Unicode
" နိုရာစမစ် "
မိုဘိုင်းလ်ဂိမ်းတစ်ခုကို ခေါင်းငုံ့ကာကစားနေသောချယ်ရီသည် အန်တိုနီ၏လက်ထဲတွင် ရေးထားသော သတိပေးချက်စာရွက်ကို ညွှန်ပြကာ နုပျိုပြီး နူးညံ့သော အသံဖြင့် ရေးထားသော နာမည်ကို ဖတ်ပြသည်။ ထို့နောက် စိတ်လှုပ်ရှားစွာ မေးလိုက်သည် "သမီးဖတ်တာ မှန်တယ်မဟုတ်လား"
ချယ်ရီသည် ဤအချိန်တလျှောက်လုံး နိုင်ငံရပ်ခြားတွင် ကြီးပြင်းလာခဲ့ပြီး လက်ရှိတွင် စာတတ်မြောက်ရေး အဆင့်သို့ ရောက်ရှိနေပါသည်။
နိုရာသည် သူမ၏ခေါင်းကိုပွတ်သပ်ကာ အေးမြငြိမ့်ညောင်းသော လေသံဖြင့် "ဟုတ်ပါ့ သမီးဖတ်တာမှန်တယ်"
အန်တိုနီက သူမ၏ နှုတ်ခမ်းထောင့်ရှိ ပေါ့ပေါ့ပါးပါး အပြုံးကြောင့် မိန်းမောတွေဝေသွားခဲ့သည်။
ကယ်လီဖိုးနီးယားကို ဒီလို ကြီးကျယ်ခမ်းနားတဲ့ အလှတရားက ဘယ်အချိန်က ရောက်လာတာလဲ။ သူမဟာ B-list နာမည်ကြီးတွေထက်တောင် ပိုလှသည်။
နိုရာသည် သူ့မျက်လုံးများရှိ စိတ်အားထက်သန်မှုကို လျစ်လျူရှုထားသည်။ တစ်ဖက်တွင် ချယ်ရီက မျက်တောင်ခတ်ကာ အပြစ်ကင်းစင်စွာဖြင့် မေးလိုက်သည်။ "မစ္စတာ၊ ဒီကို လာခေါ်..."
သူမ မပြောလိုက်ခင်မှာ အန်တိုနီက သူ့နောက်က စာတန်းကို အမြန်လွှင့်ပစ်လိုက်ပြီး ဖြတ်ပြောလိုက်တော့သည်။ " သေချာပေါက် မဟုတ်ဘူးပေါ့ ကောင်မလေး ၊ ငါက အဲဒီ့ ဖက်တီးနဲ့ ဘာမှမဆိုင်ဘူး "
ချယ်ရီ၏ မျက်လုံးကြီးများတွင် အထင်အမြင်သေးသည့် အကြည့် ပေါ်လာသည်။ "မစ္စတာက၊ ငယ်ငယ်လေးနဲ့ မျက်မမြင်ဖြစ်နေတာ သနားစရာကောင်းလိုက်တာ၊"
သူ့အမေရဲ့ ဘယ်အစိတ်အပိုင်းက ဝနေလို့လဲ?!
သူမရဲ့စကားက အန်တိုနီယာကို ခဏလောက် ထိတ်လန့်သွားစေခဲ့တယ်။ ထိုသည်ကို အခွင့်ကောင်း ယူပြီး နိုရာက ရှေ့ကိုလှမ်းကာ အေးစက်စက်ဖြင့် ထိုဧရိယာထဲကနေ ထွက်သွားခဲ့သည်။
အန်တိုနီက သူမနောက်ကိုလိုက်ချင်ပေမယ့် သူ့လက်ထောက်က သူ့ကို တားလိုက်သညါ။ "မစ္စတာဂရေး သခင်ကြီးရဲ့ ညွှန်ကြားချက်ကို မမေ့ပါနဲ့။"
အန်တိုနီက နိုရာကို အနောက်ကနေ ကြည့်ကာ မထီမဲ့မြင်ဖြင့် မှတ်ချက်ချလိုက်သည်။ "အဲဒီရုပ်ဆိုးတဲ့ ငကြောင်မကသာ အဲဒီညီမတွေလို ထက်ဝက်လောက်တောင် လှနေမယ်ဆိုရင် ဘယ်လောက်တောင် အံ့သြစရာကောင်းမလဲ။
ဒါဆိုအဲတုန်းက သူမနဲ့နောက်တီးနောက်တောက်တွေပြောပြီး စေ့စပ်ပွဲကိုမဖျက်ဖို့ ငါဆုံးဖြတ်ခဲ့မှာ!"
ဟန့်လုပ်ငန်းစု လက်အောက်ရှိ ဟိုတယ်တစ်ခုဖြစ်သည့် Hotel Finest တွင်ဖြစ်သည်။
အထူးသီးသန့်ခန်းတွင် ချယ်ရီ အိပ်ပျော်သွားပြီးနောက် နိုရာသည် သူမ၏ ဆဲလ်ဖုန်းကိုကြည့်နေသည်၊ စမစ်တို့ထံမှ လွတ်သွားသော ဖုန်းခေါ်ဆိုမှု ခုနစ်ကြိမ် သို့မဟုတ် ရှစ်ကြိမ်ရှိနေပြီဖြစ်သည်။
သူမဖုန်းပြန်ခေါ်သောအခါတွင် သူ့အဖေ၏ ဒေါသတကြီး ကျိန်ဆဲသံကို ကြားလိုက်ရသည်။ "နိုရာ၊ မင်း ဘာလုပ်နေတာလဲ။ မင်းဘာလို့ဖုန်းမကိုင်တာလဲ။ စေ့စပ်ပွဲကို ဖြတ်ဖို့ အကြီးအကျယ် ဇာချဲ့နေတာ မဟုတ်လား ။ မင်းရဲ့ဖင်ကို ဒီကိုချက်ချင်းပြန်သယ်လာခဲ့စမ်း၊ မင်းညီမငယ်နဲ့ အန်တိုနီတို့ရဲ့ အချိန်ကောင်းတွေကို ဖြုန်းတီးနေတာ ရပ်လိုက်တော့။"
နိုရာ၏ဖခင်သည် အမြင့်ကိုတက်လှမ်းပြီး ထိုကဲ့သို့သောဂုဏ်သိက္ခာရှိသောမိသားစုနှင့် ချိတ်ဆက်မှုထူထောင်ပြီးနောက် ဂရေးတို့အား လက်လွှတ်ရန်မှာ မဖြစ်နိုင်ပေ။ ထိုသည်က သူသည်ဘာကြောင့် စေ့စပ်ပွဲကို မဖျက်သိမ်းလိုရသည့် အကြောင်းရင်းဖြစ်သည်။
ယခုအခါ ဂရေးတို့သည် နောက်ဆုံးတွင် နိုရာအစား မိသားစုထဲရှိ သူမနှင့် သွေးတစ်ဝက်နှော ညီမနှင့်စေ့စပ်ရန် သဘောတူခဲ့သည်။ ထိုသည်က နိုရာ၏ဖခင်အတွက် ဆုံးရှုံးမှုမရှိခဲ့ပေ။ အဲ့ဒီအချိန်မှာပဲ မိသားစုနှစ်စုက နောက်ဆုံး သဘောတူညီမှုတစ်ခုရခဲ့ကြသည်။
နိုရာက ပေါ့ပေါ့တန်တန်ဖြေလိုက်သည်။ " အခုပြန်လာခဲ့မယ်"
သူမက ချယ်ရီကို သူမတို့နဲ့ အတူ ပြန်လာခဲ့တဲ့ နာနီမစ္စစ်လူးဝစ်ထံ အပ်နှင်းလိုက်ပြီး အပြင်ထွက်သွားသည်။
သူမဓာတ်လှေကားကို စောင့်နေရင်း ရုတ်တရက် နူးညံ့တဲ့ ခြေသံတချို့ကို ကြားလိုက်ရသည်။ သူမလှည့်ကြည့်လိုက်တော့ မီးခိုးရောင် ညအိပ်ပိုးဝတ်စုံဝတ်ထားပြီး ဆံပင်တိုတို ဖွာလန်ကြဲနေတဲ့ ကလေးတစ်ယောက်ကို လှေခါးထစ်မှာ အိပ်ငိုက်နေတဲ့ မျက်လုံးတွေနဲ့ မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရသည်။
သူမသမီးက ဆံပင်တိုတိုနဲ့ လက်ရာမြောက်ကာ ချစ်စရာကောင်းသော မျက်နှာအသွင်အပြင်က သူမသည် ယောက်ျားလေးလား မိန်းကလေးလား ခွဲခြားရခက်စေခဲ့သည်။
၎င်းတို့ နိုင်ငံခြားတွင် နေထိုင်စဉ်တွင် အပြင်ထွက်တိုင်း ချယ်ရီသည် နိုရာကို ပွေ့ဖက်နေကြဖြစ်သည်။ ။
ထို့ကြောင့် သူမသည် ၎င်းအကြောင်းကို သိပ်မစဉ်းစားတော့ပေ။ သူမသည် ပြုမူနေကြပုံစံအတိုင်း ငုတ်တုတ်ထိုင်ချကာ ကလေး၏နဖူးကို ပွေ့ဖက်နမ်းရှုံ့လိုက်သည်။ သူမ၏အသံက နိမ့်နေသော်လည်း နူးညံ့သည်။
"ညကျရင် မလိုင်ကိတ်မုန့်လေး ဝယ်လာပေးမယ်။ အခု သမီးအခန်းထဲကိုပြန်သွားနော်"
ထိုအခိုက်တွင် သူမသမီးလေး၏ ဉာဏ်ရည်ထက်မြက်သည့် မျက်လုံးတွေက မှင်တက်သွားကာ..... သူမသည် အရမ်းအိပ်ငိုက်နေသောကြောင့် ရီချင်စဖွယ်ဖြစ်နေသည်။ ထို့နောက် သူမကို ငေးကြည့်ရင်း ခေါင်းညိတ်ပြကာ လှည့်ပြန်သွားခဲ့သည်။
ဤအထပ်သည် ထိပ်တန်း ဇိမ်ခံသမ္မတအခန်းဖြစ်ပြီး စုစုပေါင်း အခန်းနှစ်ခန်းသာ ရှိသည်။
၎င်းတို့ သိမ်းပိုက်ထားသည့် တစ်ခန်းမှလွဲ၍ ကျန်တခြားအခန်းသည် ဟန့်များမှ ၎င်းတို့ကိုယ်တိုင်အတွက် ချန်ထားခြင်းဖြစ်သောကြောင့် အပြင်လူတွေအတွက် မဖွင့်ပေးပေ။ လောလောဆယ် အဲဒီမှာနေနေသည့်သူ မည်သူမျှ မရှိပေ။
တင်!
ဓာတ်လှေကားရောက်လာသည်။ နိုရာသည် ချက်ချင်းဝင်သွားခဲ့သည်။ ထို့ကြောင့် အခြားသီးသန့်အခန်းတံခါးဖွင့်လာသည်ကို သူမမမြင်ရပေ။
အရပ်ရှည်ရှည်၊ ခံနိုင်ရည်ရှိပြီး တည်ငြိမ်သောပုံစံဖြင့်လူတစ်ယောက် ထွက်လာခဲ့သည်။ ထိုလူက ဓာတ်လှေကားဝင်ပေါက်ကို နောက်ကျောပေးထားသည်။
သူ့အသံက နိမ့်ကာနက်နဲပြီး
သူ့ပတ်ဝန်းကျင်မှာ လျစ်လျူရှုရခက်တဲ့ အရှိန်အဝါရှိသည်။ "မင်းအခန်းထဲပြန်သွားပါ ဖိစ် " ဟု ကလေးအား အမိန့်ပေးခဲ့သည်။
ငါးနှစ်အရွယ် ဖိစ်ဟန့် သည် ဓာတ်လှေကားရှိရာသို့ စိုက်ကြည့်နေသည်။
ထိုအမျိုးသမီးထံမှ နူးညံ့သောပွေ့ဖက်မှုနှင့် နဖူးပေါ်အနမ်းတို့က ဟန့် ၏တစ်ဦးတည်းသောမြေးဖြစ်သူကိုပင် ထိန်းမနိုင်သိမ်းမရဖြစ်သွားစေသည်။
ဖိစ် ၏မျက်နှာသည် တင်းတင်းမာမာဖြစ်နေသည်။ သူသည် ကလေးဘဝကတည်းက စည်းကမ်းတင်းကြပ်စွာကြီးပြင်းလာခဲ့ရသည်။ သူ့အစားအစာများ၏ အာဟာရဓါတ်ကိုပင် တွက်ချက်ရမည်ဖြစ်သည်။
သို့သော်၊ အမြဲတမ်း ချုပ်တည်းလေ့ရှိသော ကောင်လေးတစ်ယောက်တွင် ပြင်းပြသောဆန္ဒ ရုတ်တရက် ထွက်ပေါ်လာသည်- "ကျွန်တော် မလိုင်အပြည့်နဲ့ ကိတ်မုန့်စားချင်တယ်"
"....."
ဂျပ်စတင်ဟန့် က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး အခန်းထဲသို့ လက်တစ်ဖက်တည်းဖြင့် ပွေ့ခေါ်သွားခဲ့သည်။
သူသည် လူတွေကသူ့ကို မချဥ်းကပ်ဝံ့လောက်အောင် အေးစက်သောအရှိန်အဝါကို ထုတ်လွှတ်ကာ ကွန်ပျူတာဆီသို့ လျှောက်သွားကာ ဗီဒီယိုအစည်းအဝေးကို ဆက်လက်လုပ်ဆောင်သည်။
သူ့ဆန့်ကျင်ဘက်တွင်ရှိသောလူက သူ့အား ၎င်းတို့၏အစီရင်ခံစာကို ပေးခဲ့သည်။ "မစ္စတာဟန့် ၊ အန်းထီက အမေရိကန်ပြည်ထောင်စုကို အမှန်တကယ် ပြန်ရောက်နေပြီဆိုတာ ကျွန်တော်တို့ အတည်ပြုထားပါတယ်။ အဲ့ဒါအပြင်၊ ကျွန်တော်တို့က သူ့ဓာတ်ပုံကို စျေးကြီးပေးဝယ်ထားပြီး ခင်ဗျားကိုချက်ချင်းလိုက်ပို့ပေးလိုက်ပါ့မယ်။"
ဂျပ်စတင်၏ပါးလွှာသောနှုတ်ခမ်းမှ အနည်းငယ်အေးစက်သော စကားလုံးထွက်လာသည်။
"သူမကိုရှာပါ!"
စမစ်၏ ဗီလာတွင် မီးရောင်သည် တောက်ပစွာလင်းနေပါသည်။
တံခါးအပြင်ဘက်တွင် နိုရာသည် ဒစ်ဂျစ်တယ်သော့ဖွင်သံကို နားထောင်နေပါသည်။ "နံပါတ် မှားနေပါသည်" ဆိုသည့်အသံဖြင့် အချက်ပြလိုက်သည်။ သူမ၏ နှုတ်ခမ်းများသည် လှောင်ပြောင်သော အပြုံးဖြင့်ကွေးတက်နေပါသည်။
စကားဝှက်ကို ပြောင်းထားသော်လည်း စမစ်၏ သမီးဖြစ်သူ
သူမက မသိခဲ့ပေ။
သူမသည် ခံစားချက်ကင်းမဲ့စွာဖြင့် မျက်လုံးများကို ငုံ့ကာ လက်ကိုင်ဖုန်းကို ထုတ်လိုက်ပြီး အကြိမ်အနည်းငယ်နှိပ်ပြီးနောက် ဒစ်ဂျစ်တယ်သော့ပေါ်တင်လိုက်သည်။စက္ကန့်အနည်းငယ်အကြာတွင် တံခါးသည် ကလစ်ဆိုသည့်အသံဖြင့် ပွင့်လာခဲ့သည်။
ဧည့်ခန်းရှိ သက်ဝင်လှုပ်ရှားနေသောလေထုသည် သူမဆီသို့ အရှိန်အဟုန်ဖြင့်ဝင်ရောက်လာကာ လည်ပတ်နေသောလူအုပ်ကြီးက သူမကို ကနေ့သည် သူမ၏ညီမငယ် အိန်ဂျယ်လာစမစ်၏ မွေးနေ့ဖြစ်သည်ကို သတိရစေသည်။
နိုရာသည် သူမကိုမည်သူမှ သတိမထားမိသောကြောင့် ထောင့်နားက ဆိုဖာကိုတွေ့ပြီး ခဏတစ်ရေးအိပ်ဖို့ ကြံရွယ်ပြီး ထိုင်ချလိုက်သည်။
သို့ပေမယ့် ဘယ်သူမှ မကြည့်နေတဲ့ စားပွဲကနေမှ ငိုသံတိုးတိုး ထွက်လာသည်။
ငယ်ငယ်ရွယ်ရွယ်နှင့် မိန်းကလေးငယ်တစ်ဦးကို ဝိုင်းရံထားပြီး ပြင်းထန်စွာ ကိုယ်ထိလက်ရောက်ကျူးလွန်နေကြသည်။
အပြာရောင်ဝတ်စုံဝတ်ထားသည့် အိန်ဂျယ်လာသည် ဝိုင်နီဖန်ခွက်ကိုကိုင်ကာ ကြမ်းပြင်ပေါ်သို့တွန်းချခံရသည့်မိန်းကလေးကိုကြည့်ရင်း လှောင်ပြောင်နေခဲ့သည်။
၎င်းမှာ သူမ၏ဝမ်းကွဲဖြစ်သူ
လီဆာဘလက် ဖြစ်သည်။
သူမ(လီဆာ)သည် အမြင်ကပ်စရာကောင်းသော ဖက်တီးမနိုရာနှင့် အမြဲတမ်း အဆင်ပြေနေခဲ့ကြသည်။
ဖြန်း!
တစ်စုံတစ်ယောက်က လီဆာကို
ခပ်ပြင်းပြင်း ပါးရိုက်လိုက်သည်။ "ဖက်တီးမရဲ့မျက်နှာက တကယ်ကြည့်ကောင်းတယ်လို့ နင်ပြောဖူးတယ်မဟုတ်လား၊ နင့်မျက်လုံး တစ်ခုခုဖြစ်နေပြီလား။ နင့်အတွက် ငါကုသပေးမယ်..."
"ဟစ်..."
သူမသည် ငရုတ်ကောင်းဖြင့် ရောထားသော ရေပူတစ်ခွက်ကိုယူကာ လီဆာ၏မျက်လုံးကို ဖြန်းလိုက်သည်။ "အဲဒီရုပ်ဆိုးတဲ့ငကြောင်မက ဝက်နဲ့တူတယ်။ သူက အိန်ဂျယ်လာရဲ့ခြေချောင်းတစ်ချောင်းနဲ့တောင် ယှဉ်လို့မရဘူး။ သူမက တော်တော်လှတယ်လို့ နင်ဘယ်လိုပြောနိုင်တာလဲဟမ် လီဆာ"
လီဆာက ပူလောင်တဲ့နာကျင်မှုကြောင့် အော်ဟစ်ချင်ပေမယ့် တစ်စုံတစ်ယောက်က သူမပါးစပ် ပိတ်ထားသောကြောင့် သူမသည် နာကျင်ခြင်းနှင့်အတူ တစ်ဆို့ကာ ရှိုက်ငိုသံများသာ ထွက်ပေါ်နိုင်ခဲ့သည်။
အန်ဂျလာ ရုတ်တရက် ငုတ်တုတ်
ထိုင်ချလိုက်သည်။ သူမသည် အဝဆုံးဖြစ်နေသော နိုရာ၏ ဓာတ်ပုံကို ထုတ်ကာ သူမ၏လက်ထဲတွင် ဆော့ကစားနေလေသည်။ "ဟေ့ နင်တို့အားလုံး အရမ်းကြမ်းကြုတ်နေကြတာပဲ"
ထိုသည်ကို တခြားလူများက ကြားလိုက်သောအခါ သူတို့သည် တခစ်ခစ်ရယ်ကာ နီရဲယောင်ကိုင်းနေသော မျက်လုံးများကို လက်နှင့် ကာထားသော လီဆာကို လွှတ်ပေးလိုက်ကြသည်။
"ကျေးဇူးပြုပြီး ငါ့ကိုသွားခွင့်ပြုပါ..."
အန်ဂျလာက ပြုံးလိုက်သည်။
"ပိုပြီး သန့်စင်တဲ့ပုံစံနဲ့ လုပ်ကြရအောင်၊ လောင်းကြေးထပ်ကြစို့။"
လီဆာ၏ အားနည်းနေသည့်အသံက လည်ချောင်းထဲက ထွက်လာသည်။
"ဘယ်လို လောင်းကြေးမျိုးလဲ"
အိန်ဂျယ်လာက ဓာတ်ပုံကို လက်ညှိုးထိုးပြပြီး "သူမက ကိုယ်အလေးချိန်ကျပြီး ရုပ်ရည်တကယ်ကြည့်ကောင်းကြောင်း သက်သေပြနိုင်ရင် ဒီဓာတ်ပုံကို ငါစားမယ်။ တကယ်လို့ နင်သက်သေမပြနိုင်ရင် ဒီဓါတ်ပုံကို နင်စားရမယ်။ အဲဒါက ဘယ်လိုလဲ၊ တရားမျှတတယ်မဟုတ်လား"
ကျန်တဲ့သူတွေက ချက်ချင်း ရယ်ကြသည်။
"ဒါပေမယ့် အဲဒီအဆီတွေက ပေါင်ချိန်ကို မချနိုင်ရင် ဘာလုပ်
ရမလဲ"
"လောင်းကြေးတစ်ခုအတွက်၊ သူမရဲ့ရုပ်ဆိုးတာက အဆီကြောင့်မဟုတ်ကြောင်း သက်သေပြဖို့အတွက် အဆီတွေကို စုပ်ထုတ်ဖို့ တကယ်လုပ်မှာလား ဟားဟားဟား"
"လီဆာ သူမကပိန်သွားရင် ကြည့်ကောင်းနေမယ်ဆိုတာ သက်သေပြနိုင်စရာလမ်းမရှိတော့ဘူး၊ ဒါဆို.."
"ဓါတ်ပုံကိုစား! ဓါတ်ပုံကိုစားပါ!"
လူတိုင်းက လက်ခုပ်တီးပြီး ရန်ပွဲဖန်တီးနေကြပါသည်။
အိန်ဂျယ်လာက ဓာတ်ပုံကို သူမမျက်နှာရှေ့ကို ကိုင်ပြထားသည်။ "နင်ကိုယ်တိုင်စားမှာလား၊ ဒါမှမဟုတ် ငါတို့ကို ကူညီစေချင်လား။"
Zawgyi
" နိုရာစမစ္ "
မိုဘိုင္းလ္ဂိမ္းတစ္ခုကို ေခါင္းငုံ႕ကာကစားေနေသာခ်ယ္ရီသည္ အန္တိုနီ၏လက္ထဲတြင္ ေရးထားေသာ သတိေပးခ်က္စာ႐ြက္ကို ၫႊန္ျပကာ ႏုပ်ိဳၿပီး ႏူးညံ့ေသာ အသံျဖင့္ ေရးထားေသာ နာမည္ကို ဖတ္ျပသည္။ ထို႔ေနာက္ စိတ္လႈပ္ရွားစြာ ေမးလိုက္သည္ "သမီးဖတ္တာ မွန္တယ္မဟုတ္လား"
ခ်ယ္ရီသည္ ဤအခ်ိန္တေလွ်ာက္လုံး နိုင္ငံရပ္ျခားတြင္ ႀကီးျပင္းလာခဲ့ၿပီး လက္ရွိတြင္ စာတတ္ေျမာက္ေရး အဆင့္သို႔ ေရာက္ရွိေနပါသည္။
နိုရာသည္ သူမ၏ေခါင္းကိုပြတ္သပ္ကာ ေအးျမၿငိမ့္ေညာင္းေသာ ေလသံျဖင့္ "ဟုတ္ပါ့ သမီးဖတ္တာမွန္တယ္"
အန္တိုနီက သူမ၏ ႏႈတ္ခမ္းေထာင့္ရွိ ေပါ့ေပါ့ပါးပါး အၿပဳံးေၾကာင့္ မိန္းေမာေတြေဝသြားခဲ့သည္။
ကယ္လီဖိုးနီးယားကို ဒီလို ႀကီးက်ယ္ခမ္းနားတဲ့ အလွတရားက ဘယ္အခ်ိန္က ေရာက္လာတာလဲ။ သူမဟာ B-list နာမည္ႀကီးေတြထက္ေတာင္ ပိုလွသည္။
နိုရာသည္ သူ႕မ်က္လုံးမ်ားရွိ စိတ္အားထက္သန္မႈကို လ်စ္လ်ဴရႈထားသည္။ တစ္ဖက္တြင္ ခ်ယ္ရီက မ်က္ေတာင္ခတ္ကာ အျပစ္ကင္းစင္စြာျဖင့္ ေမးလိုက္သည္။ မစၥတာ၊ ဒီကို လာေခၚ
သူမ မေျပာလိုက္ခင္မွာ အန္တိုနီက သူ႕ေနာက္က စာတန္းကို အျမန္လႊင့္ပစ္လိုက္ၿပီး ျဖတ္ေျပာလိုက္ေတာ့သည္။ " ေသခ်ာေပါက္ မဟုတ္ဘူးေပါ့ ေကာင္မေလး ၊ ငါက အဲဒီ့ ဖက္တီးနဲ႕ ဘာမွမဆိုင္ဘူး
ခ်ယ္ရီ၏ မ်က္လုံးႀကီးမ်ားတြင္ အထင္အျမင္ေသးသည့္ အၾကည့္ ေပၚလာသည္။ "မစၥတာက၊ ငယ္ငယ္ေလးနဲ႕ မ်က္မျမင္ျဖစ္ေနတာ သနားစရာေကာင္းလိုက္တာ၊"
သူ႕အေမရဲ႕ ဘယ္အစိတ္အပိုင္းက ဝေနလို႔လဲ?!
သူမရဲ႕စကားက အန္တိုနီယာကို ခဏေလာက္ ထိတ္လန႔္သြားေစခဲ့တယ္။ ထိုသည္ကို အခြင့္ေကာင္း ယူၿပီး နိုရာက ေရွ႕ကိုလွမ္းကာ ေအးစက္စက္ျဖင့္ ထိုဧရိယာထဲကေန ထြက္သြားခဲ့သည္။
အန္တိုနီက သူမေနာက္ကိုလိုက္ခ်င္ေပမယ့္ သူ႕လက္ေထာက္က သူ႕ကို တားလိုက္သညါ။ "မစၥတာဂေရး သခင္ႀကီးရဲ႕ ၫႊန္ၾကားခ်က္ကို မေမ့ပါနဲ႕။
အန္တိုနီက နိုရာကို အေနာက္ကေန ၾကည့္ကာ မထီမဲ့ျမင္ျဖင့္ မွတ္ခ်က္ခ်လိဳက္သည္။ အဲဒီ႐ုပ္ဆိုးတဲ့ ငေၾကာင္မကသာ အဲဒီညီမေတြလို ထက္ဝက္ေလာက္ေတာင္ လွေနမယ္ဆိုရင္ ဘယ္ေလာက္ေတာင္ အံ့ၾသစရာေကာင္းမလဲ။
ဒါဆိုအဲတုန္းက သူမနဲ႕ေနာက္တီးေနာက္ေတာက္ေတြေျပာၿပီး ေစ့စပ္ပြဲကိုမဖ်က္ဖို႔ ငါဆုံးျဖတ္ခဲ့မွာ!"
ဟန့္လုပ္ငန္းစု လက္ေအာက္ရွိ ဟိုတယ္တစ္ခုျဖစ္သည့္ Hotel Finest တြင္ျဖစ္သည္။
အထူးသီးသန့္ခန္းတြင္ ခ်ယ္ရီ အိပ္ေပ်ာ္သြားၿပီးေနာက္ နိုရာသည္ သူမ၏ ဆဲလ္ဖုန္းကိုၾကည့္ေနသည္၊ စမစ္တို႔ထံမွ လြတ္သြားေသာ ဖုန္းေခၚဆိုမႈ ခုနစ္ႀကိမ္ သို႔မဟုတ္ ရွစ္ႀကိမ္ရွိေနၿပီျဖစ္သည္။
သူမဖုန္းျပန္ေခၚေသာအခါတြင္ သူ႕အေဖ၏ ေဒါသတႀကီး က်ိန္ဆဲသံကို ၾကားလိုက္ရသည္။ "နိုရာ၊ မင္း ဘာလုပ္ေနတာလဲ။ မင္းဘာလို႔ဖုန္းမကိုင္တာလဲ။ ေစ့စပ္ပြဲကို ျဖတ္ဖို႔ အႀကီးအက်ယ္ ဇာခ်ဲ့ေနတာ မဟုတ္လား ။ မင္းရဲ႕ဖင္ကို ဒီကိုခ်က္ခ်င္းျပန္သယ္လာခဲ့စမ္း၊ မင္းညီမငယ္နဲ႕ အန္တိုနီတို႔ရဲ႕ အခ်ိန္ေကာင္းေတြကို ျဖဳန္းတီးေနတာ ရပ္လိုက္ေတာ့။"
နိုရာ၏ဖခင္သည္ အျမင့္ကိုတက္လွမ္းၿပီး ထိုကဲ့သို႔ေသာဂုဏ္သိကၡာရွိေသာမိသားစုႏွင့္ ခ်ိတ္ဆက္မႈထူေထာင္ၿပီးေနာက္ ဂေရးတို႔အား လက္လႊတ္ရန္မွာ မျဖစ္နိုင္ေပ။ ထိုသည္က သူသည္ဘာေၾကာင့္ ေစ့စပ္ပြဲကို မဖ်က္သိမ္းလိုရသည့္ အေၾကာင္းရင္းျဖစ္သည္။
ယခုအခါ ဂေရးတို႔သည္ ေနာက္ဆုံးတြင္ နိုရာအစား မိသားစုထဲရွိ သူမႏွင့္ ေသြးတစ္ဝက္ႏွော ညီမႏွင့္ေစ့စပ္ရန္ သေဘာတူခဲ့သည္။ ထိုသည္က နိုရာ၏ဖခင္အတြက္ ဆုံးရႈံးမႈမရွိခဲ့ေပ။ အဲ့ဒီအခ်ိန္မွာပဲ မိသားစုႏွစ္စုက ေနာက္ဆုံး သေဘာတူညီမႈတစ္ခုရခဲ့ၾကသည္။
နိုရာက ေပါ့ေပါ့တန္တန္ေျဖလိုက္သည္။ " အခုျပန္လာခဲ့မယ္"
သူမက ခ်ယ္ရီကို သူမတို႔နဲ႕ အတူ ျပန္လာခဲ့တဲ့ နာနီမစၥစ္လူးဝစ္ထံ အပ္ႏွင္းလိုက္ၿပီး အျပင္ထြက္သြားသည္။
သူမဓာတ္ေလွကားကို ေစာင့္ေနရင္း ႐ုတ္တရက္ ႏူးညံ့တဲ့ ေျခသံတခ်ိဳ႕ကို ၾကားလိုက္ရသည္။ သူမလွည့္ၾကည့္လိုက္ေတာ့ မီးခိုးေရာင္ ညအိပ္ပိုးဝတ္စုံဝတ္ထားၿပီး ဆံပင္တိုတို ဖြာလန္ႀကဲေနတဲ့ ကေလးတစ္ေယာက္ကို ေလွခါးထစ္မွာ အိပ္ငိုက္ေနတဲ့ မ်က္လုံးေတြနဲ႕ မတ္တပ္ရပ္ေနသည္ကို ေတြ႕လိုက္ရသည္။
သူမသမီးက ဆံပင္တိုတိုနဲ႕ လက္ရာေျမာက္ကာ ခ်စ္စရာေကာင္းေသာ မ်က္ႏွာအသြင္အျပင္က သူမသည္ ေယာက္်ားေလးလား မိန္းကေလးလား ခြဲျခားရခက္ေစခဲ့သည္။
၎တို႔ နိုင္ငံျခားတြင္ ေနထိုင္စဥ္တြင္ အျပင္ထြက္တိုင္း ခ်ယ္ရီသည္ နိုရာကို ေပြ႕ဖက္ေနၾကျဖစ္သည္။ ။
ထို႔ေၾကာင့္ သူမသည္ ၎အေၾကာင္းကို သိပ္မစဥ္းစားေတာ့ေပ။ သူမသည္ ျပဳမူေနၾကပုံစံအတိုင္း ငုတ္တုတ္ထိုင္ခ်ကာ ကေလး၏နဖူးကို ေပြ႕ဖက္နမ္းရႈံ႕လိုက္သည္။ သူမ၏အသံက နိမ့္ေနေသာ္လည္း ႏူးညံ့သည္။
"ညက်ရင္ မလိုင္ကိတ္မုန႔္ေလး ဝယ္လာေပးမယ္။ အခု သမီးအခန္းထဲကိုျပန္သြားေနာ္
ထိုအခိုက္တြင္ သူမသမီးေလး၏ ဉာဏ္ရည္ထက္ျမက္သည့္ မ်က္လုံးေတြက မွင္တက္သြားကာ..... သူမသည္ အရမ္းအိပ္ငိုက္ေနေသာေၾကာင့္ ရီခ်င္စဖြယ္ျဖစ္ေနသည္။ ထို႔ေနာက္ သူမကို ေငးၾကည့္ရင္း ေခါင္းညိတ္ျပကာ လွည့္ျပန္သြားခဲ့သည္။
ဤအထပ္သည္ ထိပ္တန္း ဇိမ္ခံသမၼတအခန္းျဖစ္ၿပီး စုစုေပါင္း အခန္းႏွစ္ခန္းသာ ရွိသည္။
၎တို႔ သိမ္းပိုက္ထားသည့္ တစ္ခန္းမွလြဲ၍ က်န္တျခားအခန္းသည္ ဟန့္မ်ားမွ ၎တို႔ကိုယ္တိုင္အတြက္ ခ်န္ထားျခင္းျဖစ္ေသာေၾကာင့္ အျပင္လူေတြအတြက္ မဖြင့္ေပးေပ။ ေလာေလာဆယ္ အဲဒီမွာေနေနသည့္သူ မည္သူမွ် မရွိေပ။
တင္!
ဓာတ္ေလွကားေရာက္လာသည္။ နိုရာသည္ ခ်က္ခ်င္းဝင္သြားခဲ့သည္။ ထို႔ေၾကာင့္ အျခားသီးသန့္အခန္းတံခါးဖြင့္လာသည္ကို သူမမျမင္ရေပ။
အရပ္ရွည္ရွည္၊ ခံနိုင္ရည္ရွိၿပီး တည္ၿငိမ္ေသာပုံစံျဖင့္လူတစ္ေယာက္ ထြက္လာခဲ့သည္။ ထိုလူက ဓာတ္ေလွကားဝင္ေပါက္ကို ေနာက္ေက်ာေပးထားသည္။
သူ႕အသံက နိမ့္ကာနက္နဲၿပီး
သူ႕ပတ္ဝန္းက်င္မွာ လ်စ္လ်ဴရႈရခက္တဲ့ အရွိန္အဝါရွိသည္။ "မင္းအခန္းထဲျပန္သြားပါ ဖိစ္ " ဟု ကေလးအား အမိန႔္ေပးခဲ့သည္။
ငါးႏွစ္အ႐ြယ္ ဖိစ္ဟန့္ သည္ ဓာတ္ေလွကားရွိရာသို႔ စိုက္ၾကည့္ေနသည္။
ထိုအမ်ိဳးသမီးထံမွ ႏူးညံ့ေသာေပြ႕ဖက္မႈႏွင့္ နဖူးေပၚအနမ္းတို႔က ဟန့္ ၏တစ္ဦးတည္းေသာေျမးျဖစ္သူကိုပင္ ထိန္းမနိုင္သိမ္းမရျဖစ္သြားေစသည္။
ဖိစ္ ၏မ်က္ႏွာသည္ တင္းတင္းမာမာျဖစ္ေနသည္။ သူသည္ ကေလးဘဝကတည္းက စည္းကမ္းတင္းၾကပ္စြာႀကီးျပင္းလာခဲ့ရသည္။ သူ႕အစားအစာမ်ား၏ အာဟာရဓါတ္ကိုပင္ တြက္ခ်က္ရမည္ျဖစ္သည္။
သို႔ေသာ္၊ အၿမဲတမ္း ခ်ဳပ္တည္းေလ့ရွိေသာ ေကာင္ေလးတစ္ေယာက္တြင္ ျပင္းျပေသာဆႏၵ ႐ုတ္တရက္ ထြက္ေပၚလာသည္- "ကြၽန္ေတာ္ မလိုင္အျပည့္နဲ႕ ကိတ္မုန႔္စားခ်င္တယ္"
"....."
ဂ်ပ္စတင္ဟန့္ က သူ႕ကို တစ္ခ်က္ၾကည့္လိုက္ၿပီး အခန္းထဲသို႔ လက္တစ္ဖက္တည္းျဖင့္ ေပြ႕ေခၚသြားခဲ့သည္။
သူသည္ လူေတြကသူ႕ကို မခ်ဥ္းကပ္ဝံ့ေလာက္ေအာင္ ေအးစက္ေသာအရွိန္အဝါကို ထုတ္လႊတ္ကာ ကြန္ပ်ဴတာဆီသို႔ ေလွ်ာက္သြားကာ ဗီဒီယိုအစည္းအေဝးကို ဆက္လက္လုပ္ေဆာင္သည္။
သူ႕ဆန႔္က်င္ဘက္တြင္ရွိေသာလူက သူ႕အား ၎တို႔၏အစီရင္ခံစာကို ေပးခဲ့သည္။ မစၥတာဟန့္ ၊ အန္းထီက အေမရိကန္ျပည္ေထာင္စုကို အမွန္တကယ္ ျပန္ေရာက္ေနၿပီဆိုတာ ကြၽန္ေတာ္တို႔ အတည္ျပဳထားပါတယ္။ အဲ့ဒါအျပင္၊ ကြၽန္ေတာ္တို႔က သူ႕ဓာတ္ပုံကို ေစ်းႀကီးေပးဝယ္ထားၿပီး ခင္ဗ်ားကိုခ်က္ခ်င္းလိုက္ပို႔ေပးလိုက္ပါ့မယ္။"
ဂ်ပ္စတင္၏ပါးလႊာေသာႏႈတ္ခမ္းမွ အနည္းငယ္ေအးစက္ေသာ စကားလုံးထြက္လာသည္။
"သူမကိုရွာပါ!"
စမစ္၏ ဗီလာတြင္ မီးေရာင္သည္ ေတာက္ပစြာလင္းေနပါသည္။
တံခါးအျပင္ဘက္တြင္ နိုရာသည္ ဒစ္ဂ်စ္တယ္ေသာ့ဖြင္သံကို နားေထာင္ေနပါသည္။ "နံပါတ္ မွားေနပါသည္" ဆိုသည့္အသံျဖင့္ အခ်က္ျပလိုက္သည္။ သူမ၏ ႏႈတ္ခမ္းမ်ားသည္ ေလွာင္ေျပာင္ေသာ အၿပဳံးျဖင့္ေကြးတက္ေနပါသည္။
စကားဝွက္ကို ေျပာင္းထားေသာ္လည္း စမစ္၏ သမီးျဖစ္သူ
သူမက မသိခဲ့ေပ။
သူမသည္ ခံစားခ်က္ကင္းမဲ့စြာျဖင့္ မ်က္လုံးမ်ားကို ငုံ႕ကာ လက္ကိုင္ဖုန္းကို ထုတ္လိုက္ၿပီး အႀကိမ္အနည္းငယ္ႏွိပ္ၿပီးေနာက္ ဒစ္ဂ်စ္တယ္ေသာ့ေပၚတင္လိုက္သည္။စကၠန႔္အနည္းငယ္အၾကာတြင္ တံခါးသည္ ကလစ္ဆိုသည့္အသံျဖင့္ ပြင့္လာခဲ့သည္။
ဧည့္ခန္းရွိ သက္ဝင္လႈပ္ရွားေနေသာေလထုသည္ သူမဆီသို႔ အရွိန္အဟုန္ျဖင့္ဝင္ေရာက္လာကာ လည္ပတ္ေနေသာလူအုပ္ႀကီးက သူမကို ကေန႕သည္ သူမ၏ညီမငယ္ အိန္ဂ်ယ္လာစမစ္၏ ေမြးေန႕ျဖစ္သည္ကို သတိရေစသည္။
နိုရာသည္ သူမကိုမည္သူမွ သတိမထားမိေသာေၾကာင့္ ေထာင့္နားက ဆိုဖာကိုေတြ႕ၿပီး ခဏတစ္ေရးအိပ္ဖို႔ ႀကံ႐ြယ္ၿပီး ထိုင္ခ်လိဳက္သည္။
သို႔ေပမယ့္ ဘယ္သူမွ မၾကည့္ေနတဲ့ စားပြဲကေနမွ ငိုသံတိုးတိုး ထြက္လာသည္။
ငယ္ငယ္႐ြယ္႐ြယ္ႏွင့္ မိန္းကေလးငယ္တစ္ဦးကို ဝိုင္းရံထားၿပီး ျပင္းထန္စြာ ကိုယ္ထိလက္ေရာက္က်ဴးလြန္ေနၾကသည္။
အျပာေရာင္ဝတ္စုံဝတ္ထားသည့္ အိန္ဂ်ယ္လာသည္ ဝိုင္နီဖန္ခြက္ကိုကိုင္ကာ ၾကမ္းျပင္ေပၚသို႔တြန္းခ်ခံရသည့္မိန္းကေလးကိုၾကည့္ရင္း ေလွာင္ေျပာင္ေနခဲ့သည္။
၎မွာ သူမ၏ဝမ္းကြဲျဖစ္သူ
လီဆာဘလက္ ျဖစ္သည္။
သူမ(လီဆာ)သည္ အျမင္ကပ္စရာေကာင္းေသာ ဖက္တီးမနိုရာႏွင့္ အၿမဲတမ္း အဆင္ေျပေနခဲ့ၾကသည္။
ျဖန္း!
တစ္စုံတစ္ေယာက္က လီဆာကို
ခပ္ျပင္းျပင္း ပါးရိုက္လိုက္သည္။ "ဖက္တီးမရဲ႕မ်က္ႏွာက တကယ္ၾကည့္ေကာင္းတယ္လို႔ နင္ေျပာဖူးတယ္မဟုတ္လား၊ နင့္မ်က္လုံး တစ္ခုခုျဖစ္ေနၿပီလား။ နင့္အတြက္ ငါကုသေပးမယ္..."
"ဟစ္..."
သူမသည္ င႐ုတ္ေကာင္းျဖင့္ ေရာထားေသာ ေရပူတစ္ခြက္ကိုယူကာ လီဆာ၏မ်က္လုံးကို ျဖန္းလိုက္သည္။ "အဲဒီ႐ုပ္ဆိုးတဲ့ငေၾကာင္မက ဝက္နဲ႕တူတယ္။ သူက အိန္ဂ်ယ္လာရဲ႕ေျခေခ်ာင္းတစ္ေခ်ာင္းနဲ႕ေတာင္ ယွဥ္လို႔မရဘူး။ သူမက ေတာ္ေတာ္လွတယ္လို႔ နင္ဘယ္လိုေျပာနိုင္တာလဲဟမ္ လီဆာ"
လီဆာက ပူေလာင္တဲ့နာက်င္မႈေၾကာင့္ ေအာ္ဟစ္ခ်င္ေပမယ့္ တစ္စုံတစ္ေယာက္က သူမပါးစပ္ ပိတ္ထားေသာေၾကာင့္ သူမသည္ နာက်င္ျခင္းႏွင့္အတူ တစ္ဆို႔ကာ ရွိုက္ငိုသံမ်ားသာ ထြက္ေပၚနိုင္ခဲ့သည္။
အန္ဂ်လာ ႐ုတ္တရက္ ငုတ္တုတ္
ထိုင္ခ်လိဳက္သည္။ သူမသည္ အဝဆုံးျဖစ္ေနေသာ နိုရာ၏ ဓာတ္ပုံကို ထုတ္ကာ သူမ၏လက္ထဲတြင္ ေဆာ့ကစားေနေလသည္။ "ေဟ့ နင္တို႔အားလုံး အရမ္းၾကမ္းၾကဳတ္ေနၾကတာပဲ"
ထိုသည္ကို တျခားလူမ်ားက ၾကားလိုက္ေသာအခါ သူတို႔သည္ တခစ္ခစ္ရယ္ကာ နီရဲေယာင္ကိုင္းေနေသာ မ်က္လုံးမ်ားကို လက္ႏွင့္ ကာထားေသာ လီဆာကို လႊတ္ေပးလိုက္ၾကသည္။
ေက်းဇူးျပဳၿပီး ငါ့ကိုသြားခြင့္ျပဳပါ
အန္ဂ်လာက ၿပဳံးလိုက္သည္။
"ပိုၿပီး သန႔္စင္တဲ့ပုံစံနဲ႕ လုပ္ၾကရေအာင္၊ ေလာင္းေၾကးထပ္ၾကစို႔။"
လီဆာ၏ အားနည္းေနသည့္အသံက လည္ေခ်ာင္းထဲက ထြက္လာသည္။
ဘယ္လို ေလာင္းေၾကးမ်ိဳးလဲ
အိန္ဂ်ယ္လာက ဓာတ္ပုံကို လက္ညွိုးထိုးျပၿပီး သူမက ကိုယ္အေလးခ်ိန္က်ၿပီး ႐ုပ္ရည္တကယ္ၾကည့္ေကာင္းေၾကာင္း သက္ေသျပနိုင္ရင္ ဒီဓာတ္ပုံကို ငါစားမယ္။ တကယ္လို႔ နင္သက္ေသမျပနိုင္ရင္ ဒီဓါတ္ပုံကို နင္စားရမယ္။ အဲဒါက ဘယ္လိုလဲ၊ တရားမွ်တတယ္မဟုတ္လား"
က်န္တဲ့သူေတြက ခ်က္ခ်င္း ရယ္ၾကသည္။
"ဒါေပမယ့္ အဲဒီအဆီေတြက ေပါင္ခ်ိန္ကို မခ်နိဳင္ရင္ ဘာလုပ္
ရမလဲ"
"ေလာင္းေၾကးတစ္ခုအတြက္၊ သူမရဲ႕႐ုပ္ဆိုးတာက အဆီေၾကာင့္မဟုတ္ေၾကာင္း သက္ေသျပဖို႔အတြက္ အဆီေတြကို စုပ္ထုတ္ဖို႔ တကယ္လုပ္မွာလား ဟားဟားဟား"
"လီဆာ သူမကပိန္သြားရင္ ၾကည့္ေကာင္းေနမယ္ဆိုတာ သက္ေသျပနိုင္စရာလမ္းမရွိေတာ့ဘူး၊ ဒါဆို.."
"ဓါတ္ပုံကိုစား! ဓါတ္ပုံကိုစားပါ!"
လူတိုင္းက လက္ခုပ္တီးၿပီး ရန္ပြဲဖန္တီးေနၾကပါသည္။
အိန္ဂ်ယ္လာက ဓာတ္ပုံကို သူမမ်က္ႏွာေရွ႕ကို ကိုင္ျပထားသည္။ "နင္ကိုယ္တိုင္စားမွာလား၊ ဒါမွမဟုတ္ ငါတို႔ကို ကူညီေစခ်င္လား။"