ္ကို႔ရဲ႕ဝက္နံရိုးခ်ိဳခ်ဥ္ေတြက အေကာင္းဆုံးပဲ!"
သူမက အၿမဲလိုလို အစားစားၿပီးသည့္အခ်ိန္တိုင္း သူမလက္ေခ်ာင္းေတြကိုလ်က္၍သာ လတ္စသတ္ခဲ့သည္။
ရွန့္ခ်န္ခုန္းမွာ ကူကယ္ရာမဲ့စြာျဖင့္ သူ႕ညီမေလးကို ၿပဳံး၍ၾကည့္ေနရင္း သူမအား မီးဖိုေခ်ာင္ထဲမွ ေမာင္းထုတ္ရန္ ႀကိဳးစားေန၏။ ရွန့္ႏြမ္က ေနာက္ထပ္နံရိုးတစ္ေခ်ာင္းကို ယူ၍ သူမပါးစပ္ထဲသို႔ အလ်င္အျမန္ ထိုးထည့္လိုက္ေလသည္။
"အား အရမ္းအရသာရွိတာပဲ၊ ညီမသိခ်င္လိုက္တာ ႐ႊီလ်န္က်ဲ ဒီလိုဟင္းမ်ိဳးကို ဘယ္အခ်ိန္စားရမလဲလို႔?"
ဇြန္းျပားကိုကိုင္ထားေသာရွန့္ခ်န္ခုန္းလက္မွာ တစ္စကၠန့္ေလာက္ရပ္တန့္သြား၏။ ထို႔ေနာက္ သူက ဝက္နံရိုးပန္းကန္ကိုယူ၍ ရွန့္ႏြမ္အား ကမ္းေပးလိုက္သည္။
"နင္ အရင္သြားႏွင့္၊ မီးဖိုေခ်ာင္ကမီးခိုအူတယ္"
ရွန့္ႏြမ္ ပန္းကန္ျပားကိုယူလိုက္သည္။ သူမ မ်က္လုံးေတြကိုလွိမ့္၍ ထြက္သြားရန္ ျငင္းပယ္၏။
"႐ႊီလ်န္က်ဲကို ဘယ္ေတာ့အိမ္ေခၚလာမွာလဲလို႔ ဟမ္?"
"အဲဒီအတြက္စိတ္မပူနဲ႕"
ရွန့္ခ်န္ခုန္းသည္ အရံဟင္းပြဲေတြကို တည္ခင္းေန၏။
"အခုထိ နင့္ရဲ႕လပတ္စာေမးပြဲရလဒ္ မရေသးဘူးလား"
ရွန့္ႏြမ္မ်က္ႏွာထက္ကအၿပဳံးမွာ ႐ုတ္ျခည္း ေတာင့္တင္းသြားသည္။
"..... အာ အာ အာ ညီမ အစ္ကို႔ကိုထပ္မေႏွာင့္ယွက္ေတာ့ဘူး။ ျဖည္းျဖည္းခ်င္းခ်က္ေနာ္ ညီမ အခုသြားေတာ့မယ္"
ထို႔ေနာက္ သူမသည္ ပန္းကန္ျပားျဖင့္ မီးဖိုေခ်ာင္ထဲမွေျပးထြက္သြားၿပီး ထမင္းစားပြဲတြင္ ခါးသီးေနေသာမ်က္ႏွာအမူအရာျဖင့္ ထိုင္ေနေလသည္။
ရွန့္ႏြမ္သည္ ဝက္နံရိုးခ်ိဳခ်ဥ္နည္းနည္းထပ္စားၿပီးမွသာ လပတ္စာေမးပြဲရလဒ္အေၾကာင္းေတြးေနျခင္းမွ သတိျပန္လည္လာခဲ့သည္။ ခဏၾကာၿပီးေနာက္ သူမဖုန္းကိုထုတ္၍ Weibo ဖြင့္လိုက္၏။ သူမ ႐ႊီလ်န္၏ Weibo ကိုေတြ႕ေတာ့ သူမထံ မက္ေဆ့ခ်္တစ္ေစာင္ပို႔လိုက္ေလသည္။
ရွန့္ႏြမ္ : [ မမေရ ညီမကိုမွတ္မိလား? ညီမက ရွန့္ခ်န္ခုန္းရဲ႕ညီမေလးေလ ]
ထိုစဥ္ ႐ႊီလ်န္က သူမအေမႏွင့္အတူ ေကာ့ေတးပါတီတစ္ခု၌ ရွိေနခဲ့သည္။
႐ႊီလ်န္တို႔မိသားစုက စီးပြါးေရးႀကီးႀကီးမားမားမရွိေသာ္လည္း သူတို႔က အေတာ္ေလးခ်မ္းသာေနဆဲျဖစ္သည္။ သူမ ျပည္ပကို မေျပာင္းေ႐ႊ႕ခင္က မားမား႐ႊီသည္ ဤကဲ့သို႔ေသာ လူခ်မ္းသာမ်ား၏လူမႈေရးစုေဝးပြဲမ်ား၌ မၾကာခဏ သူမမ်က္ႏွာလာျပေလ့ရွိခဲ့သည္။ ဒီတစ္ႀကိမ္က ႐ႊီလ်န္ ပထမဆုံးအႀကိမ္ တက္ေရာက္ျခင္းျဖစ္၏။ ဤသို႔ေသာ ေၾကာင္သူေတာ္အခမ္းအနားပြဲေတြကိုအသာထား သူမက လူမႈေရးအခမ္းအနားပြဲေတြသြားရျခင္းကို မႏွစ္သက္။
ေဝ့ရိခ်န္သည္လည္း ပါတီမွာေရာက္ေန၏။ ႐ႊီလ်န္က ေထာင့္တစ္ေနရာတြင္ တစ္ေယာက္တည္းရပ္ေနသည္ကို ျမင္ေသာအခါ သူ ေလွ်ာက္သြားၿပီး သူမေဘးနားတြင္ ရပ္ေနလိုက္သည္။
"မင္းက ဒီလိုပြဲေတြကိုလာမယ္လို႔ ငါမထင္ခဲ့ဘူး"
႐ႊီလ်န္က သူ႕အား ခနဲ႕တဲ့တဲ့အၿပဳံးတစ္ခုေပးကာ ကိတ္အေသးေလးတစ္ခုကို ခက္ရင္းျဖင့္ထိုးလိုက္၏။
"ငါ့အေမက ႏွစ္ရက္အတြင္း ျပန္ေတာ့မွာဆိုေတာ့ သူမက ငါ့ကို ႀကိဳးကိုင္ၿပီး ဒီပါတီကိုေခၚလာတာ"
ေဝ့ရိခ်န္ၿပဳံး၍ ဝိုင္တစ္ငုံေသာက္ရန္ သူ႕လက္ျမႇောက္လိုက္သည္။
"မင္းအေမက မင္းမွာေကာင္ေလးရွိေနၿပီလို႔ အန္တီေလ်ာင္ကိုေျပာေနတာ ငါၾကားခဲ့တယ္၊ ၾကည့္ရတာ သတင္းက ျမန္ျမန္ပ်ံ့သြားတဲ့ပုံပဲ"
"......."
႐ႊီလ်န္ အတန္ၾကာတိတ္ဆိတ္ေန၏။ ထို႔ေနာက္ တစ္ခြန္းတည္းသာဆိုလာခဲ့သည္။
"ပ်င္းစရာေကာင္းလိုက္တာ"
ေဝ့ရိခ်န္က ေနာက္ထပ္ဝိုင္တစ္ငုံေသာက္လ်က္ ႐ႊီလ်န္အားေဘးတိုက္ၾကည့္၍
"ဒါေပမဲ့ ဒီည မင္းအေတာ္ေလးႏွစ္လိုဖြယ္ေကာင္းတယ္ မင္းရဲ႕ဝတ္စုံကၾကည့္ေကာင္းတယ္"
႐ႊီလ်န္ဝတ္စုံက သူမအေမက ေ႐ြးေပးခဲ့ျခင္းျဖစ္ကာ ၎အား ဝတ္ဆင္ရန္လည္း ႐ႊီလ်န္ကိုၿခိမ္းေျခာက္ခဲ့ေသးသည္။ ႐ႊီလ်န္က ဤသို႔ေသာပါတီပြဲေတြကို တစ္ခါမွ မတက္ေရာက္ဖူးေသာေၾကာင့္ သူမမွာ ပြဲအတြက္ သင့္ေတာ္သည့္အဝတ္အစားမရွိသည္မွာ ပုံမွန္ပဲျဖစ္သည္။ အဆုံးမွာ သူမသည္ သူမအေမေ႐ြးေပးထားေသာဝတ္စုံကို မႀကိဳက္ေသာ္ျငားလည္း သူမ မ်က္စိမွတ္ ေခါင္းညိတ္၍သာ ယင္းအား ဝတ္ဆင္လိုက္ေတာ့သည္။
ေနာက္ဆုံးမွာ သူမက သားေရဝတ္စုံဝတ္ၿပီးေတာ့ ပါတီပြဲကို လာလို႔မရနိုင္ဘူးေလ။
"ရိခ်န္ ဒီကိုလာၿပီးေတာ့ မင္းရဲ႕အန္ကယ္န်ဲ့နဲ႕စကားလာေျပာ"
ေဝ့က်န္းထင္းက သူႏွင့္မီတာအနည္းငယ္အေဝးမွ သူ႕သားျဖစ္သူအား လွမ္းၾကည့္ေနသည္။ ႐ႊီလ်န္မွာ သူတို႔အခ်င္းခ်င္းအၾကည့္ဆုံသြားေသာအခါ ယဥ္ယဥ္ေက်းေက်းျဖင့္ ေခါင္းညိတ္ျပကာ ေဝ့က်န္းထင္းသည္လည္း ျပန္ၿပဳံးျပၿပီးေခါင္းညိတ္ျပေလသည္။
ေဝ့ရိခ်န္က ေနာက္ထပ္ဝိုင္တစ္ငုံစာထပ္ေသာက္ကာ ႐ႊီလ်န္အား ေျပာ၏။
"ငါ အဲဒီကိုသြားဖို႔လိုတယ္"
"အင္း"
ေဝ့ရိခ်န္ ေလွ်ာက္လာၿပီး သူ၏ဝိုင္မရွိေတာ့ေသာဖန္ခြက္အား အနီးရွိစားပြဲတစ္ခုေပၚတြင္ တင္ထားလိုက္သည္။ ေဝ့က်န္းထင္းက ေဝ့ရိခ်န္ ေရာက္လာသည္ကိုေစာင့္ေနၿပီးေနာက္ တိုးတိုးကပ္ေျပာလာခဲ့၏။
"႐ႊီလ်န္မွာေကာင္ေလးရွိၿပီးသားလို႔ မင္းရဲ႕အန္တီ႐ႊီဆီက မၾကားခဲ့ဘူးလား၊ မင္းက အခုထိ လက္မေလွ်ာ့ေသးဘူးလား"
ေဝ့ရိခ်န္ ရယ္ေမာလ်က္
"အေဖေရာပဲ.. န်ဲ့ယဲ့က ကြၽန္ေတာ္တို႔က တစ္ေယာက္နဲ႕တစ္ေယာက္ မသင့္ေတာ္ဘူးလို႔ေျပာထားၿပီးသားေလ၊ အေဖက ဘယ္ေတာ့မွလက္ေလွ်ာ့မွာလဲ"
"ဒါကဘယ္လိုလုပ္တူမွာလဲ.. သူမမွာ ေသခ်ာတဲ့သူတစ္ေယာက္ေယာက္မရွိေသးဘူးဆိုေတာ့ မင္းမွာအခြင့္အေရးရွိေနတုန္းပဲ။ သင့္ေတာ္သည္ျဖစ္ေစ မေတာ္သည္ျဖစ္ေစ ေျပာင္းလဲလို႔ရတယ္"
ေဝ့ရိခ်န္ သူ႕ႏႈတ္ခမ္းသူကိုက္၍ မည္သည့္မွတ္ခ်က္မွ မေပးလာေတာ့ေပ။
သူမေထာင့္တစ္ေနရာတြင္ ႐ႊီလ်န္မွာ သူမ၏ကိတ္တစ္ပန္းကန္အား ကုန္သြားခဲ့ၿပီျဖစ္သည္။ သူမသည္ ေနာက္ထပ္သေရစာအား သူမကိုယ္တိုင္ ရွာရန္အတြက္ ဘူေဖးစားပြဲနားသို႔ ေလွ်ာက္လာခဲ့ေလသည္။ သူမ ပါတီပြဲကိုတက္ေရာက္ရန္ သူမအေမကို ကတိေပးလိုက္စဥ္က တကယ္ေတာ့ ေနာက္ထပ္အေရးႀကီးေသာအေၾကာင္းျပခ်က္ေၾကာင့္ ပြဲတက္ရန္ သေဘာတူခဲ့ျခင္းျဖစ္သည္။ Grand Europe ဟိုတယ္ရွိသေရစာေတြက အရသာရွိျခင္းေၾကာင့္ ေက်ာ္ၾကား၏။
မားမား႐ႊီမွာ ႐ႊီလ်န္ တစ္ေယာက္တည္းရပ္ေနသည္ကို ျမင္၏။ တျခားသူေတြ၏အာ႐ုံကိုေရွာင္ရွား၍ သူမဘာသာတစ္ေယာက္တည္းေန,ေနေလသည္။ တျခားသူေတြက သူမအၾကည့္အား ဖမ္းမိရန္ႀကိဳးစားေနခ်ိန္တြင္ ႐ႊီလ်န္မွာ မျမင္ခ်င္ေယာင္ေဆာင္ေနခဲ့၏။ ထိုအစား သူမဖုန္းကိုထုတ္ၿပီး ေခါင္းငုံ႕ကာ သူမပတ္ပတ္လည္က လူအားလုံးကို တစ္ခဏအတြင္း လ်စ္လ်ဴရႈထားလိုက္ေတာ့သည္။
မားမား႐ႊီ၏ႏႈတ္ခမ္းေထာင့္စြန္းမွာ ေကာ့တက္သြားခဲ့သည္။ ထို႔ေနာက္ သူမ စကားေျပာရန္ ေနာက္လွည့္၍ သူမအနားကလူေတြႏွင့္ ရယ္ေမာေနေတာ့၏။
႐ႊီလ်န္ သူမ WeChat ကိုဖြင့္လိုက္ခ်ိန္တြင္ ရွန့္ခ်န္ခုန္းက သူမအား မက္ေဆ့ခ်္တစ္ေစာင္မွမပို႔ထားေၾကာင္း ေတြ႕လိုက္ရသည္။ သူမသည္ ရွန့္ခ်န္ခုန္း၏ avatar အား ခဏၾကာစိုက္ၾကည့္ေနၿပီးေနာက္ App ကိုျပန္ပိတ္လိုက္သည္။ ထို႔ေနာက္ သူမ Weibo ကိုဖြင့္၏။
႐ႊီလ်န္သည္ သူမထံ မက္ေဆ့ခ်္တစ္ေစာင္ေရာက္ေနမွန္း ေတြ႕လိုက္ရ၏။ ႐ႊီလ်န္ မက္ေဆ့ခ်္ကိုဖြင့္ၾကည့္ကာ သူမလက္ေခ်ာင္းက ေကာင္မေလးတစ္ေယာက္၏ခ်စ္စရာေကာင္းေသာကာတြန္း avatar တစ္ခုနား၌ ရစ္ဝဲေနေလသည္။
ရွန့္ႏြမ္?
ေသခ်ာတာေပါ့ သူမ မွတ္မိတာေပါ့၊ သူမ စာရိုက္၍ ျပန္ေျဖလိုက္သည္။
႐ႊီလ်န္ : [ အင္း မွတ္မိတာေပါ့ အစ္မ မင္းကိုဘာလုပ္ေပးရမလဲ? ]
ထိုအခ်ိန္၌ ရွန့္ႏြမ္မွာလည္း စားေသာက္ၿပီးၿပီျဖစ္သည္။ သူမဖုန္းကိုစစ္ၾကည့္ခ်ိန္တြင္ ႐ႊီလ်န္စာျပန္ထားေၾကာင္း ေတြ႕ရ၍ သူမ နည္းနည္းေလးအံ့အားသင့္ေန၏။
ရွန့္ႏြမ္ : [ ညီမ အစ္ကို႔ဆီကၾကားတာ အခု မမကသူနဲ႕တြဲေနၿပီဆို၊ Congratulations ပါေနာ္ ဒါေပမဲ့ ဒီေန႕ ညီမအစ္ကိုက တစ္ခုခုျဖစ္ေနသလိုပဲ မမတို႔စကားမ်ားထားၾကတာလား? ]
႐ႊီလ်န္ : [ မင္းအစ္ကို အိမ္မွာရွိလား ]
ရွန့္ႏြမ္ : [ အင္း အခုေလးတင္ သူ႕အခန္းထဲဝင္သြားတာ ဒီေန႕ကသူ႕ရဲ႕နားရက္ေလ ]
႐ႊီလ်န္ : [ အိုေက အစ္မသိၿပီ ]
အိုေက? ရွန့္ႏြမ္ နည္းနည္းစိတ္ရႈပ္ေထြးသြား၏။ ႐ႊီလ်န္က ဘာသိတာလဲ? သူမကေရာ ဘာလို႔မသိရတာလဲ?
သူတို႔စကားမ်ားထားၾကတာလား? ဘယ္လိုေတာင္စိတ္ပူစရာလဲ?
သို႔ေသာ္ ဤအရာအားလုံးျဖစ္ေနေစကာမူ ရွန့္ႏြမ္သည္ သူမ WeChat အိုင္ဒီကို ႐ႊီလ်န္ထံမွာခ်န္ထားရန္ အခြင့္အေရးယူခဲ့သည့္အတြက္ေၾကာင့္ အနာဂတ္တြင္ သူမတို႔ႏွစ္ေယာက္ စကားေျပာရန္ ပိုလြယ္ကူသြားခဲ့ၿပီ။
႐ႊီလ်န္သည္ ရွန့္ႏြမ္အား သူမ WeChat တြင္ေပါင္းထည့္ၿပီး ရွန့္ခ်န္ခုန္း၏ avatar ကိုႏွိပ္၍ သု႔ကို မက္ေဆ့ခ်္တစ္ေစာင္ပို႔လိုက္သည္။
႐ႊီလ်န္ : [ စာၾကည့္ေနတာလား? ]
ရွန့္ခ်န္ခုန္း : [ အင္း ]
ရွန့္ခ်န္ခုန္းမွာ အမွန္တကယ္ပင္ စာအုပ္ဖတ္ေနျခင္းျဖစ္သည္။ သို႔ေပမဲ့ အေၾကာင္းျပခ်က္အခ်ိဳ႕ေၾကာင့္ ႐ႊီလ်န္ သူ႕ကိုေမးလာခ်ိန္တြင္ သူ နည္းနည္းေလး အျပစ္ရွိသလိုခံစားေနရဆဲျဖစ္၏။
ခဏၾကာၿပီးေနာက္ သူက သူ၏ဖြင့္ထားေသာစာအုပ္ကို ဓာတ္ပုံရိုက္၍ ႐ႊီလ်န္ထံပို႔လိုက္သည္။
ဓာတ္ပုံ ေအာင္ျမင္စြာ ပို႔ၿပီးသြားသည့္အခ်ိန္၌ ရွန့္ခ်န္ခုန္း ႐ုတ္ျခည္း ေနာင္တရသြား၏။ သူ၏အျပစ္ရွိစိတ္အား ဝန္ခံေနသလိုမ်ိဳး ခံစားေနရသည္။ အာ.. သူ ဓာတ္ပုံကို ဖ်က္လိုက္သင့္လား? ဒါေပမဲ့ ႐ႊီလ်န္က ဓာတ္ပုံကို ျမင္ၿပီးသြားၿပီျဖစ္မယ္။
သူ ဓာတ္ပုံဖ်က္သင့္လား၊မဖ်က္သင့္လား ေတြးေတာေနသည့္အခ်ိန္မွာပဲ ႐ႊီလ်န္က ေနာက္ထပ္မက္ေဆ့ခ်္ ပို႔လာခဲ့သည္။
႐ႊီလ်န္ : [ ရွင္စာၾကည့္ေနတဲ့အခ်ိန္ဆို ကြၽန္မ ရွင့္ကို တကယ္အေႏွာင့္အယွက္မေပးခ်င္ပါဘူး ဒါေပမဲ့ ရွင္ အခုခ်က္ခ်င္း ကြၽန္မကို လာႀကိဳနိုင္မလားလို႔ပါ ]
ရွန့္ခ်န္ခုန္း : [ ဘာျဖစ္လို႔လဲ ]
ရွန့္ခ်န္ခုန္း ခ်က္ခ်င္း စိုးရိမ္လာ၏။ ႐ႊီလ်န္ တစ္ခုခုမ်ားျဖစ္လို႔လား?
႐ႊီလ်န္ : [ ကြၽန္မကို ကြၽန္မအေမက ပါတီတစ္ခုကိုဆြဲေခၚလာတာေလ တကယ္ပ်င္းစရာေကာင္းၿပီး စိတ္ညစ္စရာႀကီး၊ သူမက ကြၽန္မကို ထြက္သြားခြင့္မျပဳဘူးေလ ]
႐ႊီလ်န္ : [ ဒါေပမဲ့ ရွင္ ကြၽန္မကိုလာေခၚမယ္ဆိုရင္ေတာ့ သူမက က်ိန္းေသေပါက္ သူမကိုသြားခြင့္ျပဳလိမ့္မယ္ ]
ရွန့္ခ်န္ခုန္း ခဏေလာက္ ျပန္မတုံ႕ျပန္ခဲ့ေပ ၊ ႐ႊီလ်န္ ဤသည္ကိုျမင္ေတာ့ နည္းနည္း ပုံႀကီးခ်ဲ့ရန္ ဆုံးျဖတ္လိုက္သည္။
႐ႊီလ်န္ : [ ကြၽန္မ ရွင့္ကို ေတာင္းပန္ပါတယ္ေနာ္ •́︿•̀ ]
ရွန့္ခ်န္ခုန္း : [ ......... ]
ရွန့္ခ်န္ခုန္း : [ ေကာင္းၿပီ ကိုယ္ မင္းကို အခုလာေခၚမယ္ ကိုယ့္ကိုလိပ္စာေပး ]
႐ႊီလ်န္ : [ Grand Europe ဟိုတယ္ ဒုတိယထပ္ ဂုဏ္ျပဳပြဲခန္းမ ]
႐ႊီလ်န္ : [ ကြၽန္မေစာင့္ေနမယ္ ]
___________________