လူဆိုးကောင် (completed)
By AyeMon687
125K 9K 987
ကျူးလစ်ဝါလေးတစ်ခက်နဲ့ မောင့်အချစ်ကိုရည်ညွှန်းမယ်...။ More
🤍အပိုင်းတစ်🤍
🤍အပိုင်းနှစ်🤍
🤍အပိုင်းသုံး🤍
🤍အပိုင်းလေး🤍
🤍အပိုင်းငါး🤍
🤍အပိုင်းခြောက်🤍
🤍အပိုင်းခုနစ်🤍
🤍အပိုင်းရှစ်🤍
🤍အပိုင်းကိုး🤍
🤍အပိုင်းတစ်ဆယ်🤍
🤍အပိုင်းတစ်ဆယ့်တစ်🤍
🤍အပိုင်းတစ်ဆယ့်နှစ်🤍
🤍အပိုင်းတစ်ဆယ့်သုံး🤍
🤍အပိုင်းတစ်ဆယ့်လေး🤍
🤍အပိုင်းတစ်ဆယ့်ငါး🤍
🤍အပိုင်းတစ်ဆယ့်ခြောက်🤍
🤍အပိုင်းတစ်ဆယ့်ခုနစ်🤍
🤍ဇာတ်သိမ်းပိုင်း🤍
🤍အချပ်ပို🤍
အချပ်ပိုနှစ်🤎
🤍အပိုင်းတစ်ဆယ့်ရှစ်🤍
5K 369 20
By AyeMon687
( Unicode )
( အပိုင်းတစ်ဆယ့်ရှစ် )
စေ့စပ်မယ့်ရက်နီးလာလေလေ ဒေါက်တာ့အဖို့ ဆေးရုံမှာအလုပ်တွေပုံလာလေလေ၊ဆေးရုံဝင်ပေးရတဲ့ရက်က စိပ်လာလေလေမို့ စေ့စပ်မယ့်ကိစ္စနဲ့ပတ်သတ်ပြီးအလုံးစုံသည်မောင်တစ်ယောက်တည်းရဲ့ တာဝန်တွေသာဖြစ်ခဲ့ရသည်။
ဟိုတယ်ရက်ချိန်းယူတာကအစ၊လက်စွပ်ရွေးဝတ်စုံရွေးတာအလယ်၊နှစ်ဖက်အသိုင်းအဝိုင်းဆီဖိတ်စာကမ်းတာအဆုံး မောင်ကိုယ်တိုင်ပဲလုပ်ပေးသဖြင့် ဒေါက်တာသည် အလုပ်များနေလို့ပါဆိုသောအကြောင်းပြချက်နဲ့ မောင့်နံဘေးမတ်တတ်ရပ်ပေးရုံကလွဲလို့ ဘာတစ်ခုဝင်ကူပေးစရာမလိုခဲ့ပါ။
လူရွေးမှန်သွားသည့်အခါ ထိုမျှလောက်ထိကိုအချစ်ခံရသည်။
* * * * * လူဆိုးကောင် * * * * *
စီနီယာဘက်က စကားပြောချင်တယ်ဆိုတာကြောင့် ဆေးရုံရှေ့ကကော်ဖီဆိုင်လေးထဲဂျီမင်တစ်ယောက်ရောက်နေသည်။ပြီးတော့ စီနီယာကိုသေချာပေါက်ပြောရမယ့်စကားလည်း
သူ့မှာရှိနေသေးသည်။
* ကိုယ်နဲ့ပတ်သတ်ပြီးပြောစရာမရှိဘူးလား *
* ဟုတ်ကဲ့ ရှိပါတယ် *
* ကိုယ့်ကို ဘယ်တော့များမှလက်ခံပေးမှာလဲ *
ထိုစကားကြောင့် ဂျီမင်မှာ မျက်မှောင်ကုပ်မိသွားသည်။
* ဟင့်အင်း ကျွန်တော်ငြင်းပါရစေ *
* မင်ဟီကြောင့်လား *
ဂျီမင်က သူ့ရှေ့ကလူကိုတည့်တည့်စိုက်ကြည့်နေသလို တွန့်ဆုတ်ခြင်းမရှိ ခေါင်းယမ်းပြသည်။
* မင်ဟီကြောင့်ဆို ဂျီမင် စိတ်မပူပါနဲ့ ကိုယ့်ဘက်ကဖျက်သိမ်းပေးမှာပါ *
* ဘာလို့လဲ။မင်ဟီမှာ ဘာအပြစ်များရှိနေလို့လဲ *
* ကိုယ် မင်ဟီကိုမှ ချစ်ကြည့်လို့မရဘဲ ...
ကိုယ်သဘောကျတာ မင်းကိုပါ ပတ်ခ်ဂျီမင် *
* စီနီယာသတိထားမိရဲ့လား။လူရယ်လို့ဖြစ်လာရင် ကိုယ်ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုပဲ ပိုဦးစားပေးလိုက်ရတဲ့နိယာမတွေအများကြီးရှိတာကိုလေ။အချစ်ထက်ပိုအရေးပါတာတွေလည်း အများကြီးရှိနေပါသေးတယ် *
ဒီလိုဆိုပြန်တော့ စီနီယာဘက်ကဘယ်လိုတုံ့ပြန့်မှုမျိုးမှပြန်မလာခဲ့ဘူး။ငြိမ်သက်သွားရင်းအတွေးတွေများနေပုံလည်းရသည်။စီနီယာကို တစ်ချက်ပြန်ကြည့်လိုက်ပြီး မောင့်ကိုအထဲလိုက်လာစေရန် စာပို့ထားလိုက်သည်။
* ရောက်လာပြီလား။ငါ့နားမှာလာထိုင် *
သိပ်မကြာ။မောင်က ရောက်လာခဲ့ပြီး သူ့ဘေးကခုံမှာဝင်ထိုင်လိုက်သည်နှင့် စီနီယာကအလိုမကျဖြစ်စွာကြည့်လာသည်။ထို့ကြောင့်မောင်နှုတ်ခမ်းတွေမှာ ပြုံးသွားခဲ့ပါသည်။
* ပေးလိုက်ပါ *
ထို့နောက်မှာတော့ မောင်ကသူ့လက်ထဲကိုဖိတ်စာတစ်စောင်ထည့်ပေးလာပြီး စီနီယာရှိရာဖက်မေးငေါ့ပြလေသည်။
* မောင်တို့ရဲ့ဖိတ်စာကို ပေးလိုက်လေ *
ခုံအောက်ကနေပဲ မောင့်ပေါင်တစ်ဖက်ကို မသိမသာပုတ်ပစ်လိုက်တော့ မောင်ကသူ့ကိုနှာခေါင်းရှုံပြလာခဲ့တယ်။နောက်ထပ်ထပ်ပြီးအချိန်ဆွဲမနေချင်တော့တာကြောင့် မောင်နဲ့သူရဲ့ဖိတ်စာလေးကို စီနီယာရှေ့ထံရိုရိုကျိုးကျိုးပဲကမ်းပေးဖြစ်သည်။
* နောက်ဆုံးတော့ ကိုယ့်ဆီရောက်လာခဲ့ပြီပေါ့ *
စိန်မှုန်စအစစ်များနှင့်သာ သေချာဘောင်ကွပ်ထားသည့်အဝါနုနုဖိတ်စာလှလှလေးတစ်ချပ်ကို စီနီယာက ကောက်ယူကြည့်လျက် ခပ်နွမ်းနွမ်းပြုံးသည်။
* နောင်တမရမှာ သေချာလား *
* ခင်ဗျာ။ *
မောင့်ညဥ္ဆိုးလေးကို ကောင်းကောင်းကြီး
သိထားတဲ့စီနီယာက ဒီဖိတ်စာနဲ့ပတ်သတ်ပြီး မောင့်အပေါ်အမြင်မကြည်လင်ပေ။ဒီတစ်ခေါက်ကိစ္စမှာလည်း ဂျီမင်သဘောထားမပါဘဲ မောင်နဲ့လူကြီးတွေလက်ဝါးချင်းရိုက်ကြတဲ့လုပ်ရပ်လို့ပဲစီနီယာက ယုံမှတ်မှားနေပုံရသည်။
* ကို်ယ့်မေးခွန်းကရိုးရိုးလေးပါ ဒီဖိတ်စာအတွက် နောင်တမရတာသေချာပြီလား *
စီနီယာက ကိုယ့်ဘေးမှာရှိနေတဲ့မောင့်ကို
ထည့်တွက်စရာမလိုဘူးဆိုတဲ့ပုံစံမျိုးနှင့်
ထိုစကားကို အေးအေးလူလူပြောနေပြီး ကျွန်တော်မျက်နှာကိုသာ ငေးငေးလေးစိုက်ကြည့်နေခဲ့သည်။
* နောင်တလား...မရပါဘူး။ဒီဘဝအတွက်တော့ အဲ့လိုဖြစ်လာစရာမရှိလို့ ကျွန်တော့်ကိုစိတ်မပူပါနဲ့..။မောင်က လူကောင်းပါ။မောင့်ကိုရော မောင့်အချစ်ကိုရော ကျွန်တော်အနှိုင်းမဲ့ယုံကြည်ပါတယ် *
မောင်က သူ့လက်တွေကိုအသည်းယားနေဟန်နဲ့ညှစ်ပစ်လာခဲ့ပြီး မောင့်မျက်နှာပေါ်ကအပြုံးတွေသည် ရပ်တန့်လို့ပင်မရတော့ပါ။
* ကိုယ်ဝမ်းသာပါတယ် *
စီနီယာသည် ဖိတ်စာလေးကိုပြန်ချထားလိုက်ရင်း မောင့်ကိုတည့်တည့်စိုက်ကြည့်လာလေတော့ ​ေမာင်ကလည်း "ခင်ဗျားရှုံးသွားပြီ"ဟုသဘောဆောင်သော အပြုံးမျိုးနှင့်ခပ်တည်တည်ပြန်စိုက်ကြည့်ခဲ့သည်။
မောင်ဟာလေ တစ်လောကလုံးကိုအနိုင်ရထားတဲ့မျက်နှာကြီးနဲ့။
••••••• လူဆိုးကောင် •••••••
" တီ..တီ..တီ !!!"
ဂျီမင်တစ်ယောက် ရေချိုးခန်းထဲမှာအဝတ်လျှော်ရင်းနဲ့အလုပ်များနေစဥ္ အိမ်ရှေ့တံခါးမှနေ လျှို့ဝှက်နံပါတ်ရိုက်ထည့်သံကြားလိုက်ရပေမယ့်လည်း မောင်ဆိုတာကိုသိနေ၍ ထူးထူးဆန်းဆန်းတွေလုပ်ပြီး ထွက်မကြည့်ဖြစ်ပါ။
သို့သော် အိပ်ခန်းထဲဝင်ချသွားတဲ့မောင့်ပုံစံကြောင့် လျှော်လက်စတွေကိုပစ်ချထားခဲ့လိုက်ပြီး မောင့်အနားပြေးသွားမိသည်။သူ့အခန်းထဲကို မောင်ဘာတွေယူသွင်းနေတာလဲ။မောင်တစ်ယောက်ဘာတွေလုပ်နေရပြန်တာလဲ။
မောင့်ကိုကြည့်လိုက်တော့လည်း လက်နှစ်ဖက်လုံးမှာ အဝတ်သေတ္တာတွေမနိုင်မနင်းနဲ့ ဒါတောင်အခန်းထဲရောက်သွားတာတွေ ဧည့်ခန်းမှာပုံထားတာတွေမပါသေးပါဘူး။
* ဘာတွေလုပ်နေတာလဲ *
* မောင် ဂျီမင်နဲ့နေတော့မလို့ *
* ညအိပ်ရုံလောက်နဲ့ မင်းပစ္စည်းတွေအကုန်ရွှေ့လာစရာမလိုဘူးလေ မင်းအခန်းမှာပဲ ပြန်သွားထားလိုက်ပါ *
မောင် သူ့အခန်းထဲမဝင်နိုင်ရန် မောင့်ရှေ့မှာပိတ်ရပ်ထားလျက် အခန်းထဲရောက်နေတဲ့အထုတ်တွေကိုပါပြန်ဆွဲထုတ်ပစ်သည်။မောင်ကလည်း မရမကပြန်ဆွဲယူပြီးအခန်းထဲကို ရအောင်လုဝင်သည်။
* ညအိပ်ရုံလို့ဘယ်သူကပြောလဲ မောင် မင်းနဲ့ပဲနေတော့မှာ *
* မဟုတ်သေးပါဘူး..။မင်းမှာ တိုက်ခန်းတစ်ခန်းလုံးရှိနေတာကို ဘာလို့ငါ့အခန်းမှလဲ။မရဘူးနော်..အိမ်ရှုပ်တယ်။လူပဲလက်ခံနိုင်မယ်
ဒီအထုတ်တွေတော့ ပြန်သွားထားလိုက်ပါ
​ေမာင်ရယ် *
* မောင့်အခန်းကို ရောင်းလိုက်ပြီ *
* ဘာဖြစ်တယ်..!။ *
ဂျီမင်ရဲ့အော်သံသည် တိုက်ခန်းလေးတွင်းဟိန်းနေအောင် တိုးထွက်လာခဲ့သည်။မျက်မှောင်ကျုံ့လိုက်မိပြီး မောင့်ကိုဒေါသတကြီးကြည့်မိတော့ စပ်ဖြီးဖြီးရယ်ပြနေရှာသည့် မောင့်မျက်နှာကြီးနဲ့တိုးရသည်လေ။
ဒေါက်တာလှလှလေးက ခွင့်များခွင့်လွှတ်လေမလားလို့ မျက်နှာချိုသွေးကြည့်ပေမယ့်လည်း မောင့်ခမျာကံမကောင်းစွာပင် ရင်ဘက်တစ်ခြမ်းဆွဲကိုက်ခံလိုက်ရတော့သည်။
* အား!! နာတယ် *
* နာအောင်ကိုက်တာလေ နာရမှာပေါ့ *
* မောင့်မှာနေစရာမရှိတော့လို့ မင်းနဲ့အတူနေပါရစေ *
* မနေနဲ့..ပြန် *
* မောင့်ကိုမင်းအိမ်လေးမှာခိုလှုံခွင့်ပေးပါ။မောင်နေမယ်နော် *
မျက်နှာလေးနဲ့လူကိုကြည့်ပြီး ဂျီမင်တွေးလိုက်မိတာက မောင့်လုပ်ငန်းတွေအတွက်ငွေလိုနေလို့ ဒီအခန်းလေးကိုရောင်းလိုက်ရတယ်ပေါ့။အဲ့လိုထင်ပြီးစိတ်မကောင်းဖြစ်လို့မှမဝသေး နောက်ဆတ်တွဲစကားတွေကြောင့် တံထွေးပင်သီးရတော့သည်။
* လက်ထပ်ပြီးလည်းအတူနေရမှာပဲ။အခုကတည်းက မောင်တို့အတူတူနေထားလိုက်တော့ ဟော..အသားတောင်ကျသွားသေးတယ် *
* မောင် !!! *
* အော်လိုက်တာ..မောင်ပိုင်တဲ့လည်ပင်းလေးနာသွားပါဦးမယ် *
* ယုတ်မာဖို့ကြံနေတာဆို အခုကတည်းကပြန်လိုက်တော့...မဟုတ်ရင် မင်းအသေပဲ *
* ဟောဗျာ မောင်ဘာများပြောမိလို့လဲ။ဘယ်လိုနေနေ လက်ထပ်ပြီးရင်လည်း
မောင်ကတော့ မင်းနဲ့ပဲလိုက်နေမှာ *
ဒါကြီးက နည်းနည်းလွဲနေပြီမလား။ပိုင်တဲ့တိုက်ခန်းကိုတောင် ရောင်းထုတ်ခဲ့ပြီး မတော်ရသေးတဲ့ ယောကျာ်းလောင်းအိမ်ကိုအထုတ်ဆွဲပြီးတက်လာတာက နည်းနည်းကာရို့ကားယားနိုင်တယ်လေ။
မောင်ဟာလေ အရူးလိုပဲစိတ်ကူးပေါက်ရာ အကုန်လျှောက်လုပ်နေတော့တာပဲ။မောင့်ကိုမျက်ကွယ်ပြုထားလိုက်ရပြီး မောင့်အထုတ်တွေကိုနေရာချထားပေးရန် ဘီရိုနားကပ်သွားသည်နှင့် မောင်ဟာလည်းအလိုက်တသိပဲရေချိုးခန်းထဲပြေးဝင်သွားတော့သည်။
သူသိတာပေါ့။လျှော်ပြီးသားအဝတ်တွေကို ထုတ်လှမ်းဖို့ပြင်နေပြီမှန်း။အဲ့ဒီနောက် အဝတ်လှမ်းလို့ပြီးသားပုံရတဲ့မောင်ဟာ အဝတ်ခြင်းလွတ်လေးကိုပိတ်ပြီး အဝတ်တွေထည့်သိမ်းနေတဲ့သူ့အနား ဖြည်းဖြည်းလေးတိုးကပ်လာခဲ့ပြီး "သူဘာကူလုပ်ပေးရမလဲ"လို့ မေးဖော်ရပါသေးတယ်။
​ေမာင်ကသူ့အတွက်တော့ တကယ်ကိုလိမ်မာလွန်းတဲ့ ကလေးလေးပါ...။
* ဒါနဲ့မောင် ငါတို့ဖိတ်စာပြဦးလေ ..အခုထိ
ငါမကြည့်ရသေးဘူး *
ထိုအခါ မောင့်လှုပ်ရှားမှုတွေကရပ်တန့်သွားခဲ့ပြီး အဓိပ္ပာယ်ဖော်လို့မရတဲ့မျက်လုံးတွေနဲ့လှည့်ကြည့််လာသည်။
* ဂျောင်ကု..ဖိတ်စာပြဆို *
* ဘာလုပ်ဖို့ကြည့်ချင်ရတာလဲ မောင့်ဂျီမင်ရယ်။သဖက်ခါဆိုရင်ပဲ မောင်တို့ စေ့စပ်ကြတော့မယ်ဟာကို အထူးအဆန်းတွေလုပ်ပြီးကြည့်မနေနဲ့တော့ *
* ဟာ။ဒါမင်းနဲ့ဆိုင်သလို ငါနဲ့လည်းဆိုင်တဲ့
ပွဲပါ..။တစ်ယောက်တည်းမောင်ပိုင်စီးချင်လို့ရမလား။ဟိုရက်တွေက ငါမအားလို့ထားလိုက်တော့ အခုငါအားသွားပြီ။ငါ့ဖိတ်စာငါကြည့်ချင်တာဘာဖြစ်လို့လဲ။မောင်ကရောဘာလို့မပြရဲဖြစ်နေရတာလဲ အခုရှင်း.။*
ဒီဖိတ်စာလေးတစ်စောင် ကြည့်ချင်တာနဲ့
ပတ်သတ်ပြီး မောင်နဲ့သူ ရန်ဖြစ်ရတော့မည်။
* တစ်နိုင်ငံလုံးကိုဝေလိုက်ပြီ...ဘာဖိတ်စာမှမကျန်တော့ဘူး *
* ဖိတ်စာထုတ်မပေးရင် မင်း ငါ့အိမ်ပေါ်တက်မလာခဲ့နဲ့။အေး..အဲ့အခါကျရင် မင်းနဲ့ငါတကယ်ပြီးပြီ။ *
အပြတ်စကားတွေဆိုလာပြန်တော့လည်း မောင့်မှာမျက်လုံးပြူးမျက်ဆံပြူးနဲ့။မောင်ဟာခါးကြီးထောက်လျက် အတော်ကြာစဥ္းစားနေသေးသည်။
ပြီးတော့မှ အဝတ်သေတ္တာတစ်လုံးရဲ့အောက်ဆုံးဘက်တွင်ဖွက်ထားသော အဖြူရောင်ဖိတ်စာတစ်ချပ်ကိုဆွဲထုတ်လာခဲ့ပြီး
ဂျီမင်ရဲ့ပါးမို့မို့လေးတစ်ဖက်ကိုပြွတ်ခနဲမြည်အောင်နမ်းရင်း လက်ထဲထည့်ပေးလာသည်။
* ဒီလိုထုတ်ပေးလိုက်လည်းပြီးနေတာကို သပ်သပ်မဲ့သံသယများရအောင်လို့ *
မောင့်ကိုမျက်စောင်းထိုးပစ်ရင်း လက်ထဲရောက်လာတဲ့ဖိတ်စာလေးကို ခပ်မြန်မြန်ပဲထုတ်ယူကြည့်သည်။ရိုးရိုးရှင်းရှင်းလေးနဲ့ လှပခန့်ငြားနေသည့်ဖိတ်စာလေးကို သဘောကျလွန်း၍ ဖင်တစ်ပြန်ခေါင်းတစ်လှန်ကြည့်နေမိရင်းမှ တစ်စုံတစ်ခုအား သတိရလျက် မောင့်ကိုမော့ကြည့်ဖြစ်သည်။
* ဖိတ်စာက ဘာလို့အဖြူရောင်ဖြစ်နေတာလဲ .?။ *
* နှစ်ရောင်လုပ်လိုက်တာလေ...အဝါရောင် ကမောင့်ဂျီမင်ကိုယ်စားပြုဆို အဖြူက မောင့်ကိုယ်စားပြုပဲပေါ့။မောင့်အသက်က သဘောမကျလို့လား
အနည်းငယ်လှုပ်ခတ်သွားတဲ့ မောင့်မျက်စံအိမ်လေးတွေကို မသိချင်ယောင်ဆောင်ပေးလိုက်ပါ့မယ်။ဒါသည် မောင့်ကိုယုံလို့ပါ။
•••••••• လူဆိုးကောင် ••••••••
ေစ့စပ်ပွဲမတိုင်ခင်တစ်ညအလိုမှာ မောင့်အစ်ကိုက သူ့ညီအတွက်ဂုဏ်ပြုပါတီလုပ်ပေးပါရစေဆိုတာကြောင့် မောင်တို့အိမ်ကြီးကို သူအပါအဝင် မောင်နဲ့အတူသူ့မိဘနှစ်ပါးပါရောက်နေခဲ့ကြသည်။မိဘတွေချင်းလည်း
စကားကောင်းနေခဲ့ကြသလို့ သူတို့ချင်းလည်း
သပ်သပ်တစ်ဖွဲ့စကားပြောဖြစ်ခဲ့ကြတယ်။
သူတို့ဆိုတာက မောင်နဲ့သူရယ် မောင်အစ်ကိုရယ်ပါ။
* ငါတို့အိမ်ကအငယ်ဆုံးလေးအတွက် ဂုဏ်ယူတယ်ကွာ။ဒေါက်တာအလှလေးကိုအပိုင်သိမ်းနိုင်ခဲ့ပြီပေါ့ *
မောင့်အစ်ကိုရဲ့စကားကြောင့် ဂျီမင်မျက်နှာပျက်ကျသွားရသည်။မဲ့တဲ့တဲ့မျက်နှာလေးကိုမြင်လေတော့ မောင်ကလက်လေးတွေကို ထွေးဆုပ်လာခဲ့ပြီး မျက်ဝန်းကြည်ကြည်လေးတွေနဲ့ပြုံးပြုလာပေးတယ်။
မောင့်ကိုချစ်လို့လက်ခံခဲ့ရုံပါ..အရုပ်လေးလိုမျိုး တမင်အသိမ်းခံခဲ့တာမဟုတ်ဘူးလေ..။
ဒါကြီးက ဘာစကားတုန်း။
* အစ်ကိုလည်းအခုပျော်နေရပြီမလား...ကျွန်တော်တို့ကို ဆေးထိုးမနေဘဲ
သွားပါတော့ဗျာ...ဟိုမှာခေါ်နေပြီ *
မောင်ကရယ်ရယ်မောမောနဲ့ပင် အစ်ကိုလုပ်သူကိုပေါ်တင်ကြီးနှင်လွှတ်သည်။မောင့်အစ်ကိုကလည်း ပြုံး၍ခေါင်းတညိတ်ညိတ်နဲ့ပဲ သွားခဲ့လေတော့သည်။ထို့နောက် မောင်က သူထိုင်နေသောခုံကိုလှမ်းဆွဲလိုက်ပြီး အနည်းငယ်ကားထားတဲ့မောင့်ပေါင်ကြားထဲဆွဲသွင်းပစ်သည်။
* မောင့်အစ်ကို့ကိုစိတ်မဆိုးပါနဲ့။မောင့်ဂျီမင်ကို မောင်ဘယ်လောက်ထိချစ်လဲသိလို့ အစ်ကိုကဒီအတိုင်းပဲ စလိုက်တာဖြစ်မှာပါ။မောင့်ကို စိတ်မကောက်ပါနဲ့။မောင်သိပ်ချစ်တာကိုတော့ ယုံနော်။ဂျီမင်ကို မောင်တန်ဖိုးထားတာသိတယ်မလား *
သူ့ကိုပြုံးအောင်လုပ်နိုင်လို့ မောင်ကိုတစ်မှတ်တိုးပြီးပိုချစ်ပေးပါ့မယ်။မောင့်ကိုချစ်စိတ်
အပြည့်နဲ့မော့ကြည့်မိလေတော့ မောင်က ခပ်တိုးတိုးရယ်နေခဲ့၏။
* ဘာရယ်တာလဲ *
* မောင့်အသည်း ယားနေလို့ *
ထိုနေ့ညက မောင်မပြောဖြစ်ခဲ့တဲ့စကားလေးတစ်ခွန်းကို အစ်ကိုကဂျီမင်ရှေ့မပြောသွားလို့အစ်ကို့ကိုတစ်ရက်လောက်ကျေးဇူးခေါ်တင်ရမယ်။အဲ့ဒါသည်ဒီစေ့စပ်ပွဲသာဖြစ်မလာခဲ့ရင် မောင်ကားတင်ပြေးဖို့ အစီအစဥ္ဆွဲခဲ့သေးတယ် ဆိုတာပါပဲ။
* မောင်တို့လက်ထပ်ပြီးရင် မင်းအိမ်မှာပဲ မောင်လိုက်နေမှာနော် *
မူမမှန်ချင်တော့တဲ့ မောင့်အသံခပ်လေးလေးကြောင့် မောင့်ကိုအကြောင်သားလှည့်ငေးလိုက်မိသည်။မောင်မူးနေပြီ။အဲ့လိုမျိုး မူးနေတာကလည်း ဝိုင်နီတစ်ပုလင်းတည်းသောက်ရုံနဲ့တဲ့လား။
သူ့ကိုစိုက်ကြည့်နေတဲ့မောင့်မျက်ဝန်းတွေကရီဝေဝေဖြစ်နေ၍ မောင့်ခေါင်းလေးဘယ်လောက်ထိချာချာလည်မူးနေသလဲ
သူသိလိုက်ပါပြီ။သို့သော် မောင်ဟာ အမူးပါးလေးပါ။စကားသံတွေထွေရုံ ပါးလေးနှစ်ဖက်နီလာရုံကလွဲလို့ မောင်ဟာအရမ်းကြီးရုပ်မပျက်လှပါ။
ဆိုက်ကြီးဂိုက်ကြီးနဲ့ ခပ်တည်တည်ပဲထိုင်နေဆဲ..။အမူအရာတစ်ချက်မပျက်သွားသလို
မူးလို့မူးနေမှန်းတောင် ဘေးလူတွေမသိခဲ့ကြပါဘူး။ဒါပေမယ့် မောင့်ဂျီမင်ကိုတော့ပေါက်ကရစကားတွေနဲ့ ရစ်နေခဲ့ပါ၏။
* မနက်ဖြန်မောင်နဲ့မင်္ဂလာဆောင်ရမှာနော် *
* အေးပါ။ထပ်မသောက်ပါနဲ့တော့ဆို *
* လက်ထပ်ပြီးလို့ မင်္ဂလာဦးပြီးရင် မောင့်ကိုအချစ်မလျော့သွားပါနဲ့...သဲမှုန့်လေးလောက်တောင်မလျော့ရဘူး *
* ဂျောင်ကု တိုးတိုး။ဘာတွေပြောနေမှန်းလဲမသိဘူး *
ဝိုင်နီတစ်ပုလင်းလောက်သောက်ပြီး ကမ္ဘာတစ်ပတ်ပတ်ပြေးလိုက်ရတဲ့လူလိုမျိုး ကမ်းကုန်အောင်ကိုမူးရူးနေတော့တာပဲ။
ထပ်ပြီးပြောစရာစကားမရှိတော့ဘူး။
မဟုတ်ကဟုတ်ကတွေလျှောက်ပြောနေပြီမို့ အနားကနေ လစ်ပြေးရန်ကြံတုန်းရှိသေး
မောင်ကသူ့လက်လေးကိုတင်းတင်းဖမ်းဆွဲထားခဲ့တာများ လွှတ်ပေးမှာမဟုတ်ပါဘူး။
* ပြီးတော့လေ...မောင့်ကို မုန်းတယ်လို့မပြောပါနဲ့တော့ အဲ့စကားက မောင့်အတွက်တော့သေမိန့်ပေးခံလိုက်ရသလိုပဲ အရမ်းဝမ်းနည်းဖို့ကောင်းတယ် *
မူးနေရင် မောင်ကဒီလို့မျိုးတွေချစ်ဖို့ကောင်းတတ်သေးတာလား။ဘယ်လောက်ထိတောင်လက်ထပ်ချင်နေတာလဲမောင်ရာ..မူးနေချိန်မှာတောင် မနက်ဖြန်လက်ထပ်မယ်ချည်းတဖွဖွပြောရှာလို့။
မောင့်ခေါင်းလုံးလုံးလေးဟာ သူ့ပခုံးထက်
မှီချလာခဲ့၍ သူကလည်းပြန်ပြီး ဆံပင်လေးတွေကိုသပ်တင်ပေးလိုက်သည်နှင့် မောင့်ရယ်သံကျယ်ကျယ်တွေကိုကြားလိုက်ရပါတော့သည်။မောင်မျက်ဝန်းတွေက ပြူးကျယ်လျက်ရှိနေခဲ့ပြီး အခုထိအမူးပြေသေးပုံမရပါ။
* မောင့်ကိုချစ်ပေးပါ *
သူ-မချစ်မှာကို အရမ်းကြောက်နေတာပဲလို့တွေးမိလိုက်ပြီး တစ်ဆတ်တည်းဆိုသလို
မောင့်လက်ခုံတစ်ဖက်ကိုနှုတ်ခမ်းတွေနဲ့ထိပစ်ရင်း အဖြေပြုမိသည်။
အဲ့ဒီနောက် မောင့်အစ်ကိုရောက်လာခဲ့ပြီး
သူ့ညီကဝိုင်မသောက်နိုင်ကြောင်းပြောပြလာကာ ဒီလူဆိုးကောင်လေးကိုအိမ်ထဲသွင်းဖို့Miadတစ်ချို့နဲ့အလုပ်ရှုပ်ကြတော့သည်။
ခေါင်းငိုက်စိုက်ကျပြီး ဂျစ်ဆွဲချင်နေသော
ငဂျစ်ကလေးဟာ သူ့အားလာတွဲပေးသူမှန်သမျှကို တွန်းထုတ်ပစ်ခဲ့ပြီး ဂျီမင်လက်ကို
ဆွဲကာ မှန်သေသေဖြင့်အိမ်ကြီးထဲဝင်ချသွားခဲ့ပါသည်။ခြေလှမ်းတစ်ချက်မမှားခဲ့ဘဲပေါ့။
လှေကားထစ်တွေပေါ်ရောက်တော့ မော့ထားခဲ့တဲ့ဝိုင်အရှိန်တွေကြောင့်နဲ့ မအီမသာခံစားလာရပြီး အတော်လေးကိုမဟန်လာပြီမို့ ဘေးဘီဝဲရာအကဲခတ်လိုက်ရင်း လေးဖက်ထောက်ပြီးတက်ရန် မောင်ကဆိုင်းပြင်သည်။မောင်တကယ်ကြီး ဂါသွားပုံရ၏။
မနေနိုင်တဲ့ဂျီမင်ကပဲ မောင့်ကိုယ်လုံးကြီးကိုမရမကတွေဆွဲပွေ့ပြီး မောင့်အခန်းထဲခေါ်သွားပေးခဲ့ရပါတယ်။အမြင်ကပ်လို့ပစ်ချမိပြန်တော့ မောင်ဟာစိတ်မဆိုးတဲ့အပြင်ဒါကိုပဲသဘောကျနေလားမပြောတတ်တော့ပါဘူး
တဟိဟိတွေ တခစ်ခစ်တွေရယ်နေခဲ့တာ။
* မောင့်ကိုချစ်ပေးပါ...မောင့်လိမ္မာပေးမှာမို့မင်းကတော့ ပိုချစ်ပေးရမယ်နော်...အဟွန်း *
မွေ့ယာကြီးနဲ့ဂွမ်းကတ်စောင်ထူထူအောက်
တိုးဝင်သွားခဲ့ပြီး မျက်နှာလေးကိုဟိုပွတ်ဒီပွတ်ဖြင့် အတော်ကြာအောင်လူးလှိမ့်နေခဲ့သေးတယ်။သူလည်းသောက်ထားတဲ့ဝိုင်နီအရှိန်ကြောင့် ထိန်းထားလို့မရတော့စွာငိုက်မြည်းလာခဲ့ရပြီး မောင့်နံဘေးဝင်အိပ်ဖို့ဖြစ်သွားခဲ့ရပါတယ်ပေါ့။
မောင့်ကိုယ်လုံးကြီးကို လက်နှစ်ဖက်နဲ့တွန်းထုတ်ပစ်လိုက်ပြီး လွတ်သွားတဲ့တစ်ဖက်ခြမ်းမှာ နေရာဝင်ယူမိတော့ မောင့်လက်တစ်ဖက်က သူ့ခါးထက်ရောက်လာခဲ့ပြီး ကျောပြင်နဲ့ထိကပ်ထားသောရင်ခွင်ကျယ်ကြီးထဲ အတင်းအကြပ်တွေဆွဲထည့်လိုက်ကာ အိပ်ရာဝင်အနမ်းတွေတစ်ဝကြီးပေးလာခဲ့တယ်။
ဒီလိုပါပဲ အချစ်ဆိုတာက တစ်ခါတစ်လေတော့လည်း ရန်ခုန်ချင်စရာကြီး..။
••••••• လူဆိုးကောင် •••••••
ဒီနေ့က မောင်တို့နှစ်ယောက်စေ့စပ်ကြမယ့်နေ့။ဂျီမင်အိပ်ရာကနိုးလာတော့မောင့်ကိုမတွေ့ရတော့ဘူး။သူအောက်ထပ်ကိုဆင်းလာတော့တစ်အိမ်လုံးဟာတိတ်ဆိတ်နေခဲ့ပြီးMaidတွေမှလွဲ ဘယ်သူကိုမှမတွေ့ခဲ့ရပါ။
* အစ်ကိုလေးအတွက် ကျွန်မတို့ရဲ့အစ်ကိုလေးက ကားစီစဥ္ပေးထားပါတယ် *
* ဒါဆိုလည်းသွားကြတာပေါ့ *
ဟိုတယ်ကိုသွားဖို့ မောင်ကားလွှတ်ပေးလိုက်ပြီပြောလာ၍ ညအိပ်ဝတ်စုံနှင့်ပင် လိုက်သွားရတော့သည်။စေ့စပ်ရုံလေးပဲကို အိမ်ကနေပဲပြင်ဆင်သွားလို့မရဘူးလား။ဘာလို့ဟိုတယ်ရောက်မှလဲ။
ဟိုတယ်ရောက်ပြန်တော့လည်း လူကိုအရှေ့ပေါက်ကနေပေးဝင်ခြင်းမပြုသလို၊ဟိုတယ် ၏အနောက်ပေါက်ကနေပဲ အထဲဝင်စေကြသည်။ဘာတွေလဲ။မောင်ကရော ဘယ်မှာများလဲ။ဒါက မဟုတ်သေးဘူးလေ။
* ဒီမှာ ကျွန်တော့်ကို ဘယ်ခေါ်သွားကြမလို့လဲ *
သူအော်ပြောလိုက်သော်လည်း သက်စောင့်လိုလိုလူထွားကြီးတွေက နားမကြားတဲ့လူတွေလို..!စကားမပြောတတ်တဲ့လူတွေလို တစ်ချက်တောင်အဖတ်မလုပ်ကြသဖြင့် သူတဖြည်းဖြည်းကြောက်သလိုခံစားလာရသည်။
* ဘယ်..ဘယ်သူတွေလဲ လွှတ်ကြစမ်းပါ ဘယ်ခေါ်သွားကြမလို့လဲ *
* တောင်းပန်ပါတယ်...ကျွန်တော်တို့ကို အခက်တွေ့အောင်မလုပ်ပါနဲ့ *
* ဂျောင်ကုလွှတ်လိုက်တာလား *
ဲဒီလူတွေက ဘာစကားတစ်ခွန်းမှပြန်မ​ပြောကြပြန်ဘူး။ဤသို့ဖြင့် ထိုလူတွေဆွဲခေါ်သွားရာနောက်ပါသွားခဲ့ရပြီး ထိုလူတွေကပဲ သူ့ကိုအခန်းကျယ်တစ်ခုထဲပို့ပေးခဲ့ပါသည်။
ထိုအခန်းသည် အဖြူရောင်တွေကိုသာအဓိကထားပြီးသုံးထားသလို၊ကျူးလစ်အဝါလေးတွေနဲ့အလှဆင်ထားကာ အဝါရောင်ဖျော့ဖျော့မီးသီးလှလှလေးတွေကိုလည်းထွန်းထားသေး၏။
* မောင့်ဂျီမင်လေး..သဘောကျရဲ့လား *
အခန်းတစ်ဝှိုက်ပတ်ကြည့်နေစဥ္်တွင် ဘယ်ချောင်ကထွက်လာမှန်းမသိတဲ့မောင်က သူ့ခါးကိုဖက်တွယ်လာလေသည်။
* သဘောမကျလည်း တစ်မှတ်တော့ပေးလိုက်ပါ့မယ် *
ခပ်စွာစွာစကားလေးကြောင့်မောင်က ပြုံးလိုက်ပြီး မျက်ခုံးတစ်ဖက်ကိုပင့်ပြလာကာ
ဂျီမင်နဖူးလေးကိုငုံနမ်းသည်။
* မောင့်အတွက် အလှဆုံးပြင်ပေး။တစ်ခုခုဆို မောင့်ကိုဖုန်းခေါ်နော် *
မောင်ပြန်ထွက်သွားသည်နှင့် ဘယ်ကမှန်း
မသိသောမိန်းကလေးတစ်စုမှာအလျိုလျိုထွက်လာကြပြီး သူ့ကိုမှန်တင်ခုံရှေ့ဆွဲခေါ်သွားကာ မျက်နှာကိုစတင်ပြီးလိမ်းခြယ်ကြတော့သည်။
ပြီးပြန်တော့ အင်္ကျီမှာလာထိုးပေးကြတဲ့ ကျူးလစ်ပန်းခတ်လေးနှင့်လက်ထဲထည့်ပေးလာသည့် လက်ကိုပန်းစည်းကြောင့်
ဂျီမင်ပင် ခပ်ကြောင်ကြောင်ဖြစ်သွားရသည်။
* သတို့သားလေးကလှလိုက်တာ..အမျိုးသားတော့ ရင်ခုန်နေတော့မှာပဲ *
* ဘယ်သူက သတို့သားလဲ *
* ဒီကအစ်ကိုလေးလေ။ကျွန်မတို့ အစ်ကိုလေးနဲ့အခုပဲယူကြတော့မယ်ဟာကို ဘာလို့လဲဟင် *
ချက်ချင်းပင်အခန်းထဲမှ ထွက်သွားဖို့လုပ်တော့ ပြင်ဆင်​ပေးနေတဲ့မိန်းကလေးငယ်တစ်စုသည် ဟန့်တားလာခဲ့ကြပြီး ရှေ့မှပိတ်ရပ်လိုက်သူကပိတ်ရပ်ကြသလို လက်လေးတွေကိုဆွဲထားကြသူတွေလည်းရှိသည်။
* အစ်ကိုလေး အခမ်းအနားက မစသေးပါဘူး *
* အဲ့တော့ ဘာဖြစ်လဲ *
* ဒီလိုမျိုးထွက်သွားလို့မရပါဘူး *
မိတ်ကပ်ပြင်ရာအခန်းထဲကနေ ခြေလှမ်းကျဲကျဲတွေနဲ့ ထွက်လာခဲ့ပြီး မောင်ရှိနေမယ့်နေရာကို ဦးတည်သွားမိသည်။လမ်းတစ်လျှောက်မှာရှိနေတဲ့ သူနဲ့မောင့်နာမည်နဲ့ဂုဏ်ပြုပန်းစည်းတွေ၊နံရံထက်အလှဆင်ထားကြတဲ့ ပိုစတာလှလှလေးတွေက ဘာလဲ။
မောင် တကယ်အကြီးကြီးကြံစည်ထားတာ။
အချိန်စောနေသေး၍ပွဲကိုတက်ရောက်ချီးမြှင့်ပေးကြမယ့်ဧည့်သည်တစ်ဦးတစ်လေတောင်မတွေ့ရသေးပါ။နှစ်ဖက်အသိုင်းအဝိုင်းက လူကြီးတွေကိုလည်းမတွေ့ရ။မိဘတွေကိုလည်းမတွေ့ရနဲ့ အခုမှဘယ်ရောက်သွားကြတာလဲ။
* ကျွီ!!!!! *
ဒေါသစိတ်နဲ့အတူ ပိတ်ထားလေတဲ့ခန်းမတံခါးကို အကြမ်းပတမ်းဆွဲဖွင့်ပစ်လိုက်ရင်း ဘာမှတွေးမနေဘဲဝင်ချသွားလိုက်တော့သည်။ထိုအခါခန်းမအတွင်းမှာရှိခဲ့တဲ့မောင်က မျက်လုံးကြည်ကြည်လေးတွေနဲ့လှည့်ကြည့်လာလေသည်။
* ဂျီမင် ..! *
ပွဲကြမ်းဖို့တွေးထားခဲ့ပေမယ့် မျက်စိရှေ့ကမြင်လိုက်ရသော လှလှပပမင်္ဂလာစင်မြင့်လေးကိုကြည့်ပြီး ဂျီမင်တစ်ယောက်ကြက်သေသေသွားရသည်။မောင့်ကိုကြည့်လိုက်တော့လည်း သူ့နည်းတူအံဩသွားပုံရပြီး စောဏတင်မြင်လိုက်ရတဲ့ မောင့်အပြုံးတွေမှာပျက်ပြယ်သွားခဲ့ပြီဖြစ်သည်။
ဒါပေမယ့် မောင်သိပ်ပျော်နေတာကိုတော့ သိခွင့်ရလိုက်တယ်..။
ခန်းမတစ်ခုလုံးက သိပ်လှလွန်းသည်။မောင်ပြောဖူးသလို သူနဲ့မောင့်ကို ကိုယ်စားပြုတယ်ဆိုတဲ့ အဖြူရောင်နဲ့အဝါရောင်တွေကိုသာခန်းမတစ်လုံးအနှံ့သုံးထားစေပြီး လျှောက်လမ်းတစ်လျှောက်ကိုလည်း ကြယ်ပန်းဖြူဖြူလေးတွေနဲ့အလှဆင်ထားပေးသည်။
* ဒီပွဲကို ရပ်လိုက်ချင်လားမောင့်ဂျီမင်...
အဲ့လိုမျက်လုံးတွေနဲ့တော့ မကြည့်လိုက်ပါနဲ့
မောင်အခုရပ်ခိုင်းလိုက်မယ်နော် *
* ဒီလိုအခြေအနေမှာ ငါ့ကိုဘာလုပ်စေချင်
သေးတာလဲ။ငါ့သဘောအတိုင်းဆို ပွဲဖျက်လိုက်ချင်ပေမယ့် လူကြီးတွေမျက်နှာကိုထောက်ရဦးမှာပေါ့။မင်းပဲလျှာရှည်ပြီး တစ်နိုင်ငံလုံးကို ဖိတ်စာကမ်းခဲ့ပြီးတော့ *
တစ်နိုင်ငံလုံးဖိတ်စာဝေခဲ့တာဆိုတာဟာ တကယ်တော့ အလကားစကားတွေပါ။
မောင်အရွဲ့တိုက်ပြီးပြောခဲ့တာကိုသိလို့ အခုသူလည်းပြန်ရွဲ့ပစ်လိုက်ခြင်းပင်ဖြစ်မည်။
ပွဲမဖျက်ဘူးဆိုတာသေချာတော့မှပဲ မောင့်မျက်နှာပြန်ပြီးရွှင်လန်းလာခဲ့ပြီး သွေးရောင်လေးပင်လွှမ်းရလို့။ပထမကဆို လူမိသွားပြီဆိုတဲ့အသိကြောင့် မောင့်မျက်နှာဟာ ဖြူရော်သွားလိုက်တာများ သွေးရောင်ပင်မရှိတော့တဲ့အထိ..။
* မောင်..မောင် မင်းကိုပိုချစ်သွားပါ့မယ်။မောင်တို့လက်ထပ်ထားကြရုံပါပဲ...မောင့်
ဂျီမင်သဘောမပါရင် မင်းဆံပင်လေးကိုတောင် မောင်လက်လွတ်စပယ်မထိပါဘူး။မောင်ကြိမ်​တယ်..မောင့်ဂျီမင်မသိလိုက်ဘဲနဲ့ မောင် အသားမယူဘူးနော်ကတိပေးတယ် ကတိကတိ *
* တော်ပါတော့။ငါမောင့်ကိုစိတ်ဆိုးနေသေးတယ် *
* မောင်တောင်းပန်ပါတယ် *
မျက်နှာငယ်လေးနဲ့မောင်ဟာ ကိုယ့်အသည်းကိုဘယ်လိုအရည်ရည်မလဲသိနေခဲ့ပြီ။
* ငါမောင့်ကိုစိတ်ဆိုးတယ်။ဒါပေမယ့် ဒီပွဲမပြီးမချင်းတော့မောင့်ဘေးမှာ ငါရပ်နေပေးမှာပါ *
ခန်းမလယ်ထဲမှာ မောင့်ကိုတစ်ယောက်တည်းချန်ထားခဲ့ပြီး နေရာမှလှည့်ထွက်ဖို့ပြင်သည်နှင့် အနောက်ကနေပြေးလိုက်လာပုံရတဲ့မောင့်ဖိနပ်သံကိုနားငြီးစွာ ကြားနေရပါသည်။
* မောင်ပြန်ပို့ပေးမယ် *
* ငါထွက်မပြေးဘူး ဒီအခန်းထဲမှာပဲမောင်နေပါ *
••••••••••••••••••••
* သတို့သားပတ်ခ်ဂျီမင် နေရာယူပေးလို့ရပါပြီ *
ဒီအသံက သူ့ရင်ကိုအခုန်မြန်စေတယ်။ဖေဖေ့မျက်နှာကို အယောင်ယောင်အမှားမှားမော့ကြည့်မိတော့ ဖေဖေက သူ့လက်မှာခိုတွဲထားတဲ့လက်ကလေးတစ်ဖက်ကို ခပ်ဖွဖွပုတ်ပေးကာ ဂုဏ်ယူနေဟန်နှင့်ပြုံး၍ငုံ့ကြည့်လာပါသည်။
အခြေအနေတွေက သူမျှော်လင့်ထားခဲ့တာထက်ပိုစောလွန်းနေတာမို့ မိဘတွေနဲ့တကယ်ကြီးခွဲရတော့မယ်ဆိုတဲ့အသိလေးကြောင့်
မျက်ဝန်းအိမ်ကြည်ကြည်လေးထဲမှာ မျက်ရည်ဥတစ်ချို့ ဝေ့သီလာရသည်ကိုမြင်တော့ဖေဖေက ခပ်ဖြည်းဖြည်းလေး ခေါင်းယမ်းပြလာခဲ့တယ်။
* မငိုရဘူး ကလေးလေး...ဖေဖေ့သားလေး
ပျော်ရမှာပါ *
ခန်းမအဝင်ဝရှိ ကျွန်းတံခါးကြီးကိုတွန်းဖွင့်လိုက်သည်နှင့် ဦးစွာအကြည့်ချင်းဆုံမိတာကမောင်နဲ့ပါ။မင်္ဂလာစကားဆိုပေးနေတဲ့စင်မြှင့်ထက်ကပုဂ္ဂိုလ်ဆီမှာအာရုံရနေပုံလည်း
မရှိပါဘူး။သူတွေးထာတာထက်ကို မောင်က စိတ်လှုပ်ရှားနေခဲ့ပြီး မျက်လုံးဝိုင်းကြီးနဲ့လူကိုတအံတဩစိုက်ကြည့်နေသည်။
ဂျီမင် သူ့ဖခင်လက်ကိုတွဲပြီးလျှောက်လမ်းထက်ခြေချလိုက်သည်နှင့် ပွဲလာဧည့်ပရိသတ်တွေဆီမှ လက်ခုပ်ချီးမြှင့်သံသည်ညံခနဲဖြင့်ဟိန်းထွက်လျှက်...။လူဘုံအလယ်မှာ အရုပ်ကလေးလိုမျိုးဝိုင်းကြည့်ခံရတာက လူကိုနည်းနည်းတော့မသက်မသာဖြစ်စေပေမယ့်လည်း ပြုံး၍စီးကြိုနေသောမောင့်အပြုံးတွေ..မောင့်မျက်ဝန်းတွေကြောင့် သူမှာထင်ထားသလောက်တော့ဒူးမတုန်ခဲ့ရပေ။
မောင့်ကိုကြည့်နေစဥ္မှာပဲ မောင်ဟာ ဘယ်သူမှ မထင်ထားတာကိုလုပ်ခဲ့ပြန်ပါသည်။မောင်က သတ်မှတ်ပေးထားတဲ့နေရာကနေဆင်းချလာခဲ့ပြီး လျှောက်လှမ်းထက်တစ်လှမ်းချင်းလှမ်းရင်း သူရှိရာဆီလာနေခဲ့သည်။
မောင့်လုပ်ရပ်ကြောင့် သူ့ပါးလေးတွေဆို
နွေးခနဲဖြစ်သွားရတဲ့အထိ ရှက်ခဲ့ရပါ၏။
စင်မြှင့်အောက်က ပွဲလာဧည်သည့်တွေကိုမသိမသာအကဲခတ်မိတော့ အားလုံးဟာမချိုမချဥ္မျက်နှာထားတွေဖြင့် ပြုံးတဲ့လူကပြုံးနေကြသလို...အချင်းချင်းတီးတိုးပြောနေကြသူတွေလည်းရှိသည်။
* မောင့်လက်ကို တွဲပေးပါ...မောင်နဲ့အတူ
ဒီလျှောက်လမ်းအဆုံးကို လျှောက်ချင်ရဲ့လား *
* ငါမငြင်းပါဘူး *
ယောက္ခမကြီးလက်ထဲက လက်ကလေးတစ်ဖက်ကို လက်လွှဲယူလိုက်ပြီး စိတ်ချစေရန် ကတိကတိတွေအထပ်ထပ်​ပေးနေလိုက်တာများ သိပ်ပိုလွန်းနေပါပြီ။ဂျီမင်ရဲ့မျက်စောင်းလေးကို မသိကျိုးနွံပြုပြီး မောင်က
တဟဲဟဲနဲ့ပွဲကျနေခဲ့သေးတာ။
မောင့်ဂျီမင်လက်လေးတစ်ဖက်ကို မြတ်မြတ်နိုးနိုးဆုပ်ကိုင်ထားပြီး လျှောက်လမ်းထက်အတူယှဥ္တဲွလျှောက်ရတဲ့ဖီလ်လင်ဟာ
မောင့်ကို လေပေါ်ထိပျံ့ဝဲစေနိုင်ပါသည်တဲ့။
* မောင်မယုံနိုင်သေးဘူးဗျာ...မောင့်တို့အခုလက်ထပ်နေကြတာပေါ့နော်...မောင့်ဂျီမင်က မောင့်အပိုင်လေးတကယ်ဖြစ်လာခဲ့ပြီ *
* ဘယ်လိုဖြစ်နေတာတုန်း။ငြိမ်ငြိမ်နေစမ်းပါလား မောင်ဟာလေ မျက်နှာရူးကိုထလွန်းတယ် *
* မောင်ပျော်လို့ပါ *
* နောက်မှပျော်..!ဒီမှာအာရုံလေးလည်း စိုက်ပေးဦး *
* ဟုတ်ကဲ့ပါ *
* သတို့သားနှစ်ယောက် ကတိသစ္စာဆိုလို့ရပြီလားခင်ဗျ...။ခဏလောက် စကားများနေတာကို ရပ်ပေးပါ *
ဘုန်းတော်ကြီးမျက်နှာကပြုံးစိစိနဲ့။ဘုန်းတော်ကြီးတင်မက စင်အောက်ကလူတွေဆီမှနေလည်း တဟားဟားအော်ရယ်သံတွေကို
အရှင်းသားကြားလိုက်ရတာကြောင့် ဂျီမင်မျက်နှာလေးမှာရဲခနဲဖြစ်သွားရပြီး မနေတတ်တွေဖြစ်ရစွာ ခေါင်းလေးကိုငုံချထားခဲ့သည်။
ဘုန်းတော်ကြီးရှေ့မှာ အပြန်အလှန်ကတိ
ပေးခဲ့ကြပြီး လက်စွပ်လေးတွေကိုလည်းလက်သကြွယ်ထက်မှာခစားစေခဲ့ကြ၏။
ကတိသစ္စာဆိုရာတစ်လျှောက်လုံးလည်း
ဂျီမင်ကစူပုတ်ပုတ်လေးဖြင့် မောင့်အသံနောက် ထပ်နင်းပြီး ကတိစကားတွေဆိုပေးရှာသည်။
ဒီလိုမျိုးမြတ်နိုးချင်စရာကောင်းတဲ့ သက်ရှိကြွေရုပ်လေးကိုမောင့်မှာ ငေးလို့
မဝခဲ့။ချစ်လို့မဝခဲ့ပါဘူး။စူပုတ်ထားတဲ့မှုန်တေတေမျက်နှာလေးနဲ့ဆန့်ကျင်စွာ မောင်ကတော့ ပြုံးလို့ပင်မဝခဲ့ပါဘူး။တစ်စိမ့်စိမ့်ကြည့်ရင်း ချစ်ရသလို မောင်ရူးရဖို့လုံလောက်ပါည်တဲ့။
* သတို့သားနှစ်ဦးအကြင်နာပေးလို့ရပါပြီ *
* ဖြောင်း!!ဖြောင်း!!!ငါ့ညီကွ *
လက်ခုပ်တွေတဖြောင်းဖြောင်းတီးရင်း ထိုသို့ထကြွေးကြော်လိုက်သူက မောင့်အစ်ကိုပါ။
အားလုံးသည်လည်း လက်ခုပ်အသီးသီးတီးကြလျှက် ဂုဏ်ပြုပေးခဲ့ကြပါသည်။အငမ်းလွန်နေတဲ့မောင့်မှာလည်း အကြင်နာပေးလို့ရပါပြီဆိုတဲ့စကားကြားမှသတိနဲ့အသိကပ်လေတော့သည်။
မောင့်နှုတ်ခမ်းပါးလေး၏အနားသတ်ညီမျှစွာ တွန့်တက်သွားပုံမှာ ပိရိ့သေသပ်လွန်းလှပါသည်။တစ်ဆတ်တည်းမှာဆိုသလို မောင့်လက်ဖဝါးကြီးကြီးတစ်ဖက်ဟာ ဂျီမင်ခါးထက်ရစ်သိုင်းလာခဲ့ပြီးမောင့်ရဲ့ချိုမြိန်လွန်းသောအပြုံးလေးနဲ့အတူ သူ့မျက်နာနားထိ မောင့်မျက်နှာကြီးကငုံချလာနေပြီမို့ မျက်လုံးတွေကိုမှိတ်ချပေးမိသွားသည်။
သို့သော်မောင်ကတော့ မောင့်မြတ်နိုးရာဖြစ်တဲ့ပါးပြင်လေးတစ်ဖက်ကိုသာနစ်နစ်နဲနဲနမ်းရှိုက်ပစ်ခဲ့ပါသည်။အသန့်ရှင်းဆုံးသောအနမ်းတစ်ပွင့်နဲ့အတူ နှစ်ယောက်တွဲဆက်လျှောက်ရမယ့် မောင်တို့အနာဂတ်လမ်းနဲ့မောင်တို့ကမ္ဘာသစ်လေးကို မောင်ကထိုနည်းနဲ့ပဲ ကြိုဆိုပေးခဲ့ပါတယ်....။
x x x x x x x x x x x x x x x x x x x x
( ဖတ်ပေးကြသူအားလုံးကို ကျေးဇူးတင်ပါသည်။)
x x x x x x x x x x x x x x x x x x x x x x
.
.
.
.
.
( Zawgyi )
( အပိုင်းတစ်ဆယ့်ရှစ် )
စေ့စပ်ကြရန် မောင်နဲ့ညှိနှိုင်းခဲ့ပြီးနောက်ပိုင်း အိမ်ပင်မပြန်နိုင်တော့တဲ့နေ့တွေအထိရှိခဲ့သည်။ဆေးရုံမှာအရေးတကြီးလူနာတွေစုပြုံရောက်လာတာနဲ့ပဲ အိမ်မပြန်ဖြစ်တဲ့ရက်တွေဟာ နေ့တွေရော ညတွေရော ရက်ဆက်ဖြစ်ရလို့။
စေ့စပ်ကြောင်းလမ်းခြင်းအတွက် သူ ဘာမှဝင်မကူပေးနိုင်ခဲ့တဲ့အပြင် ဒီပွဲဖြစ်မြှောက်လာဖို့တောင် မောင့်ကိုပဲ အရာရာပုံအပ်ထားလိုက်ရတာ။စေ့စပ်ဖို့အတွက် ဟိုတယ်ကိုရက်ချိန်းသွားယူရတာလည်းမောင်ကိုယ်တိုင်ပဲ..၊လက်စွပ်ရွေးတာကအစ ဝတ်စုံရွေးတာအဆုံး မောင်တစ်ယောက်တည်းပဲ ဒိုင်ခံအလုပ်ရှုပ်ပေးခဲ့တယ်။
နှစ်ဖက်အသိုင်းအဝိုင်းဆီကိုလည်း မောင်ပဲဖိတ်စာကမ်းပေးခဲ့ရတာ။ကိုယ်က မောင်ကားလေးထက် မောင့်နံဘေးထိုင်ပေးခဲ့ရုံကလွဲလို့ဘာတစ်ခုမှဝင်ကူပေးစရာကိုမလိုခဲ့တဲ့အထိ မောင်က အလိုလိုက်အလျော့ပေးခဲ့ပါသည်။
ဒီပွဲနဲ့ပတ်သတ်ပြီးအတက်ကြွဆုံးလူကမောင်ပါပဲ။"လက်ထပ်ပွဲမဟုတ်ဘဲ စေ့စပ်ပွဲပါမောင်ရယ်လို့ "ပြောပြချင်စိတ်ကိုမနည်းထိန်းထားရပြီးခိုးခိုးရယ်ခဲ့ရတာကိုတော့ မောင်ဘယ်သိနိုင်ပါ့မလဲ။
"မောင် ငါအလုပ်ရှုပ်နေလို့ပါ"ဆိုတဲ့စကားတစ်ခွန်းနဲ့တင် အရာရာဟာပွဲပြီးမီးသေ။ကိုယ့်လက်နဲ့ဘာတစ်ခုမှထိစရာမလိုခဲ့...မောင်ကချည်း အစအဆုံးတက်ကြွပေးခဲ့တာတွေကို စဉ်းစားမိလိုက်တိုင်း ကိုယ့်မှာ အချစ်ပိုနေရပြီ။အဲ့လောက်ထိအချစ်ခံရမယ့်ကံဇာတာရှိခဲ့မှန်းတကယ်မသိခဲ့ရိုးပါ။
တကယ်ဆို ကိုယ့်ထက်ပင် မောင်လိုလူက
ပိုအလုပ်များတာမလား...ဒါပေမယ့်မောင်က
သူ-မကူညီပေးနိုင်တာနဲ့ပတ်သတ်ပြီးတစ်ခွန်းတောင်အပြစ်မတင်ခဲ့ဘူး။အပြုံးတစ်ချက်မပျက်ခဲ့!လေသံတစ်ချက်မမာခဲ့တဲ့မောင့်ခမျာ
အဟုတ်ပင် ပင်ပန်းနေရှာပေမယ့်လည်း
ဂျီမင်ရဲ့ရှေ့မှာဆို အပြုံးတစ်ချကိမပျက်ခဲ့ပါဘူး။
ပြိုင်စံရှားချစ်တတ်တဲ့နေရာမှာတော့ မောင်က မောင်ဖြစ်နေဆဲပါလေ။ငါဖြင့် မောင့်ကိုချစ်လိုက်ရတာတွေ။တစ်နေ့တော့ ငါမောင့်ကို ရအောင်လက်ထက်ယူပါ့မယ်..။
ဆေးရုံတစ်ဝန်းလုံးကို မောင်ကိုယ်တိုင်လိုက်ဖိတ်ခဲ့ပေမယ့် စီနီယာကိုတော့ အခုထိပင် ဖိတ်စာမကမ်းကြရသေးပါ။သူကိုယ်တိုင်
သူ့လက်နဲ့ပေးပါရစေလို့မောင့်ကိုပြောလေတော့ မောင်ကလည်းလိုက်လျောပေးခဲ့ပါတယ်။
စီနီယာနဲ့မျက်နှာချင်းဆိုင်ပြီးမှ ပြောရမယ့်စကားတွေလည်း သူ့ထံမှာရှိနေပြီး
ဆတ်ဆတ်သေချာပေါက်အပြီးအပြတ်ငြင်း
ရမယ့်စကားတစ်ခွန်းလည်းရှိနေသေးတာမို့
စီနီယာတွေဖို့ချိန်းလာတဲ့ကော်ဖီဆိုင်လေးမှာ
အတူဆုံကြဖို့ဖြစ်လာခဲ့သည်။
မရေမရာမျှော်လင့်ချက်တွေလည်း ထပ်မပေးတော့ပါဘူး။မျက်နှာချင်းဆိုင်ထိုင်နေခဲ့ကြပြီး နှစ်ယောက်လုံးသည်လည်းစကားသံတွေတိတ်နေကြသည်။စီနီယာရဲ့မျက်နှာကိုခိုးကြည့်မိတော့ ပြန်စိုက်ကြည့်နေတဲ့မျက်ဝန်းများနဲ့တိုးလေသည်။
ထိုအခါ မသက်မသာဖြစ်ရလေပြီး အကြည့်လွှဲလိုက်ရကာ အနည်းငယ်အေးစက်နေပြီဖြစ်သော ကော်ဖီခွက်ကိုဆွဲမော့မိသည်။စိတ်ရှုပ်နေတာကြောင့်လားမသိ ခံတွင်းထက်ပျော်ဝင်သွားသော ကော်ဖီရည်တွေရဲ့အရသာကိုပင် ခွဲခွဲခြားခြားမခံစားနိုင်တော့ပါ။
ချိုသလား?ခါးသလားမသိလိုက်ခင်မှာ
ွခွက်ထဲရှိ ဒီကော်ဖီသည်တစ်ငုံစာလောက်ပဲကျန်တော့မည်။သူကရော ဘာပြောရမှာလဲ။
စီနီယာကိုငြင်းပါရစေလို့ပြောရမှာလား?
ဒါမှမဟုတ် မင်ဟီနဲ့လက်ထပ်ပေးပါလို့တောင်းဆိုရမှာလား?မောင့်ကိုပဲချစ်လို့
စီနီယာကိုမချစ်နိုင်တော့ပါဘူး နောက်ဆုတ်ပေးပါ..အဲ့လိုပြောလိုက်ရမှာလားဟင်..?။
ဒီလိုနေရခက်တဲ့အခြေအနေကို အရင်ဆုံးဖြိုခွင်းလိုက်သူက စီနီယာပင်...။
* ဂျီမင် ကိုယ်နဲ့ပတ်သတ်ပြီးပြောစရာမရှိဘူးလား *
* ဟင်..! *
ထိုစကားကြောင့် ဂျီမင်က မျက်မှောင်ကုပ်ပစ်ရှာ၏။တစ်ဆတ်တည်းဆိုသလိုမှာပဲ စီနီယာကင်ကိုလည်းအံဩသွားပုံရ၏။မောင်တို့ဖိတ်စာလိုက်ကမ်းနေတဲ့အကြောင်းကို မသိတာတော့မဖြစ်နိုင်ပါ။
* မင်ဟီကြောင့်လား *
ဂျီမင်တစ်ယောက် သူ့ရှေ့မှာထိုင်နေလေတဲ့ထိုစီနီယာဆိုသူကို မျက်လုံးလေးသာလှန်ကြည့်ခဲ့ပြီး ဘာစကားမှမဆိုခဲ့ပါ။အဲ့အစား မျက်ဝန်းလေးတွေနဲ့ပဲစကားပြောခဲ့ပြီး ခေါင်းယမ်းပြခဲ့ပါသည်။
ဒီဆုံးဖြတ်ချက်က မင်ဟီနဲ့မှမဆိုင်ဘဲကို။သူကိုက ဒီလူကိုမချစ်နိုင်လို့ မဖြစ်နိုင်ဘူးငြင်းရုံလေ။ဘာလို့များ အပြစ်မရှိတဲ့လူကိုဆွဲထည့်ဖို့ကြိုးစားနေရတာလဲ။
* ဘာလို့လဲ?မင်ဟီမှာ ဘာအပြစ်များရှိနေလို့လဲ *
* စီနီယာသတိထားမိရဲ့လား...လူရယ်လို့ဖြစ်လာရင် ကိုယ်ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုပဲ ပိုဦးစားပေးလိုက်ရတဲ့နိယာမတွေမှအများကြီးပါ..အချစ်ထက်ပိုအရေးပါတာတွေလည်း အများကြီးရှိနေပါသေးတယ် *
မင်ဟီအတွက်ပဲဖြစ်ဖြစ် အတွေးတွေများပေးပါ။
သူတို့ထိုင်နေကြတဲ့ဆိုင်အပြင်ဘက်မှာတော့မောင်ရှိနေခဲ့ပါတယ်။သူ့စကားတစ်ခွန်းဆိုတစ်ခွန်းပဲ မောင်က ကားပေါ်ကနေပဲစောင့်ပေးနေခဲ့တယ်။စီနီယာကို တစ်ချက်ပြန်ကြည့်လိုက်ပြီး မောင့်ကိုအထဲလိုက်လာစေရန် စာပို့လိုက်ရတော့သည်။
* ရောက်လာပြီလား...ငါ့နားမှာလာထိုင် *
* ဒီကောင်လေးကို မောင်စိတ်မချဘူးလေဗျာ လိုက်လာရတာပေါ့ *
အချိန်တစ်ချက်မဆိုင်းဘဲ မောင်ကချက်ချင်းသူတို့ဝိုင်းအနားရောက်လာခဲ့ပြီး သူ့ဘေးက
ခုံမှာဝင်ထိုင်လိုက်သည်နှင့် စီနီယာမှာလည်းအလိုမကျဖြစ်သွားရသည်။မောင်ကတော့
စီနီယာမျက်နှာကိုလှမ်းကြည့်လာခဲ့ပြီး နှုတ်ခမ်းလေးကလည်း ခပ်ထေ့ထေ့ပဲ လှောင်ရယ်နေခဲ့၏။
မောင်လက်မောင်းတဖက်ဟာ သူ့ပုခုံးပေါ်ကျရောက်လာခဲ့ပြီး မောင့်လက်ဖျားလေးတွေဟာတော့ သူ့ပုခုံးတစ်ဖက်ကိုခပ်ဖွဖွဆုပ်ကိုင်လာခဲ့သည်။ပျက်ယွင်းကျသွားတဲ့စီနီယာကင်၏မျက်နှာကို ဝိုင်တစ်ခွက်သောက်နေရသည့်အလားသဘောထားနေခဲ့ပုံဖြင့် အရသာခံကာ မောင်က တစ်စိမ့်စိမ့်ပဲကြည့်ပစ်သည်။
စီနီယာရှေ့မှာမို့တမင်အကဲပိုပြီးလုပ်ပြနေသလားမပြောတတ်တော့ပေမယ့် မောင်ဟာ
သူ့နားရွတ်လေးနားအသာကပ်ရင်း ခပ်တိုးတိုးစကားတွေဆိုလေတော့ သူသည်လည်း ခပ်ဖွဖွပြုံးလိုက်မိပါသည်။မောင်ကချစ်ဖို့ကောင်းလွန်းနေတာကို။
* ပေးလိုက်ပါ *
ထို့နောက်မှာတော့ မောင်ကသူ့လက်ထဲကိုဖိတ်စာတစ်စောင်ထည့်ပေးလာပြီး စီနီယာရှိရာဖက်မေးငေါ့ပြလိုက်သေးတာပေါ့။မောင်က အကြောကြီးနဲ့ သိပ်လူပါးဝလွန်းနေပြန်ပြီ။ယောင်ယမ်းစွာစီနီယာကိုလှမ်းကြည့်မိတော့ ခပ်ကုတ်ကုတ်မျက်ခုံးတန်းတွေရဲ့အောက်က သိမ်းငှက်လိုမျိုးစူးရှနေတဲ့မျက်ဝန်းတစ်စုံနဲ့အကြည့်ချင်းဆုံလိုက်ရ၏။
ခုံအောက်ကနေပဲ မောင့်ပေါင်တစ်ဖက်ကို မသိမသာ ပုတ်ပစ်လိုက်တော့ မောင်ကသူ့ကိုနှာခေါင်းရှုံပြလာခဲ့တယ်လေ။အချိန်ဆွဲမနေချင်တော့တာကြောင့် မောင်နဲ့သူရဲ့ဖိတ်စာလေးကို စီနီယာရှေ့ထံရိုရိုကျိုးကျိုးပဲချပေးဖြစ်လိုက်သည်။
အဝါနုရောင်လေးဖြင့်အောက်ခံထားရှိပြီး
စိန်မှုန်စများနှင့်သာလှလှဘောင်ကွပ်ထားတဲ့ဖိတ်စာလှလှတစ်ချပ်ကိုစီနီယာက ကောက်ယူကြည့်လေပြီး ဟက်ခနဲရယ်ချလိုက်ပါသည်။ထိုရယ်သံတွေက ထိုသို့ပြောနေလေရဲ့...!!ဒါလေးတစ်စောင်တည်းနဲ့
သူ့ရင်ထဲအချစ်တွေကိုတန်ဖိုးဖြတ်လိုက်တာတဲ့လား။
* နောင်တမရမှာ သေချာလား *
* ဗျာ !! *
ဒီလိုထိ ဖြစ်လာရတာဟာ ဂျီမင်ဆန္ဒတစ်ခုတစ်လေတောင်မပါခဲ့ဘဲ မောင့်တစ်ယောက်တည်းရဲ့အစီအမံတွေ!မောင်တစ်ယောက်တည်း လုပ်ချင်ရာလျှောက်လုပ်ခဲ့တာတွေလို့ စီနီယာကတွေးမိသွားခဲ့ပုံပါပဲ။
သူသိထားခဲ့တဲ့ ဂျီမင်တို့ဆက်ဆံရေးကလည်း ကောင်းမှကောင်းမနေခဲ့တာ။ဒါ့ကြောင့်ပဲ မောင်တို့ရဲ့ဒီပွဲဟာ မောင့်တစ်ဇွတ်ထိုးမှုကြောင့်လို့သာဟု တစ်ထစ်ချယုံကြည်နေခဲ့ပြီး ဂျီမင်ဘက်ကသာဆန္ဒရှိခဲ့မယ်ဆိုရင် ဂျီမင်လက်ကိုဆွဲပြီးထွက်သွားရဲတဲ့သတ္တိတွေရှိပါတယ်။
မိဘတွေစွန့်လွှတ်ခဲ့ရင်တောင်မှပေါ့။ဂျီမင်သာသူ့ကိုယုံကြည်ပြီးရွေးချယ်လိုက်ဖို့ပဲလိုမယ်။သူဟာ ဂျီမင်အတွက်နဲ့တစ်ကိုယ်ကောင်းဆန်ဖို့အဆင့်သင့်ဖြစ်နေခဲ့ပါပြီ။လူ့အသိုင်းအဝိုင်းထဲကရော သူတို့ဆရာဝန်လောကထဲကပါ ပျောက်ကွယ်သွားပေးမှာပါ။
* ကိုယ့်မေးခွန်းကရိုးရိုးလေးပါ ဒီဖိတ်စာအတွက် နောင်တမရတာသေချာပြီလား *
ထိုစကားကို အေးအေးလူလူဆိုလာခဲ့သလားမသိ။မောင့်ကိုဂရုစိုက်မနေဘဲ ကျွန်တော်မျက်နှာကိုသာ ငေးငေးလေးစိုက်ကြည့်နေခဲ့တာ။
မောင်ဘယ်လိုဖြစ်သွားမလဲသိချင်၍ မောင့်မျက်နှာကို လှည့်ကြည့်လိုက်လေတော့ အပြုံးလေးများတုံ့ဆိုင်းသွားသည့် မောင့်မျက်နှာလေးကစီးကြိုနေရှာသည်။မျက်မှောင်ကုပ်လိုက်တဲ့ မောင့်မျက်နှာချောချောကိုကြည့်လို့ပင်မဝလှ..။
စီနီယာကို ပြာကျမတတ်တွေစူးစူးဝါးဝါးကြီးစိုက်ကြည့်နေလိုက်တာများ ဒီနေရာမှာကိုယ်သာရှိမနေရင် စီနီယာကို ထရိုက်မလားပဲ။
ဒါပေမယ့် မောင်ကအလိုမကျဖြစ်သွားရုံကလွဲပြီး သူအရှက်ရအောင် ဘာတစ်ခုမှ မပြုမူမိစေရန် စိတ်ကိုထိန်းချုပ်ထားပုံရ၏။
စားပွဲအောက်ကနေပဲ မောင့်လက်ဖဝါးတစ်ဖက်ကိုလှမ်းကိုင်လိုက်ရင်း ဖဝါးကျယ်ကျယ်တွေထဲ ကိုယ့်လက်တစ်ဖက်ကိုထိုးထည့်ပစ်လိုက်ပြီး လက်ချောင်းတွေချင်းသွယ်ယှက်ပစ်ကာ မောင့်ကိုစိတ်သက်သာရာရစေဖို့ ကြိုးစားကြည့်မိသည်။ငါ့ကိုပဲယုံပေးပါ။
ဒီလက်တွေတွဲထားသလို အချစ်တွေလည်း
မြဲပေးပါ့မယ်။
မောင်က သူ့လက်တွေကိုအသည်းယားနေဟန်နဲ့ညှစ်ပစ်လာခဲ့ပြီး မောင့်မျက်နှာပေါ်ကအပြုံးတွေဟာတော့တည်လို့ပင်မရခဲ့ဘူးလေ။မပြုံးမရယ်မျက်နှာလေးနဲ့မောင့်အား
သူယုံကြည်ကြောင်းပြောနေပုံလေးကို
မောင်ကလည်း ခေါင်းလေးလှည့်ပြီးငေးနေခဲ့တဲ့ဒေီမြင်ကွင်းဟာ ရင်ထဲကိုတစ်မျိုးလေးခံစားစေရတာပါလား။
* ကိုယ်ဝမ်းသာပါတယ် *
စီနီယာသည် ဖိတ်စာလေးကိုပြန်ချထားလိုက်ရင်း မောင့်ကိုတည့်တည့်စိုက်ကြည့်လာလေတော့ ​မောင်ကလည်း "ခင်ဗျားရှုံးသွားပြီ"ဟုသဘောဆောင်သော အပြုံးမျိုးနှင့်ခပ်တည်တည်ပြန်စိုက်ကြည့်ကာ ချေပသည်။မောင်ဟာကတယ့်ကို မတူမတန်သလိုအချိုးနှင့်
မျက်နှာထားကိုတောင် မော်ချီထားလိုက်သေးတာပါ။
•••••••• လူဆိုးကောင် •••••••
" တီ..တီ..တီ !!!"
ဂျီမင်တစ်ယောက် ရေချိုးခန်းထဲမှာအဝတ်လျှော်ရင်းနဲ့အလုပ်များနေစဉ် အိမ်ရှေ့မှနေ
တတီတီနဲ့လျှို့ဝှက်နံပါတ်ရိုက်ထည့်သံကြားလိုက်ရပေမယ့်လည်း မောင်ဆိုတာကိုသိနေ၍ ထူးထူးဆန်းဆန်းတွေလုပ်ပြီး ထွက်ကြည့်မနေတော့ပါ။
သို့သော် အိပ်ခန်းထဲဝင်ချသွားတဲ့မောင့်ပုံစံကြောင့် လျှော်လတ်စတွေကိုပစ်ချထားခဲ့လိုက်ပြီး မောင့်အနားပြေးသွားမိသည်။သူ့အခန်းထဲကို ဘာတွေယူသွင်းနေတာလဲ။မောင်ဘာတွေလုပ်နေရပြန်တာလဲ။
* ဘာတွေလုပ်နေတာလဲ *
* ဟင်?ညအိပ်ရုံလောက်နဲ့ မင်းပစ္စည်းတွေအကုန်ရွှေ့လာစရာမလိုဘူးလေ မင်းအခန်းမှာပဲ ပြန်ထား-ထားလိုက်ပါ *
* မဟုတ်သေးပါဘူး...မင်းမှာ တိုက်ခန်းတစ်ခန်းလုံးရှိနေတာကို ဘာလို့ငါ့အခန်းမှလဲ။မရဘူးနော်..အိမ်ရှုပ်တယ် လူပဲလက်ခံနိုင်မယ်
မောင်ရယ် *
* အဟဲ...မောင့်အခန်းကို ရောင်းလိုက်ပြီ *
* ဘယ်လို!!! *
ဂျီမင်ရဲ့အော်သံသည် တိုက်ခန်းလေးတွင်းဟိန်းနေအောင်ထွက်လာခဲ့တယ်။မျက်မှောင်ကျုံ့လိုက်မိပြီး မောင့်ကိုဒေါသတကြီးကြည့်မိတော့ စပ်ဖြီးဖြီးရယ်ပြနေရှာတဲ့ မောင့်မျက်နှာကြီးနဲ့တိုးရသည်လေ။
ရှစ်ခေါက်ချိုးမျက်နှာလေးနဲ့ ဆရာဝန်လှလှလေးကို မျက်နှာချိုသွေးခဲ့ပေမယ့်လည်း မောင့်ခမျာကံမကောင်းစွာပဲ ရင်ဘက်တစ်ခြမ်းကိုဆွဲကိုက်ခံလိုက်ရတော့သည်။
* အား!! နာတယ် *
* နာအောင်ကိုက်တာလေ နာပေါ့ *
* မောင့်မှာနေစရာမရှိတော့လို့ မင်းနဲ့အတူနေမှပဲရတော့မှာ *
* မောင် !!! *
* ယုတ်မာဖို့ကြံနေတာဆို အခုကတည်းကပြန်လိုက်တော့...မဟုတ်ရင် မင်းအသေပဲနော် *
* ဟောဗျာ မောင်ဘာများပြောမိလို့လဲ..ဘယ်လိုနေနေ လက်ထပ်ပြီးရင်လည်း
မောင်ကသူ့အတွက်တော့ တကယ်ကိုလိမ်မာလွန်းတဲ့ ကလေးလေးပါ...။
ငါမကြည့်ရသေးဘူး *
ထိုအခါ မောင့်လှုပ်ရှားမှုတွေကရပ်တန့်သွားခဲ့ပြီး အဓိပ္ပာယ်ဖော်လို့မရတဲ့မျက်လုံးတွေနဲ့လှည့်ကြည့်လာခဲ့တာ။မောင်ဘာဖြစ်သွားရပြန်တာလဲ။
* ဂျောင်ကု..ဖိတ်စာပြဆို *
* ဘာလုပ်ဖို့ကြည့်ချင်ရတာလဲ..!သဖက်ခါရင်ပဲ မောင်တို့ စေ့စပ်ကြတော့မယ်ဟာကို အထူးအဆန်းတွေလုပ်ပြီးကြည့်မနေနဲ့တော့ *
* ဟာ!! မင်းနဲ့ဆိုင်သလို ငါနဲ့လည်းဆိုင်တဲ့
ငါ့ပွဲပါ...တစ်ယောက်တည်းမောင်ပိုင်စီးချင်လို့ရမလား။ဟိုရက်တွေက ငါမအားလို့ထားလိုက်တော့ အခုငါအားသွားပြီ..ဒီဖိတ်စာလေးတောင် ငါကြည့်လို့မရဘူးလား *
ပတ်သတ်ပြီး သူတို့တွေအတည်ကြီးရန်ဖြစ်တော့မယ့်ပုံစံပေါက်လာပါပြီ။မောင်က သူ့ကိုဆိုတစ်ချိန်လုံးအလျှော့ပေးထားခဲ့ပြီးမှ ဘာလို့အကဲဆတ်ပြနေသလဲ နားမလည်နိုင်တွေဖြစ်ရပြီး တစ်ခွန်းမခံပြန်အော်ပစ်သည်။
* အေး!!အဲ့စကားကို မင်းဟိုဟာစားပြီးပြောတောင် ငါမယုံဘူး...ဖိတ်စာထုတ်မပေးရင် မင်းနဲ့ငါတကယ်ပြတ်ပြီ *
ထိုးဖွပစ်ပြန်တယ်။
မောင်ဟာခါးကြီးထောက်လျက် အတော်ကြာစဉ်းစားပြီးသွားမှ အဝတ်သေတ္တာတစ်လုံးရဲ့အောက်ဆုံးဘက်တွင်ဝှက်ထားပုံရသော အဖြူရောင်ဖိတ်စာတစ်ချပ်ကိုဆွဲထုတ်လာခဲ့ပြီး ဂျီမင်ရဲ့ပါးမို့မို့လေးတစ်ဖက်ကိုပြွတ်ခနဲမြည်အောင်နမ်းပြီးမှ လက်ထဲထည့်ပေးလာသည်။
မောင့်ကို ဆောင့်တွန်းပစ်လိုက်ကာ လက်ဆောင်အနေနဲ့မျက်စောင်းပါထိုးပစ်သည်။လက်ထဲရောက်လာတဲ့ဖိတ်စာလေးကို ခပ်မြန်မြန်ပဲဖွင့်ဖောက်ဖတ်ကြည့်တော့
သူထင်ထားသလိုမဟုတ်ပါဘဲ စေ့စပ်ကြောင်းလမ်းခြင်းဖိတ်စာသာ ဖြစ်နေခဲ့တယ်လေ။
ဖိတ်စာလေးထဲမှာ ရေးသားဖော်ပြထားတွေဟာ တကယ့်ကိုရိုးရိုးလေး။အမြှီးရှည်တွေ အကောင်ရှည်တွေ ဘာရာထူးတစ်ခုကိုမှဖော်ပြထားချင်းမရှိခဲ့ဘဲ သာမာန်ကောင်လေး
နှစ်ယောက်ရဲ့ သာမန်ဖိတ်စာလေးကချစ်စရာလေးအတိဖြင့်ပြီးသည်။
ရိုးရိုးရှင်းရှင်းလေးနဲ့ လှပခန့်ငြားနေတဲ့ဖိတ်စာလေးကို ဖင်တစ်ပြန်ခေါင်းတစ်လှန်ကြည့်နေမိရင်းမှ တစ်စုံတစ်ခုကိုသတိရသွားခဲ့ပြီး....
* ဖိတ်စာက ဘာလို့အဖြူရောင်ဖြစ်နေတာလဲမောင်..? *
* နှစ်ရောင်လုပ်လိုက်တာလေ...အဝါရောင် ကမောင့်ဂျီမင်ကိုယ်စားပြုဆို အဖြူက မောင့်ကိုယ်စားပြုပဲပေါ့...သဘောမကျလို့လားဟင် *
မောင်ကစကားတတ်လွန်းပါတယ် ..။
အနည်းငယ်လှုပ်ခတ်သွားတဲ့ မျက်စံအိမ်လေးတွေကို မသိချင်ယောင်ဆောင်ပေးလိုက်ပါ့မယ်။လက်ထဲရှိနေတဲ့ဖိတ်စာကို အတုကြီးလားလို့ မမေးချင်ဘူးလေ။မောင့်ကိုယုံတာမို့
နည်းနည်းလေးမှ သံသယတွေအဝင်မခံခဲ့ပါ။
•••••••• လူဆိုးကောင် ••••••••
စေ့စပ်ပွဲမတိုင်ခင်တစ်ညအလိုမှာ မောင့်အစ်ကိုက သူ့ညီအတွက်ဂုဏ်ပြုပါတီလုပ်ပေးပါရစေဆိုတာကြောင့် မောင်တို့အိမ်ကြီးကို သူအပါအဝင် မောင်နဲ့အတူသူ့မိဘနှစ်ပါးပါရောက်နေခဲ့ကြသည်။မိဘတွေချင်းလည်း
သူတို့ဆိုတာက မောင်နဲ့သူရယ် မောင်အစ်ကိုတို့မောင်နှံရယ် ဒါပါပဲ။မောင်နဲ့မောင်အစ်ကိုက ရုပ်ချင်းသိပ်တူတယ်လေ။(၂)နှစ်ကြီး(၂)နှစ်ငယ်လို့မထင်ရဘဲ အမွှာတွေလို့တောင်ထင်ရလောက်မယ်။မောင့်ကို ပြုံးပြီးကြည့်နေလိုက်တာများ သိပ်ချစ်မှန်းသိခဲ့ရပါတယ်။
မောင့်အစ်ကိုဟာ မောင်တို့မိသားစုပိုင်တဲ့လုပ်ငန်းစုတော်တော်များများနဲ့ ပြည်တွင်းပြည်ပခရီးသွားလုပ်ငန်းစုကိုဆက်ခံနေရတဲ့
သူဌေးကြီးအလျောင်းအလျာဆိုလည်းမမှားပါဘူး။အဟွန်း...!ငါလေး သိပ်သိပ်ချစ်ရတဲ့
ငါ့မောင်ကတော့ ဟန်ဆောင်းဆေးရုံနဲ့ဂျွန်
လုပ်ငန်းစုကပိုင်သောဟိုတယ်လုပ်ငန်းတွေကို
ဦးစီးအုပ်ချုပ်နေရတဲ့ ဥက္ကဌသေးသေးလေးပေါ့။
(မှတ်ချက်-မောင့်အစ်ကိုက ဘယ်သူလဲသိချင်ရင် "အမုန်း၏နယ်ခြားမျဉ်းလေး"ကို
ပြန်ဖတ်စေချင်ပါတယ်။)
* အဲ့ဒါမောင့်တို့အိမ်ရဲ့ သားမက်ကြီးလေ...မောင့်ခဲအို ဆိုတာပေါ့။မင်းလိုပဲ သူအရမ်းလှတယ်မလား *
သူတို့စကားဝိုင်းထဲ တစ်ခွန်းတောင်ဝင်မပြောခဲ့ဘဲ ငြိမ်၍နားထောင်နေတဲ့သူဟာ မောင့်ခဲအိုတဲ့လား။ဒါဆို မောင့်အစ်ကိုရဲ့အိမ်ထောင်ဖက်ပေါ့။လှတာကတော့တကယ်လှရက်လွန်းပါတယ်။မျက်နှာလေးကိုမြင်လိုက်ရုံနဲ့ ရင်တစ်ခုလုံးအေးချမ်းသွားစေမယ့်ဖြစ်တည်မှုမျိုးနဲ့ထိုလိုလူက ဘာလို့မောင့်အစ်ကိုလိုဒီလိုလူနဲ့မှဖူးစာဆုံခဲ့ရတာလဲ...?။
ဘယ်ပန်းချီရေးလို့မမှီတဲ့အလှတရားမျိုးနဲ့အမျိုးသားလေးက အဲ့လိုကြောက်စရာမျက်နှာကြီးနဲ့လူရဲ့ယောကျာ်းတဲ့လား။အဆန်းတကြယ်တွေဖြစ်လိုက်ရလွန်းလို့ ဖူးစာရေးနတ်ကိုပဲ နရင်းပြေးရိုက်ချင်ပါတော့တယ်။အဲ့ဖူးစာရေးနတ်တွေ မြှားနတ်မောင်တွေဆိုတာဟာလေ မဟုတ်မဟပ်တွေဆို သိပ်လုပ်ချင်ကြတာပဲ။
* အဲ့လောက်ထိ မငေးစမ်းနဲ့ကွာ...မောင်သဝန်တိုတယ် *
* တိုပဲတိုနိုင်လွန်းတယ်နော်...သတိထားဦး ဟိုဟာပါ တိုဝင်သွားဦးမယ် *
* ဘာတိုရမှာလဲ *
* အရပ်!!! အရပ် !!!မင်းရဲ့ဓာတ်တိုင်လို ရှည်ထွက်နေတဲ့ ဒီအရပ်ကိုပြောတာ *
* တော်ပါသေးရဲ့ဗျာ...ဟူး ! *
* နှာဗူးကောင်!! *
မောင့်အစ်ကိုရဲ့အမျိုးသားကတော့ အနေအေးတဲ့လူထင်တယ်။စကားတွေများများစားစားဝင်မပြောဘဲ မောင့်အစ်ကိုဘေးနားမှာသာအပြုံးမျက်နှာလေးနဲ့ထိုင်နေခဲ့ပြီး အက်စီးဒန့်တစ်ခုကြောင့်ထိခိုက်ထားဖူးတဲ့ သူ့အမျိုးသားရဲ့ခြေထောက်တွေကိုသာဂရုစိုက်ပေးနေခဲ့ပြီး မသိမသာလေးဆုပ်နယ်ပေးနေရှာသည်။
မောင့်အစ်ကိုကလည်း သူ့ခြေထောက်တွေကိုမနှိပ်စေချင်ပုံရပြီး သူ့အမျိုးသားရဲ့လက်လေးတွေကို မလွှတ်တမ်းဆုပ်ကိုင်ထားခဲ့ကာ ကြင်ကြင်နာနာလေးပြန်ငုံ့ကြည့်နေခဲ့ရင်း နားဖျားရဲရဲလေးနားနှုတ်ခမ်းအသာကပ်၍ ဘာတွေပြောလို့ပြောနေကြမှန်းမကြားခဲ့ရပါ။
ဪအချစ်ဆိုတာ ဒီလိုမျိုးများပါလား။
* ငါတို့အိမ်ကအငယ်ဆုံးလေးအတွက် ဂုဏ်ယူတယ်ကွာ...ဒီကဆရာဝန်လေးကို အချစ်တွေနဲ့အပိုင်သိမ်းနိုင်ခဲ့ပြီပေါ့ *
ဒါကြီးက ဘာစကားတုန်း။
အနေအထားကတော့ မောင့်ကြားထဲမှာပေါ့။
သူ့ခုံပေါ်မှာ မောင်ကလက်မောင်းတစ်ဖက်ကိုဖြန့်ခင်းထားလေပြီး ဂျီမင်မျက်နှာကိုအငေး
မပျက်သလို ဝိုင်သောက်လည်းမပျက်ခဲ့။
* ဂျီမင်အမြင်မှာ ဘယ်လိုလဲ.. အစ်ကိုတို့ကြည်နူးနေတာကိုကြည့်ပြီး သဘောတယ်ဟုတ် *
* ဒါပေါ့ ချစ်လို့ယူထားကြတာလောက် စိတ်ချမ်းသာစရာဘယ်ရှိပါ့မလဲ *
* မောင်ပြောပြမယ်..မောင့်အစ်ကိုကချစ်လို့ယူထားတာမှန်ပေမယ့် မောင့်ခဲအိုကတော့ အမုန်းနဲ့လက်ထပ်ခဲ့ရတာလေ *
* ဟင်!ဘယ်လိုကြီးလဲ *
မောင့်အပြောကို သူတကယ်နားမလည်ပါ။
သူလှည့်မကြည့်မိခင်မှာပဲ မောင်ကအရင်
သူ့အနားကပ်လာခဲ့ပြီး မောင့်အစ်ကိုတွေအိမ်ထောင်ရေးအကြောင်း ဖောက်သည်ချလာခဲ့တယ်လေ။မောင့်စကားတွေအရဆို
မောင့်အစ်ကိုက မောင့်ထက်ဆိုးတဲ့လူဆိုးပဲ။
မောင်ကချစ်ဖို့ကောင်းအောင်ဆိုးခဲ့ပြီး မောင့်
အစ်ကိုကတော့ ဆိုးပုံဆိုးနည်းတစ်မျိုးနဲ့ညီအစ်ကိုနှစ်ယောက်လုံး အတွဲညီညီဆိုးခဲ့ကြတာပါလား။မောင့်အစ်ကိုက သူ့အမျိုးသားကိုအကြမ်းနည်းနဲ့ချစ်ရေးဆိုခဲ့တာလေ။
အိမ်ပြန်ဖို့လက်မခံပေးခဲ့လို့ ဆိုင်ကယ်နဲ့
ပွတ်ဆွဲခဲ့တာတွေ။လူရှေ့သူ့ရှေ့မရှောင်
ဖက်နမ်းခဲ့တာတွေရော ဆွဲလားရမ်းလားလုပ်ခဲ့တာတွေရော ယုတ်မာခဲ့တာတွေမှစုံနေတာပဲ။မောင်က မောင့်အစ်ကိုလိုမျိုးမဟုတ်ခဲ့လို့ တကယ်တော်သေးတယ်။
ပြီးတော့ မေ့ဆေးအုပ်ပြီးအတင်းခိုးပြေးခဲ့တယ်တဲ့။ဒါနဲ့တင်အားမရလို့ လူကြီးစုံရာနဲ့
ပြန်အပ်တဲ့နေ့မှာ သူ့ကိုငြင်းရကောင်းမလားဆိုပြီး သူတို့သူငယ်ချင်းတစ်သိုက်ကြိုတင်ကြံစည်ထားတဲ့ နှစ်ဦးကြားကမဟုတ်ကဟုတ်ကတွေပါတဲ့ စီဒီချပ်ကိုဖွင့်ပြပြီး အရှက်ခွဲခဲ့ကြသေးတာဆိုပဲ။
အကွက်ချပြီးတော့ကို လူကိုသိမ်းပိုက်ခဲ့ကြတာက ဘယ်လောက်ထိပဲအချစ်လို့ဆိုဆို
သူ့အတ္တအတွက်ရှေ့တန်းတင်ခဲ့တာလို့ပဲမြင်တယ်။မောင့်အစ်ကိုရဲ့အမျိုးသား မမှားခဲ့ပါဘူး။မုန်းထိုက်ပါတယ်။မုန်းသင့်လို့မုန်းခဲ့တာပဲ..သူ့နေရာမှာ ငါသာဖြစ်ခဲ့ရင်လည်း မောင့်ကိုဘယ်နည်းနဲ့ခွင့်မလွှတ်ပေးဘူး။
မောင်အိမ်ပြန်လိုက်ပို့မယ်လို့ပြောခဲ့တိုင်း
ငါ့ငြင်းခဲ့တယ်လေ..လူကိုဘာမှမလုပ်ခဲ့တာကိုပဲပြန်ပြီးကျေးဇူးတင်ရမလိုဖြစ်နေပြီ။
မောင့်အစ်ကိုလိုမျိုး ငါ့ကိုကားနဲ့တိုက်ပြီး
မခေါ်သွားရုံနဲ့တင်မောင်ကိုတစ်မှတ်တိုးပြီး
ပိုချစ်ပေးပါ့မယ်။
မောင့်ကိုချစ်စိတ်အပြည့်နဲ့မော့ကြည့်မိလေတော့ မောင်က သဘောတကျနဲ့ရယ်နေခဲ့၏။
မောင်ဘာအတွက်ကြောင့်နဲ့ ရယ်နေသလဲသူမသိ..။
* မောင်ဘာတွေရယ်နေသလဲ *
ဒီစေ့စပ်ပွဲသာဖြစ်မလာခဲ့ရင် မောင်ကားတင်ပြေးဖို့ အစီအစဉ္ဆွဲခဲ့သေးတယ် ဆိုတဲ့စကားကိုတော့ မောင်က ထုတ်ပြောခဲ့ခြင်းမရှိဘဲ ထိန်ချန်ထားခဲ့ပါသည်။အခုတောင်ထိတ်ထိတ်လန့်လန့်လေးဖြစ်နေရှာတာ...
မောင်ပြောပြလိုက်မှ မူးမေ့လဲသွားမှာတွေ
မလိုလားဘူးလေ။
* အေးပါ ဒီကောင်!!တော်တော့ဆိုထပ်မသောက်ပါနဲ့ဆိုနေ *
* ဂျောင်ကု!!! တိုးတိုး...ဘာတွေပြောနေမှန်းလဲမသိဘူး *
* ပြီးတော့လေ...မောင့်ကို မုန်းတယ်လို့မပြောပါနဲ့တော့နော် အဲ့စကားက မောင့်အတွက်တော့သေမိန့်ပေးခံလိုက်ရသလိုပဲ အရမ်းဝမ်းနည်းဖို့ကောင်းတယ် *
* မောင့်ကိုချစ်ပေးပါ *
•••••••• လူဆိုးကောင် •••••••
မောင့်မိဘတွေအိမ်မှာပဲ ညအိပ်ခဲ့ကြပြီး
ဒီအိမ်ကနေမှ သူတို့စေ့စပ်မှုကျင်းပမယ့်ဟိုတယ်ကိုတန်းသွားကြဖို့စီစဉ်ထားခဲ့ကြတာ။ဂျီမင်အောက်ထပ်ကိုဆင်းလာတော့
* အစ်ကိုလေးအတွက် ကျွန်မတို့ရဲ့အစ်ကိုလေးက ကားစီစဉ္ပေးထားပါတယ်... *
* ဟုတ်လား...။ကောင်းပါပြီ ဒါဆိုလည်းသွားကြတာပေါ့ *
ခေါင်းလေးကုတ်မိရင်း ယောင်တိယောင်ဝါးနဲ့ရပ်နေမိတုန်း ဟိုတယ်မှနေ မောင်ကားလွှတ်ပေးလိုက်ပြီပြောလာ၍ ညအိပ်ဝတ်စုံနဲ့ပင် ကမန်းကတန်းလိုက်ဖို့ပြင်ရပြန်သည်။
မောင်ဘာတွေလုပ်နေလဲ?ဘာတွေကြံစည်နေတာလဲ။မောင်လွှတ်ပေးလိုက်တဲ့ မောင်အိမ်ကကားအကောင်းဆုံးကြီးပေါ်မှာ လူကတော့ဇိမ်ကျနေရပေမယ့်လည်း ဒီလိုလိုက်မမှီတော့တဲ့အခြေအနေတွေကိုကြည့်ပြီး စိတ်ရှုပ်ရပါသေးသည်။
ဟိုတယ်ရောက်ပြန်တော့လည်း လူကိုအရှေ့ပေါက်ကနေပေးမဝင်ဘဲ အနောက်ပေါက်ကနေသာ အထဲဝင်ခိုင်းကြတာကဘာကြောင့်များလဲ ငါသိလို့ရမလားမောင်။
* မဟုတ်သေးဘူးလေ ကျွန်တော့်ကို ဘယ်ခေါ်သွားကြမလို့လဲ *
သူအော်ပြောလိုက်သော်လည်း ထိုလူတွေက နားမကြားတဲ့လူတွေလို..!စကားမပြောတတ်တဲ့လူတွေလိုပဲ...ကိုယ့်ကိုတစ်ချက်တောင်အဖတ်မလုပ်ခဲ့ကြပါဘူး။သူတို့သွားချင်ရာကို
သာ သွားနေခဲ့ကြတယ်လေ။
လုံခြုံရေးတွေလိုလို သက်တော်စောင့်တွေလိုလိုနဲ့အနက်ရောင်ဝတ်စုံပြည့်ဝတ်ဆင်ထားကြတဲ့လူတစ်စုရဲ့ ပတ်ပတ်လည်ဝန်းရံခြင်းကိုမဆီမဆိုင်နဲ့ခံလိုက်ရသေးတာတွေ မပါသေးဘူး။ဒီစိတ်ရှုပ်စရာအနေအထားကြီးက ဘာကြီးလဲ။
* ဘယ်..ဘယ်သူတွေလဲ ငါ့ကိုလွှတ်ကြစမ်းပါ ဘယ်ခေါ်သွားကြမလို့လဲ *
ငါကနာမည်ကြီးအနုပညာရှင်မဟုတ်သလို ဒိတ်ဒိတ်ကျဲသူဌေးကြီးရဲ့သားတစ်ယောက်လည်းမဟုတ်ဘူးလေ။အခုငါလာတာက ငါစေ့စပ်ပွဲကိုပါနော်...သမ္မတအိမ်တော်ကိုဝင်မယ့်လူမဟုတ်ဘူးလို့!!ဘာလိုတွေတောင်မှလဲ။
အဲ့ဒီလိုနဲ့ ထိုလူတွေဆွဲခေါ်သွားရာနောက်ပါသွားခဲ့ရပြီး ထိုလူတွေကပဲ သူ့ကိုအခန်းကျယ်တစ်ခုထဲပို့ပေးခဲ့ပါသည်။အဖြူရောင်တွေကိုချည်းသုံးထားပြီး ကျူလစ်အဝါလေးတွေနဲ့သာ အလှဆင်ထားတဲ့အခန်းကျယ်ဟာ
ဝါကျင့်ကျင့်မီးသီးလှလှလေးတွေကိုလည်းထွန်းထားသေး၏။
ဂျီမင်ကိုယ်တိုင်ပင် နှုတ်ခမ်းလွှာလေးပွင့်ကျသွားခဲ့ရပြီး အခန်းပတ်လည်ကိုအံအဩဩလေးဖြင့် လှည့်ပတ်ကြည့်နေမိသည်။
သိပ်လှလွန်းတဲ့ဒီအခန်းငယ်က သူတို့စေ့စပ်ပွဲအတွက် သူတို့ပြင်ဆင်ချယ်သရမယ့်အခန်းပဲဖြစ်ရမယ်။မောင့်စီစဉ္ပေးထားမှုကို သူသဘောရပါတယ်။
ဒါပေမယ့်...ဒါကြီးကတော့ နည်းနည်းများပိုနေသလားလို့။စေ့စပ်မှုအတွက်ပြင်ကြရမယ့်အခန်းက ဘယ်လိုဖြစ်လို့လက်ထပ်ပွဲအငွေ့အသက်တွေရနေရတာပါလိမ့်။အခန်းတွင်းသုံးထားတဲ့အရောင်တွေ ပန်းအပြင်အဆင်တွေ အားလုံးအားလုံးဟာသင်္ကာစရာကောင်းမနေပါဘူးဆို။
* မောင့်ဂျီမင်လေး...သဘောကျပါရဲ့လား *
* အွန်း...!ခုဏက မင်းလူတွေလား ငါတကယ်လန့်သွားခဲ့တာ *
မောင်က ပြုံးလိုက်ပြီး မျက်ခုံးတစ်ဖက်ကိုပင့်ပြလာကာ သူ့နဖူးကိုနမ်းပြန်သည်။
မောင်ထွက်သွားသည်နှင့် ဘယ်ကမှန်း
ဂျီမင်ပင် ခပ်ကြောင်ကြောင်လေးဖြစ်သွားရသည်။
စေ့စပ်ရုံလေးကို ဘာလို့မင်္ဂလာဆောင်သလိုမျိုး ရင်ထိုးပန်းတွေနဲ့အလှဆင်ပေးနေကြတာလဲ။ပြီးတော့လည်း လက်ထဲကို ကျူလစ်တွေနဲ့ပင်အလှဆင်ထုံးဖွဲ့ထားတဲ့လက်ကိုင်ပန်းစည်းထည့်ပေးလာကြသေးသည်။အခုဘာတွေလာလုပ်နေကြတာလဲ။
* ဘယ်သူက သတို့သားလဲ!!!! *
* ဒီကအစ်ကိုလေးလေ...ကျွန်မတို့ အစ်ကိုလေးနဲ့အခုပဲယူကြတော့မယ်ဟာကို ဘာလို့လဲဟင် *
ဂျီမင်နားလည်လိုက်ပြီ။ဒီမကောင်းတဲ့ မောင်လူဆိုးကောင်ကတော့ မလှိမ်တပတ်နဲ့ငါ့ကို
လက်ထပ်ဖို့ကြံစည်ရဲတယ်ပေါ့။ဒေါသကြောင့်လား!!ဝမ်းနည်းတာကြောင့်လား!!ခံပြင်းတာကြောင့်လားမသိပေမယ့် ဂျီမင်မျက်နှာလေးသည် အလွန်အမင်းကိုနီရဲနေခဲ့တာမှ မြင်ရက်စရမရှိတော့..!!!။
သူ ချက်ချင်းပင်အခန်းထဲမှ ထွက်သွားဖို့
လုပ်တော့ သူ့အားပြင်ဆင်​ပေးနေတဲ့မိန်းကလေးငယ်တစ်စုသည် ဟန့်တားလာခဲ့ကြပြီး ရှေ့မှပိတ်ရပ်လိုက်သူကပိတ်ရပ်ကြသလို လက်လေးတွေကိုဆွဲထားကြသူတွေလည်းရှိသည်။မောင်နဲ့တွေ့ချင်တာကလွဲပြီး ဘာတွေကိုထပ်ဂရုစိုက်နေရဦးမှာလဲ။
* လျှာမရှည်နဲ့!! *
မိတ်ကပ်ပြင်ရာအခန်းထဲကနေ ခြေလှမ်းကျဲကျဲတွေနဲ့ ထွက်သွားခဲ့ပြီး ဦးတည်ရာကတော့ မောင်ရှိနေမယ့်ခန်းမအတွင်းတစ်နေရာရာကိုပါ။သူထွက်လာခဲ့ရင်းလမ်းတစ်လျှောက်မြင်လာရတာက သူနဲ့မောင့်ရဲ့နာမည်တွေနဲ့ဂုဏ်ပြုထားကြသော ဂုဏ်ပြုပန်းစည်းတွေ!အလှဆင်ထားကြတဲ့ ခပ်လှလှပိုစတာတွေကိုပါပဲ။
မောင် တကယ်အကြံကြီးတာပဲ။လူကိုဘာတစ်ခွန်းမှမပြောဘဲ လက်ထပ်ဖို့လုပ်ရက်တာကိုအံဩရလွန်းလို့ စကားလုံးတွေတောင်ရှာမတွေ့တော့ဘူး။အချိန်စောနေသေး၍သူတို့ပွဲကိုတက်ရောက်ချီးမြှင့်ပေးကြမယ့်ဧည့်သည်တစ်ဦးတစ်လေတောင်မတွေ့ရသေးပါ။
ဒီလိုဆိုတော့ကောင်းတာပေါ့။ထိန်းမယ့်လူကြီးတွေရှိမနေမှတော့ ငါ့စိတ်ကြိုက်လုပ်လို့ရပြီမဟုတ်လား။
* ကျွီ!!!!! *
* ဟင်!! *
* ဂျီမင် ..! *
ပျက်ပြယ်သွားခဲ့ပြီလေ။
သိပ်လှလွန်းတာပါ။ခန်းမတစ်ခုလုံးကို အဖြူရောင်နဲ့အဝါရောင်တွေချည်းပဲရွေးသုံးထားခဲ့ပြီး လျှောက်လမ်းတစ်လျှောက်ကိုလည်း ကြယ်ပန်းဖြူဖြူလေးတွေနဲ့အလှဆင်ထားပေးတာပါ။ကျူလစ်ဝါဝါတွေကို စားပွဲဝိုင်းတွေမှာ မောင်ကိုယ်တိုင်အလှလိုက်ဆင်နေခဲ့တာလေ။
မောင်က ထိုးလတ်စ ပန်းခတ်တွေကို သတိ
မရတော့ဘဲပစ်ချခဲ့လိုက်ပြီး ဂျီမင်အနားကိုပြေးတော့သည်။စိုးရိမ်တကြီးပြေးလာတဲ့မောင့်ကိုတစ်လှည့် စင်မြင့်ထက်မှာနေရာယူထားလေသော သူတို့နှစ်ယောက်ရဲ့နာမည်တွေကိုတစ်လှည့်ကြည့်နေခဲ့ပြီး မျက်ဝန်းကြည်ကြည်လေးတွေခမျာ အရည်လဲ့နေရှာ၏။
မောင့်ကို စိတ်ဆိုးပါတယ်။အခုလိုလုပ်ရပ်မျိုးကိုလွယ်လွယ်နဲ့ခွင့်လွှတ်ပေးစရာဘာရှိမှာလဲ။ကိုယ့်ရဲ့မင်္ဂလာပွဲကိုတောင် ကိုယ်ကိုကိုယ်တိုင်မသိရတဲ့အဖြစ်ဟာ ဝိုင်းပြီးအရူးလုပ်ခံလိုက်ရတာနဲ့ ဘာကွာနေတော့မလဲ။
ဒါပေမယ့် ဒီလိုလုပ်ရက်ခဲ့တဲ့လူက မောင်ကိုယ်တိုင်ဖြစ်နေတယ်လေ။ငါ့ရဲ့မောင်ဖြစ်နေခဲ့တာ။စိတ်ဆိုးပေမယ့်လည်း ငါတတ်နိုင်တာဘာရှိသေးလို့လဲ။သူ့ရှေ့မှာ အနက်ရောင်အနောက်တိုင်းသတို့သားဝတ်စုံဝမ်းဆတ်နဲ့မောင့်ကိုကြည့်ပြီး အဲ့လိုလုပ်လိုက်ချင်ပေမယ့်လည်းလေ...သူ.. သူ ...။
မျှော်လင့်ချက်တွေဖြင့်အရည်တလဲ့လဲ့တောက်နေခဲ့တဲ့ မောင့်မျက်ဝန်းတွေကို ဘယ်လိုအင်အားနဲ့ မျှော်လင့်ချက်မဲ့စေရပါ့မလဲ။ငါမလုပ်နိုင်တော့ဘူး။မောင့်ကိုမငိုစေချင်ဘူး။မောင့်ပုံစံကိုမကြည့်ရက်စွာ မျက်လွှာချပစ်လိုက်ပြီး သက်ပြင်းပဲချလိုက်ရတော့တယ်။
* တော်ပါတော့!!!ငါမောင့်ကိုစိတ်ဆိုးနေသေးတယ် *
* မောင်တောင်းပန်ပါတယ် *
* ငါမောင့်ကိုစိတ်ဆိုးတယ်...ဒါပေမယ့်လည်း
ခန်းမလယ်ထဲမှာ မောင့်ကိုတစ်ယောက်တည်းချန်ထားခဲ့ပြီး နေရာမှလှည့်ထွက်ဖို့ပြင်သည်နှင့် အနောက်ကနေပြေးလိုက်လာပုံရတဲ့မောင့်ဖိနပ်သံတစ်ဂွက်ဂွက်ကို ကြားနေရပါသည်။
* မောင်ပြန်ပို့ပေးမယ် *
••••••••••••••••••••
မျက်ဝန်းအိမ်ကြည်ကြည်လေးထဲမှာ မျက်ရည်ဥတစ်ချို့ ဝေ့သီလာရပြီ။ဒါကိုမြင်တော့ဖေဖေက ခပ်ဖြည်းဖြည်းလေး ခေါင်းယမ်းပြလာခဲ့တယ်။
ပျော်ရမှာပါ *
သူမောင့်ကိုကြည့်နေစဉ္မှာပဲ မောင်ဟာ ဘယ်သူမှ မထင်ထားတာကိုလုပ်ခဲ့ပြန်ပါသည်။မောင်က သတ်မှတ်ပေးထားတဲ့နေရာကနေဆင်းချလာခဲ့ပြီး လျှောက်လှမ်းထက်တစ်လှမ်းချင်းလှမ်းရင်း သူရှိဆီလာနေခဲ့သည်။
စင်မြှင့်အောက်က ပွဲလာဧည်သည့်တွေကိုမသိမသာအကဲခတ်မိတော့ အားလုံးဟာမချိုမချဉ္မျက်နှာထားတွေဖြင့် ပြုံးတဲ့လူကပြုံးနေကြသလို...အချင်းချင်းတီးတိုးပြောနေကြသူတွေလည်းရှိသည်။
* ငါမငြင်းပါဘူး *
မောင့်ဂျီမင်လက်လေးတစ်ဖက်ကို မြတ်မြတ်နိုးနိုးဆုပ်ကိုင်ထားပြီး လျှောက်လမ်းထက်အတူယှဉ္တွဲလျှောက်ရတဲ့ဖီလ်လင်ဟာ
မောင့်ကို လေပေါ်ထိပျံ့ဝဲစေနိုင်ပါတယ်တဲ့။
* မောင်မယုံနိုင်သေးဘူးဗျာ...မောင့်တို့အခုလက်ထပ်နေကြတာပေါ့နော်...မောင့်ဂျီမင်က မောင့်အပိုင်လေးတကယ်ဖြစ်လာခဲ့ပြီ ဟီး *
* မောင်ပျော်လို့ပါ *
* ဟုတ်ကဲ့ပါ *
စင့်မြှင်အောက်ကနေ တိုးထွက်လာသောလက်ခုပ်သံတွေဟာလည်း တသောသောနဲ့ကိုညံစာကျဲနေပေတာမို့ မသိရင် မိုးစက်မိုးဖျောက်လေးများကျဆင်းနေသလိုလို...။
တစ်ဆတ်တည်းမှာဆိုသလို မောင့်လက်သွယ်သွယ်တွေနဲ့ မောင့်လက်ဖဝါးကြီးကြီးတစ်ဖက်ဟာ ဂျီမင်ခါးထက်ရစ်သိုင်းလာခဲ့ပြီး
မောင့်ရဲ့ချိုမြိန်လွန်းသောအပြုံးလေးနဲ့အတူ သူ့မျက်နာနားထိ မောင့်မျက်နှာကြီးကငုံချလာနေပြီမို့ မျက်လုံးတွေကိုမှိတ်ချပေးလိုက်ရတော့သည်။
ယနေ့မှစကာ မောင်နဲ့မောင်ဂျီမင်သည် အကြင်မောင်နှံတွေအဖြစ် တရားဝင်အရာမြောက်ခဲ့ကြပါပြီ။
Continue Reading
You'll Also Like
1.1M 19.1K 44
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...
84.4K 5.6K 40
" အမြဲတမ်းချစ်ပေးနေခဲ့ပေမဲ့ တစ်ဖက်ကအချစ်မခံနိုင်တဲ့အခါ ပြန်ရုတ်သိမ်းသွားရုံပေါ့"
22.4K 3.3K 14
12.9K 1.6K 5