╔═════ ࿇ ═════╗
အခန်း (၁၉)
" Surprise " ဖြစ်ရသည့်နေ့
╚═════ ࿇ ═════╝
ယနေ့မနက်ခင်းတွင် နောက်ကျမှအိပ်ရာထလေ့ရှိသည့် မွန်ဒီတစ်ယောက် အစောကြီးနိုးနေခဲ့သည်။ ဂျရယ်မိုင်ရာက နေ့လည်ခင်း shopping ထွက်ဖို့အတွက် ပြင်ဆင်နေတုန်းမှာ မွန်ဒီကလည်း သူမကိုပါ တစ်ခါတည်းအပါခေါ်သွားဖို့ မရမကပူဆာနေခဲ့သည်။
ထို့ကြောင့် သူလည်း သူမကိုလိမ္မာပါက အမြဲတမ်းအပြင်ခေါ်သွားမည်ဖြစ်ကြောင်း၊ ဆိုးသွမ်းပါက ပင်လယ်ထဲ ပြန်လွှတ်မည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုလျက်။ သူအမြဲသွားနေသည့် shopping center ကြီးထဲသို့ သူမကိုခေါ်ချလာခဲ့သည်။
မွန်ဒီ့အနေဖြင့် ကျယ်ပြန့်လှသည့် လူ့လောကကြီးကိုစမြင်ဖူးသည်က ယနေ့ပထမဦးဆုံးဖြစ်သောကြောင့် အရာရာတိုင်းက သူမအတွက် အလွန့်အလွန်ထူးခြားဆန်းသစ်နေခဲ့သည်။
ထို့နောက် မွန်ဒီလည်း ဂျရယ်မိုင်ရာအား သူမလိုချင်သော အရုပ်များ၊အင်္ကျီများအား မြင်မြင်သမျှ လက်ညိုးထိုးပြပြီးဝယ်ပေးဖို့ တဂျီဂျီ ပူဆာနေခဲ့သည်။ သို့ရာတွင် ဂျရယ်မိုင်ရာက အကုန်နီးပါးမဝယ်ပေးနိုင်ကြောင်းပြောခဲ့ပြီးနောက် အသင့်အတင့်လောက်သာ ဝယ်ပေးခဲ့သည်။
များမကြာမီအချိန်တွင် မွန်ဒီက အသားငါးရောင်းသည့် ဈေးတန်းဘက်သို့ ရောက်လာခဲ့သည်။
ထို့နောက် သူမက အသားငါးမျိုးစုံကို ရေခဲသေတ္တာများထဲတွင် သေချာပါကင်ပိတ်လျက် ခင်းကျင်းပြသထားသော ငါးသေများ၊ ပုဇွန်သေများ၊ ပြည်ကြီးငါးသေများကို မှန်အပြင်ကနေမြင်မိလျှင် ချက်ချင်းထိတ်လန့်တုန်လူပ်သွား၏။
၎င်းတို့ကို မွန်ဒီက လက်ညိုးညွှန်လိုက်ရင်း ဆူဆူပုပ်ပုပ်ပြောသည်။
" ဂျရယ် ဂျရယ်၊ ဒါ ဟိုးနေ့က ရှင်ပြောခဲ့တဲ့ ပင်လယ်သတ္တဝါလေးတွေကို လူတွေဖန်တီးစားသောက်ကြတဲ့ပုံစံတွေထဲက တစ်ခုမလားဟင် "
" အွန်း ဟုတ်တယ် "
" လူသားတွေက ခုလောက်ထိ အရမ်းရက်စက်ကြတာပဲ။ မွန်ဒီကသာ အလှမွှေးငါးမဟုတ်ဘဲ သာမာန်ငါးတစ်ကောင် ဖြစ်ခဲ့ရင် လူသားတွေရဲ့အစာအစားဖြစ်သွားမှာပေါ့နော် "
" အွန်း အမှန်ပဲပေါ့"
မွန်ဒီက တစ်ခွန်းမေးလျှင် ဂျရယ်မိုင်ရာက တစ်ခွန်းပြန်ဖြေ၏။ မိနစ်အနည်းငယ်ကြာပြီးနောက်တွင် မွန်ဒီဘက်က ရုတ်တရက်ငိုလေသည်။
" ဟင့်ဟင့် ရွှတ်ရွှတ် "
" ဘာဖြစ်လို့ ငိုနေတာလဲ"
" သူတို့ကို သနားလို့လေ။ ဒါက ဂျရယ်ပြောပြခဲ့သလို သဘာဝတရားအရ အစာကွင်းဆက်မှန်း နားလည်သဘောပေါက်ခဲ့ပေမဲ့ သနားလည်း သနားတယ်။ ပြီးတော့ ... ရွှတ် ရွှတ် အီးဟီးဟီး... မွန်ဒီလေ ဒီစကားပြောရင် ရေသူမဆိုးကြီးဖြစ်သွားမလားလို့ အဟင့် "
ရုတ်တရက် အကောင်းကြီးကနေ ထငိုလာသည့် မွန်ဒီ့ကြောင့် ဂျရယ်မိုင်ရာ့ခမျာ စိတ်ပူတကြီးဖြစ်သွားရင်း သူမလေး၏မျက်ရည်များကို သုတ်ပေးနေမိသည်။
" .... "
" မွန်ဒီ သူတို့လေးတွေအားလုံးကို သနားလည်း သနားမိတယ်၊ သူတို့ကိုလည်း အရမ်းစားချင်မိလာတယ်၊ သူတို့ကိုစားရင် ဘယ်လိုအရသာရှိမလဲသိချင်လာလို့ အီးဟီးး... ရေအောက်မှာတုန်းက အပင်လေးတွေပဲ စားခဲ့တာလေ၊ မွန်ဒီ စားလိုက်ရင်လည်း ရက်စက်တတ်တဲ့ လူသားတွေနဲ့ အတူတူဖြစ်သွားမှာမလားလို့ တွေးမိသွားလို့ ရွှတ် ရွှတ် ... "
သူ့ရှေ့မှာ အတွေးတစ်ခုနှင့်ပတ်သက်ပြီးတော့ ရွေးချယ်ရခက်နေပြီး ငိုနေရှာသည့် ရေသူမလေးကို ကြည့်နေခဲ့ပြီး သူ့လက်တွေက သူမခေါင်းလေးကို အလိုအလျောက် ပုတ်ပေးမိသည်။
" သူတို့ကို စားလည်း မွန်ဒီက ရက်စက်ရာ မကျပါဘူး၊ သူတို့က သေပြီးသားတွေလေ၊ မွန်ဒီက ဖမ်းပြီးသတ်စားမှ ရက်စက်ရာရောက်မှာ၊ စားဖူးချင်ရင် ကိုယ်ချက်ကျွေးမယ်၊ ရေအောက်ပြန်ရောက်မှ အပင်တွေစား၊ ခုတော့လေ မငိုနဲ့တော့၊ လူတွေကြည့်နေကြပြီ၊ ရှက်စရာကြီးကို၊ လိမ္မာတယ် ... ဆက်မငိုနဲ့တော့"
ဂျရယ်မိုင်ရာ၏စကားကို ကြားလျှင်ကြားချင်း သူမ အငိုတိတ်သွားသည်။
" ဟယ် တကယ်လား။ အဲဒါဆို အဲဒီက ပုဇွန်တွေရယ်၊ ဂဏန်းတွေရယ်၊ ပြည်ကြီးငါးတွေရယ်၊ ငါးတွေရယ် အကုန်ယူမယ်။ ဂျရယ် ချက်ကျွေးနော် ဟီးဟီး"
အပြောင်းအလဲမြန်လွန်းသည့် မွန်ဒီကြောင့် ချော့မော့နေသော ဂျရယ်မိုင်ရာလည်း ခေါင်းပုတ်ပေးနေသည့်လက်များမှာ လေထဲမှာပင် ရပ်သွားသည်။ စောစောက သူမ၏ပုံစံမှာဂရုဏာရှင် မာသာထရီဇာပမာ သူမဘက်က သူ့ရေထဲကအကောင်လေးတွေ သနားလှချည်ရဲ့ဖြင့် ငိုယိုနေခဲ့၏။ ယခုတွင် ထိုကဲ့သို့မဟုတ်နေတော့ပေ။ 'တဟီးဟီး'နှင့် တွေ့သမျှအကုန် လိုက်ထည့်ခိုင်းနေတော့သည်။
ဂျရယ်မိုင်ရာလည်း စိတ်လေသွားသည့်မျက်နှာပေးဖြင့် သက်ပြင်းချရင်း ရေခဲသေတ္တာမှန်တံခါးကို ဖွင့်လိုက်ကာ မွန်ဒီတောင်းဆိုထားသမျှ အကုန်ယူလိုက်သည်။ ထို့နောက် မွန်ဒီပေးလာသမျှ အရာအားလုံးကို တွန်းလှည်းခြင်းတောင်းထဲသို့ တစ်ခုချင်းစီ ထည့်ပေးခဲ့သည်။
မည်သို့ပင်ဖြစ်စေ မွန်ဒီအတွက် ဂျရယ်မိုင်ရာလို လူတစ်ယောက်ကို ကယ်လိုက်နိုင်ခဲ့ခြင်းက အင်မတန်ကံကောင်းမှုတစ်ခုဖြစ်ခဲ့သည်ဟု ဆိုနိုင်ပေ၏။ တစ်ဖက်က ဂျရယ်မိုင်ရာအတွက်တော့ သူ ရေထဲသို့ခုန်ဆင်းမိခဲ့သည်မှာ ယနေ့ထက်တိုင် အကြီးမားဆုံးနောင်တတစ်ခုအနေဖြင့် ကျန်ရှိနေပေသည်။ ထို့နောက်တွင် ဂျရယ်မိုင်ရာက ဈေးတွန်းလှည်းအားတွန်းပြီး ငွေရှင်းကောင်တာသို့ သွားခဲ့သည်။ ငွေရှင်းကောင်တာကနေ ပိုက်ဆံရှင်းပြီးသည့်အခါ မွန်ဒီနှင့်အတူ အထုပ်များအား အထုပ်ကြီး၊ အထုပ်ငယ်ခွဲကာ သယ်ယူခဲ့သည်။
ဤသို့ဖြင့် သူလည်း အိမ်ပြန်တော့မည်ဟူ၍ တွေးခဲ့ပြီးမှ သူမေ့နေခဲ့သည့်အရာတစ်ခုကို ပြန်သတိရသွား၏။ ထို့ကြောင့် သူက သူ့ထက် ခြေ ၅ လှမ်းစောရောက်နေခဲ့သော မွန်ဒီ့ကို လေချွန်ကာအသံပေးလိုက်ပြီး " နောက်လိုက်ခဲ့ " ဟု ခေါ်လိုက်သည်။
မွန်ဒီလည်း ရှေ့ဆက်မသွားတော့ဘဲ ဂျရယ်မိုင်ရာ၏အနောက်ကို အပြေးလေးလိုက်သွားခဲ့သည်။ တစ်နေရာအရောက်တွင် ဂျရယ်မိုင်ရာ ရပ်တန့်လိုက်ပြီး မွန်ဒီ့ကို စိုက်ကြည့်ခဲ့သည်။
" ဟင် ဂျရယ် "
မွန်ဒီလည်း သူမကို စိတ်ရူပ်နေသော မျက်နှာထားဖြင့် စိုက်ကြည့်လာသည့်အတွက်လန့်ခဲ့သည်။
" မင်းကို အတွင်းခံတွေ ဝယ်ပေးမလို့ "
ဂျရယ်မိုင်ရာပြောသည့် ' အတွင်းခံ' ဆိုသော ဝေါဟာရကို မွန်ဒီက သိခဲ့ပြီးဖြစ်၏။ အတူတူနေခဲ့သည့် ရက်သတ္တပတ်များအတွင်း ဂျရယ်မိုင်ရာကနေ သူမကို အဝတ်အစားများဝတ်ပုံဝတ်နည်းအကြောင်းကို သေချာရှင်းလင်းသင်ကြားပေးခဲ့သည်။
သို့ဖြစ်လျှင် မွန်ဒီလည်း သဘောပေါက်သွားသည်။
" ဪ "
" ဒါပေမဲ့ ငါက မိန်းကလေး အတွင်းခံဆိုင်ထဲ တစ်ခါမှ မဝင်ခဲ့ဖူးဘူး၊ ဒါကြောင့် မင်းကို သတိပေးထားရမယ်၊ အဲဒါကတော့ ငါဆိုင်ရှေ့မှာ ရပ်နေမယ်၊ မင်း စိတ်တိုင်းကျ ဝင်ဝယ်၊ အများကြီးလည်း မဝယ်နဲ့အုံး၊ ၁၀ စုံလောက်ဆိုရင်တောင် ဖူလုံမှာပါ၊ 'ကျွန်မကို အဆင်ပြေမဲ့ အတွင်းခံ ၁၀ စုံ ပြပေးပါ' ဆိုပြီး မင်း size နဲ့တော်တာတွေပဲ ဝယ်လာနော်၊
ပိုက်ဆံရှင်းမယ်ဆို " ဖေကြီးရေ" လို့ လှမ်းခေါ်၊ ဆိုင်ကဝန်ထမ်းတွေရှေ့ရောက်ရင်လည်း ငါ့ကို 'ဖေကြီး'လို့ပဲ ခေါ် ၊ ကဲ ... အခြဆိုင်ထဲ ဝင်သွားတော့ "
" Yes sir !! "
ပျော်ရွှင်နေသည့်မွန်ဒီက သူမလက်ထဲက အထုပ်များကို ကိုင်လွှဲလိုက်ပြီး ခြေလှမ်းမြောက်ကြွမြောက်ကြွဖြင့် အမျိုးသမီးအတွင်းခံဆိုင်ထဲသို့ ဝင်သွားသည်။ ဂျရယ်မိုင်ရာလည်း ဆိုင်ရှေ့ရှိ နေရာလွတ်တစ်နေရာမှာ ရပ်စောင့်ရန် ခြေလှည့်လိုက်ချိန်မှာ သူ့အတွက် အံ့အားသင့်စရာ surprise တစ်ခုကို တွေ့လိုက်ရသည်။
ဂါဗင်နှင့် သူ့တပည့်အုပ်လိုက်က သူ့ကို ရပ်ကြည့်နေကြခြင်းကြောင့်။ ဂါဗင့်ဘေးမှာ ခရစ်စတိုဖာလည်း ရှိနေသည်။ သူတို့နှစ်ယောက်က ချစ်သူရည်းစားများကဲ့သို့ လက်ချင်းမချိတ်ထားကြဘဲ ပုံမှန်ဆရာနှင့်တပည့်ဆက်ဆံရေးအတိုင်း ကိုယ်ချင်းခွာနေကြစည်။
ဂါဗင်က ပြုံးပြုံးကြီး ရပ်ကြည့်နေခဲ့ပြီး ခရစ်စတိုဖာကတော့ ကြောင်တောင်တောင်ဖြင့် ကြည့်နေခဲ့သည်။ ဂျရယ်မိုင်ရာလည်း သူတို့ကို ချက်ချင်းအကြည့်လွဲလိုက်ပြီး အမျိုးသမီးသမီးအတွင်းခံဆိုင်အတွင်းသို့ ဖြောင့်တန်းစွာ ဝင်သွားခဲ့သည်။ ဆိုင်ထဲသို့ရောက်သောအခါ မွန်ဒီက ဆိုင်ဝန်ထမ်းအမျိုးသမီးများ ပြသပေးနေသည့် အတွင်းခံ one set လှလှလေးများကို စရွေးနေပြီဖြစ်သည်။ ဆိုင်ထဲဝင်ချလာသည့် ဂျရယ်မိုင်ရာကို မွန်ဒီမြင်သော် သူမကရယ်ပြ၏။
" ဖေကြီး အပြင်မှာ စောင့်နေမယ်ဆို "
မွန်ဒီ့အမေးစကားကြောင့် ဂျရယ်မိုင်ရာလည်း ပြုံးလိုက်ရင်း
" အင်း ဖေကြီး ... ရပ်မစောင့်ချင်တော့လို့ " ဟူ၍ ပြန်ဖြေလိုက်သည်။
ဆိုင်ရှိ ဝန်ထမ်းအမျိုးသမီးများက မွန်ဒီကနေ 'ဖေကြီး'ဟု ဂျရယ်မိုင်ရာကို စခေါ်လိုက်ကတည်းက မျက်နှာများအကုန်လုံး ပြုံးဖြီးနေကြ၏။
" ဟယ် သားအဖတွေလား။ မထင်ရက်စရာကောင်းအောင် ညီမလေး ဖေဖေက နုပျိုနေလိုက်တာ "
ဤသို့ဖြင့် မွန်ဒီလေးကို အတွင်းခံများ ပြသပေးနေသည့် ဆိုင်ဝန်ထမ်းတစ်ယောက်ကနေ မနေနိုင်မထိုင်နိုင် ပြောလိုက်သည်။ ဂျရယ်မိုင်ရာကတော့ ပြုံးလျက်။
ဂါဗင်တို့အဖွဲ့ကမူ ထိုဆိုင်ရှေ့ကနေ ဆိုင်ထဲက ဂျရယ်မိုင်ရာတို့ကို စပ်စပ်စုစု လှမ်းကြည့်နေကြသည်။ သူတို့တစ်ဖွဲ့လုံး သူ့ကိုကြည့်နေကြမှန်းလည်း သူခံစားမိသည်။ ထို့ကြောင့် သူလည်း စိတ်တိုလာသမျှကို ဟန်မပျက်ရလေအောင် ထိန်းခဲ့ပြီး သက်ပြင်းချလိုက်သည်။
" မွန်ဒီ သိပ်အချိန်မဆွဲနဲ့။ ဖေကြီး သွားစရာရှိသေးလို့ သမီးနဲ့ တော်မတော် ဝတ်ကြည့်ပြီးရင် အဲဒီ size no အတိုင်း သူတို့ပြပေးထားတဲ့ ဒီဇိုင်းတွေထဲကနေ ၁၀ စုံ ရွေးခိုင်းလိုက်တော့။ ဖေကြီး အချိန်မရဘူး"
စကားကို ကမန်းကတန်းပြောလာသည်ါ ဂျရယ်မိုင်ရာကြောင့် မွန်ဒီနှင့်ဆိုင်ဝန်ထမ်းအမျိုးသမီးများကလည်း ခပ်သွက်သွက်လေး လှုပ်ရှားကြသည်။ မွန်ဒီကလည်း ဘရာစီယာနှင့် အတွင်းခံဘောင်းဘီတစ်စုံကို ယူသွားပြီး အဝတ်လဲခန်းထဲတွင် ဝတ်ကြည့်နေ၏။ အားလုံးအဆင်ပြေပြေဖြစ်သွားပြီးနောက် ဂျရယ်မိုင်ရာလည်း ကျသင့်ငွေများကို ရှင်းပေးခဲ့သည်။
ထို့နောက် မွန်ဒီ့ကို လမ်းအမြန်လျောက်ခိုင်းရင်း ဆိုင်ထဲကနေ ထွက်လာခဲ့ကြသည်။ သို့သော် ဆိုင်ထဲက ထွက်လာကြသော သူတို့နှစ်ယောက်ကို ဂါဗင်ကမြင်လျှင် အော်ခေါ်လိုက်သည်။
" ပျောက်ချက်သားကောင်းနေခဲ့တာက ကောင်မလေးရသွားလို့ကိုး အဟား "
ဂါဗင်က ဟားတိုက်ရယ်မောလျက် ပြောနေခဲ့သည်ကို ဂျရယ်မိုင်ရာ၏နားအတွင်း ရှင်းလင်းစွာ ကြားခဲ့သော်လည်း နောက်လှည့်မကြည့်ခဲ့ပေ။
ရှေ့တည့်တည့်ကိုသာ မွန်ဒီနှင့်အတူ လမ်းအမြန်လျောက်ခဲ့သည်။
" မွန်ဒီရေ မြန်မြန်လျောက်။ မြန်မြန်လျောက်။ နောက်မှာ ခွေးနဂါးကောင်တွေ လိုက်လာတော့မယ် "
" ရား ခွေးနဂါးကောင်ဆိုတာရှိလို့လား။နဂါးပဲကြားဖူးပါတယ်။ ခွေးတောင် ကုန်းပေါ်ရောက်တော့မှ ဘာကောင်မှန်းသိရတာ။ ခွေးနဲ့ နဂါးနဲ့က အကွာကြီးကို "
" အေး အေး။ ခုကောင်တွေက နဂါးမျိုးကိုမှ အဆင့်နိမ့်တဲ့ခွေးမျိုးတွေနဲ့ ဆက်မွေးထားကြလို့ "
" အဲဒီလိုလား "
" အေး "
" ဟယ် ရွံစရာကောင်ကြီးတွေပေါ့ ။ "
" အေး "
လမ်းအမြန် ကမန်းကတန်းလျောက်လာကြရင်း သူတို့နောက်မှာ ကျန်ခဲ့ကြသည့်ဂါဗင်တို့ကို အတင်းတုပ်နေကြခဲ့သည်။ ဂါဗင်က ပုံမှန်တိုင်း shopping ထွက်လာခဲ့တာဖြစ်ပြီး ဂျရယ်မိုင်ရာတို့နှင့်အမှတ်မထင်ဆုံခဲ့ခြင်းသာ။ ယခုအခါ သူတို့ကို ပလစ်ပြီး ခပ်သွက်သွက်လမ်းလျောက်သွားကြသော ဂျရယ်မိုင်ရာတို့၏နောက်ကျောများကိုကြည့်လျက် ကျန်ရစ်နေခဲ့၏။
ခရစ်စတိုဖာ၏စိတ်ထဲတွင် သူ့အနေဖြင့် ခေါင်းစဉ်တပ်၍ မရနိုင်ခဲ့သည့် အတွေးတစ်ချို့ပေါ်လာခဲ့ပြီး သူ့နှလုံးသားထဲတွင် ပူလောင်နေသလို၊ လစ်ဟင်းနေသလို မရေရာသောခံစားချက်အနည်းငယ်ရှိနေခဲ့သည်။
'ဂျရယ်မိုင်ရာဆိုတဲ့ အဲဒီအကောင် မိန်းကလေးရည်းစားရခဲ့ပြီလား ... ။ '
ဂျရယ်မိုင်ရာနှင့်မွန်ဒီတို့လည်း သူတို့ကားဆီသ်ု့ရောက်လာခဲ့ပြီး အထုပ်အပိုးအစုံကို ကားနောက်ခန်းမှာ ထည့်ထားလိုက်ကြပြီးလျှင် ကားရှေ့ခန်းထဲသို့ ဝင်ထိုင်လိုက်ကြသည်။ ယင်းကားမှာ ဂျရယ်မိုင်ရာ ယခုနှစ်ပတ်အတွင်း အသစ်စက်စက် ဝယ်စီးခဲ့သည့် ကားဖြစ်၏။ ဒရိုင်ဘာခုံပေါ် ဂျရယ်မိုင်ရာရောက်ရောက်ချင်း သူ့ဘေးထိုင်ခုံက ထိုင်ခုံခါးပတ်ရာတွင်ပတ်၍ အဆင်မပြေဖြစ်နေသော မွန်ဒီ့ကို ကူညီကာ ခါးပတ်ပတ်ပေးလိုက်၏။
ထို့နောက် သူ့ထိုင်ခုံခါးပတ်ကို သေချာပတ်လိုက်သည်။ ပြီးလျှင် ကားရေဒီယိုကို ဖွင့်လိုက်သော် သီချင်းအစီအစဉ်တစ်ခုဖြစ်နေခဲ့သည်။ စစဖွင့်ချင်း တစ်မိနစ်မှာပဲ ရေဒီယိုက သီချင်းသည် အဆုံးဖြစ်နေခဲ့၏။
ထိုသီချင်းကား ဆုံးပါးသွားခဲ့ပြီဖြစ်သော ကမ္ဘာကျော် pop ဂီတအဆိုရှင် မိုက်ကယ်ဂျက်ဆင်၏ " Don't Stop 'til You Get Enough " ပင်။
🎵 You know, I was
I was wondering, you know
If you could keep on
Because the force
It's got a lot of power
And it make me feel like, ah
It make me feel like, ooh 🎵
ဂျရယ်မိုင်ရာလည်း သူ့အကြိုက်ဆုံး Idol ၏ သီချင်းဖြစ်နေခဲ့သောကြောင့် ကားမောင်းလျက်နဲ့ပဲ လိုက်ပါစီးမျောရင်း သူ လူပ်ယွလို့ ရသလောက် သူ့ပခုံးများကို လှုပ်ယွနေခဲ့ပြီး သီချင်းသံစဉ်များအတိုင်း လှုပ်ရမ်းနေခဲ့သည်။
🎼Lovely is the feelin' now
Fever, temperatures risin' now
Power (oh power) is the force, the vow
That makes it happen, it asks no questions why (ooh)
So get closer (closer now)
To my body now
Just love me
'Til you don't know how (ooh) 🎶
သူ့ခန္ဓာကိုယ် လှုပ်ရမ်းနေသည်ကို မြင်နေရသော မွန်ဒီလည်း သူမ၏ပခုံးများသာမက လက်များကိုပါ အသုံးပြုခဲ့ပြီး စိတ်ကြိုက် လွတ်လပ်စွာ သီချင်းသံစဉ်များနှင့်အတူ လှုပ်ရမ်းနေခဲ့သည်။
🎼 Keep on, with the force, don't stop
Don't stop 'til you get enough
Keep on, with the force, don't stop
Don't stop 'til you get enough
Keep on, with the force, don't stop
Don't stop 'til you get enough
Keep on, with the force, don't stop
Don't stop 'til you get enough 🎶
🎼 Touch me and I feel on fire
Ain't nothin' like a love desire (ooh)
I'm melting (I'm melting)
Like hot candle wax
Sensation (oh sensation)
Lovely where we're at (ooh)
So let love take us through the hours
I won't be complainin' (ooh)
'Cause this is love power (ooh) 🎶
🎵 Keep on, with the force, don't stop
Don't stop 'til you get enough
Keep on, with the force, don't stop
Don't stop 'til you get enough
Keep on, with the force, don't stop
Don't stop 'til you get enough
Keep on, with the force, don't stop
Don't stop 'til you get enough 🎶
ဤသို့ဖြင့် နှစ်ယောက်သား မိုက်ကယ်ဂျက်ဆင် mood အပြည့်ဝင်သွားကြပြီးလျှင် သီချင်းစာသားများပါ အတူဆိုနေခဲ့ကြသည်။ ဂျရယ်မိုင်ရာက သီချင်းစာသားတိုင်းကို ချောချောမွေ့မွေ့နေခဲ့ရခဲ့သော်လည်း သီချင်းစာသားမရနေခဲ့သည့် မွန်ဒီလေးကတော့ စာသားအားလုံးကို ဝါးချနေခဲ့၏ ။
🎵 Keep on, with the force, don't stop
Don't stop 'til you get enough
Keep on, with the force, don't stop (keep on, darlin')
Don't stop 'til you get enough
Keep on, with the force, don't stop (oh, no)
Don't stop 'til you get enough
Keep on, with the force, don't stop
Don't stop 'til you get enough 🎶
ဤကဲ့သို့ မွန်ဒီလည်း ဂျရယ်မိုင်ရာ့ပုံစံအတိုင်း အတုခိုးကာ တစ်ပုံစံတည်း လိုက်လုပ်ခဲ့သည်။
ထို့နောက် သီချင်းဆုံးသော် နောက်ထပ်သီချင်းတစ်ပုဒ်လာခဲ့သည်။
၎င်း သီချင်းကလည်း မိုက်ကယ်သီချင်း၏ ခေတ်အဆက်ဆက် နာမည်အကြီးဆုံးသီချင်း " The Way You Make Me Feel " ဖြစ်၏ ။
ဂျရယ်မိုင်ရာ ချက်ချင်းသဘောပေါက်သွားသည်မှာ သူဖွင့်ခဲ့မိသည့် သီချင်းအစီအစဉ်က နာမည်ကြီးအဆိုရှင်တစ်ဦးတည်း၏အအောင်မြင်ဆုံးသီချင်းများကိုအလှည့်ကျ ထုတ်လွင့်တင်ဆက်ပေးနေခဲ့သည့် အစီအစဉ်တစ်ခုဖြစ်နေကြောင်းကို။ ဤသီချင်းသည် ဂျရယ်မိုင်ရာ ငယ်စဉ်ကတည်းက ကြိုက်နှစ်ခဲ့ရဆုံးသော မိုက်ကယ်၏သီချင်းများထဲက တစ်ပုဒ်ပင်။
ထို့ကြောင့် သူ့ကိုယ်ထဲက ကိန်းအောင်းနေခဲ့သည့် မိုက်ကယ်ဂျက်ဆင်ဗိုင်းရပ်စ်ပိုးများလည်း ပို၍ပင်ထကြွလာခဲ့သည်။
များမကြာခင်တွင် ကားပါကင်ရောက်ရှိလာပြီးနောက် ကားစက်ရပ်ခဲ့၏။ ကားပေါ်က မိုက်ကကျက်ဆင် clone နှစ်ယောက်လည်း အထုပ်တွေသယ်ပြီး ဆင်းလာခဲ့ကြသည်။ ဂျရယ်မိုင်ရာမှာ စိတ်ကြည်လင်လန်းဆန်းသွားသဖြင့် အူမြူးနေခဲ့သည့် မွန်ဒီနှင့်အတူတူ ဓာတ်လှေကားဆီ ခြေဦးတည်ခဲ့သည်။
" ဂျရယ်မိုင်ရာ "
သူတို့နှစ်ယောက်၏ခြေလှမ်းများက ဓာတ်လှေကားဆီသို့ နီးနီးကပ်ကပ်မရောက်ခင်လေးမှာ အနောက်ကအသံကြောင့် နောက်လှည့်ကြည့်မိကြသည်။
" Surprise !! "
ဂျရယ်မိုင်ရာလည်း သူ့နောက်ကို လှည့်ကြည့်ခဲ့သည်။ သို့ရာတွင် လွန်ခဲ့သောမိနစ်ပိုင်းက သူ့တွင်ရှိနေခဲ့သည့်စိတ်အပျော်များလည်း အကုန်ပျောက်သွားခဲ့သည်။ သူ့အဖေနှင့်တကွ ဖရီးမန်းဘိုးတော်များမှ Surprise အလုပ်ခံလိုက်ရသောကြောင့်ဖြစ်သည်။
တီမိုသီက ' Surprise ' ဟု အော်ခဲ့ပြီးနောက် ပြုံးပြုံးကြီး ရပ်နေခဲ့သည်။ ဘိုးတော်ကြီးတစ်သိုက်က တုတ်ကောက်များဖြင့် တည်ကြည်သောမျက်နှာပေးများဖြင့် ခန့်ညားချောမောစွာ မတ်တပ်ရပ်နေခဲ့ကြသည်။ သူတို့သည် နှစ်ပေါင်းထောင်ချီ၊ ရာချီအထိ အမတသင်တော်ရှည်များဖြစ်သော်လည်း သူတို့၏ပုံစံသည် အသက် (၃၅)နှစ်ကနေ (၄၀) ပတ်ဝန်းကျင်အရွယ်များအတိုင်း နုပျိုနုဖတ်ကာ စတိုင်ကျမိမိုက်လှသည်။
မည်သို့ပင်ဆိုစေကာမူ သူ့အတွက် Surprise များကို တစ်နေ့တည်းမှာတင် နှစ်ကြိမ်တိတိ လက်ခံရရှိခဲ့၏ ။ ယခုတစ်ကြိမ်၏ Surprise ကတော့ အနည်းငယ် ကြောက်စရာကောင်းနေခဲ့သည်။ ဂျရယ်မိုင်ရာ့ခမျာ သူ့ဘဝက 'ကံဆိုးကောင်သွားရာ မိုးလိုက်လို့ ရွာလေသလား' ဟု မေးရလောက်အောင် တစ်ဖန်စိတ်လေသွားခဲ့ရင်း သက်ပြင်းအလုံးကြီးချမိပြန်သည်။
ထို့နောက် သူ စကားစပြောခဲ့သည်။
" တိုက်ခန်းရောက်မှ သေချာစကားပြောကြမယ်။ ခုတော့ ကျွန်တော့်နောက်ပဲ လိုက်ခဲ့ကြ "
ဂျရယ်မိုင်ရာက ဓာတ်လှေကားဆီကို မွန်ဒီအပြင် သူ့ဘိုးအေတစ်သိုက်ကိုပါ ခေါ်ဆောင်လာခဲ့သည်။ ဒေါမနစိနှင့် ဘိုးတော်ကြီးများလည်း မွန်ဒီကိုကြည့်ပြီး ဂျရယ်မိုင်ရာနှင့် မည်ကဲ့သို့ပတ်သက်မှုရှိနေသည်ကို သိလိုစိတ်များဖြစ်နေကြရင်း ဓာတ်လှေကားထဲတွက် လိုက်ပါလာခဲ့ကြသည်။ ဓာတ်လှေကားက ကျယ်လွန်းနေသဖြင့် ဂျရယ်မိုင်ရာနှင့် မွန်ဒီအပြင် သူ့ဘိုးတော်ကြီးအားလုံးကိုပါ ဆန့်သည်။ ဘိုးတော်များက ဂျရယ်မိုင်ရာနှင့် မွန်ဒီ့အနောက်တွင် ရပ်နေခဲ့ကြသည်။
" အဟမ်း "
ဒေါမနစ်က စချောင်းဟန့်၏ ။
" မင်း ကောင်မလေးလား "
" မဟုတ်ဘူး ... မွေးစားသမီး "
ဂျရယ်မိုင်ရာ၏လျင်မြန်လှသည့်အဖြေကြောင့် အိုရမ်နှင့် ဘိုးအေကြီးများလည်း တစ်ပြိုင်နက် မျက်မှောင်ကြုတ်ခဲ့ကြသည်။
" ဒီအရွယ်က မင်း မွေးစားချင်တိုင်း မွေးစားလို့ရတဲ့အရွယ် မဟုတ်ပါဘူး "
ဒေါမနစ်က သဘောမကျမှုဖြင့် နဖူးအရေတွန့်ကာပြောသည်။
" မွန်ဒီက လူအနေနဲ့ကြည့်မယ်ဆိုရင် ၁၆ နှစ်သမီးလိုဖြစ်နေပေမဲ့ သူ့ရေသူမသက်တမ်းနဲ့ဆို ခုမှ ၃ နှစ်ပဲရှိသေးတာ။ သမုဒ္ဒရာက မွေးပေးခဲ့တဲ့ ရေသူမလေးပေါ့ "
" ဪ ...... "
ဒေါမနစ်နှင့်ဖရီးမန်းဘိုးအေကြီးတို့လည်း မွန်ဒီ့အကြောင်းကြားလျှင် အံ့ဩသွားကြပြီး ' ဪ ' ဟူ၍ အသံတစ်ပြိုင်တည်း ထွက်ခဲ့ကြသည်။
" နာမည်က မွန်ဒီတဲ့လား ... ချစ်စရာလေးပဲ "
ဂျရယ်မိုင်ရာ၏အဘိုးဖြစ်သူ ဂရေဟမ်က ပြုံးလျက်ပြောခဲ့သည်။
" အိုးဟိုးဟိုး သူ့ဆံပင်လေးက အရောင်ဆန်းပြီး အာတာပူစီလေးလိုပဲ ဖောင်းဖောင်းကြွကြွ အိအိလေး "
တီမိုသီက မွန်ဒီ၏ပန်းရောင်နှင့်မက်မွန်ရောင်၊ နှစ်ရောင်ရောနေခဲ့သော ဆံပင်ဖောင်းဖောင်းကောက်ကောက်လေးကို သူ့လက်တစ်ဖက်တည်းနှင့် အသည်းယားစွာ ကိုင်နေခဲ့သည်။ မွန်ဒီမှာ ထိတ်လန့်နေပြီး ဂျရယ်မိုင်ရာ၏မျက်လုံးများကိုစိုက်ကြည့်ကာ ' သူတို့က ဘယ်သူတွေလဲ' အဓိပ္ပာယ်ရသည့် မျက်လုံးကလေးများဖြင့် ကြည့်နေမိသည်။
" မကြောက်ပါနဲ့ ... သူတို့အကုန်လုံးက ငါ့မိသားစုတွေပါ "
ဂျရယ်မိုင်ရာကသာ မကြောက်ပါနဲ့လို့ ပြောခဲ့ပေမဲ့ မွန်ဒီ့ခမျာ ဂလုဆိုပြီး တံတွေးမြိုချမိသည်။ အဘောဖြစ်သူ တီမိုသီကတော့ မွန်ဒီ၏ အာတာပူစီလို ဆံပင်လုံးလုံးလေးကို သဘောကျလွန်းနေသဖြင့် လက်နှစ်ဖက်လုံးဖြင့် အသာအယာ ပွတ်သပ်ကိုင်ချင်နေခဲ့သော်လည်း သူ၏ညာဘက်လက်က တုတ်ကောက်ကိုင်ထားခဲ့တာကြောင့် ဘယ်လက်ဖြင့်သာ ပွတ်သပ်ကိုင်တွယ်နေခဲ့သည်။
( A/N: ဒီမှာ သိထားစေချင်တာက ဂျရယ်မိုင်ရာရဲ့မိသားစုက အရမ်းချမ်းသာကြတော့ အဘောကနေ အဖေအထိ တုတ်ကောက်တွေ ကိုင်ဆောင်ကြပါတယ်။ သူတို့တုတ်ကောက်တွေအားလုံးက design အမျိုးမျိုးရှိကြပြီး တူညီတဲ့အချက်တစ်ခုကတော့ ဘယ်ဒီဇိုင်းမဆို တုတ်ကောက် အောက်ခြေကို သစ်အကောင်းစားတွေနဲ့ ပြုလုပ်ထားကြသလို ထိပ်ပိုင်းတွေကိုလည်း စိန်တွေ ရွှေတွေ ကွပ်ထားကြပြီး ကိုင်ဆောင်လေ့ရှိကြတယ်ဆိုတာပါ။ )
" တော်တော်လှပြီး ချစ်စရာကောင်းတဲ့ ရေသူမဆံပင်လေးကို ဒါပထမဦးဆုံးတွေ့ဖူးတာပဲ "
ဂျရယ်၏အဘီကပါ မွန်ဒီ၏ဆံပင်လေးကို စူးစမ်းလိုစိတ်ဖြင့် ကိုင်လာသည်။
" သူ့ဆံပင်လေးက တော်တော်မွှေးနေရော "
မွန်ဒီ့ဆံပင်ကို အဘင်ကလည်း ကိုင်ကြည့်လာပြီး ခေါင်းငုံ့နမ်းခဲ့သည်။
" အင်း မွှေးမှာပေါ့၊ သူရေစိမ်ရင် နှစ်နာရီလောက် ကြာသလို ဆပ်ပြာတွေလည်း အများကြီးသုံးတယ်၊ ခေါင်းလျှော်ရင်လည်း တစ်ခါလျှော် Shampoo ဗူးကြီး တစ်ဗူးကုန်မှတော့ ဒီဆံပင်မမွှေးတော့ဘဲ နေမလား "
ဂျရယ်မိုင်ရာက မွန်ဒီ့ဆံပင်မွှေးကြိုင်နေရသည့် လျို့ဝှက်ချက်ကို ရှင်းပြနေခဲ့သည်။ နောက်ဆုံးတွင် ဒေါမနစ်ကပါ မွန်ဒီ့ဆံပင်ကို ကိုင်ကြည့်လာခဲ့သည်။ မွန်ဒီလည်း ဂျရယ်မိုင်ရာ၏ဘိုးတော်အားလုံးက သူမ၏ဆံပင်လေးကို ဝိုင်းကိုင်နေခဲ့ကြသည်ကို မကြိုက်ခဲ့သော်လည်း ကျောက်ရုပ်အတိုင်းနေနေမိသည်။
မကြာခင်တွင် ဓာတ်လှေကားက ရပ်တန့်သွား၏။
" ရောက်ပြီ " ဟု သူ့ဘက်ကနေ အားလုံးကို အသိပေးလိုက်သောအခါ မွန်ဒီလေးလည်း ဆံပင်ဝိုင်းအုံကိုင်ခံရခြင်းမှ ကင်းလွတ်သွားခဲ့သည်။
◎ ══════ ❈ ══════ ◎