Unicode
ညဥ့်နက်မှသားဖ၃ယောက် အိပ်ခဲ့ကြသော်လည်း သူကတော့ မထလို့မရ။ လုပ်စရာmeeting တွေလည်းကျန်သလို ရှိတဲ့အလုပ်တွေကိုလည်း အပြတ်ဖြတ်ရမည်။
ကိုယ့်လက်မောင်းပေါ် အိပ်နေတဲ့ ကိုကို့ ကိုမနိုးအောင်အသာအယာဖယ်ရသေးသည်။ကုတင်ပေါ်က ခြေကားယားလက်ကားယားဖြင့် အိပ်နေတဲ့သားအဖကိုကြည့်ကာ ကြည်နူးရပြန်သည်။အချိန်ကလည်း ၇ခွဲနေပြီ လုပ်စရာတွေလည်းများနေတာမို့ ရေချိုးဖို့သာပြင်လိုက်တယ်။
ရေချိုးခန်းထဲထွက်တော့ ကိုကိုကနိုးနေပြီ။
"နိုးပြီလား ကိုကို"
တိုးတိုးလွလွလေးဆိုလိုက်တော့
"အင်း ခဏနော် မောင် ငါမနက်စာပြင်ပေးမယ်" ဟု ကမန်းကတန်းထရင်း ပြန်ဖြေလာသည်။အချိန်တွေကြာလာတာနဲ့အမျှ ကိုကိုဟာလည်း မီးဖိုချောင်ကိစ္စတွေနဲ့ စိမ်းသက်မနေတော့။You tube ကနေကြည့်ကာ လျှောက်လုပ်ထားတွေရော chefဆီကနေအပျင်းပြေသင်ထားတဲ့ အကျိုးဆက်ကြောင့် ကိုကိုက အမြဲတမ်းလိုလို လုပ်တတ်တာလေးတွေ ချက်ကျွေးလေ့ရှိသည်။
"ရပါတယ် ကိုကို အိပ်ချင်ရင် အိပ်ဦးလေ"
"တော်ပြီ မအိပ်တော့ဘူး အောက်ဆင်းစောင့်နေ"
"ဟုတ် ကိုကို"
ညတုန်းကကိစ္စကြောင့်အနည်းနဲ့အများ ခံစားရမည်ဆိုတာသိသော်လည်း ကိုကိုက အခုတော့အဆင်ပြေနေပါသည်။မဟုတ်ဘူး အဆင်ပြေချင်ယောင်ဆောင်နေတာ။
.....
ဧည့်ခန်းတွင်သာ ထိုင်စောင့်နေစဥ် ခဏအကြာ ကိုကိုကဆင်းလာသည်။အိပ်ယာထကာစလေးမို့ ဆံပင်လေးတွေက ရှုတ်ပွကာထိုးထိုးထောင်ထောင်နှင့်ပင်။ဆေးတင်စရာမလိုတဲ့ နှုတ်ခမ်းသား ခပ်ရဲရဲလေးက မျက်နှာဖွေးဖွေးလေးပေါ်မှာ ပနံသင့်စွာ။ညအိပ်ဝတ်စုံကိုမလဲရသေးပေ။အင်္ကျီကလည်း လျော့တိလျော့ရဲ ဖြစ်နေပြီး ပေါ်နေတဲ့ ညှပ်ရိုးဖွေးဖွေးလေးကိုလည်း အကြည့်ရောက်မိပြန်သည်။ မသိလိုက်ပါပဲ အသည်းယားလာကာ အောက်နှုတ်ခမ်းလေးကို ကိုက်လိုက်မိသည်။sexyကျလိုက်တာ။ကိုကိုကသူ့ကိုပြုံးပြကာ မီးဖိုချောင်ထဲဝင်သွားသည်။သူလည်း ကိုကို့နောက်ကိုလိုက်သွားလိုက်ပါသည်။
လှုပ်လှုပ် လှုပ်လှုပ် နဲ့ မနက်စာပြင်နေသောကိုကို့ကျောပြင်လေးကိုကြည့်မိတော့ ကြည်နူးမိတာကကျွန်တော်။ခါးသွယ်သွယ်လေးကို ဖက်လိုက်တော့ တုန်တက်သွားတဲ့ကိုယ်လေး။ကိုကိုကသူမှန်းသိတာကြောင့် ဘာမှမပြောဘဲ လုပ်စရာရှိတာကိုသာဆက်လုပ်နေသည်။ ဒါကသူ့ကိုပလစ်တာလား။
မေးကို ရှေ့မှပုခုံးလေးပေါ်တင်လိုက်သည်။ထို့နောက် ပါးဖွေးဖွေးလေးကို အသာနမ်းလိုက်သည်။ကိုကိုတစ်ချက်သာပြုံးလာသည်၊မကျေနပ်ပါ။သူလိုချင်တာကအနမ်းတွေပြန်ပေးမည့် ကိုကို့ကိုသာ။
လည်တိုင်ဖွေးဖွေးလေးကို ကြောင်လေးသဖွယ်တိုးဝှေ့မိ၏။ထို့နောက်လည်တိုင်တစ်လျှောက် အနမ်း ဖွဖွလေးတွေပေးမိပြန်သည်။ဘာတုံ့ပြန်ချက်မှမလာတာကြောင့် ခါးပေါ်မှဖက်တွယ်ထားသောလက်များကို ပိုတင်းကျပ်စွာဖက်လိုက်ပြီး လည်တိုင်ဖွေးဖွေးလေးတစ်နေရာကို အားဖြင့်စုပ်ကာ နမ်းချလိုက်သည်။
"အာ့ မောင်"
"အာ့ ဟာ ငါ ဒီမှာ မအားဘူးလေ မောင်ရာ ဖယ်"ဟုပြောကာကြော်လက်စ သီးစုံထမင်းကြော်ကို ကြော်နေပြန်သည်။
"ကိုကို"
"အွန်း"
"မောင့်ကိုမချစ်တော့ဘူးလားဟင်"
"ဟင် ဘာဖြစ်ရပြန်တာလဲ ကိုကို့ သည်းပေါက်လေး"ဟုပြောလာတော့သူ့မှာမနေနိုင်စွာ ကလေးတစ်ယောက်လို လည်တိုင်ထက်သို့ခေါင်းဖြင့်တိုးဝှေ့မိပြန်သည်။ဒါဟာသူ့ရဲ့ချွဲနည်းတစ်မျိုး။
"ကိုကိုကမောင့်ကိုပြန်လည်းမနမ်းဘူး ခါတိုင်းဆိုမောင်တစ်ခါနမ်းလိုက်တာနဲ့ ကိုကိုကမောင့်ကိုအများကြီးပြန်နမ်းတယ်လေ"
"ငါမအားလို့ပါ မောင်ရာ ကလေးကျလို့ ကဲ လာလာ"
ပြွတ်
"ခဏနေရတော့မယ် သွားထိုင်စောင့်နေနော် ဖေဖေကတော့ နိုးဦးမှာမဟုတ်လောက်ဘူး"
ဖေဖေလည်း ညသန်းခေါင်ကျော်မှ ထနှိုးသွားတာကြောင့် အိပ်ရာဝင်တာနောက်ကျလိမ့်မည်။ အသက်အရွယ်လည်းရလာတာကြောင့် သွားနှိုးမိလျှင် အိပ်ရေးမဝဖြစ်ကာ ခေါင်းကိုက်နေမည်ဆိုးတာကြောင့်မနှိုးဖြစ်တော့။
"ကိုကို အဆင်ပြေရဲ့လား"
"ပြေပါတယ် မနက်စာစားလို့ရပြီနော် မောင်"
"ဟုတ် မောင်ကူပြင်ပေးမယ်"
စကားလမ်းကြောင်းအမြန်လွဲနေသည့် ကိုကိုသည် ညကကိစ္စကို စကားဆက်ချင်ပုံမရ။ဒီလိုနဲ့မနက်စာစားဖို့ ပြင်စရာရှိတာပြင်ပြီး ကိုကို ချက်ကျွေးတဲ့ သီးစုံထမင်းကြော်ကို စားလိုက်သည်။စားစရာရှိတာစားပြီးသည်နှင့် စားပြီးသားပန်းကန်တွေကိုဆေးဖို့ယူလိုက်သည်။ကိုကိုကတော့ လက်ဆေးကာအပေါ်တက်သွားတယ်။သူ့အတွက်ဝတ်စရာအင်္ကျီရွေးပေးနေလိမ့်မည်။ကိုကိုနဲ့သူဟာ အိမ်ထောင်သည်ဘဝကိုရောက်ကတည်းက ဘယ်သူဘာလုပ်ရမယ်ဆိုတာသတ်မှတ်ထားခြင်းမရှိ။အမြင်မသင့်ရင် လုပ်စရာရှိတာလုပ်ပေးမည်။ဥပမာ-သူမအားလို့မလျှော်ဖြစ်တဲ့အဝတ်တွေ ခြင်းတောင်းထဲပြည့်နေရင် ကိုကိုကအဝတ်လျှော်စက်ထဲထည့်ကာ လျှော်ပေးတတ်သည်။လျှော်စက်ရပ်တာနဲ့ သူပါအားလျှင် ကိုကိုနဲ့အဝတ်တူတူအဝတ်လှမ်းဖြစ်သည်။ပင်ပန်းတဲ့အလုပ်မဟုတ်တာကြောင့် သူ့အတွက်ကိစ္စမရှိပေ။ပန်းကန်တွေ ဆေးပြီးတာနဲ့ အပေါ်ထပ်ကို တက်လာခဲ့လိုက်တယ်။အခန်းထဲဝင်တော့ ထင်သည့်အတိုင်း ကုတင်ပေါ်မှာသူ့အတွက်ဝတ်စရာအဝတ်အစားတွေပင်။ကိုကိုကတော့အဝတ်အစားလဲနေသည်။company နောက်ကျမှာဆိုး၍ ဆက်မကြည့်ဖြစ်တော့ဘဲ ကိုယ်လည်း ဝတ်စရာရှိတာဝတ်လိုက်သည်။
ထို့နောက် တဖတ်ဖတ်နဲ့ပုတ်သံတွေထွက်လာပါတော့သည်။ဘယ်ကလဲဆိုတော့ကိုကိုဆီကပါ။အမြဲတမ်းအစဥ်မပျက် မပျင်းမရိ skin careခြင်းသည်ကလည်း ကိုကို့အတွက်အလုပ်တစ်ခုလိုပင်။အခုလည်း ဘာcreamတွေမှန်းမသိ မျက်နှာကိုတဖတ်ဖတ်နဲ့ရိုက်ကာလိမ်းနေပြန်သည်။အလှကလည်း ကြိုက်လိုက်တာလွန်းရော။အစကတည်းကလှပြီးသားကိုလူကိုစိတ်မချအောင်။
"ကိုကိုနော် တအားလှချင်နေတာ သိပ်မပြောချင်ဘူးနော်"
"မင်းသာ လူငယ်ဖြစ်ပြီး အဘိုးကြီးအိုရုပ်ပေါက်နေတာ ငါ့လိုskin careတဲ့ရုပ်နဲ့ ယှဥ်ကြည့် ငါ့အဖေလိုပဲ မင်းက"
"Daddyလို့ခေါ်လေ ကိုကိုကလုပ်စေချင်ချင်ရင် မောင် sugar Daddyလုပ်လိုက်ပါ့မယ်"
"ဘာတွေလာပြောနေတာလဲ စောစောစီးစီးနားရှက်စရာတွေကွ "
"ကိုကိုကစပြီး"
"အပေါက်ပိတ်"
"ဟွန်း"
ဘာမှပြန်ပြောမနေတော့ဘဲ လုပ်စရာရှိတာသာလုပ်နေလိုက်သည်။necktieကိုတော့ မချည်ဖြစ်သေး ဒါကကိုကိုချည်ပေးမည် မဟုတ်လား။
"Necktieချည်ပေးမယ် "
ပြောရင်းနဲ့ပင် ကုတင်ပေါ်ကသူကိုယ်တိုင်ရွေးထားတဲ့necktieကို ကောက်ယူကာ ကိုယ့်ကိုလာချည်ပေးသည်။ချည်ပေးနေစဥ်အတွင်း ကိုယ်ကလည်း သူ့ခါးလေးကိုကိုင်နေလိုက်ရမှ။ကွာခြားလွန်းတဲ့အရပ်ကြောင့် ကိုကိုကသူ့ကို မော့ပင်ကြည့်ယူရသည်။မနေနိုင်စွာ နှုတ်ခမ်းရဲရဲလေးကိုနမ်းမည်အပြု
"အင့် အဲ"
အသံလာရာကြည့်တော့ သမီးလေးက နိုးနေ၍အကြောပင် ဆန့်နေသည်။မကျေမနပ်ဖြင့်ကိုယ့်နှုတ်ခမ်းကိုသာ ကိုက်ထားရပြန်သည်။ကိုကိုကတော့ ပြုံးစိစိနှင့်ပါပင်။အချိန်ကောင်းမှ လာနိုးရတယ်လို့။
"မောင် ရပြီ "
ပြောပြီးတာနဲ့ သမီးကိုသွားချီနေပြန်သည်။အားလုံးပြီးနေပြီမို့ သူအလုပ်သာသွားရန်အောက်ဆင်းလိုက်သည်။ကိုကိုကတော့ သမီးကိုချီလျက် သူ့နောက်ကလိုက်ပါလာသည်။
"မောင် သွားပြီနော် ကိုကို"
"အင်း"
မွ
"ခစ်ခစ်"
သမီးကသဘောကျကာရီနေပြန်သည်။အလစ်တဲလေးအမြင်ကတ်နေတော့ ပါးဖောင်းဖောင်းလေးကို မနာအောင်ဆွဲဖဲ့လိုက်တယ်။
"အင့်"
အငြိမ်မနေစွာကိုကို့ လက်ပေါ်မှရုန်း၍ သူ့ဆီလာချင်နေသည်။
"ဖေကြီးကအလုပ်သွားရတော့မယ်လေ ပိုးပိုးရဲ့"
"ညနေကျမှ ဖေကြီးပြန်လာမယ်နော် ကိုကို မောင် နေ့လယ်စာ company မှာဘဲ စားလိုက်တော့မယ် အိမ်ပြန်စားဖို့ကမအားလောက်ဘူး"
"ရတယ်လေ ငါလာပို့လိုက်မယ်"
"အဲ့လိုဆိုလည်း အဆင်ပြေရင်လာပို့လိုက် ကိုကို"
"အင်းအင်း ကောင်းကောင်းသွား"
"ဟုတ် "
သွားခါနီးလေးကို ရှေ့မှ သားအဖ၂ယောက်ကိုအူယားတာမို့ ပါးဖောင်းဖောင်းလေးတွေကိုတစ်ချက်စီ အနမ်းပေးပြီးမှထွက်လာခဲ့လိုက်သည်။
.....
မောင် အလုပ်သွားတော့ မကြာပါလက်ပေါ်မှသမီးကငိုပါတော့သည်။ အမြန်နို့ဖျော်၍ ချော့တိုက်မှသာငြိမ်ကျသွားတော့သည်။
"ဦးလေး ဒီနေ့ သွားမပို့နဲ့တော့နော် ကျွန်တော်သွားပို့လိုက်မယ်"
"ဟုတ်ကဲ့ ဟုတ်ကဲ့"
ထောင်ထဲမှာရှိနေသည့် ကိုယ့်မိဘတွေဆီ အိမ်ထမင်းချက်ကာ စားဖိုမှူးကြီးကို သွားပို့ခိုင်းလေ့ရှိသည်။အရင်က သွားပို့ဖြစ်ပေမဲ့အခုက ကလေးရောရှိနေတာမို့ တခါတလေမှ သွားပို့ဖြစ်တော့သည်။ မောင်နဲ့ဆက်ဆံရေး ပြေလည်ကတည်းက မောင်ကသဘောထားကြီးစွာ မေမေတို့ကို သွားတွေ့ခွင့်ပေးထားပါသည်။
.....
"ဆရာ meeting စလို့ရပါပြီ"
"ဟုတ်ပြီ ကိုယ်လာပြီ"
ခွမ်း
လိုအပ်တဲ့ စာရင်းဖိုင်များကို ကောက်ယူလိုက်ရင်း စားပွဲပေါ်က photo frame တိုက်မိ၍ ကျကွဲခြင်းပင်။သူကောက်ယူကာ ကြည့်လိုက်တော့ကိုကို့ပုံ။ဘုရားသွားတုန်းကရိုက်ထားသည့်ပုံ။သူကိုယ်တိုင်သဘောကျလွန်းလို့ ဓါတ်ပုံထုတ်ကာ photo frame ဖြင့်သေချာလုပ်ထားခြင်းပင်။ သိပ်စိတ်ထဲထားမနေဘဲ အံ့ဆွဲထဲသေချာပြန်ထည့်ထားလိုက်သည်။စိတ်ကတော့လေးနေမိတယ်။
.....
မောင့်အတွက်ထမင်းချိုင့်ရော။ဖေဖေတို့အတွက်ထမင်းချိုင့်ပါ ပြင်ဆင်ပြီးချိန်အိမ်ကနေထွက်ဖို့ပြင်လိုက်သည်။
"ဖေဖေ ကျွန်တော် အပြင်သွားစရာလေးရှိလို့"
"အေးအေး ဂရုစိုက်လည်းသွားဦး"
"ဟုတ်ကဲ့ ဖေဖေ သွားပြီနော်"
"အေးအေး"
သမီးကိုဖေဖေနဲ့ထားခဲ့ကာ ကားကိုမေမေတို့ရှိရာဦးတည်မောင်းလိုက်သည်။နည်းနည်းကြာကြာမောင်းပြီး ရောက်လာခဲ့သည်။ကားပေါ်မှဆင်းကာထောင်ထဲဝင်ရပါသည်။လူတွေ့လာသည့်လူများကတော့ သူ့ကိုတကြည့်ကြည့်။ကျားမခွဲ၍ လူတွေ့ရာနေရာသို့သွားကာမေမေနှင့် အရင်တွေ့ဖို့စောင့်လိုက်သည်။မကြာပါအတွင်းမှထွက်လာသော မေမေကိုတွေ့ရပါသည်။မေမေကတော့အရင်ကနဲ့မတူစွာ အပူအပင်ကင်းမဲ့တဲ့ပုံပါပင်။ မေမေကတော့သူ့ကိုတွေ့တော့ပြေးဖက်ပါသည်။
"မေ့သားရယ် မေမေကလွမ်းနေတာ"
သူဘာမှပြန်မပြောဘဲ မေမေ့ကိုသာပြန်ဖက်လိုက်သည်။အံကတော့တင်းတင်းကြိတ်ထားမိရင်း လုပ်ရက်လေခြင်းဆိုတဲ့ စိတ်ဖြင့်ကိုယ်ကိုတိုင်ကသားတစ်ယောက်အမေပါလျက်နဲ့ မောင့်မေမေ့ကိုလုပ်ရက်ပါသည်။အဆိုးဆုံးကဖေဖေပင်။ ဘာကြောင့်အဲ့လိုလုပ်ရက်ရတာလဲ မောင်မပြောနဲ့ သားဖြစ်တဲ့ကိုယ်တောင် စိတ်တိုရပါသည်။
"မေမေတို့နေကောင်းတယ်မလား"
"ကောင်းတယ်ကောင်းတယ် သားရော ဒီပါနဲ့အဆင်ပြေတယ်မလား"
"ပြေပါတယ်မေမေ သူက ကျွန်တော့်ကိုဂရုစိုက်ပါတယ်"
"အဆင်ပြေရင် မေမေ ရင်မမောရတော့ပါဘူး"
"မေမေ "
"အင်း ပြောလေသား"
"သား မောင်ပြောလို့အကုန်သိပြီးသွားပြီ"
မေမေဟာ သူပြောသံကြားတော့သူထင်ထားသလိုမဟုတ်။ထိပ်လန့်ခြင်းအမူအရာတစိုးတစိတ် မှမရှိဘဲနောင်တရခြင်းများစွာသာ ထင်ဟပ်နေတော့သည်။
"မေမေ့ရဲ့အတ္တတွေကြောင့်ပေါ့ကွယ် မေမေ့အတ္တတွေကြောင့်ပါ မေမေ့အမှားတွေပါ သားဒီပါစိတ်ကျေနပ်တဲ့ထိမေမေတောင်းပန်ပါ့မယ်ကွယ်"
"မေမေ့လုပ်ရပ်က ခွင့်လွှတ်လို့ရမဲ့ဟာမျိုးမှမဟုတ်တာ"
"မေမေ သိပါတယ် မေမေ အခုနောင်တရပါပြီကွယ် မေမေတောင်းပန်ပါတယ်"
ငိုသံစွတ်နေတဲ့မေမေ့ကို မြင်တော့သူမနေတတ်။နောင်တတရားတွေနဲ့ မေမေဟာအသားကျဖို့လမ်းစနေပြီပဲ။မေမေ့ကို အဆင်ပြေကြောင်း ပြောရသည်။မေမေနဲ့စကားအကြာပြောပြီးနောက်ဖေဖေ့ကိုတွေ့ဖို့သွားရပါသည်။
"သား"
ဖေဖေ့ကသူ့ကို ခေါ်ပါသည်။
"ဟုတ် "
"ဖေဖေတို့ပိုင်တဲ့company ကို ပြန်ယူပါသား အဲ့ကောင်လက်ထဲကနေပြန်ယူပါ"
"ဖေဖေ!"
"ကျွန်တော်မလုပ်နိုင်ဘူးဖေဖေ"
"ဘာ "
"ကျွန်တော်မလုပ်နိုင်ဘူး ဖေဖေ ပြီးတော့ မောင့်မှာဘာအမှားမှမရှိတာမို့ ဖေဖေမောင့်ကို အပြစ်မြင်လို့မရဘူး "
"မင်း မင်း အဲ့လို ခွေးကောင်ကြောင့် ငါ့ကို ပြန်ပြောနေပြီပေါ့ ဟုတ်လား"
"မောင့်ကိုအဲ့လိုမပြောနဲ့ ဖေဖေ မောင့်ကကျွန်တော်အမျိုးသား ကျွန်တော့အမျိုးသားကို ဆဲဆိုတာတွေမပြောပါနဲ့ ကျွန်တော်မကြိုက်ဘူး"
"တောက် ပန်းခိုက်ဦး မင်း အဖေကိုအဲ့လိုကျေးဇူးဆပ်တာလား ဟမ် "
"ကျွန်တော်အကုန်သိပြီသွားပြီ ဖေဖေ"
"ဘ ဘာ"
"ဟုတ်တယ် ကျွန်တော်သိပြီးသွားပြီ ဖေဖေတို့ကိုမောင်ဒီလောက် လုပ်ပေးလိုက်တာ ကျေးဇူးတင်ရမယ် မောင်သာလူစိတ်မရှိရင် ကျွန်တော်တို့မိသားစု အခုချိန်ထိအသက်ရှင်ဦးမှာတောင် မဟုတ်ဘူးဖေဖေ လုပ်ရက်လိုက်ကြတာ ဘယ်လိုစိတ်နဲ့များ"
"အဲ့ အဲ့တာက"
"ဘာအကြောင်းပြချက်တွေပေးမလို့လဲ လူတစ်ယောက်ကိုလုပ်ချင်တိုင်းလုပ်ပြီးမှ ဘာမှရှင်းပြမနေနဲ့တော့ အကုန်လုံးက ဖေဖေတို့အမှားတွေကြီးဘဲဗျ မောင်ဘယ်လောက်ခက်ခဲလိုက်မလဲ မောင့်နေရာမှာကျွန်တော်သာလို့တွေးကြည့်ပါလား "
ခံစားချက်တို့ကအလုံးအရင်း ဝင်ရောက်လာကာ နှုတ်ခမ်းသားကိုသာ ကျစ်ကျစ်ပါအောင်ကိုက်ထားမိတော့သည်။မဟုတ်လျှင်သူငိုချမိလိမ့်မည်။
တောက်
ဖေဖေ့ဆီမှတောက်တစ်ချက်ခေါက်သံထွက်လာသည်။
"ဖေဖေတို့အမှားက ခွင့်လွတ်မရတဲ့အမှားပဲ ကျွန်တော် သွားတော့မယ်"
"သွား! ငါ့ဆီဘယ်တော့မှာမလာနဲ့ ကျေးဇူးကန်းတဲ့ကောင်"
ဆက်မနေချင်တော့တာကြောင့် ချက်ချင်းပင်ထထွက်လာလိုက်သည်။မသိလိုက်ပါပဲ မျက်ရည်တို့က တလဟောစီးဆင်းလာပါတော့သည်။မုန်းလိုက်တာ။ဘာလို့လဲ ငါနဲ့မောင့်ကို အေးအေးဆေးဆေးချစ်ခွင့်မပေးကြတာလဲ။ဘာလို့ မောင့်ကိုနာကျင်စေရတာလဲ။
ကျနေဆဲမျက်ရည်များကို လက်ခုံဖြင့် ခပ်ကြမ်းကြမ်းသုတ်ချလိုက်သည်။ပင်ပန်းနေပြီ မောင့်ကိုလိုအပ်ပါသည်။စိတ်ကို အတက်နိုင်ဆုံးအေးအေးထားကာ ကားကိုမောင်းရပါသည်။ဒီနေ့မှကားတွေကရှုတ်နေသလို သတိထားမောင်းရသည်။ လမ်းလေးခွဆုံနားရောက်တော့မှာ ကြောင့်အရှိန်လျော့မောင်းရသည်။ ကိုယ့်ဘက်မီးနီးနေတာမို့ရပ်ဖို့အပြင် ဘရိတ်နင်းလိုက်တော့
"ဟင်"
ကားမရပ်ဘူး။ဘာဖြစ်တာလဲ ကားမရပ်ဘူး။ ဘရိတ်ကိုအဆုံးထိနင်းပါသည်။ကားကလုံးဝမရပ်ပေ။တစ်ဖက်ကလည်း ထရပ်ကားတစ်စီးက အရှိန်ဖြင့်လာနေသည်။ဘာလို့ရပ်လို့မရတာလဲ။ဘာလို့လဲ။
"မောင် မောင် ငါ့ကိုကယ်ပါ"
ဒုန်း
"အား"
ငါမသေချင်သေးဘူးမောင် မင်းနဲ့မခွဲချင်သေးဘူး
.....
"ဆရာ!! ကိုပန်းခိုက်ဦး accident ဖြစ်လို့ ဆေးရုံရောက်နေတယ် ဆရာ"
"ဘာ ဘယ်ဆေးရုံလဲ မြန်မြန်ပြော"
"****မှာပါ ဆရာ"
မဖြစ်နိုင်တာ ဘယ်လိုတွေဖြစ်ကုန်တာလဲ ကိုကိုဘာမှဖြစ်လို့မရဘူး မောင့်မှာကိုကိုတစ်ယောက်ဘဲရှိတော့တာလေဗျာ မောင့်ကိုရူးအောင်မလုပ်ပါနဲ့ မောင့်မှာကိုကိုတစ်ယောက်ဘဲရှိလို့ပါ တောင်းပန်ပါတယ်
......
Words_2592
Lamin Eain
Song For this Chapter
"နိုးပြီလား ကိုကို"
"ဟုတ် ကိုကို"
.....
"အာ့ မောင်"
"ကိုကို"
"အွန်း"
"ကိုကိုကမောင့်ကိုပြန်လဲမနမ်းဘူး ခါတိုင်းဆိုမောင်တစ်ခါနမ်းလိုက်တာနဲ့ ကိုကိုကမောင့်ကိုအများကြီးပြန်နမ်းတယ်လေ"
ပြွတ်
"ကိုကို အဆင်ပြေရဲ့လား"
"မင်းသာ လူငယ်ဖြစ်ပြီး အဘိုးကြီးအိုရုပ်ပေါက်နေတာ ငါ့လိုskin careတဲ့ရုပ်နဲ့ ယှဉ်ကြည့် ငါ့အဖေလိုဘဲ မင်းက"
"ကိုကိုကစပြီး"
"အပေါက်ပိတ်"
"ဟွန့်"
"Necktieချည်ပေးမယ် "
"အင့် အဲ"
"မောင် ရပြီ "
"အင်း"
မွ
"ခစ်ခစ်"
"အင့်"
"ဟုတ် "
.....
"ဟုတ်ကဲ့ ဟုတ်ကဲ့"
.....
"ဟုတ်ပြီ ကိုယ်လာပြီ"
ခွမ်း
.....
"အေးအေး ဂရုစိုက် လဲသွားဦး"
"အေးအေး"
"မေမေ "
"အင်း ပြောလေသား"
"သား"
"ဟုတ် "
"ဖေဖေ!"
"ဘာ "
"မောင့်ကိုအဲ့လိုမပြောပါနဲ့ ဖေဖေ မောင့်ကကျွန်တော်အမျိုးသား ကျွန်တော့အမျိုးသားကိုဆဲဆိုတာတွေမပြောပါနဲ့ ကျွန်တော်မကြိုက်ဘူး"
"ဘ ဘာ"
"ဟုတ်တယ် ကျွန်တော်သိပြီးသွားပြီ ဖေဖေတို့ကိုမောင်ဒီလောက် လုပ်ပေးလိုက်တာ ကျေးဇူးတင်ရမယ် မောင်သာလူစိတ်မရှိရင် ကျွန်တော်တို့မိသားစု အခုချိန်ထိအသက်ရှိဦးမှာတောင် မဟုတ်ဘူးဖေဖေ လုပ်ရက်လိုက်ကြတာ ဘယ်လိုစိတ်နဲ့များ"
"အဲ့ အဲ့တာက"
တောက်
"ဟင်"
ဒုန်း
"အား"
.....
"****မှာပါ ဆရာ"
......
Words_2592
Lamin Eain
Song For this Chapter
Song For this Chapter