Slowly Falling For Changkong...

By ANyein_26

50.2K 5.4K 165

COMPLETED βœ”οΈ Author - Ban Li Zi , Chestnut Chapter - 56 + 10 extras Started Date -1.9.2022 Ended Date- 22.1... More

Description
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18.1
Chapter-18.2
Chapter-19
Chapter-20
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter-31
Chapter-32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-39
Chapter-40
Chapter-41
Chapter-42
Chapter-43
Chapter-44
Chapter-45
Chapter-46
Chapter-47
Chapter-48
Chapter-49
Chapter-49
Chapter-50
Chapter-51
Chapter-52
Chapter-53
Chapter-54
Chapter-55
Chapter-56
Chapter-57 ( ရှန့်နွမ်ထချပ်ပို - ၁ )
Chapter-58 ( ရှန့်နွမ်ထချပ်ပို - ၂ )
Chapter-59 ( ရှန့်နွမ်ထချပ်ပို - ၃ )
Chapter-60 ( ရှန့်နွမ်ထချပ်ပို - ၄ )
Chapter-61 ( α€œα€€α€Ία€‘α€•α€Ία€α€½α€„α€Ία€·α€α€±α€¬α€„α€Ία€Έα€α€Όα€„α€Ία€Έ )
Chapter-62 ( α€œα€€α€Ία€‘α€•α€Ία€‘α€­α€™α€Ία€Έα€™α€Όα€¬α€Έα€α€Όα€„α€Ία€Έ )
Chapter-63 ( α€€α€œα€±α€Έα€œα€±α€Έ )
Chapter-64 ( Date )
Chapter-65 ( ပြောင်းရွှေ့ခြင်း )
Chapter-66 ( ဝေ့ရိချန် ) The End

Chapter-21

645 86 9
By ANyein_26


ရှန့်ချန်ခုန်း အိမ်ပြန်ရောက်ချိန်တွင် မနက်နှစ်နာရီလောက်ရှိနေလေပြီ။ ပုံမှန်အားဖြင့် သူက ညဘက်မှာအလုပ်လုပ်သော်ငြားလည်း အရင်တုန်းက အိမ်ပြန်ရောက်ချိန်ဟာ ဒီလောက်ထိနောက်မကျဖူးခဲ့ပေ ၊ သူ သူ့အမေကိုအရမ်းစိတ်ပူနေ၏။

ကံကောင်းထောက်မစွာဖြင့် သူ့အမေက ရှန့်ချန်ခုန်းအိမ်ပြန်မရောက်ခင် အိပ်ရာစောစောဝင်လေ့ရှိသည်။ ထို့ကြောင့် ဖြစ်နိုင်တာတော့ ဒီနေ့ သူနောက်ကျမှအိမ်ပြန်ရောက်ကြောင်းကို သူမသတိပြုမိမှာတောင်မဟုတ်ဘူး။

အိမ်ကအရမ်းတိတ်ဆိတ်နေသောကြောင့် သူ့အသက်ရှုသံကိုတောင် သူပြန်ကြားနေရသည်။ ရှန့်ချန်ခုန်းသည် မီးမဖွင့်တော့ဘဲ သူ့အခန်းထဲခြေဖျားထောက်မဝင်သွားခင်တွင် သူ့အမေအခန်းတံခါးကိုလှမ်းကြည့်လိုက်၏။

သူ့အခန်းထဲရှိမီးအိမ်ငယ်လေးကိုဖွင့်၍ ရှန့်ချန်ခုန်းသည် ရွှီလျန် သူ့ကိုပေးလိုက်သောစက္ကူလေယာဉ်လေးကိုထုတ်ကြည့်လိုက်သည်။ စက္ကူအဖြူရောင်လေးမှာ လေယာဉ်တစ်စင်းအဖြစ် ပြန်ခေါက်ထားပြီးပြီဖြစ်၏။ လေယာဉ်လေးကို အချိန်ခဏကြာစိုက်ကြည့်နေပြီးနောက် ရှန့်ချန်ခုန်းသည် သူ့စားပွဲပေါ်ရှိသစ်သားလေယာဉ်လေးဘေး၌ နေရာချထားလိုက်လေသည်။

သစ်သားလေယာဉ်လေးကို သူ့အသက်ဆယ့်ငါးနှစ်မွေးနေ့မှာပဲ သူ့အဖေကကိုယ်တိုင်လုပ်ကာ သူ့အားပေးခဲ့ခြင်းပင်။ သူ အထက်တန်းကျောင်းဝင်ခွင့်ရပြီးတာနှင့် သူ့အဖေလေ့လာခဲ့သောတူညီတဲ့အရာကိုပဲလေ့လာရန်ဆုံးဖြတ်ခဲ့သည်။ ရှန့်ချန်ခုန်းကိုအားပေးရန်အလို့ဌာ သူ့အဖေက ၎င်းလေယာဉ်လေးကို သူ့အတွက်လုပ်ပေးခဲ့ခြင်းဖြစ်သည်။

ရှန့်ချန်ခုန်းမှာ ၎င်းလက်လုပ်လေယာဉ်လေးအား သူ့အပေါ် သူ့အဖေ၏မျှော်လင့်ချက်များနှင့်အိပ်မက်များရဲ့ကိုယ်စားပြုအဖြစ် တစ်ချိန်လုံးသိမ်းထားခဲ့ခြင်းဖြစ်သည်။

[ ရှင်အမှန်တကယ်လုပ်ချင်တဲ့အရာတွေနဲ့ပတ်သတ်လာရင်တော့ ရှင်လွယ်လွယ်လက်မလျှော့သင့်ဘူး ]

ရွှီလျန် သူ့ကိုပြောခဲ့တဲ့စကားတွေဟာ သူ့နားထဲမှာ ပဲ့တင်ထပ်နေ၏။ သူ့စားပွဲပေါ်ကအဖြူရောင်စက္ကူလေယာဉ်လေးကိုကြည့်ရင်း တဖြည်းဖြည်းပြုံးလာမိသည်။

အန်ကယ်ဟော်ကလည်းသူ့ကိုပြောဖူးတယ် သူဒီလိုမျိုးလက်မလျှော့လိုက်သင့်ဘူးတဲ့ ဟုတ်တယ်မလား?

ရှန့်ချန်ခုန်း သူ့ကွန်ပျူတာကိုဖွင့်၍ လေကြောင်းသုတေသနတက္ကသိုလ်ဘွဲ့ကြိုကျောင်းသားများအတွက် လျှောက်လွှာတင်သွင်းရမည့် page အားနှိပ်လိုက်၏။

ဒီနေ့က အောက်တိုဘာ ၃၁ရက်နေ့ ၊ လျှောက်လွှာတင်သွင်းရမည့်နောက်ဆုံးနေ့။

ရှန့်ချန်ခုန်းသည် လျှောက်လွှာတင်သွင်းရမည့်ဖောင်အား အတော်ကြာစိုက်ကြည့်နေခဲ့သည်။ ထို့နောက် ဖြည်းဖြည်းချင်း သူ့အချက်အလက်များရိုက်နှိပ်ကာ submit(တင်သွင်းသည်)အားနှိပ်လိုက်တော့သည်။

[ Congratulations, စာရင်းသွင်းပြီးပါပြီ ]

ဖောင်တင်သွင်းပြီးနောက် dialogue box တစ်ခုက screen ပေါ်၌ ပေါ်လာခဲ့သည်။ ရှန့်ချန်ခုန်းလက်မှာ mouse ပေါ်တွင်ရှိနေဆဲဖြစ်ကာ ရွေ့လျားမှုမရှိပေ။

နောက်ဆုံးတော့ သူစာရင်းသွင်းခဲ့ပြီးပြီ။

သူ့ကွန်ပျူတာကိုပိတ်ပြီးနောက် ရှန့်ချန်ခုန်းမှာ သူ့အိပ်ရာပေါ်လှဲချလိုက်တော့၏။

*****

နောက်တစ်နေ့မနက် ဝမ်းရှုလီအိပ်ရာထချိန်တွင် ရှန့်ချန်ခုန်းမှာ မနက်စာပြင်ဆင်ပြီးသွားပြီဖြစ်၏။ သူမက သူမအိမ်တွင်းစီးဖိနပ်ကိုစီးကာ မီးဖိုချောင်ထဲလမ်းလျှောက်လာခဲ့သည်။ တံခါးဘောင်နားမှာရပ်နေရင်း သူမသည် ရှန့်ချန်ခုန်းကဟင်းပွဲတွေကိုနေရာချနေသည်အား စောင့်ကြည့်နေခဲ့၏။ သူနောက်လှည့်ကြည့်ချိန်တွင် သူမကိုသတိပြုမိသွားသောကြောင့်ပြုံးပြလာ၏။

"ဂွတ်မောနင်း အမေ မနက်စာကတစ်မိနစ်အတွင်းအဆင်သင့်ဖြစ်ပြီ အရင်ဆုံးသွားဆေးကြောထားလိုက်တော့နော်"

ဝမ်းရှုလီမှာ သူ့ကိုစိုက်ကြည့်နေပြီး သူမမျက်နှာပေါ်မှာမည်သည့်အမူအရာမှရှိမနေခဲ့ ၊ ဤအရာကပဲ လူတွေကို သူမဘာတွေးနေမှန်း မပြောနိုင်အောင်လုပ်နိုင်စွမ်းရှိ၏။

"တစ်ခုခုဖြစ်လို့လား?"

ရှန့်ချန်ခုန်းမေးလိုက်သည်။

ဝမ်းရှုလီ ပြန်မဖြေပေ ၊ သူမက ရိုးရိုးရှင်းရှင်းပဲ ပြန်လှည့်သွားကာ အဝေးလျှောက်သွားတော့သည်။ ရှန့်ချန်ခုန်း အသက်ရှုထုတ်လိုက်ကာ ဆက်ပြီးနေရာချနေ၏။

ဒီနေ့ သူကနေ့ဆိုင်းဖြစ်တာကြောင့် မနက်စာစားပြီးသည်နှင့် အလုပ်သွားရန်ထွက်လာခဲ့တော့သည်။ သူထွက်လာသည့်အချိန်၌ သူနှင့်အတူနေ့လယ်စာဘူးတစ်ဘူးအား ယူလာခဲ့၏။ ဝမ်းရှုလီမှာ နေ့လယ်စာဘူးအားကြည့်နေခဲ့သော်လည်း နောက်ဆုံးတွင်တော့ ဂရုစိုက်ဟန်မပြခဲ့ပေ။

"အမေ ကျွန်တော်နေ့လည်စာပြင်ပြီးသွားပြီ နောက်မှပြန်နွှေးလိုက်နော်၊ ကျွန်တော် အခုအလုပ်သွားတော့မယ်"

ထိုသို့ပြောပြီးနောက် ရှန့်ချန်ခုန်းသည် အိမ်ရှေ့တံခါးဖွင့်၍ထွက်သွား၏။ ဝမ်းရှုလီမှာမူ ပိတ်သွားသည့်အိမ်ရှေ့တံခါးအား အချိန်အတော်ကြာစိုက်ကြည့်နေခဲ့လေသည်။

ရှန့်ချန်ခုန်းမှာ တစ်နေ့လုံး အော်ဒါတွေလက်ခံရနေသောကြောင့် အလုပ်ရှုပ်နေခဲ့၏။ ဆယ့်တစ်နာရီလောက်တွင် သူသည် Starlight ပန်းခြံသို့ပို့ဆောင်ရန် အော်ဒါတစ်ခုရရှိခဲ့သည်။ သူက  ရွှီလျန်ဆိုင်ကိုဝင်ရန်လည်း ဆုံးဖြတ်လိုက်၏။

ပုံမှန်အားဖြင့် ဤအချိန်အတွင်းမှာပဲ ကျန်းကော်အာက ရွှီလျန်ကို အော်ဒါမှာယူရန် စတင်အပူကပ်တော့မည်ဖြစ်၏။ အရင်အချိန်က ရွှီလျန်မှာ သူမအား Starlight ပန်းခြံရှိစားသောက်ဆိုင်တစ်ဆိုင်မှ ဝယ်ကျွေးထားသည့်အတွက် ကျန်းကော်အာ၏အရသာဖူးမှာ နည်းနည်းလေးဇီဇာကြောင်လာခဲ့သည်။ သူမမှာ အရင်က သူတို့ မကြာမကြာ မှာယူခဲ့ဖူးသောဝူးလုံစားသောက်ဆိုင်ကိုတောင် အထင်အမြင်သေးလာခဲ့၏။

"ကျွန်မတို့ Starlight ပန်းခြံကစားသောက်ဆိုင်တစ်ဆိုင်ကနေ အော်ဒါမှာလိုက်ကြမလား? ဒါကမြန်မြန်ရောက်လာပြီး အရသာလည်းရှိလိမ့်မယ်"

ကျန်းကော်အာမှာ သူမလက်တွေကိုပွတ်သပ်လျက် ရွှီလျန်အားမေးမြန်းလာ၏။

ရွှီလျန် ခေါင်းညိတ်လျက်

"ကိစ္စမရှိဘူး အဲဒါကအရမ်းစျေးကြီးတယ်လို့ မင်းမထင်သေးသရွေ့ရတယ်"

ကျန်းကော်အာ "........."

နောက်ကျရင် သူမမှတ်စုစာအုပ်က ရွှီလျန်စာမျက်နှာထဲတွင် 'ကပ်စေးနည်း'ဟုရေးရန် ဆုံးဖြတ်လိုက်တော့သည်။

သူတို့တွေ ဘယ်စားသောက်ဆိုင်သွားရန် ဆွေးနွေးနေစဉ်မှာပဲ ဆိုင်ရှိတံခါးဘဲလ်သံလေးမြည်ဟီးလာ၏။ ရွှီလျန် လှည့်ကြည့်လိုက်တော့ ရှန့်ချန်ခုန်းဝင်လာသည်ကိုတွေ့လိုက်ရသည်။ စိတ်လှုပ်ရှားသွားကာ ရွှီလျန် အံ့အားသင့်စွာပြောလာ၏။

"အာ? ကျွန်မတို့ အခုထိအော်ဒါမမှာရသေးဘူးလေ"

ရှန့်ချန်ခုန်းနှုတ်ခမ်းပါးမှာ အသာလေး ကွေးတက်သွားခဲ့သည်။ အလွန်ရှက်ရွံ့နေဟန်ဖြင့် သူက

"ကိုယ် ဒီမနက် နေ့လယ်စာချက်တာ အရမ်းများသွားလို့.. အဲဒါကြောင့် ကိုယ်မင်းကိုပေးဖို့နည်းနည်းယူလာခဲ့တာ အပြင်စာတွေအများကြီးစားတာကမင်းအတွက်မကောင်းဘူးလေ"

ရွှီလျန်မှာ သိသိသာသာကို ထိတ်လန့်သွားရ၏။ သို့သော် ခေတ္တကြာပြီးနောက် ရွှီလျန်မှာ မှင်သက်နေမိရာမှ အသိပြန်ဝင်လာကာ သူမထံသို့ ရှန့်ချန်ခုန်းကမ်းပေးထားသောနေ့လယ်စာဘူးအား လက်ခံလိုက်လေသည်။

ထိုအချိန်အတွင်း ကျန်းကော်အာမှာမူ နောက်ကွယ်၌ရှိနေပြီး ကြောင်အမ်းအမ်းဖြစ်လျက်ရှိနေ၏။ သူမ ကိစ္စကိုဖြေရှင်းပြီးပြီလား? ဘူးအနီလေးကိုသုံးခဲ့တဲ့လူသတ်သမားကပေါ်လာပြီလား?

ရွှီလျန်က ဆင့်ထပ်ထားသောနေ့လယ်စာဘူးကိုဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် ကျန်းကော်အာမှာ အနားသို့ ခြေမကြွတကြွလေးလျှောက်သွားကာ အရသာရှိလှသောရနံ့များဖြင့် ဆွဲဆောင်ခံလိုက်ရလေသည်။ နေ့လယ်စာဘူးမှာသုံးဆင့်ဖြစ်ကာ တစ်ဆင့်မှာထမင်းနှင့်ပြည့်နေပြီး နောက်နှစ်ဆင့်မှာမူ အသားနှင့်အသီးအရွက်များဖြင့်ပြည့်နှက်နေ၏။

"ဒါတွေအကုန်လုံးကအိမ်ချက်တွေချည်းပဲ မင်းအကြိုက်နဲ့ကိုက်မယ်လို့ ကိုယ်မျှော်လင့်ပါတယ်"

ရှန့်ချန်ခုန်းကရှင်းပြလိုက်သည်။

ရွှီလျန်မှာ ရှန့်ချန်ခုန်းကိုကြည့်ရင်း ရုတ်တရက် ပြုံးလာကာ သူ့လည်ပင်းအား သူမလက်ဖြင့်ဖက်တွယ်ပြီး အနမ်းပေးလိုက်လေသည်။

"ကျေးဇူးပဲနော်"

ရှန့်ချန်ခုန်းမျက်နှာမှာ ချက်ချင်းပင် နီမြန်းသွားတော့၏။ ရှန့်ချန်ခုန်းမှာမူ ရွှီလျန်က သူတို့တွေသူမအိမ်မှာရှိစဉ်က သူမမှာရှိခဲ့တဲ့စိတ်အားထက်သန်မှုတွေနဲ့ ဘာကြောင့်များလုပ်လိုက်မှန်း နားမလည်နိုင်ခဲ့ချေ။ အဲဒီအချိန်တုန်းက သူတို့နှစ်ယောက်တည်းပဲရှိနေခဲ့တာလေ.. ဒါပေမဲ့ အခုက နေ့ခင်းကြောင်တောင်ကြီး သူတို့နှစ်ယောက်က သူမဆိုင်ထဲမှာရှိနေပြီး ဝန်ထမ်းတစ်ယောက်ရဲ့အရှေ့မှာတောင်.......

နောက်ကျရင် သူ ဒီနေရာကို ဘယ်လိုလုပ်ပြီး အော်ဒါဆက်ပို့နိုင်တော့မှာလဲ...

ကျန်းကော်အာမှာလည်း ရှန့်ချန်ခုန်းလောက်မဟုတ်သော်လည်း အတော်လေးပျာယာခတ်သွားရ၏။

သူမဘော့စ်က တကယ့်ကို..... ဒီထင်ရှားပေါ်လွင်တဲ့အချစ်ကဘာလဲ? ဒါကလုံးဝကိုအတုအယောင်နဲ့မတူဘူး!! နောက်ပြီး နေ့ခင်းကြောင်တောင်ကြီးမှာ တကယ်ကြီးနမ်းလိုက်တယ်?

ကံကောင်းလို့ ဆိုင်ထဲမှာဧည့်သည်တွေမရှိနေလို့ပေါ့!

"ဒါဆို ကိုယ်သွားတော့မယ် နောက်တစ်ခေါက်မှပဲ နေ့လယ်စာဘူးကိုပြန်ပေးလိုက်တော့"

ထိုသို့ပြောပြီးနောက် ရှန့်ချန်ခုန်းရှောင်ပြေးသွားတော့သည်။ ရွှီလျန်မှာ သူ၏လျင်မြန်လှသောပြေးသွားသည့်ပုံရိပ်လေးကိုကြည့်လျက် မရယ်ဘဲမနေနိုင်တော့ပေ။

သူ့စကူတာနားသို့ရောက်လာပြီးနောက် ရှန့်ချန်ခုန်းမှာ အသက်ပြန်လည်ရှုနိုင်ရန် အချိန်ခဏလောက်ယူလိုက်ရသည်။ သူ့နှုတ်ခမ်းကိုထိကြည့်လိုက်၏။ ရွှီလျန်က သူ သူမကိုပေးခဲ့တဲ့နှုတ်ခမ်းနီကို ဆိုးထားခဲ့တာပဲ ၊ မက်မွန်နံ့ဖျော့ဖျော့လေးကို သူရနေတုန်းပဲ။

ရှန့်ချန်ခုန်း သူ့စကူတာကနောက်ကြည့်မှန်ကိုကြည့်လိုက်တော့ သူ့နှုတ်ခမ်းပါးတွေမှာ သူကဝိုင်နီတစ်ငုံလောက်ခိုးသောက်ထားခဲ့သလိုမျိုး အနီရောင်စွန်းထင်းနေခဲ့၏။

သူ့နှုတ်ခမ်းတွေဟာ အလိုလို အပြုံးတစ်ခုအဖြစ်ကွေးတက်သွားခဲ့သည်။ သူ့နှုတ်ခမ်းကို သူ့လက်ခုံဖြင့်သုတ်လိုက်သည့်အချိန်တွင် ရှန့်ချန်ခုန်းဖုန်းမှာအသံမြည်လာ၏။

ရွှီလျန် : [ ကျွန်မ ရှင့်ရဲ့အချိန်ဇယားကိုကြည့်ပြီးပြီ ရှင်မနက်ဖြန်ပိတ်ရက်ရတယ်နော်? ]

ရှန့်ချန်ခုန်း : [ အင်း ]

ရွှီလျန် : [ ဒါဆို ဒိတ်လုပ်ရအောင် ]

ရှန့်ချန်ခုန်းမှာမူ ရွှီလျန်ကသူ့နှလုံးသားလေးကို နောက်တစ်ကြိမ်ခုန်အောင်လုပ်လိုက်သည့်အတွက် ၎င်းအားနှစ်သိမ့်လိုက်ရတော့သည်။

အသက်ကြီးနေပြီဖြစ်သော်ငြားလည်း ရှန့်ချန်ခုန်းမှာ အရင်က မိန်းကလေးတစ်ယောက်နဲ့ တစ်ခါမှ ချိန်းဆိုမှုမလုပ်ခဲ့ဖူးကြောင်းပြောရန် ရှက်ရွံ့နေလေ၏။

ရှန့်ချန်ခုန်း ခဏကြာစဉ်းစားပြီးနောက် ရွှီလျန်ကိုစာပြန်လိုက်သည်။

ရှန့်ချန်ခုန်း : [ အင်း မင်းဘယ်သွားချင်လဲ? ]

ရွှီလျန် : [ ရုပ်ရှင်ကြည့်ပြီးအတူတူစားရင်ရောဘယ်လိုလဲ? သိရသလောက် ဒိတ်အများစုကတော့ဒီလိုပဲ ]

ရှန့်ချန်ခုန်း : [ ကောင်းပြီ ရုပ်ရှင်ကြည့်ပြီးရင် ညစာသွားစားကြမယ် ]

ရွှီလျန်က သူ့ကို တစ်မိနစ်လောက်စောင့်ရန် မက်ဆေ့ချ်ပို့ပြီးနောက် ပြသလျက်ရှိသောရုပ်ရှင်များအားစစ်ကြည့်ရန် ရုပ်ရှင်ရုံဝက်ဆိုက်ထဲဝင်ကြည့်လိုက်သည်။

ထိုအချိန်တွင် ကျန်းကော်အာမှာ ငွေရှင်းကောင်တာတွင်ထိုင်နေပြီး သူမမှတ်စုစာအုပ်ထဲ၌ ဝတ်ကျေတမ်းကျေ ရေးမှတ်ထားခဲ့သည် — 'ပထမဆုံးနေ့မှာပဲ ဘော့စ်မှာချစ်သူရှိမှန်းငါသိလိုက်ရတယ် ရုတ်တရက် တစ်ကိုယ်တည်းဖြစ်ခဲ့တဲ့သူမကို စလွမ်းလာတော့တာပဲ၊ နောက်ပြီး နောက်ကျရင် ငါ့ရဲ့နေ့လယ်စာအတွက်ပိုက်ဆံအများစုကိုစုထားနိုင်ဖို့မျှော်လင့်ပါတယ် ဘာလို့လဲဆိုတော့ ရှေ့လျှောက် ငါခွေးစာတွေအများကြီးအကျွေးခံရတော့မှာမလို့ပဲ'

ကျန်းကော်အာသည် လက်ရှိတွင် အနီးရှိနံရံတစ်ခုအားမှီ၍ ရှန့်ချန်ခုန်းကိုမက်ဆေ့ချ်ပို့နေသောရွှီလျန်အား ခိုးကြည့်လိုက်၏။ ကျန်းကော်အာ ခေါင်းယမ်း၍ သူမမှတ်စုစာအုပ်ထဲရှိ စာမျက်နှာနည်းနည်းကိုလှန်ကာ '0123'ဟုရေးထားသောခေါင်းစဉ်အောက်တွင်ရေးမှတ်လိုက်သည်မှာ — 'အစ်ကိုလေးနဲ့ပတ်သတ်တဲ့အချက်အလက်တွေက နောက်လကျရင် သိသိသာသာ လျော့ပါးလာမယ်လို့ ငါမျှော်လင့်ပါတယ်'

*****

ရှန့်ချန်ခုန်း၏အလုပ်နားရက်ကို အမြဲတမ်း စနေနေ့တွင်သာသတ်မှတ်ထားခဲ့သည်။ အကြောင်းမှာ ရှန့်နွမ်က ၎င်းနေ့တွင် အိမ်ပြန်လာသောကြောင့်ပင် ၊ သူမကို အရသာရှိတဲ့အစားအစာတွေလုပ်ကျွေးရန်နှင့် သူမ၏ဗဟုသုတတိုးတက်လာစေရန်အတွက် သူအားလပ်ချင်၏။

သည်နေ့ဟာလည်း တူညီသောစနေနေ့ပဲ ၊ ပုံမှန်အတိုင်း သူ အနီးရှိအသီးအရွက်စျေးသို့ စောစောသွားကာ အသီးအရွက်နည်းနည်းဝယ်လာခဲ့သည်။ ဒီတစ်ပတ်မှာမတူတဲ့အရာကတော့ သူ့ရဲ့စိုးရိမ်ပူပန်မှုတွေပဲ.....

နေ့လည်ခင်းတွင် သူနဲ့ရွှီလျန်တို့ဒိတ်အကြောင်းစဉ်းစားလိုက်သည်နှင့် ရှန့်ချန်ခုန်းမှာ အလွန်စိတ်လှုပ်ရှားလာတာကြောင့် မီးဖိုချောင်သုံးဓားကိုတောင် မြဲအောင်မကိုင်ထားနိုင်တော့ချေ။ အရင်က သူ ရွှီလျန်နဲ့တွေ့တဲ့အချိန်တိုင်း သူမအိမ်မှာသာတွေ့ကြပြီး သူတို့နှစ်ယောက်ဟာ.....ပြောမထွက်နိုင်တဲ့အရာတွေကိုပဲလုပ်နေခဲ့ကြတာ ၊ သည်တစ်ကြိမ်ဟာ သူတို့နှစ်ယောက်ကပုံမှန်စုံတွဲတစ်တွဲလိုမျိုးပြုမူမယ့် ပထမဦးဆုံးအကြိမ်ပဲ။

ရှန့်နွမ်မှာ ရှန့်ချန်ခုန်း၏စိတ်သောကရောက်နေသောအခြေအနေအား သတိပြုမိတာကြောင့် သူ့ကို အကြိမ်များစွာမေးမြန်းခဲ့ပေမဲ့လည်း မရေရာမသေချာသောအဖြေများသာပြန်ရခဲ့သည်။

နေ့လယ်စာစားပြီးနောက် ရှန့်ချန်ခုန်းက ပန်းကန်ဆေးရန်ထွက်သွားသည့်အချိန်တွင် ရှန့်နွမ်မှာ သူမသူငယ်ချင်းများနှင့်ဖွဲ့ထားသော group chat ထဲသို့မက်ဆေ့ချ်တစ်စောင်ပို့လိုက်၏။

ကမ္ဘာပတ်နေသောနွမ်နွမ် : [ ငါထင်တာတော့ ငါ့အစ်ကိုကချစ်သူရနေပြီပဲ! ]

စာလေ့လာခြင်းကထိပ်ပြောင်စေတယ် : [ ဘယ်သူနဲ့လဲ? အရင်တစ်ခေါက်ကအဲဒီအစ်မကြီးနဲ့လား? ]

ကမ္ဘာပတ်နေသောနွမ်နွမ် : [ ထင်တာပဲ! အရင်နေ့က အစ်ကိုက သူမအတွက်နှုတ်ခမ်းနီတောင်ဝယ်ပေးခဲ့သေးတယ် ! ]

ငါးမိနစ်စာလုပ်တစ်နာရီလေဖြတ် : [ အို.... ('꒳') ]

ကမ္ဘာပတ်နေသောနွမ်နွမ် : [ ငါပြန်ရောက်တဲ့အချိန်တည်းက ငါ့အစ်ကိုကအမြဲမေ့တက်လာတာကို သတိထားမိတယ်၊ မမနဲ့တစ်ခုခုများဖြစ်ထားလို့လား? ]

စာလေ့လာခြင်းကထိပ်ပြောင်စေတယ် : [ သူတို့ရဲ့လိင်ကိစ္စပြဿနာများလား? ]

ကမ္ဘာပတ်နေသောနွမ်နွမ် : [.............]

သူမအစ်ကိုကြီးကသူ့ရဲ့လူပျိုရည်ဆုံးရှုံးသွားပြီလား?!!

နားရွက်လေးတွေနီမြန်းနေလျက် ရှန့်နွမ်မှာ group chat ကိုပိတ်ပြီး သူမကိုယ်သူမ တည်ငြိမ်စေရန်အတွက် သင်္ချာမှတ်စုစာအုပ်ကို မြန်မြန်ဖွင့်လိုက်သည်။

နေ့လည်တစ်နာရီခွဲ၌ သူမအခန်းတံခါးမှတံခါးခေါက်သံကြားလိုက်၏။

"ရှောင်နွမ်"

"အစ်ကို? အို ကောင်းလိုက်တာ ညီမ င်္သချာမေးခွန်းတစ်ခုမှာအကူအညီလိုနေ....."

သူမစကားတစ်ဝက်မှာပဲ ရှန့်နွမ်သည် သူမပါးစပ်ကိုမြန်မြန်ပိတ်လိုက်ရသည်။ ဘာကြောင့်မှန်းမသိ သူမအစ်ကိုကြီးက ပန်းကန်ဆေးပြီးတာနဲ့ သူ့အဝတ်အစားတွေကိုလဲထားတာပဲ!

ပုံမှန်အားဖြင့် ရှန့်ချန်ခုန်းမှာ သူ ဘယ်င်္အကျီဝတ်ဆင်ရမလဲဆိုသည့်အပေါ် သီးသန့်အာရုံထားမနေခဲ့ ၊ အဝတ်အစားတွေကသန့်ရှင်းပြီးခြောက်သွေ့နေသရွေ့ သူ့အတွက်အဆင်ပြေ၏။ သို့သော် ယခုအချိန်မှာတော့ သူမအစ်ကိုကြီးက သေချာဂရုတစိုက်ရွေးချယ်ထားတဲ့အဝတ်အစားတစ်စုံကိုဝတ်ဆင်ထားမှန်း ပေါ်လွင်နေသည် — အမည်းရောင်ကော်လံနိမ့်ဆွယ်တာ၊ ဂျက်ကတ်၊ ဂျင်းနဲ့ရှူးဖိနပ်ဝတ်ဆင်ထား၏။

ရှန့်နွမ်မှာ သူမအစ်ကိုကြီးက အင်တာနက်ကနေ 'ယောက်ျားဝတ်ဆောင်းဦးရာသီအဝတ်အစား၊ ဒိတ်လုပ်နည်းဗျူဟာများ' ကိုရှာဖွေလေ့လာထားမှန်း အလွန်သေချာနေ၏။

"ဝိုး ဒီနေ့ အစ်ကိုကအရမ်းကြည့်ကောင်းတာပဲ!"

ရှန့်နွမ်က သူမဖုန်းကိုထုတ်၍ ချက်ချင်းပင် သူ့ကိုဓာတ်ပုံရိုက်ယူလိုက်သည်။ ရှန့်ချန်ခုန်းမှာ မျက်နှာပူလာရကာ သူမအား မသေချာသလိုမေးလာ၏။

"ဒါကတကယ်ကြည့်ကောင်းလို့လား?"

"တကယ်ကြည့်ကောင်းတယ်! ရိုးသားဖြောင့်မတ်တဲ့အဖြောင့်ယောက်ျားတစ်ယောက်ရဲ့ပြီးပြည့်စုံဆုံးသရုပ်ပြမူပဲ!"

ရှန့်ချန်ခုန်း "........."

ငါကအဖြောင့်မဟုတ်ဘူးလို့သူမကသွယ်ဝိုက်ပြောနေတာလား?

ရှန့်ချန်ခုန်းချောင်းဟန့်ကာ

"ငါလုပ်စရာလေးရှိလို့ ခဏလောက်အပြင်သွားလိုက်ဦးမယ် ညစာအတွက်ပြန်လာတော့မှာမဟုတ်ဘူး အဲဒါကြောင့် ကျန်တဲ့ဟာတွေကိုပြန်နွှေးပြီး အမေနဲ့စားလိုက်တော့"

"အင်း"

ရှန့်နွမ်ခေါင်းညိတ်လိုက်သည်။ ထို့နောက် စပ်စုလိုဟန်ဖြင့် သူမက သူ့ကိုမေး၏။

"အစ်ကို ဘယ်သွားမလို့လဲ?"

"ဘယ်...ဘယ်မှမဟုတ်ဘူး"

ရှန့်ချန်ခုန်း နောက်တစ်ဖန် ချောင်းဟန့်၍

"ငါအခုသွားတော့မယ် နင့်မှာအိမ်စာမပါဘူးလား?နင်မသိတဲ့မေးခွန်းတွေကိုချရေးထားလိုက် နောက်မှ ငါပြန်စစ်ကြည့်ပေးမယ်"

"ရပါတယ် ဒါတွေကိုစိတ်ပူမနေနဲ့ အဲဒီကိုသာမကြောက်မလန့်နဲ့သွားလိုက်နော်"

ရှန့်ချန်ခုန်း ".........."

"......ဒါဆို ငါသွားတော့မယ်"

ရှန့်ချန်ခုန်း သူမအခန်းတံခါးကိုပိတ်ပြီး ထွက်သွားတော့သည်။ သူထွက်သွားသည်နှင့်တစ်ပြိုင်နက် ရှန့်နွမ်မှာ သူမ group chat ကိုဖွင့်ပြီး အခုလေးတင်သူမရိုက်ယူလိုက်သောဓာတ်ပုံကိုပို့လိုက်၏။

ကမ္ဘာပတ်နေသောနွမ်နွမ် : [ ငါ့အစ်ကိုကြီးက မမကိုတွေ့ဖို့အတွက် ဒီလိုမျိုးဝတ်သွားတာ! ]

စာလေ့လာခြင်းကထိပ်ပြောင်စေတယ် : [ နင့်အစ်ကိုကအရမ်းကြည့်ကောင်းတာပဲ ဒီအစ်မကြီးကအရမ်းပျော်နေပြီ! ]

ကမ္ဘာပတ်နေသောနွမ်နွမ် : [ နင် ငါ့အစ်ကိုကြီးကို ဘာလုပ်ဖို့စဉ်းစားနေတာလဲ? ]

ငါးမိနစ်စာလုပ်တစ်နာရီလေဖြတ် : [ ဒီည နင့်အစ်ကို ဘယ်အချိန်အိမ်ပြန်ရောက်လာမလဲဆိုတာကို သေချာအာရုံစိုက်ထား ]

စာလေ့လာခြင်းကထိပ်ပြောင်စေတယ် : [ ရှန့်နွမ်မရှိတော့တဲ့အချိန်ကျမှ သူအိမ်ပြန်ရောက်လာမှာ သေချာသလောက်ပဲ ]

ကမ္ဘာပတ်နေသောနွမ်နွမ် : [...............]

မဟုတ်ဘူး! သူမအစ်ကိုကြီးကရိုးသားတယ် သူက မမအပေါ်ကို အခွင့်အရေးယူမှာမဟုတ်ဘူး!

ဒါပေမဲ့..... မမကသာ သူမအစ်ကိုကြီးကိုအခွင့်အရေးယူလိုက်မယ်ဆိုရင်ရော... ဒါကိုတော့ သူမလည်းမသေချာဘူး။

________________

ဒီထဲမှာပါတဲ့ Starlight ပန်းခြံဆိုတာကလေ ရှင်းရှင်းပြောရရင် Time City လိုနေရာမျိုးထဲကပန်းခြံသဘောမျိုး။ Starlight ပန်းခြံ၊ Starlight ကုန်တိုက်၊ Starlight စိုက်ပျိုးရေးခြံ... TC ဆိုလည်း Condo, Shopping Mall, လူအပန်းဖြေစရာနေရာ၊ စသဖြင့်ပေါ့....
Starlight ကုန်တိုက်ရဲ့သူဌေးကလည်း Chestnut ရဲ့တခြား Novel ထဲက ML တစ်ယောက်ပဲ..

******

ရွန့္ခ်န္ခုန္း အိမ္ျပန္ေရာက္ခ်ိန္တြင္ မနက္ႏွစ္နာရီေလာက္ရွိေနေလၿပီ။ ပုံမွန္အားျဖင့္ သူက ညဘက္မွာအလုပ္လုပ္ေသာ္ျငားလည္း အရင္တုန္းက အိမ္ျပန္ေရာက္ခ်ိန္ဟာ ဒီေလာက္ထိေနာက္မက်ဖဴးခဲ့ေပ ၊ သူ သူ႕အေမကိုအရမ္းစိတ္ပူေန၏။

ကံေကာင္းေထာက္မစြာျဖင့္ သူ႕အေမက ရွန့္ခ်န္ခုန္းအိမ္ျပန္မေရာက္ခင္ အိပ္ရာေစာေစာဝင္ေလ့ရွိသည္။ ထို႔ေၾကာင့္ ျဖစ္နိုင္တာေတာ့ ဒီေန႕ သူေနာက္က်မွအိမ္ျပန္ေရာက္ေၾကာင္းကို သူမသတိျပဳမိမွာေတာင္မဟုတ္ဘူး။

အိမ္ကအရမ္းတိတ္ဆိတ္ေနေသာေၾကာင့္ သူ႕အသက္ရႈသံကိုေတာင္ သူျပန္ၾကားေနရသည္။ ရွန့္ခ်န္ခုန္းသည္ မီးမဖြင့္ေတာ့ဘဲ သူ႕အခန္းထဲေျခဖ်ားေထာက္မဝင္သြားခင္တြင္ သူ႕အေမအခန္းတံခါးကိုလွမ္းၾကည့္လိုက္၏။

သူ႕အခန္းထဲရွိမီးအိမ္ငယ္ေလးကိုဖြင့္၍ ရွန့္ခ်န္ခုန္းသည္ ႐ႊီလ်န္ သူ႕ကိုေပးလိုက္ေသာစကၠဴေလယာဥ္ေလးကိုထုတ္ၾကည့္လိုက္သည္။ စကၠဴအျဖဴေရာင္ေလးမွာ ေလယာဥ္တစ္စင္းအျဖစ္ ျပန္ေခါက္ထားၿပီးၿပီျဖစ္၏။ ေလယာဥ္ေလးကို အခ်ိန္ခဏၾကာစိုက္ၾကည့္ေနၿပီးေနာက္ ရွန့္ခ်န္ခုန္းသည္ သူ႕စားပြဲေပၚရွိသစ္သားေလယာဥ္ေလးေဘး၌ ေနရာခ်ထားလိုက္ေလသည္။

သစ္သားေလယာဥ္ေလးကို သူ႕အသက္ဆယ့္ငါးႏွစ္ေမြးေန႕မွာပဲ သူ႕အေဖကကိုယ္တိုင္လုပ္ကာ သူ႕အားေပးခဲ့ျခင္းပင္။ သူ အထက္တန္းေက်ာင္းဝင္ခြင့္ရၿပီးတာႏွင့္ သူ႕အေဖေလ့လာခဲ့ေသာတူညီတဲ့အရာကိုပဲေလ့လာရန္ဆုံးျဖတ္ခဲ့သည္။ ရွန့္ခ်န္ခုန္းကိုအားေပးရန္အလို႔ဌာ သူ႕အေဖက ၎ေလယာဥ္ေလးကို သူ႕အတြက္လုပ္ေပးခဲ့ျခင္းျဖစ္သည္။

ရွန့္ခ်န္ခုန္းမွာ ၎လက္လုပ္ေလယာဥ္ေလးအား သူ႕အေပၚ သူ႕အေဖ၏ေမွ်ာ္လင့္ခ်က္မ်ားႏွင့္အိပ္မက္မ်ားရဲ႕ကိုယ္စားျပဳအျဖစ္ တစ္ခ်ိန္လုံးသိမ္းထားခဲ့ျခင္းျဖစ္သည္။

[ ရွင္အမွန္တကယ္လုပ္ခ်င္တဲ့အရာေတြနဲ႕ပတ္သတ္လာရင္ေတာ့ ရွင္လြယ္လြယ္လက္မေလွ်ာ့သင့္ဘူး ]

႐ႊီလ်န္ သူ႕ကိုေျပာခဲ့တဲ့စကားေတြဟာ သူ႕နားထဲမွာ ပဲ့တင္ထပ္ေန၏။ သူ႕စားပြဲေပၚကအျဖဴေရာင္စကၠဴေလယာဥ္ေလးကိုၾကည့္ရင္း တျဖည္းျဖည္းၿပဳံးလာမိသည္။

အန္ကယ္ေဟာ္ကလည္းသူ႕ကိုေျပာဖူးတယ္ သူဒီလိုမ်ိဳးလက္မေလွ်ာ့လိုက္သင့္ဘူးတဲ့ ဟုတ္တယ္မလား?

ရွန့္ခ်န္ခုန္း သူ႕ကြန္ပ်ဴတာကိုဖြင့္၍ ေလေၾကာင္းသုေတသနတကၠသိုလ္ဘြဲ႕ႀကိဳေက်ာင္းသားမ်ားအတြက္ ေလွ်ာက္လႊာတင္သြင္းရမည့္ page အားႏွိပ္လိုက္၏။

ဒီေန႕က ေအာက္တိုဘာ ၃၁ရက္ေန႕ ၊ ေလွ်ာက္လႊာတင္သြင္းရမည့္ေနာက္ဆုံးေန႕။

ရွန့္ခ်န္ခုန္းသည္ ေလွ်ာက္လႊာတင္သြင္းရမည့္ေဖာင္အား အေတာ္ၾကာစိုက္ၾကည့္ေနခဲ့သည္။ ထို႔ေနာက္ ျဖည္းျဖည္းခ်င္း သူ႕အခ်က္အလက္မ်ားရိုက္ႏွိပ္ကာ submit(တင္သြင္းသည္)အားႏွိပ္လိုက္ေတာ့သည္။

[ Congratulations, စာရင္းသြင္းၿပီးပါၿပီ ]

ေဖာင္တင္သြင္းၿပီးေနာက္ dialogue box တစ္ခုက screen ေပၚ၌ ေပၚလာခဲ့သည္။ ရွန့္ခ်န္ခုန္းလက္မွာ mouse ေပၚတြင္ရွိေနဆဲျဖစ္ကာ ေ႐ြ႕လ်ားမႈမရွိေပ။

ေနာက္ဆုံးေတာ့ သူစာရင္းသြင္းခဲ့ၿပီးၿပီ။

သူ႕ကြန္ပ်ဴတာကိုပိတ္ၿပီးေနာက္ ရွန့္ခ်န္ခုန္းမွာ သူ႕အိပ္ရာေပၚလွဲခ်လိဳက္ေတာ့၏။

*****

ေနာက္တစ္ေန႕မနက္ ဝမ္းရႈလီအိပ္ရာထခ်ိန္တြင္ ရွန့္ခ်န္ခုန္းမွာ မနက္စာျပင္ဆင္ၿပီးသြားၿပီျဖစ္၏။ သူမက သူမအိမ္တြင္းစီးဖိနပ္ကိုစီးကာ မီးဖိုေခ်ာင္ထဲလမ္းေလွ်ာက္လာခဲ့သည္။ တံခါးေဘာင္နားမွာရပ္ေနရင္း သူမသည္ ရွန့္ခ်န္ခုန္းကဟင္းပြဲေတြကိုေနရာခ်ေနသည္အား ေစာင့္ၾကည့္ေနခဲ့၏။ သူေနာက္လွည့္ၾကည့္ခ်ိန္တြင္ သူမကိုသတိျပဳမိသြားေသာေၾကာင့္ၿပဳံးျပလာ၏။

"ဂြတ္ေမာနင္း အေမ မနက္စာကတစ္မိနစ္အတြင္းအဆင္သင့္ျဖစ္ၿပီ အရင္ဆုံးသြားေဆးေၾကာထားလိုက္ေတာ့ေနာ္"

ဝမ္းရႈလီမွာ သူ႕ကိုစိုက္ၾကည့္ေနၿပီး သူမမ်က္ႏွာေပၚမွာမည္သည့္အမူအရာမွရွိမေနခဲ့ ၊ ဤအရာကပဲ လူေတြကို သူမဘာေတြးေနမွန္း မေျပာနိုင္ေအာင္လုပ္နိုင္စြမ္းရွိ၏။

"တစ္ခုခုျဖစ္လို႔လား?"

ရွန့္ခ်န္ခုန္းေမးလိုက္သည္။

ဝမ္းရႈလီ ျပန္မေျဖေပ ၊ သူမက ရိုးရိုးရွင္းရွင္းပဲ ျပန္လွည့္သြားကာ အေဝးေလွ်ာက္သြားေတာ့သည္။ ရွန့္ခ်န္ခုန္း အသက္ရႈထုတ္လိုက္ကာ ဆက္ၿပီးေနရာခ်ေန၏။

ဒီေန႕ သူကေန႕ဆိုင္းျဖစ္တာေၾကာင့္ မနက္စာစားၿပီးသည္ႏွင့္ အလုပ္သြားရန္ထြက္လာခဲ့ေတာ့သည္။ သူထြက္လာသည့္အခ်ိန္၌ သူႏွင့္အတူေန႕လယ္စာဘူးတစ္ဘူးအား ယူလာခဲ့၏။ ဝမ္းရႈလီမွာ ေန႕လယ္စာဘူးအားၾကည့္ေနခဲ့ေသာ္လည္း ေနာက္ဆုံးတြင္ေတာ့ ဂ႐ုစိုက္ဟန္မျပခဲ့ေပ။

"အေမ ကြၽန္ေတာ္ေန႕လည္စာျပင္ၿပီးသြားၿပီ ေနာက္မွျပန္ေႏႊးလိုက္ေနာ္၊ ကြၽန္ေတာ္ အခုအလုပ္သြားေတာ့မယ္"

ထိုသို႔ေျပာၿပီးေနာက္ ရွန့္ခ်န္ခုန္းသည္ အိမ္ေရွ႕တံခါးဖြင့္၍ထြက္သြား၏။ ဝမ္းရႈလီမွာမူ ပိတ္သြားသည့္အိမ္ေရွ႕တံခါးအား အခ်ိန္အေတာ္ၾကာစိုက္ၾကည့္ေနခဲ့ေလသည္။

ရွန့္ခ်န္ခုန္းမွာ တစ္ေန႕လုံး ေအာ္ဒါေတြလက္ခံရေနေသာေၾကာင့္ အလုပ္ရႈပ္ေနခဲ့၏။ ဆယ့္တစ္နာရီေလာက္တြင္ သူသည္ Starlight ပန္းၿခံသို႔ပို႔ေဆာင္ရန္ ေအာ္ဒါတစ္ခုရရွိခဲ့သည္။ သူက  ႐ႊီလ်န္ဆိုင္ကိုဝင္ရန္လည္း ဆုံးျဖတ္လိုက္၏။

ပုံမွန္အားျဖင့္ ဤအခ်ိန္အတြင္းမွာပဲ က်န္းေကာ္အာက ႐ႊီလ်န္ကို ေအာ္ဒါမွာယူရန္ စတင္အပူကပ္ေတာ့မည္ျဖစ္၏။ အရင္အခ်ိန္က ႐ႊီလ်န္မွာ သူမအား Starlight ပန္းၿခံရွိစားေသာက္ဆိုင္တစ္ဆိုင္မွ ဝယ္ေကြၽးထားသည့္အတြက္ က်န္းေကာ္အာ၏အရသာဖူးမွာ နည္းနည္းေလးဇီဇာေၾကာင္လာခဲ့သည္။ သူမမွာ အရင္က သူတို႔ မၾကာမၾကာ မွာယူခဲ့ဖူးေသာဝူးလုံစားေသာက္ဆိုင္ကိုေတာင္ အထင္အျမင္ေသးလာခဲ့၏။

"ကြၽန္မတို႔ Starlight ပန္းၿခံကစားေသာက္ဆိုင္တစ္ဆိုင္ကေန ေအာ္ဒါမွာလိုက္ၾကမလား? ဒါကျမန္ျမန္ေရာက္လာၿပီး အရသာလည္းရွိလိမ့္မယ္"

က်န္းေကာ္အာမွာ သူမလက္ေတြကိုပြတ္သပ္လ်က္ ႐ႊီလ်န္အားေမးျမန္းလာ၏။

႐ႊီလ်န္ ေခါင္းညိတ္လ်က္

"ကိစၥမရွိဘူး အဲဒါကအရမ္းေစ်းႀကီးတယ္လို႔ မင္းမထင္ေသးသေ႐ြ႕ရတယ္"

က်န္းေကာ္အာ "........."

ေနာက္က်ရင္ သူမမွတ္စုစာအုပ္က ႐ႊီလ်န္စာမ်က္ႏွာထဲတြင္ 'ကပ္ေစးနည္း'ဟုေရးရန္ ဆုံးျဖတ္လိုက္ေတာ့သည္။

သူတို႔ေတြ ဘယ္စားေသာက္ဆိုင္သြားရန္ ေဆြးေႏြးေနစဥ္မွာပဲ ဆိုင္ရွိတံခါးဘဲလ္သံေလးျမည္ဟီးလာ၏။ ႐ႊီလ်န္ လွည့္ၾကည့္လိုက္ေတာ့ ရွန့္ခ်န္ခုန္းဝင္လာသည္ကိုေတြ႕လိုက္ရသည္။ စိတ္လႈပ္ရွားသြားကာ ႐ႊီလ်န္ အံ့အားသင့္စြာေျပာလာ၏။

"အာ? ကြၽန္မတို႔ အခုထိေအာ္ဒါမမွာရေသးဘူးေလ"

ရွန့္ခ်န္ခုန္းႏႈတ္ခမ္းပါးမွာ အသာေလး ေကြးတက္သြားခဲ့သည္။ အလြန္ရွက္႐ြံ႕ေနဟန္ျဖင့္ သူက

"ကိုယ္ ဒီမနက္ ေန႕လယ္စာခ်က္တာ အရမ္းမ်ားသြားလို႔.. အဲဒါေၾကာင့္ ကိုယ္မင္းကိုေပးဖို႔နည္းနည္းယူလာခဲ့တာ အျပင္စာေတြအမ်ားႀကီးစားတာကမင္းအတြက္မေကာင္းဘူးေလ"

႐ႊီလ်န္မွာ သိသိသာသာကို ထိတ္လန့္သြားရ၏။ သို႔ေသာ္ ေခတၱၾကာၿပီးေနာက္ ႐ႊီလ်န္မွာ မွင္သက္ေနမိရာမွ အသိျပန္ဝင္လာကာ သူမထံသို႔ ရွန့္ခ်န္ခုန္းကမ္းေပးထားေသာေန႕လယ္စာဘူးအား လက္ခံလိုက္ေလသည္။

ထိုအခ်ိန္အတြင္း က်န္းေကာ္အာမွာမူ ေနာက္ကြယ္၌ရွိေနၿပီး ေၾကာင္အမ္းအမ္းျဖစ္လ်က္ရွိေန၏။ သူမ ကိစၥကိုေျဖရွင္းၿပီးၿပီလား? ဘူးအနီေလးကိုသုံးခဲ့တဲ့လူသတ္သမားကေပၚလာၿပီလား?

႐ႊီလ်န္က ဆင့္ထပ္ထားေသာေန႕လယ္စာဘူးကိုဖြင့္လိုက္သည္ႏွင့္တစ္ၿပိဳင္နက္ က်န္းေကာ္အာမွာ အနားသို႔ ေျခမႂကြတႂကြေလးေလွ်ာက္သြားကာ အရသာရွိလွေသာရနံ႕မ်ားျဖင့္ ဆြဲေဆာင္ခံလိုက္ရေလသည္။ ေန႕လယ္စာဘူးမွာသုံးဆင့္ျဖစ္ကာ တစ္ဆင့္မွာထမင္းႏွင့္ျပည့္ေနၿပီး ေနာက္ႏွစ္ဆင့္မွာမူ အသားႏွင့္အသီးအ႐ြက္မ်ားျဖင့္ျပည့္ႏွက္ေန၏။

"ဒါေတြအကုန္လုံးကအိမ္ခ်က္ေတြခ်ည္းပဲ မင္းအႀကိဳက္နဲ႕ကိုက္မယ္လို႔ ကိုယ္ေမွ်ာ္လင့္ပါတယ္"

ရွန့္ခ်န္ခုန္းကရွင္းျပလိုက္သည္။

႐ႊီလ်န္မွာ ရွန့္ခ်န္ခုန္းကိုၾကည့္ရင္း ႐ုတ္တရက္ ၿပဳံးလာကာ သူ႕လည္ပင္းအား သူမလက္ျဖင့္ဖက္တြယ္ၿပီး အနမ္းေပးလိုက္ေလသည္။

"ေက်းဇူးပဲေနာ္"

ရွန့္ခ်န္ခုန္းမ်က္ႏွာမွာ ခ်က္ခ်င္းပင္ နီျမန္းသြားေတာ့၏။ ရွန့္ခ်န္ခုန္းမွာမူ ႐ႊီလ်န္က သူတို႔ေတြသူမအိမ္မွာရွိစဥ္က သူမမွာရွိခဲ့တဲ့စိတ္အားထက္သန္မႈေတြနဲ႕ ဘာေၾကာင့္မ်ားလုပ္လိုက္မွန္း နားမလည္နိုင္ခဲ့ေခ်။ အဲဒီအခ်ိန္တုန္းက သူတို႔ႏွစ္ေယာက္တည္းပဲရွိေနခဲ့တာေလ.. ဒါေပမဲ့ အခုက ေန႕ခင္းေၾကာင္ေတာင္ႀကီး သူတို႔ႏွစ္ေယာက္က သူမဆိုင္ထဲမွာရွိေနၿပီး ဝန္ထမ္းတစ္ေယာက္ရဲ႕အေရွ႕မွာေတာင္.......

ေနာက္က်ရင္ သူ ဒီေနရာကို ဘယ္လိုလုပ္ၿပီး ေအာ္ဒါဆက္ပို႔နိုင္ေတာ့မွာလဲ...

က်န္းေကာ္အာမွာလည္း ရွန့္ခ်န္ခုန္းေလာက္မဟုတ္ေသာ္လည္း အေတာ္ေလးပ်ာယာခတ္သြားရ၏။

သူမေဘာ့စ္က တကယ့္ကို..... ဒီထင္ရွားေပၚလြင္တဲ့အခ်စ္ကဘာလဲ? ဒါကလုံးဝကိုအတုအေယာင္နဲ႕မတူဘူး!! ေနာက္ၿပီး ေန႕ခင္းေၾကာင္ေတာင္ႀကီးမွာ တကယ္ႀကီးနမ္းလိုက္တယ္?

ကံေကာင္းလို႔ ဆိုင္ထဲမွာဧည့္သည္ေတြမရွိေနလို႔ေပါ့!

"ဒါဆို ကိုယ္သြားေတာ့မယ္ ေနာက္တစ္ေခါက္မွပဲ ေန႕လယ္စာဘူးကိုျပန္ေပးလိုက္ေတာ့"

ထိုသို႔ေျပာၿပီးေနာက္ ရွန့္ခ်န္ခုန္းေရွာင္ေျပးသြားေတာ့သည္။ ႐ႊီလ်န္မွာ သူ၏လ်င္ျမန္လွေသာေျပးသြားသည့္ပုံရိပ္ေလးကိုၾကည့္လ်က္ မရယ္ဘဲမေနနိုင္ေတာ့ေပ။

သူ႕စကူတာနားသို႔ေရာက္လာၿပီးေနာက္ ရွန့္ခ်န္ခုန္းမွာ အသက္ျပန္လည္ရႈနိုင္ရန္ အခ်ိန္ခဏေလာက္ယူလိုက္ရသည္။ သူ႕ႏႈတ္ခမ္းကိုထိၾကည့္လိုက္၏။ ႐ႊီလ်န္က သူ သူမကိုေပးခဲ့တဲ့ႏႈတ္ခမ္းနီကို ဆိုးထားခဲ့တာပဲ ၊ မက္မြန္နံ႕ေဖ်ာ့ေဖ်ာ့ေလးကို သူရေနတုန္းပဲ။

ရွန့္ခ်န္ခုန္း သူ႕စကူတာကေနာက္ၾကည့္မွန္ကိုၾကည့္လိုက္ေတာ့ သူ႕ႏႈတ္ခမ္းပါးေတြမွာ သူကဝိုင္နီတစ္ငုံေလာက္ခိုးေသာက္ထားခဲ့သလိုမ်ိဳး အနီေရာင္စြန္းထင္းေနခဲ့၏။

သူ႕ႏႈတ္ခမ္းေတြဟာ အလိုလို အၿပဳံးတစ္ခုအျဖစ္ေကြးတက္သြားခဲ့သည္။ သူ႕ႏႈတ္ခမ္းကို သူ႕လက္ခုံျဖင့္သုတ္လိုက္သည့္အခ်ိန္တြင္ ရွန့္ခ်န္ခုန္းဖုန္းမွာအသံျမည္လာ၏။

႐ႊီလ်န္ : [ ကြၽန္မ ရွင့္ရဲ႕အခ်ိန္ဇယားကိုၾကည့္ၿပီးၿပီ ရွင္မနက္ျဖန္ပိတ္ရက္ရတယ္ေနာ္? ]

ရွန့္ခ်န္ခုန္း : [ အင္း ]

႐ႊီလ်န္ : [ ဒါဆို ဒိတ္လုပ္ရေအာင္ ]

ရွန့္ခ်န္ခုန္းမွာမူ ႐ႊီလ်န္ကသူ႕ႏွလုံးသားေလးကို ေနာက္တစ္ႀကိမ္ခုန္ေအာင္လုပ္လိုက္သည့္အတြက္ ၎အားႏွစ္သိမ့္လိုက္ရေတာ့သည္။

အသက္ႀကီးေနၿပီျဖစ္ေသာ္ျငားလည္း ရွန့္ခ်န္ခုန္းမွာ အရင္က မိန္းကေလးတစ္ေယာက္နဲ႕ တစ္ခါမွ ခ်ိန္းဆိုမႈမလုပ္ခဲ့ဖူးေၾကာင္းေျပာရန္ ရွက္႐ြံ႕ေနေလ၏။

ရွန့္ခ်န္ခုန္း ခဏၾကာစဥ္းစားၿပီးေနာက္ ႐ႊီလ်န္ကိုစာျပန္လိုက္သည္။

ရွန့္ခ်န္ခုန္း : [ အင္း မင္းဘယ္သြားခ်င္လဲ? ]

႐ႊီလ်န္ : [ ႐ုပ္ရွင္ၾကည့္ၿပီးအတူတူစားရင္ေရာဘယ္လိုလဲ? သိရသေလာက္ ဒိတ္အမ်ားစုကေတာ့ဒီလိုပဲ ]

ရွန့္ခ်န္ခုန္း : [ ေကာင္းၿပီ ႐ုပ္ရွင္ၾကည့္ၿပီးရင္ ညစာသြားစားၾကမယ္ ]

႐ႊီလ်န္က သူ႕ကို တစ္မိနစ္ေလာက္ေစာင့္ရန္ မက္ေဆ့ခ်္ပို႔ၿပီးေနာက္ ျပသလ်က္ရွိေသာ႐ုပ္ရွင္မ်ားအားစစ္ၾကည့္ရန္ ႐ုပ္ရွင္႐ုံဝက္ဆိုက္ထဲဝင္ၾကည့္လိုက္သည္။

ထိုအခ်ိန္တြင္ က်န္းေကာ္အာမွာ ေငြရွင္းေကာင္တာတြင္ထိုင္ေနၿပီး သူမမွတ္စုစာအုပ္ထဲ၌ ဝတ္ေက်တမ္းေက် ေရးမွတ္ထားခဲ့သည္ — 'ပထမဆုံးေန႕မွာပဲ ေဘာ့စ္မွာခ်စ္သူရွိမွန္းငါသိလိုက္ရတယ္ ႐ုတ္တရက္ တစ္ကိုယ္တည္းျဖစ္ခဲ့တဲ့သူမကို စလြမ္းလာေတာ့တာပဲ၊ ေနာက္ၿပီး ေနာက္က်ရင္ ငါ့ရဲ႕ေန႕လယ္စာအတြက္ပိုက္ဆံအမ်ားစုကိုစုထားနိုင္ဖို႔ေမွ်ာ္လင့္ပါတယ္ ဘာလို႔လဲဆိုေတာ့ ေရွ႕ေလွ်ာက္ ငါေခြးစာေတြအမ်ားႀကီးအေကြၽးခံရေတာ့မွာမလို႔ပဲ'

က်န္းေကာ္အာသည္ လက္ရွိတြင္ အနီးရွိနံရံတစ္ခုအားမွီ၍ ရွန့္ခ်န္ခုန္းကိုမက္ေဆ့ခ်္ပို႔ေနေသာ႐ႊီလ်န္အား ခိုးၾကည့္လိုက္၏။ က်န္းေကာ္အာ ေခါင္းယမ္း၍ သူမမွတ္စုစာအုပ္ထဲရွိ စာမ်က္ႏွာနည္းနည္းကိုလွန္ကာ '0123'ဟုေရးထားေသာေခါင္းစဥ္ေအာက္တြင္ေရးမွတ္လိုက္သည္မွာ — 'အစ္ကိုေလးနဲ႕ပတ္သတ္တဲ့အခ်က္အလက္ေတြက ေနာက္လက်ရင္ သိသိသာသာ ေလ်ာ့ပါးလာမယ္လို႔ ငါေမွ်ာ္လင့္ပါတယ္'

*****

ရွန့္ခ်န္ခုန္း၏အလုပ္နားရက္ကို အၿမဲတမ္း စေနေန႕တြင္သာသတ္မွတ္ထားခဲ့သည္။ အေၾကာင္းမွာ ရွန့္ႏြမ္က ၎ေန႕တြင္ အိမ္ျပန္လာေသာေၾကာင့္ပင္ ၊ သူမကို အရသာရွိတဲ့အစားအစာေတြလုပ္ေကြၽးရန္ႏွင့္ သူမ၏ဗဟုသုတတိုးတက္လာေစရန္အတြက္ သူအားလပ္ခ်င္၏။

သည္ေန႕ဟာလည္း တူညီေသာစေနေန႕ပဲ ၊ ပုံမွန္အတိုင္း သူ အနီးရွိအသီးအ႐ြက္ေစ်းသို႔ ေစာေစာသြားကာ အသီးအ႐ြက္နည္းနည္းဝယ္လာခဲ့သည္။ ဒီတစ္ပတ္မွာမတူတဲ့အရာကေတာ့ သူ႕ရဲ႕စိုးရိမ္ပူပန္မႈေတြပဲ.....

ေန႕လည္ခင္းတြင္ သူနဲ႕႐ႊီလ်န္တို႔ဒိတ္အေၾကာင္းစဥ္းစားလိုက္သည္ႏွင့္ ရွန့္ခ်န္ခုန္းမွာ အလြန္စိတ္လႈပ္ရွားလာတာေၾကာင့္ မီးဖိုေခ်ာင္သုံးဓားကိုေတာင္ ၿမဲေအာင္မကိုင္ထားနိုင္ေတာ့ေခ်။ အရင္က သူ ႐ႊီလ်န္နဲ႕ေတြ႕တဲ့အခ်ိန္တိုင္း သူမအိမ္မွာသာေတြ႕ၾကၿပီး သူတို႔ႏွစ္ေယာက္ဟာ.....ေျပာမထြက္နိုင္တဲ့အရာေတြကိုပဲလုပ္ေနခဲ့ၾကတာ ၊ သည္တစ္ႀကိမ္ဟာ သူတို႔ႏွစ္ေယာက္ကပုံမွန္စုံတြဲတစ္တြဲလိုမ်ိဳးျပဳမူမယ့္ ပထမဦးဆုံးအႀကိမ္ပဲ။

ရွန့္ႏြမ္မွာ ရွန့္ခ်န္ခုန္း၏စိတ္ေသာကေရာက္ေနေသာအေျခအေနအား သတိျပဳမိတာေၾကာင့္ သူ႕ကို အႀကိမ္မ်ားစြာေမးျမန္းခဲ့ေပမဲ့လည္း မေရရာမေသခ်ာေသာအေျဖမ်ားသာျပန္ရခဲ့သည္။

ေန႕လယ္စာစားၿပီးေနာက္ ရွန့္ခ်န္ခုန္းက ပန္းကန္ေဆးရန္ထြက္သြားသည့္အခ်ိန္တြင္ ရွန့္ႏြမ္မွာ သူမသူငယ္ခ်င္းမ်ားႏွင့္ဖြဲ႕ထားေသာ group chat ထဲသို႔မက္ေဆ့ခ်္တစ္ေစာင္ပို႔လိုက္၏။

ကမာၻပတ္ေနေသာႏြမ္ႏြမ္ : [ ငါထင္တာေတာ့ ငါ့အစ္ကိုကခ်စ္သူရေနၿပီပဲ! ]

စာေလ့လာျခင္းကထိပ္ေျပာင္ေစတယ္ : [ ဘယ္သူနဲ႕လဲ? အရင္တစ္ေခါက္ကအဲဒီအစ္မႀကီးနဲ႕လား? ]

ကမာၻပတ္ေနေသာႏြမ္ႏြမ္ : [ ထင္တာပဲ! အရင္ေန႕က အစ္ကိုက သူမအတြက္ႏႈတ္ခမ္းနီေတာင္ဝယ္ေပးခဲ့ေသးတယ္ ! ]

ငါးမိနစ္စာလုပ္တစ္နာရီေလျဖတ္ : [ အို.... ('꒳') ]

ကမာၻပတ္ေနေသာႏြမ္ႏြမ္ : [ ငါျပန္ေရာက္တဲ့အခ်ိန္တည္းက ငါ့အစ္ကိုကအၿမဲေမ့တက္လာတာကို သတိထားမိတယ္၊ မမနဲ႕တစ္ခုခုမ်ားျဖစ္ထားလို႔လား? ]

စာေလ့လာျခင္းကထိပ္ေျပာင္ေစတယ္ : [ သူတို႔ရဲ႕လိင္ကိစၥျပႆနာမ်ားလား? ]

ကမာၻပတ္ေနေသာႏြမ္ႏြမ္ : [.............]

သူမအစ္ကိုႀကီးကသူ႕ရဲ႕လူပ်ိဳရည္ဆုံးရႈံးသြားၿပီလား?!!

နား႐ြက္ေလးေတြနီျမန္းေနလ်က္ ရွန့္ႏြမ္မွာ group chat ကိုပိတ္ၿပီး သူမကိုယ္သူမ တည္ၿငိမ္ေစရန္အတြက္ သခၤ်ာမွတ္စုစာအုပ္ကို ျမန္ျမန္ဖြင့္လိုက္သည္။

ေန႕လည္တစ္နာရီခြဲ၌ သူမအခန္းတံခါးမွတံခါးေခါက္သံၾကားလိုက္၏။

"ေရွာင္ႏြမ္"

"အစ္ကို? အို ေကာင္းလိုက္တာ ညီမ သၤခ်ာေမးခြန္းတစ္ခုမွာအကူအညီလိုေန....."

သူမစကားတစ္ဝက္မွာပဲ ရွန့္ႏြမ္သည္ သူမပါးစပ္ကိုျမန္ျမန္ပိတ္လိုက္ရသည္။ ဘာေၾကာင့္မွန္းမသိ သူမအစ္ကိုႀကီးက ပန္းကန္ေဆးၿပီးတာနဲ႕ သူ႕အဝတ္အစားေတြကိုလဲထားတာပဲ!

ပုံမွန္အားျဖင့္ ရွန့္ခ်န္ခုန္းမွာ သူ ဘယ္အၤက်ီဝတ္ဆင္ရမလဲဆိုသည့္အေပၚ သီးသန့္အာ႐ုံထားမေနခဲ့ ၊ အဝတ္အစားေတြကသန့္ရွင္းၿပီးေျခာက္ေသြ႕ေနသေ႐ြ႕ သူ႕အတြက္အဆင္ေျပ၏။ သို႔ေသာ္ ယခုအခ်ိန္မွာေတာ့ သူမအစ္ကိုႀကီးက ေသခ်ာဂ႐ုတစိုက္ေ႐ြးခ်ယ္ထားတဲ့အဝတ္အစားတစ္စုံကိုဝတ္ဆင္ထားမွန္း ေပၚလြင္ေနသည္ — အမည္းေရာင္ေကာ္လံနိမ့္ဆြယ္တာ၊ ဂ်က္ကတ္၊ ဂ်င္းနဲ႕ရႉးဖိနပ္ဝတ္ဆင္ထား၏။

ရွန့္ႏြမ္မွာ သူမအစ္ကိုႀကီးက အင္တာနက္ကေန 'ေယာက္်ားဝတ္ေဆာင္းဦးရာသီအဝတ္အစား၊ ဒိတ္လုပ္နည္းဗ်ဴဟာမ်ား' ကိုရွာေဖြေလ့လာထားမွန္း အလြန္ေသခ်ာေန၏။

"ဝိုး ဒီေန႕ အစ္ကိုကအရမ္းၾကည့္ေကာင္းတာပဲ!"

ရွန့္ႏြမ္က သူမဖုန္းကိုထုတ္၍ ခ်က္ခ်င္းပင္ သူ႕ကိုဓာတ္ပုံရိုက္ယူလိုက္သည္။ ရွန့္ခ်န္ခုန္းမွာ မ်က္ႏွာပူလာရကာ သူမအား မေသခ်ာသလိုေမးလာ၏။

"ဒါကတကယ္ၾကည့္ေကာင္းလို႔လား?"

"တကယ္ၾကည့္ေကာင္းတယ္! ရိုးသားေျဖာင့္မတ္တဲ့အေျဖာင့္ေယာက္်ားတစ္ေယာက္ရဲ႕ၿပီးျပည့္စုံဆုံးသ႐ုပ္ျပမူပဲ!"

ရွန့္ခ်န္ခုန္း "........."

ငါကအေျဖာင့္မဟုတ္ဘူးလို႔သူမကသြယ္ဝိုက္ေျပာေနတာလား?

ရွန့္ခ်န္ခုန္းေခ်ာင္းဟန့္ကာ

"ငါလုပ္စရာေလးရွိလို႔ ခဏေလာက္အျပင္သြားလိုက္ဦးမယ္ ညစာအတြက္ျပန္လာေတာ့မွာမဟုတ္ဘူး အဲဒါေၾကာင့္ က်န္တဲ့ဟာေတြကိုျပန္ေႏႊးၿပီး အေမနဲ႕စားလိုက္ေတာ့"

"အင္း"

ရွန့္ႏြမ္ေခါင္းညိတ္လိုက္သည္။ ထို႔ေနာက္ စပ္စုလိုဟန္ျဖင့္ သူမက သူ႕ကိုေမး၏။

"အစ္ကို ဘယ္သြားမလို႔လဲ?"

"ဘယ္...ဘယ္မွမဟုတ္ဘူး"

ရွန့္ခ်န္ခုန္း ေနာက္တစ္ဖန္ ေခ်ာင္းဟန့္၍

"ငါအခုသြားေတာ့မယ္ နင့္မွာအိမ္စာမပါဘူးလား?နင္မသိတဲ့ေမးခြန္းေတြကိုခ်ေရးထားလိုက္ ေနာက္မွ ငါျပန္စစ္ၾကည့္ေပးမယ္"

"ရပါတယ္ ဒါေတြကိုစိတ္ပူမေနနဲ႕ အဲဒီကိုသာမေၾကာက္မလန့္နဲ႕သြားလိုက္ေနာ္"

ရွန့္ခ်န္ခုန္း ".........."

"......ဒါဆို ငါသြားေတာ့မယ္"

ရွန့္ခ်န္ခုန္း သူမအခန္းတံခါးကိုပိတ္ၿပီး ထြက္သြားေတာ့သည္။ သူထြက္သြားသည္ႏွင့္တစ္ၿပိဳင္နက္ ရွန့္ႏြမ္မွာ သူမ group chat ကိုဖြင့္ၿပီး အခုေလးတင္သူမရိုက္ယူလိုက္ေသာဓာတ္ပုံကိုပို႔လိုက္၏။

ကမာၻပတ္ေနေသာႏြမ္ႏြမ္ : [ ငါ့အစ္ကိုႀကီးက မမကိုေတြ႕ဖို႔အတြက္ ဒီလိုမ်ိဳးဝတ္သြားတာ! ]

စာေလ့လာျခင္းကထိပ္ေျပာင္ေစတယ္ : [ နင့္အစ္ကိုကအရမ္းၾကည့္ေကာင္းတာပဲ ဒီအစ္မႀကီးကအရမ္းေပ်ာ္ေနၿပီ! ]

ကမာၻပတ္ေနေသာႏြမ္ႏြမ္ : [ နင္ ငါ့အစ္ကိုႀကီးကို ဘာလုပ္ဖို႔စဥ္းစားေနတာလဲ? ]

ငါးမိနစ္စာလုပ္တစ္နာရီေလျဖတ္ : [ ဒီည နင့္အစ္ကို ဘယ္အခ်ိန္အိမ္ျပန္ေရာက္လာမလဲဆိုတာကို ေသခ်ာအာ႐ုံစိုက္ထား ]

စာေလ့လာျခင္းကထိပ္ေျပာင္ေစတယ္ : [ ရွန့္ႏြမ္မရွိေတာ့တဲ့အခ်ိန္က်မွ သူအိမ္ျပန္ေရာက္လာမွာ ေသခ်ာသေလာက္ပဲ ]

ကမာၻပတ္ေနေသာႏြမ္ႏြမ္ : [...............]

မဟုတ္ဘူး! သူမအစ္ကိုႀကီးကရိုးသားတယ္ သူက မမအေပၚကို အခြင့္အေရးယူမွာမဟုတ္ဘူး!

ဒါေပမဲ့..... မမကသာ သူမအစ္ကိုႀကီးကိုအခြင့္အေရးယူလိုက္မယ္ဆိုရင္ေရာ... ဒါကိုေတာ့ သူမလည္းမေသခ်ာဘူး။

________________

ဒီထဲမွာပါတဲ့ Starlight ပန္းၿခံဆိုတာကေလ ရွင္းရွင္းေျပာရရင္ Time City လိုေနရာမ်ိဳးထဲကပန္းၿခံသေဘာမ်ိဳး။ Starlight ပန္းၿခံ၊ Starlight ကုန္တိုက္၊ Starlight စိုက္ပ်ိဳးေရးၿခံ... TC ဆိုလည္း Condo, Shopping Mall, လူအပန္းေျဖစရာေနရာ၊ စသျဖင့္ေပါ့....
Starlight ကုန္တိုက္ရဲ႕သူေဌးကလည္း Chestnut ရဲ႕တျခား Novel ထဲက ML တစ္ေယာက္ပဲ..

******

Continue Reading

You'll Also Like

1.3M 69.6K 59
π’πœπžπ§π­ 𝐨𝐟 π‹π¨π―πžγ€’ππ² π₯𝐨𝐯𝐞 𝐭𝐑𝐞 𝐬𝐞𝐫𝐒𝐞𝐬 γ€ˆπ›π¨π¨π€ 1〉 π‘Άπ’‘π’‘π’π’”π’Šπ’•π’†π’” 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
9.3M 649K 82
[ BOOK 1 OF AZITERA: YTHER'S QUEEN ] Consumed by avarice, the four human kingdoms-the Infernal Empire, the Kingdom of Caelum, the Kingdom of Treterra...