𝐈𝐦𝐦𝐨𝐫𝐭𝐚𝐥 𝐅𝐨𝐞𝐬...

By harley__robbie

133K 7.7K 969

ချယ်ရီကြွေတွေပေါ်မှာ ဒူးထောက်ကာ တောင်းပန်ပြီးနောက် ... ဒီအမတလမ်းခရီးမှာ မင်းတစ်ယောက်သာ ကိုယ်ရူးရမိပါကြောင်း... More

Prolouge (U)
Prolouge (Z)
About Order!!
Please Read!💖 (U+Z) /12.8.2023/
ℭ𝔥𝔞𝔭𝔱𝔢𝔯 1 - Demon Exorcist Jeremiah (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 1 - Demon Exorcist Jeremiah (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 2 - Prince 's Funeral (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 2 - Prince 's Funeral (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 3 - Toxic Birthday Party (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 3 - Toxic Birthday Party (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 4 - Lustful Enemy (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 4 - Lustful Enemy (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 5 - A Night with Dangerous Enemy (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 5 - A Night with Dangerous Enemy (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 6 - Dancing Before The Next Battle (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 6 - Dancing Before The Next Battle (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 7 - Ice Dragon Crown Prince (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 7 - Ice Dragon Crown Prince (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 8 - Soft Kiss to Special Body Pillow (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 8 - Soft Kiss to Special Body Pillow (Z)
𝕮𝖍𝖆𝖕𝖙𝖊𝖗 9 - War for Valentine (U)
𝕮𝖍𝖆𝖕𝖙𝖊𝖗 9 - War for Valentine (Z)
𝕮𝖍𝖆𝖕𝖙𝖊𝖗 10 - The Real Meaning of " Good Luck " (U)
𝕮𝖍𝖆𝖕𝖙𝖊𝖗 10 - The Real Meaning of " Good Luck " (Z)
Jere & Christ Art
Jeremiah's Art (Anime Version ) & Character Details
Christopher 's Art (Fox & Human Forms) & Character Details
Gavain AI version (Made with Dream App) Unicode
Gavain AI version (Made with Dream App) Zawgyi
𝕮𝖍𝖆𝖕𝖙𝖊𝖗 11 - My Beautiful Little Chris (U)
𝕮𝖍𝖆𝖕𝖙𝖊𝖗 11 - My Beautiful Little Chris (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 12 - The Lost Memories (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 12 - The Lost Memories (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 13 - The Beautiful Kimono (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 13 - The Beautiful Kimono (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 14 - Is it over? (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 15 - Story Untold (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 15 - Story Untold (Z)
The Seven Immortal Freeman Grandpas (AI art Version)
The Seven Immortal Freeman Grandpas (AI art Version) Zawgyi
ℭ𝔥𝔞𝔭𝔱𝔢𝔯 16 - The hell inside a heart (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 16 - The hell inside a heart (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 17 - The Alluring Sirens (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 17 - The Alluring Sirens (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 18 - Your Tiny Heart (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 18 - Your Tiny Heart (Z)
Mondy's Art ( Chibi Version & AI Version)
Wonderful Paradise (Dark Fan Service 1 )
ℭ𝔥𝔞𝔭𝔱𝔢𝔯 19 - Surprise Day (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 19 - Surprise Day (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 20 - A good kisser (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 20 - A good kisser (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 21 - A New Family Member
ℭ𝔥𝔞𝔭𝔱𝔢𝔯 21 - A New Family Member (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 22 - Morra or Dan Morra ? (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 22 - Morra or Dan Morra ? (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 23 - A new memory
ℭ𝔥𝔞𝔭𝔱𝔢𝔯 23 - A New Memory (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 24 - Not Your Brother Jere
ℭ𝔥𝔞𝔭𝔱𝔢𝔯 24 - Not Your Brother Jere (Z)
Passionate Screaming (Dark Fan Service 2)
ℭ𝔥𝔞𝔭𝔱𝔢𝔯 25 - True Loves?
ℭ𝔥𝔞𝔭𝔱𝔢𝔯 25 - True Loves ? (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 26 - Energy and Mantras
𝕮𝖍𝖆𝖕𝖙𝖊𝖗 26 - Energy and Mantras (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 27 - A Prisoner in the Moon Palace
ℭ𝔥𝔞𝔭𝔱𝔢𝔯 27 - A Prisoner in the Moon Palace (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 28 - The Smile
𝕮𝖍𝖆𝖕𝖙𝖊𝖗 28 - The Smile (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 29 - The Traitorous Mafia Bosses
ℭ𝔥𝔞𝔭𝔱𝔢𝔯 29 - The Traitorous Mafia Bosses (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 30 - The Greatest Exorcists
ℭ𝔥𝔞𝔭𝔱𝔢𝔯 30 - The Greatest Exorcists (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 31 - A Promise of Happiness
ℭ𝔥𝔞𝔭𝔱𝔢𝔯 31 - A Promise of Happiness (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 32 - Romance After Flames
ℭ𝔥𝔞𝔭𝔱𝔢𝔯 32 - Romance After Flames (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 33 - Thank You, Father
ℭ𝔥𝔞𝔭𝔱𝔢𝔯 33 - Thank You, Father (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 34 - Under the Moonlight Ocean
ℭ𝔥𝔞𝔭𝔱𝔢𝔯 34 - Under the Moonlight Ocean (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 35 - My Boss's Wild Love Confession (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 35 - My Boss's Wild Love Confession (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 36 - Reunion of Father & Son (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 36 - Reunion of Father & Son (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 37 - Hate & Love (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 37 - Hate & Love (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 38 - "Jeremiah ... Be Pregnant!" (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 38 - "Jeremiah ... Be Pregnant!" (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 39 - The End of Immortal Foes (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 39 - The End of Immortal Foes (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 40 (Final / U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 40 (Final/ Z)
𝐄𝐱𝐭𝐫𝐚 𝟏 : Love Poems (U)
𝐄𝐱𝐭𝐫𝐚 𝟏 : Love Poems (Z)
𝐓𝐡𝐚𝐧𝐤 𝐲𝐨𝐮 𝐟𝐨𝐫 𝐲𝐨𝐮𝐫 𝐬𝐮𝐩𝐩𝐨𝐫𝐭!
I prepared my plot and researched like this!!
Character Explanation About Mondy (Unicode & Zawgyi)
To Dear Readers (11.7.2022) U + Z
My New Fiction (Eternal Sunshine) U+Z
❤️ Physical Book Coming Soon ❤️
‼️Green Lantern Book House‼️

ℭ𝔥𝔞𝔭𝔱𝔢𝔯 14 - Is it over? (Z)

256 16 0
By harley__robbie


╔═════ ࿇ ═════╗

𝕮𝖍𝖆𝖕𝖙𝖊𝖗 14
𝕴𝖘 𝖎𝖙 𝖔𝖛𝖊𝖗?

╚═════ ࿇ ═════╝

မိစ္ဆာဘုရင်ကြီး၏နာမည်အပြည့်အစုံမှာ
Jeffrey Harris Garrison Lepic ( ဂျက်ဖရီ ဟာရစ်(စ်) ဂါလီဆန် လီပေ့စ်) ဖြစ်သည်။

ငွေရောင်၊ရွှေရောင်တို့ဖြင့် တဝင်းလက်လက် တောက်ပနေသော မီးဆိုင်းကြီးအောက်တွင် အတွန့်တွန့် လိပ်တက်နေသည့် ဆေးလိပ်ငွေ့များက အပေါ်ဘက်သို့ တလူလူ လွင့်တက်နေသည်။ အင်္ဂလန်ဗြိတိသျှနန်းတော်သဖွယ် အဆောင်အယောင်အပြင်အဆင်များဖြင့် ခမ်းနားကျယ်ပြောလှသည့် ဧည့်ခန်းဆောင်ကြီးပင်။

ထိုအခြင်းအရာက အဆင့်မြင့်၍အထက်တန်းကျသော လူနေထိုင်မှုပုံစံတစ်ခု ၏ ပြယုဂ်ဖြစ်ကြောင်း သက်သေထူနေ သည်။ မိစ္ဆာဘုရင်ကြီး ဂျက်ဖရီသည် ဆေးလိပ်ကို ဘယ်ဘက်လက်ခလယ်နှင့် လက်ညိုးကြား ဟန်ပါပါထည့်ကာ တဖြည်းဖြည်း ရိုက်သောက်လိုက်၊ အငွေ့မှုထုတ်လိုက် လုပ်နေ၏။

" မင်းရဲ့သားက ငါတို့ကို သစ္စာဖောက်သွားပြီ Owen (အိုဝမ်) "

ခနဲ့မှုနှင့်ရွဲ့စောင်းမှုများပါဝင်နေသော မိစ္ဆာဘုရင်ကြီးဂျက်ဖရီ ၏အသံက ငြိမ်ဆိမ်နေသော ပတ်ဝန်းကျင်ကို ဖြိုခွင်းလိုက်ဟန်ရှိသည်။

" မဖြစ်နိုင်ဘူး။ သူတို့ဘယ်လိုမှ ပြန်မှတ်မိသွားစရာအကြောင်းမရှိဘူး အရှင်မင်းကြီး "

ခရစ်စတိုဖာ၏ဖခင်အိုဝမ်လည်း ဗွီဒီယိုကိုကြည့်ပြီးနောက် ထိတ်လန့်မှုတစ်ခုနှင့် အမြန်တုံ့ပြန်မိသည်။ ထိုအချိန် သူတို့၏ခပ်ဝေးဝေးမှာ ရပ်နေသောဂါဗင်က သွားအစုံပေါ်သည်အထိ ရယ်နေခဲ့သည်။

" ဟဟ ... အိုဝမ်၊ ဒီမှာကျုပ်သက်သေယူလာတာ။ ရစ်စတိုဖာဘက်က ပြန်သတိမရသေးပေမယ့် ဂျရယ်မိုင်ရာဘက်ကသာ ပြန်သတိရသွားပုံပဲ။ ကျုပ်သာ သူတို့နမ်းနေတာကိုသာ video မရိုက်ထားရင် ခင်ဗျားတော့ ကျုပ်ကို ပိုမယုံနေတော့မှာ "

ဂါဗင်က သူတို့နှင့် ၁၅ပေအကွာမှာ ကန်လန့်ကာကို အမှီပြုပြီး မတ်တပ်ရပ်နေလျက် မှန်ချပ်၏အပြင်ဘက်ကို ကြည့်နေပြီး နောက်သို့လှည့်ကြည့်ခြင်းမရှိဘဲပြော ၏။ ဆင်စွယ်ရောင်ပိုးသားကန့်လန့်ကာများကြားက မှန်ချပ်ကို လက်ထောက်ထားသည့် သူ့ပုံရိပ်မှာ ဖျော့တော့တော့လေး ထင်ပေါ်နေ ၏။ အိုရမ်လည်း ဗွီဒီယိုကိုကြည့်ပြီး ခေါင်းနပန်းကြီးနေမိသည်။

"အရှင်မင်းကြီး ... နောက်ထပ်တစ်ခါလောက်ပဲ ကျွန်တော်မျိုးကို အခွင့်အရေးပေးပါ ... ကျွန်တော်သူ့ကို .... "

အိုဝမ်၏ အသံကတုန်ယင်စွာ။ အသနားခံနေစဉ် ဂျက်ဖရီက စကားဖြတ်ပြောသည်။

" နောက်ဆုံးအကြိမ်ပဲ "

စကားဆုံးသည့်နောက် မိစ္ဆာဘုရင်ကြီး ဂျက်ဖရီလည်း သူ ၏ဆေးလိပ်ကို နှစ်ခြိုက်စွာ အငွေ့တလိုင်လိုင်ထသည်အထိ ပြန်သောက်ပြီး မျက်နှာကြက်ကို မော့ကြည့်နေခဲ့သည်။

ဤစကား ၏အဓိပ္ပာယ်အတိမ်အနက်က အိုဝမ်အတွက်တော့ မိုးပြိုကျစရာအကြောင်းကိစ္စတစ်ခုသာ။ အိုဝမ် ၏မျက်လုံးများက ဂျက်ဖရီကို ဆက်မကြည့်နိုင်တော့ဘဲ သူ့ခြေထောက်အောက်က ကတ္တီပါကော်ဇောကိုသာ စိုက်ကြည့်နေခဲ့ရလေသည်။

သားကို အရမ်းချစ် သော ဖခင်တစ်ယောက်ဖြစ်သောကြောင့် မည်သည့်နည်းနှင့်မျှ ခရစ်စတိုဖာကို အဆုံးရူံးမခံနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ဂျက်ဖရီပြောသည့် နောက်ဆုံးအကြိမ်ဟူသည် သူ့သားကို သူကိုယ်တိုင်သတ်ပစ်ရန် ဆိုလိုခြင်းဖြစ်၏။ သားဖြစ်သူစိတ်ထိခိုက်မည်ကို စိုးရိမ်အားကြီးခဲ့သော ဖခင်တစ်ယောက် ဖြစ်လင့်ကစား တကယ်တမ်းတွင် ခရစ်စတိုဖာကို သာမာန်လူသားယောကျာ်းလေးတစ်ယောက်အနေနှင့်သာ ဘဝကိုပျော်ရွှင်စွာ ဖြတ်သန်းစေချင်ခဲ့သည်။

ဤသည်မှာ သူ့ဘဝတစ်ခုလုံး၌ သူ့သားဖြစ်သူအတွက် ဖန်တီးအပေးချင်ဆုံးသောလက်ဆောင်တစ်ခုဆိုလည်း မှန်ပေ ၏။

" နောက်ဆုံးအခွင့်အရေးပေးတာတောင် မင်းရဲ့သားက ဒီပုံစံအတိုင်းဆို ... ဘာလုပ်ရမလဲကို သိတယ်ဟုတ် "

နိုင်ငံအသီးသီး၌ စွမ်းအားကြီးသမန်းမိစ္ဆာမျိုးနွယ်စုများရှိကြသော်လည်း လက်ရှိ ၂၁ ရာစု အင်္ဂလန် ၏ မိစ္ဆာမျိုးနွယ်များထဲတွင် အင်အားအကြီးဆုံးမျိုးနွယ်ကိုပြသပါဆိုလျှင် မိစ္ဆာဘုရင်ကြီး ဂျက်ဖရီ ၏ Anthony Lepic (အန်တိုနီ လီပေ့)မျိုးနွယ်က မိစ္ဆာနှိမ်နင်းသူများကြားတွင် အထင်ရှားဆုံးနှင့် အကျော်ကြားဆုံးမိစ္ဆာအုပ်စုပင်ဖြစ်သည်။ တခြားမျိုးနွယ်များထဲတွင် မိစ္ဆာနှင့် မိစ္ဆာနှိမ်နင်းဆရာတို့ ချစ်ကြိုက်မိကြရာမှ မိစ္ဆာမျိုးဆက်မသန့်စင်ခြင်းများရှိခဲ့သော်လည်း၊ ဂျက်ဖရီတို့ ၏အမျိုးအနွယ်ထဲ လူသားကလွဲလျှင် မည်သည့်မိစ္ဆာနှိမ်နင်းသူအရောမျိုးနှင့်မှ လက်ထပ်ထိမ်းမြားခြင်းအား ခွင့်မပြုထားပေ။

အထူးသဖြင့် Timothy Freeman (တီမိုသီဖရီမန်း)၏မျိုးဆက်များဖြစ်နေလျှင် ပိုဆိုး ၏။

" မသတ်ပါနဲ့။ ဂျရယ်မိုင်ရာရဲ့အားနည်းချက်က ခရစ်ပဲ ခမည်းတော်...ဒါ့ကြောင့် ခရစ်ကို ပြန်ခေါ်ပြီး ကျွန်တော့်ဆီမှာပဲ နေခိုင်းလိုက်တော့မယ်။ ဒါဟာ ဒီကောင့်ကို မြှားခေါ်လိုက်တဲ့သဘောပဲပေါ့"

ဂျက်ဖရီလည်း သူ့သားဖြစ်သူ ဂါဗင် ၏စကားကို ကြားကြားချင်း လက်ခုပ်တီးလိုက်သည်။

" မင်းတော်တယ် ဂါဗင် ... "

ထို့နောက် ဂျက်ဖရီက အိုဝမ့်ကို ပြုံးပြုံးကြီး စိုက်ကြည့်လိုက်အခါ အိုဝမ်လည်း သူ့သားသေဘေးမှ ကပ်သီလေးလွတ်သွားသည့်အတွက် စိတ်သက်သာရာရသွားသည်။ ဂါဗင့်အကြံကိုလည်း သဘောတူကြောင်း ခေါင်းငြိမ့်ခဲ့ရ၏။

" ဂျရယ်မိုင်ရာက ခေတဲ့အကောင်တော့ မဟုတ်ဘူးကွ။ သူ့ကိုတွေ့တွေ့ချင်း ဝုန်းရင်အဆင်မပြေ၊ ဖမ်းရင်လည်း အဆင်မပြေ...ဒါ့ကြောင့် ခဏမြှားခေါ်ချင်ရတဲ့ ရည်ရွယ်ချက်က ကျွန် တော်တို့ဗိုလ်ချုပ် ခရစ်စတိုဖာနဲ့ ထပ်မပတ်သက်ဖို့ပဲ။ သူ့ဘက်က first warning မှာ အသာတကြည် ကျွန်တော်တို့စကားကို နားထောင်ရင် စစ်ပွဲဖန်တီးစရာမလိုဘူး။ အဲဒီလိုမှမဟုတ်ဘဲ second time ခရစ်ဆီပြန်လာရင် Feeman တွေဆီ warning ထပ်ပို့ကြတာပေါ့။ နောက်ဆုံးအကြိမ်များ သူ့ဘက်က ခရစ်စတိုဖာအတွက် ဇွဲကောင်းခဲ့ရင် .... ကမ္ဘာစစ်ဖြစ်တာထက် ပိုဆိုးလိမ့်မယ်"

ဂါဗင့်စကားကို ဂျက်ဖရီနှင့်အိုဝမ်တို့ ငြိမ်သက်စွာ နားထောင်နေခဲ့ကြသည်။

ဂါဗင်က မှန်ချပ်အပြင်ကို ကြည့်နေရင်း ...။

" မာစီရာအတွက် သွေးကြွေးပြန်ယူမယ် "

ဂါဗင်က သူ့ညီတော် မာစီယာကို ချစ်မြတ်နိုးလွန်းသဖြင့် ခမည်းတော်မှ ဘုရင်နေရာအတွက်လျာထားတာတောင်လက်မခံဘဲ သူ့ညီတော်မာစီရာကိုသာ ဆက်ခံစေလိုသောကြောင့် သူကတော့ မိစ္ဆာမာဖီးယားခေါင်းဆောင်အနေနှင့်သာ ဥရောပတစ်ခွင် နယ်ချဲ့နေခဲ့သည်။

သူ့ဘဝတွင် Freeman (ဖရီးမန်း) တို့နှင့် ပတ်သက်ပြီး နာကြည်းစရာများခဲ့သော်လည်း ညီတော်ကို ဆုံးရူံးရလိုက်ရသည့် ဤတစ်ကြိမ်မှာတော့ ယခင်ကထက် နာကျည်းမှုများက အတိုင်းအဆမရှိအောင် ဖြစ်လာခဲ့ ၏။

" ကျွန်တော် အိမ်ပြန်တော့မယ် "

" အေးအေး "

ထို့နောက် ဂါဗင်သည် သူ့ညီတော် မာစီရာ၏အုတ်ဂူသို့ ပန်းစည်းတစ်ချို့နှင့်အတူသွားရောက်ခဲ့သည်။ အုတ်ဂူဆီရောက်သောအခါ ဂါဗင်က အဖြူရောင်နှင်းဆီပွင့်များပါသည့် ပန်းစည်းကို မာစီရာ၏ဓာတ်ပုံရှေ့တွင် ဖြည်းဖြည်းလေးချလိုက်သည်။ မြေမြင်သို့ ခါးညွတ်ရင်း မာစီရာ၏ဓာတ်ပုံကို လက်ချောင်း လေးများဖြင့် ထိတွေ့လိုက်၏။

" မာစီရာ ... ငါ့ညီလေး၊ ကောင်းကင်ဘုံမှာ ပျော်နေရဲ့လား "

ဂါဗင်၏အေးစက်ပြီး ရက်စက်သည့်ပုံသဏ္ဌာန်မှာ သူ့ညီလေးနှင့်တွေ့သည့်အခါတွင်တော့ အာလုံးစုံပျောက်သွားပြီး နွေးထွေးမှုများသာ ထင်ဟပ်နေခဲ့၏။

" အစ်ကိုသာရှိနေခဲ့ရင် မင်းကိုကာကွယ်ပေးနေခဲ့မှာပါ... အခုမင်းချစ်တဲ့ အမေနဲ့ တွေ့နေရလို့ ဒီအစ်ကိုကြီးကို မမေ့နဲ့အုံး ငါ့ကောင် ... အမေ့ကိုလည်းပြောပေး။ အမေ့သားကြီးက ခုထိ အမေ့ကို သိပ်ချစ်နေတဲ့အကြောင်း၊ အမေလုပ်ပေးတဲ့ မုန့်တွေလည်း လွမ်းနေတဲ့အကြောင်းတွေရော ဟားဟား .... "

ဂါဗင် ၏ မီးခိုးရောင်မျက်ဝန်းများထဲတွင် နာကျင်ခြင်းမျက်ရည်စများ ဝဲတက်လာနေခဲ့သည်။ သူချက်ချင်းမျက်စိမှိတ်ပြီး အသက်တစ်ချက် ပြင်းပြင်းရှူလိုက်သည်။ မျက်လုံးများကို ညင်သာစွာ ပြန်ဖွင့်ပြီးနောက်မှာတော့ မာစီရာ၏ ဓာတ်ပုံကိုကြည့်ပြီး ပြုံးနေခဲ့၏။

လေညင်းအေးများက အုတ်ဂူပေါ်ရှိ အဖြူရောင်နှင်းဆီပွင့်တွေကို တိုက်ခတ်သွားသလို၊ ဂါဗင် ၏ မျက်နှာပေါ်ကိုလည်း နူးညံ့စွာ တိုက်ခတ်သွားခဲ့သည်။

----

တစ်ဖက်တွင် အိမ်တွင်းစစ်ပွဲ အကြိတ်အနယ်ဖြစ်နေကြသည်။

" ခရစ် .... ငါမင်းနဲ့မခွဲနိုင်ဘူး "

" သောက်ရေးမပါတာတွေ... မခွဲနိုင်လို့မရဘူး။ မင်းသေတွင်း မင်းဆက်မတူးချင်စမ်းနဲ့ "

ခရစ်စတိုဖာက ဂျရယ်မိုင်ရာ ၏ တိုက်ခန်းမှ သူ့အိမ်ပြန်ဖို့ပြင်နေသည်ကို ဂျရယ်မိုင်ရာက ခရစ်စတိုဖာရှေ့ကနေ ကာဆီးကာဆီးဖြင့် တားနေခြင်းဖြစ်သည်။ ခရစ်စတိုဖာ့ခမျာ ဂျရယ်မိုင်ရာဆိုသော ဂြိုဟ်ဆိုးကောင်ကို ဒေါသအရမ်းထွက်ကာ ဆဲချင်ခဲ့သော်လည်း မနည်းမြိုသိပ်ထားခဲ့ရ၏။

" မင်း ကလေးတစ်ယောက်လို တဇွတ်ထိုးလုပ်နေလို့ မရဘူး ဂျရယ်မိုင်ရာ...သောက်ပြဿနာတွေ ကြီးမယ်ဟ "

" ငါ့သေမင်းကို ငါခေါ်နေမှန်း သိတယ် ခရစ်။ ငါ လောဘကြီးတာလည်း ငါသိတယ်။ ငါတို့တွေ အတူတူ ... သူတို့အဝေးဆုံးကို ထွက်ပြေးကြရင်း အတူတူနေသွားချင်တာ ငါ့အတ္တတွေပါ"

" အေး ... ဒါပေမဲ့ ငါကတော့ ငါ့မိသားစုမျက်နှာထောက်ရဦးမယ် "

မိသားစုဆိုဟူသည့် စကားလုံးကို ကြားလိုက်ရသောအခါ ဂျရယ်မိုင်ရာ ငြိမ်ကျသွားသည်။ သက်ပြင်းတစ်ချက်ချပြီးနောက် ခရစ်စတိုဖာအား ညိုးနွမ်းသောအကြည့်များဖြင့် ကြည့်နေ
ခဲ့သည်။ ဂျရယ်မိုင်ရာအတွက်တော့ သူ့မှာ ငဲ့စရာမိသားစုဆိုသည်မှာ အသက်ရှိနေကြသော်လည်း သူ့အနေနှင့် သူတို့ကို သေလူများကဲ့သို့သာ သဘောထားခဲ့သည်။

" တစ်နေ့တော့ ပြန်တွေ့ကြမယ်မလား "

" မသိဘူး "

အိမ်ပြန်ရန် အင်မတန် စိတ်အားထက်သန်နေသောခရစ်စတိုဖာ့ကို ဂျရယ်မိုင်ရာလည်း မည်သို့မျှ ဆက်မတားနိုင်ခဲ့ပေ။ ဆက်တားလျှင်လည်း ရှေ့မှာဖြစ်လာမည့်အန္တရာယ်များက ဒုနှင့်ဒေး။ ယခုအချိန်၌ သူအဖြစ်ချင်ဆုံးဆန္ဒကိုပြောပါဆိုလျှင် ခရစ်စတိုဖာဘက်ကလည်း သူ့လိုပင် မိသားစုမျက်နှာ မထောက်ထားဘဲ မိုက်ရူးရဲဆန်လျက် သူနှင့်တူတူဆက်နေစေချင်မိခဲ့သည်။ သို့သော်လည်း သူ့မိသားစုအခြေအနေနှင့် ခရစ်စတိုဖာတို့မိသားစုအခြေအနေကို နိုင်းယှဉ်ကြည့်ပြန်တော့ အခြေအနေက မီးနှင့်ရေလို ကွာခြားနေရသည်က အဓိကပြဿနာ...။

တခြားနည်းလမ်းမရှိတော့ပြီဖြစ်၍ သူ့အချစ်ဆုံး ခရစ်လေးကို အပြီးတိုင် လက်လွှတ်ပေးလိုက်ရတော့မည်လား။

ဂျရယ်မိုင်ရာ ၏ခေါင်းထဲ၌ ဆက်စဉ်းစားလို့မရနိုင်အောင် အတွေးများက ကွက်လပ်ဖြစ်သွားခဲ့ ၏။ ခရစ်စတိုဖာ ထွက်သွားပြီး တံခါးပိတ်သွားသည့်အသံကြားတော့မှ သူ့အသိစိတ်များက တစ်ဖန်ပြန်ဝင်လာခဲ့လျက်။

ခရစ်စတိုဖာဘက်က ပြတ်သားသည့် ဆုံးဖြတ်ချက်တစ်ခုနှင့် မည်သည့်ပြဿနာကြီးကြီးမားမားမှ ထပ်မဖြစ်ရလေအောင် သူ့မိဘအိမ်ကိုသာ ဖြောင့်ဖြောင့် တန်းပြန်လာခဲ့သည်။ ခရစ်စတိုဖာ ဒီတစ်ကြိမ် အိမ်ပြန်လာချိန်မှာတော့ ဖရုံစေ့လောက်မျက်နှာလေးနှင့် ညိုးငယ်နေရသည်။ အကြောင်းမှာ ခါတိုင်းဆို သူ့မိဘများက အိမ်ပြန်လာလျှင် နွေးထွေးစွာ ကြိုဆိုတတ်ကြသော်လည်း ယခုတွင်မူ ကြိုဆိုမှုများဟာ အေးစက်စက်နှင့်သာ။

ယခင်တစ်ချိန်က သူရရှိခဲ့ဖူးသော နွေးထွေးမှုများပျောက်ဆုံးနေခဲ့သည်ကို သူခံစားမိ ပြီး ယခုလို ဖြစ်သွားတာကလည်း သူ့ကြောင့်ဖြစ်မှန်းလည်း နားလည်သဘောပေါက်သည်။ ခရစ်စတိုဖာ အိမ်ပြန်ရောက်လာခဲ့သော (၃)ရက်အတွင်း သူ့မိဘနှစ်ပါးစလုံးက သူ့ကိုစကားသိပ်မပြောကြပေ။ မျက်နှာချင်းဆိုင်တွေ့သည့်အချိန်များမှာလည်း ထမင်းလက်ဆုံ စားကြသောအချိန်သာဖြစ်သည်။

ခရစ်စတိုဖာလည်း သူ့မိဘများစိတ်ဆိုးပြေမည့်အချိန်ထိသာ အကြောင်းစုံ သေချာရှင်းပြရန် စောင့်ဆိုင်းနေခဲ့သည်။

အိမ်တွင်ချေမိုးခံနေရရုံမက ၂၄ နာရီလုံးအစောင့်အကြပ်များနှင့် အခန်းအပြင်ထွက်လည်း အပြင်ထွက်သည့်အလျောက် အစောင့်များက အမြဲတစေ နောက်ကနေလိုက်ကြည့်ခြင်းကို ခံရစမြဲ။ အိမ်တော်ထိန်းများကလည်း သူ့ဝေယျာဝစ္စမှန်စမျှ အကုန်လိုက်လုပ်ပေးသည်။

သူ အိမ်အပြင်ဘက်သို့ ထွက်သည်ဖြစ်စေ၊ မြို့ထဲသွားသည်ဖြစ်စေ၊ အိုဝမ်ကပါအတူလိုက်လေ့ရှိပြီး အိမ် အနီးအနား ပတ်ဝန်းကျင်တစ်ဝိုက် လျောက်ပတ်ကြည့်ပြန်လည်း သူ့နီးပါးသန်မာပြီး ပိုထွားကြိုင်းသောအစောင့်အကြပ် ၅ ယောက်လောက်နှင့် အမြဲလိုလို လျောက်သွားရပြန်သည်။

သူ့နောက်မှ ထိုကဲ့သို့အစောင့်များ ထပ်ကြပ်မကွာလိုက်ခံရသည့် ကြိမ်ဖန်များလာသောအခါ ခရစ်စတိုဖာလည်း သူ့မိဘများကို တော်တော်လေး စိတ်ပျက်ငြီးငွေ့လာခဲ့သည်။ သူက အရွယ်ရောက်နေပြီးဖြစ်သော အမြှီးကိုးချောင်းမြေခွေးဖြူမိစ္ဆာတစ်ကောင်ဖြစ်နေပြီး မြေခွေးလေးတစ်ကောင်ကဲ့သို့ ဆက်ဆံခံနေရသည်ကို မနှစ်မြို့တော့ချေ။

သူလုပ်မိခဲ့သည့် အမှားများကြောင့် ယခုကဲ့သို့ ၂၄ နာရီ အစောင့်များ ချထားရသည်ဆိုရအောင်လည်း သူစိတ်ပါ၍ ကိုယ်တိုင်ပြုလုပ်ခဲ့သောအမှားများ မဟုတ်နေခဲ့သကဲ့သို့ သူရည်ရွယ်ချက်ရှိရှိ စလုပ်ခဲ့သောအမှားများလည်း မဟုတ်နေခဲ့။

ဘုရင်ကြီး၏အမိန့်အရ မျိုးနွယ်မတူ ရန်ဘက်ဖြစ်သော ဂျရယ်မိုင်ရာနှင့် တိုက်ခိုက်နေတုန်း ဂျရယ်မိုင်ရာ ဖမ်းချုပ်ထားတာ ခံရပြီးကတည်းက -

တစ်အချက်။ ။ဂျရယ်မိုင်ရာ့လက်ကနေ ဘယ်လိုမှ မလွတ်မြောက်နိုင်ခဲ့သောကြောင့် ဂျရယ်မိုင်ရာလုပ်သမျှကို သူတောက်လျှောက်ခံခဲ့ရသည်။

နှစ်အချက်။ ။ဂျရယ်မိုင်ရာက သူ့ကိုပလီပလာ အီစီကလီနှာဘူးကျသမျှလည်း သူကချည်းခံခဲ့ရသည်။

သုံးအချက်။ ။ဂျရယ်မိုင်ရာ စနမ်းတာကိုလည်း သူကပဲ ခံခဲ့ရသည်။

လေးအချက်။ ။ဂျရယ်မိုင်ရာကို သနားစိတ်ဝင်မိခဲ့ရုံသာရှိပြီး ချစ်ကျွမ်းဝင်သည့်စိတ်လည်း တစ်စက်ကလေးမျှ ရှိမနေခဲ့ပေ။ သူ့အနေဖြင့် ခံဘက်ကချည်းပဲ တစ်ချိန်လုံးဖြစ်နေခဲ့တာတောင် ယခုတွင်လည်း သူ့မိဘများ ၏အထင်လွဲခြင်းကို ခံနေရ ၏။ သူ့အား ရန်သူနှင့်ပူးပေါင်းခဲ့သော သစ္စာဖောက်တစ်ကောင်ကဲ့သို့ အထင်အမြင်လွှဲကာ ဆက်ဆံခံနေရသည်မှာ မတရားပေ။

သူလုပ်ခဲ့သောအမှားများတွင်လည်း ကြီးကြီးမားမားရှိနိုင်မလားဟူ၍ ပြန်လည်စဉ်းစားကြည့်ပါလျှင် ဘာမှမရှိနေချေ။

သူ့အတွက် တရားမျှတမှုများသည် ဘယ်ဆီဘယ်ဝယ် ပုန်းကွယ်နေခဲ့ပါသနည်း။

◎ ══════ ❈ ══════ ◎

Continue Reading

You'll Also Like

281K 5.9K 33
WATTPAD BOOKS EDITION You do magic once, and it sticks to you like glitter glue... When Johnny and his best friend, Alison, pass their summer holid...
144K 5K 16
𝐈𝐍 𝐖𝐇𝐈𝐂𝐇 Sirius Black had a daughter with a greek goddess and the girl had a very powerful soulmate. 𝐎𝐑 ― A long time ago, a prophecy was ma...
2.9K 483 17
A Lovely Myanmar Education College Love Story.
189K 4.5K 15
"how can someone be too young to be in love when we were crafted from ocean waves ...