ကူးပြောင်းလာပြီးနောက် ဘော့စ်က...

Por empty432

73K 11.3K 253

Title: After Transmigrating, the Bosses Begged Me To Plant Land Author: Come seven months Translator: Empty မ... Más

မိတ်ဆက်
အခန်း (၁)
အခန်း (၂)
အခန်း (၃)
အခန်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အခန်း (၈)
အပိုင်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၁)
အခန်း(၁၂)
အခန်း(၁၃)
အခန်း (၁၄)
အခန်း(၁၅)
အခန်း (၁၆)
အခန်း (၁၇)
အခန်း (၁၈)
အခန်း (၁၉)
အခန်း (၂၀)
Paid Gp
အခန်း (၂၁)
အခန်း (၂၂)
အခန်း (၂၃)
အခန်း (၂၄) (က)
အခန်း (၂၄)(ဂ)
အခန်း (၂၄)(ဃ)
အခန်း (၂၅)
အခန်း (၂၆)
အခန်း (၂၇) (က)
အခန်း (၂၇) (ခ)
အခန်း (၂၈)
အခန်း(၂၉)
အခန်း (၃၀)
အခန်း (၃၁)
အခန်း (၃၂)
အခန်း (၃၃)
အခန်း (၃၄)
Promotion 🎉🎉🎉
အခန်း (၃၅)
အခန်း (၃၆)
အခန်း (၃၇)
အခန်း (၃၈)
အခန်း(၃၉)
အခန်း ၄၀ (က)
အခန်း (၄၀) (ခ)
အခန်း (၄၁)
အခန်း (၄၂)
အခန်း (၄၃)
အခန်း ၄၄ (က)
အခန်း (၄၄)(ခ)

အခန်း (၂၄) (ခ)

1.1K 214 5
Por empty432

Title: After Transmigrating, the Bosses Begged Me To Plant Land
Author: Come seven months
Translator: Empty

အပိုင်း (၂၄) (ခ)

ညအချိန် ဖြစ်သောကြောင့် ရေတပ်များလည်း မရှိပေ။ ပရိသတ်တချို့သာ အနီးအနားတွင် ဖုန်ထနေကြသည်။ ရှန်းရွှမ်က မနက်ခင်းတွင် အိပ်ရာထလာသောအခါ ရှန်းမိသားစု၏ အတင်းအဖျင်းများအားလုံးက ဖော်ထုတ်ခံနေရသည်ကို တွေ့ရှိသွားသည်။

(TN: ရေတပ် = အခကြေးငွေယူ၍ မှတ်ချက်ပေးသူများ။ တစ်ဦးချင်း သို့မဟုတ် ကုမ္ပဏီများက Weibo တွင် ခေါင်းစဉ်တစ်ခုကို ထိပ်ဆုံးသို့ တင်ချင်း သို့မဟုတ် အောက်ဆုံးသို့ ချခြင်းများ ပြုလုပ်ရာတွင် သုံးလေ့ရှိသည်။ တစ်စုံတစ်ယောက်၏ ဂုဏ်သတင်း သန့်ရှင်းစေရန် သို့မဟုတ် မကောင်းသတင်းထွက်စေရန်လည်း မကြာခဏ အသုံးပြုလေ့ရှိကြသည်။ )

ရှန်းရွှမ်က သူမ၏အေးဂျင့်ကို အလျင်စလို ဆက်သွယ်လိုက်ပြီး သူမ၏ ပုံရိပ်ကို ပိုကောင်းအောင် တည်‌ဆောက်ရန် ရေတပ်တစ်တပ်ကို ငှားလိုက်သည်။ တစ်ခြားတစ်ဖက်တွင် သူတို့က ရှန်းထင်ရွှမ်း၏ မကောင်းသတင်းများကို စတင် ဖော်ထုတ်လာကြသည်။

ထို့ကြောင့် မကြာမီ ထိုပို့စ်၏ ဦးတည်ရာက ...

[မှတ်ချက် ၃၄၉။ စိတ်တိုနေတဲ့ ပရိသတ်တွေကို ဘေးမှာ ထားလိုက်။ ရှန်းရွှမ် အမှားလည်း မဟုတ်ဘူး။ သူက ရှန်းအိမ်ကို မြှင့်တင်ပေးခဲ့တဲ့ ကံကောင်းတဲ့သူလေး။ ]

[မှတ်ချက် ၃၅၀။ တကယ်တော့ ရှန်းရွှမ်က ဘာအမှားမှ မလုပ်ခဲ့ဘူး။ ရှန်းထင်ရွှမ်းက ရှန်းမိသားစုကို တစ်ခုခု စိတ်ပျက်အောင် လုပ်ခဲ့တာ ဖြစ်ရမယ်။ အဲလိုမဟုတ်ရင် သူတို့ရဲ့ သမီးရင်းကို ဘယ်လိုလုပ် အပြင်မှာ ထားနိုင်မှာလဲ။ ]

    ……

[မှတ်ချက် ၄၉၁။ မင်းသာ ကျေးလက်ဒေသကလာတာဆိုရင် ရှန်းအိမ်တော်မှာ နေသင့်တာပေါ့။ ဘာလို့ ရှန်းအိမ်တော်က ထွက်ပြီး ရှင်းယွမ်ရှန်မှာ သွားနေမှာလဲ။ ]

တစ်ခါတစ်ရံ ရှန်းထင်ရွှမ်းအတွက် ပြောပေးမည့်သူ တစ်ယောက်ယောက်ရှိသော်လည်း ရှန်းရွှမ်၏ ရေတပ်က ဖိနှိပ်ခြင်းကို ခံလိုက်ရသည်။

[မှတ်ချက် ၄၉၂။ သူက သူကိုယ်တိုင် နေချင်လို့ ဖြစ်မှာပေါ့။ သူက ကျေးလက်ဒေသမှာ ကြီးပြင်းခဲ့တာလေ။ ပြီးတော့ သူ့ကိုယ်သူ အရမ်းအထင်ကြီးနေတာနေမှာပေါ့။ ]

[မှတ်ချက် ၄၉၃။ အပေါ်ကတစ်ယောက်က ကျေးလက်ဒေသက လူတွေကို အထင်သေးနေတာပဲ။ ပုံတွေကို ကြည့်လိုက်။ ရှန်းထင်ရွှမ်းရဲ့ နောက်ကျောကတောင် အသက်ရှုမှားလောက်တယ်။ ]

[မှတ်ချက် ၄၉၄။ ငါလည်း တွေးမိတယ်။ အလွန်အကျူး မလုပ်သရွေ့တော့ သူ့မိဘတွေက သူ့ကို ဒီလို ဆက်ဆံမှာ မဟုတ်ပါဘူး။ ]

    ......

ဤအရာများကို မြင်ပြီး ရှောင်ဖုန်းက ရှန်းမိသားစု၏ အရှက်မရှိမှုအတွက် ရှန်းမိသားစုကို စတင် ကြိမ်းမောင်းလိုက်သည်။

‌ရှောင်ဖုန်းအမေက “ဘာဖြစ်လို့လဲ။ မနက်စာစားပြီး ဘာလို့ အရမ်းဒေါသထွက်နေရတာလဲ “

ထို့နောက် ရှောင်ဖုန်းက ရှန်းထင်ရွှမ်းအကြောင်းကို ပြောပြလိုက်သည်။

ရှန်းမျိုးရိုးနှင့် လူများစွာရှိပေသည်။ သို့သော် ရှန်းထင်ရွှမ်းက မြို့တော် B ရှိ ရှန်းမိသားစုမှ လာသည်ဟု  ရှောင်ဖုန်း၏အမေက ထင်မထားခဲ့ပေ။

“ချမ်းသာတဲ့လူတွေမှာ တကယ်ပဲ ရှုပ်ထွေးတဲ့အရာတွေ အများကြီး ရှိကြတယ်၊ အခုပဲကြည့် မိန်းကလေး ရှန်းထင်ရွှမ်းက အရမ်းလှတယ်၊ ပြီးတော့ ရှန်းမိသားစုက တစ်ယောက်ကတော့ အရမ်းဆိုးတယ် “

ကြည့်လိုက်ရင် ရှန်းထင်ရွှမ်းနှင့် ဆက်သွယ်ဖူးသည့် လူများက ရှန်းထင်ရွှမ်းက ကောင်းသည်ဟု ပြောကြလိမ့်မည်။ ရှန်းမိသားစု ဘာတွေလုပ်နေမှန်း ရှောင်ဖုန်း တကယ်ပဲ နားမလည်တော့ချေ။

    ...

ရှန်းထျန်းသဲက ထိုအရာများအားလုံးကို မသိခဲ့ပေ။ သူက ရှန်းထင်ရွှမ်းနှင့် သားအဖဆက်ဆံရေးကို ဖြတ်တောက်ရန် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးနေခဲ့ခြင်းကြောင့်ဖြစ်သည်။

“လက်မှတ်ထိုးပြီးရင် အနာဂတ်မှာ မင်းက ငါတို့ ရှန်းမိသားစုရဲ့ သမီးမဟုတ်တော့ဘူးနော် “

ရှန်းထင်ရွှမ်းက သဘောတူစာချုပ်ကို စိတ်အားထက်သန်စွာ ချက်ချင်း လက်မှတ်ရေးထိုးလိုက်သည်။ သူတို့နှစ်ဦးစလုံးက သဘောတူစာချုပ်မိတ္တူတစ်စောင်စီကို သိမ်းထားလိုက်ကြသည်။ ရှန်းထျန်းသဲက သဘောတူစာချုပ်ကို ယူပြီးနောက် နောက်ကို မကြည့်ဘဲ ထွက်သွားတော့သည်။

ယခုအချိန်မှ စပြီး သူတို့ တစ်ယောက်နှင့်တစ်ယောက် မပတ်သက်တော့ပေ။

ရှန်းထျန်းသဲက ကားထဲတွင် ထိုင်နေပြီး သူ့ခံစားချက်က ဘယ်လိုဖြစ်နေလဲ မပြောနိုင်ပေ။ ရှန်းထင်ရွှမ်းက ကလေးဘဝတည်းက သူ့ဘေးတွင် ကြီးပြင်းလာခြင်း မဟုတ်ပေ။ သူက ခံစားချက်များအကြောင်း ပြောရလျှင် သူက အမှန်တကယ် ဘာမှမရှိပေ။ သူက လွန်ခဲ့သည့်နှစ်များက သူမကို ပြန်ခေါ်ခဲ့သော်လည်း သူက မကြာခဏ စိတ်မချမ်းမသာ ဖြစ်ခဲ့ရသည်။

သူက သူတို့၏ဆက်ဆံရေးကို ဖြတ်တောက်ပြီးနောက် ယခု ပျော်ရွှင်သင့်ပေသည်။ သို့သော် သူက ဘာကြောင့်မှန်းမသိ ပျော်ရွှင်မှုကို မခံစားရပေ။

ဖုန်းသံက မြည်လာခဲ့သည်။ သူ့အတွင်းရေးမှူးက ခေါ်ဆိုနေခြင်း ဖြစ်ပြီး ရှန်းထျန်းသဲက ဖုန်းဖြေလိုက်သည်။

အတွင်းရေးမှူးက ပြောလိုက်သည်။ “မစ္စတာရှန်း မကောင်းတော့ဘူး၊ ကုမ္ပဏီရှယ်ယာတွေက ဒီနေ့ ထိုးကျနေတယ် “

ရှန်းထျန်းသဲ “ဘာလို့လဲ “

ဤအတောအတွင်း ရှန်းမိသားစုက အပျက်သဘောဆောင်သည့် မည်သည့်အရာကိုမှ မပြုလုပ်ခဲ့ပေ။  ဘဏ္ဍာ‌ရေးတွင်လည်း ပြဿနာမရှိပေ။ စတော့ရှယ်ယာများက အဘယ်ကြောင့် ထိုးကျနေရသနည်း။

အတွင်းရေးမှူးက အကြောင်းရင်းကို အတိုချုပ် ရှင်းပြလိုက်သည်။ ရှန်းထျန်းသဲက အကျိုးမပေးသည့် ရှန်းထင်ရွှမ်းကို လျှို့ဝှက်စွာ ကြိမ်းမောင်းလိုက်သည်။

“အခု ပြည်ပဆက်ဆံရေးဌာနကို ဖြေရှင်းခိုင်းလိုက် “ ဖုန်းချပြီးနောက် ဆက်ဆံရေးက လုံးဝပျက်စီးသွားပြီဟု ရှန်းထျန်းသဲက ခံစားလိုက်ရသည်။

ရှန်းထျန်းသဲက အင်တာနက်ပေါ်တွင် ပြည်သူ့အမြင်ကို ကြည့်လိုက်သည်။ သူတို့ အများစုက ရှန်းမိသားစုကို ကြိမ်းမောင်းနေကြပြီး ကံကောင်းစွာပင် ရွှမ်ရွှမ်ကို ဘယ်သူမှ မကြိမ်းမောင်းကြပေ။

ထိုအကြောင်းကို တွေးပြီးနောက် ရှန်းထျန်းသဲက ရှန်းရွှမ်ကို ဖုန်းခေါ်လိုက်သည်။

ရှန်းရွှမ်၏ အသံက အနည်းငယ် ဆို့နင့်နေပေသည်။ “အဖေ လိုင်းပေါ်မှာ ဘာတွေဖြစ်နေတာလဲ သမီးမသိဘူး “

ရှန်းထျန်းသဲက သူမကို နှစ်သိမ့်ပေးရန် ကြိုးစားလိုက်သည်။ ရှန်းရွှမ်းက ဆက်ပြောသည်ကို ကြားလိုက်သောအခါ “ရှန်းမိသားစုပုံရိပ်ကို ထိန်းသိမ်းဖို့ ရေတပ်တစ်တပ်ကို ငှားရမ်းဖို့ သမီး အေးဂျင့်ကို မေးထားတယ် “

ရှန်းထျန်းသဲက ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်သည်။ ရှန်းရွှမ်၏ ချဉ်းကပ်မှုက သေချာပေါက် ပါးနပ်ပေသည်။ သူမက ရှန်းမိသားစုနှင့် ထိုက်တန်ပေသည်။ ရှန်းမိသားစုနှင့် ပတ်သက်ပြီး တစ်ခုခုမှားသွားပါက သူမအတွက်လည်း ကောင်းသည့်အရာ ဖြစ်လာလိမ့်မည် မဟုတ်ပေ။

“ရွှမ်ရွှမ် သမီးက ငယ်ငယ်ကတည်းက အရမ်း ထောက်ထားညှာတာတတ်တာပဲ “

ရှန်းရွှမ် “သမီးကလည်း ရှန်းမိသားစုကပဲလေ၊ စကားမစပ် အဖေ လဲ့ထျန်းက  အရေးယူဆောင်ရွက်နေပါပြီ၊ မစိုးရိမ်ပါနဲ့ “

ဖူမိသားစုက အရေးယူဆောင်ရွက်နေမှတော့ ရှန်းထျန်းသဲက မည်သို့ စိုးရိမ်နိုင်‌တော့မည်နည်း။

“ရွှမ်ရွှမ်က ကြီးပြင်းလာတော့ ပြဿနာတွေကို ဖြေရှင်းပြီး ရှန်းမိသားစုကို ကူညီနိုင်လာပြီပေါ့၊ ရှန်းမိသားစုက အနာဂတ်ကျရင် သမီးပေါ်မှာပဲ မှီခိုနေရတော့မှာ “

ရှန်းရွှမ်က ထိုစကားများကို ကြားသောအခါ သူမ မည်မျှ ပျော်ရွှင်နေကြောင်း မဖော်ပြနိုင်တော့ပေ။ သို့သော် သူမ၏ အသံက အလွန် ယဉ်‌ကျေးနေဆဲ ဖြစ်ပြီး “ဟုတ်တယ်၊ ညီမလေး ဘယ်လိုနေလဲ “

သူမက ထိုအကြောင်း ပြောလိုက်သည်နှင့် ရှန်းထျန်းသဲ၏ အသံက အေးစက်သွားသည်။ ခဏလောက် တိတ်ဆိတ်သွားပြီးနောက် “သူက ရှန်းမိသာစုနဲ့ ဘာမှမပတ်သက်တော့ဘူး “

ရှန်းရွှမ်က ရယ်မောလုနီးပါးဖြစ်သွားပြီး “ ဒါဆို အဖေ အလုပ်သွားတော့လေ၊ ကျန်းမာရေးလည်း ဂရုစိုက်နော်၊ မကြာခင်မှာ အကုန်လုံး ဖြေရှင်းပြီးသွားလိမ့်မယ် “

ရှန်းထျန်းသဲက ဖုန်းချလိုက်ပြီး ရှန်းရွှမ်၏ ချစ်စရာကောင်းမှုကို သက်ပြင်းချလိုက်သည်။ ယခု ရှန်းထင်ရွှမ်းအကြောင်း တွေးပြီး ရှန်းထျန်းသဲက နှလုံးဖောက်လုမတတ် စိတ်တိုသွားပေသည်။

ရှန်းရွှမ်၏မျက်လုံးထဲတွင် ဂုဏ်ယူသည့်အရိပ်အယောင်က ဖျတ်ခနဲပေါ်သွားခဲ့သည်။ လွန်ခဲ့သည့်နှစ်များစွာက ရှန်းထျန်းသဲသည် ရှန်းမိသားစုကို သူမဆီသို့ နောင်ကျ လက်လွှဲပေးမည်ဟု တစ်ခါမှ မပြောခဲ့ပေ။ ယနေ့က ပထမဆုံးအကြိမ် ဖြစ်သည်။

ရှန်းရွှမ်က အလျင်လိုမနေပေ။ အနာဂတ်တွင် ရှန်းအုပ်စုက သူမအပိုင်ဖြစ်မည်ဟု ယုံကြည်ပေသည်။

ရှန်းမိသားစုရှိ ပြင်ပဆက်ဆံရေးဌာနနှင့် ဖူမိသားစု၏ ပြင်ပဆက်ဆံရေးဌာတို့ ပူးပေါင်းပြီး အချိန်တစ်ခုကြာ ရှန်းမိသားစုအကြောင်း ရှာဖွေမှု အမြင့်ဆုံးဖြစ်နေသည်ကို အားလုံးနီးပါး ရုတ်သိမ်းခဲ့ပြီး အင်တာနက်ပေါ်ရှိ ရှန်းရွှမ်၏သတင်းများကိုလည်း ကောင်းကောင်း အဖတ်ဆယ်နိုင်ခဲ့သည်။

ဖူလဲ့ထျန်းက ထိုမျှနှင့် မရပ်သေးပေ။ သူက ဖေးဝမ်ရှုကိုလည်း ဖုန်းခေါ်လိုက်သည်။

ဖူလဲ့ထျန်းက ရှန်းထင်ရွှမ်း၏အသီးများကို စူပါမော၏စင်များပေါ်မှ ထုတ်ပယ်စေချင်ခဲ့သည်။ ရှန်းရွှမ်က အနာဂတ်တွင် ဖူမိသားစု၏ သခင်မ ဖြစ်လာမည်ကို မသိမသာရော သိသိသာသာပါ သူက ပြောခဲ့သည်။ ဖေးဝမ်ရှုက ရှန်းထင်ရွှမ်းလို မထင်ရှားသည့် လူတစ်ယောက်အတွက် ဖူမိသားစုကို အမှားမပြုလုပ်သင့်ပေ။

မကြာသေးသည့်နှစ်များတွင် ဖေးမိသားစုက ဖူမိသားစုထက် အနည်းငယ် နိမ့်ကျနေခဲ့သော်လည်း သူတို့က ဖူလဲ့ထျန်း၏ သိသိသာသာ ခြိမ်းခြောက်မှုမျိုးကို မကြောက်ပေ။

“သခင်လေးဖူက ကျွန်တော်တို့ကို သတိပေးနေတာပဲ၊ ကျွန်တော်တို့ နားလည်ပါပြီ “

သို့သော်ဖေးဝမ်ရှုက ရှန်းထင်ရွှမ်း၏အသီးများကို စင်ပေါ်မှ ဖြုတ်ချရန် တစ်ခွန်းမှ မပြောခဲ့ပေ။

ဖူလဲ့ထျန်းက အနည်းငယ် ဒေါသထွက်သွားပြီး “ဦးလေးဖေး ဘာလို့ ဒီလိုဖြစ်နေတာလဲ “

ဖေးဝမ်ရှုက ခပ်ပြတ်ပြတ် ပြောလိုက်သည်။ “မင်းက ငါ့ကို ဦးလေးလို့ခေါ်တယ်၊ ပြီးတော် အကြီးတစ်ယောက်အနေနဲ့ ငါလည်း မင်းကို သတိပေးရဦးမယ်၊ ရှန်းမိသားစုရဲ့ရှန်းရွှမ်နဲ့ မင်းနဲ့က မလိုက်ဖက်ဘူး “

နောက်ဆုံးတွင် ဖူလဲ့ထျန်းက လုံးဝ ဒေါသထွက်သွားပြီ ဖြစ်သည်။ “ဖေးဝမ်ရှု ကိုယ့်ကိစ္စကိုယ်ပဲ အာရုံစိုက်ပါ “

ဖေးဝမ်ရှုက ဖုန်းချလိုက်သည်။ ဖူလဲ့ထျန်းက စီးပွားလောကတွင် ကောင်းမွန်သည့် အရည်အချင်းများရှိသည့် ကလေးတစ်ယောက် ဖြစ်သည်။ သို့သော် သူက ဖေးမိသားစုကို ခြိမ်းခြောက်ရန် အရည်အချင်း မပြည့်မီပေ။

ဖူလဲ့ထျန်းက သူ့ဖုန်းကို ရိုက်ခွဲလိုက်သည်။ “ဘာဖေးမိသားစုလဲ၊ အရမ်းအရှက်မရှိတာပဲ၊ ဒါဆို ငါကလဲ ဖေးမိသားစုကို ရှင်းဖို့ စိတ်မခုတော့ဘူး“ ဖူမိသားစုက ထိပ်တန်းမိသားစုသို့ အချိန်တစ်ခုကြာ ဝင်ရောက်ချင်ခဲ့သည်။ တခြား ထိပ်တန်းမိသားစုများကို ပေါင်းစည်းခြင်းဖြင့် ၎င်းကို ပြုလုပ်ရန် နည်းလမ်းကောင်းတစ်ခုလည်း ဖြစ်သည်။

ဖေးဝမ်ရှုက ထိုအကြောင်း အဘိုးဖေးကို ပြောလိုက်ပြီးနောက် သက်ပြင်းချလိုက်သည်။

“ဖူမိသားစုက ဘာလို့ ဖူလဲ့ထျန်းလို ခွေးကောင်ကို မြေတောင်မြှောက်ပေးထားတာလဲ “

ရှန်းထင်ရွှမ်းက အဘိုးဖေးကို ကယ်ခဲ့သည့်အတွက် သူတို့က ရှန်းမိသားစုကို ကျေးဇူးတင်ရန် မသွားခဲ့လျှင် သူတို့က ရှန်းရွှမ်၏ မျက်နှာအစစ်ကို သိခဲ့လိမ့်မည် မဟုတ်ပေ။

ဖူလဲ့ထျန်းအတွက် အပေါ်ယံမျက်နှာကို ဖြတ်ပြီး မမြင်နိုင်သည်က တကယ်တော့ ပုံမှန်ပင် ဖြစ်သည်။

    ...

ဖူလဲ့ထျန်းက တစ်မနက်လုံး အလုပ်ရှုပ်နေခဲ့သည်။ ဖေးမိသားစု၏ စီးပွားရေးကို ယိုင်နဲ့စေရန် သူ့လက်အောက်ငယ်သားအား မေးမြန်းခဲ့ပြီးနောက် သူက လူသိများသည့် ဒါရိုက်တာ ကျန်းချင်နှင့် တွေ့ဆုံခဲ့သည်။ “ဒါရိုက်တာကျန်း ဒီရက်ပိုင်း ဘယ်လိုနေလဲ “

ကျန်းချင်နှင့် ဖူလဲ့ထျန်းက တစ်ယောက်နှင့် တစ်ယောက် အဆက်အသွယ် သိပ်မရှိပေ။ သို့သော် သူတို့ကလည်း စီးပွားရေးလောကတွင် ဩဇာအနည်းငယ်ညောင်းသည့် ဖူလဲ့ထျန်းကို သိပေသည်။

“အဆင်ပြေပါတယ်၊ သခင်လေးဖူက ကျွန်တော့်ကို ဘာလို့ ခေါ်တာလဲ “

ဖူလဲ့ထျန်းက အလွန်ညင်သာစွာ ပြောလိုက်သည်။

“ဒါရိုက်တာကျန်းက အရမ်းယဉ်ကျေးလွန်းနေပါပြီ၊ မကြာသေးခင်က ဇာတ်ညွှန်းကောင်းများ မရှိဘူးလား “

ကျန်းချန်က ရယ်မောလိုက်ပြီး “ဘာလို့လဲ သခင်လေးဖူက သရုပ်ဆောင်အဖြစ် ပွဲဦးထွက်ချင်လို့လား“ ဖူလဲ့ထျန်းက သူ့အသိကို အဖွဲ့ထဲသို့ ထည့်ရန် စီစဉ်ပေးချင်သည်ကို ကျန်းချန်းက သိပြီးသားဖြစ်သည်။

ကျန်းချန်က ဒါရိုက်တာဖြစ်လာခဲ့သည်မှာ ကြာပြီဖြစ်သည်။ ထို့ကြောင့် သူက သဘာဝကျစွာပင် အခုမှ ပွဲထွက်လာသည့် လူငယ်ဒါရိုက်တာများနှင့် ကွဲပြားပေသည်။ သူ့အဖွဲ့သားများက ဘယ်တော့မှ ငွေမလုံလောက်တာမျိုး မရှိခဲ့ပေ။

ဖူလဲ့ထျန်းက “ကျွန်တော့်အရည်အချင်းနဲ့ ဘယ်လိုလုပ် ဝင်နိုင်မှာလဲ၊ ဒါပေမဲ့ ကျွန်တော့်မှာ အရမ်းသင့်တော်တဲ့သူတစ်ယောက်ရှိတယ်၊ သူမက အနာဂတ်မှာ သေချာပေါက် ထင်ရှားလာမဲ့သူဆိုတာ ကျွန်တော် သိတယ် “

အနုပညာနယ်ပယ်တွင် အရည်အချင်းရှိသည့်သူက ရှားပါးမှု မရှိပေ။ ဖူလဲ့ထျန်းပြောသည့် အနာဂတ်တွင် ကျော်ကြားလာမည့်သူက အခုလည်း ကျော်ကြားပြီးသားဟု အဓိပ္ပာယ်ရပေသည်။

“အိုး သခင်လေးဖူပြောတဲ့သူက ဘယ်သူများလဲ “

ဖူလဲ့ထျန်း “ကျွန်တော့်ရဲ့အနာဂတ် သတို့သမီးလောင်း ရှန်းရွှမ်ပါ “

ရှန်းရွှမ်နှင့် ကျန်းချန်က တစ်ဦးနှင့်တစ်ဦး သိကြပေသည်။ သူမက အနုပညာနယ်ပယ်တွင် အဆင့်လေးမင်းသမီးတစ်ယောက် ဖြစ်သည်။ သူမက ကြည့်ကောင်းပြီး သရုပ်ဆောင်စွမ်းရည် မရှိသည်တော့ မဟုတ်ပေ။ ဒါပေါ့၊ တကယ့် အရည်အချင်းရှိသည့် မင်းသမီးနှင့်တော့ နှိုင်းယှဉ်၍ မရနိုင်ပေ။ သို့သော် ဖူလဲ့ထျန်းက ရှန်းရွှမ်က သူ့သတို့သမီးလောင်းဟု ပြောခဲ့ပြီး ဖူမိသားစု၏ အနာဂတ်သခင်မလေး ဖြစ်သည်။ ထိုကဲ့သို့ ဆက်ဆံရေးမျိုးဖြစ်လျှင် ကျန်းချန်က ပြန်စဉ်းစားရန် လိုပေသည်။

သူက ငွေမပြတ်ပေ။ သို့သော် အနုပညာနယ်ပယ်ရှိ လူများက ထိုကဲ့သို့ အရာများကို လူးသာလွန့်သာအခြေအနေ ပေးရမည်ဖြစ်သည်။

ကျန်းချန်က ချက်ချင်း ပြန်မပြောခဲ့ပေ။ ဖူလဲ့ထျန်းကလည်း ကြားဖြတ်မပြောခဲ့ပေ။

ခဏကြာပြီးနောက် ကျန်းချန်က ပြောလိုက်သည်။ “ကောင်းပြီ ငါ့မှာ သိပ်မကြာခင် ရိုက်ကူးမဲ့ သင့်တော်တဲ့ ရှိုးတစ်ခု ရှိတယ်၊ နှစ်ရက်အတွင်း ဇာတ်ညွှန်းကို ပို့လိုက်မယ် “

“ဟုတ်ကဲ့ပါ၊ ကျေးဇူးတင်ပါတယ် ဒါရိုက်တာကျန်း “

တစ်ခါတစ်ရံ ၎င်းက သရုပ်‌ဆောင်များပေါ်တွင် မူတည်သော်လည်း ဤနယ်ပယ်တွင် နှစ်ပေါင်းများစွာ ရှိနေခဲ့ပြီးနောက် ကျန်းချန်၏ ဘယ်ဇာတ်ညွှန်းကမှ ဆိုးရွားလိမ့်မည်မဟုတ်ပေ။

ဖုန်းချလိုက်ပြီးနောက် ဖူလဲ့ထျန်းက ညစာစားရန် ရှန်းရွှမ်ကို ဖိတ်လိုက်ပြီး ထိုသတင်းအား ပြောပြလိုက်သည်။

ရှန်းရွှမ်က အလွန်ခံစားသွားရပြီး “လဲ့ထျန်း ရှင်က ကျွန်မကို အရမ်းကြင်နာတာပဲ၊ ရှင့်ကို ဘယ်လိုပြန်ပေးဆပ်ရမလဲ‌တောင် မသိတော့ဘူး “

ဖူလဲ့ထျန်းက ရှန်းရွှမ်လက်ကို ကိုင်လိုက်ပြီး ပြောလိုက်သည်။ “ကိုယ့်ကို မင်းရဲ့နှလုံးသားပဲ ပေးပါ “
...

Title: After Transmigrating, the Bosses Begged Me To Plant Land
Author: Come seven months
Translator: Empty

အပိုင္း (၂၄) (ခ)

ညအခ်ိန္ ျဖစ္ေသာေၾကာင့္ ေရတပ္မ်ားလည္း မရွိေပ။ ပရိသတ္တခ်ိဳ႕သာ အနီးအနားတြင္ ဖုန္ထေနၾကသည္။ ရွန္း႐ႊမ္က မနက္ခင္းတြင္ အိပ္ရာထလာေသာအခါ ရွန္းမိသားစု၏ အတင္းအဖ်င္းမ်ားအားလုံးက ေဖာ္ထုတ္ခံေနရသည္ကို ေတြ႕ရွိသြားသည္။

(TN: ေရတပ္ = အခေၾကးေငြယူ၍ မွတ္ခ်က္ေပးသူမ်ား။ တစ္ဦးခ်င္း သို႔မဟုတ္ ကုမၸဏီမ်ားက Weibo တြင္ ေခါင္းစဥ္တစ္ခုကို ထိပ္ဆုံးသို႔ တင္ခ်င္း သို႔မဟုတ္ ေအာက္ဆုံးသို႔ ခ်ျခင္းမ်ား ျပဳလုပ္ရာတြင္ သုံးေလ့ရွိသည္။ တစ္စုံတစ္ေယာက္၏ ဂုဏ္သတင္း သန႔္ရွင္းေစရန္ သို႔မဟုတ္ မေကာင္းသတင္းထြက္ေစရန္လည္း မၾကာခဏ အသုံးျပဳေလ့ရွိၾကသည္။ )

ရွန္း႐ႊမ္က သူမ၏ေအးဂ်င့္ကို အလ်င္စလို ဆက္သြယ္လိုက္ၿပီး သူမ၏ ပုံရိပ္ကို ပိုေကာင္းေအာင္ တည္ေဆာက္ရန္ ေရတပ္တစ္တပ္ကို ငွားလိုက္သည္။ တစ္ျခားတစ္ဖက္တြင္ သူတို႔က ရွန္းထင္႐ႊမ္း၏ မေကာင္းသတင္းမ်ားကို စတင္ ေဖာ္ထုတ္လာၾကသည္။

ထို႔ေၾကာင့္ မၾကာမီ ထိုပို႔စ္၏ ဦးတည္ရာက ...

[မွတ္ခ်က္ ၃၄၉။ စိတ္တိုေနတဲ့ ပရိသတ္ေတြကို ေဘးမွာ ထားလိုက္။ ရွန္း႐ႊမ္ အမွားလည္း မဟုတ္ဘူး။ သူက ရွန္းအိမ္ကို ျမႇင့္တင္ေပးခဲ့တဲ့ ကံေကာင္းတဲ့သူေလး။ ]

[မွတ္ခ်က္ ၃၅၀။ တကယ္ေတာ့ ရွန္း႐ႊမ္က ဘာအမွားမွ မလုပ္ခဲ့ဘူး။ ရွန္းထင္႐ႊမ္းက ရွန္းမိသားစုကို တစ္ခုခု စိတ္ပ်က္ေအာင္ လုပ္ခဲ့တာ ျဖစ္ရမယ္။ အဲလိုမဟုတ္ရင္ သူတို႔ရဲ႕ သမီးရင္းကို ဘယ္လိုလုပ္ အျပင္မွာ ထားနိုင္မွာလဲ။ ]

   

[မွတ္ခ်က္ ၄၉၁။ မင္းသာ ေက်းလက္ေဒသကလာတာဆိုရင္ ရွန္းအိမ္ေတာ္မွာ ေနသင့္တာေပါ့။ ဘာလို႔ ရွန္းအိမ္ေတာ္က ထြက္ၿပီး ရွင္းယြမ္ရွန္မွာ သြားေနမွာလဲ။ ]

တစ္ခါတစ္ရံ ရွန္းထင္႐ႊမ္းအတြက္ ေျပာေပးမည့္သူ တစ္ေယာက္ေယာက္ရွိေသာ္လည္း ရွန္း႐ႊမ္၏ ေရတပ္က ဖိႏွိပ္ျခင္းကို ခံလိုက္ရသည္။

[မွတ္ခ်က္ ၄၉၂။ သူက သူကိုယ္တိုင္ ေနခ်င္လို႔ ျဖစ္မွာေပါ့။ သူက ေက်းလက္ေဒသမွာ ႀကီးျပင္းခဲ့တာေလ။ ၿပီးေတာ့ သူ႕ကိုယ္သူ အရမ္းအထင္ႀကီးေနတာေနမွာေပါ့။ ]

[မွတ္ခ်က္ ၄၉၃။ အေပၚကတစ္ေယာက္က ေက်းလက္ေဒသက လူေတြကို အထင္ေသးေနတာပဲ။ ပုံေတြကို ၾကည့္လိုက္။ ရွန္းထင္႐ႊမ္းရဲ႕ ေနာက္ေက်ာကေတာင္ အသက္ရႈမွားေလာက္တယ္။ ]

[မွတ္ခ်က္ ၄၉၄။ ငါလည္း ေတြးမိတယ္။ အလြန္အက်ဴး မလုပ္သေ႐ြ႕ေတာ့ သူ႕မိဘေတြက သူ႕ကို ဒီလို ဆက္ဆံမွာ မဟုတ္ပါဘူး။ ]

    ......

ဤအရာမ်ားကို ျမင္ၿပီး ေရွာင္ဖုန္းက ရွန္းမိသားစု၏ အရွက္မရွိမႈအတြက္ ရွန္းမိသားစုကို စတင္ ႀကိမ္းေမာင္းလိုက္သည္။

ေရွာင္ဖုန္းအေမက ဘာျဖစ္လို႔လဲ။ မနက္စာစားၿပီး ဘာလို႔ အရမ္းေဒါသထြက္ေနရတာလဲ

ထို႔ေနာက္ ေရွာင္ဖုန္းက ရွန္းထင္႐ႊမ္းအေၾကာင္းကို ေျပာျပလိုက္သည္။

ရွန္းမ်ိဳးရိုးႏွင့္ လူမ်ားစြာရွိေပသည္။ သို႔ေသာ္ ရွန္းထင္႐ႊမ္းက ၿမိဳ႕ေတာ္ B ရွိ ရွန္းမိသားစုမွ လာသည္ဟု  ေရွာင္ဖုန္း၏အေမက ထင္မထားခဲ့ေပ။

ခ်မ္းသာတဲ့လူေတြမွာ တကယ္ပဲ ရႈပ္ေထြးတဲ့အရာေတြ အမ်ားႀကီး ရွိၾကတယ္၊ အခုပဲၾကည့္ မိန္းကေလး ရွန္းထင္႐ႊမ္းက အရမ္းလွတယ္၊ ၿပီးေတာ့ ရွန္းမိသားစုက တစ္ေယာက္ကေတာ့ အရမ္းဆိုးတယ္

ၾကည့္လိုက္ရင္ ရွန္းထင္႐ႊမ္းႏွင့္ ဆက္သြယ္ဖူးသည့္ လူမ်ားက ရွန္းထင္႐ႊမ္းက ေကာင္းသည္ဟု ေျပာၾကလိမ့္မည္။ ရွန္းမိသားစု ဘာေတြလုပ္ေနမွန္း ေရွာင္ဖုန္း တကယ္ပဲ နားမလည္ေတာ့ေခ်။

    ...

ရွန္းထ်န္းသဲက ထိုအရာမ်ားအားလုံးကို မသိခဲ့ေပ။ သူက ရွန္းထင္႐ႊမ္းႏွင့္ သားအဖဆက္ဆံေရးကို ျဖတ္ေတာက္ရန္ သေဘာတူစာခ်ဳပ္ကို လက္မွတ္ေရးထိုးေနခဲ့ျခင္းေၾကာင့္ျဖစ္သည္။

လက္မွတ္ထိုးၿပီးရင္ အနာဂတ္မွာ မင္းက ငါတို႔ ရွန္းမိသားစုရဲ႕ သမီးမဟုတ္ေတာ့ဘူးေနာ္

ရွန္းထင္႐ႊမ္းက သေဘာတူစာခ်ဳပ္ကို စိတ္အားထက္သန္စြာ ခ်က္ခ်င္း လက္မွတ္ေရးထိုးလိုက္သည္။ သူတို႔ႏွစ္ဦးစလုံးက သေဘာတူစာခ်ဳပ္မိတၱဴတစ္ေစာင္စီကို သိမ္းထားလိုက္ၾကသည္။ ရွန္းထ်န္းသဲက သေဘာတူစာခ်ဳပ္ကို ယူၿပီးေနာက္ ေနာက္ကို မၾကည့္ဘဲ ထြက္သြားေတာ့သည္။

ယခုအခ်ိန္မွ စၿပီး သူတို႔ တစ္ေယာက္ႏွင့္တစ္ေယာက္ မပတ္သက္ေတာ့ေပ။

ရွန္းထ်န္းသဲက ကားထဲတြင္ ထိုင္ေနၿပီး သူ႕ခံစားခ်က္က ဘယ္လိုျဖစ္ေနလဲ မေျပာနိုင္ေပ။ ရွန္းထင္႐ႊမ္းက ကေလးဘဝတည္းက သူ႕ေဘးတြင္ ႀကီးျပင္းလာျခင္း မဟုတ္ေပ။ သူက ခံစားခ်က္မ်ားအေၾကာင္း ေျပာရလွ်င္ သူက အမွန္တကယ္ ဘာမွမရွိေပ။ သူက လြန္ခဲ့သည့္ႏွစ္မ်ားက သူမကို ျပန္ေခၚခဲ့ေသာ္လည္း သူက မၾကာခဏ စိတ္မခ်မ္းမသာ ျဖစ္ခဲ့ရသည္။

သူက သူတို႔၏ဆက္ဆံေရးကို ျဖတ္ေတာက္ၿပီးေနာက္ ယခု ေပ်ာ္႐ႊင္သင့္ေပသည္။ သို႔ေသာ္ သူက ဘာေၾကာင့္မွန္းမသိ ေပ်ာ္႐ႊင္မႈကို မခံစားရေပ။

ဖုန္းသံက ျမည္လာခဲ့သည္။ သူ႕အတြင္းေရးမႉးက ေခၚဆိုေနျခင္း ျဖစ္ၿပီး ရွန္းထ်န္းသဲက ဖုန္းေျဖလိုက္သည္။

အတြင္းေရးမႉးက ေျပာလိုက္သည္။ မစၥတာရွန္း မေကာင္းေတာ့ဘူး၊ ကုမၸဏီရွယ္ယာေတြက ဒီေန႕ ထိုးက်ေနတယ္

ရွန္းထ်န္းသဲ ဘာလို႔လဲ

ဤအေတာအတြင္း ရွန္းမိသားစုက အပ်က္သေဘာေဆာင္သည့္ မည္သည့္အရာကိုမွ မျပဳလုပ္ခဲ့ေပ။  ဘ႑ာေရးတြင္လည္း ျပႆနာမရွိေပ။ စေတာ့ရွယ္ယာမ်ားက အဘယ္ေၾကာင့္ ထိုးက်ေနရသနည္း။

အတြင္းေရးမႉးက အေၾကာင္းရင္းကို အတိုခ်ဳပ္ ရွင္းျပလိုက္သည္။ ရွန္းထ်န္းသဲက အက်ိဳးမေပးသည့္ ရွန္းထင္႐ႊမ္းကို လွ်ို႔ဝွက္စြာ ႀကိမ္းေမာင္းလိုက္သည္။

အခု ျပည္ပဆက္ဆံေရးဌာနကို ေျဖရွင္းခိုင္းလိုက္  ဖုန္းခ်ၿပီးေနာက္ ဆက္ဆံေရးက လုံးဝပ်က္စီးသြားၿပီဟု ရွန္းထ်န္းသဲက ခံစားလိုက္ရသည္။

ရွန္းထ်န္းသဲက အင္တာနက္ေပၚတြင္ ျပည္သူ႕အျမင္ကို ၾကည့္လိုက္သည္။ သူတို႔ အမ်ားစုက ရွန္းမိသားစုကို ႀကိမ္းေမာင္းေနၾကၿပီး ကံေကာင္းစြာပင္ ႐ႊမ္႐ႊမ္ကို ဘယ္သူမွ မႀကိမ္းေမာင္းၾကေပ။

ထိုအေၾကာင္းကို ေတြးၿပီးေနာက္ ရွန္းထ်န္းသဲက ရွန္း႐ႊမ္ကို ဖုန္းေခၚလိုက္သည္။

ရွန္း႐ႊမ္၏ အသံက အနည္းငယ္ ဆို႔နင့္ေနေပသည္။ အေဖ လိုင္းေပၚမွာ ဘာေတြျဖစ္ေနတာလဲ သမီးမသိဘူး

ရွန္းထ်န္းသဲက သူမကို ႏွစ္သိမ့္ေပးရန္ ႀကိဳးစားလိုက္သည္။ ရွန္း႐ႊမ္းက ဆက္ေျပာသည္ကို ၾကားလိုက္ေသာအခါ ရွန္းမိသားစုပုံရိပ္ကို ထိန္းသိမ္းဖို႔ ေရတပ္တစ္တပ္ကို ငွားရမ္းဖို႔ သမီး ေအးဂ်င့္ကို ေမးထားတယ္

ရွန္းထ်န္းသဲက ေက်နပ္အားရစြာ ေခါင္းညိတ္လိုက္သည္။ ရွန္း႐ႊမ္၏ ခ်ဥ္းကပ္မႈက ေသခ်ာေပါက္ ပါးနပ္ေပသည္။ သူမက ရွန္းမိသားစုႏွင့္ ထိုက္တန္ေပသည္။ ရွန္းမိသားစုႏွင့္ ပတ္သက္ၿပီး တစ္ခုခုမွားသြားပါက သူမအတြက္လည္း ေကာင္းသည့္အရာ ျဖစ္လာလိမ့္မည္ မဟုတ္ေပ။

႐ႊမ္႐ႊမ္ သမီးက ငယ္ငယ္ကတည္းက အရမ္း ေထာက္ထားညွာတာတတ္တာပဲ

ရွန္း႐ႊမ္ သမီးကလည္း ရွန္းမိသားစုကပဲေလ၊ စကားမစပ္ အေဖ လဲ့ထ်န္းက  အေရးယူေဆာင္႐ြက္ေနပါၿပီ၊ မစိုးရိမ္ပါနဲ႕

ဖူမိသားစုက အေရးယူေဆာင္႐ြက္ေနမွေတာ့ ရွန္းထ်န္းသဲက မည္သို႔ စိုးရိမ္နိုင္ေတာ့မည္နည္း။

႐ႊမ္႐ႊမ္က ႀကီးျပင္းလာေတာ့ ျပႆနာေတြကို ေျဖရွင္းၿပီး ရွန္းမိသားစုကို ကူညီနိုင္လာၿပီေပါ့၊ ရွန္းမိသားစုက အနာဂတ္က်ရင္ သမီးေပၚမွာပဲ မွီခိုေနရေတာ့မွာ

ရွန္း႐ႊမ္က ထိုစကားမ်ားကို ၾကားေသာအခါ သူမ မည္မွ် ေပ်ာ္႐ႊင္ေနေၾကာင္း မေဖာ္ျပနိုင္ေတာ့ေပ။ သို႔ေသာ္ သူမ၏ အသံက အလြန္ ယဥ္ေက်းေနဆဲ ျဖစ္ၿပီး ဟုတ္တယ္၊ ညီမေလး ဘယ္လိုေနလဲ

သူမက ထိုအေၾကာင္း ေျပာလိုက္သည္ႏွင့္ ရွန္းထ်န္းသဲ၏ အသံက ေအးစက္သြားသည္။ ခဏေလာက္ တိတ္ဆိတ္သြားၿပီးေနာက္ သူက ရွန္းမိသာစုနဲ႕ ဘာမွမပတ္သက္ေတာ့ဘူး

ရွန္း႐ႊမ္က ရယ္ေမာလုနီးပါးျဖစ္သြားၿပီး  ဒါဆို အေဖ အလုပ္သြားေတာ့ေလ၊ က်န္းမာေရးလည္း ဂ႐ုစိုက္ေနာ္၊ မၾကာခင္မွာ အကုန္လုံး ေျဖရွင္းၿပီးသြားလိမ့္မယ္

ရွန္းထ်န္းသဲက ဖုန္းခ်လိဳက္ၿပီး ရွန္း႐ႊမ္၏ ခ်စ္စရာေကာင္းမႈကို သက္ျပင္းခ်လိဳက္သည္။ ယခု ရွန္းထင္႐ႊမ္းအေၾကာင္း ေတြးၿပီး ရွန္းထ်န္းသဲက ႏွလုံးေဖာက္လုမတတ္ စိတ္တိုသြားေပသည္။

ရွန္း႐ႊမ္၏မ်က္လုံးထဲတြင္ ဂုဏ္ယူသည့္အရိပ္အေယာင္က ဖ်တ္ခနဲေပၚသြားခဲ့သည္။ လြန္ခဲ့သည့္ႏွစ္မ်ားစြာက ရွန္းထ်န္းသဲသည္ ရွန္းမိသားစုကို သူမဆီသို႔ ေနာင္က် လက္လႊဲေပးမည္ဟု တစ္ခါမွ မေျပာခဲ့ေပ။ ယေန႕က ပထမဆုံးအႀကိမ္ ျဖစ္သည္။

ရွန္း႐ႊမ္က အလ်င္လိုမေနေပ။ အနာဂတ္တြင္ ရွန္းအုပ္စုက သူမအပိုင္ျဖစ္မည္ဟု ယုံၾကည္ေပသည္။

ရွန္းမိသားစုရွိ ျပင္ပဆက္ဆံေရးဌာနႏွင့္ ဖူမိသားစု၏ ျပင္ပဆက္ဆံေရးဌာတို႔ ပူးေပါင္းၿပီး အခ်ိန္တစ္ခုၾကာ ရွန္းမိသားစုအေၾကာင္း ရွာေဖြမႈ အျမင့္ဆုံးျဖစ္ေနသည္ကို အားလုံးနီးပါး ႐ုတ္သိမ္းခဲ့ၿပီး အင္တာနက္ေပၚရွိ ရွန္း႐ႊမ္၏သတင္းမ်ားကိုလည္း ေကာင္းေကာင္း အဖတ္ဆယ္နိုင္ခဲ့သည္။

ဖူလဲ့ထ်န္းက ထိုမွ်ႏွင့္ မရပ္ေသးေပ။ သူက ေဖးဝမ္ရႈကိုလည္း ဖုန္းေခၚလိုက္သည္။

ဖူလဲ့ထ်န္းက ရွန္းထင္႐ႊမ္း၏အသီးမ်ားကို စူပါေမာ၏စင္မ်ားေပၚမွ ထုတ္ပယ္ေစခ်င္ခဲ့သည္။ ရွန္း႐ႊမ္က အနာဂတ္တြင္ ဖူမိသားစု၏ သခင္မ ျဖစ္လာမည္ကို မသိမသာေရာ သိသိသာသာပါ သူက ေျပာခဲ့သည္။ ေဖးဝမ္ရႈက ရွန္းထင္႐ႊမ္းလို မထင္ရွားသည့္ လူတစ္ေယာက္အတြက္ ဖူမိသားစုကို အမွားမျပဳလုပ္သင့္ေပ။

မၾကာေသးသည့္ႏွစ္မ်ားတြင္ ေဖးမိသားစုက ဖူမိသားစုထက္ အနည္းငယ္ နိမ့္က်ေနခဲ့ေသာ္လည္း သူတို႔က ဖူလဲ့ထ်န္း၏ သိသိသာသာ ၿခိမ္းေျခာက္မႈမ်ိဳးကို မေၾကာက္ေပ။

သခင္ေလးဖူက ကြၽန္ေတာ္တို႔ကို သတိေပးေနတာပဲ၊ ကြၽန္ေတာ္တို႔ နားလည္ပါၿပီ

သို႔ေသာ္ေဖးဝမ္ရႈက ရွန္းထင္႐ႊမ္း၏အသီးမ်ားကို စင္ေပၚမွ ျဖဳတ္ခ်ရန္ တစ္ခြန္းမွ မေျပာခဲ့ေပ။

ဖူလဲ့ထ်န္းက အနည္းငယ္ ေဒါသထြက္သြားၿပီး ဦးေလးေဖး ဘာလို႔ ဒီလိုျဖစ္ေနတာလဲ 

ေဖးဝမ္ရႈက ခပ္ျပတ္ျပတ္ ေျပာလိုက္သည္။ မင္းက ငါ့ကို ဦးေလးလို႔ေခၚတယ္၊ ၿပီးေတာ္ အႀကီးတစ္ေယာက္အေနနဲ႕ ငါလည္း မင္းကို သတိေပးရဦးမယ္၊ ရွန္းမိသားစုရဲ႕ရွန္း႐ႊမ္နဲ႕ မင္းနဲ႕က မလိုက္ဖက္ဘူး

ေနာက္ဆုံးတြင္ ဖူလဲ့ထ်န္းက လုံးဝ ေဒါသထြက္သြားၿပီ ျဖစ္သည္။ ေဖးဝမ္ရႈ ကိုယ့္ကိစၥကိုယ္ပဲ အာ႐ုံစိုက္ပါ

ေဖးဝမ္ရႈက ဖုန္းခ်လိဳက္သည္။ ဖူလဲ့ထ်န္းက စီးပြားေလာကတြင္ ေကာင္းမြန္သည့္ အရည္အခ်င္းမ်ားရွိသည့္ ကေလးတစ္ေယာက္ ျဖစ္သည္။ သို႔ေသာ္ သူက ေဖးမိသားစုကို ၿခိမ္းေျခာက္ရန္ အရည္အခ်င္း မျပည့္မီေပ။

ဖူလဲ့ထ်န္းက သူ႕ဖုန္းကို ရိုက္ခြဲလိုက္သည္။ ဘာေဖးမိသားစုလဲ၊ အရမ္းအရွက္မရွိတာပဲ၊ ဒါဆို ငါကလဲ ေဖးမိသားစုကို ရွင္းဖို႔ စိတ္မခုေတာ့ဘူး ဖူမိသားစုက ထိပ္တန္းမိသားစုသို႔ အခ်ိန္တစ္ခုၾကာ ဝင္ေရာက္ခ်င္ခဲ့သည္။ တျခား ထိပ္တန္းမိသားစုမ်ားကို ေပါင္းစည္းျခင္းျဖင့္ ၎ကို ျပဳလုပ္ရန္ နည္းလမ္းေကာင္းတစ္ခုလည္း ျဖစ္သည္။

ေဖးဝမ္ရႈက ထိုအေၾကာင္း အဘိုးေဖးကို ေျပာလိုက္ၿပီးေနာက္ သက္ျပင္းခ်လိဳက္သည္။

ဖူမိသားစုက ဘာလို႔ ဖူလဲ့ထ်န္းလို ေခြးေကာင္ကို ေျမေတာင္ျမႇောက္ေပးထားတာလဲ

ရွန္းထင္႐ႊမ္းက အဘိုးေဖးကို ကယ္ခဲ့သည့္အတြက္ သူတို႔က ရွန္းမိသားစုကို ေက်းဇူးတင္ရန္ မသြားခဲ့လွ်င္ သူတို႔က ရွန္း႐ႊမ္၏ မ်က္ႏွာအစစ္ကို သိခဲ့လိမ့္မည္ မဟုတ္ေပ။

ဖူလဲ့ထ်န္းအတြက္ အေပၚယံမ်က္ႏွာကို ျဖတ္ၿပီး မျမင္နိုင္သည္က တကယ္ေတာ့ ပုံမွန္ပင္ ျဖစ္သည္။

    ...

ဖူလဲ့ထ်န္းက တစ္မနက္လုံး အလုပ္ရႈပ္ေနခဲ့သည္။ ေဖးမိသားစု၏ စီးပြားေရးကို ယိုင္နဲ႕ေစရန္ သူ႕လက္ေအာက္ငယ္သားအား ေမးျမန္းခဲ့ၿပီးေနာက္ သူက လူသိမ်ားသည့္ ဒါရိုက္တာ က်န္းခ်င္ႏွင့္ ေတြ႕ဆုံခဲ့သည္။ ဒါရိုက္တာက်န္း ဒီရက္ပိုင္း ဘယ္လိုေနလဲ

က်န္းခ်င္ႏွင့္ ဖူလဲ့ထ်န္းက တစ္ေယာက္ႏွင့္ တစ္ေယာက္ အဆက္အသြယ္ သိပ္မရွိေပ။ သို႔ေသာ္ သူတို႔ကလည္း စီးပြားေရးေလာကတြင္ ဩဇာအနည္းငယ္ေညာင္းသည့္ ဖူလဲ့ထ်န္းကို သိေပသည္။

အဆင္ေျပပါတယ္၊ သခင္ေလးဖူက ကြၽန္ေတာ့္ကို ဘာလို႔ ေခၚတာလဲ

ဖူလဲ့ထ်န္းက အလြန္ညင္သာစြာ ေျပာလိုက္သည္။

ဒါရိုက္တာက်န္းက အရမ္းယဥ္ေက်းလြန္းေနပါၿပီ၊ မၾကာေသးခင္က ဇာတ္ၫႊန္းေကာင္းမ်ား မရွိဘူးလား

က်န္းခ်န္က ရယ္ေမာလိုက္ၿပီး ဘာလို႔လဲ သခင္ေလးဖူက သ႐ုပ္ေဆာင္အျဖစ္ ပြဲဦးထြက္ခ်င္လို႔လား ဖူလဲ့ထ်န္းက သူ႕အသိကို အဖြဲ႕ထဲသို႔ ထည့္ရန္ စီစဥ္ေပးခ်င္သည္ကို က်န္းခ်န္းက သိၿပီးသားျဖစ္သည္။

က်န္းခ်န္က ဒါရိုက္တာျဖစ္လာခဲ့သည္မွာ ၾကာၿပီျဖစ္သည္။ ထို႔ေၾကာင့္ သူက သဘာဝက်စြာပင္ အခုမွ ပြဲထြက္လာသည့္ လူငယ္ဒါရိုက္တာမ်ားႏွင့္ ကြဲျပားေပသည္။ သူ႕အဖြဲ႕သားမ်ားက ဘယ္ေတာ့မွ ေငြမလုံေလာက္တာမ်ိဳး မရွိခဲ့ေပ။

ဖူလဲ့ထ်န္းက ကြၽန္ေတာ့္အရည္အခ်င္းနဲ႕ ဘယ္လိုလုပ္ ဝင္နိုင္မွာလဲ၊ ဒါေပမဲ့ ကြၽန္ေတာ့္မွာ အရမ္းသင့္ေတာ္တဲ့သူတစ္ေယာက္ရွိတယ္၊ သူမက အနာဂတ္မွာ ေသခ်ာေပါက္ ထင္ရွားလာမဲ့သူဆိုတာ ကြၽန္ေတာ္ သိတယ္

အႏုပညာနယ္ပယ္တြင္ အရည္အခ်င္းရွိသည့္သူက ရွားပါးမႈ မရွိေပ။ ဖူလဲ့ထ်န္းေျပာသည့္ အနာဂတ္တြင္ ေက်ာ္ၾကားလာမည့္သူက အခုလည္း ေက်ာ္ၾကားၿပီးသားဟု အဓိပၸာယ္ရေပသည္။

အိုး သခင္ေလးဖူေျပာတဲ့သူက ဘယ္သူမ်ားလဲ

ဖူလဲ့ထ်န္း ကြၽန္ေတာ့္ရဲ႕အနာဂတ္ သတို႔သမီးေလာင္း ရွန္း႐ႊမ္ပါ

ရွန္း႐ႊမ္ႏွင့္ က်န္းခ်န္က တစ္ဦးႏွင့္တစ္ဦး သိၾကေပသည္။ သူမက အႏုပညာနယ္ပယ္တြင္ အဆင့္ေလးမင္းသမီးတစ္ေယာက္ ျဖစ္သည္။ သူမက ၾကည့္ေကာင္းၿပီး သ႐ုပ္ေဆာင္စြမ္းရည္ မရွိသည္ေတာ့ မဟုတ္ေပ။ ဒါေပါ့၊ တကယ့္ အရည္အခ်င္းရွိသည့္ မင္းသမီးႏွင့္ေတာ့ ႏွိုင္းယွဥ္၍ မရနိုင္ေပ။ သို႔ေသာ္ ဖူလဲ့ထ်န္းက ရွန္း႐ႊမ္က သူ႕သတို႔သမီးေလာင္းဟု ေျပာခဲ့ၿပီး ဖူမိသားစု၏ အနာဂတ္သခင္မေလး ျဖစ္သည္။ ထိုကဲ့သို႔ ဆက္ဆံေရးမ်ိဳးျဖစ္လွ်င္ က်န္းခ်န္က ျပန္စဥ္းစားရန္ လိုေပသည္။

သူက ေငြမျပတ္ေပ။ သို႔ေသာ္ အႏုပညာနယ္ပယ္ရွိ လူမ်ားက ထိုကဲ့သို႔ အရာမ်ားကို လူးသာလြန႔္သာအေျခအေန ေပးရမည္ျဖစ္သည္။

က်န္းခ်န္က ခ်က္ခ်င္း ျပန္မေျပာခဲ့ေပ။ ဖူလဲ့ထ်န္းကလည္း ၾကားျဖတ္မေျပာခဲ့ေပ။

ခဏၾကာၿပီးေနာက္ က်န္းခ်န္က ေျပာလိုက္သည္။ ေကာင္းၿပီ ငါ့မွာ သိပ္မၾကာခင္ ရိုက္ကူးမဲ့ သင့္ေတာ္တဲ့ ရွိုးတစ္ခု ရွိတယ္၊ ႏွစ္ရက္အတြင္း ဇာတ္ၫႊန္းကို ပို႔လိုက္မယ္

ဟုတ္ကဲ့ပါ၊ ေက်းဇူးတင္ပါတယ္ ဒါရိုက္တာက်န္း

တစ္ခါတစ္ရံ ၎က သ႐ုပ္ေဆာင္မ်ားေပၚတြင္ မူတည္ေသာ္လည္း ဤနယ္ပယ္တြင္ ႏွစ္ေပါင္းမ်ားစြာ ရွိေနခဲ့ၿပီးေနာက္ က်န္းခ်န္၏ ဘယ္ဇာတ္ၫႊန္းကမွ ဆိုး႐ြားလိမ့္မည္မဟုတ္ေပ။

ဖုန္းခ်လိဳက္ၿပီးေနာက္ ဖူလဲ့ထ်န္းက ညစာစားရန္ ရွန္း႐ႊမ္ကို ဖိတ္လိုက္ၿပီး ထိုသတင္းအား ေျပာျပလိုက္သည္။

ရွန္း႐ႊမ္က အလြန္ခံစားသြားရၿပီး လဲ့ထ်န္း ရွင္က ကြၽန္မကို အရမ္းၾကင္နာတာပဲ၊ ရွင့္ကို ဘယ္လိုျပန္ေပးဆပ္ရမလဲေတာင္ မသိေတာ့ဘူး

ဖူလဲ့ထ်န္းက ရွန္း႐ႊမ္လက္ကို ကိုင္လိုက္ၿပီး ေျပာလိုက္သည္။ ကိုယ့္ကို မင္းရဲ႕ႏွလုံးသားပဲ ေပးပါ
...

Seguir leyendo

También te gustarán

294K 16.9K 76
မင်းအာဏာမောင်၏နှလုံးသားထဲတွင် ရှင်းခနောင်ဟူသည့်ကောင်လေးတစ်ယောက်သာ ခိုအောင်းခွင့်ရှိလေသည်။ မင္းအာဏာေမာင္၏ႏွလုံးသားထဲတြင္ ရွင္းခေနာင္ဟူသည့္ေကာင္ေလးတစ္ေ...
301K 7.4K 76
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
1.9M 122K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...