စွဲမက်ဖွယ်ကောင်းသော မိန်းမပျိ...

By PyaeNway

245K 24.2K 362

( Unicode Ver) သူမသည် ယခင်ဘဝက ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး သူမ၏ မိခင်သည် မတရားသဖြင့်သေဆုံးသွားခဲ့သည် ။ အဆိပ်ဝိုင်... More

Description
1. မီးထဲတွင် ပြန်လည်မွေးဖွားခြင်း
2. စိတ်ထားယုတ်ညံတဲ့ အဒေါ်
3. ပထမဆုံးအကြိမ် တွေ့ဆုံခြင်း
4. အိမ်ဟောင်းရှိ လျှိုဝှက်ချက်များ
5. ဇီတန်ဥယျာဥ်မှ သူခိုး
6. ယုတ်ညံသောအစေခံကို အပြစ်ပေးခြင်း
7. သစ်ခွလက်ဆောင်ပေးဖို့ အစီအစဥ်ဆွဲခြင်း
8. မြို့တော်သို့ မောင်းနှင်လာခြင်း
9. မြို့တော်တံခါးတွင် ခိုက်ရန်ဖြစ်ပွားခြင်း
10. ကြောင်သူတော်ယောင်ဆောင်သော အမကို အနိုင်ယူခြင်း
11. မို့ဟွာဝမ်အား နှုတ်ဆက်ဂါရဝပြုခြင်း
12. အဒေါ်ဖန်၏အကြောင်းကို ဖော်ထုတ်ခြင်း
13. လိဟွာဥယျာဥ်​တွင် အဒေါ်ဖန်၏ ကာကွယ်ပြောဆိုခြင်း
14. ရန်သူများ ထပ်မံတွေ့ဆုံခြင်း
15. မိုရွှမ်မင် ငြင်းပယ်ခံရသည်
16. ချင်ဝေ့ဥယျာဥ်၌ ညီနှမများကြား တိုက်ပွဲ
17. ဗိုလ်ချုပ်အိမ်တော်တွင် ဝမ်းကွဲများ တွေ့ဆုံကြခြင်း
18 . ပိုင်ရီဟောက်နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခြင်း
19 . တွေ့ဆုံသည်
20 . အပေးအယူ
21. ညီအစ်မနှစ်ယောက် ရန်ဖြစ်ရင်း အပြစ်ပေးခံရတယ်
22. အဒေါ်ဖန်က လှည့်ကွက်တွေ ထပ်သုံးပြန်တယ်
23. စာအုပ်ဟောင်းရှိ မှတ်စုများ
24. ထူးဆန်းသော ပြန်လည်ပေးဆပ်ခြင်း ဘုရားကျောင်း
25. ဗုဒ္ဓခန်းမတွင် မိတ်ဟောင်းဆွေဟောင်းနဲ့ တွေ့ဆုံခြင်း
26 . ဗိမာန်တော်ရှိ လူယုတ်မာ ဇာတ်ကွက်များ
27. သူမ၏ဖျားနာမှုကိုအသုံးချ၍ ကြံစည်ခြင်း
28. အကြီးဆုံးအမ၏ အကြံအစည်ကျဆုံးခြင်း (1)
29. အကြီးဆုံးအမ၏ အကြံအစည်ကျဆုံးခြင်း (2)
30. မို့ရွှီတုန်းက ဝင်ရောက်နှောက်ယှက်သည် ။
31. အဒေါ်ကိုအပြစ်တင်သည်
32. မိသားစုဓလေ့ထုံးစံများ (1)
33. မိသားစုဓလေ့ထုံးစံများ (2)
34 . ဖခင်၏အမွေကို စီစဉ်ကူညီပေးခြင်း။
35. တော်ဝင်မင်းသမီး မင်ဇူး
36. မို့ရွှမ်မင် ဖျားနာဟန်ဆောင်သည်
37. မို့ရွှမ်မင်၏ကြံစည်မှုကို ဖျက်ဆီးခြင်း
38. နောက်ကွယ်က လှည့်ကွက်
39. အကြံအစည်ကို ပြောင်းပြန်လှန်ခြင်း
40 . အမေနဲ့သမီနှစ်ယောက်က ဖုချင်ဥယျာဥ်တွင် ထပ်ကြံစည်ပြန်သည်
41. ပန်းလေးမြတ်ပွဲ
42. သခင်မလေး လင်းမင်ရန်
43 . တရားဝင်သမီး
44. နတ်ဆိုးဆန်ပြီး လတစ်စင်းကဲသို့ လှပသောအမျိုးသားနှစ်ဦး
45 . ယုရန်ချန်၏ အမျက်ဒေါ်သ
46. ပြိုင်ပွဲ
47 . ပန်းလေးမြတ်ပွဲ၌ ဧကရီ
48 .တော်ဝင်မင်းသမီးသည် အတိတ်ကို ပြန်အမှတ်ရသောအခါ ဒေါသကြီးလာသည်
49. ဒါအားလုံးဟာ ဥပဒေတစ်ခုပါပဲ
50 . မို့ရွှမ်မင်၏ သရုပ်မှန်
51. နန်းတော်၌ တစ်ညတာ ကုန်ဆုံးခြင်း
52. မို့ရွှမ်မင်၏ မြင့်မြတ်သောအိပ်မက်များအဆုံးသတ်ခြင်း
53. မို့ရွှမ်မင်၏ စုတ်ပြဲနေသော ဂုဏ်သိက္ခာကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလာခဲ့သည်
54. သခင်မရွှီ
55. နန်းတော်မှ တစ်စုံတစ်ယောက်၏ မထင်မှတ်ထားသော အသွင်အပြင်
56. လျှို့ဝှက်ဆန်းကြယ်ပြီး လူဆိတ်ညံနေသော ခြံဝင်း
57. ဧကရီသည် မင်းသားရှောင်ထံ အလှတရားများ ပေးပို့သည်
58. ဧကရီ၏ အစီအစဥ်
59. ထိုအဝတ်အစားများနှင့် ပြဿနာ
60. အောင်သွယ်တော် မို့ရွှီတုန်း
61. သခင်ယု
62. ယုမိသားစု၏ အကြံ
63. ရန်သူများ တွေ့ဆုံခြင်း
64 . အတိတ်၏မုန်းတီးမှုနှင့် ယနေ့မုန်းတီးမှု
65. တန်ပြန်တိုက်ခိုက်မှု
66. စိတ်အနှောက်အယှက်ဖြစ်စေသော မင်းသာရှောင်
67. ရန်ယင်းကုက သူမကို ရင်းနှီးဖို့ကြိုးစားတယ်
68. အဖေနှင့်ဒုတိယဦးလေးကြား သဘောတူညီချက်
69. ပိုင်ရီဟောက်၏ အစီအစဥ်
70. မိုဟယ်၏ စိတ်ခံစားချက်များကို အသုံးချခြင်း
71. ချင်းကို လေ့လာရန် ဖိအားပေးသည်
72. သခင်မအိုကြီးမို ပြန်ရောက်လာပြီ
73. ဘက်လိုက်သော သခင်မကြီး
74. ယုစီလုံက မို့အိမ်တော်ကို လာရောက်သည်
75. ယုတ္တိမရှိသော ယုစီလုံ ကို နှင်ထုတ်ခြင်း
76. မင်းသားရှောင်သည် သူ့ချစ်သူနှင့် ညအချိန်တွင် တွေ့ဆုံသည်
77. ကိုယ်လုပ်တော်သမီးများက ဒုက္ခဖြစ်စေသည်
78. မို့ရွှမ်ချောင် ထိမှန်သွားသည်
79. အခြားအစီအစဉ်ဖြင့် သွားခြင်း
80. ဇီးပွင့်သစ်တောတွင် မင်းသားရှောင် နှင့် ထပ်မံတွေ့ဆုံသည်
81. မင်းသားရှောင်က အကြွေးပြန်ဆပ်ဖို့ တောင်းဆိုတယ်
82. မို့ရွှမ်မင်၏ အရန်အစီအစဉ်
83. မို့အိမ်တော်၏ အတွင်းရင်ပြင်တွင် ပြဿနာတက်ခြင်း
84. မို့ရွှမ်မင်က သနားဟန်ဆောင်သည်
85. မို့ရွှမ်မင်၏ အဆိပ်ကို ဖော်ထုတ်ခြင်း
86. မို့ရွှီတုန်းကို ပြစ်ဒဏ်ပေးခြင်း
87. မနာလိုသော ဝမ်းကွဲ ရန်ယင်းကု
88. စာကြည့်ဆောင်အတွင်း မနာလိုသောအမျိုးသမီးနှစ်ဦး
89. ငါ မင်းကို တက်ဖို့ ကူညီပေးမယ်
90. မို့အိမ်တော်ကို မီးရှို့သည်
91. မင်းသားရှောင်က မီးလောင်ကျွမ်းမှုကို စောင့်ကြည့်သည်
92. မို့ဟွာဝမ်ကို ရာထူးတိုးမြှင့်ပေးခြင်း
93. အဒေါ်ဖန်က သူမ၏ကိုယ်ဝန်ကို ကြေငြာလိုက်တယ်
94. မို့ရွှီတုန်း မူးမေ့လဲခြင်း
95. မို့ရွှီတုန်းသည် အသက်ရှင်လိုသောဆန္ဒကို ဆုံးရှုံးသည်
96. ပိုင်ရီဟောက် ရောက်ရှိလာခြင်း
97. မင်းသားချူးက မင်းသားရှောင် အ်ိမ်တော်သိို့ အလည်ပတ်ရောက်လာသည်
98. ဆယ်မိုင်ကြာပန်းများနှင့် မယုံနိုင်စရာမြင်ကွင်း
99. မို့ရွှီတုန်းရဲ့ နှလုံးသားထဲကကြိုးထုံး
100. ည၌ သီးသန့် စကားဝိုင်း
101. လိဟွာဥယျာဉ်ရှိ မိခင်နှင့်သမီးကြားရှိ အစီအစဉ်
102. အစီအစဥ် ပေါ်လာသည်
103. ပြန်လမ်းမရှိသော မိုဟယ်
104. ချင်းလျံ ဘုရားကျောင်းသို့ခရီးစဉ်
105. ဘုရားကျောင်းထဲမှာ မို့ရွှီတုန်းက ​​အစီအစဥ်တစ်ခုနဲ့ ပိတ်မိသွားတယ်
106. ယုစီလုံ၏ ရှုံးနိမ့်မှုအတွက် အပြစ်တင်ခံရခြင်း
107. မိုက်မဲသော အစီအစဉ်
108. ယုစီလုံ၏ မကောင်းတဲ့ဆန္ဒ
109. သူမကို ရုပ်ပျက်ဆင်းပျက်ဖြစ်စေမည့် နေရာကောင်း
110. ယုစီလုံ ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့သည်
111. တော်ဝင်မင်းသမီး ရုတ်တရက် ပေါ်လာပြီး ကူညီပေးသည်
112. ချင်းလျံဘုရားကျောင်းမှ ဇီးပွင့်များ၏ ရနံ့
113. မို့ရွီတုန်းကို တဖန် ဆန့်ကျင်ရန် ကြံစည်သော ခေါင်းမာသည့် သခင်မယု
114 . အခြားသူများကို အပုပ်ချရန် ကြိုးစားသောသူများ၏ ကံတရား
115. ပြင်းထန်သော တန်ပြန်တိုက်ခိုက်မှု
116. လျှို့ဝှက်ဆန်းကြယ်သော မို့ရွှီတုန်း၏ ပန်းထိုးဆိုင်
117. အဒေါ်ရဲ့ ချစ်စဖွယ်လုပ်ထားတဲ့ အိတ်နဲ့ ကျောက်စိမ်း
118. မို့ရွှမ်မင်၏ နောက်ထပ် ဆိုးရွားသော ဇာတ်ကွက်
119. နောက်ထပ်ဖြစ်ရပ်တစ်ခု
120. နောက်ထပ်ဖြစ်ရပ်တစ်ခု(2)
121. ချင်ဝေ့ဥယျာဥ်တွင် အဒေါ်ဖန်၏ ကလေးဆုံးရှုံးခြင်း
122.ပန်းကြာပန်းကို ခေါင်းအုံးအောက်တွင် တွေ့ရှိခဲ့တယ်
123. ဆိုးညစ်သောသားအမိသုံးယောက်က မို့ရွှီတုန်းကိုနှင်ထုတ်သည်
124.အမျိုးသမီးများ၏နှလုံးသားများက အရက်စက်ဆုံးဖြစ်သည်
125. အဒေါ်ဖန်သည် သူမ၏ မကောင်းမှုများအတွက် ပေးဆပ်ခဲ့ပြီး သူမ၏အဆင့်အတန်းကို ဆုံးရှ
126. အေးစက်ပြီး မှောင်မိုက်နေသော မိုအိမ်တော်၏ နှက်သစ်ကူးအကြို
127. နှင်းကျသော နှစ်သက်ကူးညတွင် လျှောက်လည်ခြင်း (1)
128. နှင်းကျသော နှစ်သက်ကူးညတွင် လျှောက်လည်ခြင်း (2)
129. တင်အိမ်တော်၏ အလှလေး
130. အမျိုးသမီးဂျင်၏ ဓားသွား ဆံညှပ်
131. တစ်ဦးစီသည် ၎င်းတို့၏ ကိုယ်ပိုင် စိတ်ကူးများ ရှိသည်
132 . နှစ်သစ်ကူးအကြိုညတွင် မင်းသားရှောင် လုပ်ကြံခံရမှု
133. သီးသန့် တွေ့ဆုံပြီး အကြံစည်များချမှတ်ခြင်း
134. မို့ရွှမ်မင်သည် သူ့ညီမကို ကြံစည်ရန် သနားဟန်ဆောင်သည်
135. ရှန်းမင် မျှော်စင်တွင် အားလုံးစုဝေကြခြင်း
136. ကစားပွဲကောင်းများ တစ်ခုပြီးတစ်ခု
137 . မို့ရွီတုန်းသည် အမှောင်ထဲတွင် ခိုးကြောင်ခိုးဝှက်ကြည့်သည်
138. ဖန်ယုလန် ဒဏ်ရာရပြီး ကုသမူခံယူခဲ့ရသည်
139. စစ်ဝန်ကြီးအိမ်က မိုရွှမ်မင်ကို လက်ထပ်ဖို့ တောင်းရမ်းသည်
140. အဖေနဲ့သမီးကြားက အချိုးအကွေ့
141. စာကြည့်ဆောင်တွင် လှပသောမြွေက အသနားခံခြင်း
142.အားကိုးမရသော ကောလဟာလ
143. စီမာလင်းရန်၏အခြားအမျိုးသမီး
144. ဒေါ်သထွက်ဖို့ကောင်းသော သခင်လေးလိယွီမို
145. မို့ရွှမ်မင် အရိုက်ခံရသည်
146. ယုရန်ချန်ရဲ့ ကံဆိုးမှု
147. စီမာလင်းရန် မြို့တော်သို့ အမြန်ပြန်လာရခြင်း
148 . ကြီးမြတ်သောအိမ်တော်ကြီး လေးခု၏ ဒုက္ခ
149. လန်ချိလု မို့အိမ်တော်သို့ဝင်ရောက်လာခြင်း
150. အသရေပျက်ခြင်း
151. သူမ၏အဒေါ် ဘယ်လိုမှမဖြစ်လာနိုင်ဘူး
152. နန်းတော်တွင် တိုက်မိခြင်း
153. ထူးခြားသောနည်းလမ်းများဖြင့် မို့ရွှမ်မင် နန်းတော်ထဲသို့ ဝင်ရောက်ခြင်း
154.ဘယ်သူက အိမ်ရှေ့စံ ဖြစ်လာနိုင်သလဲ
155. စိတ်အနှောက်အယှက်ဖြစ်စေသော သူ
156. ယုရန်ချန်သည် မို့ရွှီတုန်းကို ခြိမ်းခြောက်သော်လည်း သူသာလျှင် အရှက်ကွဲခဲ့သည်
157 . ဧကရာဇ်ကိုယ်လုပ်တော်များကြား ပြိုင်ဆိုင်မှု
158. ခမ်းနားထည်ဝါသော ဝတ်စုံပေါ်ရှိ လိပ်ပြာနှစ်ကောင်
159. ဧည့်ခံပွဲ၌ အချစ်ကဗျာ
160. နန်းတော်ရှိ အိမ်အကူ၏ လျှို့ဝှက်သတင်းစကား
161. အချစ်ကဗျာကို ဘယ်သူရေးခဲ့သလဲ နှင့် နောက်ကွယ်က လျှို့ဝှက်ဆက်ဆံရေးကို ရှာဖွေခြ
162 . ပွဲအပြီးတွင် ဒုက္ခတွင်းပိတ်မိနေခြင်း
163 . အမှောင်ထဲရွိ သိမ်မွေ့သောထောင်ချောက်
164. ဇာတ်လမ်းကြည့်ရန် နေရာကောင်းတစ်ခု
165. ချင်းဖန်ဥယျာဉ်ရှိ စိတ်ဝင်စားစရာဇာတ်ပွဲ
166. ယုမင်ရုံ၏ အဖုအထစ်များ
167. ချင်းဖန်ဥယျာဉ်ရှိ စိတ်ဝင်စားစရာဇာတ်ပွဲ
168. အမှုကို ဦးဆောင်နေသောသူသည် မည်သူနည်း
169. စိတ်ဝင်စားစရာကောင်းသော ပွဲ
170. မင်ဇူးနန်းတော်တွင် တစ်ယောက်တည်း တိတ်တိတ်ဆိတ်ဆိတ်နေခဲ့သည်
171. တော်ဝင်ညီအစ်ကိုများ
172. နောက်ကလိုက်လာတဲ့ အလှလေး
173.နာကြည်းမှု
174. နန်းတော်အပြင်ဘက်တွင် ပြန်ပေးဆွဲခြင်း
175. ရထားပြေးခြင်းနှင့် ဘဝ၏သေခြင်းရှင်ကြား ရုန်းကန်ခြင်း
176 . အမှိုက်စုံတွဲ
177. ပိုမိုနက်ရှိုင်းသောခံစားချက်နှင့် ရှုပ်ယှက်ခတ်မှု
178. ထိုပရမ်းပတာသည် မည်သူအတွက် အကျိုးရှိသနည်း
179. ချန်မြို့စားကတော်သည် တိုက်ပွဲစတင်ရန် ရောက်ရှိလာခဲ့သည်
180. မြို့စားကတော်သည် အိမ်သို့ ရှက်စိတ်ဖြင့် ပြန်သွားရသည်
181.ဆိုးညစ်သော အလှတရားက သူ့ကိုယ်သူ ဒဏ်ရာအနာတရဖြစ်စေခြင်းဖြင့် ပြောင်မြောက်သောလှည
182 . ချင်ဝေ့ ဥယျာဉ်ရှိ နောက်ထပ် မြှောက်ပင့်ပွဲ
183.လက်ဝတ်ရတနာတွေ အများကြီးရှိခဲ့တယ်
184. သူတို့၏ ကိုယ်ပိုင် အစီအစဉ်
185. အချစ်၏သင်္ကေတ

74. ယုစီလုံက မို့အိမ်တော်ကို လာရောက်သည်

992 106 0
By PyaeNway

"စတုတ္ထသခင်မလေးက တတိယသခင်မလေးကို တိုက်မီတဲ့အတွက် သခင်ကြီးက အပြစ်တင်မှာလား။" 

မို့ရွှီချောင် ၏ ကိုယ်ရေးကိုယ်တာ အိမ်အကူက သေသေချာချာ မေးသည်။ မို့ရွှီတုန်းသည် အဓိကသမီးဖြစ်သောကြောင့် သူမကြောက်သည်။  ထို့အပြင် သူမသည် အချစ်ခံရသော သမီးလေးတစ်ဦးဖြစ်သည်။ 

"ဘာကိုကြောက်ရမှာလဲ၊ သူ့ အဖေ့ကိုပြောပြဖို့ သတ္တိရှိမှာလား? သူမက ခေါင်းကိုထိမိတာတောင် တိို့ကို ပြန်မပြောရဲဘူး ။ ဘယ်လောက်တောင် အသုံးမကျလိုက်လဲ။" မို့ရွှီချောင်က အေးစက်စွာ ရယ်မောရင်း ပြောသည်။ 

"ပြီးတော့ သူက မြို့စားကြီးရဲ့အိမ်မှာ လက်ထပ်ပြီး အိမ်ထောင်ရှင်မဖြစ်ချင်တယ်၊ သူမက စီမံခန့်ခွဲလို့ရမယ် ထင်နေသလား!" 

"ဒါပေမယ့် စတုတ္ထမိန်....." အိမ်အကူက တစ်ခုခုပြောချင်သော်လည်း မို့ရွှိချောင်က သူမလက်ကို စိတ်မရှည်စွာ ဝှေ့ယမ်းလိုက်သည်။  သူမ ကျေနပ်စွာ ရယ်မောလေသည် ။

"ဟင့်အင်း၊ တို့က ဘယ်လိုမှ မကြောက်ဘူး ။ ဒါဖြင့် သူက အဓိက သမီးဖြစ်ရင်ရော ဘာအရေးလဲ ၊ မို့ရွှမ်မင်ကိုလည်း သူမက ဘာမှ မပြောရဲ့ဘူး။ မို့ရွှမ်မင်က သူ့ကို အနိုင်ကျင့်ရင် တို့လည်း ကျင့်နိုင်တယ် !" 

ချင်ဝေ့ ဥယျာဉ်တွင်

မို့ရွှီတုန်းရဲ့ ဒဏ်ရာက ဒီတခေါက် တော်တော်ပြင်းထန်ပြီး  နဖူးတွင် အနီရောင်အဖုကြီးတစ်ခု ရှိနေသည်။  ကံကောင်းထောက်မစွာ၊ မိုရီသည် လျင်မြန်စွာ လုပ်ဆောင်ခဲ့သည်။  ဒီလိုမှမဟုတ်ရင် သူမဟာ လဲကျရုံသာမက ရှက်ရွံ့စွာဖြင့် ရုပ်ပျက်ဆင်းပျက်လည်း ဖြစ်သွားနိုင်ပါတယ်။  ယခုအချိန်သည် ဆောင်းရာသီဖြစ်၍ ကုသရန် အချိန်အနည်းငယ်ကြာမည်ဖြစ်သည်။ 

သူမသည် မို့ရွှမ်မင် ပေးလိုက်သော ဆေးကို ဘေးနားသို့ လွှင့်ပစ်လိုက်သည်။ မို့ရွှီတုန်းက အဲဒါကို မသုံးဝံ့ဘူး။ 

သူမ၏ အတိတ်ဘဝတွင် သူမ မသိလိုက်ဘဲ အဆိပ်ခတ်ခံခဲ့ရသည်။  အစတုန်းကတော့ ကိုယ်ဝန်တောင် မရခဲ့ဘူး။  အရင်ဘဝတုန်းက အဆိပ်ကြောင့် သူမ၏ သန္ဓေသားကို ထိခိုက်စေကြောင်း သိလိုက်ရတယ်။ 

မိခင်ရှုသည် သူမ၏ဒဏ်ရာများကို ဆေးကြောသန့်စင်ရန် ကူညီပေးပြီးနောက် ဖုံးကွယ်ရန် ပတ်တီးများကို စည်းပေးခဲ့သည် ။  ၎င်းသည် အနည်းငယ် ပိုကောင်းလာစေသည်။ 

အားလုံးထွက်သွားပြီးနောက် မို့ရွှီတုန်းသည် ဆေးကို ကောက်ကိုင်လိုက်ပြီး သူ့လက်ထဲတွင် ကစားသည်။  ထို့နောက် သူမအနားတွင် ရပ်နေသော မိုရီထံ ဖြတ်သွားသည် ။

"မိုဖန်းကို ထွက်လာပြီး အထဲမှာ ဘာတွေပါလဲ ကြည့်ဖို့ ခေါ်သွားပါ"

မို့ရွှမ်မင် သည် အကြောင်းပြချက်မရှိဘဲ သူမအပေါ် စေတနာထားသည်ဟု သူမ ယုံမည်မဟုတ်ပေ။  နှစ်ယောက်သား ပြုတ်ကျလုနီးပါး ဖြစ်နေခဲ့သည် ။ ထိုအရာကို မို့ရွှမ်မင်က အခုမှ ဂရုစိုက်ချင်ယောင်ဆောင်နေတာ ထူးဆန်းလိုက်တာ။  သူမ နင်းမိခဲ့သမျှကို ရှင်းရှင်းလင်းလင်း မှတ်မိသည်။  အဲဒါက တံခါးပေါက်မဟုတ်ဘူး။  ပြီးတော့ သူမရှေ့မှာ မိုရွှမ်မင်တစ်ယောက်ပဲရှိတော့တယ်။ 

"ဟုတ်ကဲ့။" 

မိုရီသည် တစ်ခါမှ စကားမပြောပေ။  သူမက ပြန်ပြောပြီး လှည့်ထွက်သွားသည်။  မိုဖန်းသည် လျှို့ဝှက်အစောင့်တစ်ဦးဖြစ်ပြီး များသောအားဖြင့် အခြားသူများရှေ့တွင် ပေါ်မလာပေ။  မိုရီနဲ့ ပတ်သက်တာတွေက ပိုရိုးရှင်းပါတယ်။ သူတို့နှစ်ဦးသည် အချင်းချင်း ဆက်သွယ်ရန် နည်းလမ်းရှိကြသည်။ 

မို့ရွှမ်မင်၏ ချင်ဝေ့ ဥယျာဉ်သည် ဧည့်သည်တစ်ဦးကို ကြိုဆိုခဲ့သည်။  ယုစီလုံသည် ယုအိမ်တော် ၏ ပထမဆုံးသခင်မလေး ဖြစ်သည် ။ သူမသည် စားပွဲတစ်ခုရှေ့တွင်ထိုင်ကာ အဖြူရောင် ကျောက်စိမ်းနားကပ်တစ်ရံကို ပြတင်းပေါက်သို့ ကိုင်ဆောင်ကာ နေရောင်အောက်တွင် စမ်းကြည့်နေသည်။ 

"ညီမဝမ်းကွဲ၊ ဒီကျောက်စိမ်းက တကယ်ကောင်းတယ်။ ဘယ်လောက် အပြစ်အနာအဆာမရှိလဲ ကြည့်လိုက်စမ်း။ တကယ်စျေးကြီးပုံရမယ်။ မင်းတို့ကိုပေးရင် တို့စိတ်မဆိုးဘူးနော် "

"ငါတို့က ညီအစ်မတွေ နင်ဘာတွေပြောနေတာလဲ ၊ ဒါတွေက တို့ဆီမှာ အများကြီးရှိတာ ။ မြို့စားကြီးရဲ့သားက တို့ကို ကျေးဇူးတင်တဲ့အနေနဲ့ ဒီလက်ဆောင်တွေ ပေးခဲ့တယ်၊ ဒါပေမယ့် ဒါတွေ မင်းကို ပေးလို့ရပါ့မလားတော့ တို့မသိဘူး "  အခန်းထဲတွင် အခြားမည်သူမျှမရှိသောကြောင့် မို့ရွှမ်မင်က ဟန်ဆောင်နေစရာမလိုပေ။ 

"သခင်လေးက အဲဒီဆင်းရဲတဲ့မိသားစုက ကြွက်လေးကို သဘောကျတယ်။ သူမက ဘာဖြစ်လို့ မြင့်မြတ်ဟန်ဆောင်ဖို့ ငြင်းဆန်နေသေးတာလဲ။ သူမ အိမ်ထောင်ပြုဖို့ လုံလောက်ပြီလေ။" 

ယုစိလုံသည် နားကပ်ကို သဘောကျရန် စိတ်မ၀င်စားတော့ပေ။  သူမ ဝမ်းကွဲ၏ စာကြည့်ဆောင်တွင် မို့ရွှီတုန်း၏ပုံတူပုံကို မြင်လိုက်ရသောအခါ သူမ မနာလိုဖြစ်မိသည် ။

"ညီမဝမ်းကွဲ၊ ဒီကြွက်ငယ်ကို မင်းတို့အားလုံးသာ ပညာပြလိုက်ရင် သူမက ဒီမှာ ဘယ်လို အညှာအတာ ခံနိုင်မှာလဲ၊ မင်း သူ့ကို ဆေးတိုက်ပြီး သခင်စီမာရဲ့ အိပ်ယာထဲ ပို့လိုက်လို့ ရပါတယ်။ ကျန်တာကတော့ သူ့ဆန္ဒနဲ့ လုံးဝ သက်ဆိုင်ပါတယ် ၊ ထိမ်းမြားလက်ထပ်သည်ဖြစ်စေ ကိုယ်လုပ်တော်​ပဲ ဖြစ်စေ မြန်မြန် ယူရင်ပြီးတာပဲ "

"မင်းက မို့ရွှီတုန်းကို အရင်တုန်းကလို ထင်နေသလား ၊ သူမက တကယ်ကို လိမ္မာပါးနပ်တယ်။ တို့လူတွေက သူမနဲ့ မရင်းနှီးနိုင်ဘူး။" 

မို့ရွှီတုန်းပြန်ရောက်ပြီးကတည်းက ဖြစ်ပျက်ခဲ့တဲ့ မနှစ်မြို့ဖွယ်အဖြစ်အပျက်တွေကို သူမတွေးလိုက်တဲ့အခါ မို့ရွှမ်မင်ရဲ့အမူအရာက ခါးသီးလာတယ်။ 

"ညီမဝမ်းကွဲ၊ မင်းက စီမာလင်းရန်ကို စိတ်ဝင်စားတယ်လို့ မင်းရဲ့စာထဲမှာ ပြောခဲ့တာ။ မင်း သူ့ကို မို့ရွှီတုန်း ကို ပေးလိုက်ရတာ စိတ်မကောင်းဘူးလား" 

ယုစီလုံက စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။ မို့ရွှမ်မင် သည် လွန်ခဲ့သော ရက်အနည်းငယ်က သူမထံ စာတစ်စောင်ပေးပို့ခဲ့သည်။ စာထဲတွင် သူမသည် စီမာလင်းရန်ကို စိတ်ဝင်စားနေပုံရသည်။  သူမ မြို့တော်မှာ အခုဘာကြောင့် ကွာခြားသွားတာလဲ ။ 

" မြို့စား ရဲ့သားက တကယ့်ကို ရွေးချယ်မှုကောင်းတစ်ခုပါ။ ဒါပေမယ့် မြို့စားကြီးရဲ့ မိသားစုက ပြိုလဲသွားပြီးဆိုတော့ တို့က ပိုကောင်းတဲ့ မိသားစုနဲ့ လက်ထပ်ရမှာပေါ့။"

မို့ရွှမ်မင်က ခပ်ဖျော့ဖျော့ပြုံးပြီး အထင်အမြင်သေးစွာဖြင့် ပြောလိုက်သည်။  သူမ၏ မျက်လုံးထဲတွင် ချောမောသော မျက်နှာတစ်ခု ပေါ်လာသည်။ 

မင်မြို့စား ၏သားသည် သူမ၏ပစ်မှတ်အသစ်ဖြစ်သည်။  သူမသည် ပထမတော့ စီမာလင်းရန်ကို သဘောကျခဲ့ပြီး သူမကို ဂရုတစိုက် ဆက်ဆံသောကြောင့် သူတို့သည် အလွန်ရင်းနှီးခဲ့ကြသည်။ 

သို့သော် ယုရန်ချန်၏အသွင်အပြင်သည် သူတို့နှစ်ဦးကြား ခြားနားချက်ကို မြင်လာစေသည်။  သူမနှလုံးသားက ယုရန်ချန်အပေါ်မှာ အခြေချနေပြီလေ။  ထို့အပြင် စီမာလင်းရန် နှင့် သူမ ရင်းနှီးသော်လည်း သူမနှင့် လက်ထပ်ရန် မလိုအပ်ပေ။ 

မို့ရွှမ်မင်သည် မြို့စားကြီး၏ကတော်ကို စောင့်ကြည့်ခဲ့ပြီး သူမသည် သူ့သားကို မြင့်မြတ်သော အဓိကသမီးတော်နှင့် လက်ထပ်ရန် ရည်ရွယ်ထားကြောင်း သူမ သိခဲ့သည်။  သူမကို မြို့စားကတော်ကဘယ်တော့မှထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။  သူတို့ရဲ့ ရည်မှန်းချက်တွေက မတူတဲ့အတွက် သူတို့ရဲ့ ဆက်ဆံရေးဟာ နွေးထွေးသွားခဲ့တယ်။ 

မို့ရွှီတုန်း၏ အသွင်အပြင်သည် ချက်ချင်းပင် ၎င်းတို့၏ ရည်မှန်းချက်များကို ညီညွတ်စေခဲ့သည်။  သူတို့နှစ်ဦး အတူတကွ သီးသန့်ဆွေးနွေးခဲ့ကြပြီး မို့ရွှမ်မင်နှင့် အဒေါ်ဖန်သည် စီမာလင်းရန်မှ မို့ရွှီတုန်းကိုရရှိအောင် ကူညီမည်ဟု နိဂုံးချုပ်လိုက်ပါသည်။ 

သူတို့သည် သူမကို အသုံးချပြီးသောအခါတွင် သူမအသက်ကို အဆုံးသတ်ကြလိမ့်မည်။  ထို့နောက် မို့ရွှမ်မင်ကို ဇနီးအဖြစ် ခံယူမည်ဖြစ်သည်။  မို့ရွှီတုန်းလက်ထဲက အရာအားလုံးဟာ မို့ရွှမ်မင်ဟာ ဖြစ်လာလိမ့်မယ်။ 

စီမာလင်းရန်၏ ဒုတိယဇနီးအဖြစ်၊ သူ့အမေက သူမကို ရွေးချယ်စရာမရှိပဲ လက်ခံရမည်ဖြစ်သည် ။  ထို့အပြင် အဒေါ်ဖန်သည် ထိုအချိန်တွင် အဓိကဇနီးဖြစ်လာမည်ဖြစ်ပြီး မို့ရွှမ်မင်အား အဓိကသမီးအဖြစ် သတ်မှတ်နိုင်မည်ဖြစ်သည်။  မြို့စားကတော်သည် ဘာမှ ထပ်တောင်းဆိုလို့ မရတော့ဘူး။ 

စီမာလင်းရန်သည် မို့ရွှီတုန်း၏ ကျောထောက်နောက်ခံဖြစ်သော လုအိမ်တော်၏ အင်အားကို အသုံးပြုပြီး သူ့မိသားစုကို ပြန်လည်ထူထောင်လိုခဲ့သည်။

မို့ရွှမ်မင် သည် ယုရန်ချန်၏ဇနီးမဖြစ်ခဲ့ပါက မြို့စားကြီးမိသားစု၏ဇနီး ဖြစ်နိုင်သည်ဟု မို့ရွှမ်မ
င်တွေးခဲ့သည်။ နောက်ဆုံးတွင် ပျော်ရွှင်စရာအဆုံးသတ်ဖြစ်လိမ့်မည် ။

အခု သူမတွင် ရွေးချယ်စရာ နှစ်ခုရှိပြီး ဘာပဲဖြစ်ဖြစ် သူမဟာ နောက်ဆုံး အောင်မြင်သူဖြစ်လာလိမ့်မည် ။ ထို့အပြင် မို့ရွှီတုန်းမပါဘဲ အဒေါ်ဖန်သည် မိသားစု၏ဇနီးအဖြစ် အခိုင်အမာ ရပ်တည်နိုင်လိမ့််မည် ။

လုရှကျန်ရစ်ခဲ့သော ခန်းဝင်ပစ္စည်းများသည် အလွန်တရာ ခမ်းနားထည်ဝါပြီး များပြားလွန်းသည်မှာ ထိတ်လန့်စရာပင်။  သူတို့အားလုံးကို သိုလှောင်ခန်းငယ်တစ်ခုတွင် သော့ခတ်ထားသည်။  ၎င်းတို့အားလုံးသည် အဒေါ်ဖန်နဲ့ သူမနှင့်သာ သက်ဆိုင်မည်ဖြစ်သည်။ 

ဤမျှလှပသောအလားအလာသည် မို့ရွှမ်မင်၏နှလုံးကို ပျော်ရွှင်သွားစေခဲ့သည်။  သူတို့နှစ်ဦးသည် တူညီသောပန်းတိုင်များရှိပြီး မို့ရွှီတုန်းကို ဆန့်ကျင်ရန် အတူတကွ ပူးပေါင်းလုပ်ဆောင်ခဲ့ကြသည်။ 

သို့သော် လူက အစီအစဥ်ဆွဲခဲ့သောလည်း အဆုံးအဖြတ်ကို ဘုရားသခင်က ပေးသည်။ 

မို့ရွှီတုန်းသည် မို့အိမ်တော်ထဲသို့ ၀င်ရောက်လာမည်ဟု မည်သူမျှမထင်မှတ်ခဲ့ဘဲ အဒေါ်ဖန် သည် မို့ဟွာဝမ် ၏ချစ်ခင်မှုကိုဆုံးရှုံးပြီး ပိတ်လှောင်ခံလိုက်ရသည် ။  နောက်တော့ နန်းတော်တွင် သူမရဲ့ အဖြစ်အပျက်တစ်ခု ဖြစ်သွားတယ်။ မို့ရွှမ်မင်သည် ထိုအကြောင်းကိုတွေးတိုင်း ဒေါသဖြစ်ဆဲပင်။

ပေါ်လာမည့်သူသည် မင်းသားချူမဟုတ်ဘဲ သူ၏ကိုယ်လုပ်တော်ဟု  သူမမည်သို့ မျှော်လင့်ထားနိုင်မည်နည်း။

ယုစီလုံသည် မို့ရွှမ်မင်ပြောတာကို နားထောင်ပြီးသွားတော့ လက်ခုပ်တီးကာ သဘောတူလိုက်တယ်။  သူမက ပြင်းပြင်းထန်ထန် ပြုံးပြီးပြောတယ်

"ညီမဝမ်းကွဲ၊ ဒါ ကောင်းတဲ့ အစီအစဥ်ပဲ။ မင်းရဲ့ ထက်မြက်မှုတွေနဲ့ မင်းဟာ ပိုကောင်းတဲ့ နေရာမှာ ရှိနေဖို့ သေချာပေါက် ထိုက်တန်ပါတယ်။ ဒီကြွက်လေး ဘယ်လောက်ကောင်းနေပါစေ၊ မင်းမှာ ရှိတဲ့ ဉာဏ်ပညာကို သူမ မပိုင်ဆိုင်နိုင်ပါဘူး ။ စိတ်ချပါ သူမ ဒီတစ်ခါတော့ လှည့်စားခံရမှာ သေချာပါတယ်။ သူမလက်ထပ်ချင်တဲ့သူရဲ့ ဆုံးဖြတ်ချက်က သူ့လက်ထဲက ထွက်သွားမှာပါ" 

သူမသည် ဝမ်းကွဲအခန်းထဲက မို့ရွှီတုန်း၏ ပုံတူကို တွေးတိုင်း မနာလိုမုန်းတီးမှုတွေနဲ့ ပူလောင်နေခဲ့တယ်။  အဲဒီ ကြွက်လေးနဲ့ ပတ်သတ်ပြီး ဘာတွေ ကောင်းနေလို့လဲ ။ ထိုကြွက်က တော်ရုံတန်ရုံကြည့်ကောင်းပေမဲ့ သူမလောက်မလှပါဘူး။  သူ့အစ်ကိုဝမ်းကွဲရှောင်က အဲဒီကြွက်လေးကို ဘာကြည့်ကြိုက်လဲ မသိပါဘူး ။ 

သူမသည် ကြီးမားသော ကျောက်တုံးကြီးတစ်ခုကို ရခဲ့ပြီး ထိုနေ့တွင် ကြွက်လေးကို သတ်သင့်သည်။ ကံကောင်းထောက်မစွာ၊ ယခုအချိန်တွင် အခွင့်ကောင်းရရှိလာလေပြီ ။

မို့ရွှီတုန်းသည် ချန်ဂိုမြို့စား ၏အိမ်သို့ဝင်ရောက်နေသမျှကာလပတ်လုံးသူမ၏အမိန့်အောက်တွင် ရှိနေလိမ့်မည်။ 

အဲဒါကို တွေးပြီး သူမ ကျေနပ်စွာ ပြုံးလိုက်တယ်။

ယုစီလုံ​က ရုတ်တရက် အပြုံးရပ်လိုက်သည် ။
"အဒေါ်ကို ဘာလို့ မလွှတ်ပေးသေးတာလဲ၊ သူမက အကျဉ်းချခံနေရတုန်းဆိုတော့ ဒီလို့ပွဲကောင်းကို ဘယ်လို စောင့်ကြည့်နိုင်မှာလဲ"

ဒါက သူမအဖွားကို မေးဖို့ အထူးပြောထားခဲ့တာ။  သူမသည် ထိုအချိန်မှသာ မှတ်မိသည်။

"အဒေါ် နေကောင်းပါတယ်၊ စိတ်မပူပါနဲ့ အဖွားကို တို့ပြောထားပြီးပြီး ၊ ဒီရက်ပိုင်းအတွင်း လွတ်လာမှာပါ" 

မို့ရွှမ်မင်က ကျေနပ်စွာ ပြုံးလိုက်သည်။  ဒီကိစ္စကို အဖွားကိုပြောထားသရွေ့ သူ့အဖေက အဒေါ်ကို လွှတ်ပေးဖို့ကလွဲလို့ ရွေးစရာမရှိတော့ဘူး။

မို့ရွှီတုန်းသည် စီမာလင်းရန်၏လက်ထဲတွင်အဆုံးသတ်ပြီး သူမ၏နာမည်ပျက်သွားပြီးနောက် ထိုကိစ္စနဲ့ပတ်သက်ပြီးး မို့ရွှီတုန်းသည် ဂရုမစိုက်နိုင်လောက်အောင် အလွန်အလုပ်များနေမည်ဖြစ်ပြီး အဒေါ်ဖန်ကိုတိုက်ခိုက်ရန် အချိန်နှင့်ခွန်အားမရှိနိုင်တော့ပေ။

ထိုအချိန်တွင် ဖခင်သည် မို့ရွှီတုန်းကို စိတ်ပျက်သွားကာ သူမနှင့် အစ်ကိုဖြစ်သူကို ပိုအာရုံစိုက်နေမည်ဖြစ်သည်။ နောကိပိုင်းတွင် အဒေါ်ဖန်ကို အဓိက ဇနီးအဖြစ် ခန့်အပ်ခြင်းအား အဟန့်အတား မရှိနိုင်တော့ပါ ။

မို့ရွှီတုန်းက သူတို့မှာ အစီအစဉ်တွေ အများကြီးရှိမှန်း မသိခဲ့ဘူး။ သူမ နေ့လယ်စာစားပြီးနောက် တစ်ရေးတစ်မော အိပ်လိုက်သည် ။ အိပ်ရာမှ ထလိုက်ပြီးမှ ခေါင်းပေါ်ရှိ ရောင်ရမ်းမှုသည် အနည်းငယ် သက်သာသွားသည်ကို ခံစားခဲ့ရသည်။ သူမသာဆံပင်တွေကို အုပ်ထားလိုက်ရင် သူမကို ဂရုတစိုက်မကြည့်သရွေ့ ဘယ်သူမှ သတိထားမိမှာ မဟုတ်ဘူး။

သူမသည်  ဥယျာဉ်ကို သွားကြည့်ဖို့ ဆုံးဖြတ်လိုက်ပြီး  မိုရီ၏လက်ကို ဆုပ်ကိုင်လိုက်ကာ ထိုနေရာသို့ ဖြည်းညှင်းစွာ လျှောက်သွားသည်။ 

လေထဲတွင် လွင့်ပျံနေသော နှင်းပွင့်လေးများ ရှိနေသည်။  နှင်းပွင်းများသည် မြေကြီးပေါ်တွင် မစုမိသေးသော်လည်း မြေပြင်က အနည်းငယ်စိုစွတ်နေပြီ ဖြစ်သည် ။ ဆောင်းရာသီ၏အစဖြစ်ပြီး အအေးပိုလာသဖြင့် သူမသည် သေးသွယ်သောဝတ်ရုံထက် ကြီးမားပြီး ချောင်ချောင်ချိချိဝတ်ရုံကို ၀တ်ထားသည်။ 

မိခင်သေဆုံးပြီးနောက် သူမသည် အပြင်းဖျားပြီး အိပ်ရာပေါ်မှ မထနိုင်တော့ပေ။  ထို့နောက် ပြန်လည်သက်သာလာစေရန် သူမအား ချင်းအိမ်တော်ထံ ပို့ဆောင်ခဲ့သည်။  သူမ၏ ကျန်းမာရေးအခြေအနေမှာ အတက်အကျရှိပြီး မြို့တော်တွင် ပြန်လည်သက်သာလာသော်လည်း သူမသည် အလွန်ပိန်လှီဆဲဖြစ်သည်။ 

"ဒါက တတိယသခင်မလေး မို မဟုတ်လား" 

ဘေးနားရှိ တောင်အတုများမှ လှောင်ပြောင်သည့်အသံကို ကြားရသည်။ မို့ရွှီတုန်းသည် သူမရှိရာသို့ ရပ်လိုက်ပြီး အသံ၏ ဦးတည်ရာဆီသို့ လှည့်ကြည့်လိုက်သည်။ 

အရပ်ရှည်ရှည် ဆယ်ကျော်သက် မိန်းကလေးတစ်ဦး၏ဘေးတွင် မိုရွှမ်ချောင်ကို သူမမြင်လိုက်ရသည်။  မိုရီရဲ့လက်ကို တင်းတင်းဆုပ်ကိုင်ထားရင်း သူမ မျက်လုံးတွေ အေးစက်လာသည်။ 

သူမသည်ယခင်ဘဝတွင် ယုစီလုံ၏ လက်ချက်ကြောင့် ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့သည်။  သူမသည် ယုမိသားစု၏ အကြီးဆုံးသမီးဖြစ်ပြီး လွန်စွာမှ အစွဲအလမ်းကြီးသည်။  သူမသည် ဂီတနှင့် စစ်တုရင်ပညာကို ကျွမ်းကျင်ပြီး တိမ်တိုက်မြို့ တွင် သူမ၏ အရည်အချင်းများကြောင့် ကျော်ကြားခဲ့သည်။ 

သခင်မယုနှင့် ချင်း မိသားစုကြား ဆက်ဆံရေးကြောင့် သူမသည် ချင်းမီသားစုနှင့် နှစ်ဝက်ကြာအောင် ကောင်းမွန်စွာနေနိုင်ခဲ့သည်။ သူမကို မို့ရွှီတုန်း ကောင်းစွာ သိသည် ။

မို့ရွှီတုန်းသည် ချင်းမိသားစုတွင် နေထိုင်ခဲ့သည့်အချိန်တုန်းက ယုစီလုံသည် သူမဆီသို့ ရံဖန်ရံခါ လာရောက်လေ့ရှိသည်။  သို့သော် မို့ရွှီတုန်းသည် ယုစီလုံနှင့် လိုက်သွားမီတိုင်း သူမအတွက် တစ်ခုခုတော့ အမြဲဖြစ်ခဲ့သည်။ 

သူမ သူနဲ့အတူပြင်သွားတိုင်း လမ်းလျှောက်ရင်းဖြစ်ဖြစ်၊ တစ်ခုခုကို တိုက်မိရင်ဖြစ်ဖြစ် အမြဲထိခိုက်ခဲ့ဖူးပြီး သူမသည်  မာနကြီးတယ်လို့ ကောလဟာလတွေ​လည်း အမြဲ ရှိခဲ့ပါတယ်။  အဲဒီမှာ ဘာမှ မရှိဘူးဆိုတာ သိသာထင်ရှားပေမယ့် သူမ လဲကျလုနီးပါး ၊ လက်ကျိုးလုနီးပါး အမြဲဖြစ်သည်.......

"တတိယသခင်မလေး မို၊ မင်း တို့ကို မမှတ်မိဘူးလား၊ တို့ကို ဒီမှာ တွေ့ဖို့ မင်း မမျှော်လင့်ထားဘူးလား"

မို့ရွှီတုန်း သည် ငရဲထဲသို့ ချက်ချင်းအတင်းအကျပ်ခိုင်းစေခံရမည်ကို သူမတွေးသောအခါတွင် ယုစီလုံသည် မို့ရွှီတုန်းနဲ့အတူ ကစားရန် စိတ်မဝင်စားတော့ပေ ။ အထူးသဖြင့် သူမတို့တစ်ယောက်နဲ့တစ်ယောက် မတွေ့ဖူးတဲ့ အချိန်တွေအတွင်းမှာ မို့ရွှီတုန်း ဘယ်လောက်လှလာတယ်ဆိုတာ သိလိုက်ရတဲ့နောက် သူမရဲ့ လှောင်ပြောင်တဲ့လေသံက ပိုမိုထူထဲသွားတယ်။  သူမသည် ပို၍ပင် မနာလို မုန်းတီးလာခဲ့သည်။ 

"သခင်မလေးယု ဒီမှာ ကိစ္စတစ်ခုခုရှိလို့လား"

မို့ရွှီတုန်းသည် သူမခံစားရသော အေးခဲမှုကို ဖုံးကွယ်ထားပြီး မော့ကြည့်ကာ နွေးထွေးသောပုံစံဖြင့် ပြန်ဖြေသည်။ 

ယုစီလုံ၏ မျက်လုံးများတွင် ဒေါသတပြက် ဖြတ်သွားသည် ။  ဒီကောင်မလေးက သူမကို ဒီလိုစကားမျိုးပြောဖို့ မမျှော်လင့်ထားဘူး။  သူမသည် သူမကို ပို၍ပင်ဒုက္ခဖြစ်စေရန် ယခင်က မို့ရွှီတုန်းနှင့် သူငယ်ချင်းဖြစ် ဟန်ဆောင်ခဲ့ဖူးသည် ။

"တတိယအမ ၊မင်းက တကယ့်ကိုမယဉ်ကျေးဘူး။ ချင်းအိမ်တော်မှာနေတုန်းက အမယုက မင်းကို ဂရုစိုက်တယ်လို့ တို့ကြားတယ်။" 

မို့ရွှီချောင် ၏ မျက်လုံးများ မှိတ်တုတ်မှိတ်တုတ်နှင့် သူမသည် လှောင်ပြောင်သော အပြုံးကို ပြုံးပြသည်။  သူမသည် ကောင်းသောရှိုးကို ကြည့်ရှုရန် စောင့်ဆိုင်းနေပုံရသည်။ 

ယုစီလုံက သူမကိုတွေ့ဖို့ ဒီမှာရှိနေပေမယ့် ယုစီလုံက မို့ရွှမ်မင်ကိုတွေ့ဖို့သွားခဲ့တာကို သူမသိပါတယ်။ 

“စတုတ္ထသခင်မလေး မို၊ အဲဒါကို အမြန်မပြောပါနဲ့၊ တတိယသခင်မလေးမိုကို တို့နားလည်ပါတယ် ။ တို့က ညီမသုံးယောက်ဆီ လာလည်ချင်ပေမယ့် တတိယသခင်မလေးမိုကတော့ တို့ကို မကြိုက်ဘူးထင်တာပဲ။  မေ့လိုက်ပါ၊ တို့ အခုထွက်သွားတော့မယ်။" 

ယုစီလုံက အေးစက်စွာ ရယ်မောလိုက်သည်။  သူမသည် မာနကြီးသည်။ 

"အိုး၊ သခင်မလေးယု မသွားနဲ့။ မင်း ဒီကိုလာဖို့ ရှားရှားပါးပါး ခရီးဝေးလာခဲ့ရတာ ။ တတိယအမ မြန်မြန် သခင်မယုကို တောင်းပန်လိုက်ပါ" 

ယုစီလုံထွက်သွားတော့မယ်ဆိုတာကို မို့ရွှမ်ချောင် က မြင်ပြီး စိုးရိမ်ဟန်ဆောင်ကာ ချက်ချင်း သူ့ကို ချုပ်နှောင်လိုက်ပြီး  အထဲမှာ သူမ တိတ်တဆိတ် ပျော်နေမိသည်။  သူမသည် မို့ရွှီတုန်း၏ ကံဆိုးမှုတွင် အပျော်ဆုံးဖြစ်သည်။  သူမသည် မို့ရွှီတုန်းနှင့်ဆက်ဆံရန် ယုစီလုံ ကို ရည်ရွယ်ချက်ရှိရှိ ခေါ်ဆောင်လာခဲ့သည်။ 

ယုစီလုံသည် မို့ရွှီတုန်းကို အမုန်းဆုံးဖြစ်ကြောင်း သူမသိသည်။  တိမ်မြို့တော်ရှိ အများစုက ချင်ယွီရှောင်ကို ယုစီလုံ စိတ်ဝင်စားနေကြောင်းကို သိကြသည်။  သို့သော် မို့ရွှီတုန်း​​သည် မသိလိုက်ဘဲ ချင်းယွီရှောင် နှင့်ပင် အလွန်လိုက်ဖက်နေသည် ။ ဒါက ယုစီလုံကိုဒေါသထွက်ပြီး မနာလို ဖြစ်စေသည် ။ 

"သခင်မလေးယု တို့တောင်းပန်ပါတယ်။ တို့ ဒီမှာတစ်ခုခု လုပ်စရာရှိလို့ လာခဲ့တာပါ ၊ ဒါမဲ့ အခုလိုဖြစ်သွားပြီဆိုတော့ တို့ထွက်သွားပေးပါ့မယ် "

မို့ရွှီတုန်းက အေးစက်စွာပြောသည်။  သူမသည် မို့ရွှီချောင် ပြောသည်ကို လျစ်လျူရှုခဲ့ပြီး ယုစီလုံ၏စကားများတွင် သက်ရောက်မှုများကို လုံးဝလျစ်လျူရှုခဲ့သည်။ 

"မို့ရွှီတုန်း ​မင်းအရမ်းတော်တာပဲ..."

ယုစီလုံ ဒေါ်သအရမ်းထွက်ပြီး တုန်လှုပ်သွားကာ သူမ ချက်ချင်းလှည့်ကြည့်လိုက်သည်။  သူမသည် ယုမိသားစု၏အကြီးဆုံးသမီးဖြစ်ပြီး တိမ်တိုက်မြို့တွင် အရည်အချင်းအရှိဆုံးမိန်းကလေးဖြစ်သည်။  သူမကို အရင်က ဒီလောက် ရက်စက်စွာ ဆက်ဆံဖူးတာ မရှိဖူးဘူး ။

သူမသည် မြင့်မြတ်သည်ဟု ခံစားရပြီး ပျော့ညံ့ပြီး သူရဲဘောကြောင်သော မို့ရွှီတုန်းကို အထင်အမြင်သေးသည် ။ သူမသည် မို့ရွှီတုန်းအား အရူးတစ်ယောက်လိုဖြစ်အောင် ၊ ဘယ်သောအခါမှ မနှစ်သက်သည့်ပုံစံဖြစ်အောင်သာ လုပ်ဆောင်ရန် မို့ရွှီတုန်း၏သူငယ်ချင်းအဖြစ် ဟန်ဆောင်ခဲ့သည်။

ဒီကောင်မလေးက ကြောက်စရာကောင်းလောက်အောင် သူ့ဖြစ်တည်မှုကို ဘယ်တုန်းက လျစ်လျူရှုခဲ့တာလဲ။

Continue Reading

You'll Also Like

715K 28.4K 38
🚫⛔ရိုင်းစိုင်းသောအသုံးနှုန်းများပါလာနိုင်ပါသဖြင့် (သတိပေးအပ်ပါသည်)⛔⛔ ကိုယ်ရံတော်နဲ့အမှတ်မထင် အလုပ်စဝင်တဲ့နေ့တွင် မိမိနှင့် အခတ်မသင့် sexa ဆက်စံမိသွ...
66.3K 5.2K 35
မကျွံခဲ့မိရင်အကောင်းသား ဆိုတဲ့နောင်တစိတ်သေးသေးကလေးပင် မရခဲ့မိတဲ့ ကျွန်မ ။နွံ...ထိုနွံပေါ့ ။ အချိုကြွယ်သည်။ နွံ+သံလွင်ဦး(ဒေါက်တာ+ကျောင်းဆရာမလေး) U+Z ...
293K 8.1K 53
ក្មេងក្រោមអាយុ18ឆ្នាំហាមចូលអាន តែបើចង់អានក៏ចូលអានទៅ សុំទោសចំពោះពាក្យណាដែលមិនសមរម្យ បើមិនពេញចិត្ត អូសរំលងចុះ ហាមខមិនអ្វីប៉ះពាល់ដល់អ្នកសរសេរ👌 ...