2

716 158 10
                                    

တစ်စက္ကန့်  နှစ်စက္ကန့်  သုံးစက္ကန့်  ပြီးတော့
တစ်နာရီကြာသည်ထိ နာကျင်မှုကိုလက်ယာရစ်
သယ်ဆောင်နေသလိုပဲထင်တယ်
နာကျင်မှုကထင်ထင်ရှားရှား.....

ဒီနေ့ကစနေ နေ့ဆိုတော့ Jennie ကျောင်းသွားစရာမလို။
မနက်ရှစ်နာရီကျော်သည်ထိအိပ်ပျော်နေခဲ့သည်။
ပုံမှန်မနက်ခင်းတွေလို ရေးကြီးသုတ်ပျာဖြစ်မနေဘဲ
အချိန်အတော်ကြာရေချိုးဖြစ်တယ်။

ဒီနေ့ အမေတို့အိမ်ကိုြပန်မယ့်နေ့ဖြစ်တယ်။
တစ်လမှာ တစ်ရက်အိမ်ပြန်တတ်တဲ့သူက စနေနေ့တွေဆို
ြပန်တတ်သည်။ သုံးလနေမှတစ်ခါပြန်တာမျိုးလည်းရှိသည်။
အလုပ်ရှုပ်‌ေနတတ်တဲ့ Lisa ကတော့တစ်ခါမှမလိုက်ဖူးဘူး။
ဆိုလ်းနဲ့နည်းနည်းဝေးတဲ့နေရာထိသွားရတာ
မျိုးဆိုတော့ ဒါရိုက်ဘာနဲ့ပဲသွားဖြစ်သည်။
စနေနေ့တစ်ညလောက်တော့မိဘအိမ်မှာနေဖြစ်ပြီး
တနင်္ဂနွေနေ့မှပြန်လာဖြစ်တယ်။
ဒါကိုလည်း Lisa ကတရားဝင်ခွင့်ြပုထားသည်။

Jennie အပေါ်ထပ်ကဆင်းတော့ Lisa ဧည့်ခန်းမှာ
ထိုင်နေတာကိုတွေ့လိုက်ရတယ်။နည်းနည်းတော့လန့်သွား
တယ်။ပုံမှန်ဆို ဒီအချိန် Lisa အိမ်မှာမရှိတတ်ဘူးလေ။

" နိုးတာနောက်ကျတယ်နော် Jennie Kim
မနက်စာစားရအောင် "

လက်ထဲကသတင်းစာကိုစားပွဲပေါ်တင်ပြီး
ထမင်းစားခန်းဘက်ထသွားတဲ့ Lisa ရဲ့နောက်ကို
ခပ်မြန်မြန်ပဲပြေးလိုက်သွားတယ်။

" မနက်စာလား မနက်စာအတူတူစားမလို့လား "

" ဒီနေ့အမေတို့ဆီသွားမယ့်ရက်လား လိုက်ပို့ပေးမယ်၊
မနက်စာစားလို့ရပြီ "

Lisa ကသူမေးတာကိုမဖြေပဲ နွားနို့တွေကို
ဖန်ခွက်ထဲထည့်နေပြီး သူ‌ေြပာချင်ရာပဲ‌ေြပာနေတယ်။
Lisa ရဲ့စကားကိုသေချာလေးနားထောင်နေပေမယ့်
နည်းနည်းနားမလည်သလိုဖြစ်တယ်။

" ဒါ သောက်လိုက် "

သူ့ရှေ့ကိုနွားနို့ဖန်ခွက်ကိုချပေးပြီး သူနဲ့မျက််နှာချင်းဆိုင်မှာ
Lisa ထိုင်လိုက်သည်။

Lisa ဒီလိုမနက်စာပြင်ပေးတာကထူးဆန်းတာမျိုးမဟုတ်ဘူး။
သူတို့လက်ထပ်ပြီးကတည်းက မနက်စာကို Lisa ပဲ
ပြင်ပေးခဲ့တာဖြစ်သည်။ဒီအိမ်မှာ Jennie လုပ်ရတာဘာမှမရှိဘူး။

Nothing Where stories live. Discover now