╔═════ ࿇ ═════╗
𝕮𝖍𝖆𝖕𝖙𝖊𝖗 20
𝖆 𝖌𝖔𝖔𝖉 𝖐𝖎𝖘𝖘𝖊𝖗
╚═════ ࿇ ═════╝
ဤသို့ဖြင့် ဂျရယ်မိုင်ရာ၏တိုက်ခန်းအတွင်းသို့ အကုန်လုံး ရောက်ရှိလာကြသည်။ သူတို့အားလုံးကို ဂျရယ်မိုင်ရာက ဧည့်ခန်းထဲမှာထားခဲ့သည်။ သူတို့ဝယ်လာသောအထုပ်များကို ကြမ်းပြင်တစ်နေရာတွင်ချကာ ထိုအထဲမှ အသားငါးအထုပ်များကိုသယ်ယူပြီး မွန်ဒီနှင့်အတူတူ မီးဖိုချောင်ထဲသို့ ဝင်ခဲ့သည်။ ဒေါမနစ်နှင့်ကျန်ဘိုးတော်ကြီးများက တိုက်ခန်းအတွင်းသို့ နေရာအနှံ့လှည့်လည်ကြည့်ရှူနေကြသည်။
ထို့နောက် အားလုံးက သူတို့စပ်စုချင်တိုင်း စပ်စု၍ပြီးသွားကြသည်ါအခါ ဧည့်ခန်းက ဆိုဖာခုံရှည်များပေါ်မှာ နေရာတကျထိုင်ခဲ့ကြသည်။
" ငါတို့ကတော့ ဒင်းကို အင်္ဂလန်တစ်ခွင်မှာ မြေလှန်ရှာခဲ့ရတာ ခုကျတော့ မောင်မင်းကြီးသားက ဒီမှာနေနေတာကိုး ... "
အဘင်ကနေ သူတို့ဖရီးမန်းတစ်မျိုးလုံး ဂျရယ်မိုင်ရာရှာပုံတော်ကို ရက်သတ္တပတ်အတော်ကြာအထိလုပ်ခဲ့ကြကာ၊ နေရာအနှံ့စုံစမ်းခဲ့ကြပြီး ပင်ပင်ပန်းပန်းရှာဖွေခဲ့ကြရသည့်နေ့ရက်များကို မြင်ယောင်လျှငါ မကျေနပ်မှုရေးတေးတေးလေးဖြင့် ပြောလိုက်သည်။ ယခုကဲ့သို့ ဂျရယ်မိုင်ရာကို အလွယ်တကူ ရှာတွေ့ခဲ့ကြပုံမှာ ဤသို့ပင်။
လွန်ခဲ့သော ၂ ရက်ကဖြစ်သည်။ မထင်မှတ်သည့်နေရာတစ်ခု၌ ဆိုင်တစ်ဆိုင်ထဲကနေ ပစ္စည်းများနှင့်အတူ ထွက်လာခဲ့သော ဂျရယ်မိုင်ရာကို ဂျရယ်မိုင်ရာ၏အဘိုးဖြစ်သူ ဂရေဟမ်ကနေ တွေ့ရှိခဲ့သည်။ ထို့ကြောင့် ဖရီးမန်းဘိုးတော်ကြီးများက ယနေ့တွင်ဂျရယ်မိုင်ရာကို စောင့်ဖမ်းဖို့ ပြင်ဆင်ခဲ့ကြခြင်းသာ။ ဂျရယ်မိုင်ရာ စံအိမ်တော်သို့ပြန်မလိုက်လျှင်လည်း သူ့အားဝိုင်းသမဖို့ လက်သီးလက်မောင်းတန်းလာခဲ့ကြသည်။
သို့သော် ဂျရယ်မိုင်ရာက ယခုအချိန်မှာ အလွန်တည်ငြိမ်အေးဆေးနေပြီဖြစ်သောကြောင့် သူတို့လည်းအခြေအနေပေါ်မူတည်ပြီး အိမ်တော်ပြန်လာရန် စည်းရုံးဖို့လွယ်ကူလောက်သည်။ အိမ်နောက်ဖေးမီးဖိုချောင်မှာတော့ ဂျရယ်မိုင်ရာက ဝယ်လာသော ဟင်းချက်စရာများကို ချက်ပြုတ်ပြင်ဆင်နေခဲ့ကြသည်။ မွန်ဒီက ဝိုင်းကူခဲ့သည်။
စပ်စုစိန်မွန်ဒီကလည်း ကြိုးစားပမ်းစား ဟင်းချက်သင်ယူနေပြီး ဟင်းလျာအရသာများကို မြည်းစမ်းဖို့ အလွန်စိတ်အားထက်သန်နေခဲ့၏။ ခဏအကြာမှာ မီးဖိုချောင်ကနေ ဧည့်ခန်းထဲသို့ ဂျရယ်မိုင်ရာ ထွက်လာခဲ့သည်။
" အဖေကြီးတို့ ... ကျွန်တော့်နောက်ကို ဘယ်လိုခြေရာခံလိုက်လာကြတာလဲ "
ဂျရယ်မိုင်ရာ လှမ်းမေးလိုက်သောအခါ ဒေါမနစ်က ဖြေဖို့ပြင်သည်။
" ငါးမြွေထိုးကောင်၊ ခုမှလာပြီး ဘယ်လိုရှာတွေ့လဲနဲ့။ မင်းကို လွန်ခဲ့တဲ့အပတ်တွေထဲက အကုန်လုံးပတ်ရှာနေကြတာ။ မနေ့တနေ့က မင်းအဘိုးနဲ့ သူ့တပည့်တွေ ဆိုင်တစ်ဆိုင်ထဲက ထွက်လာတဲ့ မင်းကိုတွေ့လိုက်ကြလို့သာ မင်းပုန်းနေတာ ဒီနေရာမှန်းသိတာ "
" ဪ ... "
" ဘာ ဪလဲ၊ လက်သီးနဲ့ ပိတ်ထိုးလိုက်လို့ သေဦးမယ်။ အိမ်ပေါ်ကဆင်းသွားပြီး ဂြိုဟ်အတောင့်လိုက် မွှေထားတဲ့ကောင် ... မင်းရဲ့teleport ကိုလည်း ငါတို့ခြေရာခံလို့မရအောင်လုပ်ထားသေးတယ်"
ဒေါမနစ်က ဒေါသတကြီးဖြင့် ပြောနေသော်လည်း ဂျရယ်မိုင်ရာက တည်တည်ငြိမ်ငြိမ်လေးဖြင့် မခုတ်တတ်သည့်ကြောင်တစ်ကောင်လို နေနေ၏။
ဖအေလုပ်သူက စိတ်တိုတိုဖြင့် ဆူပူနေသေလောက်၊ သားဖြစ်သူမှာ ဘာမှမဖြစ်သကဲ့သို့ နေနိုင်လွန်းသည်။ ဒေါမနစ်လည်း ဤကဲ့သို့အေးဆေးနေနိုင်လွန်းသော ဂျရယ်မိုင်ရာကို ပိုကြည့်မရလာရင်း အော်လိုက်၏။
" မင်း ငါ့အသံကို ကြားရော ကြားရဲ့လား ဂျရယ်မိုင်ရာ "
" အင်း ကြားတယ်လေ "
" ဒါဆို ပြန်ဖြေလေကွ "
" ဘာဖြေရမှာတုန်း "
" ဟ ... မင်း ဟိုခွေးနဂါးကောင်တွေဆီ သွားမွှေထားတဲ့ ကိစ္စ၊ ဒင်းတို့ ဗိုလ်ချုပ် ခရစ်စတိုဖာဆိုတဲ့ကောင်နဲ့ သွားဇယားရူပ်ထားခဲ့တာလေ "
ဂျရယ်မိုင်ရာက နှာခေါင်းကနေ လေတစ်ချက်မှုတ်ထုတ်လိုက်ရင်း ...
" အဖေ ... အဲဒီကိစ္စတွေကို ပြန်အစမဖော်ပေးရင် ကောင်းမယ်။ ကွဲထားတဲ့ အသည်းပြန်ဆက်ဖို့ ခက်နေလို့တောင် မနည်းကုစားထားရတာ "
သားဖြစ်သူဘက်က တုံ့ပြန်လိုက်သောအဖြေကြောင့် ဒေါမနစ်၏ဆက်ကြိမ်းမောင်းချင်မေသော စကားလုံးများကလည်း လေထဲမှာတန့်ခနဲ ဖြစ်သွားရသည်။ ကျန်သည့်ဘိုးအေများကလည်း ဂျရယ်မိုင်ရာကိုသာ ကြောင်ကြည့်နေကြလျက်။
" အဖေတို့မှ မသိတာ ... ခရစ်စတိုဖာနဲ့ ကျွန်တော်က ငယ်ငယ်လေးထဲက သိခဲ့ကြတယ်ဆိုတာ။ ထားပါတော့၊ အားလုံးဟာ ပြီးခဲ့ပြီပဲ။ ကျွန်တော့်ကို လာအိမ်ပြန်ခေါ်တာမလား ... ပြနါလိုက်ခဲ့ပါ့မယ်။ ခုတော့ နေ့လည်စာ စားပါရစေအုံး၊ ဟင်းတွေရခံနီးနေပြီ"
ဒေါမနစ်က ဘာမှပြန်မပြောဘဲ နူတ်ဆိတ်နေခဲ့သည်။ခဏနေတော့ မွန်ဒီက တဟီးဟီးနှင့်ရယ်ပြီး ပင်လယ်စာအစုံအိုးကို ဒေါမနစ်တို့ရှေ့က စားပွဲခုံရှည်ဆီ သယ်လာပေးခဲ့သည်။
" ဟင် နောက်ဖေးမီးဖိုချောင်မှာ မစားကြဘူးလား "
မွန်ဒီကနေ အိုးကို စားပွဲပေါ် ချလိုက်သည့်အခါ အဘင်ကမေးခဲ့သည်။
" နောက်ဖေးထမင်းစားခန်းမှာ စားပွဲခုံမရှိနေဘူး။ ဘာစားစား ဒီမှာပဲ စားကြလို့ ဟဲဟဲ "
ဤသို့ဖြင့် မကြာခင်အချိန်တွင် ဂျရယ်မိုင်ရာက စားပွဲခုံပေါ်မှာ ပန်းကန်ခွက်ယောက်များ၊ တူနှင့်ဇွန်းခက်ရင်းများကိုချခဲ့သည်။ မွန်ဒီကလည်းစားစာရာသောက်စရာအစုံအလင်ကို တစ်ခုပြီးတစ်ခုကို ဝိုင်းကူချပေးသည်။ ထို့နောက် ဂျရယ်မိုင်ရာနှင့်မွန်ဒီလေးအတွက် ဆိုဖာခုံမှာ ထိုင်စရာမရှိတော့သဖြင့် ကြမ်းပြင်ပေါ်မှာပဲ ထိုင်စားခဲ့ကြသည်။ ပင်လယ်စာမျာဒကို အားပါးတရ စားနေသည့် မွန်ဒီ၏ပုံစံက အားလုံးကို တအံ့တဩဖြစ်စေခဲ့သည်။
" မွန်ဒီ ... အစကတော့ သူတို့လေးတွေ သနားလို့ ဘာဖြစ်လို့နဲ့ မျက်ရည်စက်လက်နဲ့၊ ခုကျတော့ အငမ်းမရစားနေလိုက်တာ အငတ်မ"
" စားကောင်းတယ်လေ၊ ဂျရယ်ပဲ မွန်ဒီ ကိုယ်တိုင်မသတ်ထားရင် အပြစ်မရှိဘူး။ ဒါ သဘာဝရဲ့ အစာကွင်းဆက်မို့ စားလို့ရတယ်ဆို "
" အွန်းပါ၊ ကြိုက်သလောက်စား။ မဝရင် ပင်လယ်ထဲက အကောင်တွေပါ သွားဖမ်းသတ်ပေးပြီး ချက်ပေးမယ် မွန်ဒီလေးအတွက် "
" ရားးးး မသတ်ရပါဘူး "
မွန်ဒီက စားနေရင်း တန်းလန်းပလုပ်ပလောင်းဖြင့် ဂျရယ်မိုင်ရာကို စိတ်တိုတိုဖြင့် အော်လိုက်သည်။ မွန်ဒီက သူမကိုနောက်ပြောင်နေသော ဂျရယ်မိုင်ရာကို နူတ်ခမ်းတစ်တောင်လောက်ထော်ကာ မျက်စောင်းထိုးနေခဲ့သည်။
" ခစ်ခစ်ခစ် "
ဂျရယ်မိုင်ရာ တခစ်ခစ်ရယ်နေခဲ့သည်။ ထိုအချိန်မှာ ဒေါမနစ်က သူ့ရှေ့တွင်အစားပလုတ်ပလောင်းစားနေသောမွန်ဒီ့ကို တူကိုင်လျက်သားအနေအထားတစ်ခုမှာ သေချာစိုက်ကြည့်နေခဲ့ပြီးနောက်။
" မင်း မွန်ဒီနဲ့ ဘယ်လိုတွေ့ခဲ့တာလဲ "
" ဂျရယ်လား၊ သူ Siren တွေ လိုက်သတ်လို့ ပြေးနေတုန်း ကျွန်မ ဝင်ကယ်လိုက်တာလေ။ ကျွန်မသာမကယ်ခဲ့ရင် သူသေမှာ ..."
မွန်ဒီက ဂျရယ်မိုင်ရာဘက်က ဘာမှအဖြေမပေးခင် သူမက အစားပလုပ်ပလောင်းစားနေရင်း အရင်ဦးစွာဖြေခဲ့သည်။
" ဟမ် သူက ဘယ်လိုရေထဲရောက်သွားတာတုန်း "
ဒေါမနစ်က အံ့အားသင့်စွာ မေးသည်။
" သူပြောတာတော့စိတ်ညစ်လို့ ခေါင်းဆေးတဲ့အနေနဲ့ ရေထဲခုန်ချတယ်ပြောတာပဲ "
မွန်ဒီက ဒေါမနစ်ကို တစ်ချက်မှမကြည့်ဘဲ သူမ ပန်းကန်ထဲက ပုဇွန်များနှင့်ဂဏန်းများကိုအာရုံအပြည့်ဖြင့် တကျွတ်ကျွတ်ကိုက်စားနေခဲ့ကာ စကားပြောနေသည်။ မွန်ဒီ၏အဖြေကြောင့် ဖရီးမန်းဘိုးတော်တစ်သိုက်လည်း မျက်လုံးများပြူးပြီး ပုဇွန်စားနေသောဂျရယ်မိုင်ရာကို ကြည့်ခဲ့ကြသည်။ ဂျရယ်မိုင်ရာကလည်း သူ့ကို သူ့ဘိုးအေများဝိုင်းကြည့်နေကြမှန်း ခံစားမိ၏။ သို့သော် သူ့ပုဇွန်ကိုသာ ဟန်မပျက်ဆက်စားနေခဲ့သည်။ သူတို့လည်း ဂျရယ်မိုင်ရာကို အကြောင်းအရင်းအပြည့်အစုံအား သေချာဆက်မမေးဘဲ ချောင်းဟန့်နေခဲ့ကြသည်။
" ခု မင်းကရော ပင်လယ်ထဲ ပြန်မသွားတော့ဘူးလား။ လူတွေနဲ့ရေသူမက အတူတူနေဖို့ဆိုတာ ခက်ခဲလွန်းမယ် "
အဘီကတော့ မွန်ဒီလေးကို မေးလိုက်သည်။
" လွမ်းရင်တော့ ခဏပြန်မှာပေါ့။ ဒါပေမဲ့ ခုတော့ ဒီမှာပျော်နေပြီ။ ဂျရယ်နဲ့ အတူတူနေဖို့ ဆုံးဖြတ်ထားတယ် "
မွန်ဒီက ဂဏန်းလက်မကြီးကို သူမ၏သွားလေးများဖြင့် တကျွတ်ကျွတ်ကိုက်နေပြီး အသားများကို တမြုံ့မြုံ့စားနေသည်။
" ဒါဆိုလည်း ငါတို့ ဒီရေသူမလေးကို မိသားစုဝင်အသစ်အနေနဲ့ လက်ခံလိုက်ကြတာပေါ့ "
ထိုကဲ့သို့ အဘောကနေပြောလာသည့်အတွက် အားလုံးကလည်း မကန့်ကွက်ကြသည့်အပြင် ခေါင်းငြိမ့်ကြသည်။
" ဟာ တကယ်လား.... ဒါဆို ကျွန်မမှာ မိသားစုအကြီးကြီးရှိသွားပြီပေါ့။ ဟီးဟီး ပျော်တယ် ပျော်တယ်"
အဘောဖြစ်သူတီမိုသီက ပြောလိုက်သည့်စကားကို မွန်ဒီကြားလိုက်ရလျှင် စိမ်းပြာပြာမျက်လုံးလေးများဖြင့် အတိုင်းမသိပျော်ရွှင်သွားသည်။
" ဒါဆို သူတို့က မင်းရဲ့ဘိုးဘိုးကြီးတွေ ဖြစ်သွားပြီ။ မင်းက သူတို့ရဲ့ မြေးပေါက်စလေးပဲ။ အိမ်တော်ရောက်မှ မင်းကို အမျိုးတော်စပ်ပုံတွေ သေချာသင်ပေးမယ် "
" ဟီးဟီး မြန်မြန်စားမယ်၊ မြန်မြန်အိမ်တော်သွားရအောင် "
ဂျရယ်မိုင်ရာ၏စကားက မွန်ဒီလေးအတွက် ပိုပျော်ရွှင်သွားရကာ အားတက်စေခဲ့သည်။ ထို့နောက် အားလုံးစားသောက်ပြီး၍ သိမ်းဆည်းကြသည်။ မကြာခင်မှာ ကားကိုယ်စီဖြင့် အိမ်ပြန်ခဲ့ကြသည်။
(မှတ်ချက်။ ။ ဒီနေရာမှာ ရှင်းပြချင်တာက ဂျရယ်မိုင်ကလွဲလို့ သူ့ဘိုးတော်တွေက သူတို့ကားတွေကို ကိုယ်တိုင်မမောင်းကြပါဘူး။ ကားဒရိုင်ဘာတွေကသာ မောင်းပေးကြပြီး အိမ်တော်ဆီ ပြန်ခဲ့ကြတာပါ။ သူတို့ကားပေါ်မှာ တခြား Best man တွေလည်းပါပါတယ်။ ဂျရယ်ကတော့ သူ့ဘာသူမောင်းပြီး မွန်ဒီလေးနဲ့Freeman စံအိမ်တော်ဆီ ပြန်လာခဲ့ပါတယ်။ )
➥ ➥ ➥ ➥ ➥
" အဟွတ်ဟွတ် "
" Ahhh... You made me feel so good, bae boo. It's like a wonderful paradise. Thank you, bae. I love you so much. And you?"
ဂျရယ်မိုင်ရာက သူ့ကိုယ်အောက်မှာ မောဟိုက်နေသော ခရစ်စတိုဖာ၏ပါးပြင်လေးများနှင့် နူတ်ခမ်းလေးများကို တယုတယ ပွတ်သပ်ပေးနေရင်း၊ အကြင်နာမျက်လုံးလေးများဖြင့် သိမ်မွေ့စွာ စိုက်ကြည့်နေသည်။
" I love you so much , too. My love.... "
ခရစ်စတိုဖာတစ်ယောက် သူ့အိမ်မက်ကနေ ထိတ်ထိတ်လန့်လန့်ဖြင့် နိုးထာလာသည်။ သူ့နှလုံးသားတစ်ခုလုံးမှာ တဒိန်းဒိန်းနှင့်တုန်လှုပ်နေသည်။ အကယ်၍များ သူသာအိမ်မက်ကနေ လန့်သာမနိုးလာခဲ့ရင် ပိုကြောက်စရာကောင်းသောအိမ်မက်များကို ဆက်မက်နေရနိုင်သည်။ အိမ်မက်လို့မထင်ရလောက်အောင် လက်တွေ့ဆန်လွန်း၏။ ဂျရယ်မိုင်ရာနှင့်သူတို့နှစ်ဦးလုံး တကယ်ကြီးအချစ်ကမ္ဘာထဲတွင် ပျော်မြူးနေခဲ့သည့်အတိုင်းပင်။
သူ စိတ်တအားရူပ်ပြီး ရှက်သွေးဖြာသွားခဲ့ရင်း ....
" အားးးးး ဂျရယ်မိုင်ရာ။ ငါ့ကို အိမ်မက်ထဲထိတောင် အလွတ်မပေးတဲ့အကောင် "
ခရစ်စတိုဖာတစ်ယောက် မနေ့ညကမက်ခဲ့ အိမ်မက်ကမူ သူ့အတွက်အတော်လေးရှက်စရာကောင်းလွန်းခဲ့ပြီး ၎င်းအိမ်မက်ကို သူ့မသိစိတ်က 'မတွေးဘူး'ဟု ဖျောက်ဖျက်ထားသော်လည်း ထပ်တလဲ တွေးမိနေသည်။ ၎င်းအိမ်မက်ကား တခြားမဟုတ်ပေ။
သူနှင့်ဂျရယ်မိုင်ရာနှစ်ယောက်သား ကုတင်ပေါ်မှာ ချစ်တင်းနှောခဲ့ကြသည့်အိမ်မက်တစ်ခုဖြစ်နေခဲ့သောကြောင့် စိတ်ထဲတွင်ပြန်ပြန်ပေါ်လာတိုင်း ရင်တဒိတ်ဒိတ်တုန်ပြီး ကိုယ်ပေါ်မှာကြက်သီးမွှေးညင်းများထသွားရသည်အထိပင်။ ကြက်သီးတဖြန်းဖြန်းထားမိတိုင်း သူ့လက်နှစ်ဖက်က အလိုအလျောက် သူ့လက်မောင်းနှစ်ဖက်ကို ပွတ်သပ်ပေးမိသည်။
သူက ဂါဗင့်အနားမှာ တစ်မနက်လုံး stand by ရပ်စောင့်နေခဲ့ရသည်။ ဂါဗင်လည်း အိနြေ္ဒမရနေသောခရစ်စတိုဖာကို တစ်ချိန်လုံးသတိထားကာ အကဲခတ်မိနေသည်။ ယခု သူ Ipad ကို ကြည့်နေတုန်းမှာ ခရစ်စတိုဖာဘက်ကို လှည့်ကြည့်မိလျှင် ခရစ်စတိုဖာက သူ့လက်မောင်းများကို ပွတ်သပ်နေသည်ကိုတွေ့ရသည်။
အပြင်လူများအမြင်မှာ ခရစ်စတိုဖာကို ကြည့်ပါက အင်မတန်ချမ်းနေပုံပေါ်သော်လည်း ခရစ်စတိုဖာအတွက်မူ သူမက်ခဲ့သည့်အိမ်မက်ဟာ တကယ်ဖြစ်နေခဲ့သည့်အတိုင်း အိမ်မက်အစအဆုံးကို မှတ်မိနေခဲ့သောကြောင့် စိတ်သက်သောင့်သက်သာမဖြစ်နေပေ။
" ဟေး ခရစ်စတိုဖာ ... မင်း နေမကောင်းဘူးလား။ အရမ်းချမ်းနေတာလား။ နေလို့မကောင်းရင်လည်း မင်းအခန်းထဲ ပြန်အနားယူတော့ "
ဂါဗင်က ခရစ်စတိုဖာကို တည်ငြိမ်ပြီးဩဇာညောင်းသောအသံတစ်ခုနှင့်အတူ ပြောလာသည်။ သို့ပေမဲ့ ခရစ်စတိုဖာက ဂါဗင့်စကားကို တစ်လုံးမှမကြားခဲ့ဘဲ ရှေ့ကရေကူးကန်ကိုသာ အသိစိတ်လွတ်နေကာ စိုက်ကြည့်နေသည်။ ဂါဗင်က ခရစ်စတိုဖာကို သတိပြန်ဝင်လာအောင် 'တဟေးဟေး'နှင့်လက်ဖျောက်တီးကာ ခေါ်နေခဲ့ရသည်။ လက်ဖျောက်တီးပြီးအော်ခေါ်နေတာတောင် သတိမကပ်နိုင်သေးသည့် ခရစ်စတိုဖာကို ဂါဗင်က နောက်ဆုံးမှာ အသံဟိန်းဟိန်းဖြင့် အော်ခေါ်ခဲ့ရသည်။
" Christopher !! "
" Yess !! "
ဂါဗင်၏အသံအောင်မှုကြောင့် ခရစ်စတိုဖာလည်း မှောင်မိုက်သည့်ညကအိမ်မက်ထဲတွင် ပြန်နစ်မွန်းနေရာမှ လန့်ဖျပ်ကာ သတိဝင်လာပြီး ဂါဗင့်ကို ချက်ချင်းတုံ့ပြန်မိသည်။ ဂါဗင်က သူ့ကိုမျက်မှောင်မှုန်ကုတ်ပြီး စိုက်ကြည့်နေတာကို မြင်လျှင် မျက်လုံးပြူးရင်း ကြည့်နေမိသည်။
" အရှင်မင်းသား ... ကျွန်တော့်ကို ဘာ-ဘာ ခိုင်းချင်လို့လဲ "
" ဘာမှမခိုင်းပါဘူး။ မင်းပုံစံက တစ်မနက်လုံး စိတ်နဲ့ကိုယ်နဲ့မကပ်နေလို့လေ။ မင်းနေမကောင်းနေဘူးဆိုလည်း အခန်းထဲ သွားနားရင်နားလို့ စောစောထဲက ငါမင်းကို ပြောနေခဲ့တာ ... မင်းကနားလေးနေတယ် "
" အာ ... တောင်းပန်ပါတယ် အရှင်မင်းသား။ ဟုတ်တယ် ... ကျွန်တော်ခေါင်းမူးပြီးနေလို့ မကောင်းနေဘူး၊ ဖျားချင်နေတယ်"
" အေး ... အဲဒါဆိုလည်း ဆေးရုံလေး ဘာလေးသွားပြလိုက်။ ဒီနေ့ အီတလီက ငါ့မိတ်ဆွေမာဖီးယားကောင်တွေနဲ့ လုပ်ငန်းဆွေးနွေးပွဲ သွားတက်လည်း မင်းမလိုက်နဲ့တော့။ နေခဲ့လိုက် "
" အမိန့်တော်အတိုင်းပါ အရှင်မင်းသား "
" အင်း သွားလိုက်တော့ "
ခရစ်စတိုဖာလည်း ဂါဗင်ကိုအရိုအသေပြုပြီး သူ့အခန်းထဲသို့ ပြန်လာခဲ့သည်။ အခန်းထဲသို့ ရောက်သောအခါ ခရစ်စတိုဖာလည်း သူ့ခေါင်းတစ်ခုလုံးကို ခါရမ်းလိုက်ပြီး သက်ပြင်းတစ်လုံးချင်းစီ ချနေမိသည်။ သူ့စိတ်ထဲမှာ အတွေးစမ်းချောင်းများစွာ စီးဆင်းလာသည်။
'ငါ ဘာတွေဖြစ်နေရတာလဲ။ ဒီကောင့်အကြောင်း ခေါင်းထဲက မထုတ်နိုင်သေးပါဘူးဆို အိမ်မက်ကပါ လာဒုက္ခပေးပြန်ပြီ။ အိမ်မက်မို့နေသာသေးတယ်။ '
သူ စိတ်တအားရှူပ်လာပြီး ရေချိုးခန်းထဲ ဝင်သွားသည်။ ရေချိုးဇလားထဲက ရေဘုံပိုင်ကို ဖွင့်ချလိုက်ရင်း ရေအပြည့်ဖြည့်သည်။ ထို့နောက် သူ့အင်္ကျီနှင့်ဘောင်းဘီများကိုချွတ်လိုက်ပြီး အဝတ်စင်မှာ လှန်းလိုက်သည်။ သူ့ဘောင်းဘီအိတ်ကပ်ထဲက ဖုန်းကိုတော့ ဇလားကန်ဘောင်ပေါ်က နေရာလွတ်တစ်ခုမှာ တင်ထားခဲ့သည်။ ပြီးလျှင် ရေပန်းကိုဖွင့်ချကာ ရေဝင်စိမ်နေ၏။ စိတ်ရူပ်နေခဲ့သမျှပြေပျောက်စေရန် ရေပန်းကရေစက်များအောက်မှာ ဦးခေါင်းကိုခံထားရင်း အပန်းဖြေနေမိသည်။
မည်သို့ပင်ဆိုစေကာမူ ဂျရယ်မိုင်ရာပေးပို့သောညစ်တီးညစ်ပတ် messageများ၊ ပလီပလာလုပ်ထားသည့်smsများက သူ့ဖုန်း notificationတွင် မပေါ်လာခဲ့သည်မှာ အတော်အတန်ကြာလေပြီ။ ကန်ဘောင်က သူ့ဖုန်းကိုယူလိုက်ပြီး ဂျရယ်မိုင်ရာနှင့်chat ခဲ့သမျှ conversation အဟောင်းများကို ဖွင့်ကြည့်နေမိသည်။ သူ့စိတ်ထဲတွင် ဂျရယ်မိုင်ရာများ စာပို့လာမလားကိုလွမ်းနေခဲ့သော်ငြားလည်း သူ ဤအမှန်တရားကို လက်မခံနိုင်ပါပေ။
သူယခုဖြစ်နေသည့်ပုံစံကို ဘေးလူတစ်ယောက်အနေနှင့် ကြည့်နေမည်ဆိုလျှင် သူ့ပုံစံမှာ ဂျရယ်မိုင်ရာ့ကိုအလွန်လွမ်းနေခဲ့ကြောင်း တပ်အပ်ပြောနိုင်ပေသည်။ ဂျရယ်မိုင်ရာ သူ့ကိုပို့ခဲ့သမျှစာအားလုံးက ညစ်တီးညစ်ပတ် နောက်ပြောင်ထားခဲ့သည့်သာများက အများဆုံးဖြစ်သည်။ သို့သော် ခရစ်စတိုဖာ့ခမျာ စာအဝင်မရှိတော့သည့် ဂျရယ်မိုင်ရာ၏ဖုန်းနံပါတ်လေးကို စိုက်ကြည့်ရင်း သူ့စိတ်ထဲမှာ တွေးနေမိသည်က။
'ဂျရယ်မိုင်ရာ သူ့ကိုအမုန်းကြီး မုန်းသွားခဲ့ပြီလား။ '
သူ ဟော်တယ်မှာ ဒေါသတကြီးပြောလိုက်မိသမျှ စကားလုံးတိုင်းဟာ သူ့ရင်ထဲကမပါခဲ့ဘဲ ပြောမိခဲ့ကြောင့် သူ လွမ်းနေရသူက သိနိုင်တော့မည်မဟုတ်ပေ။ သူ ဂျရယ်မိုင်ရာကို စိတ်ထဲပေါ်လာသမျှပိတ်ပြောခဲ့ပြီး နှပြားမတန်အောင် မောင်းထုတ်မိသည့်နေ့က သူသိခဲ့သည်။
သူ သေသေချာချာ သိခဲ့ရသည်။
သူ့ကို သေချာစိုက်ကြည့်နေခဲ့သော ထိုအမျိုးသား၏နီလာရောင်မျက်လုံးများဟာ သူ့အပေါ် ဘယ်လောက်ထိ လေးလေးနက်နက် သံယောဇဉ်ရှိခဲ့ကြောင်း၊ ထိုအမျိုးသား၏ အပြုအမူအပြောအဆိုအားလုံးဟာ အစစ်အမှန်များသာဖြစ်ခဲ့ကြောင်း။ ထိုလူသားအပေါ် ပြောမိခဲ့သည့်စကားများကို ပြန်လည်တွေးတောမိတိုင်း နှလုံးသားက တဆစ်ဆစ်နာကျင်နေခဲ့ရသည်။
ဂျရယ်မိုင်ရာ့အပေါ် သူ့ဘက်ကလည်း ခံစားချက်အချို့ရှိနေခဲ့သည်။ ထိုအမတရန်သူတော်ကို သူ့စိတ်က မုန်းမရလို၊ချစ်ရမလို အချိန်တိုင်း ဒွိဟဖြစ်နေမိသည်။ သို့သော်လည်း မနေ့ညက သူ့ဘဝမှာ တစ်ကြိမ်တောင်မမက်ခဲ့ဖူးသော ရှက်စရာအိမ်မက်ကြီးက အင်မတန်ကြောက်စရာကောင်းခဲ့သား။
" အားးးး စိတ်ရူပ်လိုက်တာ "
ခရစ်စတိုဖာလည်း စိတ်ပေါက်ပေါက်နှင့် ' အား ' လို့ အကျယ်ကြီး အော်ပစ်လိုက်သည်။ သူ ရေချိုးတော့မှ စိတ်ပိုရူပ်ထွေးလာသည်။
ယခုအချိန်တွင် သူ့ရင်ထဲက ခံစားချက်အစစ်အမှန်အားလုံးကို သူကိုယ်တိုင်နားမလည်နိုင်ခဲ့ရင်တောင် ကိုတတစ်ဦးတည်းသာ သူ့ခံစားချက်အကုန်လုံးနီးပါးကို ဧကန်မုချသိနေလိမ့်မည်။
➥ ➥ ➥ ➥ ➥
ည ၇ နာရီခွဲဖြစ်သည်။ ဂါဗင်က " အော်ဂတ်စတင်" နိုက်ကလပ်ကြီး၏ VVIP အခန်းတစ်ခုတွင် သူ၏အီတလီမာဖီးယားမိတ်ဆွေများဖြင့် အချိန်အတော်ကြာကြာ အရက်သောက်နေခဲ့သည်။ အလွန်သွေးအေးပြီး အလုပ်ကြိုးစားသော သတ္တဝါတစ်ကောင် (သို့မဟုတ်) အလုပ်နှင့်သူ့မိသားစုအတွက်သာ အမြဲခေါင်းထဲထည့်ထားတတ်သောသတ္တဝါကို ပြသပါဆိုလျှင် ဂါဗင်ကို လက်ညိုးညွှန်ပြရပေမည်။
ဂါဗင့်ဘဝတစ်လျှောက်လုံးတွင် တစ်ယူသန်မှုတစ်ခုရှိနေခဲ့၏။ သူက မိသားစုနှင့်ပတ်သက်လာလျှင် အလွန်အတ္တကြီးသူဖြစ်ရုံမက သူ့ဘဝတစ်ခုလုံးတွင် မိသားစုသာ အရေးပါဆုံးအရာပင်။ သူသည် ငယ်စဉ်တောင်ကျေး ကလေးဘဝမှစ၍ အမတရန်သူတော်များကို လွန်စွာစက်ဆုပ် မုန်းတီးခဲ့သူ။
သူ အသက် (၅)နှစ်အရွယ်မှာ မယ်တော်ဖြစ်သူက ၎င်းအမတရန်သူတော်များနှင့် ဖြစ်ပွားခဲ့သည့်စစ်ပွဲတစ်ခု၌ မိစ္ဆာနှိမ်နင်းသူတစ်ယောက်၏လက်ချက်ဖြင့် နေရာမှာတင် ပွဲချင်းပြီးနတ်ရွာစံသွားခဲ့သည်။ ထိုမြင်ကွင်းအစအဆုံးကို ဂါဗင်တွေ့ခဲ့သည်။
သူ့မယ်တော်ကွယ်လွန်သွားခဲ့သောနေရာကနေ ခပ်ဝေးဝေးတွင်ရှိခဲ့သည့်သစ်ပင်ကြီးတစ်ပင်နောက်ကွယ်မှာ ညီတော်မာစီရာလေးနှင့်အတူ တုန်လှုပ်ချောက်ချားစွာ မြင်တွေ့ခဲ့ရပြီးနောက် ကြိတ်မှိတ်ကာ ငိုနေခဲ့ရသည်။ ဂါဗင်၏ မယ်တော်သည်လည်း ရေခဲနဂါးမိစ္ဆာတစ်ကောင်ပင်။ သူ့မယ်တော် အသတ်ခံလိုက်ရသည့်မြင်ကွင်းကို မျက်စိဖြင့်သူကိုယ်တိုင်မြင်ပြီးသည့်အချိန်မှစ၍ သူ့ရင်ထဲ အသည်းထဲကပင် နာကျည်းခဲ့သည်။
ထို ' အမတရန်သူတော်များကို ' သူအလွန်မုန်းတီးသည်။
သူ့မယ်တော်ဆုံးသွားပြီးနောက်ပိုင်းတွင် ညီအစ်ကိုနှစ်ယောက်လည်း မိစ္ဆာနှိမ်နင်းသူများရန်မှ လွတ်ရာကျွတ်ရာသို့ အသက်လုပြေးလာခဲ့ကြသည်။ တောအုပ်ကြီး၏တစ်နေရာအရောက်တွင် သူတို့၏ဖခမည်းတော်ဖြစ်သူ ဂျက်ဖရီနှင့် ဆုံတွေ့ခဲ့ကြသည်။ ထို့အပြင် သူ၏ဘိုးဘေးဘီဘင်အများစုကလည်း လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် မိစ္ဆာနှိမ်နင်းသူများ၏ကွပ်မျက်သုတ်သင်ခြင်းကို အကြိမ်ကြိမ်ခံခဲ့ကြရသည်။ သို့ဖြစ်၍ သူ့တွင် ဆွေမျိုးအနည်းငယ်သာကျန်ရှိတော့သည်။
ထို့အတွက်ကြောင့် သူ့အိမ်မက်ကိုပြောပြပါဆိုလျှင် သူအရွယ်ရောက်လာပါက သူ့မယ်တော်နှင့်ဘိုးဘေးဘီဘင်များကို သတ်ဖြတ်ခဲ့သော အမတရန်သူတော်များအားလုံးကို အပြတ်ချေမှုန်းနိုင်ရမည့်အိမ်မက်တစ်ခုသာ။ ညီအစ်ကိုနှစ်ယောက်စလုံးလည်း သူတို့၏ဖခမည်းတော်ကို မြင်လျှင်မြင်ချင်း ပြေးဖက်ငိုခဲ့ကြကာ သူတို့၏မယ်တော်ကွယ်လွန်ခဲ့ရပုံကို တစ်ယောက်တစ်ပေါက် ပြန်တိုင်ခဲ့ကြသည်။
ထိုစစ်ပွဲ၌ သူတို့၏ဆွေမျိုးသားချင်းများတွင် အသက်ရှင်ကျန်ရစ်ကြသူ အနည်းငယ်သာရှိခဲ့ပေသည်။ ထိုအချိန်မှစ၍ ဂါဗင်တို့က တခြားအသက်ဘေးလွတ်မြောက်လာခဲ့ကြသော သူတို့၏နဂါးမိစ္ဆာအမ်ျိုးအနွယ်များ၊ တခြားသောမိစ္ဆာအမျိုးအနွယ်များဖြင့် မျိုးဆက်သစ်တစ်ခု၊အင်ပါယာအသစ်တစ်ခုကို ထူထောင်ခဲ့ကြသည်။ ထိုအင်ပါယာကား ၁၉ ရာစုနှောင်းပိုင်းကနေ ယနေ့၂၁ ရာစုအထိ အန်တိုနီလီပေ့မျိုးနွယ်အနေဖြင့် တစ်စတစ်စ ကြီးစိုးလာခဲ့သည်မှာ ယနေ့ထက်တိုင်ပင်။
VVIP အခန်းထဲတွင် မီးအနီ အလင်းရောင်တို့က လွှမ်းမိုးထားပြီး အခန်းသည် ပြင်ပကသီချင်းသံများ၊ ဆူညံသံများမကြားရသည်အထိ အသံလုံ၏။ အခန်းတွင်း Aircon ဖွင့်ထားသဖြင့် လေထုအေးတို့က ဂါဗင်နှင့်အီတလီမာဖီးယားတို့ကို အပြည့်အဝလွှမ်းခြုံထားသည်။ အခန်းထဲက စားပွဲခုံပေါ်များတွင် အရက်အကောင်းစားတစ်ချို့နှင့်အမြည်းတစ်ချို့ရှိခဲ့သည်။
အရက်ခွက်များကိုကိုင်ရင်း 'cheers'လုပ်ကြပြီး ကျယ်လောင်စွရယ်မောနေကြကာ လုပ်ငန်းကိစ္စများကို အေးအေးလူလူဆွေးနွေးလျက်ရှိကြ၏။ ၎င်း အီတလီမာဖီးယားများက လူသားစင်စစ်များဖြစ်ကြပြီး သူတို့သည် မာဖီးယားတို့အစ အီတလီကဟုဆိုသည့်အတိုင်း အီတလီမာဖီးယားတို့၏ ပြယုဂ်တစ်ခုဖြစ်သည့် " Cosa Nostra " ၊ တစ်နည်းအားဖြင့် Sicillian Mafia များဖြစ်ကြသည်။ ထိုကဲ့သို့ ဆွေးနွေးနေစဉ် အီတလီမာဖီးယားတစ်ယောက်ကပြုံးပြီး ဂါဗင့်ကိုစိုက်ကြည့်နေခဲ့သည်။
" ဂါဗင် ...မင်း ခုချိန်ထိ ယောကျာ်းတွေနဲ့ရော မိန်းမတွေနဲ့ရော sex မလုပ်ရသေးဘူးဆိုတာ အံ့ဩစရာပဲ၊ ရည်းစားတွေလည်း ထားဖူးတယ်ဆိုပြီး လိင်စိတ်ဆန္ဒ ဘာမှမပေါ်ဘူးလား၊ ဘာလဲ ...မင်းအနေနဲ့ နေ့ဘက်တွေမှာ သူတော်စင် ခရစ်ယာန်ဘုန်းကြီးလုပ်ပြီး ညဘက်တွေမှာ မာဖီးယားတစ်ယောက်လုပ်နေတာလား အဟားဟား "
အင်္ဂလိပ်ဘာသာစကားကို အသုံးပြုပြီး စကားဖောင်ဖွဲ့နေခဲ့ကြတာဖြစ်သည့်အလျောက် ဂါဗင့်ကိုလည်း ထိုသူကအင်္ဂလိပ်ဘာသာဖြင့်ပြောခဲ့သည်။ ထိုသူ၏ပြက်လုံးကြောင့် တစ်ခန်းလုံး ရယ်သံများ လွှမ်းမိုးသွားခဲ့ကာ ပွဲဆူသွား၏။ဂါဗင်ကလည်း တဟားဟားရယ်မောနေခဲ့သည် ။
" မင်းက တကယ့်အံ့ဩဖွယ်လူသားပဲ ဂါဗင်၊ ဂရင်းနစ်စံချိန်တောင်တင်သင့်နေပြီ၊ 'အသက် ၂၈ ထိ တစ်ခါမှ sex မလုပ်သေးသော မာဖီးယား Boss ' ဆိုပြီးတော့လေ ... ဟားဟားဟား"
မာဖီးယားတစ်ယောက်ကလည်း စကားဝိုင်းကို ကြားဖြတ်ဝင်ပြီး ဂါဗင့်ကိုနောက်ပြောင်နေခဲ့သည်။ ဂါဗင်ကတော့ ရယ်မြဲရယ်နေဆဲ။
" ငါတို့ကောင်တွေဆို ပြည်တန်ဆာတွေ porn star တွေနဲ့ နေ့တိုင်းနီးပါး sex လုပ်ကြတာ၊ အချိန်တိုင်း ထန်နေကြရော၊ Gay တွေနဲ့လည်း sex လုပ်ဖူးတယ်၊ Cute boy လေးတွေနဲ့လေ အဟက် ... မင်းက ရည်းစားတွေနဲ့လည်း No sex ဆိုတော့ ... ဘာလဲ.... မင်း အတံမှာ ပြဿနာတစ်ခုခုရှိနေလို့လား၊ လိင်အာသာဖြေတာတောင်လုပ်ခဲတယ်ဆိုတော့ ပုပ်ရဟန်းမင်းကြီးသာ လုပ်လိုက်တော့ "
နောက်ထပ်မာဖီးယားတစ်ယောက်ကလည်း ဂါဗင့်ကိုလှောင်ပြောင်ခဲ့သည်။ ဂါဗင်က တည်ငြိမ်စွာ ပြန်ဖြေသည်။
" မင်းတို့အတွက် sex မလုပ်ဖူးဘူးဆိုတာ သိပ်ထူးဆန်းနေမှာ၊ ငါ ယောကျာ်းလေးရည်းစား၊ မိန်းကလေးရည်းစားထားဖူးရက်နဲ့ တစ်ခါမှ sex မလုပ်ဘူးတာက ငါ sex လုပ်ချင်ရလောက်အောင် သူတို့ကမှ မဆွဲဆောင်နိုင်တာ၊ ပြီးတော့ ငါကိုယ်ကလည်း sex ကိစ္စတွေ စိတ်မပါနေတာ"
ရယ်မောသံများက တဖြည်းဖြည်း ငြိမ်သက်လာသည်။
" ဒါပေမဲ့ ဝန်ခံရမယ်ဆို ငါ့ဘဝမှာ ငါ့မိသားစုက အရေးကြီးဆုံးလို့ သတ်မှတ်ခဲ့လို့နေမယ်၊ ငါ့မှာ ထန်ချင်စိတ်တောင် မရှိခဲ့ဘူး၊ ခေါင်းထဲမှာ ငါ့အလုပ်အကိုင်ကောင်းဖို့နဲ့ ငါ့မိသားစုတွေအဆင်ပြေဖို့ပဲ အမြဲတွေးနေခဲ့တယ်၊ အချစ်နဲ့ပတ်သက်ပြီး ခံစားမိတာလည်း ထွေထွေထူးထူးမရှိနေဘူး၊ လက်ရှိတွဲနေတဲ့ ကောင်လေးကိုတော့ နည်းနည်းသဘောကျတဲ့ ခံစားချက်ရှိသလိုလိုပဲ "
ဂါဗင်က စကားခဏရပ်ရင်း အရပ်တစ်ငုံ သောက်သည်။ စင်စင်မူကား ဂါဗင်၏ပင်ကိုယ်စရိုက်အရ သူ့အတွက် ရည်းစားထားခြင်းက ကိစ္စတစ်ခုခုအတွက် ကောင်းကောင်းအသုံးချစေခိုင်းရန်၊ ထိုကိစ္စမှာ သူ့ကိုကူညီပေးဖို့ (သို့မဟုတ်) သူလျှို Spy လုပ်ခိုင်းဖို့အတွက် ယောကျာ်းရည်းစားအပြင် မိန်းမရည်းစားများစွာ ထားခဲ့ဖူးသည်။ သို့သော်လည်း ထိုရည်းစားများနှင့် တစ်ညလေးတောင် အတူတူမအိပ်ခဲ့ဘူးသောသူဖြစ်၏။
သူ့အတွက် ရည်းစားထားခြင်းက စီးပွားရေးသဘောသာ။ ထို့နောက် VVIP အခန်းထဲကနေ တရယ်တမောဖြင့် ထွက်လာခဲ့ကြပြီး ကလပ်အောက်ဘက်ရှိ ကခုန်မြူးထူးရာနေရာသို့ သွားခဲ့ကြသည်။ မြောက်ကြွမြောက်ကြွဖြစ်နေကြသည့် အီတလမီမာဖီးယားများက ကောင်မလေးများကြား တိုးဝင်ရောနှောကာ အတူတူကခုန်ခဲ့ကြသည်။ ဂါဗင်ကမူ စင်ပေါ်မှာ ကခုန်နေသော သူ့ရည်းစားကိုသာ အဝေးကနေ ကြည့်နေခဲ့သည်။
ဂါဗင်၏လက်ရှိရည်းစားမှာ ကြောင်မိစ္ဆာကောင်လေးဖြစ်ပြီး သူဟာ မိန်းကလေးအဖြစ် အသွင်ပြောင်းနေထိုင်ရသည်ကို နှစ်ခြိုက်သူဖြစ်၏။
သူ့အမည်နာမကား Dan Morra (ဒန်မော်ရာ)။မော်ရာက နဂိုယောကျာ်းလေးပုံစံအဖြင့်နေထိုင်လျှင်လည်း နွဲ့နွဲ့နှောင်းနှောင်းလေးနှင့် မိန်းကလေးဆန်သည်။ သူက ကြောင်နက်အမျိုးနွယ် ကြောင်မိစ္ဆာတစ်ကောင်ဖြစ်သည်။
ဒန်မော်ရာ (ခေါ်) မော်ရာက စင်ပေါ်မှာ လူသားမိန်းကလေးတစ်ယောက်အတိုင်း Pole Dance တိုင်ပတ်အကကို လှပစွာကပြဖျော်ဖြေနေခဲ့သည်။သူဝတ်ထားခဲ့သည့် Bikini ကလည်း ငွေရောင်တဖျတ်ဖျတ်လတ်နေခဲ့လျက်။ သူ့ခန္ဓာကိုယ်ကို ပျော့ပျောင်းနူးညံ့စွာ ပျော့ခွေရင်း တိုင်ပေါ်မှာကနေသည်က အလွန်လှပလွန်းသည်။
ဂါဗင်က မော်ရာကို ခုံလွတ်တစ်နေရာမှာ ဆေးလိပ်ဖွာရင်း ထိုင်ကြည့်နေခဲ့သည်။ မော်ရာလည်း ဂါဗင့်ကို မြင်သွားလျှင် အကရပ်ပြီး စင်ပေါ်ကနေ ဆင်းလာခဲ့သည်။ ထို့နောက် သွယ်လျလှပသည့်ပေါင်တံလေးများဖြင့် ဂါဗင့်ဆီ ခြေတစ်လှမ်းချင်း ကျော့မောစွာ လမ်းလျောက်လာသည်။ ဂါဗင့်အနားရောက်လျှင် မော်ရာက သူ့ပေါင်ပေါ်မှာ ထိုင်လိုက်ကာ။
" အိုး ဒါလင် ... မတွေ့ရတာကြာတော့ ပိုတောင်ချောလာတယ် ... လွမ်းနေခဲ့တာသိလား "
မော်ရာက ဂါဗင့်ကို ပွေ့ဖက်ထားရင်း အလွမ်းသယ်နေခဲ့သည်။ အမာရွတ်စင်းကြောင်းရှိသည့် ဂါဗင့်နူတ်ခမ်းသားဆီ သူ့နူတ်ခမ်းက ပူးသွားခဲ့ပြီး အနမ်းပန်းများ ဝေဆာနေခဲ့သည်။ ဂါဗင်က sex မလုပ်ဖူးသော်လည်း နမ်းသည့်နေရာတွင် ဆရာကျလှသူတစ်ဦးဖြစ်သလို သူ့အနမ်းများက အန္တရာယ်ကြီးသည်။
ရမ္မက်စိတ်မပါနေသည့် အနမ်းတစ်ခုတိုင်းကပင် တစ်ဖက်လူကို လိင်ဆန္ဒပြင်းပြစေရုံသာမက အရူးအမူးစွဲလမ်းရလောက်အောင် ဆွဲဆောင်နိုင်သည်။ အားပါးတရ နမ်းရိုက်မှုများအပြီးမှ မော်ရာက ကြည်နူးပီတိဖြစ်ပြီး ဂါဗင့်ရင်ခွင်ထဲ ခေါင်းထားကာ မှီအိပ်လိုက်သည်။
ကြယ်သီးနှစ်လုံးဟနေပြီး ဗလာဖြစ်နေသော ဂါဗင့်ရင်ဘတ်ကို ပွတ်သပ်နေရင်း ...
" လူဆိုးကြီး ခုချိန်ထိ နမ်းတာတော်နေတုန်း အဟိ "
◎ ══════ ❈ ══════ ◎