နောက်တစ်နေ့တွင် ရွှီလျန် Takeout App တစ်ခုအား install လုပ်လိုက်သည်။ ကျန်းကော်အာမှာ ရွှီလျန် ထိုသို့လုပ်လိုက်သည်ကိုမြင်တော့ အလွန်ဇဝေဇဝါဖြစ်နေလေ၏။ ရွှီလျန်ကလည်း မရှင်းပြခဲ့ပေ ၊ ကျန်းကော်အာသည် အသုံးပြုသူအသစ်တွေက သူတို့၏ပထမဆုံးအကြိမ်အော်ဒါမှာချိန်၌ လျှော့ဈေးရမည့်ပရိုမိုရှင်းရှိတာဖြစ်လိမ့်မယ်လို့ပဲ ယူဆလိုက်သည်။
သို့ပေမဲ့ ကျန်းကော်အာ ထူးဆန်းသလိုခံစားနေရသည်။ ဘော့စ်က သူမ Takeout App ကိုပြောင်းသုံးပြီးနောက် ရှန့်ကောကလည်း နှစ်ရက်ဆက်တိုက် ဆိုင်ကိုမလာခဲ့ ၊ သူတို့ရဲ့ပျားရည်ဆမ်းကာလက အဆုံးသတ်သွားပြီလား? အခု သူတို့နှစ်ယောက်က အချင်းချင်းရိုးအီသွားကြပြီလား?
သူမသည် သူမကိုယ်သူမ အချိန်အကြာကြီး ချုပ်တည်းထားရန် ကြိုးစားခဲ့ပါသော်လည်း အဆုံးမှာတော့ သူမ၏သိချင်စိတ်ကို မထိန်းချုပ်နိုင်တော့ ၊ သူတို့ နေ့လယ်စာစားနေစဉ် သူမက ရွှီလျန်ကိုမေးလိုက်သည်။
"ဘော့စ် လတ်တလော ရှန့်ကောနဲ့တွေ့ပြီးပြီလား"
သူမ ဤသို့ပြောနေရင်း ကျန်းကော်အာသည် သူမ(ရွှီလျန်)မျက်နှာအမူအရာဝမ်းနည်းသွားလေမလား မြင်နိုင်ရန် ရွှီလျန်အား သေချာစောင့်ကြည့်နေ၏။ မည်သို့ပင်ဆိုစေ ရွှီလျန်မှာ လုံးဝအမူအရာမပျက် ၊ ထိုအစား သူမက ပုံမှန်အတိုင်းပြောလာခဲ့သည်။
"သူ စာကြည့်နေတယ်"
ခပ်ပေါ့ပေါ့တုံ့ပြန်ချက်တစ်ခုပဲ...
ကျန်းကော်အာမှာမူ နည်းနည်းလေး စိတ်မချမ်းမသာဖြစ်နေသေးသည်။ သို့သော်လည်းပဲ သူမ ခဏလောက်စဉ်းစားကြည့်လိုက်၏။ ရှန့်ချန်ခုန်းမှာ ကောင်းမွန်တဲ့အကျင့်စရိုက်ရှိတယ် ၊ သူက စကားကိုတောင် ကျယ်ကျယ်ပြောခဲတဲ့ပုံမျိုးဖြစ်ကာ တစ်ယောက်တည်းစကားများနေမည့်ပုံပင်။
ဘော့စ်ကတော့ အင်း.. သူမက လုံးဝစကားများရန်ဖြစ်မှာမဟုတ်ဘူး။ နောက်ဆုံးတွင် ရန်ဖြစ်ခြင်းက ကောင်းမွန်တဲ့စိတ်ခံစားချက်နှင့်ဆိုင်သောပြောင်းလဲမှုကို ဆိုလိုခြင်းဖြစ်သည်။ ယခုဆိုလျှင် သူမ ဘော့စ်နှင့်အတူရှိနေသည်မှာ အချိန်တစ်ခုလောက်ရှိနေပြီးဖြစ်ကာ ကျန်းကော်အာမြင်ဖူးသော ရွှီလျန် စိတ်ခံစားချက်တွေကို ပထမဆုံးအကြိမ် ဖော်ပြဖူးသောအချိန်မှာ သူမနှင့်ရှန့်ချန်ခုန်းအတူတူရှိခဲ့သည့်အချိန်ကပင်။
*****
ထိုစဉ် အားမောက်မှာမူ လွန်ခဲ့တဲ့နှစ်ရက်အတွင်း ရှန့်ချန်ခုန်းနှင့်ပတ်သတ်သောအချက်အလက်များကို စုဆောင်းနေခဲ့ပြီးဖြစ်ကာ ယခုအချိန်၌ ဝေ့ရိချန်အား ၎င်းတို့ကို တင်ပြနေလေသည်။
"ချန်ကော ဒါကိုယုံမှာတော့မဟုတ်ဘူး ဒါပေမဲ့ အဲဒီပစ္စည်းပို့တဲ့သူက လေကြောင်းနည်းပညာတက္ကသိုလ်ကဘွဲ့ရတစ်ယောက်တဲ့!"
ဝေ့ရိချန်သည် ရွှီလျန်ကြောင့် စိတ်အခြေအနေမကောင်းဖြစ်နေပြီး မနေ့ညကလည်း အလွန်အကျွံသောက်ခဲ့သောကြောင့် အရက်နာကျနေ၏။ အားမောက် သူ့ကိုခေါ်သည့်အချိန်မှာလည်း သူက အိပ်ရာထဲမှာပဲရှိနေသေးသည်။ သို့သော် အားမောက်အသံက သူ့နားထဲ တကျည်ကျည်မြည်လာသောအခါ သူ အိပ်ရာမှထ၍ သူ့နားထင်ကိုဖိလိုက်၏။
"လေကြောင်းနည်းပညာတက္ကသိုလ်? ဘယ်မြို့ကလဲ?"
"ဘယ်ကဖြစ်ရမှာလဲ Aမြို့တော်လေကြောင်းနည်းပညာတက္ကသိုလ်ပေါ့! ကျွန်တော်တက်ဖို့အိပ်မက်မက်ခဲ့တဲ့ကျောင်းပဲ!"
"........"
ဝေ့ရိချန် စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွား၏။ သူ အားမောက်ကို သေသေချာချာ နားမလည်သလိုခံစားရသည်။
"မင်းက တကယ် အဲဒီတက္ကသိုလ်ဝင်ခွင့်စာမေးပွဲကိုဖြေဖို့ စဉ်းစားခဲ့တာလား? မင်းကလဲ သမ္မတဖြစ်ဖို့ အိပ်မက်မက်ခဲ့တာလား?"
အားမောက် "........."
သူထင်ထားခဲ့တာ ချန်ကောက အလွန်အမင်းနာကျင်နေဆဲဖြစ်နေမယ်လို့ ဒါပေမဲ့ ကြည့်ရတာ သူ တစ်ဝက်လောက် နာလန်ပြန်ထူလာပြီနဲ့တူတယ်။
ချောင်းတစ်ချက်ဟန့်ပြီးနောက် အားမောက်က ဆက်တင်ပြ၏။
"ပိုပြီးတော့စိတ်လှုပ်ရှားစရာကောင်းတာက သူက စာမေးပွဲရလဒ်မှာ ပထမနေရာနဲ့ဝင်ခွင့်ရခဲ့တာနော်၊ နောက်ပြီး သူက ရှုပ်ယှက်ခတ်နေတဲ့မေဂျာကိုလဲလေ့လာခဲ့တာ — လေယာဉ်ဒီဇိုင်းပညာမေဂျာတဲ့။ အဲဒါကဘာလဲ ချန်ကောသိလား"
"......."
ဝေ့ရိချန် နှုတ်ခမ်းသပ်လိုက်မိ၏။
"တိုက်ရိုက်ပြောရရင် အဲဒါက လေယာဉ်တွေဒီဇိုင်းဆွဲတာပဲ"
"ဝိုး ချန်ကော အရမ်းတော်တာပဲ! ဒီတော့ အဲဒါက လေယာဉ်တွေကိုဒီဇိုင်းဆွဲတဲ့အကြောင်းပေါ့!"
အားမောက်သည် အောင်မြင်သောညီငယ်လေးတစ်ယောက်၏အနှစ်သာရအား အတန်ကြာကတည်းက တစ်ဖက်ကမ်းခပ်ကျွမ်းကျင်ခဲ့ပြီးဖြစ်သည်။ သူက သူ့အစ်ကိုကြီးကို နေရာမရွေး အချိန်မရွေး မြှောက်ပင့်ရန်အတွက် အခွင့်အရေးတိုင်းကိုယူခဲ့သည်။
"ကျွန်တော်ကြားတာ ရှန့်ချန်ခုန်းက တက္ကသိုလ်မှာ ကောင်းကောင်းလုပ်ဆောင်ခဲ့ပြီး အချို့ဆုတွေတောင်ရခဲ့သေးတယ်တဲ့၊ သူ့ကို ဘွဲ့လွန်စာလေ့လာမှုအတွက် နိုင်ငံခြားသွားဖို့ကိုတောင် ထောက်ခံပေးခဲ့သေးတယ်။ ဒါပေမဲ့ အိမ်မှာ တစ်ခုခုဖြစ်သွားပြီးတော့ အခွင့်အရေးကို လက်လျှော့ခဲ့ရတယ်တဲ့"
ဝေ့ရိချန်မှာ အားမောက်တင်ပြချက်ကိုနားထောင်နေ၏။ သူက မည်သည့်တုံ့ပြန်မှုမှမပေးသော်လည်း သူ့ရင်ထဲမှာ တည်ငြိမ်ဖို့နေနေသာသာ ၊ နောက်ဆုံးမှာတော့ ရှန့်ချန်ခုန်းက တခြားသာမန်ပစ္စည်းပို့တဲ့သူနဲ့မတူတဲ့ပုံပဲ။
အကယ်၍ သူသာ ရွှီလျန်နှင့်ချစ်ကျွမ်းမဝင်ခဲ့ပါက သူ(ဝေ့ရိချန်)ကလည်း သူ့(ရှန့်ချန်ခုန်း)ကို လုံးဝသတိထားမိခဲ့မှာမဟုတ်ဘူး။ ယခုအချိန်မှာတော့ အားမောက်စကားများအရ ဤပစ္စည်းပို့တဲ့သူပုံစံပေါက်သောသူမှာ တကယ်တမ်း အနိမ့်ဆုံးကိုရောက်ရှိသွားသော ရှောင်လင်ဘုရားကျောင်းက ဘုန်းကြီးတစ်ပါးပဲ။
"သူ့အိမ်မှာဘာဖြစ်လို့လဲ"
"ကျွန်တော် အခုထိမသိရသေးဘူး၊ ကျွန်တော် အခြားကျောင်းသားဟောင်းတွေကို မေးထားတယ်။ ကျွန်တော်သိသမျှအားလုံးကတော့ ရှန့်ချန်ခုန်းက လွန်ခဲ့တဲ့သုံးနှစ်ကဘွဲ့ရထားတယ်၊ ဒါက သူနဲ့ပတ်သတ်ပြီး တက္ကသိုလ်မှာ မကွယ်ပျောက်သွားတဲ့ဒဏ္ဍာရီတစ်ခုပဲ"
မကြာသေးခင်က သူ စကားပြောခဲ့ဖူးသော အဲဒီတက္ကသိုလ်ကျောင်းသား၏မျက်နှာအမူအရာအား အမှတ်ရလိုက်သည်။ သူမမျက်ဝန်းတွေဟာ သူမ ရှန့်ချန်ခုန်းအကြောင်းပြောနေသည့်အချိန်တွင် လင်းလက်တောက်ပနေခဲ့သည်။
မေ့လိုက်တော့.. သူ ချန်ကောနဲ့ အဲဒီအကြောင်း မပြောသင့်ဘူး။
"ငါသိပြီ ဆက်မေးထား မင်း တစ်ခုခုအသစ်သိရတာရှိရင် ငါ့ကိုပြော"
"အိုကေ!"
ဝေ့ရိချန် သူ့ဖုန်းကိုချပြီး သူ့အခန်းတစ်ဖက်ထောင့်စွန်းတွင်ရှိသော ကျိုးပဲ့နေသောဂီတာကိုကြည့်လိုက်သည်။ သူ အချိန်အတော်ကြာကြည့်နေပြီးနောက် သူ့အိမ်တွင်းစီးဖိနပ်ကိုစီး၍ ပစ္စည်းအနားသို့ ချဉ်းကပ်လာခဲ့၏။ သူ့လက်ကိုမြှောက်၍ ညင်ညင်သာသာဖြင့် ကြိုးတွေကိုတီးလိုက်သည်။
တိုးညှင်းကာ နက်နဲသောအသံတစ်ခု ထွက်ပေါ်လာ၏။ စူးစူးဝါးဝါးအော်သံအလားပင်...
သူ့လက်ကို ဖြည်းဖြည်းချင်း နောက်ပြန်ဆုတ်ကာ သူ့မျက်လုံးတွေ ရိပ်ခနဲ လှုပ်ရှားသွား၏။
ရှန့်ချန်ခုန်း ၊ လေကြောင်းဒီဇိုင်းပညာမေဂျာကိုလေ့လာခဲ့တဲ့ ထိပ်တန်းဘွဲ့ရကျောင်းသားတစ်ယောက်။ သူ့အိပ်မက်တွေလည်းပဲ ရိုက်ချိုးခံလိုက်ရပြီလား?
*****
ရှန့်ချန်ခုန်းကတော့ ဝေ့ရိချန်မှာ တစ်ယောက်ယောက်ကို သူ့အကြောင်းစုံစမ်းခိုင်းလိုက်ကြောင်း မသိခဲ့ပေ။ လွန်ခဲ့တဲ့နှစ်ရက်အတွင်း အော်ဒါတွေပို့ဆောင်ခြင်းမှတစ်ပါး သူ့အချိန်တွေကို စာအုပ်တွေကိုဖတ်ပြီးလေ့လာနေရင်းဖြင့် ကုန်ဆုံးခဲ့သည်။ ရွှီလျန်သည်လည်း သူ့အလုပ်ကိုနှောင့်ယှက်မိမှာ စိုးရိမ်သည့်အတွက်ကြောင့် သူမက သူ့ကို မဆက်သွယ်ခဲ့ ၊ အလားတူ ရှန့်ချန်ခုန်းကလည်း သူမကို မဆက်သွယ်ခဲ့ပေ။
ရှန့်ချန်ခုန်း ဓာတ်လှေကားထဲမှထွက်လာပြီး တိုက်ခန်း 1703 ကို တံခါးဘဲလ်တီးလိုက်သည်။ သူ တိတ်တဆိတ် စောင့်နေခဲ့ကာ မကြာခင်တွင် အမျိုးသမီးတစ်ယောက်က တံခါးဖွင့်လာ၏။ သူမက အော်ဒါလက်ခံနေရင်း ရှန့်ချန်ခုန်း သူမကိုပြောလိုက်သည်။
"ပျော်ရွှင်စွာသုံးဆောင်ပါ"
"ကျေးဇူးတင်ပါတယ်"
အမျိုးသမီးက အော်ဒါကိုလက်ခံပြီးနောက် ချက်ချင်း တံခါးပြန်ပိတ်သွားသည်။ ရှန့်ချန်ခုန်း အပြင်ဘက်တွင် တစ်ခဏလောက် မတ်တပ်ရပ်နေခဲ့သည်။
ယင်းအမျိုးသမီး၏ရေမွှေးမှာ ရွှီလျန်ရေမွှေးနှင့်အတူတူပဲ ၊ သူ သူမထံက တူညီတဲ့အနံ့ကို ရနေ၏။
သူ ဒီနှစ်ရက်အတွင်း ရွှီလျန်ကို မတွေ့ရသေးဘူး။ ရှန့်ချန်ခုန်းသည် သူမကို နှစ်ရက်လောက် မဆက်သွယ်ခဲ့ပေမဲ့လည်း ရိုးရှင်းသောအနံ့လေးတစ်ခုကြောင့် သူ့နှလုံးသားထဲတွင် တောက်လောင်နေသောစိတ်ဆန္ဒမှာ ထိန်းမနိုင်သိမ်းမရဖြစ်လာတော့သည်။
သူ သူမကို တွေ့ချင်တယ်...
သူ Starlight ပန်းခြံကို အော်ဒါပို့ရန် သွားသည့်အချိန်မှာတောင်မှ ရွှီလျန်ဆိုင်အနားကနေ သူ ဖြတ်မသွားခဲ့ ၊ သူ ဒီလမ်းကို တမင်သက်သက် စီစဉ်ထားခဲ့ခြင်းဖြစ်သည်။
နောက်ဆုံးတွင်မူ ရှန့်ချန်ခုန်းသည် ဓာတ်လှေကားဆီသို့ ပြန်လှည့်ထွက်သွားတော့၏။ သူ ခလုတ်ကိုနှိပ်၍ သူ့အလွှာကိုရောက်ရန် ဓာတ်လှေကားစောင့်နေခဲ့သည်။
*****
ရွှီလျန်ဆိုင်တွင် ကျန်းကော်အာသည် သူမဖုန်းအား သူမနှင့်ဝေးရာတွင်ထား၍ အစားအသောက်တွင်သာ အာရုံစိုက်ထားလိုက်သည်။ ရုတ်တရက် တံခါးကသံစုံခေါင်းလောင်းလေးမြည်ဟည်းလာကာ သူမ ပြောလိုက်၏။
"ကြိုဆိုပါတယ်"
ကျန်းကော်အာ မတ်တပ်ရပ်ကာ သူမ တံခါးသို့ကြည့်လိုက်သည့်အချိန်တွင် လန့်ဖျပ်သွားလေသည်။
"ချ-ချန်ကော?"
"Good afternoon"
ဝေ့ရိချန် ဆိုင်ထဲသို့ဝင်လာပြီး သူ့နောက်ရှိတံခါးမှာလည်း ညင်ညင်သာသာ ပိတ်သွားလေသည်။
ကျန်းကော်အာရင်ထဲ လှုပ်ခတ်သွား၏။ ဝေ့ရိချန်က ဆိုင်ကို အကြိမ်မရေတွက်နိုင်လောက်အောင် လာခဲ့သော်ငြားလည်း ဒီတစ်ခေါက်ကတော့ သူက သူမကို ပထမဆုံးအကြိမ် နွေးနွေးထွေးထွေး နှုတ်ဆက်ဖူးတာပဲ။ ကြည့်ရတာ ဒီနေ့ သူ စိတ်ကောင်းဝင်နေတဲ့ပုံပဲ ၊ နောက်ဆုံးတစ်ခေါက် သူလာခဲ့တဲ့အချိန်နှင့်ယှဉ်လျှင် သူက ရွှန်းရွှန်းဝေနေတာပဲ။
ကျန်းကော်အာမှာမူ သူ၏ရွှင်ပြနေသောစိတ်အခြေအနေမှာ သူ့လက်ထဲရှိပန်းများနှင့် ဆက်စပ်နေမှန်း ခန့်မှန်းလိုက်သည်။
ဝေ့ရိချန်သည် အရင်က ရွှီလျန်အား ဝိုင်နီနှင့်သရေစာမုန့်များ ပေးခဲ့ဖူးသည်။ သို့သော် သူက သူမကို တစ်ခါမှ ပန်းမပေးဖူးပေ ၊ အထူးသဖြင့် နှင်းဆီနီတွေပေါ့...
ရွှီလျန်သည် သူမအလုပ်ခန်းမှ သူဝင်လာသည်ကိုမြင်တော့ သူမ အောက်ထပ်သို့ဆင်းလာခဲ့သည်။ သူမမျက်နှာပေါ်တွင် မည်သည့်အမူအရာမှမရှိဘဲ ဝေ့ရိချန်အား ကြည့်လိုက်၏။ မည်သူတစ်ဦးတစ်ယောက်ကမှ သူမက အရင်တစ်ခေါက်ကကိစ္စနှင့်ပတ်သတ်ပြီး စိတ်ဆိုးနေလား၊မနေဘူးလားဆိုသည်ကို မပြောနိုင်ကြပေ။
"နင် ဒီမှာ ဘာလုပ်နေတာလဲ"
ဝေ့ရိချန်သည် အရင်ကတည်းက ရွှီလျန်၏အေးတိအေးစက်မျက်နှာနှင့် အကျင့်ဖြစ်နေခဲ့ပြီးသားဖြစ်၏။ သူက သူ့လက်ထဲတွင် နှင်းဆီပန်းများနှင့် ရှေ့သို့လျှောက်လာပြီး လှေကားနားတွင်ရပ်၍ သူမကိုစောင့်နေသည်။ ရွှီလျန်မှာ နောက်ဆုံးလှေကားထစ်မှဆင်းလာပြီး ရပ်တန့်သွား၏။ ဝေ့ရိချန်က သူမကို ပြုံးပြလျက် သူ့လက်ထဲကပန်းတွေကို လက်လှမ်းပေးလိုက်သည်။
"ဒါကမင်းအတွက် အရင်တစ်ခေါက်ကိစ္စအတွက်တောင်းပန်တာ"
"မလိုဘူး"
"အရင်တစ်ခေါက်က ငါမှားသွားပါတယ်၊ ငါ အရမ်းစိတ်လိုက်မာန်ပါမလုပ်ခဲ့သင့်ဘူး"
ဝေ့ရိချန်သည် ပန်းတွေကို ရွှီလျန်လက်ထဲသို့ထည့်ပေးနေရင်း ပြန်ပြော၏။ နှင်းဆီပန်းများ၏မွှေးကြိုင်နေသောရနံ့များက ချက်ချင်း အခန်းထဲပြည့်နှက်သွားခဲ့သည်။
"ငါ ထပ်မလုပ်တော့ဘူးလို့ ကတိပေးပါတယ်"
ဝေ့ရိချန် ၊ ဒီလူက ပေါ့ပြက်ပြက်ဖြစ်ပြီး နည်းနည်းလေးစိတ်လိုက်မာန်ပါလုပ်တက်ပေမဲ့ သူ ရွှီလျန်ကို ပေးခဲ့သမျှကတိအားလုံးကိုတော့ တည်ခဲ့သည်။ အရင်တစ်ခေါက်က ကျူးပင်းက သူမကို ထပ်ပြီးမနှောင့်ယှက်စေရဘူးလို့ သူ ကတိပေးခဲ့သည်။ ရွှီလျန်က ထိုကိစ္စကို ဂရုမစိုက်ပေမဲ့လည်း ပြောခဲ့တဲ့အတိုင်း ကျူးပင်းက သူမကို မနှောင့်ယှက်လာခဲ့ပေ။
သူမ သူ့ကို အတန်ကြာစိုက်ကြည့်နေရင်း တိတ်ဆိတ်နေ၏။
ထိုစဉ် ဆိုင်အပြင်ဘက်၌ ရှန့်ချန်ခုန်းသည် ဝေ့ရိချန်က ရွှီလျန်ကို နှင်းဆီပန်းများပေးနေခြင်းအား မြင်တွေ့နိုင်ရန် အချိန်မီရောက်ရှိလာခဲ့သည်။ သူ ဝေ့ရိချန်အပြုံးတွေကိုကြည့်ပြီးနောက် အနီရောင်နှင်းဆီပန်းတွေကို ကြည့်လိုက်သည်။ တဖြည်းဖြည်းချင်း ရှန့်ချန်ခုန်းမျက်ဝန်းတွေ ငြိမ်သက်သွား၏။ အဆုံးမှာတော့ သူက သူ့စကူတာပေါ်မှမဆင်းတော့ဘဲ ထိုအစား အဝေးသို့ ဆက်မောင်းသွားတော့သည်။
ဆိုင်တွင်းရှိသုံးယောက်ထဲကမည်သူကမှ သူ ရောက်လာသည်ကို သတိမပြုမိခဲ့ကြပေ ၊ ရွှီလျန်က ဝေ့ရိချန်မျက်နှာအမူအရာကို စစ်ဆေးနေပြီး နောက်ဆုံးတွင် မေးမြန်းလိုက်သည်။
"နင် ရှန့်ချန်ခုန်းကို စုံစမ်းခဲ့တယ်မလား?"
သူမမေးခွန်းက မကောင်းတာတော့မဟုတ် ၊ အထက်တန်းကျောင်းတက်စဉ်တွင် သူမသည် အေးတိအေးစက်ပင်ကိုစရိုက်ရှိပြီး တစ်ယောက်တည်းနေလိုသော်လည်း ယောက်ျားလေးအချို့က သူမကို လိုက်ရန်ကြိုးစားနေကြဆဲဖြစ်သည်။ သူတို့တွေက စိန်ခေါ်မှုကို သဘောကျကြ၏။ သူမ၏ချောမောသောရုပ်ရည်နှင့် မိသားစုအခြေအနေကလည်း အားသာချက်တစ်ခုပဲ ၊ သူမ၏အထက်တန်းနှစ်အစတွင် ယောက်ျားလေးတော်တော်များများက သူမကို ဝန်ခံရန်အတွက် ပြေးလွှားလာခဲ့ကြသည်။
ဝေ့ရိချန်မှာ ထိုလူများနှင့် တစ်ယောက်ပြီးတစ်ယောက် တွေ့ဆုံခဲ့ပြီး သူတို့နှင့်စကားပြောခဲ့ရသည်။ နှစ်ကုန်တွင် ရွှီလျန်ကိုစိတ်ဝင်စားနေသော ယောက်ျားလေးများမရှိကြတော့ပေ။
ယခုအချိန်တွင် သူမက ရှန့်ချန်ခုန်းနှင့်တွဲနေ၏။ ဝေ့ရိချန်၏ပင်ကိုစရိုက်အရ ရှန့်ချန်ခုန်းကို မစစ်ဆေးခြင်းမှာ သူ့အတွက် လုံးဝမဖြစ်နိုင်ပေ။
ဝေ့ရိချန် ထိုစကားကိုကြားသောအခါ သူ့အကြည့်တွေက နည်းနည်းပြင်းထန်လာခဲ့သည်။ ခနဲ့တဲ့တဲ့အပြုံးဖြင့် သူက
"မင်း ငါ့ကို သူ့အကြောင်းပြောစရာလား?"
သို့သော် ရွှီလျန်က မသက်ညှာပေ။
"နင် သူနဲ့တွေ့ခဲ့တာလား"
ဝေ့ရိချန် တစ်ဖက်သို့လှည့်သွား၏။ သည်းမခံနိုင်တော့ဘူး..
"ငါ အားမောက်ကို သူ့အကြောင်းစုံစမ်းခိုင်းလိုက်တာ ငါ သူ့ကို ဒီလောက်အရည်အချင်းရှိတဲ့သူတစ်ယောက်ဖြစ်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ လေကြောင်းနည်းပညာတက္ကသိုလ်? မင်း ဟိုးအစကတည်းက သိနေခဲ့တာလား?"
"ငါ နောက်မှသိခဲ့တာ"
ရွှီလျန် သူ့ကိုကြည့်လျက်
"နင် ဒီအတွက် ဘာလုပ်ခဲ့တာလဲ"
"ဒါပေါ့ ငါ သူ့ကိုစစ်ဆေးခဲ့တယ်၊ အန်တီနဲ့အန်ကယ်က နိုင်ငံခြားမှာလေ မင်းကိုစောင့်ရှောက်ပေးဖို့အတွက် ဒီမှာ ငါတစ်ယောက်တည်းပဲရှိတာ၊ သူ့မှာ ရည်ရွယ်ချက်ကောင်းတွေ ရှိရဲ့လားဆိုတာကို ငါက သေချာအောင်လုပ်လို့မရဘူးလား"
ရွှီလျန် နှုတ်ခမ်းတွေကော့တက်သွားကာ သူ့ကိုပြောလိုက်သည်။
"ငါ့အမေ မကြာသေးခင်က နိုင်ငံခြားက ပြန်ရောက်လာခဲ့တယ်"
ဝေ့ရိချန် အံ့အားသင့်သွား၏။
"အန်တီပြန်လာတာလား? မင်း ငါ့ကို ဘာလို့စောစောမပြောခဲ့တာလဲ"
"သူမက ရှန့်ချန်ခုန်းနဲ့တွေ့ပြီးသွားပြီ"
ရွှီလျန် ဆက်ပြောလိုက်သည်။ ဝေ့ရိချန် တစ်ခဏလောက် ငြိမ်သက်သွားခဲ့၏။ အတန်ကြာတိတ်ဆိတ်ပြီးနောက် သူ ထေ့ငေါ့၍ စကားဆိုလာသည်။
"ဒီတော့ ဒါကဒီလိုပေါ့၊ ဒါဆို မင်းကို ဒီကိစ္စနဲ့နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်"
ထို့နောက် သူ နောက်ပြန်လှည့်မကြည့်တော့ဘဲ လှည့်ထွက်သွားတော့သည်။
ဝေ့ရိချန်မှာ ရှန့်ချန်ခုန်းထွက်သွားခဲ့သော ဆန့်ကျင်ဘက်လားရာအတိုင်း ထွက်သွားခဲ့သောကြောင့် သူတို့နှစ်ယောက်က သဘာဝအတိုင်း ဆုံမိကြမှာမဟုတ်ပေ။
ရှန့်ချန်ခုန်း သူ့စကူတာမောင်းနေရင်း ရွှီလျန်လက်ထဲရှိအနီရောင်နှင်းဆီပန်းတွေက သူ့ရင်ထဲစွဲကျန်နေလေသည်။
သူ ရုံးအဆောက်အဦးတစ်ခုသို့ အော်ဒါပို့ပေးပြီးနောက် ရှန့်ချန်ခုန်းသည် သူ့စကူတာပေါ်မှာထိုင်နေရင်း သူ့ဖုန်းမြည်လာ၏။ သူ့အိတ်ကပ်ထဲမှဖုန်းထုတ်ကြည့်လိုက်သောအခါ ခေါ်ဆိုသူမှာ အမည်မသိဖုန်းခေါ်ဆိုသူဖြစ်ကြောင်း တွေ့ရသည်။
တခါတရံ သူ့အလုပ်နယ်ပယ်တွင် သူစိမ်းတွေက သူ့ကိုဖုန်းခေါ်ဆိုတက်သည့်အတွက်ကြောင့် ရှန့်ချန်ခုန်းမှာ ၎င်းအား အများကြီးတွေးမနေတော့ ၊ သူ ဖုန်းပြန်ဖြေလိုက်သည်။
"ဟယ်လို"
"ဟယ်လို မစ္စတာရှန့် BUNNY ကောင်တာကပါ"
ဖုန်းလိုင်းတစ်ဖက်မှာ အမျိုးသမီးအသံဖြစ်သည်။
"အရင်က ရှင် ကျွန်မတို့ရဲ့ထုတ်ကုန်သစ်နှုတ်ခမ်းနီ Serenade 007 အကြောင်း ကျွန်မတို့ကိုမေးထားခဲ့တယ်လေ၊ ကျွန်မတို့ ပစ္စည်းကိုပြန်ဖြည့်ပြီးပါပြီ။ ကျွန်မတို့ ရှင့်အတွက် တစ်ချောင်းသက်သက် ဖယ်ထားပေးရမလား"
ရှန့်ချန်ခုန်းသည် သူ့ဖုန်းနံပါတ်အား ကောင်တာကမိန်းကလေးကို ပေးထားခဲ့ကြောင်း သတိရသွား၏။ ခဏကြာပြီးနောက် သူက
"ဟုတ်ကဲ့ ဖယ်ထားပေးပါ၊ ကျွန်တော် ဘယ်တော့လာယူရမလဲ"
"ကျွန်မတို့က ညဆယ်နာရီဆိုပိတ်ပါတယ် ဒီတော့ အဲဒီအချိန်မတိုင်ခင် ဘယ်အချိန်ပဲဖြစ်ဖြစ် အဆင်ပြေပါတယ်"
"ကောင်းပါပြီ"
သူ့အလုပ်ပိတ်ရက်အတွင်း သူ သွားယူနိုင်ကြောင်း တွက်ဆထားလိုက်သည်။ အမျိုးသမီးနှင့်စကားပြောဆိုပြီးနောက် သူ့စကူတာဖြင့် နောက်ထပ်သွားမည့်နေရာသို့ မောင်းထွက်သွားတော့သည်။
သောကြောနေ့တွင် ရွှီလျန်က ရှန့်ချန်ခုန်းအချိန်ဇယားကို စစ်ကြည့်ပြီးနောက် သူ့ကို မက်ဆေ့ချ်တစ်စောင့်ပို့လိုက်၏။
ရွှီလျန် : [ မနက်ဖြန် ရှင်နားရက်မလား? ရှင် ရုပ်ရှင်ရုံသွားချင်လား ]
သူတို့ရဲ့နောက်ဆုံးဒိတ်မှာ အကျိုးရှိရှိ ပယ်ဖျက်ခဲ့ပြီးဖြစ်သည်။ ရိုးရိုးသားသားပြောရရင် အစီအစဉ်ပျက်သွားခဲ့သည့်အတွက် သူမ နောင်တရနေဆဲဖြစ်၏။
ရွှီလျန်မှာ သူငယ်ချင်းမရှိပေမဲ့ သူမ ရုပ်ရှင်တွေကြည့်ရတာ တကယ်ကြိုက်သည်။ သူမ စိတ်ဝင်စားတဲ့ရုပ်ရှင်တစ်ကား ပြသသည့်အချိန်တိုင်း သူမ တစ်ယောက်တည်း သွားကြည့်ပေလိမ့်မည်။ တစ်ခါက သူမ အင်တာနက်ပေါ်တွင် အထီးကျန်အဆင့်သတ်မှတ်ချက်တစ်ခုကို တွေ့ခဲ့ဖူးပြီး စာရင်းထဲရှိသတ်မှတ်ချက်များထဲမှတစ်ခုမှာ ကိုယ့်ဘာသာ ရုပ်ရှင်ကြည့်ခြင်းဖြစ်သည်။
အထီးကျန်တယ်? သူမ တစ်ယောက်တည်း ရုပ်ရှင်ကြည့်တဲ့အချိန်တိုင်း ရွှီလျန် အထီးကျန်တယ်လို့ ဘယ်တော့မှမခံစားခဲ့ဖူးဘူး။ သို့သော် ယခုအချိန်မှာတော့ ရွှီလျန်သည် ရှန့်ချန်ခုန်းနှင့်အတူ ရုပ်ရှင်ကြည့်ခြင်းက အများကြီးပိုစိတ်ဝင်စရာကောင်းလိမ့်မယ်လို့ ထင်၏။
သူမမက်ဆေ့ချ်ကိုကြည့်ပြီးနောက် ရှန့်ချန်ခုန်း ထိုအကြောင်း စဉ်းစားလိုက်သည်။ ထို့နောက် သူ ပြန်ဖြေ၏။
ရှန့်ချန်ခုန်း [ ကိုယ် စနေနေ့ကျရင် စာကြည့်ချင်လို့ ]
________________
စာရေးသူမှာပြောစရာရှိပါတယ် ;
ရှန့်ချန်ခုန်း : ကိုယ်က စာလေ့လာရတာကိုကြိုက်တယ် စာလေ့လာခြင်းက ကိုယ့်ကိုပျော်ရွှင်စေတယ်
ရွှီလျန် : :)
*****
ေနာက္တစ္ေန႕တြင္ ႐ႊီလ်န္ Takeout App တစ္ခုအား install လုပ္လိုက္သည္။ က်န္းေကာ္အာမွာ ႐ႊီလ်န္ ထိုသို႔လုပ္လိုက္သည္ကိုျမင္ေတာ့ အလြန္ဇေဝဇဝါျဖစ္ေနေလ၏။ ႐ႊီလ်န္ကလည္း မရွင္းျပခဲ့ေပ ၊ က်န္းေကာ္အာသည္ အသုံးျပဳသူအသစ္ေတြက သူတို႔၏ပထမဆုံးအႀကိမ္ေအာ္ဒါမွာခ်ိန္၌ ေလွ်ာ့ေဈးရမည့္ပရိုမိုရွင္းရွိတာျဖစ္လိမ့္မယ္လို႔ပဲ ယူဆလိုက္သည္။
သို႔ေပမဲ့ က်န္းေကာ္အာ ထူးဆန္းသလိုခံစားေနရသည္။ ေဘာ့စ္က သူမ Takeout App ကိုေျပာင္းသုံးၿပီးေနာက္ ရွန့္ေကာကလည္း ႏွစ္ရက္ဆက္တိုက္ ဆိုင္ကိုမလာခဲ့ ၊ သူတို႔ရဲ႕ပ်ားရည္ဆမ္းကာလက အဆုံးသတ္သြားၿပီလား? အခု သူတို႔ႏွစ္ေယာက္က အခ်င္းခ်င္းရိုးအီသြားၾကၿပီလား?
သူမသည္ သူမကိုယ္သူမ အခ်ိန္အၾကာႀကီး ခ်ဳပ္တည္းထားရန္ ႀကိဳးစားခဲ့ပါေသာ္လည္း အဆုံးမွာေတာ့ သူမ၏သိခ်င္စိတ္ကို မထိန္းခ်ဳပ္နိုင္ေတာ့ ၊ သူတို႔ ေန႕လယ္စာစားေနစဥ္ သူမက ႐ႊီလ်န္ကိုေမးလိုက္သည္။
"ေဘာ့စ္ လတ္တေလာ ရွန့္ေကာနဲ႕ေတြ႕ၿပီးၿပီလား"
သူမ ဤသို႔ေျပာေနရင္း က်န္းေကာ္အာသည္ သူမ(႐ႊီလ်န္)မ်က္ႏွာအမူအရာဝမ္းနည္းသြားေလမလား ျမင္နိုင္ရန္ ႐ႊီလ်န္အား ေသခ်ာေစာင့္ၾကည့္ေန၏။ မည္သို႔ပင္ဆိုေစ ႐ႊီလ်န္မွာ လုံးဝအမူအရာမပ်က္ ၊ ထိုအစား သူမက ပုံမွန္အတိုင္းေျပာလာခဲ့သည္။
"သူ စာၾကည့္ေနတယ္"
ခပ္ေပါ့ေပါ့တုံ႕ျပန္ခ်က္တစ္ခုပဲ...
က်န္းေကာ္အာမွာမူ နည္းနည္းေလး စိတ္မခ်မ္းမသာျဖစ္ေနေသးသည္။ သို႔ေသာ္လည္းပဲ သူမ ခဏေလာက္စဥ္းစားၾကည့္လိုက္၏။ ရွန့္ခ်န္ခုန္းမွာ ေကာင္းမြန္တဲ့အက်င့္စရိုက္ရွိတယ္ ၊ သူက စကားကိုေတာင္ က်ယ္က်ယ္ေျပာခဲတဲ့ပုံမ်ိဳးျဖစ္ကာ တစ္ေယာက္တည္းစကားမ်ားေနမည့္ပုံပင္။
ေဘာ့စ္ကေတာ့ အင္း.. သူမက လုံးဝစကားမ်ားရန္ျဖစ္မွာမဟုတ္ဘူး။ ေနာက္ဆုံးတြင္ ရန္ျဖစ္ျခင္းက ေကာင္းမြန္တဲ့စိတ္ခံစားခ်က္ႏွင့္ဆိုင္ေသာေျပာင္းလဲမႈကို ဆိုလိုျခင္းျဖစ္သည္။ ယခုဆိုလွ်င္ သူမ ေဘာ့စ္ႏွင့္အတူရွိေနသည္မွာ အခ်ိန္တစ္ခုေလာက္ရွိေနၿပီးျဖစ္ကာ က်န္းေကာ္အာျမင္ဖူးေသာ ႐ႊီလ်န္ စိတ္ခံစားခ်က္ေတြကို ပထမဆုံးအႀကိမ္ ေဖာ္ျပဖူးေသာအခ်ိန္မွာ သူမႏွင့္ရွန့္ခ်န္ခုန္းအတူတူရွိခဲ့သည့္အခ်ိန္ကပင္။
*****
ထိုစဥ္ အားေမာက္မွာမူ လြန္ခဲ့တဲ့ႏွစ္ရက္အတြင္း ရွန့္ခ်န္ခုန္းႏွင့္ပတ္သတ္ေသာအခ်က္အလက္မ်ားကို စုေဆာင္းေနခဲ့ၿပီးျဖစ္ကာ ယခုအခ်ိန္၌ ေဝ့ရိခ်န္အား ၎တို႔ကို တင္ျပေနေလသည္။
"ခ်န္ေကာ ဒါကိုယုံမွာေတာ့မဟုတ္ဘူး ဒါေပမဲ့ အဲဒီပစၥည္းပို႔တဲ့သူက ေလေၾကာင္းနည္းပညာတကၠသိုလ္ကဘြဲ႕ရတစ္ေယာက္တဲ့!"
ေဝ့ရိခ်န္သည္ ႐ႊီလ်န္ေၾကာင့္ စိတ္အေျခအေနမေကာင္းျဖစ္ေနၿပီး မေန႕ညကလည္း အလြန္အကြၽံေသာက္ခဲ့ေသာေၾကာင့္ အရက္နာက်ေန၏။ အားေမာက္ သူ႕ကိုေခၚသည့္အခ်ိန္မွာလည္း သူက အိပ္ရာထဲမွာပဲရွိေနေသးသည္။ သို႔ေသာ္ အားေမာက္အသံက သူ႕နားထဲ တက်ည္က်ည္ျမည္လာေသာအခါ သူ အိပ္ရာမွထ၍ သူ႕နားထင္ကိုဖိလိုက္၏။
"ေလေၾကာင္းနည္းပညာတကၠသိုလ္? ဘယ္ၿမိဳ႕ကလဲ?"
"ဘယ္ကျဖစ္ရမွာလဲ Aၿမိဳ႕ေတာ္ေလေၾကာင္းနည္းပညာတကၠသိုလ္ေပါ့! ကြၽန္ေတာ္တက္ဖို႔အိပ္မက္မက္ခဲ့တဲ့ေက်ာင္းပဲ!"
"........"
ေဝ့ရိခ်န္ စကၠန့္အနည္းငယ္ေလာက္ တိတ္ဆိတ္သြား၏။ သူ အားေမာက္ကို ေသေသခ်ာခ်ာ နားမလည္သလိုခံစားရသည္။
"မင္းက တကယ္ အဲဒီတကၠသိုလ္ဝင္ခြင့္စာေမးပြဲကိုေျဖဖို႔ စဥ္းစားခဲ့တာလား? မင္းကလဲ သမၼတျဖစ္ဖို႔ အိပ္မက္မက္ခဲ့တာလား?"
အားေမာက္ "........."
သူထင္ထားခဲ့တာ ခ်န္ေကာက အလြန္အမင္းနာက်င္ေနဆဲျဖစ္ေနမယ္လို႔ ဒါေပမဲ့ ၾကည့္ရတာ သူ တစ္ဝက္ေလာက္ နာလန္ျပန္ထူလာၿပီနဲ႕တူတယ္။
ေခ်ာင္းတစ္ခ်က္ဟန့္ၿပီးေနာက္ အားေမာက္က ဆက္တင္ျပ၏။
"ပိုၿပီးေတာ့စိတ္လႈပ္ရွားစရာေကာင္းတာက သူက စာေမးပြဲရလဒ္မွာ ပထမေနရာနဲ႕ဝင္ခြင့္ရခဲ့တာေနာ္၊ ေနာက္ၿပီး သူက ရႈပ္ယွက္ခတ္ေနတဲ့ေမဂ်ာကိုလဲေလ့လာခဲ့တာ — ေလယာဥ္ဒီဇိုင္းပညာေမဂ်ာတဲ့။ အဲဒါကဘာလဲ ခ်န္ေကာသိလား"
"......."
ေဝ့ရိခ်န္ ႏႈတ္ခမ္းသပ္လိုက္မိ၏။
"တိုက္ရိုက္ေျပာရရင္ အဲဒါက ေလယာဥ္ေတြဒီဇိုင္းဆြဲတာပဲ"
"ဝိုး ခ်န္ေကာ အရမ္းေတာ္တာပဲ! ဒီေတာ့ အဲဒါက ေလယာဥ္ေတြကိုဒီဇိုင္းဆြဲတဲ့အေၾကာင္းေပါ့!"
အားေမာက္သည္ ေအာင္ျမင္ေသာညီငယ္ေလးတစ္ေယာက္၏အႏွစ္သာရအား အတန္ၾကာကတည္းက တစ္ဖက္ကမ္းခပ္ကြၽမ္းက်င္ခဲ့ၿပီးျဖစ္သည္။ သူက သူ႕အစ္ကိုႀကီးကို ေနရာမေ႐ြး အခ်ိန္မေ႐ြး ျမႇောက္ပင့္ရန္အတြက္ အခြင့္အေရးတိုင္းကိုယူခဲ့သည္။
"ကြၽန္ေတာ္ၾကားတာ ရွန့္ခ်န္ခုန္းက တကၠသိုလ္မွာ ေကာင္းေကာင္းလုပ္ေဆာင္ခဲ့ၿပီး အခ်ိဳ႕ဆုေတြေတာင္ရခဲ့ေသးတယ္တဲ့၊ သူ႕ကို ဘြဲ႕လြန္စာေလ့လာမႈအတြက္ နိုင္ငံျခားသြားဖို႔ကိုေတာင္ ေထာက္ခံေပးခဲ့ေသးတယ္။ ဒါေပမဲ့ အိမ္မွာ တစ္ခုခုျဖစ္သြားၿပီးေတာ့ အခြင့္အေရးကို လက္ေလွ်ာ့ခဲ့ရတယ္တဲ့"
ေဝ့ရိခ်န္မွာ အားေမာက္တင္ျပခ်က္ကိုနားေထာင္ေန၏။ သူက မည္သည့္တုံ႕ျပန္မႈမွမေပးေသာ္လည္း သူ႕ရင္ထဲမွာ တည္ၿငိမ္ဖို႔ေနေနသာသာ ၊ ေနာက္ဆုံးမွာေတာ့ ရွန့္ခ်န္ခုန္းက တျခားသာမန္ပစၥည္းပို႔တဲ့သူနဲ႕မတူတဲ့ပုံပဲ။
အကယ္၍ သူသာ ႐ႊီလ်န္ႏွင့္ခ်စ္ကြၽမ္းမဝင္ခဲ့ပါက သူ(ေဝ့ရိခ်န္)ကလည္း သူ႕(ရွန့္ခ်န္ခုန္း)ကို လုံးဝသတိထားမိခဲ့မွာမဟုတ္ဘူး။ ယခုအခ်ိန္မွာေတာ့ အားေမာက္စကားမ်ားအရ ဤပစၥည္းပို႔တဲ့သူပုံစံေပါက္ေသာသူမွာ တကယ္တမ္း အနိမ့္ဆုံးကိုေရာက္ရွိသြားေသာ ေရွာင္လင္ဘုရားေက်ာင္းက ဘုန္းႀကီးတစ္ပါးပဲ။
"သူ႕အိမ္မွာဘာျဖစ္လို႔လဲ"
"ကြၽန္ေတာ္ အခုထိမသိရေသးဘူး၊ ကြၽန္ေတာ္ အျခားေက်ာင္းသားေဟာင္းေတြကို ေမးထားတယ္။ ကြၽန္ေတာ္သိသမွ်အားလုံးကေတာ့ ရွန့္ခ်န္ခုန္းက လြန္ခဲ့တဲ့သုံးႏွစ္ကဘြဲ႕ရထားတယ္၊ ဒါက သူနဲ႕ပတ္သတ္ၿပီး တကၠသိုလ္မွာ မကြယ္ေပ်ာက္သြားတဲ့ဒ႑ာရီတစ္ခုပဲ"
မၾကာေသးခင္က သူ စကားေျပာခဲ့ဖူးေသာ အဲဒီတကၠသိုလ္ေက်ာင္းသား၏မ်က္ႏွာအမူအရာအား အမွတ္ရလိုက္သည္။ သူမမ်က္ဝန္းေတြဟာ သူမ ရွန့္ခ်န္ခုန္းအေၾကာင္းေျပာေနသည့္အခ်ိန္တြင္ လင္းလက္ေတာက္ပေနခဲ့သည္။
ေမ့လိုက္ေတာ့.. သူ ခ်န္ေကာနဲ႕ အဲဒီအေၾကာင္း မေျပာသင့္ဘူး။
"ငါသိၿပီ ဆက္ေမးထား မင္း တစ္ခုခုအသစ္သိရတာရွိရင္ ငါ့ကိုေျပာ"
"အိုေက!"
ေဝ့ရိခ်န္ သူ႕ဖုန္းကိုခ်ၿပီး သူ႕အခန္းတစ္ဖက္ေထာင့္စြန္းတြင္ရွိေသာ က်ိဳးပဲ့ေနေသာဂီတာကိုၾကည့္လိုက္သည္။ သူ အခ်ိန္အေတာ္ၾကာၾကည့္ေနၿပီးေနာက္ သူ႕အိမ္တြင္းစီးဖိနပ္ကိုစီး၍ ပစၥည္းအနားသို႔ ခ်ဥ္းကပ္လာခဲ့၏။ သူ႕လက္ကိုျမႇောက္၍ ညင္ညင္သာသာျဖင့္ ႀကိဳးေတြကိုတီးလိုက္သည္။
တိုးညွင္းကာ နက္နဲေသာအသံတစ္ခု ထြက္ေပၚလာ၏။ စူးစူးဝါးဝါးေအာ္သံအလားပင္...
သူ႕လက္ကို ျဖည္းျဖည္းခ်င္း ေနာက္ျပန္ဆုတ္ကာ သူ႕မ်က္လုံးေတြ ရိပ္ခနဲ လႈပ္ရွားသြား၏။
ရွန့္ခ်န္ခုန္း ၊ ေလေၾကာင္းဒီဇိုင္းပညာေမဂ်ာကိုေလ့လာခဲ့တဲ့ ထိပ္တန္းဘြဲ႕ရေက်ာင္းသားတစ္ေယာက္။ သူ႕အိပ္မက္ေတြလည္းပဲ ရိုက္ခ်ိဳးခံလိုက္ရၿပီလား?
*****
ရွန့္ခ်န္ခုန္းကေတာ့ ေဝ့ရိခ်န္မွာ တစ္ေယာက္ေယာက္ကို သူ႕အေၾကာင္းစုံစမ္းခိုင္းလိုက္ေၾကာင္း မသိခဲ့ေပ။ လြန္ခဲ့တဲ့ႏွစ္ရက္အတြင္း ေအာ္ဒါေတြပို႔ေဆာင္ျခင္းမွတစ္ပါး သူ႕အခ်ိန္ေတြကို စာအုပ္ေတြကိုဖတ္ၿပီးေလ့လာေနရင္းျဖင့္ ကုန္ဆုံးခဲ့သည္။ ႐ႊီလ်န္သည္လည္း သူ႕အလုပ္ကိုေႏွာင့္ယွက္မိမွာ စိုးရိမ္သည့္အတြက္ေၾကာင့္ သူမက သူ႕ကို မဆက္သြယ္ခဲ့ ၊ အလားတူ ရွန့္ခ်န္ခုန္းကလည္း သူမကို မဆက္သြယ္ခဲ့ေပ။
ရွန့္ခ်န္ခုန္း ဓာတ္ေလွကားထဲမွထြက္လာၿပီး တိုက္ခန္း 1703 ကို တံခါးဘဲလ္တီးလိုက္သည္။ သူ တိတ္တဆိတ္ ေစာင့္ေနခဲ့ကာ မၾကာခင္တြင္ အမ်ိဳးသမီးတစ္ေယာက္က တံခါးဖြင့္လာ၏။ သူမက ေအာ္ဒါလက္ခံေနရင္း ရွန့္ခ်န္ခုန္း သူမကိုေျပာလိုက္သည္။
"ေပ်ာ္႐ႊင္စြာသုံးေဆာင္ပါ"
"ေက်းဇူးတင္ပါတယ္"
အမ်ိဳးသမီးက ေအာ္ဒါကိုလက္ခံၿပီးေနာက္ ခ်က္ခ်င္း တံခါးျပန္ပိတ္သြားသည္။ ရွန့္ခ်န္ခုန္း အျပင္ဘက္တြင္ တစ္ခဏေလာက္ မတ္တပ္ရပ္ေနခဲ့သည္။
ယင္းအမ်ိဳးသမီး၏ေရေမႊးမွာ ႐ႊီလ်န္ေရေမႊးႏွင့္အတူတူပဲ ၊ သူ သူမထံက တူညီတဲ့အနံ႕ကို ရေန၏။
သူ ဒီႏွစ္ရက္အတြင္း ႐ႊီလ်န္ကို မေတြ႕ရေသးဘူး။ ရွန့္ခ်န္ခုန္းသည္ သူမကို ႏွစ္ရက္ေလာက္ မဆက္သြယ္ခဲ့ေပမဲ့လည္း ရိုးရွင္းေသာအနံ႕ေလးတစ္ခုေၾကာင့္ သူ႕ႏွလုံးသားထဲတြင္ ေတာက္ေလာင္ေနေသာစိတ္ဆႏၵမွာ ထိန္းမနိုင္သိမ္းမရျဖစ္လာေတာ့သည္။
သူ သူမကို ေတြ႕ခ်င္တယ္...
သူ Starlight ပန္းၿခံကို ေအာ္ဒါပို႔ရန္ သြားသည့္အခ်ိန္မွာေတာင္မွ ႐ႊီလ်န္ဆိုင္အနားကေန သူ ျဖတ္မသြားခဲ့ ၊ သူ ဒီလမ္းကို တမင္သက္သက္ စီစဥ္ထားခဲ့ျခင္းျဖစ္သည္။
ေနာက္ဆုံးတြင္မူ ရွန့္ခ်န္ခုန္းသည္ ဓာတ္ေလွကားဆီသို႔ ျပန္လွည့္ထြက္သြားေတာ့၏။ သူ ခလုတ္ကိုႏွိပ္၍ သူ႕အလႊာကိုေရာက္ရန္ ဓာတ္ေလွကားေစာင့္ေနခဲ့သည္။
*****
႐ႊီလ်န္ဆိုင္တြင္ က်န္းေကာ္အာသည္ သူမဖုန္းအား သူမႏွင့္ေဝးရာတြင္ထား၍ အစားအေသာက္တြင္သာ အာ႐ုံစိုက္ထားလိုက္သည္။ ႐ုတ္တရက္ တံခါးကသံစုံေခါင္းေလာင္းေလးျမည္ဟည္းလာကာ သူမ ေျပာလိုက္၏။
"ႀကိဳဆိုပါတယ္"
က်န္းေကာ္အာ မတ္တပ္ရပ္ကာ သူမ တံခါးသို႔ၾကည့္လိုက္သည့္အခ်ိန္တြင္ လန့္ဖ်ပ္သြားေလသည္။
"ခ်-ခ်န္ေကာ?"
"Good afternoon"
ေဝ့ရိခ်န္ ဆိုင္ထဲသို႔ဝင္လာၿပီး သူ႕ေနာက္ရွိတံခါးမွာလည္း ညင္ညင္သာသာ ပိတ္သြားေလသည္။
က်န္းေကာ္အာရင္ထဲ လႈပ္ခတ္သြား၏။ ေဝ့ရိခ်န္က ဆိုင္ကို အႀကိမ္မေရတြက္နိုင္ေလာက္ေအာင္ လာခဲ့ေသာ္ျငားလည္း ဒီတစ္ေခါက္ကေတာ့ သူက သူမကို ပထမဆုံးအႀကိမ္ ေႏြးေႏြးေထြးေထြး ႏႈတ္ဆက္ဖူးတာပဲ။ ၾကည့္ရတာ ဒီေန႕ သူ စိတ္ေကာင္းဝင္ေနတဲ့ပုံပဲ ၊ ေနာက္ဆုံးတစ္ေခါက္ သူလာခဲ့တဲ့အခ်ိန္ႏွင့္ယွဥ္လွ်င္ သူက ႐ႊန္း႐ႊန္းေဝေနတာပဲ။
က်န္းေကာ္အာမွာမူ သူ၏႐ႊင္ျပေနေသာစိတ္အေျခအေနမွာ သူ႕လက္ထဲရွိပန္းမ်ားႏွင့္ ဆက္စပ္ေနမွန္း ခန့္မွန္းလိုက္သည္။
ေဝ့ရိခ်န္သည္ အရင္က ႐ႊီလ်န္အား ဝိုင္နီႏွင့္သေရစာမုန့္မ်ား ေပးခဲ့ဖူးသည္။ သို႔ေသာ္ သူက သူမကို တစ္ခါမွ ပန္းမေပးဖူးေပ ၊ အထူးသျဖင့္ ႏွင္းဆီနီေတြေပါ့...
႐ႊီလ်န္သည္ သူမအလုပ္ခန္းမွ သူဝင္လာသည္ကိုျမင္ေတာ့ သူမ ေအာက္ထပ္သို႔ဆင္းလာခဲ့သည္။ သူမမ်က္ႏွာေပၚတြင္ မည္သည့္အမူအရာမွမရွိဘဲ ေဝ့ရိခ်န္အား ၾကည့္လိုက္၏။ မည္သူတစ္ဦးတစ္ေယာက္ကမွ သူမက အရင္တစ္ေခါက္ကကိစၥႏွင့္ပတ္သတ္ၿပီး စိတ္ဆိုးေနလား၊မေနဘူးလားဆိုသည္ကို မေျပာနိုင္ၾကေပ။
"နင္ ဒီမွာ ဘာလုပ္ေနတာလဲ"
ေဝ့ရိခ်န္သည္ အရင္ကတည္းက ႐ႊီလ်န္၏ေအးတိေအးစက္မ်က္ႏွာႏွင့္ အက်င့္ျဖစ္ေနခဲ့ၿပီးသားျဖစ္၏။ သူက သူ႕လက္ထဲတြင္ ႏွင္းဆီပန္းမ်ားႏွင့္ ေရွ႕သို႔ေလွ်ာက္လာၿပီး ေလွကားနားတြင္ရပ္၍ သူမကိုေစာင့္ေနသည္။ ႐ႊီလ်န္မွာ ေနာက္ဆုံးေလွကားထစ္မွဆင္းလာၿပီး ရပ္တန့္သြား၏။ ေဝ့ရိခ်န္က သူမကို ၿပဳံးျပလ်က္ သူ႕လက္ထဲကပန္းေတြကို လက္လွမ္းေပးလိုက္သည္။
"ဒါကမင္းအတြက္ အရင္တစ္ေခါက္ကိစၥအတြက္ေတာင္းပန္တာ"
"မလိုဘူး"
"အရင္တစ္ေခါက္က ငါမွားသြားပါတယ္၊ ငါ အရမ္းစိတ္လိုက္မာန္ပါမလုပ္ခဲ့သင့္ဘူး"
ေဝ့ရိခ်န္သည္ ပန္းေတြကို ႐ႊီလ်န္လက္ထဲသို႔ထည့္ေပးေနရင္း ျပန္ေျပာ၏။ ႏွင္းဆီပန္းမ်ား၏ေမႊးႀကိဳင္ေနေသာရနံ႕မ်ားက ခ်က္ခ်င္း အခန္းထဲျပည့္ႏွက္သြားခဲ့သည္။
"ငါ ထပ္မလုပ္ေတာ့ဘူးလို႔ ကတိေပးပါတယ္"
ေဝ့ရိခ်န္ ၊ ဒီလူက ေပါ့ျပက္ျပက္ျဖစ္ၿပီး နည္းနည္းေလးစိတ္လိုက္မာန္ပါလုပ္တက္ေပမဲ့ သူ ႐ႊီလ်န္ကို ေပးခဲ့သမွ်ကတိအားလုံးကိုေတာ့ တည္ခဲ့သည္။ အရင္တစ္ေခါက္က က်ဴးပင္းက သူမကို ထပ္ၿပီးမေႏွာင့္ယွက္ေစရဘူးလို႔ သူ ကတိေပးခဲ့သည္။ ႐ႊီလ်န္က ထိုကိစၥကို ဂ႐ုမစိုက္ေပမဲ့လည္း ေျပာခဲ့တဲ့အတိုင္း က်ဴးပင္းက သူမကို မေႏွာင့္ယွက္လာခဲ့ေပ။
သူမ သူ႕ကို အတန္ၾကာစိုက္ၾကည့္ေနရင္း တိတ္ဆိတ္ေန၏။
ထိုစဥ္ ဆိုင္အျပင္ဘက္၌ ရွန့္ခ်န္ခုန္းသည္ ေဝ့ရိခ်န္က ႐ႊီလ်န္ကို ႏွင္းဆီပန္းမ်ားေပးေနျခင္းအား ျမင္ေတြ႕နိုင္ရန္ အခ်ိန္မီေရာက္ရွိလာခဲ့သည္။ သူ ေဝ့ရိခ်န္အၿပဳံးေတြကိုၾကည့္ၿပီးေနာက္ အနီေရာင္ႏွင္းဆီပန္းေတြကို ၾကည့္လိုက္သည္။ တျဖည္းျဖည္းခ်င္း ရွန့္ခ်န္ခုန္းမ်က္ဝန္းေတြ ၿငိမ္သက္သြား၏။ အဆုံးမွာေတာ့ သူက သူ႕စကူတာေပၚမွမဆင္းေတာ့ဘဲ ထိုအစား အေဝးသို႔ ဆက္ေမာင္းသြားေတာ့သည္။
ဆိုင္တြင္းရွိသုံးေယာက္ထဲကမည္သူကမွ သူ ေရာက္လာသည္ကို သတိမျပဳမိခဲ့ၾကေပ ၊ ႐ႊီလ်န္က ေဝ့ရိခ်န္မ်က္ႏွာအမူအရာကို စစ္ေဆးေနၿပီး ေနာက္ဆုံးတြင္ ေမးျမန္းလိုက္သည္။
"နင္ ရွန့္ခ်န္ခုန္းကို စုံစမ္းခဲ့တယ္မလား?"
သူမေမးခြန္းက မေကာင္းတာေတာ့မဟုတ္ ၊ အထက္တန္းေက်ာင္းတက္စဥ္တြင္ သူမသည္ ေအးတိေအးစက္ပင္ကိုစရိုက္ရွိၿပီး တစ္ေယာက္တည္းေနလိုေသာ္လည္း ေယာက္်ားေလးအခ်ိဳ႕က သူမကို လိုက္ရန္ႀကိဳးစားေနၾကဆဲျဖစ္သည္။ သူတို႔ေတြက စိန္ေခၚမႈကို သေဘာက်ၾက၏။ သူမ၏ေခ်ာေမာေသာ႐ုပ္ရည္ႏွင့္ မိသားစုအေျခအေနကလည္း အားသာခ်က္တစ္ခုပဲ ၊ သူမ၏အထက္တန္းႏွစ္အစတြင္ ေယာက္်ားေလးေတာ္ေတာ္မ်ားမ်ားက သူမကို ဝန္ခံရန္အတြက္ ေျပးလႊားလာခဲ့ၾကသည္။
ေဝ့ရိခ်န္မွာ ထိုလူမ်ားႏွင့္ တစ္ေယာက္ၿပီးတစ္ေယာက္ ေတြ႕ဆုံခဲ့ၿပီး သူတို႔ႏွင့္စကားေျပာခဲ့ရသည္။ ႏွစ္ကုန္တြင္ ႐ႊီလ်န္ကိုစိတ္ဝင္စားေနေသာ ေယာက္်ားေလးမ်ားမရွိၾကေတာ့ေပ။
ယခုအခ်ိန္တြင္ သူမက ရွန့္ခ်န္ခုန္းႏွင့္တြဲေန၏။ ေဝ့ရိခ်န္၏ပင္ကိုစရိုက္အရ ရွန့္ခ်န္ခုန္းကို မစစ္ေဆးျခင္းမွာ သူ႕အတြက္ လုံးဝမျဖစ္နိုင္ေပ။
ေဝ့ရိခ်န္ ထိုစကားကိုၾကားေသာအခါ သူ႕အၾကည့္ေတြက နည္းနည္းျပင္းထန္လာခဲ့သည္။ ခနဲ႕တဲ့တဲ့အၿပဳံးျဖင့္ သူက
"မင္း ငါ့ကို သူ႕အေၾကာင္းေျပာစရာလား?"
သို႔ေသာ္ ႐ႊီလ်န္က မသက္ညွာေပ။
"နင္ သူနဲ႕ေတြ႕ခဲ့တာလား"
ေဝ့ရိခ်န္ တစ္ဖက္သို႔လွည့္သြား၏။ သည္းမခံနိုင္ေတာ့ဘူး..
"ငါ အားေမာက္ကို သူ႕အေၾကာင္းစုံစမ္းခိုင္းလိုက္တာ ငါ သူ႕ကို ဒီေလာက္အရည္အခ်င္းရွိတဲ့သူတစ္ေယာက္ျဖစ္လိမ့္မယ္လို႔ မထင္ထားခဲ့ဘူး။ ေလေၾကာင္းနည္းပညာတကၠသိုလ္? မင္း ဟိုးအစကတည္းက သိေနခဲ့တာလား?"
"ငါ ေနာက္မွသိခဲ့တာ"
႐ႊီလ်န္ သူ႕ကိုၾကည့္လ်က္
"နင္ ဒီအတြက္ ဘာလုပ္ခဲ့တာလဲ"
"ဒါေပါ့ ငါ သူ႕ကိုစစ္ေဆးခဲ့တယ္၊ အန္တီနဲ႕အန္ကယ္က နိုင္ငံျခားမွာေလ မင္းကိုေစာင့္ေရွာက္ေပးဖို႔အတြက္ ဒီမွာ ငါတစ္ေယာက္တည္းပဲရွိတာ၊ သူ႕မွာ ရည္႐ြယ္ခ်က္ေကာင္းေတြ ရွိရဲ႕လားဆိုတာကို ငါက ေသခ်ာေအာင္လုပ္လို႔မရဘူးလား"
႐ႊီလ်န္ ႏႈတ္ခမ္းေတြေကာ့တက္သြားကာ သူ႕ကိုေျပာလိုက္သည္။
"ငါ့အေမ မၾကာေသးခင္က နိုင္ငံျခားက ျပန္ေရာက္လာခဲ့တယ္"
ေဝ့ရိခ်န္ အံ့အားသင့္သြား၏။
"အန္တီျပန္လာတာလား? မင္း ငါ့ကို ဘာလို႔ေစာေစာမေျပာခဲ့တာလဲ"
"သူမက ရွန့္ခ်န္ခုန္းနဲ႕ေတြ႕ၿပီးသြားၿပီ"
႐ႊီလ်န္ ဆက္ေျပာလိုက္သည္။ ေဝ့ရိခ်န္ တစ္ခဏေလာက္ ၿငိမ္သက္သြားခဲ့၏။ အတန္ၾကာတိတ္ဆိတ္ၿပီးေနာက္ သူ ေထ့ေငါ့၍ စကားဆိုလာသည္။
"ဒီေတာ့ ဒါကဒီလိုေပါ့၊ ဒါဆို မင္းကို ဒီကိစၥနဲ႕ေႏွာင့္ယွက္မိတဲ့အတြက္ ေတာင္းပန္ပါတယ္"
ထို႔ေနာက္ သူ ေနာက္ျပန္လွည့္မၾကည့္ေတာ့ဘဲ လွည့္ထြက္သြားေတာ့သည္။
ေဝ့ရိခ်န္မွာ ရွန့္ခ်န္ခုန္းထြက္သြားခဲ့ေသာ ဆန့္က်င္ဘက္လားရာအတိုင္း ထြက္သြားခဲ့ေသာေၾကာင့္ သူတို႔ႏွစ္ေယာက္က သဘာဝအတိုင္း ဆုံမိၾကမွာမဟုတ္ေပ။
ရွန့္ခ်န္ခုန္း သူ႕စကူတာေမာင္းေနရင္း ႐ႊီလ်န္လက္ထဲရွိအနီေရာင္ႏွင္းဆီပန္းေတြက သူ႕ရင္ထဲစြဲက်န္ေနေလသည္။
သူ ႐ုံးအေဆာက္အဦးတစ္ခုသို႔ ေအာ္ဒါပို႔ေပးၿပီးေနာက္ ရွန့္ခ်န္ခုန္းသည္ သူ႕စကူတာေပၚမွာထိုင္ေနရင္း သူ႕ဖုန္းျမည္လာ၏။ သူ႕အိတ္ကပ္ထဲမွဖုန္းထုတ္ၾကည့္လိုက္ေသာအခါ ေခၚဆိုသူမွာ အမည္မသိဖုန္းေခၚဆိုသူျဖစ္ေၾကာင္း ေတြ႕ရသည္။
တခါတရံ သူ႕အလုပ္နယ္ပယ္တြင္ သူစိမ္းေတြက သူ႕ကိုဖုန္းေခၚဆိုတက္သည့္အတြက္ေၾကာင့္ ရွန့္ခ်န္ခုန္းမွာ ၎အား အမ်ားႀကီးေတြးမေနေတာ့ ၊ သူ ဖုန္းျပန္ေျဖလိုက္သည္။
"ဟယ္လို"
"ဟယ္လို မစၥတာရွန့္ BUNNY ေကာင္တာကပါ"
ဖုန္းလိုင္းတစ္ဖက္မွာ အမ်ိဳးသမီးအသံျဖစ္သည္။
"အရင္က ရွင္ ကြၽန္မတို႔ရဲ႕ထုတ္ကုန္သစ္ႏႈတ္ခမ္းနီ Serenade 007 အေၾကာင္း ကြၽန္မတို႔ကိုေမးထားခဲ့တယ္ေလ၊ ကြၽန္မတို႔ ပစၥည္းကိုျပန္ျဖည့္ၿပီးပါၿပီ။ ကြၽန္မတို႔ ရွင့္အတြက္ တစ္ေခ်ာင္းသက္သက္ ဖယ္ထားေပးရမလား"
ရွန့္ခ်န္ခုန္းသည္ သူ႕ဖုန္းနံပါတ္အား ေကာင္တာကမိန္းကေလးကို ေပးထားခဲ့ေၾကာင္း သတိရသြား၏။ ခဏၾကာၿပီးေနာက္ သူက
"ဟုတ္ကဲ့ ဖယ္ထားေပးပါ၊ ကြၽန္ေတာ္ ဘယ္ေတာ့လာယူရမလဲ"
"ကြၽန္မတို႔က ညဆယ္နာရီဆိုပိတ္ပါတယ္ ဒီေတာ့ အဲဒီအခ်ိန္မတိုင္ခင္ ဘယ္အခ်ိန္ပဲျဖစ္ျဖစ္ အဆင္ေျပပါတယ္"
"ေကာင္းပါၿပီ"
သူ႕အလုပ္ပိတ္ရက္အတြင္း သူ သြားယူနိုင္ေၾကာင္း တြက္ဆထားလိုက္သည္။ အမ်ိဳးသမီးႏွင့္စကားေျပာဆိုၿပီးေနာက္ သူ႕စကူတာျဖင့္ ေနာက္ထပ္သြားမည့္ေနရာသို႔ ေမာင္းထြက္သြားေတာ့သည္။
ေသာေၾကာေန႕တြင္ ႐ႊီလ်န္က ရွန့္ခ်န္ခုန္းအခ်ိန္ဇယားကို စစ္ၾကည့္ၿပီးေနာက္ သူ႕ကို မက္ေဆ့ခ်္တစ္ေစာင့္ပို႔လိုက္၏။
႐ႊီလ်န္ : [ မနက္ျဖန္ ရွင္နားရက္မလား? ရွင္ ႐ုပ္ရွင္႐ုံသြားခ်င္လား ]
သူတို႔ရဲ႕ေနာက္ဆုံးဒိတ္မွာ အက်ိဳးရွိရွိ ပယ္ဖ်က္ခဲ့ၿပီးျဖစ္သည္။ ရိုးရိုးသားသားေျပာရရင္ အစီအစဥ္ပ်က္သြားခဲ့သည့္အတြက္ သူမ ေနာင္တရေနဆဲျဖစ္၏။
႐ႊီလ်န္မွာ သူငယ္ခ်င္းမရွိေပမဲ့ သူမ ႐ုပ္ရွင္ေတြၾကည့္ရတာ တကယ္ႀကိဳက္သည္။ သူမ စိတ္ဝင္စားတဲ့႐ုပ္ရွင္တစ္ကား ျပသသည့္အခ်ိန္တိုင္း သူမ တစ္ေယာက္တည္း သြားၾကည့္ေပလိမ့္မည္။ တစ္ခါက သူမ အင္တာနက္ေပၚတြင္ အထီးက်န္အဆင့္သတ္မွတ္ခ်က္တစ္ခုကို ေတြ႕ခဲ့ဖူးၿပီး စာရင္းထဲရွိသတ္မွတ္ခ်က္မ်ားထဲမွတစ္ခုမွာ ကိုယ့္ဘာသာ ႐ုပ္ရွင္ၾကည့္ျခင္းျဖစ္သည္။
အထီးက်န္တယ္? သူမ တစ္ေယာက္တည္း ႐ုပ္ရွင္ၾကည့္တဲ့အခ်ိန္တိုင္း ႐ႊီလ်န္ အထီးက်န္တယ္လို႔ ဘယ္ေတာ့မွမခံစားခဲ့ဖူးဘူး။ သို႔ေသာ္ ယခုအခ်ိန္မွာေတာ့ ႐ႊီလ်န္သည္ ရွန့္ခ်န္ခုန္းႏွင့္အတူ ႐ုပ္ရွင္ၾကည့္ျခင္းက အမ်ားႀကီးပိုစိတ္ဝင္စရာေကာင္းလိမ့္မယ္လို႔ ထင္၏။
သူမမက္ေဆ့ခ်္ကိုၾကည့္ၿပီးေနာက္ ရွန့္ခ်န္ခုန္း ထိုအေၾကာင္း စဥ္းစားလိုက္သည္။ ထို႔ေနာက္ သူ ျပန္ေျဖ၏။
ရွန့္ခ်န္ခုန္း [ ကိုယ္ စေနေန႕က်ရင္ စာၾကည့္ခ်င္လို႔ ]
________________
စာေရးသူမွာေျပာစရာရွိပါတယ္ ;
ရွန့္ခ်န္ခုန္း : ကိုယ္က စာေလ့လာရတာကိုႀကိဳက္တယ္ စာေလ့လာျခင္းက ကိုယ့္ကိုေပ်ာ္႐ႊင္ေစတယ္
႐ႊီလ်န္ : :)
*****