နှင်းဆီထက်ကဆူးခက်ဝိုင်[Comple...

By Ta_yaw2006

1M 51.7K 1.2K

အရာအားလုံးကိုသိမ်းပိုက်တဲ့ပင်လယ် ပင်လယ်လို အတ္တကြီးတဲ့ မောင် နှလုံးသားကိုပါ အပိုင်သိမ်းတော့ နစ်မွှန်းသွားသူက... More

ဝိုင်(၁)
ဝိုင်(၂)
ဝိုင်(၃)
ဝိုင်(၄)
ဝိုင်(၅)
ဝိုင်(၆)
ဝိုင်(၇)
ဝိုင်(၈)
ဝိုင်(၉)
ဝိုင်(၁၀)
ဝိုင်(၁၁)
ဝိုင်(၁၂)
ဝိုင်(၁၃)
ဝိုင်(၁၄)
ဝိုင်(၁၅)
ဝိုင်(၁၆)
ဝိုင်(၁၇)
ဝိုင်(၁၈)
ဝိုင်(၁၉)
ဝိုင်(၂၁)
ဝိုင်(၂၂)
ဝိုင်(၂၃)
ဝိုင်(ဇာတ်သိမ်းပိုင်း)
ဝိုင်(အပိုင်းပို valentine's day)
ဝိုင်(အပိုင်းပို anniversary)
ဝိုင်(အပိုင်းပို ၂ anniversary)
ပြင်ဆင်ချက်
ကိုကို့ကလေးလေး
Book!!!

ဝိုင်(၂၀)

27.2K 1.4K 18
By Ta_yaw2006

Unicode

"ကိုကို သိပ်ချစ်တဲ့ ကိုကို့ဖေဖေနဲ့မေမေပဲ"

"ဘာ!"

ကြားကြားချင်းဘဲ ရှိသမျှသွေးတွေဆောင့်တတ်
လာသလို။ဘာတွေလဲ တကယ်ဘဲမောင်ပြော
တာအမှန်တွေဖြစ်နိုင်ပါ့မလား ဟင့်အင်း ဖေဖေ
တို့ကအဲ့လောက်တော့ မလုပ်ပါဘူး။ဟုတ်တယ် မလုပ်လောက်ဘူး။တုန်ရီနေသောလက်တို့ကို အကြိမ်ကြိမ်ပွတ်တိုက်ရင်း အကြောက်တရားတို့က စိုးမိုးလာတော့သည်။အမှန်တရားသာဖြစ်ခဲ့ရင်...
ဟင့်အင်း မဟုတ်ဘူးမလား ငါ့ကိုစနေတာ

"မောင် မဖြစ်နိုင်ပါဘူး နော် မဖြစ်နိုင်တာ မောင် ငါ့ ငါ့ကိုမစပါနဲ့"

"မောင် ပြောခဲ့တယ်လေ ကိုကို ခံနိုင်ရည်ရှိပါ့မလားလို့"

"တ တကယ်ပဲလားဟင် ငါ့ကိုရှင်းပြပါဦးကွာ ငါတကယ်  မယုံနိုင်လို့ပါ မယုံနိုင်လို့.."

"အင်း ကိုကို မောင် ၁၀တန်းစာမေးပွဲဖြေပြီးတဲ့နေ့ကို မှတ်မိလား"

အင်း သူသိပ်မှတ်မိတာပေါ့ အဲ့နေ့က သူ အပျော်ဆုံးနေ့ဖြစ်ခဲ့တာပဲ။ မေ့စရာလား

"မှတ်မိတယ်"

"အင်း အဲ့နေ့က..."

.......
ဘဝတစ်ခုရဲ့အရေးကြီးဆုံး ဆုံးဖြတ်ချက်ချပေးမဲ့ ၁၀တန်းစာမေးပွဲကြီးကို ပြီးဆုံးအောင်ဖြေနိုင်ခဲ့ပါသည်။အခုမှရင်ထဲကအလုံးကြီးကျသွားသလို။သွားလာတဲ့ လမ်းတစ်လျှောက်လုံး ညည်းညူသံတွေ ရယ်မောသံတွေကြားနေရပါသည်။အဖြေတိုက်ရင်းမှားတဲ့သူတွေကညည်းညူကြရင်း လွပ်လပ်သွားပြီဖြစ်တဲ့အချိန်ရောက်၍ပျော်တဲ့သူများကလည်း ရှိသေးသည်။ကိုယ့်ကိုလျှောက်လည်ဖို့ခေါ်မဲ့သူငယ်ချင်းမရှိသလို စကားပြောဖူးတဲ့သူငယ်ချင်းဆိုတာလည်း မရှိခဲ့ပေ။ ကိုယ်ကိုယ်တိုင်ကလည်း ဖာသိဖာသာနေတတ်တော့ အပေါင်းအသင်းမရှိ။ စာဖြေဆောင်ထဲက ကိုယ့်ဘာသာအေးဆေး ထွက်လာခဲ့လိုက်တယ်။ ကိုယ့်အတန်းထဲကသူတွေကလည်း သူ့ရုပ်ကြည့်ကာရှိန်နေကြတော့ စကားလာမပြောရဲကြ။ကိုယ့်အတွက်က သူငယ်ချင်းရှိရှိမရှိရှိအဆင်ပြေပါသည်။အဓိကက စာမေးပွဲကိုဖြေနိုင်ဖို့သာ။

သူကတော့ အဲ့တာတွေလျှစ်လျူရှူကာ ကျောင်းရှေ့ကတမာပင်ကြီးအောက် ကိုကို့ ကို ထိုင်စောင့်နေလိုက်သည်။သူ့ထက်တစ်နှစ်ကြီးတဲ့ကိုကိုက ဆယ်တန်းမှာ ဂုဏ်ထူး ၄ဘာသာဖြင့်အောင်ကာ engineerလိုင်းယူပြီး ပထမနှစ် တက်နေပြီဖြစ်သည်။ဆယ်တန်းသင်နေတဲ့ကာလအတွင်း ကျူရှင်မတက်နိုင်တဲ့သူ့ကို ကိုကိုက သင်ပြစရာရှိတာသင်ပြပေးပါသည်။

ခဏကြာတော့ ကလစ်ဘီးဖြင့်ရောက်လာတဲ့ ကိုကို့ ကိုတွေ့တော့ သူမတ်တပ်ရပ်လိုက်ကာ ကိုကို့ ကို ပြုံးပြလိုက်သည်။ ဆယ်တန်းပြီးပြီးချင်း ကိုကို့ကို သခင်မကြီးက ဆိုင်ကယ်ဝယ်ပေးထားတာ။သူရော ဆယ်တန်းအောင်ရင် မေမေ ဘာပေးလောက်လဲလို့တွေးမိတိုင်း အားငယ်တယ်လို့မခံစားရ။မေမေကသူ့ကို တန်ဖိုးကြီးပစ္စည်းဝယ်မပေးနိုင်ရင်လည်း ဘာမှမဖြစ်ဘူး။မေမေက သူ့ကိုချစ်ပေးနေတာကိုဘဲ သူကျေနပ်တယ်။ခေါင်းလေးကိုပုတ်ခံလိုက်ရတာကြောင့်အသိပြန်ဝင်လာတော့ ကိုကိုက သူ့ရှေ့ရောက်နေပြီ။

"ဖြေနိုင်လား မောင်"

"ဟုတ် ဖြေနိုင်တယ် "

"ဟုတ်ပြီ ဘယ်လောက်ထိမှန်းထားလဲ"

"ဟီး ၂ဘာသာလောက်ပေါ့ "

"ကဲ ဘာစားချင်လဲ ကိုကို လိုက်ကျွေးမယ်"

"ဟို ဒီပါဦးမောင်"

အသံကြားရာလှည့်ကြည့်တော့အတန်းထဲကကောင်မလေး။နာမည်အပြည့်အစုံတော့ မသိပေမဲ့လူကိုတော့မျက်မှန်းတန်းမိပါသည်။

"ဟိုလေ ဒါလေး"

"ဟင်"

ကြည့်လိုက်တော့စာရွက်ခေါက်လေးတစ်ခု။ချက်ချင်းလက်ထဲ အတင်းဇွတ်ထည့်ပြီး ပြေးထွက်သွားတော့သူ့မှာအကြောင်သား။ဘာကြီးလဲ ဒါကြီးက

"မောင်"

"ဗျ ဗျာ"

"သူ့ကိုသိတာလား"

"ဟုတ် သိတော့သိပေမဲ့ ခင်တော့မခင်ပါဘူး"

"အွင်း ပြစမ်း ငါ့ကို"

"ဟာ.. ကိုကို "

မတားလိုက်ရသေးခင်မှာဘဲ အတင်းဆွဲယူသွားသူကကိုကို။တစ်ယောက်ကလည်းဇွတ်ပေး တစ်ယောက်ကလည်းဇွတ်ယူ စာပေးခံရတဲ့ကိုယ်က ငြိမ်ငြိမ်လေးကုတ်နေရသည်။

"ကလေးတွေများမလွယ်တာကွာ ရည်းစားစာကြီး သွား လွင့်ပစ်လိုက်ပြီနော် မောင်"

ပြောပုံက ကိုယ့်ထက်၅နှစ်လောက်ကြီးနေသလို။ကိုယ့်မှာစာပေးသွားတဲ့ ကောင်မလေးမြင်သွားမလားလို့ကြည့်ရသေးသည်။အားနာမိလို့တော့မဟုတ်။မြင်သွားရင် ကိုကို့ကိုမကောင်းမြင်နေမှာစိုးလို့။

"၁နှစ်ထဲကွာတာကို ကိုကိုရယ် "

ခေါင်းအသာလေးခေါက်ခံရလိုက်ပါသည်။မနာပေမဲ့အသာလေးမူပိုကာနာချင်ယောင်ဆောင်လိုက်သည်။

"တိတ် မင်းကသူ့ဘက်ကလား"

"မဟုတ်ပါဘူးဗျာ အိမ်ပြန်ရအောင် ကိုကို"

"ဟင် ဘာမှမစားတော့ဘူးလား ငါဝယ်ကျွေးမလို့ကို"

"မေမေစောင့်နေလိမ့်မယ် ပြီးတော့မေမေကဟင်းတွေချက်ထားမယ်တဲ့ကိုကို"

ကိုကို့ကိုစားဖို့တော့မပြောတော့ပါ။ကိုကို့လိုသခင်လေးက သူ့လို့အစေခံ မိသားစုဆီ လာစားဖို့မဖိတ်ဝံ့။အဆင့်အတန်းကကွာခြားလွန်းတယ်မလား။

"ဟာ ဟုတ်လား မင်းကငါ့ကိုစားဖို့တောင်မခေါ်ဘူး"

မျက်စောင်းလေးထိုးကာပြောပြန်တော့သူ့မှာအားနာရပြန်သည်။

"ဟို သခင်မကြီးသိရင်ကိုကို့ကိုဆူမှာဆိုးလို့ပါ"

အပြင်မှာသာ ကိုကိုနဲ့နေချင်သလို နေလို့ရပေမဲ့ စံအိမ်အတွင်းဆို အဆင့်အတန်းခွဲခြားလွန်းတဲ့အိမ်ကြီးရှင်တွေကြောင့် အနေထိုင်ဆင်ခြင်ရပါသည်။

"ခါတိုင်းလည်းခိုးလာတာဘဲဟာကို တက်တက် အာ  ဗိုက်ဆာလာပြီ"

"ဟုတ်"

"ငါ့ခါးကိုသေချာဖတ်ထားနော် ငါဗိုက်ဆာလာပြီ အမြန်မောင်းမှာ"

"ဟုတ်ကဲ့ပါဗျ"

ဒီလိုနဲ့ကိုကို့ခါးကိုဖက်ကာအိမ်ပြန်လာခဲ့ရပြန်သည်။

......
"တီနွယ် မောင် ဒီနေ့ ရည်းစားစာပေးခံရတယ် သိလား"

"ဟယ် "

"ကိုကို"

"တီနွယ့် သားက ရည်းစားတွေဘာတွေထားချင်နေလားမသိဘူး ရည်းစားစာပေးတာကိုငြင်းလွှတ်တာမဟုတ်ဘူး"

"ဟာ ကိုကိုကလည်း ဟိုကအတင်းဇွတ်ပေးသွားတာကြီးကို ကျွန်တော်ကဘယ်လိုငြင်းရမှာလဲလို့"

"မသိဘူး သွား မင်းရည်းစားထားရင် ငါတီနွယ်နဲ့တိုင်မှာ"

"အဲ့ဒါဆို ကျွန်တော်ကကောင်မလေးမထားရဘူးလား"

"ငါတောင်မထားတာ ကလေးကကလေးလိုနေစမ်း"

"၁နှစ်လေးကြီးတာကို"

"ကဲကဲ သခင်လေးကလည်း သား ရည်းစားထားတာသိရင် ကျွန်မဆီလာတိုင် သားလည်း အသက်မပြည့်မချင်း ကောင်မလေးမထားရဘူးနော်"

" ဟီး ဟုတ် တီနွယ်"

"ဟုတ်ကဲ့ပါ မေမေ"

" စားကြစားကြ လိုချင်ရင်ရှိသေးတယ်နော် ထမင်းက"

စကားသာရပ်သွားတာ ရှေ့ကနေလူကို ပြောင်ပြနေတာ အဲ့ဒါကို သူ့မှာအမြင်မကတ်နိုင်။တခါတလေကျ ကိုကိုကသိပ်ချစ်ဖို့ကောင်းလွန်းသည်။

ထမင်းစားပြီးတာနဲ့ စားပြီးသားပန်းကန်တွေကိုဆေးဖို့ယူလာလိုက်သည်။ကိုကိုက​တော့ လက်ဆေးဖို့နောက်ကနေလိုက်လာသည်။စဥ့်အိုးဘေး ပန်းကန်ခဏချထားပြီး ကိုကိုလက်ဆေးဖို့နေရာဖယ်ပေးလိုက်သည်။ကိုကိုလက်ဆေးပြီးမှ သူပန်းကန်တွေကိုဝင်ဆေးလိုက်သည်။ကိုကိုကတော့ဘယ်မှမသွားဘဲ သူ့ကိုဘေးကနေထိုင်ကြည့်နေတယ်။အစကတော့နေရခက်ပေမဲ့ နောက်ပိုင်းနေသားကျသွားတော့အကြည့်ခံရလည်း ပုံမှန်ဖြစ်သွားလေသည်။

"မောင်"

"ဗျာ"

" ညကျ ငါနဲ့ အပြင်ထွက်ရအောင်"

"ဟင်"

"ညစျေးတန်းလျှောက်လည်မယ်လေ ငါသွားချင်လို့မင်းလည်း စိတ်ပေါ့အောင်လေ သွားရအောင် နော် မောင်"

"ကိုကိုသွားချင်ရင်ရပါတယ် ဒါပေမဲ့ သခင်မကြီးက"

"ရတယ် ငါရအောင်ပြောထားလိုက်မယ်"

"ဟုတ် အဲ့ဒါဆိုကျွန်တော်စောင့်နေမယ်ဗျ"
......

" လာ သွားရအောင်"

"လမ်းလျှောက်သွားမှာလားကိုကို"

"အေးပေါ့ လမ်းလျှောက်သွားမှ ကောင်းတာ မင်းကလဲဝတ်ထားတာက လူကြီးကြီးကျလို့ ပုဆိုးကြီးနဲ့"

"ကျွန်တော့်မှာဝတ်စရာဒါဘဲရှိလို့"

အဲ့လိုဖြေလိုက်တော့ ကိုကိုကအားနာသွားတဲ့ပုံ။တကယ်လည်း ကိုယ့်မှာဝတ်စရာဆိုလို့ဒါဘဲရှိသည်။ဘောင်းဘီဆိုတာကလည်း အကောင်းတစ်ထည်မှမရှိ။ကိုယ်ကိုယ်တိုင်ကလည်း ပုဆိုးသာဝတ်ရတာကြိုက်တာမို့ အဆင်ပြေပါသည်။မေမေ့ကိုဟိုဟာဒီဟာမပူဆာချင်ဘူး။ဒီလောက်တော့သူ သိတတ်ရမယ်မဟုတ်လား။

"လာ သွားရအောင်လေ ကိုကို"

"အွန်း အွန်း"

.....
ညစျေးတန်းရောက်တော့ အချိန်ကလည်း ၈နာရီလောက်ရှိပြီမို့ လူတော်တော်စည်သည်။မီးရောင်စုံများဖြင့်တောက်ပနေတဲ့ ညစျေးကိုအရင်ကလာချင်ပေမဲ့ စာနဲ့လုံးပန်းနေတာနဲ့ မလာဖြစ်။လာလို့လဲမရလောက်ဘူး။ကိုကို့ကျေးဇူးနဲ့သာ ပထမဆုံးလာဖူးခြင်းသာ။ညစျေးတန်းက ဘယ်လောက်ရှည်လဲဆိုမျက်စိတစ်ဆုံးပဲ။အစားအသောက်ကလည်းအစုံ။ကိုကိုဘဲ အမြဲတမ်း သူ့ကိုဝယ်ကျွေးနေရတာမို့ ဒီနေ့တော့သူ ဝယ်ကျွေးဖို့ စုထားတဲ့ပိုက်ဆံယူလာခဲ့သည်။မေမေကကျောင်းမုန့်စားဖို့ မုန့်ဖိုးပေး​ပေမဲ့ ကိုယ်ကမသုံးဖြစ်။အင်းဒီညနေကမှ စုထားတဲ့ပိုက်ဆံကစစ်ကြည့်တော့ ၂သောင်းကျော်လောက်ရသည်။ကိုယ်တွေလိုလူတွေကျ ပိုက်ဆံ၂သောင်းနဲ့တင်ကိုများနေပြီ။

"ဘာစားမလဲ ကိုကို ကျွန်တော်ဝယ်ကျွေးမယ်"

"ရပါတယ် မင်းဘာသာစုပါ ဒီကကိုကိုကဝယ်ကျွေးပါ့မယ်ကွာ"

"မဟုတ်ဘူး ကျွန်တော်ဝယ်ကျွေးချင်လို့ နော် နော်"

"အာ အေးအေး အဲ့ဒါဆို အင်း...."

စားချင်တဲ့ဆိုင်ကိုရှာနေတဲ့ ကိုကို့ကိုကြည့်ကာပြုံးမိပြန်သည်။ကလေးလေးကျလို့ချစ်စရာလေး။ဝတ်ထားတာက ကွာတားဘောင်းဘီနဲ့တီရှပ်အပွလေး။အရပ်ကလည်း အသက်ငယ်တဲ့ကိုယ်ကရှည်သည်။ကိုကိုကသူ့ပုခုံးလောက်သာ။ကိုကိုနဲ့ယှဥ်ရင် သူကလူကြီးပုံပေါက်​နေလေသည်။

"ဖြူးကြော်စားမယ်"

"ဟုတ် လာ ကိုကို"

ညစျေးဘေးက မြစ်တစ်ခုရှိ၏။လေလေးတစ်ဖြူးဖြူးဖြင့် ထိုင်လို့ကောင်းသည်။အကြော်ဆိုင်နားသွားကာ ဖြူးကြော်တစ်ပွဲမှာလိုက်ပြီး ထိုင်စရာနေရာကို မြစ်ကမ်းဘေး ခင်းကျင်းထားတော့ ထိုင်ကောင်းမယ့်နေရာရွေး ထိုင်လိုက်တယ်။ ထိုင်တဲ့သူလေးတွေ စိတ်အပန်းဖြေရအောင် ရေဒီယိုကနေသီချင်းလေးလည်း ဖွင့်ထားပြန်တယ်။ပျံ့လွင့်လာတဲ့ ထူးအိမ်သင်ရဲ့တကယ်လို့များ

တကယ်လို့များ...

မင်းအပြုံးလေးများ မရှိရင်
ဘယ်ပွင့်မလဲ ပန်းလေးတွေ
အလှကင်းမဲ့ လောကအလယ်
ကိုယ်ဘယ်လို နေရမလဲ...

သူကြိုက်တဲ့သီချင်းလေးပါပဲ ။ဒီအခြေနေလေးကသိပ်လွမ်းဖို့ကောင်းတယ်။ငယ်ရွယ်တဲ့ဆယ်ကျော်သက်အရွယ်ဟာ စိတ်ကူးယဥ်တတ်သည်မလား။လွမ်းစရာမရှိဘဲ ဘာကိုလွမ်းနေမှန်းမသိတာနည်းနည်းတော့ရီစရာကောင်းနေမလား။

တကယ်လိုများ အိမ်မက်လေးများထဲမှာ...
ဆုံစည်းခွင့် မရှိခဲ့ရင်
ကိုယ်အိပ်စက်မယ့် ညတွေ
အို ... ဘယ်လိုကုန်ဆုံးမလဲ....

တကယ်ဆို တို့နှစ်ဦး

ဝေးလို့တော့ မဖြစ်နိုင်ဘူး

ကိုယ်ရဲ့ အနားမှာ
မင်းအမြဲ ရှိနေ ...

တကယ်လိုများ ကိုယ့်အတွေးလေးများထဲမှာ

အချစ်ဆုံး မင်းမရှိခဲ့ရင် ... ...

ချိုလွင်လွင်အသံလေးကြားမိတော့ ဘေးငဲ့ကြည့်မိသည်။ဒါကိုကိုသီချင်းဆိုနေတဲ့အသံလေး။ဘာကြောင့်များ အဲ့လောက်ခံစားချက် ထည့်ဆိုနေရတာပါလိမ့်။ကိုကိုမှာချစ်ရတဲ့သူရှိနေပြီလား။ကျွန်တော့်ရင်တွေမောလာလိုက်တာ ဘာကြောင့်ပါလိမ့်။

..ဆိုညည်းမယ့် သီချင်းလေးတွေ
ဘယ်လို ချိုနိုင်ဦးမလဲ...

ကြားနေရတဲ့အသံတို့က ချိုလွင်နေပေမဲ့ သူ့ရင်ထဲကတော့ သိပ်တော့ မချိုမြိန်လှ။ကိုကို့မှာ လူတစ်ယောက်ကို သီချင်းထဲအတိုင်းသိပ်ချစ်နေပြီလား။ထိုမိန်းက​လေးကံကောင်းပါတယ်လေ။အမည်မသိတဲ့ခံစားချက်ကြောင့် ခက်လွန်းတယ်။အမည်မသိတာဘဲလား သူဘဲအမည်မတပ်ရဲတာဘဲလား မသဲကွဲတော့။

တကယ်လိုများ ရက်စက်တဲ့လောကအလယ်
ကြွေကျမယ့် သစ်ရွက်လို
ကိုယ် တမ်းတမိခဲ့ချိန်
ဘယ်ရင်ခွင် ခိုနားမလဲ

တကယ်ဆို တို့နှစ်ဦး

ဝေးလို့တော့ မဖြစ်နိုင်ဘူး
မင်းမရှိတဲ့ ကမ္ဘာ
စွန့်ခွာ ... မယ်လေ ဟိုအဝေး ...

သီချင်းသံအဆုံး သူကိုယ်တိုင်မသိလိုက်ပါပဲ ချလိုက်မိတဲ့သက်ပြင်းတစ်ခု။

"မောင်"

"ဗျာ"

ကိုယ့်ကိုကြည့်တဲ့မျက်လုံးလေးတွေက ဒီနေ့မှသိပ်လှနေသလို။လရောင်ကျနေတဲ့ မျက်နှာလေးကဒီနေ့မှ ချစ်စရာကောင်းနေသလို။ကြည့်နေတဲ့မျက်ဝန်း​လေးတွေက နူးညံ့လိုက်ပုံများ။

"မင်း တကယ်လို့အဲ့ကောင်မလေးနဲ့ တွဲခွင့်ရရင် တွဲမှာလား ဟို ငါမေးတာက အဲ့ကောင်မလေးကိုစိတ်ဝင်စားလား"

"အင် အဲ့တာတော့..."

"ငါမင်းကိုချုပ်ခြယ်သလိုဖြစ်သွားလားဟင် မောင်"

"ဘာကိုလဲ ကိုကို"

သူမတွေးမိ။ ကိုကို့အလိုကျဟာသူ့အလိုကျပါပဲ။

"ဘာမှမဟုတ်ပါဘူး လာ စားကြရအောင်လေ"

"ဟုတ်"

သူသိပ်ဘဝင်မကျပါ။အမေးကိုမဖြေဘဲ ရှောင်ထွက်သွားတာမလား။

"ကိုကို့မှာရော ချစ်တဲ့သူရှိလား"

ကြည့်ပြန်ပြီ စောစောကအကြည့်တွေအတိုင်း။အဟင်း..ရူးတော့မှာပဲ။သေချာသတိထားကြည့်မှ ကိုကို့မျက်ဝန်းတွေဟာ လရောင်ထိုးတော့ အရည်ကြည်လေးတွေလဲ့နေတာ။သိပ်လှတာပဲ။

"အင်း ရှိတယ်"

"ဪ"

ဘယ်သူလဲဆိုတာမသိချင်တော့။ဆက်လဲမမေးချင်တော့ပါဘူး။ကိုယ့်အတွေးကခက်နေတော့လည်း သက်ပြင်းသာချရပေမည်။

နှစ်ယောက်သားခြေချင်းလိမ်အောင်ညစျေးတန်း ကိုပတ်ပြီးမှ စားချင်တာဝယ်စားကြသည်။သူကျေနပ်မိသည်။ကိုကိုစားချင်တာတွေဝယ်ကျွေးရတာကို သူ့မှာကြည်နူးလို့မဆုံး။ကံကောင်းတာကအစားအသောက်စျေးမကြီးတာပဲ။

ဝက်သားတုတ်ထိုးစားချင်သော ကိုကိုကြောင့် ထိုင်စားနေရတာ ပိုက်ဆံမလောက်မှာလည်း ကြောက်ရတယ်။တစ်ချောင်းကို၅၀မို့တော်တော့တယ်။

ထို့နောက် ရေခဲခြစ်စားချင်တယ်ဆိုသောကြောင့် ဝယ်ကျွေးရပြန်တယ်။အခုမှကိုကိုလည်း စားချင်တာစားရလို့ပျော်နေသည်။သူလည်းပျော်ပါသည်။ကိုကို့အပြုံးလေးတွေမြင်ရင် သူပျော်ပါသည်။ဒါကိုအချစ်လို့မသတ်မှတ်နိုင်ဘူး။မဖြစ်နိုင်ဘဲကို။အကိုတစ်ယောက်လိုသူချစ်တာ။အင်း အကိုလိုပဲချစ်တာနေမှာပါ။

အိမ်ပြန်လမ်းမှာတော့ သူ့လက်ထဲမှာ အကင်တွေရယ်။ကျောက်ကျောတုံးလေးတွေရယ်။ပါဆယ်ထုတ်လာတဲ့ ပါဝါအချိုရည်ထုတ်လေးရယ်။မေမေ့သိပ်ကြိုက်တဲ့မုန့်ဟင်းခါးလေးလည်း ဝယ်လာဖို့မမေ့။ကိုကို့လက်ထဲမှာတော့ကုလားဗရာကြော်ထုတ်လေး။ကိုယ်တော်ချောက သင်္ဘောသီးထောင်း စားချင်သည်ကို ဝယ်မကျွေးလို့စိတ်ကောက်နေခြင်းပင်။ဒီကဝယ်မကျွေးချင်လို့မဟုတ်ဘူး။အစားပေါင်းစုံစားပြီးဝမ်းလျောမှာစိုးလို့သာ။

"ကိုကို"

"ဘာလဲ"

ထူးပုံက ဂျစ်ကန်ကန်။ဗရာကြော်လုံးလေးတွေ စားကာနှုတ်ခမ်းဆူနေတဲ့ ကိုကိုကချစ်စရာထပ်ကောင်းနေပြန်သည်။

"ကျွေးပါအုံး ကျွန်တော့်ကို"

"ရော့ အကုန်သာစားလိုက်တော့"

"ဟာ...."

သူ့ကို မကြည့်ဘဲအထုတ်ကိုလာထိုးပေးသည်။ထို့နောက် မုန့်ကပ်လေးတွေပေနေတဲ့ လက်နှစ်ဖက်ကိုခါကာ ရှေ့ကနေကော့တက်ကော့တက်ထွက်သွားပြန်သည်။

"ကျွန်တော့်ကိုစောင့်ပါဦးဗျာ"

"...."

"စိတ်မဆိုးပါနဲ့ ကိုကို နော်"

"မဆိုးဘူး"

"ဆိုးနေပါတယ်"

"မဆိုးပါဘူးဆိုကွာ"

တမာတန်းလမ်းလေးရဲ့တိတ်ဆိတ်မှုကိုဖြိုခွင်းနေ သည့်ကျွန်တော်တို့၂ယောက်။လအလင်းရောင် နဲ့လမ်းမီးရောင်ဝါကျင့်ကျင့်အောက်မှာ ရန်ဖြစ်​နေတဲ့ကျွန်တော်တို့၂ယောက်ဟာ မသိရင်အချစ်စမ်းနေသလို။တစ်ယောက်ကချော့ တစ်ယောက်ကစိတ်ဆိုး။ကိုယ့်အတွေးနဲ့ကိုဟုတ်သလိုလိုရှိနေတာမို့ ရီချင်မိသွားတယ်။မတွေးသင့်မှန်းသိပေမဲ့ပေါ့။

"နောက်နေ့ကျ ထပ်ကျွေးမယ်လေနော် ကိုကို"

"ငါ့ဘာသာဝယ်စားမှာ"

"ကိုကိုဗျ စိတ်ဆိုးပြေပါနော် ကျွန်တော်မနေတတ်ဘူး"

"မနေတတ်ရင်မနေနဲ့"

" အဲ့လိုစိတ်မပုတ်ရဘူးလေ ကိုကို ချစ်တဲ့ကောင်မလေးကိုအဲ့လိုစိတ်ပုတ်ကြည့် ဟိုကမချစ်ဘဲနေမှာ "

"မောင်!!!"

ဘာရယ်မဟုတ် ပြောလိုက်ပေမဲ့ ကြားလိုက်ရတာကကိုယ့်ကိုအော်လိုက်တဲ့ အော်သံတစ်ခု။ဘာကိုစိတ်တိုသွားတာလဲကိုကို ကျွန်တော်မသိလို့ပါ။ကိုကိုချစ်ပါတယ်ဆိုတဲ့ ကောင်မလေးကမချစ်ပါဘူး လို့စလိုက်လို့စိတ်တိုတာလား။သိပ်ချစ်တက်လိုက်တာ။

မကြာပါဘူး ကိုကို့ မျက်ဝန်းလေးတွေက ပုလဲရေကြည်လေးတွေ ရစ်သီလာပါတော့သည်။ထိုအခါပြာယာခက်မိသူဟာကိုယ်ပါပဲ။

"ကိုကိုဘာဖြစ်လို့လဲဟင် ကိုကို"

"မောင် ငါ့ချစ်တဲ့သူကိုသိချင်လား"

"....."

သူတိတ်ဆိတ်နေမိတယ်။သူမှမသိချင်ပဲ။

"ငါသူ့ကိုသိပ်ချစ်တယ်မောင် မသိလိုက်တဲ့အချိန်လေးမှာသူ့ကိုချစ်ခဲ့မိတာ ငါ့စိတ် ငါ့နှလုံးသားကိုလွမ်းမိုးထားတာလည်း သူပဲ ငါ့အချစ်ဦးလို့တောင်ပြောလို့ရတယ် တခါတလေကျရင်လေ ငါသူနဲ့မဖြစ်နိုင်ဘူးဆိုပြီး တွေးမိတိုင်း ငါ့မှာနာကျင်ရတယ် ဒါပေမဲ့ ငါသူ့ကိုချစ်တယ်  ငါသိပ်ချစ်တဲ့ လူက "

"ကိုကို"

တုန်ရီလာတဲ့ လက်တို့ကိုဆုတ်ထားရင် အသံတို့ကိုထိန်းမေးမိသည်။ဘာလို့လဲတော့သူမသိ။ကြောက်တာလား ဘာလို့လဲ။

"ငါချစ်တဲ့ လူက မင်းပဲ မောင် မင်းဆိုတဲ့လူကို ချစ်နေမိတာ"

"....."

တစ်ကိုယ်လုံးအကြောတွေ သေသွားသလိုလို ထုံကနဲ။ကိုကိုချစ်တာသူတဲ့လား။မဖြစ်နိုင်တာ။မဟုတ်ဘူး ဖြစ်ကိုမဖြစ်သင့်တာ။

"ငါ့ကိုရွံသွားပြီလား မောင်"

"ဟင့်အင်း"

ရွံစရာလား။ဘယ်တော့မှ အဲ့လိုတွေးမှာလည်း မဟုတ်ဘူး။ လူတစ်ယောက်ကိုချစ်တာ အပြစ်မှမဟုတ်ဘဲလေ။ပြီးတော့ ကျွန်တော်ကိုယ်တိုင်ကလည်း...

"ငါ့ကိုအရင်ကလို ပုံမှန်အတိုင်းဘဲဆက်ဆံပေးပါ ငါဒီတိုင်း ချစ်ကြောင်းသိစေချင်ရုံပဲ"

"ဟုတ်"

အိမ်ပြန်ရောက်တဲ့ထိ ဘာစကားမှမဆိုဖြစ်ကြဘဲ တစ်ခွန်းနှစ်ခွန်းနှုတ်ဆက်ကာ ကိုယ့်အိမ်လေးဆီသာ ပြန်လာလိုက်သည်။စံအိမ်ကြီးက တော်တော်ကို ကျယ်တယ်။တကယ်ဆိုအိမ်တော်ရဲ့အစေခံဖြစ်တဲ့မေမေနဲ့သူက အလုပ်သမားတန်းလျားမှာနေရမည် ဖြစ်သော်လည်း အိမ်ကြီးရှင်သခင်ရဲ့ အရေးပေးမှုကြောင့် သပ်သပ်အိမ်လေးတစ်လုံးမှာနေစေသည်။
တစ်ခုလပ်သားတစ်ယောက်အမေလို့သာ မပြောရင်မေမေဟာအပျိုလေးအတိုင်းပဲ သိပ်ကိုလှပါသည်။အဲ့လိုလှလို့လည်း မေမေ့ကိုသူစိတ်မချ။စိတ်မချဘူးဆိုတာက ကိုကို့အဖေ စံအိမ်ရဲ့သခင်ကြီးကြောင့်။မေမေ့ကိုအရေးပေးမှုကြောင့် သခင်မကြီးက​ မေမေ့ကိုသိပ်မကြည်ချင်။မေမေကတော့ သူ့အလုပ်သူတာဝန်ကျေအောင် လုပ်ပါသည်။စံအိမ်မှာအလုပ်လုပ်ကတည်းက မေမေ့အပေါ်မရိုးသားတဲ့ သခင်ကြီးကြောင့် သူ့မှာစိတ်မောရပါသည်။ မေမေကတော့စိတ်မပူဖို့ပြောပါတယ်။အတန်းပညာမရှိတဲ့ မေမေကအလုပ်ရဖို့ ခက်ခဲသည်လေ။ဒီမှာအလုပ်ရတာကိုပင်ကံ​ကောင်းလွန်းနေပြီ။ တခါတလေ ကိုယ့်စိတ်မချမှုကြောင့် အလုပ်ထွက်ဖို့ မေမေ့ကိုပြောကြည့်သော်လည်း " ဒီမှာအလုပ်လုပ်မှ မေ့သားကိုကျောင်းကောင်းကောင်းထားရတယ်" ဆိုတဲ့အဖြေသာ လာလိမ့်မယ်။ဟုတ်ပါသည်။သူ့ကို ကျောင်းစရိတ်ကို သခင်ကြီးက တာဝန်ယူ ပေးထားသည်။အဲ့ကိစ္စနဲ့ဘဲ သခင်ကြီးနဲ့သခင်မကြီး ပြသာနာတတ်ကြလေ့ရှိသည်။

ဟူးးးးး

စိတ်မောကာ သက်ပြင်းပူသာချလိုက်မိသည်။သူ့ဘဝက လွယ်ကူမနေပါ။အိမ်တော်မှ ခပ်လှမ်းလှမ်းရှိနေတဲ့ကပ်အိမ်လေးဆီသာ ခြေလှမ်းပြင်လိုက်တော့သည်။

အိမ်နားရောက်တော့ကြားလိုက်ရတာက ညည်းသံတစ်ချို့ ဘာသံတွေလဲ။အသံကြားရာနားစွင့်တော့ အိမ်ထဲက။ဘာတွေဖြစ်နေတာလဲ

သူခပ်သွက်သွက်ဘဲ အိမ်တံခါးမကို ဖွင့်လိုက်တယ်။လက်မှကိုင်ထားတဲ့ မုန့်ဟင်းခါးထုတ်လေးကတော့မြေခသွားခဲ့လေပြီ။မြင်လိုက်ရတဲ့မြင်ကွင်းက သွေးပျက်စရာ။အသက်မပြည့်သေးတဲ့ကလေးအတွက်ဒီမြင်ကွင်းဟာ သိပ်ထိပ်လန့်ဖို့ကောင်းလွန်းသည်။ဆိုးတာက မေမေ။မေမေက သခင်ကြီးအောက်မှာ ဝစ်လစ်စလစ်။မလိုလားမှုတွေနဲ့ ရုန်းကန်နေတဲ့မေမေ။သခင်ကြီးကတော့ သူရာဂနဲ့သူ ဘာမှသတိမထားမိ။သူစိတ်မထိန်းနိုင်တော့။တစ်သက်နဲ့တကိုယ်ဒီလောက် ဒေါသမထွက်ဖူးဘူး။လူသတ်ချင်စိတ်ပါပေါက်လာသည်။

"ခင်ဗျားကြီး"

တွေ့ရာကြွေပန်းအိုးကိုဆွဲကာ လူစိတ်မရှိတဲ့ လူအား သူအားဖြင့် ရိုက်ချလိုက်တယ်။သေရမှာ အသေသတ်ပစ်မှာ

ခွမ်း

အား

ပန်းအိုးကွဲသံနဲ့အတူ ထွက်ပေါ်လာတဲ့ အော်သံ။
ရိုက်အားလည်းပြင်းတာကြောင့် ထိုလူ့ခေါင်းမှာသွေးတွေ စီးကျလာသည်။ မကျေနပ်နိုင်သေးဘူး။
သူ ခွေးတိရစ္ဆာန်ကောင်ကိုတွန်းရင်း အားဖြင့်မျက်နှာတွေချည်း လက်သီးတွေဖြင့် ဇွတ်သာထိုးနေလိုက်သည်။မေမေ့တားသံလည်း နားထဲမဝင်တော့ ကိုယ့်စိတ်နဲ့ကိုယ်မွှန်နေတော့သည်။ဒီလိုလူသေရမှာ အသေသတ်ပစ်ရမှာ

"သတ်မှာ သတ်ပစ်မှာ အား ခင်ဗျားကြီး သေရမယ်"

"သား သားတော်တော့ မေမေပြောနေတယ် ကြားလား သား"

"သား သေသွားလိမ့်မယ် တော်ပါတော့သားရယ် အင့်"

ငိုသံဖြင့် လာတားသောမေမေကြောင့် သူသတိဝင်လာတော့သည်။သူ့အောက်ကလူကတော့ သွေးသံတရဲရဲ။သူလန့်မသွားပါ ဒီလိုလူအသေသတ်ပြီးမှ ထောင်ထဲဝင်မှာ။

မေမေကိုကြည့်တော့ ရင်ရှားလေးနဲ့ပါပဲ။သူ့ရင်တွေနာလိုက်တာ ။သားကြောင့်ပါ ဖြစ်ခဲ့တာတွေအကုန်သားကြောင့် သားသာရှိနေရင်မေမေဒီလိုမဖြစ်ဘူး။

"အမလေး "

အော်သံတစ်ခုကြောင့်ကြည့်မိတော့ အခန်းဝမှာသွေးပျက်နေတဲ့ သခင်မကြီး

"နင် နင် ငါ့ယောင်္ကျားကို ဘာလုပ်လိုက်တာလဲ ဟမ် "

"အကို အကိုရေ သတိဝင်ပါဦး အကို"

"လှနွယ် နင် ငါ့ ယောင်္ကျားကိုမြူစွယ်တဲ့မိန်းမ "

"မ မဟုတ်ရပါဘူး သခင်မရယ် "

"တောက် ကျုပ်အမေကို စွတ်စွတ်စွဲစွဲ ခင်ဗျားကိုလည်း ကျုပ်သတ်မယ်"

"သား သား တော်ပြီ"

"မေမေ လွှတ်ဗျာ ကျုပ် သတ်မှာ"

"နင်ကများ အေး နင်မသတ်ခင် နင်တို့သားအမိကို အရင်သတ်မှာ လှနွယ် နင်မြူစွယ်လို့ ငါ့ယောင်္ကျားက နင့်ဆီပါသွားတာ နင့်ကိုသတ်မယ်"

ရိုက်ခွဲထားတဲ့ ကြွေစအချွန်ကိုကောက်ယူကာ သူတို့ဆီလှမ်းလာတယ်။ သူမေမေ့ကိုကာကွယ်ရမယ်။

"လှနွယ် နင့်ကြောင့် ငါချစ်တဲ့အကိုက နင့်ဆီပါသွားတာ ကောင်မ သတ်ပစ်မယ်"

"ကျုပ် အမေကိုခင်ဗျားထိစရာမလိုဘူး"

ဒေါသကြောင့်အရူးတစ်ယောက်လိုဖြစ်နေကာ အချွန်ကို ဟိုရမ်းဒီရမ်းဖြင့် အမေ့ကိုဦးတည်နေတာကြောင့် သူ့လိုကျောင်းစာကလွဲ ကိုယ်ခံပညာမတတ်တဲ့သူအဖို့ရှောင်ရရှားရတာခက်ခဲလှပါသည်။

"သား သွားတော့ သွား"

"မေမေ"

အခြေနေမဟန်မှန်း သိတော့မေမေက သူ့ကိုပထုတ်ပါသည်။ ဟင့်အင်း မေမေ့ကိုထားမသွားနိုင်ဘူး။

"သား အသက်ရှင်မှဖြစ်မယ် သား သွားနှင့်နော် မေမေလိုက်ခဲ့မယ်"

"သား မသွားဘူး မေမေ အင့် မေမေ"

"သားအသက်ရှင်မှဖြစ်မယ်"

"မေမေ တူတူထွက်ပြေးကြမယ် သားကို အဲ့လိုမပြောပါနဲ့"

"သားသေလိမ့်မယ် သွားပါတော့သားရယ် "

ဘုတ် အင့်

ချက်ချင်းပင် တံခါးဝကနေမေမေဆီက တွန်းထုတ်ခံလိုက်ရတဲ့သူ။အင်အားကြီးလွန်းတဲ့ မြနန်းစံအိမ်ကနေသူထွက်ပြေးရင်တောင်လူအင်အားနဲ့  ရှာရင်ကို လွယ်လွယ်ကူကူတွေ့မဲ့အရာမျိုး။သူတို့ဆီကထွက်ပြေးလို့ရရင်တောင်သေမှာ။

"မေမေ မေ"

"အား"

ကမ္ဘာတစ်ခုလုံးပျက်သွားသလို ကျွန်တော့် နှလုံးသားတစ်ခုလုံးကြွေမွသွားခဲ့လေပြီ။ ဟိုမိန်းမလက်ထဲကအချွန်က မေမေလည်ပင်းထက် ရောက်သွားခဲ့ပြီ။သွေးစိမ်းရှင်ရှင်ပန်းထွက်နေပုံက ထိပ်လန့်ခြောက်ခြားစရာအတိ။သေမတက်ဖြစ်သူကကျွန်တော် ။အမေဖြစ်သူကိုတောင်မကာကွယ်နိုင်တဲ့ သားတစ်ယောက် ငါသေသင့်တယ်။

"ဟား ဟား သေစမ်း လှနွယ် အဲ့မှာ သေစမ်း ပြီးရင်နင့်သားအလှည့်ဘဲ"

ဘုတ်

အချွန်နဲ့ လွတ်သွားတဲ့ မေမေက သူ့ရှေ့လဲကျလာပါသည်။

"သား အ့ အသက် ရှင် အ ရမယ်"

ဟုတ်တယ်။မေမေဖြစ်စေချင်တာ သားအသက်ရှင်ရမယ်။သား အချိန်တစ်ခုရောက်ရင် သားကလက်စားချေပြမယ် မေမေ့အတွက်သားအသက်ရှင်ရမယ်။

"မေမေ့ကိုအရမ်းချစ်တယ်"
.....

"အဲ့ဒီလိုနဲ့မောင်ထွက်ပြေးလာခဲ့တယ် မောင်လမ်းဘေးမှာအလေလွင့်ဖြစ်ခဲ့တယ်။သတင်းစာထဲမှာမောင့်ကို လူပျောက်ကြော်ငြာဖွင့်ခံရတယ်။မောင်ရုပ်ဖျတ်နေခဲ့ရတယ်။အဲ့မှာ ဖေဖေနဲ့တွေ့ခဲ့ပြီးမောင့်ကိုမွေးစားလိုက်တယ်။ပိုက်ဆံရှိရင်အရာရာလုပ်နိုင်တာမို့ မောင် ကြိုးစားတယ်။ ကိုကိုတို့မိသားစု မူးယစ်ဆေးဝါးရောင်းဝယ်တာနဲ့ပတ်သတ်ပြီး သတင်းထွက်ခဲ့ပေမဲ့ မြနန်းလိုအင်အားကြီးတဲ့သူအတွက် သတင်းကနေ့ချင်းညချင်း ပျောက်သွားတယ်။မောင်သက်သေတွေရှာတွေ့ခဲ့တယ်။မောင်ယုတ်မာလို့ရတယ်။မောင့်မှာလူစိတ်ရှိတာကြောင့်ကိုကို့ မိဘတွေကိုမောင်မသတ်ရက်တာ"

ကြားရသမျှကိစ္စတွေဟာသူ့ရင်ကိုဓါးနဲ့ထိုးနေသလို

"ငါမသိခဲ့ဘူးမောင် အင့် မင်းနဲ့ လျှောက်လည်ပြီးနောက်နေ့ ဖေဖေဆေးရုံတင်လိုက်ရတယ်။ငါ့မေမေကို အင့် မေးတော့ ကားaccident ဖြစ်တာတဲ့ အင့် ဟင့် ရုတ်တရက်ကြီးမေမေက ငါ့ကိုနိုင်ငံခြားပို့ဖို့လုပ်တယ် ငါငြင်းတယ် ငါမောင်နဲ့ဝေးရမှာကြောက်ခဲ့တာ ဒါပေမဲ့ မောင် မောင်တို့အလုပ်ထွက်သွားတယ်လို့ မေမေကပြောတယ် ငါမယုံနိုင်လို့မင်းအကြောင်းတွေစုံစမ်းတာဘာမှအဆက်သွယ်မရခဲ့ဘူးနောက်ဆုံးငါနိုင်ငံခြားသွားဖို့ဆုံးဖြတ်လိုက်တယ်။အဲ့ အဲ့ကနေပြန်ရောက်တော့လည်း ငါမင်းအကြောင်းတွေစုံစမ်းနေခဲ့တာ အဲ့လောက်ကြီးထိ.. "

"မောင် ငါတောင်းပန်ပါတယ်နော် ငါတောင်းပန်ပါတယ် တောင်းပန်ပါတယ်"

"တိတ်ပါကိုကိုရယ် မောင့်အချစ်နဲ့မဆိုင်ပါဘူး ဘာတွေဘဲဖြစ်ခဲ့ဖြစ်ခဲ့ မောင် ကိုကို့ကို ချစ်တယ် မောင်သာ ကိုကို့ကို ဒေါသနဲ့ရောထွေးခဲ့မိတာ တောင်းပန်ပါတယ်"

" ငါရူးတော့မယ် မောင်ရာ အဲ့လောက်ကြီးထိ လုပ်လိမ့်မယ် မထင်ထားဘူးကွာ"

"အင်းပါ တိတ်တိတ်"

"ငါ တောင်းပန်ပါတယ် "

"ရှူး မငိုနဲ့တော့"

ပြွတ်

"အိပ်ကြရအောင်"

"အင်း"

အရာအားလုံးအတွက်တောင်းပန်ပါတယ်မောင်
....
Words 4640
Lamin Eain
၅နာရီလောက်typeလိုက်ရတယ် voteလေးတွေပေးခဲ့ကြပါဦး😭

Zawgyi
"ကိုကို သိပ္ခ်စ္တဲ့ ကိုကို႔ေဖေဖနဲ႕ေမေမပဲ"

"ဘာ!"

ၾကားၾကားခ်င္းဘဲ ရွိသမွ်ေသြးေတြေဆာင့္တတ္
လာသလို။ဘာေတြလဲ တကယ္ဘဲေမာင္ေျပာ
တာအမွန္ေတြျဖစ္နိုင္ပါ့မလား ဟင့္အင္း ေဖေဖ
တို႔ကအဲ့ေလာက္ေတာ့ မလုပ္ပါဘူး။ဟုတ္တယ္ မလုပ္ေလာက္ဘူး။တုန္ရီေနေသာလက္တို႔ကို အႀကိမ္ႀကိမ္ပြတ္တိုက္ရင္း အေၾကာက္တရားတို႔က စိုးမိုးလာေတာ့သည္။အမွန္တရားသာျဖစ္ခဲ့ရင္...
ဟင့္အင္း မဟုတ္ဘူးမလား ငါ့ကိုစေနတာ

"ေမာင္ မျဖစ္နိုင္ပါဘူး ေနာ္ မျဖစ္နိုင္တာ ေမာင္ ငါ့ ငါ့ကိုမစပါနဲ႕"

"ေမာင္ ေျပာခဲ့တယ္ေလ ကိုကို ခံနိုင္ရည္ရွိပါ့မလားလို႔"

"တ တကယ္ပဲလားဟင္ ငါ့ကိုရွင္းျပပါဦးကြာ ငါတကယ္  မယုံနိုင္လို႔ပါ မယုံနိုင္လို႔.."

"အင္း ကိုကို ေမာင္ ၁၀တန္းစာေမးပြဲေျဖၿပီးတဲ့ေန႕ကို မွတ္မိလား"

အင္း သူသိပ္မွတ္မိတာေပါ့ အဲ့ေန႕က သူ အေပ်ာ္ဆုံးေန႕ျဖစ္ခဲ့တာပဲ။ ေမ့စရာလား

"မွတ္မိတယ္"

"အင္း အဲ့ေန႕က..."

.......
ဘဝတစ္ခုရဲ႕အေရးႀကီးဆုံး ဆုံးျဖတ္ခ်က္ခ်ေပးမဲ့ ၁၀တန္းစာေမးပြဲႀကီးကို ၿပီးဆုံးေအာင္ေျဖနိုင္ခဲ့ပါသည္။အခုမွရင္ထဲကအလုံးႀကီးက်သြားသလို။သြားလာတဲ့လမ္းတစ္ေလွ်ာက္လုံးၿငီးျငဴသံေတြ ရယ္ေမာသံေတြၾကားေနရပါသည္။အေျဖတိုက္ရင္းမွားတဲ့သူေတြကၿငီးျငဴၾကရင္း လြပ္လပ္သြားၿပီျဖစ္တဲ့အခ်ိန္ေရာက္၍ေပ်ာ္တဲ့သူမ်ားကလဲ ရွိေသးသည္။ကိုယ့္ကိုေလွ်ာက္လည္ဖို႔ေခၚမဲ့သူငယ္ခ်င္းမရွိသလိုစကားေျပာဖူးတဲ့သူငယ္ခ်င္းဆိုတာလည္း မရွိခဲ့ေပ။ ကိုယ္ကိုယ္တိုင္ကလည္း ဖာသိဖာသာေနတတ္ေတာ့ အေပါင္းအသင္းမရွိ။ စာေျဖေဆာင္ထဲက ကိုယ့္ဘာသာေအးေဆး ထြက္လာခဲ့လိုက္တယ္။ ကိုယ့္အတန္းထဲကသူေတြကလည္း သူ႕႐ုပ္ၾကည့္ကာရွိန္ေနၾကေတာ့ စကားလာမေျပာရဲက်။ကိုယ့္အတြက္ကသူငယ္ခ်င္းရွိရွိမရွိရွိအဆင္ေျပပါသည္။အဓိကကစာေမးပြဲကိုေျဖနိုင္ဖို႔သာ။

သူကေတာ့ အဲ့တာေတြလွ်စ္လ်ဴရႉကာ ေက်ာင္းေရွ႕ကတမာပင္ႀကီးေအာက္ ကိုကို႔ ကို ထိုင္ေစာင့္ေနလိုက္တယ္။သူ႕ထက္တစ္ႏွစ္ႀကီးတဲ့ကိုကိုက ဆယ္တန္းမွာ ဂုဏ္ထူး ၄ဘာသာျဖင့္ေအာင္ကာ engineerလိုင္းယူၿပီး ပထမႏွစ္ တက္ေနၿပီျဖစ္သည္။ဆယ္တန္းသင္ေနတဲ့ကာလအတြင္း က်ဴရွင္မတက္နိုင္တဲ့သူ႕ကို ကိုကိုက သင္ျပစရာရွိတာသင္ျပေပးပါသည္။

ခဏၾကာေတာ့ ကလစ္ဘီးျဖင့္ေရာက္လာတဲ့ ကိုကို႔ ကိုေတြ႕ေတာ့သူမတ္တပ္ရပ္လိုက္ကာ ကိုကို႔ ကို ၿပဳံးျပလိုက္သည္။ ဆယ္တန္းၿပီးၿပီးခ်င္း ကိုကို႔ကို သခင္မႀကီးက ဆိုင္ကယ္ဝယ္ေပးထားတာ။သူေရာ ဆယ္တန္းေအာင္ရင္ ေမေမ ဘာေပးေလာက္လဲလို႔ေတြးမိတိုင္း အားငယ္တယ္လို႔မခံစားရ။ေမေမကသူ႕ကို တန္ဖိုးႀကီးပစၥည္းဝယ္မေပးနိုင္ရင္လည္း ဘာမွမျဖစ္ဘူး။ေမေမက သူ႕ကိုခ်စ္ေပးေနတာကိုဘဲ သူေက်နပ္တယ္။ေခါင္းေလးကိုပုတ္ခံလိုက္ရတာေၾကာင့္အသိျပန္ဝင္လာေတာ့ ကိုကိုက သူ႕ေရွ႕ေရာက္ေနၿပီ။

"ေျဖနိုင္လား ေမာင္"

"ဟုတ္ ေျဖနိုင္တယ္ "

"ဟုတ္ၿပီ ဘယ္ေလာက္ထိမွန္းထားလဲ"

"ဟီး ၂ဘာသာေလာက္ေပါ့ "

"ကဲ ဟုတ္ပါၿပီ ဘာစားခ်င္လဲ ကိုကို လိုက္ေကြၽးမယ္"

"ဟို ဒီပါဦးေမာင္"

အသံၾကားရာလွည့္ၾကည့္ေတာ့အတန္းထဲကေကာင္မေလး။နာမည္အျပည့္အစုံေတာ့မသိေပမဲ့လူကိုေတာ့မ်က္မွန္းတန္းမိပါသည္။

"ဟိုေလ ဒါေလး"

"ဟင္"

ၾကည့္လိုက္ေတာ့စာ႐ြက္ေခါက္ေလးတစ္ခု။ခ်က္ခ်င္းလက္ထဲအတင္းဇြတ္ထည့္ၿပီးေျပးထြက္သြားေတာ့သူ႕မွာအေၾကာင္သား။ဘာႀကီးလဲ ဒါႀကီးက

"ေမာင္"

"ဗ် ဗ်ာ"

"သူ႕ကိုသိတာလား"

"ဟုတ္ သိေတာ့သိေပမဲ့ ခင္ေတာ့မခင္ပါဘူး"

"အြင္း ျပစမ္း ငါ့ကို"

"ဟာ.. ကိုကို "

မတားလိုက္ရေသးခင္မွာဘဲ အတင္းဆြဲယူသြားသူကကိုကို။တစ္ေယာက္ကလည္းဇြတ္ေပး တစ္ေယာက္ကလည္းဇြတ္ယူ စာေပးခံရတဲ့ကိုယ္က ၿငိမ္ၿငိမ္ေလးကုတ္ေနရသည္။

"ကေလးေတြမ်ားမလြယ္တာကြာ ရည္းစားစာႀကီး သြား လြင့္ပစ္လိုက္ၿပီေနာ္ ေမာင္"

ေျပာပုံက ကိုယ့္ထက္၅ႏွစ္ေလာက္ႀကီးေနသလို။ကိုယ့္မွာစာေပးသြားတဲ့ေကာင္မေလးျမင္သြားမလားလို႔ၾကည့္ရေသးတာ။အားနာမိလို႔ေတာ့မဟုတ္။ျမင္သြားရင္ ကိုကို႔ကိုမေကာင္းျမင္ေနမွာစိုးလို႔။

"၁ႏွစ္ထဲကြာတာကို ကိုကိုရယ္ "

ေခါင္းအသာေလးေခါက္ခံရလိုက္ပါသည္။မနာေပမဲ့အသာေလးမူပိုကာနာခ်င္ေယာင္ေဆာင္လိုက္သည္။

"တိတ္ မင္းကသူ႕ဘက္ကလား"

"မဟုတ္ပါဘူးဗ်ာ အိမ္ျပန္ရေအာင္ ကိုကို"

"ဟင္ ဘာမွမစားေတာ့ဘူးလား ငါဝယ္ေကြၽးမလို႔ကို"

"ေမေမေစာင့္ေနလိမ့္မယ္ ၿပီးေတာ့ေမေမကဟင္းေတြခ်က္ထားမယ္တဲ့ကိုကို"

ကိုကို႔ကိုစားဖို႔ေတာ့မေျပာေတာ့ပါ။ကိုကို႔လိုသခင္ေလးက သူ႕လို႔အေစခံ မိသားစုဆီ လာစားဖို႔မဖိတ္ဝံ့။အဆင့္အတန္းကကြာျခားလြန္းတယ္မလား။

"ဟာ ဟုတ္လား မင္းကငါ့ကိုစားဖို႔ေတာင္မေခၚဘူး"

မ်က္ေစာင္းေလးထိုးကာေျပာျပန္ေတာ့သူ႕မွာအားနာရျပန္သည္။

"ဟို သခင္မႀကီးသိရင္ကိုကို႔ကိုဆူမွာဆိုးလို႔ပါ"

အျပင္မွာသာ ကိုကိုနဲ႕ေနခ်င္သလို ေနလို႔ရေပမဲ့ စံအိမ္အတြင္းဆို အဆင့္အတန္းခြဲျခားလြန္းတဲ့အိမ္ႀကီးရွင္ေတြေၾကာင့္ အေနထိုင္ဆင္ျခင္ရပါသည္။

"ခါတိုင္းလဲခိုးလာတာဘဲဟာကို တက္တက္ အာ ဗိုက္ဆာလာၿပီ"

"ဟုတ္"

"ငါ့ခါးကိုေသခ်ာဖတ္ထားေနာ္ ငါဗိုက္ဆာလာၿပီ အျမန္ေမာင္းမွာ"

"ဟုတ္ကဲ့ပါဗ်"

ဒီလိုနဲ႕ကိုကို႔ခါးကိုဖက္ကာအိမ္ျပန္လာခဲ့ရျပန္သည္။

......
"တီႏြယ္ ေမာင္ ဒီေန႕ ရည္းစားစာေပးခံရတယ္ သိလား"

"ဟယ္ "

"ကိုကို"

"တီႏြယ့္ သားက ရည္းစားေတြဘာေတြထားခ်င္ေနလားမသိဘူး ရည္းစားစာေပးတာကိုျငင္းလြတ္တာမဟုတ္ဘူး"

"ဟာ ကိုကိုကလည္း ဟိုကအတင္းဇြတ္ေပးသြားတာႀကီးကို ကြၽန္ေတာ္ကဘယ္လိုျငင္းရမွာလဲလို႔"

"မသိဘူး သြား မင္းရည္းစားထားရင္ ငါတီႏြယ္နဲ႕တိုင္မွာ"

"အဲ့ဒါဆို ကြၽန္ေတာ္ကေကာင္မေလးမထားရဘူးလား"

"ငါေတာင္မထားတာ ကေလးကကေလးလိုေနစမ္း"

"၁ႏွစ္ေလးႀကီးတာကို"

"ကဲကဲ သခင္ေလးကလည္း သား ရည္းစားထားတာသိရင္ ကြၽန္မဆီလာတိုင္ သားလည္း အသက္မျပည့္မခ်င္း ေကာင္မေလးမထားရဘူးေနာ္"

" ဟီး ဟုတ္ တီႏြယ္"

"ဟုတ္ကဲ့ပါ ေမေမ"

" စားၾကစားၾက လိုခ်င္ရင္ရွိေသးတယ္ေနာ္ ထမင္းက"

စကားသာရပ္သြားတာ ေရွ႕ကေနလူကို ေျပာင္ျပေနတာ အဲ့ဒါကို သူ႕မွာအျမင္မကတ္နိုင္။တခါတေလက် ကိုကိုကသိပ္ခ်စ္ဖို႔ေကာင္းလြန္းသည္။

ထမင္းစားၿပီးတာနဲ႕ စားၿပီးသားပန္းကန္ေတြကိုေဆးဖို႔ယူလာလိုက္သည္။ကိုကိုကေတာ့ လက္ေဆးဖို႔ေနာက္ကေနလိုက္လာသည္။စဥ့္အိုးေဘး ပန္းကန္ခဏခ်ထားၿပီး ကိုကိုလက္ေဆးဖို႔ေနရာဖယ္ေပးလိုက္သည္။ကိုကိုလက္ေဆးၿပီးမွ သူပန္းကန္ေတြကိုဝင္ေဆးလိုက္သည္။ကိုကိုကေတာ့ဘယ္မွမသြားဘဲ သူ႕ကိုေဘးကေနထိုင္ၾကည့္ေနတယ္။အစကေတာ့ေနရခက္ေပမဲ့ ေနာက္ပိုင္းေနသားက်သြားေတာ့အၾကည့္ခံရလည္း ပုံမွန္ျဖစ္သြားၿပီ။

"ေမာင္"

"ဗ်ာ"

" ညက် ငါနဲ႕ အျပင္ထြက္ရေအာင္"

"ဟင္"

"ညေစ်းတန္းေလွ်ာက္လည္မယ္ေလ ငါသြားခ်င္လို႔မင္းလဲစိတ္ေပါ့ေအာင္ေလ သြားရေအာင္ ေနာ္ ေမာင္"

"ကိုကိုသြားခ်င္ရင္ရပါတယ္ ဒါေပမဲ့ သခင္မႀကီးက"

"ရတယ္ ငါရေအာင္ေျပာထားလိုက္မယ္"

"ဟုတ္ အဲ့ဒါဆိုကြၽန္ေတာ္ေစာင့္ေနမယ္ဗ်"
......

" လာ သြားရေအာင္"

"လမ္းေလွ်ာက္သြားမွာလားကိုကို"

"ေအးေပါ့ လမ္းေလွ်ာက္သြားမွ ေကာင္းတာ မင္းကလဲဝတ္ထားတာက လူႀကီးႀကီးက်လိဳ႕ ပုဆိုးႀကီးနဲ႕"

"ကြၽန္ေတာ့္မွာဝတ္စရာဒါဘဲရွိလို႔"

အဲ့လိုေျဖလိုက္ေတာ့ ကိုကိုကအားနာသြားတဲ့ပုံ။တကယ္လည္း ကိုယ့္မွာဝတ္စရာဆိုလို႔ဒါဘဲရွိသည္။ေဘာင္းဘီဆိုတာကလည္း အေကာင္းတစ္ထည္မွမရွိ။ကိုယ္ကိုယ္တိုင္ကလည္း ပုဆိုးသာဝတ္ရတာႀကိဳက္တာမို႔အဆင္ေျပပါသည္။ေမေမ့ကိုဟိုဟာဒီဟာမပူဆာခ်င္ဘူး။ဒီေလာက္ေတာ့သူသိတတ္ရမယ္မဟုတ္လား။

"လာ သြားရေအာင္ေလ ကိုကို"

"အြန္း အြန္း"

.....
ညေစ်းတန္းေရာက္ေတာ့ အခ်ိန္ကလည္း ၈နာရီေလာက္ရွိၿပီမို႔ လူေတာ္ေတာ္စည္သည္။မီးေရာင္စုံမ်ားျဖင့္ေတာက္ပေနတဲ့ ညေစ်းကိုအရင္ကလာခ်င္ေပမဲ့ စာနဲ႕လုံးပန္းေနတာနဲ႕ မလာျဖစ္။လာလို႔လဲမရေလာက္ဘူး။ကိုကို႔ေက်းဇူးနဲ႕သာ ပထမဆုံးလာဖူးျခင္းသာ။ညေစ်းတန္းက ဘယ္ေလာက္ရွည္လဲဆိုမ်က္စိတစ္ဆုံးပဲ။အစားအေသာက္ကလည္းအစုံ။ကိုကိုဘဲ အၿမဲတမ္း သူ႕ကိုဝယ္ေကြၽးေနရတာမို႔ ဒီေန႕ေတာ့သူ ဝယ္ေကြၽးဖို႔ စုထားတဲ့ပိုက္ဆံယူလာခဲ့သည္။ေမေမကေက်ာင္းမုန့္စားဖို႔ မုန့္ဖိုးေပးေပမဲ့ ကိုယ္ကမသုံးျဖစ္။အင္းဒီညေနကမွ စုထားတဲ့ပိုက္ဆံကစစ္ၾကည့္ေတာ့ ၂ေသာင္းေက်ာ္ေလာက္ရသည္။ကိုယ္ေတြလိုလူေတြက် ပိုက္ဆံ၂ေသာင္းနဲ႕တင္ကိုမ်ားေနၿပီ။

"ဘာစားမလဲ ကိုကို ကြၽန္ေတာ္ဝယ္ေကြၽးမယ္"

"ရပါတယ္ မင္းဘာသာစုပါ ဒီကကိုကိုကဝယ္ေကြၽးပါ့မယ္ကြာ"

"မဟုတ္ဘူး ကြၽန္ေတာ္ဝယ္ေကြၽးခ်င္လို႔ ေနာ္ ေနာ္"

"အာ ေအးေအး အဲ့ဒါဆို အင္း...."

စားခ်င္တဲ့ဆိုင္ကိုရွာေနတဲ့ ကိုကို႔ကိုၾကည့္ကာၿပဳံးမိျပန္သည္။ကေလးေလးက်လိဳ႕ခ်စ္စရာေလး။ဝတ္ထားတာက ကြာတားေဘာင္းဘီနဲ႕တီရွပ္အပြေလး။အရပ္ကလည္း အသက္ငယ္တဲ့ကိုယ္ကရွည္သည္။ကိုကိုကသူ႕ပုခုံးေလာက္သာ။ကိုကိုနဲ႕ယွဥ္ရင္ သူကလူႀကီးပုံေပါက္ေနတယ္။

"ျဖဴးေၾကာ္စားမယ္"

"ဟုတ္ လာ ကိုကို"

ညေစ်းေဘးက ျမစ္တစ္ခုရွိသည္။ေလေလးတစ္ျဖဴးျဖဴးျဖင့္ ထိုင္လို႔ေကာင္းသည္။အေၾကာ္ဆိုင္နားသြားကာ ျဖဴးေၾကာ္တစ္ပြဲမွာလိုက္ၿပီး ထိုင္စရာေနရာကို ျမစ္ကမ္းေဘး ခင္းက်င္းထားေတာ့ ထိုင္ေကာင္းမယ့္ေနရာေ႐ြး ထိုင္လိုက္တယ္။ ထိုင္တဲ့သူေလးေတြ စိတ္အပန္းေျဖရေအာင္ ေရဒီယိုကေနသီခ်င္းေလးလဲ ဖြင့္ထားျပန္တယ္။ပ်ံ့လြင့္လာတဲ့ ထူးအိမ္သင္ရဲ႕တကယ္လို႔မ်ား

တကယ္လို႔မ်ား...

မင္းအၿပဳံးေလးမ်ား မရွိရင္
ဘယ္ပြင့္မလဲ ပန္းေလးေတြ
အလွကင္းမဲ့ ေလာကအလယ္
ကိုယ္ဘယ္လို ေနရမလဲ...

သူႀကိဳက္တဲ့သီခ်င္းေလးပါပဲ ။ဒီအေျခေနေလးကသိပ္လြမ္းဖို႔ေကာင္းတယ္။ငယ္႐ြယ္တဲ့ဆယ္ေက်ာ္သက္အ႐ြယ္ဟာ စိတ္ကူးယဥ္တတ္သည္မလား။လြမ္းစရာမရွိဘဲဘာကိုလြမ္းေနမွန္းမသိတာနည္းနည္းေတာ့ရီစရာေကာင္းေနမလား။

တကယ္လိုမ်ား အိမ္မက္ေလးမ်ားထဲမွာ...
ဆုံစည္းခြင့္ မရွိခဲ့ရင္
ကိုယ္အိပ္စက္မယ့္ ညေတြ
အို ... ဘယ္လိုကုန္ဆုံးမလဲ....

တကယ္ဆို တို႔ႏွစ္ဦး

ေဝးလို႔ေတာ့ မျဖစ္နိုင္ဘူး

ကိုယ္ရဲ႕ အနားမွာ
မင္းအၿမဲ ရွိေန ...

တကယ္လိုမ်ား ကိုယ့္အေတြးေလးမ်ားထဲမွာ

အခ်စ္ဆုံး မင္းမရွိခဲ့ရင္ ... ...

ခ်ိဳလြင္လြင္အသံေလးၾကားမိေတာ့ ေဘးငဲ့ၾကည့္မိသည္။ဒါကိုကိုသီခ်င္းဆိုတဲ့အသံေလး။ဘာေၾကာင့္မ်ား အဲ့ေလာက္ခံစားခ်က္ ထည့္ဆိုေနရတာပါလိမ့္။ကိုကိုမွာခ်စ္ရတဲ့သူရွိေနၿပီလား။ကြၽန္ေတာ့္ရင္ေတြေမာလာလိုက္တာ ဘာေၾကာင့္ပါလိမ့္။

..ဆိုညည္းမယ့္ သီခ်င္းေလးေတြ
ဘယ္လို ခ်ိဳနိုင္ဦးမလဲ...

ၾကားေနရတဲ့အသံတို႔က ခ်ိဳလြင္ေနေပမဲ့ သူ႕ရင္ထဲကေတာ့ သိပ္ေတာ့ မခ်ိဳၿမိန္လွ။

ကိုကို႔မွာ လူတစ္ေယာက္ကိုသီခ်င္းထဲအတိုင္းသိပ္ခ်စ္ေနၿပီလား။ထိုမိန္းကေလးကံေကာင္းပါတယ္။အမည္မသိတဲ့ခံစားခ်က္ေၾကာင့္ခက္လြန္းတယ္။အမည္မသိတာဘဲလား သူဘဲအမည္မတပ္ရဲတာဘဲလား မသဲကြဲေတာ့။

တကယ္လိုမ်ား ရက္စက္တဲ့ေလာကအလယ္
ေႂကြက်မယ့္ သစ္႐ြက္လို
ကိုယ္ တမ္းတမိခဲ့ခ်ိန္
ဘယ္ရင္ခြင္ ခိုနားမလဲ

တကယ္ဆို တို႔ႏွစ္ဦး

ေဝးလို႔ေတာ့ မျဖစ္နိုင္ဘူး
မင္းမရွိတဲ့ ကမၻာ
စြန့္ခြာ ... မယ္ေလ ဟိုအေဝး ...

သီခ်င္းသံအဆုံး သူကိုယ္တိုင္မသိလိုက္ပါပဲ ခ်လိဳက္မိတဲ့သက္ျပင္းတစ္ခု။

"ေမာင္"

"ဗ်ာ"

ကိုယ့္ကိုၾကည့္တဲ့မ်က္လုံးေလးေတြက ဒီေန႕မွသိပ္လွေနသလို။လေရာင္က်ေနတဲ့ မ်က္ႏွာေလးကဒီေန႕မွ ခ်စ္စရာေကာင္းေနသလို။ၾကည့္ေနတဲ့မ်က္ဝန္းေလးေတြက ႏူးညံ့လိုက္ပုံမ်ား။

"မင္း တကယ္လို႔အဲ့ေကာင္မေလးနဲ႕ တြဲခြင့္ရရင္ တြဲမွာလား ဟို ငါေမးတာက အဲ့ေကာင္မေလးကိုစိတ္ဝင္စားလား"

"အင္ အဲ့တာေတာ့..."

"ငါမင္းကိုခ်ဳပ္ျခယ္သလိုျဖစ္သြားလားဟင္ ေမာင္"

"ဘာကိုလဲ ကိုကို"

သူမေတြးမိ။ ကိုကို႔အလိုက်ဟာသူ႕အလိုက်ပါပဲ။

"ဘာမွမဟုတ္ပါဘူး လာ စားၾကရေအာင္ေလ"

"ဟုတ္"

သူသိပ္ဘဝင္မက်ပါ။အေမးကိုမေျဖဘဲေရွာင္ထြက္သြားတာမလား။

"ကိုကို႔မွာေရာ ခ်စ္တဲ့သူရွိလား"

ၾကည့္ျပန္ၿပီေစာေစာကအၾကည့္ေတြအတိုင္း။အဟင္း..႐ူးေတာ့မွာပဲ။ေသခ်ာသတိထားၾကည့္မွ ကိုကို႔မ်က္ဝန္းေတြဟာ လေရာင္ထိုးေတာ့အရည္ၾကည္ေလးေတြလဲ့ေနတာ။သိပ္လွတာပဲ။

"အင္း ရွိတယ္"

"ဪ"

ဘယ္သူလဲဆိုတာမသိခ်င္ေတာ့။ဆက္လဲမေမးခ်င္ေတာ့ပါဘူး။ကိုယ့္အေတြးကခက္ေနေတာ့လဲ သက္ျပင္းသာခ်ရေပမည္။

ႏွစ္ေယာက္သားေျခခ်င္းလိမ္ေအာင္ညေစ်းတန္း ကိုပတ္ၿပီးမွ စားခ်င္တာဝယ္စားၾကသည္။သူေက်နပ္မိသည္။ကိုကိုစားခ်င္တာေတြဝယ္ေကြၽးရတာကို သူ႕မွာၾကည္ႏူးလို႔မဆုံး။ကံေကာင္းတာကအစားအေသာက္ေစ်းမႀကီးတာပဲ။

ဝက္သားတုတ္ထိုးစားခ်င္ေသာ ကိုကိုေၾကာင့္ ထိုင္စားေနရတာ ပိုက္ဆံမေလာက္မွာလဲေၾကာက္ရတယ္။တစ္ေခ်ာင္းကို၅၀မို႔ေတာ္ေတာ့တယ္။

ထို႔ေနာက္ ေရခဲျခစ္စားခ်င္တယ္ဆိုေသာေၾကာင့္ ဝယ္ေကြၽးရျပန္တယ္။အခုမွကိုကိုလည္း စားခ်င္တာစားရလို႔ေပ်ာ္ေနသည္။သူလဲေပ်ာ္ပါသည္။ကိုကို႔အၿပဳံးေလးေတြျမင္ရင္သူေပ်ာ္ပါသည္။ဒါကိုအခ်စ္လို႔မသတ္မွတ္နိုင္ဘူး။မျဖစ္နိုင္ဘဲကို။အကိုတစ္ေယာက္လိုသူခ်စ္တာ။အင္း အကိုလိုပဲခ်စ္တာေနမွာပါ။

အိမ္ျပန္လမ္းမွာေတာ့ သူ႕လက္ထဲမွာ အကင္ေတြရယ္။ေက်ာက္ေက်ာတုံးေလးေတြရယ္။ပါဆယ္ထုတ္လာတဲ့ ပါဝါအခ်ိဳရည္ထုတ္ေလးရယ္။ေမေမ့သိပ္ႀကိဳက္တဲ့မုန့္ဟင္းခါးေလးလည္း ဝယ္လာဖို႔မေမ့။ကိုကို႔လက္ထဲမွာေတာ့ကုလားဗရာေၾကာ္ထုတ္ေလး။ကိုယ္ေတာ္ေခ်ာက သေဘၤာသီးေထာင္း စားခ်င္သည္ကို ဝယ္မေကြၽးလို႔စိတ္ေကာက္ေနျခင္းပင္။ဒီကဝယ္မေကြၽးခ်င္လို႔မဟုတ္ဘူး။အစားေပါင္းစုံစားၿပီးဝမ္းေလ်ာမွာစိုးလို႔သာ။

"ကိုကို"

"ဘာလဲ"

ထူးေတာ့ထူးသားပဲ။ဗရာေၾကာ္လုံးေလးေတြ စားကာႏႈတ္ခမ္းဆူေနတဲ့ ကိုကိုကခ်စ္စရာထပ္ေကာင္းေနျပန္သည္။

"ေကြၽးပါအုံး ကြၽန္ေတာ့္ကို"

"ေရာ့ အကုန္သာစားလိုက္ေတာ့"

"ဟာ...."

သူ႕ကို မၾကည့္ဘဲအထုတ္ကိုလာထိုးေပးသည္။ထို႔ေနာက္ မုန့္ကပ္ေလးေတြေပေနတဲ့ လက္ႏွစ္ဖက္ကိုခါကာ ေရွ႕ကေနေကာ့တက္ေကာ့တက္ထြက္သြားျပန္သည္။

"ကြၽန္ေတာ့္ကိုေစာင့္ပါဦးဗ်ာ"

"...."

"စိတ္မဆိုးပါနဲ႕ ကိုကို ေနာ္"

"မဆိုးဘူး"

"ဆိုးေနပါတယ္"

"မဆိုးပါဘူးဆိုကြာ"

တမာတန္းလမ္းေလးရဲ႕တိတ္ဆိတ္မႈကိုၿဖိဳခြင္းေန သည့္ကြၽန္ေတာ္တို႔၂ေယာက္။လအလင္းေရာင္ နဲ႕လမ္းမီးေရာင္ဝါက်င့္က်င့္ေအာက္မွာ ရန္ျဖစ္ေနတဲ့ကြၽန္ေတာ္တို႔၂ေယာက္က မသိရင္အခ်စ္စမ္းေနသလို။တစ္ေယာက္ကေခ်ာ့တစ္ေယာက္ကစိတ္ဆိုး။ကိုယ့္အေတြးနဲ႕ကိုဟုတ္သလိုလိုရွိေနတာမို႔ ရီခ်င္မိသြားတယ္။မေတြးသင့္မွန္းသိေပမဲ့ေပါ့။

"ေနာက္ေန႕က် ထပ္ေကြၽးမယ္ေလေနာ္ ကိုကို"

"ငါ့ဘာသာဝယ္စားမွာ"

"ကိုကိုဗ် စိတ္ဆိုးေျပပါေနာ္ ကြၽန္ေတာ္မေနတတ္ဘူး"

"မေနတတ္ရင္မေနနဲ႕"

" အဲ့လိုစိတ္မပုတ္ရဘူးေလ ကိုကို ခ်စ္တဲ့ေကာင္မေလးကိုအဲ့လိုစိတ္ပုတ္ၾကည့္ ဟိုကမခ်စ္ဘဲေနမွာ "

"ေမာင္!!!"

ဘာရယ္မဟုတ္ ေျပာလိုက္ေပမဲ့ ၾကားလိုက္ရတာကကိုယ့္ကိုေအာ္လိုက္တဲ့ ေအာ္သံတစ္ခု။ဘာကိုစိတ္တိုသြားတာလဲကိုကို ကြၽန္ေတာ္မသိလို႔ပါ။ကိုကိုခ်စ္ပါတယ္ဆိုတဲ့ ေကာင္မေလးကမခ်စ္ပါဘူး လို႔စလိုက္လို႔စိတ္တိုတာလား။သိပ္ခ်စ္တက္လိုက္တာ။

မၾကာပါဘူး ကိုကို႔ မ်က္ဝန္းေလးေတြက ပုလဲေရၾကည္ေလးေတြ ရစ္သီလာပါေတာ့သည္။ထိုအခါျပာယာခက္မိသူဟာကိုယ္ပါပဲ။

"ကိုကိုဘာျဖစ္လို႔လဲဟင္ ကိုကို"

"ေမာင္ ငါ့ခ်စ္တဲ့သူကိုသိခ်င္လား"

"....."

သူတိတ္ဆိတ္ေနမိတယ္။

"ငါသူ႕ကိုသိပ္ခ်စ္တယ္ေမာင္ မသိလိုက္တဲ့အခ်ိန္ေလးမွာသူ႕ကိုခ်စ္ခဲ့မိတာ ငါ့စိတ္ ငါ့ႏွလုံးသားကိုလြမ္းမိုးထားတာလည္း သူပဲ ငါ့အခ်စ္ဦးလို႔ေတာင္ေျပာလို႔ရတယ္ တခါတေလက်ရင္ေလ ငါသူနဲ႕မျဖစ္နိုင္ဘူးဆိုၿပီး ေတြးမိတိုင္း ငါ့မွာနာက်င္ရတယ္ ဒါေပမဲ့ ငါသူ႕ကိုခ်စ္တယ္  ငါသိပ္ခ်စ္တဲ့ လူက "

"ကိုကို"

တုန္ရီလာတဲ့ လက္တို႔ကိုဆုတ္ထားရင္ အသံတို႔ကိုထိန္းေမးမိသည္။ဘာလို႔လဲေတာ့သူမသိ။ေၾကာက္တာလား ဘာလို႔လဲ။

"ငါခ်စ္တဲ့ လူက မင္းပဲ ေမာင္ မင္းဆိုတဲ့လူကို ခ်စ္ေနမိတာ"

"....."

တစ္ကိုယ္လုံးအေၾကာေတြေသသြားသလိုလိုထုံကနဲ။ကိုကိုခ်စ္တာသူတဲ့လား။မျဖစ္နိုင္တာ။မဟုတ္ဘူး ျဖစ္ကိုမျဖစ္သင့္တာ။

"ငါ့ကို႐ြံသြားၿပီလား ေမာင္"

"ဟင့္အင္း"

႐ြံစရာလား။ဘယ္ေတာ့မွ အဲ့လိုေတြးမွာလည္း မဟုတ္ဘူး။ လူတစ္ေယာက္ကိုခ်စ္တာ အပစ္မွမဟုတ္တာ။ၿပီးေတာ့ ကြၽန္ေတာ္ကိုယ္တိုင္ကလည္း...

"ငါ့ကိုအရင္ကလို ပုံမွန္အတိုင္းဘဲဆက္ဆံေပးပါ ငါဒီတိုင္း ခ်စ္ေၾကာင္းသိေစခ်င္႐ုံပဲ"

"ဟုတ္"

အိမ္ျပန္ေရာက္တဲ့ထိ ဘာစကားမွမဆိုျဖစ္ၾကဘဲ တစ္ခြန္းႏွစ္ခြန္းႏႈတ္ဆက္ကာ ကိုယ့္အိမ္ေလးဆီသာ ျပန္လာလိုက္သည္။

စံအိမ္ႀကီးက ေတာ္ေတာ္ကို က်ယ္တယ္။တကယ္ဆိုအိမ္ေတာ္ရဲ႕အေစခံျဖစ္တဲ့ေမေမနဲ႕သူက အလုပ္သမားတန္းလ်ားမွာေနရမည္ ျဖစ္ေသာ္လည္း အိမ္ႀကီးရွင္သခင္ရဲ႕ အေရးေပးမႈေၾကာင့္ သပ္သပ္အိမ္ေလးတစ္လုံးမွာေနေစသည္။

တစ္ခုလပ္သားတစ္ေယာက္အေမလို႔သာ မေျပာရင္ေမေမဟာအပ်ိဳေလးအတိုင္းပဲ သိပ္ကိုလွပါသည္။အဲ့လိုလွလို႔လည္း ေမေမ့ကိုသူစိတ္မခ်။စိတ္မခ်ဘဴးဆိုတာက ကိုကို႔အေဖ စံအိမ္ရဲ႕သခင္ႀကီးေၾကာင့္။ေမေမ့ကိုအေရးေပးမႈေၾကာင့္ သခင္မႀကီးက ေမေမ့ကိုသိပ္မၾကည္ခ်င္။ေမေမကေတာ့ သူ႕အလုပ္သူတာဝန္ေက်ေအာင္ လုပ္ပါသည္။စံအိမ္မွာအလုပ္လုပ္ကတည္းက ေမေမ့အေပၚမရိုးသားတဲ့ သခင္ႀကီးေၾကာင့္ သူ႕မွာစိတ္ေမာရပါသည္။ ေမေမကေတာ့စိတ္မပူဖို႔ေျပာပါတယ္။အတန္းပညာမရွိတဲ့ ေမေမကအလုပ္ရဖို႔ ခက္ခဲသည္ေလ။ဒီမွာအလုပ္ရတာကိုပင္ကံေကာင္းလြန္းေနၿပီ။ တခါတေလ ကိုယ့္စိတ္မခ်မႈေၾကာင့္ အလုပ္ထြက္ဖို႔ ေမေမ့ကိုေျပာၾကည့္ေသာ္လည္း " ဒီမွာအလုပ္လုပ္မွ ေမ့သားကိုေက်ာင္းေကာင္းေကာင္းထားရတယ္" ဆိုတဲ့အေျဖသာ လာလိမ့္မယ္။ဟုတ္ပါသည္။သူ႕ကို ေက်ာင္းစရိတ္ကို သခင္ႀကီးက တာဝန္ယူ ေပးထားသည္။အဲ့ကိစၥနဲ႕ဘဲ သခင္ႀကီးနဲ႕သခင္မႀကီး ျပသာနာတတ္ၾကေလ့ရွိသည္။

ဟူးးးးး

စိတ္ေမာကာ သက္ျပင္းပူသာခ်လိဳက္မိသည္။သူ႕ဘဝက လြယ္ကူမေနပါ။အိမ္ေတာ္မွ ခပ္လွမ္းလွမ္းရွိေနတဲ့ကပ္အိမ္ေလးဆီသာ ေျခလွမ္းျပင္လိုက္ေတာ့သည္။

အိမ္နားေရာက္ေတာ့ၾကားလိုက္ရတာက ညီးသံတစ္ခ်ိဳ႕ ဘာသံေတြလဲ။အသံၾကားရာနားစြင့္ေတာ့ အိမ္ထဲက။ဘာေတြျဖစ္ေနတာလဲ

သူခပ္သြက္သြက္ဘဲ အိမ္တံခါးမကို ဖြင့္လိုက္တယ္။လက္မွကိုင္ထားတဲ့မုန့္ဟင္းခါးထုတ္ေလးကေတာ့ေျမခသြားခဲ့ေလၿပီ။ျမင္လိုက္ရတဲ့ျမင္ကြင္းက ေသြးပ်က္စရာ။အသက္မျပည့္ေသးတဲ့ကေလးအတြက္ဒီျမင္ကြင္းဟာ သိပ္ထိပ္လန့္ဖို႔ေကာင္းလြန္းသည္။ဆိုးတာက ေမေမ။ေမေမက သခင္ႀကီးေအာက္မွာ ဝစ္လစ္စလစ္။မလိုလားမႈေတြနဲ႕ ႐ုန္းကန္ေနတဲ့ေမေမ။သခင္ႀကီးကေတာ့ သူရာဂနဲ႕သူ ဘာမွသတိမထားမိ။စိတ္မထိန္းနိုင္ေတာ့။တစ္သက္နဲ႕တကိုယ္ဒီေလာက္ ေဒါသမထြက္ဖူးဘူး။လူသတ္ခ်င္စိတ္ပါေပါက္တယ္

"ခင္ဗ်ားႀကီး"

ေတြ႕ရာေႂကြပန္းအိုးကိုဆြဲကာ လူစိတ္မရွိတဲ့ လူအား အားျဖင့္ရိုက္ခ်လိဳက္တယ္။ေသရမွာ အေသသတ္ပစ္မွာ

ခြမ္း

အား

ပန္းအိုးကြဲသံနဲ႕အတူ ထြက္ေပၚလာတဲ့ ေအာ္သံ။
ရိုက္အားလဲျပင္းတာေၾကာင့္ ထိုလူ႕ေခါင္းမွာေသြးေတြ စီးက်လာသည္။ မေက်နပ္နိုင္ေသးဘူး။
သူ ေခြးတိရစ္ဆာန္ေကာင္ကိုတြန္းရင္း အားျဖင့္မ်က္ႏွာေတြခ်ည္း လက္သီးေတြျဖင့္ ဇြတ္သာထိုးေနလိုက္သည္။ေမေမ့တားသံလည္း နားထဲမဝင္ေတာ့ကိုယ့္စိတ္နဲ႕ကိုယ္မႊန္ေနေတာ့သည္။ဒီလိုလူေသရမွာ အေသသတ္ပစ္ရမွာ

"သတ္မွာ သတ္ပစ္မွာ အား ခင္ဗ်ားႀကီး ေသရမယ္"

"သား သားေတာ္ေတာ့ ေမေမေျပာေနတယ္ ၾကားလား သား"

"သား ေသသြားလိမ့္မယ္ ေတာ္ပါေတာ့သားရယ္ အင့္"

ငိုသံျဖင့္ လာတားေသာေမေမေၾကာင့္ သူသတိဝင္လာေတာ့တယ္။သူ႕ေအာက္ကလူကေတာ့ေသြးသံတရဲရဲ။သူလန့္မသြားပါ ဒီလိုလူအေသသတ္ၿပီးမွ ေထာင္ထဲဝင္မွာ။

ေမေမကိုၾကည့္ေတာ့ ရင္ရွားေလးနဲ႕ပါပဲ။ရင္ေတြနာလိုက္တာေမေမရယ္ ။သားေၾကာင့္ပါ ျဖစ္ခဲ့တာေတြအကုန္သားေၾကာင့္ သားသာရွိေနရင္ေမေမဒီလိုမျဖစ္ဘူး။

"အမေလး "

ေအာ္သံတစ္ခုေၾကာင့္ၾကည့္မိေတာ့ အခန္းဝမွာေသြးပ်က္ေနတဲ့ သခင္မႀကီး

"နင္ နင္ ငါ့ေယာကၤ်ားကို ဘာလုပ္လိုက္တာလဲ ဟမ္ "

"အကို အကိုေရ သတိဝင္ပါဦး အကို"

"လွႏြယ္ နင္ ငါ့ ေယာကၤ်ားကိုျမဴစြယ္တဲ့မိန္းမ "

"မ မဟုတ္ရပါဘူး သခင္မရယ္ "

"ေတာက္ က်ဳပ္အေမကို စြတ္စြတ္စြဲစြဲ ခင္ဗ်ားကိုလည္း က်ဳပ္သတ္မယ္"

"သား သား ေတာ္ၿပီ"

"ေမေမ လႊတ္ဗ်ာ က်ဳပ္ သတ္မွာ"

"နင္ကမ်ား ေအး နင္မသတ္ခင္ နင္တို႔သားအမိကို အရင္သတ္မွာ လွႏြယ္ နင္ျမဴစြယ္လို႔ ငါ့ေယာကၤ်ားက နင့္ဆီပါသြားတာ နင့္ကိုသတ္မယ္"

ရိုက္ခြဲထားတဲ့ ေႂကြစအခြၽန္ကိုေကာက္ယူကာ သူတို႔ဆီလွမ္းလာတယ္။ ေမေမ့ကိုကာကြယ္ရမယ္။

"လွႏြယ္ နင့္ေၾကာင့္ ငါခ်စ္တဲ့အကိုက နင့္ဆီပါသြားတာ ေကာင္မ သတ္ပစ္မယ္"

"က်ဳပ္ အေမကိုခင္ဗ်ားထိစရာမလိုဘူး"

ေဒါသေၾကာင့္အ႐ူးတစ္ေယာက္လိုျဖစ္ေနကာ အခြၽန္ကို ဟိုရမ္းဒီရမ္းျဖင့္ အေမ့ကိုဦးတည္ေနတာေၾကာင့္ သူ႕လိုေက်ာင္းစာကလြဲ ကိုယ္ခံပညာမတတ္တဲ့သူအဖို႔ေရွာင္ရရွားရတာခက္ခဲလွပါသည္။

"သား သြားေတာ့ သြား"

"ေမေမ"

အေျခေနမဟန္မွန္း သိေတာ့ေမေမက သူ႕ကိုပထုတ္ပါသည္။ ဟင့္အင္း ေမေမ့ကိုထားမသြားနိုင္ဘူး။

"သား အသက္ရွင္မွျဖစ္မယ္ သား သြားႏွင့္ေနာ္ ေမေမလိုက္ခဲ့မယ္"

"သား မသြားဘူး ေမေမ အင့္ ေမေမ"

"သားအသက္ရွင္မွျဖစ္မယ္"

"ေမေမ တူတူထြက္ေျပးၾကမယ္ သားကို အဲ့လိုမေျပာပါနဲ႕"

"သားေသလိမ့္မယ္ သြားပါေတာ့သားရယ္ "

ဘုတ္ အင့္

ခ်က္ခ်င္းပင္ တံခါးဝကေနေမေမဆီက တြန္းထုတ္ခံလိုက္ရတဲ့သူ။အင္အားႀကီးလြန္းတဲ့ ျမနန္းစံအိမ္ကေနသူထြက္ေျပးရင္ေတာင္လူအင္အားနဲ႕ ရွာရင္ကို လြယ္လြယ္ကူကူေတြ႕မဲ့အရာမ်ိဳး။သူတို႔ဆီကထြက္ေျပးလို႔ရရင္ေတာင္ေသမွာ။

"ေမေမ ေမ"

"အား"

ကမၻာတစ္ခုလုံးပ်က္သြားသလို ကြၽန္ေတာ့္ ႏွလုံးသားတစ္ခုလုံးေႂကြမြသြားခဲ့ေလၿပီ။ ဟိုမိန္းမလက္ထဲကအခြၽန္က ေမေမလည္ပင္းထက္ေရာက္သြားခဲ့ၿပီ။ေသြးစိမ္းရွင္ရွင္ပန္းထြက္ေနပုံက ထိပ္လန့္ေျခာက္ျခားစရာအတိ။ေသမတက္ျဖစ္သူကကြၽန္ေတာ္ ။အေမျဖစ္သူကိုေတာင္မကာကြယ္နိုင္တဲ့ သားတစ္ေယာက္ ငါေသသင့္တယ္။

"ဟား ဟား ေသစမ္း လွႏြယ္ အဲ့မွာ ေသစမ္း ၿပီးရင္နင့္သားအလွည့္ဘဲ"

ဘုတ္

အခြၽန္နဲ႕ လြတ္သြားတဲ့ ေမေမက သူ႕ေရွ႕လဲက်လာပါသည္။

"သား အ့ အသက္ ရွင္ အ ရမယ္"

ဟုတ္တယ္။ေမေမျဖစ္ေစခ်င္တာ သားအသက္ရွင္ရမယ္။သား အခ်ိန္တစ္ခုေရာက္ရင္ သားကလက္စားေခ်ျပမယ္ ေမေမ့အတြက္သားအသက္ရွင္ရမယ္။

"ေမေမ့ကိုအရမ္းခ်စ္တယ္"
.....

"အဲ့ဒီလိုနဲ႕ေမာင္ထြက္ေျပးလာခဲ့တယ္ ေမာင္လမ္းေဘးမွာအေလလြင့္ျဖစ္ခဲ့တယ္။သတင္းစာထဲမွာေမာင့္ကို လူေပ်ာက္ေၾကာ္ျငာဖြင့္ခံရတယ္။ေမာင္႐ုပ္ဖ်တ္ေနခဲ့ရတယ္။အဲ့မွာ ေဖေဖနဲ႕ေတြ႕ခဲ့ၿပီးေမာင့္ကိုေမြးစားလိုက္တယ္။ပိုက္ဆံရွိရင္အရာရာလုပ္နိုင္တာမို႔ ေမာင္ ႀကိဳးစားတယ္။ ကိုကိုတို႔မိသားစု မူးယစ္ေဆးဝါးေရာင္းဝယ္တာနဲ႕ပတ္သတ္ၿပီး သတင္းထြက္ခဲ့ေပမဲ့ ျမနန္းလိုအင္အားႀကီးတဲ့သူအတြက္ သတင္းကေန႕ခ်င္းညခ်င္းေပ်ာက္သြားတယ္။ေမာင္သက္ေသေတြရွာေတြ႕ခဲ့တယ္။ေမာင္ယုတ္မာလို႔ရတယ္။ေမာင့္မွာလူစိတ္ရွိတာေၾကာင့္ကိုကို႔ မိဘေတြကိုေမာင္မသတ္ရက္တာ"

ၾကားရသမွ်ကိစၥေတြဟာသူ႕ရင္ကိုဓါးနဲ႕ထိုးေနသလို

"ငါမသိခဲ့ဘူးေမာင္ အင့္ မင္းနဲ႕ ေလွ်ာက္လည္ၿပီးေနာက္ေန႕ ေဖေဖေဆး႐ုံတင္လိုက္ရတယ္။ငါ့ေမေမကို အင့္ ေမးေတာ့ ကားaccident ျဖစ္တာတဲ့ အင့္ ဟင့္ ႐ုတ္တရက္ႀကီးေမေမက ငါ့ကိုနိုင္ငံျခားပို႔ဖို႔လုပ္တယ္ ငါျငင္းတယ္ ငါေမာင္နဲ႕ေဝးရမွာေၾကာက္ခဲ့တာ ဒါေပမဲ့ ေမာင္ ေမာင္တို႔အလုပ္ထြက္သြားတယ္လို႔ ေမေမကေျပာတယ္ ငါမယုံနိုင္လို႔မင္းအေၾကာင္းေတြစုံစမ္းတာဘာမွအဆက္သြယ္မရခဲ့ဘူးေနာက္ဆုံးငါနိုင္ငံျခားသြားဖို႔ဆုံးျဖတ္လိုက္တယ္။အဲ့ အဲ့ကေနျပန္ေရာက္ေတာ့လည္း ငါမင္းအေၾကာင္းေတြစုံစမ္းေနခဲ့တာ အဲ့ေလာက္ႀကီးထိ.. "

"ေမာင္ ငါေတာင္းပန္ပါတယ္ေနာ္ အီး ဟင့္"

"တိတ္ပါကိုကိုရယ္ ေမာင့္အခ်စ္နဲ႕မဆိုင္ပါဘူး ဘာေတြဘဲျဖစ္ခဲ့ျဖစ္ခဲ့ ေမာင္ ကိုကို႔ကို ခ်စ္တယ္ ေမာင္သာ ကိုကို႔ကို ေဒါသနဲ႕ေရာေထြးခဲ့မိတာ ေတာင္းပန္ပါတယ္"

" ငါ႐ူးေတာ့မယ္ ေမာင္ရာ အဲ့ေလာက္ႀကီးထိ လုပ္လိမ့္မယ္ မထင္ထားဘူးကြာ"

"အင္းပါ တိတ္တိတ္"

"ငါ ေတာင္းပန္ပါတယ္ "

"ရႉး မငိုနဲ႕ေတာ့"

ႁပြတ္

"အိပ္ၾကရေအာင္"

"အင္း"

အရာအားလုံးအတြက္ေတာင္းပန္ပါတယ္ေမာင္
....
Words 4640
Lamin Eain
၅နာရီေလာက္typeလိုက္ရတယ္ voteေလးေတြေပးခဲ့ၾကပါဦး😭

Continue Reading

You'll Also Like

1M 107K 41
သူ့နာမည်က လမင်းခကြွေ.... king အင်ပါယာရဲ့ တစ်ဦးတည်းသော အမွေဆက်ခံမယ့်သူ.. ကျောက်မျတ်ရတနာလောကမှာတော့ဘုရင်တစ်ပါးလိုပဲ... အားလုံးက တင်စားကြတာတော့ သူကငယ်င...
819K 62.4K 49
စဝ်နောင့်ခွန်း :: ကောင်လေး~~~ ဒီချယ်ရီပန်းခက်လေးနဲ့အတူ ကိုယ့်အချစ်တွေပါ မင်းအတွက်ထည့်ပေးလိုက်တယ် ခွန်းစေကိုး :: ဘဲကြီး ~~~ ခင်ဗျားက ချယ်ရီပန်းခက်နဲ...
205K 5K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
442K 25.6K 29
စေလိုရာ 💚 သခင် (အရာအားလုံးကိုအချိန်တွေကကုစားသွားမှာပါလို့ပြောပေမဲ့ သူ့အတွက်တော့ ကလေးငယ်နှင့်ပတ်သက်သည့်အရာအားလုံးကို မည်သည့်အချိန်ကမှမကုစားနိုင်ပါ) M...