Part - 8

636 61 10
                                    

🍉ကလေးကြောင့်🍉
🤍MileApo🤎

''mile မင်းမန်နေဂျာချုပ်ရာထူးတိုးသွားတယ်ဆို''

''ဟုတ်တယ်''

သူငယ်ချင်းသုံးယောက် အားတဲ့ရက်မှာချိန်းဖြစ်ကြသည်။ ပါးရဲ့ကုမ္ပဏီမှာ ဝန်ထမ်းဘဝနဲ့ဝင်လေ့လာရင်း ရာထူးတိုးသွားတဲ့အကြောင်း zeeကမေးလာသည်။

''မင်းကော ကလပ်ဖွင့်ဖို့က နေရာရှာတာတွေ့ပြီလား  ''

''pingက သူ့မိတ်ဆွေရဲ့နေရာတစ်ခုရောင်းဖို့ရှိတယ် နေရာကလဲအချက်အချာကျတယ်ဆိုလို့ ငါလိုက်ကြည့်ရဦးမှာ''

သူငယ်ချင်းသုံးယောက်မှာ mileက ပါးရဲ့ကုမ္ပဏီမှာဝင်လုပ်နေပြီး zeeကတော့ ကလပ်ဖွင့်ဖို့ကြိုးစားနေသူ.pingကခရီးသွားလုပ်ငန်းတစ်ခုထောင်ထားပြီး ဂိုက်လဲလုပ်သည်မို့ အမြဲမအားပါ။

''ping မင်းကောင်မလေးမိဘတွေနဲ့သွားတွေ့တာအဆင်ပြေခဲ့လား''

''ပြေတယ်.. ငါ့မိဘတွေနဲ့လဲစကားပြောပြီးပြီ ''

''ဒါဆို မင်းတို့ကဘယ်တော့လက်ထပ်မှာလဲ''

zeeကပါဝင်မေးလာသည်။

''နောင်နှစ်မှလက်ထပ်ဖြစ်မယ်.. ''

''ငါတို့အထဲ မင်းတစ်ယောက်ဘဲရည်းစားရ၊ မင်းဘဲစွံတော့မှာပေါ့ကွာ''

''သားကြီးတို့ရာ မင်းတို့ဘာသာမထားတာလဲထည့်ပြောဦးလေ''

သုံးယောက်သား ရယ်မိကြပါသည်။

''ငါတို့ကောင်တွေလဲ အလုပ်ထဲရောက်ကထဲက အမြဲမတွေ့ဖြစ်ကြဘူး၊ pingဆိုလဲ အမြဲခရီးထွက်နေရတာ zeeနဲ့မှအမြဲတွေ့ဖြစ်သေးတယ် ping မင်းတော့မိန်းမရရင် ပိုဆိုးမယ်ထင်တယ်''

''pingကိုမပြောနဲ့ မင်းကောဘာထူးလဲ mile... ပိတ်ရက်တောင် မနည်းရှာယူနေရတာလေ၊ ငါထင်တယ် မင်းနောက်နှစ်ဆို ပိုတောင်မအားလောက်ဘူး''

''ဘာလို့လဲ''

''မင်း နောက်နှစ်ဆိုရင် ပါးကစီအီးအိုရာထူး မင်းကိုလွှဲတော့မယ်ထင်တယ်''

''ငါ ပါးရဲ့ကုမ္ပဏီကိုလက်လွှဲယူဖို့မစဥ်းစားဖူးဘူး၊ ငါ့အရည်အချင်းနဲ့ကိုယ်ပိုင်ကုမ္ပဏီတစ်ခုထောင်ချင်တာ''

ကလေးကြောင့် حيث تعيش القصص. اكتشف الآن