အပိုင်း (၂၀)

237 11 1
                                    

မနက်ခင်းထမင်းစားချိန်ဟာ ပုံမှန်သောနေ့တို့ထက် ပို၍ ခြောက်သွေ့နေပေလိမ့်မည်
ဘာလို့ဆို ၂ဦးစလုံးသည် တိတ်ဆိတ်နေကြ၍။

"မောင် ငါဒီနေ့မလိုက်တော့ဘူး ရတယ်မလား"

"မလိုက်ချင်ဘူးဆိုလည်း သဘောလေ
မောင့်ကို တော့ ထမင်းချိုင့် လာပို့ပေးမယ်မလား မဟုတ်ရင် မစားဘူးနော်"

"ဟုတ် မောင်"

"မောင့်ကို နမ်းပါဦး "

ခက်ဆစ် ခွန်းနောင်အနား တိုးသွားကာ
နှုတ်ခမ်းချင်း အသာဖိကပ် နမ်းရှိုက်လိုက်သည်

မရွှင်မပျဖြစ်နေတဲ့ခွန်းနောင်မျက်နှာဟာ ထိုအခါမှ ပြုံးရယ်သွားပြီး
ခက်ဆစ်၏ ပါးနှစ်ဖက်ကို စိတ်တိုင်းကျသည်အထိ နမ်း သွားသည်။

"ဖေဖေသွားတော့မယ်နော် ‌သားရေ
သားသားအတွက် ပိုက်ဆံတွေအများကြီးရှာခဲ့မယ်နော်"

မောင်သည် ထိုကလေးအားသားလေးဟုပင် ယုံကြည်နေပုံ ။

"မောင်သွားတော့မယ်
အချဉ်အစပ်တွေရှောင်မယ် အလေးအပင်တွေမ မ နဲ့နော်
ဘာမှကိုမလုပ်နဲ့ ငြိမ်ငြိမ်လေးပဲထိုင်နေ
မိနွယ်တို့ကို ခိုင်းလို့ရတယ်
ဘာမှကိုယ်တိုင်မလုပ်နဲ့
တစ်ခုခုဆိုဖုန်းခေါ်လိုက်
ချက်ချင်းပြန်လာမယ် ကြာလား"

"အင်းပါ မောင်ရဲ့"

"ဟေ့မိနွယ်"

"ရှင်..သခင်ကြီး"

"နင့်အကိုလေးကို သေချာဂရုစိုက်နော်
အိမ်အလုပ်တွေက အိမ်တော်ထိန်းတို့တွေရှိတယ် နင့်အကိုလေးကို ပဲ ဂရုစိုက်နေ
ပွန်းရာပဲ့ရာတောင်မမြင်ချင်ဘူး
တစ်ခုခုဆို နင်သေမယ်သာမှတ် ကြားလား"

"ဟုတ် ...ဟုတ်ကဲ့ပါ"

ခက်ဆစ် ခွန်းနောင်၏ လက်မောင်းကို ခပ်ဖွဖွလေး လှမ်းရိုက်လိုက်ကာ

"မောင် ကလေးကိုကြောက်အောင်‌လုပ်နေပြန်ပြီ ငါကလေးမဟုတ်‌ေတာ့ပါဘူးမောင်ရယ်
ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်တတ်ပါတယ်"

"အဲ့လိုပြောပြီး အမြဲ ထိခိုက်တတ်လွန်းလို့လေ ပွန်းရာပဲ့ရာလေးမြင်ရင်တောင်
မောင် ရင်တွေနာတယ်လို့"

" ‌သက်ဆိုင်သူမောင် "Where stories live. Discover now