Unicode
မှောင်မည်းနေသော ညလယ် လုံးခြင်းတိုက် ၃ ထပ်ပေါ်မှ အောက်ဆင်းရန် ကြိုးစားနေသော ကောင်လေးတစ်ယောက်၊ အိပ်ရာခင်းများကို ကြိုးသဖွယ်ချည်ကာ ဆင်းနေရသည်မှာ တဝက်ကျော်နေပြီ။ ထိုစဥ် ရုတ်တရက် ခွေးဟောင်သံများ ဆူလာသည့်အတွက် ကြိုးကိုလွှတ်ကာ မြေပြင်ပေါ် ခုန်ဆင်းလိုက်သည်။
ထို့နောက် မြင့်မားသော ခြံဝင်းတံခါးကို ကျော်တက်ရန်ကြိုးစားနေစဥ် အရပ်ရှည်ရှည်ကိုယ်ထည်ကြီးမားသော လူတစ်ယောက် ရောက်လာကာ ခါးနေရာမှပွေ့ချလိုက်ပြီး
"ကလေး ဒီအချိန်ကြီး ထွက်လို့ အန္တရာယ်များလှတယ်"
ထို့နောက်သူ့အား အိမ်တွင်းသို့ ပြန်ခေါ်သွားလေတော့သည်။
ဆေးရုံမှဆင်းပြီး မကြာခင် Jungwon ပျောက်နေသည့်အတွက် တစ်အိမ်လုံး စိုးရိမ်နေခဲ့ရသည်။ Ni-Ki ကိုသွားရှာရန် ရာခိုင်နူန်းပြည့်မို့ ကယ်ဆယ်ရေးများလုပ်နေသော ငလျှင်နေရာသို့ ပိုက်စိတ်တိုက်ရှာဖွေတော့မှ ငလျှင်တွင်းနက်ထဲဆင်းရန် ကြိုးစားနေသော ကလေးငယ်အား အတင်းအကျပ်ပြန်လည်ခေါ်ဆောင်ခဲ့ရသည်။
မတွေ့တွေ့အောင်ရှာဖွေပေးမည် ကတိပေးထားသော်လည်း စောင့်ရသူအတွက် ခက်ခဲလှသည်။ ရှာဖွေနေစဥ် ၁ လကျော်အတွင်း မကြာခဏ ကိုယ်တိုင်ထွက်ရှာရန်ကြိုးစားနေသောကြောင့် လုံခြုံရေးများဖြင့် စောင့်ကျပ်နေရသည်။
စက်ရုပ်များကိုပင် ဝါးမျိုထားသော နေရာအနှံ့ ချောက်များ အချွန်အတက်များနှင့် မည်းမှောင်နေသော ထိုနေရာက လူငယ်တစ်ဦးမဆိုထားနှင့် ကာကွယ်ရေးဝတ်စုံပြည့်လုပ်သားများပင် အနည်းဆုံး ၁၀ ယောက်ခန့်အတူတူရှာဖွေကြရသောထိုနေရာ။
1 ပတ်လုံးလုံးနေ့ရောညပါ အစားထိုးပြုပြင်ခြင်းများပြုလုပ်အပြီးမှာတော့ Ni-ki ကို ယခင်ကအတိုင်း ပြန်လည်ပြုပြင်ပြီးစီးသွားပြီ ဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာ ပြီးစီးသော်လည်း သူ့ကိုဖန်တီးစဥ်က အသုံးပြုထားသော DNA ကို အသုံးပြုမှ နိုးထပေမည်။
"Heeseung hyung, Riki ကို ဖန်တီးတုန်းက Jake ရဲ့ DNA နဲ့ ဖန်တီးထားတဲ့ လူသား DNA ထည့်ရမှာ Jake ရော ဘယ်မှာလည်း"
YOU ARE READING
Domestic Robot
Fanfictionသိပ္ပံခေါတ် စက်ရုပ်များကို အိမ်မှူကိစ္စများနှင့် လုံခြုံရေးများအတွက် လူကုန်ထံ အသိုင်းအဝိုင်းများတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုနေချိန်။ Jungwon အတွက် စက်ရုပ်တစ်ခု ရရှိလာသောအခါ။ WonKi fanfic လေးပါ