နှင်းဆီထက်ကဆူးခက်ဝိုင်[Comple...

By Ta_yaw2006

1M 51.5K 1.2K

အရာအားလုံးကိုသိမ်းပိုက်တဲ့ပင်လယ် ပင်လယ်လို အတ္တကြီးတဲ့ မောင် နှလုံးသားကိုပါ အပိုင်သိမ်းတော့ နစ်မွှန်းသွားသူက... More

ဝိုင်(၁)
ဝိုင်(၂)
ဝိုင်(၃)
ဝိုင်(၄)
ဝိုင်(၅)
ဝိုင်(၆)
ဝိုင်(၇)
ဝိုင်(၈)
ဝိုင်(၉)
ဝိုင်(၁၀)
ဝိုင်(၁၁)
ဝိုင်(၁၂)
ဝိုင်(၁၃)
ဝိုင်(၁၄)
ဝိုင်(၁၅)
ဝိုင်(၁၆)
ဝိုင်(၁၇)
ဝိုင်(၁၈)
ဝိုင်(၁၉)
ဝိုင်(၂၀)
ဝိုင်(၂၁)
ဝိုင်(၂၃)
ဝိုင်(ဇာတ်သိမ်းပိုင်း)
ဝိုင်(အပိုင်းပို valentine's day)
ဝိုင်(အပိုင်းပို anniversary)
ဝိုင်(အပိုင်းပို ၂ anniversary)
ပြင်ဆင်ချက်
ကိုကို့ကလေးလေး
Book!!!

ဝိုင်(၂၂)

24.1K 1.2K 17
By Ta_yaw2006

Unicode

ကိုကိုaccidentဖြစ်တယ်လို့ ကြားကြားချင်းလူကပူထူလာကာ စိတ်တွေကလည်းကယောက်ကယက်နဲ့ပင်။ကိုကို ဘာမှမဖြစ်ပါစေနဲ့ ဟင့်အင်း  ဘာမှမဖြစ်ရဘူး။meeting room ထဲကနေအမြန်ပင်ပြေးထွက်လာလိုက်သည်။

"ဆရာ "

"ဆရာ!!"

နောက်ကဇေယျခေါ်နေတာလည်း ကိုယ့်အပူနဲ့ကိုယ်မို့ မကြားမိ။ခုချိန် ကိုကို့ဆီသွားမှဖြစ်မှာ။ကြောက်တယ် ကိုကိုတစ်ခုခုဖြစ်သွားမှာ ကြောက်တယ် မောင်ရင်ကျိုးရမှာ အဲ့တာကြောင့်ဘာမှမဖြစ်လိုက်ပါနဲ့။
အတွေးပေါင်းစုံဖြစ်နေသောစိတ်မှာ လက်ကိုဆွဲကာတားခံရတာကြောင့်လွင့်ပြယ်သွားလေသည်။

"ဆရာ ကျွန်တော်လိုက်ပို့ပါ့မယ် ဆရာကားမောင်းလို့မဖြစ်လောက်ဘူး"

သူ့စိတ်သူသိတယ်။ဇေယျာပြောတာ မှန်တာမို့ ဘာမှတွေးမနေဘဲ အမြန်ခေါင်းငြိမ့်ပြလိုက်သည်။
.....

ဆေးရုံရောက်တော့လည်း သိက္ခာမဆဲနိုင်စွာ ပြေးရင်း ကိုကိုရှိရာကိုမေးပြီးသွားလိုက်သည်။ဇေယျာလည်းသူ့နောက်ကိုပြေးလိုက်လာပါသည်။ကိုကို့ ကို ခွဲစိတ်တဲ့အခန်းရှေ့ရောက်တော့ နာစ့် နဲ့ စကားပြောနေတဲ့ဒေါက်တာကိုတွေတော့ ချက်ချင်း လောကောဇောကောတိုက်ကာ မေးမိပါတော့သည်။

"ဒေါက်တာ ကို ကိုကို့ အခြေနေရော ဘာ ဘာမှ မဖြစ်ဘူးမလား"

"ကိုပန်းခိုက်ဦး လူနာရှင် များလား"

"ဟုတ်ပါတယ် ဒေါက်တာ ကိုကို ဘာမှမဖြစ်ဘူးမလား ဘာမှမဖြစ်ဘူးမလားလို့"

"အခုလောလောဆယ်တော့ကုသနေဆဲပါ  အခြေနေကတော့ ၅၀%လောက်"

"ဘာ!! အဲ့တာဆို ခင်ဗျား က ဝင်ကုပေးလေ ဘာကိစ္စအပြင်ထွက်လာရတာလဲ ဟမ် ရှင်အောင်ကုပေး  ဘာလဲ ပိုက်ဆံမရှင်းရသေးလို့လား ပေး ကျုပ်လက်မှတ်ထိုးမယ်"

သူအော်တော့ဘေးကလူတွေကပါငဲ့ကြည့်လာကြသည်။ဘယ်လိုသောက်အဓိပ္ပါယ်မရှိလိုက်လဲ။သေရေးရှင်ရေးဖြစ်​နေတာတောင်ကုတဲ့ဆရာဝန်ကအပြင်ထွက်လာလို့ရသလား။ကိုကိုတစ်ခုခုဖြစ်ကြည့်အကုန်သတ်ပစ်မှာ။

"ဆရာ ကျေးဇူးပြုပြီး ငြိမ်ငြိမ်လေးထိုင်နေပေးပါ ကျွန်တော် တစ်ယောက်ထဲကုပေးနေတာမဟုတ်ပါဘူး အခြားဆရာဝန်တွေရောကုပေးနေတာပါ ဆရာ စိတ်ကိုအေးအေးထားပါ လူနာကိုအစွမ်းကုန်ကုပေးပါ့မယ် "

"ဆရာမ လူနာ နဲ့ ကိုက်မဲ့သွေးကို မြန်မြန်ရှာလာပါ"

အအော်ခံရတဲ့ဆရာဝန်မှာ အလုံးစုံမတည်ငြိမ်နေတဲ့ သူ့ကိုအပြစ်မမြင်ဘဲ ရှင်းပြလာသည်။သူမျက်လုံးပင်ပြူးမိပါသည်။ကြားလိုက်ရတဲ့စကားတွေက ရင်ဘတ်ကိုဓါးနဲ့ထိုးခံရသလိုလို နာတယ်သေလောက်အောင်နာတယ်။
ခွဲစိတ်ခန်းထဲပြန်ဝင်တော့မည့် ဒေါက်တာကို အမြန်ပင်ပြန်တားကာ

"ဒေါက်တာ ဘာကို ပြောချင်တာလဲ"

"လူနာကသွေးအတော်ဆုံးရှုံးထားပါတယ် လူနာနဲ့ကိုက်မဲ့သွေး ကို ကျွန်တော်တို့အမြန်ရမှဖြစ်မှာပါ ဆရာ"

"O သွေးမလား ဒေါက်တာ Oသွေးမလား ကျွန်တော့်သွေးကိုထုတ်လိုက်  "

ကိုကို့အခြေနေမဟန်မှန်း သိတဲ့ဒေါက်တာက သူ့အပြောကိုချက်ချင်းပင် လက်ခံသည်။စိုးရိမ်ပူပန်မူတွေအပြည့်နဲ့ကိုယ်ဟာ အသက်ရှူမဝစွာ ရေမွှန်း​နေတဲ့လူတစ်ယောက်လို။ကိုကိုဘယ်လောက်နာနေမလဲ။မောင်သိပ်ညံ့တယ် ကိုကို မောင်သိပ်ညံ့သွားတယ် ကိုကို့ကို ကာကွယ်မပေးနိုင်ခဲ့ဘူး။ကိုကို မောင့်ဆီပြန်လာမှဖြစ်မှာ ထားမသွားဘူးမလား။မောင်တစ်ခါလေးတောင်မှ ကိုယ်ချစ်တဲ့သူကို ကာကွယ်မပေးနိုင်ခဲ့ဘူး။တစ်ခါလေးတောင်မှလေ။အသိပေးချက်မရှိဘဲ ဝင်ရောက်လာတဲ့ မေမေနဲ့ပတ်သတ်တဲ့ အဖြစ်ပျက်ဆိုးတွေ။ရုတ်တရက်ဆန်စွာမျက်လုံးများကဝေဝါးလာခဲ့သည်။ကိုကို မောင့်ကိုထားမသွားဘူးမလား။

အတော်ကြာသွေးထုတ်ပြီး လူကအားယုတ်သွားပေမဲ့ စိတ်ကဇောကပ်နေတာမို့ ဘာမှသတိမထားမိ စိတ်ကကိုကို့ဆီသာရောက်နေသည်။  ကုတင်ပေါ်ကမန်းကတန်း ထပြီး ထွက်ဖို့အပြင် သူ့ဘေးကဇေယျာကလာတားပြန်သည်။

"ဆရာ ပြန်လှဲနေမှဖြစ်မယ် မဟုတ်ရင် မူးလဲသွားလိမ့်မယ် ဆရာ"

"ဖယ်စမ်း ဇေယျာ"

"ဆရာ့ကိုကျွန်တော်နားလည်ပါတယ် ကိုပန်းခိုက်ဦး ဘာမှမဖြစ်ပါဘူး အခု ဆရာ ခဏလှဲနေလိုက်ပါ"

"မင်းဖယ်စမ်းပါ ဇေယျာ  အခုချက်ချင်း accident ဘယ်လိုဖြစ်တာလဲ စုံစမ်းလာခဲ့ "

"ဆရာ "

တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေပုံကို တွေ့ရသည်မို့ မျက်မှောင်တစ်ချက်ကြုတ်ရင်း

"ခိုင်းထဲအလုပ်ကိုသေချာလုပ်ရမယ် ဇေယျာ"

"ဟုတ်ကဲ့ပါ ဆရာ"

တားမရမှန်းသိတော့ လက်လျော့သွားပုံပေါ်သည်။မထွက်ခင်လေး သူ့ကိုစိတ်မချလှည့်ကြည့်လာသည်မို့  အဆင်ပြေပါတယ်ဆိုသည့် အကြည့်ဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။

ကားကိုကျွမ်းကျွမ်းကျင်ကျင်မောင်းတတ်တဲ့ကိုကိုက အခုaccident ဖြစ်တယ်ဆိုတော့ကိုကိုမှားပုံမရ တစ်ဖက်လူက မှားတာဘဲဖြစ်မည်။ အသေပဲ။ငါ့အပိုင်ကိုလာထိတဲ့သူတွေမှန်သမျှအကုန်အသေသတ်ပစ်မယ်။

....
ခွဲခန်းရှေ့ ခေါက်တို့ခေါက်ပြန်လျှောက်ကာ ပါးစပ်မှလည်း ဘုရားစာတွေဆိုမိပါသည်။အပိုဒ်တွေကလည်း မညီ ဟိုရောက်လိုက်ဒီရောက်လိုက်နှင့်သာ။ရုတ်တရက် ပုခုံးပုတ်ခံလိုက်ရကာလှည့်ကြည့်မိတော့ သူကြောင်သွားမိသည်။ရှင်းသန့်ရာဇာ ကဘယ်လိုလုပ်ဒီရောက်နေတာလဲ။

"ရှင်းသန့်"

"ဟုတ် ဟို ကိုဒီပါ ခဏလောက်ထိုင်ပါဦး စိတ်အေးအေးထားပါ စိတ်ပူနေမှန်းသိပေမဲ့လည်း ကိုပန်းခိုက်ဦး က ဘာမှမဖြစ်ပါဘူး"

"...."

သူဘာမှမပြောဘဲ ထိုင်ခုံရှိရာသာသွားထိုင်လိုက်ပါသည်။ဘေးကကောင်လေးကလည်း ကိုကို့ကိုစိတ်ပူနေပုံပေါ်သည်။အင်းလေ သူလည်းအရင်ကကိုကို့ကိုသဘောကျခဲ့တာပဲမလား။
၃နာရီလောက်ကြာပြီ ဘာအကြောင်းမှမသိရသေး။သူ့စိတ်တို့ကအစိုးမရတော့ပါ။သူ၏အကြောက်တရားတို့က တဖြည်းဖြည်းတိုးပွားလာခဲ့သည်။၅နာရီလောက်အကြာတွင် ခွဲစိတ်ခန်းထဲက သူနဲ့ပြသာနာဖြစ်သည့် ဆရာဝန်က ထွက်လာသည်။ သူအမြန်ထရင်း ဆရာဝန်ဆီသွားလိုက်ကာ

"ဒေါက်တာ"

သူဘာစကားမှဆက်မပြောမိ အဖြေစကားကြားဖို့မရဲဝင့်တော့ အမေးစကားလည်းမဆိုမိတော့။မကောင်းတဲ့အဖြေသာဆိုသူသေမှာ။

"စိုးရိမ်စရာမရှိတော့ပါဘူး လူနာကိုကျွန်တော်တို့ကယ်တင်လိုက်နိုင်ပါပြီ"

ကြားလိုက်ရတဲ့အဖြေကြောင့် ရင်ထဲကအပူလုံးကြီးကျသွားသယောင်။ဝမ်းသာမှုတို့လှိုက်တက်လာတော့ ထိန်းမနိုင်စွာ မျက်ရည်ကျမိပါတော့သည်။ တော်ပါသေးတာပေါ့ ကိုကို ထားမသွားဘူး။

"တော်ပါသေးတယ် ဒေါက်တာတို့ကိုကျေးဇူးတင်ပါတယ် "

"လူနာကိုအချိန်မှီပို့နိုင်တဲ့ ဒီကညီလေးကိုကျေးဇူးတင်ရမှာဗျ မဟုတ်ရင် တစ်မိနစ်လောက်နောက်ကျကြည့် လူနာအသက်ဆုံးရှုံးနိုင်တယ်"

"ဘုရား ဘုရား"

သူဘုရားတသာမိပါသည်။ယူကျိုးမရဖြစ်ရချည်ရဲ့။ဒါဆို ကိုကို့ကိုဆေးရုံပို့ပေးတဲ့သူက ရှင်းသန့်ရာဇာပေါ့။

"ကျေးဇူးတင်ပါတယ် ငါ့ညီ အကို တကယ်ကျေးဇူး.."

မျက်လုံးတွေကာ တစ်ဖြည်းဖြည်းဝေးဝါးလာကာ လူကအားမရှိတော့သည့်နှယ်။တင်းခံထားသည့်စိတ်ကိုလျော့ချမိလိုက်တော့ ပစ္စုပ္ပါန်ကာလနဲ့ အဆက်သွယ်ပြတ်သွားခဲ့ချေပြီ။

ဘုတ်

"ဟာ ဒေါက်တာ လုပ်ပါဦး"

"ဆေးသွင်းပြီးပြီးချင်း ချက်ချင်းလှုပ်ရှားလိုက်တော့ မူးလဲသွားတာဖြစ်မယ်"
.....
"အင်း.."

နှာခေါင်းထဲ ဆေးနံ့ပြင်းပြင်းတို့ ဝင်ရောက်လာရင်း ခေါင်းကနှောက်ကျိကျိနဲ့မို့ သူ ညည်းမိသည်။ မျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်ကာ ပတ်ဝန်းကျင်ကို ဝေ့ပတ်ကြည့်တော့ စိမ်းသက်သက်နေရာ။ အင်း..သူမူးလဲသွားတာပဲ။ကိုကို့ကိုတွေ့ရဦးမယ်။သူကိုကို့ကိုလွမ်းနေတာ။ကိုကိုလည်း သူ့ကိုလွမ်းနေလောက်မှာပဲ။လက်မှာစိုက်ထားသည့်ဆေးထိုးအပ်ကို ဖြုတ်ကာထရပ်မည်အပြု လူကမူးနောက်နောက်ဖြစ်သွားတော့ယိုင်ကနဲ။

"သား နားဦးလေကွယ်"

ကြည့်မိတော့ဖေဖေ..

"ကျွန်တော် ကိုကိုနဲ့တွေ့ရဦးမယ် ဖေဖေ"

"သားပန်းခိုက်ဦးက ဘာမှမဖြစ်ပါဘူးကွယ် စိုးရိမ်စရာမရှိတော့ပါဘူး နားပါဦး သားရယ်"

"ခဏပဲ ဖေဖေ ကျွန်တော် ကိုကို့ကိုတွေ့ချင်လို့ပါဗျာ ခဏလေးပါ "

"ဟင်း ဖေဖေတွဲပို့မယ် "

ကိုကိုရှိရာ အခန်းရောက်တော့လည်း ချက်ချင်းမဝင်ရသေး။ပိုးသတ်ဝတ်စုံကိုလဲပြီးမှဝင်ရသည်။မြင်လိုက်ရသည့်မြင်ကွင်းက ရင်နာစရာကောင်းလွန်းသည်။

အောက်စီဂျင်ပိုက် အကူယူပြီး အသက်ရှူနေရတဲ့ ကိုကို။ဦးခေါင်းမှာပတ်တီးအပြည့်နဲ့ ဒဏ်ရာပလပွ။မကြည့်ရက်​တော့၍ မျက်နှာလွဲမိသည်။လက်သီးကိုတင်းတင်းစုတ်ရင်း ငိုချမိပါတော့သည်။နာနေမှာပဲ..။လူတစ်ယောက်လေးကိုတောင်မကာကွယ်နိုင်ဘူး။တော်တော်အသုံးမကျတဲ့ကောင်။ဘေးနားက ဖေဖေ့ကိုအားကိုးရာအဖြစ် တိုးဖက်ကာငိုမိတော့ ဖေဖေကသူ့ကျောပြင်လေးကိုပုတ်ကာ

"ကလေးကဒီလောက်ဖြစ်တာတောင် အသက်ရှင်တယ်ဆိုတော့ရှင်ချင်စိတ်ပြင်းပြနေလို့ သားပန်းခိုက်ဦးလေးကသားကိုတော်တော်ချစ်တာသားရဲ့ သား ကဘာမှမဖြစ်တော့ဘူးလေကွယ်"

အချိန်အတော်ကြာတဲ့ထိငိုမိပါသည်။ဖေဖေကလည်ူသူ့ကို စိတ်ရှည်လက်ရှည်ချော့ပါသည်။ကိုကို့အနားကိုသွားကာ ခြစ်ရာအနည်းငယ်ရှိနေသော ကိုကို့လက်ချောင်းလေးကို ငြင်သာစွာထိလိုက်သည်။မကိုင်တော့မကိုင်ရဲဘူး။ကိုကိုနာနေမှာပေါ့။

"ကိုကို သတိမြန်မြန်ရလာပေးနော် ကိုကိုနဲ့မောင်လက်ထက်ရဦးမယ်လေ ကိုကိုမရှိရင်မောင်မနေတတ်တာသိတယ်မလား အဲ့တာကြောင့်မြန်မြန်သတိရလာပေးပါ။ "
....

ဆေးသွင်းကာနားနေစဥ် အခန်းထဲဇေယျာနဲ့အတူ ရှင်းသန့်ပါပါလာသည်။ဒီကောင်လေးကျေးဇူးတွေကဘသူ့အပေါ်အများကြီးတင်နေပြီ။ခုချိန်ထိ သည်ကောင်လေး အိမ်ကိုမပြန်ရသေးဘူးထင်သည်။အချိန်ကြည့်တော့ ၆နာရီထိုးနေပြီ။

"ရှင်းသန့် ညစာစားပြီးပြီလား"

"ဟုတ်ကဲ့ဗျစောစောကစားလာခဲ့ပါပြီ ကျွန်တော် ကိုဇေယျာနဲ့အတူတူသွားဝယ်ထားတာ ကိုဒီပါအတွက် ဆန်ပြုတ်ပါဝယ်လာတယ် ကျွန်တော်သွားပြင်လိုက်မယ်နော်။"

"အင်း ကျေးဇူးပဲ ငါ့ညီ"

"ဇေယျာ"

"ဗျာ ဆရာ"

"စုံစမ်းခိုင်းထားတာရပြီလား"

"ဟုတ်ကဲ့ ကျွန်တော် accident ဖြစ်တဲ့နေရာကိုသွားကြည့်တော့ လမ်းလေးခွဆုံမီးပွိုင့်မှာပါ ။CCTVမှတ်တမ်းကိုကျွန်တော်သွင်းလာခဲ့ပါတယ်။"

ပြောရင်းနဲ့ လက်ထဲမှ laptop ကိုဖွင့်ကာသူ့ရှေ့ကိုလာပြသည်။သူကြည့်လိုက်တော့ ကိုကိုတို့လမ်းဖြောင့်ဘက်က မီးနီပြနေပြီး လမ်းချိုးဘက်က မီးစိမ်းပြနေသည်။သို့သော်ကိုကိုကားကရပ်မသွား။တစ်ဖက်က ထရပ်ကားကလည်း မီးစိမ်းတာကြောင့်သူ့လမ်းသူသွားတာမှန်ပေမဲ့လည်း ရပ်မသွားတဲ့ကိုကို့ကားနဲ့ချိတ်မိသွားသည်။ဒီပုံစံဆိုကိုကိုမှားတာပေါ့။ဒါပေမဲ့ ကိုကိုကအဲ့လောက်ကြီးထိ ဂရုမစိုက်တဲ့သူလည်းမဟုတ်ပါဘူး။ချက်ချင်းပင် သံသယဝင်စိတ်တို့ကကြီးစိုးလာခဲ့သည်။သူ့အ​တွေးကိုသိသည့်ဇေယျာကထပ်ရှင်းပြလာတယ်

"ကျွန်တော် ကိုပန်းခိုက်ဦးရဲ့ကားကိုသွားကြည့်ပြီးပါပြီ။ကားကပေါက်ကွဲမသွားတာ ကံကောင်းတယ်လို့ဆိုရမယ်။ကားback Cctvကနေကျွန်တော်စစ်ကြည့်တော့ သူစိမ်းယောကျ်ားလေးတစ်ယောက်ကကားနားကပ်လာတာတွေ့ရပါတယ် မျက်နှာကတော့မမြင်ရပါဘူး maskတပ်ထားပါတယ်ဆရာ သူမျက်နှာကိုမမြင်စေချင်ပုံရတယ် ပြီးတော့သေချာကားကိုစစ်ကြည့်လိုက်တော့ကားဘရိတ်ကြိုးပြတ်နေပါတယ် ဆရာ ။"

"ဘရိတ်ကြိုးပြတ်တယ်?"

"ဟုတ်ပါတယ်ဆရာ ကျွန်တော့်အထင် ကိုပန်းခိုက်ဦးလုပ်ကြံခံရတာပါ"

တောက်

"လုပ်ကြံခံရတာ"

သူ့ဆီကထွက်တဲ့အသံမဟုတ်ဘဲ အသံလာရာကဆန်ပြုတ်ပန်းကန်ပြင်ဆင်နေတဲ့ကောင်လေးဆီက

"မင်းသိထားတာရှိလား ကောင်လေး"ဟုသူမေးလိုက်တော့

ဖြေရခက်နေဟန်ဖြစ်သွားတဲ့ပုံပေါ်လာသည်။အဖြေပေးဖို့ဇဝေဇဝါဖြစ်နေတာ။ဒီလိုဆို သည်ကောင်လေးသိထားတာ တစ်ခုခုရှိရမည်။

"သိထားတာရှိရင်ပြောပါ ရှင်းသန့်"

"ဟို ကျွန်တော် သံသယဝင်မိတဲ့သူတော့ရှိပါတယ် ကိုပန်းခိုက်ဦးနဲ့ပြသာနာဖြစ်ဖူးတဲ့သူရှိလား ကိုဒီပါ"

"မရှိဘူး သူ့ကိုကြိတ်မုန်းနေတဲ့သူတွေတော့ရှိချင်ရှိမှာပေါ့"
ဟုသူဆိုလိုက်တော့

"ကျွန်တော်တက်နိုင်သလောက်ကူညီပေးပါ့မယ် ကျွန်တော် တောင်းဆိုတာလေးဘဲကူညီပေးပါ"

"ပြောပါ"

"ကျွန်တော်သံသယဝင်မိတဲ့သူက ကျွန်တော့်မမပါ ကိုပန်းခိုက်ဦးကို သူမျက်မုန်းကျိုးနေတာကြာပြီ ကိုဒီပါ့ကိုမပိုင်ဆိုင်ရတာကို ပန်းခိုက်ဦးကြောင့်ဆိုပြီး "

"တောက် သောက်ရေးမပါတာကွာ"

"ကျွန်တော်ကူညီပေးပါ့မယ်အဓိကက အသံဖမ်းစက် တစ်လုံးလောက်လိုပါမယ် ကျန်တာကျွန်တော့်တာဝန်ထားပါ။"

"ဟုတ်ပြီ"

သူဇေယျာ့ကို အကြည့်တစ်ချက်ပေးတော့ဇေယျာကနားလည်သည့် သဘောဖြင့် ခေါင်းငြိမ့်ပြလာသည်။
မထိသင့်တဲ့အရာကိုလာထိကြတာပဲ။

.....

Words_2264
Lamin Eain

Zawgyi

ကိုကိုaccidentျဖစ္တယ္လို႔ၾကားၾကားခ်င္းလူကပူထူလာကာစိတ္ေတြကလည္းကေယာက္ကယက္။ကိုကို ဘာမွမျဖစ္ပါေစနဲ႕ ဟင့္အင္း ဘာမွမျဖစ္ရဘူး။meeting room ထဲကေနအျမန္ပင္ေျပးထြက္လာလိုက္သည္၊

"ဆရာ "

"ဆရာ!!"

ေနာက္ကေဇယ်ေခၚေနတာလည္း ကိုယ့္အပူနဲ႕ကိုယ္မို႔ မၾကားမိ။ခုခ်ိန္ ကိုကို႔ဆီသြားမွျဖစ္မွာ။ေၾကာက္တယ္ ကိုကိုတစ္ခုခုျဖစ္သြားမွာ ေၾကာက္တယ္ ေမာင္ရင္က်ိဳးရမွာ အဲ့တာေၾကာင့္ဘာမွမျဖစ္လိုက္ပါနဲ႕။
အေတြးေပါင္းစုံျဖစ္ေနေသာစိတ္မွာ လက္ကိုဆြဲကာတားခံရတာေၾကာင့္လြင့္ျပယ္သြားေလသည္။

"ဆရာ ကြၽန္ေတာ္လိုက္ပို႔ပါ့မယ္ ဆရာကားေမာင္းလို႔မျဖစ္ေလာက္ဘူး"

သူ႕စိတ္သူသိတယ္။ေဇယ်ာေျပာတာ မွန္တာမို႔ ဘာမွေတြးမေနဘဲ အျမန္ေခါင္းၿငိမ့္ျပလိုက္သည္။
.....

ေဆး႐ုံေရာက္ေတာ့လည္း သိကၡာမဆဲနိုင္ဘစြာ ေျပးကာကိုကိုရွိရာကိုေမးၿပီးသြားလိုက္သည္။ေဇယ်ာလည္းသူ႕ေနာက္ကိုေျပးလိုက္လာပါသည္။ကိုကို႔ ကို ခြဲစိတ္တဲ့အခန္းေရွ႕ေရာက္ေတာ့ နာစ့္ နဲ႕ စကားေျပာေနတဲ့ေဒါက္တာကိုေတြေတာ့ ခ်က္ခ်င္း ေလာေကာေဇာေကာတိုက္ကာ ေမးမိပါေတာ့သည္၊

"ေဒါက္တာ ကို ကိုကို႔ အေျခေနေရာ ဘာ ဘာမွ မျဖစ္ဘူးမလား"

"ကိုပန္းခိုက္ဦး လူနာရွင္ မ်ားလား"

"ဟုတ္ပါတယ္ ေဒါက္တာ ကိုကို ဘာမွမျဖစ္ဘူးမလား ဘာမွမျဖစ္ဘူးမလားလို႔"

"အခုေလာေလာဆယ္ေတာ့ကုသေနဆဲပါ အေျခေနကေတာ့ ၅၀%ေလာက္"

"ဘာ!! အဲ့တာဆို ခင္ဗ်ား က ဝင္ကုေပးေလ ဘာကိစၥအျပင္ထြက္လာရတာလဲ ဟမ္ ရွင္ေအာင္ကုေပး ဘာလဲ ပိုက္ဆံမရွင္းရေသးလို႔လား ေပး က်ဳပ္လက္မွတ္ထိုးမယ္"

သူအော်တော့ဘေးကလူတွေကပါငဲ့ကြည့်လာကြသည်။ဘယ်လိုသောက်အဓိပ္ပါယ်မရှိလိုက်လဲ။သေရေးရှင်ရေးဖြစ်ေနတာေတာင္ကုတဲ့ဆရာဝန္ကအျပင္ထြက္လာလို႔ရသလား။ကိုကိုတစ္ခုခုျဖစ္ၾကည့္အကုန္သတ္ပစ္မွာ။

"ဆရာ ေက်းဇူးျပဳၿပီး ၿငိမ္ၿငိမ္ေလးထိုင္ေနေပးပါ ကြၽန္ေတာ္ တစ္ေယာက္ထဲကုေပးေနတာမဟုတ္ပါဘူး အျခားဆရာဝန္ေတြေရာကုေပးေနတာပါ ဆရာ စိတ္ကိုေအးေအးထားပါ လူနာကိုအစြမ္းကုန္ကုေပးပါ့မယ္ "

"ဆရာမ လူနာ နဲ႕ ကိုက္မဲ့ေသြးကို ျမန္ျမန္ရွာလာပါ"

အေအာ္ခံရတဲ့ဆရာဝန္မွာ အလုံးစုံမတည္ၿငိမ္ေနတဲ့ သူ႕ကိုအျပစ္မျမင္ဘဲ ရွင္းျပလာသည္။သူမ်က္လုံးပင္ျပဴးမိပါသည္။ၾကားလိုက္ရတဲ့စကားေတြက ရင္ဘတ္ကိုဓါးနဲ႕ထိုးခံရသလိုလို နာတယ္ေသေလာက္ေအာင္နာတယ္။
ခြဲစိတ္ခန္းထဲျပန္ဝင္ေတာ့မည့္ ေဒါက္တာကို အျမန္ပင္ျပန္တားကာ

"ေဒါက္တာ ဘာကို ေျပာခ်င္တာလဲ"

"လူနာကေသြးအေတာ္ဆုံးရႈံးထားပါတယ္ လူနာနဲ႕ကိုက္မဲ့ေသြး ကို ကြၽန္ေတာ္တို႔အျမန္ရမွျဖစ္မွာပါ ဆရာ"

"O ေသြးမလား ေဒါက္တာ Oေသြးမလား ကြၽန္ေတာ့္ေသြးကိုထုတ္လိုက္ "

ကိုကို႔အေျခေနမဟန္မွန္း သိတဲ့ေဒါက္တာက သူ႕အေျပာကိုခ်က္ခ်င္းပင္ လက္ခံသည္။စိုးရိမ္ပူပန္မူေတြအျပည့္နဲ႕ကိုယ္ဟာ အသက္ရႉမဝစြာ ေရမႊန္းေနတဲ့လူတစ္ေယာက္လို။ကိုကိုဘယ္ေလာက္နာေနမလဲ။ေမာင္သိပ္ညံ့တယ္ ကိုကို ေမာင္သိပ္ညံ့သြားတယ္ ကိုကို႔ကို ကာကြယ္မေပးနိုင္ခဲ့ဘူး။ကိုကို ေမာင့္ဆီျပန္လာမွျဖစ္မွာ ထားမသြားဘူးမလား။ေမာင္တစ္ခါေလးေတာင္မွ ကိုယ္ခ်စ္တဲ့သူကို ကာကြယ္မေပးနိုင္ခဲ့ဘူး။တစ္ခါေလးေတာင္မွေလ။အသိေပးခ်က္မရွိဘဲ ဝင္ေရာက္လာတဲ့ ေမေမနဲ႕ပတ္သတ္တဲ့ အျဖစ္ပ်က္ဆိုးေတြ။႐ုတ္တရက္ဆန္စြာမ်က္လုံးမ်ားကေဝဝါးလာခဲ့သည္။ကိုကို ေမာင့္ကိုထားမသြားဘူးမလား။

အေတာ္ၾကာေသြးထုတ္ၿပီး လူကအားယုတ္သြားေပမဲ့ စိတ္ကေဇာကပ္ေနတာမို႔ ဘာမွသတိမထားမိ စိတ္ကကိုကို႔ဆီသာေရာက္ေနသည္။ ကုတင္ေပၚကမန္းကတန္း ထၿပီး ထြက္ဖို႔အျပင္ သူ႕ေဘးကေဇယ်ာကလာတားျပန္သည္။

"ဆရာ ျပန္လွဲေနမွျဖစ္မယ္ မဟုတ္ရင္ မူးလဲသြားလိမ့္မယ္ ဆရာ"

"ဖယ္စမ္း ေဇယ်ာ"

"ဆရာ့ကိုကြၽန္ေတာ္နားလည္ပါတယ္ ကိုပန္းခိုက္ဦး ဘာမွမျဖစ္ပါဘူး အခု ဆရာ ခဏလွဲေနလိုက္ပါ"

"မင္းဖယ္စမ္းပါ ေဇယ်ာ  အခုခ်က္ခ်င္း accident ဘယ္လိုျဖစ္တာလဲ စုံစမ္းလာခဲ့ "

"ဆရာ "

တြန့္ဆုတ္တြန့္ဆုတ္ ျဖစ္ေနပုံကို ေတြ႕ရသည္မို႔ မ်က္ေမွာင္တစ္ခ်က္ၾကဳတ္ရင္း

"ခိုင္းထဲအလုပ္ကိုေသခ်ာလုပ္ရမယ္ ေဇယ်ာ"

"ဟုတ္ကဲ့ပါ ဆရာ"

တားမရမွန္းသိေတာ့ လက္ေလ်ာ့သြားပုံေပၚသည္။မထြက္ခင္ေလး သူ႕ကိုစိတ္မခ်လွည့္ၾကည့္လာသည္မို႔  အဆင္ေျပပါတယ္ဆိုသည့္ အၾကည့္ျဖင့္ ေခါင္းၿငိမ့္ျပလိုက္သည္။

ကားကိုကြၽမ္းကြၽမ္းက်င္က်င္ေမာင္းတတ္တဲ့ကိုကိုက အခုaccident ျဖစ္တယ္ဆိုေတာ့ကိုကိုမွားပုံမရ တစ္ဖက္လူက မွားတာဘဲျဖစ္မည္။ အေသပဲ။ငါ့အပိုင္ကိုလာထိတဲ့သူေတြမွန္သမွ်အကုန္အေသသတ္ပစ္မယ္။

....
ခြဲခန္းေရွ႕ ေခါက္တို႔ေခါက္ျပန္ေလွ်ာက္ကာ ပါးစပ္မွလည္း ဘုရားစာေတြဆိုမိပါသည္။အပိုဒ္ေတြကလည္း မညီ ဟိုေရာက္လိုက္ဒီေရာက္လိုက္ႏွင့္သာ။႐ုတ္တရက္ ပုခုံးပုတ္ခံလိုက္ရကာလွည့္ၾကည့္မိေတာ့ သူေၾကာင္သြားမိသည္။ရွင္းသန့္ရာဇာ ကဘယ္လိုလုပ္ဒီေရာက္ေနတာလဲ။

"ရွင္းသန့္"

"ဟုတ္ ဟို ကိုဒီပါ ခဏေလာက္ထိုင္ပါဦး စိတ္ေအးေအးထားပါ စိတ္ပူေနမွန္းသိေပမဲ့လည္း ကိုပန္းခိုက္ဦး က ဘာမွမျဖစ္ပါဘူး"

"...."

သူဘာမွမေျပာဘဲ ထိုင္ခုံရွိရာသာသြားထိုင္လိုက္ပါသည္။ေဘးကေကာင္ေလးကလည္း ကိုကို႔ကိုစိတ္ပူေနပုံေပၚသည္။အင္းေလ သူလည္းအရင္ကကိုကို႔ကိုသေဘာက်ခဲ့တာပဲမလား။
၃နာရီေလာက္ၾကာၿပီ ဘာအေၾကာင္းမွမသိရေသး။သူ႕စိတ္တို႔ကအစိုးမရေတာ့ပါ။သူ၏အေၾကာက္တရားတို႔က တျဖည္းျဖည္းတိုးပြားလာခဲ့သည္။၅နာရီေလာက္အၾကာတြင္ ခြဲစိတ္ခန္းထဲက သူနဲ႕ျပသာနာျဖစ္သည့္ ဆရာဝန္က ထြက္လာသည္။ သူအျမန္ထရင္း ဆရာဝန္ဆီသြားလိုက္ကာ

"ေဒါက္တာ"

သူဘာစကားမွဆက္မေျပာမိ အေျဖစကားၾကားဖို႔မရဲဝင့္ေတာ့ အေမးစကားလည္းမဆိုမိေတာ့။မေကာင္းတဲ့အေျဖသာဆိုသူေသမွာ။

"စိုးရိမ္စရာမရွိေတာ့ပါဘူး လူနာကိုကြၽန္ေတာ္တို႔ကယ္တင္လိုက္နိုင္ပါၿပီ"

ၾကားလိုက္ရတဲ့အေျဖေၾကာင့္ ရင္ထဲကအပူလုံးႀကီးက်သြားသေယာင္။ဝမ္းသာမႈတို႔လွိုက္တက္လာေတာ့ ထိန္းမနိုင္စြာ မ်က္ရည္က်မိပါေတာ့သည္။ ေတာ္ပါေသးတာေပါ့ ကိုကို ထားမသြားဘူး။

"ေတာ္ပါေသးတယ္ ေဒါက္တာတို႔ကိုေက်းဇူးတင္ပါတယ္ "

"လူနာကိုအခ်ိန္မွီပို႔နိုင္တဲ့ ဒီကညီေလးကိုေက်းဇူးတင္ရမွာဗ် မဟုတ္ရင္ တစ္မိနစ္ေလာက္ေနာက္က်ၾကည့္ လူနာအသက္ဆုံးရႈံးနိုင္တယ္"

"ဘုရား ဘုရား"

သူဘုရားတသာမိပါသည္။ယူက်ိဳးမရျဖစ္ရခ်ည္ရဲ႕။ဒါဆို ကိုကို႔ကိုေဆး႐ုံပို႔ေပးတဲ့သူက ရွင္းသန့္ရာဇာေပါ့။

"ေက်းဇူးတင္ပါတယ္ ငါ့ညီ အကို တကယ္ေက်းဇူး.."

မ်က္လုံးေတြကာ တစ္ျဖည္းျဖည္းေဝးဝါးလာကာ လူကအားမရွိေတာ့သည့္ႏွယ္။တင္းခံထားသည့္စိတ္ကိုေလ်ာ့ခ်မိလိုက္ေတာ့ ပစ္စုပ္ပါန်ကာလနဲ့ အဆက္သြယ္ျပတ္သြားခဲ့ေခ်ၿပီ။

ဘုတ္

"ဟာ ေဒါက္တာ လုပ္ပါဦး"

"ေဆးသြင္းၿပီးၿပီးခ်င္း ခ်က္ခ်င္းလႈပ္ရွားလိုက္ေတာ့ မူးလဲသြားတာျဖစ္မယ္"
.....
"အင္း.."

ႏွာေခါင္းထဲ ေဆးနံ႕ျပင္းျပင္းတို႔ ဝင္ေရာက္လာရင္း ေခါင္းကႏွောက္က်ိက်ိနဲ႕မို႔ သူ ညည္းမိသည္။ မ်က္လုံးကိုျဖည္းျဖည္းခ်င္းဖြင့္ကာ ပတ္ဝန္းက်င္ကို ေဝ့ပတ္ၾကည့္ေတာ့ စိမ္းသက္သက္ေနရာ။ အင္း..သူမူးလဲသြားတာပဲ။ကိုကို႔ကိုေတြ႕ရဦးမယ္။သူကိုကို႔ကိုလြမ္းေနတာ။ကိုကိုလည္း သူ႕ကိုလြမ္းေနေလာက္မွာပဲ။လက္မွာစိုက္ထားသည့္ေဆးထိုးအပ္ကို ျဖဳတ္ကာထရပ္မည္အျပဳ လူကမူးေနာက္ေနာက္ျဖစ္သြားေတာ့ယိုင္ကနဲ။

"သား နားဦးေလကြယ္"

ၾကည့္မိေတာ့ေဖေဖ..

"ကြၽန္ေတာ္ ကိုကိုနဲ႕ေတြ႕ရဦးမယ္ ေဖေဖ"

"သားပန္းခိုက္ဦးက ဘာမွမျဖစ္ပါဘူးကြယ္ စိုးရိမ္စရာမရွိေတာ့ပါဘူး နားပါဦး သားရယ္"

"ခဏပဲ ေဖေဖ ကြၽန္ေတာ္ ကိုကို႔ကိုေတြ႕ခ်င္လို႔ပါဗ်ာ ခဏေလးပါ "

"ဟင္း ေဖေဖတြဲပို႔မယ္ "

ကိုကိုရွိရာ အခန္းေရာက္ေတာ့လည္း ခ်က္ခ်င္းမဝင္ရေသး။ပိုးသတ္ဝတ္စုံကိုလဲၿပီးမွဝင္ရသည္။ျမင္လိုက္ရသည့္ျမင္ကြင္းက ရင္နာစရာေကာင္းလြန္းသည္။

ေအာက္စီဂ်င္ပိုက္ အကူယူၿပီး အသက္ရႉေနရတဲ့ ကိုကို။ဦးေခါင္းမွာပတ္တီးအျပည့္နဲ႕ ဒဏ္ရာပလပြ။မၾကည့္ရက္ေတာ့၍ မ်က္ႏွာလြဲမိသည္။လက္သီးကိုတင္းတင္းစုတ္ရင္း ငိုခ်မိပါေတာ့သည္။နာေနမွာပဲ..။လူတစ္ေယာက္ေလးကိုေတာင္မကာကြယ္နိုင္ဘူး။ေတာ္ေတာ္အသုံးမက်တဲ့ေကာင္။ေဘးနားက ေဖေဖ့ကိုအားကိုးရာအျဖစ္ တိုးဖက္ကာငိုမိေတာ့ ေဖေဖကသူ႕ေက်ာျပင္ေလးကိုပုတ္ကာ

"ကေလးကဒီေလာက္ျဖစ္တာေတာင္ အသက္ရွင္တယ္ဆိုေတာ့ရွင္ခ်င္စိတ္ျပင္းျပေနလို႔ သားပန္းခိုက္ဦးေလးကသားကိုေတာ္ေတာ္ခ်စ္တာသားရဲ႕ သား ကဘာမွမျဖစ္ေတာ့ဘူးေလကြယ္"

အချိန်အတော်ကြာတဲ့ထိငိုမိပါသည်။ဖေဖေကလည်ူသူ့ကို စိတ္ရွည္လက္ရွည္ေခ်ာ့ပါသည္။ကိုကို႔အနားကိုသြားကာ ျခစ္ရာအနည္းငယ္ရွိေနေသာ ကိုကို႔လက္ေခ်ာင္းေလးကို ျငင္သာစြာထိလိုက္သည္။မကိုင္ေတာ့မကိုင္ရဲဘူး။ကိုကိုနာေနမွာေပါ့။

"ကိုကို သတိျမန္ျမန္ရလာေပးေနာ္ ကိုကိုနဲ႕ေမာင္လက္ထက္ရဦးမယ္ေလ ကိုကိုမရွိရင္ေမာင္မေနတတ္တာသိတယ္မလား အဲ့တာေၾကာင့္ျမန္ျမန္သတိရလာေပးပါ။ "
....

ေဆးသြင္းကာနားေနစဥ္ အခန္းထဲေဇယ်ာနဲ႕အတူ ရွင္းသန့္ပါပါလာသည္။ဒီေကာင္ေလးေက်းဇူးေတြကဘသူ႕အေပၚအမ်ားႀကီးတင္ေနၿပီ။ခုခ်ိန္ထိ သည္ေကာင္ေလး အိမ္ကိုမျပန္ရေသးဘူးထင္သည္။အခ်ိန္ၾကည့္ေတာ့ ၆နာရီထိုးေနၿပီ။

"ရွင္းသန့္ ညစာစားၿပီးၿပီလား"

"ဟုတ္ကဲ့ဗ်ေစာေစာကစားလာခဲ့ပါၿပီ ကြၽန္ေတာ္ ကိုေဇယ်ာနဲ႕အတူတူသြားဝယ္ထားတာ ကိုဒီပါအတြက္ ဆန္ျပဳတ္ပါဝယ္လာတယ္ ကြၽန္ေတာ္သြားျပင္လိုက္မယ္ေနာ္။"

"အင္း ေက်းဇူးပဲ ငါ့ညီ"

"ေဇယ်ာ"

"ဗ်ာ ဆရာ"

"စုံစမ္းခိုင္းထားတာရၿပီလား"

"ဟုတ္ကဲ့ ကြၽန္ေတာ္ accident ျဖစ္တဲ့ေနရာကိုသြားၾကည့္ေတာ့ လမ္းေလးခြဆုံမီးပြိုင့္မွာပါ ။CCTVမွတ္တမ္းကိုကြၽန္ေတာ္သြင္းလာခဲ့ပါတယ္။"

ေျပာရင္းနဲ႕ လက္ထဲမွ laptop ကိုဖြင့္ကာသူ႕ေရွ႕ကိုလာျပသည္။သူၾကည့္လိုက္ေတာ့ ကိုကိုတို႔လမ္းေျဖာင့္ဘက္က မီးနီျပေနၿပီး လမ္းခ်ိဳးဘက္က မီးစိမ္းျပေနသည္။သို႔ေသာ္ကိုကိုကားကရပ္မသြား။တစ္ဖက္က ထရပ္ကားကလည္း မီးစိမ္းတာေၾကာင့္သူ႕လမ္းသူသြားတာမွန္ေပမဲ့လည္း ရပ္မသြားတဲ့ကိုကို႔ကားနဲ႕ခ်ိတ္မိသြားသည္။ဒီပုံစံဆိုကိုကိုမွားတာေပါ့။ဒါေပမဲ့ ကိုကိုကအဲ့ေလာက္ႀကီးထိ ဂ႐ုမစိုက္တဲ့သူလည္းမဟုတ္ပါဘူး။ခ်က္ခ်င္းပင္ သံသယဝင္စိတ္တို႔ကႀကီးစိုးလာခဲ့သည္။သူ႕အေတြးကိုသိသည့္ေဇယ်ာကထပ္ရွင္းျပလာတယ္

"ကြၽန္ေတာ္ ကိုပန္းခိုက္ဦးရဲ႕ကားကိုသြားၾကည့္ၿပီးပါၿပီ။ကားကေပါက္ကြဲမသြားတာ ကံေကာင္းတယ္လို႔ဆိုရမယ္။ကားback Cctvကေနကြၽန္ေတာ္စစ္ၾကည့္ေတာ့ သူစိမ္းေယာက်္ားေလးတစ္ေယာက္ကကားနားကပ္လာတာေတြ႕ရပါတယ္ မ်က္ႏွာကေတာ့မျမင္ရပါဘူး maskတပ္ထားပါတယ္ဆရာ သူမ်က္ႏွာကိုမျမင္ေစခ်င္ပုံရတယ္ ၿပီးေတာ့ေသခ်ာကားကိုစစ္ၾကည့္လိုက္ေတာ့ကားဘရိတ္ႀကိဳးျပတ္ေနပါတယ္ ဆရာ ။"

"ဘရိတ္ႀကိဳးျပတ္တယ္?"

"ဟုတ္ပါတယ္ဆရာ ကြၽန္ေတာ့္အထင္ ကိုပန္းခိုက္ဦးလုပ္ႀကံခံရတာပါ"

ေတာက္

"လုပ္ႀကံခံရတာ"

သူ႕ဆီကထြက္တဲ့အသံမဟုတ္ဘဲ အသံလာရာကဆန္ျပဳတ္ပန္းကန္ျပင္ဆင္ေနတဲ့ေကာင္ေလးဆီက

"မင္းသိထားတာရွိလား ေကာင္ေလး"ဟုသူေမးလိုက္ေတာ့

ေျဖရခက္ေနဟန္ျဖစ္သြားတဲ့ပုံေပၚလာသည္။အေျဖေပးဖို႔ဇေဝဇဝါျဖစ္ေနတာ။ဒီလိုဆို သည္ေကာင္ေလးသိထားတာ တစ္ခုခုရွိရမည္။

"သိထားတာရွိရင္ေျပာပါ ရွင္းသန့္"

"ဟို ကြၽန္ေတာ္ သံသယဝင္မိတဲ့သူေတာ့ရွိပါတယ္ ကိုပန္းခိုက္ဦးနဲ႕ျပသာနာျဖစ္ဖူးတဲ့သူရွိလား ကိုဒီပါ"

"မရွိဘူး သူ႕ကိုႀကိတ္မုန္းေနတဲ့သူေတြေတာ့ရွိခ်င္ရွိမွာေပါ့"
ဟုသူဆိုလိုက္ေတာ့

"ကြၽန္ေတာ္တက္နိုင္သေလာက္ကူညီေပးပါ့မယ္ ကြၽန္ေတာ္ ေတာင္းဆိုတာေလးဘဲကူညီေပးပါ"

"ေျပာပါ"

"ကြၽန္ေတာ္သံသယဝင္မိတဲ့သူက ကြၽန္ေတာ့္မမပါ ကိုပန္းခိုက္ဦးကို သူမ်က္မုန္းက်ိဳးေနတာၾကာၿပီ ကိုဒီပါ့ကိုမပိုင္ဆိုင္ရတာကို ပန္းခိုက္ဦးေၾကာင့္ဆိုၿပီး "

"ေတာက္ ေသာက္ေရးမပါတာကြာ"

"ကြၽန္ေတာ္ကူညီေပးပါ့မယ္အဓိကက အသံဖမ္းစက္ တစ္လုံးေလာက္လိုပါမယ္ က်န္တာကြၽန္ေတာ့္တာဝန္ထားပါ။"

"ဟုတ္ၿပီ"

သူေဇယ်ာ့ကိုအၾကည့္တစ္ခ်က္ေပးေတာ့ေဇယ်ာကနားလည္သိသေဘာျဖင့္ ေခါင္းၿငိမ့္ျပလာသည္။
မထိသင့္တဲ့အရာကိုလာထိၾကတာပဲ။

.....

Words_2264
Lamin Eain

Continue Reading

You'll Also Like

1M 43K 55
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
199K 7.5K 35
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
263K 11K 37
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
Candy Crush By Irena360

General Fiction

30.8K 1K 38
"ငါအဆင်သင့်ဖြစ်တဲ့အခါ မင်းဆီလာခဲ့မယ်' #တေဇာမောင် "အစတည်းက ငါကအရှုံးသမား‌ပါမောင်" #ဇေယျာဦး "ကို့ ကိုအရမ်းချစ်တဲ့သူ့ကိုပြန်ငဲ့ကြည့်ပါအုံး" #နေနွယ်