အခ်စ္က သူေစစားရာ 🌚🌚 ( ေခါင...

By NabeNabe549

418K 19.5K 790

အမႊာခ်င္း တူေပမယ့္ သူမရဲ႕ ေမြးဖြားမႈမွာ ဒိြလိင္ ပါဝင္ေနတဲ့အတြက္ ဖခင္ ျဖစ္သူရဲ႕ စြန္႔ပစ္ျခင္းကို ခံခဲ့ရတဲ့ လ... More

Review
Part - 1 ( Zg + Uni)
Part - 2 ( Zg + Uni)
Part - 3 ( Zg + Uni)
Part - 4 ( Zg+ Uni)
Part - 5 ( Zg+ Uni)
Part - 6 ( Zg+ Uni)
Part - 7 ( Zg+ Uni)
Part - 8 ( Zg + Uni)
Part - 9 ( Zg + Uni)
Part - 10 ( Zg + Uni)
Part - 11 ( Zg + Uni)
Part - 12 ( Zg + Uni)
Part - 13 ( Zg + Uni)
Part - 14 ( Zg + Uni)
Part - 15 ( Zg + Uni)
Part - 16 ( Zg + Uni)
Part - 17 ( Zg + Uni)
Part - 18 ( Zg + Uni)
Part - 19 ( Zg + Uni)
Part - 20 ( Zg + Uni)
Part - 21 ( Zg + Uni)
Part - 22 ( Zg + Uni)
Part - 23 ( Zg + Uni)
Part - 24 ( Zg + Uni)
Part - 25 ( Zg + Uni)
Part - 26 ( Zg + Uni)
Part - 27 ( Zg + Uni)
Part - 28 ( Zg + Uni)
Part - 29 ( Zg + Uni)
Part - 30 ( Zg + Uni)
Part - 31 ( Zg + Uni)
Part - 32 ( Zg + Uni )
Part 33 ( Zg + Uni )
Part - 34 ( Zg + Uni)
Part - 35 ( Zg + Uni)
Part - 37 ( Zg + Uni)
Part - 38 ( Zg + Uni)
Part - 39 ( Zg + Uni)
Part - 40 ( Zg + Uni )
Part - 41 ( Zg + Uni)
ခြင့္တိုင္ၾကားျခင္း
Part - 42 ( Zg + Uni)
အသိေပးခ်က္
Part - 43 ( Zg + Uni)
Part - 44 ( Zg + Uni)
Part - 45 ( Zg + Uni)
Part - 46 ( Zg + Uni)
Part - 47 ( Zg + Uni)
Part - 48 ( Zg + Uni)
Part - 49 ( Zg + Uni)
Part - 50 ( Zg + Uni)
Part - 51 ( Zg + Uni)
Part - 52 ( Zg + Uni)
Part - 53 ( Zg + Uni)
Part - 54 ( Zg + Uni)
Part - 55 ( Zg + Uni)
Part - 56 ( Zg + Uni)
Part - 57 ( Zg + Uni)
Part - 58 ( Zg + Uni)
Part - 59 ( Zg + Uni)
Part - 60 ( Zg + Uni)
Part - 61 ( Zg + Uni)
Part - 62 ( Zg + Uni)
Part - 63 ( Zg + Uni)
Part - 64 ( Zg + Uni)
Part - 65 ( Zg + Uni)
Part - 66 ( Zg + Uni)
Part - 67 ( Zg + Uni)
Part - 68 ( Zg + Uni)
Part - 69 ( Zg + Uni)
Part - 70 Final Part ( Zg + Uni)

Part - 36 ( Zg + Uni)

4.7K 234 12
By NabeNabe549

☆☆☆☆♡⃛   အခ်စ္က သူေစစားရာ   ♡⃛ ☆☆☆☆
( Part - 36  )

I'm glad I was able to help .
( ခင္ဗ်ားကို ကူညီႏိုင္ခဲ့လို႔ အရမ္းဝမ္းသာပါတယ္)
your very young and good job
Mrs. Khung Yan Maing .
( ခင္ဗ်ားက ငယ္ငယ္ေလးနဲ႔ သိပ္ကို ေတာ္တာပဲ
ေခါင္ယံမိႈင္း  )

Thank you.  The pleasure was
about your wines and alchol .
( ေက်းဇူး...ဒီကလည္း ေက်နပ္မိပါတယ္
ခင္ဗ်ားရဲ႕ wine နဲ ့ alchol ေတြေၾကာင့္)
That was very nice of you.
(ခင္ဗ်ားက တကယ္ေတာ္တဲ့သူပဲ)

ေက်နပ္ေနတာကို အဂၤလိပ္စကားနဲ႔ ေခါင္
ေဖာ္ျပလိုက္ခ်ိန္ သူ႕ မ်က္လံုးေတြက
က်ား႐ိုင္းတစ္ေကာင္လို စူးရဲေနခဲ့သည္။
တစ္ဖက္ကလည္း ေခါင္ရဲ႕ ခ်ီးက်ဴးစကား
ေၾကာင့္ ႏႈတ္ခမ္းေတြ တြန္႔ေကြးသြားၿပီး...

And so , awfully nice of you  .
(ခင္ဗ်ား လည္း အေတာ့္ကို ေသခ်ာတဲ့သူပါပဲ)

Thanks mister Jack.
(ေက်းဇူးပါ မစၥတာဂ်က္) 

တစ္ေယာက္နဲ႔ တစ္ေယာက္ရဲ႕
စကားဝိုင္းေလးက ဒီေနရာမွာတင္
အဆံုးသတ္သြားၿပီး လတ္တေလာ
သူ ျမည္းၾကည့္ထားတဲ့ စားေပၚပြဲက
အရက္နဲ႔ ဝိုင္ခြက္ေတြကို ​ေခါင္​ ၾကည့္ကာ
တဖန္အရက္ခြက္ကို ထပ္​ယူလိုက္သည္။
မစၥတာဂ်က္​ ကလည္​း ​ေခါင္​ကို
ႏူွတ္​ဆက္​ကာ သူ႔ လုပ္​စရာရိွတာသြားလုပ္​၏ ။

လက္ထဲ ပါလာတဲ့ အရက္ခြက္ကို ႏႈတ္ခမ္း
နဲ႔ ​ေတ့ျပီး တရိွန္ထိုးေမာ့ခ်လိုက္ေတာ့
လည္​​ေခ်ာင္းထဲ စီးဝင္လာေသာ
အရက္​က ခါးသက္ၿပီး ရွတတႀကီး ျဖစ္သြားတာက
ဘာနဲ႔မွ လဲလို႔မရ။

ဘားေထာင္ထားတဲ့ သူဆိုေတာ့ အရက္မ်ဳိးစံု၊
ဝိုင္မ်ဳိးစံု ကို ​ေခါင္​ အကုန္ေသာက္ဖူးသည္။
မေသာက္ဖူးတဲ့ ဝိုင္၊  မေသာက္ဖူးတဲ့
အရက္ဆိုတာ မရိွ၊၊

ဒါေပမဲ့ ဒီေန႔မွာေတာ့ ေခါင္ ပံုစံက အရက္ကို
အရသာခံမေသာက္ဘဲ မတရားေတြ ေသာက္
ေနတာက အသည္းကြဲေနသလိုေပ။

မ်က္ဝန္းေတြကလည္း စူးရွၿပီး ေအးစက္စက္ႀကီး
နဲ႔ ေသြးေအး လူသားလားလို​ေပ။

တစ္ေခါင္းလံုးက ​ေခါင္​ရဲ႕ ခရမ္းေရာင္ ဆံပင္ေတြ
ကလည္း နဖူးေပၚ အနည္းငယ္ ဝဲက်ေနေတာ့
သိပ္ကို ၾကည့္ေကာင္းသည္။

တစ္ခ်က္တစ္ခ်က္ အရက္ေသာက္ရင္း
ပါးေစာင္ကို လွ်ာနဲ႔ ထိုးတဲ့အခါမ်ဳိးမွာဆိုရင္လည္း
လူက တကယ့္ကို အလြင့္။

ေထာင့္ခ်ဳိးညီေသာ နဖူး၊  ေကာ္ဖီ ညိဳေရာင္
ရိွၿပီး သြယ္တန္းေနေသာ ​ေခါင္​ မ်က္ခံုးေတြကလည္း
ေခါင္ အလိုမက်တိုင္း တြန္႔ေကြးသြားသည္။

ေဘးတုိက္ၾကည့္ရင္ေတာင္ ထင္ေပၚလွတဲ့
​ေခါင္​့ ႏွာတံက ေရွ႕တည့္တည့္အတိုင္း
ျမင္ေနရတဲ့ အေနအထားျဖစ္ေနေတာ့
တစ္ခ်က္ၾကည့္မိတာနဲ႔တင္ မ်က္လံုးမလႊဲခ်င္
ေလာက္ေအာင္ ​ေခါင္​က ဆြဲ​ေဆာင္​မူွရိွသည္​။

အဖုအပိန္႔ကင္းစင္ၿပီး ၾကည္လင္ေသာ
​ေခါင္​ အသားအရည္ကလည္း ေခါင္ယံမိႈင္းရဲ႕
စြဲမက္စရာတစ္ခုေပ။

နီရဲၿပီး ပိရိေသသပ္တဲ့ ​ေခါင္​ ႏႈတ္ခမ္းတစ္စံုကလည္း
ေယာက်္ား တစ္ေယာက္မွာ ရိွသင့္တဲ့
ဆြဲေဆာင္အားထက္ ႀကီးမားလြန္းေနသည္။

အေၾကာစိမ္းေတြ ျမင္ေနရတဲ့ ​ေခါင္​
လက္ေခ်ာင္းေတြကလည္း အရပ္ခြက္ကို
ဆုပ္ကိုင္လိုက္တိုင္း ပိုၿပီးထင္းလို႔ သြားသည္။

တုတ္ခိုင္သန္မာလွတဲ့ ​ေခါင္​ရဲ႕ လက္ေမာင္းသား
ေတြကလည္း အားကိုးခ်င္စရာေကာင္းလွသည္။

ေျခာက္ေပ ငါး သူ႕ အရပ္ႀကီးကလည္း
ထိုင္ေနတာေတာင္ လုံးဝ မိမိုက္ေနသည္။

တစ္ခ်ိန္လံုး All black ဆိုေပမဲ့
ဘယ္အခ်ိန္ၾကည္​့ၾကည့္ ​ေခါင္​
All black ေတြက ထပ္ေနတယ္မရိွ။

တစ္စံုနဲ႔ တစ္စံု  ဒီဇိုင္းေတြက အေတာ္ေလးကို
ဆန္း​ေနသည္။ ဒီေန႔ေတာ့ အေနာက္တိုင္း
ဆန္ဆန္ All black နဲ႔ ​ေခါင္​က
မိမိုက္ေနခဲ့သည္။

လည္ပင္းက ၾကပ္လို႔ necktie ကို
ေလ်ာ့တိေလ်ာ့ရဲ ေျဖေလွ်ာ့ထားတဲ့ ​ေခါင္​
ပံုစံကလည္း သိပ္ကုိ ေငးၾကည့္ခ်င္စရာ
ေကာင္းသည္။

အထက္ေအာက္ ေရြ႕လ်ားေနတဲ့ ​ေခါင္​ရဲ႕
Adam' s apple ကလည္း တစ္ခါ
လႈပ္ရွားတိုင္း တစ္ဖက္လူကို
အခါခါ ေရငတ္ေစေအာင္ လုပ္ႏိုင္သည္။

ေခါင္ယံမိႈင္း ဆိုေသာ ထိုသူက အဲ့ဒီေလာက္ထိ
ေခ်ာေမာမႈေတြ အျပည့္နဲ႔ အတိၿပီးျပည့္စံု
​ေသာ လူသားေပ။

အရက္ေသာက္ၿပီး ေဘးက ဖြာထားတဲ့
ေဆးလိပ္တိုကို ေခါင္ ထပ္ဖြာရင္း
အေငြ႕ေတြကို ခဏ႐ႉကာ... ေလထဲ
ကို အေငြ႕ေတြ အားလံုး ျပန္လည္မႈတ္ထုတ္
လိုက္တဲ့ ​ေခါင္​ ပံုစံကလည္း သိပ္ကို အလြင့္။

" ဟူး..."

အေငြ႕ေတြ အားလံုး ေလထဲလြင့္သြားတာကုိ
ေခါင္ အသက္မပါသလို ၾကည့္ရင္း
ေနာက္တစ္ခ်က္ ထပ္ဖြာျပန္သည္။

သူ႕ ပံုစံက တစ္ခုခုကို ပူေဆြးၿပီး စိတ္အလိုမက်
ျဖစ္ေနသလားပင္။

*************************

" လြန္ႀကိဳးျဖဴျဖဴ....!!  "

တစ္ခါမွ ျဖဴျဖဴ ကို လြန္ႀကိဳးျဖဴျဖဴ လို႔
မေခၚဖူးတဲ့ မာသာ အသံကို
ေဂဟာေရာက္ေရာက္ခ်င္း ၾကားလိုက္ရေတာ့
ႏွလုံးသားက က်င္ခနဲေပ။

မာသာနဲ႔ ေထြးေထြး ေဘးမွာလည္း
ခ်စ္သည္းမာန္နဲ႔ ျဖဴျဖဴ မသိတဲ့ အန္တီႀကီး
တစ္ေယာက္က ရိွ​ေန​သည္​။

" ဒီပံု​ေတြက ဘာေတြလဲ...?? သူတို႔
ေျပာသလို မာသာတို႔ ေဂဟာကို
ကယ္တင္ဖို႔ အတြက္ ေယာက်ၤား
တစ္ေယာက္နဲ႔ သမီး အိပ္ခဲ့တာလား... ?? "

ဝါးထားတဲ့ ဦးႏိုင္ေစမာန္ ပံုနဲ႔ ျဖဴျဖဴ
အနမ္းခံေနတဲ့ ပံုကို ေထာင္ျပလာတဲ့ မာသာ
အသံေတြက ေဒါသ​​ေတြ အျပည့္နဲ႔။

" လြန္ႀကိဳးျဖဴျဖဴ မာသာ ေမးတာၾကားလား..??
သူတို႔ ေျပာသလို သမီး ပန္းၿမိဳင္ေဂဟာ အတြက္
တစ္ေယာက္ေယာက္နဲ႔ အိပ္ခဲ့ေသး
လားလို႔...! ! "

ေဒါသသံေတြေရာ ဂ႐ုဏာအသံေတြ
ေရာ ပါတဲ့ မာသာ အသံက ျဖဴျဖဴ ရင္ကို
တုန္လႈပ္ေျခာက္ျခားေစသည္။ ျဖဴျဖဴ သာ
အမွန္အတိုင္း ေျဖလိုက္ရင္ မာသာက
အရမ္းနာက်င္သြားမွာ။ ေဘးနားက
ခ်စ္သည္းမာန္ နဲ႔ ျဖဴျဖဴ မသိတဲ့
အန္တီႀကီးကလည္း ျဖဴျဖဴ မေျဖႏိုင္
ျဖစ္ေနတာကို ဂုဏ္ယူတဲ့ အၿပံဳးေတြနဲ႔။

" ေဂဟာကို မေရာင္းဖို႔အတြက္ ျဖဴျဖဴ
အိပ္ဖို႔လုပ္လိုက္မိပါတယ္ မာသာ
ဒါေပမဲ့ ေခါင္ယံမိႈင္း က လာကယ္ခဲ့ပါတယ္
ဒီအတြက္ ျဖဴျဖဴ ဘာမွ မျဖစ္လိုက္ပါဘူး "

" ေတာ္စမ္း ထပ္မေျပာေတာ့နဲ႔ လြန္ႀကိဳးျဖဴျဖဴ..!!
နင့္ကို ငါ ပိုးေမြးသလို ေမြးခဲ့တာက
အခုလို ျဖစ္ဖို႔လား.. .?? နင္ ငါ့
ေက်းဇူးေတြကို ဒီလိုနည္းနဲ႔ ဆပ္တာေပါ့
ဟုတ္လား.. ?? "

ေျပာရင္း ဝမ္းနည္းသြားတဲ့ မာသာ မ်က္ဝန္း
ေတြက ျဖဴျဖဴ ကို အေသသတ္ေနသလို။

" မဟုတ္ပါဘူး မာသာ... အဲ့ဒီလို
မဟုတ္ပါဘူး မာသာ... ျဖဴျဖဴ ေလ
မာသာကို ဒီလိုနည္းနဲ ့ ေက်းဇူးဆပ္ရတာ
မဟုတ္ပါဘူး....မာသာ ေဂဟာေလးကို
ျဖဴျဖဴ ကယ္ေပးခ်င္လို႔ အခုလို လုပ္လိုက္
မိတာပါ...ေခါင္ယံမိႈင္း လာကယ္လို႔
ျဖဴျဖဴ လည္း ဘာမွ မျဖစ္ခဲ့ပါဘူး "

" ေတာ္ေတာ့ ထပ္မေျပာေတာ့နဲ႔ လြန္ႀကိဳးျဖဴျဖဴ..
ငါ နင့္ စကားေတြကို မၾကားခ်င္ေတာ့ဘူး
ငါ နင့္ကို သိပ္စိတ္ပ်က္သြားၿပီ...
ငါ့မွာေတာ့ နင့္ကို ယံုၾကည္လိုက္ရတာ...
ေဂဟာက ကေလးေတြထဲမွာလည္း
နင့္ကို ငါ အခ်စ္ပိုဆံုးပဲ... အခုေတာ့
နင့္က အရာရာကို နင္ကိုယ္တိုင္
ဆံုးျဖတ္ၿပီး ငါ့ကိုေတာင္ လိမ္တတ္ေနၿပီ...
ေခါင္ယံမိႈင္း အေမနဲ႔ ေခါင္ယံမိႈင္း
ေကာင္မေလးသာ လာမေျပာရင္
နင္ ငါ့ကို လိမ္​တဲ့ ကိစၥကို
ငါ တစ္​သက္​လုံး​ သိမွာ​ေတာင္​ မဟုတ္ဘူး "

ျဖဴျဖဴ မသိတဲ့ ခ်စ္သည္းမာန္ ေဘးနားက
အန္တီႀကီးက ေခါင္ယံမိႈင္း အေမတဲ့။
လိုက္လည္း လိုက္ပါတယ္ သမီး ေယာကၡမ
ႏွစ္ေယာက္က။

" ေတာင္းပန္ပါတယ္ မာသာ... ျဖဴျဖဴ
ေတာင္းပန္ပါတယ္. ..ျဖဴျဖဴ ပန္​းၿမိဳင္​​ေဂဟာ
ကို သူမ်ားလက္ထဲ ေရာက္သြားမွာစိုးလို႔
အခုလို လုပ္လိုက္မိတာပါ...
ျဖဴျဖဴ မွားပါတယ္... မာသာကို
မေျပာဘဲ ျဖဴျဖဴ  လုပ္လိုက္မိတာ
ျဖဴျဖဴ အရမ္းကို မွားပါတယ္...
ျဖဴျဖဴ ကို ခြင့္လႊတ္ေပးပါေနာ္ မာသာ
ျဖဴျဖဴ ေတာင္းပန္ပါတယ္ "

" ေတာ္ပါ.. အမွားလုပ္ၿပီးမွ ငါ့ကို
ေတာင္းပန္မေနနဲ႔ လြန္ႀကိဳးျဖဴျဖဴ.. .
နင္ အဲ့ဒီေလာက္ထိ ငါ့ အုပ္ခ်ဳပ္မႈေတြ
ငါ့ စည္းကမ္းေတြ နားမေထာင္ႏိုင္ရင္
ေဂဟာမွာ မေနနဲ႔... အခုထြက္သြားလိုက္
ေတာ့.. .!! "

" မလုပ္ပါနဲ႔ မာသာ..!!  သမီး ျဖဴျဖဴ
ကို ႏွင္မထုတ္ပါနဲ႔ မာသာ... က်မ
ေတာင္းပန္ပါတယ္ "

ဝင္ေတာင္းပန္ေပးလာေသာ စစ္စတာ
ေထြးေထြး ကိုလည္း မာသာ တစ္ခ်က္ၾကည့္ရင္း..

" နင့္ပါ ထြက္သြားခ်င္တာလား ေထြးေထြး. .
ဒါဆို တစ္ခါတည္း လိုက္သြား..
ငါ့ အမိန္႔ကို မနာခံတဲ့သူေတြ ငါ အလို
မရိွဘူး "

မာသာ ရဲ႕ ျပတ္သားတဲ့ စကားေတြက
လြန္ႀကိဳးျဖဴျဖဴ နဲ႔ ေထြးေထြး အတြက္
သိပ္ကို ဝမ္းနည္း စရာပါ။
ဒါေပမဲ့ ခ်စ္သည္းမာန္ နဲ႔ ေခါင္ယံမိႈင္း
အေမ ေဒၚဆုျမတ္ရွင္ အတြက္ကေတာ့
သိပ္ကို ေက်နပ္အားရ စရာႀကီးေပ။
အခုေတာင္ သူတို႔ ႏွစ္ေယာက္စလံုးက
လြန္ႀကိဳးျဖဴျဖဴ ႏွင္ထုတ္ခံရတဲ့ အေပၚ
သိပ္ကို ပီတိျဖစ္ေနၾက၏ ။

" ျမင္တယ္ေနာ္ မာသာ.... ရွင့္ ကေလးက
အခုလိုေတာင္ သူမ်ားနဲ႔ အိပ္ဖို႔ ႀကံတယ္
ဆိုမွေတာ့ က်မသား ေခါင္ယံမိႈင္း ကို
က်မ ေခြၽးမလက္ထဲကေန လုဖို႔လုပ္တာ
ကလည္း ေအးေဆးပဲ ေနမွာ...
သမီးခ်စ္သည္း သားငယ္နဲ႔ ဒီကေလးမ
ပံုေတြကို ျပလိုက္ပါအံုး.... "

" ဟုတ္ ေမေမဆု "

ခ်စ္သည္းမာန္ ဒီတစ္ခါ သူမ ဖုန္းထဲက
ေခါင္ယံမိႈင္း နဲ႔ လြန္ႀကိဳးျဖဴျဖဴ ရဲ႕
နမ္းေနတဲ့ ပံုေတြ ျပလာေတာ့
မာသာ မ်က္နွာက ေသြးမရိွေတာ့သလို
ျဖဴဖတ္သြားခဲ့သည္။

" ျဖန္း...!!  "

အားပါတဲ့ ႐ိုက္ခ်က္နဲ႔အတူ လြန္ႀကိဳးျဖဴျဖဴ
မ်က္ႏွာေလးက နီရဲသြားခဲ့၏ ။

" ငါ နင့္ကို ဘာေျပာထားလဲ လြန္ႀကိဳးျဖဴျဖဴ..
လူတစ္ေယာက္ ကို ပိုင္ရွင္ရိွရင္ မလုယူရ
ဘူးလို႔...!! အခု အဲ့ဒါ နင္ ဘာလုပ္တာ
လဲ.. ငါ ေျပာတာၾကားလား လြန္ႀကိဳးျဖဴျဖဴ
နင္ ဘာလုပ္တာလဲလို႔...!!
​ေျပာ​ေလ ငါ့ အုပ္​ခ်ဳပ္​မူွက မ​ေကာင္​းလို႔
နင္​ အခုလို ျဖစ္​သြားရတာလား...??
ငါ နင္​့ကို သင္​​ေပးတဲ့အထဲမွာ သူမ်ားဟာကို
လုဖို႔ပါလား....​ေျဖ​ေလ လြန္​ႀကိဳးျဖဴျဖဴ ..!!
​ေျဖစမ္​းပါ ....!! "

" မပါပါဘူး မာသာ.....ျဖဴျဖဴ ​ေတာင္​းပန္​
ပါတယ္​....ျဖဴျဖဴ ​ေတာင္​းပန္​ပါတယ္​..."

" အဟား.. .အဟား နင္ သြားေတာ့
လြန္ႀကိဳးျဖဴျဖဴ...!!  နင့္ မ်က္ႏွာကို
ငါ မျမင္ခ်င္ေတာ့ဘူး နင္ ထြက္သြား
ေပးပါေတာ့ "

အသက္မဲ့စြာ ရယ္သံနဲ႔အတူ အဆံုးသတ္
မွာ မ်က္ရည္ေတြ က်လာေသာ
မာသာေၾကာင့္ ျဖဴျဖဴ ႏွလုံးသားတစ္ခုလံုးက
ကမာၻ ပ်က္မတတ္ပင္။

ျဖဴျဖဴ ဘာလုပ္လိုက္တာလဲ။ မာသာကို
ေစာင့္ေရွာက္ေပးမယ္ေျပာၿပီး လက္ရိွေတာ့
မာသာကို ျဖဴျဖဴ ငိုေအာင္လုပ္လိုက္မိသည္။

မာသာ ဝမ္းနည္းၿပီး ငိုေစတဲ့ အဓိက တရားခံ
က ျဖဴျဖဴ ပါ။ ျဖဴျဖဴ က အေတာ္ဆိုးတဲ့
ေယာက်ၤားမဟုတ္ မိန္းမ မဟုတ္ ၿဂိဳဟ္ဆိုးမပါ။ 

" ငါ ေျပာေနတာၾကားလား လြန္ႀကိဳးျဖဴျဖဴ
နင္ သြားေတာ့လို႔...!! "

" မလုပ္ပါနဲ႔ မာသာ... ျဖဴျဖဴ ကို
ေမာင္းမထုတ္ပါနဲ႔..!!  "

" ေတာ္စမ္း ေထြးေထြး... !! ငါ့ကို
မတားနဲ႔ နင္ပါ လိုက္ခ်င္ရင္ သူ႕ ေနာက္
တစ္ခါတည္း လိုက္သြား...
လြန္ႀကိဳးျဖဴျဖဴ နင္ သြားမွာလား မသြား
ဘူးလား..!!  ငါ ေမးေနတာ
ၾကားလား..?? "

ပခံုးတစ္စံုကို တင္းတင္းဖိဆုပ္ကာ
ေမးေနေသာ မာသာ စကားေတြက
ျဖဴျဖဴ ရင္ကို အေသသတ္ေနသလိုေပ။
လြန္ႀကိဳးျဖဴျဖဴ ဆိုတဲ့ မာသာ
​ေခၚတဲ့ နာမ္စားေလးေၾကာင့္လည္း
ေသခ်င္စိတ္ပါ ျဖဴျဖဴ ေပါက္မိသည္။ 
မာသာရဲ႕ ငိုေနတဲ့ မ်က္ဝန္းေတြေၾကာင့္လည္း
ျဖဴျဖဴ လည္း လိုက္ငိုခ်င္သည္။

ဒါေပမဲ့ ျဖဴျဖဴ မ်က္ရည္က်ဖို႔ အရမ္းခဲယဥ္းေန
သည္။  ျဖဴျဖဴက မ်က္ရည္မက်တတ္တဲ့
သူဆိုေတာ့ မာသာ ငိုလို႔ လိုက္​ငိုခ်င္​ရင္​
​ေတာင္​ မငိုနိုင္​ပါ။

ေခါင္ယံမိႈင္း အေမနဲ႔ ခ်စ္သည္းမာန္ ကလည္း
ျဖဴျဖဴ ကို ၾကည့္ၿပီး ေလွာင္ရီတဲ့ အၿပံဳး
ေတြနဲ႔။

" ငါ ေမးေနတာၾကားလား နင္ သြားမွာလား
မသြားဘူးလားလို႔...!!

" ဘုန္း... ဘုန္း... ဘုန္း...!! "

ပခံုးကို ကိုင္ထားတာ လႊတ္လိုက္ကာ
ကိုယ့္ ရင္ဘတ္ကို အသားကုန္ပုတ္လိုက္
သျဖင့္ လြန္ႀကိဳးျဖဴျဖဴ  ထိတ္​ထိတ္​ပ်ာပ်ာ
ျဖစ္​သြားကာ...

" မလုပ္ပါနဲ႔ မာသာ.. ..မာသာ ရင္ဘတ္ကို
ထပ္မပုတ္ပါနဲ႔ ျဖဴျဖဴ ေတာင္းပန္ပါတယ္... "

" ဒါဆို နင္ အခုခ်က္ခ်င္းထြက္သြားေလ "

" ဟုတ္ မာသာ... ျဖဴျဖဴ သြားေပးမယ္ေနာ္
ဒါေပမဲ့ မာသာ ကိုယ့္ ရင္ဘတ္ကို
မပုတ္ရဘူး... မဟုတ္ရင္ မာသာ
ႏွလုံးေတြ ေအာင့္ေနလိမ့္မယ္ "

" ေတာင္းပန္ပါတယ္ေနာ္ မာသာ.. .
ျဖဴျဖဴ မာသာကို ေစာင့္ေရွာက္ေပးမယ္
ေျပာၿပီး နာက်င္ေအာင္ လုပ္ခဲ့မိတဲ့အတြက္...
ဘာပဲျဖစ္ျဖစ္ပါ အခါအခြင့္ႀကံဳရင္ေတာ့
မာသာ ေက်းဇူးေတြကို ျဖဴျဖဴ ျပန္​ဆပ္ခ်င္
ပါေသးတယ္... မာသာ သိလား
ျဖဴျဖဴ အေဖနဲ႔ အေမကို ျဖဴျဖဴ မျမင္ဖူးေပမဲ့
ျဖဴျဖဴ သိတဲ့ အေမဆိုလည္းဟုတ္တယ္​
အေဖဆိုလည္း ဟုတ္တဲ့လူကေတာ့
မာသာပဲ... ဒီတစ္သက္ ျဖဴျဖဴ အေဖနဲ႔
အေမအရင္းေတြကို ျပန္မေတြ႕လည္း
ျဖဴျဖဴ အတြက္ ကိစၥ မရိွဘူး...
ျဖဴျဖဴ အနားမွာ မာသာ သာ ရိွရင္ ျဖဴျဖဴ
အရမ္းေက်နပ္တယ္... မာသာ အနားမွာ
အၿမဲသာ ေနႏိုင္ရင္ အဲ့ဒါက ျဖဴျဖဴ အတြက္
ဘုရား ေပးတဲ့ ဆုလာဒ္ေကာင္း၊
တန္ဖိုးျဖတ္မရတဲ့ ဆုလာဒ္ေလး ဆိုရင္လည္း
မမွားဘူး.. .အခုေတာ့ အဲ့ဒီ ဆုလာဒ္ေလး
ကို ျဖဴျဖဴ ဆံုး႐ံႉးလိုက္​ရၿပီ... ျဖဴျဖဴ က
အေတာ္ဆိုးတဲ့ ၿဂိဳလ္ဆိုးမပဲ ...မာသာကို
ငိုေအာင္လုပ္မိတယ္... "

" ေထြးေထြး ျဖဴျဖဴ သြားတဲ့အခါက်ရင္
မာသာကို ဂ႐ုစိုက္ေပးပါေနာ္... မာသာ
က အေအးမႀကိဳက္တတ္ေတာ့ ညအိပ္လို႔
ေစာင္ေတြ ဘာေတြလြတ္ရင္ တစ္ေရးႏိုး
ထၿပီး သြားသြားၿခံဳေပးပါေနာ္...
ေနာက္ၿပီး ျဖဴျဖဴ က ဒီမွာ မရိွေတာ့တဲ့
အတြက္ ညအိပ္ခံနီးလည္း မာသာကို
ႏိွပ္မေပးႏိုင္ေတာ့ဘူး... အဲ့ဒီအခါ
ေထြးေထြး ပဲ ျဖဴျဖဴ အစား
တာဝန္ယူၿပီး ႏိွပ္ေပးရမယ္ေနာ္ "

" မသြားပါနဲ႔ ျဖဴျဖဴ ရယ္...!!
ေထြးေထြး ေတာင္းပန္ပါတယ္
သမီး မာသာက သမီးကို စိတ္ဆိုးတုန္းမလို႔
ေျပာတာပါ ၿပီးရင္ စိတ္ျပန္ေျပသြားမွာ... "

လက္ကေလး လာကိုင္ကာ မသြားဖို႔
ေတာင္းဆိုေနေသာ ေထြးေထြး ကို
ၾကည့္ၿပီးလည္း ျဖဴျဖဴ စိတ္မေကာင္း။
ျဖဴျဖဴ အရမ္းခ်စ္ရတဲ့ မာသာကေတာ့
ဟိုဘက္ကို မ်က္ႏွာလႊဲၿပီး ေနေနခဲ့သည္။

" ျဖဴျဖဴ သြားမွရမယ္ ေထြးေထြး...
မဟုတ္ရင္ ျဖဴျဖဴ ေၾကာင့္ မာသာက
သူ႕ကိုယ္သူ နာက်င္ေအာင္ လုပ္လိုက္
မယ္.... အဲ့ဒီအခါ ျဖဴျဖဴ ခံစားႏိုင္မွာ
မဟုတ္ဘူး.. .မာသာ နာရင္ ျဖဴျဖဴ
လည္း ကိုယ့္ကိုယ္ကိုယ္ နာ​ေအာင္ ျပန္လုပ္မိမွာ..
ခုဏက ျဖဴျဖဴ ေျပာထားတဲ့ဟာေတြ ေထြးေထြး
မေမ့ဘဲ လုပ္ေပးပါေနာ္ ျဖဴျဖဴ ေတာင္းဆိုပါတယ္
ေထြးေထြးလည္း က်န္းမာေရး ဂ႐ုစိုက္ေနာ္.. "

" မာသာ ..."

တစ္ဖက္လွည့္ေနတဲ့ မာသာကို ျဖဴျဖဴ
ေခၚလိုက္တာကို ေဒၚဆုျမတ္ရွင္ နဲ႔
ခ်စ္သည္းမာန္ က စိတ္ဝင္တစား
ၾကည့္ေနၾကသည္။  သူတို႔ ႏႈတ္ခမ္းေတြက
ေက်နပ္တဲ့ အၿပံဳးေတြနဲ ့။

ေခၚေနတာကို မာသာ လွည့္မလာဘဲ
တစ္ဖက္တည္းပဲ ပံုေသႀကီး ေက်ာေပးထားေတာ့
လြန္ႀကိဳးျဖဴျဖဴ မ်က္ႏွာေလးက မိႈင္က်သြားသည္။

"  အဟင္​း...မာသာ က ျဖဴျဖဴ ကို
ျမင္ေတာင္ မျမင္ခ်င္ေတာ့ဘူးပဲ... ဒါေပမဲ့
ဘာမွမျဖစ္ပါဘူး... မာသာက
ျဖဴျဖဴကို မျမင္ခ်င္ေပမဲ့ ျဖဴျဖဴကေတာ့
မာသာကို အရမ္း ခ်စ္တယ္..
ညအိပ္ရာဝင္ရင္ ေစာင္ကို
ေသခ်ာၿခံဳေနာ္ မာသာ... မာသာ ခႏၶာကိုယ္က
အေအးဒဏ္ သိပ္မခံႏိုင္ဘူး...
​ေတာ္​ၾကာ ဖ်ား​ေနလိမ္​့မယ္​  .....
ကိုယ္လက္ေတြ ေညာင္းေနရင္လည္း
ေထြးေထြး ကို ႏိွပ္ခိုင္းေနာ္...
မာသာ ႀကိဳက္တဲ့ ဘာလေခ်ာင္ေၾကာ္ေလး
ကိုလည္း  ေထြးေထြး ကို ေၾကာ္ခိုင္းေနာ္...
က်န္းမာေရးကို ဂ႐ုစိုက္ပါ မာသာ..
မာသာကို ျဖဴျဖဴ အရမ္းခ်စ္တယ္..
ျဖဴျဖဴ ရဲ႕ မာသာေလး... ျဖဴျဖဴ
အရမ္းခ်စ္ရတဲ့ မာသာေလး ....
ေနာက္ဆံုး အေနနဲ႔ မာသာကို
ျဖဴျဖဴ ကန္ေတာ့ခဲ့ပါတယ္... "

ဒူးေထာက္ထိုင္ခ်ၿပီး လြန္ႀကိဳးျဖဴျဖဴ ရိွခိုး
ေနတာကို မာသာ ၾကည့္မေနဘဲ
တစ္​ဖက္​လႊဲ​ေန​ေပမဲ့ သူမ မ်က္ရည္ေတြ
က ေတာက္ေလွ်ာက္စီးက်ေနခဲ့သည္။

" ျဖဴျဖဴ သြားၿပီေနာ္ မာသာ... က်န္းမာေရး
ကို ဂ႐ုစိုက္ပါေနာ္...ခ်စ္တယ္ေနာ္ မာသာ "

" ေထြးေထြး သူ႕ အဝတ္အစားေတြ
တစ္ခါတည္း ယူသြားခိုင္းလိုက္ "

တစ္ဖက္လွည့္လာရင္း ဆိုလာေသာ
မာသာ ကို လြန္ႀကိဳးျဖဴျဖဴ ၾကည့္ကာ...

" ဟင့္အင္း မာသာ ျဖဴျဖဴ မယူေတာ့
ပါဘူး...အနည္းဆံုးေတာ့ ေဂဟာမွာ
ျဖဴျဖဴ ေနခြင့္မရိွေတာ့ေပမဲ့ ျဖဴျဖဴ
အဝတ္အစားေတြေတာ့ ေဂဟာမွာ
က်န္ေနခဲ့ေစခ်င္ေသးတယ္... ဒါမွ
မာသာ ျဖဴျဖဴ အဝတ္အစားေတြကို
ျမင္ျပီး ျဖဴျဖဴ ကို လြမ္းမွာ "

" ေတာ္စမ္း..!! နင္နဲ႔ ဆိုင္တဲ့ဟာေတြကို
ငါ တစ္ခုမွ မျမင္ခ်င္ဘူး... ေထြးေထြး
သူ႕ကို အဲ့ဒီမွာ ရပ္ခိုင္းထားလိုက္..
သူ႕ ပစၥည္းေတြကို ငါ သြားယူလိုက္အံုးမယ္ "

ေျပာရင္း ဆယ္မိနစ္ေလာက္ၾကာေတာ့
မာသာက ခရီးေဆာင္အိတ္ကိုင္
ၿပီး အနား​ေရာက္​လာကာ ျဖဴျဖဴ ဘက္
ပစ္လိုက္သည္။

" သြား အခုထြက္သြားေတာ့...!! နင့္ကို
ငါ မျမင္ခ်င္ဘူး လြန္ႀကိဳးျဖဴျဖဴ..
ငါ့ကို လိမ္တဲ့လူကို ငါ မျမင္ခ်င္ဘူး "

မာသာ ေပးတဲ့ ခရီးေဆာင္အိတ္နဲ႔
နဂိုလြယ္ထားတဲ့ ေက်ာင္းလြယ္အိတ္ေလး
ကို ျဖဴျဖဴ လြယ္ရင္း ထြက္လာခဲ့သည္။

" မသြားပါနဲ႔  ျဖဴျဖဴ... ေထြးေထြး
ေတာင္းပန္ပါတယ္ သမီး မသြားပါနဲ႔..!!
သမီး  မသြားပါနဲ႔....!!  "

ေအာ္ေခၚေနေသာ ေထြးေထြး ကို
လြန္ႀကိဳးျဖဴျဖဴ တစ္​ခ်က္​က​ေလး​ေတာင္​
လွည့္မၾကည့္ခဲ့ပါ။ လွည့္ၾကည့္ရင္ စိတ္မေကာင္း
ျဖစ္မွာစိုးၿပီး သူမ ခပ္သြက္သြက္ေလးသာ
သြား​​ေနခဲ့သည္။

လြန္ႀကိဳးျဖဴျဖဴ လည္း ထြက္သြားေရာ
အခန္းထဲ မာသာ ေျပးဝင္သြားခဲ့သည္။

က်န္ေနခဲ့တဲ့ ခ်စ္သည္းမာန္ နဲ႔ ေဒၚဆုျမတ္ရွင္
ကလည္း သေဘာက်တဲ့ အၿပံဳးကိုယ္စီ
နဲ႔ တစ္ေယာက္ ကို တစ္ေယာက္
ျပန္ၾကည့္ရင္း သိပ္ကို ေက်နပ္ေနၾကသည္။

စစ္စတာ ေထြးေထြးမွာေတာ့ မ်က္ရည္ေတြက်
ၿပီး ေနရာမွာတင္ အ႐ုပ္ႀကိဳးျပတ္​ထိုင္ခ်ပစ္လိုက္
သည္။

-
-
-
-
-
-
-
-
-

ျဖဴျဖဴ ခရီးေဆာင္အိတ္ထဲမွာ ပိုက္ဆံ
ငါးသိန္းပါလာသည္။ ၾကည့္ရတာ မာသာ
ထည့္ေပးလိုက္ပံုရသည္။

ျဖဴျဖဴ ငိုခ်င္လိုက္တာ။  အသားကုန္
ေအာ္ဟစ္ၿပီး ေပါက္ကြဲကာ ျဖဴျဖဴ
ငိုလိုက္ခ်င္တယ္။ ဒါေပမဲ့ က်မလာတဲ့
မ်က္ရည္ေတြေၾကာင့္လည္း ျဖဴျဖဴ
ကိုယ္ ျဖဴျဖဴ စိတ္တိုလို႔ မဆံုး။

ေလာကႀကီးက ျဖဴျဖဴ အေပၚ သိပ္ကို
ရက္စက္တယ္။  ျဖဴျဖဴ အဂၤါမွာ
မိန္းမ အဂၤါ အျပင္ ေယာက်ၤား အဂၤါႀကီးပါ
ပါေအာင္ လုပ္ေပးတဲ့အျပင္ အခုလည္း
ျဖဴျဖဴ က မငိုတတ္ေတာ့။

မုန္းတယ္ ျဖဴျဖဴ မငိုတတ္တာကို ျဖဴျဖဴ
အရမ္းမုန္းတယ္​...!! 

မ်က္လုံးထဲမွာလည္း မာသာ ငိုေနတဲ့
အရိပ္အေယာင္ေတြက ကပ္ပါလာ၍
စိတ္တိုၿပီး ကိုယ့္ လက္ကိုယ္ ဆြဲစိတ္
ေနမိသည္။

ျဖဴျဖဴ သာ ေသသြားရင္ ေကာင္းမွာပဲ။
ဒါဆိုရင္ အခုေလာက္ထိ ျဖဴျဖဴ
ခံစားရေတာ့မွာ မဟုတ္။

ဘာရယ္မဟုတ္ ဒီအခ်္ိန္မွာ ျခားနား
ကို ျဖဴျဖဴ ကိုယ္ခ်င္းစာမိသြားသည္။

သူ႕က ေသြးသစ္ ကို ခ်စ္တဲ့ ေထာင့္ငါးရာ
အခ်စ္ေၾကာင့္ မခံစားလို႔ ကိုယ့္ ကိုယ္ကို
သတ္ေသဖို႔ ႀကံစည္မိလိုက္ျခင္း။

ျဖဴျဖဴ ကေတာ့ ေထာင့္ငါးရာထက္
ပိုတဲ့ ငါးရာႏွစ္ဆယ့္ရွစ္ နဲ႔ ေထာင့္ငါးရာ
ႏွစ္ခုေပါင္းထားတဲ့ ႏွစ္ေထာင့္ႏွစ္ဆယ့္ရွစ္
အခ်စ္​​ေၾကာင္​့ နာက်င္​​ေနရသည္​။

ျဖဴျဖဴ အတြက္ မာသာ က အေမတစ္ေယာက္လို၊
အေဖတစ္ေယာက္လို၊  အစ္မ တစ္ေယာက္လို၊
အကိုတစ္ေယာက္လို စေသာ ေႏြးေထြးမႈ
မ်ားစြာကို ေပးသည္။  မိဘ ေမတၱာက
ငါးရာႏွစ္ဆယ့္ရွစ္ဆိုေပမဲ့ မာသာ
ရဲ႕ ေမတၱာက ငါးရာႏွစ္ဆယ့္ရွစ္ထက္
ပိုသည္။

ခ်စ္သူေတြရဲ႕ ခ်စ္ျခင္း ေထာင့္ငါးရာကိုပါ
လာေပါင္းမယ္ဆိုရင္ေတာင္မွ မာသာ
ေမတၱာ​ေတြကို မယွဥ္ႏိုင္ပါ။

မာသာကသာ ျဖဴျဖဴ ဘဝ.. မာသာကသာ
ျဖဴျဖဴ အသက္။ 

အခုေတာ့ အဲ့ဒီအသက္ေလးကို ျဖဴျဖဴ
စြန္႔ခြာလိုက္ရၿပီ။  ျဖဴျဖဴ ေလာက္
ကံဆိုးတဲ့သူ ရိွမယ္မထင္ေတာ့။

ဝမ္းနည္းလိုက္တာ...!!  ဝူးဝူးဝါးဝါးနဲ႔
ျဖဴျဖဴ အသားကုန္ ငိုယိုပစ္လိုက္ခ်င္တယ္။

က်မလာတဲ့ မ်က္ရည္ေၾကာင့္လည္း
လူက ဝမ္းနည္းလို႔ မဆံုး။

" က်စမ္းပါ လြန္ႀကိဳးျဖဴျဖဴ ...!!
နင္ မ်က္ရည္ က်လိုက္စမ္းပါ...!!
ငါ ေျပာေနတာၾကားလား
နင္ မ်က္ရည္က်စမ္းလို႔...!! "

" ကဲဟာ..!! မက်ခ်င္အံုး.. !!"

" ျဖန္း... !! "
" ျဖန္း... !! "

" မက်ခ်င္အံုး...!!  "
" ကဲဟာ..!! "

ကိုယ့္ ပါးကိုယ္ မနားတမ္း ျပန္႐ိုက္ေနတဲ့
လြန္ႀကိဳးျဖဴျဖဴ ကို လမ္းေဘးက
ျဖတ္သြားျဖတ္လာလူေတြက အထူးအဆန္း
လုပ္ၿပီး ၾကည့္ေနၾကေပမဲ့ လြန္ႀကိဳးျဖဴျဖဴက
ဂ႐ုမစိုက္ခဲ့။  မ်က္ရည္မထြက္လို႔
သူမ ပါးကိုသာ အျပစ္ေပးၿပီး
အဆက္​မျပတ္​ ႐ိုက္ေနခဲ့သည္။

အသားေဖြးတဲ့သူဆိုေတာ့ သူမ မ်က္ႏွာမွာ
လက္ဝါးရာေတြက ခဏေလးနဲ႔ ရဲသြား
ခဲ့သည္။

Part  37 ေမွ်ာ္.......................................
( လြန္ႀကိဳးျဖဴျဖဴ ဇာတ္လမ္းက ရွယ္ပလန္
နဲ႔ သြားမွာပါ 😍😍😍 ဒါေၾကာင့္
ၿပီးဖို႔က အေဝးႀကီး လိုပါေသးတယ္
အခုမွ ဇာတ္လမ္းက စတုန္း ရိွပါေသးတယ္
ဒါဒါေလးေတြ😁😍😍 ေဒၚျဖဴျဖဴ အေပၚ
ခ်စ္သည္းမာန္ နဲ႔ ေခါင္ယံမိႈင္း အေမ ႐ိုက္
လိုက္တဲ့ ထိခ်က္က အေတာ္ျပင္းတာပဲ 😞😞😞
ေခါင္ႀကီး က လန္ဒန္ေရာက္ေနေတာ့
ပိုဆိုးေပါ့.. ေခါင္ႀကီး သာ သိရင္
ခ်စ္သည္းမာန္ နဲ႔ ေခါင္ႀကီး အေမ
မလြယ္ေလာက္ဘူး 😞😞😞)

အခ်စ္က  သူေစစားရာ ဆိုတဲ့ အတိုင္း
ဒါဒါေလးေတြရင္ထဲ ဝတၳဳေလးက
ဒါဒါေလးေတြရဲ႕ ႏွလုံးသားကို ေစစား
နိုင္​ပါရဲ႕လား 😁😁 မေစစားႏိုင္ရင္
ေလယူရာယိမ္း က မေတာ္လို႔ပါ 😁😁😁

အရင္​က ​ေခါင္​ႀကီး အရပ္​ကို ​ေျခာက္​​ေပနဲ႔
ကိုးလက္​မ လုပ္​ထားမိပါတယ္​
တကယ္​တမ္​း ​ေခါင္​ႀကီး အရပ္​က
​ေျခာက္​​ေပနဲ႔ ငါးလက္​မပါ အဲ့ဒါ
ျပင္​ၿပီး ဖတ္​​ေပးၾကပါအုံး​ေနာ္​ ဒါဒါ​ေလး​ေတြ
မင္​မင္​ ​ေတာင္​းပန္​ပါတယ္​

ခ်စ္​တယ္​​ေနာ္​ မင္​မင္​ရဲ႕ ေခါင္ႀကီး 😆😆🤣🤣
စတာ စတာ ခ်စ္တယ္ေနာ္ ဒါဒါ​ေလး​ေတြ......
😍😍😘😘ဒီအပိုင္းေလးနဲ႔ ပတ္သက္ၿပီး
ဒါဒါေလးေတြရဲ႕ မန္႔ကို မင္မင္ေလယူရာယိမ္း ေစာင့္ေမွ်ာ္လ်က္.. ......😍😍😘😘

#​ေလယူရာယိမ္​း

☆☆☆☆♡⃛   အချစ်က သူစေစားရာ   ♡⃛ ☆☆☆☆
( Part - 36  )

I'm glad I was able to help .
( ခင်ဗျားကို ကူညီနိုင်ခဲ့လို့ အရမ်းဝမ်းသာပါတယ်)
your very young and good job
Mrs. Khung Yan Maing .
( ခင်ဗျားက ငယ်ငယ်လေးနဲ့ သိပ်ကို တော်တာပဲ
ခေါင်ယံမှိုင်း  )

Thank you.  The pleasure was
about your wines and alchol .
( ကျေးဇူး...ဒီကလည်း ကျေနပ်မိပါတယ်
ခင်ဗျားရဲ့ wine နဲ့  alchol တွေကြောင့်)
That was very nice of you.
(ခင်ဗျားက တကယ်တော်တဲ့သူပဲ)

ကျေနပ်နေတာကို အင်္ဂလိပ်စကားနဲ့ ခေါင်
ဖော်ပြလိုက်ချိန် သူ့ မျက်လုံးတွေက
ကျားရိုင်းတစ်ကောင်လို စူးရဲနေခဲ့သည်။
တစ်ဖက်ကလည်း ခေါင်ရဲ့ ချီးကျူးစကား
ကြောင့် နှုတ်ခမ်းတွေ တွန့်ကွေးသွားပြီး...

And so , awfully nice of you  .
(ခင်ဗျား လည်း အတော့်ကို သေချာတဲ့သူပါပဲ)

Thanks mister Jack.
(ကျေးဇူးပါ မစ္စတာဂျက်) 

တစ်ယောက်နဲ့ တစ်ယောက်ရဲ့
စကားဝိုင်းလေးက ဒီနေရာမှာတင်
အဆုံးသတ်သွားပြီး လတ်တလော
သူ မြည်းကြည့်ထားတဲ့ စားပေါ်ပွဲက
အရက်နဲ့ ဝိုင်ခွက်တွေကို​ခေါင်​ကြည့်ကာ
တဖန်အရက်ခွက်ကို ထပ်​ယူလိုက်သည်။
မစ္စတာဂျက်​ကလည်း​ခေါင်​ကို
နှူတ်​ဆက်​ကာ သူ့ လုပ်​စရာရှိတာသွားလုပ်​၏ ။

လက်ထဲ ပါလာတဲ့ အရက်ခွက်ကို နှုတ်ခမ်း
နဲ့​တေ့ပြီး တရှိန်ထိုးမော့ချလိုက်တော့
လည်​ချောင်းထဲ စီးဝင်လာသော
အရက်​က ခါးသက်ပြီး ရှတတကြီး ဖြစ်သွားတာက
ဘာနဲ့မှ လဲလို့မရ။

ဘားထောင်ထားတဲ့ သူဆိုတော့ အရက်မျိုးစုံ၊
ဝိုင်မျိုးစုံ ကို​ခေါင်​အကုန်သောက်ဖူးသည်။
မသောက်ဖူးတဲ့ ဝိုင်၊  မသောက်ဖူးတဲ့
အရက်ဆိုတာ မရှိ၊၊

ဒါပေမဲ့ ဒီနေ့မှာတော့ ခေါင် ပုံစံက အရက်ကို
အရသာခံမသောက်ဘဲ မတရားတွေ သောက်
နေတာက အသည်းကွဲနေသလိုပေ။

မျက်ဝန်းတွေကလည်း စူးရှပြီး အေးစက်စက်ကြီး
နဲ့ သွေးအေး လူသားလားလို​ပေ။

တစ်ခေါင်းလုံးက​ခေါင်​ရဲ့ ခရမ်းရောင် ဆံပင်တွေ
ကလည်း နဖူးပေါ် အနည်းငယ် ဝဲကျနေတော့
သိပ်ကို ကြည့်ကောင်းသည်။

တစ်ချက်တစ်ချက် အရက်သောက်ရင်း
ပါးစောင်ကို လျှာနဲ့ ထိုးတဲ့အခါမျိုးမှာဆိုရင်လည်း
လူက တကယ့်ကို အလွင့်။

ထောင့်ချိုးညီသော နဖူး၊  ကော်ဖီ ညိုရောင်
ရှိပြီး သွယ်တန်းနေသော​ခေါင်​မျက်ခုံးတွေကလည်း
ခေါင် အလိုမကျတိုင်း တွန့်ကွေးသွားသည်။

ဘေးတိုက်ကြည့်ရင်တောင် ထင်ပေါ်လှတဲ့
​ခေါင့်​နှာတံက ရှေ့တည့်တည့်အတိုင်း
မြင်နေရတဲ့ အနေအထားဖြစ်နေတော့
တစ်ချက်ကြည့်မိတာနဲ့တင် မျက်လုံးမလွှဲချင်
လောက်အောင်​ခေါင်​က ဆွဲ​ဆောင်​မှူရှိသည်​။

အဖုအပိန့်ကင်းစင်ပြီး ကြည်လင်သော
​ခေါင်​အသားအရည်ကလည်း ခေါင်ယံမှိုင်းရဲ့
စွဲမက်စရာတစ်ခုပေ။

နီရဲပြီး ပိရိသေသပ်တဲ့​ခေါင်​နှုတ်ခမ်းတစ်စုံကလည်း
ယောက်ျား တစ်ယောက်မှာ ရှိသင့်တဲ့
ဆွဲဆောင်အားထက် ကြီးမားလွန်းနေသည်။

အကြောစိမ်းတွေ မြင်နေရတဲ့​ခေါင်​
လက်ချောင်းတွေကလည်း အရပ်ခွက်ကို
ဆုပ်ကိုင်လိုက်တိုင်း ပိုပြီးထင်းလို့ သွားသည်။

တုတ်ခိုင်သန်မာလှတဲ့​ခေါင်​ရဲ့ လက်မောင်းသား
တွေကလည်း အားကိုးချင်စရာကောင်းလှသည်။

ခြောက်ပေ ငါး သူ့ အရပ်ကြီးကလည်း
ထိုင်နေတာတောင် လုံးဝ မိမိုက်နေသည်။

တစ်ချိန်လုံး All black ဆိုပေမဲ့
ဘယ်အချိန်ကြည့်​ကြည့်​ခေါင်​
All black တွေက ထပ်နေတယ်မရှိ။

တစ်စုံနဲ့ တစ်စုံ  ဒီဇိုင်းတွေက အတော်လေးကို
ဆန်း​နေသည်။ ဒီနေ့တော့ အနောက်တိုင်း
ဆန်ဆန် All black နဲ့​ခေါင်​က
မိမိုက်နေခဲ့သည်။

လည်ပင်းက ကြပ်လို့ necktie ကို
လျော့တိလျော့ရဲ ဖြေလျှော့ထားတဲ့​ခေါင်​
ပုံစံကလည်း သိပ်ကို ငေးကြည့်ချင်စရာ
ကောင်းသည်။

အထက်အောက် ရွေ့လျားနေတဲ့​ခေါင်​ရဲ့
Adam' s apple ကလည်း တစ်ခါ
လှုပ်ရှားတိုင်း တစ်ဖက်လူကို
အခါခါ ရေငတ်စေအောင် လုပ်နိုင်သည်။

ခေါင်ယံမှိုင်း ဆိုသော ထိုသူက အဲ့ဒီလောက်ထိ
ချောမောမှုတွေ အပြည့်နဲ့ အတိပြီးပြည့်စုံ
​သော လူသားပေ။

အရက်သောက်ပြီး ဘေးက ဖွာထားတဲ့
ဆေးလိပ်တိုကို ခေါင် ထပ်ဖွာရင်း
အငွေ့တွေကို ခဏရှူကာ... လေထဲ
ကို အငွေ့တွေ အားလုံး ပြန်လည်မှုတ်ထုတ်
လိုက်တဲ့​ခေါင်​ပုံစံကလည်း သိပ်ကို အလွင့်။

" ဟူး..."

အငွေ့တွေ အားလုံး လေထဲလွင့်သွားတာကို
ခေါင် အသက်မပါသလို ကြည့်ရင်း
နောက်တစ်ချက် ထပ်ဖွာပြန်သည်။

သူ့ ပုံစံက တစ်ခုခုကို ပူဆွေးပြီး စိတ်အလိုမကျ
ဖြစ်နေသလားပင်။

*************************

" လွန်ကြိုးဖြူဖြူ....!!  "

တစ်ခါမှ ဖြူဖြူ ကို လွန်ကြိုးဖြူဖြူ လို့
မခေါ်ဖူးတဲ့ မာသာ အသံကို
ဂေဟာရောက်ရောက်ချင်း ကြားလိုက်ရတော့
နှလုံးသားက ကျင်ခနဲပေ။

မာသာနဲ့ ထွေးထွေး ဘေးမှာလည်း
ချစ်သည်းမာန်နဲ့ ဖြူဖြူ မသိတဲ့ အန်တီကြီး
တစ်ယောက်က ရှိ​နေ​သည်​။

" ဒီပုံ​တွေက ဘာတွေလဲ...?? သူတို့
ပြောသလို မာသာတို့ ဂေဟာကို
ကယ်တင်ဖို့ အတွက် ယောင်္ကျား
တစ်ယောက်နဲ့ သမီး အိပ်ခဲ့တာလား... ?? "

ဝါးထားတဲ့ ဦးနိုင်စေမာန် ပုံနဲ့ ဖြူဖြူ
အနမ်းခံနေတဲ့ ပုံကို ထောင်ပြလာတဲ့ မာသာ
အသံတွေက ဒေါသ​တွေ အပြည့်နဲ့။

" လွန်ကြိုးဖြူဖြူ မာသာ မေးတာကြားလား..??
သူတို့ ပြောသလို သမီး ပန်းမြိုင်ဂေဟာ အတွက်
တစ်ယောက်ယောက်နဲ့ အိပ်ခဲ့သေး
လားလို့...! ! "

ဒေါသသံတွေရော ဂရုဏာအသံတွေ
ရော ပါတဲ့ မာသာ အသံက ဖြူဖြူ ရင်ကို
တုန်လှုပ်ခြောက်ခြားစေသည်။ ဖြူဖြူ သာ
အမှန်အတိုင်း ဖြေလိုက်ရင် မာသာက
အရမ်းနာကျင်သွားမှာ။ ဘေးနားက
ချစ်သည်းမာန် နဲ့ ဖြူဖြူ မသိတဲ့
အန်တီကြီးကလည်း ဖြူဖြူ မဖြေနိုင်
ဖြစ်နေတာကို ဂုဏ်ယူတဲ့ အပြုံးတွေနဲ့။

" ဂေဟာကို မရောင်းဖို့အတွက် ဖြူဖြူ
အိပ်ဖို့လုပ်လိုက်မိပါတယ် မာသာ
ဒါပေမဲ့ ခေါင်ယံမှိုင်း က လာကယ်ခဲ့ပါတယ်
ဒီအတွက် ဖြူဖြူ ဘာမှ မဖြစ်လိုက်ပါဘူး "

" တော်စမ်း ထပ်မပြောတော့နဲ့ လွန်ကြိုးဖြူဖြူ..!!
နင့်ကို ငါ ပိုးမွေးသလို မွေးခဲ့တာက
အခုလို ဖြစ်ဖို့လား.. .?? နင် ငါ့
ကျေးဇူးတွေကို ဒီလိုနည်းနဲ့ ဆပ်တာပေါ့
ဟုတ်လား.. ?? "

ပြောရင်း ဝမ်းနည်းသွားတဲ့ မာသာ မျက်ဝန်း
တွေက ဖြူဖြူ ကို အသေသတ်နေသလို။

" မဟုတ်ပါဘူး မာသာ... အဲ့ဒီလို
မဟုတ်ပါဘူး မာသာ... ဖြူဖြူ လေ
မာသာကို ဒီလိုနည်းနဲ့  ကျေးဇူးဆပ်ရတာ
မဟုတ်ပါဘူး....မာသာ ဂေဟာလေးကို
ဖြူဖြူ ကယ်ပေးချင်လို့ အခုလို လုပ်လိုက်
မိတာပါ...ခေါင်ယံမှိုင်း လာကယ်လို့
ဖြူဖြူ လည်း ဘာမှ မဖြစ်ခဲ့ပါဘူး "

" တော်တော့ ထပ်မပြောတော့နဲ့ လွန်ကြိုးဖြူဖြူ..
ငါ နင့် စကားတွေကို မကြားချင်တော့ဘူး
ငါ နင့်ကို သိပ်စိတ်ပျက်သွားပြီ...
ငါ့မှာတော့ နင့်ကို ယုံကြည်လိုက်ရတာ...
ဂေဟာက ကလေးတွေထဲမှာလည်း
နင့်ကို ငါ အချစ်ပိုဆုံးပဲ... အခုတော့
နင့်က အရာရာကို နင်ကိုယ်တိုင်
ဆုံးဖြတ်ပြီး ငါ့ကိုတောင် လိမ်တတ်နေပြီ...
ခေါင်ယံမှိုင်း အမေနဲ့ ခေါင်ယံမှိုင်း
ကောင်မလေးသာ လာမပြောရင်
နင် ငါ့ကို လိမ်​တဲ့ ကိစ္စကို
ငါ တစ်​သက်​လုံး​သိမှာ​တောင်​မဟုတ်ဘူး "

ဖြူဖြူ မသိတဲ့ ချစ်သည်းမာန် ဘေးနားက
အန်တီကြီးက ခေါင်ယံမှိုင်း အမေတဲ့။
လိုက်လည်း လိုက်ပါတယ် သမီး ယောက္ခမ
နှစ်ယောက်က။

" တောင်းပန်ပါတယ် မာသာ... ဖြူဖြူ
တောင်းပန်ပါတယ်. ..ဖြူဖြူ ပန်းမြိုင်​ဂေဟာ
ကို သူများလက်ထဲ ရောက်သွားမှာစိုးလို့
အခုလို လုပ်လိုက်မိတာပါ...
ဖြူဖြူ မှားပါတယ်... မာသာကို
မပြောဘဲ ဖြူဖြူ  လုပ်လိုက်မိတာ
ဖြူဖြူ အရမ်းကို မှားပါတယ်...
ဖြူဖြူ ကို ခွင့်လွှတ်ပေးပါနော် မာသာ
ဖြူဖြူ တောင်းပန်ပါတယ် "

" တော်ပါ.. အမှားလုပ်ပြီးမှ ငါ့ကို
တောင်းပန်မနေနဲ့ လွန်ကြိုးဖြူဖြူ.. .
နင် အဲ့ဒီလောက်ထိ ငါ့ အုပ်ချုပ်မှုတွေ
ငါ့ စည်းကမ်းတွေ နားမထောင်နိုင်ရင်
ဂေဟာမှာ မနေနဲ့... အခုထွက်သွားလိုက်
တော့.. .!! "

" မလုပ်ပါနဲ့ မာသာ..!!  သမီး ဖြူဖြူ
ကို နှင်မထုတ်ပါနဲ့ မာသာ... ကျမ
တောင်းပန်ပါတယ် "

ဝင်တောင်းပန်ပေးလာသော စစ်စတာ
ထွေးထွေး ကိုလည်း မာသာ တစ်ချက်ကြည့်ရင်း..

" နင့်ပါ ထွက်သွားချင်တာလား ထွေးထွေး. .
ဒါဆို တစ်ခါတည်း လိုက်သွား..
ငါ့ အမိန့်ကို မနာခံတဲ့သူတွေ ငါ အလို
မရှိဘူး "

မာသာ ရဲ့ ပြတ်သားတဲ့ စကားတွေက
လွန်ကြိုးဖြူဖြူ နဲ့ ထွေးထွေး အတွက်
သိပ်ကို ဝမ်းနည်း စရာပါ။
ဒါပေမဲ့ ချစ်သည်းမာန် နဲ့ ခေါင်ယံမှိုင်း
အမေ ဒေါ်ဆုမြတ်ရှင် အတွက်ကတော့
သိပ်ကို ကျေနပ်အားရ စရာကြီးပေ။
အခုတောင် သူတို့ နှစ်ယောက်စလုံးက
လွန်ကြိုးဖြူဖြူ နှင်ထုတ်ခံရတဲ့ အပေါ်
သိပ်ကို ပီတိဖြစ်နေကြ၏ ။

" မြင်တယ်နော် မာသာ.... ရှင့် ကလေးက
အခုလိုတောင် သူများနဲ့ အိပ်ဖို့ ကြံတယ်
ဆိုမှတော့ ကျမသား ခေါင်ယံမှိုင်း ကို
ကျမ ချွေးမလက်ထဲကနေ လုဖို့လုပ်တာ
ကလည်း အေးဆေးပဲ နေမှာ...
သမီးချစ်သည်း သားငယ်နဲ့ ဒီကလေးမ
ပုံတွေကို ပြလိုက်ပါအုံး.... "

" ဟုတ် မေမေဆု "

ချစ်သည်းမာန် ဒီတစ်ခါ သူမ ဖုန်းထဲက
ခေါင်ယံမှိုင်း နဲ့ လွန်ကြိုးဖြူဖြူ ရဲ့
နမ်းနေတဲ့ ပုံတွေ ပြလာတော့
မာသာ မျက်နှာက သွေးမရှိတော့သလို
ဖြူဖတ်သွားခဲ့သည်။

" ဖြန်း...!!  "

အားပါတဲ့ ရိုက်ချက်နဲ့အတူ လွန်ကြိုးဖြူဖြူ
မျက်နှာလေးက နီရဲသွားခဲ့၏ ။

" ငါ နင့်ကို ဘာပြောထားလဲ လွန်ကြိုးဖြူဖြူ..
လူတစ်ယောက် ကို ပိုင်ရှင်ရှိရင် မလုယူရ
ဘူးလို့...!! အခု အဲ့ဒါ နင် ဘာလုပ်တာ
လဲ.. ငါ ပြောတာကြားလား လွန်ကြိုးဖြူဖြူ
နင် ဘာလုပ်တာလဲလို့...!!
​ပြော​လေ ငါ့ အုပ်​ချုပ်​မှူက မ​ကောင်းလို့
နင်​အခုလို ဖြစ်​သွားရတာလား...??
ငါ နင့်​ကို သင်​ပေးတဲ့အထဲမှာ သူများဟာကို
လုဖို့ပါလား....​ဖြေ​လေ လွန်​ကြိုးဖြူဖြူ ..!!
​ဖြေစမ်းပါ ....!! "

" မပါပါဘူး မာသာ.....ဖြူဖြူ​တောင်းပန်​
ပါတယ်​....ဖြူဖြူ​တောင်းပန်​ပါတယ်​..."

" အဟား.. .အဟား နင် သွားတော့
လွန်ကြိုးဖြူဖြူ...!!  နင့် မျက်နှာကို
ငါ မမြင်ချင်တော့ဘူး နင် ထွက်သွား
ပေးပါတော့ "

အသက်မဲ့စွာ ရယ်သံနဲ့အတူ အဆုံးသတ်
မှာ မျက်ရည်တွေ ကျလာသော
မာသာကြောင့် ဖြူဖြူ နှလုံးသားတစ်ခုလုံးက
ကမ္ဘာ ပျက်မတတ်ပင်။

ဖြူဖြူ ဘာလုပ်လိုက်တာလဲ။ မာသာကို
စောင့်ရှောက်ပေးမယ်ပြောပြီး လက်ရှိတော့
မာသာကို ဖြူဖြူ ငိုအောင်လုပ်လိုက်မိသည်။

မာသာ ဝမ်းနည်းပြီး ငိုစေတဲ့ အဓိက တရားခံ
က ဖြူဖြူ ပါ။ ဖြူဖြူ က အတော်ဆိုးတဲ့
ယောင်္ကျားမဟုတ် မိန်းမ မဟုတ် ဂြိုဟ်ဆိုးမပါ။ 

" ငါ ပြောနေတာကြားလား လွန်ကြိုးဖြူဖြူ
နင် သွားတော့လို့...!! "

" မလုပ်ပါနဲ့ မာသာ... ဖြူဖြူ ကို
မောင်းမထုတ်ပါနဲ့..!!  "

" တော်စမ်း ထွေးထွေး... !! ငါ့ကို
မတားနဲ့ နင်ပါ လိုက်ချင်ရင် သူ့ နောက်
တစ်ခါတည်း လိုက်သွား...
လွန်ကြိုးဖြူဖြူ နင် သွားမှာလား မသွား
ဘူးလား..!!  ငါ မေးနေတာ
ကြားလား..?? "

ပခုံးတစ်စုံကို တင်းတင်းဖိဆုပ်ကာ
မေးနေသော မာသာ စကားတွေက
ဖြူဖြူ ရင်ကို အသေသတ်နေသလိုပေ။
လွန်ကြိုးဖြူဖြူ ဆိုတဲ့ မာသာ
​ခေါ်တဲ့ နာမ်စားလေးကြောင့်လည်း
သေချင်စိတ်ပါ ဖြူဖြူ ပေါက်မိသည်။ 
မာသာရဲ့ ငိုနေတဲ့ မျက်ဝန်းတွေကြောင့်လည်း
ဖြူဖြူ လည်း လိုက်ငိုချင်သည်။

ဒါပေမဲ့ ဖြူဖြူ မျက်ရည်ကျဖို့ အရမ်းခဲယဉ်းနေ
သည်။  ဖြူဖြူက မျက်ရည်မကျတတ်တဲ့
သူဆိုတော့ မာသာ ငိုလို့ လိုက်​ငိုချင်​ရင်​
​တောင်​မငိုနိုင်​ပါ။

ခေါင်ယံမှိုင်း အမေနဲ့ ချစ်သည်းမာန် ကလည်း
ဖြူဖြူ ကို ကြည့်ပြီး လှောင်ရီတဲ့ အပြုံး
တွေနဲ့။

" ငါ မေးနေတာကြားလား နင် သွားမှာလား
မသွားဘူးလားလို့...!!

" ဘုန်း... ဘုန်း... ဘုန်း...!! "

ပခုံးကို ကိုင်ထားတာ လွှတ်လိုက်ကာ
ကိုယ့် ရင်ဘတ်ကို အသားကုန်ပုတ်လိုက်
သဖြင့် လွန်ကြိုးဖြူဖြူ  ထိတ်​ထိတ်​ပျာပျာ
ဖြစ်​သွားကာ...

" မလုပ်ပါနဲ့ မာသာ.. ..မာသာ ရင်ဘတ်ကို
ထပ်မပုတ်ပါနဲ့ ဖြူဖြူ တောင်းပန်ပါတယ်... "

" ဒါဆို နင် အခုချက်ချင်းထွက်သွားလေ "

" ဟုတ် မာသာ... ဖြူဖြူ သွားပေးမယ်နော်
ဒါပေမဲ့ မာသာ ကိုယ့် ရင်ဘတ်ကို
မပုတ်ရဘူး... မဟုတ်ရင် မာသာ
နှလုံးတွေ အောင့်နေလိမ့်မယ် "

" တောင်းပန်ပါတယ်နော် မာသာ.. .
ဖြူဖြူ မာသာကို စောင့်ရှောက်ပေးမယ်
ပြောပြီး နာကျင်အောင် လုပ်ခဲ့မိတဲ့အတွက်...
ဘာပဲဖြစ်ဖြစ်ပါ အခါအခွင့်ကြုံရင်တော့
မာသာ ကျေးဇူးတွေကို ဖြူဖြူ ပြန်​ဆပ်ချင်
ပါသေးတယ်... မာသာ သိလား
ဖြူဖြူ အဖေနဲ့ အမေကို ဖြူဖြူ မမြင်ဖူးပေမဲ့
ဖြူဖြူ သိတဲ့ အမေဆိုလည်းဟုတ်တယ်​
အဖေဆိုလည်း ဟုတ်တဲ့လူကတော့
မာသာပဲ... ဒီတစ်သက် ဖြူဖြူ အဖေနဲ့
အမေအရင်းတွေကို ပြန်မတွေ့လည်း
ဖြူဖြူ အတွက် ကိစ္စ မရှိဘူး...
ဖြူဖြူ အနားမှာ မာသာ သာ ရှိရင် ဖြူဖြူ
အရမ်းကျေနပ်တယ်... မာသာ အနားမှာ
အမြဲသာ နေနိုင်ရင် အဲ့ဒါက ဖြူဖြူ အတွက်
ဘုရား ပေးတဲ့ ဆုလာဒ်ကောင်း၊
တန်ဖိုးဖြတ်မရတဲ့ ဆုလာဒ်လေး ဆိုရင်လည်း
မမှားဘူး.. .အခုတော့ အဲ့ဒီ ဆုလာဒ်လေး
ကို ဖြူဖြူ ဆုံးရှူံးလိုက်​ရပြီ... ဖြူဖြူ က
အတော်ဆိုးတဲ့ ဂြိုလ်ဆိုးမပဲ ...မာသာကို
ငိုအောင်လုပ်မိတယ်... "

" ထွေးထွေး ဖြူဖြူ သွားတဲ့အခါကျရင်
မာသာကို ဂရုစိုက်ပေးပါနော်... မာသာ
က အအေးမကြိုက်တတ်တော့ ညအိပ်လို့
စောင်တွေ ဘာတွေလွတ်ရင် တစ်ရေးနိုး
ထပြီး သွားသွားခြုံပေးပါနော်...
နောက်ပြီး ဖြူဖြူ က ဒီမှာ မရှိတော့တဲ့
အတွက် ညအိပ်ခံနီးလည်း မာသာကို
နှိပ်မပေးနိုင်တော့ဘူး... အဲ့ဒီအခါ
ထွေးထွေး ပဲ ဖြူဖြူ အစား
တာဝန်ယူပြီး နှိပ်ပေးရမယ်နော် "

" မသွားပါနဲ့ ဖြူဖြူ ရယ်...!!
ထွေးထွေး တောင်းပန်ပါတယ်
သမီး မာသာက သမီးကို စိတ်ဆိုးတုန်းမလို့
ပြောတာပါ ပြီးရင် စိတ်ပြန်ပြေသွားမှာ... "

လက်ကလေး လာကိုင်ကာ မသွားဖို့
တောင်းဆိုနေသော ထွေးထွေး ကို
ကြည့်ပြီးလည်း ဖြူဖြူ စိတ်မကောင်း။
ဖြူဖြူ အရမ်းချစ်ရတဲ့ မာသာကတော့
ဟိုဘက်ကို မျက်နှာလွှဲပြီး နေနေခဲ့သည်။

" ဖြူဖြူ သွားမှရမယ် ထွေးထွေး...
မဟုတ်ရင် ဖြူဖြူ ကြောင့် မာသာက
သူ့ကိုယ်သူ နာကျင်အောင် လုပ်လိုက်
မယ်.... အဲ့ဒီအခါ ဖြူဖြူ ခံစားနိုင်မှာ
မဟုတ်ဘူး.. .မာသာ နာရင် ဖြူဖြူ
လည်း ကိုယ့်ကိုယ်ကိုယ် နာ​အောင် ပြန်လုပ်မိမှာ..
ခုဏက ဖြူဖြူ ပြောထားတဲ့ဟာတွေ ထွေးထွေး
မမေ့ဘဲ လုပ်ပေးပါနော် ဖြူဖြူ တောင်းဆိုပါတယ်
ထွေးထွေးလည်း ကျန်းမာရေး ဂရုစိုက်နော်.. "

" မာသာ ..."

တစ်ဖက်လှည့်နေတဲ့ မာသာကို ဖြူဖြူ
ခေါ်လိုက်တာကို ဒေါ်ဆုမြတ်ရှင် နဲ့
ချစ်သည်းမာန် က စိတ်ဝင်တစား
ကြည့်နေကြသည်။  သူတို့ နှုတ်ခမ်းတွေက
ကျေနပ်တဲ့ အပြုံးတွေနဲ့ ။

ခေါ်နေတာကို မာသာ လှည့်မလာဘဲ
တစ်ဖက်တည်းပဲ ပုံသေကြီး ကျောပေးထားတော့
လွန်ကြိုးဖြူဖြူ မျက်နှာလေးက မှိုင်ကျသွားသည်။

"  အဟင်း...မာသာ က ဖြူဖြူ ကို
မြင်တောင် မမြင်ချင်တော့ဘူးပဲ... ဒါပေမဲ့
ဘာမှမဖြစ်ပါဘူး... မာသာက
ဖြူဖြူကို မမြင်ချင်ပေမဲ့ ဖြူဖြူကတော့
မာသာကို အရမ်း ချစ်တယ်..
ညအိပ်ရာဝင်ရင် စောင်ကို
သေချာခြုံနော် မာသာ... မာသာ ခန္ဓာကိုယ်က
အအေးဒဏ် သိပ်မခံနိုင်ဘူး...
​တော်​ကြာ ဖျား​နေလိမ့်​မယ်​.....
ကိုယ်လက်တွေ ညောင်းနေရင်လည်း
ထွေးထွေး ကို နှိပ်ခိုင်းနော်...
မာသာ ကြိုက်တဲ့ ဘာလချောင်ကြော်လေး
ကိုလည်း  ထွေးထွေး ကို ကြော်ခိုင်းနော်...
ကျန်းမာရေးကို ဂရုစိုက်ပါ မာသာ..
မာသာကို ဖြူဖြူ အရမ်းချစ်တယ်..
ဖြူဖြူ ရဲ့ မာသာလေး... ဖြူဖြူ
အရမ်းချစ်ရတဲ့ မာသာလေး ....
နောက်ဆုံး အနေနဲ့ မာသာကို
ဖြူဖြူ ကန်တော့ခဲ့ပါတယ်... "

ဒူးထောက်ထိုင်ချပြီး လွန်ကြိုးဖြူဖြူ ရှိခိုး
နေတာကို မာသာ ကြည့်မနေဘဲ
တစ်​ဖက်​လွှဲ​နေ​ပေမဲ့ သူမ မျက်ရည်တွေ
က တောက်လျှောက်စီးကျနေခဲ့သည်။

" ဖြူဖြူ သွားပြီနော် မာသာ... ကျန်းမာရေး
ကို ဂရုစိုက်ပါနော်...ချစ်တယ်နော် မာသာ "

" ထွေးထွေး သူ့ အဝတ်အစားတွေ
တစ်ခါတည်း ယူသွားခိုင်းလိုက် "

တစ်ဖက်လှည့်လာရင်း ဆိုလာသော
မာသာ ကို လွန်ကြိုးဖြူဖြူ ကြည့်ကာ...

" ဟင့်အင်း မာသာ ဖြူဖြူ မယူတော့
ပါဘူး...အနည်းဆုံးတော့ ဂေဟာမှာ
ဖြူဖြူ နေခွင့်မရှိတော့ပေမဲ့ ဖြူဖြူ
အဝတ်အစားတွေတော့ ဂေဟာမှာ
ကျန်နေခဲ့စေချင်သေးတယ်... ဒါမှ
မာသာ ဖြူဖြူ အဝတ်အစားတွေကို
မြင်ပြီး ဖြူဖြူ ကို လွမ်းမှာ "

" တော်စမ်း..!! နင်နဲ့ ဆိုင်တဲ့ဟာတွေကို
ငါ တစ်ခုမှ မမြင်ချင်ဘူး... ထွေးထွေး
သူ့ကို အဲ့ဒီမှာ ရပ်ခိုင်းထားလိုက်..
သူ့ ပစ္စည်းတွေကို ငါ သွားယူလိုက်အုံးမယ် "

ပြောရင်း ဆယ်မိနစ်လောက်ကြာတော့
မာသာက ခရီးဆောင်အိတ်ကိုင်
ပြီး အနား​ရောက်​လာကာ ဖြူဖြူ ဘက်
ပစ်လိုက်သည်။

" သွား အခုထွက်သွားတော့...!! နင့်ကို
ငါ မမြင်ချင်ဘူး လွန်ကြိုးဖြူဖြူ..
ငါ့ကို လိမ်တဲ့လူကို ငါ မမြင်ချင်ဘူး "

မာသာ ပေးတဲ့ ခရီးဆောင်အိတ်နဲ့
နဂိုလွယ်ထားတဲ့ ကျောင်းလွယ်အိတ်လေး
ကို ဖြူဖြူ လွယ်ရင်း ထွက်လာခဲ့သည်။

" မသွားပါနဲ့  ဖြူဖြူ... ထွေးထွေး
တောင်းပန်ပါတယ် သမီး မသွားပါနဲ့..!!
သမီး  မသွားပါနဲ့....!!  "

အော်ခေါ်နေသော ထွေးထွေး ကို
လွန်ကြိုးဖြူဖြူ တစ်​ချက်​က​လေး​တောင်​
လှည့်မကြည့်ခဲ့ပါ။ လှည့်ကြည့်ရင် စိတ်မကောင်း
ဖြစ်မှာစိုးပြီး သူမ ခပ်သွက်သွက်လေးသာ
သွား​နေခဲ့သည်။

လွန်ကြိုးဖြူဖြူ လည်း ထွက်သွားရော
အခန်းထဲ မာသာ ပြေးဝင်သွားခဲ့သည်။

ကျန်နေခဲ့တဲ့ ချစ်သည်းမာန် နဲ့ ဒေါ်ဆုမြတ်ရှင်
ကလည်း သဘောကျတဲ့ အပြုံးကိုယ်စီ
နဲ့ တစ်ယောက် ကို တစ်ယောက်
ပြန်ကြည့်ရင်း သိပ်ကို ကျေနပ်နေကြသည်။

စစ်စတာ ထွေးထွေးမှာတော့ မျက်ရည်တွေကျ
ပြီး နေရာမှာတင် အရုပ်ကြိုးပြတ်​ထိုင်ချပစ်လိုက်
သည်။

-
-
-
-
-
-
-
-
-

ဖြူဖြူ ခရီးဆောင်အိတ်ထဲမှာ ပိုက်ဆံ
ငါးသိန်းပါလာသည်။ ကြည့်ရတာ မာသာ
ထည့်ပေးလိုက်ပုံရသည်။

ဖြူဖြူ ငိုချင်လိုက်တာ။  အသားကုန်
အော်ဟစ်ပြီး ပေါက်ကွဲကာ ဖြူဖြူ
ငိုလိုက်ချင်တယ်။ ဒါပေမဲ့ ကျမလာတဲ့
မျက်ရည်တွေကြောင့်လည်း ဖြူဖြူ
ကိုယ် ဖြူဖြူ စိတ်တိုလို့ မဆုံး။

လောကကြီးက ဖြူဖြူ အပေါ် သိပ်ကို
ရက်စက်တယ်။  ဖြူဖြူ အင်္ဂါမှာ
မိန်းမ အင်္ဂါ အပြင် ယောင်္ကျား အင်္ဂါကြီးပါ
ပါအောင် လုပ်ပေးတဲ့အပြင် အခုလည်း
ဖြူဖြူ က မငိုတတ်တော့။

မုန်းတယ် ဖြူဖြူ မငိုတတ်တာကို ဖြူဖြူ
အရမ်းမုန်းတယ်​...!! 

မျက်လုံးထဲမှာလည်း မာသာ ငိုနေတဲ့
အရိပ်အယောင်တွေက ကပ်ပါလာ၍
စိတ်တိုပြီး ကိုယ့် လက်ကိုယ် ဆွဲစိတ်
နေမိသည်။

ဖြူဖြူ သာ သေသွားရင် ကောင်းမှာပဲ။
ဒါဆိုရင် အခုလောက်ထိ ဖြူဖြူ
ခံစားရတော့မှာ မဟုတ်။

ဘာရယ်မဟုတ် ဒီအခ်ျိန်မှာ ခြားနား
ကို ဖြူဖြူ ကိုယ်ချင်းစာမိသွားသည်။

သူ့က သွေးသစ် ကို ချစ်တဲ့ ထောင့်ငါးရာ
အချစ်ကြောင့် မခံစားလို့ ကိုယ့် ကိုယ်ကို
သတ်သေဖို့ ကြံစည်မိလိုက်ခြင်း။

ဖြူဖြူ ကတော့ ထောင့်ငါးရာထက်
ပိုတဲ့ ငါးရာနှစ်ဆယ့်ရှစ် နဲ့ ထောင့်ငါးရာ
နှစ်ခုပေါင်းထားတဲ့ နှစ်ထောင့်နှစ်ဆယ့်ရှစ်
အချစ်​ကြောင့်​နာကျင်​နေရသည်​။

ဖြူဖြူ အတွက် မာသာ က အမေတစ်ယောက်လို၊
အဖေတစ်ယောက်လို၊  အစ်မ တစ်ယောက်လို၊
အကိုတစ်ယောက်လို စသော နွေးထွေးမှု
များစွာကို ပေးသည်။  မိဘ မေတ္တာက
ငါးရာနှစ်ဆယ့်ရှစ်ဆိုပေမဲ့ မာသာ
ရဲ့ မေတ္တာက ငါးရာနှစ်ဆယ့်ရှစ်ထက်
ပိုသည်။

ချစ်သူတွေရဲ့ ချစ်ခြင်း ထောင့်ငါးရာကိုပါ
လာပေါင်းမယ်ဆိုရင်တောင်မှ မာသာ
မေတ္တာ​တွေကို မယှဉ်နိုင်ပါ။

မာသာကသာ ဖြူဖြူ ဘဝ.. မာသာကသာ
ဖြူဖြူ အသက်။ 

အခုတော့ အဲ့ဒီအသက်လေးကို ဖြူဖြူ
စွန့်ခွာလိုက်ရပြီ။  ဖြူဖြူ လောက်
ကံဆိုးတဲ့သူ ရှိမယ်မထင်တော့။

ဝမ်းနည်းလိုက်တာ...!!  ဝူးဝူးဝါးဝါးနဲ့
ဖြူဖြူ အသားကုန် ငိုယိုပစ်လိုက်ချင်တယ်။

ကျမလာတဲ့ မျက်ရည်ကြောင့်လည်း
လူက ဝမ်းနည်းလို့ မဆုံး။

" ကျစမ်းပါ လွန်ကြိုးဖြူဖြူ ...!!
နင် မျက်ရည် ကျလိုက်စမ်းပါ...!!
ငါ ပြောနေတာကြားလား
နင် မျက်ရည်ကျစမ်းလို့...!! "

" ကဲဟာ..!! မကျချင်အုံး.. !!"

" ဖြန်း... !! "
" ဖြန်း... !! "

" မကျချင်အုံး...!!  "
" ကဲဟာ..!! "

ကိုယ့် ပါးကိုယ် မနားတမ်း ပြန်ရိုက်နေတဲ့
လွန်ကြိုးဖြူဖြူ ကို လမ်းဘေးက
ဖြတ်သွားဖြတ်လာလူတွေက အထူးအဆန်း
လုပ်ပြီး ကြည့်နေကြပေမဲ့ လွန်ကြိုးဖြူဖြူက
ဂရုမစိုက်ခဲ့။  မျက်ရည်မထွက်လို့
သူမ ပါးကိုသာ အပြစ်ပေးပြီး
အဆက်​မပြတ်​ရိုက်နေခဲ့သည်။

အသားဖွေးတဲ့သူဆိုတော့ သူမ မျက်နှာမှာ
လက်ဝါးရာတွေက ခဏလေးနဲ့ ရဲသွား
ခဲ့သည်။

Part  37 မျှော်.......................................
( လွန်ကြိုးဖြူဖြူ ဇာတ်လမ်းက ရှယ်ပလန်
နဲ့ သွားမှာပါ 😍😍😍 ဒါကြောင့်
ပြီးဖို့က အဝေးကြီး လိုပါသေးတယ်
အခုမှ ဇာတ်လမ်းက စတုန်း ရှိပါသေးတယ်
ဒါဒါလေးတွေ😁😍😍 ဒေါ်ဖြူဖြူ အပေါ်
ချစ်သည်းမာန် နဲ့ ခေါင်ယံမှိုင်း အမေ ရိုက်
လိုက်တဲ့ ထိချက်က အတော်ပြင်းတာပဲ 😞😞😞
ခေါင်ကြီး က လန်ဒန်ရောက်နေတော့
ပိုဆိုးပေါ့.. ခေါင်ကြီး သာ သိရင်
ချစ်သည်းမာန် နဲ့ ခေါင်ကြီး အမေ
မလွယ်လောက်ဘူး 😞😞😞)

အချစ်က  သူစေစားရာ ဆိုတဲ့ အတိုင်း
ဒါဒါလေးတွေရင်ထဲ ဝတ္ထုလေးက
ဒါဒါလေးတွေရဲ့ နှလုံးသားကို စေစား
နိုင်​ပါရဲ့လား 😁😁 မစေစားနိုင်ရင်
လေယူရာယိမ်း က မတော်လို့ပါ 😁😁😁

အရင်​က​ခေါင်​ကြီး အရပ်​ကို​ခြောက်​ပေနဲ့
ကိုးလက်​မ လုပ်​ထားမိပါတယ်​
တကယ်​တမ်း​ခေါင်​ကြီး အရပ်​က
​ခြောက်​ပေနဲ့ ငါးလက်​မပါ အဲ့ဒါ
ပြင်​ပြီး ဖတ်​ပေးကြပါအုံး​နော်​ဒါဒါ​လေး​တွေ
မင်​မင်​တောင်းပန်​ပါတယ်​

ချစ်​တယ်​နော်​မင်​မင်​ရဲ့ ခေါင်ကြီး 😆😆🤣🤣
စတာ စတာ ချစ်တယ်နော် ဒါဒါ​လေး​တွေ......
😍😍😘😘ဒီအပိုင်းလေးနဲ့ ပတ်သက်ပြီး
ဒါဒါလေးတွေရဲ့ မန့်ကို မင်မင်လေယူရာယိမ်း စောင့်မျှော်လျက်.. ......😍😍😘😘

#​လေယူရာယိမ်း

Continue Reading

You'll Also Like

944K 49.9K 44
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
314K 25.4K 29
Mini Story Uni Life Style Sweet Romance
184K 4.6K 71
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်