အတိတ်တွေကို
နာရီလက်တံပေါ်တင်ပေးလိုက်တာက
မနက်ဖြန်တိုင်းကိုခက်ခက်ခဲခဲရှင်သန်ဖို့
ခွင့်ပြုပေးလိုက်သလိုပါပဲ....
" ကျွန်မကျောင်းသွားတော့မယ် LiLi "
အပေါ်ထပ်ကဆင်းလိုက်တဲ့အခါ တိတ်ဆိတ်နေတဲ့
ဧည့်ခန်းကိုရောက်သည်။ ဧည့်ခန်းဆိုဖာပေါ်မှာ
သတင်းစာထိုင်ဖတ်နေတာက ဒီအိမ်ရဲ့ပိုင်ရှင်
Lalisa ဖြစ်သည်။ ကုမ္ပဏီသွားဖို့ြပင်ဆင်ပြီးသလို
စားပွဲပေါ်မှာကော်ဖီတစ်ခွက်တွေ့ရတာကြောင့်
မနက်စာစားပြီးလောက်ပြီ။
Lalisa က ဒီအိမ်ပိုင်ရှင်ဖြစ်သလို
သူရဲ့အုပ်ထိန်းသူလည်းဖြစ်နေခဲ့တယ်။
" မနက်စာ စားဖို့ အချိ်န်ဆယ်မိနစ်ရမယ် Jennie Kim "
Jennie Kim ကို Jennie Kim လို့ပဲခေါ်ခဲ့တာ
သူ ဒီအိမ်ကိုစရောက်တဲ့နေ့တည်းကဖြစ်သည်။
အသံကမတိုးမကျယ်အနေအထား၊ အသံကမာတဲ့ဘက်
မရောက်ပေမယ့်လည်း ခပ်တင်းတင်းအနေအထား။
ဒီနေ့ထိ ထိုပုံစံပဲပြောဆိုခဲ့တာ။
နည်းနည်းလေးမှမနူးညံ့ခံ့ဘူး။
အကြည့်တွေကလည်းအစိမ်းသက်သက်။
" ကျွန်မ ကျောင်းရောက်မှပဲစားလိုက်တော့မယ် LiLi "
" Lalisa Lisa အဲ့လိုခေါ်ဖို့ေြပာထားတယ်မလား"
" ဒါပေမယ့် "
" ကားပေါ်ကစောင့်နေမယ် Jennie Kim "
လက်ကျန်ကော်ဖီကိုမော့သောက်ပြီး သတင်းစာကို
စားပွဲပေါ်ပစ်တင်ကာ ဖုန်းနဲ့ကားသော့ယူပြီး
ထထွက်သွားသော Lisa ကိုကြည့်ပြီး
Jennie ခေါင်းခါယမ်းမိတယ်။
ကမ္ဘာေပါ်မှာပြောရဆိုရခက်တာ လူကြီးတွေပဲထင်ရဲ့။
အသက်နည်းနည်းလေးကြီးတာနဲ့ သူများေြပာစကားကို
နားမထောင်တတ်ကြတော့တာလား။
ကျောင်းကိုသွားနေတဲ့တစ်လျှောက်လုံးကားပေါ်မှာ
တိတ်ဆိတ်နေသည်။ ဦးလေးJooမောင်းတာဖြစ်လို့
နောက်ခန်းမှာအတူတူထိုင်ကြပေမယ့်လည်း
Lisa က စာရင်းတွေကိုဖတ်နေသည်။
တမင်ဖတ်နေတာလား စကားမပြောချင်လို့ဟန်ဆောင်
နေသလားမပြောတတ်။ Jennie တစ်ဖက်ကိုသာ
လှည့်ထားလိုက်မိတော့သည်။
ကျောင်းရှေ့မှာ ကားရပ်လိုက်တော့ Lisaက
ကားမှန်ကိုချလိုက်သည်။ ဆင်းသွားတဲ့ Jennie ကို
သေချာမြင်ရဖို့လားမပြောတတ်။သူငယ်ချင်းကောင်မလေး
အချို့နဲ့ ကျောင်းထဲဝင်သွားတော့မှ ကားမှန်ကိုြပန်တင်တယ်။
" မောင်းတော့ ဦးလေးJoo"
ကုမ္ပဏီကိုသွားဖို့အတွက်ကားကိုြပန်လှည့်ရသည်။
ကျောင်းနဲ့ကုမ္ပဏီကတစ်လမ်းစီဖြစ်နေသည်။
" မမလေး Jennie အတွက် စိတ်ဖွင့်ပေးဖို့
မကြိုးစားတော့ဘူးလား သူဌေးLi "
" ဒါက မဖြစ်နိုင်ဘူးလေ "
" ဒါပေမယ့် အတူတူရှိခဲ့တာတစ်နှစ်နီပါးနော်
ဒီတိုင်း သံယောဇဉ်တွေက ..."
" ကျွန်မ Young ကို ဆုံးရှုံးလိုက်ရတာတစ်နှစ်ရှိပြီဆို
တဲ့သဘောပဲလေ "
" ဒါဆို မမလေး Jennie ကရောဆုံးရှူံးတာမရှိတာ
မဟုတ်ဘူးနော်၊အထက်တန်းတောင်
မအောင်သေးပဲ အိမ်ထောင်သည်ဘဝရောက်ခဲ့တာနော်
ြပီးတော့ သူ့ကိုမြူတစ်မှုန်တောင်မချစ်တဲ့မိန်းကလေးနဲ့"
" ဒါ ကျွန်မအမှားမှမဟုတ်တာ သူ့ရွေးချယ်မှုပဲလေ"
" သူဌေးLi မှာတာဝန်မရှိဘူးလို့မဆိုလိုဘူးလေ "
" ကားပဲသေချာမောင်းပါ ဦးလေးရ "
Lisa စိတ်မွန်းကြပ်လာသလိုခံစားရသည်။
သူက အလုံးစုံ မှားလည်းမမှားသလို မှန်လည်းမမှန်တာကို
သိပေမယ့် Jennie Kim ဆိုတဲ့ ကလေးမကို ခွင့်လွှတ်နိုင်
မယ်လို့မထင်ဘူး။သူ့ကိုအတိတ်မှာသာနေထိုင်နေသူလို့
ေြပာလည်းလက်ခံရုံသာရှိသည်။
-
ကားထဲကနေသူ့ကို လှမ်းကြည့်နေတာကို Jennie သိပေမယ့်
လှည့်မကြည့်။သူ့သူငယ်ချင်းတွေကတော့ လှည့်ကြည့်
လှည့်ကြည့်နဲ့မို့ဆွဲခေါ်ရပြန်သည်။
" နင့်လူကြီးပြုံးရောြပုံးတတ်လား "
" အင်းလေ အမြဲမှုန်တေတေနဲ့ "
" ဒီတိုင်း ကွာရှင်းဖို့တွေးစမ်းပါ Jen "
ဒီစကားတွေက သူ့သူငယ်ချင်းတွေအမြဲပြောနေကြ
ဖြစ်ပြီး သူ့အုပ်ထိန်းသူLisa ကိုဝေဖန်သောစကားများ
သာဖြစ်သည်။ သူ့အတွက်အားမလိုအားမရဖြစ်နေကြ
ပုံရသောသူငယ်ချင်းတွေက သူတို့အိမ်ထောင်ရေးကို
အရေးမပါဘူးဟုဆိုကြသည်။ အချိန်သိပ်မဆွဲပဲ
ကွာရှင်းဖို့တိုက်တွန်းကြပေမယ့် Jennie Kimက
အင်းမလုပ်အဲမလုပ်ခဲ့ပါ။
ကုန်လွန်ပြီးသောအချိန်တွေကို Jennie ကျေနပ်၍
လက်ခံခဲ့ခြင်းသာဖြစ်သည်။ ပြီးတော့ Lalisa ကို
သူ ချစ်တယ် ။ ဟုတ်တယ် စတွေ့ကတည်းက သူ
ချစ်ခဲ့တာ။ သူတို့နှစ်ယောက်ရဲ့တွေ့ဆုံမှုကအရမ်း
ကောင်းခဲ့တာမျိုးမဟုတ်ပေမယ့်လည်း
ထိုနေ့ရက်တွေမှာ Jennie ပျော်ခဲ့ရတာများတယ်။
ပြီးတော့ အတူတူရှိခဲ့တဲ့နေ့ရက်တွေမှာရော
Jennie ပျော်ရွှင်ခဲ့လား။ အဲ့လိုတော့မဟုတ်ခဲ့ဘူး။
အမြဲမြင်နေရတဲ့ကျောြပင်ကျယ်ဟာအစိမ်းသက်သက်၊
အိပ်ချိန်ရောက်တဲ့အခါ ကျောခိုင်းဝင်သွားတဲ့
Lisa အခန်းက သူ့အခန်းနဲ့မျက်နှာချင်းဆိုင်ဖြစ်နေခဲ့သည်။
အတူတူရှိရလို့စိတ်ကလေးနည်းနည်းပျော်ရပေမယ့်လည်း
တစ်နေရာရာကနာကျင်မှုကိုမသိမသာခံစားခဲ့ရသည်။
ဖုန်းထဲကို message ဝင်လာသံကိုကြားတော့
Jennie အတွေးတွေထဲကထွက်လိုက်ရသည်။
ရှေ့မှာစာသင်နေတဲ့ဆရာကိုလည်းအာရုံမရခဲ့ပါလား။
ဖုန်းကိုဖွင့်ကြည့်လိုက်တော့ Lisa ပို့လိုက်ခြင်းဖြစ်သည်။
' ညနေ အမေတို့အိမ်သွားမလို့ လိုက်ခဲ့မလား '
လိုက်ခဲ့လို့ခေါ်တာမဟုတ်ဘဲ လိုက်ခဲ့မလားဆိုတာကြောင့်
Jennie ြငင်းလို့ရသည်။ Lisa မိဘတွေက သူ့ကိုချစ်တာကို
သူသိသည်။ဒါပေမယ့် သူလိုက်မှာမဟုတ်ဘူး။
မိဘတွေရှေ့မှာ သူတို့အိမ်ထောင်ရေးအဆင်ပြေဟန်
ဆောင်ပြီးပြုံးနေရယ်နေမယ့် Lisa ကိုသူမမြင်ချင်ဘူး။
မြင်နေကြအတိုင်းလေးပဲကောင်းပါတယ်။
ဘာဟန်ဆောင်မှုမှမပါတဲ့ အေးစက်စက်ဆံဆက်တတ်တဲ့
Lisa ကိုသာသူသဘောကျသည်မဟုတ်လား။
ဒီအချိန်မှာ Lisa ကိုသဘောကျဖို့ရာပုံစံအများြကီး
မရှိဘူးလေ။
' ကျွန်မ မလိုက်တော့ဘူး LiLi
သူငယ်ချင်းတွေနဲ့သွားစရာလေးရှိလို့ '
သူ့ပိုလိုက်တဲ့စာကိုဖတ်လိုက်တာကိုသိပေမယ့်
ချက်ချင်းတော့စာပြန်မလာခဲ့။
အလုပ်ရှုပ်နေလို့ပဲသတ်မှတ်လိုက်သည်။
အချိန်အတော်ကြာမှပြန်စာရောက်လာခဲ့သည်။
စာကတကယ့်ကိုတိုတိုလေးဖြစ်သည်။
' အင်း အိမ်ကိုစောစောပြန်ခဲ့'
Jennie ဖုန်းကိုစားပွဲမှောက်ချထားလိုက်တော့သည်။
ဒီဘဝမှာတော့ Lisa ဆီကနေ ဘာမှမျှော်လင့်လို့ရမှာ
မဟုတ်ဘူးဆိုတဲ့အသိကနည်းနည်းတော့နာကျင်စရာ
ကောင်းသား။ဒါပေမယ့်လည်း Jennie ကျေနပ်ပါတယ်။
Lisa ကသူနဲ့ဖုန်းပြောရမှာကိုသဘောမကျလို့ထင်တယ်၊
message ပို့ပြီးပဲပြောဆိုတတ်တာအရင်တည်းကပါ၊
စကားမပြောတာထက်စာရင်ဒီတိုင်းလေးက
နည်းနည်းတော်သေးတယ်မဟုတ်လား။
-
အိမ်ကိုြပန်တိုင်း အမြဲတမ်းနွေးထွေးခရီးဦးကြိုပြုတတ်တဲ့
မေမေက Lisa ရဲ့နောက်ဘက်ကိုအရင်ကြည့်သည်။
ဖွင့်ထားတဲ့တံခါးကနေ Lisa တစ်ယောက်တည်းဝင်လာပြီး
တံခါးပိတ်သံကြားတော့ သက်ပြင်းဖွဖွချတယ်။
ဒီတစ်ခေါက်လည်း Lisa တစ်ယောက်တည်းပါပဲလား။
" NiNi မပါဘူးလား Lisa "
" ဟုတ်ကဲ့ မပါလာဘူး သူငယ်ချင်းတွေနဲ့တွေ့စရာရှိလို့တဲ့"
Lisa လက်ထဲကအထုတ်တွေကိုကမ်းပေးရင်းေြဖသည်။
ပြီးတော့ ဧည့်ခန်းဆိုဖာပေါ်ထိုင်လိုက်သည်။
" Appa ပြန်မရောက်သေးဘူးလား Omma "
" အင်း နည်းနည်းနောက်ကျမယ့်တဲ့ ဒါနဲ့
ညစာစားသွားမှာလား Lisa "
" ဟုတ်ကဲ့ Appa လာရင်အတူတူစားကြတာပေါ့
ခု အပေါ်ထပ်အခန်းကိုသွားလိုက်ဦးမယ်
ခဏလောက်နားချင်နေလို့ "
Lisa ထိုင်နေရာမှဆတ်ခနဲထကာ အိမ်အပေါ်ထပ်ကို
တက်သွားခဲ့သည်။ Omma ကတော့ ခေါင်းတစ်ခါရင်း
ထမင်းစားခန်းထဲဝင်သွားလိုက်တော့သည်။
အတိတ်အငွေ့အသက်တွေရှိနေတဲ့အခန်းကတိတ်ဆိတ်စွာ
ပဲရှိနေတယ်။ Lisa အခန်းတံခါးကိုဆွဲဖွင့်ပြီးအခန်းထဲ
ဝင်လိုက်ပြီး ခေတ္တရပ်နေမိတယ်။ အရင်အတိုင်းပဲ၊
အခန်းလေးကဘာမှမပြောင်းလဲဘူး။ သူအိမ်ထောင်မကျခင်
ကနေခဲ့တဲ့အတိုင်းလေးရှိနေပြီ သန့်ရှင်းနေသည်။
သူ စာကြည့်စားပွဲနားကိုလျှောက်သွားတယ်။
စာကြည့်စားပွဲပေါ်မှာတင်ထားတဲ့ဓာတ်ပုံတွေကလည်း
သူထားခဲ့သလိုပဲရှိနေသည်။ သူနဲ့ Young ရဲ့ပုံတွေ
က စရိုက်ခဲ့ကြတဲ့အချိန်ကလိုလတ်ဆတ်နေဆဲလို့
ထင်တယ်။ လက်ထဲကောက်ကိုင်ထားတဲ့ဓာတ်ပုံကို
ြပန်ချပြီး ခုတင်ဘက်ကိုလျှောက်သွားတယ်။
ခုတင်ပေါ်ကိုဖြစ်သလိုလဲချလိုက်ရင်းမျက်ဝန်းတွေကို
မှိတ်ထားလိုက်တော့သည်။
သူ လက်ထပ်ကာစက ဒီအိမ်ကို Jennie ကိုခေါ်ခဲ့ဖူးသည်။
မိဘတွေကခေါ်ခိုင်း၍အတင်းအကြပ်ပါပဲ။
သူ မိဘတွေနဲ့စကားကောင်းနေစဥ်မှာ Jennie ကဒီအခန်း
ထဲကိုရောက်သွားပုံပဲ။အချိန်အတော်ကြာပျောက်နေလို့
ရှာကြည့်တော့မှ အခန်းကြမ်းပြင်မှာလဲကျနေတာကို
တွေ့ခဲ့ရသည်။ထိုအချိန်မှ စပြီး Jennie ဒီအိမ်ကို
မလိုက်တော့တာဖြစ်သည်။ အကြောင်းရင်းကိုတော့
သူရော Jennie ရောသိသည်။
မေးစရာမလိုပြောစရာမလိုပါပဲ။
-
ညနေကျောင်းဆင်းချိန်မှာ ဦးလေးJoo လာကြိုပေမယ့်
Jennie ြပန်လွှတ်လိုက်သည်။ ကျောင်းနဲ့အနီးဆုံး
ဘတ်စ်ကားမှတ်တိုင်မှာထိုင်နေပြီး လမ်းပေါ်ကိုငေးနေသည်။
ဘတ်စ်ကားသုံးလေးစီးလောက်ကျော်သွားတော့မှသာ
ကားပေါ်တက်ဖို့သတိရတယ်။ Jennie တို့အိမ်နဲ့အနီးဆုံး
ဘတ်စ်ကားမှတ်တိုင်ကနေအိမ်ကိုရောက်ဖို့ဆိုရင်
ဆယ်မိနစ်လောက်တော့လမ်းလျှောက်ရသည်။
အနည်းငယ်မှောင်ရီပျိုးချိန်မှာ Jennie ရပ်ကွက်ထဲကို
ရောက်နေပြီဖြစ်သည်။
"အစ်မ ရေခဲမုန့်ရလား "
လမ်းထိပ်စတိုးဆိုင်မှာ ရေခဲမုန့်ဝင်ဝယ်ပြီး ဆိုင်ရှေ့မှာသာ
ရပ်နေဖြစ်သေးသည်။အိမ်ရောက်ဖို့ဘယ်လောက်မှမလို
တော့ပေမယ့်မပြန်ချင်သေး။ ဘယ်သူမှမရှိတဲ့အိမ်ကို
အမြဲတမ်းစောစောြပန်ရတာကို သူ ငြီးငွေ့နေပြီ။
Jennie စတိုးဆိုင်ရှေ့ကအရုပ်ကောက်တဲ့စက်ကို
ြမင်လိုက်တော့ ြပုံးလိုက်တယ်။အချိန်ဖြုန်းစရာရသွားပြီ
ဆိုတဲ့သဘောဖြစ်နေမလား။
အရုပ်ကောက်တဲ့စက်နဲ့အချိန်ကုန်နေတော့ ဘယ်အချိန်ရောက်သွားပြီလဲတောင်သတိမရတော့။ လက်ထဲပါလာတဲ့ပိုက်ဆံအချို့ကုန်သွားမှ ပတ်ဝန်းကျင်ကိုဂရုစိုက်မိတယ်။
ပိုက်ဆံအတော်များများကိုသုံးလိုက်ရပေမယ့်လည်း
တစ်ရုပ်မှမရလို့ စိတ်ထဲအတော်လေးခံရခက်နေသည်။
အရုပ်ကောက်တဲ့စက်ထဲကအရုပ်တွေက Lisa ဖြစ်နေမလား
ဆိုတဲ့ရူးကြောင်ကြောင်းအတွေးကိုပါတွေးမိလိုက်သေးသည်။
ဖုန်းကိုယူကြည့်လိုက်တော့ ည ရှစ်နာရီကျော်နေပြီ။
စတိုးဆိုင်ကလည်း လူအတော်ကျနေကိုမြင်နေရသည်။
စတိုးဆိုင်အရှေ့ကခုံတွေမှာ ယောကျ်ားလေးအများစု
ထိုင်နေကြသည်။
Jennie အိမ်ပြန်ဖို့သတိရလာတာနဲ့အတူ
စောစောြပန်ခဲ့ ဆိုတဲ့ Lisa ရဲ့စာကိုပါသတိရလာသည်။
အချိန်ကအတော်လေးနောက်ကျနေပြီမဟုတ်လား။
သူ့ကို ဆူတာငေါက်တာမျိုးသိပ်မလုပ်ပေမယ့်
သူ့ရဲ့အုပ်ထိန်းသူကနည်းနည်းစိတ်ကသိကအောက်
ြဖစ်အောင်လုပ်တတ်သူမလား။
ြပန်မလာသေးတဲ့ သူ့ကို စောင့်နေမယ့် Lisa ဆိုတာမျိုးကို
Jennie စိတ်ကူးပင်မယဥ်ရဲဘူး။လုံးဝကိုမဖြစ်နိုင်လို့။
Jennie ြပန်တော့ဖို့လှည့်ထွက်လိုက်ပေမယ့်
ယောကျ်ားတစ်ယောက်ရဲ့ဟန့်တားသံကိုကြား
လိုက်ရပြီးတစ်ပြိုင်နက် သူနဲ့ထိုယောကျာ်းလေးကြားထဲကို
လူတစ်ယောက်ဝင်ရောက်လာတာကိုခံစားမိလိုက်သည်။
" ပြန်တော့မလို့လား မိန်းကလေး "
သူ့ကိုလှမ်းဆွဲဖို့လုပ်နေတဲ့ ထိုအမျိုးသားရဲ့လက်ကို
တားဆီးလိုက်ပြီး သူတို့ကြားထဲမှာဝင်ရပ်လိုက်သူက
Lisa ဖြစ်နေသည်။
" LiLi "
သူ ခပ်တိုးတိုးခေါ်လိုက်ပေမယ့် Lisa ကသူ့ကိုလှည့်မကြည့်၊
ဒါပေမယ့် သူ့လက်တစ်ဖက်ကိုဆုပ်ကိုင်ထားလိုက်သည်။
ထိုခဏကတကယ်ကိုနွေးထွေးတယ်လို့ Jennie ခံစား
မိလိုက်ပါသည်။
" ကျွန်မကသူ့အုပ်ထိန်းသူဖြစ်လို့ ကျွန်မပြန်ခေါ်သွား
လိုက်ပါမယ်၊အစ်ကိုလည်းသွားစရာရှိတာသွားပါ "
Lisa အသံကတည်တည်ငြိမ်ငြိမ်ပါပဲ။
ထိုအမျိုးသားကဘာမှမပြောပဲလှည့်ထွက်သွားမှ
Jennise ဘက်ကို Lisa လှည့်ကြည့်လိုက်သည်။
Lisa သူမော့မကြည့်ရဲသေးဘူး။
တင်းမာနေမယ့်မျက်နှာမှာ ဒေါသစိတ်တွေကထင်ဟပ်
နေမှာကို Jennie သိသည်။
Lisa ဆုပ်ကိုင်ထားတဲ့သူ့လက်ဖဝါးတွေကိုက
ခုနကထက်တင်းကြပ်လာတာကိုခံစားမိလာတဲ့အခါမှ
Lisa ကို သူမော့ကြည့်လိုက်တော့သည်။
" စောစောြပန်လာပါလို့ေြပာခဲ့တယ်မလား Jennie Kim "
" ဟုတ် ကျောင်းဆင်းတာနဲ့ြပန်ခဲ့တာပဲ၊
အရုပ်ကောက်နေတာနဲ့အချိန်ကိုမကြည့်မိလိုက်တာ"
" အရုပ်ထပ်ကောက်ချင်သေးတာလား "
Lisa မေးတာကို တကယ်လို့ထင်သွားသော Jennie ရဲ့
ြပန်ဖြေသံကအနည်းငယ်တက်ကြွနေသည်။
" ရလား ထပ်ကောက်လို့ရသေးလား ဒါပေမယ့်
ပိုက်ဆံမရှိတော့ဘူး "
" ဒါဆို ြပန်ရအောင် ကိုယ်ပင်ပန်းနေလို့်နားချင်နေပြီ"
Lisa ဆွဲခေါ်ရာနောက်ကိုသာ တိတ်တဆိတ်လိုက်ခဲ့ရသည်။
အိမ်ထိလမ်းလျှောက်ပြန်ရတယ်။
Lisa လမ်းကြုံဝင်ခေါ်တာမျိုးတော့မဟုတ်ဘူးထင်တယ်။
အိမ်ရောက်တော့ Lisa ရဲ့ကားရှိနေသည်။
ဧည့်ခန်းထဲမှာ ကုန်နေပြီဖြစ်တဲ့ကော်ဖီခွက်ကိုတွေ့ရသည်။
" ကျွန်မပြန်မလာသေးလို့ စောင့်နေတာလား LiLi "
" အဲ့လိုမဟုတ်ဘူး ၊ ထမင်းစားခန်းထဲမှာမုန့်တွေရှိတယ်၊
စားပြီး နားလိုက်တော့ Jennie Kim "
" နောက်ကျတဲ့ထိြပန်မရောက်သေးတာကို
ကျွန်မကိုစိတ်မပူဘူးလား "
" ဘာပဲေြပာေြပာ ငါက ကလေးတစ်ယောက်ကို
စောင့်ရှောက်ဖို့တာဝန်ရှိတာပဲမဟုတ်လား "
စောနကစတိုးဆိုင်ရှေ့မှာ ကိုယ်လို့ေြပာလိုက်တာက
Jennie နားကြားမှားတာပဲဖြစ်မှာ။
ငါ လို့သုံးပြီး စကားကိုအဲ့လိုေြပာတတ်တဲ့ Lisa ကမှ
သူ့အုပ်ထိန်းသူအစစ်ပါပဲ။
သူ့လိုလူဆီကဘာများမျှော်လင့်လို့ရနိုင်မှာလဲ။
အိမ်အပေါ်ထပ်ကိုတက်သွားတဲ့ကျောပြင်ကျယ်ဟာ
အေးစက်နေသည်။စောနလေးကဆုပ်ကိုင်ပေးခဲ့တဲ့
လက်ဖဝါးရဲ့အနွေးဓာတ်ကခဏတာမျှတာဖြစ်ခဲ့သည်။
____
27 Jan 2023
တင်ပြီးသွားရင်ရေးရမှာဆိုတာသိပါတယ်
တစ်ပတ်တစ်ပိုင်းလောက်တော့မျှော်လို့ရပါတယ်၊
TU ကိုလည်း အပြီးသတ်ရေးနေလို့ ကြာနေတာပါ၊
ကျေးဇူး၊update လေးတော့နည်းနည်း :)