Love Like Fire(OC)

By Juliiajune

491K 24.3K 1K

အချစ်ကိုဆုံးရှုံးပြီးမှ အချစ်ဆိုတဲ့အရာကိုသိလာသည်💙 အကျင့် မကောင်းတဲ့ gay ကောင်နဲ့ straight စစ်စစ် ဆရာဝန်လေးပ... More

Intro
၁(straight စစ်စစ်ဆိုတဲ့တစ်ယောက်gayသွားတယ်)
၂(မီးပုံတိုးတဲ့ပိုးဖလံအားမလောင်ရဲတော့ပါ)
၃(လူဆိုးကောင် အားမပြတ်နိုင်ပါ)
၄(အတိတ်ကိုပြန်တွေးခြင်း)
၅(အတိတ်ကိုပြန်တွေးခြင်း...မကောင်းဆိုးဝါးကောင်ကgay တဲ့)
၆(အတိတ်ကိုပြန်တွေးခြင်း...မကောင်းဆိုးဝါကောင်နဲ့ သူငယ်ချင်း လုပ်)
7(မင်းရောငါ့ကိုကြိုက်လား)
8(First Kiss😘)
9(ကိုယ့်နှလုံးသားကိုယ်အဖြေရှာခြင်း)
10(အီစီကလီလုပ်သောgay ကောင်)
11(ချစ်ရေးဆိုခြင်း)
12(မီးကိုစတင်ဆုပ်ကိုင်မိချိန်)
13(လှည့်စားတက်သော သူ)
14(++first time++)
15( ကြည်နူးစရာ အခိုက်အတန့်လေး)
16 (ဖျားနေသူကိုလှည့်စားခြင်း)
17( ချိုမြိန်သော အနမ်းများ)
18(အတိတ်ဆိုးတစ်ခန်းရပ် ပစ္စုပ္ပန်ပြန်စ)
19( ပြဿနာတော့ စတော့မယ်ဟေ့)
20( မင်းလုပ်ချင်ရင်ငါရှာပေးမယ်)
21( မွေးနေ့ရှင်အား အနိုင့်ကျင့်+++)
22( ပြေလည်ပြီးကာမှ ပြဿနာဝင်ရောက်)
23( ငါကသူ့ကိုရူးလောက်အောင်ချစ်ပေမဲ့ သူကငါ့ကိုမချစ်ဘူး )
about( ခန့်ငြားရိပ်)
sorry for updated
24(လောင်ကျွမ်းသွားသော သံယောဇဉ်ကြိုး)
25(အမိနိုင်ငံ သို့မဟုတ် နှလုံးသားကို စွန့်ခွာခြင်း... )
26(ကျန်ရစ်သူ၏ခံစားချက် )
27 (ပြန်လည်တွေ့ဆုံချိန်)
28(ငါမင်းကိုလွမ်း​နေခဲ့တာ)
Updated
29(မင်းနဲ့ပဲဖြစ်ချင်တာ)
30 ( ဒီငတုံး​လေးက ငါနဲ့မှဖြစ်မှာ)
Acc ပြန်ဝင်လို့ရသွားပြီ 😺
31(ကျွန်တော့်နှလုံးသားကခန့်​ငြားရိပ်တစ်ယောက်ထဲအတွက်ပဲ ခုန်တော့တယ်)
32(ငါက တကယ်ငတုံးတစ်ယောက်ပဲ )
33(အဖိုးတန်ဆုံး လူသား)
34(ငါပင်ပန်းနေပြီ)
35(Gay...)
36(မျက်ကွယ် မပြုနိုင်ပေ )
Recommend song for Shine Khat Yan❤
37( သူငယ်ချင်း )
38( သူငယ်ချင်းမှ )🚨🚨🚨
39( လူသတ်မှုအား အစားခံရန်လုပ်)
40(Psycho များ)
41(တစ်စုံတစ်ရာ မမျှော်ကိုးပါ)
42( ပြန်လည်လွတ်မြောက် )
44 ( ပျောက်ကွယ်သွားခြင်း)
ဇာတ်သိမ်းပိုင်း ❤🔥❤
Extra💙 ( သာယာနေသောဘ၀လေး)Happy Birthday ခန့်ငြားရိပ်🎂

43 ( လူသတ်သမားငှားခြင်း )

6.4K 363 28
By Juliiajune

Uni...

Love Like Fire ( Chapter 43)
( လူသတ်သမားငှားခြင်း)

ရှိုင်းခက်ယံလေးလံလှသည့် ခြေလှမ်းများဖြင့် သူ့အဖွားအိမ်ထဲသို့ဝင်သည်။
သူ့အားစောင့်နေသည့် အဖေ၊အမေနှင့်အဖွား...

သူ့က်ုမြင်သည်နှင့် အဖွားကဝမ်းသာအားရ လာဖက်သည်။

" အမလေး မြေးရယ်...အဖွားကအရမ်းလွမ်းနေတာ။အခုဘာမှမဖြစ်တော့ဘူးနော် အားလုံးအဆင်ပြေသွားပြီ။"
ပြောရင်း ရှိုင်းခက်ယံပါးလေးအားဖွဖွကိုင်ကာ ကြည့်သည်။

" ပိန်သွားလိုက်တာ ဒီအတောအတွင်း ဒုက္ခတွေများသွားပြီ ။ ဗိုက်ဆာနေရောပေါ့... မြေးကြိုက်တဲ့ အစားအသောက်တွေအများကြီးချက်ထားတယ်။ သွားစားရအောင်"

ရှိုင်းခက်ယံ၏ အမေနဲ့အဖေ ဘာမှပြောခွင့်
ဆူခွင့်မရှိအောင် သူ့၏အဖွားကကြိုပိတ်ထားသည်။

" အဖွား ကျွန်တော်မဆာသေးဘူး ခဏ နားလို့ရမလား ..."
ရှိုင်းခက်ယံ၏အသံမှာ အားမရှိပဲ ဖျော့တော့နေသည်။

" အမေ့ ယံယံကိုနားခိုင်းလိုက်ပါ ပြီးမှ သူ့အတွက် အစားအသောက်တွေ သွားပို့ပေးလိုက်မယ်။"ထိုအခါမှ ရှိုင်းခက်ယံ အမေက ဝင်ပြောလာသည်။
သူ့သားပုံစံက သိပ်မဟန်တာကြောင့် ဖိအားပေးလို့မရ...။

" အေးကွယ် ...နားမယ်ဆိုရင်နား ရတယ်မြေး"

ရှိုင်းခက်ယံလည်း ခေါင်းအသာငြိမ့်ပြပြီး သူပြန်လာမအိပ်ဖြစ်တာ ကြာပြီဖြစ်သည့် အပေါ်ထပ်က သူ့အခန်းထဲသို့သွားတော့သည်။

ရှိုင်းခက်ယံ၏ဖခင်မှာ ဆူဆုံးမချင်သည့်ဟန်ရှိသော်လည်း... ရှေ့ကကာနေသည့် အမေနဲ့အဖွားကြောင့် ဘာမှပြောခွင့်မရှိ။ထို့ကြောင့်
ရှိုင်းခက်ယံအပေါ်တက်သွားတော့မှ....

" မဟုတ်သေးပါဘူး ဒီလောက်ပြဿနာတွေဖြစ်ထားတာ ဘာမှမမေးပဲ ဒီတိုင်းထားလိုက်တော့မလို့လား။"

ရှိုင်းခက်ယံ မိခင် ဆိုဖာပေါ်ပြန်ထိုင်လိုက်ပြီး
"ဘာမေးစရာလိုသေးလဲ ဘာတွေဖြစ်သွားလည်း အကုန်သိပြီးသားပဲ မေးလည်း ယံယံပိုစိတ်ထိခိုက်တာပဲရှိမယ်။"

" အဲ့ဒါဆို ယံယံနဲ့ ဟိုဆရာဝန်ကောင်လေး ကိစ္စက ဘယ်လိုဆက်လုပ်ကြမလဲ"
ရှိုင်းခက်ယံ အဖေကပြောတော့ အဖွားကဝင်၍

" ဘာမှမလုပ်နဲ့ အခုလိုပြတ်သွားတာလည်း အဆင်ပြေသွားတယ်။နောက်ပိုင်းအခြေကျသွားမှ တင့်တော်တဲ့ ကောင်မလေးတစ်ယောက်နဲ့..."

" အမေ တော်ပါတော့... သမီးရဲ့အိမ်ထောင်ရေးဘယ်လိုဖြစ်နေလည်း မြင်ရဲ့သားနဲ့ အခုချိန်ထိ အမေ့သဘောပဲလုပ်ချင်နေသေးတာလား။"
ရှိုင်းခက်ယံ အမေမှာ စိတ်ညစ်စွာဖြင့် စကားဖြတ်ပြောလိုက်သည်။

" ယံယံက အဲ့ကောင်လေးကိုအရမ်းချစ်တာ။အခုဒီလိုတွေအထိ ဖြစ်လာတာလည်း အားလုံးမြင်တာပဲ။ အရင်က ယံယံအဲ့ခန့်ငြားရိပ်ဆိုတဲ့ကောင်လေးအပေါ်အနိုင်ယူပြီးတော်တော်ဆိုးခဲ့တာတဲ့ အောင်အောင်ပြောတယ်။

အခုသူတော်တော်နောင်တရနေတာ ဟိုကလည်း သူနဲ့မပတ်သတ်ချင်တော့တဲ့အထိဖြစ်နေပြီ။ယံယံကလည်း တစ်မှိုင်မှိုင်နဲ့။ကျွန်မတို့ သူ့အနားမရှိပေးခဲ့တုန်းကတောင် ဒီလောက်ထိဆိုးဆိုးဝါးဝါးသူမဖြစ်ခဲ့ဖူးဘူး။အခုကလေးဘယ်လိုဖြစ်နေလဲ မြင်ကြတာပဲ မလား။အဲ့ဒါကိုအတင်းအကျပ် ဖိအားမပေးပါနဲ့တော့..."

သူ့သမီးကစို့နင့်စွာ ပြောလာတာကြောင့်
​ရှိုင်းခက်ယံ အဖွားမှာ စကားဆက်မပြောတော့ပေ...။ ထိုကြောင့် ရှိုင်းခက်ယံ အဖေကိုသာပြန်မေးသည်။

"ရှင်ရော ဘယ်လိုသဘောရလဲ...ယံယံကိစ္စ
ဘာပြောချင်လဲ..."

" ဒီကလေးက သူဖြစ်ချင်တာ အကုန်လုပ်နေတာပဲ ငါတို့တားလည်း မထူးဘူးမလား..."

" အဲ့ဒါထက် အဖေတစ်ယောက်အနေနဲ့ သားကgay တာကို လက်ခံပေးနိုင်ပြီလားမေးတာယောက်ျားတစ်ယောက်နဲ့ယူမယ်ဆို ဘယ်လိုသဘောရလဲ... "

ရှိုင်းခက်ယံ အဖေမှာ နည်းနည်းစိတ်ညစ်သည့်ဟန်ဖြင့် စဥ်းစားနေတာကြောင့်...

" ရှင်​တောင်မှ ရှင်ချစ်တဲ့သူကိုပဲ ယူချင်တာမလား။ကျွန်မလည်း ကျွန်မ ချစ်တဲ့သူကိုပဲယူတော့မှာ...ယံယံကိုလည်း ခွင့်ပြုပေးစေချင်တယ်။ ဘယ်သူနဲ့ဖြစ်ဖြစ် တကယ်ချစ်ကြရင် ရပြီလေ... "

ဦးရှိုင်းထက်ယံမှာလည်း ငြင်းဆန်ခြင်း မပြုတော့ပေ...။
" ဟုတ်ပါတယ်.... မတားတော့ပါဘူး။ တားလည်းမတားနိုင်ပါဘူး။သူ့သဘောကျတာ လုပ်ပါစေတော့... မဟုတ်ရင်လည်း ဒီထက်ပိုဆိုးကုန်မယ်။
အရင်ကလို တစ်ခြားကောင်လေးတွေအများကြီးနဲ့ရှုပ်နေတာထက်...သူချစ်တဲ့ တစ်ယောက်ဆို တစ်ယောက်က ပိုအဆင်ပြေတယ်"

ရှိုင်းခက်ယံ အမေလည်း စိတ်ကျေနပ်သွားပြီး ထပ်ပြောလာသည်။
"ပြီးတော့ ကျွန်မတို့ရဲ့ အမည်ခံ လင်မယားဆက်ဆံရေးကလည်းတရားဝင် အဆုံးသတ်ဖို့ အချိန်တန်နေပြီ "

ထိုစကားကြောင့် သူ့မိခင်မှာ အလန့်တကြားကြည့်လာရင်း
" ဒီအချိန်ကြီးမှထကွာရှင်းရင် အကုန်မျက်နှာပျက်ကုန်မှာပေါ့"

" မဟုတ်ဘူး အခုဒီတိုင်းဆက်သွားနေမှ အကုန်ပိုဆိုးကုန်မှာ... ကျွန်မ တို့နှစ်ယောက်လုံးမှာလည်း သက်ဆိုင်သူ အသီးသီး ရှိနေကြတာပဲ။
တရားဝင်ပျော်ပျော်ရွှင်ရွှင်နေချင်တယ်။အမေမတားပါနဲ့တော့...အခု ယံယံကိစ္စကိုအရင်လုပ်ပေးရအုံးမယ် "

"ဘာအစီအစဉ် ရှိလို့လဲ..."

" ဟိုဆရာဝန်လေးကို သွားတွေ့ပြီး ပြောစရာရှိတာလေးတွေ ပြောရမှာပေါ့..."

" ဟိုက လက်ခံပါ့မလား... "

" အဲ့ဒါသူ့ကိစ္စ ကျွန်မအနေနဲ့ အမေတစ်ယောက်အဖြစ် ပြောစရာရှိတာတော့ သွားပြောရမယ်..."

*****

ရှိုင်းခက်ယံ သူ့အခန်းထဲသို့ရောက်တာနဲ့... ကုတင်ပေါ်ပစ်လှဲလိုက်ကာ မျက်နှာကြက်ကို စိုက်ကြည့်ရင်း...ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေကို ပြန်စဥ်းစားမိသည်... ။

အခုအားလုံးပြီးသွားသလို...သူနဲ့ခန့်ငြားရိပ်မှာလည်း ဘယ်လိုမှထပ်ပြီး အတူတူပျော်ပျော်ရွှင်ရွှင် နေဖို့အခွင့်မရှိတော့ချေ...။
ယခုလို အဆုံးသတ်က သူ့အတွက်အလွန်ပင်နာကျင်ရပါသည်။ကြည်သာဟန် ကလည်းခန့်ငြားအား ထပ်မနှောင့်ယှက်တာကြောင့် စိတ်အေးရသော်လည်း စိတ်တော့သိပ်မချရဲ။

သူလည်းသူ့ကတိအတိုင်း ခန့်ငြားဆီသို့သွားတွေ့ခွင့်မရှိတော့။ စုတ်ပြတ်သတ်နေသည့် ဆက်ဆံရေးကို စဥ်းစားရင်း မျက်ဝန်းအိမ်မှ မျက်ရည်များစီးကျလာသည်။အသည်းမာလှသည်ဆိုသည့်ကောင်တောင် အချစ်စစ်နဲ့တွေ့မှ ခဏခဏ မျက်ရည်ကျလို့နေသည်။

သူ့အတွက်အခွင့်အရေးသေးသေးလေးပင် မမြင်တော့။သို့ပေမဲ့လည်း သူကျေနပ်ရမည်။ရှေ့လျောက် ခန့်ငြားရိပ် ၏ဘဝမှာ ကောင်းမွန်သည့်အရာများနဲ့ ပျော်ရွှင်သည့်ဘဝသာ ရရှိနေမည်ဆိုလျှင်ပေါ့... ။

******

နောက်ရက်တွင် ရှိုင်းခက်ယံ အမေက ခန့်ငြားရိပ် အားသွားတွေ့သည်...။

" အန်တီ ကျွန်တော့်ကိုဘာများပြောစရာရှိနေလို့လဲဗျ မြန်မြန်ပြောပေးပါ...ကျွန်တော့် သမီးကိုသွားခေါ်ရတော့မှာမို့လို့ပါ။"

" အချိန်ခဏလောက်ပေးပါကွယ်..."

ခန့်ငြားရိပ်လည်းအားနာတက်သူပီပီ ငြင်းလို့မကောင်းတာကြောင့် ရှိုင်းခက်ယံ အမေနဲ့အတူ coffee ဆိုင်တစ်ဆိုင်ဝင်ထိုင်လိုက်သည်။

" ယံယံ နဲ့ပတ်သတ်ပြီး သားခံစားခဲ့ရတဲ့ အရာအားလုံး အတွက် အန်တီတောင်းပန်ပါတယ်"

" အဲ့စကားတွေ ပြောဖို့ဆိုမလိုပါဘူး။ကျွန်တော် နဲ့သူနဲ့ကြားမှာ ဘာဆိုဘာမှမရှိတော့ပါဘူး။အန်တီအနေနဲ့လည်း တောင်းပန်စရာ မလိုပါဘူး။"

ရှိုင်းခက်ယံ အမေခေါင်းခါလိုက်ရင်း
" အန်တီကတော့ လိုအပ်တယ်ထင်တယ်။ ယံယံ ဆိုးသွမ်းရတဲ့ အဓိကအကြောင်းအရင်းမှာ အန်တီတို့ မိဘတွေက အဓိကတရားခံပါ...။

အန်တီတို့ ကိုယ်တိုင်ကိုယ်က ကိုယ့်အတွက်ကိုကြည့်ပြီး
ယံယံကိုဂရုမစိုက်ပဲ ပစ်ထားသလိုဖြစ်ခဲ့တာ။ အဲ့တော့ သူကလည်း သူလုပ်ချင်တာပဲ လုပ်တက်တဲ့သူမျိုးဖြစ်သွားတယ်။ အန်တီတို့ရဲ့ဆိုဆုံးမမှုတွေ ဂရုစိုက်မှုတွေမရှိခဲ့တာကြောင့်လေ"

" ဒီအကြောင်းတွေကျွန်တော့် ကိုလာပြောရတာက ဘာကြောင့်လဲ "

ရှိုင်းခက်ယံ အမေမှာ ခုံပေါ်တင်ထားသည့် ခန့်ငြားရိပ်၏ လက်တစ်ဖက်ကို ဖွဖွအုပ်ကိုင်ရင်းချိုသာစွာတောင်းဆိုသည်။
" သားအနေနဲ့ ယံယံအပေါ် နောက်တစ်ကြိမ်လောက်များ အခွင့်အရေးပေးနိုင်မလားလို့ပါ ။သူအရမ်းဆိုးတာ သားလည်းသိမှာပါ...။
ဒါပေမဲ့ သားနဲ့အတူရှိနေရင်တော့ လိမ္မာသွားမှာ သေချာတယ်။ သူလည်းသားကိုအရမ်းချစ်တာပါ။

သူအရမ်းနောင်တရနေပြီ အရင်လိုမဟုတ်တော့ဘူး။ သူ့ရဲ့ အခုပုံစံကိုကြည့်ပြီး အန်တီတို့လည်း စိတ်မချမ်းသာဘူးကွယ်။ အန်တီတို့ အနေနဲ့လည်း သားနဲ့သာဆိုရင် သဘောတူပါတယ်။သူ့အဖွားလည်းမကန့်ကွက်တော့ပါဘူး"

ခန့်ငြား သူ့လက်ကိုပြန်ဆွဲယူလိုက်ကာ တည်ငြိမ်စွာပြန်ပြောသည်။
" ကျွန်တော်လည်း... အရမ်းစိတ်ပင်ပန်းခဲ့ရတာပါ။
သူ့အလှည့်မှာ အန်တီတို့ရှိနေလို့ တော်သေးတာပေါ့။ ကျွန်တော့်တုန်းက ၅နှစ်လုံးလုံးဘယ်သူမှမရှိခဲ့ပါဘူး။ ကျွန်တော်လည်း သူ့ကိုအရမ်းချစ်ခဲ့ပါတယ်။အခွင့်အရေးဆိုတာမျိုးလည်း အကြိမ်ကြိမ်ပေးခဲ့ဖူးပါတယ်။

အခုတော့ နောက်တစ်ကြိမ်ထပ်ချစ်ဖို့ လုံးဝအဆင်မပြေလို့ပါ။
ကျွန်တော့်ဘက်ကိုကြည့်ပြီး အန်တီလည်းနားလည်ပေးနိုင်မယ်ထင်ပါတယ်။သူ့အပေါ်မှာလည်း စိတ်ဆိုးစိတ်ခုနေတာမျိုးလည်းမရှိတော့ပါဘူး။

အားလုံးကိုမေ့ပစ်ပြီး စိတ်သစ်လူသစ်နဲ့ ပျော်ရွှင်စရာကောင်းမဲ့ ဘဝလေးမှာပဲ နေချင်တော့တယ်။အခုကျွန်တော့်နားမှာ နိုးနိုးလေးလည်းရှိနေပြီဆိုတော့ ဘာမှမလိုတော့ပါဘူး။
အန်တီတို့လည်း ရှိုင်းခက်ယံ ကိုအရင်ကလိုမပစ်ထားပဲ မေတ္တာတွေနဲ့ဂရုစိုက်ပေးမယ်ဆိုရင် သူပြန်အဆင်ပြေလာမှာပါ။

သူဘယ်လောက်ပဲ အန်တီတို့ကိုမတွေ့ချင်ဘူးပြောပြော...သူ့စိတ်ထဲမှာတော့ သူ့မိဘတွေအမြဲရှိနေတာပါ။ပြောချင်တာက ဒါပဲဆိုရင် ကျွန်တော်သွားတော့မယ် "

ခန့်ငြား ထိုစကားတွေကိုပြောပြီး စိတ်ထဲကနေတော့ သူ့ကိုယ်သူအကြိမ်ကြိမ် အားပေးနေသည်။
" ဟုတ်တယ် ငါဆုံးဖြတ်တာ မှန်ပါတယ် အခုကစပြီး အားလုံးအဆင်ပြေတော့မှာပါ..."
ခန့်ငြား ရှိုင်းခက်ယံကိုအရမ်းချစ်နေသေးသော်လည်း ထပ်မပတ်သတ်ဖို့သာ ဆုံးဖြတ်လိုက်တော့သည်။ နှစ်ယောက်လုံး တစ်နေရာစီမှာ ကောင်းကောင်း မွန်မွန်ရှင်သန်နေကြမယ်ဟုသာ ဆုံးဖြတ်ရင်း ဆိုင်ပြင်သို့ထွက်ခဲ့တော့သည်။

*****
ရှိုင်းခက်ယံကလည်းသူ့အမေ ခန့်ငြားကိုသွားတွေ့သည်ဟုကြားတော့
ခန့်ငြားကိုထပ်မရှုပ်တော့ဖို့ကတိပေးထားပြီးပြီမို့ တားရန် ကမန်းကတန်း လိုက်လာခဲ့သည်။

Coffee ဆိုင်ကထွက်လာသည့် ခန့်ငြားကိုတွေ့​ပြီး
ရှေ့ဆင့်နောက်ဆင့်ပဲ သူ့အမေကိုပါတွေ့တာကြောင့်သူလည်း ကားပေါ်ကဆင်းကာ ခန့်ငြားဆီသွားလိုက်သည်...။

" ခန့် တောင်းပန်ပါတယ်... အမေ မင်းဆီလာတွေ့တာ ငါအချိန်မှီမသိလိုက်လို့ပါ။သူပြောတာတွေ စိတ်ထဲမထားပါနဲ့ နောက်တစ်ခါ အဲ့လိုထပ်မဖြစ်အောင် ငါသေချာပြောထားလိုက်ပါ့မယ်။"
ရှိုင်းခက်ယံ တောင်းပန်တိုးလျှိုးစွာ ပြောလိုက်သည်။

ခန့်ငြား ရှိုင်းခက်ယံ မျက်နှာကိုတွေ့တော့ ဝမ်းနည်းလာသည်။ကြာကြာဆက်မကြည့်နိုင်...သူစိတ်ပျော့သွားလိမ့်မည်ဆို၍
" အင်း"ဟုပြန်ဖြေရင်းဆက်သွားလိုက်သည်။

တစ်ယောက်နှလုံးသား တစ်ယောက်အပိုင်သိမ်းကာ လမ်းခွဲနှုတ်ဆက်လိုက်တော့မည်။

ထိုအချိန်ပဲ ရှိုင်းခက်ယံထံ ကြည်သာဟန် ဆီမှဖုန်းဝင်လာ၍
" ဘာလဲ " ရှိုင်းခက်ယံ ဒေါသသံဖြင့်မေးလိုက်သည်။

" ခန့်ငြား ဘယ်မှာလဲ သိလား။မြန်မြန်သူ့ဆီသွားပေးပါ။ငါ့အဖေသူ့ကိုသတ်ဖို့လူငှားထားတယ် "
ကြည်သာဟန်ကစိုးရိမ်စွာ အလောတကြီးပြောလာတာကြောင့်...
ရှိုင်းခက်ယံသူ့ကို ကျောပေးကာသွားနေသည့် ခန့်ငြားကိုကြည့်လိုက်မိသည်။တစ်ချိန်ထဲမှာပဲ ကားတစ်စီးပေါ်ကနေ ခန့်ငြားကို လူတစ်ယောက်က သေနတ်ဖြင့် ချိန်ထားသည်ကိုပါ တွေ့လိုက်ရလေသည်။

Writer Chit Khoon Cho Thar or JuliiaJune
(2.2.2023)

နောက်၂ပိုင်းဆို ဇာတ်သိမ်းပါ...ဘယ်သူသေမလဲ မမှန်းနေကြပါနဲ့နော်😷...ခွန်းကိုလည်းမေတ္တာမပို့ကြနဲ့အုံး ဇာတ်သိမ်းပိုင်းလေးကိုအရင်မျှော်ပြီးဖတ်ကြည့်ပါအုံးရှင့်💙။
(The Chainsmoker.,Illenium-Takeaway)
ဆိုတဲ့ သီချင်းလေးနားထောင်ဖို့ recommend ပေးပါတယ်ရှင့်

Zaw....

Love Like Fire ( Chapter 43)
( လူသတ္သမားငွားျခင္း)

ရႈိင္းခက္ယံေလးလံလွသည့္ ေျခလွမ္းမ်ားျဖင့္ သူ႔အဖြားအိမ္ထဲသို႔ဝင္သည္။
သူ႔အားေစာင့္ေနသည့္ အေဖ၊အေမႏွင့္အဖြား...

သူ႔က္ုျမင္သည္ႏွင့္ အဖြားကဝမ္းသာအားရ လာဖက္သည္။

" အမေလး ေျမးရယ္...အဖြားကအရမ္းလြမ္းေနတာ။အခုဘာမွမျဖစ္ေတာ့ဘူးေနာ္ အားလုံးအဆင္ေျပသြားၿပီ။"
ေျပာရင္း ရႈိင္းခက္ယံပါးေလးအားဖြဖြကိုင္ကာ ၾကည့္သည္။

" ပိန္သြားလိုက္တာ ဒီအေတာအတြင္း ဒုကၡေတြမ်ားသြားၿပီ ။ ဗိုက္ဆာေနေရာေပါ့... ေျမးႀကိဳက္တဲ့ အစားအေသာက္ေတြအမ်ားႀကီးခ်က္ထားတယ္။ သြားစားရေအာင္"

ရႈိင္းခက္ယံ၏ အေမနဲ႔အေဖ ဘာမွေျပာခြင့္
ဆူခြင့္မရွိေအာင္ သူ႔၏အဖြားကႀကိဳပိတ္ထားသည္။

" အဖြား ကြၽန္ေတာ္မဆာေသးဘူး ခဏ နားလို႔ရမလား ..."
ရႈိင္းခက္ယံ၏အသံမွာ အားမရွိပဲ ေဖ်ာ့ေတာ့ေနသည္။

" အေမ့ ယံယံကိုနားခိုင္းလိုက္ပါ ၿပီးမွ သူ႔အတြက္ အစားအေသာက္ေတြ သြားပို႔ေပးလိုက္မယ္။"ထိုအခါမွ ရႈိင္းခက္ယံ အေမက ဝင္ေျပာလာသည္။
သူ႔သားပုံစံက သိပ္မဟန္တာေၾကာင့္ ဖိအားေပးလို႔မရ...။

" ေအးကြယ္ ...နားမယ္ဆိုရင္နား ရတယ္ေျမး"

ရႈိင္းခက္ယံလည္း ေခါင္းအသာၿငိမ့္ျပၿပီး သူျပန္လာမအိပ္ျဖစ္တာ ၾကာၿပီျဖစ္သည့္ အေပၚထပ္က သူ႔အခန္းထဲသို႔သြားေတာ့သည္။

ရႈိင္းခက္ယံ၏ဖခင္မွာ ဆူဆုံးမခ်င္သည့္ဟန္ရွိေသာ္လည္း... ေရွ႕ကကာေနသည့္ အေမနဲ႔အဖြားေၾကာင့္ ဘာမွေျပာခြင့္မရွိ။ထို႔ေၾကာင့္
ရႈိင္းခက္ယံအေပၚတက္သြားေတာ့မွ....

" မဟုတ္ေသးပါဘူး ဒီေလာက္ျပႆနာေတြျဖစ္ထားတာ ဘာမွမေမးပဲ ဒီတိုင္းထားလိုက္ေတာ့မလို႔လား။"

ရႈိင္းခက္ယံ မိခင္ ဆိုဖာေပၚျပန္ထိုင္လိုက္ၿပီး
"ဘာေမးစရာလိုေသးလဲ ဘာေတြျဖစ္သြားလည္း အကုန္သိၿပီးသားပဲ ေမးလည္း ယံယံပိုစိတ္ထိခိုက္တာပဲရွိမယ္။"

" အဲ့ဒါဆို ယံယံနဲ႔ ဟိုဆရာဝန္ေကာင္ေလး ကိစၥက ဘယ္လိုဆက္လုပ္ၾကမလဲ"
ရႈိင္းခက္ယံ အေဖကေျပာေတာ့ အဖြားကဝင္၍

" ဘာမွမလုပ္နဲ႔ အခုလိုျပတ္သြားတာလည္း အဆင္ေျပသြားတယ္။ေနာက္ပိုင္းအေျခက်သြားမွ တင့္ေတာ္တဲ့ ေကာင္မေလးတစ္ေယာက္နဲ႔..."

" အေမ ေတာ္ပါေတာ့... သမီးရဲ႕အိမ္ေထာင္ေရးဘယ္လိုျဖစ္ေနလည္း ျမင္ရဲ႕သားနဲ႔ အခုခ်ိန္ထိ အေမ့သေဘာပဲလုပ္ခ်င္ေနေသးတာလား။"
ရႈိင္းခက္ယံ အေမမွာ စိတ္ညစ္စြာျဖင့္ စကားျဖတ္ေျပာလိုက္သည္။

" ယံယံက အဲ့ေကာင္ေလးကိုအရမ္းခ်စ္တာ။အခုဒီလိုေတြအထိ ျဖစ္လာတာလည္း အားလုံးျမင္တာပဲ။ အရင္က ယံယံအဲ့ခန္႔ျငားရိပ္ဆိုတဲ့ေကာင္ေလးအေပၚအႏိုင္ယူၿပီးေတာ္ေတာ္ဆိုးခဲ့တာတဲ့ ေအာင္ေအာင္ေျပာတယ္။

အခုသူေတာ္ေတာ္ေနာင္တရေနတာ ဟိုကလည္း သူနဲ႔မပတ္သတ္ခ်င္ေတာ့တဲ့အထိျဖစ္ေနၿပီ။ယံယံကလည္း တစ္မႈိင္မႈိင္နဲ႔။ကြၽန္မတို႔ သူ႔အနားမရွိေပးခဲ့တုန္းကေတာင္ ဒီေလာက္ထိဆိုးဆိုးဝါးဝါးသူမျဖစ္ခဲ့ဖူးဘူး။အခုကေလးဘယ္လိုျဖစ္ေနလဲ ျမင္ၾကတာပဲ မလား။အဲ့ဒါကိုအတင္းအက်ပ္ ဖိအားမေပးပါနဲ႔ေတာ့..."

သူ႔သမီးကစို႔နင့္စြာ ေျပာလာတာေၾကာင့္
​ရႈိင္းခက္ယံ အဖြားမွာ စကားဆက္မေျပာေတာ့ေပ...။ ထိုေၾကာင့္ ရႈိင္းခက္ယံ အေဖကိုသာျပန္ေမးသည္။

"ရွင္ေရာ ဘယ္လိုသေဘာရလဲ...ယံယံကိစၥ
ဘာေျပာခ်င္လဲ..."

" ဒီကေလးက သူျဖစ္ခ်င္တာ အကုန္လုပ္ေနတာပဲ ငါတို႔တားလည္း မထူးဘူးမလား..."

" အဲ့ဒါထက္ အေဖတစ္ေယာက္အေနနဲ႔ သားကgay တာကို လက္ခံေပးႏိုင္ၿပီလားေမးတာေယာက္်ားတစ္ေယာက္နဲ႔ယူမယ္ဆို ဘယ္လိုသေဘာရလဲ... "

ရႈိင္းခက္ယံ အေဖမွာ နည္းနည္းစိတ္ညစ္သည့္ဟန္ျဖင့္ စဥ္းစားေနတာေၾကာင့္...

" ရွင္​ေတာင္မွ ရွင္ခ်စ္တဲ့သူကိုပဲ ယူခ်င္တာမလား။ကြၽန္မလည္း ကြၽန္မ ခ်စ္တဲ့သူကိုပဲယူေတာ့မွာ...ယံယံကိုလည္း ခြင့္ျပဳေပးေစခ်င္တယ္။ ဘယ္သူနဲ႔ျဖစ္ျဖစ္ တကယ္ခ်စ္ၾကရင္ ရၿပီေလ... "

ဦးရႈိင္းထက္ယံမွာလည္း ျငင္းဆန္ျခင္း မျပဳေတာ့ေပ...။
" ဟုတ္ပါတယ္.... မတားေတာ့ပါဘူး။ တားလည္းမတားႏိုင္ပါဘူး။သူ႔သေဘာက်တာ လုပ္ပါေစေတာ့... မဟုတ္ရင္လည္း ဒီထက္ပိုဆိုးကုန္မယ္။
အရင္ကလို တစ္ျခားေကာင္ေလးေတြအမ်ားႀကီးနဲ႔ရႈပ္ေနတာထက္...သူခ်စ္တဲ့ တစ္ေယာက္ဆို တစ္ေယာက္က ပိုအဆင္ေျပတယ္"

ရႈိင္းခက္ယံ အေမလည္း စိတ္ေက်နပ္သြားၿပီး ထပ္ေျပာလာသည္။
"ၿပီးေတာ့ ကြၽန္မတို႔ရဲ႕ အမည္ခံ လင္မယားဆက္ဆံေရးကလည္းတရားဝင္ အဆုံးသတ္ဖို႔ အခ်ိန္တန္ေနၿပီ "

ထိုစကားေၾကာင့္ သူ႔မိခင္မွာ အလန္႔တၾကားၾကည့္လာရင္း
" ဒီအခ်ိန္ႀကီးမွထကြာရွင္းရင္ အကုန္မ်က္ႏွာပ်က္ကုန္မွာေပါ့"

" မဟုတ္ဘူး အခုဒီတိုင္းဆက္သြားေနမွ အကုန္ပိုဆိုးကုန္မွာ... ကြၽန္မ တို႔ႏွစ္ေယာက္လုံးမွာလည္း သက္ဆိုင္သူ အသီးသီး ရွိေနၾကတာပဲ။
တရားဝင္ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနခ်င္တယ္။အေမမတားပါနဲ႔ေတာ့...အခု ယံယံကိစၥကိုအရင္လုပ္ေပးရအုံးမယ္ "

"ဘာအစီအစဥ္ ရွိလို႔လဲ..."

" ဟိုဆရာဝန္ေလးကို သြားေတြ႕ၿပီး ေျပာစရာရွိတာေလးေတြ ေျပာရမွာေပါ့..."

" ဟိုက လက္ခံပါ့မလား... "

" အဲ့ဒါသူ႔ကိစၥ ကြၽန္မအေနနဲ႔ အေမတစ္ေယာက္အျဖစ္ ေျပာစရာရွိတာေတာ့ သြားေျပာရမယ္..."

*****

ရႈိင္းခက္ယံ သူ႔အခန္းထဲသို႔ေရာက္တာနဲ႔... ကုတင္ေပၚပစ္လွဲလိုက္ကာ မ်က္ႏွာၾကက္ကို စိုက္ၾကည့္ရင္း...ျဖစ္ပ်က္ခဲ့တဲ့ကိစၥေတြကို ျပန္စဥ္းစားမိသည္... ။

အခုအားလုံးၿပီးသြားသလို...သူနဲ႔ခန္႔ျငားရိပ္မွာလည္း ဘယ္လိုမွထပ္ၿပီး အတူတူေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေနဖို႔အခြင့္မရွိေတာ့ေခ်...။
ယခုလို အဆုံးသတ္က သူ႔အတြက္အလြန္ပင္နာက်င္ရပါသည္။ၾကည္သာဟန္ ကလည္းခန္႔ျငားအား ထပ္မေႏွာင့္ယွက္တာေၾကာင့္ စိတ္ေအးရေသာ္လည္း စိတ္ေတာ့သိပ္မခ်ရဲ။

သူလည္းသူ႔ကတိအတိုင္း ခန္႔ျငားဆီသို႔သြားေတြ႕ခြင့္မရွိေတာ့။ စုတ္ျပတ္သတ္ေနသည့္ ဆက္ဆံေရးကို စဥ္းစားရင္း မ်က္ဝန္းအိမ္မွ မ်က္ရည္မ်ားစီးက်လာသည္။အသည္းမာလွသည္ဆိုသည့္ေကာင္ေတာင္ အခ်စ္စစ္နဲ႔ေတြ႕မွ ခဏခဏ မ်က္ရည္က်လို႔ေနသည္။

သူ႔အတြက္အခြင့္အေရးေသးေသးေလးပင္ မျမင္ေတာ့။သို႔ေပမဲ့လည္း သူေက်နပ္ရမည္။ေရွ႕ေလ်ာက္ ခန္႔ျငားရိပ္ ၏ဘဝမွာ ေကာင္းမြန္သည့္အရာမ်ားနဲ႔ ေပ်ာ္႐ႊင္သည့္ဘဝသာ ရရွိေနမည္ဆိုလွ်င္ေပါ့... ။

******

ေနာက္ရက္တြင္ ရႈိင္းခက္ယံ အေမက ခန္႔ျငားရိပ္ အားသြားေတြ႕သည္...။

" အန္တီ ကြၽန္ေတာ့္ကိုဘာမ်ားေျပာစရာရွိေနလို႔လဲဗ် ျမန္ျမန္ေျပာေပးပါ...ကြၽန္ေတာ့္ သမီးကိုသြားေခၚရေတာ့မွာမို႔လို႔ပါ။"

" အခ်ိန္ခဏေလာက္ေပးပါကြယ္..."

ခန္႔ငျားရိပ္ လည္းအားနာတက္သူပီပီ ျငင္းလို႔မေကာင္းတာေၾကာင့္ ရႈိင္းခက္ယံ အေမနဲ႔အတူ coffee ဆိုင္တစ္ဆိုင္ဝင္ထိုင္လိုက္သည္။

" ယံယံ နဲ႔ပတ္သတ္ၿပီး သားခံစားခဲ့ရတဲ့ အရာအားလုံး အတြက္ အန္တီေတာင္းပန္ပါတယ္"

" အဲ့စကားေတြ ေျပာဖို႔ဆိုမလိုပါဘူး။ကြၽန္ေတာ္ နဲ႔သူနဲ႔ၾကားမွာ ဘာဆိုဘာမွမရွိေတာ့ပါဘူး။အန္တီအေနနဲ႔လည္း ေတာင္းပန္စရာ မလိုပါဘူး။"

ရႈိင္းခက္ယံ အေမေခါင္းခါလိုက္ရင္း
" အန္တီကေတာ့ လိုအပ္တယ္ထင္တယ္။ ယံယံ ဆိုးသြမ္းရတဲ့ အဓိကအေၾကာင္းအရင္းမွာ အန္တီတို႔ မိဘေတြက အဓိကတရားခံပါ...။

အန္တီတို႔ ကိုယ္တိုင္ကိုယ္က ကိုယ့္အတြက္ကိုၾကည့္ၿပီး
ယံယံကိုဂ႐ုမစိုက္ပဲ ပစ္ထားသလိုျဖစ္ခဲ့တာ။ အဲ့ေတာ့ သူကလည္း သူလုပ္ခ်င္တာပဲ လုပ္တက္တဲ့သူမ်ိဳးျဖစ္သြားတယ္။ အန္တီတို႔ရဲ႕ဆိုဆုံးမမႈေတြ ဂ႐ုစိုက္မႈေတြမရွိခဲ့တာေၾကာင့္ေလ"

" ဒီအေၾကာင္းေတြကြၽန္ေတာ့္ ကိုလာေျပာရတာက ဘာေၾကာင့္လဲ "

ရႈိင္းခက္ယံ အေမမွာ ခုံေပၚတင္ထားသည့္ ခန္႔ျငားရိပ္၏ လက္တစ္ဖက္ကို ဖြဖြအုပ္ကိုင္ရင္းခ်ိဳသာစြာေတာင္းဆိုသည္။
" သားအေနနဲ႔ ယံယံအေပၚ ေနာက္တစ္ႀကိမ္ေလာက္မ်ား အခြင့္အေရးေပးႏိုင္မလားလို႔ပါ ။သူအရမ္းဆိုးတာ သားလည္းသိမွာပါ...။
ဒါေပမဲ့ သားနဲ႔အတူရွိေနရင္ေတာ့ လိမၼာသြားမွာ ေသခ်ာတယ္။ သူလည္းသားကိုအရမ္းခ်စ္တာပါ။

သူအရမ္းေနာင္တရေနၿပီ အရင္လိုမဟုတ္ေတာ့ဘူး။ သူ႔ရဲ႕ အခုပုံစံကိုၾကည့္ၿပီး အန္တီတို႔လည္း စိတ္မခ်မ္းသာဘူးကြယ္။ အန္တီတို႔ အေနနဲ႔လည္း သားနဲ႔သာဆိုရင္ သေဘာတူပါတယ္။သူ႔အဖြားလည္းမကန္႔ကြက္ေတာ့ပါဘူး"

ခန္႔ျငား သူ႔လက္ကိုျပန္ဆြဲယူလိုက္ကာ တည္ၿငိမ္စြာျပန္ေျပာသည္။
" ကြၽန္ေတာ္လည္း... အရမ္းစိတ္ပင္ပန္းခဲ့ရတာပါ။
သူ႔အလွည့္မွာ အန္တီတို႔ရွိေနလို႔ ေတာ္ေသးတာေပါ့။ ကြၽန္ေတာ့္တုန္းက ၅ႏွစ္လုံးလုံးဘယ္သူမွမရွိခဲ့ပါဘူး။ ကြၽန္ေတာ္လည္း သူ႔ကိုအရမ္းခ်စ္ခဲ့ပါတယ္။အခြင့္အေရးဆိုတာမ်ိဳးလည္း အႀကိမ္ႀကိမ္ေပးခဲ့ဖူးပါတယ္။

အခုေတာ့ ေနာက္တစ္ႀကိမ္ထပ္ခ်စ္ဖို႔ လုံးဝအဆင္မေျပလို႔ပါ။
ကြၽန္ေတာ့္ဘက္ကိုၾကည့္ၿပီး အန္တီလည္းနားလည္ေပးႏိုင္မယ္ထင္ပါတယ္။သူ႔အေပၚမွာလည္း စိတ္ဆိုးစိတ္ခုေနတာမ်ိဳးလည္းမရွိေတာ့ပါဘူး။

အားလုံးကိုေမ့ပစ္ၿပီး စိတ္သစ္လူသစ္နဲ႔ ေပ်ာ္႐ႊင္စရာေကာင္းမဲ့ ဘဝေလးမွာပဲ ေနခ်င္ေတာ့တယ္။အခုကြၽန္ေတာ့္နားမွာ ႏိုးႏိုးေလးလည္းရွိေနၿပီဆိုေတာ့ ဘာမွမလိုေတာ့ပါဘူး။
အန္တီတို႔လည္း ရႈိင္းခက္ယံ ကိုအရင္ကလိုမပစ္ထားပဲ ေမတၱာေတြနဲ႔ဂ႐ုစိုက္ေပးမယ္ဆိုရင္ သူျပန္အဆင္ေျပလာမွာပါ။

သူဘယ္ေလာက္ပဲ အန္တီတို႔ကိုမေတြ႕ခ်င္ဘူးေျပာေျပာ...သူ႔စိတ္ထဲမွာေတာ့ သူ႔မိဘေတြအၿမဲရွိေနတာပါ။ေျပာခ်င္တာက ဒါပဲဆိုရင္ ကြၽန္ေတာ္သြားေတာ့မယ္ "

ခန္႔ျငား ထိုစကားေတြကိုေျပာၿပီး စိတ္ထဲကေနေတာ့ သူ႔ကိုယ္သူအႀကိမ္ႀကိမ္ အားေပးေနသည္။
" ဟုတ္တယ္ ငါဆုံးျဖတ္တာ မွန္ပါတယ္ အခုကစၿပီး အားလုံးအဆင္ေျပေတာ့မွာပါ..."
ခန္႔ျငား ရႈိင္းခက္ယံကိုအရမ္းခ်စ္ေနေသးေသာ္လည္း ထပ္မပတ္သတ္ဖို႔သာ ဆုံးျဖတ္လိုက္ေတာ့သည္။ ႏွစ္ေယာက္လုံး တစ္ေနရာစီမွာ ေကာင္းေကာင္း မြန္မြန္ရွင္သန္ေနၾကမယ္ဟုသာ ဆုံးျဖတ္ရင္း ဆိုင္ျပင္သို႔ထြက္ခဲ့ေတာ့သည္။

*****
ရႈိင္းခက္ယံကလည္းသူ႔အေမ ခန္႔ျငားကိုသြားေတြ႕သည္ဟုၾကားေတာ့
ခန္႔ျငားကိုထပ္မရႈပ္ေတာ့ဖို႔ကတိေပးထားၿပီးၿပီမို႔ တားရန္ ကမန္းကတန္း လိုက္လာခဲ့သည္။

Coffee ဆိုင္ကထြက္လာသည့္ ခန္႔ျငားကိုေတြ႕​ၿပီး
ေရွ႕ဆင့္ေနာက္ဆင့္ပဲ သူ႔အေမကိုပါေတြ႕တာေၾကာင့္သူလည္း ကားေပၚကဆင္းကာ ခန္႔ျငားဆီသြားလိုက္သည္...။

" ခန္႔ ေတာင္းပန္ပါတယ္... အေမ မင္းဆီလာေတြ႕တာ ငါအခ်ိန္မွီမသိလိုက္လို႔ပါ။သူေျပာတာေတြ စိတ္ထဲမထားပါနဲ႔ ေနာက္တစ္ခါ အဲ့လိုထပ္မျဖစ္ေအာင္ ငါေသခ်ာေျပာထားလိုက္ပါ့မယ္။"
ရႈိင္းခက္ယံ ေတာင္းပန္တိုးလွ်ိဳးစြာ ေျပာလိုက္သည္။

ခန္႔ျငား ရႈိင္းခက္ယံ မ်က္ႏွာကိုေတြ႕ေတာ့ ဝမ္းနည္းလာသည္။ၾကာၾကာဆက္မၾကည့္ႏိုင္...သူစိတ္ေပ်ာ့သြားလိမ့္မည္ဆို၍
" အင္း"ဟုျပန္ေျဖရင္းဆက္သြားလိုက္သည္။

တစ္ေယာက္ႏွလုံးသား တစ္ေယာက္အပိုင္သိမ္းကာ လမ္းခြဲႏႈတ္ဆက္လိုက္ေတာ့မည္။

ထိုအခ်ိန္ပဲ ရႈိင္းခက္ယံထံ ၾကည္သာဟန္ ဆီမွဖုန္းဝင္လာ၍
" ဘာလဲ " ရႈိင္းခက္ယံ ေဒါသသံျဖင့္ေမးလိုက္သည္။

" ခန္႔ျငား ဘယ္မွာလဲ သိလား။ျမန္ျမန္သူ႔ဆီသြားေပးပါ။ငါ့အေဖသူ႔ကိုသတ္ဖို႔လူငွားထားတယ္ "
ၾကည္သာဟန္ကစိုးရိမ္စြာ အေလာတႀကီးေျပာလာတာေၾကာင့္...
ရႈိင္းခက္ယံသူ႔ကို ေက်ာေပးကာသြားေနသည့္ ခန္႔ျငားကိုၾကည့္လိုက္မိသည္။တစ္ခ်ိန္ထဲမွာပဲ ကားတစ္စီးေပၚကေန ခန္႔ျငားကို လူတစ္ေယာက္က ေသနတ္ျဖင့္ ခ်ိန္ထားသည္ကိုပါ ေတြ႕လိုက္ရေလသည္။

Writer Chit Khoon Cho Thar or JuliiaJune
(2.2.2023)

ေနာက္၂ပိုင္းဆို ဇာတ္သိမ္းပါ...ဘယ္သူေသမလဲ မမွန္းေနၾကပါနဲ႔ေနာ္😷...ခြန္းကိုလည္းေမတၱာမပို႔ၾကနဲ႔အုံး ဇာတ္သိမ္းပိုင္းေလးကိုအရင္ေမွ်ာ္ၿပီးဖတ္ၾကည့္ပါအုံးရွင့္💙။
(The Chainsmoker.,Illenium-Takeaway)
ဆိုတဲ့ သီခ်င္းေလးနားေထာင္ဖို႔ recommend ေပးပါတယ္ရွင့္

Continue Reading

You'll Also Like

2.2M 128K 44
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
161K 4.8K 35
𝐈'𝐥𝐥 𝐤𝐢𝐬𝐬 𝐞𝐯𝐞𝐫𝐲 𝐬𝐜𝐚𝐫 𝐭𝐡𝐚𝐭𝐬 𝐛𝐞𝐞𝐧 𝐩𝐥𝐚𝐧𝐭𝐞𝐝 𝐨𝐧 𝐲𝐨𝐮𝐫 𝐡𝐞𝐚𝐫𝐭 𝐚𝐧𝐝 𝐥𝐨𝐯𝐞 𝐲𝐨𝐮 𝐟𝐨𝐫 𝐰𝐡𝐨 𝐲𝐨𝐮 𝐚𝐫𝐞. ...
2.3K 161 60
*ကံကြမ္မာကပဲတွေ့ဆုံဖို့ ဖန်တီးပေးခဲ့သလို ကံကြမ္မာကပဲခွဲခွာစေခဲ့ပြန်တယ် အချစ်ရယ်*
718K 59.8K 33
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...