“ညဘက်ကြီးဘယ်သွားတာလဲ”
“ခက်ဆစ် ဆီ”
ကြားဖူးသလို သိသလို ရှိနေပေမဲ့ မင်းသု ကိုယ်တိုင် ပြန်တွေးမရ။
ထိုနာမကိုကြားသည်နှင့် လန့်သွားမိသလို
ရင်ဘတ်ထဲက အောင့်လာသည်။
“သူကဘယ်သူလဲ ”
“ကိုယ်တို့သူငယ်ချင်းလေ ဘေဘီရာ ကျောင်းတူတူတက်လာကြတာလေ ကိုယ်တို့က”
“အော်...”
“.....”
“သူ့အကြောင်းငါ့ကိုပြောပြလို့ရလား ပြီးတော့ ငါတို့နဲ့ ပတ်သတ်ဖူးတဲ့အရာတွေရော”
“ဘာလို့လဲ ဘေဘီ”
“သူ့နာမည်ကိုကြားဖူးသလိုသိနေသလိုပဲ
ပြီးတော့ အဲ့နာမည်ကိုကြားလိုက်တော့
ငါဘယ်လိုကြီးဖြစ်သွားလဲမသိဘူး
ရင်တွေနာလာသလိုပဲ”
“ဘေဘီ!!”
အတိတ်ကိုပြန်လည်မှတ်မိနိုင်မည့် အခွင့်အရေးက ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ချလာချေသည်။
“ပြောချင်ရဲ့လား”
“ဒါပေါ့ ဘေဘီရဲ့ ကိုယ်ရယ်သူရယ်က
အရင်တုန်းက ရွာမှာအခင်ဆုံး
သူငယ်ချင်းတွေ ငယ်ငယ်ကတည်းက ခင်ကြတာ ကိုယ့်အသက် ၁၉,၂၀ လောက်မှာ
မြို့က ဖေဖေရဲ့အမေ ကိုယ့်အဖွားက
ကိုယ့်ကိုပြန်လာခေါ်သွားတာ
သဘောမတူတဲ့လူနဲ့ယူလို့ဆိုပြီး ဖွားကဖေဖေ့ကိုအမွေပြတ် စွန့်လွှတ်ထားတာလေ
ဖေဖေရောမေမေရော ဆုံးသွားတော့
ဖွားက ကိုယ့်ကိုမြို့ခေါ်သွားတယ်
အဲ့ကတည်းက ကိုယ် ခက်ဆစ်နဲ့ ကွဲသွားတာပဲ နောက်ပြီး ကိုယ်သိလိုက်ရတဲ့ အမှန်တရားတစ်ခုလည်း ရှိသေးတယ် ဘေဘီ”
“ဘာကြီးလဲဟင်”
“ကိုယ် ခက်ဆစ်ကို သိပ်ချစ်တယ်ဆိုတာပဲ”
မင်းသု တစ်ချက် တောင့်ခနဲဖြစ်သွားရသည် မထင်မှတ်ထားတာကို ကြားလိုက်ရသလိမျိုး တောင့်ခဲသွားသည်
ရင်ဘတ်ထဲကလည်း တင်းကြပ်လာသလို
စိတ်ထဲလည်း တစ်ခုခုလပ်ဟာသွားသလိုခံစားလိုက်ရသည်။
“နေ့တိုင်းတွေ့ချင်တယ် စကားတွေပြောချင်တယ် ပြီးတော့ အမြဲလွမ်းနေခဲ့ရတာ
အဲ့တာကြောင့် ကိုယ်သူ့ကို သိပ်ချစ်နေမိပြီဆိုတာ သေချာခဲ့တယ်”
သူ့ကိုစိုက်ကြည့်၍ဆိုလာသော Ram ၏မျက်ဝန်းတို့သည် လေးတက်လွန်းသည်
ဆက်၍ပင် မကြည့်နိုင်စွာ အကြည့်လွှဲပစ်မိသည်
ဘာကြောင့် ဒီလောက်ထိ ကြေကွဲဖို့ကောင်းနေရပါလိမ့်လေ ။
“ဒါပေမဲ့သူမှာချစ်သူရှိတယ်တဲ့ ကိုယ့်မှာလေအရူးတစ်ပိုင်းပဲ”
ပြောစရာစကားမဲ့စွာပင် မင်းသု တိတ်ဆိတ်နေခဲ့သည်။
မချစ်ဘူးလို့ငြင်းဆန်နေပေမဲ့ တွယ်ငြိလာသောသံယောဇဉ် တို့သည် မျက်နှာပြောင် တိုက်လွန်း၏။
“အဲ့အချိန်မှာ ဘေဘီက ကိုယ့်ဘဝထဲ စဝင်လာခဲ့တာပဲ ကိုယ့်ကိုအားပေးတယ်
နှစ်သိမ့်ပေးတယ် ပြီးတော့ ဘေဘီ ကကိုယ့်ကိုချစ်တယ်လို့ ဖွင့်ဟခဲ့တာ
ကိုယ်ငြင်းခဲ့မိတာ ခက်ဆစ်ကလွဲပြီး ဘယ်သူ့ကိုမှ မမြင်နိုင်လောက်တဲ့အထိ ကိုယ်ရူးမိုက်နေခဲ့တာ ”
“......”
“အခုတော့ ကိုယ်သိလိုက်ရတာက ကိုယ့်ဘဝကို အမှောင်ထဲကနေပြန်ဆွဲထုတ်ပြီး
ကိုယ့်ဘဝကို ကယ်တင်ခဲ့တဲ့ဘေဘီ့ကို သိပ်ချစ်တယ်ဆ်ုတာပဲ”
“.....”
“ဘေဘီသူနဲ့တွေ့ချင်လား ”
“ဟင့်အင်း ငါအိပ်တော့မယ် ”
“တူတူ အိပ်ကြမယ် ကိုယ်ဒီနေ့ပင်ပန်းလာလို့ ဘေဘီဖက်ထားပေးပါလား”
Ram ကုတင်ပေါ်ဝင်လှဲပြီး မင်းသု ရင်ခွင်ထဲတိုးဝင်ပစ်လိုက်သည်
သူပိုင်ဆိုင်သည့် အရုပ်ကလေးသည်
ငြင်းဆန်မှုမရှိဘဲ သူပြုသမျှကိုလက်ခံနေသည်။
“ဟင် !!”
ရုတ်ချည်း တင်းကြပ်စွာဖက်လာတဲ့ မင်းသုကြောင့် Ram အံ့ဩမှုတို့က ထိန်းမနိုင်စွာ။
လှုပ်လှုပ်ရွရွဖြစ်ကာ ရုန်းကန်မည်အပြု
“ငြိမ်ငြိမ်နေပြီး အိပ်တော့ မဟုတ်ရင် ကန်ချမှာ”
“အွန်း အွန်း အိပ်မယ် ဘေဘီသာ ဒီတိုင်းလေး ဖက်ထားပေး”
ပထမဆုံး တွေ့ဆုံခြင်းတည်းက မင်းသု Ram ကို ရင်းနှီးနေသလိုရှိနေသည်
စိတ်လှုပ်ရှားသည် အဓိပ္ပာယ်ဖော်မရသောခံစားချက်တို့ဖြစ်ပေါ်တတ်သည်
သူပြောသလိုသာအမှန်ဖြစ်ခဲ့ရင်
သူ့အတွေးတွေထဲက သူချစ်ရသူဟာ
Ram !!!
ဆက်တွေးကြည့်လေတော့ ခေါင်းကကိုက်လာသည်မို့အတွေးတို့ကို လက်စဖြတ်ကာ
Ram ၏ဆံပင်နုနုတို့ထဲ နှာခေါင်းတိုးဝှေ့ကာ နမ်းရှိုက်လိုက်သည်။
ချစ်လို့မဖြစ်မှန်းသိပေမဲ့ ရူးမိုက်ကြည့်ချင်စမ်းပါဘိ့။
~~~~~~~~~~~~~~~~~~~~~~~
ဆေးရုံပြန်ဆင်းတဲ့နေ့ကစလို့ ခွန်းနောင်
ခက်ဆစ်ကိုမျက်စိအောက်က အပျောက်မခံတော့ ။ Company သွားရင် မတွေ့ရမှာစိုးလို့ မသွားဘူးလုပ်နေလို့ ခက်ဆစ် အလုပ်ထဲထိ လိုက်လာရသည်။
“မောင်”
“ဗျာ”
“မင်းကလေးလိုချင်လား ဟင်”
“မောင် ကလေးမချစ်တတ်ဘူးနှောင်း
ဒါပေမဲ့ နှောင်းရဲ့သွေးသားဆိုရင်တော့ မောင်ချစ်ပေးမှာပေါ့ ”
“မောင် မင်းမွေးနေ့ရောက်တော့မယ်နော်”
“အာ ဟုတ်သားပဲ မောင်တောင်မေ့နေတာ”
“မွေးနေ့အကြို လက်ဆောင်လေးရှိတယ်”
“တကယ်”
“အွန်း”
ပြောလျက်ပင် ခွန်းနောင်၏အနားကိုတိုးကပ်ကာ ခွန်းနောင် လက်တစ်ဖက်ကို အကျီ အောက်ထဲထည့်ပြီး ဗိုက်ပေါ်တင်ပေးလိုက်သည်။
“နှောင်း....အချစ် ဒါက”
“အွန်း အထဲမှာ ငါတို့ရဲ့ကလေးလေးရှိနေတယ် မောင်”
အံ့ဩလွန်း၍ ဘာမှမပြောနိုင်တော့သည့်
ခွန်းနောင်ကို ခက်ဆစ်အချစ်ပိုရသည်
သိတာပေါ့ ဒီလူ့စိတ်တွေ ဘာဖြစ်နေပြီလဲဆိုတာ။
“အို ...ဘာလို့ငိုနေတာလဲ မောင်ရယ်”
“ကျေးဇူးတင်ပါတယ်နှောင်း မောင့်ကိုချစ်ပေးခဲ့လို့ ပြီးတော့ မောင့်ရင်သွေးလေးကို ခေါ်ဆောင်လာပေးလို့”
“ငါတို့ကဒီလိုပြောစရာလူတွေလား မောင်ရယ်”
“ချစ်တယ် အချစ် ဒီစကားကိုမောင် အလုပ်နဲ့ သက်သေပြမှာ မောင့်ကြောင့်စိတ်ဆင်းရဲခဲ့ရတာတွေအတွက် မောင် တောင်းပန်ပါတယ်”
“ငါကမောင့်ကိုအမြဲ ခွင့်လွှတ်ပြီးသားပါ ”
“ကလေးလေး ရှိနေတယ်ဆိုတော့ မောင်တို့ဟိုဟာ မလုပ်ရတော့ဘူးပေါ့နော်”
“ဒါပေါ့ မတော့လို့ ကလေးတစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ”
“မောင်အရင်ကလောက်မလုပ်....”
“တော်စမ်းပါ ကိုယ်တော်ချောရယ် မလုပ်ဘူး မလုပ်ဘူး လေးငါးချီလောက်က
အသာလေးပဲမင်းက”
“ကလေးလေး ရှိနေလို့နော် ကလေးမွေးပြီးမှ ပေါင်းချစ်ရမယ် ဟူးးး”
“မောင်”
“ဗျာ”
“ကလေးလေးကို ဘာလေးလိုချင်လဲ မောင်”
“သားလေး မောင်နဲ့တူတဲ့ သားလေးမွေးပေး”
“မောင်နဲ့တူမယ်ဆိုရင်တော့ သားလေးက လူဆိုးလေးဖြစ်မှာပဲ”
”အချစ်နော် သားလေးက မောင့်လို ဆိုးလို့မရပါဘူး မောင်လိမ္မာပါ့မယ်”
ချွဲနွဲ့ကာဆိုသည့်မောင်သည် သူရိန်ခွန်းနောင် နှင့် နည်းနည်မှမတူ
“ဘာလို့ အဲ့လိုတွေ လုပ်နေတာလဲ လူကို အသည်းယားအောင် !”
“အသည်းယာရင် အာခံတွင်းထဲထည့်ငုံထားလိုက် အချစ်”
“မောင်ကတော့လေ တကယ်မနိုင်ဘူး”
“ဒီကိုလာပါဦး မောင်လွမ်းနေတာ ”
ပြောပေကာဆိုဆိုနှင့်ပင် ခက်ဆစ်ကိုယ်ကိုဆွဲယူလိုက်ကာ ပေါင်ပေါ်တင်ထားလိုက်သည်
ပေါ်နေသော လည်ဂုတ်သားဖွေးဖွေးကို နမ်းရှုံ့မိတော့ လွမ်းနေခဲ့ရတဲ့ ကိုယ်သင်းနံ့လေးဟာ ဆီးကြိုလျက်။
“အချစ်”
“အွန်း ပြောလေမောင်”
“ကတိပေးပါ”
“ဘာကိုလဲ”
“မောင့်ကိုထားမသွားဘူးလို့ကတိပေးပါ
တခြားတယောက်ကို ချစ်မသွားဘူးလို့ကတိပေးပါ
မောင့်ကိုအမြဲချစ်ပေးပါ့မယ်လို့ကတိပေးပါ”
“ပေးပါတယ်မောင်ရယ် မောင့်ကို ငါဘယ်တော့မှထားမသွားတော့ဘူးနော်
မောင်ကလည်းငါနဲ့ ကလေးလေးကိုထားမသွားရဘူး”
“ထားသွားစရာလား မောင် ချစ်လို့တောင်မဝသေးတာကို”
“ငါမောင့်ကိုချစ်တယ်”
“မောင်ကပိုချစ်တာပေါ့”
~~~~~~~~~~~~~~~~~~~~~~~~
“အကိုလေး အကိုလေး!!!”
“မိနွယ် ဘာလို့လဲ”
“အကိုလေးဆီ စာလာလို့”
”ဟေ စာ ”
“ဟုတ်တယ် အကိုလေး မိနွယ် ဈေးဝယ်ပြီးပြန်လာတော့ စာပုံး ထဲကတွေ့တာ”
“အေး ပေးခဲ့”
“သခင်ကြီးရောမနိုးသေးဘူးလား”
“မနိုးသေးဘူး အိပ်ပါစေ အလုပ်တွေလုပ်နေရတာ ဒီနေ့ပဲအပြည့်အဝနားရရှာတာ”
“အမလေး အကိုလေးတို့များနော်
ယောင်္ကျားကိုချစ်လိုက်တာမှ သဲသဲလှုပ်
ပြောမပြောချင် တော့ပါဘူး”
“မပြောနဲ့ မပြောနဲ့ သွား မနက်စာပြင်ထားတော့ ခနနေမောင်နိုးလာတော့မှာ”
”ဟုတ်ကဲ့”
ခက်ဆစ်စာအိတ်ကိုယူကာ အပေါထပ်အခန်းထဲ ပြန်ဝင်လာလိုက်သည်
မောင်ကတော့မနိုးသေး။
ရွာက အမျိူးတွေလည်းမဖြစ်နိုင်
တစ်ခုခုဆို ဖုန်းဆက်မှာပေါ့
စာကြည့်စားပွဲပေါ်ထိုင်ကာ စာအိတ်ကိုဖောက်ကြည့်မိသည်
ထင်ထားသည့်စာတစ်ဆောင်မဟုတ်ဘဲ
ထွက်ကျလာသည်က ဓာတ်ပုံ အထပ်လိုက်
“အို....”
မြင်ရက်စရာမရှိသည့်မြင်ကွင်း တို့ကြောင့်
ခက်ဆစ် အသံထွက်လျက်ပင် အံ့ဩမိသည်
နမ်းရှိုက်နေပုံတွေ ဖက်လဲတကင်းပြုလုပ်နေပုံတွေ ဟိုတယ်ထဲအတူဝင်သွားတဲ့ပုံတွေ ထို့ထက်ပိုသည့် ပြောပြလို့မကောင်းနိုင်သောကုတင်ပေါ်က ဆက်ဆံရေးတွေအထိ ပါသည်။
အမျိုးသမီး တွေ တစ်ယောက်နဲ့တစ်ယောက် မတူပေမဲ့ မောင်ကတော့ ပြောင်းမသွား။
မောင့်၏အတိတ်ကိုသိထားပါလျက်
ဒီလိုပြန်ကြုံရပြန်တော့ နာကျင်နေရတုန်း
အတိတ်တွေဟာထိုမျှလောက်ထိ စိုးမိုးနိုင်လွန်း၏။
အသံထွက်ငိုချင်ပေမဲ့ မောင်နိုးမည်ဆိုးသည်ကြောင့် ရှိုက်ရင်းသာမျက်ရည်တွေကျနေမိသည်။
များပြားလှသော ပုံအထပ်လိုက်သည်
မောင်၏ အတိတ်တွေချည်းသာ
“ဟမ်!!!”
ရှုပ်ပွေခဲ့သော မောင့်အတိတ်တွေအားလုံးဟုမှတ်ယူခဲ့ပေမဲ့ မထင်ထားသော မသိခဲ့သော မောင့်၏ အကြောင်းတွေပါလာခဲ့သည်
လူတစ်ယောက်ကို ရက်ရက်စက်စက် သတ်ပစ်နေတဲ့ပုံတွေ
ထိုးကြိတ်နေတဲ့ပုံတွေ
သေနတ်ကိုင်ထားတဲ့မောင့်ရဲ့ပုံတွေ
ဒါဟာသူလုံးဝမသိခဲ့သည့်မောင့်၏အခြားတစ်ဖက်ခြမ်းများလား။
မျက်ရည်စီးကြောင်းတွေတောင်ခြောက်သွားချေပြီ သူစိတ်ဝင်စားကာ တစ်ပုံချင်းဆီကို ကြည့်နေမိတာ
ဓာတ်ပုံတွေကြားထဲ ပါလာတဲ့စာတစ်စောင်။
““““မင်းဒီဓာတ်ပုံတွေကိုကြည့်ပြီးပြီဆိုရင်
မင်းယောကျာ်း က လူသတ်သမား !
မဟုတ်ဘူး လူပေါင်းရာ/ထောင်ချီ ကိုသတ်ပစ်ခဲ့တဲ့ လူသတ်သမားအကြီးစားဆိုတာ သိလိုက်ရမှာပါ။
လက်နက်မှောင်ခို လုပ်တဲ့ Mafia ဂိုဏ်းခေါင်းဆောင်ဆိုလည်း ဟုတ်တာပဲ
ဒါကိုတော့ မင်းသိမယ်မထင်ဘူး
ဒီဓာတ်ပုံတွေကို မင်းဆီ ပို့လိုက်တယ်ဆိုတာ မင်းယောကျာ်းက ဘယ်လိုအကောင်လဲဆိုတာ သိစေချင်လို့ပဲ။
ဒီထက်ဆိုးတဲ့အရာတွေရှိနေသေးတယ်
မင်းသိချင်တယ်ဆိုရင်တော့
ငါ့ကို ဆက်သွယ်လိုက်
0975******* ကံကောင်းပါစေ ကောင်လေး အရာအားလုံး ပြီးသွားတော့မှာပါ။”””
စာကိုဖတ်ပြီးတဲ့အချိန် ခက်ဆစ် ရင်တွေပူလောင်လာရသည်။
မောင်က မောင်က ဒီလိုလူစားမျိူးတဲ့လား
“နှောင်း !!!”
အရူးလို ငူငိုင်နေမိတဲ့ မိမိကိုယ်ကို မောင်၏ ခေါ်သံဆူးဆူးက သတိပြန်ပေးသည်။
“မောင်ခေါ်နေတာကြာနေပြီ ဘာတွေကြည့်နေတာလဲ”
ခွန်းနောင်ကုတင်ပေါ်ကဆင်းလာတော့ ခက်ဆစ် ဓာတ်ပုံနဲ့စာကို အမြန်သိမ်းကာ ဖွတ်ရန်ပြင်လိုက်သည်
“ ရေချိုးချင်ချိုးတော့လေ မောင်
ငါအောက်မှာ စောင့်နေမယ်”
“အချစ်ငိုထားတယ်? ကျစ် ဘာတွေဖွက်နေတာလဲ အဲ့တာတွေမောင်ကိုပြ”
“ဘာမှမဟုတ်ဘူး မောင် ”
“ဘာကိုဘာမှမဟုတ်ရမှာလဲ နှောင်းကဒါတွေကြည့်ပြီးငိုနေတာကို ပြလို့ပြောနေတယ်နော် မောင် မလုချင်ဘူးနှောင်း”
“.........”
“ ဘာလို့ခေါင်းမာနေတာလဲ အချစ်ရာ
ပေးလို့ပြောနေတာကို”
“ဘာလို့လာအော်နေတာလဲ ငါ့ကို ငါဘာလုပ်ထားလို့လဲ”
“ဆောတီး အချစ် အချစ်မျက်ရည်တွေကိုမြင်ရင် မောင့်စိတ်က ထိန်းမရတော့တာ
တောင်းပန်တယ်နော် မောင့်ကို အဲ့တာလေးပြ”
ပြောလျက်ပင် လှမ်းဆွဲယူလိုက်တာမို့
တစ်ချို့လက်ထဲပါလာပြီး တစ်ချို့ကတော့အောက်သို့ပြန့်ကျဲကုန်သည်
“နှောင်း ဒါတွေ....မဟုတ်ဘူးနော် မောင်ရှင်းပြမယ်”
“ငါမောင့်ကို ယုံတာမို့ ရှင်းပြစရာမလိုပါဘူး”
“ဒါတွေက မောင်အတိတ်တုန်းကပွေရှုပ်ခဲ့မိတာတွေပါ အခု မောင့်မှာ နှောင်းတစ်ယောက်ထဲရှိတာ သိတယ်မလား !”
“ငါသိပါတယ် ဒါပေမဲ့”
“ဒါပေမဲ့ဘာဖြစ်လဲ”
“မင်းကဘယ်လို လူလဲဆိုတာကို ငါ့ကိုဘာလို့ လျှိုထားရတာလဲ”
“အဲ့တာက မောင် က နှောင်းကို စိတ်မပူစေချင်ခဲ့လို့ပါ ပြီးတော့ မောင့်ကို ရွံ့မုန်းသွားမှာကြောက်လို့ပါ”
“.....”
“အခု နှောင်း မောင့်ကို မုန်းသွားပြီလား
မောင့်ကိုရွံ့သွားပြီမလား”
“ဘာလိုငိုနေရတာလဲ မောင်ကမျက်ရည်တွေနဲ့မလိုက်ဘူး”
ကလေးတစ်ယောက်လို ရှိုက်ကြီးတငင်
ငိုနေသူ၏ မျက်နှာကို ခက်ဆစ်လက်နှစ်ဖက်ဖြင့် အသာအယာ ကိုင်လိုက်သည်
“ငါမောင့်ကိုမမုန်းပါဘူး မောင်ငါ့ညီမကို သတ်ပစ် ကတည်းက ငါနည်းနည်းရိပ်မိခဲ့ဖို့ကောင်းတာပါ ငါကိုကတုံးတာပါ မောင်ရယ် ငါမင်းကို နည်းနည်းလောက်စိတ်ဆိုးရုံပဲရှိတာမောင် မင်းက Mafia ဂိုဏ်းခေါင်းဆောင်ဆိုတာကို သူများပြောမှသိရတာကိုတော့ ငါဝမ်းနည်းတာပေါ့ မောင်ရ
အခုစိတ်မကောင်းမဖြစ်နဲ့တော့နော် ငါမောင့်ကိုချစ်ပါတယ်”
“ဟင့် တကယ်နော် ကတိ ”
“ကတိပါဗျာ အခုတော့ မျက်နှာသစ်လိုက်ဦး ငါ အောက်မှာစောင့်နေမယ်”
“ဟုတ် ”
ဓာတ်ပုံတွေကောက်သိမ်းဖို့လုပ်နေတဲ့ နှောင်းကို သူလုပ်လိုက်မယ်ပြောကာ အောက်ဆင်းခိုင်းလိုက်သည်
အနည်းငယ်တွန့်ကြေနေတဲ့
စာတစ်စောင်ကို ဖွင့်ဖတ်မိတော့
ဒေါသက ထောင်းခနဲ
လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး အံကိုလည်းကြိတ်ထားမိသေးသည်။
“တောက်စ် ဒီခွေးအိုမကြီးကတော့ လူ့ဘဝမှာ သက်တမ်းစေ့မနေချင်တော့ဘူးထင်တယ် ”
__________________________________
#Yuno