Unicode
စာအုပ်ထဲရောက်လာပြီး၂၀ရာစုကိုပြန်ရောက်သွားတယ် ဝှက်သယ်ဖတ်!!
နှစ်ပေါင်း၁၁၀ကျော်ခန့်အကြာ
Aprilလ 2022ခုနှစ်
"What the fuck!!!"
ဒီနေ့လည်းထပ်ပြီးပြေးနေရတဲ့မနက်ခင်းလေးပါပဲ။
သူများတွေလိုတော့မနက်ခင်းလေးကိုနေရောင်ခြည်လေးနဲ့အစပြု၊ငှက်ကလေးတွေအော်သံကြားပြီးနိုးလာ၊ကော်ဖီတစ်ခွက်နဲ့မနက်ခင်းအလှကိုခံစားပြီးနိုးလာရမယ့်လူမျိုးထဲကတော့မဟုတ်ခဲ့။
ခင်ဗျားတို့မြင်နေရတဲ့အတိုင်းပဲကျွန်တော့်မနက်ခင်းလေးကခွေးတစ်ကောင်နောက်မှအသည်းအသန်လိုက်နေခြင်းနဲ့အစပြုလေရဲ့။
"ဟာ ဒီသောက်ခွေး!!"
နောက်ကျတဲ့ခြေထောက်သစ္စာဖောက်ဆိုသလိုအားကုန်ပြေးခဲ့ပေမယ့်နောက်ကကမူးရှူးထိုးလိုက်လာတဲ့ခွေးကြောင့်ဂျီမင်းတစ်ယောက်မနက်ခင်းrunning exerciseကိုနှစ်ဆအရှိန်မြှင့်ကာလုပ်ဆောင်ပြီးဖြစ်သည်။
ခွေးလိုက်ရတဲ့အကြောင်းအရင်းကတော့နှိုးစက်ကမမြည်လို့အိပ်ရာထနောက်ကျခဲ့ရာကနေစပြီးကျောင်းကားပါမမှီလို့လမ်းလျှောက်လာတဲ့အချိန်ခွေးတစ်ကောင်ကနေနောက်ကပြေးလိုက်တာကိုခံရတာပဲ။
တကယ်တော့ခွေးကဘလိုင်းကြီးလိုက်တာမဟုတ်ပါဘူး။ကျွန်တော်ဟိုနေ့ကသူ့ကိုခဲနဲ့ပေါက်ထားတာလေ။
ဒါကြောင့်မို့ကျွန်တော့်ကိုမြင်တာနဲ့သူကသရဲသဘက်လိုအတင်းပြေးလိုက်လေ့ရှိတယ်။
ဒီလိုနေ့မျိုးကထူးဆန်းတယ်ရယ်လည်းမဟုတ်။
ကျောင်းတက်ရတဲ့၅ရက်မှာ၂ရက်လောက်ကပုံမှန်ဖြစ်နေကြမလို့အပြေးပြိုင်ပွဲတောင်ဝင်ပြိုင်လို့ရနေပြီ။
ဇာတ်လမ်းအစတည်းကပြေးနေရတယ်ဆိုတော့နည်းနည်းတော့စိတ်ဝင်စားစရာကောင်းတာပေါ့နော်
ဒါပေမယ့်စိတ်ဝင်စားစရာကအဲ့လောက်မကောင်းပါဘူး။
တကယ်စိတ်ဝင်စားရမှာကအခုကနေစပြီးနောက်ဖြစ်လာမယ့်အရာတွေကိုပဲ။
"ဟောဟဲ ဟောဟဲ!!"
ပြေးရင်းပြေးရင်းနဲ့ခွေးကိုမျက်ခြေဖြတ်ကာမောလို့ရပ်လိုက်တော့ကျောင်းရှေ့နားပင်ရောက်နေသည်။
လက်ထဲကနာရီကိုလှမ်းကြည့်မိလိုက်တော့၉နာရီကွက်တိမလို့နှုတ်ခမ်းလေးတစ်ချက်ကော့တက်သွားသည်။
ကျောင်းတွင်းမှလျှပ်စစ်ခေါင်းလောင်းကမြည်လာပြီမလို့ဆရာမဆူမည့်အရေးရှေးရှူလျက်ကျောင်းတွင်းသို့ခြေလှမ်းစချခဲ့တော့သည်။
စာသင်ခန်းနားရောက်တော့အတန်းတက်ပြီမလို့ဆရာမကဝင်ကာစာတွေတောင်သင်နေပြီ။
ဂျီမင်းလည်းတံခါးလက်ကိုင်ကိုအသာဆွဲလှည့်ကာကုပ်ချောင်းချောင်းဖြင့်နေရာဝင်ထိုင်လုဆဲဆဲတွင်နဂိုကတည်းကမှန်းဆထားပြီးဖြစ်သောဆရာမရဲ့အသံကနားထဲကိုစူးခနဲဝင်လာသည်။
"ပတ်ဂျီမင်း ဒီနေ့လည်းနောက်ကျပြန်ပြီလား
ဘာအကြောင်းပြချက်ပေးဦးမလဲ"
"စာအုပ်ပျောက်နေတာရှာနေရလို့ပါ ဆရာမ"
"နေစမ်းပါဦး စာအုပ်ကဟိုနေ့ကလည်းပျောက်သေးတယ်လေ
ဒီကြားထဲမှာအိပ်ရာထနောက်ကျတာရယ်
ကျောင်းကားမမှီတာရယ်
လိုက်ပို့မယ့်လူမရှိတာရယ်
သူငယ်ချင်းကိုစောင့်တာရယ်...ဘလာ...ဘလာ."
"စာအုပ်ကတကယ်ပျောက်သွားတာပါ ဆရာမရယ်
ကျွန်တော်တမင်လုပ်တာမဟုတ်ရပါဘူး"
"မလိုချင်ဘူး နောက်နေ့ကျရင်ညကတည်းကရှာထား!"
"ဟုတ်"
စပ်ဖြီးဖြီးဖြင့်ဂျီမင်းဆရာမကိုပြုံးပြလိုက်ကာနေရာဝင်ထိုင်လိုက်သည်။ပျင်းရိဖွယ်စာသင်ချိန်များပြီးဆုံးသွားသည့်အချိန်တွင်ညောင်းညာနေသည့်အကြောများကိုဆန့်ကာဝှားခနဲသမ်းလိုက်တော့သည်။
"စာတွေကလည်းတစ်နေ့ တစ်နေ့ဒီစာ ဒီစာချည်းထပ်နေတာပဲ ပျင်းစရာကြီး"
"အေးကွာ"
ဂျီမင်း၏မကျေနပ်ဖွယ်အဆိုတင်သွင်းချက်ကိုဘေးနားကသူငယ်ချင်းဆော့ဟွန်းကထောက်ခံသည်။
တကယ်လည်းပျင်းစရာပင်။
တစ်ပတ်လည်နေသည့်ဤသံသရာစက်ဝိုင်းကြီးထဲတွင်သူတို့မှာစာတွေသင်ရင်းနဲ့ပဲဘဝရဲ့အချိန်များကိုဖြတ်သန်းနေရသည်။
အတူတူဖြတ်သန်းဖို့ရည်းစားကလည်းမရှိ။
ဘယ်လောက်တောင်ဆိုးရွားလိုက်လဲ!
"နေ့လည်ကျရင်ဘယ်သွားဖို့အစီအစဉ်ရှိလဲ"
"စာကြည့်တိုက်"
"ဘာသွားလုပ်မှာလဲ နေလို့ထိုင်လို့မကောင်းတဲ့နေရာကို"
"မီးရထားတွေအကြောင်းရေးထားတာလေးရှိမလားလို့သွားရှာချင်တာ"
"ဘာလို့သိချင်တာလဲ"
"ငါ့ဟာငါဘာလို့သိချင်ချင် မင်းအပူလား"
"ရားးပတ်ဂျီမင်း စကားအကောင်းပြောရင်းကနေဘာလို့ထစွာတာလဲ!"
"မင်းကရောဘာလို့တရားစစ်သလိုလိုက်စစ်နေတာလဲ"
"ငါသိချင်လို့ပေါ့"
"သိချင်ရင်လိုက်ဖတ်"
"မလိုက်ဘူး စာကြည့်တိုက်ဆိုတဲ့နေရာကငါနဲ့မအပ်စပ်ဘူး"
"မလိုက်လည်းနေပေါ့"
နှာတစ်ချက်မှုတ်လိုက်ကာသွက်လက်သောခြေလှမ်းများဖြင့်ကျောင်း၏စာကြည့်တိုက်ရှိရာနေရာသို့အပြေးလာခဲ့တော့သည်။ဘယ်တော့မှရိုးရိုးလမ်းမလျှောက်ချင်။
ဘဝဆိုတာပြေးနေရမှအဓိပ္ပါယ်ရှိနေသလိုမျိုး။
"ဟဲ့ သောက်ပလုတ်တုတ်!"
ဤသို့အပြေးကောင်းခြင်း၏အကျိုးကျေးဇူးသည်မမြင်မကန်းနှင့်လူတစ်ယောက်ကိုဝင်တိုက်ခြင်းအဖြစ်ပြောင်းလဲသွားတော့သည်။အကယ်၍ထိုလူသာသူ့ကိုမထိန်းထားလိုက်လို့ရှိရင်အခုချိန်ရှိသမျှရှေ့သွားတွေအကုန်ကျွတ်နေလောက်ပြီ။
"ရရဲ့လား"
"ဟီးဟီး ရပါတယ်"
ဖုန်တွေဘာတွေအကျအနခါလိုက်ကာမချိသွားဖြဲလုပ်လိုက်ရသည်။မျက်နှာကိုအကဲခတ်ကြည့်လိုက်တော့အုန်းမှုတ်ခွက်ကေနဲ့တောသားမှန်းသိသာတာမို့ထိုလူဖြတ်သွားပြီးနောက်ပိုင်းတွင်မျက်နှာကိုရှုံ့မဲ့မိလိုက်သည်။
တစ်ဆက်တည်းမှာပင်စကားလုံးတစ်ချို့ကိုခပ်တိုးတိုးရေရွတ်မိလိုက်သေးသည်။
"ဒီခေါတ်မှာဒီလိုတောသားတွေကလည်းရှိသေးတာပါလား"
သူများကိုဘူလီနေ၍မဖြစ်ပါ။
မရှိမဲ့ရှိမဲ့အချိန်လေးကုန်သွားခါမှသူလိုချင်တဲ့စာအုပ်လေးမရလိုက်ဘဲနေဦးမည်။
ထို့ကြောင့်လည်းစာကြည့်တိုက်ဆီသို့ထပ်မံပြေးသွားဖို့လိုပါမည်။
ဒီတစ်ခါတော့ဝင်မတိုက်မိပါစေနဲ့လို့ပဲဆုတောင်းရမယ်။
ဤသို့ဖြင့်လူနှစ်ယောက်သုံးယောက်လောက်ဝင်တိုက်ပြီးနောက်ပိုင်းတွင်စာကြည့်တိုက်သို့ဂျီမင်းတစ်ယောက်ချောချောမွေ့မွေ့ရောက်ရှိသွားတော့သည်။
"ဂျီမင်းပါလား မတွေ့တာတောင်အတော်ကြာ"
"ဟုတ်တယ် အခုတလောမအားလို့
ဒါပေမယ့်ဒီနေ့တော့အားတာနဲ့စာအုပ်လေးလာယူတာ
အချိန်ကုန်သွားမှာစိုးလို့မြန်မြန်ရွေးလိုက်ဦးမယ်နော်"
"ဟုတ်ပါပြီ စိတ်ကြိုက်သာရွေးပါ"
စာကြည့်တိုက်မှူးဦးလေးကြီးကမျက်မှန်အဝိုင်းလေးတပ်လျက်စာအုပ်ထိုင်ဖတ်နေသည်။
သူကတော့စာအုပ်စင်တွေဘက်ကိုခပ်သုတ်သုတ်ပြေးကာသမိုင်းစာအုပ်တွေထားသည့်စင်အကြားနေရာယူလိုက်သည်။
စာအုပ်ထောင့်များရှိနာမည်များကိုလက်ဖြင့်ထောက်လျက်သေသေချာချာကိုကြည့်ရှုနေသည်။
လက်လှမ်းမှီသည့်နေရာတွင်ရှိနေသောစာအုပ်များထဲသူလိုချင်တဲ့စာအုပ်ကမပါတာသေချာလှသည်။
ထို့ကြောင့်အပေါ်တန်းကစာအုပ်များထဲမှရွေးဖို့လိုအပ်လောက်မည်။
လျှောကာထောင်ထားသည့်လှေကားကိုယူလိုက်ပြီးလှေကားထစ်တစ်ထစ်ချင်းဆီကိုမိမိရရခြေလှမ်းထားလိုက်သည်။ရှပ်ပြာနိုင်တဲ့ဂျီမင်းအဖို့တော့ဤအလုပ်ကိစ္စပါမွှားလေးကပင်အာရုံစိုက်စရာလိုလိုဖြစ်နေသည်။
ဒီတစ်ခါပြုတ်ကျရင်တော့အောက်ကနေဆီးပြီးဖမ်းပေးမယ့်လူမရှိတာသေချာတာမို့အခန့်မသင့်ရင်ခေါင်းကွဲသွားနိုင်သည်။
အပေါ်ထပ်ရှိစာအုပ်များကိုရွေးနေရင်းတစ်နေရာတွင်မီးရထားများနှင့်ပက်သက်သောစာအုပ်ကိုတွေ့လိုက်ရသည်။ဝမ်းသာအားရဖြင့်လှမ်းယူစဉ်မှာပဲခြေလှမ်းကချော်ကာထ်ိုအတန်းရှိစာအုပ်အားလုံးကိုတိုက်ချသွားတော့သည်။
ဤသို့တစ်ခုခုမဖြစ်လျှင်ဂျီမင်းမဟုတ်ပါချေ။
သွားသည့်နေရာတိုင်းတွင်ခလုတ်တိုက်လဲလျှင်လဲ
မလဲလျှင်ပြုတ်ကျမှဂျီမင်းပီသသည်။
ကံကောင်းတာမို့လှေကားသုံးထစ်လောက်မှပြုတ်ကျသည့်အတွက်ခေါင်းလည်းကွဲမသွားပါ။
ယင်းအစားစာအုပ်တစ်အုပ်ကခေါင်းပေါ်ကိုဘုတ်ခနဲပြုတ်ကျလာသည်။ထောင့်စွန်းဖြင့်ကျလာတာမလို့ခေါင်းလည်းအီခနဲပါပဲ။
"အ့ နာလိုက်တာ"
စာအုပ်များကဘေးပတ်လည်တွင်ပြန့်ကျဲနေသည်။
၄င်းစာအုပ်များကိုပြန်စီရမည့်အရေးတွေးကြည့်လိုက်ရုံဖြင့်ပင်ကြက်သီးထသွားသည်။
မတော်လို့များစီနေရင်းစောနကလိုထပ်ပြုတ်ကျရရင်တော့ဒီတစ်ခါခေါင်းကွဲမှာသေချာလှသည်။
ရှာနေတဲ့စာအုပ်လေးကဘေးနားမှာမို့ကောက်ယူကာပိုက်ထားလိုက်သည်။သို့သော်ခေါင်းပေါ်ကျလာသောစာအုပ်ကပေါင်ပေါ်ရောက်နေသည့်အတွက်စာအုပ်အဖုံးရှိထင်းလင်းနေသောနာမည်ကသူ့ဦးနှောက်ထဲဖြတ်ခနဲ...
၂၀ရာစုရဲ့ပျောက်ဆုံးနေသောသမိုင်းကြောင်း
ရုတ်တရက်အမျိုးအမည်မသိသောခံစားချက်ကကျောရိုးထဲထိစိမ့်ဝင်လာသည်။
ပိုက်ထားသောစာအုပ်ကိုဘေးချလိုက်ကာထိုထူးဆန်းသောအမည်ဖြင့်စာအုပ်ကိုကောက်ကိုင်မိလိုက်သည်။
စာအုပ်ကအညိုရောင်သားရေဖြင့်ဖုံးထားပြီးထူထူထဲထဲရှိလှသည်။ထိုအညိုရောင်သားရေပေါ်တွင်ရွှေရောင်ဖြင့်ထွင်းထားသောစာလုံးများရှိသည်။တစ်ချိန်တည်းမှာပင်စာအုပ်ပုံကြည့်ရတာအလွန်ကိုဟောင်းနွမ်းနေပုံပေါ်သည်။
စာအုပ်ရဲ့ပထမဆုံးစာမျက်နှာကိုလှန်ကြည့်မိလိုက်တော့ပေါ်လာသည်က....
သောမတ်စ်ဝိန်း
စာအုပ်၏စာမျက်နှာများကအငွေ့အသက်တစ်မျိုးထွက်ပေါ်နေသည်။ဆွဲဆောင်နေသလိုလိုပင်...
နောက်တစ်ရွက်ကိုလှန်လုဆဲဆဲတွင်ကျောင်း၏အချိန်မှန်မြည်နေကြဖြစ်သောလျှပ်စစ်ခေါင်းလောင်းသံကနားထဲလျှပ်တစ်ပြက်တိုးဝင်လို့လာသည်။
ထို့ကြောင့်စာအုပ်ကိုပိတ်လိုက်ကာမီးရထားအကြောင်းစာအုပ်ကိုသတိမရတော့ဘဲထိုစာအုပ်ကိုပဲပိုက်ကာစာကြည့်တိုက်မှူးဆီရောက်လာခဲ့တော့သည်။
"ကဲ ဘာစာအုပ်လဲ"
"၂၀ရာစုရဲ့ပျောက်ဆုံးနေသောသမိုင်းကြောင်းပါ"
စာကြည့်တိုက်မှူးကkeyboardကိုတတောက်တောက်နှိပ်ကာမျက်မှန်ကိုပင့်တင်လိုက်သည်။
"၂၀ရာစုရဲ့...ဟေ ဒီမှာအဲ့လိုနာမည်နဲ့စာအုပ်ဒီမှာမရှိပါဘူး"
"ဟင် ရှိပါတယ် ဒီမှာလေ"
"စာရင်းထဲမှာမရှိဘူး ဘယ်ကနေယူလာတာလဲ"
"ဟို သမိုင်းစာအုပ်တွေစီထားတဲ့အတန်းက"
"မှန်းစမ်း တစ်ခေါက်လောက်ပြန်ရှာကြည့်ဦးမယ်
မရှိဘူး ဒီမှာရှိသမျှစာအုပ်တွေစာရင်းထဲမှာရှိတယ်
ဒီစာအုပ်ကလုံးဝကိုမရှိတာ
ဘယ်တုန်းကများရောက်လာပါလိမ့်"
"ဘာပဲဖြစ်ဖြစ် ကျွန်တော်ယူသွားချင်လို့"
"အေးကွယ် စာရင်းထဲမထည့်မိတာဖြစ်မှာပါ"
"ဟိုဟာလေ ပြီးတော့စာအုပ်ယူရင်းနဲ့အပေါ်တန်းမှာရှိတဲ့စာအုပ်တွေအကုန်ပြုတ်ကျသွားတာ ရှင်းဖို့မမီတော့လို့အဲ့တာ..."
"ဘာ.."
"အဲ့တာဦးလေးပဲရှင်းလိုက်တော့နော်"
"ပတ်ဂျီမင်း မင်းတော့...!"
"သွားပြီဗျို့!!"
ဟီးခနဲတစ်ချက်ရယ်ပြကာချက်ချင်းပင်မျက်စိရှေ့ကပျောက်သွားတဲ့ပြဿနာကောင်လေးကိုကြည့်ရင်းစာကြည့်တိုက်မှူးကြီးသက်ပြင်းချရုံသာတတ်နိုင်တော့သည်။
မတတ်နိုင်တော့ ထိုကောင်လေးပစ်ချခဲ့သောစာအုပ်တန်းကိုသွားကာစာအုပ်များကိုပြန်လည်၍စီစီရီရီထားရလိမ့်မည်။
တကယ့်ကိုပြဿနာရှာလွန်းနိုင်တဲ့ရှပ်ပြာတိုက်လေး
ဤသို့ဖြင့်ယူလာခဲ့သောစာအုပ်လေးကိုလွယ်အိတ်ထဲထည့်လိုက်ကာဇစ်ပိတ်လိုက်သည်။မျက်နှာဖုံးကိုကရိုးရိုးရှင်းရှင်းပေမယ့်ဆွဲဆောင်လွန်းတာကြောင့်ဒီနေ့ညအပြီးဖတ်ပစ်လိုက်မည်ဟုတေးထားလိုက်သည်။
ဘာကြောင့်မှန်းမသိ တစ်ခုခုကသူ့ကိုဒီစာအုပ်နဲ့ပက်သက်ပြီးယုံကြည်စေချင်နေသလိုလို။
"ပြန်ရောက်ပါပြီ"
ကျောင်းမှအပြန်အိမ်ရောက်တော့ဖိနပ်ကိုဟိုတစ်ဖက်ဒီတစ်ဖက်ချွတ်ပစ်လိုက်ကာအိမ်ထဲသို့အသံပြဲကြီးဖြင့်လှမ်းအော်လိုက်သည်။အခန်းထဲရောက်တာနဲ့လွယ်အိတ်ကိုဝှီးခနဲလွှတ်ပစ်လိုက်ပြီးအဝတ်အစားများဖြင့်ရှုပ်ပွနေသောကုတင်ပေါ်ကိုအားရပါးရပစ်လှဲလိုက်သည်။
"အားးးအိပ်ရာကအကောင်းဆုံးပဲ
အိပ်ရာကိုအရမ်းချစ်တယ်"
အကြောအချင်တွေဘာတွေနာရီဝက်ခန့်ဆန့်ပြီးနောက်ရေချိုးရန်ထလိုက်သည်။ရေမချိုးခင်လွတ်အိတ်လေးကိုငဲ့ကြည့်လိုက်တော့စာအုပ်လေးရဲ့အစွန်းကတစ်ပိုင်းတစ်စထွက်ပေါ်နေသည်။
"ညကျမှပဲဖတ်ပါမယ်လေ"
ဂျီမင်းရေချိုးခန်းထဲသို့ဝင်သွားသည့်အချိန်တွင်ထိုစာအုပ်လေး၏အညိုရောင်သားရေပေါ်တွင်ထွင်းထားသောအက္ခရာများကရွှေရောင်လင်းခနဲဖြစ်သွားလေသည်။
တိတ်ဆိတ်နေသောထမင်းစားပွဲတွင်ရှုပ်ရှက်ခတ်နေသောဂျီမင်းလက်မှတစ်ပါးအရာအားလုံးကငြိမ်သက်နေသည်။ဂျီမင်းကသာလျှင်ဟိုဟာထယူလိုက်ဒီဟာထထည့်လိုက်ဖြင့်အလုပ်ရှုပ်နေသော်ငြားလည်းမိဘနှစ်ပါးလုံးဆီမှအသံဆိတ်ဆိတ်မျှထွက်မလာချေ။
သို့သော်မကြာခင်ပင်အသံတစ်ခုထွက်လာတော့မည်မှာသေချာလှသည်။
"သားငယ် တစ်ခါတစ်လေလေးငြိမ်ပါတော့လား"
"မားကလည်းသားဘာလုပ်လို့လဲ"
"မင်းအဖေအလုပ်မှာပင်ပန်းလာတာကွယ်
အိမ်နေရတုန်းလေးနားပါစေ"
"ဘာမှလည်းမလုပ်ဘဲနဲ့"
"ဒီနေ့ကျောင်းမှာအဆင်ပြေရဲ့လား သား"
"ဟုတ် ပြေပါတယ်"
"အေးအေး ပြေရင်ပြီးရော
စာကြိုးစားနော်"
ထိုသို့ဖြင့်ညစာစားပွဲလေးပြီးဆုံးသွားချိန်တွင်ဂျီမင်းဘယ်သူ့ကိုမှနှုတ်ဆက်ဖော်တောင်မရဘဲအိမ်ပေါ်ထပ်လှေကားပေါ်သို့ခုန်ပေါက်ကာအပြေးတက်ခဲ့တော့သည်။
ထုံးစံအတိုင်းပင်လှေကားစတက်ချိန်၌ခြေချော်သဖြင့်ဖင်ထိုင်ကျကာမြှီးညှောင်ရိုးပါအောင့်သွားရသည်။
"shitt!!"
ယောက်ယက်ခတ်နေသောဂျီမင်းလည်းနေ့တစ်နေ့၏၆ကြိမ်မြောက်ချော်လဲခြင်းတွင်ဖင်လေးပွတ်ကာအပေါ်ထပ်သို့ကုပ်ချောင်းချောင်းဖြင့်တက်သွားလေတော့သည်။
ဘဝမှာလဲကျသွားရင်ပြန်ထရတယ်ဆိုတဲ့ဆောင်ပုဒ်ကြောင့်နာကျင်နေပေမယ့်ပြန်ထသည့်အခါမျိုးတွေရှိသည်။ဒါပေမယ့်မြှီးညှောင်ရိုးအောင့်သွားရင်တော့တော်တော်နဲ့ပြန်ထလို့မရတာအမှန်ပါ။
အခန်းထဲသို့အရောက်တွင်ပြတင်းပေါက်ဘေးရှိအိပ်ရာပေါ်သို့စားပွဲခုံပုလေးယူလိုက်ကာတင်လိုက်သည်။တစ်ဖန်လွှင့်ပစ်ထားသည့်လွယ်အိတ်ကိုလည်းယူလိုက်ကာစာကြည့်တိုက်ကနေငှားလာခဲ့တဲ့စာအုပ်အားထုတ်ပြီးတင်လိုက်သည်။ဒီနေ့ကလသာရက်ဖြစ်သောကြောင့်ပြတင်းပေါက်မှဖြာကျနေသည့်လရောင်ဖြဖြကခန်းဆီးကိုဖြတ်ကာစာအုပ်ပေါ်ကျရောက်နေသည်။
"မှန်းစမ်း ၂၀ရာစုရဲ့ပျောက်ဆုံးနေသောသမိုင်းကြောင်းဆိုတော့ဘာတွေရေးထားလောက်မလဲ"
စာအုပ်၏ပထမဆုံးစာမျက်နှာကိုလှန်လိုက်သည်။
ပထမဆုံးပေါ်လာသည်က...
ဝီလီယမ်အာသာ
"ဘာလဲဟ ငါစာကြည့်တိုက်တုန်းကသေချာပေါက်သောမတ်စ်ဘာလဲမသိဘူး အဲ့တာပါ"
နောက်တစ်ရွက်ကိုထပ်လှန်လိုက်တော့နောက်ထပ်နာမည်တစ်ခုပေါ်လာပြန်သည်။
ဖီးလီးယက်စ်အာသာ
ထပ်မံသိချင်စိတ်ဖြင့်နောက်ထပ်တစ်ရွက်ထပ်လှန်ကြည့်တော့မှင်ရောင်ဖြင့်ထင်းနေအောင်ရေးထားသည့်နာမည်ကိုတွေ့လိုက်ရသည်။
သောမတ်စ်ဝိန်း
"အဟဟ စာရွက်၃ရွက်လောက်ကျော်လှန်ပြီးမှတွေ့တဲ့ဟာကို
ဂျီမင်း မင်းကတော့တကယ်ပါပဲ"
ဤသို့ဖြင့်နောက်ထပ်တစ်ရွက်ကိုထပ်လှန်ကြည့်တော့ဘာမှမရှိသည့်ဗလာစာရွက်ကကြိုဆိုနေသည်။
နောက်ထပ်စာရွက်တွေအများကြီးကလည်းဗလာတွေပဲ။
ရှင်းရှင်းပြောရရင်တစ်အုပ်လုံးကဗလာတွေချည်း
"ဘာလဲ ဒီသောက်!
ဘာစာမှမရေးထားရင်လည်းဘာလို့စာကြည့်တိုက်ထဲရောက်နေသေးလဲ"
စိတ်ဆိုးဆိုးဖြင့်စာအုပ်ကိုဆောင့်ကာပိတ်လိုက်သည်။
သူဒီလောက်တောင်အပင်ပန်းခံ လှေကားပေါ်ကတောင်ပြုတ်ကျ
ခေါင်းအနာခံပြီးယူလာခဲ့ရတဲ့စာအုပ်ကဘာမှမပါတဲ့အခွံသက်သက်ကြီးဖြစ်နေတာတော့အရမ်းလွန်တယ်မထင်ဘူးလား
သို့ပေမယ့်စာအုပ်ကြားကနေရွှေရောင်အလင်းတန်းတစ်ခုကတိုးထွက်လာသည်။
"ဟမ်"
ကမန်းကတမ်းစာအုပ်ကိုလှန်လိုက်တော့တစ်လုံးချင်းစီပေါ်လာတဲ့ဖောင်တိန်အရေးအသားတွေကိုတွေ့လိုက်ရသည်။
၂၀ရာစုမှာဘယ်သူမှမသိလိုက်ဘဲ
ပျောက်ကွယ်သွားခဲ့တဲ့
သမိုင်းကြောင်းတစ်ခုရှိတယ်
"ဘာလဲဟ!!"
အလန့်တကြားပင်အော်မိကာနေရာမှထခုန်မိသွားသည်။
ထပ်မံ၍စာအုပ်တွင်ထိုစာကြောင်းကပျောက်ကွယ်သွားပြီးနောက်ထပ်စာလုံးများထပ်မံပေါ်လာသည်။
ဘာတွန်ရဲ့မြို့တော်ဝန်
သောမတ်စ်ဝိန်း
"ဟင်"
အာမေဋိတ်တစ်ချက်ထွက်သွားသည်။
သူဖတ်လာခဲ့သည့်သမိုင်းစာအုပ်သက်တမ်းတစ်လျှောက်မှာဘာတွန်ရဲ့အကြောင်းတော့ပါခဲ့ပေမယ့်သောမတ်စ်ဝိန်းဆိုတဲ့နာမည်ကတော့မပါတာသေချာလှသည်။
သို့ပေမယ့်ပိုပြီးသေချာအောင်ဖုန်းကိုထုတ်ကာGoogleကိုဖွင့်လိုက်သည်။
Google၏search barတွင်Thomas Wayneဟူသောအမည်ကိုရိုက်ထည့်လိုက်သည်။
တစ်ဆက်တည်းတွင်ဘာတွန်၏မြို့တော်ဝန်ဆိုတာပါထည့်ရိုက်ကာရှာလိုက်သည်။
အဖြေထွက်မလာခဲ့ပေ။
Googleမှာတောင်မရှိတဲ့နာမည်ကဤစာအုပ်တွင်ဘာကြောင့်ပေါ်လာရပါသလဲ
ဒါကတော့စဉ်းစားစရာတစ်ခုသာဖြစ်လေသည်။
24.11.1905
အဲ့ဒီရက်ကသောမတ်စ်ဝိန်းသေဆုံးခဲ့တဲ့ရက်ပဲ
ပေါ်လာသည့်ဂဏန်းလုံးများကိုကြည့်ရင်းရှုပ်နေသည့်အရာများကပိုမို၍သာရှုပ်သွားသည်။
အခုချိန်ထိစာအုပ်ကဘာကိုဆိုလိုမှန်းဂျီမင်းမသိသေးပေ။
သွေးမြေတွေခခဲ့တဲ့ပြဇာတ်ရုံကြီးထဲမှာခပ်တိုးတိုးလှောင်ရယ်သံတစ်ခုရှိနေတယ်။
အဲ့ဒီလူကဒါတွေအားလုံးရဲ့တရားခံ...။
သမိုင်းကြောင်းကိုပြောင်းလဲပစ်ပါ။
အချိန်စက်ဝန်းကိုဝင်နှောင့်လို့မရဘူး
ဒါပေမယ့်၂၀ရာစုကမင်းကိုလိုအပ်နေတယ်
ခပ်သောသော့လက်ရေးများကတစ်နေရာအရောက်တွင်ဆုံးသွားသည်။
ပြီးတော့၁၉၀၀မှာမဆုံဆည်းလိုက်ရတဲ့
ဝမ်းနည်းဖွယ်ဇာတ်လမ်းတစ်ပုဒ်ရှိတယ်။
စာလုံးများအစီအရီပျောက်သွားပြီးနောက်ပိုင်းတွင်ဗလာဖြစ်နေသောစာရွက်များကတဖြတ်ဖြတ်လှန်ကာမှင်ရည်များကအသက်ဝင်လာပြီးလေထဲကိုပျံ့လွင့်လာသည်။စာအုပ်ဆီမှလည်းရွှေအိုရောင်အငွေ့များကထွက်လာခဲ့ပြီးဂျီမင်းအားစာအုပ်ထဲသို့ဆွဲခေါ်သွားတော့သည်။
ထို့နောက်တွင်အိပ်ရာပေါ်မှာကျန်ခဲ့တဲ့လွယ်အိတ်လေးရယ်အပြီးတိုင်ပိတ်သွားတဲ့စာအုပ်မှတစ်ပါးပတ်ဝန်းကျင်ကပုံမှန်အတိုင်းတိတ်ဆိတ်ငြိမ်သက်နေသည်။
ထိုညတွင်စာအုပ်ထဲသို့ဝင်ရောက်ကာပျောက်ကွယ်သွားသည့်ခပ်ငယ်ငယ်ကောင်လေးတစ်ယောက်ရှိခဲ့သည်။
"ငါဘယ်ကိုရောက်နေတာလဲ"
ဝရုန်းသုန်းကားထကာနံရံပေါ်မှပြက္ခဒိန်ကိုပြေးကြည့်လိုက်ချိန်တွင်တွေ့လိုက်ရသည့်ခုနှစ်သက္ကရာဇ်က...
စက်တင်ဘာလ13ရက်1904ခုနှစ်
"အခုဆိုလိုချင်တာကငါကTime travelပြီးသောက်ကျိုးနည်း၂၀ရာစုကိုရောက်လာခဲ့တာလား"
____
Zawgyi
စာအုပ္ထဲေရာက္လာၿပီး၂၀ရာစုကိုျပန္ေရာက္သြားတယ္ ဝွက္သယ္ဖတ္!!
ႏွစ္ေပါင္း၁၁၀ေက်ာ္ခန္႔အၾကာ
Aprilလ 2022ခုနွစ္
"What the fuck!!!"
ဒီေန့လည္းထပ္ၿပီးေျပးေနရတဲ့မနက္ခင္းေလးပါပဲ။
သူမ်ားေတြလိုေတာ့မနက္ခင္းေလးကိုေနေရာင္ျခည္ေလးနဲ႔အစျပဳ၊ငွက္ကေလးေတြေအာ္သံၾကားၿပီးႏိုးလာ၊ေကာ္ဖီတစ္ခြက္နဲ႔မနက္ခင္းအလွကိုခံစားၿပီးႏိုးလာရမယ့္လူမ်ိဳးထဲကေတာ့မဟုတ္ခဲ့။
ခင္ဗ်ားတို႔ျမင္ေနရတဲ့အတိုင္းပဲကြၽန္ေတာ့္မနက္ခင္းေလးကေခြးတစ္ေကာင္ေနာက္မွအသည္းအသန္လိုက္ေနျခင္းနဲ႔အစျပဳေလရဲ့။
"ဟာ ဒီေသာက္ေခြး!!"
ေနာက္က်တဲ့ေျခေထာက္သစၥာေဖာက္ဆိုသလိုအားကုန္ေျပးခဲ့ေပမယ့္ေနာက္ကကမူးရႉးထိုးလိုက္လာတဲ့ေခြးေၾကာင့္ဂ်ီမင္းတစ္ေယာက္မနက္ခင္းrunning exerciseကိုႏွစ္ဆအရိွန္ျမႇင့္ကာလုပ္ေဆာင္ၿပီးျဖစ္သည္။
ေခြးလိုက္ရတဲ့အေၾကာင္းအရင္းကေတာ့ႏိႈးစက္ကမျမည္လို႔အိပ္ရာထေနာက္က်ခဲ့ရာကေနစၿပီးေက်ာင္းကားပါမမွီလို႔လမ္းေလ်ွာက္လာတဲ့အခ်ိန္ေခြးတစ္ေကာင္ကေနေနာက္ကေျပးလိုက္တာကိုခံရတာပဲ။
တကယ္ေတာ့ေခြးကဘလိုင္းႀကီးလိုက္တာမဟုတ္ပါဘူး။ကြၽန္ေတာ္ဟိုေန့ကသူ႔ကိုခဲနဲ႔ေပါက္ထားတာေလ။
ဒါေၾကာင့္မို႔ကြၽန္ေတာ့္ကိုျမင္တာနဲ႔သူကသရဲသဘက္လိုအတင္းေျပးလိုက္ေလ့ရိွတယ္။
ဒီလိုေန့မ်ိဳးကထူးဆန္းတယ္ရယ္လည္းမဟုတ္။
ေက်ာင္းတက္ရတဲ့၅ရက္မွာ၂ရက္ေလာက္ကပံုမွန္ျဖစ္ေနၾကမလို႔အေျပးၿပိဳင္ပြဲေတာင္ဝင္ၿပိဳင္လို႔ရေနၿပီ။
ဇာတ္လမ္းအစတည္းကေျပးေနရတယ္ဆိုေတာ့နည္းနည္းေတာ့စိတ္ဝင္စားစရာေကာင္းတာေပါ့ေနာ္
ဒါေပမယ့္စိတ္ဝင္စားစရာကအဲ့ေလာက္မေကာင္းပါဘူး။
တကယ္စိတ္ဝင္စားရမွာကအခုကေနစၿပီးေနာက္ျဖစ္လာမယ့္အရာေတြကိုပဲ။
"ေဟာဟဲ ေဟာဟဲ!!"
ေျပးရင္းေျပးရင္းနဲ႔ေခြးကိုမ်က္ေျချဖတ္ကာေမာလို႔ရပ္လိုက္ေတာ့ေက်ာင္းေရ႔ွနားပင္ေရာက္ေနသည္။
လက္ထဲကနာရီကိုလွမ္းၾကၫ့္မိလိုက္ေတာ့၉နာရီကြက္တိမလို႔ႏႈတ္ခမ္းေလးတစ္ခ်က္ေကာ့တက္သြားသည္။
ေက်ာင္းတြင္းမွလ်ွပ္စစ္ေခါင္းေလာင္းကျမည္လာၿပီမလို႔ဆရာမဆူမၫ့္အေရးေရွးရႉလ်က္ေက်ာင္းတြင္းသို႔ေျခလွမ္းစခ်ခဲ့ေတာ့သည္။
စာသင္ခန္းနားေရာက္ေတာ့အတန္းတက္ၿပီမလို႔ဆရာမကဝင္ကာစာေတြေတာင္သင္ေနၿပီ။
ဂ်ီမင္းလည္းတံခါးလက္ကိုင္ကိုအသာဆြဲလွၫ့္ကာကုပ္ေခ်ာင္းေခ်ာင္းျဖင့္ေနရာဝင္ထိုင္လုဆဲဆဲတြင္နဂိုကတည္းကမွန္းဆထားၿပီးျဖစ္ေသာဆရာမရဲ့အသံကနားထဲကိုစူးခနဲဝင္လာသည္။
"ပတ္ဂ်ီမင္း ဒီေန့လည္းေနာက္က်ျပန္ၿပီလား
ဘာအေၾကာင္းျပခ်က္ေပးဦးမလဲ"
"စာအုပ္ေပ်ာက္ေနတာရွာေနရလို႔ပါ ဆရာမ"
"ေနစမ္းပါဦး စာအုပ္ကဟိုေန့ကလည္းေပ်ာက္ေသးတယ္ေလ
ဒီၾကားထဲမွာအိပ္ရာထေနာက္က်တာရယ္
ေက်ာင္းကားမမွီတာရယ္
လိုက္ပို႔မယ့္လူမရိွတာရယ္
သူငယ္ခ်င္းကိုေစာင့္တာရယ္...ဘလာ...ဘလာ."
"စာအုပ္ကတကယ္ေပ်ာက္သြားတာပါ ဆရာမရယ္
ကြၽန္ေတာ္တမင္လုပ္တာမဟုတ္ရပါဘူး"
"မလိုခ်င္ဘူး ေနာက္ေန့က်ရင္ညကတည္းကရွာထား!"
"ဟုတ္"
စပ္ၿဖီးၿဖီးျဖင့္ဂ်ီမင္းဆရာမကိုၿပံဳးျပလိုက္ကာေနရာဝင္ထိုင္လိုက္သည္။ပ်င္းရိဖြယ္စာသင္ခ်ိန္မ်ားၿပီးဆံုးသြားသၫ့္အခ်ိန္တြင္ေညာင္းညာေနသၫ့္အေၾကာမ်ားကိုဆန႔္ကာဝွားခနဲသမ္းလိုက္ေတာ့သည္။
"စာေတြကလည္းတစ္ေန့ တစ္ေန့ဒီစာ ဒီစာခ်ည္းထပ္ေနတာပဲ ပ်င္းစရာႀကီး"
"ေအးကြာ"
ဂ်ီမင္း၏မေက်နပ္ဖြယ္အဆိုတင္သြင္းခ်က္ကိုေဘးနားကသူငယ္ခ်င္းေဆာ့ဟြန္းကေထာက္ခံသည္။
တကယ္လည္းပ်င္းစရာပင္။
တစ္ပတ္လည္ေနသၫ့္ဤသံသရာစက္ဝိုင္းႀကီးထဲတြင္သူတို႔မွာစာေတြသင္ရင္းနဲ႔ပဲဘဝရဲ့အခ်ိန္မ်ားကိုျဖတ္သန္းေနရသည္။
အတူတူျဖတ္သန္းဖို႔ရည္းစားကလည္းမရိွ။
ဘယ္ေလာက္ေတာင္ဆိုးရြားလိုက္လဲ!
"ေန႔လည္က်ရင္ဘယ္သြားဖို႔အစီအစဥ္ရွိလဲ"
"စာၾကည့္တိုက္"
"ဘာသြားလုပ္မွာလဲ ေနလို႔ထိုင္လို႔မေကာင္းတဲ့ေနရာကို"
"မီးရထားေတြအေၾကာင္းေရးထားတာေလးရွိမလားလို႔သြားရွာခ်င္တာ"
"ဘာလို႔သိခ်င္တာလဲ"
"ငါ့ဟာငါဘာလို႔သိခ်င္ခ်င္ မင္းအပူလား"
"ရားးပတ္ဂ်ီမင္း စကားအေကာင္းေျပာရင္းကေနဘာလို႔ထစြာတာလဲ!"
"မင္းကေရာဘာလို႔တရားစစ္သလိုလိုက္စစ္ေနတာလဲ"
"ငါသိခ်င္လို႔ေပါ့"
"သိခ်င္ရင္လိုက္ဖတ္"
"မလိုက္ဘူး စာၾကည့္တိုက္ဆိုတဲ့ေနရာကငါနဲ႔မအပ္စပ္ဘူး"
"မလိုက္လည္းေနေပါ့"
နွာတစ္ခ်က္မႈတ္လိုက္ကာသြက္လက္ေသာေျခလွမ္းမ်ားျဖင့္ေက်ာင္း၏စာၾကည့္တိုက္ရွိရာေနရာသို႔အေျပးလာခဲ့ေတာ့သည္။ဘယ္ေတာ့မွရိုးရိုးလမ္းမေလ်ွာက္ခ်င္။
ဘဝဆိုတာေျပးေနရမွအဓိပၸါယ္ရွိေနသလိုမ်ိဳး။
"ဟဲ့ ေသာက္ပလုတ္တုတ္!"
ဤသို႔အေျပးေကာင္းျခင္း၏အက်ိဳးေက်းဇူးသည္မျမင္မကန္းနွင့္လူတစ္ေယာက္ကိုဝင္တိုက္ျခင္းအျဖစ္ေျပာင္းလဲသြားေတာ့သည္။အကယ္၍ထိုလူသာသူ႔ကိုမထိန္းထားလိုက္လို႔ရွိရင္အခုခ်ိန္ရွိသမ်ွေရွ႕သြားေတြအကုန္ကြၽတ္ေနေလာက္ၿပီ။
"ရရဲ႕လား"
"ဟီးဟီး ရပါတယ္"
ဖုန္ေတြဘာေတြအက်အနခါလိုက္ကာမခ်ိသြားၿဖဲလုပ္လိုက္ရသည္။မ်က္နွာကိုအကဲခတ္ၾကည့္လိုက္ေတာ့အုန္းမႈတ္ခြက္ေကနဲ႔ေတာသားမွန္းသိသာတာမို႔ထိုလူျဖတ္သြားၿပီးေနာက္ပိုင္းတြင္မ်က္နွာကိုရႈံ႕မဲ့မိလိုက္သည္။
တစ္ဆက္တည္းမွာပင္စကားလံုးတစ္ခ်ိဳ႕ကိုခပ္တိုးတိုးေရ႐ြတ္မိလိုက္ေသးသည္။
"ဒီေခါတ္မွာဒီလိုေတာသားေတြကလည္းရွိေသးတာပါလား"
သူမ်ားကိုဘူလီေန၍မျဖစ္ပါ။
မရွိမဲ့ရွိမဲ့အခ်ိန္ေလးကုန္သြားခါမွသူလိုခ်င္တဲ့စာအုပ္ေလးမရလိုက္ဘဲေနဦးမည္။
ထို႔ေၾကာင့္လည္းစာၾကည့္တိုက္ဆီသို႔ထပ္မံေျပးသြားဖို႔လိုပါမည္။
ဒီတစ္ခါေတာ့ဝင္မတိုက္မိပါေစနဲ႔လို႔ပဲဆုေတာင္းရမယ္။
ဤသို႔ျဖင့္လူနွစ္ေယာက္သံုးေယာက္ေလာက္ဝင္တိုက္ၿပီးေနာက္ပိုင္းတြင္စာၾကည့္တိုက္သို႔ဂ်ီမင္းတစ္ေယာက္ေခ်ာေခ်ာေမြ႕ေမြ႕ေရာက္ရွိသြားေတာ့သည္။
"ဂ်ီမင္းပါလား မေတြ႕တာေတာင္အေတာ္ၾကာ"
"ဟုတ္တယ္ အခုတေလာမအားလို႔
ဒါေပမယ့္ဒီေန႔ေတာ့အားတာနဲ႔စာအုပ္ေလးလာယူတာ
အခ်ိန္ကုန္သြားမွာစိုးလို႔ျမန္ျမန္ေ႐ြးလိုက္ဦးမယ္ေနာ္"
"ဟုတ္ပါၿပီ စိတ္ႀကိဳက္သာေ႐ြးပါ"
စာၾကည့္တိုက္မွဴးဦးေလးႀကီးကမ်က္မွန္အဝိုင္းေလးတပ္လ်က္စာအုပ္ထိုင္ဖတ္ေနသည္။
သူကေတာ့စာအုပ္စင္ေတြဘက္ကိုခပ္သုတ္သုတ္ေျပးကာသမိုင္းစာအုပ္ေတြထားသည့္စင္အၾကားေနရာယူလိုက္သည္။
စာအုပ္ေထာင့္မ်ားရွိနာမည္မ်ားကိုလက္ျဖင့္ေထာက္လ်က္ေသေသခ်ာခ်ာကိုၾကည့္ရႈေနသည္။
လက္လွမ္းမွီသည့္ေနရာတြင္ရွိေနေသာစာအုပ္မ်ားထဲသူလိုခ်င္တဲ့စာအုပ္ကမပါတာေသခ်ာလွသည္။
ထို႔ေၾကာင့္အေပၚတန္းကစာအုပ္မ်ားထဲမွေ႐ြးဖို႔လိုအပ္ေလာက္မည္။
ေလ်ွာကာေထာင္ထားသည့္ေလွကားကိုယူလိုက္ၿပီးေလွကားထစ္တစ္ထစ္ခ်င္းဆီကိုမိမိရရေျခလွမ္းထားလိုက္သည္။ရွပ္ျပာနိုင္တဲ့ဂ်ီမင္းအဖို႔ေတာ့ဤအလုပ္ကိစၥပါမႊားေလးကပင္အာရံုစိုက္စရာလိုလိုျဖစ္ေနသည္။
ဒီတစ္ခါျပဳတ္က်ရင္ေတာ့ေအာက္ကေနဆီးၿပီးဖမ္းေပးမယ့္လူမရွိတာေသခ်ာတာမို႔အခန္႔မသင့္ရင္ေခါင္းကြဲသြားနိုင္သည္။
အေပၚထပ္ရွိစာအုပ္မ်ားကိုေ႐ြးေနရင္းတစ္ေနရာတြင္မီးရထားမ်ားနွင့္ပက္သက္ေသာစာအုပ္ကိုေတြ႕လိုက္ရသည္။ဝမ္းသာအားရျဖင့္လွမ္းယူစဥ္မွာပဲေျခလွမ္းကေခ်ာ္ကာထ္ိုအတန္းရွိစာအုပ္အားလံုးကိုတိုက္ခ်သြားေတာ့သည္။
ဤသို႔တစ္ခုခုမျဖစ္လ်ွင္ဂ်ီမင္းမဟုတ္ပါေခ်။
သြားသည့္ေနရာတိုင္းတြင္ခလုတ္တိုက္လဲလ်ွင္လဲ
မလဲလ်ွင္ျပဳတ္က်မွဂ်ီမင္းပီသသည္။
ကံေကာင္းတာမို႔ေလွကားသံုးထစ္ေလာက္မွျပဳတ္က်သည့္အတြက္ေခါင္းလည္းကြဲမသြားပါ။
ယင္းအစားစာအုပ္တစ္အုပ္ကေခါင္းေပၚကိုဘုတ္ခနဲျပဳတ္က်လာသည္။ေထာင့္စြန္းျဖင့္က်လာတာမလို႔ေခါင္းလည္းအီခနဲပါပဲ။
"အ့ နာလိုက္တာ"
စာအုပ္မ်ားကေဘးပတ္လည္တြင္ျပန္႔က်ဲေနသည္။
၄င္းစာအုပ္မ်ားကိုျပန္စီရမည့္အေရးေတြးၾကည့္လိုက္ရံုျဖင့္ပင္ၾကက္သီးထသြားသည္။
မေတာ္လို႔မ်ားစီေနရင္းေစာနကလိုထပ္ျပဳတ္က်ရရင္ေတာ့ဒီတစ္ခါေခါင္းကြဲမွာေသခ်ာလွသည္။
ရွာေနတဲ့စာအုပ္ေလးကေဘးနားမွာမို႔ေကာက္ယူကာပိုက္ထားလိုက္သည္။သို႔ေသာ္ေခါင္းေပၚက်လာေသာစာအုပ္ကေပါင္ေပၚေရာက္ေနသည့္အတြက္စာအုပ္အဖံုးရွိထင္းလင္းေနေသာနာမည္ကသူ႔ဦးေနွာက္ထဲျဖတ္ခနဲ...
၂၀ရာစုရဲ႕ေပ်ာက္ဆံုးေနေသာသမိုင္းေၾကာင္း
ရုတ္တရက္အမ်ိဳးအမည္မသိေသာခံစားခ်က္ကေက်ာရိုးထဲထိစိမ့္ဝင္လာသည္။
ပိုက္ထားေသာစာအုပ္ကိုေဘးခ်လိုက္ကာထိုထူးဆန္းေသာအမည္ျဖင့္စာအုပ္ကိုေကာက္ကိုင္မိလိုက္သည္။
စာအုပ္ကအညိဳေရာင္သားေရျဖင့္ဖံုးထားၿပီးထူထူထဲထဲရွိလွသည္။ထိုအညိဳေရာင္သားေရေပၚတြင္ေရႊေရာင္ျဖင့္ထြင္းထားေသာစာလံုးမ်ားရွိသည္။တစ္ခ်ိန္တည္းမွာပင္စာအုပ္ပံုၾကည့္ရတာအလြန္ကိုေဟာင္းႏြမ္းေနပံုေပၚသည္။
စာအုပ္ရဲ႕ပထမဆံုးစာမ်က္နွာကိုလွန္ၾကည့္မိလိုက္ေတာ့ေပၚလာသည္က....
ေသာမတ္စ္ဝိန္း
စာအုပ္၏စာမ်က္နွာမ်ားကအေငြ႕အသက္တစ္မ်ိဳးထြက္ေပၚေနသည္။ဆြဲေဆာင္ေနသလိုလိုပင္...
ေနာက္တစ္႐ြက္ကိုလွန္လုဆဲဆဲတြင္ေက်ာင္း၏အခ်ိန္မွန္ျမည္ေနၾကျဖစ္ေသာလ်ွပ္စစ္ေခါင္းေလာင္းသံကနားထဲလ်ွပ္တစ္ျပက္တိုးဝင္လို႔လာသည္။
ထို႔ေၾကာင့္စာအုပ္ကိုပိတ္လိုက္ကာမီးရထားအေၾကာင္းစာအုပ္ကိုသတိမရေတာ့ဘဲထိုစာအုပ္ကိုပဲပိုက္ကာစာၾကည့္တိုက္မွဴးဆီေရာက္လာခဲ့ေတာ့သည္။
"ကဲ ဘာစာအုပ္လဲ"
"၂၀ရာစုရဲ႕ေပ်ာက္ဆံုးေနေသာသမိုင္းေၾကာင္းပါ"
စာၾကည့္တိုက္မွဴးကkeyboardကိုတေတာက္ေတာက္နွိပ္ကာမ်က္မွန္ကိုပင့္တင္လိုက္သည္။
"၂၀ရာစုရဲ႕...ေဟ ဒီမွာအဲ့လိုနာမည္နဲ႔စာအုပ္ဒီမွာမရွိပါဘူး"
"ဟင္ ရွိပါတယ္ ဒီမွာေလ"
"စာရင္းထဲမွာမရွိဘူး ဘယ္ကေနယူလာတာလဲ"
"ဟို သမိုင္းစာအုပ္ေတြစီထားတဲ့အတန္းက"
"မွန္းစမ္း တစ္ေခါက္ေလာက္ျပန္ရွာၾကည့္ဦးမယ္
မရွိဘူး ဒီမွာရွိသမ်ွစာအုပ္ေတြစာရင္းထဲမွာရွိတယ္
ဒီစာအုပ္ကလံုးဝကိုမရွိတာ
ဘယ္တုန္းကမ်ားေရာက္လာပါလိမ့္"
"ဘာပဲျဖစ္ျဖစ္ ကြၽန္ေတာ္ယူသြားခ်င္လို႔"
"ေအးကြယ္ စာရင္းထဲမထည့္မိတာျဖစ္မွာပါ"
"ဟိုဟာေလ ၿပီးေတာ့စာအုပ္ယူရင္းနဲ႔အေပၚတန္းမွာရွိတဲ့စာအုပ္ေတြအကုန္ျပဳတ္က်သြားတာ ရွင္းဖို႔မမီေတာ့လို႔အဲ့တာ..."
"ဘာ.."
"အဲ့တာဦးေလးပဲရွင္းလိုက္ေတာ့ေနာ္"
"ပတ္ဂ်ီမင္း မင္းေတာ့...!"
"သြားၿပီဗ်ိဳ႕!!"
ဟီးခနဲတစ္ခ်က္ရယ္ျပကာခ်က္ခ်င္းပင္မ်က္စိေရွ႕ကေပ်ာက္သြားတဲ့ျပႆနာေကာင္ေလးကိုၾကည့္ရင္းစာၾကည့္တိုက္မွဴးႀကီးသက္ျပင္းခ်ရံုသာတတ္နိုင္ေတာ့သည္။
မတတ္နိုင္ေတာ့ ထိုေကာင္ေလးပစ္ခ်ခဲ့ေသာစာအုပ္တန္းကိုသြားကာစာအုပ္မ်ားကိုျပန္လည္၍စီစီရီရီထားရလိမ့္မည္။
တကယ့္ကိုျပႆနာရွာလြန္းနိုင္တဲ့ရွပ္ျပာတိုက္ေလး
ဤသို႔ျဖင့္ယူလာခဲ့ေသာစာအုပ္ေလးကိုလြယ္အိတ္ထဲထည့္လိုက္ကာဇစ္ပိတ္လိုက္သည္။မ်က္နွာဖံုးကိုကရိုးရိုးရွင္းရွင္းေပမယ့္ဆြဲေဆာင္လြန္းတာေၾကာင့္ဒီေန႔ညအၿပီးဖတ္ပစ္လိုက္မည္ဟုေတးထားလိုက္သည္။
ဘာေၾကာင့္မွန္းမသိ တစ္ခုခုကသူ႔ကိုဒီစာအုပ္နဲ႔ပက္သက္ၿပီးယံုၾကည္ေစခ်င္ေနသလုိလုိ။
"ျပန္ေရာက္ပါၿပီ"
ေက်ာင္းမွအျပန္အိမ္ေရာက္ေတာ့ဖိနပ္ကိုဟိုတစ္ဖက္ဒီတစ္ဖက္ခြၽတ္ပစ္လိုက္ကာအိမ္ထဲသို႔အသံၿပဲႀကီးျဖင့္လွမ္းေအာ္လိုက္သည္။အခန္းထဲေရာက္တာနဲ႔လြယ္အိတ္ကိုဝွီးခနဲလႊတ္ပစ္လိုက္ၿပီးအဝတ္အစားမ်ားျဖင့္ရႈပ္ပြေနေသာကုတင္ေပၚကိုအားရပါးရပစ္လွဲလိုက္သည္။
"အားးးအိပ္ရာကအေကာင္းဆံုးပဲ
အိပ္ရာကိုအရမ္းခ်စ္တယ္"
အေၾကာအခ်င္ေတြဘာေတြနာရီဝက္ခန္႔ဆန္႔ၿပီးေနာက္ေရခ်ိဳးရန္ထလိုက္သည္။ေရမခ်ိဳးခင္လြတ္အိတ္ေလးကိုငဲ့ၾကည့္လိုက္ေတာ့စာအုပ္ေလးရဲ႕အစြန္းကတစ္ပိုင္းတစ္စထြက္ေပၚေနသည္။
"ညက်မွပဲဖတ္ပါမယ္ေလ"
ဂ်ီမင္းေရခ်ိဳးခန္းထဲသို႔ဝင္သြားသည့္အခ်ိန္တြင္ထိုစာအုပ္ေလး၏အညိဳေရာင္သားေရေပၚတြင္ထြင္းထားေသာအကၡရာမ်ားကေရႊေရာင္လင္းခနဲျဖစ္သြားေလသည္။
တိတ္ဆိတ္ေနေသာထမင္းစားပြဲတြင္ရႈပ္ရွက္ခတ္ေနေသာဂ်ီမင္းလက္မွတစ္ပါးအရာအားလံုးကၿငိမ္သက္ေနသည္။ဂ်ီမင္းကသာလ်ွင္ဟိုဟာထယူလိုက္ဒီဟာထထည့္လိုက္ျဖင့္အလုပ္ရႈပ္ေနေသာ္ျငားလည္းမိဘနွစ္ပါးလံုးဆီမွအသံဆိတ္ဆိတ္မ်ွထြက္မလာေခ်။
သို႔ေသာ္မၾကာခင္ပင္အသံတစ္ခုထြက္လာေတာ့မည္မွာေသခ်ာလွသည္။
"သားငယ္ တစ္ခါတစ္ေလေလးၿငိမ္ပါေတာ့လား"
"မားကလည္းသားဘာလုပ္လို႔လဲ"
"မင္းအေဖအလုပ္မွာပင္ပန္းလာတာကြယ္
အိမ္ေနရတုန္းေလးနားပါေစ"
"ဘာမွလည္းမလုပ္ဘဲနဲ႔"
"ဒီေန႔ေက်ာင္းမွာအဆင္ေျပရဲ႕လား သား"
"ဟုတ္ ေျပပါတယ္"
"ေအးေအး ေျပရင္ၿပီးေရာ
စာႀကိဳးစားေနာ္"
ထိုသို႔ျဖင့္ညစာစားပြဲေလးၿပီးဆံုးသြားခ်ိန္တြင္ဂ်ီမင္းဘယ္သူ႔ကိုမွနႈတ္ဆက္ေဖာ္ေတာင္မရဘဲအိမ္ေပၚထပ္ေလွကားေပၚသို႔ခုန္ေပါက္ကာအေျပးတက္ခဲ့ေတာ့သည္။
ထံုးစံအတိုင္းပင္ေလွကားစတက္ခ်ိန္၌ေျခေခ်ာ္သျဖင့္ဖင္ထိုင္က်ကာျမႇီးေညႇာင္ရိုးပါေအာင့္သြားရသည္။
"shitt!!"
ေယာက္ယက္ခတ္ေနေသာဂ်ီမင္းလည္းေန႔တစ္ေန႔၏၆ႀကိမ္ေျမာက္ေခ်ာ္လဲျခင္းတြင္ဖင္ေလးပြတ္ကာအေပၚထပ္သို႔ကုပ္ေခ်ာင္းေခ်ာင္းျဖင့္တက္သြားေလေတာ့သည္။
ဘဝမွာလဲက်သြားရင္ျပန္ထရတယ္ဆိုတဲ့ေဆာင္ပုဒ္ေၾကာင့္နာက်င္ေနေပမယ့္ျပန္ထသည့္အခါမ်ိဳးေတြရွိသည္။ဒါေပမယ့္ျမႇီးေညႇာင္ရိုးေအာင့္သြားရင္ေတာ့ေတာ္ေတာ္နဲ႔ျပန္ထလို႔မရတာအမွန္ပါ။
အခန္းထဲသို႔အေရာက္တြင္ျပတင္းေပါက္ေဘးရွိအိပ္ရာေပၚသို႔စားပြဲခံုပုေလးယူလိုက္ကာတင္လိုက္သည္။တစ္ဖန္လႊင့္ပစ္ထားသည့္လြယ္အိတ္ကိုလည္းယူလိုက္ကာစာၾကည့္တိုက္ကေနငွားလာခဲ့တဲ့စာအုပ္အားထုတ္ၿပီးတင္လိုက္သည္။ဒီေန႔ကလသာရက္ျဖစ္ေသာေၾကာင့္ျပတင္းေပါက္မွျဖာက်ေနသည့္လေရာင္ျဖျဖကခန္းဆီးကိုျဖတ္ကာစာအုပ္ေပၚက်ေရာက္ေနသည္။
"မွန္းစမ္း ၂၀ရာစုရဲ႕ေပ်ာက္ဆံုးေနေသာသမိုင္းေၾကာင္းဆိုေတာ့ဘာေတြေရးထားေလာက္မလဲ"
စာအုပ္၏ပထမဆံုးစာမ်က္နွာကိုလွန္လိုက္သည္။
ပထမဆံုးေပၚလာသည္က...
ဝီလီယမ္အာသာ
"ဘာလဲဟ ငါစာၾကည့္တိုက္တုန္းကေသခ်ာေပါက္ေသာမတ္စ္ဘာလဲမသိဘူး အဲ့တာပါ"
ေနာက္တစ္႐ြက္ကိုထပ္လွန္လိုက္ေတာ့ေနာက္ထပ္နာမည္တစ္ခုေပၚလာျပန္သည္။
ဖီးလီးယက္စ္အာသာ
ထပ္မံသိခ်င္စိတ္ျဖင့္ေနာက္ထပ္တစ္႐ြက္ထပ္လွန္ၾကည့္ေတာ့မွင္ေရာင္ျဖင့္ထင္းေနေအာင္ေရးထားသည့္နာမည္ကိုေတြ႕လိုက္ရသည္။
ေသာမတ္စ္ဝိန္း
"အဟဟ စာ႐ြက္၃႐ြက္ေလာက္ေက်ာ္လွန္ၿပီးမွေတြ႕တဲ့ဟာကို
ဂ်ီမင္း မင္းကေတာ့တကယ္ပါပဲ"
ဤသို႔ျဖင့္ေနာက္ထပ္တစ္႐ြက္ကိုထပ္လွန္ၾကည့္ေတာ့ဘာမွမရွိသည့္ဗလာစာ႐ြက္ကႀကိဳဆိုေနသည္။
ေနာက္ထပ္စာ႐ြက္ေတြအမ်ားႀကီးကလည္းဗလာေတြပဲ။
ရွင္းရွင္းေျပာရရင္တစ္အုပ္လံုးကဗလာေတြခ်ည္း
"ဘာလဲ ဒီေသာက္!
ဘာစာမွမေရးထားရင္လည္းဘာလို႔စာၾကည့္တိုက္ထဲေရာက္ေနေသးလဲ"
စိတ္ဆိုးဆိုးျဖင့္စာအုပ္ကိုေဆာင့္ကာပိတ္လိုက္သည္။
သူဒီေလာက္ေတာင္အပင္ပန္းခံ ေလွကားေပၚကေတာင္ျပဳတ္က်
ေခါင္းအနာခံၿပီးယူလာခဲ့ရတဲ့စာအုပ္ကဘာမွမပါတဲ့အခြံသက္သက္ႀကီးျဖစ္ေနတာေတာ့အရမ္းလြန္တယ္မထင္ဘူးလား
သို႔ေပမယ့္စာအုပ္ၾကားကေနေရႊေရာင္အလင္းတန္းတစ္ခုကတိုးထြက္လာသည္။
"ဟမ္"
ကမန္းကတမ္းစာအုပ္ကိုလွန္လိုက္ေတာ့တစ္လံုးခ်င္းစီေပၚလာတဲ့ေဖာင္တိန္အေရးအသားေတြကိုေတြ႕လိုက္ရသည္။
၂၀ရာစုမွာဘယ္သူမွမသိလိုက္ဘဲ
ေပ်ာက္ကြယ္သြားခဲ့တဲ့
သမိုင္းေၾကာင္းတစ္ခုရွိတယ္
"ဘာလဲဟ!!"
အလန္႔တၾကားပင္ေအာ္မိကာေနရာမွထခုန္မိသြားသည္။
ထပ္မံ၍စာအုပ္တြင္ထိုစာေၾကာင္းကေပ်ာက္ကြယ္သြားၿပီးေနာက္ထပ္စာလံုးမ်ားထပ္မံေပၚလာသည္။
ဘာတြန္ရဲ႕ၿမိဳ႕ေတာ္ဝန္
ေသာမတ္စ္ဝိန္း
"ဟင္"
အာေမဋိတ္တစ္ခ်က္ထြက္သြားသည္။
သူဖတ္လာခဲ့သည့္သမိုင္းစာအုပ္သက္တမ္းတစ္ေလ်ွာက္မွာဘာတြန္ရဲ႕အေၾကာင္းေတာ့ပါခဲ့ေပမယ့္ေသာမတ္စ္ဝိန္းဆိုတဲ့နာမည္ကေတာ့မပါတာေသခ်ာလွသည္။
သို႔ေပမယ့္ပိုၿပီးေသခ်ာေအာင္ဖုန္းကိုထုတ္ကာGoogleကိုဖြင့္လိုက္သည္။
Google၏search barတြင္Thomas Wayneဟူေသာအမည္ကိုရိုက္ထည့္လိုက္သည္။
တစ္ဆက္တည္းတြင္ဘာတြန္၏ၿမိဳ႕ေတာ္ဝန္ဆိုတာပါထည့္ရိုက္ကာရွာလိုက္သည္။
အေျဖထြက္မလာခဲ့ေပ။
Googleမွာေတာင္မရွိတဲ့နာမည္ကဤစာအုပ္တြင္ဘာေၾကာင့္ေပၚလာရပါသလဲ
ဒါကေတာ့စဥ္းစားစရာတစ္ခုသာျဖစ္ေလသည္။
24.11.1905
အဲ့ဒီရက္ကေသာမတ္စ္ဝိန္းေသဆံုးခဲ့တဲ့ရက္ပဲ
ေပၚလာသည့္ဂဏန္းလံုးမ်ားကိုၾကည့္ရင္းရႈပ္ေနသည့္အရာမ်ားကပိုမို၍သာရႈပ္သြားသည္။
အခုခ်ိန္ထိစာအုပ္ကဘာကိုဆိုလိုမွန္းဂ်ီမင္းမသိေသးေပ။
ေသြးေျမေတြခခဲ့တဲ့ျပဇာတ္ရံုႀကီးထဲမွာခပ္တိုးတိုးေလွာင္ရယ္သံတစ္ခုရွိေနတယ္။
အဲ့ဒီလူကဒါေတြအားလံုးရဲ႕တရားခံ...။
သမိုင္းေၾကာင္းကိုေျပာင္းလဲပစ္ပါ။
အခ်ိန္စက္ဝန္းကိုဝင္ေနွာင့္လို႔မရဘူး
ဒါေပမယ့္၂၀ရာစုကမင္းကိုလိုအပ္ေနတယ္
ခပ္ေသာေသာ့လက္ေရးမ်ားကတစ္ေနရာအေရာက္တြင္ဆံုးသြားသည္။
ၿပီးေတာ့၁၉၀၀မွာမဆံုဆည္းလိုက္ရတဲ့
ဝမ္းနည္းဖြယ္ဇာတ္လမ္းတစ္ပုဒ္ရွိတယ္။
စာလံုးမ်ားအစီအရီေပ်ာက္သြားၿပီးေနာက္ပိုင္းတြင္ဗလာျဖစ္ေနေသာစာ႐ြက္မ်ားကတျဖတ္ျဖတ္လွန္ကာမွင္ရည္မ်ားကအသက္ဝင္လာၿပီးေလထဲကိုပ်ံ့လြင့္လာသည္။စာအုပ္ဆီမွလည္းေရႊအိုေရာင္အေငြ႕မ်ားကထြက္လာခဲ့ၿပီးဂ်ီမင္းအားစာအုပ္ထဲသို႔ဆြဲေခၚသြားေတာ့သည္။
ထို႔ေနာက္တြင္အိပ္ရာေပၚမွာက်န္ခဲ့တဲ့လြယ္အိတ္ေလးရယ္အၿပီးတိုင္ပိတ္သြားတဲ့စာအုပ္မွတစ္ပါးပတ္ဝန္းက်င္ကပံုမွန္အတိုင္းတိတ္ဆိတ္ၿငိမ္သက္ေနသည္။
ထိုညတြင္စာအုပ္ထဲသို႔ဝင္ေရာက္ကာေပ်ာက္ကြယ္သြားသည့္ခပ္ငယ္ငယ္ေကာင္ေလးတစ္ေယာက္ရွိခဲ့သည္။
"ငါဘယ္ကိုေရာက္ေနတာလဲ"
ဝရုန္းသုန္းကားထကာနံရံေပၚမွျပကၡဒိန္ကိုေျပးၾကည့္လိုက္ခ်ိန္တြင္ေတြ႕လိုက္ရသည့္ခုနွစ္သကၠရာဇ္က...
စက္တင္ဘာလ13ရက္1904ခုနွစ္
"အခုဆိုလိုခ်င္တာကငါကTime travelၿပီးေသာက္က်ိဳးနည္း၂၀ရာစုကိုေရာက္လာခဲ့တာလား"
____