╔═════ ࿇ ═════╗
𝕮𝖍𝖆𝖕𝖙𝖊𝖗 8
𝕾𝖔𝖋𝖙 𝕶𝖎𝖘𝖘 𝖙𝖔 𝕾𝖕𝖊𝖈𝖎𝖆𝖑 𝕭𝖔𝖉𝖞 𝕻𝖎𝖑𝖑𝖔𝖜
╚═════ ࿇ ═════╝
ဂါဗင်၏အတွေးများထဲတွင် ဂျရယ်မိုင်ရာကို အနိုင်ရမည့် အားနည်းချက်အကွက်တစ်ကွက်မှ မတွေ့ရသောကြောင့် ဂျရယ်မိုင်ရာထက် ပိုမိုအင်အားကြီးသန်မာစေမည့် စွမ်းအင်တစ်ခုရရှိဖို့ စဉ်းစားနေခဲ့သည်။
ယခုတွင် သူအရမ်းသတ်ချင်နေမိသည့် ဂျရယ်မိုင်ရာကမူ ဗိုလ်ချုပ်ခရစ်စတိုဖာ၏တိုက်ခန်းထဲတွင် အိပ်မောကျနေခဲ့သည်ကို သူမသိသေးပေ။
ခရစ်စတိုဖာ မနက်ဘက် အိပ်ရာနိုးလာသောအခါ သူ့အခန်းထဲတွင် အကြောဆန့်ပြီး ခဏထိုင်နေခဲ့သည်။ ထို့နောက် ရေချိုးခန်းသို့ ဝင်သွားလျက် မျက်နှာသစ်ခြင်းနှင့် သွားတိုက်ခြင်းကို ပြုလုပ်ပြီးနောက် သန့်စင်ခန်းထဲတွင် အပေါ့အလေးစွန့်သည်။ ထို့နောက် မီးဖိုချောင်ထဲသို့ရောက်လာပြီး သူ့အတွက် မနက်စာကို သေချာပြင်ဆင်ကာ စားသောက်သည်။
အားလုံးပြီးသွားသော် ဧည့်ခန်းထဲသို့ သီချင်းလေးတအေးအေးဖြင့် ထွက်လာခဲ့လျှင် သူ၏ကမ္ဘာကြီးတစ်ခုလုံး သာယာနေရာကနေ တစ်စက္ကန့်အတွင်း ကမ္ဘာပျက်သွားတော့သည်။ အကြောင်းမူကား ဆိုဖာပေါ်တွင် အိပ်မောကျနေသော ဂျရယ်မိုင်ရာကို တွေ့လိုက်ရခြင်းကြောင့်ပင်။
" ဒီကောင်တော့ ... "
သူ ဂျရယ်မိုင်ရာကို ဆွဲဖယ်ဖို့လုပ်သော်လည်း ဖယ်လို့မရပေ။ သို့သော် ဂျရယ်မိုင်ရာကနေ ခရစ်စတိုဖာ၏လက်များကိုဆွဲလိုက်ပြီး ရင်ခွင်ထဲမှာ အပိုင်သိမ်းထားခြင်းကိုခံလိုက်ရသည်။
" ငါ ဖက်ခေါင်းအုံးမပါဘဲ မအိပ်တတ်ဘူး။ တစ်ညလုံး ဖက်ခေါင်းအုံးလိုနေခဲ့တာ "
"ကျစ်၊ ခွေးကောင်... ငါ့ကိုလွှတ်စမ်း "
" မလွှတ်ပေးဘူး။ ငါ့ဖက်ခေါင်းအုံး လုပ်ပေး "
" လွှတ်ကွာ "
ခရစ်စတိုဖာက သူ့ရင်ဘတ်ပေါ်က ဂျရယ်မိုင်ရာ၏လက်မောင်းများကို တွန်းကန်ဖယ်ရှားရင်း ရုန်းကန်နေသည်။ ဂျရယ်မိုင်ရာက သူ့ကိုမရုန်းထွက်နိုင်အောင် အတင်းခွဖက်ထားသည်က သူ့စိတ်ကို ပိုပြီးတော့ကျဉ်းကျပ်လာစေရုံမက ပို၍ပင်ဒေါသထွက်စေသည်။
" မင်းမသိလို့၊ ငါမင်းကိုဖက်ထားရရင် သာယာအေးချမ်းတဲ့ တခြားကမ္ဘာတစ်ခုဆီ ရောက်သွားသလိုပဲ ... ပြီးတော့ စိတ်ဖိစီး စိတ်ညစ်နေတာတွေလို မကောင်းတဲ့ခံစားချက်တွေ အကုန်ပျောက်သွားတယ်။ ငါမင်းကို တကယ်ပြောနေတာပါ... "
ဂျရယ်မိုင်ရာက ခရစ်စတိုဖာနားနောက်ကို ညင်ညင်တိုးတိုးလေး ကပ်ပြောလိုက်တော့ ခရစ်စတိုဖာရဲ့ ရုန်းကန်တွန်းဖယ်နေမှုတွေ ရပ်တန့်သွားသည်။
" ဒါ့ကြောင့် ငါမင်းကို ခဏလောက် ဖက်ထားပါရစေ ...ကျေးဇူးပြုပြီးတော့ ငါ့ရဲ့ဖက်ခေါင်းအုံးလေး ခဏတဖြုတ် ဖြစ်ပေးပါကွာ ... ခရစ် ... "
" ဒါပေမယ့် ငါအသက်ရှူကျပ်တယ် "
" ဟုတ်လား။ အဲဒါဆို ဖြည်းဖြည်းလေး ဖက်ထားပေးမယ်။ ငါညက ခွေးတွေလိုက်ကိုက်လို့ ပင်ပန်းထားတယ်။ အားကုန်နေပြီ။ ဒါကြောင့် power bank လေး ၁၀ မိနစ်လောက် ခဏငှား ... "
" ဟင် ဘယ်က power bank လဲ "
" မင်းက ငါ့ power bank ပဲလေ "
" ဟမ် "
" ငါ့အတွက် မသောက်မဖြစ် အားဖြည့်အချိုရည်လေးဆိုလည်း မမှားဘူး"
" အမ် "
" မင်းရဲ့စိတ်တိုဒေါသထွက်နေတဲ့မျက်နှာလေးကို မြင်ရတိုင်းမှာ မင်းကိုရန်သူတစ်ယောက်လို မခံစားမိဘဲ ချစ်စရာကလေးလေးတစ်ယောက်လို့ ခံစားမိနေတာ "
" အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့တော့။ လွှတ်ပေးဆို "
" မင်း အဓိပ္ပာယ်မရှိဘူးထင်တဲ့ ငါ့စကားတွေကို တစ်နေ့ ငါ့လိုခံစားမိလာတဲ့အခါ နားလည်လာလိမ့်မယ်။ မင်းလည်း ငါ့ကိုအရမ်းမုန်းမနေပါဘူး "
" ဘယ်ကသာ ... ငါမင်းကို အရမ်းမုန်းတယ် "
" အဲဒီလိုလား"
ဂျရယ်မိုင်ရာရဲ့ဘယ်လက်ဟာ ခရစ်စတိုဖာရဲ့ဘယ်တင်ပါးပေါ် ပွတ်သပ်နေပြီး အသာအယာလေး ညှစ်နေသည်။
" ဒါဘာလုပ်နေတာလဲ "
" မင်းငါ့ကို မမုန်းအောင် လုပ်ပေးမလို့ "
" မင်း ငါ့ကိုခုလိုတွေ အသားယူနေမှ ပိုမုန်းတာ.. သတ်ပစ်ချင်လောက်အောင် မုန်းတာ "
" ဟင့်အင်း မင်းခုလိုခံရတာ ကြိုက်ပါတယ်"
" ဘာ ... ခွေးမသားကတော့ "
ခရစ်စတိုဖာ စိတ်ဆိုးဆိုးဖြင့် အော်လိုက်သည့်အခါ ဂျရယ်မိုင်ရာ၏လက်က ခရစ်စတိုဖာပိုင်ဆိုင်သောမိဖွေးဖဖွေးနေရာဆီကို ဆတ်ခနဲ ဖျစ်ညှစ်ကိုင်လိုက်သည်။ ထို့ကြောင့် ခရစ်စတိုဖာဆီတွင် ကိန်းအောင်းနေသည့်ဒေါသဗုံးက ပိုပေါက်ကွဲထွက်စေရန် အစပျိုးစေခဲ့၏။
" ဂျရယ်မိုင်ရာ ... "
ခရစ်စတိုဖာ သူ့ကိုအသေသတ်တော့မည်ကိုသိသောကြောင့် တိုက်ခန်းအတွင်း Teleport အစွမ်းနှင့်အတူ ရှေ့နောက် တောင်မြောက် ပတ်ပြေးနေတော့သည်။
ခရစ်စတိုဖာကို လျှာထုတ်ပြကာ မျက်နှာပြောင်လိုက်၊ ပြေးလိုက်နှင့် တခစ်ခစ်ရယ်နေရင်း။
" ခစ်ခစ်ခစ် "
" ဂါး ... ခွေးသား မင်းသေဖို့ပြင် "
နောက်ဆုံးမှာတော့ ခရစ်စတိုဖာခမျာ ဂျရယ်မိုင်ရာကို လိုက်ဖမ်းရင်း မောပန်းလာတော့သည်။ အချိန်ကိုကြည့်တော့ နေ့လည် ၁ နာရီတောင်ရှိနေပြီဖြစ်သည်။ ထို့ကြောင့် လက်လျော့ပြီး ရေချိုးခန်းထဲသို့သာ ဝင်သွားသည်။ ရေပန်းကို ဖွင့်ချလိုက်ရင်း
သူ့အဝတ်အစားများကို အကုန်ချွတ်ပြီးနောက် ကြွေရေချိုးကန်ထဲတွင် ဝင်ထိုင်နေလိုက်သည်။
ရေပန်းကထွက်လာသောရေများမှာ ကြွေရေချိုးကန်ထဲက သူ့ခန္ဓာကိုယ်နစ်မြှုပ်သည်အထိ ပြည့်လျှံလာစဉ် ကန်ဘေးဘောင်က ဆပ်ပြာဆီဗူးကို ယူလိုက်၏ ။ ပြီးလျှင် သူ့ကိုယ်ကို ဆပ်ပြာစတိုက်သည်။
" ရေအတူတူချိုးကြမယ်လေ "
" အား "
ရုတ်တရက်အသံကြောင့် ခရစ်စတိုဖာခမျာ တစ်ကိုယ်လုံးတုန်တက်သည်အထိ လန့်ဖျတ်သွား၏။ ဂျရယ်မိုင်ရာက ရေချိုးကန်ထဲတွင် အဝတ်ဗလာနှင့် ဘွားခနဲထိုင်လျက်သားပေါ်လာသည်။
" ထွက်သွားစမ်း"
" တစ်ယောက်ထဲ ရေချိုးရတာ ပျင်းနေမှာစိုးလို့လေ "
" ငါ့ဘာသာတစ်ယောက်ထဲ ရေချိုးတတ်တယ် "
" ယောကျာ်းချင်းကို ဘာလို့ရှက်နေတာလဲ။ အတူတူ -ွင်းထုကြမယ်လေ ... ထုရတဲ့ခံစားချက်လေးတွေ ဝေမျှရင်း ပျော်ပျော်ပါးပါး ... "
" မင်းဘာလို့ ငါ့ကိုခုလောက်ထိ စိတ်ဒုက္ခပေးနေရတာလဲ? ငါ့ဘာသာ အေးဆေးနေခွင့်မရှိဘူးလား။ငါက မိစ္ဆာတစ်ကောင်ဖြစ်နေလို့ တမင်လိုက်နှောင့်ယှက်နေတာလား။ မင်းငါ့ကို သတ်ချင်ရင်လည်း ခုသတ်လိုက်ပါတော့။ငါဆက်သည်းမခံနိုင်တော့ဘူး .... "
ခရစ်စတိုဖာမှာ ဂျရယ်မိုင်ရာတွေ့ဖူးသမျှ မိစ္ဆာတွေထဲ အလွန်ထူးခြားသော မိစ္ဆာတစ်ကောင်သာ။
သူ့ပုံစံက သူ့မိစ္ဆာအသိုင်းအဝိုင်းကြောင့် ကြမ်းတမ်းခက်ထန်ပုံပေါကနေသော်ငြားလည်း သူ၏အတွင်းစိတ်နှလုံးသားမှာမူ မည်မျှထိဖြူစင်သန့်ရှင်းသည်ကို ဂျရယ်မိုင်ရာ တော်တော်လေးခံစားသိရှိပြီးပြီဖြစ်၏။ ဂျရယ်မိုင်ရာက စကားတစ်ခွန်းမှဆက်မပြောဘဲ ၃ မိနစ်လောက် ငြိမ်သက်နေသည်။
မကြာခင် ခရစ်စတိုဖာက ခေါင်းအနည်းငယ်စိုက်ထားရာမှ ပြန်မော့လာပြီး ဂျရယ်မိုင်ရာကို ကြည့်မိစဉ် ဂျရယ်မိုင်ရာ၏မျက်နှာပေါ်တွင် လှပလွန်းသည့် ရင်အေးစေသောအပြုံးတစ်ခုကို သူမြင်တွေ့ရသည်။ ထိုအပြုံးကို ခရစ်စတိုဖာမှာ ခဏတာ မသိစိတ်က ငေးကြည့်ရင်း နှစ်သက်နေသည်။
" ခရစ်... ငါက မင်းနဲ့သူငယ်ချင်းဖြစ်ချင်ရုံပါ "
" အဟက် ဟာသတွေ လာပြောနေတယ်။ အဓိပ္ပာယ်မရှိတာ "
ဂျရယ်မိုင်ရာက စကားပြန်ပြောလျှင် သတိပြန်ကပ်ပြီး ချက်ချင်းရန်တွေ့သည်။
" ဪ ဒါဆိုမိစ္ဆာတစ်ကောင်က မျက်ရည်ကျတာကလည်း အဓိပ္ပာယ်မရှိတာပဲလေ "
ဂျရယ်မိုင်ရာပြောနေသည်မှာ သူ့ကိုလည်ပင်းညှစ်တုန်းက အခိုက်အတန့်ကို ဦးတည်ပြောနေမှန်း ခရစ်စတိုဖာဘက်က ချက်ချင်းနားလည်သဘောပေါက်၏။ ထိုအခိုက်အတန့်၌ ထူးဆန်းသောခံစားချက်တစ်ခုကြောင့် သူမျက်ရည်ကျခဲ့သည်ကို။
" မိစ္ဆာလည်း သက်ရှိပဲလေ။မျက်ရည်ကျစရာရှိလို့ မျက်ရည်ကျတာ ဆန်းသလား"
" ဒါဆို ငါနဲ့မင်း ရန်သူမလုပ်ကြဘဲ သူငယ်ချင်းလုပ်ကြတာလည်း ဆန်းသလား"
" မင်း ငါ့စကားတွေ ပြန်မ copy စမ်းနဲ့ "
" ငါ့မှာ သူငယ်ချင်းတစ်ယောက်မှ မရှိဘူး။ ဒီအသက်အရွယ်ထိ ... ငါမင်းနဲ့ ဒုတိယအကြိမ်စတွေ့ထဲက ခံစားမိခဲ့တယ်။ မင်းက ငါ့အတွက် အလုံခြုံဆုံးနေရာတစ်ခုဖြစ်လာမယ်ဆိုတာ .... "
ခရစ်စတိုဖာရဲ့နှာခေါင်းထဲမှ သက်ပြင်းလုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။
" ငါတို့ သူငယ်ချင်းမဖြစ်နိုင်ဘူးထင်တယ်။ ဘုရင်ကြီးက ငါမင်းကို သတ်ရမယ်လို့ အမိန့်ပေးရင် ငါမင်းကိုသတ်ရမှာပဲ။ အမိန့်ကို လွန်ဆန်ရင် ငါ့မိသားစုအသက်က ငါ့လက်ထဲမှာ။
ပြီးတော့ ဘာမှမဖြစ်ရင်တောင် ငါ့မိဘတွေလည်း ငါ့ကြောင့် မျက်နှာငယ်ကြလိမ့်မယ်။ သူ့သားက ဘုရင်ကို သစ္စာဖောက်တယ်ဆိုပြီးတော့။
ဒါ့ကြောင့်မို့ လက်လျော့ထားလိုက်။ ငါတို့ဘယ်လိုမှ သူငယ်ချင်းမဖြစ်နိုင်ဘူး ... "
" ရပါတယ်။ မင်းငါ့ကိုသတ်လည်း ငါအသတ်ခံတာပေါ့။ ဒီအခိုက်အတန့်လေးတွေမှာတော့ ငါမင်းနဲ့ပျော်ချင်တယ်။ သာမာန်လူတွေလို လွတ်လွတ်လပ်လပ်နေချင်တယ်"
"ဟ ... ဂျရယ်မိုင်ရာ မင်းက တော်တော်စကားပြောရခက်တဲ့ကောင်ပဲ။ ဒီမှာ မင်းကိုသတ်ဖို့ ငါတို့ဘက်က မဟာစီမံကိန်းတွေ ချပြီးနေပြီ။ မင်းသားမာစီရာကို မင်းသတ်လိုက်တာက ဒီမျိုးဆက်ရဲ့ မိစ္ဆာလောကသားတွေကို စိန်ခေါ်လိုက်တာပဲ။ ငါမင်းရဲ့သူငယ်ချင်းလုပ်လို့ မင်းလက်ချက်နဲ့ ငါမသေရင်တောင် မင်းငါတန်ဖိုးထားရတဲ့သူတွေကိုတော့ သတ်မှာပဲ။
ဒါ့ကြောင့် .... ငါတို့သူငယ်ချင်းလုပ်မယ့်ကိစ္စ အနာဂတ်မှာ မဖြစ်နိုင်လာဘူး"
" အွန်းပါ။ အနည်းဆုံးတော့ ငါ့ရဲ့အထူးဖက်ခေါင်းအုံးလေးဖြစ်ပေးရင် ရပြီ။ အဲဒါ ငါ့အတွက် လုံလောက်ပါတယ်"
" ဒီ .... "
ဂျရယ်မိုင်ရာ၏အပြုံးချိုချို၊ စကားချိုချိုများက ခရစ်စတိုဖာ၏စိတ်နှလုံးသားကို နွေးခနဲဖြစ်သွားစေသည်အထိ စွမ်းဆောင်နိုင်ခဲ့သည်။ ဆဲဆိုမည့်စကားလုံးပင် လေထဲတွင် ပျောက်ကွယ်သွားရသည်။
ဂျရယ်မိုင်ရာ၏နီလာမျက်လုံးများကို သူစိုက်ကြည့်မိသောအခါ ထိုမျက်လုံးများထဲက ရိုးသားဖြူစင်သည့် ဝန်ခံချက်များကို သူမြင်နိုင်ပေသည်။
" မင်းက အရမ်းနားလည်ရခက်တယ် ဂျရယ်မိုင်ရာ "
" မင်းနှလုံးသားကနေ ငါ့ခံစားချက်တွေကို လက်မခံနိုင်သေးလို့ပါ။ အဲဒါတွေအကုန်လုံး နားလည်လက်ခံသွားတဲ့တစ်နေ့ ငါမတောင်းဆိုဘဲ ကျရောက်လာတဲ့ ကံကောင်းခြင်းက မင်းဖြစ်နေနိုင်တယ်။ "
ဂျရယ်မိုင်ရာက ရုတ်တရက် ခရစ်စတိုဖာဆီ တိုးသွားပြီး နူးညံ့စွာ ဖက်ထားလိုက်သည်။
" ငါသာ မိစ္ဆာတစ်ကောင်ဖြစ်နေခဲ့ရင် အရမ်းကောင်းမှာပဲ ... ဘာလို့လဲ သိလား? ငါ့နှလုံးသားကို နွေးထွေးစေတာ ငါ့အပြုံးတွေတောက်ပအောင် လုပ်ပေးနိုင်တဲ့လူက သူငယ်ချင်းဖြစ်ရခက်တဲ့ မိစ္ဆာဖြစ်နေလို့ ... ဒါကသိပ်ဝမ်းနည်းစရာပဲ ။ "
ဂျရယ်မိုင်ရာက ခရစ်စတိုဖာ၏ဗလာကျောပြင်ကို သူ၏အကြောစိမ်းများထောင်နေသည့် လက်မောင်းသန်သန်များဖြင့် ထွေးပွေ့ဖက်ထားသည်။ ထိုအခါ ခရစ်စတိုဖာ၏ဦးခေါင်းက ဂျရယ်မိုင်ရာ၏ဗလာရင်အုပ်ပြောင်အလယ်ကို ထိကပ်သွားစေသည်။ခရစ်စတိုဖာမှာ တဒုတ်ဒုတ်မြည်နေသော ရင်ခုန်နူန်းများကို ဂျရယ်မိုင်ရာ၏ရင်အုပ်ကျယ်ကျယ်ဆီကနေ ကြားနေရ၏။
အဆုံးမသတ်သေးသော သူ့စကားများကို ဆက်ပြောရင်း ...
" မင်းက ငါ့ရဲ့အရာရာတိုင်းလိုလည်း ခံစားရသေးတယ် ခရစ်။ မင်းမျက်လုံးတွေကို ကြည့်တိုင်းမှာ တစ်ချိန်က ငါ့အချစ်ဆုံးလူတစ်ယောက်ရဲ့မျက်လုံးတွေကို ကြည့်နေတဲ့အတိုင်း ... မင်းက ငါ့ကိုထူးခြားတဲ့ခံစားချက်ကောင်းလေးတွေ အရမ်းပေးလွန်းတယ်... "
ခရစ်စတိုဖာရဲ့လက်တွေဟာ ဂျရယ်မိုင်ရာရဲ့ ရင်အုပ်ကြီးပေါ် တဖြည်းဖြည်းတက်လာသည်။
" ငါရောပဲ။ ငါမင်းကို မုန်းဖို့ကြိုးစားတိုင်း မုန်းလို့မရဘူး။ အဲဒါကိုလည်း ငါမုန်းမိတယ်။ ရန်သူတစ်ယောက်မှန်းသိနေတာတောင် မမုန်းနိုင်နေလို့ ... မင်းက ငါ့ရဲ့ရန်သူမဟုတ်မှန်း တစ်စုံတစ်ရာက အသိပေးနေသလို ... ရှိသေးတယ်။ ငါ့အိမ်မက် ... "
" ဘာအိမ်မက်လဲ "
" ငါ့အိမ်မက်ထဲမှာ ငါကလေးဘဝတုန်းကပုံစံကိုပြန်မက်တယ်။ ကိုကြီးဆိုတဲ့လူကိုလည်း ခဏခဏမက်နေမိတယ်။ သေချာတော့ ရုပ်မမှတ်မိဘူး။ မင်းနာမည်နဲ့တောင် ဆင်နေသေးတယ် "
" ဟုတ်လား။ မဟုတ်မှလွဲရော ငါတို့တွေက အရင်ဘဝမှာများ တွေ့ခဲ့ကြလို့များလားနော်။ ဒါပေမယ့် နောက်ဘဝရှိတယ်ဆိုတာ ငါမယုံဘူး"
" ငါကတော့ တစ်ဝက်ယုံတယ်။ ထားပါတော့။ မင်း ငါ့တိုက်ခန်းမှာ ဆက်နေရင် အန္တရာယ်ရှိတယ်။ ဘာလို့ဆို သူတို့မင်းကို တွေ့သွားနိုင်တယ်။ ဒါ့ကြောင့် မြန်မြန်ထွက်သွားတာ ကောင်းမယ်။ "
" ငါသိပါတယ် "
ဂျရယ်မိုင်ရာက ခရစ်စတိုဖာ၏သန်မာတုတ်ခိုင်သည့်လက်များကို သေချာဆုပ်ကိုင်ထားလိုက်ရင်း သူ့ညာဘက်ပါးပြင်နှင့် ထိကပ်စေခဲ့သည်။
" ကျေးဇူးပဲ ခရစ် "
ခရစ်စတိုဖာက ဂျရယ်မိုင်ရာ၏အပြုအမူကြောင့် ရှက်ရွံ့သလိုဖြစ်လာပြီး မျက်နှာလွဲလိုက်သည်။
" မလိုပါဘူး။ ငါမင်းကို သတ်ချင်တဲ့အချိန်သတ်မှာ "
" ငါကတော့လေ အခုဘာခံစားချက်ဖြစ်နေသလဲဆို ... မင်းကို အသည်းတွေယားပြီး နမ်းချင်နေတယ် ခစ်ခစ်"
" မင်း မင်း ... အွန့် "
ဂျရယ်မိုင်ရာဟာ ခရစ်စတိုဖာ စကားဆက်မပြောခင် လျင်မြန်စွာ သူ့နူတ်ခမ်းတွေကို နူးညံ့စွာ စုပ်ယူနမ်းခဲ့သည်။ ထိုအနမ်းကား ရမ္မက်ပါသည့် ပြင်သစ်အနမ်းတစ်ခုပင်။ ခရစ်စတိုဖာမှာ ဆက်ချင်၍တောင် ဆဲခွင့်မသာတော့ပေ။ သူမဆဲခင်မှာ လက်မြန်ခြေမြန်သည့် အသွက်စိန်ကလေး ဂျရယ်မိုင်ရာကနေ နမ်းလိုက်သည့်အတွက်ကြောင့်ပင်။
သူ့လက်တစ်ဖက်ကလည်း ခရစ်စတိုဖာ၏ တင်ပါးကို အသားကုန်ဆုပ်နယ်ကာ ဖျစ်ညှစ်ထားသည်။ ၂ မိနစ်ကြာအောင် နမ်းရိုက်ပြီးနောက် ခရစ်စတိုဖာကို ရေချိုးခန်းထဲမှာ ထားခဲ့ကာ ထွက်လာခဲ့သည်။ ခရစ်စတိုဖာတစ်ယောက်ကမူ ကြက်သေသေလေးမျက်နှာပေးလေးဖြင့် မျက်လုံးအပြူးသားဖြစ်နေလျက် ရေချိုးကန်ထဲတွင် တစ်ယောက်တည်း ကျန်ရစ်နေခဲ့၏။
တစ်မိနစ်လောက်အကြာတွင် သူသတိပြန်ဝင်လာခဲ့ပြီး အသံကုန်အော်ဟစ်လိုက်တော့သည်။
" အားးး ... ငါ့ပထမအနမ်းးး"
◎ ══════ ❈ ══════ ◎