Two Men In One Look (Complete...

By Galaxie_Genie

8.8K 1.2K 523

There was a story about two men who fell in love with the same man But their story had already been a sad end... More

Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22(Final)
Extra 1(20th Century)
နှုတ်ဆက်စကား

Chapter 0

1.3K 98 8
By Galaxie_Genie

Unicode

ခြေမွခံလိုက်ရသောအတိတ်များ

"အစ်ကို သတိထား!"

ဒိုင်းးးး
လေရဲ့အဟုန်နဲ့တစ်ရှိန်ထိုးရောက်လာတဲ့ကျည်ဆန်ကနှလုံးသားထဲဖောက်ဝင်ကာထွက်သွားသည်။
သို့ပေမယ့်တကယ့်နှလုံးသားလေးကိုကယ်တင်လိုက်နိုင်တာမို့ကံကောင်းတယ်လို့ပြောရမှာပါပဲ။

"ဝိန်းးး!!"

သွေးတွေကသူ့ရဲ့ကုတ်အင်္ကျီပေါ်ကိုစွန်းထင်းလာသည်။
နွေးထွေးတဲ့အသိုက်အမြုံတစ်ခုမှာအေးစက်စက်သွေးတွေကဟိုတစ်ကွက် ဒီတစ်ကွက်အမြောက်အမြားထွက်ကျလာသည်။

ဒိုင်းးးးး

ဟော နောက်ထပ်တစ်ချက်ဖောက်ဝင်သွားပြန်ပြီ။
ဒုတိယမြောက်ကျည်ဆန်ကညာဘက်ကျောပြင်ကိုထပ်မံခွဲဝင်သွားသည်။
အားအင်တွေလျော့နည်းလာပြီးခြေထောက်တွေကယိုင်နဲ့လာတဲ့အချိန်ရင်ခွင်ထဲကမျက်နှာလေးကိုမြင်လိုက်ရတော့အေးချမ်းသွားရသည်။

"ဝိန်း ဘာလို့ ဘာလို့လဲ"

တုန်တုန်ရီရီ ကြောက်လန့်မှုအပြည့်နဲ့မေးလာတဲ့စကား။
ဘာလို့လဲဆိုတဲ့မေးခွန်းကိုပြန်ဖြေဖို့ရာသူ့မှာစကားလုံးတွေအမြောက်အမြားမရှိခဲ့ဘူး။
ဆက်တိုက်ဆိုသလိုရောက်လာခဲ့တဲ့သူ့ဆီကိုဦးတည်ပြီးရောက်လာခဲ့တဲ့ကျည်ဆန်တွေ။
အခုထိတိုင်အောင်ဝိန်းကသူ့ခန္ဓာကိုယ်ကိုအုပ်မိုးပြီးကာကွယ်ပေးထားတုန်း။
ဝိန်းရဲ့ခန္ဓာကိုယ်ထဲကျည်ဆန်ဘယ်နှတောင့်ရောက်ပြီးပြီလဲသူမတွေးချင်ပါ။

"ချစ်လို့ပါဗျာ"

"မင်းဘာလို့ဒီလောက်တောင်မိုက်ရူးရဲဆန်ရတာလဲ"

"အစ်ကို့ကိုချစ်လို့ပါ
ဒီတစ်ခေါက်ကျွန်တော့်နှလုံးသားလေးကိုပစ်ပစ်ခါခါမထားပါနဲ့တော့နော်"

"မင်း မင်းကွာ..."

"ကျွန်တော့်ရဲ့နောက်ဆုံးအချိန်မှာအစ်ကို့ကိုကာကွယ်ခွင့်ရခဲ့လို့ကျွန်တော်သိပ်ပျော်တာပဲ အစ်ကိုရာ
ကျွန်တော်အားတွေနည်းလာပြီ
ကျွန်တော် ကျွန်တော့်မှာအချိန်သိပ်မကျန်တော့ဘူး"

"စကားတွေအများကြီးမပြောနဲ့!!
မင်း ဒဏ်ရာကသွေးတွေအများကြီးထွက်နေပြီ"

"ပြောရမယ် ဒီမျက်နှာလေးကိုစက္ကန့်အနည်းငယ်အတွင်းမှာကျွန်တော်လက်လွှတ်ရတော့မှာ
ချစ်တယ် အခုထိလည်းချစ်နေတုန်းပါ
အစ်ကို့အငွေ့အသက်လေးတွေသိမ်းထားချင်တယ်"

"ဘာဖြစ်လို့ ဘာဖြစ်လို့လဲ
ငါ့လိုလူကိုမင်းကဘာလို့ဒီလောက်တောင်..."

"မငိုနဲ့ မငိုပါနဲ့အစ်ကိုရယ်
ငိုရင်မျက်လုံးတွေနာနေလိမ့်မယ်
မငိုပါနဲ့ဗျာ..."

သွေးတွေပေနေတဲ့လက်တစ်ဖက်ကမျက်နှာကိုဖွဖွလေးလာကိုင်သည်။မငိုပါနဲ့ပြောပေမယ့်မျက်ရည်တွေကတလဟောစီးကျနေတုန်းပဲ။
ကျည်ဆန်တွေဆက်မရောက်လာခဲ့တော့ပေမယ့်ဝိန်းကကြမ်းပြင်ပေါ်ကိုလဲကျသွားသည်။
သူ့ရဲ့မျက်ရည်တစ်စက်ကလည်းပါးပြင်ကိုဖြတ်သန်းကာကြမ်းပြင်ပေါ်ကိုပေါက်ခနဲကျသွားသည်။

"ကျွန်တော့်ကိုချစ်သေးလား"

သေနတ်ဒဏ်ရာဗလပွကြားထဲကမျက်လုံးအဝိုင်းသားနဲ့မေးလာတဲ့စကား။ရင်ဘတ်ထဲကဆစ်ခနဲနာသွားသည်။
ဝိန်းရဲ့မျက်လုံးတွေကသူငြင်းလိုက်မှာကိုအသက်သေမှာထက်ပိုပြီးစိုးရွံ့နေပုံပေါ်သည်။

"မင်းကိုမချစ်ခဲ့တဲ့နေ့တစ်ရက်လေးမှတောင်မရှိခဲ့ပါဘူး
ဝိန်းရယ် အစ်ကိုလေ..."

"ဒီလိုဆိုကျွန်တော်စိတ်အေးသွားပြီ
ချစ်တယ် အစ်ကို
ကျွန်တော့်ကိုအစ်ကိုရဲ့နှလုံးသားလေးထဲအမြဲတမ်းသိမ်းထားပေးပါ"

ဝိန်းကမျက်လွှာလေးများကိုမှိတ်ချသွားသည်။
သူ့ရဲ့လက်ကလေးများကိုဝိန်းရဲ့လက်များကသေချာဆုပ်ကိုင်ထားသည်။ပြုံးယောင်သမ်းသွားသောနှုတ်ခမ်းသည်လည်းမည်သို့သောစကားသံမျိုးမှထွက်မလာခဲ့တော့ပါ။

"ဝိန်း!! ဝိန်း!! အစ်ကိုခေါ်နေတာကိုကြားလား"

"သောမတ်စ်ဝိန်း ပြန်ဖြေလေ!!"

"မင်းငါ့ကိုဒီလိုတစ်ယောက်တည်းထားခဲ့လို့မရဘူး!!
ငါပြောနေတယ် ပြန်ဖြေလို့!!"

"ဝိန်းးးး!!"

အားမရှိတော့တဲ့လက်တွေကအဖြေပဲ။
တဖြည်းဖြည်းနဲ့ကုတ်အင်္ကျီပေါ်ကိုစွန်းထင်းလာတဲ့ဝိန်းရဲ့သွေးတွေကရော။

"ဘာကြောင့်ငါ့အတွက်နဲ့များမင်းကိုယ်မင်းစတေးခဲ့ရသလဲ ဝိန်းရာ...
ငါကမင်းအချစ်တွေနဲ့မထိုက်တန်တဲ့ကောင်ပါ။
ငါ့ကို ငါ့ကို တစ်သက်လုံးနောင်တရနေအောင် မင်းလုပ်ရက်တယ်"

မငိုပါနဲ့ဗျာဆိုတဲ့ခပ်တိုးတိုးစကားသံလေး။
ဘယ်တော့မှမကြားနိုင်တော့ဘူး
လှောင်ရယ်သံကျယ်ကျယ်လောင်လောင်ကနားထဲကိုအရုပ်ဆိုးစွာတိုးဝင်လာသည်။

"အဟက် သနားစရာပဲ!"

"ခွေးလိုကောင်"

"ကျွတ်စ် နောက်ဆုံးမှာဒီလိုပဲဇာတ်သိမ်းမယ့်ဟာ
ဆက်ခံသူအစစ်အမှန်ကဘယ်သူမို့လဲ
ငါပဲလေ"

"ငါမင်းကိုယုံခဲ့တာ
မင်းကတော့ငါ့ကိုဒီလိုမျိုး..."

"ဒီနေ့ကမင်းတို့၂ယောက်လုံးသမိုင်းကနေပျောက်ကွယ်သွားရမယ့်နေ့ပဲ"

ဒိုင်း!
စကားလုံးအဆုံးသတ်မှာရောက်လာတဲ့ကျည်ဆန်ကသူ့ရဲ့နဖူးကိုဖောက်ထွက်သွားသည်။
ဒူးထောက်ကာလဲကျသွားသည့်အချိန်တွင်အဆက်မပြတ်သောကျည်ဆန်ချက်များကရောက်လာသည်။

အစ်ကို သိပ်နာတာပဲ ဝိန်းရယ်
မင်းဒါတွေခံစားရတဲ့အချိန်တုန်းကရော သိပ်နာခဲ့မှာပဲနော်
ဒါပေမယ့်ပျော်ပါတယ်
ဘာကြောင့်လဲဆိုရင်မင်းနောက်ကိုအစ်ကိုလိုက်လာမှာဖြစ်လို့လေ။အကယ်၍များအစ်ကိုတို့တွေ့ခဲ့ကြသည်ရှိသော် မင်းရင်ခွင်ထဲအရင်ဆုံးတိုးဝင်မယ့်လူကအစ်ကိုဖြစ်ပါစေ။

သူ့ရဲ့မြင်ကွင်းများကဝေဝါးကာမျက်ခွံများကသက်ဆုံးတိုင်ပိတ်ကျသွားသည်။
ဘယ်သူမှကျန်မနေခဲ့သောပြဇာတ်ရုံကြီးထဲတွင်အရူးလိုလိုအော်ရယ်သံမှတစ်ပါးအရာအားလုံးကတိတ်ဆိတ်နေခဲ့တော့သည်။

ဤကား၂၀ရာစုတွင်ဖြစ်ပျက်ခဲ့သောမည်သူမှမသိလိုက်သည့်သွေးပျက်ဖွယ်သမိုင်းတစ်ရပ်ဖြစ်ခဲ့လေသည်။
သို့သော်ထိုသမိုင်းကြောင်းကလက်စဖျောက်ခံလိုက်ရသည်။ဒါပေမယ့်ကြယ်တွေကိုပြန်ရေးဆွဲကြရင် ကံကြမ္မာကိုတစ်ပတ်ရိုက်ကြရင်ရော...
အရာအားလုံးကမစီစဉ်ထားခဲ့သလို
ဆန့်ကျင်ဘက်အကြောင်းအရာဆီကိုရောက်နိုင်မှာတဲ့လား...

ဒါကိုတော့တစ်စုံတစ်ယောက်ကဖြေပေးပါလိမ့်မည်။

____

ဒန်တန့်တန်
နယူးကမ်းဘတ်အော့ဖ်ဂျင်းနီပါ
အုံးစားရမယ့်စုံထောက်ဇာတ်လမ်းနဲ့အတူပြန်လာခဲ့တာမို့လို့ကြိုဆိုပေးကြပါဦးရှင်😞🖐
btw twinsတွေပါနော် ဟီးဟိ
.
.
.
Zawgyi

ေျခမြခံလိုက္ရေသာအတိတ္မ်ား

"အစ္ကို သတိထား!"

ဒိုင္းးးး
ေလရဲ႕အဟုန္နဲ႔တစ္ရွိန္ထိုးေရာက္လာတဲ့က်ည္ဆန္ကနွလံုးသားထဲေဖာက္ဝင္ကာထြက္သြားသည္။
သို႔ေပမယ့္တကယ့္နွလံုးသားေလးကိုကယ္တင္လိုက္နိုင္တာမို႔ကံေကာင္းတယ္လို႔ေျပာရမွာပါပဲ။

"ဝိန္းးး!!"

ေသြးေတြကသူ႔ရဲ႕ကုတ္အက်ႌေပၚကိုစြန္းထင္းလာသည္။
ေႏြးေထြးတဲ့အသိုက္အၿမံဳတစ္ခုမွာေအးစက္စက္ေသြးေတြကဟိုတစ္ကြက္ ဒီတစ္ကြက္အေျမာက္အျမားထြက္က်လာသည္။

ဒိုင္းးးးး

ေဟာ ေနာက္ထပ္တစ္ခ်က္ေဖာက္ဝင္သြားျပန္ၿပီ။
ဒုတိယေျမာက္က်ည္ဆန္ကညာဘက္ေက်ာျပင္ကိုထပ္မံခြဲဝင္သြားသည္။
အားအင္ေတြေလ်ာ့နည္းလာၿပီးေျခေထာက္ေတြကယိုင္နဲ႔လာတဲ့အခ်ိန္ရင္ခြင္ထဲကမ်က္နွာေလးကိုျမင္လိုက္ရေတာ့ေအးခ်မ္းသြားရသည္။

"ဝိန္း ဘာလို႔ ဘာလို႔လဲ"

တုန္တုန္ရီရီ ေၾကာက္လန္႔မႈအျပည့္နဲ႔ေမးလာတဲ့စကား။
ဘာလို႔လဲဆိုတဲ့ေမးခြန္းကိုျပန္ေျဖဖို႔ရာသူ႔မွာစကားလံုးေတြအေျမာက္အျမားမရွိခဲ့ဘူး။
ဆက္တိုက္ဆိုသလိုေရာက္လာခဲ့တဲ့သူ႔ဆီကိုဦးတည္ၿပီးေရာက္လာခဲ့တဲ့က်ည္ဆန္ေတြ။
အခုထိတိုင္ေအာင္ဝိန္းကသူ႔ခနၶာကိုယ္ကိုအုပ္မိုးၿပီးကာကြယ္ေပးထားတုန္း။
ဝိန္းရဲ႕ခနၶာကိုယ္ထဲက်ည္ဆန္ဘယ္နွေတာင့္ေရာက္ၿပီးၿပီလဲသူမေတြးခ်င္ပါ။

"ခ်စ္လို႔ပါဗ်ာ"

"မင္းဘာလို႔ဒီေလာက္ေတာင္မိုက္ရူးရဲဆန္ရတာလဲ"

"အစ္ကို႔ကိုခ်စ္လို႔ပါ
ဒီတစ္ေခါက္ကြၽန္ေတာ့္နွလံုးသားေလးကိုပစ္ပစ္ခါခါမထားပါနဲ႔ေတာ့ေနာ္"

"မင္း မင္းကြာ..."

"ကြၽန္ေတာ့္ရဲ႕ေနာက္ဆံုးအခ်ိန္မွာအစ္ကို႔ကိုကာကြယ္ခြင့္ရခဲ့လို႔ကြၽန္ေတာ္သိပ္ေပ်ာ္တာပဲ အစ္ကိုရာ
ကြၽန္ေတာ္အားေတြနည္းလာၿပီ
ကြၽန္ေတာ္ ကြၽန္ေတာ့္မွာအခ်ိန္သိပ္မက်န္ေတာ့ဘူး"

"စကားေတြအမ်ားႀကီးမေျပာနဲ႔!!
မင္း ဒဏ္ရာကေသြးေတြအမ်ားႀကီးထြက္ေနၿပီ"

"ေျပာရမယ္ ဒီမ်က္နွာေလးကိုစကၠန္႔အနည္းငယ္အတြင္းမွာကြၽန္ေတာ္လက္လႊတ္ရေတာ့မွာ
ခ်စ္တယ္ အခုထိလည္းခ်စ္ေနတုန္းပါ
အစ္ကို႔အေငြ႕အသက္ေလးေတြသိမ္းထားခ်င္တယ္"

"ဘာျဖစ္လို႔ ဘာျဖစ္လို႔လဲ
ငါ့လိုလူကိုမင္းကဘာလို႔ဒီေလာက္ေတာင္..."

"မငိုနဲ႔ မငိုပါနဲ႔အစ္ကိုရယ္
ငိုရင္မ်က္လံုးေတြနာေနလိမ့္မယ္
မငိုပါနဲ႔ဗ်ာ..."

ေသြးေတြေပေနတဲ့လက္တစ္ဖက္ကမ်က္နွာကိုဖြဖြေလးလာကိုင္သည္။မငိုပါနဲ႔ေျပာေပမယ့္မ်က္ရည္ေတြကတလေဟာစီးက်ေနတုန္းပဲ။
က်ည္ဆန္ေတြဆက္မေရာက္လာခဲ့ေတာ့ေပမယ့္ဝိန္းကၾကမ္းျပင္ေပၚကိုလဲက်သြားသည္။
သူ႔ရဲ႕မ်က္ရည္တစ္စက္ကလည္းပါးျပင္ကိုျဖတ္သန္းကာၾကမ္းျပင္ေပၚကိုေပါက္ခနဲက်သြားသည္။

"ကြၽန္ေတာ့္ကိုခ်စ္ေသးလား"

ေသနတ္ဒဏ္ရာဗလပြၾကားထဲကမ်က္လံုးအဝိုင္းသားနဲ႔ေမးလာတဲ့စကား။ရင္ဘတ္ထဲကဆစ္ခနဲနာသြားသည္။
ဝိန္းရဲ႕မ်က္လံုးေတြကသူျငင္းလိုက္မွာကိုအသက္ေသမွာထက္ပိုၿပီးစိုး႐ြံ႕ေနပံုေပၚသည္။

"မင္းကိုမခ်စ္ခဲ့တဲ့ေန႔တစ္ရက္ေလးမွေတာင္မရွိခဲ့ပါဘူး
ဝိန္းရယ္ အစ္ကိုေလ..."

"ဒီလိုဆိုကြၽန္ေတာ္စိတ္ေအးသြားၿပီ
ခ်စ္တယ္ အစ္ကို
ကြၽန္ေတာ့္ကိုအစ္ကိုရဲ႕နွလံုးသားေလးထဲအၿမဲတမ္းသိမ္းထားေပးပါ"

ဝိန္းကမ်က္လႊာေလးမ်ားကိုမွိတ္ခ်သြားသည္။
သူ႔ရဲ႕လက္ကေလးမ်ားကိုဝိန္းရဲ႕လက္မ်ားကေသခ်ာဆုပ္ကိုင္ထားသည္။ၿပံဳးေယာင္သမ္းသြားေသာနႈတ္ခမ္းသည္လည္းမည္သို႔ေသာစကားသံမ်ိဳးမွထြက္မလာခဲ့ေတာ့ပါ။

"ဝိန္း!! ဝိန္း!! အစ္ကိုေခၚေနတာကိုၾကားလား"

"ေသာမတ္စ္ဝိန္း ျပန္ေျဖေလ!!"

"မင္းငါ့ကိုဒီလိုတစ္ေယာက္တည္းထားခဲ့လို႔မရဘူး!!
ငါေျပာေနတယ္ ျပန္ေျဖလို႔!!"

"ဝိန္းးးး!!"

အားမရွိေတာ့တဲ့လက္ေတြကအေျဖပဲ။
တျဖည္းျဖည္းနဲ႔ကုတ္အက်ႌေပၚကိုစြန္းထင္းလာတဲ့ဝိန္းရဲ႕ေသြးေတြကေရာ။

"ဘာေၾကာင့္ငါ့အတြက္နဲ႔မ်ားမင္းကိုယ္မင္းစေတးခဲ့ရသလဲ ဝိန္းရာ...
ငါကမင္းအခ်စ္ေတြနဲ႔မထိုက္တန္တဲ့ေကာင္ပါ။
ငါ့ကို ငါ့ကို တစ္သက္လံုးေနာင္တရေနေအာင္ မင္းလုပ္ရက္တယ္"

မငိုပါနဲ႔ဗ်ာဆိုတဲ့ခပ္တိုးတိုးစကားသံေလး။
ဘယ္ေတာ့မွမၾကားနိုင္ေတာ့ဘူး
ေလွာင္ရယ္သံက်ယ္က်ယ္ေလာင္ေလာင္ကနားထဲကိုအရုပ္ဆိုးစြာတိုးဝင္လာသည္။

"အဟက္ သနားစရာပဲ!"

"ေခြးလိုေကာင္"

"ကြၽတ္စ္ ေနာက္ဆံုးမွာဒီလိုပဲဇာတ္သိမ္းမယ့္ဟာ
ဆက္ခံသူအစစ္အမွန္ကဘယ္သူမို႔လဲ
ငါပဲေလ"

"ငါမင္းကိုယံုခဲ့တာ
မင္းကေတာ့ငါ့ကိုဒီလိုမ်ိဳး..."

"ဒီေန႔ကမင္းတို႔၂ေယာက္လံုးသမိုင္းကေနေပ်ာက္ကြယ္သြားရမယ့္ေန႔ပဲ"

ဒိုင္း!
စကားလံုးအဆံုးသတ္မွာေရာက္လာတဲ့က်ည္ဆန္ကသူ႔ရဲ႕နဖူးကိုေဖာက္ထြက္သြားသည္။
ဒူးေထာက္ကာလဲက်သြားသည့္အခ်ိန္တြင္အဆက္မျပတ္ေသာက်ည္ဆန္ခ်က္မ်ားကေရာက္လာသည္။

အစ္ကို သိပ္နာတာပဲ ဝိန္းရယ္
မင္းဒါေတြခံစားရတဲ့အခ်ိန္တုန္းကေရာ သိပ္နာခဲ့မွာပဲေနာ္
ဒါေပမယ့္ေပ်ာ္ပါတယ္
ဘာေၾကာင့္လဲဆိုရင္မင္းေနာက္ကိုအစ္ကိုလိုက္လာမွာျဖစ္လို႔ေလ။အကယ္၍မ်ားအစ္ကိုတို႔ေတြ႕ခဲ့ၾကသည္ရွိေသာ္ မင္းရင္ခြင္ထဲအရင္ဆံုးတိုးဝင္မယ့္လူကအစ္ကိုျဖစ္ပါေစ။

သူ႔ရဲ႕ျမင္ကြင္းမ်ားကေဝဝါးကာမ်က္ခြံမ်ားကသက္ဆံုးတိုင္ပိတ္က်သြားသည္။
ဘယ္သူမွက်န္မေနခဲ့ေသာျပဇာတ္ရံုႀကီးထဲတြင္အရူးလိုလိုေအာ္ရယ္သံမွတစ္ပါးအရာအားလံုးကတိတ္ဆိတ္ေနခဲ့ေတာ့သည္။

ဤကား၂၀ရာစုတြင္ျဖစ္ပ်က္ခဲ့ေသာမည္သူမွမသိလိုက္သည့္ေသြးပ်က္ဖြယ္သမိုင္းတစ္ရပ္ျဖစ္ခဲ့ေလသည္။
သို႔ေသာ္ထိုသမိုင္းေၾကာင္းကလက္စေဖ်ာက္ခံလိုက္ရသည္။ဒါေပမယ့္ၾကယ္ေတြကိုျပန္ေရးဆြဲၾကရင္ ကံၾကမၼာကိုတစ္ပတ္ရိုက္ၾကရင္ေရာ...
အရာအားလံုးကမစီစဥ္ထားခဲ့သလို
ဆန္႔က်င္ဘက္အေၾကာင္းအရာဆီကိုေရာက္နိုင္မွာတဲ့လား...

ဒါကိုေတာ့တစ္စံုတစ္ေယာက္ကေျဖေပးပါလိမ့္မည္။

___

ဒန္တန္႔တန္႔
နယူးကမ္းဘတ္ေအာ့ဖ္ဂ်င္းနီပါ
အံုးစားရမယ့္စံုေထာက္ဇာတ္လမ္းနဲ႔အတူျပန္လာခဲ့တာမို႔ႀကိဳဆိုေပးၾကပါဦးရွင္😞🖐
btw twinsေတြပါေနာ္ ဟီးဟိ

Continue Reading

You'll Also Like

360K 12.3K 74
𝐛𝐨𝐨𝐤 𝐨𝐧𝐞. gilmore girls universe. 𐙚 | B L U E ˖⁺‧₊˚♡˚₊‧⁺˖ ─── blue eyes like the sea on a cold, rainy day ❝ 𝘉𝘓𝘜𝘌 𝘌𝘠𝘌𝘋 𝘉𝘌𝘈𝘜𝘛�...
FLOOR 13 By 🍷

Fanfiction

10.1K 1.7K 15
The story behind the missing 13th floor.
1.9M 83.1K 127
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
153K 11.1K 61
BOOK #2 They say love heals scars, but Seokmin's scars were lessons-bitter reminders that twisted him into a creature of darkness. His life was a ser...