​ကောင်းမွန်တဲ့ဘဝနဲ့ အမျိုးသမီ...

By Autumn_Aster

29.7K 2.8K 64

Type : Web Novel Author: Jiu Yue Wei Lan 九月微蓝 Total Chapter: 106 Eng Trans -> https://www.novelupdates.com... More

Prologue
အခန်း၁ တွင်ပါဝင်သည့် အသုံးအနှုန်းများ
အခန်း ၁
အခန်း-၃
အခန်း ၄
အခန်း ၅
အခန်း-၆
အခန်း ၇
အခန်း ၈
အခန်း-၉
အခန်း-၁၀
အခန်း ၁၁
အခန်း- ၁၂
အခန်း ၁၃
အခန်း ၁၄
အခန်း ၁၅
အခန်း ၁၆
အခန်း ၁၇

အခန်း-၂

1.6K 178 4
By Autumn_Aster

UNICODE

အခန်း ၂တွင် ပါဝင်သည့် အသုံးအနှုန်းများ

妈妈 (pinyin: ma ma) မားမား – သူတို့ရဲသခင်မတွေကို ငယ်စဉ်ထဲမှ ခစားခဲ့သည့် နို့ထိန်း အမျိုးသမီးအစေခံတွေကို ဆိုလိုသည်။ နို့ထိန်းလည်းဖြစ်သလို သခင်မတွေရဲ့ လူယုံလည်း ဖြစ်သည်။ နျူးဘီနှင့် မတူတာက သူတို့တွေက အစေခံစာချုပ်တွေ ရှိဖို့ မလိုပေ။

奴婢 (pinyin: nu bi) နျူးဘီ – အစေခံမိန်းကလေး၊ အနီးကပ်အစေခံ


秀才 (pinyin: xiu cai) ရှူချိုင့် – စီရင်စုအဆင့်၏ မင်းမှုထမ်းစာမေးပွဲ အောင်ထားသည့် ပညာရှိ သို့မဟုတ် ကျွမ်းကျင်သည့် စာရေးသူ

★━━━━━━━━━━━━━━━━★

အခန်း-၂

"စစ်မေ့ အနာဂတ်ကျရင် ထောက်ပံ့ပေးဖို့အတွက် စန်းကျဲက စစ်မေ့ကိုပဲ မှီခိုရတော့မယ်"

သူမရဲ့ စတုတ္ထညီမလေးက စကားစမြည်ပြောဆိုမှုကို မပြောနိုင်သည့်အတွက် လွမ်နင်းက အနည်းငယ်တော့ စိတ်မကြည်မသာဖြစ်မိသည်။ သူမက မနေနိုင်ဘဲ လွမ်ရှီ၏ နူးညံ့သည့်အဝတ်ကို တင်းကြပ်စွာ ဆုပ်ကိုင်ရင်း သူမရဲ့ နူးညံ့သိမ်မွေ့သည့်မျက်နှာလေးကို မော့လိုက်သည်။ သူမမျက်ဝန်းထဲ မျက်ရည်တွေ တလဲ့လဲ့ဖြစ်နေကာ အကြည့်ကလည်း မျှော်လင့်ချက်တွေပါဝင်နေသည်။

ဒီနေ့ကို လွမ်ရှီသည် လွမ်နင်း အလည်လာရသည့် အကြောင်းရင်းလည်းဖြစ်သည်။

ပထမအနေနဲ့ သူမ အသုံးမလိုသည့် ထိပ်တန်းအဆင့်ဂျင်ဆင်းကို သူမရဲ့ စတုတ္ထညီမလေးကို ပေးမယ် ပြီးရင် သူမရဲံ စတုတ္ထညီမလေးဆီက သနားကရုဏာရဖို့ သူမ ခံစားချက်တွေကို ထုတ်ပြောပြမယ်။ နောက်ဆုံးကျမှ အကျိုးအမြတ်ရမည့် အခွင့်အရေးကို ယူမည်ဖြစ်သည်။

ဝမ်ထျန်းကျိုး၏ ဖခင်ဖြစ်သူမှာ ဘာသာရေးဝန်ကြီးဆိုသည့်အချက်ကို ကျော်လွန်ပြီးတော့ ဝမ်ထျန်းကျိုး၏ အနာဂတ်လမ်းက တောက်ပနေသည်။ ထို့အပြင် ဝမ်မိသားစုက ကောင်းမွန်သည့် နောက်ခံနှင့် ကျော်ကြားသည့် မိသားစုဖြစ်သည်။ တန်ဖိုးကြီးသစ်ရွက်တွေနှင့် ဖြာထွက်နေသည့် အကိုင်းအခက်တွေရှိနေသလို အရည်အချင်းရှိသူတွေလည်း အများကြီးပင်။

ချီယွဲ့အမ်သာ ဝေမိသားစု၏ အကူအညီကို စောစောရမယ်ဆိုရင် သူ့ရဲ့ မင်းမှုထမ်း အနာဂတ်လမ်းမှာ သေချာပေါက် ချောမွေ့နေပြီဖြစ်သည်။

သူမရဲ့ ဉာဏ်ကောင်းသည့် စစ်မေ့က သူမဆိုလိုချင်တာကို နားလည်မယ်လို့ ယုံကြည်၏။

လွမ်ရှီက ရုတ်ကနဲ နားလည်လိုက်သည်။ လွမ်စန်းညန်က ဘာလို့များ သူခံစားချက်တွေ ထုတ်ပြောတာလဲဆိုပြီး တွေးနေမိတာဖြစ်သည်။

ဆိုတော့ သူမက ဒီအတွက် စောင့်နေတာကိုး။ သူမနှလုံးသားက အနည်းငယ် နစ်မြုပ်သွားသည်။ လွမ်စန်းညန်က ပြန်လည်မွေးဖွားလာပြီးတော့ မူလကိုယ်ပိုင်ရှင်က သူမ လက်မထပ်ခင်အထိ တိတ်တိတ်လေး သိုဝှက်ပြီးနေနေရသည်။ သူမရဲ့ လုပ်ရည်ကိုင်ရည်တွေက လူမှုအဖွဲ့စည်းရဲ့ သတ်မှတ်ချက်တွေနှင့် သာမန်သာလို့ ထင်ကြပြီး သူမရဲ့ ဖုံးကွယ်လို့မရသည့် အလှကိုပဲ လူတွေက မြင်သည်။ သို့ပေမယ့် တစ်ဘဝစာအတွေ့အကြုံကို ရထားပြီးသည့် လွမ်စန်းညန်ရှေ့မှာတော့ လိမ်ညာလို့ မရနေပေ။ ရူးချင်ယောင်ဆောင်ဖို့က အချည်းနှီးပင်။

မူလကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်အရဆို မူလကိုယ်ပိုင်ရှင်က အရမ်းကို ဉာဏ်ကောင်းတာကို သူမ သိရသည်။ အိမ်ထောင်မှု ထိန်းသိမ်းသည့်နေရာ ဉပဒေနှင့် စည်းမျဉ်းစည်းကမ်းကို သိရှိနားလည်သည့်နေရာ၊ ဗျပ်စောင်း၊ စစ်တုရင်၊ လက်ရေးလှ၊ ပန်းချီနှင့် ပန်းထိုးသည့်နေရာတွေမှာ အရမ်းကို တော်သည်။ သို့ပေမယ့် သူမရဲ့ခင်ပွန်းနှင့်သားတွေကို သင်ပြသည့်နေရာမှာပဲ သူမအရည်အချင်းကို ပြသတာဖြစ်သည်။

သူမက သူမရဲ့အရည်အချင်းနှင့် ကျွမ်းကျင်မှုတွေကို မတော်သည့်ဟန်သာ ပြဖို့ ရွေးချယ်ထားသည့် ပြိုင်ဘက်ကင်းအလှ ဖြစ်သည်။ ဘာလို့လဲဆိုတော့ တုံးအပြီး မတော်သည့် မိန်းကလေးတစ်ယောက်က အန္တရာယ်တွေကို ရှောင်ရှားနိုင်လို့ဖြစ်သည်။ ကံမကောင်းစွာနှင့်ပဲ ထိုအရာတွေအကုန်လုံးက သူမနှင့် ဝမ်ထျန်းကျိုးရဲ့ လက်ထပ်သဘောတူညီမှု ရှိလာချိန်မှာ အကုန် ပြောင်းလဲသွားသည်။

သူမရဲ့တရားဝင်အမေက စိတ်ထဲမှာ အရမ်းကို အုံကြွသလို ခံစားနေရမည်။

ပြီးတော့ ထိုမကျေနပ်နေမှုက သူမ လက်ထပ်မှု မတိုင်ခင်အထိ ရပ်သွားမည့်သဘောမျိုးမှာ မရှိပေ။

ထိုအတွေးတွေဖြစ်နေချိန်မှာ လွမ်ရှီက ပြန်တုန့်ပြန်ဖို့ ဆုံးဖြတ်ချက်ချလိုက်သည်။ သူမနှင့် ဝမ်ထျန်းကျိုးက စေ့စပ်ပြီးဖြစ်သော်လည်း သူမက လက်မထပ်သေးသရွေ့ သူမရဲ့ လိမ္မာပါးနပ်လွန်းသည့် တရားဝင်အမေရဲ့ မျက်လုံးအောက်မှာ နေနေရဦးမည်ဖြစ်သည်။ ဘာမှ မစသေးတာ အကောင်းဆုံးပင်။

"မေမေနဲ့ စန်းကျဲက ညီမလေးကို အမြဲ ကောင်းကောင်းဆက်ဆံပေးတယ်လေ။ ညီမလေးက စန်းကျဲကို ကူညီနိုင်တာရှိရင် ညီမလေးတာဝန်ကနေ ဘယ်တော့မှ တုန့်ဆိုင်းနေမှာမဟုတ်ပါဘူး။ ဒါပေမယ့်... ဒါပေမယ့် စန်းကျဲလည်း သိတာပဲလေ။ ညီမလေးက တရားမဝင်သမီးဖြစ်တော့ ဝမ်မိသားစုရဲ့ အဆင့်အတန်းက မြင့်တယ်လေ။ ဝမ်ကုန်းဇီနဲ့ ညီမလေးလက်ထပ်နိုင်တာက ဒီဘဝမှာ ရထားတဲ့ ကောင်းချီးတွေ ကုန်သွားပြီးဆိုတာကို ညီမလေး ကြောက်နေတာ"

လွမ်ရှီရဲ့ လေသံထဲမှာ တုန့်ဆိုင်းမှုတွေပါဝင်နေသည်။ သူမရဲ့ လက်ရာမြောက်လွန်းလှသည့် မျက်နှာလှလှလေးမှာလည်း အနည်းငယ် ကူကယ်ရာမဲ့မှုနှင့် သူမအနာဂတ်အတွက် မလွယ်ကူမှုတွေကို ဖော်ပြနေသည်။

သူမရဲ့စကားထဲမှာ အမှန်တရားက သုံးပိုင်းလောက်ပါရင် အမှားက ခုနှစ်ပိုင်းလောက်ပါနေသည်။

သူမရဲ့ အတိတ်ဘဝမှာ မွေးရာပါ နှလုံးရောဂါကို ခံစားခဲ့ရလို့ လက်ထပ်ဖို့မပြောနှင့် ခံစားချက်တွေကိုတောင် မတွေးရဲပေ။ ဤဘဝမှာတော့ သူမကူးပြောင်းလာခြင်းမှာပဲ စေ့စပ်ပြီး ဖြစ်နေသည်။

ကျေးဇူးတင်စွာနှင့် သူမ လက်ထပ်ရမည့်သူက ဝမ်ထျန်းကျိုး ဖြစ်နေသည်။

ဝတ္ထုထဲမှ ဝမ်ထျန်းကျိုးက ဘဝတစ်လျှောက်လုံး ဇနီးတစ်ယောက်တောင် မယူခဲ့ပေ။ သူမခင်ပွန်းကို တခြားတစ်ယောက်မှ လုယက်မှာကို စိတ်ပူစရာမလိုပေ။ သူမကံက တော်တော်လေးကောင်းသည်ဟု ပြောရမည်။

လွမ်နင်းက သူမရဲ့ စတုတ္ထညီမလေးစကားကို ကြားချိန်မှာ ရုတ်တရက် သတိပြုမိသွားသည်။ ရှေးခေတ်လူတွေက မိသားစုအဆင့်အတန်းနှင့် မည်သူမည်ဝါဖြစ်သည်ကို အရမ်းအရေးကြီးကြောင်း သတ်မှတ်ကြတာ သူမက ဘယ်လိုလုပ်မေ့သွားတာလဲ? ဝမ်မိသားစုလို မြင့်မားသည့် မိသားစုအဆင့်အတန်းနှင့်ဆို သူမရဲ့ စတုတ္ထညီမလေး၏ တရားမဝင်သမီးဆိုသည့်အဆင့်အတန်းက နစ်နာစေသည့် ဒဏ်ရာဖြစ်လာလိမ့်မည်။

ဤလက်ထပ်သဘောတူညီမှုက ကောင်းသည်လို့ ထင်ရပေမယ့် လက်ရှိပြဿနာတွေကလည်း အလွန်ကြီးမားလှသည်။

သူမထင်သည့်အတိုင်းပင် သူမရဲ့ စတုတ္ထညီမလေးက လူရည်လည်ပြီး ဉာဏ်ထက်မြက်မှုနှင့်ဆို ဒီအချက်ကို အစောကြီးထဲက တွေးထားလောက်ပြီဖြစ်သည်။

လွမ်နင်းက သူမနှလုံးသားထဲ မသက်မသာဖြစ်မှုက ခပ်ဖျော့ဖျော့ဖြစ်လာသည်။ ဤဘဝအပါ သူမက သုံးဘဝကို ရှင်သန်ခဲ့ပြီးပြီဖြစ်ပေမယ့်လည်း သူမရဲ့ စတုတ္ထညီမလေးကိုတော့ မယှဉ်နိုင်သေးပေ။ သူမရဲ့ စတုတ္ထညီမလေးက အစောထဲမှ ဤပြဿနာကို စဉ်းစားပြီးသားဖြစ်နေချိန်မှာ သူမကတော့ မသိခဲ့သေးပေ။

သူမရဲ့ ပြီးခဲ့သည့်ဘဝမှာ သူမရဲ့ စတုတ္ထညီမလေးက အမတ်ကြီးအိမ်တော်မှ အသုံးမကျစိတ်ကြီးဝင်သည့် ကိုယ်လုပ်တော်ဖွား သားဖြစ်သူ ချီယွဲ့အမ်နှင့် သူမအစား လက်ထပ်ချိန်တုန်းက နှစ်ဖက်လုံးမှာ တရားမဝင်ကလေးတွေဖြစ်သည်။ တစ်ယောက်က အလှနှင့် လုပ်ရည်ကိုင်ရည်ကို ပိုင်ဆိုင်ထားပြီး နောက်တစ်ယောက်က အမတ်အိမ်တော်မှလာသည်။ သူတို့အဆင့်အတန်းချင်းက ညီမျှသည်လို့ ပြောရမည်။

ဤဘဝ သူမရဲ့ ဝင်ဖျက်မှုကြောင့် သူမရဲ့ စတုတ္ထညီမလေးက ခါးသက်မှုတွေကို စားနေမှာကို သူမ ကြောက်မိသည်။

လွမ်နင်းက သူမရဲ့ စတုတ္ထညီမဖြစ်သူကို ရှုပ်ထွေးနေသည့် အမူအရာဖြင့် ကြည့်လာသည်။ သူမရဲ့ စတုတ္ထညီမလေးကို တွင်းထဲ ပစ်ချသည်ဆိုသည့် အချက်ကို ဝန်ခံရန်တော့ သူမလုံးဝငြင်းဆိုသည်။ သို့ပေမယ့် သူမရဲ့ စတုတ္ထညီမလေးက သူမအရင်ဘဝမှာ လင်ကောင်းသားကောင်းကို လက်ထပ်နိုင်ခဲ့တာက သူမ လက်လျှော့ပြီး သူမစတုတ္ထညီမလေးက သူ့အား ရရန်ခွင့်ပြုခဲ့လို့ဖြစ်သည်။

ဒီဘဝမှာ သူမနှင့် သက်ဆိုင်သည့်အရာကို သူမ ဆုပ်ကိုင်ထားချင်ရုံသာဖြစ်သည်။ သူမစတုတ္ထညီမလေးအတွက် ပိုပြီးကောင်းတဲ့ ခင်ပွန်းကို ရှာပြီး နှစ်သိမ့်ပေးခဲ့ပြီမဟုတ်ဘူးလား?

ဝမ်ထျန်းကျိုးက သူ့လိင်မှုခံယူချက်ကို ဖုံးကွယ်ဖို့ စတုတ္ထညီမလေးကို အသုံးချသည်ဆိုရင်တောင် သူမရဲ့ စတုတ္ထညီမလေးက ဉာဏ်ကောင်းသည့်သူမို့လို့ သူမနေ့ရက်တွေ အဆင်ပြေရန် ဝမ်ထျန်းကျိုးအား သူမ ဘယ်လိုအသုံးချရမလဲဆိုတာ သေချာပေါက် သိလိမ့်မည်။

ထိုအတွေးတွေနှင့် လွမ်နင်းခံစားနေရသည့် အပြစ်ရှိလိုစိတ်က လုံးဝပျောက်ကွယ်သွားသည်။ သူမက လွမ်ရှီကို ချစ်ခင်မြတ်နိုးစွာ ဖက်ပြီး နှစ်သိမ့်လိုက်သည်။ "ပေါက်ကရတွေကွယ် ညီမလေးမှာက ကောင်းချီးပေးမှုတေွ အများကြီး ရှိနေတာလေ။ မမတို့ ညီအစ်မလေးယောက်ထဲမှာ ညီမလေး သတို့သားလောင်းရဲ့ မိသားစုနောက်ခံက အကောင်းဆုံးပဲလေ"

"စစ်မေ့ အချိန်ကျတဲ့အခါရင် စစ်မေ့ရဲ့ စန်းကျဲကို ထောက်ပံ့ပေးဖို့ မမေ့နဲ့နော်"

"ညီမလေးက အကောင်းဆုံးကြိုးစားပါ့မယ်"

လွမ်စန်းညန်က ဤကိစ္စကို အလျှော့မပေးဘူးဆိုတာ နားလည်တော့ လွမ်ရှီလည်း နှုတ်ခမ်းစေ့ကာ နောက်ဆုံးမှာ သဘောတူပေးလိုက်ရသည်။ သူမက သဘောမတူရင်တောင်မှ လွမ်စန်းညန်က အခွင့်အရေး ယူနေဦးမည်ဖြစ်သည်။

"ကျေးဇူးပါ စစ်မေ့။ စစ်မေ့ရဲ့ ထောက်ပံ့ပေးမှုနှင့်ဆို မမလည်း ယုံကြည်ချက်ရှိပါပြီ။" လွမ်နင်းက သူမစတုတ္ထညီမဖြစ်သူမှ သဘောတူညီချက်ကို ရပြီးနောက် အပြုံးတစ်ခုဖော်ပြလာသည်။ သူမပန်းတိုင်ကို ရောက်ရှိပြီးနောက် သူမက ဒီနေရာမှာ ဆက်မနေချင်တော့ပေ။ ထို့ကြောင့် သူမက မတ်တပ်ထရပ်ကာ နှုတ်ဆက်ပြီး ပေါ့ပါးခြေလှမ်းဖြင့် ထွက်သွားတော့သည်။

လွမ်ရှီက မျက်မှောင်ကြုတ်သွားသည်။ လွမ်စန်းညန်က တကယ့်ကို လက်တွေ့သမားပဲ။

လွမ်စန်းညန်ထွက်သွားပြီးမှ အသံတစ်စက်တောင်မထွက်ဘဲ ဘေးမှာ ရပ်နေသည့် စူးယွီက မမလေးရဲ့ အသားအရောင်က အတော်လေးကောင်းနေတာကို သတိပြုမိသွားသည်။ သူမရဲ့ မမလေးအတွက် ရေနွေးကြမ်း နွေးနွေးလေးတစ်ခွက် လောင်းထည့်ပေးလိုက်ရင်း မေးမြန်းလိုက်သည်။ "မမလေး ဒီနေ့ရော လက်ရေးလှ လေ့ကျင့်ဦးမှာလားရှင့်?"

လွမ်ရှီက ခဏရပ်ရင်းနဲ့မှ မူလကိုယ်ပိုင်ရှင် အရမ်းကို စည်းစနစ်ရှိပြီး အလုပ်ကြိုးစားလေ့ရှိတဲ့သူဖြစ်တာကို သတိရသွားသည်။ ဖြစ်ချင်တော့ ဒီနေ့ကလည်း မူလကိုယ်ပိုင်ရှင်က သူမရဲ့ လက်ရေးလှ လေ့ကျင့်တဲ့ နေ့လည်းဖြစ်သည်။ ရေနွေးကို လက်ခံပြီး သူမရဲ့ ခဏလောက် ရပ်ဆိုင်းမှုကို ဖုံးကွယ်ဖို့ တစ်ငုံသောက်လိုက်ပြီးမှ ခေါင်းခါပြလိုက်သည်။ "ငါ့ရဲ့ကိုယ် အရမ်းပြန်ကောင်းလာတာ လုပ်ဦးမယ်။ ငါ အပြည့်အဝပြန်ကောင်းတော့မှ ပြောကြတာပေါ့"

မူလကိုယ်ရဲ့ မှတ်ဉာဏ်တွေကို ရရှိချိန်မှာ မှတ်ဉာဏ်တင်မကဘဲ မူလကိုယ်ပိုင်ရှင် တတ်ကျွမ်းသည့် အရာတိုင်းကိုလည်း သူမ ပြန်သင်ရမည်ဖြစ်သည်။ သူမက တိတ်တိတ်လေး လေ့ကျင့်ရမည်။ မဟုတ်ရင် မူလကိုယ်ပိုင်ရှင် နို့ထိန်းမားမားရွှီ ပြန်လာရင် ပေါ်ကုန်သွားလိမ့်မည်။

အမတ်ချန်းယီက သူ့ရဲ့ စတုတ္ထသမီး၏ ရင်သက်ရှုမောဖွယ်အသွင်ကြောင့် အရမ်းကို ဂရုတစိုက်ရှိလှသည်။ သူက သူတို့ကို သင်ကြားဖို့အတွက် အမျိုးသမီးဆရာတွေကို အထူးတလည်ဖိတ်ခေါ်လေသည်။ စာဖတ်တာနှင့် အနုပညာလေးမျိုး _ ဗျပ်စောင်း၊ စစ်တုရင်၊ လက်ရေးလှနှင့် ပန်းချီတွေကို ကျွမ်းကျင်စေရန်၊ ပန်းထိုးပညာ၊ ချက်ပြုတ်ခြင်း၊ အကဲဖြတ်ခြင်းနှင့် ကျင့်ဝတ်ထုံးတမ်းတွေ ဖြစ်ပါစေ ဖော်ပြထားသည့် ပညာရပ်တွေအားလုံးကို လေ့လာထားရသည်။

မူလကိုယ်ပိုင်ရှင်၏ ဟိတ်ဟန်နှင့် ကျင့်ဝတ်တွေက အရမ်းကို ကျက်သရေရှိလှသည်။ သူမရဲ့ လှုပ်ရှားမှု၊ ထတာ၊ ထိုင်တာနှင့် အိပ်တာကအစ ထပ်တူဖြစ်လာသည်။ သူမရဲ့ အနုပညာလေးရပ်ကျွမ်းကျင်မှုကလည်း ကောင်းမွန်လှသည်။ အထူးသဖြင့် သူမရဲ့ စစ်တုရင်ပညာရပ်က ထိပ်တန်းအဆင့်မှာဖြစ်သည်။ ဖြစ်နိုင်တာကတော့ မူလကိုယ်ပိုင်ရှင်က နည်းဗျူဟာမှာ ကျွမ်းကျင်သည့်အချက်နှင့် ဆက်စပ်နေလိမ့်မည်ဖြစ်သည်။

ဒုတိယအနေနှင့် သူမရဲ့ ပန်းချီနှင့် လက်ရေးလှက စိတ်ဝိဉာဉ်ကို ဖမ်းစားနိုင်သည်အထိ တော်လှသည်။

နောက်ဆုံးအနေနှင့် သူမရဲ့ ဗျပ်စောင်းကျွမ်းကျင်မှုက အသင့်အတင့်အနေအထားမှာရှိသည်လို့ ယူဆလို့ရ၏။

မူလကိုယ်ပိုင်ရှင်က သူမရဲ့ အရည်အချင်းတွေကို တိတ်ဆိတ်စွာနှင့် ဖုံးကွယ်ထားလို့ လွမ်ရှီအတွက် ကံကောင်းသွားသည်။ သူမက သူမရဲ့ ကျင့်ဝတ်ထုံးထမ်းနှင့် အနုပညာလေးရပ်၏ ကျွမ်းကျင်မှု၊ သူမရဲ့ ပန်းထိုးပညာရပ်တွေက ပုံမှန်အနေအထားပဲ ဖော်ပြထားသည်။ ခြုံပြောရရင်တော့ သူမက ပုံမှန်အနေအထားပဲ ပြထားကာ လွမ်စန်းညန်က သူမထက် ပိုထူးချွန်သည့်ဟန်ပဲ ပြဿထားသည်။

လွမ်စန်းညန်အကြောင်းပြောရရင်တော့ လွန်စန်းညန်၏ ပြန်လည်မွေးဖွားလာမှုက လွန်ခဲ့တဲ့ လဝက်လောက်ပဲရှိမည်။ သိပ်မကြာခင်အချိန်မှာ လွမ်စန်းညန်က ထူးဆန်းတဲ့အရာတွေနှင့် ဆန်းသစ်တဲ့ ပစ္စည်းတွေကို ရောင်းချသည့် သတင်းမကြားလို့လည်းဖြစ်သည်။ သူမအရင်ဘဝက ခံစားခဲ့ရသည့် နာကျင်သည့်အတွေ့အကြုံဆီက သင်ခန်းစာယူထားသလို လွန်စန်းညန်က စာအုပ်ရဲ့အစပိုင်းကို ပြန်ရောက်သွားတာဖြစ်သည်။

ယခု သူမရရှိထားသည့် အရာက မူလကိုယ်ပိုင်ရှင် မှတ်မိတာထက် ပိုပြီးသာသည်။

လွမ်ရှီက ထိုတွင်းထဲ ပြုတ်ကျပြီး တစ်ခုခုရဖို့ မျှော်လင့်သည်။

လွမ်ရှီ၏ စိတ်ထဲ ရာပိုင်းများစွာ ဖြစ်နေတုန်းမှာပဲ စူးယွီက သူမရဲ့ မမလေး အဖြေရပြီးနောက် ခေါင်းညိတ်ကာ သဘောတူလိုက်သည်။ "ဒီတစ်ကြိမ် မမလေး ခံစားရတဲ့ အအေးမိတာက အရမ်းဆိုးတယ်။ နျူးဘီတောင် သေမတတ် လန့်သွားတာ။ ကျေးဇူးတင်လို့ မမလေးက ဆိုးရွားတဲ့အခြေအနေကို ဖြတ်ကျော်နိုင်ခဲ့တယ်"

မနေ့ညက သူမရဲ့ မမလေး၏ မကျဘဲ တက်နေသည့် အဖျားကို ပြန်တွေးမိရင် စူးယွီတစ်ယောက် လန့်နေတုန်းပင်။ "မမလေး နျူးဘီ ဒီလိုပြောတာကို ခွင့်လွှတ်ပါနော်။ ဒါပေမယ့် မမလေးက ခန္ဓာကိုယ်ကို သီးသန့် လေ့ကျင့်ခန်းလုပ်လေ့ရှိတယ်။ အရင်က မမလေး ဖျားခဲ့တာက ဒီလောက်မပြင်းထန်ဘူး။ နျူးဘီတွေးနေတာက ဒီမှာ တစ်ခုခုများရှိမလားလို့လေ"

လွမ်ရှီ၏ နှလုံးသားက အေးစက်စွာနှင့် တုန့်ပြန်လာသည်။ စူးယွီရဲ့စကားက သူမနိုးလာအောင် ရုတ်တရက် မြည်ဟီးလာသည့် မိုးခြိမ်းသံလိုပင်။ ထိုစကားက အမှန်ပင်။ မူလကိုယ်ပိုင်ရှင်က သူမရဲ့ ခန္ဓာကိုယ်နှင့် ကျန်းမာရေးကို အမြဲ ဂရုစိုက်လေ့ရှိသည်။ အအေးမိတာသက်သာဖို့ဆို သူမက ဂျင်းပြုတ်ရည်တစ်ခွက် နှစ်ခွက်သာ သောက်ဖို့လိုသည်။ သို့ပင်တိုင်အောင် သမားတော်က သူမရောဂါသက်သာဖို့ ဆေးညွှန်းရေးသွားပေးသည်။

မူလကိုယ်ပိုင်ရှင်က အဖျားပျောက်ဆေးသောက်ပြီးချိန်မှာ ပြန်ကန်ထွက်လာသလိုပင်။ သူမသာ ရုတ်တရက် ကူးမပြောင်းလာခဲ့ဘူးဆိုရင်... သူတို့ဝိဉာဉ်ခြင်း လဲပြီးသွားချိန်မှာ အဖျားက မကျသွားဘူးဆိုရင်...

အလွန်တရာ အေးစက်လှသည့် အမူအရာဖြင့် လွမ်ရှီက ညွှန်ကြားလာသည်။ "စူးယွီ မနေ့က ငါသောက်တဲ့ အဖျားပျောက်ဆေးရည် ကျန်သေးလားဆိုတာ နင်သွားစစ်ပေးနိုင်မလား?"

စူးယွီက တောင့်တင်းသွားသည်။ ပြီးနောက် တစ်စုံတစ်ခုအား တွေးမိသွားသလို သူမအမူအရာက ရုပ်ဆိုးလာ၏။ သွားကြိတ်ရင်းနှင့် "မမလေး မနေ့က မမလေးသောက်တဲ့ အဖျားပျောက်ဆေးရည်က နျူးဘီကိုယ်တိုင် ကြိုတာပါ။ ပြဿနာရှိမယ်ဆိုရင် ပို့လာတဲ့ ဆေးအမယ်တွေမှာ ပြဿနာရှိမယ့် အဓိပ္ပါယ်ပါပဲ"

မားမားရွှီက ထွက်သွားတာရက်ပိုင်းပဲ ရှိသေးတာကို သူမ မမလေးက အသက်တောင် ဆုံးရှုံးလုနီးပါးဖြစ်သွားသည်။ စူးယွီက သူမ အရမ်းအသုံးမကျသလို ခံစားသွားရသည်။

"ထားလိုက်တော့ ဒီကိစ္စက ထပ်ပြီးစုံစမ်းဖို့ မလိုတော့ဘူး။ ငါက အခြေအနေတွေကို ကောင်းကောင်းနားလည်တယ်။ အခုတော့ ငါတို့ ဘာမှ ရှာနိုင်ဦးမှာမဟုတ်ဘူး။ အနာဂတ်မှာ ငါတို့ ပိုပြီး သတိထားဖို့ပဲ လိုတယ်" လွမ်ရှီက စူးယွီကို ယုံကြည်သည်။ မူလကိုယ်ပိုင်ရှင် သေဆုံးမှုက ရိုးရှင်းသည့်ပုံမပေါ်ပေ။ သူမစိတ်ထဲမှာလည်း သံသယရှိတဲ့သူ ရှိပြီးသားဖြစ်သည်။ ဝတ္ထုထဲမှ ဇာတ်လိုက်မက မူလကိုယ်ပိုင်ရှင်ရဲ့ ကောင်းမွန်တဲ့ ဘဝကို ဘယ်လိုတောင် အားကျလဲဆိုတာ သူမ မှတ်မိသေးသည်။ သူမကတော့ သဘောမတူပေ။ ဘာလို့လဲဆိုတော့ မူလကိုယ်ပိုင်ရှင်ရဲ့ အခက်အခဲတွေကို သူမ ခံစားမိလို့ဖြစ်သည်။

မူလကိုယ်ပိုင်ရှင်၏ မိခင်အရင်းဖြစ်သူက အစောကြီး ကွယ်လွန်သွားခဲ့သည်။ သူမရဲ့ မိခင်ရင်း ကာကွယ်မှုမရှိလို့ သူမအဖေရဲ့ တန်ဖိုးထားမှုကို ရအောင် သူမရဲ့ ထူးချွန်လှသည့် အလှပေါ်ပဲ မှီခိုနိုင်သည်။ သို့ပေမယ့် သူမရဲ့ တရားဝင် မိခင်ရဲ့ မျက်စိစပါးမွှေးစူးတာ မခံရအောင် သူမကိုယ် သူမ ဖုံးကွယ်ထားသည်။ သူမရဲ့ အရည်အချင်းတွေက လူမှုအသိုင်းအဝိုင်းမှ လက်ခံနိုင်တယ်ဆိုရုံလောက်အောင် သာမှန်သာဖြစ်နေအောင် လုပ်ထားသည်။

သို့ပေမယ့် အဆုံးမှာတော့ သူမ အသက်ကို ဆုံးရှုံးလိုက်ရသည်။

လွမ်ရှီက သူမကိုယ်သူမ စိတ်ထဲက သတိပေးနေရင်း မျက်မှောင်ကြုတ်နေသည်။ မူလကိုယ်ပိုင်ရှင်နှင့် ဝမ်ထျန်းကျိုးတို့ရဲ့ စေ့စပ်ပွဲက ကောင်းချီးထက် ကျိန်စာသင့်နေသလိုပင်။

မူလကိုယ်ပိုင်ရှင်သာ ဆေးပညာပိုင်းအသိရှိမယ်ဆိုရင်... သို့ပေမယ့် သူမရဲ့ တရားဝင်အမေဖြစ်သူက လိမ္မာပါးနပ်လွန်းလှသည်။ သူမက ကိုယ်လုပ်တော်ဖွားသမီးသုံးယောက်ကို ဆေးပညာအခြေခံပိုင်းကို သင်ဖို့ အမျိုးသမီးဆရာတွေကို ခွင့်မပြုထားပေ။ သူမရဲ့ အခြားတရားမဝင် အစ်မနှစ်ယောက်က သူတို့ရဲ့ မိခင်ရင်းတွေ၏ တိုးတိုးတိတ်တိတ်သင်ပေးတာခံရချိန်မှာ မူလကိုယ်ပိုင်ရှင်ကတော့ သူမကိုယ်သူမနှင့် မားမားရွှီအပေါ်ပဲ မှီခိုနိုင်သည်။

လွမ်ရှီ၏ နှလုံးသားက မူလကိုယ်ပိုင်ရှင်အတွက် တိတ်ဆိတ်စွာ နာကျင်မိသည်။

"မမလေး တတိယမမလေးရဲ့ ကိုယ်ပိုင်အစေခံ ယောင်ဟုန်က တွေ့ခွင့်တောင်းပါတယ်" သက်လတ်ပိုင်းအမျိုးသမီးအစေခံ၏ အသံက အခန်းပြင်ကနေ ထွက်လာသည်။

"သူ့ကို ဝင်လာခိုင်းလိုက်" လွမ်ရှီက ယောင်ဟုန်၏ အလည်လာသည့် နောက်ကွယ်က အကြောင်းရင်းကို သိလေသည်။ သူမရဲ့ နှုတ်ခမ်းထက် မသိလိုက်ပဲ အပြုံးသေးသေးလေးတစ်ခု ပေါ်လာသည်။

လွမ်စန်းညန်က သူမရဲ့ ဂျင်ဆင်းကို ပို့လာမှတော့ သူမက ပျော်မိသည်။ အထူးသဖြင့် သန့်စင်ပြီး သဘာဝအတိုင်းဖြစ်နေသည့် ဂျင်ဆင်းရိုင်းတွေဆိုတော့။

ယောင်ဟုန်က လှပသည့် အသွင်နှင့် အစေခံဖြစ်သည်။ သူမ အထဲဝင်လာတာနှင့် သစ်သားဘူးအား ကမ်းပေးလာသည်။ ထိုသစ်သားဘူးထဲတွင် ရာစုနှစ်ထက် နည်းသည့် ဂျင်ဆင်းတွေပါ၏။ "စတုတ္ထမမလေး ဒါကတော့ တတိယမမလေးက စတုတ္ထမမလေး ခန္ဓာကိုယ် အားပြန်ပြည့်ဖို့အတွက် ပေးလိုက်တဲ့ ဂျင်ဆင်းတွေပါ"

"စန်းကျဲက စိတ်နှလုံးသားကောင်းမွန်ပါပေတယ်" လွမ်ရှီက ပြုံးပြီး စူးယွီကို သစ်သားဘူးအား သိမ်းဖို့ အချက်ပြလိုက်သည်။ ဖြစ်နိုင်တာတော့ သူမ ပျော်နေလို့ သူမရဲ့ ကိုယ်ပိုင်ဆွဲဆောင်မှုကို ထိန်းသိမ်းဖို့ မေ့သွားတာဖြစ်မည်။ သူမရဲ့ ပြုံးလိုက်သည့် အမူအရာက အပြည့်အဝပွင့်လန်းလာသည့် ပီအိုနီပန်း (ပျိုနီပန်း) တွေလိုပင်။ လူတွေရဲ့ နှလုံးသားနှင့် စိတ်ဝိဉာဉ်အား အပိုင်သိမ်းသွားလောက်အောင် တောက်ပပြီး ဆွဲဆောင်မှုရှိလှသည်။

ယောင်ဟုန်က တွေဝေမိန်းမောသွား၏။

စတုတ္ထမမလေးက ရင်သက်ရှုမောဖွယ်အလှကို ပိုင်ဆိုင်ထားသည်ဆိုတာ သူမ သတိပြုမိပြီးသားဖြစ်ပေမယ့် အကြာကြီး ကြည့်မိချိန်မှာ ချင့်ချိန်နိုင်စွမ်းတွေ ပျောက်သွားသလိုပင်။ ကဗျာစာဆိုတွေမှာ ပြောကြသလိုပင် စစ်မှန်ပြီး ထူးခြားသည့် အလှရှိသည့် အမျိုးသမီးတစ်ယောက်ပိုင်ဆိုင်ထားသည့် နက်ရှိုင်းသည့် အသားရေနှင့် ပြိုးပြက်လှသည့် အလှတရားဟာ အရိုးထဲက လာသည့် အလှတရားနှင့် သူမကိုယ်ပိုင်ဆီမှ ထွက်ပေါ်လာသည့် ဆွဲဆောင်မှုသာ ဖြစ်သည်။

စတုတ္ထမမလေးရဲ့ အလှဟာ နက်ရှိုင်းသည့်အလှတရားဖြစ်ပြီး လူတစ်ယောက်ရဲ့ အသက်ရှူနှုန်းကို မှားသွားစေသည်။ စိစစ်လာမှုကို မခံနိုင်သည့်အချက်ပင်။

ယောင်ဟုန်၏ ထူးဆန်းသည့်အပြုအမူကို သတိထားမိတော့ လွမ်ရှီက သူမ အပြုံးကို ချက်ချင်း ထိန်းလိုက်သည်။ ယောင်ဟုန်က သူမငေးငိုင်နေမှုကနေ သတိပြန်လည်လာပြီး စတုတ္ထမမလေးက အရင်ကနှင့် တူတူပဲဆိုတာ သတိထားမိသွားသည်။

သူမမနေနိုင်ဘဲ စိတ်ထဲမှာပြောလာမိသည်။ သူမ ဘာလို့ ပူးကပ်ခံသွားရသလိုမျိုး စတုတ္ထမမလေးကို အကြာကြီး စိုက်ကြည့်နေမိတာလဲ?

"စတုတ္ထမမလေး တတိယမမလေးက နျူးဘီရဲ့ အကြောင်းပြန်ကြားချက်ကို စောင့်နေတုန်းမို့လို့ နျူးဘီအရင်သွားလိုက်ပါမယ်" ယောင်ဟုန်ထွက်ချိန်မှာပဲ အခန်းပြင်မှ အသံထပ်ထွက်လာသည်။ ကောင်လေး၏ နူးညံ့ပြီး စိတ်ထိခိုက်သည့်အသံလေးက လွမ်ရှီ၏ နားထဲ ပျံ့လွင့်လာသည်။ "မေမေ သားက စစ်ကျဲကို သေချာ တောင်းပန်လိုက်ပါ့မယ်"

ပြောသည့်သူက မူလကိုယ်ပိုင်ရှင်၏ ၆နှစ်အရွယ် မောင်လေး လွမ်ယွီမင်ဖြစ်သည်ဆိုတာကို လွမ်ရှိသိသည်။

လွမ်ယွီမင်က သူကောင်းအမတ်ချန်းယီအိမ်တော်၏ တတိယသခင်လေးဖြစ်သည်။ သူ့ရဲ့ မိခင်အရင်းဖြစ်သူကတော့ လင်ယိညန်ဖြစ်ပြီး အမေရောသားပါ သူကောင်းအမတ်ချန်းယီ၏ ချစ်မြတ်နိုးမှုကို ခံထားရသည့်သူတွေဖြစ်သည်။

သူမတွေးနေချိန်မှာပဲ နူးညံ့သိမ်မွေ့ပြီး မျက်နှာလှလှနှင့် ကောင်းမွန်သည့် စိတ်ထားရှိဟန်ရှိသည့် အမျိုးသမီးတစ်ယောက်က ဝတုတ်ပြီး ချစ်ဖို့ကောင်းသည့် ကောင်လေးတစ်ယောက်ကို လက်ဆွဲကာ သိမ်မွေ့သည့်ခြေလှမ်းဖြင့် အထဲသို့ဝင်လာသည်။ သူမနောက်မှာလည်း အစေခံ မိန်းကလေးအနည်းငယ်နှင့် မားမားတွေပါလာသည်။

ရောက်ရှိလာသည့်သူကတော့ လင်ယိညန်ဖြစ်သည်။

မူလကတော့ လင်ယိညန်က ပြည်နယ်တစ်ခုမှ ရှူချိုင့်တစ်ယောက်၏ သမီးဖြစ်သည်။ နောက်ကျတော့ သူကောင်းအမတ်ချန်းယီက သူမကို စိတ်ဝင်စားပြီး အထက်တန်းကိုယ်လုပ်တော်အနေနှင့် စံအိမ်တော်ဆီ ခေါ်လာတာဖြစ်သည်။

သူမရဲ့ နူးညံ့ပြီး လှပသည့်မျက်နှာအနေအထား တစ်ကိုယ်လုံးမှာ ခြုံလွှမ်းနေသည့် စိတ်နေသဘောထားနှင့်ဆို သူမက အထက်တန်းလွှာ မိသားစု၏ ယိညန်တစ်ယောက်နှင့်တောင် မတူပေ။

မူလကိုယ်ပိုင်ရှင်၏ ဖခင်ဖြစ်သူရဲ့ အနောက်ခြံဝန်းမှာ လင်ယိညန်ထက်ပိုပြီး နူးညံ့ငယ်ရွယ်သည့် ကိုယ်လုပ်တော်တွေအနည်းငယ်ရှိလေသည်။

သို့ပေမယ့် လင်ယိညန်၏ နေရာကတော့ လှုပ်ရှားမှု မရှိ ရှိနေဆဲဖြစ်သည်။ သူမက အလိုလိုက်ခံရဆုံးဖြစ်တာကြောင့် တရားဝင်မိခင်၏ အမြင်မှာတော့ နှုတ်မရသည့် ဆူးလိုပင်ဖြစ်သည်။

မူလကိုယ်ပိုင်ရှင်က ဤလင်ယိညန်၏ အပြုအမူ၊ နည်းလမ်း၊ သည်းခံမှုတွေကို အရင်က တိတ်တိတ်လေး လေ့လာခဲ့ဖူးသည်။

လွမ်ရှီက လင်ယိညန်ကို ပထမဆုံးမြင်ချိန်မှာ သတိမထားမိလိုက်ဘဲ အံ့အားသင့်မိသွားသည်။

2022 Jan 18

★*★*★*★*★*★*★*★*★

ZAWGYI

အခန္း ၂တြင္ ပါဝင္သည့္ အသုံးအႏႈန္းမ်ား

妈妈 (pinyin: ma ma) မားမား – သူတို႔ရဲသခင္မေတြကို ငယ္စဥ္ထဲမွ ခစားခဲ့သည့္ ႏို႔ထိန္း အမ်ိဳးသမီးအေစခံေတြကို ဆိုလိုသည္။ ႏို႔ထိန္းလည္းျဖစ္သလို သခင္မေတြရဲ႕ လူယုံလည္း ျဖစ္သည္။ ႏ်ဴးဘီႏွင့္ မတူတာက သူတို႔ေတြက အေစခံစာခ်ဳပ္ေတြ ႐ွိဖို႔ မလိုေပ။
奴婢 (pinyin: nu bi) ႏ်ဴးဘီ – အေစခံမိန္းကေလး၊ အနီးကပ္အေစခံ


秀才 (pinyin: xiu cai) ႐ွဴခ်ိဳင့္ – စီရင္စုအဆင့္၏ မင္းမႈထမ္းစာေမးပြဲ ေအာင္ထားသည့္ ပညာ႐ွိ သို႔မဟုတ္ ကြၽမ္းက်င္သည့္ စာေရးသူ

★━━━━━━━━━━━━━━━━★

အခန္း-၂

"စစ္ေမ့ အနာဂတ္က်ရင္ ေထာက္ပံ့ေပးဖို႔အတြက္ စန္းက်ဲက စစ္ေမ့ကိုပဲ မွီခိုရေတာ့မယ္"

သူမရဲ႕ စတုတၳညီမေလးက စကားစျမည္ေျပာဆိုမႈကို မေျပာႏိုင္သည့္အတြက္ လြမ္နင္းက အနည္းငယ္ေတာ့ စိတ္မၾကည္မသာျဖစ္မိသည္။ သူမက မေနႏိုင္ဘဲ လြမ္႐ွီ၏ ႏူးညံ့သည့္အဝတ္ကို တင္းၾကပ္စြာ ဆုပ္ကိုင္ရင္း သူမရဲ႕ ႏူးညံ့သိမ္ေမြ႕သည့္မ်က္ႏွာေလးကို ေမာ့လိုက္သည္။ သူမမ်က္ဝန္းထဲ မ်က္ရည္ေတြ တလဲ့လဲ့ျဖစ္ေနကာ အၾကည့္ကလည္း ေမွ်ာ္လင့္ခ်က္ေတြပါဝင္ေနသည္။

ဒီေန႔ကို လြမ္႐ွီသည္ လြမ္နင္း အလည္လာရသည့္ အေၾကာင္းရင္းလည္းျဖစ္သည္။

ပထမအေနနဲ႔ သူမ အသုံးမလိုသည့္ ထိပ္တန္းအဆင့္ဂ်င္ဆင္းကို သူမရဲ႕ စတုတၳညီမေလးကို ေပးမယ္ ၿပီးရင္ သူမရဲံ စတုတၳညီမေလးဆီက သနားက႐ုဏာရဖို႔ သူမ ခံစားခ်က္ေတြကို ထုတ္ေျပာျပမယ္။ ေနာက္ဆုံးက်မွ အက်ိဳးအျမတ္ရမည့္ အခြင့္အေရးကို ယူမည္ျဖစ္သည္။

ဝမ္ထ်န္းက်ိဳး၏ ဖခင္ျဖစ္သူမွာ ဘာသာေရးဝန္ႀကီးဆိုသည့္အခ်က္ကို ေက်ာ္လြန္ၿပီးေတာ့ ဝမ္ထ်န္းက်ိဳး၏ အနာဂတ္လမ္းက ေတာက္ပေနသည္။ ထို႔အျပင္ ဝမ္မိသားစုက ေကာင္းမြန္သည့္ ေနာက္ခံႏွင့္ ေက်ာ္ၾကားသည့္ မိသားစုျဖစ္သည္။ တန္ဖိုးႀကီးသစ္႐ြက္ေတြႏွင့္ ျဖာထြက္ေနသည့္ အကိုင္းအခက္ေတြ႐ွိေနသလို အရည္အခ်င္း႐ွိသူေတြလည္း အမ်ားႀကီးပင္။

ခ်ီယြဲ႕အမ္သာ ေဝမိသားစု၏ အကူအညီကို ေစာေစာရမယ္ဆိုရင္ သူ႕ရဲ႕ မင္းမႈထမ္း အနာဂတ္လမ္းမွာ ေသခ်ာေပါက္ ေခ်ာေမြ႕ေနၿပီျဖစ္သည္။

သူမရဲ႕ ဉာဏ္ေကာင္းသည့္ စစ္ေမ့က သူမဆိုလိုခ်င္တာကို နားလည္မယ္လို႔ ယုံၾကည္၏။

လြမ္႐ွီက ႐ုတ္ကနဲ နားလည္လိုက္သည္။ လြမ္စန္းညန္က ဘာလို႔မ်ား သူခံစားခ်က္ေတြ ထုတ္ေျပာတာလဲဆိုၿပီး ေတြးေနမိတာျဖစ္သည္။

ဆိုေတာ့ သူမက ဒီအတြက္ ေစာင့္ေနတာကိုး။ သူမႏွလုံးသားက အနည္းငယ္ နစ္ျမဳပ္သြားသည္။ လြမ္စန္းညန္က ျပန္လည္ေမြးဖြားလာၿပီးေတာ့ မူလကိုယ္ပိုင္႐ွင္က သူမ လက္မထပ္ခင္အထိ တိတ္တိတ္ေလး သိုဝွက္ၿပီးေနေနရသည္။ သူမရဲ႕ လုပ္ရည္ကိုင္ရည္ေတြက လူမႈအဖြဲ႕စည္းရဲ႕ သတ္မွတ္ခ်က္ေတြႏွင့္ သာမန္သာလို႔ ထင္ၾကၿပီး သူမရဲ႕ ဖုံးကြယ္လို႔မရသည့္ အလွကိုပဲ လူေတြက ျမင္သည္။ သို႔ေပမယ့္ တစ္ဘဝစာအေတြ႕အၾကဳံကို ရထားၿပီးသည့္ လြမ္စန္းညန္ေ႐ွ႕မွာေတာ့ လိမ္ညာလို႔ မရေနေပ။ ႐ူးခ်င္ေယာင္ေဆာင္ဖို႔က အခ်ည္းႏွီးပင္။

မူလကိုယ္ပိုင္႐ွင္၏ မွတ္ဉာဏ္အရဆို မူလကိုယ္ပိုင္႐ွင္က အရမ္းကို ဉာဏ္ေကာင္းတာကို သူမ သိရသည္။ အိမ္ေထာင္မႈ ထိန္းသိမ္းသည့္ေနရာ ဉပေဒႏွင့္ စည္းမ်ဥ္းစည္းကမ္းကို သိ႐ွိနားလည္သည့္ေနရာ၊ ဗ်ပ္ေစာင္း၊ စစ္တုရင္၊ လက္ေရးလွ၊ ပန္းခ်ီႏွင့္ ပန္းထိုးသည့္ေနရာေတြမွာ အရမ္းကို ေတာ္သည္။ သို႔ေပမယ့္ သူမရဲ႕ခင္ပြန္းႏွင့္သားေတြကို သင္ျပသည့္ေနရာမွာပဲ သူမအရည္အခ်င္းကို ျပသတာျဖစ္သည္။

သူမက သူမရဲ႕အရည္အခ်င္းႏွင့္ ကြၽမ္းက်င္မႈေတြကို မေတာ္သည့္ဟန္သာ ျပဖို႔ ေ႐ြးခ်ယ္ထားသည့္ ၿပိဳင္ဘက္ကင္းအလွ ျဖစ္သည္။ ဘာလို႔လဲဆိုေတာ့ တုံးအၿပီး မေတာ္သည့္ မိန္းကေလးတစ္ေယာက္က အႏၲရာယ္ေတြကို ေ႐ွာင္႐ွားႏိုင္လို႔ျဖစ္သည္။ ကံမေကာင္းစြာႏွင့္ပဲ ထိုအရာေတြအကုန္လုံးက သူမႏွင့္ ဝမ္ထ်န္းက်ိဳးရဲ႕ လက္ထပ္သေဘာတူညီမႈ ႐ွိလာခ်ိန္မွာ အကုန္ ေျပာင္းလဲသြားသည္။

သူမရဲ႕တရားဝင္အေမက စိတ္ထဲမွာ အရမ္းကို အုံႂကြသလို ခံစားေနရမည္။

ၿပီးေတာ့ ထိုမေက်နပ္ေနမႈက သူမ လက္ထပ္မႈ မတိုင္ခင္အထိ ရပ္သြားမည့္သေဘာမ်ိဳးမွာ မ႐ွိေပ။

ထိုအေတြးေတြျဖစ္ေနခ်ိန္မွာ လြမ္႐ွီက ျပန္တုန္႔ျပန္ဖို႔ ဆုံးျဖတ္ခ်က္ခ်လိုက္သည္။ သူမႏွင့္ ဝမ္ထ်န္းက်ိဳးက ေစ့စပ္ၿပီးျဖစ္ေသာ္လည္း သူမက လက္မထပ္ေသးသေ႐ြ႕ သူမရဲ႕ လိမၼာပါးနပ္လြန္းသည့္ တရားဝင္အေမရဲ႕ မ်က္လုံးေအာက္မွာ ေနေနရဦးမည္ျဖစ္သည္။ ဘာမွ မစေသးတာ အေကာင္းဆုံးပင္။

"ေမေမနဲ႔ စန္းက်ဲက ညီမေလးကို အၿမဲ ေကာင္းေကာင္းဆက္ဆံေပးတယ္ေလ။ ညီမေလးက စန္းက်ဲကို ကူညီႏိုင္တာ႐ွိရင္ ညီမေလးတာဝန္ကေန ဘယ္ေတာ့မွ တုန္႔ဆိုင္းေနမွာမဟုတ္ပါဘူး။ ဒါေပမယ့္... ဒါေပမယ့္ စန္းက်ဲလည္း သိတာပဲေလ။ ညီမေလးက တရားမဝင္သမီးျဖစ္ေတာ့ ဝမ္မိသားစုရဲ႕ အဆင့္အတန္းက ျမင့္တယ္ေလ။ ဝမ္ကုန္းဇီနဲ႔ ညီမေလးလက္ထပ္ႏိုင္တာက ဒီဘဝမွာ ရထားတဲ့ ေကာင္းခ်ီးေတြ ကုန္သြားၿပီးဆိုတာကို ညီမေလး ေၾကာက္ေနတာ"

လြမ္႐ွီရဲ႕ ေလသံထဲမွာ တုန္႔ဆိုင္းမႈေတြပါဝင္ေနသည္။ သူမရဲ႕ လက္ရာေျမာက္လြန္းလွသည့္ မ်က္ႏွာလွလွေလးမွာလည္း အနည္းငယ္ ကူကယ္ရာမဲ့မႈႏွင့္ သူမအနာဂတ္အတြက္ မလြယ္ကူမႈေတြကို ေဖာ္ျပေနသည္။

သူမရဲ႕စကားထဲမွာ အမွန္တရားက သုံးပိုင္းေလာက္ပါရင္ အမွားက ခုႏွစ္ပိုင္းေလာက္ပါေနသည္။

သူမရဲ႕ အတိတ္ဘဝမွာ ေမြးရာပါ ႏွလုံးေရာဂါကို ခံစားခဲ့ရလို႔ လက္ထပ္ဖို႔မေျပာႏွင့္ ခံစားခ်က္ေတြကိုေတာင္ မေတြးရဲေပ။ ဤဘဝမွာေတာ့ သူမကူးေျပာင္းလာျခင္းမွာပဲ ေစ့စပ္ၿပီး ျဖစ္ေနသည္။

ေက်းဇူးတင္စြာႏွင့္ သူမ လက္ထပ္ရမည့္သူက ဝမ္ထ်န္းက်ိဳး ျဖစ္ေနသည္။

ဝတၳဳထဲမွ ဝမ္ထ်န္းက်ိဳးက ဘဝတစ္ေလွ်ာက္လုံး ဇနီးတစ္ေယာက္ေတာင္ မယူခဲ့ေပ။ သူမခင္ပြန္းကို တျခားတစ္ေယာက္မွ လုယက္မွာကို စိတ္ပူစရာမလိုေပ။ သူမကံက ေတာ္ေတာ္ေလးေကာင္းသည္ဟု ေျပာရမည္။

လြမ္နင္းက သူမရဲ႕ စတုတၳညီမေလးစကားကို ၾကားခ်ိန္မွာ ႐ုတ္တရက္ သတိျပဳမိသြားသည္။ ေ႐ွးေခတ္လူေတြက မိသားစုအဆင့္အတန္းႏွင့္ မည္သူမည္ဝါျဖစ္သည္ကို အရမ္းအေရးႀကီးေၾကာင္း သတ္မွတ္ၾကတာ သူမက ဘယ္လိုလုပ္ေမ့သြားတာလဲ? ဝမ္မိသားစုလို ျမင့္မားသည့္ မိသားစုအဆင့္အတန္းႏွင့္ဆို သူမရဲ႕ စတုတၳညီမေလး၏ တရားမဝင္သမီးဆိုသည့္အဆင့္အတန္းက နစ္နာေစသည့္ ဒဏ္ရာျဖစ္လာလိမ့္မည္။

ဤလက္ထပ္သေဘာတူညီမႈက ေကာင္းသည္လို႔ ထင္ရေပမယ့္ လက္႐ွိျပႆနာေတြကလည္း အလြန္ႀကီးမားလွသည္။

သူမထင္သည့္အတိုင္းပင္ သူမရဲ႕ စတုတၳညီမေလးက လူရည္လည္ၿပီး ဉာဏ္ထက္ျမက္မႈႏွင့္ဆို ဒီအခ်က္ကို အေစာႀကီးထဲက ေတြးထားေလာက္ၿပီျဖစ္သည္။

လြမ္နင္းက သူမႏွလုံးသားထဲ မသက္မသာျဖစ္မႈက ခပ္ေဖ်ာ့ေဖ်ာ့ျဖစ္လာသည္။ ဤဘဝအပါ သူမက သုံးဘဝကို ႐ွင္သန္ခဲ့ၿပီးၿပီျဖစ္ေပမယ့္လည္း သူမရဲ႕ စတုတၳညီမေလးကိုေတာ့ မယွဥ္ႏိုင္ေသးေပ။ သူမရဲ႕ စတုတၳညီမေလးက အေစာထဲမွ ဤျပႆနာကို စဥ္းစားၿပီးသားျဖစ္ေနခ်ိန္မွာ သူမကေတာ့ မသိခဲ့ေသးေပ။

သူမရဲ႕ ၿပီးခဲ့သည့္ဘဝမွာ သူမရဲ႕ စတုတၳညီမေလးက အမတ္ႀကီးအိမ္ေတာ္မွ အသုံးမက်စိတ္ႀကီးဝင္သည့္ ကိုယ္လုပ္ေတာ္ဖြား သားျဖစ္သူ ခ်ီယြဲ႕အမ္ႏွင့္ သူမအစား လက္ထပ္ခ်ိန္တုန္းက ႏွစ္ဖက္လုံးမွာ တရားမဝင္ကေလးေတြျဖစ္သည္။ တစ္ေယာက္က အလွႏွင့္ လုပ္ရည္ကိုင္ရည္ကို ပိုင္ဆိုင္ထားၿပီး ေနာက္တစ္ေယာက္က အမတ္အိမ္ေတာ္မွလာသည္။ သူတို႔အဆင့္အတန္းခ်င္းက ညီမွ်သည္လို႔ ေျပာရမည္။

ဤဘဝ သူမရဲ႕ ဝင္ဖ်က္မႈေၾကာင့္ သူမရဲ႕ စတုတၳညီမေလးက ခါးသက္မႈေတြကို စားေနမွာကို သူမ ေၾကာက္မိသည္။

လြမ္နင္းက သူမရဲ႕ စတုတၳညီမျဖစ္သူကို ႐ႈပ္ေထြးေနသည့္ အမူအရာျဖင့္ ၾကည့္လာသည္။ သူမရဲ႕ စတုတၳညီမေလးကို တြင္းထဲ ပစ္ခ်သည္ဆိုသည့္ အခ်က္ကို ဝန္ခံရန္ေတာ့ သူမလုံးဝျငင္းဆိုသည္။ သို႔ေပမယ့္ သူမရဲ႕ စတုတၳညီမေလးက သူမအရင္ဘဝမွာ လင္ေကာင္းသားေကာင္းကို လက္ထပ္ႏိုင္ခဲ့တာက သူမ လက္ေလွ်ာ့ၿပီး သူမစတုတၳညီမေလးက သူ႕အား ရရန္ခြင့္ျပဳခဲ့လို႔ျဖစ္သည္။

ဒီဘဝမွာ သူမႏွင့္ သက္ဆိုင္သည့္အရာကို သူမ ဆုပ္ကိုင္ထားခ်င္႐ုံသာျဖစ္သည္။ သူမစတုတၳညီမေလးအတြက္ ပိုၿပီးေကာင္းတဲ့ ခင္ပြန္းကို ႐ွာၿပီး ႏွစ္သိမ့္ေပးခဲ့ၿပီမဟုတ္ဘူးလား?

ဝမ္ထ်န္းက်ိဳးက သူ႕လိင္မႈခံယူခ်က္ကို ဖုံးကြယ္ဖို႔ စတုတၳညီမေလးကို အသုံးခ်သည္ဆိုရင္ေတာင္ သူမရဲ႕ စတုတၳညီမေလးက ဉာဏ္ေကာင္းသည့္သူမို႔လို႔ သူမေန႔ရက္ေတြ အဆင္ေျပရန္ ဝမ္ထ်န္းက်ိဳးအား သူမ ဘယ္လိုအသုံးခ်ရမလဲဆိုတာ ေသခ်ာေပါက္ သိလိမ့္မည္။

ထိုအေတြးေတြႏွင့္ လြမ္နင္းခံစားေနရသည့္ အျပစ္႐ွိလိုစိတ္က လုံးဝေပ်ာက္ကြယ္သြားသည္။ သူမက လြမ္႐ွီကို ခ်စ္ခင္ျမတ္ႏိုးစြာ ဖက္ၿပီး ႏွစ္သိမ့္လိုက္သည္။ "ေပါက္ကရေတြကြယ္ ညီမေလးမွာက ေကာင္းခ်ီးေပးမႈေတြ အမ်ားႀကီး ႐ွိေနတာေလ။ မမတို႔ ညီအစ္မေလးေယာက္ထဲမွာ ညီမေလး သတို႔သားေလာင္းရဲ႕ မိသားစုေနာက္ခံက အေကာင္းဆုံးပဲေလ"

"စစ္ေမ့ အခ်ိန္က်တဲ့အခါရင္ စစ္ေမ့ရဲ႕ စန္းက်ဲကို ေထာက္ပံ့ေပးဖို႔ မေမ့နဲ႔ေနာ္"

"ညီမေလးက အေကာင္းဆုံးႀကိဳးစားပါ့မယ္"

လြမ္စန္းညန္က ဤကိစၥကို အေလွ်ာ့မေပးဘူးဆိုတာ နားလည္ေတာ့ လြမ္႐ွီလည္း ႏႈတ္ခမ္းေစ့ကာ ေနာက္ဆုံးမွာ သေဘာတူေပးလိုက္ရသည္။ သူမက သေဘာမတူရင္ေတာင္မွ လြမ္စန္းညန္က အခြင့္အေရး ယူေနဦးမည္ျဖစ္သည္။

"ေက်းဇူးပါ စစ္ေမ့။ စစ္ေမ့ရဲ႕ ေထာက္ပံ့ေပးမႈႏွင့္ဆို မမလည္း ယုံၾကည္ခ်က္႐ွိပါၿပီ။" လြမ္နင္းက သူမစတုတၳညီမျဖစ္သူမွ သေဘာတူညီခ်က္ကို ရၿပီးေနာက္ အျပဳံးတစ္ခုေဖာ္ျပလာသည္။ သူမပန္းတိုင္ကို ေရာက္႐ွိၿပီးေနာက္ သူမက ဒီေနရာမွာ ဆက္မေနခ်င္ေတာ့ေပ။ ထို႔ေၾကာင့္ သူမက မတ္တပ္ထရပ္ကာ ႏႈတ္ဆက္ၿပီး ေပါ့ပါးေျခလွမ္းျဖင့္ ထြက္သြားေတာ့သည္။

လြမ္႐ွီက မ်က္ေမွာင္ၾကဳတ္သြားသည္။ လြမ္စန္းညန္က တကယ့္ကို လက္ေတြ႕သမားပဲ။

လြမ္စန္းညန္ထြက္သြားၿပီးမွ အသံတစ္စက္ေတာင္မထြက္ဘဲ ေဘးမွာ ရပ္ေနသည့္ စူးယြီက မမေလးရဲ႕ အသားအေရာင္က အေတာ္ေလးေကာင္းေနတာကို သတိျပဳမိသြားသည္။ သူမရဲ႕ မမေလးအတြက္ ေရေႏြးၾကမ္း ေႏြးေႏြးေလးတစ္ခြက္ ေလာင္းထည့္ေပးလိုက္ရင္း ေမးျမန္းလိုက္သည္။ "မမေလး ဒီေန႔ေရာ လက္ေရးလွ ေလ့က်င့္ဦးမွာလား႐ွင့္?"

လြမ္႐ွီက ခဏရပ္ရင္းနဲ႔မွ မူလကိုယ္ပိုင္႐ွင္ အရမ္းကို စည္းစနစ္႐ွိၿပီး အလုပ္ႀကိဳးစားေလ့႐ွိတဲ့သူျဖစ္တာကို သတိရသြားသည္။ ျဖစ္ခ်င္ေတာ့ ဒီေန႔ကလည္း မူလကိုယ္ပိုင္႐ွင္က သူမရဲ႕ လက္ေရးလွ ေလ့က်င့္တဲ့ ေန႔လည္းျဖစ္သည္။ ေရေႏြးကို လက္ခံၿပီး သူမရဲ႕ ခဏေလာက္ ရပ္ဆိုင္းမႈကို ဖုံးကြယ္ဖို႔ တစ္ငုံေသာက္လိုက္ၿပီးမွ ေခါင္းခါျပလိုက္သည္။ "ငါ့ရဲ႕ကိုယ္ အရမ္းျပန္ေကာင္းလာတာ လုပ္ဦးမယ္။ ငါ အျပည့္အဝျပန္ေကာင္းေတာ့မွ ေျပာၾကတာေပါ့"

မူလကိုယ္ရဲ႕ မွတ္ဉာဏ္ေတြကို ရ႐ွိခ်ိန္မွာ မွတ္ဉာဏ္တင္မကဘဲ မူလကိုယ္ပိုင္႐ွင္ တတ္ကြၽမ္းသည့္ အရာတိုင္းကိုလည္း သူမ ျပန္သင္ရမည္ျဖစ္သည္။ သူမက တိတ္တိတ္ေလး ေလ့က်င့္ရမည္။ မဟုတ္ရင္ မူလကိုယ္ပိုင္႐ွင္ ႏို႔ထိန္းမားမား႐ႊီ ျပန္လာရင္ ေပၚကုန္သြားလိမ့္မည္။

အမတ္ခ်န္းယီက သူ႕ရဲ႕ စတုတၳသမီး၏ ရင္သက္႐ႈေမာဖြယ္အသြင္ေၾကာင့္ အရမ္းကို ဂ႐ုတစိုက္႐ွိလွသည္။ သူက သူတို႔ကို သင္ၾကားဖို႔အတြက္ အမ်ိဳးသမီးဆရာေတြကို အထူးတလည္ဖိတ္ေခၚေလသည္။ စာဖတ္တာႏွင့္ အႏုပညာေလးမ်ိဳး _ ဗ်ပ္ေစာင္း၊ စစ္တုရင္၊ လက္ေရးလွႏွင့္ ပန္းခ်ီေတြကို ကြၽမ္းက်င္ေစရန္၊ ပန္းထိုးပညာ၊ ခ်က္ျပဳတ္ျခင္း၊ အကဲျဖတ္ျခင္းႏွင့္ က်င့္ဝတ္ထုံးတမ္းေတြ ျဖစ္ပါေစ ေဖာ္ျပထားသည့္ ပညာရပ္ေတြအားလုံးကို ေလ့လာထားရသည္။

မူလကိုယ္ပိုင္႐ွင္၏ ဟိတ္ဟန္ႏွင့္ က်င့္ဝတ္ေတြက အရမ္းကို က်က္သေရ႐ွိလွသည္။ သူမရဲ႕ လႈပ္႐ွားမႈ၊ ထတာ၊ ထိုင္တာႏွင့္ အိပ္တာကအစ ထပ္တူျဖစ္လာသည္။ သူမရဲ႕ အႏုပညာေလးရပ္ကြၽမ္းက်င္မႈကလည္း ေကာင္းမြန္လွသည္။ အထူးသျဖင့္ သူမရဲ႕ စစ္တုရင္ပညာရပ္က ထိပ္တန္းအဆင့္မွာျဖစ္သည္။ ျဖစ္ႏိုင္တာကေတာ့ မူလကိုယ္ပိုင္႐ွင္က နည္းဗ်ဴဟာမွာ ကြၽမ္းက်င္သည့္အခ်က္ႏွင့္ ဆက္စပ္ေနလိမ့္မည္ျဖစ္သည္။

ဒုတိယအေနႏွင့္ သူမရဲ႕ ပန္းခ်ီႏွင့္ လက္ေရးလွက စိတ္ဝိဉာဥ္ကို ဖမ္းစားႏိုင္သည္အထိ ေတာ္လွသည္။

ေနာက္ဆုံးအေနႏွင့္ သူမရဲ႕ ဗ်ပ္ေစာင္းကြၽမ္းက်င္မႈက အသင့္အတင့္အေနအထားမွာ႐ွိသည္လို႔ ယူဆလို႔ရ၏။

မူလကိုယ္ပိုင္႐ွင္က သူမရဲ႕ အရည္အခ်င္းေတြကို တိတ္ဆိတ္စြာႏွင့္ ဖုံးကြယ္ထားလို႔ လြမ္႐ွီအတြက္ ကံေကာင္းသြားသည္။ သူမက သူမရဲ႕ က်င့္ဝတ္ထုံးထမ္းႏွင့္ အႏုပညာေလးရပ္၏ ကြၽမ္းက်င္မႈ၊ သူမရဲ႕ ပန္းထိုးပညာရပ္ေတြက ပုံမွန္အေနအထားပဲ ေဖာ္ျပထားသည္။ ျခဳံေျပာရရင္ေတာ့ သူမက ပုံမွန္အေနအထားပဲ ျပထားကာ လြမ္စန္းညန္က သူမထက္ ပိုထူးခြၽန္သည့္ဟန္ပဲ ျပႆထားသည္။

လြမ္စန္းညန္အေၾကာင္းေျပာရရင္ေတာ့ လြန္စန္းညန္၏ ျပန္လည္ေမြးဖြားလာမႈက လြန္ခဲ့တဲ့ လဝက္ေလာက္ပဲ႐ွိမည္။ သိပ္မၾကာခင္အခ်ိန္မွာ လြမ္စန္းညန္က ထူးဆန္းတဲ့အရာေတြႏွင့္ ဆန္းသစ္တဲ့ ပစၥည္းေတြကို ေရာင္းခ်သည့္ သတင္းမၾကားလို႔လည္းျဖစ္သည္။ သူမအရင္ဘဝက ခံစားခဲ့ရသည့္ နာက်င္သည့္အေတြ႕အၾကဳံဆီက သင္ခန္းစာယူထားသလို လြန္စန္းညန္က စာအုပ္ရဲ႕အစပိုင္းကို ျပန္ေရာက္သြားတာျဖစ္သည္။

ယခု သူမရ႐ွိထားသည့္ အရာက မူလကိုယ္ပိုင္႐ွင္ မွတ္မိတာထက္ ပိုၿပီးသာသည္။

လြမ္႐ွီက ထိုတြင္းထဲ ျပဳတ္က်ၿပီး တစ္ခုခုရဖို႔ ေမွ်ာ္လင့္သည္။

လြမ္႐ွီ၏ စိတ္ထဲ ရာပိုင္းမ်ားစြာ ျဖစ္ေနတုန္းမွာပဲ စူးယြီက သူမရဲ႕ မမေလး အေျဖရၿပီးေနာက္ ေခါင္းညိတ္ကာ သေဘာတူလိုက္သည္။ "ဒီတစ္ႀကိမ္ မမေလး ခံစားရတဲ့ အေအးမိတာက အရမ္းဆိုးတယ္။ ႏ်ဴးဘီေတာင္ ေသမတတ္ လန္႔သြားတာ။ ေက်းဇူးတင္လို႔ မမေလးက ဆိုး႐ြားတဲ့အေျခအေနကို ျဖတ္ေက်ာ္ႏိုင္ခဲ့တယ္"

မေန႔ညက သူမရဲ႕ မမေလး၏ မက်ဘဲ တက္ေနသည့္ အဖ်ားကို ျပန္ေတြးမိရင္ စူးယြီတစ္ေယာက္ လန္႔ေနတုန္းပင္။ "မမေလး ႏ်ဴးဘီ ဒီလိုေျပာတာကို ခြင့္လႊတ္ပါေနာ္။ ဒါေပမယ့္ မမေလးက ခႏၶာကိုယ္ကို သီးသန္႔ ေလ့က်င့္ခန္းလုပ္ေလ့႐ွိတယ္။ အရင္က မမေလး ဖ်ားခဲ့တာက ဒီေလာက္မျပင္းထန္ဘူး။ ႏ်ဴးဘီေတြးေနတာက ဒီမွာ တစ္ခုခုမ်ား႐ွိမလားလို႔ေလ"

လြမ္႐ွီ၏ ႏွလုံးသားက ေအးစက္စြာႏွင့္ တုန္႔ျပန္လာသည္။ စူးယြီရဲ႕စကားက သူမႏိုးလာေအာင္ ႐ုတ္တရက္ ျမည္ဟီးလာသည့္ မိုးၿခိမ္းသံလိုပင္။ ထိုစကားက အမွန္ပင္။ မူလကိုယ္ပိုင္႐ွင္က သူမရဲ႕ ခႏၶာကိုယ္ႏွင့္ က်န္းမာေရးကို အၿမဲ ဂ႐ုစိုက္ေလ့႐ွိသည္။ အေအးမိတာသက္သာဖို႔ဆို သူမက ဂ်င္းျပဳတ္ရည္တစ္ခြက္ ႏွစ္ခြက္သာ ေသာက္ဖို႔လိုသည္။ သို႔ပင္တိုင္ေအာင္ သမားေတာ္က သူမေရာဂါသက္သာဖို႔ ေဆးၫႊန္းေရးသြားေပးသည္။

မူလကိုယ္ပိုင္႐ွင္က အဖ်ားေပ်ာက္ေဆးေသာက္ၿပီးခ်ိန္မွာ ျပန္ကန္ထြက္လာသလိုပင္။ သူမသာ ႐ုတ္တရက္ ကူးမေျပာင္းလာခဲ့ဘူးဆိုရင္... သူတို႔ဝိဉာဥ္ျခင္း လဲၿပီးသြားခ်ိန္မွာ အဖ်ားက မက်သြားဘူးဆိုရင္...

အလြန္တရာ ေအးစက္လွသည့္ အမူအရာျဖင့္ လြမ္႐ွီက ၫႊန္ၾကားလာသည္။ "စူးယြီ မေန႔က ငါေသာက္တဲ့ အဖ်ားေပ်ာက္ေဆးရည္ က်န္ေသးလားဆိုတာ နင္သြားစစ္ေပးႏိုင္မလား?"

စူးယြီက ေတာင့္တင္းသြားသည္။ ၿပီးေနာက္ တစ္စုံတစ္ခုအား ေတြးမိသြားသလို သူမအမူအရာက ႐ုပ္ဆိုးလာ၏။ သြားႀကိတ္ရင္းႏွင့္ "မမေလး မေန႔က မမေလးေသာက္တဲ့ အဖ်ားေပ်ာက္ေဆးရည္က ႏ်ဴးဘီကိုယ္တိုင္ ႀကိဳတာပါ။ ျပႆနာ႐ွိမယ္ဆိုရင္ ပို႔လာတဲ့ ေဆးအမယ္ေတြမွာ ျပႆနာ႐ွိမယ့္ အဓိပၸါယ္ပါပဲ"

မားမား႐ႊီက ထြက္သြားတာရက္ပိုင္းပဲ ႐ွိေသးတာကို သူမ မမေလးက အသက္ေတာင္ ဆုံး႐ႈံးလုနီးပါးျဖစ္သြားသည္။ စူးယြီက သူမ အရမ္းအသုံးမက်သလို ခံစားသြားရသည္။

"ထားလိုက္ေတာ့ ဒီကိစၥက ထပ္ၿပီးစုံစမ္းဖို႔ မလိုေတာ့ဘူး။ ငါက အေျခအေနေတြကို ေကာင္းေကာင္းနားလည္တယ္။ အခုေတာ့ ငါတို႔ ဘာမွ ႐ွာႏိုင္ဦးမွာမဟုတ္ဘူး။ အနာဂတ္မွာ ငါတို႔ ပိုၿပီး သတိထားဖို႔ပဲ လိုတယ္" လြမ္႐ွီက စူးယြီကို ယုံၾကည္သည္။ မူလကိုယ္ပိုင္႐ွင္ ေသဆုံးမႈက ႐ိုး႐ွင္းသည့္ပုံမေပၚေပ။ သူမစိတ္ထဲမွာလည္း သံသယ႐ွိတဲ့သူ ႐ွိၿပီးသားျဖစ္သည္။ ဝတၳဳထဲမွ ဇာတ္လိုက္မက မူလကိုယ္ပိုင္႐ွင္ရဲ႕ ေကာင္းမြန္တဲ့ ဘဝကို ဘယ္လိုေတာင္ အားက်လဲဆိုတာ သူမ မွတ္မိေသးသည္။ သူမကေတာ့ သေဘာမတူေပ။ ဘာလို႔လဲဆိုေတာ့ မူလကိုယ္ပိုင္႐ွင္ရဲ႕ အခက္အခဲေတြကို သူမ ခံစားမိလို႔ျဖစ္သည္။

မူလကိုယ္ပိုင္႐ွင္၏ မိခင္အရင္းျဖစ္သူက အေစာႀကီး ကြယ္လြန္သြားခဲ့သည္။ သူမရဲ႕ မိခင္ရင္း ကာကြယ္မႈမ႐ွိလို႔ သူမအေဖရဲ႕ တန္ဖိုးထားမႈကို ရေအာင္ သူမရဲ႕ ထူးခြၽန္လွသည့္ အလွေပၚပဲ မွီခိုႏိုင္သည္။ သို႔ေပမယ့္ သူမရဲ႕ တရားဝင္ မိခင္ရဲ႕ မ်က္စိစပါးေမႊးစူးတာ မခံရေအာင္ သူမကိုယ္ သူမ ဖုံးကြယ္ထားသည္။ သူမရဲ႕ အရည္အခ်င္းေတြက လူမႈအသိုင္းအဝိုင္းမွ လက္ခံႏိုင္တယ္ဆို႐ုံေလာက္ေအာင္ သာမွန္သာျဖစ္ေနေအာင္ လုပ္ထားသည္။

သို႔ေပမယ့္ အဆုံးမွာေတာ့ သူမ အသက္ကို ဆုံး႐ႈံးလိုက္ရသည္။

လြမ္႐ွီက သူမကိုယ္သူမ စိတ္ထဲက သတိေပးေနရင္း မ်က္ေမွာင္ၾကဳတ္ေနသည္။ မူလကိုယ္ပိုင္႐ွင္ႏွင့္ ဝမ္ထ်န္းက်ိဳးတို႔ရဲ႕ ေစ့စပ္ပြဲက ေကာင္းခ်ီးထက္ က်ိန္စာသင့္ေနသလိုပင္။

မူလကိုယ္ပိုင္႐ွင္သာ ေဆးပညာပိုင္းအသိ႐ွိမယ္ဆိုရင္... သို႔ေပမယ့္ သူမရဲ႕ တရားဝင္အေမျဖစ္သူက လိမၼာပါးနပ္လြန္းလွသည္။ သူမက ကိုယ္လုပ္ေတာ္ဖြားသမီးသုံးေယာက္ကို ေဆးပညာအေျခခံပိုင္းကို သင္ဖို႔ အမ်ိဳးသမီးဆရာေတြကို ခြင့္မျပဳထားေပ။ သူမရဲ႕ အျခားတရားမဝင္ အစ္မႏွစ္ေယာက္က သူတို႔ရဲ႕ မိခင္ရင္းေတြ၏ တိုးတိုးတိတ္တိတ္သင္ေပးတာခံရခ်ိန္မွာ မူလကိုယ္ပိုင္႐ွင္ကေတာ့ သူမကိုယ္သူမႏွင့္ မားမား႐ႊီအေပၚပဲ မွီခိုႏိုင္သည္။

လြမ္႐ွီ၏ ႏွလုံးသားက မူလကိုယ္ပိုင္႐ွင္အတြက္ တိတ္ဆိတ္စြာ နာက်င္မိသည္။

"မမေလး တတိယမမေလးရဲ႕ ကိုယ္ပိုင္အေစခံ ေယာင္ဟုန္က ေတြ႕ခြင့္ေတာင္းပါတယ္" သက္လတ္ပိုင္းအမ်ိဳးသမီးအေစခံ၏ အသံက အခန္းျပင္ကေန ထြက္လာသည္။

"သူ႕ကို ဝင္လာခိုင္းလိုက္" လြမ္႐ွီက ေယာင္ဟုန္၏ အလည္လာသည့္ ေနာက္ကြယ္က အေၾကာင္းရင္းကို သိေလသည္။ သူမရဲ႕ ႏႈတ္ခမ္းထက္ မသိလိုက္ပဲ အျပဳံးေသးေသးေလးတစ္ခု ေပၚလာသည္။

လြမ္စန္းညန္က သူမရဲ႕ ဂ်င္ဆင္းကို ပို႔လာမွေတာ့ သူမက ေပ်ာ္မိသည္။ အထူးသျဖင့္ သန္႔စင္ၿပီး သဘာဝအတိုင္းျဖစ္ေနသည့္ ဂ်င္ဆင္း႐ိုင္းေတြဆိုေတာ့။

ေယာင္ဟုန္က လွပသည့္ အသြင္ႏွင့္ အေစခံျဖစ္သည္။ သူမ အထဲဝင္လာတာႏွင့္ သစ္သားဘူးအား ကမ္းေပးလာသည္။ ထိုသစ္သားဘူးထဲတြင္ ရာစုႏွစ္ထက္ နည္းသည့္ ဂ်င္ဆင္းေတြပါ၏။ "စတုတၳမမေလး ဒါကေတာ့ တတိယမမေလးက စတုတၳမမေလး ခႏၶာကိုယ္ အားျပန္ျပည့္ဖို႔အတြက္ ေပးလိုက္တဲ့ ဂ်င္ဆင္းေတြပါ"

"စန္းက်ဲက စိတ္ႏွလုံးသားေကာင္းမြန္ပါေပတယ္" လြမ္႐ွီက ျပဳံးၿပီး စူးယြီကို သစ္သားဘူးအား သိမ္းဖို႔ အခ်က္ျပလိုက္သည္။ ျဖစ္ႏိုင္တာေတာ့ သူမ ေပ်ာ္ေနလို႔ သူမရဲ႕ ကိုယ္ပိုင္ဆြဲေဆာင္မႈကို ထိန္းသိမ္းဖို႔ ေမ့သြားတာျဖစ္မည္။ သူမရဲ႕ ျပဳံးလိုက္သည့္ အမူအရာက အျပည့္အဝပြင့္လန္းလာသည့္ ပီအိုနီပန္း (ပ်ိဳနီပန္း) ေတြလိုပင္။ လူေတြရဲ႕ ႏွလုံးသားႏွင့္ စိတ္ဝိဉာဥ္အား အပိုင္သိမ္းသြားေလာက္ေအာင္ ေတာက္ပၿပီး ဆြဲေဆာင္မႈ႐ွိလွသည္။

ေယာင္ဟုန္က ေတြေဝမိန္းေမာသြား၏။

စတုတၳမမေလးက ရင္သက္႐ႈေမာဖြယ္အလွကို ပိုင္ဆိုင္ထားသည္ဆိုတာ သူမ သတိျပဳမိၿပီးသားျဖစ္ေပမယ့္ အၾကာႀကီး ၾကည့္မိခ်ိန္မွာ ခ်င့္ခ်ိန္ႏိုင္စြမ္းေတြ ေပ်ာက္သြားသလိုပင္။ ကဗ်ာစာဆိုေတြမွာ ေျပာၾကသလိုပင္ စစ္မွန္ၿပီး ထူးျခားသည့္ အလွ႐ွိသည့္ အမ်ိဳးသမီးတစ္ေယာက္ပိုင္ဆိုင္ထားသည့္ နက္႐ိႈင္းသည့္ အသားေရႏွင့္ ၿပိဳးျပက္လွသည့္ အလွတရားဟာ အ႐ိုးထဲက လာသည့္ အလွတရားႏွင့္ သူမကိုယ္ပိုင္ဆီမွ ထြက္ေပၚလာသည့္ ဆြဲေဆာင္မႈသာ ျဖစ္သည္။

စတုတၳမမေလးရဲ႕ အလွဟာ နက္႐ိႈင္းသည့္အလွတရားျဖစ္ၿပီး လူတစ္ေယာက္ရဲ႕ အသက္႐ွဴႏႈန္းကို မွားသြားေစသည္။ စိစစ္လာမႈကို မခံႏိုင္သည့္အခ်က္ပင္။

ေယာင္ဟုန္၏ ထူးဆန္းသည့္အျပဳအမူကို သတိထားမိေတာ့ လြမ္႐ွီက သူမ အျပဳံးကို ခ်က္ခ်င္း ထိန္းလိုက္သည္။ ေယာင္ဟုန္က သူမေငးငိုင္ေနမႈကေန သတိျပန္လည္လာၿပီး စတုတၳမမေလးက အရင္ကႏွင့္ တူတူပဲဆိုတာ သတိထားမိသြားသည္။

သူမမေနႏိုင္ဘဲ စိတ္ထဲမွာေျပာလာမိသည္။ သူမ ဘာလို႔ ပူးကပ္ခံသြားရသလိုမ်ိဳး စတုတၳမမေလးကို အၾကာႀကီး စိုက္ၾကည့္ေနမိတာလဲ?

"စတုတၳမမေလး တတိယမမေလးက ႏ်ဴးဘီရဲ႕ အေၾကာင္းျပန္ၾကားခ်က္ကို ေစာင့္ေနတုန္းမို႔လို႔ ႏ်ဴးဘီအရင္သြားလိုက္ပါမယ္" ေယာင္ဟုန္ထြက္ခ်ိန္မွာပဲ အခန္းျပင္မွ အသံထပ္ထြက္လာသည္။ ေကာင္ေလး၏ ႏူးညံ့ၿပီး စိတ္ထိခိုက္သည့္အသံေလးက လြမ္႐ွီ၏ နားထဲ ပ်ံ႕လြင့္လာသည္။ "ေမေမ သားက စစ္က်ဲကို ေသခ်ာ ေတာင္းပန္လိုက္ပါ့မယ္"

ေျပာသည့္သူက မူလကိုယ္ပိုင္႐ွင္၏ ၆ႏွစ္အ႐ြယ္ ေမာင္ေလး လြမ္ယြီမင္ျဖစ္သည္ဆိုတာကို လြမ္႐ွိသိသည္။

လြမ္ယြီမင္က သူေကာင္းအမတ္ခ်န္းယီအိမ္ေတာ္၏ တတိယသခင္ေလးျဖစ္သည္။ သူ႕ရဲ႕ မိခင္အရင္းျဖစ္သူကေတာ့ လင္ယိညန္ျဖစ္ၿပီး အေမေရာသားပါ သူေကာင္းအမတ္ခ်န္းယီ၏ ခ်စ္ျမတ္ႏိုးမႈကို ခံထားရသည့္သူေတြျဖစ္သည္။

သူမေတြးေနခ်ိန္မွာပဲ ႏူးညံ့သိမ္ေမြ႕ၿပီး မ်က္ႏွာလွလွႏွင့္ ေကာင္းမြန္သည့္ စိတ္ထား႐ွိဟန္႐ွိသည့္ အမ်ိဳးသမီးတစ္ေယာက္က ဝတုတ္ၿပီး ခ်စ္ဖို႔ေကာင္းသည့္ ေကာင္ေလးတစ္ေယာက္ကို လက္ဆြဲကာ သိမ္ေမြ႕သည့္ေျခလွမ္းျဖင့္ အထဲသို႔ဝင္လာသည္။ သူမေနာက္မွာလည္း အေစခံ မိန္းကေလးအနည္းငယ္ႏွင့္ မားမားေတြပါလာသည္။

ေရာက္႐ွိလာသည့္သူကေတာ့ လင္ယိညန္ျဖစ္သည္။

မူလကေတာ့ လင္ယိညန္က ျပည္နယ္တစ္ခုမွ ႐ွဴခ်ိဳင့္တစ္ေယာက္၏ သမီးျဖစ္သည္။ ေနာက္က်ေတာ့ သူေကာင္းအမတ္ခ်န္းယီက သူမကို စိတ္ဝင္စားၿပီး အထက္တန္းကိုယ္လုပ္ေတာ္အေနႏွင့္ စံအိမ္ေတာ္ဆီ ေခၚလာတာျဖစ္သည္။

သူမရဲ႕ ႏူးညံ့ၿပီး လွပသည့္မ်က္ႏွာအေနအထား တစ္ကိုယ္လုံးမွာ ျခဳံလႊမ္းေနသည့္ စိတ္ေနသေဘာထားႏွင့္ဆို သူမက အထက္တန္းလႊာ မိသားစု၏ ယိညန္တစ္ေယာက္ႏွင့္ေတာင္ မတူေပ။

မူလကိုယ္ပိုင္႐ွင္၏ ဖခင္ျဖစ္သူရဲ႕ အေနာက္ျခံဝန္းမွာ လင္ယိညန္ထက္ပိုၿပီး ႏူးညံ့ငယ္႐ြယ္သည့္ ကိုယ္လုပ္ေတာ္ေတြအနည္းငယ္႐ွိေလသည္။

သို႔ေပမယ့္ လင္ယိညန္၏ ေနရာကေတာ့ လႈပ္႐ွားမႈ မ႐ွိ ႐ွိေနဆဲျဖစ္သည္။ သူမက အလိုလိုက္ခံရဆုံးျဖစ္တာေၾကာင့္ တရားဝင္မိခင္၏ အျမင္မွာေတာ့ ႏႈတ္မရသည့္ ဆူးလိုပင္ျဖစ္သည္။

မူလကိုယ္ပိုင္႐ွင္က ဤလင္ယိညန္၏ အျပဳအမူ၊ နည္းလမ္း၊ သည္းခံမႈေတြကို အရင္က တိတ္တိတ္ေလး ေလ့လာခဲ့ဖူးသည္။

လြမ္႐ွီက လင္ယိညန္ကို ပထမဆုံးျမင္ခ်ိန္မွာ သတိမထားမိလိုက္ဘဲ အံ့အားသင့္မိသြားသည္။

2022 Jan 18

★*★*★*★*★*★*★*★*★

Continue Reading

You'll Also Like

4.1M 170K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
598K 49.4K 24
Indian Chronicles Book III My Husband, My Tyrant. When Peace Becomes Suffocation. Jahnvi Khanna has everything in her life, a supporting family, a hi...
290K 33.4K 84
#Book-2 of Hidden Marriage Series. 🔥❤️ This book is the continuation/sequel of the first book "Hidden Marriage - Amazing Husband." If you guys have...
1.6M 138K 46
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...