☆☆☆☆♡⃛ အခ်စ္က သူေစစားရာ ♡⃛ ☆☆☆☆
( Part - 39 )
" ဘာ ဒါေပမဲ့လဲ..?? ခင္ဗ်ား
ယံုရင္ က်ဳပ္ အတြက္ၿပီးၿပီ "
ခ်က္ခ်င္းဆိုသလို သူ႕ က သူ႕ အက်ၤ ီ
ခြၽတ္ပစ္ကာ ျဖဴျဖဴ ကိုလည္း
ခြၽတ္ေပးဖို႔ သူ႕ လက္က ျဖဴျဖဴ ဆီလွမ္း
လာတာေၾကာင့္ ထိတ္ခနဲေပ။
" မလုပ္နဲ႔ ေခါင္ယံမိႈင္း...!!
မလုပ္နဲ႔...!!! အား....!!! "
" ေဒၚျဖဴျဖဴ...!!! ခင္ဗ်ား ဘာျဖစ္ေနတာလဲ
ေဒၚျဖဴျဖဴ...?? ေဒၚျဖဴျဖဴ "
ပခံုးကို အဆက္မျပတ္ ေခါင္ လႈပ္ထားကာ
ေမးလိုက္မွ လြန္ႀကိဳးျဖဴျဖဴ မ်က္ဝန္း
ေတြက ပြင့္လာခဲ့သည္။
" ဟင္.. ဒါအိပ္မက္လား...?? "
" ဟုတ္တယ္ ခင္ဗ်ား အိပ္မက္ဆိုးေတြ
မက္ေနတာ... ဘာေတြ မက္ေနတာလဲ
ေဒၚျဖဴျဖဴ "
ေတာ္ပါေသးရဲ႕။ ခုဏက အိပ္မက္ျဖစ္ေနလို႔..
ျဖဴျဖဴ မွာ ေၾကာက္ၿပီး အသားကုန္
ေအာ္လိုက္ရတာ။ ၾကည့္ရတာ သူ႕ကို
ေၾကာက္ၿပီး အိပ္မက္ေတြပါ ေလွ်ာက္မက္
ကုန္တာ ထင္သည္။
" က်ဳပ္ ေမးေနတာၾကားလား ေဒၚျဖဴျဖဴ..
ခင္ဗ်ား ဘာေတြ မက္ေနတာလဲလို႔..!! "
" ဒီတိုင္းပါပဲ... အခု ဘယ္အခ်ိန္ရိွၿပီလဲ
ေခါင္ယံမိႈင္း "
" ခုနစ္နာရီထိုးေတာ့မွာ "
" ဒါဆို ငါ ထရမယ္ "
" မထနဲ႔.. .ခင္ဗ်ားမွာ လုပ္စရာဘာအလုပ္
မွ မရိွဘူး... ခင္ဗ်ား အလုပ္က က်ဳပ္
ရင္ခြင္မွာ ေမွးစက္ေနဖို့ပဲ "
" ငါ ေက်ာင္းသြားရမယ္ေလ "
" သိတယ္... ေက်ာင္းက ရွစ္နာရီေက်ာ္မွ
က်ဳပ္နဲ႔အတူ သြားမယ္ ...
အခု က်ဳပ္ ရင္ခြင္ထဲ ျပန္အိပ္
မဟုတ္ရင္ ခင္ဗ်ားကို က်ဳပ္ ဘာလုပ္
မိမွန္း မသိဘူး "
မ်က္ဝန္းေတြက က်ားသစ္ တစ္ေကာင္လို
စူးရဲေနေတာ့ ျဖဴျဖဴ မွာ သူ႕ စကားကို
အထြန္႔မတက္ရဲ။ ေျပာမရဘူး ခုဏက
ျဖဴျဖဴ မက္တဲ့ အိပ္မက္လို သူလုပ္လိုက္မွ
ဟုတ္ေပ့ ျဖစ္ေနမယ္။
ဒီေတာ့ ျဖဴျဖဴ မွာ သူ႕ကို ျပန္မေျပာရဲ။
သူ႕ သေဘာက် ၿငိမ္ၿငိမ္ေလး ေနေပးလိုက္ရသည္။
-
-
-
-
-
-
-
တစ္နာရီ ၾကာၿပီးေနာက္.......
" ေရေတြ စိုကုန္ၿပီ ေဒၚျဖဴျဖဴ
ခင္ဗ်ား ဘယ္လိုမ်က္ႏွာသစ္လာတာလဲ...?? "
ရွစ္နာရီထိုးခါနီး ျဖဴျဖဴတု႔ိ
မ်က္နွာသစ္ၾကေတာ့ အေတြးလြန္ၿပီး
မ်က္ႏွာသစ္တာ ေခါင္းေတြပါ ေရစိုသြားေအာင္
ျဖဴျဖဴ လုပ္လုိက္မိသည္။
" ငါ ေယာင္ၿပီး လုပ္မိသြားတာ "
မ်က္လုံးေလး ေပကလပ္ ေပကလပ္နဲ႔
ေျပာလာေတာ့ ေခါင္ အျပစ္မတင္ရက္။
" ထားပါ ခင္ဗ်ား ဆံပင္ေတြ က်ဳပ္ သုတ္
ေပးမယ္ "
ဗီ႐ိုထဲက တဘတ္တစ္ထည္ သြားယူလာၿပီး
ျဖဴျဖဴ ကို ကုတင္ေပၚ ထိုင္ခိုင္းကာ
သူ႕က ျဖဴျဖဴ ဆံပင္ေတြကို ဇိမ္ေျပလက္ေျပ
နဲ႔ သုတ္ေပးေနခဲ့သည္။ အံ့ဩစရာေကာင္း
လိုက္တာ... သူ႕လို dangerous ေကာင္က
ဒါမ်ဳိးလည္း လုပ္ေပးတတ္ေသးတာလား။
ဆံပင္သုတ္႐ံုတင္ အားမရ ျဖဴျဖဴ ဆံပင္ေတြ
ကိုပါ သူ႕က ၿဖီးေပးသြားခဲ့သည္။
သူ႕ကို ၾကည့္ၿပီး ျဖဴျဖဴမွာ အံ့ဩလိုက္ရတာ။
" ခင္ဗ်ားက ဆံပင္ခ်တာနဲ႔ အရမ္းလိုက္တယ္
ေဒၚျဖဴျဖဴ...ခင္ဗ်ား ဆံပင္ေတြကို
ထံုးေႏွာင္ဖို႔ မႀကိဳးစားနဲ႔...ခင္ဗ်ား ဆံပင္တင္
မကဘူး တျခား ဘယ္အရာကိုမွ ထံုးေႏွာင္ဖို႔
မႀကိဳးစားနဲ႔ ခင္ဗ်ားကို ထံုးေႏွာင္ပိုင္ခြင့္
ရိွတာ က်ဳပ္ တစ္ေယာက္တည္းပဲ "
သူ ဆံပင္ရွင္းေပးၿပီးသြားေတာ့ ဆံပင္ကို
ထံုးဖို႔ လုပ္တာကို သူ႕က ျဖဴျဖဴ
လက္ကို တားထားရင္း ေစ့ေစ့ၾကည့္ကာ
ဆိုလာခဲ့သည္။
အတၱႀကီးလိုက္တာ သူ႕ စကားေတြက။
" မင္းက အရမ္း အတၱႀကီးတာပဲ
ေခါင္ယံမိႈင္း..လူတိုင္းက သူ႕
စိတ္ ၊ သူ႕ အေတြး ၊ သူ႕ ဘဝနဲ႔သူ..
ဘယ္ေလာက္ပဲ လူႏွစ္ဦးလက္ထပ္
လက္ထပ္ တစ္ေယာက္စိတ္ကို
တစ္ေယာက္ တအားႀကီး မပိုင္ဘူး "
" အဲ့တာ သူတို႔ မပိုင္တာ က်ဳပ္ကေတာ့
ခင္ဗ်ားကို ပိုင္တယ္...ခင္ဗ်ား စိတ္၊
ခင္ဗ်ား ႏွလံုးသား၊ ခင္ဗ်ား ဘဝ၊
ခင္ဗ်ား အသက္၊ ခင္ဗ်ား အရာရာကို
က်ဳပ္ တစ္ေယာက္တည္း ပိုင္တယ္...
အဲ့ဒီလိုပဲ ခင္ဗ်ားလည္း က်ဳပ္အရာရာကို
ပိုင္တယ္ "
" ငါေတာ့ မပိုင္ခ်င္ဘူး ေခါင္ယံမိႈင္း.....
မင္းကို ေၾကာက္လို႔..."
ေၾကာက္တယ္ဆိုတဲ့ စကားအဆံုး
ေခါင္ယံမိႈင္း မသိမသာ သက္ျပင္းခ်
သြားခဲ့သည္။
" က်ဳပ္ကို ေၾကာက္႐ံုတင္ပဲလား
ေဒၚျဖဴျဖဴ...မုန္းတာေရာ မပါဘူးလား "
" ဟင့္အင္း ငါ လူတိုင္းကို အေၾကာင္းျပခ်က္
မရိွဘဲ မမုန္းတတ္ဘူး...ေနာက္ၿပီး
အေၾကာင္းျပခ်က္ ရိွခဲ့ရင္ေတာင္မွ
ငါ အမုန္းတရား မထားဘူး
အမုန္းတရားထားရင္ ကိုယ္ပါ ပူေလာင္ရတယ္ "
" ဒါဆို က်ဳပ္ကို ခ်စ္တယ္ေပါ့ "
" မခ်စ္ပါဘူး "
" စကားကို ႏွစ္မ်ဳိး မေျပာနဲ႔ေနာ္ ေဒၚျဖဴျဖဴ "
" ဘယ္မွာ ငါ ေျပာေနလို႔လဲ ေခါင္ယံမိႈင္း
မင္း မလိမ္နဲ႔..."
" ခင္ဗ်ားပဲ က်ဳပ္ကို မမုန္းဘူးဆို
ဒီေတာ့ ခ်စ္တာ မဟုတ္လို႔ ဘာလဲ..?? "
" မမုန္းဘူးလို႔ပဲ ငါ ေျပာတာေလ
မင္းကို ခ်စ္တယ္လို႔ ငါ မေျပာမိပါဘူး...
ငါ မင္းကို ခ်စ္လည္းမခ်စ္သလို
မုန္းလည္း မမုန္းဘူး ေခါင္ယံ....အင္..
အင့္..အင္း...အြန္းစ္...."
ေဒၚျဖဴျဖဴရဲ႕ မခ်စ္ဘူးဆိုတဲ့
စကားေတြကို မၾကားခ်င္ေတာ့တာေၾကာင့္
ႏႈတ္ခမ္းေလးကို စုပ္ယူပစ္လိုက္သည္။
ထံုးစံအတိုင္း နမ္းလိုက္တာနဲ႔ ေက်ာျပင္ကို
ထု႐ိုက္လာတဲ့ ေဒၚျဖဴျဖဴ လက္တစ္စံု။
ေဒၚျဖဴျဖဴ မသိတာလား ေခါင္ယံမိႈင္းဆိုတဲ့
သူ႕က မႀကိဳက္ေလ ပိုနမ္းခ်င္ေလဆိုတာ။
စေတာ္ဘယ္ရီလို နီရဲၿပီး အိစက္စက္
ေဒၚျဖဴျဖဴ ႏႈတ္ခမ္းသားေလးကို သူ
စုပ္ယူလိုက္တိုင္း ရင္ထဲေလာဘမီးေတြက
အေတာ္မသတ္ႏိုင္ပါ။
ေဒၚျဖဴျဖဴ ရဲ႕ အေပၚႏႈတ္ခမ္း ေအာက္ႏႈတ္ခမ္း
ပါ မခ်န္ သူ႕ ႏႈတ္ခမ္းနဲ႔ ပြတ္တိုက္ဆြဲေပးၿပီး
အားရပါးရ စုပ္ယူေပးေနလိုက္သည္။
မုန္းလိုက္တာ သူ ဒီလို နမ္းေနတာႀကီးကို။
ျဖဴျဖဴ မွာ လက္နဲ႔ ထု႐ိုက္ေနတာေတာင္
သူ႕က မနာဘူးလားမသိ။
နမ္းတာ အာသာမေျပျဖစ္လာေတာ့ ေခါင္
လြန္ႀကိဳးျဖဴျဖဴ ရဲ႕ ႏႈတ္ခမ္းေလးကို
မနာေအာင္ အသာေလး ကိုက္ပစ္ကာ
ပြင့္သြားေသာ ခံတြင္းေလးထဲ သူ႕ လွ်ာဖ်ား
ကို ထိုးဝင္ပစ္လိုက္သည္။
ထိုအခ်ိန္ သူမ ပါးစပ္ထဲ တိုးဝင္လာေသာ
ေခါင္ယံမိႈင္း လွ်ာဖ်ားေၾကာင့္ လြန္ႀကိဳးျဖဴျဖဴ
မ်က္လုံးမ်ား ပို၍ ဝိုင္းစက္သြားကာ
အသက္႐ႉမဝေတာ့ေပ။
အသက္႐ႉတာ မမွန္ေတာ့ ေခါင္ယံမိႈင္း
မ်က္နွာက လြန္ႀကိဳးျဖဴျဖဴ နားသယ္စနား
ကပ္သြားခဲ့သည္။
" အာ့.. .မလုပ္နဲ႔... ေခါင္ယံမိႈင္း
ငါ ယားတယ္... ယားတယ္လို႔..!! "
ျဖဴျဖဴ နားကို သူ႕ လွ်ာဖ်ားနဲ႔ လာကလိၿပီး
စုပ္ယူေနသျဖင့္ လူက မေနတတ္ေတာ့ေပ။
ယားလြန္းလို႔လည္း သူ႕ ဆံပင္ေတြကို
ျဖဴျဖဴ ဆြဲကုတ္ထားမိသည္။
" အ့.. မလုပ္.. မလုပ္နဲ႔..!!! "
လူတင္မကဘူး ေဒၚျဖဴျဖဴ နားရြက္ေလးကပါ
ခ်စ္စရာေကာင္းေနတာပဲ။
ဒါေၾကာင့္ စိတ္ရိွတိုင္း လွ်ာဖ်ားေလးနဲ႔
ကလိၿပီး စုပ္ယူေနမိသည္။
" အ့.. အ့.. .ယား.. တယ္.. ယားတယ္
ေခါင္ယံမိႈင္း..!! "
" ရပ္ပါ... ရပ္ပါေတာ့...!! "
လြန္ႀကိဳးျဖဴျဖဴ တားတာေတာင္ ေခါင္ယံမိႈင္း
ရပ္မေပးခဲ့ပါ။
ပို၍ပင္ လြန္ႀကိဳးျဖဴျဖဴ နားရြက္ဖ်ားေလးကို
လွ်ာေလးနဲ႔ ကလိလိုက္ စုပ္ယူလိုက္
လုပ္ေနခဲ့၏။
" ေတာ္... ေတာ္ပါေတာ့ ေခါင္ယံမိႈင္း.."
တကယ့္ကို လြန္ႀကိဳးျဖဴျဖဴ မခံႏိုင္ေတာ့ဘူး
ဆိုမွ ေခါင္ယံမိႈင္း ေခါင္းေလးက လြန္ႀကိဳးျဖဴျဖဴ
လည္တိုင္ထက္ ဆင္းသက္သြားခဲ့သည္။
" ႁပြတ္စ္. .!! '
" အ့.. .ေခါင္ယံမိႈင္း.."
လည္တိုင္ကို စုပ္ယူလိုက္ေသာ သူေၾကာင့္
ျဖဴျဖဴ ညည္းလိုက္မိသည္။
" က်ဳပ္ ႀကိဳက္တယ္ ေဒၚျဖဴျဖဴ. ..
က်ဳပ္ လုပ္ေပးလို႔ ခင္ဗ်ား ညည္းတာကို "
ျဖဴျဖဴ ကို ၾကည့္ကာ ေျပာရင္း လည္တိုင္
တစ္ေလွ်ာက္ကို အနမ္းေတြ ေႁခြလိုက္၊
marking အရာေတြ ေပးလိုက္နဲ႔ေပ။
ျဖဴျဖဴမွာေတာ့ သူ႕ ဆံပင္ေတြကို ဆြဲဆုပ္
ထားၿပီး မေအာ္မိေအာင္ မနည္းထိန္းေနရသည္။
ရပ္ခိုင္းခ်င္ေသာ္လည္း သူ႕ကို ျဖဴျဖဴ
မတားႏိုင္။
ျမင္ေနရတဲ့ရင္ၫႊန္႔ တစ္ေလွ်ာက္ကို သြား
ေလးနဲ႔ တတိတိ ကိုက္လိုက္တဲ့ေနာက္
ေဒၚျဖဴျဖဴ ကိုယ္ေလးက တစ္ခ်က္ခ်က္
ေကာ့သြားေတာ့ ေခါင္ယံမိႈင္း
ထိန္းမရေတာ့ပါ။
" က်ဳပ္ကို ခြင့္ျပဳေပးမယ္မလားဟင္
ေဒၚျဖဴျဖဴ "
မ်က္ဝန္းထက္ အနမ္းေႁခြကာ ျဖဴျဖဴ
ကို ေတာင္းဆိုလာတဲ့ သူေၾကာင့္
ခ်က္ခ်င္း ေခါင္းယမ္းပစ္လိုက္သည္။
ဟင့္အင္း ျဖဴျဖဴတို႔ ဒီလိုမျဖစ္ရ။ ျဖဴျဖဴ
က ဒိြလိင္။ ေနာက္ၿပီး ဒိြလိင္ေတြက
ကေလးရဖို႔ ခဲယဥ္းသည္။
ဒါ့အျပင္ သူလည္း ျဖဴျဖဴ ကို ဒိြလိင္မွန္း
သိရင္ ရြံသြားမွာ။
" ငါ... ငါ ေၾကာက္တယ္ ေခါင္ယံမိႈင္း
ငါ အဆင္သင့္ မျဖစ္ေသးဘူး
ေနာက္ၿပီး မင္းကို ငါ မခ်စ္ဘူး "
သံရည္ပူကို နားထဲ ေလာင္းတာေတာင္
ဒီေလာက္ မပူေလာင္ပါ။ ေဒၚျဖဴျဖဴ ရဲ႕
မင္းကို ငါ မခ်စ္ဘူးဆိုတဲ့ စကားက
သံရည္ပူ နားထဲ ေလာင္းခ်တာထက္
ပို၍ ပူေလာင္ေနသည္။
" ဘာလို႔ က်ဳပ္ကို မခ်စ္တာလဲ
ေဒၚျဖဴျဖဴ... ခင္ဗ်ား မာသာကိုေတာင္
ခင္ဗ်ား ခ်စ္တာပဲ... က်ဳပ္ကိုက်ေတာ့
ဘာလို႔ မခ်စ္ရတာလဲ..?? "
" ငါ မသိဘူး ေခါင္ယံမိႈင္း... ငါ သိတာက
မင္းကို ငါ မခ်စ္ဘူးဆိုတာပဲ "
" ဝုန္း..!! "
" အ့..!! "
မီးအိမ္ေတြကို နံရံကို ေပါက္ခြဲပစ္လိုက္တာ
ေၾကာင့္ မေအာ္မိေအာင္ ျဖဴျဖဴ မနည္း
ထိန္းလိုက္ရသည္။
" ခလြမ္း.. !! "
" ဝုန္း..!! "
ပန္းအိုးေတြ၊ ေရကရားေတြပါ မခ်န္
နံရံ ကို ပစ္ေပါက္ကာ ခြဲေနတဲ့ သူ႕ကို
ျဖဴျဖဴ ၾကည့္ေနမိသည္။ အေတာ္
ေၾကာက္စရာေကာင္းတာပဲ သူ ဒီလို
ပစၥည္းေတြ ခြဲေနတဲ့ အခ်ိန္မွာ။
ရပ္ပါလို႔လည္း ျဖဴျဖဴ မေျပာရဲ။ သူ႕ကို
ျဖဴျဖဴ ေၾကာက္ေနမိသည္။
" ေတာက္စ္.. ဟာကြာ..!! "
ေတာက္စ္ေခါက္သံနဲ႔အတူ သူ႕က
ေရခ်ဳိးခန္းထဲ ဝင္သြားခဲ့သည္။
" ဒုန္း... ဒုန္း.. .ဒုန္း..!! "
ထြက္ေပၚလာေသာ ေရခ်ဳိးခန္းထဲက အသံ
ေၾကာင့္ ျဖဴျဖဴ ကိုယ္ေလးက်ံဳသြားမိသည္။
သူ ေရခ်ဳိးခန္းထဲက နံရံေတြကို လက္သီး
နဲ႔ လိုက္ထိုးေနၿပီ။ ဒါေၾကာင့္ ဒီလို
အသံေတြေပၚတာေပ။ ဒါ့ကို ျဖဴျဖဴ
က်ိန္းေသေပါက္ သိသည္။
သူ စိတ္တိုေနတာနဲ႔ ေက်ာင္းလည္း ျဖဴျဖဴ
တို႔ အခုထိ မသြားရေသး။
ထမင္းကလည္း အခုထိ မစားရေသး။
-
-
-
-
-
-
-
" မျဖဴျဖဴ စားေနာ္ ေဘာ့စ္က မျဖဴျဖဴ
ႀကိဳက္မယ္ထင္တဲ့ ဟာေတြ က်ေတာ့္
ကို မွာခိုင္းလိုက္တာ... ဒါေၾကာင့္ မျဖဴျဖဴ
ဘာမွ အားမနာနဲ႔ အဝစား "
" ေဟ့ေကာင္ ေလာကြတ္ေတြ ေခ်ာ္မေနနဲ႔..
မင္း မ်က္လုံးကုိ ငါ ေဖာက္ထုတ္ပစ္လိုက္မွ
ဟုတ္ေပ့ ျဖစ္ေနမယ္ "
" မ..မေခ်ာ္ေတာ့ပါဘူး ေဘာ့စ္ကလည္း
ဟဲဟဲ... "
ေခါင္ယံမိႈင္း ကို ေၾကာက္တယ္မေၾကာက္တယ္
စကားေတြပင္ ထစ္အသြားကာ
လြန္ႀကိဳးျဖဴျဖဴ ကို ထမင္းထည့္ေပး၊
ဟင္းထည့္ေပးတဲ့ မိုက္ကယ္
လက္ေတြကပါ တုန္သြားရသည္။
" ေနေန ရတယ္ မိုက္ကယ္. .မျဖဴ
ဘာသာပဲ ထည့္ေတာ့မယ္ "
" ဟုတ္ မျဖဴျဖဴ "
သူ႕ ဆရာကို ေၾကာက္ေနလို႔ ျဖဴျဖဴ မိုက္ကယ္
ကို မထည့္ခိုင္းေတာ့ပါ။ ကိုယ့္ ဘာသာပဲ
မိုက္ကယ္ ဝယ္လာတဲ့ ဟင္းေတြကို
ထည့္လိုက္ေတာ့သည္။
ေခါင္ယံမိႈင္း က အေတာ္ဆိုးတာပဲ။
သူကိုယ္တုိင္ပဲ မိုက္ကယ္ ကို
ဟင္းပြဲေတြ ျပင္ခိုင္းၿပီး အခုက်ေတာ့
မိုက္ကယ္ လုပ္တာကို အေသသတ္မယ့္
ပံုစံမ်ဳိးနဲ႔။
မိုက္ကယ္ ကို သူ ဝယ္ခိုင္းလိုက္တဲ့ ဟင္းေတြ
ကို သူ႕က တစ္စက္မွ မထိဘဲ ေဆးလိပ္ဖြာ
ေနသည္။
သူ ေဆးလိပ္ ေသာက္တာကို
ျဖဴျဖဴ မုန္းသည္။ ေဆးလိပ္ေသာက္တာကို
ျဖဴျဖဴ မႀကိဳက္။ ထို႔အတူ အရက္ေသာက္
တဲ့ လူကိုေရာပါ။
ေခါင္ယံမိႈင္း ေဆးလိပ္ေသာက္တာနဲ႔တင္
လြန္ႀကိဳးျဖဴျဖဴ က အျမင္ပင္ကပ္ေနၿပီ။
ေခါင္ယံမိႈင္း အရက္ေသာက္တာကိုပါ
လြန္ႀကိဳးျဖဴျဖဴ ေတြ႕လိုက္လို႔ ရိွရင္ေတာ့
မေတြးဝံ့စရာပါ။
ထမင္းေလး စားလိုက္ သူ ေဆးလိပ္ေသာက္
တာကို အျမင္ကပ္သလို ၾကည့္ေနေသာ
ေဒၚျဖဴျဖဴ ေၾကာင့္ ေခါင္ မရယ္မိေအာင္
ထိန္းေနရသည္။
" က်ဳပ္ ေဆးလိပ္ေသာက္တာကို ခင္ဗ်ား
က မႀကိဳက္ဘူးလား ေဒၚျဖဴျဖဴ "
ဖြာထားတဲ့ ေဆးလိပ္ကို လက္မွာ ကိုင္ရင္း
သူ႕က ျဖဴျဖဴ ကို ေမးလာေတာ့
ခပ္တည္တည္ပင္ ျပန္ၾကည့္ေပးလိုက္သည္။
" ဟုတ္တယ္ မုန္းတယ္ ေဆးလိပ္၊
ကြမ္းယာ၊ အရက္ေသစာ ေသာက္စားထားတဲ့
သူဆို ငါပိုၿပီးမုန္းတယ္... အဲ့ဒီ
မူးယစ္ေဆးဝါးေတြက မေကာင္းဘူး...
မာသာ လည္းေျပာဖူးတယ္ အဲ့ဒါေတြ
လုပ္ရင္ ဘဝပ်က္စီးမွာတဲ့ "
" က်ဳပ္ကေတာ့ မပ်က္စီးေသးဘူး
ဒီမွာ ခင္ဗ်ား ၾကည့္ပါလား..??
က်ဳပ္ ရင္ဘတ္ထဲမွာ ေဒၚျဖဴျဖဴ
က ေနရာယူထားလို႔ အခုထိ မပ်က္
စီးေသးဘူး "
" ဟားဟား.. .ဟားဟား "
" မိုက္ကယ္ မင္း ေသခ်င္ေနတာလား..
မေအေဘးေကာင္..!! ငါ ေျပာတာ
ကို ရယ္ေနတယ္ "
" ေဆာရီး... ေဆာရီးပါ ေဘာ့စ္..
ေဘာ့စ္ စကားလံုးေတြက ရွယ္လန္းၿပီး
က်ေတာ္ ရယ္မိသြားတာပါ
ေနာက္မျဖစ္ေစရပါဘူး "
ေခါင္ ဖီးလ္ေနတာေတာင္ ေကာင္းေကာင္း
မဖီးလ္ရ၊ မေအေဘး တပည့္က
ထရယ္ေနတယ္ေလ။
လြန္ႀကိဳးျဖဴျဖဴ မွာလည္း ဆရာတပည့္
ႏွစ္ေယာက္ကို ၾကည့္ၿပီး ေခါင္းေတြယမ္းကာ။
" အဟမ္း... ဟမ္း..ေဒၚျဖဴျဖဴ !! "
ေခ်ာင္းဟန္႔သံ ေပးရင္း ျဖဴျဖဴ နာမည္ကို
ေခၚလာေသာ ေခါင္ယံမိႈင္း။
မိုက္ကယ္ ကလည္း ပါးစပ္ေလး အုပ္ကာ
သူ႕ ဆရာ ကို ၾကည့္ေနေလသည္။
" ခင္ဗ်ား သိလား ေဒၚျဖဴျဖဴ...
က်ဳပ္ ေဆးလိပ္ေတြကို ခင္ဗ်ား ႏႈတ္ခမ္းထက္
ပိုၿပီး မမက္ေမာဘူး... ဒီအတြက္ေၾကာင့္
ခင္ဗ်ားသာ က်ဳပ္ကို ေမာင္လို႔ တစ္ခြန္း
ေခၚျပီး ျဖတ္ခိုင္းမယ္ဆိုရင္ က်ဳပ္
ျဖတ္ေပးမိမွာ "
" ဟားဟား.... ဟားဟား "
" ေတာက္စ္.. !!မေအေဘး မင္း
ထပ္ရယ္ျပန္ၿပီလား..?? "
" မဟုတ္ဘူး ေဘာ့စ္.. မဟုတ္ဘူး
က်ေတာ္ အရိွန္မထိန္းႏိုင္လို႔..!!! "
" ဘုန္း.. !! "
" အ့.. !! "
မိုက္ကယ္ ေျဖသံလည္း အဆံုး စားပြဲေပၚက
ေရဘူးနဲ႔ ေခါင္ယံမိႈင္း ေကာက္ေပါက္
ပစ္လိုက္သည္။
ေခါင္ယံမိႈင္း လုပ္ရပ္ေၾကာင့္ နာသြားတဲ့
နဖူးကို လက္နဲ႔ ဖိထားေနေသာ
မိုက္ကယ္ ကို လြန္ႀကိဳးျဖဴျဖဴ ရယ္ခ်င္စိတ္
ေတြက ထိန္းမရ။
" အဟား... ဟားဟား "
စိတ္မထိန္းႏိုင္လို႔ လြန္ႀကိဳးျဖဴျဖဴ ထရယ္လိုက္
ရာ ပါးစပ္ပိတ္ၿပီး ရယ္တာပင္
မရေတာ့။
" ေဘာ့စ္ မျဖဴျဖဴ ရယ္ေနတယ္ "
" အဲ့ေတာ့ ငါ့က ဘာလုပ္ေပးရမွာလဲ...? ? "
" မဟုတ္ဘူးေလ ေဘာ့စ္ကလည္း
က်ေတာ္ ရယ္ေတာ့ ေဘာ့စ္က
ေငါက္တယ္ေလ.. ဒါ့အျပင္ ေရသန္႔ဘူး
နဲ႔ကပါ ထုေသး.. ဒီေတာ့ မျဖဴျဖဴ
ရယ္ေတာ့ ဘာလုပ္မွာလဲလို႔.. "
" ငါ့ ေဒၚျဖဴျဖဴ ကို မင္းလို
ေငါက္ၿပီး ထုေပးစရာလား.. နမ္းေပးမွာ
ငါ့က ...ေဒၚျဖဴျဖဴ ခင္ဗ်ား ရယ္တာ
အရမ္းလွတယ္ က်ဳပ္ကို ေန႔တိုင္း
ဒီလို ရယ္ျပေပး... ခင္ဗ်ား ျဖစ္ခ်င္တာ
ေတြ က်ဳပ္ အကုန္ျဖည့္ဆည္းေပးမယ္ "
ဪ အေတာ္ တရားက်ဖို႔ ေကာင္းတဲ့
ေဘာ့စ္ပါ။ သူရယ္ေတာ့က်ေတာ့
ဆဲလည္းဆဲ ေရသန္႔ဘူး
နဲ႔ကပါ ထုေသး။ မျဖဴျဖဴ ရယ္ေတာ့
နမ္းေပးမွာတဲ့။
အေတာ္ ဘက္လိုက္တဲ့ သူရဲ႕ ေဘာ့စ္။
-
-
-
-
-
-
-
-
-
ဘားမွာ အလုပ္ကိစၥရိွလို႔ ျဖဴျဖဴ ကို
ေက်ာင္းလိုက္ပို႔ေပးၿပီးတာနဲ႔ ေခါင္ယံမိႈင္း
က သူ႕ တပည့္နဲ႔ ျပန္သြားခဲ့သည္။
ညေနက် လာႀကိဳမယ္ ေျပာသြားခဲ့သည္။
ဒီေန႔ အတန္းက မနက္ခင္းအခ်ိန္ၿပီးတာနဲ႔
အတန္းခ်ိန္ မရိွေတာ့ေပ။ ဒါ့ကို
ေခါင္ယံမိႈင္း က သိမွာမဟုတ္ပါ။
သူ႕ စိတ္ထဲ သံုးနာရီေလာက္မွ ဆင္းမယ္
ထင္ေလာက္ၿပီး ညေနလာႀကိဳမယ္
လုပ္ေနေလသည္။
ဒီအခ်ိန္မွာ မာသာ ေဂဟာသြားၿပီး
မာသာ ခြင့္လႊတ္မႈရေအာင္ ျဖဴျဖဴ ႀကိဳးစား
ၾကည့္မည္။
-
-
-
-
-
-
" ဖြင့္မေပးနဲ႔ေနာ္ ငါ့ကို ဒီလိုလုပ္ရက္တဲ့
သူ ့ကို ငါ ခြင့္မလႊတ္ဘူး "
ေဂဟာဝမွာ ေစာင့္ေနေသာ ျဖဴျဖဴ ကို
မာသာက အထဲမဝင္ခိုင္း။ ေနပူႀကီးထဲ
ရပ္ေစာင့္ေစသည္။
စစ္စတာ ေထြးေထြးကလည္း ေနပူႀကီးထဲ
ရပ္ေစာင့္ေနေသာ လြန္ႀကိဳးျဖဴျဖဴ ကို
ၾကည့္ၿပီး စိတ္မေကာင္း။ မာသာ
မဖြင့္ခိုင္းလို႔သာ သူမ ဘာမွမတတ္ႏိုင္ဘဲ
ေနေနရသည္။
" သမီးျဖဴျဖဴ ေရ ျပန္ပါေတာ့လား
ၾကာရင္ သမီး အပူရွပ္ၿပီး ဖ်ားေနမယ္ "
" ရပါတယ္ ေထြးေထြး... မာသာ ခြင့္လႊတ္မယ့္
အခ်ိန္ထိ ျဖဴျဖဴ ေစာင့္ေနပါ့မယ္ "
" ဪ စိတ္မေကာင္းလိုက္တာ
ကေလးရယ္... ဒါနဲ႔ သမီးက
အခု ဘယ္မွာေနတာလဲ... အဆင္မေျပရင္
ေထြးေထြး တို႔ဆီ ျပန္လာခဲ့...
သမီး ေနလို႔ရေအာင္ မာသာကို ေထြးေထြး
ကိုယ္တိုင္ ေျပာေပးမယ္ "
" ရပါတယ္ ေထြးေထြး... ျဖဴျဖဴ အဆင္ေျပ
ပါတယ္ ေထြးေထြး ဘာမွ စိတ္မပူနဲ႔ေနာ္ "
" ေထြးေထြးေရ အေရးႀကီးတဲ့ စာရင္းမွတ္တမ္း
ဖိုင္ေတြ လာရွာေပးအံုး..!! "
" ဟုတၠဲ့ မာသာ.. က္မ အခု
လာၿပီေနာ္... သမီးျဖဴျဖဴ ခဏေလာက္ပဲ
ေစာင့္ေနာ္ ေနက တအားပူတယ္
ၿပီးရင္ ျပန္ေတာ့ "
ျဖဴျဖဴ ကို စိတ္ပူၿပီး ေထြးေထြး က မွာကာ
ေဂဟာထဲ ဝင္သြားခဲ့သည္။
ျဖဴျဖဴ ေဂဟာအျပင္ဘက္မွာ ရပ္ေနတာ
တစ္နာရီေလာက္ ရိွသြားၿပီ။
ဒါ့က မာသာကို ေတြ႕ၿပီး ျဖဴျဖဴ ထပ္
ေတာင္းပန္ခ်င္လို႔ပါ။
အမွန္အတိုင္း မေျပာဘဲ သူကိုယ္တိုင္
ဆံုးျဖတ္ၿပီး အရာရာကို လုပ္ခဲ့လို ့
ပန္းၿမိဳင္ေဂဟာက မာသာ မွာ
လြန္ႀကိဳးျဖဴျဖဴ လုပ္ရပ္ကို စိတ္တိုေနျခင္းပါ။
အခုလည္း ေဂဟာထဲမွာ ထိုင္ေနေပမဲ့ မာသာ
မ်က္ဝန္းေတြက လြန္ႀကိဳးျဖဴျဖဴ ဆီ
ေရာက္လို႔ သြားသည္။
" စိတ္ညစ္ပါတယ္ ဒီေလာက္ ေနပူေနတာ
ကို သမီးျဖဴျဖဴ က မျပန္ေသးဘူး "
မာသာ လြန္ႀကိဳးျဖဴျဖဴ ကို လွမ္းလွမ္းၾကည့္ၿပီး
စိုးရိမ္ေနမွန္းသိေတာ့ စာရင္းစာအုပ္ေတြ
ရွာေနရင္းကေန စစ္စတာ ေထြးေထြးက
ထေျပာလာခဲ့သည္။
" အဲ့ဒီေလာက္ စိုးရိမ္ေနရင္ နင္ကိုယ္တိုင္
သူ႕ကို ျပန္ခိုင္းလိုက္ေလ ေထြးေထြး "
" မျပန္ဘူးတဲ့ မာသာ.. .ျဖဴျဖဴ က
က်မကို ေျပာတယ္... ဒါေပမဲ့ မာသာ
ျပန္ခိုင္းရင္ေတာ့ သူ႕က ျပန္ေလာက္တယ္ "
" သူ႕ ဟာသူ ျပန္ခ်င္ေန မျပန္ခ်င္ေန
ငါ စိတ္မဝင္စားဘူး.. အဓိကက ငါ့
ကို လာမ႐ႉပ္ဖို႔ပဲ အေရးႀကီးတယ္ "
ေက်ာင္းဖြင့္ခ်ိန္ဆိုေတာ့ ေဂဟာမွာ
ကေလးေတြကလည္း မရိွ။
မဟုတ္ရင္ ေဂဟာက ကေလးေတြနဲ႔
ေထြးေထြး ေပါင္းၿပီး ျဖဴျဖဴ ကို
အထဲဝင္ခိုင္းေအာင္ မာသာကို
ေတာင္းဆိုလို႔ ရေလာက္သည္။
ေနပူထဲ ေခြၽးဒီးဒီးက်ကာ ရပ္ေစာင့္ေနေသာ
လြန္ႀကိဳးျဖဴျဖဴ ကို ေထြးေထြး ၾကည့္ၿပီး
စိတ္မေကာင္းတဲ့ အဆံုး မာသာ ရွာခိုင္း
တဲ့ စာအုပ္ကို ဆက္မရွာေတာ့ဘဲ
ရပ္ပစ္လိုက္သည္။
" ျဖဴျဖဴ အရမ္း ပူေနၿပီ မာသာ...
ဟိုမွာ ေခြၽးေတြေတာင္ ထြက္ေနၿပီ ၾကာရင္
ျဖဴျဖဴ ေမ့လဲသြားလိမ့္မယ္ မာသာ...
ျဖဴျဖဴ ကို အထဲဝင္ခိုင္းလိုက္ပါေနာ္ "
" မဝင္ခိုင္းဘူး ေထြးေထြး... နင္ငါနဲ႔
အခုလိုက္ခဲ့ သူ႕ဆီ သြားမယ္ "
" ဟုတ္ မာသာ "
ေဂဟာေပါက္ဝမွာ ရပ္ေနေသာ
လြန္ႀကိဳးျဖဴျဖဴ ဆီကို မာသာက ထသြားေတာ့
ေနာက္ကေန ေထြးေထြးကပါ
အမီွလိုက္သြားရသည္။
" ဟင္... မာသာ"
မာသာ ကို ေတြ႕တာနဲ႔ ေခြၽးေတြ ထြက္ေနရင္း
ၾကားကေန ၿပံဳးျပလာေသာ လြန္ႀကိဳးျဖဴျဖဴ။
ဒါ့ကို မာသာ အသက္မဲ့စြာၾကည့္ၿပီး.....
" နင္ ငါ့ကို ဘယ္အခ်ိန္ထိ စိတ္ဒုကၡ
ေပးေနမွာလဲ လြန္ႀကိဳးျဖဴျဖဴ... ငါ
ေသမွ နင္ ေအးမွာလား... ဒါဆို
ငါ့ကို အခုသတ္သြား..!! သတ္သြား
စမ္းပါ..!! "
" မဟုတ္ပါဘူး မာသာ. ..ျဖဴျဖဴ က
မာသာ ကို ေတာင္းပန္ခ်င္႐ံုေလးပါ "
" မလိုဘူး.. .နင္နဲ႔ ငါနဲ႔ မဆိုင္ေတာ့ဘူး
ငါ့ကို နင္ ဘာမွ ေတာင္းပန္စရာမလိုဘူး
လြန္ႀကိဳးျဖဴျဖဴ "
လြန္ႀကိဳးျဖဴျဖဴ တဲ့.. မာသာ ေခၚသံက ျဖဴျဖဴ
ရင္ထဲ ဓားနဲ႔ အေသထိုးသတ္ေနသလိုပင္ ။
" ငါ ေျပာေနတာမၾကားဘူးလား. .
ဒီ ေဂဟာကေန နင္ ထြက္သြားေပးစမ္းပါ..
တကယ္လို႔ နင္ မသြားဘူးဆိုရင္
ငါ့ကိုယ္ငါ သတ္ေသမိလိမ့္မယ္ "
" မလုပ္ပါနဲ႔ မာသာ.. မာသာ မႀကိဳက္ရင္
ျဖဴျဖဴ မလာေတာ့ပါဘူး... အခုလာတာက
မာသာ မ်က္ႏွာေလးကို ျဖဴျဖဴ တစ္ခါေလာက္
ျမင္ခ်င္ေသးလို႔ပါ "
" အခု ငါ့ မ်က္ႏွာကို နင္ျမင္ၿပီးၿပီ မဟုတ္လား
ဒါဆို အခု ထြက္သြားေတာ့ လြန္ႀကိဳးျဖဴျဖဴ..!!!
နင့္ မ်က္ႏွာကို ငါ မျမင္ခ်င္ဘူး "
" ဟုတ္ကဲ့ မာသာ...ျဖဴျဖဴ သြားမယ္ေနာ္
ေထြးေထြး မာသာကို ဂ႐ုစိုက္ေပးပါေနာ္ "
" အင္းပါ ျဖဴျဖဴ ... ေထြးေထြး သမီးမာသာ
ကို ဂ႐ုစိုက္ေပးမယ္ ဟုတ္ၿပီလား...?? "
မွာစရာရိွတာ မွာၿပီးတာနဲ႔ ျဖဴျဖဴ ထြက္လာလိုက္
သည္။ ဒါေတာင္ ျဖဴျဖဴ ကို စိတ္နာစြာ
စိုက္ၾကည့္ေနေသာ မာသာ မ်က္ဝန္း၊
မျမင္ခ်င္ဘူးလို႔ တတြတ္တြတ္ ေျပာေနေသာ
မာသာစကားသံေတြက နားထဲကပ္ပါလာခဲ့သည္။
စိတ္ညစ္ညစ္နဲ႔ ပလက္ေဖာင္းေပၚ
လမ္းေလွ်ာက္ေနတုန္း ကားတစ္စီးက
ျဖဴျဖဴ ေရွ႕ ထိုးရပ္လာခဲ့သည္။
" ကေလး... !! "
ေခၚသံနဲ႔အတူ ကားေပၚက ဆင္းလာတဲ့
လူကို ျဖဴျဖဴ ျမင္လိုက္ရေတာ့ လူက
တုန္သြားရသည္။
Part 40 ေမွ်ာ္........................................
( ေခါင္ႀကီး ရယ္ အရမ္းဆိုးလိုက္တာ မိုက္ကယ္
ကလည္း ရယ္ရ... မိုက္ကယ္ ေရ
ရွင္ ရယ္တာကို ေခါင္ႀကီး က အျပစ္ျမင္မွာေပါ့
ေဒၚျဖဴျဖဴ ကိုက်ေတာ့ အျပစ္ျမင္မွာ မဟုတ္ဘူး
ေခါင္ႀကီး က ေဒၚျဖဴျဖဴ ကို ေႂကြေနလို႔ေလ 😆😆😆
ဒါေၾကာင့္ မတူရင္ မတုပါနဲ႔ 🤣🤣🤣)
ဒီေန႔ အပိုင္းက အရမ္းရွည္လို့ မနက္ျဖန္
အပိုင္း တိုမယ္ ဒါဒါေလးေတြ 😆😆
ခ်စ္တယ္ေနာ္ မင္မင္ရဲ႕ ဒါဒါေလးေတြ.......😍😍😘😘
ဒီအပိုင္းေလးနဲ႔ ပတ္သက္ၿပီး ဒါဒါေလးေတြရဲ႕ မန္႔ကို
မင္မင္ေလယူရာယိမ္း ေစာင့္ေမွ်ာ္လ်က္.. ......😍😍😘😘
#ေလယူရာယိမ္း
☆☆☆☆♡⃛ အချစ်က သူစေစားရာ ♡⃛ ☆☆☆☆
( Part - 39 )
" ဘာ ဒါပေမဲ့လဲ..?? ခင်ဗျား
ယုံရင် ကျုပ် အတွက်ပြီးပြီ "
ချက်ချင်းဆိုသလို သူ့ က သူ့ အင်္ကျီ
ချွတ်ပစ်ကာ ဖြူဖြူ ကိုလည်း
ချွတ်ပေးဖို့ သူ့ လက်က ဖြူဖြူ ဆီလှမ်း
လာတာကြောင့် ထိတ်ခနဲပေ။
" မလုပ်နဲ့ ခေါင်ယံမှိုင်း...!!
မလုပ်နဲ့...!!! အား....!!! "
" ဒေါ်ဖြူဖြူ...!!! ခင်ဗျား ဘာဖြစ်နေတာလဲ
ဒေါ်ဖြူဖြူ...??ဒေါ်ဖြူဖြူ "
ပခုံးကို အဆက်မပြတ်ခေါင်လှုပ်ထားကာ
မေးလိုက်မှ လွန်ကြိုးဖြူဖြူ မျက်ဝန်း
တွေက ပွင့်လာခဲ့သည်။
" ဟင်.. ဒါအိပ်မက်လား...?? "
" ဟုတ်တယ် ခင်ဗျား အိပ်မက်ဆိုးတွေ
မက်နေတာ... ဘာတွေ မက်နေတာလဲ
ဒေါ်ဖြူဖြူ "
တော်ပါသေးရဲ့။ ခုဏက အိပ်မက်ဖြစ်နေလို့..
ဖြူဖြူ မှာ ကြောက်ပြီး အသားကုန်
အော်လိုက်ရတာ။ ကြည့်ရတာ သူ့ကို
ကြောက်ပြီး အိပ်မက်တွေပါ လျှောက်မက်
ကုန်တာ ထင်သည်။
" ကျုပ် မေးနေတာကြားလား ဒေါ်ဖြူဖြူ..
ခင်ဗျား ဘာတွေ မက်နေတာလဲလို့..!! "
" ဒီတိုင်းပါပဲ... အခု ဘယ်အချိန်ရှိပြီလဲ
ခေါင်ယံမှိုင်း "
" ခုနစ်နာရီထိုးတော့မှာ "
" ဒါဆို ငါ ထရမယ် "
" မထနဲ့.. .ခင်ဗျားမှာ လုပ်စရာဘာအလုပ်
မှ မရှိဘူး... ခင်ဗျား အလုပ်က ကျုပ်
ရင်ခွင်မှာ မှေးစက်နေဖို့ပဲ "
" ငါ ကျောင်းသွားရမယ်လေ "
" သိတယ်... ကျောင်းက ရှစ်နာရီကျော်မှ
ကျုပ်နဲ့အတူ သွားမယ် ...
အခု ကျုပ် ရင်ခွင်ထဲ ပြန်အိပ်
မဟုတ်ရင် ခင်ဗျားကို ကျုပ် ဘာလုပ်
မိမှန်း မသိဘူး "
မျက်ဝန်းတွေက ကျားသစ် တစ်ကောင်လို
စူးရဲနေတော့ ဖြူဖြူ မှာ သူ့ စကားကို
အထွန့်မတက်ရဲ။ ပြောမရဘူး ခုဏက
ဖြူဖြူ မက်တဲ့ အိပ်မက်လို သူလုပ်လိုက်မှ
ဟုတ်ပေ့ ဖြစ်နေမယ်။
ဒီတော့ ဖြူဖြူ မှာ သူ့ကို ပြန်မပြောရဲ။
သူ့ သဘောကျ ငြိမ်ငြိမ်လေး နေပေးလိုက်ရသည်။
-
-
-
-
-
-
-
တစ်နာရီ ကြာပြီးနောက်.......
" ရေတွေ စိုကုန်ပြီ ဒေါ်ဖြူဖြူ
ခင်ဗျား ဘယ်လိုမျက်နှာသစ်လာတာလဲ...?? "
ရှစ်နာရီထိုးခါနီး ဖြူဖြူတုိ့
မျက်နှာသစ်ကြတော့ အတွေးလွန်ပြီး
မျက်နှာသစ်တာ ခေါင်းတွေပါ ရေစိုသွားအောင်
ဖြူဖြူ လုပ်လိုက်မိသည်။
" ငါ ယောင်ပြီး လုပ်မိသွားတာ "
မျက်လုံးလေး ပေကလပ် ပေကလပ်နဲ့
ပြောလာတော့ ခေါင် အပြစ်မတင်ရက်။
" ထားပါ ခင်ဗျား ဆံပင်တွေ ကျုပ် သုတ်
ပေးမယ် "
ဗီရိုထဲက တဘတ်တစ်ထည် သွားယူလာပြီး
ဖြူဖြူ ကို ကုတင်ပေါ် ထိုင်ခိုင်းကာ
သူ့က ဖြူဖြူ ဆံပင်တွေကို ဇိမ်ပြေလက်ပြေ
နဲ့ သုတ်ပေးနေခဲ့သည်။ အံ့ဩစရာကောင်း
လိုက်တာ... သူ့လို dangerous ကောင်က
ဒါမျိုးလည်း လုပ်ပေးတတ်သေးတာလား။
ဆံပင်သုတ်ရုံတင် အားမရ ဖြူဖြူ ဆံပင်တွေ
ကိုပါ သူ့က ဖြီးပေးသွားခဲ့သည်။
သူ့ကို ကြည့်ပြီး ဖြူဖြူမှာ အံ့ဩလိုက်ရတာ။
" ခင်ဗျားက ဆံပင်ချတာနဲ့ အရမ်းလိုက်တယ်
ဒေါ်ဖြူဖြူ...ခင်ဗျား ဆံပင်တွေကို
ထုံးနှောင်ဖို့ မကြိုးစားနဲ့...ခင်ဗျား ဆံပင်တင်
မကဘူး တခြား ဘယ်အရာကိုမှ ထုံးနှောင်ဖို့
မကြိုးစားနဲ့ ခင်ဗျားကို ထုံးနှောင်ပိုင်ခွင့်
ရှိတာ ကျုပ် တစ်ယောက်တည်းပဲ "
သူ ဆံပင်ရှင်းပေးပြီးသွားတော့ ဆံပင်ကို
ထုံးဖို့ လုပ်တာကို သူ့က ဖြူဖြူ
လက်ကို တားထားရင်း စေ့စေ့ကြည့်ကာ
ဆိုလာခဲ့သည်။
အတ္တကြီးလိုက်တာ သူ့ စကားတွေက။
" မင်းက အရမ်း အတ္တကြီးတာပဲ
ခေါင်ယံမှိုင်း..လူတိုင်းက သူ့
စိတ် ၊ သူ့ အတွေး ၊ သူ့ ဘဝနဲ့သူ..
ဘယ်လောက်ပဲ လူနှစ်ဦးလက်ထပ်
လက်ထပ် တစ်ယောက်စိတ်ကို
တစ်ယောက် တအားကြီး မပိုင်ဘူး "
" အဲ့တာ သူတို့ မပိုင်တာ ကျုပ်ကတော့
ခင်ဗျားကို ပိုင်တယ်...ခင်ဗျား စိတ်၊
ခင်ဗျား နှလုံးသား၊ ခင်ဗျား ဘဝ၊
ခင်ဗျား အသက်၊ ခင်ဗျား အရာရာကို
ကျုပ် တစ်ယောက်တည်း ပိုင်တယ်...
အဲ့ဒီလိုပဲ ခင်ဗျားလည်း ကျုပ်အရာရာကို
ပိုင်တယ် "
" ငါတော့ မပိုင်ချင်ဘူး ခေါင်ယံမှိုင်း.....
မင်းကို ကြောက်လို့..."
ကြောက်တယ်ဆိုတဲ့ စကားအဆုံး
ခေါင်ယံမှိုင်း မသိမသာ သက်ပြင်းချ
သွားခဲ့သည်။
" ကျုပ်ကို ကြောက်ရုံတင်ပဲလား
ဒေါ်ဖြူဖြူ...မုန်းတာရော မပါဘူးလား "
" ဟင့်အင်း ငါ လူတိုင်းကို အကြောင်းပြချက်
မရှိဘဲ မမုန်းတတ်ဘူး...နောက်ပြီး
အကြောင်းပြချက် ရှိခဲ့ရင်တောင်မှ
ငါ အမုန်းတရား မထားဘူး
အမုန်းတရားထားရင် ကိုယ်ပါ ပူလောင်ရတယ် "
" ဒါဆို ကျုပ်ကို ချစ်တယ်ပေါ့ "
" မချစ်ပါဘူး "
" စကားကို နှစ်မျိုး မပြောနဲ့နော် ဒေါ်ဖြူဖြူ "
" ဘယ်မှာ ငါ ပြောနေလို့လဲ ခေါင်ယံမှိုင်း
မင်း မလိမ်နဲ့..."
" ခင်ဗျားပဲ ကျုပ်ကို မမုန်းဘူးဆို
ဒီတော့ ချစ်တာ မဟုတ်လို့ ဘာလဲ..?? "
" မမုန်းဘူးလို့ပဲ ငါ ပြောတာလေ
မင်းကို ချစ်တယ်လို့ ငါ မပြောမိပါဘူး...
ငါ မင်းကို ချစ်လည်းမချစ်သလို
မုန်းလည်း မမုန်းဘူး ခေါင်ယံ....အင်..
အင့်..အင်း...အွန်းစ်...."
ဒေါ်ဖြူဖြူရဲ့ မချစ်ဘူးဆိုတဲ့
စကားတွေကို မကြားချင်တော့တာကြောင့်
နှုတ်ခမ်းလေးကို စုပ်ယူပစ်လိုက်သည်။
ထုံးစံအတိုင်း နမ်းလိုက်တာနဲ့ ကျောပြင်ကို
ထုရိုက်လာတဲ့ ဒေါ်ဖြူဖြူ လက်တစ်စုံ။
ဒေါ်ဖြူဖြူ မသိတာလား ခေါင်ယံမှိုင်းဆိုတဲ့
သူ့က မကြိုက်လေ ပိုနမ်းချင်လေဆိုတာ။
စတော်ဘယ်ရီလို နီရဲပြီး အိစက်စက်
ဒေါ်ဖြူဖြူ နှုတ်ခမ်းသားလေးကို သူ
စုပ်ယူလိုက်တိုင်း ရင်ထဲလောဘမီးတွေက
အတော်မသတ်နိုင်ပါ။
ဒေါ်ဖြူဖြူ ရဲ့ အပေါ်နှုတ်ခမ်း အောက်နှုတ်ခမ်း
ပါ မချန် သူ့ နှုတ်ခမ်းနဲ့ ပွတ်တိုက်ဆွဲပေးပြီး
အားရပါးရ စုပ်ယူပေးနေလိုက်သည်။
မုန်းလိုက်တာ သူ ဒီလို နမ်းနေတာကြီးကို။
ဖြူဖြူ မှာ လက်နဲ့ ထုရိုက်နေတာတောင်
သူ့က မနာဘူးလားမသိ။
နမ်းတာ အာသာမပြေဖြစ်လာတော့ ခေါင်
လွန်ကြိုးဖြူဖြူ ရဲ့ နှုတ်ခမ်းလေးကို
မနာအောင် အသာလေး ကိုက်ပစ်ကာ
ပွင့်သွားသော ခံတွင်းလေးထဲ သူ့ လျှာဖျား
ကို ထိုးဝင်ပစ်လိုက်သည်။
ထိုအချိန် သူမ ပါးစပ်ထဲ တိုးဝင်လာသော
ခေါင်ယံမှိုင်း လျှာဖျားကြောင့် လွန်ကြိုးဖြူဖြူ
မျက်လုံးများ ပို၍ ဝိုင်းစက်သွားကာ
အသက်ရှူမဝတော့ပေ။
အသက်ရှူတာ မမှန်တော့ ခေါင်ယံမှိုင်း
မျက်နှာက လွန်ကြိုးဖြူဖြူ နားသယ်စနား
ကပ်သွားခဲ့သည်။
" အာ့.. .မလုပ်နဲ့... ခေါင်ယံမှိုင်း
ငါ ယားတယ်... ယားတယ်လို့..!! "
ဖြူဖြူ နားကို သူ့ လျှာဖျားနဲ့ လာကလိပြီး
စုပ်ယူနေသဖြင့် လူက မနေတတ်တော့ပေ။
ယားလွန်းလို့လည်း သူ့ ဆံပင်တွေကို
ဖြူဖြူ ဆွဲကုတ်ထားမိသည်။
" အ့.. မလုပ်.. မလုပ်နဲ့..!!! "
လူတင်မကဘူး ဒေါ်ဖြူဖြူ နားရွက်လေးကပါ
ချစ်စရာကောင်းနေတာပဲ။
ဒါကြောင့် စိတ်ရှိတိုင်း လျှာဖျားလေးနဲ့
ကလိပြီး စုပ်ယူနေမိသည်။
" အ့.. အ့.. .ယား.. တယ်.. ယားတယ်
ခေါင်ယံမှိုင်း..!! "
" ရပ်ပါ... ရပ်ပါတော့...!! "
လွန်ကြိုးဖြူဖြူ တားတာတောင် ခေါင်ယံမှိုင်း
ရပ်မပေးခဲ့ပါ။
ပို၍ပင် လွန်ကြိုးဖြူဖြူ နားရွက်ဖျားလေးကို
လျှာလေးနဲ့ ကလိလိုက် စုပ်ယူလိုက်
လုပ်နေခဲ့၏။
" တော်... တော်ပါတော့ ခေါင်ယံမှိုင်း.."
တကယ့်ကို လွန်ကြိုးဖြူဖြူ မခံနိုင်တော့ဘူး
ဆိုမှ ခေါင်ယံမှိုင်း ခေါင်းလေးက လွန်ကြိုးဖြူဖြူ
လည်တိုင်ထက် ဆင်းသက်သွားခဲ့သည်။
" ပြွတ်စ်. .!! '
" အ့.. .ခေါင်ယံမှိုင်း.."
လည်တိုင်ကို စုပ်ယူလိုက်သော သူကြောင့်
ဖြူဖြူ ညည်းလိုက်မိသည်။
" ကျုပ် ကြိုက်တယ် ဒေါ်ဖြူဖြူ. ..
ကျုပ် လုပ်ပေးလို့ ခင်ဗျား ညည်းတာကို "
ဖြူဖြူ ကို ကြည့်ကာ ပြောရင်း လည်တိုင်
တစ်လျှောက်ကို အနမ်းတွေ ခြွေလိုက်၊
marking အရာတွေ ပေးလိုက်နဲ့ပေ။
ဖြူဖြူမှာတော့ သူ့ ဆံပင်တွေကို ဆွဲဆုပ်
ထားပြီး မအော်မိအောင် မနည်းထိန်းနေရသည်။
ရပ်ခိုင်းချင်သော်လည်း သူ့ကို ဖြူဖြူ
မတားနိုင်။
မြင်နေရတဲ့ရင်ညွှန့် တစ်လျှောက်ကို သွား
လေးနဲ့ တတိတိ ကိုက်လိုက်တဲ့နောက်
ဒေါ်ဖြူဖြူ ကိုယ်လေးက တစ်ချက်ချက်
ကော့သွားတော့ ခေါင်ယံမှိုင်း
ထိန်းမရတော့ပါ။
" ကျုပ်ကို ခွင့်ပြုပေးမယ်မလားဟင်
ဒေါ်ဖြူဖြူ "
မျက်ဝန်းထက် အနမ်းခြွေကာ ဖြူဖြူ
ကို တောင်းဆိုလာတဲ့ သူကြောင့်
ချက်ချင်း ခေါင်းယမ်းပစ်လိုက်သည်။
ဟင့်အင်း ဖြူဖြူတို့ ဒီလိုမဖြစ်ရ။ ဖြူဖြူ
က ဒွိလိင်။ နောက်ပြီး ဒွိလိင်တွေက
ကလေးရဖို့ ခဲယဉ်းသည်။
ဒါ့အပြင် သူလည်း ဖြူဖြူ ကို ဒွိလိင်မှန်း
သိရင် ရွံသွားမှာ။
" ငါ... ငါ ကြောက်တယ် ခေါင်ယံမှိုင်း
ငါ အဆင်သင့် မဖြစ်သေးဘူး
နောက်ပြီး မင်းကို ငါ မချစ်ဘူး "
သံရည်ပူကို နားထဲလောင်းတာတောင်
ဒီလောက် မပူလောင်ပါ။ ဒေါ်ဖြူဖြူ ရဲ့
မင်းကို ငါ မချစ်ဘူးဆိုတဲ့ စကားက
သံရည်ပူ နားထဲ လောင်းချတာထက်
ပို၍ ပူလောင်နေသည်။
" ဘာလို့ ကျုပ်ကို မချစ်တာလဲ
ဒေါ်ဖြူဖြူ... ခင်ဗျား မာသာကိုတောင်
ခင်ဗျား ချစ်တာပဲ... ကျုပ်ကိုကျတော့
ဘာလို့ မချစ်ရတာလဲ..?? "
" ငါ မသိဘူး ခေါင်ယံမှိုင်း... ငါ သိတာက
မင်းကို ငါ မချစ်ဘူးဆိုတာပဲ "
" ဝုန်း..!! "
" အ့..!! "
မီးအိမ်တွေကို နံရံကို ပေါက်ခွဲပစ်လိုက်တာ
ကြောင့် မအော်မိအောင် ဖြူဖြူ မနည်း
ထိန်းလိုက်ရသည်။
" ခလွမ်း.. !! "
" ဝုန်း..!! "
ပန်းအိုးတွေ၊ ရေကရားတွေပါ မချန်
နံရံ ကို ပစ်ပေါက်ကာ ခွဲနေတဲ့ သူ့ကို
ဖြူဖြူ ကြည့်နေမိသည်။ အတော်
ကြောက်စရာကောင်းတာပဲ သူ ဒီလို
ပစ္စည်းတွေ ခွဲနေတဲ့ အချိန်မှာ။
ရပ်ပါလို့လည်း ဖြူဖြူ မပြောရဲ။ သူ့ကို
ဖြူဖြူ ကြောက်နေမိသည်။
" တောက်စ်.. ဟာကွာ..!! "
တောက်စ်ခေါက်သံနဲ့အတူ သူ့က
ရေချိုးခန်းထဲ ဝင်သွားခဲ့သည်။
" ဒုန်း... ဒုန်း.. .ဒုန်း..!! "
ထွက်ပေါ်လာသော ရေချိုးခန်းထဲက အသံ
ကြောင့် ဖြူဖြူ ကိုယ်လေးကျုံသွားမိသည်။
သူ ရေချိုးခန်းထဲက နံရံတွေကို လက်သီး
နဲ့ လိုက်ထိုးနေပြီ။ ဒါကြောင့် ဒီလို
အသံတွေပေါ်တာပေ။ ဒါ့ကို ဖြူဖြူ
ကျိန်းသေပေါက် သိသည်။
သူ စိတ်တိုနေတာနဲ့ ကျောင်းလည်း ဖြူဖြူ
တို့ အခုထိ မသွားရသေး။
ထမင်းကလည်း အခုထိ မစားရသေး။
-
-
-
-
-
-
-
" မဖြူဖြူ စားနော် ဘော့စ်က မဖြူဖြူ
ကြိုက်မယ်ထင်တဲ့ ဟာတွေ ကျတော့်
ကို မှာခိုင်းလိုက်တာ... ဒါကြောင့် မဖြူဖြူ
ဘာမှ အားမနာနဲ့ အဝစား "
" ဟေ့ကောင် လောကွတ်တွေ ချော်မနေနဲ့..
မင်း မျက်လုံးကို ငါ ဖောက်ထုတ်ပစ်လိုက်မှ
ဟုတ်ပေ့ ဖြစ်နေမယ် "
" မ..မချော်တော့ပါဘူး ဘော့စ်ကလည်း
ဟဲဟဲ... "
ခေါင်ယံမှိုင်း ကို ကြောက်တယ်မကြောက်တယ်
စကားတွေပင် ထစ်အသွားကာ
လွန်ကြိုးဖြူဖြူ ကို ထမင်းထည့်ပေး၊
ဟင်းထည့်ပေးတဲ့ မိုက်ကယ်
လက်တွေကပါ တုန်သွားရသည်။
" နေနေ ရတယ် မိုက်ကယ်. .မဖြူ
ဘာသာပဲ ထည့်တော့မယ် "
" ဟုတ် မဖြူဖြူ "
သူ့ ဆရာကို ကြောက်နေလို့ ဖြူဖြူ မိုက်ကယ်
ကို မထည့်ခိုင်းတော့ပါ။ ကိုယ့် ဘာသာပဲ
မိုက်ကယ် ဝယ်လာတဲ့ ဟင်းတွေကို
ထည့်လိုက်တော့သည်။
ခေါင်ယံမှိုင်း က အတော်ဆိုးတာပဲ။
သူကိုယ်တိုင်ပဲ မိုက်ကယ် ကို
ဟင်းပွဲတွေ ပြင်ခိုင်းပြီး အခုကျတော့
မိုက်ကယ် လုပ်တာကို အသေသတ်မယ့်
ပုံစံမျိုးနဲ့။
မိုက်ကယ် ကို သူ ဝယ်ခိုင်းလိုက်တဲ့ ဟင်းတွေ
ကို သူ့က တစ်စက်မှ မထိဘဲ ဆေးလိပ်ဖွာ
နေသည်။
သူ ဆေးလိပ် သောက်တာကို
ဖြူဖြူ မုန်းသည်။ ဆေးလိပ်သောက်တာကို
ဖြူဖြူ မကြိုက်။ ထို့အတူ အရက်သောက်
တဲ့ လူကိုရောပါ။
ခေါင်ယံမှိုင်း ဆေးလိပ်သောက်တာနဲ့တင်
လွန်ကြိုးဖြူဖြူ က အမြင်ပင်ကပ်နေပြီ။
ခေါင်ယံမှိုင်း အရက်သောက်တာကိုပါ
လွန်ကြိုးဖြူဖြူ တွေ့လိုက်လို့ ရှိရင်တော့
မတွေးဝံ့စရာပါ။
ထမင်းလေး စားလိုက် သူ ဆေးလိပ်သောက်
တာကို အမြင်ကပ်သလို ကြည့်နေသော
ဒေါ်ဖြူဖြူ ကြောင့် ခေါင် မရယ်မိအောင်
ထိန်းနေရသည်။
" ကျုပ် ဆေးလိပ်သောက်တာကို ခင်ဗျား
က မကြိုက်ဘူးလား ဒေါ်ဖြူဖြူ "
ဖွာထားတဲ့ ဆေးလိပ်ကို လက်မှာ ကိုင်ရင်း
သူ့က ဖြူဖြူ ကို မေးလာတော့
ခပ်တည်တည်ပင် ပြန်ကြည့်ပေးလိုက်သည်။
" ဟုတ်တယ်မုန်းတယ် ဆေးလိပ်၊
ကွမ်းယာ၊ အရက်သေစာ သောက်စားထားတဲ့
သူဆို ငါပိုပြီးမုန်းတယ်... အဲ့ဒီ
မူးယစ်ဆေးဝါးတွေက မကောင်းဘူး...
မာသာ လည်းပြောဖူးတယ် အဲ့ဒါတွေ
လုပ်ရင် ဘဝပျက်စီးမှာတဲ့ "
" ကျုပ်ကတော့ မပျက်စီးသေးဘူး
ဒီမှာ ခင်ဗျား ကြည့်ပါလား..??
ကျုပ် ရင်ဘတ်ထဲမှာ ဒေါ်ဖြူဖြူ
က နေရာယူထားလို့ အခုထိ မပျက်
စီးသေးဘူး "
" ဟားဟား.. .ဟားဟား "
" မိုက်ကယ် မင်း သေချင်နေတာလား..
မအေဘေးကောင်..!! ငါ ပြောတာ
ကို ရယ်နေတယ် "
" ဆောရီး... ဆောရီးပါ ဘော့စ်..
ဘော့စ် စကားလုံးတွေက ရှယ်လန်းပြီး
ကျတော် ရယ်မိသွားတာပါ
နောက်မဖြစ်စေရပါဘူး "
ခေါင်ဖီးလ်နေတာတောင် ကောင်းကောင်း
မဖီးလ်ရ၊ မအေဘေး တပည့်က
ထရယ်နေတယ်လေ။
လွန်ကြိုးဖြူဖြူ မှာလည်း ဆရာတပည့်
နှစ်ယောက်ကို ကြည့်ပြီး ခေါင်းတွေယမ်းကာ။
" အဟမ်း... ဟမ်း..ဒေါ်ဖြူဖြူ !! "
ချောင်းဟန့်သံ ပေးရင်း ဖြူဖြူ နာမည်ကို
ခေါ်လာသော ခေါင်ယံမှိုင်း။
မိုက်ကယ် ကလည်း ပါးစပ်လေး အုပ်ကာ
သူ့ ဆရာ ကို ကြည့်နေလေသည်။
" ခင်ဗျား သိလား ဒေါ်ဖြူဖြူ...
ကျုပ် ဆေးလိပ်တွေကို ခင်ဗျား နှုတ်ခမ်းထက်
ပိုပြီး မမက်မောဘူး... ဒီအတွက်ကြောင့်
ခင်ဗျားသာ ကျုပ်ကို မောင်လို့ တစ်ခွန်း
ခေါ်ပြီး ဖြတ်ခိုင်းမယ်ဆိုရင် ကျုပ်
ဖြတ်ပေးမိမှာ "
" ဟားဟား.... ဟားဟား "
" တောက်စ်.. !!မအေဘေး မင်း
ထပ်ရယ်ပြန်ပြီလား..?? "
" မဟုတ်ဘူး ဘော့စ်.. မဟုတ်ဘူး
ကျတော် အရှိန်မထိန်းနိုင်လို့..!!! "
" ဘုန်း.. !! "
" အ့.. !! "
မိုက်ကယ် ဖြေသံလည်း အဆုံး စားပွဲပေါ်က
ရေဘူးနဲ့ ခေါင်ယံမှိုင်း ကောက်ပေါက်
ပစ်လိုက်သည်။
ခေါင်ယံမှိုင်း လုပ်ရပ်ကြောင့် နာသွားတဲ့
နဖူးကို လက်နဲ့ ဖိထားနေသော
မိုက်ကယ် ကို လွန်ကြိုးဖြူဖြူ ရယ်ချင်စိတ်
တွေက ထိန်းမရ။
" အဟား... ဟားဟား "
စိတ်မထိန်းနိုင်လို့ လွန်ကြိုးဖြူဖြူ ထရယ်လိုက်
ရာ ပါးစပ်ပိတ်ပြီး ရယ်တာပင်
မရတော့။
" ဘော့စ် မဖြူဖြူ ရယ်နေတယ် "
" အဲ့တော့ ငါ့က ဘာလုပ်ပေးရမှာလဲ...? ? "
" မဟုတ်ဘူးလေ ဘော့စ်ကလည်း
ကျတော် ရယ်တော့ ဘော့စ်က
ငေါက်တယ်လေ.. ဒါ့အပြင် ရေသန့်ဘူး
နဲ့ကပါ ထုသေး.. ဒီတော့ မဖြူဖြူ
ရယ်တော့ ဘာလုပ်မှာလဲလို့.. "
" ငါ့ ဒေါ်ဖြူဖြူ ကို မင်းလို
ငေါက်ပြီး ထုပေးစရာလား.. နမ်းပေးမှာ
ငါ့က ...ဒေါ်ဖြူဖြူ ခင်ဗျား ရယ်တာ
အရမ်းလှတယ် ကျုပ်ကို နေ့တိုင်း
ဒီလို ရယ်ပြပေး... ခင်ဗျား ဖြစ်ချင်တာ
တွေ ကျုပ် အကုန်ဖြည့်ဆည်းပေးမယ် "
ဪ အတော် တရားကျဖို့ ကောင်းတဲ့
ဘော့စ်ပါ။ သူရယ်တော့ကျတော့
ဆဲလည်းဆဲ ရေသန့်ဘူး
နဲ့ကပါ ထုသေး။ မဖြူဖြူ ရယ်တော့
နမ်းပေးမှာတဲ့။
အတော် ဘက်လိုက်တဲ့ သူရဲ့ ဘော့စ်။
-
-
-
-
-
-
-
-
-
ဘားမှာ အလုပ်ကိစ္စရှိလို့ ဖြူဖြူ ကို
ကျောင်းလိုက်ပို့ပေးပြီးတာနဲ့ ခေါင်ယံမှိုင်း
က သူ့ တပည့်နဲ့ ပြန်သွားခဲ့သည်။
ညနေကျ လာကြိုမယ် ပြောသွားခဲ့သည်။
ဒီနေ့ အတန်းက မနက်ခင်းအချိန်ပြီးတာနဲ့
အတန်းချိန် မရှိတော့ပေ။ ဒါ့ကို
ခေါင်ယံမှိုင်း က သိမှာမဟုတ်ပါ။
သူ့ စိတ်ထဲ သုံးနာရီလောက်မှ ဆင်းမယ်
ထင်လောက်ပြီး ညနေလာကြိုမယ်
လုပ်နေလေသည်။
ဒီအချိန်မှာ မာသာ ဂေဟာသွားပြီး
မာသာ ခွင့်လွှတ်မှုရအောင် ဖြူဖြူ ကြိုးစား
ကြည့်မည်။
-
-
-
-
-
-
" ဖွင့်မပေးနဲ့နော် ငါ့ကို ဒီလိုလုပ်ရက်တဲ့
သူ့ ကို ငါ ခွင့်မလွှတ်ဘူး "
ဂေဟာဝမှာ စောင့်နေသော ဖြူဖြူ ကို
မာသာက အထဲမဝင်ခိုင်း။ နေပူကြီးထဲ
ရပ်စောင့်စေသည်။
စစ်စတာ ထွေးထွေးကလည်း နေပူကြီးထဲ
ရပ်စောင့်နေသော လွန်ကြိုးဖြူဖြူ ကို
ကြည့်ပြီး စိတ်မကောင်း။ မာသာ
မဖွင့်ခိုင်းလို့သာ သူမ ဘာမှမတတ်နိုင်ဘဲ
နေနေရသည်။
" သမီးဖြူဖြူ ရေ ပြန်ပါတော့လား
ကြာရင် သမီး အပူရှပ်ပြီး ဖျားနေမယ် "
" ရပါတယ် ထွေးထွေး... မာသာ ခွင့်လွှတ်မယ့်
အချိန်ထိ ဖြူဖြူ စောင့်နေပါ့မယ် "
" ဪ စိတ်မကောင်းလိုက်တာ
ကလေးရယ်... ဒါနဲ့ သမီးက
အခု ဘယ်မှာနေတာလဲ... အဆင်မပြေရင်
ထွေးထွေး တို့ဆီ ပြန်လာခဲ့...
သမီး နေလို့ရအောင် မာသာကို ထွေးထွေး
ကိုယ်တိုင် ပြောပေးမယ် "
" ရပါတယ် ထွေးထွေး... ဖြူဖြူ အဆင်ပြေ
ပါတယ် ထွေးထွေး ဘာမှ စိတ်မပူနဲ့နော် "
" ထွေးထွေးရေ အရေးကြီးတဲ့ စာရင်းမှတ်တမ်း
ဖိုင်တွေ လာရှာပေးအုံး..!! "
" ဟုတ္ကဲ့ မာသာ.. က်မ အခု
လာပြီနော်... သမီးဖြူဖြူ ခဏလောက်ပဲ
စောင့်နော် နေက တအားပူတယ်
ပြီးရင် ပြန်တော့ "
ဖြူဖြူ ကို စိတ်ပူပြီး ထွေးထွေး က မှာကာ
ဂေဟာထဲ ဝင်သွားခဲ့သည်။
ဖြူဖြူ ဂေဟာအပြင်ဘက်မှာ ရပ်နေတာ
တစ်နာရီလောက် ရှိသွားပြီ။
ဒါ့က မာသာကို တွေ့ပြီး ဖြူဖြူ ထပ်
တောင်းပန်ချင်လို့ပါ။
အမှန်အတိုင်း မပြောဘဲ သူကိုယ်တိုင်
ဆုံးဖြတ်ပြီး အရာရာကို လုပ်ခဲ့လို့
ပန်းမြိုင်ဂေဟာက မာသာ မှာ
လွန်ကြိုးဖြူဖြူ လုပ်ရပ်ကို စိတ်တိုနေခြင်းပါ။
အခုလည်း ဂေဟာထဲမှာ ထိုင်နေပေမဲ့ မာသာ
မျက်ဝန်းတွေက လွန်ကြိုးဖြူဖြူ ဆီ
ရောက်လို့ သွားသည်။
" စိတ်ညစ်ပါတယ် ဒီလောက် နေပူနေတာ
ကို သမီးဖြူဖြူ က မပြန်သေးဘူး "
မာသာ လွန်ကြိုးဖြူဖြူ ကို လှမ်းလှမ်းကြည့်ပြီး
စိုးရိမ်နေမှန်းသိတော့ စာရင်းစာအုပ်တွေ
ရှာနေရင်းကနေ စစ်စတာ ထွေးထွေးက
ထပြောလာခဲ့သည်။
" အဲ့ဒီလောက် စိုးရိမ်နေရင် နင်ကိုယ်တိုင်
သူ့ကို ပြန်ခိုင်းလိုက်လေ ထွေးထွေး "
" မပြန်ဘူးတဲ့ မာသာ.. .ဖြူဖြူ က
ကျမကို ပြောတယ်... ဒါပေမဲ့ မာသာ
ပြန်ခိုင်းရင်တော့ သူ့က ပြန်လောက်တယ် "
" သူ့ ဟာသူ ပြန်ချင်နေ မပြန်ချင်နေ
ငါ စိတ်မဝင်စားဘူး.. အဓိကက ငါ့
ကို လာမရှူပ်ဖို့ပဲ အရေးကြီးတယ် "
ကျောင်းဖွင့်ချိန်ဆိုတော့ ဂေဟာမှာ
ကလေးတွေကလည်း မရှိ။
မဟုတ်ရင် ဂေဟာက ကလေးတွေနဲ့
ထွေးထွေး ပေါင်းပြီး ဖြူဖြူ ကို
အထဲဝင်ခိုင်းအောင် မာသာကို
တောင်းဆိုလို့ ရလောက်သည်။
နေပူထဲ ချွေးဒီးဒီးကျကာ ရပ်စောင့်နေသော
လွန်ကြိုးဖြူဖြူ ကို ထွေးထွေး ကြည့်ပြီး
စိတ်မကောင်းတဲ့ အဆုံး မာသာ ရှာခိုင်း
တဲ့ စာအုပ်ကို ဆက်မရှာတော့ဘဲ
ရပ်ပစ်လိုက်သည်။
" ဖြူဖြူ အရမ်း ပူနေပြီ မာသာ...
ဟိုမှာ ချွေးတွေတောင် ထွက်နေပြီ ကြာရင်
ဖြူဖြူ မေ့လဲသွားလိမ့်မယ် မာသာ...
ဖြူဖြူ ကို အထဲဝင်ခိုင်းလိုက်ပါနော် "
" မဝင်ခိုင်းဘူး ထွေးထွေး... နင်ငါနဲ့
အခုလိုက်ခဲ့ သူ့ဆီ သွားမယ် "
" ဟုတ် မာသာ "
ဂေဟာပေါက်ဝမှာ ရပ်နေသော
လွန်ကြိုးဖြူဖြူ ဆီကို မာသာက ထသွားတော့
နောက်ကနေ ထွေးထွေးကပါ
အမှီလိုက်သွားရသည်။
" ဟင်... မာသာ"
မာသာ ကို တွေ့တာနဲ့ ချွေးတွေ ထွက်နေရင်း
ကြားကနေ ပြုံးပြလာသော လွန်ကြိုးဖြူဖြူ။
ဒါ့ကို မာသာ အသက်မဲ့စွာကြည့်ပြီး.....
" နင် ငါ့ကို ဘယ်အချိန်ထိ စိတ်ဒုက္ခ
ပေးနေမှာလဲ လွန်ကြိုးဖြူဖြူ... ငါ
သေမှ နင် အေးမှာလား... ဒါဆို
ငါ့ကို အခုသတ်သွား..!! သတ်သွား
စမ်းပါ..!! "
" မဟုတ်ပါဘူး မာသာ. ..ဖြူဖြူ က
မာသာ ကို တောင်းပန်ချင်ရုံလေးပါ "
" မလိုဘူး.. .နင်နဲ့ ငါနဲ့ မဆိုင်တော့ဘူး
ငါ့ကို နင် ဘာမှ တောင်းပန်စရာမလိုဘူး
လွန်ကြိုးဖြူဖြူ "
လွန်ကြိုးဖြူဖြူ တဲ့.. မာသာ ခေါ်သံက ဖြူဖြူ
ရင်ထဲ ဓားနဲ့ အသေထိုးသတ်နေသလိုပင် ။
" ငါ ပြောနေတာမကြားဘူးလား. .
ဒီ ဂေဟာကနေ နင် ထွက်သွားပေးစမ်းပါ..
တကယ်လို့ နင် မသွားဘူးဆိုရင်
ငါ့ကိုယ်ငါ သတ်သေမိလိမ့်မယ် "
" မလုပ်ပါနဲ့ မာသာ.. မာသာ မကြိုက်ရင်
ဖြူဖြူ မလာတော့ပါဘူး... အခုလာတာက
မာသာ မျက်နှာလေးကို ဖြူဖြူ တစ်ခါလောက်
မြင်ချင်သေးလို့ပါ "
" အခု ငါ့ မျက်နှာကို နင်မြင်ပြီးပြီ မဟုတ်လား
ဒါဆို အခု ထွက်သွားတော့ လွန်ကြိုးဖြူဖြူ..!!!
နင့် မျက်နှာကို ငါ မမြင်ချင်ဘူး "
" ဟုတ်ကဲ့ မာသာ...ဖြူဖြူ သွားမယ်နော်
ထွေးထွေး မာသာကို ဂရုစိုက်ပေးပါနော် "
" အင်းပါ ဖြူဖြူ ... ထွေးထွေး သမီးမာသာ
ကို ဂရုစိုက်ပေးမယ် ဟုတ်ပြီလား...?? "
မှာစရာရှိတာ မှာပြီးတာနဲ့ ဖြူဖြူ ထွက်လာလိုက်
သည်။ ဒါတောင် ဖြူဖြူ ကို စိတ်နာစွာ
စိုက်ကြည့်နေသော မာသာ မျက်ဝန်း၊
မမြင်ချင်ဘူးလို့ တတွတ်တွတ် ပြောနေသော
မာသာစကားသံတွေက နားထဲကပ်ပါလာခဲ့သည်။
စိတ်ညစ်ညစ်နဲ့ ပလက်ဖောင်းပေါ်
လမ်းလျှောက်နေတုန်း ကားတစ်စီးက
ဖြူဖြူ ရှေ့ ထိုးရပ်လာခဲ့သည်။
" ကလေး... !! "
ခေါ်သံနဲ့အတူ ကားပေါ်က ဆင်းလာတဲ့
လူကို ဖြူဖြူ မြင်လိုက်ရတော့ လူက
တုန်သွားရသည်။
Part 40 မျှော်........................................
( ခေါင်ကြီး ရယ် အရမ်းဆိုးလိုက်တာ မိုက်ကယ်
ကလည်း ရယ်ရ... မိုက်ကယ် ရေ
ရှင် ရယ်တာကို ခေါင်ကြီး က အပြစ်မြင်မှာပေါ့
ဒေါ်ဖြူဖြူ ကိုကျတော့ အပြစ်မြင်မှာ မဟုတ်ဘူး
ခေါင်ကြီး က ဒေါ်ဖြူဖြူ ကို ကြွေနေလို့လေ 😆😆😆
ဒါကြောင့် မတူရင် မတုပါနဲ့ 🤣🤣🤣)
ဒီနေ့ အပိုင်းက အရမ်းရှည်လို့ မနက်ဖြန်
အပိုင်း တိုမယ် ဒါဒါလေးတွေ 😆😆
ချစ်တယ်နော်မင်မင်ရဲ့ ဒါဒါလေးတွေ.......😍😍😘😘
ဒီအပိုင်းလေးနဲ့ ပတ်သက်ပြီး ဒါဒါလေးတွေရဲ့ မန့်ကို
မင်မင်လေယူရာယိမ်း စောင့်မျှော်လျက်.. ......😍😍😘😘
#လေယူရာယိမ်း