ဇာတ္ပို႔တစ္ေယာက္ရဲ့ အဆံုးသတ္...

De devil61002

84.5K 13.7K 1.8K

" ဘယ္ဇာတ္လိုက္ကို ရိုက္ခ်ခ်င္လည္း ဒီသခင္ေလးက စင္ေပၚကေန ကန္ခ်ေပးမယ္ " " ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်... Mai multe

Arc.10.1
Arc.10.2
Arc.10.5
Arc.10.6
Arc.10.7
Arc.10.8
Arc.10.9
Arc.10.10
Arc.10.11
Arc.10.11
Arc.10.12
Arc.10.13
Arc.10.14
Arc.10.16
Arc.10.17
Arc.10.18
Arc.10.19
Arc.10.20
Arc.10. Extra 1
Arc.10.Extra 2
Arc.10.Extra 3
Arc.11.1
Arc.11.2
Arc.11.3
Arc.11.4
Arc.11.5
Arc.11.6
Arc.11.7
Arc.11.8
Arc.11.9
Arc.11.10
Arc.11.12
Arc.11.13
Arc.11.14
Arc.11.15
Arc.11.16
Arc.11.17
Arc.11.18
Arc.10.3
Arc.11.19
Arc.11.20
Arc.11.21
Arc.11.22
Arc.11.23
Arc.11.24
Arc.11.25
Arc.11.26
Arc.11.27 End
Arc.12.1
Arc.12.2
Arc.12.3
Arc.12.4
Arc.12.5
Arc.12.6
Arc.12.7
Arc.12.8
Arc.12.9
Arc.12.10
Arc.12.11
Arc.12.12
Arc.12.13
Arc.12.14
Arc.12.15
Arc.12.16
Arc.12.17
Arc.12.18
Arc.12.19
Arc.12.20
Arc.12.21
Arc.12.22
Arc.12.23
Arc.12.24
Arc.12.25
Arc.12.26
Arc.12.27
Arc.12.28
Arc.12.29
Arc.12.30
Arc.10.4
Arc.12.31
Arc.12.32
Arc.12.33
Arc.12.34
Arc.12.35
Arc.12.36
Arc.12.37 End
Arc.13.1
Arc.13.2
Arc.13.3
Arc.13.4
Arc.13.5
Arc.13.6
Arc.13.7
Arc.13.8
Arc.13.9
Arc.13.10
Arc.13.11
Arc.13.12
Arc.13.13
Arc.13.14
Arc.13.15
Arc.13.16
Arc.13.17
Arc.13.18
Arc.13.19
Arc.13.20
Arc.13.21
Arc.13.22
Arc.13.23
Arc.13.24

Arc.10.15

1.2K 206 4
De devil61002

" စကားေလး နည္းနည္းေလာက္ေျပာေပးရံုပါဘဲ .. ႏူတ္ဆက္စကားဘဲ ေျပာႏိုင္ရင္လည္း ျဖစ္တယ္ "

ေရွာင္ယုယြီသည္ သူမေနာက္ေက်ာအား အဆက္မျပတ္တြန္းကာ ေရ႔ွသို႔ ဆက္သြားရန္ ေျပာေနသၫ့္ အမ်ိဳးသမီးေၾကာင့္ ရႈံ႔မဲ့သြားသည္ ။ သူမ ကုက်င္းဟန္နဲ႔အခ်ိန္အၾကာႀကီး မေတြ ့ႏိုင္ခဲ့ဘူး ။ အရင္တစ္ခါအျဖစ္အပ်က္က သူမတို႔ကို သတိထားေစခဲ့ကာ ခဏတာ စကားေျပာျပီးေနာက္ ကိုယ္စီျပန္လာခဲ့ရတယ္ ။ ၿပီးတာနဲ႔ သူမ ဒီအမ်ိဳးသမီးဆီမွာ အမိခံလိုက္ရေတာ့တာပါဘဲ ။

ထို စိတ္အားထက္သန္ေနသၫ့္ အမ်ိဳးသမီးသည္ ရွင္းေလာ္ေဖ်ာ္ေျဖေရးလုပ္ငန္း၏ ဒါရိုက္တာလ်န္ရီး ျဖစ္သည္ ။ သူမသည္ ရိွန္ေလာက္သၫ့္ အဆင့္အား ပိုင္ဆိုင္ထားသည္ဟု ဆိုႏိုင္ကာ ဤပြဲတြင္ သူမအား စကားေျပာႏိုင္ရန္ ႀကိဳးစားေနသူမ်ား မနည္း‌ေပ ။

သို႔တိုင္ေအာင္ ဤအမ်ိဳးသမီးသည္ လူတစ္ဦးအား ႏူတ္ဆက္ စကားေျပာႏိုင္ဖို႔အတြက္နဲ႔ အလြန္စိတ္လႈပ္ရွားေနခဲ့သည္တဲ့‌ေလ။

လ်န္ရီး၏ တြန္းတိုးေနမႈက ရပ္တန႔္သြားကာ ေရွာင္ယုယြီသည္ သူမေရ႔ွက လူအား ၾကၫ့္လိုက္သည္ ။ သူမေရ႔ွရိွအမ်ိဳးသားသည္ အလိုမက်ဟန္ တင္းမာေနသၫ့္အမႈအရာရိွသၫ့္တိုင္ အလြန္ျကည့္‌ေကာင္း‌ေနဆဲ ။ သူမတို႔အား သတိထားမိခ်ိန္ ေမွးက်ဉ္းကာ ၾကၫ့္လာသၫ့္ မ်က္ဝန္းမ်ားမွာ အေမွာင္ထု၏ ေအးစက္မႈမ်ားႏွင့္ ျပၫ့္ေနသည္ ။

ေရွာင္ယုယြီ သူမ လက္အား မသိမသာခပ္တင္းတင္းဆုပ္လိုက္မိသည္ ။ သူမထင္သားဘဲ .. လ်န္ရီးေတြ ့ခ်င္ေနတဲ့လူက ရွီးက်န္းဆိုတာ ..

" မဂၤလာပါ ဥကၠဌရွီး .. ရွင့္လို ပုဂၢိုလ္မ်ိဳး ကိုဒီပြဲမွာ ေတြ ့ရလိမ့္မယ္လို႔ မထင္ထားခဲ့ဘူး "

လ်န္ရီး ဥကၠဌရွီးအား ၿပံဳးျပလ်က္ ႏူတ္ဆက္လိုက္ကာ ၿငိမ္သက္ေနဆဲ ေရွာင္ယုယြီအား အသာတို႔ကာ သတိေပးလိုက္သည္ ။

ယုယြီ သူမ ႏူတ္ခမ္းအတြင္းသားအား ဖိကိုက္လိုက္သည္ ။ သူမ ရွီးက်န္းကို စကားေျပာဖို႔ ျငင္းဆန္ခ်င္သလို ၊ ေတြ ့ေတာင္မေတြ ့ခ်င္ဘူး ။ အခု သူမစိတ္ထဲမွာ ရိွသမ်ွက ရြံရွာ အထင္ေသးမႈေတြခ်ည္းဘဲ ။

သူမရဲ့ ယခင္ဘဝတစ္ခုလံုးက ဒီလူနဲ႔ ပတ္သက္ခဲ့မိလို႔ ပ်က္စီးခဲ့ရတာ ။ သူမရဲ့ အိမ္မက္၊ ဂုဏ္သတင္း ၊ ခံစားခ်က္ ၊ အရာအားလံုးဘဲ ။

ဟုတ္တယ္ .. ရွီးက်န္းက သူမရဲ့ အရင္ဘဝက ေယာက္်ားေဟာင္းဘဲ ..၊၊

ယခင္အျဖစ္အပ်က္မ်ားက  သူမေခါင္းထဲေပၚလာျပန္သည္ ။ ထိုအခ်ိန္က သူမ အညစ္အပတ္ေတျြပၫ့္ေနတဲ့ ကုမဏီနဲ႔ စာခ်ဳပ္ခ်ဳပ္ခဲ့မိတာေၾကာင့္ သူမ ခႏၶာကိုယ္ေရာင္းဖို႔ တြန္းအားေပးခံခဲ့ရတယ္ ။ ရွီးက်န္းက သူမကို ကယ္ခဲ့ၿပီး သူမက သူ့ကို သူမရဲ့ ဘဝႀကီးလို႔ ယူဆခဲ့မိတယ္ ။ သူမကို ျမင္ျမင္ခ်င္းခ်စ္မိခဲ့တယ္ဆိုၿပီး လက္ထပ္ခြင့္ေတာင္းခဲ့ၿပီး သူမကလည္း တံုးတံုးအအလက္ခံခဲ့မိတယ္ ။ အနည္းငယ္ေတာင္ သံသယမဝင္မိဘဲနဲ႔ ။

ေနာက္မွသိလိုက္ရတာက သူက သူမကို လက္ထပ္ခြင့္ေတာင္းခဲ့တာက တိုက္ဆိုင္မႈသက္သက္ဘဲ ။ အဲ့အခ်ိန္မွာ ရွီးမိသားစုက ရွီးက်န္းကို လက္ထပ္ဖို႔ တြန္းအားေပးခဲ့ၿပီး သူက လက္ဆုပ္လက္ကိုင္ျပဖို႔ မိန္းမတစ္ေယာက္လိုေနတယ္ ။ အခ်ိန္ကိုက္ သူမက ရွီးက်န္းေရ႔ွကို ေရာက္သြားခဲ့ရံုေလးဘဲ ။

‌သူမ ရွီးအိမ္ကို ေရာက္ၿပီးေနာက္မွာေတာ့ သူမက စင္ေပၚမွာ အလျွပဖို႔ထားတဲ့ အရုပ္ေတြထဲက တစ္ခုျဖစ္လာခဲ့တယ္ ။  သူမမွာ ရွီးသခင္မဆိုတဲ့ အမည္သာက်န္ေနၿပီး အဲ့အမည္ေလး မေပ်ာက္ဆံုးေအာင္သာ တိုက္ခိုက္ေနခဲ့ရတယ္ ။

အရည္အေသြးအမ်ိဳးမ်ိဳးနဲ႔ အလွေလးေတြက သူမေနရာကို တပ္မက္ေနတာေၾကာင့္ သူမ ရွီးက်န္းကို မဆံုးရႈံးရဖို အႀကံကုန္ထုတ္သံုးၿပီး လွၫ့္ကြက္မ်ိဳးစံု အသံုးျပဳခဲ့ရတယ္ ။ တဖက္မွာ ရွီးက်န္း သူမကို အသိအမွတ္ျပဳလာလိမ့္မယ္လို႔ ေမ်ွာ္လင့္ရင္းေပါ့ ။

သူမကို လက္ထပ္ခြင့္ေတာင္းခဲ့တဲ့ ေန့ကလိုမ်ိဳး ၾကင္ၾကင္နာနာေလး ျပန္ျဖစ္ႏိုင္လိမ့္မယ္လို႔ ယူဆၿပီး သူေက်နပ္ဖို႔ သူမရဲ့ အရာအားလံုး အသံုးျပဳခဲ့တယ္ ။ သူမရဲ့ အသက္ေမြးဝမ္းေၾကာင္းကို စြန႔္လိုက္ၿပီး ရွီးသခင္မပီသေအာင္ ျပဳမႈေနထိုင္ခဲ့တယ္ ။ အိမ္အလုပ္ကိုတစ္စက္ေလးမွ မလစ္ဟင္းရေအာင္ ျပၫ့္စံုေစခဲ့တယ္ ။ ရလဒ္တခ်ိဳ႕အေနနဲ႔ ရွီးက်န္းက သူမကို ပြဲတခ်ိဳ႕ကို ေခၚခဲ့ပါတယ္ ။

ပြဲကို မေရာက္ခင္အထိ သူမလည္း အရမ္းေပ်ာ္ရြင္ခဲ့တယ္ ။ ဒါေပမဲ့ သူမ ပြဲမွာ အမွန္တကယ္ ေလွာင္ေျပာင္လို႔ရတဲ့လူပိုတစ္ေယာက္သာျဖစ္တယ္ဆိုတာ သိလိုက္ရတယ္ ။

သူမထက္ အသက္ႀကီးတဲ့ အမ်ိဳးသမီးေတြနဲ႔ ယွဉ္ၾကၫ့္ရင္ သူမက သိသိသာသာအိုစာေနခဲ့တာ အဲ့အခ်ိန္မွ သတိထားမိခဲ့တယ္ ။ သူမရဲ့ ပူပင္ေသာကေတြက သူမကို အိုစာေစၿပီး ဆံပင္ေတြကို အေရာင္ကြၽတ္ေစတယ္။ 

အရိွန္အဝါေတာက္ပကာ ခန႔္ညားေနဆဲ ရွီးက်န္းနဲ႔ ေဘးခ်င္းယွဉ္ရပ္ေနတာက အမ်ားအျမင္မွာ သူမက ရြံစရာသတၲဝါတစ္ခုလိုပါဘဲ ။ သူတို႔ရဲ့ ႏူတ္ခမ္းေတြကို ဟၿပီး သူမကို ေလွာင္ေျပာင္ဖို႔ မရပ္တန႔္ႏိုင္ပါဘူး ။

‌" မင္း.." ေလးလံအက္ရွတဲ့အသံက ေရွာင္ယုယြီကို ေျခာက္ျခားဖြယ္အတိတ္ကေန ႏိုးထလာေစတယ္ ။ သူမ သူ႔ကို စိတ္ဝင္တစားၾကၫ့္ေနတဲ့ ရွီးက်န္းကို ျမင္သၫ့္အခါ သူမ စိတ္ထဲ အႏၲရယ္အသိေပးခ်က္ေတြ အဆက္မျပတ္ျမည္လာေတာ့တယ္ ။

ေရွာင္ယုယြီ သူမ ကိုယ္သူမ ထိန္းခ်ဳပ္လိုက္ၿပီး ေတာင့္တင္းေနတဲ့ ခႏၶာကိုယ္ကို ေပ်ာ့ေျပာင္းေစလိုက္တယ္ ။ သူမ မ်က္ႏွာထက္မွာ လစ္ခနဲဆိုသလို အၿပံဳးေလးေပၚလာၿပီး ရွီးက်န္းကို စ‌ြဲမက္ဖြယ္ေကာင္းစြာ ၿပံဳးျပလိုက္သည္ ။ သူမရဲ့ ဆံစတခ်ိဳ႕ကို နားအေနာက္သို႔ သပ္တင္လိုက္ၿပီး လည္တိုင္လွလွေလးကို ေဖာ္ၫႊန္းေန၏ ။ သူမက တမင္သက္သက္ ၫုတုတုအသ‌ံျပဳလုပ္လိုက္ကာ

" ဒီတက္သစ္စေလးရဲ့ နာမည္က ယုယြီလို႔ ေခၚပါတယ္ "

' ရွီးက်န္းက အပ်က္သေဘာေဆာင္တဲ့ အျပဳအမႈေတြကို အမုန္းဆံုးဘဲ .. သူ ေသခ်ာေပါက္ ငါ့ကို ကန္ထုတ္လိမ့္မယ္ '

ပိုင္လင္ ရွီးယြမ္အား ေခၚကာ ဝင္လာခ်ိန္ ထိုကလူျမဴဆြယ္ေနဟန္ရသၫ့္ ျမင္ကြင္းက ဆီးႀကိဳေနေလသည္ ။ သူက ရွီးယြမ္၏ အနားနားသို႔ ကပ္လိုက္ကာ ခပ္သ‌ဲ့သဲ့ စေနာက္လိုက္သည္ ။ " မင္းရဲ့ အစ္ကိုက သူမ်ားေနာက္ပါေတာ့မယ္ .. "

" ‌ကိုယ္က လြဲၿပီး ေရြးခ်ယ္စရာမရိွေတာ့ဘူး "

ရွီးယြမ္ သူ႔မ်က္လံုးမ်ားကို လွန္ျပလိုက္သည္ ။ သူ႔အသံသည္ သြက္သြက္လက္လက္မရိွဘဲ ပ်င္းတိပ်င္းရြဲ ႏိုင္ပံုရသၫ့္ အသံတိုးတိုးျပဳလိုက္ကာ ျငင္းပယ္လိုက္သည္ ။ " မျဖစ္ႏိုင္ဘူး "

ပိုင္လင္၏ အသက္ရႈသံ‌ေနြး‌ေနြးက ရွီးယြမ္၏ နားအား ရိုက္ခတ္သြား၏ ။ " ကိုယ္နဲ႔အတူ သရုပ္ေဆာင္ေပး "

မၾကာခင္ ပိုင္လင္တို႔ ဝင္ေရာက္လာျခင္းက ရွီးက်န္း၏ အာရံုကို ရရိွသြားေတာ့သည္ ။ ရွီးယြမ္၏ အသံက ရွီးက်န္း မေမးခင္ပင္ ထြက္လာ၏ ။

" အစ္ကို .. ပိုင္သခင္ေလးက ကြၽန္ေတာ့္ကို စစ္ေဆးၿပီး ေဆးလံုး‌ေပးတယ္ "

ရွီးယြမ္သည္ စကားလံုးမ်ားအား မရွည္ေစဘဲ ေက်ာ္ခ်ပစ္လိုက္သၫ့္တိုင္ ရွီးက်န္း သူ႔ဆိုလိုရင္းကို သေဘာေပါက္သည္ ။ ' ဒီေတာ့ သူတို႔ရွာေနတဲ့လူက ပိုင္လင္ ကိုယ္တိုင္ေပါ့ '

ရွီးက်န္း မသိမသာ မ်က္ေမွာင္ၾကဳတ္မိလိုက္ၿပီး မသကၤာစြာျဖင့္  " မင္းကလား ! မင္းဆရာမဟုတ္ဘူးလား "

ရွီးက်န္း မယံုၾကည္ျခင္းက မထူးဆန္းပါေခ် ။ ရွီးယြမ္ရဲ့ အေျခအေနကို ေဆးပညာနယ္ပယ္ရိွ လူအိုႀကီးမ်ားေတာင္ လက္ေလ်ာ့ထားရျခင္း ျဖစ္သည္ ။ အခု ပိုင္လင္ ရဲ့ အသက္ကို ေဘးထားလိုက္ပါ ။ သူ႔ရဲ့ ေဆးပညာခရီးလမ္းက ဘယ္ေလာက္လဲ ။ တကၠသိုလ္ ေနာက္ဆံုးႏွစ္သာ ရိွေသးၿပီး ဘြဲ႔ေတာင္မရေသးေပ ။

ပိုင္လင္ရဲ့ အေျဖကိုေစာင့္ေနတဲ့ ရွီးက်န္းက ပိုင္လင္ရဲ့ ၿပံဳးေနဟန္ရတဲ့အမႈအရာတစ္ခုကိုသာ လက္ခံလိုက္ရသည္ ။

" သူက ဘယ္သူလဲ "

ေရွာင္ယုယြီအား စိတ္ဝင္တစားၾကၫ့္ေနပံုရသၫ့္ ရွီးယြမ္ေၾကာင့္ ရွီးက်န္း ပိုင္လင္ကို ဂရုမစိုက္ႏိုင္ေတာ့ဘူး ။ သူက ေရွာင္ယုယြီကို ေမွာင္မည္းေနသၫ့္အမႈအရာႏွင့္ ၾကၫ့္လိုက္သည္ ။

ဘာေတြ စိတ္ဝင္စားစရာေကာင္းေနလို႔လဲ ..?

ဒီတိုင္း အျမင့္ကိုတက္ခ်င္ေနတဲ့ မိန္းမတစ္ေယာက္ဘဲကို

ရွီးက်န္း အလြန္အမင္း စိတ္မသက္မသာျဖစ္ေနေပမဲ့ ရွီးယြမ္ရဲ့ သိခ်င္စိတ္ကို တားဆီးဖို႔ မလုပ္ႏိုင္ပါေခ် ။ သူက အတတ္ႏိုင္ဆံုး ညင္သာတဲ့ ေလသံျဖင့္

" သူမက မဆိုးတဲ့ သရုပ္ေဆာင္တစ္ေယာက္ေလ "

" ဟုတ္လား ?.. ဒါေၾကာင့္ကိုး ..." ရွီးယြမ္သည္ စိတ္လႈပ္ရွားေနသၫ့္အမႈအရာျဖင့္ ေရွာင္ယုယြီအား ၾကၫ့္လိုက္သည္ ။

" မမ အရမ္းလွတယ္ "

ဤတခ်ိန္တြင္ မ်က္ေမွာင္ၾကဳတ္သြားတဲ့လူက ရွီးက်န္းသာ မဟုတ္သည္မွာ ေသခ်ာပါသည္ ။

" စကားသိပ္မေျပာရဘူး  "

" စကားအမ်ားႀကီးေျပာတာ မင္းကို ပင္ပန္းေစလိမ့္မယ္ "

တၿပိဳင္နက္ထြက္လာသၫ့္ အသံႏွစ္ခုေၾကာင့္ ရွီးက်န္းႏွင့္ ပိုင္လင္သည္ အျပန္အလွန္ ၾကၫ့္မိလိုက္သည္ ။ ပိုင္လင္သည္ သိမ္‌ေမြ ့တည္ၾကၫ့္သၫ့္ အမႈအရာျဖင့္

"ဥကၠဌရွီး .. ကြၽန္ေတာ္တို႔ သီးသန႔္ေဆြးေနြးဖို႔ လိုလိမ့္မယ္ "

ေရွာင္ယုယြီအား ေမာင္းထုတ္ႏိုင္ဖို႔အေရး ရွီးက်န္း လက္လြတ္ခံဖို႔ မျဖစ္ႏိုင္ေခ် ။ သူကလည္း ေလးနက္စြာ ေခါင္းညိတ္လိုက္ၿပီး

" ရတယ္ "

ဘီးတပ္ကုလားထိုင္၏ လက္တြန္းေနရာမွာ ေရာက္ကတည္းက ပိုင္လင္လက္ထဲတြင္ရိွေနၿပီး ျပန္ေပးရန္စိတ္ကူးမရိွသၫ့္အတိုင္း ေရ႔ွကထြက္သြားသၫ့္အတြက္ ရွီးက်န္းသည္ ေနာက္မွ လိုက္လာရံုသာ တတ္ႏိုင္ေလသည္ ။

ပိုင္လင္သည္ ရွီးယြမ္၏ နားရြက္ေလးအား အေနာက္မွ အသာထိလိုက္ၿပီး တိုးတိုးေလး ညည္းလိုက္သည္ ။

" ဆိုးလိုက္တာ "

ရွီးယြမ္ မ်က္ႏွာထက္တြင္ ေက်နပ္သၫ့္အၿပံဳးတစ္ခုျဖစ္ေပၚလာျခင္းကို မထိန္းထားႏိုင္ေပ ။ သူက ခပ္တိုးတိုးျပန္ေျပာ၏။

" ဘယ္သူ႔အမွားလဲ "

_________________________
" စကားလေး နည်းနည်းလောက်ပြောပေးရုံပါဘဲ .. နူတ်ဆက်စကားဘဲ ပြောနိုင်ရင်လည်း ဖြစ်တယ် "

ရှောင်ယုယွီသည် သူမနောက်ကျောအား အဆက်မပြတ်တွန်းကာ ရှေ့သို့ ဆက်သွားရန် ပြောနေသည့် အမျိုးသမီးကြောင့် ရှုံ့မဲ့သွားသည် ။ သူမ ကုကျင်းဟန်နဲ့အချိန်အကြာကြီး မတွေ ့နိုင်ခဲ့ဘူး ။ အရင်တစ်ခါအဖြစ်အပျက်က သူမတို့ကို သတိထားစေခဲ့ကာ ခဏတာ စကားပြောပြီးနောက် ကိုယ်စီပြန်လာခဲ့ရတယ် ။ ပြီးတာနဲ့ သူမ ဒီအမျိုးသမီးဆီမှာ အမိခံလိုက်ရတော့တာပါဘဲ ။

ထို စိတ်အားထက်သန်နေသည့် အမျိုးသမီးသည် ရှင်းလော်ဖျော်ဖြေရေးလုပ်ငန်း၏ ဒါရိုက်တာလျန်ရီး ဖြစ်သည် ။ သူမသည် ရှိန်လောက်သည့် အဆင့်အား ပိုင်ဆိုင်ထားသည်ဟု ဆိုနိုင်ကာ ဤပွဲတွင် သူမအား စကားပြောနိုင်ရန် ကြိုးစားနေသူများ မနည်း‌ပေ ။

သို့တိုင်အောင် ဤအမျိုးသမီးသည် လူတစ်ဦးအား နူတ်ဆက် စကားပြောနိုင်ဖို့အတွက်နဲ့ အလွန်စိတ်လှုပ်ရှားနေခဲ့သည်တဲ့‌လေ။

လျန်ရီး၏ တွန်းတိုးနေမှုက ရပ်တန့်သွားကာ ရှောင်ယုယွီသည် သူမရှေ့က လူအား ကြည့်လိုက်သည် ။ သူမရှေ့ရှိအမျိုးသားသည် အလိုမကျဟန် တင်းမာနေသည့်အမှုအရာရှိသည့်တိုင် အလွန်ကြည့်‌ကောင်း‌နေဆဲ ။ သူမတို့အား သတိထားမိချိန် မှေးကျဉ်းကာ ကြည့်လာသည့် မျက်ဝန်းများမှာ အမှောင်ထု၏ အေးစက်မှုများနှင့် ပြည့်နေသည် ။

ရှောင်ယုယွီ သူမ လက်အား မသိမသာခပ်တင်းတင်းဆုပ်လိုက်မိသည် ။ သူမထင်သားဘဲ .. လျန်ရီးတွေ ့ချင်နေတဲ့လူက ရှီးကျန်းဆိုတာ ..

" မင်္ဂလာပါ ဥက္ကဌရှီး .. ရှင့်လို ပုဂ္ဂိုလ်မျိုး ကိုဒီပွဲမှာ တွေ ့ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး "

လျန်ရီး ဥက္ကဌရှီးအား ပြုံးပြလျက် နူတ်ဆက်လိုက်ကာ ငြိမ်သက်နေဆဲ ရှောင်ယုယွီအား အသာတို့ကာ သတိပေးလိုက်သည် ။

ယုယွီ သူမ နူတ်ခမ်းအတွင်းသားအား ဖိကိုက်လိုက်သည် ။ သူမ ရှီးကျန်းကို စကားပြောဖို့ ငြင်းဆန်ချင်သလို ၊ တွေ ့တောင်မတွေ ့ချင်ဘူး ။ အခု သူမစိတ်ထဲမှာ ရှိသမျှက ရွံရှာ အထင်သေးမှုတွေချည်းဘဲ ။

သူမရဲ့ ယခင်ဘဝတစ်ခုလုံးက ဒီလူနဲ့ ပတ်သက်ခဲ့မိလို့ ပျက်စီးခဲ့ရတာ ။ သူမရဲ့ အိမ်မက်၊ ဂုဏ်သတင်း ၊ ခံစားချက် ၊ အရာအားလုံးဘဲ ။

ဟုတ်တယ် .. ရှီးကျန်းက သူမရဲ့ အရင်ဘဝက ယောက်ျားဟောင်းဘဲ ..၊၊

ယခင်အဖြစ်အပျက်များက  သူမခေါင်းထဲပေါ်လာပြန်သည် ။ ထိုအချိန်က သူမ အညစ်အပတ်တြွေပည့်နေတဲ့ ကုမဏီနဲ့ စာချုပ်ချုပ်ခဲ့မိတာကြောင့် သူမ ခန္ဓာကိုယ်ရောင်းဖို့ တွန်းအားပေးခံခဲ့ရတယ် ။ ရှီးကျန်းက သူမကို ကယ်ခဲ့ပြီး သူမက သူ့ကို သူမရဲ့ ဘဝကြီးလို့ ယူဆခဲ့မိတယ် ။ သူမကို မြင်မြင်ချင်းချစ်မိခဲ့တယ်ဆိုပြီး လက်ထပ်ခွင့်တောင်းခဲ့ပြီး သူမကလည်း တုံးတုံးအအလက်ခံခဲ့မိတယ် ။ အနည်းငယ်တောင် သံသယမဝင်မိဘဲနဲ့ ။

နောက်မှသိလိုက်ရတာက သူက သူမကို လက်ထပ်ခွင့်တောင်းခဲ့တာက တိုက်ဆိုင်မှုသက်သက်ဘဲ ။ အဲ့အချိန်မှာ ရှီးမိသားစုက ရှီးကျန်းကို လက်ထပ်ဖို့ တွန်းအားပေးခဲ့ပြီး သူက လက်ဆုပ်လက်ကိုင်ပြဖို့ မိန်းမတစ်ယောက်လိုနေတယ် ။ အချိန်ကိုက် သူမက ရှီးကျန်းရှေ့ကို ရောက်သွားခဲ့ရုံလေးဘဲ ။

‌သူမ ရှီးအိမ်ကို ရောက်ပြီးနောက်မှာတော့ သူမက စင်ပေါ်မှာ အလြှပဖို့ထားတဲ့ အရုပ်တွေထဲက တစ်ခုဖြစ်လာခဲ့တယ် ။  သူမမှာ ရှီးသခင်မဆိုတဲ့ အမည်သာကျန်နေပြီး အဲ့အမည်လေး မပျောက်ဆုံးအောင်သာ တိုက်ခိုက်နေခဲ့ရတယ် ။

အရည်အသွေးအမျိုးမျိုးနဲ့ အလှလေးတွေက သူမနေရာကို တပ်မက်နေတာကြောင့် သူမ ရှီးကျန်းကို မဆုံးရှုံးရဖို အကြံကုန်ထုတ်သုံးပြီး လှည့်ကွက်မျိုးစုံ အသုံးပြုခဲ့ရတယ် ။ တဖက်မှာ ရှီးကျန်း သူမကို အသိအမှတ်ပြုလာလိမ့်မယ်လို့ မျှော်လင့်ရင်းပေါ့ ။

သူမကို လက်ထပ်ခွင့်တောင်းခဲ့တဲ့ နေ့ကလိုမျိုး ကြင်ကြင်နာနာလေး ပြန်ဖြစ်နိုင်လိမ့်မယ်လို့ ယူဆပြီး သူကျေနပ်ဖို့ သူမရဲ့ အရာအားလုံး အသုံးပြုခဲ့တယ် ။ သူမရဲ့ အသက်မွေးဝမ်းကြောင်းကို စွန့်လိုက်ပြီး ရှီးသခင်မပီသအောင် ပြုမှုနေထိုင်ခဲ့တယ် ။ အိမ်အလုပ်ကိုတစ်စက်လေးမှ မလစ်ဟင်းရအောင် ပြည့်စုံစေခဲ့တယ် ။ ရလဒ်တချို့အနေနဲ့ ရှီးကျန်းက သူမကို ပွဲတချို့ကို ခေါ်ခဲ့ပါတယ် ။

ပွဲကို မရောက်ခင်အထိ သူမလည်း အရမ်းပျော်ရွင်ခဲ့တယ် ။ ဒါပေမဲ့ သူမ ပွဲမှာ အမှန်တကယ် လှောင်ပြောင်လို့ရတဲ့လူပိုတစ်ယောက်သာဖြစ်တယ်ဆိုတာ သိလိုက်ရတယ် ။

သူမထက် အသက်ကြီးတဲ့ အမျိုးသမီးတွေနဲ့ ယှဉ်ကြည့်ရင် သူမက သိသိသာသာအိုစာနေခဲ့တာ အဲ့အချိန်မှ သတိထားမိခဲ့တယ် ။ သူမရဲ့ ပူပင်သောကတွေက သူမကို အိုစာစေပြီး ဆံပင်တွေကို အရောင်ကျွတ်စေတယ်။ 

အရှိန်အဝါတောက်ပကာ ခန့်ညားနေဆဲ ရှီးကျန်းနဲ့ ဘေးချင်းယှဉ်ရပ်နေတာက အများအမြင်မှာ သူမက ရွံစရာသတ္တဝါတစ်ခုလိုပါဘဲ ။ သူတို့ရဲ့ နူတ်ခမ်းတွေကို ဟပြီး သူမကို လှောင်ပြောင်ဖို့ မရပ်တန့်နိုင်ပါဘူး ။

‌" မင်း.." လေးလံအက်ရှတဲ့အသံက ရှောင်ယုယွီကို ခြောက်ခြားဖွယ်အတိတ်ကနေ နိုးထလာစေတယ် ။ သူမ သူ့ကို စိတ်ဝင်တစားကြည့်နေတဲ့ ရှီးကျန်းကို မြင်သည့်အခါ သူမ စိတ်ထဲ အန္တရယ်အသိပေးချက်တွေ အဆက်မပြတ်မြည်လာတော့တယ် ။

ရှောင်ယုယွီ သူမ ကိုယ်သူမ ထိန်းချုပ်လိုက်ပြီး တောင့်တင်းနေတဲ့ ခန္ဓာကိုယ်ကို ပျော့ပြောင်းစေလိုက်တယ် ။ သူမ မျက်နှာထက်မှာ လစ်ခနဲဆိုသလို အပြုံးလေးပေါ်လာပြီး ရှီးကျန်းကို စ‌ွဲမက်ဖွယ်ကောင်းစွာ ပြုံးပြလိုက်သည် ။ သူမရဲ့ ဆံစတချို့ကို နားအနောက်သို့ သပ်တင်လိုက်ပြီး လည်တိုင်လှလှလေးကို ဖော်ညွှန်းနေ၏ ။ သူမက တမင်သက်သက် ညုတုတုအသ‌ံပြုလုပ်လိုက်ကာ

" ဒီတက်သစ်စလေးရဲ့ နာမည်က ယုယွီလို့ ခေါ်ပါတယ် "

' ရှီးကျန်းက အပျက်သဘောဆောင်တဲ့ အပြုအမှုတွေကို အမုန်းဆုံးဘဲ .. သူ သေချာပေါက် ငါ့ကို ကန်ထုတ်လိမ့်မယ် '

ပိုင်လင် ရှီးယွမ်အား ခေါ်ကာ ဝင်လာချိန် ထိုကလူမြူဆွယ်နေဟန်ရသည့် မြင်ကွင်းက ဆီးကြိုနေလေသည် ။ သူက ရှီးယွမ်၏ အနားနားသို့ ကပ်လိုက်ကာ ခပ်သ‌ဲ့သဲ့ စနောက်လိုက်သည် ။ " မင်းရဲ့ အစ်ကိုက သူများနောက်ပါတော့မယ် .. "

" ‌ကိုယ်က လွဲပြီး ရွေးချယ်စရာမရှိတော့ဘူး "

ရှီးယွမ် သူ့မျက်လုံးများကို လှန်ပြလိုက်သည် ။ သူ့အသံသည် သွက်သွက်လက်လက်မရှိဘဲ ပျင်းတိပျင်းရွဲ နိုင်ပုံရသည့် အသံတိုးတိုးပြုလိုက်ကာ ငြင်းပယ်လိုက်သည် ။ " မဖြစ်နိုင်ဘူး "

ပိုင်လင်၏ အသက်ရှုသံ‌နွေး‌နွေးက ရှီးယွမ်၏ နားအား ရိုက်ခတ်သွား၏ ။ " ကိုယ်နဲ့အတူ သရုပ်ဆောင်ပေး "

မကြာခင် ပိုင်လင်တို့ ဝင်ရောက်လာခြင်းက ရှီးကျန်း၏ အာရုံကို ရရှိသွားတော့သည် ။ ရှီးယွမ်၏ အသံက ရှီးကျန်း မမေးခင်ပင် ထွက်လာ၏ ။

" အစ်ကို .. ပိုင်သခင်လေးက ကျွန်တော့်ကို စစ်ဆေးပြီး ဆေးလုံး‌ပေးတယ် "

ရှီးယွမ်သည် စကားလုံးများအား မရှည်စေဘဲ ကျော်ချပစ်လိုက်သည့်တိုင် ရှီးကျန်း သူ့ဆိုလိုရင်းကို သဘောပေါက်သည် ။ ' ဒီတော့ သူတို့ရှာနေတဲ့လူက ပိုင်လင် ကိုယ်တိုင်ပေါ့ '

ရှီးကျန်း မသိမသာ မျက်မှောင်ကြုတ်မိလိုက်ပြီး မသင်္ကာစွာဖြင့်  " မင်းကလား ! မင်းဆရာမဟုတ်ဘူးလား "

ရှီးကျန်း မယုံကြည်ခြင်းက မထူးဆန်းပါချေ ။ ရှီးယွမ်ရဲ့ အခြေအနေကို ဆေးပညာနယ်ပယ်ရှိ လူအိုကြီးများတောင် လက်လျော့ထားရခြင်း ဖြစ်သည် ။ အခု ပိုင်လင် ရဲ့ အသက်ကို ဘေးထားလိုက်ပါ ။ သူ့ရဲ့ ဆေးပညာခရီးလမ်းက ဘယ်လောက်လဲ ။ တက္ကသိုလ် နောက်ဆုံးနှစ်သာ ရှိသေးပြီး ဘွဲ့တောင်မရသေးပေ ။

ပိုင်လင်ရဲ့ အဖြေကိုစောင့်နေတဲ့ ရှီးကျန်းက ပိုင်လင်ရဲ့ ပြုံးနေဟန်ရတဲ့အမှုအရာတစ်ခုကိုသာ လက်ခံလိုက်ရသည် ။

" သူက ဘယ်သူလဲ "

ရှောင်ယုယွီအား စိတ်ဝင်တစားကြည့်နေပုံရသည့် ရှီးယွမ်ကြောင့် ရှီးကျန်း ပိုင်လင်ကို ဂရုမစိုက်နိုင်တော့ဘူး ။ သူက ရှောင်ယုယွီကို မှောင်မည်းနေသည့်အမှုအရာနှင့် ကြည့်လိုက်သည် ။

ဘာတွေ စိတ်ဝင်စားစရာကောင်းနေလို့လဲ ..?

ဒီတိုင်း အမြင့်ကိုတက်ချင်နေတဲ့ မိန်းမတစ်ယောက်ဘဲကို

ရှီးကျန်း အလွန်အမင်း စိတ်မသက်မသာဖြစ်နေပေမဲ့ ရှီးယွမ်ရဲ့ သိချင်စိတ်ကို တားဆီးဖို့ မလုပ်နိုင်ပါချေ ။ သူက အတတ်နိုင်ဆုံး ညင်သာတဲ့ လေသံဖြင့်

" သူမက မဆိုးတဲ့ သရုပ်ဆောင်တစ်ယောက်လေ "

" ဟုတ်လား ?.. ဒါကြောင့်ကိုး ..." ရှီးယွမ်သည် စိတ်လှုပ်ရှားနေသည့်အမှုအရာဖြင့် ရှောင်ယုယွီအား ကြည့်လိုက်သည် ။

" မမ အရမ်းလှတယ် "

ဤတချိန်တွင် မျက်မှောင်ကြုတ်သွားတဲ့လူက ရှီးကျန်းသာ မဟုတ်သည်မှာ သေချာပါသည် ။

" စကားသိပ်မပြောရဘူး  "

" စကားအများကြီးပြောတာ မင်းကို ပင်ပန်းစေလိမ့်မယ် "

တပြိုင်နက်ထွက်လာသည့် အသံနှစ်ခုကြောင့် ရှီးကျန်းနှင့် ပိုင်လင်သည် အပြန်အလှန် ကြည့်မိလိုက်သည် ။ ပိုင်လင်သည် သိမ်‌မွေ ့တည်ကြည့်သည့် အမှုအရာဖြင့်

"ဥက္ကဌရှီး .. ကျွန်တော်တို့ သီးသန့်ဆွေးနွေးဖို့ လိုလိမ့်မယ် "

ရှောင်ယုယွီအား မောင်းထုတ်နိုင်ဖို့အရေး ရှီးကျန်း လက်လွတ်ခံဖို့ မဖြစ်နိုင်ချေ ။ သူကလည်း လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး

" ရတယ် "

ဘီးတပ်ကုလားထိုင်၏ လက်တွန်းနေရာမှာ ရောက်ကတည်းက ပိုင်လင်လက်ထဲတွင်ရှိနေပြီး ပြန်ပေးရန်စိတ်ကူးမရှိသည့်အတိုင်း ရှေ့ကထွက်သွားသည့်အတွက် ရှီးကျန်းသည် နောက်မှ လိုက်လာရုံသာ တတ်နိုင်လေသည် ။

ပိုင်လင်သည် ရှီးယွမ်၏ နားရွက်လေးအား အနောက်မှ အသာထိလိုက်ပြီး တိုးတိုးလေး ညည်းလိုက်သည် ။

" ဆိုးလိုက်တာ "

ရှီးယွမ် မျက်နှာထက်တွင် ကျေနပ်သည့်အပြုံးတစ်ခုဖြစ်ပေါ်လာခြင်းကို မထိန်းထားနိုင်ပေ ။ သူက ခပ်တိုးတိုးပြန်ပြော၏။

" ဘယ်သူ့အမှားလဲ "

_________________________

Continuă lectura

O să-ți placă și

4.7M 525K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
365K 9K 82
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
1.7M 69.8K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...