Domestic Robot
By Whitedog_yellowcat
1.6K 192 44
သိပ္ပံခေါတ် စက်ရုပ်များကို အိမ်မှူကိစ္စများနှင့် လုံခြုံရေးများအတွက် လူကုန်ထံ အသိုင်းအဝိုင်းများတွင် တွင်တွင်... More
Domestics Robot-1
Domestic Robot-2
Domestic Robot-3
Domestic Robot-4
Domestic Robot-5 (Final)
386 38 23
By Whitedog_yellowcat
Unicode
"အဲဒါကြောင့် Yang မိသားစုရဲ့ သဘောတူညီမှူလိုအပ်ပါတယ်"
"ကျမတို့သားလေးက Ni-ki ကို အရမ်းတွယ်တာတာမို့ သူအိမ်ထောင်ပြုမယ်လို့လည်း မထင်ပါဘူး"
"ဟုတ်တယ် Ni-ki က စက်ရုပ်ဆိုပေမယ့် သားငယ်ကို ကယ်တင်ခဲ့တာဆိုတော့ သားတစ်ယောက်ထပ်ရသလိုပါပဲ ၊ ပြီးတော့ မျိုးဆက်အတွက်က သမီးကြီးလည်းရှိတာမို့ သားငယ်လေးပျော်ရွှင်မှူက အဓိကပါ"
"သေချာစဥ်းစားပါခင်ဗျ၊ Riki က သာမန်လူသားနီးပါး ဖြစ်သွားမှာ၊ လူသားလို အသက်အရွယ်ကြီးလာမှာမို့ နောက်ပိုင်းကာကွယ်နိုင်ဖို့ မလွယ်ပါဘူး"
"ဘယ်လို ဆိုးကျိုးရှိရှိ ကျတော်သဘောတူပါတယ်"
"Jungwon !!"
Jay စကားအဆုံးမှာ တံခါးဖွင့်ဝင်လာရင်း ပြောလိုက်သော Jungwon
"သားငယ် ဘယ်လို ..."
"ဖေဖေ မေမေတို့ရောက်ကတည်းက အစဆုံး ကြားပြီးပြီ၊ ကျွန်တော့ DNA ထည့်လိုက်လို့ Ni-ki နိုးလာမယ် ဆိုရင်ရပါပြီ"
သားငယ်ရဲ့ Ni-ki အပေါ်ထားတဲ့ သံယောဇဉ်ကို နားလည်တာကြောင့် Yang မိဘ၂ပါးလုံး ကန့်ကွက်ရန်မရှိချေ။
Jungwon ၏ DNA ကို Ni-ki ထံထည့်လိုက်လျှင် Ni-ki နိုးထလာမည်၊၊ သို့သော် ယခင်ကတည်းက လူသားစစ်စ် DNA ကို Heeseung ထံမှတိုက်ရိုက်ရော Jake ထံမှတဆင့်ရထားသည်ဖြစ်ရာ Jungwon DNA ထပ်ဖြည့်လိုက်လျှင် လူသားစစ်စစ် DNA 70% ပါဝင်ထားသည့် သူ၏ကိုယ်သည် လူသားတစ်ယောက်လို ပြောင်းလည်းသွားမည်။
နာကျင်မှူရှိလာမည် အသက်အရွယ်ရလာတာနှင့်အမျှ အိုမင်းမှူရှိလာမည်။ 30% က စက်ရုပ်အဖြစ်ရှိနေသေးသည့်အတွက် အိုမင်းမှူက လူသားများလောက်အထိ မဖြစ်သော်လည်း တခြားစက်ရုပ်တွေလိုတော့ ထာဝရ ဝန်ဆောင်မှူ မပေးနိုင်။
နဂိုကမှ Jungwon ကိုအရမ်းတွယ်တာသည့်အပြင် Jungwon DNA ပါရှိနေသည့်အတွက် Jungwon အနားက ဘယ်တော့မှခွာမည်မဟုတ်တာကြောင့် Yang သားငယ် တခြားသူနှင့်လက်ထပ်ဖို့ မဖြစ်နိုင်ပေ။ သူ့အနားမှာ မခွဲမခွာရှိနေပြီး Yang Jungwon လူ့လောကကြီးက ထွက်ခွာသွားမှသာ Ni-ki ကိုယ်တွင်းမှ Jungwon DNA အလုပ်လုပ်တာရပ်သွားပြီး သူပါ Jungwon နှင့်အတူထွက်ခွာသွားပေမည်။ မှတ်ဥာဏ်က Jungwon ၏ဖြစ်တည်မှူကိုသာ လက်ခံသည့်အတွက် Ni-ki ကိုယ်ထည်သည်လည်း Jungwon မှလွဲ၍ မည်သူ့ DNA ကိုမှ ဆက်လက်လက်ခံမည်မဟုတ်။
Jungwon ကတော့ Ni-ki အတွက်စိတ်မကောင်းသော်လည်း မသိစိတ်က ကျေနပ်နေမိသည်။ Ni-ki ဟာ သူနှင့်သေတပန် သက်တဆုံးအတူတူရှိနေမှာမို့လား။ သူ့အတွက် Ni-ki ဟူသည့် စက်ရုပ်ကလေးကလွဲ၍ မည်သည့်အရာမှ မလိုအပ်ပါ။
ရွှမ်း ! ရွှမ်း !!
အခန်းတခန်းအတွင်းကထွက် ပေါ်နေသော ကြာပွတ်သံများ
ထိုအခန်းထဲတွင် လူတစ်ယောက် ကြာပွတ်နှင့် ရိုက်နှက်နေသည်။ ကြမ်းပြင်ပေါ်မှတော့ မတ်တပ်ရပ်လျှက်ရှိသော လူသားစက်ရုပ်လေးတစ်ခု
"ဟား ဟား ဟား !! ဒီစက်ရုပ်ဝယ်လာတာ ဟန်ကျသကွာ၊ လူသာဆို အနိုင်ကျင့်တယ်ဆိုပြီး ထောင်ကျနေအုံးမယ် ဟီးဟီးဟီး"
"Nishimura Riki ? Lol နာမည်နဲ့မလိုက်ဖက် လူကောင်သေးတော့ ရိုက်လို့ကောင်းလိုက်တာကွာ!"
"ဒါပေမယ့် လူသားမဟုတ်တော့ နာကျင်မှူမရှိတဲ့အရာဆိုတော့ feel တော့ မလာဘူးပေါ့၊ ဘယ်တက်နိုင်မလည်းလေ ရရာပေါ့ ဟီးဟီးဟီး"
ရွံ့စရာကောင်းလှသော ထိုသူကအပစ်မဲ့သော စက်ရုပ်ကလေးကို ရိုက်နှက်သဘောကျနေသည်။
Riki အသားမနာတာတော့ အမှန်ပင်ဖြစ်သည်။ ထိုသူ သူ့ကိုဝယ်ယူပြီးနောက် ၃ လလုံးလုံး အခန်းထဲထည့်ထားကာ ရိုက်နှက်လေ့ရှိသည်။ စုတ်ပြတ်ပေရနေသော အဝတ်အစားများနှင့်သာနေခဲ့ရပြီး ထိုသူ၏အမေဟူသော အဘွားကြီးရောက်လာသည့်နေ့က သူ့ကို​ပစ္စည်းသယ်ရန်ဟုဆိုကာ အပြင်ခေါ်သွားခဲ့သည်။
လူသားစက်ရုပ်များသည် အနှိပ်စက်ခံဟုသာ သူသိထားသော်လည်း အပြင်မှာ သူ့လိုလူသားစက်ရုပ်များ သပ်ရပ်စွာဝတ်စားထားပြီး လူသားများကို အလုပ်အကျွေးပြုနေ၊ ကာကွယ်မှူထမ်းဆောင်နေသည်ကို တွေ့ရတော့ သူ စူးစမ်းလာသည်။ ရှာဖွေလေတွေ့ရှိလေနှင့် စက်ရုပ်များသည် အနိပ်စက်ခံမဟုတ်ကြောင်း သိနားလည်လာသည်။ ထို့နောက်တော့ ထိုသူအားမသိမသာ နာကျင်စေရန် လုပ်ဆောင်ခဲ့သည်။ ထိုသူက ငရုတ်ကောင်းရေထည့်ထားသော ကော်ဖီသောက်မိသည့်အချိန်၊ မျက်နှာ ကြောင်ချေးထည့်ထားသောအဝတ်အစား သုံးမိချိန်များတွင် သူ့ရင်ဘတ်တနေရာက လှိုက်ခနဲ၊ ထိုခံစားချက်ကို ရရန်သူနည်းမျိုးစုံ ကြိုးစားသည်။ ခံစားချက်မရှိသောစက်ရုပ်ဟုသာသိထားသည့်ထိုသူကလည်း သူ့ကိုသံသယမဝင်ခဲ့။
တစ်နေ့တော့ မြို့ပြင်တံတားပေါ်မှာ လူတစ်ယောက် မိမိကိုယ်ကိုအဆုံးစီရင်ရန် ခုန်ချသည်ဆိုသော သတင်းထွက်ပေါ်လာသည်။ ထိုသူ အသက်မသေပဲ ခြေထောက်ကျိုးသွားသည်၊ စိတ်မနှံ့ဖြစ်နေသည်ဆိုသောသတင်းက မြို့ကိုဂယက်ရိုက်သွားစေသည်၊ ရဲအရာရှိများက စုံစမ်းစစ်ဆေးတော့ လူသူတစ်ဦးတစ်ယောက်မှ ရှိမနေသည့်နေရာ CCTV များလည်း ပျက်နေပြီး သူနှင့်စက်ရုပ်သာရှိနေသည်ဟု မှတ်ချက်ချခဲ့သည်။
စက်ရုပ်များမှာ ခံစားချက်မရှိတာမို့ မိမိကိုယ်ကို အဆုံးစီရင်ဖို့ကြိုးစားရင်း ခေါင်းထိခိုက်မိသည်ဟုသာ အမှူပိတ်သိမ်းခဲ့သည်။ CCTV များက ဘာကြောင့်ထိုနေ့ညမှ ပျက်သွားလည်းဆိုသည့် ရဲအဆိုတင်သွင်းမှူဖိုင်သည် အစရှာမရအောင်ပျောက်ဆုံးသွားကြောင်း ဘယ်သူမှသတိမထားမိကြ။
ထိူသူရူးသွပ်သွားသည်၊ ခြေထောက်၂ဘက်ဆုံးရှံးသွားသည်ဟု သတင်းထွက်ပေါ်လာသည့်နေ့က စက်ရုပ်များ ရောင်းချသည့်Park production company တစ်နေရာမှ လူသားစက်ရုပ်တစ်ခု နှုတ်ခမ်းများ တွန့်ကွေးသွားခဲ့သည်၊ လက်စားချေလိုက်နိုင်သကဲ့သို့ အပြုံးတစ်ခုဖြစ်ပေါ်လာပြီးနောက် ဖန်ပေါင်းချောင်ထဲတွင်မျက်လုံးများ မှိတ်သွားလေတော့သည်။
အမှောင်ထဲမှာ လွင့်မြောနေခဲ့တာ ဘယ်လောက်ကြာမှန်း သူမသိ၊ အော်ဟစ်သံများ၊ ကြာပွတ်သံများ ၊ တံတားပေါ်မှ စက်ရုပ်၏အပြုံးများက အေးစက်စွာ။ သူထိုအမှောင်ထုထဲမှ ရုန်းထွက်ရန် ကြိုးစားနေမိသည်။ အေးစက်မှူ၊ နာကျင်မှူ၊ အမှောင်ထုအတွင်းမှ ကြောက်မက်ဖွယ်ရာ အော်သံများ။
ထို့နောက်တွင်တော့ အလင်းတန်းလေးတစ်ခု၊ ထိုအလင်းတန်းလေးအတွင်းမှ ချိုမြသောအပြုံးနှင့် ပါးချိုင့်နက်နက်နှင့်ကောင်လေးတစ်ယောက် သူ့ကိုလက်ကမ်းပေးလာသည်။ ခနတာ ထိမိသော ထိုလက်ကလေးက,နူးညံ့နွေးထွေးလှသည်။ သူ့ထံအားအင်တွေ စီးဆင်းစေသည်။ အလင်းတန်းလေး၊ မျှော်လင့်ချက် ပထမဆုံးအကြိမ်အဖြစ် ခံစားခွင့်ရခဲ့သည်။ သူမက်မောစွာ ထိုလက်ကလေးကို ဖမ်းယူလိုက်တော့ ထိုလက်ကလေးက အဝေးကိုရှောင်ထွက်သွားသည်။
No no .. Jungwon hyung..Hyung ကူညီပါ Hyung ..
အလင်းတန်းလေး ၊ ငါ့ရဲ့ အလင်းရောင်လေး .. Hyung
သူမောပန်းနေသည့်ကြားမှ ထိုအလင်းရောင်လေးနောက်သို့ တဟုန်ထိုးပြေးလိုက်ရင်း ဖမ်းဆုတ်ဖို့ ကြိုးစားနေခဲ့သည်
Hyung, Jungwon hyung
"Jungwon hyung ..hyung "
"Ni-ki!! Ni-Ki နိုးပြီလား Ni-ki"
သူမျက်လုံးတွေဖွင့်လိုက်တော့ သူ့လက်ကိုဖွဖွလေးကိုင်ကာ သူ့နာမည်ခေါ်နေသော သူ့ရဲ့အလင်းရောင်လေး၊ ပါးပြင်ပေါ်မှ မျက်ရည်စီးကြောင်းလေးကို ဖွဖွလေးသုတ်ပေးလိုက်ရင်း ကိုယ်လုံးရေးကို ရင်ခွင်ထဲဆွဲသွင်းလိုက်သည်။
သူ့ရဲ့အလင်းရောင်လေး၊ သူ့ဘဝရဲ့ မျှော်လင့်ချက်လေး ပင်ပန်းနာကျင်နေတာ သူ့ရင်တွေကို ဓါးနှင့်ခွဲနေသလို နာကျင်လှသည်။
"ကျနော် ပြန်လာပြီ Hyung .. ကျနော်ပြန်လာပြီ"
ပါးပြင်ပေါ်မှ မျက်ရည်များ၊ ဒုတိယအကြိမ် ကျနေသောစက်ရုပ်ကလေး၏မျက်ရည်များက ထိုမြတ်နိုးရသော လူသားလေးတစ်ယောက်အတွက်သာလျှင်၊ ယခင်က ရင်တွင်းခံစားချက်များကို အမည်မတပ်နိုင်ခဲ့သော်လည်း ယခုအခါမှာတော့ သူနားလည်နိုင်လေပြီ။
"Ni-ki, Ni-ki သနားစရာ Ni-ki ရယ် ဘယ်လိုတွေများ ကြုံတွေ့ခဲ့ရတာလည်း"
ထိုစကားများကိုသာ ထပ်တလဲလဲပြောရင်း သူ့ကိုဖက်တွယ်ကာ ငိုရှိုက်နေသော Jungwon Hyung
Jungwon သူ့ခုတင်လေးပေါ်တွင်ထိုင်နိုင်စဥ် ရေချိုးပြီးအခန်းတွင်းသို့ Ni-ki ဝင်လာသည်။ ထို့နောက် ယခင်က သူအိပ်စက်ခဲ့သော ခုတင်ပေါ်လှဲမည်အပြု
"Ni-ki ဒီမှာလာလှဲ"
Jungwon ဘေးနားက နေရာလွတ်ကိုပုတ်ပြတော့ သူဝင်ထိုင်လိုက်သည်။ ယခင်က ဒီထက်မကနီးကပ်ဖူးသော်လည်း ယခုတော့ ၂ ယောက်လုံး ရှိုးတိုးရှန့်တန့်ဖြစ်လျှက် အသီးသီးပါးပြင်မှာ နှင်းဆီရောင်လေးများ ဖြတ်ပြေးလျှက်။
Jungwon မှ Ni-ki ပါးပြင်လေးကို ဖွဖွလေး လက်မလေးနှင့်သပ်ကာ
"မင်းသိလား Ni-ki ငါဘယ်လောက်အထိ စိုးရိမ်နေခဲ့သလဲဆိုတာ"
"ကျတော်တောင်းပန်ပါတယ် Hyung"
"ငါ့ရဲ့သနားစရာ Ni-ki လေး"
ပါးပြင်ထက်က Hyung ၏လက်နုနုကို အုပ်ကိုင်ထားပြီးသူတောင်းပန်နေမိသည်။ Hyung ၏ပါးဖောင်းဖောင်းလေးများမှာ ယခုတော့ ပါးချိုင့်ပိုင်ရှင်လေးထံမှ စွန့်ခွာခဲ့ကြသည်။ တလက်လက်တောက်ပလေ့ရှိသော မျက်ဝန်းလေးများမှာ အိပ်ရေးပျက်မှူ ငိုရှိုက်ထားမှူတို့ကြောင့် အားအင်ဖျော့တော့နေတာ
"Hyung ကို ဘယ်လိုအကြောင်းကြောင်းနဲ့မှ စွန့်ခွာမသွားဘူးလို့ ကတိပေးပါ"
"ကျ ကျတော် .."
"မရဘူး Ni-ki ငါတို့ သေအတူရှင်အတူပေါ့ .. ကျန်ရစ်နေတဲ့သူက ဘယ်လောက်ခံစားရလည်း မင်းသိလား Ni-ki.... ငါ ... ငါ့ကို ဘယ်တော့မှထားမသွားဘူး ကတိပေး..ပါ"
Jungwon အသံလေးမှာ တိုးတိမ်ဝင်သွားပြီး မျက်ဝန်းအိမ်ထဲမှ ရေစီးကြောင်းလေးများက တာရေကျိုးသည့်အလား
"တောင်းပန်ပါတယ် Hyung ... ကျတော် ဘယ်တော့မှ မထားခဲ့ဘူး ကတိပေးပါတယ်"
"ငါလည်း မင်းကို အမြဲတမ်းပျော်အောင် ထားမယ်လို့ကတိပေးတယ်၊ ဘယ်တော့မှ မနာကျင်စေရဘူး"
ထို့ နောက် မျက်နှာလေးမော့လာသော Hyung ... ငိုထားတာ ကြောင့် မျက်ဝန်းလေးများအစ်နေပြီး နီစွေးစွေးပါးပြင်လေးများဆီမှတဆင့် ပါးပါးလျလျနှုတ်ခမ်းပါးလေးများဆီသို့ အကြည့်ရောက်သွားသည်
သူ့အကြည့်ကို သတိထားမိလိုက်သော Jungwon မျက်နှာလေးရဲသွားကာ
"Ni-ki .. "
"Hyung ကျတော် .. ကျတော့်ကိုခွင့်ပြုမယ်မဟုတ်လား"
မျက်လွှာလေးများပိတ်ကာ ခေါင်းညိတ်ပြတော့ မေးဖျားလေးကိုအသာမော့လိုက်ပြီး နှူတ်ခမ်းထူထူလေးနှင့် ပါးပါးလေးတို့ စတင်ထိတွေခဲ့ကြသည်။
တိမ်လွှာ လွှင့်မျောနေသောခံစားချက်များ၊ ပေါက်ထွက်သွားမည့်အလား ခုန်နေသော နှလုံးသားလေး ၂စုံ ပေါင်းစပ်သွား နူးညံ့သော ကြင်နာခြင်းများ ဖလှယ်ကြပြီး ၅ မိနစ်ခန့်ကြာတော့မှ Riki အိပ်ရာပေါ်အသာလှဲကာ Jungwon ကိုပါ အသာအယာလှဲစေကာ
"Good night Hyung"
"Good night Ni-ki"
Ni-Ki ရဲ့စည်းချက်ညီသော ရင်ခုန်သံကိုနားထောင်ရင်း အချိန်ကြာမြင့်စွာမရရှိခဲ့သော အိပ်စက်ခြင်းက ခနလေးမှာပင် Jungwon ကိုခေါ်ဆောင်သွားလေသည်။ သူ့ရင်ခွင်အတွင်းမှာ ဆံနွယ်လေးများကို ပွတ်သပ်ရင်း ဦးခေါင်းလေးကို အနမ်းတပွင့်ပေးကာ စက်ရုပ်မှဖြစ်လာသော လူသားအသစ်စက်စက်ကလေးလည်း အိပ်စက်ခြင်းနောက်သို့ လိုက်သွားတော့သည်။ အိမ်အပြင်ဘက်မှာတော့ ထိန်ထိန်သာနေသော လမင်းကြီးက သူတို့၂ဦးကို ကောင်းချီးပေးနေသယောင်။
Jungwon နှင့် Ni-ki ထမင်းစားခန်းထဲရောက်တော့ မိသားစုစုံလင်နေပြီ
"သားငယ်လေး အိပ်ရေးဝတယ်ထင်တယ် မျက်နှာလေး ကြည်လင်နေတာ"
ကြည်နူးမှူအပြုံးများနှင့် မိခင်စကားကို သူပြုံးပြုံးလေး ခေါင်းညိမ့်ပြလိုက်သည်။
"သားတို့ ဒီနေ့အပြင်သွားစရာရှိလား၊ သားတို့အခန်းကို ခုတင်အကြီးနဲ့လဲပေးမလို့"
"ခုတင်အကြီး?"
ပါးစပ်မှ သံယောင်လိုက်ရင်း ပန်းရောင်ပြေးလေး မျက်နှာပေါ်ဖြတ်ပြေးသွားသည်
Yang Papa မှ
"Riki ကိုရှာနေတုန်းက သားငယ်ကို စိတ်မချလို့ အခန်းကဏ္ဍ CCTV တပ်ထားခဲ့တာ၊ အခု Riki လည်းရှိနေပြီ ဆိုတော့ CCTV ရော ပြန်ဖြုတ်ရမှာ"
"CCTV !!"
ပါးစပ်အဟောင်းသားလေးနှင့် သူရွတ်နေစဥ်
"မနေ့ညက series က ကြည့်တဲ့ရုပ်ရှင်ကောင်းချက်က 9+ ပဲ၊ အသေ feel နေတုန်းရှိသေး ဖေဖေကြောင့်မဟုတ်ရင် ဇာတ်သိမ်းထိ ကြည့်ရမှာကို"
Yang မမရဲ့ အဆက်အဆက်မရှိသောစကားကြောင့် သူအူကြောင်ကြောင်လေးဖြစ်နေသည်။
"သမီးကြီးတော်တော့၊ ကိုယ့်မောင်အခန်းကို CCTV ကနေချောင်းကြည့်တာ သင့်တော်တယ်ထင်နေလား၊ လူကြီးပဲဖြစ်တော့မယ့်ဟာကို"
"ဟွန်း ဖေဖေ့ကြောင့်သာမဟုတ်ရင် မေးဖျားလေးကိုင်ပြီး ... အု .. အု"
မိခင်မှ သမီးကြီးကို ပါးစပ်ပိတ်လိုက်ခြင်းသာ။ Jungwon မျက်နှာလေးမှာ ခရမ်းချည်သီးလေးလို နီရဲနေပြီး Ni-ki မှာလည်း ခေါင်းပင်မဖော်တော့။
"သမီးကြီးက နောက်လကျောင်းပြီးရင် ဂျပန်မှာ အလုပ်လုပ်ချင်တယ်ပြောနေတာ သားကရော ဘယ်တက္ကသိုလ်တယ်ဖို့ စဥ်းစားထားလည်း"
မမက ဂျပန်မှာအလုပ်လုပ်သောကြောင့် မိဘလုပ်ငန်းဆက်ခံရမည့်တာဝန်သူ့ထက်အလိုအလျောက်ရောက်လာသည်။
Jungwon နှင့် Ni-ki သံယောဇဥ်မှာလည်း ယခင်ကထက်ပိုမိုခိုင်မာလာပြီး သွားလေရာအတူတူ၊ လူတော်တော်များများက Ni-ki ကို စက်ချို့ယွင်းနေသော လူသားစက်ရုပ်ဟုသာသိထားသည်အထိ Riki သရုပ်ဆောင်ကောင်းလှပေသည်။
ယနေ့က Ni-ki check up နေ့။ ၁ နှစ်ခန့်ကြာသွားသော်လည်း ၃ လတစ်ခါ Ni-ki ကို ဒေါက်တာ Park ထံပြသနေဆဲဖြစ်သည်။ စမ်းသပ်မှူအားလုံးအပြီး Jungwon အိမ်ပြန်ရန်အလုပ် Ni-ki အနားမရှိတော့ပဲ ဒေါက်တာနှင့်စကားပြောနေသည်။ Jungwon အနားရောက်တော့ Doctor က Ni-ki ကို ဗူးတစ်ဗူးပေးနေသည်။
"ဘာဖြစ်လို့လည်း Ni-ki နေမကောင်းလို့လား"
Ni-ki မျက်နှာမှာ နီရဲနေတာကြောင့် နဖူးလေးအားစမ်းရင်းသူမေးတော့
"ဘာမှ မဖြစ်ဘူး Hyung.. လာပြန်ကြမယ်"
ထွက်ခွာသွားသော ကြောပြင်၂ခုကိုကြည့်ရင်း Sunghoon သက်ပြင်းချကာ "ငါဖော်စပ်သမျှအဖိုးတန်အရာတွေအားလုံး သူ့ဆီပဲပေးရတာပါလား"
ခုတင်ပေါ်စာအုပ်ဖတ်နေသော Jungwon တစ်ယောက် ထိုင်လိုက်ထလိုက်လုပ်နေသော Ni-ki ကိုသတိထားမိသည်၊ Ni-ki ဂဏာမငြိမ်ဖြစ်နေတာ ၂ ပတ်ခန့်ရှိပြီ၊ မေးတော့လည်းမဖြေ တိတ်ဆိတ်နေတက်ပြန်သည်။
"Ni-ki"
သူ့ဘေးမှာထိုင်ခိုင်းသော်လည်း ခပ်လှမ်းလှမ်းသွားထိုင်တာကြောင့် Jungwon အနားသို့ကပ်သွားကာ
"Ni-ki ဘာဖြစ်နေတာလည်း Hyung ကိုပြောပြ ... အခုတလော Hyung ကိုရှောင်နေတယ် ညဆိုလည်း တစ်ခါတစ်ရံ ပျောက်သွားတာ၊ ဘာတွေဖြစ်နေတာလည်း ပြောပြမှပေါ့"
"Wonie Hyung"
အခေါ်အဝေါ်ပြောင်းသွားတာ သတိထားမိသော်လည်း သူရဲ့ကျောပြင်ကိုသာ သပ်ပေးနေရင်း ဆက်နားထောင်နေတာ
"ကိုယ် ... ကိုယ် Wonie hyung ကို နမ်းလို့ရမလား"
"ရတယ် Ni-ki , အရင်ကလည်း မင်းပဲ စနမ်းနေကြဟာကို ဘာလည်းအခုတလော Hyung က ကျောင်းစာတွေပိနေလို့ အချိန်မပေးနိုင်လို့ စိတ်ကောက်နေတာလား"
သူ့အမေးကို အဖြေပြန်မပေးပဲ ဆတ်ခနဲပွေ့ချီကာ ခုတင်ပေါ်ပက်လက်လေး ချလိုက်ပြီး နှူတ်ခမ်းပါးလေးထံ ချိုမြသောအနမ်းများတသီကြီး ချွေချလေတော့သည်။
အော်သူ့ခမျာ အနမ်းလိုချင်လို့ ဒီလိုဖြစ်နေတာပဲဟုအတွေးမဆုံးခင် အနမ်းများပြင်းပြလာကာ သူမရောက်ဖူးသော နေရာဆီသို့။ အကြောင်းအရင်းအစစ်အမှန်ရှာတွေ့သွားသောအခါ ရှက်ရွံ့စွာဖြင့် သူခေါ်ဆောင်သော ကမ္ဘာငယ်လေးထဲ မူးယစ်စွာဖြင့်စီးမျောလိုက်ပါခဲ့သည်။ နာကျင်မှူ မောပန်းမှူတို့ကြောင့်အိပ်ပျော်ခါနီးလေး သူနောက်ဆုံးသိလိုက်သည်က ပါးစပ်အတွင်းတိုးဝင်လာသည့် ဆေးလုံးငယ်တစ်လုံး။
10 နှစ်ခန့်ကြာပြီးနောက်
Yang ခရီးသွားလာရေးလုပ်ငန်းသည် ဂျပန်မှာ လုပ်ငန်းခွဲစတင်ခဲ့ပြီး Park corporation နှင့်ပူးပေါင်းပြီး ကိုရီးယားတွင် လူသားစက်ရုပ်ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခု စတင်ခဲ့သည်။ ခရီးသွားလာရေးလုပ်ငန်း ၂ခုလုံးကို Yang မိသားစုသမီးကြီးဦးစီးပြီး ထပ်မံတိုးချဲ့ထားသည့် လူသားစက်ရုပ် production ကို Yang သားငယ်က ဦးစီးခဲ့သည်။
၁၀စုနှစ်အတွင်း လူသားစက်ရုပ်များကို လူသားများအားဝန်ဆောင်မှူပေးရုံတင်မကပဲ အာကာသသို့တင်လွှတ်သောယာဥ်များ၊ ရေအောက်လှိုဏ်ဂူများသို့ ရှာဖွေခြင်းများ၊ ကမ္ဘာ့ပြင်ပ လေဟာနယ်တွင် နေရာရှာဖွေခြင်းများ စသည့် အလွန့်အလွန် အန္တရာယ်များသော နေရာများတွင် အသုံးပြုလာကြသည်။
ထိုသို့သော ထုတ်လုပ်ရေး ကုမ္ပဏီကြီးရှေ့တွင် အနက်ရောင်ကားလေးထိုးစိုက်လာပြီး ထိုကားပေါ်မှ အနက်ရောင်ကုတ် ဘောင်းဘီဝတ်ထားသော လူတစ်ယောက်ဆင်းလာသည်။ ထိုသူမှာ မျက်မှန်အမည်းဝတ်ထားတာကြောင့် မျက်လုံးတို့ကို မမြင်ရသော်လည်း မည်းနက်သော မျက်ခုံးများ ထူထဲသောနှူတ်ခမ်းများက မြင့်မားလှသောအရပ်နှင့်လိုက်ဖက်တင့်တယ်လှသည်။ နောက်ထပ် ထွက်လာသောသူမှာ ဘောင်းဘီအနက် ရှပ်အပြာတို့ကို ဝတ်ဆင်ထားပြီး အမျိုးသမီးများပါမကျန် အမျိုးသားများပါ ငေးမောရသောရုပ်ရည်ရှိသည်။ အထူးသဖြင့်ပြုံးလိုက်လျှင် ချိုင့်ခွက်သွားသော ပါးချိုင့်နက်နက်ကလေးမှာ လူတကာ၏အားနည်းချက်ဖြစ်သည်။
ထိူသူကတော့ Yang လုပ်ငန်း၏သားငယ် Yang Jungwon, သူ၏စက်ရုပ်လူသား
Nishimura Riki.
လူ၂ယောက်ထက်မက အလုပ်လုပ်နိုင်စွမ်းရှိသော Yang သားငယ်ကို လူတိုင်း ချီးကျူးကြရသည်။ နှူတ်ဆက်လာသူဝန်ထမ်းများကို ပြုံးပြပြီး သူ့ရုံးခန်းထဲဝင်သွားလေတော့သည်။
စားပွဲပေါ်မှ စာရွက်စာတမ်းများကို စစ်ဆေးပြီးလက်မှတ်ထိုးနေသော Jungwon ကို ကြည့်နေသည်မှာ 15 မိနစ်မကတော့၊ နေ့လည်စာ စားချိန်ကျော်နေတာတောင် အလုပ်ထဲစိတ်ဝင်စားနေသော Jungwon
"Wonie"
"Hammm"
"မပြီးသေးဘူးလား"
"အင်း ဒီမှာ အများကြီးကျန်သေးတယ် Niki စားပွဲပေါ်ကဟာတွေ စစ်ပြီးပြီလား၊ စစ်ပြီးရင် ဒီအရှေ့က အထပ်ကို စစ်ပြီးလတ်မှတ်ထိုးပေး"
"Hyung ထမင်းစားချိန် ရောက်နေပြီ၊ အဲဒါတွေ ထားလိုက်၊ ကိုယ်လုပ်ရင် 15 မိနစ်ပဲ"
"အင်း"
"ထမင်းမစားသေးဘူးလား"
"အင်း"
"ကိုယ်စားရမလား"
"အင်း"
သူ့ကိုလှည့်မကြည့် သူ့စကားနားမထောင်ပဲ အင်းတလုံးပဲရွတ်နေသော Jungwon ရှေ့သို့သူရောက်လာသည်။
ထို့နောက် စာရွက်စာတမ်းများေဘးကပ်ပြီး ချိုင်းမှမကာ Hyung ကို စားပွဲပေါ်ထိုင်စေပြီး ထိုင်ခုံကိုတွန်းထုတ်လိုက်သည်။ ထို့နောက် Jungwon ရှေ့တည့်တည့်မှ ရပ်ပြီးလည်တိုင်ကို ဖွဖွလေးကိုက်လိုက်တော့
"Ni-ki"
"Hamm Hyung ပဲ အင်းဆို"
ခုနအလုပ်တွေ ဦးနှောက်ဘယ်ချောင်ကပ်နေသည် မသိတော့ပဲ သူ့အရှေ့မှ နှူတ်ခမ်းထူထူ နောက်ကိုသာ သူသဲသဲမဲမဲလိုက်နေမိသည်။
ထိုစဥ် အဆောက်အဦးထဲ အသက် 60 ကျော် လူတစ်ဦးဝင်လာသည်။
"Chairman Yang မင်္ဂလာပါ"
"အေး အေး မင်္ဂလာပါ ၊ Jungwon အခန်းထဲရှိလား"
"ဟုတ်ကဲ့ ရှိပါတယ် အလုပ်ရှုပ်နေတယ်ထင်တယ် ထမင်းစားထွက်မလာသေးဘူး"
"ဟန်ကျတာပေါ့ ငါ့သားနဲ့နေ့လည်စာအတူမစားရတာကြာပြီ"
အပြုံးတွေနှင့် သူJungwon အခန်းဆီသို့ လျှောက်လာခဲ့သည်၊ တံခါးလှည့်ဖွင့်တော့ ချက်ချထားသည်၊ ကိစ္စမရှိ မိမိအလုပ်လုပ်ခဲ့သောအခန်းမို့ လိုလိုမယ်မယ်ယူဆောင်လာသော သော့ဖြင့်ဖွင့်ကာ တံခါးဖွင့်လိုက်တော့
"အား ... "
ဒုန်း!!
"Chairman Yang, Director မရှိဘူးလား မြန်လိုက်တာ"
ခြေလှမ်းကျဲကြီးနှင့် လျောက်လာသော Chairman ထိုသူ့အမေးကိုပြန်မဖြေပဲ မျက်နှာကြီးမှောင်မဲကာ ထွက်သွားတော့ ထိုသူလည်း ကြောင်တောင်တောင်လေး ကျန်နေခဲ့သည်။
ကလစ်
တံခါးဆွဲဖွင့်သံ
"အား.."
"ဟင် ဖေဖေ"
ဒုန်း!!
ဖခင်ကိုမြင်လိုက်တော့ Ni-Ki ကို တွန်းထုတ်ရန်ကြိုးစားသော်လည်း တံခါးက ပြန်ပိတ်သွားသည်။
"Ni-ki ဖယ်ဖယ်"
အနားမှာ ချိတ်ထားသောအင်္ကျီကိုယူရန် လက်လှမ်းတော့
"ဘာလုပ်မလို့လည်း Hyung .. နှစ် ခါ အရှက်ကွဲခံမလို့လား"
"ဟင်"
"၁ ပတ်လောက်ရှောင်နေလိုက်..အခုတော့ သူလည်းသွားပြီဆိုတော့ .."
စကားဆုံးအောင်မပြောတော့ပဲ ရပ်ထားသည့်နေရာမှ ပြန်လည်စတင်လေတော့သည်။
အခုလို အရှက်သည်းပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတဲ့ပုံစံလေးက ထူးခြားတာမို့ Chairman Yang ကိုပင် ကျေးဇူးတင်မိတော့သည်။
ထို့နောက်တော့ Yang Director ၏ အသံလုံအခန်းတွင်းမှ အသံများကိုတော့ အပြင်လူများ ကြားနိုင်စွမ်းမရှိပါ။
စမ်းသပ်ထုတ်လုပ်ထားသော ဆေးများ Ni-ki ကိုနောက်ထပ် မပေးတော့ရန် Sunghoon ကို မဖြစ်မနေတားရပေတော့မည်။
ထိုစဥ် ဓါတ်ခွဲခန်းအတွင်း ဖော်စပ်ပြီးခါစ ဆေးလုံးများကို ဝမ်းသာအားရကြည့်ရင်း တစ်ဦးတည်းရေရွတ်နေသူတစ်ဦး
"ဒီတစ်ခါတော့ wonie အတွက်"
မစားရတဲ့အမဲ သဲနှင့်ပက်တာထက် ပိုစားကောင်းအောင်ချက်ပြုတ်ပေးသည်က ပိုမိုမြင့်မြတ်တာသောဆရာဝန်တစ်ယောက်မို့လား။
🐆🐈 ပြီးပါပြီ 🐆🐈
ဒီအောက်က note ကို ကိုယ်ပိုင်ရသနဲ့ခံစားချင်ရင် မဖတ်ပါနဲ့
Note :
1 - Fic တစ်ခုလုံးမှာ Wonki က ချစ်တယ်ဆိုတဲ့စကားကို မသုံးခဲ့ပါဘူး။ သူတို့ရဲ့ သံယောဇဉ်က စကားလုံးတွေနဲ့ဖော်ပြစရာမလိုခဲ့လို့ပါ။ Ki အတွက် Won က မရှိမဖြစ်လိုအပ်သလို Won ကလည်း Ki ကို မရှိမဖြစ်လိုအပ်ပါတယ်၊ စကားလုံးတွေနဲ့ နှိုင်းယှဥ်ဖို့ထက် မြင့်မြတ်တဲ့ ချစ်ခြင်းမို့။
2 - sex ကိစ္စအရိပ်အမွတ်ရေးခဲ့တာ Ni-ki က စက်ရုပ်ဆိုပေမယ့် 70% လူသားဖြစ်နေတာမို့ ကာမ မပါတဲ့ဘဝမဟုတ်တာသိစေချင်လို့ပါ။ သူတို့ရဲ့အချစ်ရေးက သုခပေါင်းစုံပြီးပြည့်စုံပါတယ်။ Ni-ki အသက်မပြည့်သေးတဲ့အတွက် အရိပ်အမွတ်ပဲရေးခဲ့တာ။
3 - Sunghoon ကို one side ထည့်လိုက်တာ စက်ရုပ် 30% ကျန်နေသေးတဲ့ Ni-ki အတွက်ပါ၊ လူ၊ စက်ရုပ်ရော ကုသတဲ့ဆေးလောကမှာ Hoon က ဆရာတစ်ဆူ Hoon ကိုသနားလို့ Sungwon one-shot HE လေး သီးသန့်ရေးဖို့စီစဥ်ထားပါတယ်။
Domestic Robot လေးကို သဘောကျမယ်လို့ မျှော်လင့်ပါတယ်။ Thank you for reading
Zawgyi
"Jungwon !!"
"သားငယ် ဘယ်လို ..."
ရွှမ်း ! ရွှမ်း !!
ထိုသူရူးသွပ်သွားသည်၊ ခြေထောက်၂ဘက်ဆုံးရှံးသွားသည်ဟု သတင်းထွက်ပေါ်လာသည့်နေ့က စက်ရုပ်များ ရောင်းချသည့်Park production company တစ်နေရာမှ လူသားစက်ရုပ်တစ်ခု နှုတ်ခမ်းများ တွန့်ကွေးသွားခဲ့သည်၊ လက်စားချေလိုက်နိုင်သကဲ့သို့ အပြုံးတစ်ခုဖြစ်ပေါ်လာပြီးနောက် ဖန်ပေါင်းချောင်ထဲတွင်မျက်လုံးများ မှိတ်သွားလေတော့သည်။
Hyung, Jungwon hyung
"Jungwon hyung ..hyung "
"Ni-ki ဒီမှာလာလှဲ"
"ကျ ကျတော် .."
"Ni-ki .. "
"Good night Hyung"
"Good night Ni-ki"
"ခုတင်အကြီး?"
Yang Papa မှ
"CCTV !!"
"Ni-ki"
"Wonie Hyung"
ထိုသူကတော့ Yang လုပ်ငန်း၏သားငယ် Yang Jungwon, သူ၏စက်ရုပ်လူသား
Nishimura Riki.
"Wonie"
"Hammm"
"မပြီးသေးဘူးလား"
"အင်း"
"ထမင်းမစားသေးဘူးလား"
"အင်း"
"ကိုယ်စားရမလား"
"အင်း"
"Ni-ki"
"Hamm Hyung ပဲ အင်းဆို"
"အား ... "
ဒုန်း!!
ကလစ်
တံခါးဆွဲဖွင့်သံ
"အား.."
"ဟင် ဖေဖေ"
ဒုန်း!!
"Ni-ki ဖယ်ဖယ်"
"ဟင်"
🐆🐈 ပြီးပါပြီ 🐆🐈
Note :
Continue Reading
You'll Also Like
1.2K 105 4
SeokSoo Fanfic (Uni+Zawgyi)
8.3K 583 13
Peep in to know more... A collaboration of maddam sir and shapath.
110K 5.2K 22
ဒီနေ့fbမှာfriတစ်ယောက်လက်ခံလိုက်တယ်ကောင်မလေးတစ်ယောက်ကိုပေါ့ .... တစ်နေ့သူမကပြောလာခဲ့တယ်ယောကျားလေးတစ်ယောက်တဲ့~~~ cover photo by @kyiNuuPwintWai24
3.7K 155 2
The life of a thief is nothing short of a joyride. It's filled with thrill, a growing list of enemies, ridiculous odds, and immense wealth if you do...