ကလေးကြောင့်

By xing_han

18.7K 1.6K 508

ကိုကိုတို့ရဲ့ ကံကြမ္မာကဘယ်ကစမှားခဲ့တာလဲ More

Part - 1
Part - 2
Part - 3
Part - 4
Part - 5
Part - 6
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13
Part - 14
Part - 15
Part - 16
Part - 17
Part - 18
Part - 19
Part - 21
Part - 22
Part - 23
Part - 24
Final
Extra

Part - 20

688 53 33
By xing_han

🍂ကလေးကြောင့်🍂
🤍MileApo🤎

ရုတ်တရက်ကြီး ပါးကဘန်ကောက်ရောက်လာတယ်ဆို၍ အံသြသွားရသည်။ ဒီထက်ပိုအံ့သြစရာက ပါးနဲ့အတူ ဦးလေးဆိုင်ပါအတူပါလာတာပင်.. ဦးလေးဆိုင်ဆိုတာက mintအဖေဖြစ်ပြီး ပါးနဲ့စီးပွားဖက်ဖြစ်သည်။

ပါးတို့ရုတ်တရက်ကြီးအခုလိုရောက်ချလာတာ သွေးရိုးသားရိုးမဖြစ်နိုင်ဘူးဆိုတာ mileတွေးမိပါသည်။ မားကထက်မြတ်တဲ့အမျိုးသမီးဖြစ်တာမို့ အရိပ်ပြတာနဲ့အကောင်မြင်တတ်သူ။ အခုလဲ သူနဲ့ကလေးရဲ့အခြေအနေကိုသိသွားလို့ mintနဲ့အတင်းစီစဥ်ဖို့လုပ်တော့မယ်ဆိုတာ mileခန့်မှန်းမိသည်။

အလုပ်အားလို့ မိန်းမတွေကိုမခွဲနိုင်လို့လိုက်လာတာဆိုတဲ့ ပါးတို့ရဲ့အရွှန်းဖောက်စကားကို တခြားသူတွေကမသိပေမဲ့ ကိုယ်ကတော့အတတ်သိပြီးသား။ ကာယကံရှင်နှစ်ယောက်ကိုကြိုမပြောဘဲ သူတို့လူကြီးတွေဘဲတိုင်ပင်ပြီး ပွဲနေ့မှရှောင်မရအောင် ချည်ပြီးတုတ်ပြီးလုပ်ကြံမလို့..

မားမသိတာက မားလိုထက်မြတ်တဲ့သူကမွေးတဲ့သားက ငတုံးငအမှမဟုတ်ဘဲမားရယ်.. မသိချင်ယောင်ဆောင်ပြီး မားဇာတ်လမ်းအတိုင်းလိုက်မျောရုံပေါ့။

''nodt အစ်ကို့ကို အရည်အသွေးကောင်းပြီးနာမည်ကြီးတဲ့ကျောက်မျက်ရတနာဆိုင်တစ်ခုလောက်စုံစမ်းပေး..ပြီးတော့ အဲ့ဆိုင်ကမန်နေဂျာဖြစ်ဖြစ် ဦးစီးတဲ့သူဖြစ်ဖြစ် ဆိုင်ရဲ့အရေးပါတဲ့သူတစ်ယောက်ကို အစ်ကိုနဲ့တွေ့ခွင့်ရဖို့ချိတ်ပေး''

''ဟုတ်ကဲ့ p'mile''

nodtဆိုတာ သူဘာလုပ်လုပ် ဘာလို့လဲ၊ ဘာအတွက်လဲဆိုပြီး စပ်စုတတ်သူမဟုတ်တာကြောင့် သူ့ကိုယ်ရေးကိုယ်တာကိစ္စကအစစိတ်ချရသူ။ nodtရဲ့စီစဥ်ပေးမှုကြောင့်နဲ့ အရည်အသွေးပြည့်မှီပြီး နာမည်ကြီးစိန်တိုက်တစ်ခုက အရေးကြီးပုဂ္ဂိုလ်နဲ့တွေ့ခွင့်ရခဲ့သည်။
ထိုပုဂ္ဂိုလ်ကလဲ စီးပွားရေးလောကမှာ mileလိုစီအီးအိုကိုသိနေတာမို့ တွေ့ဖို့အလွယ်လက်ခံခဲ့သည်။

''ကျနော် ဒီဇိုင်းအဆန်းတွေမလုပ်ချင်ဘူး ရိုးရိုးရှင်းရှင်းလေးဘဲလုပ်မယ် အပေါ်မှာစိန်ဖြူတစ်ပွင့်ထည့်ပေး၊ လက်စွပ်အတွင်းမှာ M&Pဆိုတဲ့စာလေးပါထွင်းပေး၊ ပြီးတော့ စိန်ကိုတန်ဖိုးအကြီးဆုံးနဲ့အကောင်းစားထဲကဘဲလိုချင်တယ်''

''CEO လိုချင်အတိုင်းဖြစ်စေရပါမယ်.. ''

''ဆင်တူနှစ်ကွင်းလုပ်မယ်.. ​ဖြစ်နိုင်ရင် ကျနော့်ကိုနှစ်ရက်အတွင်းရအောင်လုပ်ပေးနိုင်မလား''

''ရပါတယ် ကျနော်တို့ဘက်ကသေချာလေးဆောင်ရွက်ပေးပါ့မယ်''

''ကျေးဇူးတင်ပါတယ် ''

....

po အပေါ်ကနေ အောက်ဆင်းလာတော့ ဧည့်ခန်းမှာပြောနေတဲ့စကားသံတွေကြောင့်ဆက်မသွားဘဲလှေကားထိပ်မှာရပ်နေလိုက်သည်။

''အကုန်လုံးစီစဥ်ပြီးပြီဆိုတော့ လက်စွပ်ဘဲကျန်တော့တယ်မလား''

''လက်ထပ်လက်စွပ်ကို သားနဲ့သမီးတို့စိတ်ကျလုပ်ခိုင်းတာကောင်းမယ်ထင်တယ်.. သူတို့ကတသက်လုံးဝတ်ရမှာဆိုတော့ သူတို့စိတ်ကြိုက်​လုပ်ခဲ့လိမ့်မယ်လေ''

တစ်စွန်းတစ်စကြားလိုက်ရတဲ့စကားအချို့ကြောင့် လှေကားထိပ်ကနေမရွေ့မိ.. တစ်ချိန်ကျရင် poက ကိုကို့ကိုစွန့်လွှတ်ရမယ်ဆိုတာသိရက်နဲ့တောင် တကယ့်လက်တွေ့ကျ poခံနိုင်ရည်မရှိသေးဘူး။ poတို့ကအစကထဲက ပေါင်းဆုံခွင့်မရှိတဲ့မျဥ်းပြိုင်နှစ်ကြောင်းဘဲလေ..

''အငယ်လေး''

လှေကားထိပ်မှာ မျက်ရည်တွေတသွင်သွင်စီးကျကာ တောင့်တောင့်ကြီးရပ်နေတဲ့poကို အန်တီဖေးမြင်ပြီး လှေကားတက်လာသည်။

''နာကျင်ရတယ်မလား''

''....''

''နာကျင်မယ်ဆိုတာသိရက်နဲ့တောင် ဒီလမ်းကိုရွေးချယ်ခဲ့ပြီးပြီဘဲ ရင်ဆိုင်ဖို့ဘဲပြင်ထားပါ.. သခင်လေးကို ယုံပြီးစောင့်နေလိုက်ပါ အန်တီဖေး အငယ်လေးတို့ဘက်မှာရှိနေပါတယ်.. မငိုပါနဲ့အငယ်လေးရယ်''

poမငိုပါဘူးအန်တီဖေး.. မျက်ရည်ကသူ့အလိုလိုကျလာတာပါ..

ညနေစောင်းmileအိမ်ပြန်ရောက်တော့ ဘယ်သူမှရှိမနေ..

''အော် သခင်လေးပြန်လာပြီလား''

''ဘယ်သူမှလဲမတွေ့ဘူး ဘယ်သွားကြတာလဲ''

''မမကြီးတို့ကတော့ အပြင်ထွက်သွားကြတယ်၊ သခင်လေးတစ်ခုခုကိုရိပ်မိတယ်မလား''

''အဟင်း အန်တီဖေးတောင် ကျနော့်အကြောင်းသိနေတာဘဲ ထားလိုက်ပါ.. တကယ့်ပွဲနေ့မဖြစ်မြောက်ရင်ပြီးတာပါဘဲ အန်တီဖေးကျနော့်ဘက်မှာရှိနေပေးနော်.. ဒါနဲ့ ကလေးရော''

''အိမ်အနောက်ကခြံထဲထိုင်နေတယ်''

''ကျနော့်အတွက် လိမ္မော်ရည်လေးတစ်ခွက်လောက်ဖျော်ပေး ပြီးရင် ကလေးကိုလာပို့ခိုင်းပေး''

mile အန်တီဖေးကိုမှာခဲ့ပြီး အခန်းထဲဝင်လာခဲ့သည်။ အပေါ်ကုတ်ကိုချွတ်ပြီး အတွင်းအိတ်ထဲကဘူးအပြာလေးကိုထုတ်လိုက်သည်။ ဘူးအဖုံးဖွင့်လိုက်တာနဲ့ တလက်လက်တောက်နေတဲ့စိန်ပွင့်လေးမြုပ်ထားတဲ့လက်စွပ်နှစ်ကွင်းပေါ်လာသည်။ ရိုးရှင်းပေမဲ့ မြင်တာနဲ့တန်ဖိုးကြီးမှန်းသိသာသည်။

လက်စွပ်အတွင်းမှာ M&Pဆိုတဲ့စာလုံးလေးနှစ်လုံးဟာလဲ ထွင်းထုထားတာသေသေသက်သက်လေး။ ဒီလက်စွပ်နှစ်ကွင်းရဲ့အံ့သြစရာကောင်းတာကိုပြောပြရမလား. အင်း mileလက်စွပ်နှစ်ကွင်းလက်ဖဝါးပေါ်တင်ပြီး ထပ်လိုက်တော့နှစ်ကွင်းကအံ့ဝင်ခွင်ကျနဲ့တစ်ကွင်းထဲကို နောက်တစ်ကွင်းကဝင်သွားသည်။

သူနဲ့ကလေးရဲ့လက်က sizeတူမို့ လက်စွပ်နှစ်ကွင်းကလဲတစ်ဆိုဒ်ထဲပါ ဒါပေမဲ့ ကလေးအတွက်ရည်ရွယ်ထားတဲ့လက်စွပ်က သူ့လက်စွပ်ထဲကို အံဝင်ခွင်ကျဝင်သွားတာမို့ စမြင်စကအံ့သြသွားရသည်။

ဆိုင်ရှင်ပြောတဲ့စကားကိုကြားတော့မှ mileအပြုံးတွေမရပ်နိုင်ဖြစ်ခဲ့ရသည်။ ပန်းထိမ်ဆရာကတောင် သူလုပ်ခဲ့သမျှလက်စွပ်တွေထဲအံသြစရာအကောင်းဆုံးပါတဲ့.. ဆိုင်ရှင်ပြောသွားတာက ''ဒီလက်စွပ်ပိုင်ရှင်နှစ်ယောက်ရဲ့ရေစက်က အမြဲထပ်တူကျပြီးဆုံဆည်းဖို့ကံပါလာလို့ဖြစ်မယ်ထင်တယ်''တဲ့

သေချာတာပေါ့ သူနဲ့ကလေးရဲ့ကံကြမ္မာက အမြဲထပ်တူကျနေတယ်..ရေစက်ရှိလို့ တွေ့ခွင့်ရခဲ့ပြီပေါင်းဖက်ဖို့ဘဲလိုတော့တာမလား ရှေးရေစက်တွေပါလာလို့ ကံတရားနှစ်ခုထပ်တူကျတဲ့အခါ ဘယ်သူမှရှောင်လွဲလို့မရဘူး။

''ဒေါက် ဒေါက် ကိုကို poပါ''

အပြင်တံခါးခေါက်သံနဲ့ကလေးအသံကြားတော့ လက်စွပ်ဘူးကိုဖွင့်ချက်သားနဲ့စားပွဲပေါ်တင်ထားခဲ့ပြီး ရေချိုးခန်းထဲအမြန်ဝင်လိုက်သည်။ ဒီလက်စွပ်ကို ကလေးကိုတမင်မြင်စေချင်တာ.. သူ့သဘောထားကို ကလေးမြင်အောင်ပြချင်တာမို့ ဖွင့်ရက်သားနဲ့ထားခဲ့သည်။

ကိုကို့ဆီကပြန်ပြောသံမကြားတာမို့ poဘာသာတံခါးဖွင့်ဝင်ခဲ့သည်။ အခန်းထဲရောက်တော့ကိုကိုကမရှိ။ အအေးခွက်ကိုဘဲထားခဲ့ဖို့တွေးလိုက်ပြီး စားပွဲမှာတင်ဖ်ု့အလုပ် စားပွဲပေါ်ကဘူးလေးကိုအကြည့်ရောက်မိသည်။ တလက်လက်တောက်နေတဲ့လက်စွပ်လေးနှစ်ကွင်းကရိုးရိုးလေးနဲ့လှတာကြောင့် poသဘောကျမိသည်။

ထ်ုဘူးလေးကိုယူကာကြည့်ရင်းမှ မားတို့ပြောတဲ့စကားကနားထဲရောက်လာတော့ poမျက်နှာလေးထိန်းမရအောင်ပျက်သွားပြီး လက်စွပ်ဘူးကိုပြန်ချလိုက်သည်။

တန်ဖိုးကြီးပုံရတဲ့လက်စွပ်လေးနှစ်ကွင်းကိုကြည့်ရင်း poမျက်ရည်ကျရပြန်သည်။ ဒီလက်စွပ်တွေက poနဲ့မှမဆိုင်ဘဲ. ကိုကိုက mintနဲ့လက်ထပ်ဖို့အတွက်လုပ်ထားတဲ့လက်ထပ်လက်စွပ်ဘဲလေ။ နောက်ဆုံးတော့လဲ ကိုကိုကမားစကားကိုနားထောင်ပြီး mintကိုလက်ထပ်ရမှာပါဘဲ။ poလဲဘဲ ကိုကို့ညီဆိုတဲ့နေရာကနေ တသက်လုံးနေသွားရမှာပါ။

မားစကားကို ကိုကိုလဲမလွန်ဆန်နိုင်ပါဘူး poကကော ဘာတွေမျှော်လင့်နေမိတာ တစ်ချိန်ကျရင် ကိုကို့ကိုစွန့်လွှတ်ရမှာသိရဲ့သားနဲ့.. မျက်ရည်တွေကို poအကြမ်းပတမ်းပွတ်သုတ်လိုက်သည်။ ယောကျာ်းဖြစ်ပြီး မျက်ရည်တွေခဏခဏကျရတာကိုလဲ ကိုယ့်ဘာကိုယ်မုန်းချင်လာသည်။

poကိုကို့ကိုအနည်းငယ်တော့ စိတ်ဆိုးမိပါသည်။ poတစ်ဘဝလုံး ကိုကို့ကိုအပိုင်ပေးထားတာတောင် poကိုပိုင်ဆိုင်ဖို့မကြိုးစားဘူး။ မားကိုဆန့်ကျင်ခိုင်းတာမဟုတ်ပေမဲ့ အနည်းဆုံးတော့poနဲ့နီးစပ်ဖို့ ကိုကိုကြိုးစားမယ်ထင်ထားခဲ့တာ အခုတော့ mintနဲ့လက်ထပ်ဖို့ ကိုကိုကိုယ်တိုင်ကတောင် စီစဥ်နေတာဘဲ..

အပိုနတ်ထဝင်း မင်းကကိုယ့်နေရာကိုမသိဘဲစိတ်ကူးယဥ်လွန်းနေတာ။ နောက်ဆုံးတော့လဲ မင်းတစ်ချိန်ကတွေးခဲ့သလိုဘဲပေါ့ ကိုကိုအိမ်ထောင်ပြုပြီး သားသမီးတွေရလာရင် တူတွေတူမတွေကိုထိန်းရင်းနေသွားဖို့ဘဲဖြစ်လာတာပါ။

poအပြင်ပြန်ထွက်သွားမှ mileရေချိုးခန်းကနေချောင်းကြည့်နေရာမှပြန်ထွက်လာခဲ့သည်။ကလေးငိုနေတာကို မငိုပါနဲ့လို့ချော့ချင်ခဲ့တာ.. ကိုကိုက နောက်ဆိုမင်းကိုမငိုအောင် အမြဲပျော်နေအောင်ထားမယ်လို့ကတိပေးတယ်။

.....

''p'mile... p'mile. mintနဲ့ခဏလောက်စကားပြောရအောင်''

mileကိုခိုးကြောင်ခိုးဝှက်နဲ့လာခေါ်ကာ ခြံထဲကလူရှင်းတဲ့ဘက်ကိုလက်ဆွဲခေါ်လာတဲ့mint.

''p'mile သိပြီးပြီလား.. မဲ့တို့က mintတို့ကိုစေ့စပ်ဖို့စီစဥ်နေကြတယ်.. စေ့စပ်ပွဲကမနက်ဖြန်တဲ့''

မားတို့ရဲ့စီစဥ်နိုင်မှုကိုသြချရပါသည်။ စီစဥ်နေတာသိပေမဲ့ ဒီလောက်ထိမြန်မယ်မထင်ထားခဲ့ဘူး

''p'mile mint တို့ဘယ်လိုလုပ်ကြမလဲ.. mint p'mileကိုလက်မထပ်ချင်ဘူး p'mileလည်း mintလိုဘဲဆိုတာသိတယ်၊ mint မောင်နဲ့မခွဲနိုင်ဘူး''

''စိတ်မပူပါနဲ့ mintချစ်သူနဲ့မခွဲရပါဘူး..အစ်ကိုလဲ အစ်ကို့ချစ်သူကိုဘဲလက်ထပ်မှာပါ''

''ဒီကိစ္စကိုရော poသိထားလား''

''အစ်ကိုနဲ့ကလေးအကြောင်းကို mint သိနေတာလား''

''အန်တီဖေးပြောပြထားလို့ mintသိပြီးပါပြီ.. p'mileလဲpoကို အရမ်းချစ်တာ mintကိုယ်တိုင်မြင်ဖူးနေတာဘဲလေ''

''ကလေးမသိသေးဘူး.. သိလို့လဲမဖြစ်ဘူး ဘယ်လိုဖြစ်ဖြစ် မနက်ပွဲနေ့မှာပွဲပျက်ဖို့ကအဓိကဘဲမလား.. တစ်ခုရှိတာက အစ်ကိုနဲ့mintက လူကြီးတွေရှေ့မှာပိရိနေရမယ်.. အစ်ကိုက မနက်ဖြန်မှာရအောင်ဖျက်မှာမို့ mint စိတ်အေးအေးထားပါ''

''ကျေး ကျေးဇူးတင်ပါတယ် p'mile.. p'mileက mintအတွက် အစ်ကိုရင်းတစ်ယောက်လိုလေးစားရတဲ့သူပါ.. ပြီးတော့လေ တမျိုးတော့မထင်ပါနဲ့ mint. p'mile ကိုအစ်ကိုလိုလေးစားရတာမို့ တစ်ခါလောက်ဖက်လို့ရမလား''

အစ်ကိုမရှိသူမို့ တစ်ခါတရံအစ်ကိုလိုအားကိုးချင်တဲ့အခါတွေလဲရှိတတ်ကြမှာဘဲဆိုတာ mileနားလည်သည်။ ဒါကြောင့်

''အင်း ရပါတယ်.. တစ်ခုရှိတယ် လက်မောင်းဘဲဖက် ရင်ခွင်ထဲတော့ဝင်မလာနဲ့ အစ်ကိုရင်ခွင်ထဲကတစ်ယောက်သောသူအတွက်ဘဲမို့''

p'mileစကားကြောင့် mintပိုလိုက်တာလို့တွေးမိပေမဲ့ တကယ်လဲp'mileက poကိုဘဲခေါင်းထဲထည့်ထားတဲ့သူလေ။ mint. p'mileလက်မောင်းကိုချိတ်ကာ ပုခုံးပေါ်ခေါင်းခဏတင်မှီပြီး ချက်ချင်းပြန်လွှတ်လိုက်သည်။ ကြာနေရင် p'mileဆီကအဆူခံရမည့်အပြင် poမြင်ရင်အထင်လွဲသွားနိုင်သည်။

ခြံထဲမှာ ကိုကိုနဲ့mint စကားပြောနေတာမြင်လို့ရပ်ကြည့်နေတုန်း ကိုကို့လက်မောင်းကိုချိတ်ပြီးပုခုံးပေါ်မှီတင်လိုက်တဲ့mint.. ကိုကိုကလဲ mintကိုပြုံးပြနေသည်။ ဒါဘယ်လိုအခြေအနေလဲ.. တကယ်ဆို poရပ်ကြည့်မနေခဲ့သင့်ဘူး

''သားငယ်.. ဘာလုပ်နေတာလဲ''

''မား ဟို ဘာမှမလုပ်ပါဘူး''

''ဟင် သားကြီးနဲ့mintဘဲ ကြည့်ရတာအဆင်ပြေကြပုံဘဲ၊ တချိန်လက်ထပ်ရမဲ့သူတွေဆိုတော့ အဆင်ပြေတော့ပိုကောင်းတာပေါ့''

သူမစကားကြောင့် သားငယ်မျက်နှာလေးညိုးကျသွားတာကိုမြင်ရတာ သူမရင်ထဲမကောင်း။ ကိုယ့်ဝမ်းနဲ့လွယ်မွေးရတဲ့သားမဟုတ်ပေမဲ့ ငယ်ကထဲကသားအရင်းလိုချစ်လာတဲ့သားငယ်မို့ ရင်ထဲတော့နာသည်။ ဒါပေမဲ့လည်း သားငယ်ကိုမရက်စက်ချင်ဘဲ ရက်စက်ရတော့မည်။ နောက်ဆိုရင်သားငယ်လည်းနေသားကျသွားမှာပါ။

''သားငယ်''

''ဗျာ မား''

''သားငယ်နဲ့ မားလိုက်အိပ်လို့ရမလား၊ သားငယ် ငယ်ငယ်တုန်းက မားသီချင်းဆိုသိပ်ရင်ခဏနဲ့အိပ်ပျော်တာ''

''ဟုတ် မား''

poအခန်းထဲကို မားပါလိုက်လာပြီး မားရင်ခွင်ထဲကိုpoတိုးဝင်လိုက်သည်။ မားက poခေါင်းကိုခပ်ဖွဖွပွတ်သပ်ပေးရင်း သီချင်းဆိုသိပ်သည်။ poမျက်လုံးစုံမှိတ်ကာ မားမမြင်အောင်မားရင်ခွင်ထဲမျက်နှာကိုဖွတ်ထားလိုက်သည်။ poကျနေမဲ့မျက်ရည်တွေကို မားကိုမမြင်စေချင်ဘူး။

po မနက်ဖြန်ကစပြီး ကိုကို့ကို အစ်ကိုတစ်ယောက်လိုချစ်နိုင်အောင်ပြန်ကြိုးစားရတော့မည်။ poလိုမိဘမဲ့တစ်ယောက်ကို အိမ်တော်သခင်လေးအဖြစ်မွေးခဲ့တဲ့မားတို့ကျေးဇူးကဆပ်မကုန်နိုင်ဘူးမလား။ ကျေးဇူးကိုအကုန်မဆပ်နိုင်ရင်တောင် ကျေးဇူးကန်းတဲ့သားမဖြစ်ချင်ဘူး။ poတို့အကြောင်းကို မားတို့သိရင်စိတ်ဆင်းရဲရလိမ့်မယ်. poမနက်လင်းတာနဲ့ ကိုကိုဟာpoအစ်ကိုအဖြစ်ရှိလိမ့်မည်။ mintက poမရီးဖြစ်လာလိမ့်မည်။ poနောက်ထပ်လဲမျက်ရည်မကျတော့ဘူး ဒီညနောက်ဆုံးငိုခြင်းပါ။

ခန္ဓာကိုယ်လေးတုန်ပြီးကျိတ်ငိုနေတဲ့သားငယ်ကြောင့် သူမရင်တွေကွဲရပြီ။ သားငယ်သာ မိန်းကလေးတစ်ယောက်ဆိုရင် သူမသားကြီးနဲ့ပျော်ပျော်ကြီးပေးစားမိမှာ. မားသားငယ်ကို မရက်စက်ချင်ဘဲရက်စက်ရတာ မားရင်တွေကွဲနေပါပြီ သားငယ်ရယ်။

......

''ဒါ ဘာအတွက်လဲမား''

''ဝတ်သာဝတ်ခဲ့ပါ မားဝတ်စေချင်လို့ဝယ်လာပေးတာလေ''

မားကဝတ်စုံတစ်စုံကိုပေးလာကထဲက သိနေပေမဲ့ မမေးမမြန်းယူလိုက်ရင်သံသယဝင်လာမှာစိုးလို့ တစ်ခွန်းတော့မေးလိုက်သည်။ ထင်တဲ့အတိုင်းမားကမပြောဘဲ ထွက်သွားတာမို့ mile ကျိတ်ပြုံးလိုက်သည်။ မားပေးတဲ့အနောက်တိုင်းကုတ်ကို သေချာဝတ်ပြီးဆင်းလာခဲ့တော့ အောက်မှာလူစုံနေသည်။

''ဒီနေ့က သားကြီးနဲ့mintတို့အတွက်စေ့စပ်ပွဲနေ့ဘဲ.. လူကြီးတွေပါတစ်ခါထဲခေါ်ထားတာမို့ လက်မှတ်ထိုးလိုက်ရအောင်''

''သားတို့ကိုမတိုင်ပင်ဘဲ မားတို့စိတ်တိုင်းကျစီစဥ်လို့ရလား''

''ဟုတ်တယ်မဲ့ mintတို့ကိုအနည်းဆုံးတော့ ကြိုပြောသင့်တာပေါ့''

သူကော mintကတကယ်ကိုအကယ်ဒမီရှော့ပါဘဲ

''အစကထဲကလက်ထပ်ရမယ်လို့ မားပြောထားပြီးသားလေ အခုကလက်ထပ်တာမှမဟုတ်ဘဲစေ့စပ်ထားရုံပါ.. ကဲ လက်မှတ်ထိုး အော် ဖေး စေ့စပ်လက်စွပ်ယူလာ''

မားစကားကြောင့် mileမျက်မှောင်ကုတ်သွားရသည်။ မနက်က mileရဲ့လက်စွပ်ဘူးမတွေ့၍ လူကစိတ်နဲ့ကိုယ်မကပ်ခဲ့ပါ။ အခုလက်စွပ်ဆိုတော့မဟုတ်မှ ...

အန်တီဖေးယူလာတဲ့လက်စွပ်က သေချာပေါက် mileလုပ်လာတဲ့ဟာပေါ့..

''ဒါက စေ့စပ်လက်စွပ်မှမဟုတ်ဘဲမားရဲ့ လက်ထပ်လက်စွပ်.. mint စွပ်ကြည့်ပါဦး တော်လားလို့''

mileပေးတဲ့လက်စွပ်ကို mintယူစွပ်တော့ ချောင်ကလောင်နေတာမို့ mintစိတ်ထဲကနေကျိတ်ရယ်လိုက်သည်။ ကြည့်ရုံနဲ့ mintနဲ့မကိုက်မှန်းသိသာနေတာကို

''ဟာ mintနဲ့မတော်ဘူးဘဲ''

mileလက်စွပ်ကိုယူကာ တချိန်လုံးခေါင်းလေးငုံ့ပြီးထိုင်နေတဲ့poလက်ကိုဆွဲယူကာစွပ်ပေးလိုက်တော့ ကွက်တိကိုတော်သွားသည်။ အသိသက်သေအတွက် လက်မှတ်ရေးထိုးဖို့လာတဲ့လူကြီးများပင် မျက်စိလည်ပြီးပြူးကြည့်နေကြသည်။poမှာလဲ မမျှော်လင့်ဘဲလက်စွပ်ဝတ်ပေးခံလိုက်ရ၍ စကားမပြောနိုင်ဘဲဆွံ့အနေသည်။

''သားကြီး သားဘာတွေလုပ်နေတာလဲ''

''အဲ့လက်စွပ်ပိုင်ရှင်က ကမ္ဘာပေါ်မှာတစ်ယောက်ထဲရှိကြောင်းပြတာပါမားရဲ့.. အော်ဒါနဲ့ အန်ကယ်တို့က အသိသက်သေလက်မှတ်ထိုးပေးမဲ့လူကြီးတွေလား''

''ဟုတ်ပါတယ်''

''အကယ်၍ ကျနော်တို့စေ့စပ်ပွဲကိုကန့်ကွက်တဲ့သူရှိရင်ပျက်လား''

''သားကြီး!!"

''သဘောမေးတာပါ မားရဲ့''

''ကန့်ကွက်တဲ့သူသုံးယောက်နဲ့သုံးယောက်အထက်ရှိရင် စေ့စပ်ပွဲပျက်မှာပါ''

''အာ့ဆို ကျနော်ကန့်ကွက်ပါတယ်''

''mintလဲကန့်ကွက်ပါတယ်''

mileနဲ့mint စကားကြောင့်လူကြီးများပင် မျက်စိလည်ကုန်သည်။စေ့စပ်မဲ့ကာယကံရှင်နှစ်ယောက်က ကန့်ကွက်နေတော့ဘယ်လိုလုပ်ရမလဲ

''နှစ်ယောက်ရှိပြီဆိုတော့ အန်တီဖေး''

''ကျမလဲကန့်ကွက်ပါတယ်''

''သားကြီး ဒါကလေးကစားစရာမဟုတ်ဘူး''

''ကလေးကစားစရာဆိုရင်တောင်ပိုကောင်းဦးမယ်မားရယ်.. ကစားပြီးရင်ပြီးသွားတာ၊ ဒါကျတသက်လုံးစာဖြစ်နေလို့''

''ကန့်ကွက်သူသုံးယောက်မှာ နှစ်ယောက်ကကာယကံရှင်နှစ်ယောက်ဖြစ်နေတဲ့အတွက် ဒီစေ့စပ်ပွဲကရှေ့ဆက်လို့မရပါဘူး၊ သေချာပေါက်ပျက်တယ်လို့ဆိုနိုင်ပါတယ် ဒါကြောင့် ကျနော်တို့ကိုခွင့်ပြုပါဦး''

''ခဏလေးပါအန်ကယ်၊ စေ့စပ်ပွဲပျက်ပေမဲ့ ကျနော့်ရဲ့ လက်ထပ်ပွဲကရှိသေးတာမို့ အသိသက်သေအဖြစ်လက်မှတ်ထိုးပေးပါ''

''ဘယ်လိုတွေလဲ''

''ဒါကျနော်နဲ့လက်ထပ်မဲ့သတို့သားပါ''

''ဟုတ်ပါတယ် သူကp'mileရဲ့သတို့သားပါ.''

mintအမေမှာ ခေါင်းကိုဖိကာခုံမှာထိုင်ချလိုက်သည်။ ကိုယ့်သမီးကိုယ်တိုင်ကတောင်ထောက်ခံနေပါရောလား။

''သားကြီး..သမီးmint မားတို့ကိုအရှက်ခွဲနေတာလား ဒါဘယ်လိုမလေးစားမှုလဲ''

''မားဖြစ်စေချင်သလို ကျနော်လက်ထပ်မှာဘဲလေ.. ကျနော့်ချစ်သူနဲ့ပေါ့ ကလေးကကျနော့်ချစ်သူလေ''

''မဖြစ်နိုင်ဘူး သားတို့ကဘယ်လိုမှချစ်သူဖြစ်လို့မရဘူး''

''ညီကိုတွေလို့ပြောဦးမလို့လား သားတို့ညီကိုအရင်းမဟုတ်တာလဲ ဒီနေရာမှာရှိသမျှလူအကုန်သိတယ်.. သား ကလေးကိုချစ်တယ် ညီလေးလိုကော ချစ်သူလိုကောချစ်တယ်၊ သားကလေးကို လက်ထပ်ချင်တယ်''

မားက ဘာစကားမှမပြောဘဲသူ့ကိုဘဲစိုက်ကြည့်နေခဲ့သည်။ ပါးကတော့အစကထဲကအနေအေးသူပီပီ ဝင်မပြောဘဲ မားနဲ့သားကြားထိန်းဖို့စောင့်နေသလို။

''သားငယ်ကရော လက်ထပ်ချင်ရဲ့လားမေးကြည့်ပါဦး''

''ကလေး မားကိုပြောလိုက်.. ကိုကိုနဲ့လက်ထပ်မယ်လို့''

ကိုကို့စကားကြောင့် po ခေါင်းလေးမော့ပြီး ကိုကိုနဲ့မျက်လုံးချင်းဆုံကာ

''po ကိုကို့ကို လက်မထပ်နိုင်ဘူး''

''ဘယ်လို ကလေးဘာပြောလိုက်တယ်''

''po ကိုကို့ကိုလက်မထပ်နိုင်ဘူး.. ပြီးတော့ poကိုကို့ကို လက်ထပ်ပါမယ်လို့တစ်ခါမှမပြောဖူးဘူးလေ''

poစကားကြောင့် mile တစ်ယောက် poလက်မောင်းနှစ်ဖက်ကိုဆွဲကိုင်လှုပ်ကာ

''ပြန်ပြင်ပြော ကိုကိုနဲ့လက်ထပ်မယ်လို့.. ကလေး ကိုကို့ကိုချစ်တယ်ဆိုရင် ကိုကိုနဲ့လက်ထပ်ဖို့အကုန်လုံးကိုရင်ဆိုင်ရမှာမဟုတ်ဘူးလား''

''po ကိုကို့ကိုချစ်တယ်လို့တစ်ခါမှမပြောဖူးခဲ့ပါဘူး၊ ကိုကိုကရော poကိုချစ်လားလို့မေးဖူးလား၊ po ကိုကို့ကိုမချစ်ဘူး ဒီအတိုင်း ကိုကိုစိတ်မညစ်စေချင်လို့ poကအလိုက်သင့်နေပေးရုံဘဲ''

ကလေးကအဆင့်သင့်မဖြစ်သေးပါဘူးဆိုလို့ ချစ်တယ်မပြောခဲ့တာက သူ့အပြစ်လား။ ချစ်လားမမေးဖူးတာက ကလေးကိုဖိအားမပေးချင်လို့ဆိုတာမသိတာလား။

''ကလေးရဲ့ဘဝတစ်ခုလုံး ကိုကိုပိုင်ပြီးပြီဆိုတာ ကလေးသိပါတယ်.. ကိုကိုတို့နှစ်ယောက်ရဲ့အတိုင်းအတာက ချစ်သူအဆင့်ထက်ကျော်သွားပြီဆိုတာ ကလေးသိပါတယ်''

''poကယောကျာ်းဘဲ ဘာဖြစ်လာမှာမို့လို့လဲ..ပြီးတော့ ကိုကို့ကိုခွင့်ပြုခဲ့တာက po ကိုငယ်ကထဲကခေါ်မွေးစားပေးခဲ့ပြီး ကျွေးမွေးစောင့်ရှောက်ခဲ့လို့ကျေးဇူးဆပ်တယ် သဘောထားလိုက်ပါ''

''ဘာ ကလေး ''

''po တောင်းပန်ပါတယ်ပါးနဲ့မား.. po ဒီနေရာမှမရှိသင့်ဘူးထင်တယ် poအပေါ်တက်နှင့်မယ်''

poလှေကားတွေပါကျော်တက်ပစ်ခဲ့မိတယ်ထင်သည်။ poကိုကို့ရှေ့မှာဆက်ရှိနေရင် ငိုမိတော့မယ်.ရင်ထဲကမပါတဲ့စကားတွေကိုပြောရတာ ရင်ဘတ်ထဲကနာသည်။ ကိုကို့ရဲ့ဝမ်းနည်းနေတဲ့အကြည့်တွေကို poရင်မဆိုင်ရဲဘူး..

အခန်းထဲရောက်ချိန် စိတ်ကိုလွတ်ချလိုက်မိသည်။ po အားရပါးရအော်ဟစ်ငိုမိသည်။

poတောင်းပန်ပါတယ်ကိုကို တောင်းပန်ပါတယ်
poကိုကို့ကို အဲ့လိုမပြောချင်ခဲ့ပါဘူး
poကို ခွင့်မလွှတ်ပါနဲ့

''ကလေး ကလေး ကိုကို့ကိုတံခါးလာဖွင့်ပေး..ခုဏကကလေးပြောတဲ့စကားက စိတ်မပါဘဲပြောတာကိုကိုသိတယ်၊ ကလေးနဲ့ကိုကို့ဘက်မှာ အန်တီဖေးနဲ့mint ရှိတယ်.. ကလေးဘဲ ကိုကို့ဘက်ကရပ်တည်ပေးမယ်လို့ကတိပေးထားတယ်လေ၊ ကလေး ကိုကို့ကိုချစ်တယ်ဆိုတာ ကိုကိုသိတယ် ကလေး ''

ကိုကိုအသံမကြားအောင် နားနှစ်ဖက်ကိုပိတ်ထားမိသည်။ po စိတ်တွေပျော့သွားရင် ကိုကို့ဆီပြေးသွားမိမှာကြောက်လို့.. poနားနှစ်ဖက်ကိုဖိပိတ်ထားမိသည်။

အခန်းထဲကလုံးဝထွက်မလာတဲ့ကလေးကြောင့် အခန်းရှေ့တစ်ညလုံးထိုင်နေခဲ့သည်။ ကလေးကလဲအပြင်ထွက်မလာခဲ့သလို သူလဲအဲ့နေရာကမထဖြစ်ခဲ့ပါ။

.....

မနက်လင်းတော့ ငုတ်တုတ်ကြီးအိပ်နေမိတာမို့ mileနိုးလာခဲ့သည်။ ကိုယ့်အခန်းကိုဝင်ပြီး ရေချိုးလိုက်သည်။ ပြီးရင် ကလေးဆီသွားရမှာမလား

''သခင်လေး သခင်လေးရေ အငယ်လေး''

အန်တီဖေးအသံက တစ်ခုခုထိတ်လန့်နေတာမို့ ကလေးများတစ်ခုခုဖြစ်တာလားဆိုတဲ့စိတ်နဲ့ mile အမြန်ထွက်လာရသည်။

''အန်တိဖေး ကလေးဘာဖြစ်လို့လဲ''

''သခင်လေး.. ဟင့် အငယ်လေးမရှိတော့ဘူး၊ အငယ်လေးဒီအိမ်ကထွက်သွားပြီ''

အန်တီဖေးစကားအဆုံး ကလေးအခန်းအပြေးဝင်ကာလိုက်ရှာသော်လည်းအရိပ်တောင်မတွေ့..မဟုတ်ဘူး ကလေးရှိနေတယ်

နံရံမှာချိတ်ထားတဲ့ကျောပိုးအိတ်မရှိတော့ဘဲ အဝတ်ကလေးသုံးလေးစုံလျော့နေသည်။ ကုတင်ပေါ်မှာတော့ ဖုန်းနဲ့ပစ္စည်းတွေချထားသည်။

အထူးသဖြင့် သူဝတ်ပေးလိုက်တဲ့လက်စွပ်ကလေး

ကလေး သူ့ကိုတကယ်ထားသွားပြီဘဲ..

#တအားမရယ်ကြနဲ့ အူတက်နေမယ်ဖြည်းဖြည်းရယ် 😜
#nattaxing.

Continue Reading

You'll Also Like

7.1K 1.2K 19
နှလုံးသားက သူ့အလိုအတိုင်းရွေးချယ်တာမို့ ကျွန်တော်တို့မှာ လွန်ဆန်ခွင့်မရှိ.... Chansoo 🐯🐧 (Unicode + Zawgyi)
105K 6.3K 44
တကယ်တော့ အချစ်ဆိုတာ စကားလုံးတွေနဲ့ လှပအောင် ပုံဖော်ထားတဲ့ အဆိပ်မီးတောက်လေး တစ်ခုပါဘဲ 🔥
256K 45.5K 57
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
72.1K 9.8K 36
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]