သူက ကြိုက်လွန်းလို့ ဖျက်ဆီးတယ်တဲ့လား ။ ဒါက သူ့ကို နာကျင်စေတယ်လေ ။ လွန်ကဲစွာနှစ်သက်တတ်သော လူသည် မုန်းတီးမှု နှင့် နောင်တမရှိသူ မည်သို့ဖြစ်နိုင်သနည်း...
မို့ရွှီတုန်း၏နှလုံးသည် အေးခဲလာသည်။ သူမ၏ အရိုးများနှင့် သွေးများမှတဆင့် အအေးဓာတ် စိမ့်ဝင်ကာ ခြေလက်များ နှင့် သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးကို ပျံ့နှံ့သွားသည် ။
ချင်းယွီဖန် က ဒါကို သတိမထားမိဘူး။ သူသည် ပန်းချီကားကို အလွန်နှစ်သက်ပြီး ၎င်းကိုရရှိရန် ကြိုးပမ်းအားထုတ်မှုများစွာ ပြုလုပ်ခဲ့သည်။ မို့ရွှီတုန်းက ဒါကို ပြင်လို့ရတုန်းပဲလို့ ပြောတာကို သူကြားလိုက်ရတော့ စိတ်မလှုပ်ရှားပဲ မနေနိုင်ပေ ။
သူ့ကိုယ်သူ မထိန်းနိုင်ဘဲ မို့ရွှီတုန်း၏ အင်္ကျီများကို ဆွဲကိုင်လိုက်သည်။ သူ့နှာခေါင်းထဲတွင် သင်းပျံ့သောရနံ့တစ်ခုရောက်ရှိလာပြီး သူ့နှလုံးခုန်သံ ပြင်းပြနေသည်။ သူ့ သတိပြန်ဝင်လာပြီး ဝတ်ရုံလက်စွပ်တွေကို အမြန်လွှတ်လိုက်တယ်။
သူမ၏ လှပသော မျက်နှာလေးကို မြင်လိုက်ရသောအခါ သူ ရှက်ရွံ့စွာ မနေနိုင်တော့ပေ။ သူသည် နှစ်ယောက်ကြားက အကွာအဝေးကို အမြန်ချဲ့လိုက်သည် ။
"ဝမ်းကွဲတုန်း တောင်းပန်ပါတယ်။ ကျုပ် စိတ်လှုပ်ရှားလွန်းလို့ပါ။ မင်းမှာ ဖြေရှင်းစရာ နည်းလမ်းရှိနိုင်မယ်လို့ တွေးမီပြီး ကျုပ် မယဉ်ကျေးခဲ့တာ။ ကျုပ်ကို ခွင့်လွှတ်ပါ" ထို့နောက် သူက လေးလေးနက်နက် ဦးညွှတ်လိုက်သည်။
"ဝမ်းကွဲဖန် မင်း ဘာပြောနေတာလဲ။ မင်း ဒီပန်းချီကားကို အရမ်းကြိုက်တယ်ဆိုတာ တို့သိတယ်။ တို့က ဘာလို့ လောင်းကြေးမထပ်ရတာလဲ"
သူမ၏ မျက်လုံးများ တောက်ပလာကာ သူမ၏ မျက်နှာပေါ်တွင် ချစ်စဖွယ် အပြစ်ကင်းသော အပြုံးတစ်ခုကို သိမ်းဆည်းထားလိုက်သည်။ သူမသည် ကမ္ဘာကြီးအကြောင်း မသိနားမလည်သော နုံအသော မိန်းကလေးတစ်ဦးဟု ထင်သွားစေသည်။
ယွီဖန် အံ့အားသင့်သွားတယ်။ သူ့ဝမ်းကွဲကြောင့် သူ အတော်လေး အံ့အားသင့်သွားတယ်။ သူက ရိုင်းတယ်ထင်ရပေမယ့် ဘာမှ မလုပ်ခင်မှာ အစီအစဉ်တွေ ချခဲ့တယ်။ မို့ရွှီတုန်းကို နှုတ်ဆက်တာတောင် တော်တော်စဉ်းစားပြီးမှ သူလုပ်ခဲ့ပေမဲ့ မို့ရွှီတုန်းရဲ့ ရုတ်တရက် အကြံပြုချက်ကြောင့် သူ အံ့သြသွားတယ်။
" ဟုတ်တယ်! ဝမ်းကွဲဖန်က တို့နဲ့ လောင်းဖို့ သတ္တိရှိမှာလား"
မို့ရွှီတုန်းက ရုတ်တရက် မတ်တပ်ထရပ်လိုက်တယ်။ သူမရဲ့ နက်မှောင်တဲ့ မျက်လုံးတွေက အမှောင်ညမှာ တောက်ပနေတဲ့ ကြယ်လေးတွေလိုပါပဲ။ သူမရဲ့ အသံက မှောင်မဲနေတဲ့ ကြယ်ရောင်ကောင်းကင်အောက်က လေတိုက်သလိုမျိုး အပြစ်ကင်းစင်ပါတယ်။ သူမဟာ ချင်းယွီဖန်ကို ငုံ့ကြည့်လိုက်တယ်။
သူမ လောင်းကြေးထပ်ဖို့ ပြောနေတဲ့ပုံစံက ခပ်မိုက်မိုက်နဲ့ ချစ်ဖို့ကောင်းလွန်းတယ်။သူမက အရမ်းအံ့သြစရာကောင်းတဲ့ သူတစ်ယောက်မို့ မျက်လုံးတွေကို မခွာနိုင်ဘဲ ကြည့်မီသွားသည် ။
“ဝမ်းကွဲဖန်ရော လောင်းဖို့ သတ္တိရှိလား” မို့ရွှီတုန်းက ပြုံးပြီး မေးတယ်။
ချင်းယွီဖန်က သူမကို တိတ်တဆိတ်ကြည့်နေတာကို သူမမြင်လိုက်တဲ့အခါ ချင်းယွီဖန်က ဘာ့ကြောင့် စကားမပြောတာလဲ သူမနားမလည်သလို မျက်ဝန်းတွေမှာ ရှုပ်ထွေးမှုတွေ အရိပ်အယောင်တွေ ပေါ်လာတယ်။ သူမရဲ့ နှုတ်ခမ်းပေါ်က အပြုံးက ဖြည်းညှင်းစွာ ကျဆင်းသွားတယ်။
"ကောင်းပြီ၊ ကျုပ် မင်းနဲ့ လောင်းမယ်။ မင်း ဘာလောင်းချင်လဲ။"
အမြဲတမ်း တည်တည်ငြိမ်ငြိမ်နဲ့ ဖွဲ့စည်းထားပြီး ဘယ်တော့မှ မသေချာမရေရာတဲ့ အရာတွေကို မလုပ်တတ်တဲ့ ချင်ယွီဖန်က မသိစိတ်နဲ့ ပြန်ဖြေလိုက်တယ်။ သူ့အကြည့်တွေက သူမနှုတ်ခမ်းပေါ် ကျဆင်းသွားသည် ။
သူမရဲ့ အပြုံးတွေ ပြန်ပေါ်လာသည်ကို တွေ့သောအခါ ချင်းယွီဖန် အံ့သြသွားသည်။ သူဘယ်တော့မှ မယုံကြည်တတ်ဘူး ၊ ဒါပေမယ့် အခု ကောင်မလေးက သူ့ကို အပြစ်ကင်းစင်စွာ လှည့်စားနေတယ် ။ သူ ချက်ချင်း ငြိမ်သက်သွားသော်လည်း မို့ရွှီတုန်း သည် ထိုအရာအားလုံးကို သတိပြုမိသည်။
သူမ၏ နှုတ်ခမ်းပေါ်ရှိ အပြုံးသည် ပို၍ပင် ဆွဲဆောင်မှု ရှိပြီး သူမ၏ မျက်လုံးများသည် အေးစက်စက်ဖြင့် လှပနေပါသည်။
"ဒီပန်းချီကို တို့တကယ်ပြင်နိုင်ရင် မင်းတို့ကိုပေးမှာလား။" မို့ရွှီတုန်းက ပြုံးလိုက်သည်။
"မပြင်နိုင်ရင်တောင် ကျုပ်က နောက်ထပ် ပန်းချီကားတစ်ချပ် ပေးချင်လို့ အဆင်သင့်ဖြစ်နေပြီ။ ဘယ်လိုလဲ"
ချင်းယွီဖန်ဟာ သူယုံကြည်မှုမရှိတဲ့ ဘယ်အရာကိုမှ ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး၊ ဒါကြောင့် မို့ရွှမ်မင်နဲ့ သူမကို ဆန့်ကျင်ရန် ကြံစည်တဲ့အခါ ခြေလှမ်းတိုင်းကို ဂရုတစိုက်နဲ့ လျှောက်လှမ်းခဲ့ပါတယ်။ သူတို့သည် သူမကို သူ့ထောင်ချောက်ထဲသို့ မသိလိုက်ဘဲ လှမ်းခေါ်လာခဲ့သည်။
သူမ၏ဒုတိယမြောက်ဘဝတွင်၊ မို့ရွှီတုန်းသည် သူမ၏အကြီးမားဆုံးပြိုင်ဘက်ဖြစ်သည့် သူ့ကိုကိုင်တွယ်ရန် အစီအစဉ်များစွာကို တွေးဆခဲ့သည်။ သူမတွင်ရှိခဲ့သော အကောင်းဆုံးအကြံမှာ မို့ရွှမ်မင်နှင့် ချင်းယွီဖန်တို့၏ဆက်ဆံရေးကို ဖျက်ဆီးပစ်ရန်ဖြစ်သည်။
သို့သော် သူမသည် ယခုမှရောက်ရှိခဲ့ပြီး သူတို့၏ဆက်ဆံရေးသည် မည်မျှအထိတိုးတက်ခဲ့သည်ကို မသိခဲ့ပါ။ ထို့ကြောင့် သူမသည် ၎င်းကို ဂရုတစိုက်ဖြင့် တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နိုင်ခဲ့သည်။ ဒီပန်းချီကားက ပထမခြေလှမ်းပင် ။
ချင်းယွီဖန်၏ စွန့်လွှတ်လိုက်ကာ လောင်းကြေးထပ်ခဲ့သော ခံစားချက်ကြောင့် သူမ စိတ်ရှုပ်သွားတယ်။ သူမ စကားမပြောနိုင်အောင် ထူးဆန်းနေသည်။ သူ့ရဲ့အကျင့်စရိုက်က သူမသိထားတဲ့ပုံနဲ့ လုံးဝကို ကွဲပြားနေတယ် ။
"ဝမ်းကွဲတုန်း မင်းသာ ပန်းချီကို တကယ်ပြင်နိုင်ရင် ကျုပ် မင်းကို ပေးလိုက်မယ်။ ဒါပေမယ့် မင်းမလုပ်နိုင်ရင် ကျုပ်ပန်းချီဆွဲဖို့ ချင်ဝေ့ဥယျာဉ်ကို လာခွင့်ပြုဖို့ မမေ့နဲ့"
ချင်းယွီဖန်မျက်ခုံးပင့်လိုက်ပြီး သူ့မျက်လုံးထဲတွင် စိတ်ဝင်တစား အရိပ်အမြွက် ပေါ်လာသည်။ အသက် 13 နှစ်သာရှိသေးသော မိန်းကလေးသည် ပန်းချီကားတစ်ချပ်ကို ပြုပြင်နိုင်သည်ဟု သူ မယုံနိုင်ပေ။ သူသည် မို့ရွှီတုန်းနှင့် လောင်းကြေးထပ်ရန် အဘယ်ကြောင့် မတွန့်ဆုတ်ခဲ့သနည်းဟု စဉ်းစားရန် မေ့သွားကာ မျက်ခုံးကို မြင့်တင်လိုက်သည်။
ဒီပန်းချီကားကို သူတကယ်ကြိုက်တယ်။ ဒီလိုမှမဟုတ်ရင် သူ ပန်းချီကားကို အခုလို ရာသီဥတုဆိုးရွားတဲ့အချိန်မှာ နေရာတော်တော်များများဆီ ယူဆောင်လာပြီး အကူအညီတောင်းခဲ့မှာမဟုတ်ဘူး ။ သူတို့မသိလိုက်ဘဲ နှစ်ယောက်ကြားအကွာအဝေးက နီးကပ်လာပြီး ပေါ့ပါးစွာရယ်မောလိုက်ကြသည်။
ချင်းယွီဖန်သည် ဥာဏ်ရည်ထက်မြက်သော မိန်းကလေး၏ လှပသော မျက်နှာကို ကြည့်ပြီး ရာသီဥတုကို ကြည့်ရှုရန် လှည့်ကြည့်လိုက်သည်။ နှင်းတွေကျနေသေးပေမယ့် အရင်ကထက်တော့ အများကြီးနည်းလာတယ်။ အေးစက်သောလေထဲတွင် ထူးဆန်းသောအမှုန်အမွှားအနည်းငယ်မျှသာ ကောင်းကင်မှ တဖြည်းဖြည်းကျလာနေသည် ။
"ဝမ်းကွဲဖန် တို့အဖေ့ကို သွားကြည့်ဖို့ ကျန်သေးတယ်။ ပန်းချီကားကို တို့နဲ့အတူ ယူထားလိုက်မယ်။ မကြာခင် ရက်အနည်းငယ်အတွင်း မင်းကို လာကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါ့မယ် "
မို့ရွှီတုန်းသည် ရာသီဥတုကို ကြည့်ပြီး ပိုင်ရီဟောက် သည် သူ့အဖေ၏ စာကြည့်ဆောင်မှ ထွက်သွားလောက်ပြီဟု တွေးခဲ့သည်။ သူမသည် ချင်းယွီဖန်ကိုပြုံးပြပြီး သူမနှင့်အတူ ပန်းချီကားကို ယူသွားခဲ့သည်။
"ကောင်းပြီ၊ ဒါဆို မင်းရဲ့ ဖိတ်ကြားချက်ကို ကျုပ်စောင့်နေမယ်။"
ချင်းယွီဖန်က ပြုံးပြီး ပြန်ဖြေတယ်။ သူက အတော်လေး စိတ်အားထက်သန်ပုံရပြီး သူမကိုတောင် ဦးညွှတ်နေပုံရတယ်။
မို့ရွှီတုန်းက ဝမ်းသာအားရ ပြုံးလိုက်သည်။ မို့ရွှီတုန်းသည် ပန်းချီကားကို ကိုင်ကာ နှင်းများထူထပ်သော အရပ်ဆီသို့ လှည့်ကြည့်လိုက်သည်။ နှင်းပွင့်များသည် သူမ၏ပခုံးပေါ်သို့ ကျလာပြီး သူမ၏ အနက်ရောင်ဆံပင်များ အနည်းငယ် စိုစွတ်သွားပြီး သူမသည် သာမညနတ်သမီးကဲ့သို့ပင် ဖြစ်နေသည် ။
မို့ရွှီတုန်း ရုတ်တရက် လှည့်ကြည့်လိုက်တော့ နှင်းဖုံးတလျှောက် ချင်းယွီဖန်၏ပုံရိပ်သည် ပန်းချီကားတစ်ချပ်တွင် ပါဝင်နေသကဲ့သို့ သူ၏အသွင်အပြင်သည် လက်ရာမြောက်သည်ဟု ခံစားမိသည်။ သူမ၏ မျက်လုံးများသည် မအေးစက်တော့ဘဲ မီးတောက်ကဲ့သို့ တောက်ပနေခဲ့သည်။
သို့သော် သူမ သူ့ကို ပြုံးပြပြီး နောက်လှည့်ကာ ထွက်သွားသည်။ ပေါ်လာသည့်အတိုင်း မီးတောက်နေသော အကြည့်သည် ရုတ်တရက် ပျောက်ကွယ်သွားသည်။ ချင်းယွီဖန်က မျက်မှောင်ကြုတ်ပြီး သူ့အမြင်မှားနေတာကို ခံစားလိုက်ရတယ်။
အပြစ်ကင်းစင်တဲ့ မိန်းကလေးက သူ့ကို ဒီလိုမျိုး ဘယ်လိုကြည့်နိုင်မလဲ ။ သူမထွက်သွားတာကို ကြည့်ပြီး သူ့မျက်လုံးတွေကို မသိစိတ်က မှိတ်ထားလိုက်တယ်။ သူ့မျက်လုံးများမှ အပြုံးသည် တဖြည်းဖြည်း စူးရှသော အကြည့်အဖြစ်သို့ ပြောင်းလဲသွားသည်။
မိုယုသည် မို့ဟွာဝမ်၏ စာကြည့်ဆောင် အပြင်ဘက်တွင် အကြာကြီး စောင့်ဆိုင်းနေခဲ့သည်။ မို့ရွှီတုန်း ချဉ်းကပ်လာသည်ကို သူမမြင်သောအခါ သူမလက်ထဲက အပေါ်ဝတ်ရုံကို အမြန်ဖွင့်ပြီး မို့ရွီတုန်းပေါ်သို့ တင်လိုက်သည်။
"မမလေး ၊ မိုဟယ်က အမှားလုပ်မိလို့ ခြံထဲမှာ ဒူးထောက်နေတယ် ။ကျုပ် မေးလိုက်တာ သူ ဘာမှ ပြန်မပြောဘူး"
မိုယု၊ မိုဟယ်နှင့် မိုလန်တို့သည် မိုရွှီတုန်းနှင့် အတူ ကြီးပြင်းလာကြသည်။ သူတို့သည် ညီအစ်မများထက် ပိုရင်းနှီးခဲ့ကြသည်။ မိုယုသည် ၎င်းတို့၏သခင်မ ပြန်လာမည်ဟု ယနေ့နံနက်အစောပိုင်းက သတင်းရရှိခဲ့ပြီး ခြံဝင်းကို သန့်ရှင်းရေးလုပ်ခဲ့သည်။ မိုဟယ် ဝင်လာသည်ကို ရုတ်တရက်မြင်လိုက်ရသောအခါတွင် သူမသခင်မ၏အခန်းကို သန့်ရှင်းရေးလုပ်ရင်း ဖြူဖပ်ဖြူရော်ဖြစ်နေသည့် မျက်နှာကို တွေ့လိုက်ရသည် ။
"မမလေးက သခင်ကြီးရဲ့ စာကြည့်ဆောင်ကို သွားရတော့မယ် ။ သူက ဘယ်လိုအမှားမျိုးလုပ်မိတာလဲ "
"မိုဟယ်က အမှားကြီးကြီးမားမား ကျူးလွန်မှာမဟုတ်ဘူးလို့ မင်းထင်လား"
မို့ရွှိတုန်းသည် သူမ၏ အပြာရောင်စကတ်ကို ရုတ်သိမ်းလိုက်ပြီး မေးသည် ။ နှင်းတွေ ထပ်ပြီး ထူထပ်လာကာ နှင်းပွင့်ကြီးတွေက သူမအပေါ်ကို ကျရောက်လာတယ်။ ခုနကဝတ်ခဲ့တဲ့ ဒေါင်းပြာဝတ်ရုံကြီးက ချက်ချင်း နှင်းတွေဖုံးသွားတယ်။ အဖြူရောင် နှင်းပွင့်များသည် အပြာရောင်ဝတ်ရုံပေါ် ကျရောက်လာပြီး သူမ၏ နူးညံ့ဖျော့ဖျော့သော ပါးပြင်များက နီရဲနေသည် ။ သို့သော် သူမ နှုတ်ခမ်းပေါ်မှ အပြုံးသည် အေးစက်နေသည်။
မိုယုသည် ရုတ်တရက် ကြောက်လန့်သွားသည်။ သူမ အောက်ကိုငုံ့ကြည့်လိုက်ပြီး မို့ရွှီတုန်း၏မျက်နှာကို မကြည့်ဝံ့ပေ။
"မိုယု၊ နင်တို့အားလုံး ငါနဲ့ ငါးနှစ် ခြောက်နှစ် အတူတူရှိခဲ့တာ မဟုတ်လား"
မို့ရွှီတုန်းက အနည်းငယ် ပြုံးလိုက်ပြီး သူမ၏ မျက်ခုံးများ အနည်းငယ် ကြွလာသည်။ သူမ နှုတ်ခမ်းပေါ်ရှိ အပြုံးသည် နူးညံ့သိမ်မွေ့လာပြီး မိုယုကို လှည့်မကြည့်ဘဲ နောက်ပြန်လှည့်သွားသည် ။ အဲဒီအစား မြေပြင်ပေါ်ကျလာတဲ့ သူ့ရှေ့က သန့်ရှင်းတဲ့နှင်းတွေကို သူမ ကြည့်လိုက်တယ်။ နှင်းတွေက အရောင်တူပေမယ့် သူတို့ဆင်းသက်တဲ့ နေရာကြောင့် မတူကြဘူး။
အချို့မှာ ဖြူစင်သန့်ရှင်းနေပြီး အချို့မှာ ရွှံ့မြေထဲသို့ လဲကျသွားသည်။ တစ်ချို့က ရေစက်လေးတွေ ဖြစ်သွားကြပြီး ဇီးသီးပွင့်တွေပေါ် ဆင်းသက်ကာ မွှေးရနံ့တွေ ကိုင်ဆောင်ထားကြတယ်... ဒါပေမယ့် ဘယ်နေရာမှာ ပြုတ်ကျသွားပါစေ သူတို့အားလုံးကို လေက သယ်ဆောင်လာပေးလာခြင်းဖြစ်တယ်။ သူတို့သွားချင်တဲ့နေရာကို သူတို့ဘာသာ မဆုံးဖြတ်နိုင်ဘူး။
သန့်ရှင်းသောနေရာ ၊ ရွှံ့များ၊ ဇီးသီးပွင့်များပေါ်မှ ရေစက်များအဖြစ်သို့ ဘယ်လို ပြောင်းသွားသည်ဖြစ်စေ၊ သူတို့က တူညီသောနေရာတစ်ခုက ဆင်းသက်လာတာပဲ ။
"မမလေး....... ကျုပ်တို့ မမလေးနဲ့ အတူတူရှိတာ ခြောက်နှစ်ရှိပြီ"
မိုယုသည် မို့ရွှီတုန်း၏နောက်တွင်ရပ်နေပြီး သူမ၏အမူအရာကို မမြင်နိုင်ပေ။ သို့သော် သူမ၏အသံတွင် အေးစက်မှုနှင့် ဝမ်းနည်းမှုကို သူမကြားနိုင်သည်။
အဲအချိန်က ခုနစ်နှစ်ပဲရှိသေးတဲ့ သူတို့ရဲ့ သခင်မလေး ရှေ့မှာ သူမတို့အတူတူရှိတုန်းက ဖြစ်ပျက်ခဲ့တာတွေကို သူမ မမေ့နိုင်ခဲ့ပါဘူး။
မိုဟယ်သည် ထိုအချိန်က အငယ်ဆုံးဖြစ်ပြီး သူမသည် သူ့သခင်မကို ချောင်းကြည့်ကာ ဘာမှ မပြောဝံ့ပေ။ သူမ စကပ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကာ သူမ စိတ်လှုပ်ရှားနေခဲ့သည်။ ဒါတောင်မှ မိုဟယ်သည် မမလေးကိုချောင်းကြည့်၍ မမလေးကို ပြုစုစောင့်ရှောက်ပါမည့်ဟု ကြွေးကြော်လေသည် ။
သူမကိုသာ မဝယ်ခဲ့ပါက သူမသည် နောက်တစ်ကြိမ် ပြန်ရောင်းစားခံထိမည် ဖြစ်သည် ။ သူတို့ကို ရောင်းစားရန် ခေါ်လာသော အဘွားကြီးများသည် သူတို့အား ဆူပူကြိမ်းမောင်းပြီး အစာငတ်ထားလေ့ရှိသည် ။
မို့ရွှီတုန်းသည် သူတို့ကို လက်ညှိုးထိုးပြပြီး နေဖို့ပြောတာကို ကြားလိုက်ရတော့ မိုယုက ရင်ဘတ်ထဲက ခုန်ထွက်လုနီးပါး ဝမ်းသာသွားသည် ။သူမက မိုဟယ်ကို ကမန်းကတန်း ဆွဲထုတ်လိုက်ပြီး သခင်မလေးရှေ့မှာ ဒူးထောက်ထိုင်လိုက်သည် ။ အဲဒီ့အချိန်ကစလို့ သူတို့ရဲ့သခင်မလေး အတူတူရှိခဲ့တာ “ခြောက်နှစ်" ရှိပြီ ။
"တော်တော်တောင် ကြာနေပြီ!"
မို့ရွှီတုန်းက သက်ပြင်းတစ်ချက်ချလိုက်ပြီး အနည်းငယ် ထိတ်လန့်တုန်လှုပ်နေသော မိုယုကို လှည့်ကြည့်လိုက်ပြီးနောက် သူမသည် လေးလေးနက်နက် မေးသည်
"မိုယု၊ မင်းအနာဂတ်မှာ မင်းဘာလုပ်မယ်ဆိုတာကို အားလုံးစဉ်းစားပြီးပြီလား။ မင်း တို့နောက်လိုက်မှာလား ဒါမှမဟုတ် တခြားအစီအစဉ်တွေရှိလား။ တခြားအစီအစဉ်တွေရှိရင် တို့ မင်းတို့အားလုံးကို အပြစ်မတင်ပါဘူး။ မင်းတို့အားလုံး အဆင်ပြေပြေ ထွက်သွားခွင့်ပေးပါလို့ အဖေ့ကို တို့ပြောလိုက်မယ် ။ မင်းတို့အားလုံး တို့နဲ့ ဒုက္ခရောက်ကြပြီ။”
“သခင်မလေး၊ ကျုပ် မမလေးကို နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ပြီး မမလေး ကိုထားခဲ့ဖို့ ကျုပ်ဘယ်တော့မှ မတွေးဖူးဘူး "
မိုယုက ပြင်းပြင်းထန်ထန် ဒူးထောက်လိုက်ပြီး မို့ရွှီတုန်းရဲ့ ဒူးကို ကိုင်ကာ အသံကျယ်ကျယ် အော်ဟစ်လိုက်ပါတယ်။ သူမရဲ့ နူးညံ့သိမ်မွေ့တဲ့ သခင်မလေးက ဘာကြောင့် အရမ်း တင်းမာပြီး သူတို့ကို နှင်ထုတ်ချင်နေရတာလဲ ။
သူမတို့ အဝေးကို မထွက်သွားနိုင်ဘူး ။ မိုဟယ်ရဲ့ စရိုက်အရတော့ သူမ အသက်ကိုတောင် ထိန်းထားနိုင်မှာ မဟုတ်ဘူး ! မိုဟယ်သည် အဖုအထစ်မျှသာဟု သူမ အမြဲတွေးခဲ့ဖူးသော်လည်း ပိုင်ရီဟောက်ကြောင့် သူမဘဝမေ့သွားလောက်သည့်အထိ ငေးမောနေမည်ဟု သူမ မျှော်လင့်ခဲ့ပေ။
မိုဟယ်သည် သူမ၏ကိုယ်ပိုင်အဆင့်အတန်းကို လျစ်လျူရှုပြီး ပိုင်ရီဟောက် ၏နောက်သို့လိုက်သွားကာ သူ့သခင်မကိုပင် လျစ်လျူရှုထားခဲ့သည်။ထို့နောက် အိမ်တော်အဝင်ဝတွင် တစ်ယောက်ယောက်နှင့် ရန်ဖြစ်လုနီးပါးပင်ဖြစ်ခဲ့သည်။
ပိုင်ရီဟောက်ရဲ့နောက်ကိုလိုက်နေတဲ့သူက အိမ်အကူတစ်ယောက်လို့ တခြားသူတွေက ထင်ကြမှာ မဟုတ်ဘူး ။ အရှက်ကင်းမဲ့သူသည် မိုရွှီတုန်းဟုသာ ထင်ကြလိမ့်မည်။
သူမက ပိုင်ရီဟောက် ကို ချစ်ရုံတင်မကဘဲ ပိုင်ရီဟောက်ရဲ့ အိမ်အကူနဲ့လည်း ရန်ဖြစ်ခွင့်တောင် ပေးထားတယ်လို့ ထင်ပါလိမ့်မယ် ။ နောက်ဆုံးတွင် သူ့အပြစ်တွေကို ဖယ်ရှားဖို့ သူမသေရလိမ့်မယ်
မိုဟယ်က ဒီလိုပြဿနာကြီးကိုတောင် ဆွဲခေါ်လာတယ်လား.....
ဒီအတွေးကိုတွေးမိပြီး မို့ရွှီတုန်းသည် မထိန်းနိုင်ဘဲ တုန်လှုပ်သွားသည်။ သူမ မျက်လုံးကို တင်းတင်းမှိတ်ထားရင်း သက်ပြင်းချကာ မိုယုကို ဆွဲတင်လိုက်သည်။
ခြေသံများနှင့်အတူ နှိမ့်ချရယ်မောသံများ ထွက်ပေါ်လာပြီး ထိုရယ်သံက နူးညံ့ကြည်လင်သည်။ မို့ရွှီတုန်းကို တင်းတင်းကြပ်ကြပ် မတ်တပ်ရပ်သွားစေသည့် လှောင်ပြောင်ရယ်မောမှုတစ်ခုဖြစ်သည်။
"တတိယသခင်မလေး မို၊ နှင်းကျတာကို ကြည့်ပြီး စိတ်ဆိုးနေတာလား။"
မို့ရွှီတုန်းခေတ္တရပ်ပြီး လှည့်ကြည့်လိုက်သည်။ မိုယု လည်း မတ်တပ်ထရပ်ပြီး မို့ရွှီတုန်း၏နောက်သို့ ကြည့်ကာ ဆတ်ဆတ်တုန်လှုပ်သွားခဲ့သည်။ ပိုင်ရီဟောက် ကလွဲလို့ တခြားသူမရှိပေ ။
ဖြူဖွေးလှပသော လူငယ်လေးသည် သစ်ပင်ကို မှီ၍ မရေမတွက်နိုင်သော အပြုံးဖြင့် သူမကို ကြည့်နေသည်။ မို့ရွှီတုန်းသည် မသိစိတ်မှ နောက်သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်။ သူမသည် သတိထားကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် သူမသည် သတိပြန်ဝင်လာကာ တုံ့ပြန်မှုလွန်ကဲသွားသည်ကို သိလိုက်ရသည်။
ပိုင်ရီဟောက်ဟာ အနာဂတ်မှာ ဘယ်လိုလူမျိုးဖြစ်လာပါစေ၊ သူဟာ နူးညံ့သိမ်မွေ့ပြီး လှပတဲ့ လူငယ်တစ်ယောက်ပါပဲ။ သူသည် အဝေးမှနေပြီး သွေးဆာနေသော လူသတ်သမားမဟုတ်ပေ။ သူမ နှုတ်ခမ်းကို ကိုက်ပြီးနောက် ပြုံးပြပြန်သည်။ သူမ၏ မျက်လုံးများသည် ရေစီးကြောင်းကဲ့သို့ ကြည်လင်နေပါသည်
"ဆရာပိုင် မင်းအဖေနဲ့ စကားပြောပြီးပြီလား"
"ဒါက ကြီးကြီးမားမားတော့ မဟုတ်ပါဘူး၊ ကျုပ်က သခင်မလေး မိုကို မေးချင်တာက ချင်းကို ကျုပ်ဆီကနေ သင်ယူဖို့ဆန္ဒရှိလား"
ပိုင်ရီဟောက်က သူပြောတာကို သူမ လျစ်လျူရှုတာကြောင့် ဒေါသထွက်ပုံမပေါ်ပေ ။ သို့သော် သူပြောသောစကားသည် မို့ရွှီတုန်းကို တောင့်တင်းသွားစေသည်
"ချင်းကို သင်ယူရမယ် ?"
သူမ သူ့ကို မျက်လုံးပြူးကျယ်ဖြင့် ကြည့်ကာ ခဏတာ တုံ့ပြန်နိုင်စွမ်းမရှိပေ။ သူမသည် ဤစာကြောင်းကို အံ့အားသင့်သည့်ပုံစံဖြင့်သာ ပြောနိုင်သည်။
"မှန်ပါတယ်။ ချင်းကို သင်ယူရမယ် ။ သခင်မိုက ကျွန်တော့်ကို စောစောက ကတိပေးခဲ့တယ်။ သူက ကျွန်တော့်ကို အမြဲတမ်း သဘောကျပြီး ချင်းကို သင်ယူဖို့ စီစဉ်နေတယ်လို့ ပြောခဲ့ပါတယ်။ ကျွန်တော် မမေးခဲ့ရင်တောင် မင်းက ချင်းကို သင်ယူဖို့ စီစဉ်ခဲ့တာလို့ ပြောတယ်။ ကျုပ် အလျင်လိုသွားတာလား "
ပိုင်ရီဟောက် ရဲ့ မျက်နှာကို တစ်ချက်မှ မကြည့်ရင် သူ့စကားတွေက ယဉ်ကျေးတဲ့ပုံပေါက်နေလိမ့်မယ်။ သို့သော် သူသည် ချဉ်းကပ်လာသည်နှင့်အမျှ သူ့ဝတ်ရုံလက်စွပ်များကို လှန်လိုက်သည်။ မို့ရွှီတုန်းသည် သူမ၏ ဒေါသကို တိုးလာသလို ခံစားလိုက်ရသည်။
ချင်းကို လေ့လာမယ်.....
သူမ ဘယ်တုန်းက ချင်းဂီတကို သင်ယူချင်ခဲ့တာလဲ....
ဒါက အတိအကျ ဘာအဓိပ္ပါယ်လဲ ။ သူပြောသမျှကို မျက်စိမှိတ်ထားစရာမရှိလောက်အောင် ချောမောလှပသော သူကို စိုက်ကြည့်နေသည်။ သူမက မျက်တောင်ခတ်ပြီး ခါးသီးစွာမေးတယ်
"တို့ ချင်းကိုသဘောကျပြီး ဆရာပိုင်ဆီကနေ သင်ယူဖို့ လိုအပ်လာတဲ့အချိန်ဆို တို့ ဆရာဆီမှာ သင်ယူပါမယ် "
ပိုင်ရီဟောက်က သက်ပြင်းချလိုက်ပြီး သူ့လက်ကို ပြေပြစ်စွာ ဆန့်တန်းလိုက်သည် ။ မို့ရွှီတုန်း သည် သူဘာလုပ်ချင်သည်ကို မသိဘဲ သူမဝတ်ရုံပေါ်သို့ ပိုင်ရီဟောက်၏ လက်ချောင်းသွယ်သွယ်လေးများ ကျရောက်နေတာကို စိုက်ကြည့်နေသည်။ သူက သူမ အပြင်ဝတ်ရုံပေါ်ရှိ နှင်းများကို ကူညီဖယ်ရှားပေးနေသည် ။
ယောက်ျားတစ်ယောက်ဟာ မိန်းမထက်တောင် ပိုသေးသွယ်တဲ့ လက်တစ်စုံ ဘယ်လိုရှိနိုင်မလဲ။ သူ့လက်က သူမဝတ်ရုံပေါ်ကို ရွေ့နေတာကို ကြည့်ရင်း မို့ရွှီတုန်းရဲ့ မျက်နှာ နီမြန်းသွားတယ်။ သူမ ခြေလှမ်းအနည်းငယ် လှမ်းကာ နောက်ပြန်ဆုတ်ပြီး ဒေါသတကြီး စိုက်ကြည့်နေသည်။
"ပိုင်ရီဟောက် ၊ မင်း..." လို့ ဒေါသတကြီးပြောရင်း သူမရဲ့ မျက်တောင်ရှည်တွေက တဖျပ်ဖျပ်ခတ်လာသည် ။ သူ့လို မြင့်မြတ်တဲ့ သူတစ်ယောက် ဘယ်လိုမျိုး ဒီလောက် မရိုးမသား လုပ်နိုင်ရတာလဲ။
"ဒါဆို မင်းကျုပ်နာမည်ကို တိုက်ရိုက်ပြောရလောက်အောင်ကို သဘောကျသွားပြီးလား ။ ဆိုတော့ ကျုပ်လည်း မယဉ်ကျေးတော့ဘူး ။ တုန်းအာ မင်းအဖေက မင်းကိုလိုက်ရှာနေတာ"
ပိုင်ရီဟောက် က သူမကို ညင်သာစွာ ကြည့်နေသည် ။ သူ့မျက်လုံးများသည် နူးညံ့သိမ်မွေ့သော ရေကန်များနှင့် ပြည့်နေသည်။
"မြန်မြန်သွား။ သခင်မိုက မင်းကို ဒီအကြောင်းပြောပြလိမ့်မယ်!" ထို့နောက် မို့ရွှီတုန်း၏ အဖြေကို မစောင့်ဘဲ လှည့်ထွက်ခဲ့သည်။
နှင်းတွေက ကောင်းကင်ကနေ ကျလာတယ်။ နှင်းတွေလို ဖြူဖွေးသော ၀တ်စုံကိုဝတ်ထားတဲ့ အရပ်ရှည်ရှည်နဲ့သူကို မို့ရွှီတုန်း အဝေးကနေ လှမ်းကြည့်လိုက်တယ်။