ပိုင်ချင်းယွမ်
'host... missionလေးဘာလေးလုပ်ဖို့စိတ်ကူးမရှိဘူးလားဟင်ಥ_ಥ'
'မလောပါနဲ့ကွာ ငါစိတ်ပါရင်လုပ်မှာပေါ့...'
'host!!!ပထမဆုံး ကမ္ဘာဖြစ်တာကြောင့်အချိန်အကြာကြီးနေလို့မရပါဘူးဆိုနေ..'
ဘယ်လောက်ပြောပြောgameဆော့မပျက်တဲ့hostကိုကြည့်ပြီးဖောလ်လေးစိတ်ညစ်နေပါပြီမနက်ကလည်းကျောင်းသွားမယ်ဆိုပြီး ဇာတ်လိုက်ကုမ္ပဏီမှာအလေလိုက်နေတဲ့hostရယ်ပါ
"ကလေးငယ် ဒီကိုလာပါအုန်း..."
"ဟုတ်ကဲ့ ကိုကို.."
'သူလင်ခေါ်တော့ချက်ချင်းထတယ် မီဝေါ့host..'
ချင်းယွမ်ပွစိပွစိပြောနေတဲ့ဖောလ်ကိုမသိချင်ယောင်ဆောင်ရင်း ဟိုလူကြီးနားကိုရောက်တော့ ပေါင်ပေါ်ဆွဲချလိုက်တဲ့လူကြောင့်ကိုယ်လုံးလေးတောင့်တင်းသွားခဲ့သည်
"ကို..ကို ဘာ..ဘာလုပ်တာလဲ"
"ငြိမ်ငြိမ်နေကွာ ကိုယ်ပင်ပန်းနေလို့.."
ပြောရင်းခါးပေါ်ကလက်တွေကိုတင်းကြပ်လိုက်တာကြောင့်ချင်းယွမ်အသက်အောင့်မိသွားတယ်
လက်ပင်းနားကိုတရှုံ့ရှံ့လုပ်နေတဲ့ဇာတ်လိုက်ကောင်ကြောင့်"ယားတယ် ကိုကို မလုပ်နဲ့.."
ဇာတ်လိုက်မျက်နှာကိုတွန်းထုတ်ရင်း စိတ်ထဲမှာတော့အော်ဟစ်နေလေရဲ့'ဂါးး ဘယ်ညီအကိုကဒီလိုလုပ်လို့လဲလို့..ဇာတ်လိုက်နှာဘူးကောင်..'
ဖောလ်ဖောလ်လေးကတော့ရှေ့ကမြင်ကွင်းကိုမမြင်ချင်ယောင်သာဆောင်ရင်းလေတချွန်ချွန်လုပ်နေလေရဲ့
ဒေါက် ဒေါက်..
"ဝင်ခဲ့"
လင်းရွယ်တစ်ယောက်bossရဲ့အေးစက်စက်အသံကြီးကြောင့် လန့်သွားခဲ့တယ် ငါဘာအမှားလုပ်မိလို့ပါလိမ့်.. အခန်းထဲရောက်တော့bossနဲ့bossရင်ခွင်ထဲကသခင်လေးကြောင့် မဆီမဆိုင်တွေးမိသွားတာက bossကသူ့ညီလေးကို အရမ်းချစ်တာပဲပေါင်ပေါ်ကတောင်မချဘူး..အေးပေါ့လေသခင်လေးကလည်းအရမ်းချစ်ဖို့ကောင်းတာကို..'
မိမိတို့နှစ်ယောက်ကိုကြည့်ရင်းခေါင်းတညိမ့်ညိမ့်လုပ်နေတဲ့ကောင်ကြောင့်စိတ်ကမကြည်တော့ပေ
"ဘာကိစ္စလဲ မြန်မြန်ပြော"
"အာ..သခင်မကြီးကနေ့လည်စာပို့ပေးလိုက်ပါတယ်boss..နေ့လည်ကျရင် Bနိုင်ငံက လူတွေနဲ့meetingရှိပါတယ်boss.."
"အဲ့တာပဲမလား ပြီးရင်လစ်တော့.."
"ဟို..ဟို ရန်ကုမ္ပဏီကရန်စုစုက နေ့ခင်းကျရင်သူမလာခဲ့ပါမယ်တဲ့..ခွင့်ပြုပါအုန်းboss"
bossရဲ့စိတ်မရှည်တော့တဲ့အမူအရာကြောင့်လင်းရွယ် မိမိရဲ့ရေခဲတုံးဂုဏ်ပုဒ်တောင်ဂရုမစိုက်နိုင်ဘဲ ထွက်ပြေးလာခဲ့မိတယ်
"တော်သေးတာပေါ့အသက်ပြန်ပါလာသေးလို့ ဟူးး bossကကြောက်စရာကြီး"
.....
"ကိုကို ယွမ်လေးဗိုက်ဆာတယ်.."
"ကိုကို့ကလေးလေးကဗိုက်ဆာနေပြီလား ဘာစားချင်လဲ.."
"မားမားပို့လိုက်တဲ့ဟာပဲစားကြမယ်လေ..."
"ကောင်းပါပြီ ဗျာ..."
ချင်းယွမ် အစားစားနေတုန်းသူ့ပဲထိုင်ကြည့်နေတဲ့လူကြီးကြောင့်စားရတာမဝင်တော့
'မဝင်လို့ပဲ ဝင်များသားဝင်ရင် ပန်းကန်တွေပါဝါးစားမလားပဲ...'
'ဟေ့ကောင် ဖောလ်အတင်းတုပ်မနေနဲ့..'
"အဟင်း ကိုကိုလည်းစားလေ.."
"တော်ပါပြီ ကိုကိုဝပြီ...ကိုကိုmeetingသွားလိုက်အုန်းမယ်နော်..တစ်ခုခုဆိုအပြင်မှာလင်းရွယ်ရှိတယ် ခေါ်လိုက်နော်..."
မိမိနဖူးအားခပ်ဖွဖွနမ်းပြီးထွက်သွားသောထိုလူကြောင့် ချင်းယွမ်တစ်ယောက်ရင်ခုန်လျှက်
'အမ် ငါကဘာလို့ရင်ခုန်ရမှာလဲ..ဗိုက်မဝသေးလို့နေမှာပါ..ဟုတ်တယ် ဆက်စားလိုက်အုန်းမယ်.'
သူ့ဘာသူပြောပြီးသူ့ဘာသူအတင်းငြင်းနေတဲ့hostကြောင့် ဖောလ်လေးခေါင်းသာခါမိတယ်
*ငါ့hostကသောက်ရူး အတိတ်မေ့ပြီးထဲကကြောင်တောင်တောင်နဲ့*
.....
"အဲ့တာဆို ပူးပေါင်းမှုအဆင်ပြေတယ်လို့ပဲမှတ်လိုက်ပြီနော်.."
"အင်း"
"ရှောင်မင် နင်ပြန်ရင်ငါ့ကိုလမ်းကြုံခေါ်စမ်းပါဟယ်.."
"စုစု ငါမအားဘူးဟ နင့်ဘာနင်ပျင်းနေလဲ လင်းရွယ်ခေါ်သွားဟာ..."
"ဟွန့် အဲ့ရေခဲတုန်းက ပိုပျင်းဖို့ကောင်းတယ်ဟဲ့.."
သူတို့စကားပြောရင်းနဲ့ရုံခန်းထဲကိုဝင်လာတော့အသံချိုချိုလေးတစ်ခုကိုကြားလိုက်ရတယ်
"ကိုကို အလုပ်ပြီးပြီလားယွမ်လေးပြန်ချင်နေပြီလို့.."
ချင်းယွမ် ကိုကိုတစ်ယောက်ထဲမှတ်လို့ စကားပြောနေတုန်း နောက်ကဝင်လာတဲ့မိန်းကလေးတစ်ယောက်ကြောင့် အူတူတူလေးဖြစ်သွားရတယ်..
"ဟင်ဧည့်သည်ပါလာတာလား ကိုကို.."
"yo..ho..broဒီကလေးလေးကဘယ်သူလဲဟ
ဘာလဲငါ့ကိုလမ်းကြုံမခေါ်တာ ကလေးလေးပါလို့လား..အဲ့လိုဆိုလည်းပြောပေါ့ကွာ ငါကအလိုက်သိပါတယ် ဟဲဟဲ..."
မိမိအားနားမလည်တဲ့မျက်ဝန်းလေးတွေနဲ့မော့ကြည့်နေတဲ့ကလေးငယ်ကြောင့်
"ကလေးလေး ဒါကိုကို့မိတ်ဆွေလေရန်စုစုတဲ့"
"အာဟုတ် ကျနော်က ပိုင်ချင်းယွမ်ပါ ကိုကို့ညီလေး.."
"ညီလေးတဲ့လား ဟီး ကလေးလေး မမကဒီကောင်ကြီးရဲ့သူငယ်ချင်းလေ မမရယ် ဟိုရေခဲကောင်ရယ် ဒီကbossကောင်ရယ်က ကျောင်းတူတူတက်ခဲ့တာလေ.."
" ဟုတ်လား ဒါဆို ကိုကိုနဲ့တော်တော်ရင်းနှီးမှာပေါ့နော်...ကိုကိုကအရင်ထဲကဒီလိုပျင်းစရာကြီးပဲမလား မမ.."
"ဟုတ်တယ် ဟိုရှေ့ကကောင်ကရေခဲတုန်းဆို ဒီကောင်ကရေခဲသေတ္တာပဲ ဒီအဖွဲ့ထဲမှာမမပါနေလို့သာတော်ပါတော့တယ်ကွယ်"
"ကလေးငယ် ပြန်မယ်မလား ခနလေးနော်..ရန်စုစု ပြန်တော့ မပြန်လည်း လင်းရွယ်နဲ့လိုက်သွား..."
"ဘာဖြစ်နေတာတုန်း ဘဒိုရဲ့ ဘာလဲနင့်ကလေးလေးကို ငါကိုက်စားမှာဆိုးလို့လား ဒါနဲ့ ကလေးလေးအသက်ဘယ်လောက်ရှိပြီလဲ.."
"နောက်နှစ်လနေရင်၁၈ပြည့်ပြီဗျ..."
မိမိအားပြုံးပြုံးလေးပြန်ဖြေပေးနေတဲ့ကလေးလေးကြောင့် ပျောက်ဆုံးသွားတဲ့ မောင်ငယ်လေးကိုသတိရမိသွားတယ်မောင်လေးလည်းဒီကလေးလေးအရွယ်လေးပဲ..မောင်လေးသာရှိနေရင်ဒီလိုချစ်စရာလေးပဲဖြစ်နေမလား ဒါမှမဟုတ်ခန့်ချောကြီးပဲဖြစ်နေမလားပဲ...
မိမိအဖြေကိုနားထောင်ရင်း မှိုင်ကျသွားတဲ့မမကြောင့်"မမဘာဖြစ်လို့လဲဟင်.."
"ဟင် မဟုတ်ပါဘူး မမရဲ့မောင်ငယ်လေးကိုသတိရသွားလို့ပါ သူလည်းကလေးလေးနဲ့အသက်အတူတူလောက်ပဲလေ..ဒါမယ့်အခုသူကမရှိတော့ပါဘူး ငယ်ငယ်လေးထဲကပျောက်သွားတာလေ.."
"စိတ်မကောင်းပါဘူး မမရယ် သူလည်းတစ်နေရာရာမှရှိနေပြီး မမတို့ကိုသတိရနေလောက်မှာပါ..."
"ကလေးငယ်ရေ ကိုကိုတို့ပြန်ကြမယ် ..လာတော့"
"အဲ့တာဆိုမမသွားပြီနော် စိတ်မကောင်းမဖြစ်နဲ့တော့နော် တာ့တာ.."
မိမိအားနှစ်သိမ့်ပေးသွားတဲ့ကလေးလေးကိုကြည့်ပြီးပြုံးလိုက်မိတယ်'မင်းသာမမမောင်လေးဖြစ်ရင်ဘယ်လောက်ကောင်းလိုက်မလဲကွယ်..'
"ဟင်းး ငါကလည်းရူးပါ့မဖြစ်နိုင်တာကို.."
.....
Esᴍᴇ
to be continue...
ရန်စုစု
လင်းရွယ်
________
Zawgyi
ပိုင်ချင်းယွမ်
"ဟုတ်ကဲ့ ကိုကို.."
"ကို..ကို ဘာ..ဘာလုပ်တာလဲ"
ဒေါက် ဒေါက်..
"ဝင်ခဲ့"
.....
"ကောင်းပါပြီ ဗျာ..."
.....
"အင်း"
.....
Esᴍᴇ
to be continue...
ရန်စုစု
လင်းရွယ်