Slowly Falling For Changkong...

By ANyein_26

50.2K 5.4K 165

COMPLETED โœ”๏ธ Author - Ban Li Zi , Chestnut Chapter - 56 + 10 extras Started Date -1.9.2022 Ended Date- 22.1... More

Description
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18.1
Chapter-18.2
Chapter-19
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter-31
Chapter-32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-39
Chapter-40
Chapter-41
Chapter-42
Chapter-43
Chapter-44
Chapter-45
Chapter-46
Chapter-47
Chapter-48
Chapter-49
Chapter-49
Chapter-50
Chapter-51
Chapter-52
Chapter-53
Chapter-54
Chapter-55
Chapter-56
Chapter-57 ( แ€›แ€พแ€”แ€บแ€ทแ€”แ€ฝแ€™แ€บแ€กแ€แ€ปแ€•แ€บแ€•แ€ญแ€ฏ - แ )
Chapter-58 ( แ€›แ€พแ€”แ€บแ€ทแ€”แ€ฝแ€™แ€บแ€กแ€แ€ปแ€•แ€บแ€•แ€ญแ€ฏ - แ‚ )
Chapter-59 ( แ€›แ€พแ€”แ€บแ€ทแ€”แ€ฝแ€™แ€บแ€กแ€แ€ปแ€•แ€บแ€•แ€ญแ€ฏ - แƒ )
Chapter-60 ( แ€›แ€พแ€”แ€บแ€ทแ€”แ€ฝแ€™แ€บแ€กแ€แ€ปแ€•แ€บแ€•แ€ญแ€ฏ - แ„ )
Chapter-61 ( แ€œแ€€แ€บแ€‘แ€•แ€บแ€แ€ฝแ€„แ€บแ€ทแ€แ€ฑแ€ฌแ€„แ€บแ€ธแ€แ€ผแ€„แ€บแ€ธ )
Chapter-62 ( แ€œแ€€แ€บแ€‘แ€•แ€บแ€‘แ€ญแ€™แ€บแ€ธแ€™แ€ผแ€ฌแ€ธแ€แ€ผแ€„แ€บแ€ธ )
Chapter-63 ( แ€€แ€œแ€ฑแ€ธแ€œแ€ฑแ€ธ )
Chapter-64 ( Date )
Chapter-65 ( แ€•แ€ผแ€ฑแ€ฌแ€„แ€บแ€ธแ€›แ€ฝแ€พแ€ฑแ€ทแ€แ€ผแ€„แ€บแ€ธ )
Chapter-66 ( แ€แ€ฑแ€ทแ€›แ€ญแ€แ€ปแ€”แ€บ ) The End

Chapter-20

717 96 2
By ANyein_26



ညခုနစ်နာရီ၌ ရှန့်ချန်ခုန်း အော်ဒါမရတော့သည့်အချိန်တွင် သူ့အခြေအနေအား busy လုပ်ထားလိုက်သည်။ သူ ရွှီလျန်ကိုအကြာကြီးမစောင့်နေစေချင်သလို ဗိုက်လည်းအဆာမခံစေချင်သည့်အတွက် သူ အပြေးအလွှားသွားကာ ရှစ်နာရီတိတိတွင် သူမအခန်းဘဲလ်ကိုတီးလိုက်၏။

"ရှန့်ချန်ခုန်း ရှင်ရောက်လာပြီပဲ"

ရွှီလျန် အိမ်ရှေ့တံခါးကိုဖွင့်ပေးလျက် သူ့ကိုနှုတ်ဆက်၏။

သူ ရွှီလျန်ကိုတွေ့တော့ ရှန့်ချန်ခုန်းစိတ်တွေ ဟိုရောက်သည်ရောက် ရောက်သွားတော့သည်။ အထူးသဖြင့် သူမ၏လှစ်ဟပြထားသောလည်ပင်းပေါ်ရှိအမှတ်အသားများကို သူမြင်သွားသည့်အချိန်၌ပင်...

သူတို့နှစ်ယောက်ပြီးမြောက်ခြင်းများ၏အမှတ်အသားများ....

"......."

ရုတ်တရက် ရှန့်ချန်ခုန်းမျက်နှာနီမြန်းလာရကာ သူ့အသက်ရှုသံတွေဟာလည်းပြောင်းလဲလာ၏။

"အထဲဝင်လာခဲ့လေ"

ရွှီလျန် ခါးကိုင်း၍ သူ့အတွက် အိမ်တွင်းစီးဖိနပ်တစ်စုံကိုထုတ်ပေး၏။ သူ ဖိနပ်စီးလိုက်သည်နှင့် ရှန့်ချန်ခုန်းသည် တစ်စုံတစ်ရာအားသတိပြုမိသွားသည်။ ဒီတစ်စုံက အရင်တစ်ခေါက် သူစီးခဲ့တဲ့ဟာနဲ့မတူတဲ့တစ်စုံပဲ.. ဒီဟာကအသစ်ကျပ်ချွတ်ပဲ။

"ဒီ...ဒီဟာကအသစ်လား?"

"အင်း"

ရွှီလျန် ခေါင်းညိတ်လျက်
"ကျွန်မ စူပါမားကတ်မှာတွေ့လို့.. အပြာရောင်ကရှင်နဲ့လိုက်မယ်ထင်လို့လေ ကျွန်မဝယ်ခဲ့လိုက်တာ၊ ရှင် အခုကစပြီးဒါကိုစီးလို့ရတယ်"

သူ့အကြည့်တွေလျော့သွားပြီး ဖိနပ်စီးလိုက်၏။

ထို့နောက်...

"ရှင့်လက်ထဲကဘာတွေလဲ"

ရွှီလျန်မေးတော့ ရှန့်ချန်ခုန်း သူမကိုအိတ်ကမ်းပေးလိုက်သည်။

"အာ ကိုယ် ဒီကိုလာတဲ့လမ်းမှာဝယ်ခဲ့တဲ့ဖက်ထုပ်ကြော်တွေ ကိုယ်မင်းဗိုက်ဆာနေမှာကိုစိုးရိမ်လို့ အဲဒါကြောင့် လောလောဆယ် ဒါတွေကိုမင်းအရင်စားထားလို့ရတယ်"

"ဟုတ်ပြီ ကျွန်မပန်းကန်သွားယူလိုက်မယ်"

ရွှီလျန် မီးဖိုချောင်ထဲသွားပြီး ပန်းကန်တစ်ချပ်၊ပန်းကန်လုံးနှစ်လုံးနှင့်တူနှစ်စုံယူလာခဲ့သည်။ စားပွဲပေါ်နေရာချနေရင်းဖြင့် သူမကဆို၏။

"ရှင်လဲစားလေ"

"မစားတော့ပါဘူး ကိုယ်ဟင်းချက်လိုက်ဦးမယ်"

ရှန့်ချန်ခုန်းပြန်ဖြေ၏။ ထို့နောက် သူက သူ့အိတ်ထဲမှအိတ်သေးသေးလေးကို ဖြည်းဖြည်းချင်းထုတ်လျက် ရွှီလျန်ကိုပေးလိုက်သည်။

"ဒါ...ဒါကမင်းအတွက်"

ရွှီလျန်မှာ ယခုလေးတင် ဖက်ထုပ်ကိုတစ်ကိုက်စားလိုက်ခြင်းဖြစ်သည်။ ရှန့်ချန်ခုန်းစကားကိုကြားတော့ သူမ သူ့ကိုမော့ကြည့်၏။ သူ့လက်ထဲ၌ အိတ်ပေါ်တွင်ယုန်နားရွက်လေးတစ်စုံရိုက်နှိပ်ထားသော ပန်းရောင်စက္ကူအိတ်သေးသေးလေးတစ်အိတ်ရှိနေသည်။ ဒါက BUNNY logo ပဲ...

"နှုတ်ခမ်းနီ?"

"အင်း"

ရှန်ချန်ခုန်းက အခြားဘာမှထပ်မပြော ၊ ထို့ကြောင့် ရွှီလျန်က အိတ်ကိုယူပြီး နှုတ်ခမ်းနီကိုထုတ်ကြည့်လိုက်သည်။

"အာ ဒီဟာလေးပဲ.. ကျွန်မ ဒါကိုဝယ်ချင်နေခဲ့တာ ဒါပေမဲ့ နောက်ဆုံးတစ်ခေါက် ကျွန်မသွားမေးတုန်းကပစ္စည်းပြတ်နေခဲ့တာ"

ရွှီလျန် ခေါင်းမော့၍ ရှန့်ချန်ခုန်းကိုပြုံးပြလျက်

"ကျေးဇူးပဲနော်"

"ရ..ရပါတယ် ဘာမှမဟုတ်ပါဘူး"

ရွှီလျန်နှုတ်ခမ်းပါးတွေ နည်းနည်းလေးကော့တက်သွား၏။ သူမ ဧည့်ခန်းထဲကပြေးထွက်သွားပြီး မှန်အသေးလေးတစ်ချပ်သွားယူလာခဲ့သည်။

"ကျွန်မစမ်းကြည့်လိုက်မယ်"

ရွှီလျန်မှာ နှုတ်ခမ်းနီဖျော့ဖျော့လေးဆိုးထားသည့်အတွက် အများကြီးထပ်ဆိုးစရာမလိုတော့ ၊ နှုတ်ခမ်းနီဆိုးပြီးနောက် သူမက နှုတ်ခမ်းကိုနည်းနည်းပွတ်လိုက်သည်။ အရောင်က မက်မွန်ရောင်သန်းနေသောအနီရောင်ဖြစ်၏။ သူမကဝိုင်နည်းနည်းသောက်ထားပြီး ဝိုင်ကသူမနှုတ်ခမ်းကို မတော်တဆ စွန်းထင်းသွားသလိုမျိုး....

သူမ အနားမှာမတ်တပ်ရပ်နေသည့်ရှန့်ချန်ခုန်းဘက်ကိုလှည့်၍မေး၏။

"ဘယ်လိုလဲ?"

"လှတယ် ကြည့်ကောင်းတယ်"

ရှန့်ချန်ခုန်းသည် သူ ရွှီလျန်အနားမှာရှိနေသည့်အချိန်ဆို အမြဲလိုလိုတုံ့ဆိုင်းသွားတက်သည်။

ရွှီလျန်ထပ်ပြုံးလိုက်ပြန်သည်။ ရှေ့သို့ခြေတစ်လှမ်းလှမ်း၍ ရှန့်ချန်ခုန်းလည်ပင်းအား သူမလက်ဖြင့်ဖက်တွယ်ပြီး ခြေဖျားထောက်ရပ်လိုက်၏။ ထို့နောက် သူ့လည်ပင်းနားကို သူမအနမ်းပေးကာ ထင်ရှားပြတ်သားသောနှုတ်ခမ်းနီရာတစ်ခု ချန်ထားလေသည်။

"အင်း လှတယ်"

ရှန့်ချန်ခုန်း "......."

သူ့တစ်ကိုယ်လုံးတောင့်ခဲသွားသော်လည်း သူ့လည်ပင်းမှာမူ ချက်ချင်းအနီရောင်ပြောင်းသွားပြီး သူ့နားရွက်တွေမှာလည်း လောင်ကျွမ်းနေသကဲ့သို့ပင်။

ရွှီလျန်မှာ စားပွဲကိုမှီရင်းရယ်နေလေသည်။ ခဏကြာပြီးနောက် ရှန့်ချန်ခုန်းမှာ အသိစိတ်ပြန်ဝင်လာတော့၏။ ထစ်ထစ်ငေါ့ငေါ့နှင့်သူပြောလာသည်။

"ကိုယ်...ကိုယ်သွားချက်လိုက်တော့မယ်"

ထိုသူမှာ အလွန်အထိတ်တလန့်ဖြစ်နေသောကြောင့် သူ့လည်ပင်းကနှုတ်ခမ်းရာကိုဖျက်ပစ်ဖို့တောင် မေ့လျော့နေခဲ့သည်။ ရွှီလျန်ကလည်း သူ့ကိုသတိမပေး ၊ ထိုအစား သူမလည်း မီးဖိုချောင်ထဲသို့ သူ့အနောက်မှလိုက်သွားတော့သည်။

ရေခဲသေတ္တာကိုဖွင့်ရင်း ရွှီလျန် ရှန့်ချန်ခုန်းကိုကြည့်လိုက်သည်။ သူက ပစ္စည်းတွေကိုကြည့်လျက်

"ကိုယ်တို့ပုဇွန်ကြက်သွန်ဖြူနဲ့သုံးရောင်ခြယ်ကြက်သား*ရယ် ဂျုံခေါက်ဆွဲဟင်းချိုရယ်ချက်လို့ရတယ် အဆင်ပြေတယ်မလား?"

( * ကြက်သားကိုသခွါးသီးနဲ့မုန်လာဥနီနဲ့ရောကြော်တာ )

"ရှင်ကစားဖိုမှူးပဲလေ ကျွန်မရှင့်စကားနားထောင်မယ်"

"ကောင်းပြီ ဒါဆို ဒါတွေကိုအရင်ဆေးလိုက် ကိုယ်ပုဇွန်ကိုင်လိုက်မယ်"

ရှန့်ချန်ခုန်းသည် ကြာဥ၊ဆလရွတ်နှင့်မုန်လာဥနီနည်းနည်းကိုယူ၍ ရွှီလျန်ကိုပေးလိုက်သည်။ ပြီးနောက် သူ ပုဇွန်အခွံစနွှာတော့သည်။

ရွှီလျန်မှာ ဟင်းချက်အတွေ့အကြုံအများကြီးမရှိပေ ၊ ထို့ကြောင့် သူမ ဓားကိုင်လိုက်သည့်အချိန်၌ နည်းနည်းစိတ်လှုပ်ရှားနေ၏။ သို့သော်လည်း ရွှီလျန်သည် သူမအလုပ်အကိုင်ကြောင့် အတန်အသင့် လက်ယဉ်နေပြီးသားပင်။ ဒါ့အပြင် ရှန့်ချန်ခုန်းကလည်း သူမကို ကူညီအကြံပေးထားသည့်အတွက် မုန်လာဥနီတွေကိုစ၍လှီးဖြတ်တော့သည်။

သူမ မုန်လာဥနီကိုလှီးဖြတ်ပြီးသည့်အချိန်တွင် ရှန့်ချန်ခုန်းမှာလည်း ပုဇွန်အတော်များများကိုအခွံနွှာပြီးသွားခဲ့ပြီ။ သူက ရွှီလျန်ထံမှမီးဖိုချောင်သုံးဓားကိုယူ၍

"ကိုယ်လှီးလိုက်မယ် ဂျုံခေါက်ဆွဲကိုရေနည်းနည်းထည့်ပြီးပဲငံပြာရည်နဲ့ရောမွှေလိုက်"

"အိုကေ"

ရွှီလျန် ပန်းကန်အကြီးတစ်လုံးကိုထုတ်ပြီး ဂျုံခေါက်ဆွဲထည့်လိုက်သည်။ သူမလှည့်ကြည့်လိုက်ချိန်၌ ရှန့်ချန်ခုန်း၏လက်ရာမြောက်သောနည်းစနစ်ကြောင့် သူမ ရင်ခုန်သွားရ၏။

"ရှင်လှီးတာအရမ်းမြန်တာပဲ ရှင့်လက်ကိုမတော်တဆရှသွားမှာမကြောက်ဘူးလား"

"ကြိုးစားရင်ဘုရားတောင်ဖြစ်နိုင်တယ်တဲ့.. ကိုယ်ကအကျင့်ဖြစ်နေပြီ"

"အာ...."

ရွှီလျန် ခေါက်ဆွဲပန်းကန်နားပဲပြန်သွားလိုက်ကာ ပန်းကန်ထဲရေဖြည့်ရန် ရေဘုံပိုင်ခေါင်းကိုဖွင့်လိုက်သည်။ ခဏကြာပြီးနောက် ရေစင်အောင်စစ်ထားပြီး ပဲငံပြာရည်တစ်ပုလင်းကိုထုတ်ယူ၏။

"ပဲငံပြာရည်ဘယ်လောက်ထည့်ရမှာလဲ"

"နည်းနည်းပဲ အများကြီးလောင်းမထည့်လိုက်နဲ့"

ရွှီလျန် ခဏတွေးကြည့်ပြီး မေး၏။

"ကျွန်မ အစက်ချဖန်ပြွန်လိုသေးလား?"

"......."

အသီးအရွက်တွေလှီးနေသော ရှန့်ချန်ခုန်းလက်မှာ အတန်ကြာရပ်တန့်သွားခဲ့၏။

"အစက်ချဖန်ပြွန်?"

ရွှီလျန်ခေါင်းညိတ်ပြ၏။

"ကျွန်မရဲ့ဂျစ်ပဆမ်ကဒ်တွေလုပ်တဲ့အချိန်ဆို တခါတလေ ရေအချိုးအစားနဲ့ဂျစ်ပဆမ်ကို သေချာအာရုံစိုက်ရတယ်လေ.. ကျွန်မရေနည်းနည်းပဲလိုတဲ့အချိန်ဆိုရင် ဘယ်လောက်ထည့်ရမလဲဆိုတာကိုထိန်းညှိဖို့အတွက် အစက်ချဖန်ပြွန်ကိုသုံးရတယ်"

ရှန့်ချန်ခုန်း အောက်နှုတ်ခမ်းကိုကိုက်လျက်

"ဟင်းချက်တဲ့နေရာမှာ ကိုယ်တို့အဲလောက်ထိအတိအကျဖြစ်နေဖို့မလိုဘူး မျက်မှန်းထည့်လို့ရတယ်"

"ကောင်းပြီ"

ရွှီလျန် ပဲငံပြာရည်ဘူးကိုဖွင့်နေရင်း သူ့ကို မခံချင်အောင် နည်းနည်းလောက်မစဘဲမနေနိုင်တော့။

"ဒါပေမဲ့ ကျွန်မကမချက်တက်ဘူးလေ.. လူတွေကအမြဲတမ်း သေးသေးလေး၊နည်းနည်း၊သင့်တော်တဲ့ပမာဏလောက်ပဲဆိုပြီးပြောနေကြတာ ဒါပေမဲ့ နောက်ဆုံးကျတော့ အဲဒါကဘယ်လောက်ထိကိုပြောနေတာလဲ?"

ရှန့်ချန်ခုန်းပြုံးလျက်

"မင်းကဒီလိုအရာမျိုးတွေကိုအသားကျနေရမယ်လေ"

ရွှီလျန်ပြန်မဖြေဘဲ သူမလက်ထဲကပဲငံပြာရည်ပုလင်းကိုစိုက်ကြည့်ပြီး ခေါက်ဆွဲထဲနည်းနည်းလောက်အစက်ချလိုက်၏။

"ဒီလောက်ဆိုရင်ရော? ရပြီလား?"

"ရပြီ မင်း ပုဇွန်ထဲကိုလည်းဟင်းချက်ဝိုင်နည်းနည်းထည့်လိုက် ပြီးရင် တူနဲ့နည်းနည်းမွှေလိုက်"

"ဝိုင်ဘယ်လောက်ထည့်ရမှာလဲ?"

ရှန့်ချန်ခုန်းရယ်ပြီးပြောလိုက်သည်။

"သင့်တော်တဲ့ပမာဏလောက်"

ရွှီလျန် "........"

ရှန့်ချန်ခုန်းက အသီးအရွက်တွေအားလုံးလှီးဖြတ်ပြီးတော့ ပန်းကန်အသေးတစ်လုံးထဲပြောင်းထည့်လိုက်သည်။ ထို့နောက် ကြက်သွန်ဖြူအမွှာအသေးတစ်ခုအား နုပ်နုပ်စဉ်းကာ ရွှေရောင်ပြောင်းလာသည်အထိကြော်လှော်ပြီး ဝိုင်နှင့်နှပ်ထားသောပုဇွန်ထဲသို့လောင်းထည့်လိုက်၏။

"အိုကေ အခု ကိုယ်တို့ဒါကိုဆယ်မိနစ်လောက်ပေါင်းထားလိုက်မယ်"

ရွှီလျန်သည် ပုဇွန်ချက်ဖို့ရာ ဒီလောက်ထိရိုးရှင်းမယ်မှန်းမထင်ထားခဲ့ပေ။

"ကျွန်မတို့အခုဘာလုပ်ကြမလဲ"

"ကြက်သွန်နီနည်းနည်းရေဆေးပြီးတော့နုပ်နုပ်စဉ်းထားလိုက်.. ပုဇွန်ချက်ထားတုန်း ကိုယ်ကကြက်သားကြော်ထားလိုက်မယ်"

"အိုကေ"

ရွှီလျန်သည် ကြက်သွန်နီကိုနုပ်နုပ်စဉ်းရတာက မုန်လာဥနီကိုလှီးရတာထက် ပိုပြီးလွယ်ကူကြောင်းသိလိုက်ရ၏။

လူနှစ်ယောက်ကမီးဖိုချောင်ကောင်တာနားတွင်ရပ်နေကြပြီး တစ်ယောက်ချင်းစီဟာ သူတို့အလုပ်ကိုယ်စီနှင့်အလုပ်များနေကြသည်။ ရှန့်ချန်ခုန်းမှာ ရွှီလျန်အား တိတ်တိတ်လေးခိုးကြည့်လိုက်လျှင် နွေးထွေးချိုမြိန်လှသည့်ခံစားချက်လေးက သူ့နှလုံးသားထဲမှတစ်ရှိန်ထိုးတက်လာခဲ့၏။

သူတို့နှစ်ယောက်ကကြင်စဦးမောင်နှံတွေအတိုင်းပဲ...

သူတို့တွေအလုပ်များနေကြကာ ရှစ်နာရီခွဲမှာတော့ ဟင်းပွဲအားလုံးကိုပြင်ဆင်ပြီးသွားပြီဖြစ်သည်။ ရွှီလျန်က ရှန့်ချန်ခုန်းအား ပန်းကန်ပြားတွေကိုစားပွဲပေါ်ကူသယ်ပေးပြီး မွှေးကြိုင်သောထမင်းနှစ်ပန်းကန်ကိုလည်း အပြင်ကူသယ်ပေးလာခဲ့၏။ သူမက ယနေ့မနက်ကပဲ Starlight စိုက်ပျိုးရေးခြံကနေ ဆန်ဝယ်လာခဲ့ခြင်းဖြစ်သည်။ အရောင်းစာရေးပြောတာတော့ သူတို့က သူတို့ဆန်တွေကို ကိုယ်တိုင်စိုက်ပျိုးကြတာတဲ့။

"အာ ဒီထမင်းအနံ့လေးကတကယ်မွှေးတာပဲ သူ့ဈေးနဲ့တကယ်တန်တယ်"

ရွှီလျန် သူမဖုန်းကိုထုတ်၍ စားပွဲပေါ်ကအသားအသောက်တွေကိုပုံအချို့ရိုက်ယူလိုက်၏။

"ကျွန်မအမေကိုပို့ပေးလိုက်ဦးမယ် အဲတာဆို အမေက ကျွန်မကခေါက်ဆွဲပဲချက်တက်တယ်ဆိုတဲ့အကြောင်းပြောတာရပ်သွားလိမ့်မယ်"

ရွှီလျန်က သူမရိုက်ထားတဲ့ဓာတ်ပုံတွေကို သူမအမေကိုပို့ပေးပြီး မက်ဆေ့ချ်ထပ်ပို့လိုက်၏။

[ အိမ်ချက် ]

သူမအမေက ချက်ချင်း အသံမက်ဆေ့ချ်တစ်စောင့်ပို့လာ၏။ ရွှီလျန် မက်ဆေ့ချ်ကို နားထောင်ရန်နှိပ်လိုက်တော့ သူမအမေပြောထားသည်အားကြားလိုက်ရသည်။

[ ကောင်မလေး နင်ကောင်လေးရနေပြီလား? စားပွဲပေါ်မှာဘယ်လိုလုပ်ထမင်းနှစ်ပန်းကန်ရှိနေရတာလဲ? ]

ရှန့်ချန်ခုန်း "..........."

ရွှီလျန်မှာ အသံသွင်းခလုတ်ကိုနှိပ်လျက် သူမအမေအား အသံမက်ဆေ့ချ်ပြန်ပို့၏။

[ အမေပြန်ရောက်တဲ့အချိန်ကျရင် သမီး သူ့ကို အမေနဲ့မိတ်ဆက်ပေးမယ် ]

ရှန့်ချန်ခုန်း ထိတ်လန့်သွားပြီး သူမကိုမော့ကြည့်လိုက်သည်။ ဒါကို သူမရဲ့အသိအမှတ်ပြုမှုလို့ယူဆလို့ရနိုင်တယ်မလား?

ရွှီလျန်သည် မက်ဆေ့ချ်ပို့ပြီးနောက် သူမဖုန်းကိုပြန်ချထား၏။ သူမတူကိုကောက်ကိုင်၍ စတင်စားသောက်တော့မည့်အချိန်၌ ရှန့်ချန်ခုန်းမှာ သူမအား စားပွဲရဲ့အခြားတစ်ဖက်မှကြည့်နေကြောင်း သတိပြုမိလိုက်သည်။

"ဘာဖြစ်လို့လဲ ရှင်ဘာလို့မစားတာလဲ?"

ရှန့်ချန်ခုန်းမှာ စက္ကန့်အနည်းငယ်လောက်တုံ့ဆိုင်းနေမိ၏။ သို့သော် ယခုအချိန်မှာ တစ်ခုခုပြောပြီး ကိစ္စတွေကိုရှင်းလင်းထားတာပိုကောင်းတယ်။

"စောနက မင်း မင်းအမေကိုပြောလိုက်တာက....မင်းတကယ်ပြောနေတာလား?"

"ဘာကိုလဲ? ရှင့်ကိုသူမနဲ့မိတ်ဆက်ပေးဖို့ကိုလား?"

ရွှီလျန် စောင်းငဲ့ကြည့်လျက်

"ရှင်ကမလုပ်ချင်ဘူးလား?"

"မဟုတ်ပါဘူး မဟုတ်ဘူး"

ရှန့်ချန်ခုန်း သူ့လက်ထဲကတူကိုတင်းတင်းဆုပ်ကိုင်ထား၏။ သူ ရွှီလျန်ကို စေ့စေ့ကြည့်ရန်ကြောက်လန့်နေမိသည်။

"အခု ကိုယ်တို့ရဲ့ဆက်ဆံရေးကဘာလဲ?"

ရွှီလျန် ချက်ချင်းအဖြေပြန်မပေးဘဲ ထိုအစား သူ့ကိုစိတ်ဝင်တစားကြည့်နေ၏။ အခန်းတွင်းရှိတိတ်ဆိတ်နေမှုက အလွန်လွှမ်းမိုးလာသောကြောင့် ရှန့်ချန်ခုန်းမှာ ခက်ခက်ခဲခဲအသက်ရှုနေရသည်။

"ရှင်ကဒါကိုဘယ်လိုထင်လဲ"

ရွှီလျန်ကသူ့ကိုပြန်မေးလိုက်သည်။

"သူငယ်ချင်းကောင်းလား? ဒါမှမဟုတ်......."

"မဟုတ်ဘူး မဟုတ်ဘူး.........."

ရှန့်ချန်ခုန်းမှာမူ ဤအတွေးတွေကိုငြင်းဆိုရန် အလွန်စိုးရိမ်ကြောင့်ကျနေသော်လည်း သူ အခြားမည်သည်မှလည်းမပြောနိုင်ပေ။

"မဟုတ်ရင် ဒါဆို ချစ်သူရည်းစားတွေဖြစ်ရမှာမလား ဟုတယ်မလား? ဒါမှမဟုတ် ရှင်ကကစားနေတာလား?"

"ကိုယ်ကစားနေတာမဟုတ်ဘူး"

"ကျွန်မလဲမဟုတ်ဘူး"

စကားပြောနေရာမှ ရုတ်ခြည်းအပြီးသတ်သွားခဲ့သည်။ နောက်တစ်ဖန် ရှန့်ချန်ခုန်းမျက်နှာနီမြန်းလာသည်အထိ သူတို့တွေ တစ်ယောက်နှင့်တစ်ယောက်စိုက်ကြည့်နေကြ၏။ သူက

"စား စားတော့ ဟင်းတွေအေးသွားရင်အရသာကောင်းတော့မှာမဟုတ်ဘူး"

"အင်း"

ယနေ့ ရှန့်ချန်ခုန်းက သူမအား ဟင်းချက်နည်းသင်ပေးရန် ဒီကိုရောက်လာခဲ့ခြင်းဖြစ်သော်လည်း တကယ်တမ်း သူမအများကြီးမလုပ်ခဲ့ရပေ။ ရွှီလျန် အရင်က ရှန့်ချန်ခုန်းချက်ထားတာတွေကိုမစားဖူးတာကြောင့် သူမ ပုဇွန်ကြက်သွန်ဖြူကိုတစ်လုတ်စားလိုက်သည့်အချိန်တွင် ရွှီလျန်အံ့အားသင့်သွား၏။

"ဒါကအရသာရှိလိုက်တာ ဒီပုဇွန်ကြက်သွန်ဖြူက စားသောက်ဆိုင်မှာစားရတဲ့အတိုင်းပဲ အရမ်းကောင်းတယ်"

ပုံမှန်အားဖြင့် ရှန့်နွမ်က သူ့ဟင်းချက်ပြုတ်စကေးကိုအမြဲချီးကျူးတက်၏။ သို့သော်လည်း ရွှီလျန်ကချီးကျူးလာချိန်မှာတော့ ရှန့်ချန်ခုန်းရင်တဒိန်းဒိန်းခုန်လာတော့သည်။

"ဒါဆို မင်းများများစားသင့်တယ်"

ရှန့်ချန်ခုန်းသည် ရွှီလျန်နားသို့ ပန်းကန်ကိုတွန်းပေးလိုက်၏။ ရွှီလျန်မှာ သူ့ပန်းကန်ထဲ၌ ထမင်းမှလွဲ၍တခြားဘာမှမရှိမှန်း သတိပြုမိသွားသည်။ ထို့ကြောင့် သူမက ပုဇွန်အကြီးဆုံးကိုယူ၍ သူ့ပန်းကန်ထဲထည့်ပေးလျက်

"များများစား"

"အာ ကိုယ် ကိုယ့်ဘာသာထည့်လို့ရပါတယ်"

ရွှီလျန် ထိုည၌ ထမင်းနှစ်ပန်းကန်၊ဟင်းနှစ်ပွဲနှင့် ရှန့်ချန်ခုန်းထည့်ပေးသောဟင်းချိုတစ်ခွက်အားစားခဲ့သည်။ သူမ ပန်းကန်တွေကိုဆေးကြောပြီးနောက် ရွှီလျန်မှ နည်းနည်းစိုးရိမ်စပြုလာ၏။ ဒီညအများကြီးစားထားဆိုတော့ မနက်ဖြန်မနက်ကျရင် သူမကျိန်းသေပေါက်ထပြေးဖို့လိုတယ်။

"မင်းတကယ်ပဲကိုယ့်အကူအညီမလိုဘူးလား?"

ရှန့်ချန်ခုန်းက မီးဖိုချောင်တံခါးနားတွင်ရပ်နေရင်း ဘေစင်နားရှိရွှီလျန်အားကြည့်နေ၏။ ရွှီလျန်ခေါင်းရမ်းရင်းပြောလိုက်သည်။

"မလိုဘူး ကျွန်မအစားများသွားလို့အစာခြေဖို့လိုတယ်.. ကျွန်မ နောက်တစ်ခေါက်ကျရင် ပန်းကန်ဆေးစက်ဆင်ထားလိုက်မယ်"

အရင်က သူမတိုက်ခန်း၏အပြင်အဆင်ကို သူမစီစဉ်တုန်းက oven အတွက် နေရာနည်းနည်းချန်ထားရန်အတွက်သာ သတိရခဲ့သည်။ သူမ ပန်းကန်ဆေးစက်ထားဖို့ကို လုံးဝမေ့သွားခဲ့၏။ အဆုံးမှာတော့ oven ကို တစ်ကြိမ်လေးတောင် မသုံးခဲ့ဖူးဘဲ မကြာမကြာ သူမ ပန်းကန်တွေကိုပဲဆေးနေခဲ့ရသည်။ ပန်းကန်ဆေးစက်ဆင်ဖို့စီစဉ်တာကလည်း အခုချိန်မှာ မဖြစ်နိုင်တာတော့မဟုတ်ဘူး။ နေရာချဖို့ရာ နည်းနည်းဒုက္ခဖြစ်စေရုံပဲ...

"ကျွန်မတစ်မိနစ်အတွင်းလတ်စသက်လိုက်မယ် ဧည့်ခန်းထဲအရင်သွားပြီး TVကြည့်နေလိုက်"

ရွှီလျန်က ဘာမှထပ်မပြောတော့ဘဲ ပန်းကန်ဆက်ဆေးနေသည်။ အားလုံးဆေးပြီးနောက် သူမ ဧည့်ခန်းထဲလျှောက်သွား၏။

ရှန့်ချန်ခုန်းက TVမကြည့်ဘဲ ထိုအစား လသာဆောင်လက်ရန်းအားမှီလျက် ကောင်းကင်အားကြည့်နေ၏။ ညလေညှင်းက သူ့ဆံပင်တွေကြား ဖြည်းဖြည်းချင်း တိုးဝှေ့တိုက်ခတ်သွားပြီး အမည်းရောင်နွယ်ပင်နှာမောင်းတွေက သူ့နဖူးအားကြင်နာစွာပွတ်သပ်သွားလေသည်။

ရွှီလျန်က ယောက်ျားတစ်ယောက်အား ဒီလောက်ထိစေ့စေ့စပ်စပ် တစ်ခါမှမကြည့်ခဲ့ဖူးဘူး။ သူ့မျက်နှာသွင်ပြင်၊ သူ့နှုတ်ခမ်း၊ သူ့မေးရိုး၊ သူ့လည်စလုတ်နှင့် သူ၏လွမ်းဆွေးဖွယ်ပင်ကိုယ်စရိုက်တွေကို ဤညလေညှင်းက သိပ်ပြီးလွင့်ပြယ်မသွားစေနိုင်ပေ။

သူ့ကြည့်ရတာ ညနက်နှင့်အတူပေါင်းစပ်သွားတော့မယ့်ပုံပဲ...

ပြဿနာတွေကအမြဲလိုလိုဧကန်မလွဲရောက်လာတက်သည့်အတွက် ရွှီလျန်သည် သူမက တခြားသူတွေနှင့်အရမ်းမနီးစပ်နိုင်မှန်း အမြဲတမ်းနားလည်ထားသည်။ သူမ သူငယ်ချင်းဖွဲ့သည့်အချိန်အတိုင်း ရွှီလျန်သည် မိမိကိုယ်တိုက်ချမှတ်ထားသည့်စည်းမျဉ်းအား အမြဲတစေလိုက်နာခဲ့၏။

သို့သော် ရှန့်ချန်ခုန်းနှင့်သာဆို ကိစ္စတွေကကျိန်းသေပေါက်ပြဿနာဖြစ်လာမယ်မှန်း သူမ သိနေခဲ့တာတောင်မှ ဝမ်းပန်းတသာဖြင့် အရာအားလုံးကို သူမလက်ခံနိုင်လိမ့်မည်။

အဘယ်ကြောင့်ဆိုသော် သူမ ဒီနေရာမှာပဲ မရပ်တန့်စေချင်တာကြောင့်ပဲ။ သူမ သူ့ကိုကြည့်လိုက်၏။

ရွှီလျန်လျှောက်သွားပြီး သူ့ဘေးနားတွင် လက်ရန်းအားမှီပြီး မေး၏။

"ရှင်ဘာတွေစဉ်းစားနေတာလဲ?"

ရှန့်ချန်ခုန်းပြုံးရင်းခေါင်းရမ်းလိုက်သည်။

"ဘာမှမဟုတ်ပါဘူး"

ရွှီလျန် တခဏလောက် သူ့ပုံရိပ်လေးကိုကြည့်ပြီးနောက်

"ရှင်ဒီလိုပုံဖြစ်နေတာတောင် ဘယ်လိုလုပ်ပြီးဘာမှမဟုတ်ရမှာလဲ? စကားပြောကြရအောင် အစ်မကြီးကမင်းကိုအမြင်မှန်ရအောင်လုပ်ပေးမယ်"

"အစ်မကြီး?"

ရှန့်ချန်ခုန်း မျက်မှောင်ကြုတ်သွား၏။

"အင်း"

ရွှီလျန် ခေါင်းညိတ်လျက်

"ကျွန်မတက္ကသိုလ်ပြီးတာနှစ်နှစ်လောက်ရှိပြီ"

ရှန့်ချန်ခုန်းသည် အဝေးတစ်နေရာသို့ ခေတ္တမျှငေးမောကြည့်ပြီးနောက် သူမဘက်သို့ ပြုံးလျက်ပြန်လှည့်လာရင်း

"ကိုယ်ကသုံးနှစ်ရှိပြီ"

"........"

ရွှီလျန် မယုံကြည်နိုင်ဘူး ၊ ရှန့်ချန်ခုန်းက သူမထက်ငယ်တယ်လို့ သူမအမြဲတမ်းထင်ထားခဲ့တာ..

"ရှင် ဒီနှစ်အသက်ဘယ်လောက်လဲ?"

"နှစ်ဆယ့်လေး"

"ကျွန်မလဲနှစ်ဆယ့်လေးပဲ.. ရှင်ကဘယ်လလဲ?"

"March"

ရွှီလျန် "........"

ငါရှုံးသွားပြီ...

ရှက်ရွံ့တက်သည်မှတစ်ပါး မည်သည့်အရာမဆိုကြည့်ခဲလှသော ရှန့်ချန်ခုန်းက သူမအား စိတ်ဝင်တစားဖြင့်ကြည့်လျက်

"ကိုယ်တို့ဘယ်နှစ်လလောက်ကွာလဲ?"

"ကျွန်မကဂျူလိုင်လ"

ရွှီလျန်ပုံကအလွန်စိတ်မပါသည့်ပုံပင်။

"ကိုယ်ကကြီးတဲ့ပုံပဲနော်"

ရှန့်ချန်ခုန်းက အပြုံးဖြင့်ဆိုလာ၏။

"......."

ရွှီလျန်နှုတ်ခမ်းပါးကော့တက်သွားကာ

"တုံးအလိုက်တာ"

ရှန့်ချန်ခုန်း တိုးတိုးလေးရယ်မောနေရာမှ အသံထွက်ပေါ်လာ၏။ သူတို့နှစ်ယောက်မှာ ဘယ်သူကပိုပြီးတုံးအတာလဲဆိုတာ သူမသိဘူး။

ရွှီလျန် အတန်ကြာတိတ်ဆိတ်နေပြီးနောက် မေးလာ၏။

"ရှင်က မကြာသေးခင်ကမှ ပစ္စည်းပို့တဲ့အလုပ်ကိုစလုပ်ခဲ့တာနော် ဟုတ်တယ်မလား? ရှင်အရင်ကဘာလုပ်ခဲ့တာလဲ"

အတိုင်းမသိကျယ်ပြန့်သောညဉ့်ကောင်းကင်ကိုမော့ကြည့်လျက် ရှန့်ချန်ခုန်းပြန်ဖြေလိုက်သည်။

"ထိပ်တန်း 500 ကုမ္ပဏီတစ်ခုမှာ ကိုယ်အလုပ်လုပ်ခဲ့တာ"

"ဘာလို့ထွက်လိုက်တာလဲ"

"ဘာလို့လဲဆိုတော့ ကိုယ်ပိုက်ဆံလိုလို့"

ရှန့်ချန်ခုန်း ခဏလောက်တိတ်ဆိတ်သွား၏။ ထို့နောက် ဖြည်းဖြည်းချင်း ရှင်းပြလာခဲ့သည်။

"ကိုယ်တို့ကုမ္ပဏီကကုမ္ပဏီကြီးတစ်ခုလေ ဒါပေမဲ့ တိုးတက်နေဆဲပဲရှိသေးတယ်၊ မင်းသိတဲ့အတိုင်းပဲ ကုမ္ပဏီကြီးတွေမှာဆို ပုံမှန်အားဖြင့် ဖြည်းဖြည်းချင်းရာထူးတိုးသွားနိုင်တယ်လေ လစာကလည်း တစ်နှစ်ထက်တစ်နှစ်တိုးလာမှာပဲ.. အဲဒါကြောင့် ပထမနှစ်အနည်းငယ်တော့ ရတဲ့လစာကအရမ်းနည်းနေမှာပဲ၊ နောက်ပြီး အဲဒီအချိန်တုန်းက ကိုယ်ကဘွဲ့မရသေးတဲ့တက္ကသိုလ်ကျောင်းသားတစ်ယောက် ဒီတော့ ဘွဲ့ရကျောင်းသားတွေအုပ်စုကြားမှာ ကိုယ်ကအောက်မေ့ဖွယ်ရာမဟုတ်ခဲ့ဘူး"

ရွှီလျန်မှာ ဘွဲ့ရပြီးတာနဲ့ ဘော့စ်တစ်ယောက်ဖြစ်လာခဲ့ခြင်းဖြစ်သည်။ သူမက အပြင်မှာအလုပ်ထွက်မရှာခဲ့ပေမဲ့လည်း လုပ်ငန်းခွင်အလေ့အထကိုတော့ သူမသိနေဆဲပဲ။ ယေဘုယျအားဖြင့် ဘွဲ့ရခါစကျောင်းသားတွေကို တန်ဖိုးနည်းအလုပ်သမားအဖြစ် သတ်မှတ်ခံရတယ်ဆိုတာအမှန်ပဲ ၊ သူတို့တွေက အမှန်တကယ် တာထွက်မစတင်ခင် ကုမ္ပဏီတွင် လေး၊ငါး၊ခုနစ်နှစ်လောက်နေရန်လိုအပ်သည်။

"မင်းကိုယ့်အိမ်ရောက်ဖူးတယ်ဆိုတော့ ကိုယ့်အမေကနေမကောင်းဖြစ်နေတယ်ဆိုတာသိမှာပဲ.. ဟုတ်တယ်မလား? အမေ့ကိုဆေးကုသနေရတုန်းပဲ၊ ကိုယ့်ညီမလေးကလည်းမကြာခင်တက္ကသိုလ်သွားရတော့မှာ.. ကိုယ်ပိုက်ဆံလိုတယ်၊ ပစ္စည်းပို့တဲ့အလုပ်က ကုမ္ပဏီကြီးတွေနဲ့ယှဉ်ရင် အချိန်အများကြီးမလိုဘူး။ ပစ္စည်းအများကြီးပို့နိုင်သရွေ့ လစာကလည်းအတော်လေးများလာမှာပဲ"

ရွှီလျန် ခဏကြာစဉ်းစားပြီးနောက် ပြောလာ၏။

"ပစ္စည်းပို့တာက ရှင်ပိုက်ဆံပိုရတယ်ဆိုတာတော့မှန်ပါတယ် ဒါပေမဲ့ ရှင့်ရဲ့အနာဂတ်တက်လမ်းတွေကတော့ ကုမ္ပဏီကြီးတွေမှာအလုပ်လုပ်တာထက်တော့ကောင်းမှာမဟုတ်ဘူး။ ကုမ္ပဏီမှာနှစ်နှစ်ကြာအလုပ်လုပ်ပြီး ရှင်စုဆောင်းထားတာတွေက အချည်းနှီးဖြစ်သွားလိမ့်မယ်"

"ကိုယ်ကဒီလိုအရာတွေကိုစဉ်းစားနိုင်တဲ့အနေအထားမှာမဟုတ်ခဲ့ဘူး"

သူ့အမေနဲ့သူ့ညီမလေးအပြင် သူသည်လည်းပိုက်ဆံစုရန်လိုအပ်၏။ မဟုတ်ရင် အကယ်၍များ မတော်တဆတစ်ခုခု၊ အရေးပေါ်ကိစ္စတစ်ခုခုများဖြစ်လာခဲ့ပါက သူလုပ်နိုင်တာဘာမှရှိလိမ့်မှာမဟုတ်ဘူး။

"နောက်ပြီး အဲဒီအချိန်တုန်းက မပြေလည်တဲ့ကိစ္စနည်းနည်းကလည်း ကုမ္ပဏီမှာဖြစ်နေခဲ့တာ"

ရွှီလျန်မှာမေးခွန်းတွေအပြည့်ဖြစ်နေဆဲပဲ ၊ သူ့အဖေကရော? အတိအကျ သူ့အမေကဘာဖြစ်နေတာလဲ? ဤမေးခွန်းတွေ သူမစိတ်ထဲပေါ်လာခဲ့သော်လည်း အဆုံးမှာတော့ သူမအပြင်ထုတ်မပြောဖြစ်ခဲ့ပေ။

ရွှီလျန်မှာ သစ်သားလေယာဉ်လေးနှင့်အတူ သူ့စားပွဲပေါ်၌သူမတွေ့ခဲ့သောစာအုပ်များအကြောင်း ပြန်တွေးမိသွားသည်။ အမြဲလိုလို လွမ်းဆွေးဖွယ်အကြည့်များဖြင့် ကောင်းကင်ကိုမော့ကြည့်တက်တဲ့သူ့ကိုလည်းစဉ်းစားမိ၏။

"ရှန့်ချန်ခုန်း"

"ဟင်?"

"ရှင်တက္ကသိုလ်မှာလေယာဉ်ဒီဇိုင်းပညာကိုလေ့လာခဲ့တာမလား?"

ရှန့်ချန်ခုန်း သူမအား အံ့အားသင့်စွာဖြင့်ကြည့်လျက်

"မင်းဘယ်လိုသိတာလဲ"

"ကျွန်မ ရှင့်အခန်းထဲမှာ အဲဒါတွေနဲ့ပတ်သတ်တဲ့စာအုပ်တွေတွေ့ခဲ့တယ်.. ရှင်လေ့လာခဲ့တယ်ဆိုတော့ ရှင့်ရဲ့အလုပ်အကိုင်ကိုဘာလို့ပြောင်းလိုက်တာလဲ"

"ကိုယ် အဲဒီ့နယ်ပယ်မှာလုပ်ခဲ့ပါတယ် ဒါပေမဲ့ လစာကိစ္စကြောင့် ကိုယ်အလုပ်ပြောင်းခဲ့တာ.. တူညီတဲ့နယ်ပယ်တစ်ခုတည်းမှာ နောက်ထပ်အလုပ်ရှာဖို့ကလည်းခက်ခဲတယ်"

"ဒါပေမဲ့ ရှင်ကပျံသန်းတာကိုကြိုက်တယ်မလား"

ရှန့်ချန်ခုန်း မည်သည့်စကားမှမဆိုဘဲ သူမကို အတန်ကြာကြည့်နေ၏။ ဒါကလည်း ရွှီလျန်က သူ့ကိုဆွဲဆောင်နိုင်တဲ့အရာတွေထဲကတစ်ခုဖြစ်နိုင်တယ် ၊ ဘယ်အခြေအနေပဲရောက်ရောက် သူမက သူနဲ့အမြဲတမ်းပွင့်ပွင့်လင်းလင်းပြောဆိုပေးနိုင်၏။

"ပျံသန်းတာ...."

သူ တိုးတိုးရေရွတ်လိုက်မိသည်။

"ကိုယ့်ရဲ့ဘွဲ့ကြိုကပြီးသွားပြီ ဒါပေမဲ့ တက္ကသိုလ်တော့မသွားခဲ့ဘူး"

ဘွဲ့ရပြီးနောက် သူ၏လေ့လာမှုတွေကို လေကြောင်းသုတေသနတက္ကသိုလ်မှာအကျိုးပြုထောက်ပံ့ရန် ရည်ရွယ်ထားခဲ့ခြင်းဖြစ်သည်။

"ကျွန်မ ဘွဲ့လွန်သင်တန်းတစ်ခုကကျောင်းသားတွေကိုခေါ်ယူနေတယ်လို့ပြောထားတဲ့ webpage တစ်ခုကို အမှတ်မထင်တွေ့လိုက်တယ်"

ရွှီလျန် ဆက်ပြော၏။

"ရှင်စာရင်းသွင်းချင်လား?"

သူ အဝေးတစ်နေရာသို့လှမ်းကြည့်သွားချိန်၌ ရှန့်ချန်ခုန်းမျက်ဝန်းတွေ နည်းနည်းလှုပ်ခတ်သွားသည်။ မှောင်မိုက်သောညလိုမျိုး သူတို့နှစ်ယောက်ဟာလည်း ထပ်ပြီးတိတ်ဆိတ်သွားခဲ့၏။

ရွှီလျန် သူ့ကိုကြည့်ရင်း

"တကယ်လို့ ပိုက်ဆံကိစ္စဆိုရင် ဖြေရှင်းဖို့အခြားနည်းလမ်းတွေရှိပါတယ် ဒါပေမဲ့ ရှင်တကယ်လုပ်ချင်တဲ့အရာတွေနဲ့ပတ်သတ်လာရင်တော့ ရှင်လွယ်လွယ်လက်မလျှော့သင့်ဘူး"

ရှန့်ချန်ခုန်း ပါးစပ်ဟလိုက်ပေမဲ့လည်း မည်သည့်စကားမှထွက်လာခဲ့ချေ။ တိတ်ဆိတ်မှုကြား လသာဆောင်လက်ရန်းကိုသာမှီထားရင်း မှောင်မိုက်သောကောင်းကင်ကိုငေးကြည့်နေခဲ့သည်။ သူ့မျက်လုံးတွေထဲ၌ရောင်ပြန်ဟပ်နေသောကြယ်လေးတွေမှာလည်း ပျောက်ကွယ်သွားတော့သည်။

သူ့အတွက် ဒီလိုအမူအရာမျိုးဖော်ပြနိုင်ရန် မည်မျှကြီးမားသောတာဝန်မျိုးကို သူခေါင်းခံထားခဲ့ရတာလဲ? သူ့ဝါသနာကိုလက်လျှော့ထားရအောင်ထိ ဘာတွေများဖြစ်ပျက်ခဲ့တာလဲ?

ပထမဆုံးအကြိမ်အနေဖြင့် ရွှီလျန်မှာ လူတစ်ယောက်အတွက် ဝမ်းနည်းပူဆွေးခဲ့ရ၏။

"ရှန့်ချန်ခုန်း"

"ဘာဖြစ်လို့လဲ?"

ရှန့်ချန်ခုန်း သူမကိုကြည့်လိုက်သည်။

"ကျွန်မကြည့်ကောင်းလား?"

"......."

သတိလက်လွတ်ဖြစ်သွားပြီး ရှန့်ချန်ခုန်းနှလုံးခုန်သံတွေ ဂနာမငြိမ်ဖြစ်လာ၏။

"ကောင်း...ကောင်းတယ်"

"ဒါဆို ရှင် papapa ချင်လား"

[ T/N : ဒီနေရာမှာရွှီလျန်ပြောလိုက်တာက Chinese slang တစ်ခုသုံးပြီးပြောလိုက်တာ E-Translator ကသင့်တော်သလို 'bang' ဆိုပြီးသုံးထားတယ်၊ မြန်မာမှုပြုရမယ်ဆိုဖောင်းဒိုင်းလုပ်တာပေါ့ အိုင်ကဖတ်ရအဆင်ပြေအောင် papapa လို့ပဲပြန်လိုက်တယ်.. papapa means sex ]

"အ-အာ ဟင့်အင်း!"

ရှန့်ချန်ခုန်းနှလုံးသားက သူ့ရင်ဘတ်ထဲကခုန်ထွက်လုနီးပါးပဲ ၊ သူအရမ်းစိတ်လှုပ်ရှားသွားတာကြောင့် အလိုလို'ဟင့်အင်း'လို့ပြောမိသွားတာ..

မျက်ခုံးပင့်မလျက် ရွှီလျန်ထပ်မေး၏။

"ရှင်မလုပ်ချင်လား?"

"မဟုတ်ဘူး မဟုတ်ဘူး!"

"ကျွန်မကတော့လုပ်ချင်တယ်"

ရှန့်ချန်ခုန်း "........."

ရွှီလျန်သည် မကြာသေးမီကပင် အသက်မပါသောသူ၏နီရဲနေသောမျက်နှာကိုကြည့်ကာ ပြုံးရင်းဆို၏။

"ဒါဆို ရှင်ဘာစောင့်နေတာလဲ"

သူမအပြုံးကလှပ၏။ သို့သော် ရှန့်ချန်ခုန်းအတွက်မူ ၎င်းက သေစေနိုင်သောမူးယစ်ဆေးတစ်မျိုးလိုပဲ...

သူသည်းမခံနိုင်တော့ဘဲ သူမကိုပွေ့ဖက်ထားလို၏။ သူ နီးကပ်လာသည်နှင့်အမျှ ရွှီလျန်က သူ့လည်ပင်းကိုဖက်တွယ်လျက်ခုန်လိုက်ကာ သူမခြေထောက်တွေအား သူ့ကိုရစ်ပတ်ထားစေလိုက်သည်။

သူမတစ်ကိုယ်လုံးက ရှန့်ချန်ခုန်းကိုဖက်တွယ်ထား၏။ ရှန့်ချန်ခုန်း၏သန်မာလှတဲ့လက်တွေက သူမကိုတင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားမှန်း ရွှီလျန်ခံစားနေရသည်။ သူတို့အသက်ရှုသံတွေမှာရောထွေးလာပြီး ပို၍ပို၍ ပရမ်းပတာဖြစ်လာတော့၏။ ရှန့်ချန်ခုန်းက သူမအား နံရံနှင့်ကပ်ကာ သူ့နှုတ်ခမ်းတွေမှာ သူမနှုတ်ခမ်းတွေနှင့်အလွန်နီးကပ်နေလျက် မေးလိုက်သည်။

"သွားတော့မလား?"

ရွှီလျန် ပင့်သက်ရှိုက်ကာ အရည်ရွှန်းနေသောမျက်ဝန်းတွေဖြင့် ထိုသူအားကြည့်လျက်

"အင်း"

ရှန့်ချန်ခုန်းမျက်လုံးတွေမှောင်မည်းလာကာ သူ ရွှီလျန်အား အိပ်ခန်းထဲသို့ခေါ်သွားပြီး အိပ်ရာပေါ် အတူတူလှဲချလိုက်လေသည်။ နှစ်ယောက်သားမှာ တစ်ယောက်နှင့်တစ်ယောက်စိတ်ပြင်းပြမှုတွေလောင်ကျွမ်းနေကာ မြှားနှစ်ချောင်းသွယ်တန်းထားသကဲ့သို့ ပစ်လွှတ်ရန်အဆင်သင့်ဖြစ်နေလေပြီ။

"မင်းအဆင်ပြေရဲ့လား"

သူတို့နှစ်ယောက်ရဲ့လွန်ခဲ့တဲ့အချိန်ကို သူမှတ်မိနေဆဲပဲ ၊ ရွှီလျန် သူ့ကိုကြည့်ရင်းပြန်ဖြေ၏။

"ကျွန်မအဆင်ပြေတယ်"

"ဒါဆို ကိုယ်......"

ရှန့်ချန်ခုန်းဘာတွေပဲပြောနေပါစေ ရွှီလျန်ကိုပြောပြနေစရာမလိုပေ ၊ သူ့အသက်ရှုသံတွေမှာ သူမကိုယ်ပေါ်ရိုက်ခတ်လာကာ ဌက်မွှေးဖြင့်တိုးဝှေ့နေသကဲ့သို့ပင်။ သူမလက်တွေဖြင့် သူ့ခါးကိုဖက်တွယ်ပြီး သူ့အား အောက်ဆွဲချလိုက်၏။

အခန်းတွင်းရှိအပူချိန်မှာဆက်လက်မြင့်တက်နေ၏။ မကြာခင်အတွင်းမှာပဲ သူတို့အင်္ကျီတွေကို ကြမ်းပြင်ပေါ် ဖြစ်ကတက်ဆန်းလွှင့်ပစ်၍ ထောင့်နားကဘူးအနီးလေးမှာလည်း ဖွင့်ဖောက်ခြင်းခံလိုက်ရလေသည်။

ရွှီလျန်အားပွေ့ဖက်ထားလျက် ရှန့်ချန်ခုန်းက တိုးတိုးလေးကပ်ပြော၏။

"မင်းကြိုက်ရဲ့လား"

"ကြိုက်တယ်......."

သူနဲ့ပတ်သတ်တာမှန်သမျှ သူမအကုန်လုံးကြိုက်တယ်။

"ကိုယ်...ကိုယ်လဲကြိုက်တယ်....."

ရှန့်ချန်ခုန်းမှာ သူမအား ညင်ညင်သာသာထိတွေ့နေရင်း သူ့ခံစားချက်တွေကိုလည်း ရှင်းရှင်းလင်းလင်းပြောဆိုနိုင်ရန်ကြိုးစားနေခဲ့သည်။

ရွှီလျန်မှာ သူ့နာမည်ကိုပဲ အကြိမ်ကြိမ်အခါခါ ညည်းညူနေကာ စိတ်ခံစားချက်တွေလွှမ်းမိုးနေလျက် ရှန့်ချန်ခုန်းကသာ သူမကိုတုံ့ပြန်နိုင်လေသည်။

ထို့နောက် သူတို့ရေချိုးပြီး သူတို့၏ပရမ်းပတာဖြစ်နေသောနှလုံးခုန်သံတွေငြိမ်သက်စေရန် အိပ်ရာပေါ်တွင် အတူတူလှဲနေ၏။

ရှန့်ချန်ခုန်းမှာ သူ့လက်ချောင်းတွေဖြင့် ရွှီလျန်ဆံပင်တွေကိုပွတ်သပ်ပေးနေ၏။ သူမဆံပင်တွေမှာနူးညံ့သိမ်မွေ့ပြီး မွှေးရနံ့သင်းနေလေသည်။ ရွှီလျန်ခေါင်းပေါ် သူ့နှာဖျားလေးဖြင့် ပွတ်တိုက်ကာ မနမ်းရှိုုက်ဘဲမနေနိုင်တော့.. ထိုအချိန်တွင် ရွှီလျန်မှာ သူမမျက်နှာအား သူ့ရင်ဘတ်ထဲတွင်မြှုပ်နှံထားပြီး သူ့နှလုံးခုန်သံကိုနားထောင်နေ၏။ ထို့နောက် သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက်တည်ရှိမှုပေါ်မှီခိုရင်း ဘာမှဆက်မလုပ်တော့ဘဲ အတူတူလှဲနေလေသည်။

အတန်ကြာပြီးနောက် ရှန့်ချန်ခုန်းက

"ကိုယ်အိမ်ပြန်ဖို့လိုတယ်"

ရွှီလျန် မျက်မှောင်ကြုတ်သွားကာ ခေါင်းမော့ပြီး

"ရှင်ကအိမ်ပြန်ချင်လို့လား?"

"အင်း....."

ရှန့်ချန်ခုန်း သူမနှုတ်ခမ်းကိုအနမ်းပေးကာ

"ကိုယ့်အမေကအိမ်မှာတစ်ယောက်တည်း အဲဒါကြောင့် ကိုယ်နည်းနည်းစိုးရိမ်တယ်၊ နောက်ပြီး ကိုယ်ပြန်မသွားဘူးဆိုရင် မနက်ဖြန်ကျရင် သူမအတွက်ဘယ်သူမှထမင်းချက်ပေးမှာမဟုတ်ဘူး"

အရမ်းနောက်ကျနေပြီဆိုရင်တောင်မှ လုံးဝပြန်မသွားတာထက်စာရင် နောက်ကျမှပြန်သွားတာက သူ့အတွက်ပိုအဆင်ပြေလိမ့်မယ်။

ရွှီလျန်မှာ နာမကျန်းဖြစ်နေသောသူ့အမေကို တွေးမိသွား၏။ သူ့အိမ်မှာတစ်ယောက်တည်းသာဆိုရင် သူမအတွက်စိုးရိမ်မိမှာပဲ။ သူမ ရှန့်ချန်ခုန်းကိုကြည့်ရင်း မေးလိုက်သည်။

"ဒါဆို ရှင်ဘယ်အချိန်ပြန်လာမှာလဲ"

ရှန့်ချန်ခုန်း ခဏလောက် မှင်သက်နေမိသည်။ ထို့နောက် ရယ်မောလာ၏။

ရွှီလျန်ကတကယ်ပွင့်လင်းတဲ့သူတစ်ယောက်ပဲ ၊ သူ့အပေါ် သူမရဲ့လိုအပ်ဆန္ဒကိုတောင် မဖုံးကွယ်ထားနိုင်ဘူး။

ရှန့်ချန်ခုန်း မှီချကာ သူမနားထဲကပ်ပြော၏။

"ကိုယ့်ကိုခေါ်လိုက် ကိုယ်လာခဲ့မယ်"

နောက်ဆုံးတွင်မူ သူ့အင်္ကျီတွေရှာရန် အိပ်ရာပေါ်မှထသွား၏။ ရွှီလျန်မှာ အိပ်ရာထဲတွင်သာလှဲနေရင်း သူအင်္ကျီဝတ်နေသည်အားကြည့်နေသည်။ တစ်စုံတစ်ယောက်ကအင်္ကျီဝတ်နေတာကိုကြည့်နေရခြင်းက အလွန်ကြည်နူးဖွယ်ကောင်းမှန်း သူမသိလိုက်ရသည်။

အဝတ်အစားဝတ်ပြီးနောက် ရှန့်ချန်ခုန်းက ရွှီလျန်နားသို့လျှောက်သွားကာ သူမအားနမ်းရန်ခေါင်းငုံ့လိုက်၏။

"သွားနှင့်တော့မယ် အိပ်တော့နော် ဂွတ်နိုက်"

"အင်း......"

ရွှီလျန်က အသံတိုးတိုးဖြင့်ပြန်ဖြေပြီး အခန်းထဲကထွက်သွားသောသူ့ကိုကြည့်နေခဲ့သည်။

ရှန့်ချန်ခုန်း အဆောက်အဦးထဲကထွက်လာသည်နှင့် သူ့ဖုန်းကိုထုတ်၍ အချိန်ကိုကြည့်လိုက်သည်။ အရမ်းနောက်ကျနေခဲ့ပြီ ၊ သူ သက်ပြင်းဖွဖွချကာ ဆံပင်ကြားထဲလက်ဖြင့်ထိုးဖွလိုက်၏။

သူ့လက်ထဲရှိဖုန်းမှာ ရုတ်တရက် ထမြည်လာ၏။ ရှန့်ချန်ခုန်း ဖုန်းဖွင့်ကြည့်လိုက်တော့ ရွှီလျန်က သူ့ကိုခေါ်နေကြောင်းတွေ့လိုက်သည်။ သူမ အဆက်မပြေဖြစ်နေမှာကို စိုးရိမ်နေသည့်အတွက် သူ မြန်မြန်ဖုန်းကိုင်၏။

"ရွှီလျန်? ဘာဖြစ်လို့လဲ"

ရွှီလျန်အသံက တစ်ဖက်မှထိုးဖောက်လာကာ

"ရှန့်ချန်ခုန်း နောက်လှည့်ကြည့်လိုက်"

လှည့်ကြည့်လိုက်ချိန်၌ ရှန့်ချန်ခုန်းသည် လေးထပ်ရှိသူမလသာဆောင်တွင် သူ့ကိုကြည့်နေသောသူမအားတွေ့လိုက်ရသည်။ သူမက လက်တစ်ဖက်ဖြင့်ဖုန်းကိုင်ထားလျက် လက်ရန်းကိုမှီထား၏။ သူမ၏ပိုးသားကဲ့သို့နူးညံ့သိမ်မွေ့လှသည့်ဆံပင်ရှည်တွေမှာ သူမပခုံးပေါ်ဖြာကျနေကာ ပဝါတစ်ထည်ကဲ့သို့ပင်။

ညလေပြင်းလေညှင်းတစ်ချက်တိုက်ခတ်လာ၏။ ရွှီလျန်က လေပြေလေညှင်းအား အခွင့်အရေးယူလျက် သူ့ထံ တစ်စုံတစ်ရာအားပစ်ပေးလိုက်သည်။

အဖြူရောင်စက္ကူလေယာဉ်တစ်ခု.....

အဖြူရောင်အလင်းတန်းလိုမျိုး မှောင်မိုက်နေသောညအား တစ်ဟုန်ထိုးဖြတ်သန်းလျက် သူ့ထံပျံဝဲလာခဲ့သည်။

ရှန့်ချန်ခုန်းသည် သူ့ခြေထောက်နားကျလာသောစက္ကူလေယာဉ်လေးအား ကောက်ယူလိုက်၏။ ဖုန်း၏တခြားတစ်ဖက်မှ ရွှီလျန်က သူ့ကိုပြောလာသည်။

"ဂွတ်နိုက်"

ထို့နောက် သူမကဖုန်းချ၍ သူမအခန်းထဲပြန်ဝင်သွားတော့သည်။ ရှန့်ချန်ခုန်းမှာ သူ့လက်ထဲကစက္ကူလေယာဉ်အားစိုက်ကြည့်ပြီး ခေါက်ထားသည်ကိုဖြန့်လိုက်၏။

အဖြူရောင်စက္ကူပေါ်၌ စာတစ်ကြောင်းရှိနေ၏။

[ သေဆုံးခြင်းကမနာကျင်နိုင်ဘူး ရှင်သန်ခြင်းကမှနာကျင်ခြင်းပဲ ]

မင်းကိုနာကျင်စေတဲ့အရာတွေက မင်းအသက်ရှင်နေတာဆိုတာကို သက်သေပြရုံပါပဲ။

__________________



ညခုနစ္နာရီ၌ ရွန့္ခ်န္ခုန္း ေအာ္ဒါမရေတာ့သည့္အခ်ိန္တြင္ သူ႕အေျခအေနအား busy လုပ္ထားလိုက္သည္။ သူ ႐ႊီလ်န္ကိုအၾကာႀကီးမေစာင့္ေနေစခ်င္သလို ဗိုက္လည္းအဆာမခံေစခ်င္သည့္အတြက္ သူ အေျပးအလႊားသြားကာ ရွစ္နာရီတိတိတြင္ သူမအခန္းဘဲလ္ကိုတီးလိုက္၏။

"ရွန့္ခ်န္ခုန္း ရွင္ေရာက္လာၿပီပဲ"

႐ႊီလ်န္ အိမ္ေရွ႕တံခါးကိုဖြင့္ေပးလ်က္ သူ႕ကိုႏႈတ္ဆက္၏။

သူ ႐ႊီလ်န္ကိုေတြ႕ေတာ့ ရွန့္ခ်န္ခုန္းစိတ္ေတြ ဟိုေရာက္သည္ေရာက္ ေရာက္သြားေတာ့သည္။ အထူးသျဖင့္ သူမ၏လွစ္ဟျပထားေသာလည္ပင္းေပၚရွိအမွတ္အသားမ်ားကို သူျမင္သြားသည့္အခ်ိန္၌ပင္...

သူတို႔ႏွစ္ေယာက္ၿပီးေျမာက္ျခင္းမ်ား၏အမွတ္အသားမ်ား....

"......."

႐ုတ္တရက္ ရွန့္ခ်န္ခုန္းမ်က္ႏွာနီျမန္းလာရကာ သူ႕အသက္ရႈသံေတြဟာလည္းေျပာင္းလဲလာ၏။

"အထဲဝင္လာခဲ့ေလ"

႐ႊီလ်န္ ခါးကိုင္း၍ သူ႕အတြက္ အိမ္တြင္းစီးဖိနပ္တစ္စုံကိုထုတ္ေပး၏။ သူ ဖိနပ္စီးလိုက္သည္ႏွင့္ ရွန့္ခ်န္ခုန္းသည္ တစ္စုံတစ္ရာအားသတိျပဳမိသြားသည္။ ဒီတစ္စုံက အရင္တစ္ေခါက္ သူစီးခဲ့တဲ့ဟာနဲ႕မတူတဲ့တစ္စုံပဲ.. ဒီဟာကအသစ္က်ပ္ခြၽတ္ပဲ။

"ဒီ...ဒီဟာကအသစ္လား?"

"အင္း"

႐ႊီလ်န္ ေခါင္းညိတ္လ်က္
"ကြၽန္မ စူပါမားကတ္မွာေတြ႕လို႔.. အျပာေရာင္ကရွင္နဲ႕လိုက္မယ္ထင္လို႔ေလ ကြၽန္မဝယ္ခဲ့လိုက္တာ၊ ရွင္ အခုကစၿပီးဒါကိုစီးလို႔ရတယ္"

သူ႕အၾကည့္ေတြေလ်ာ့သြားၿပီး ဖိနပ္စီးလိုက္၏။

ထို႔ေနာက္...

"ရွင့္လက္ထဲကဘာေတြလဲ"

႐ႊီလ်န္ေမးေတာ့ ရွန့္ခ်န္ခုန္း သူမကိုအိတ္ကမ္းေပးလိုက္သည္။

"အာ ကိုယ္ ဒီကိုလာတဲ့လမ္းမွာဝယ္ခဲ့တဲ့ဖက္ထုပ္ေၾကာ္ေတြ ကိုယ္မင္းဗိုက္ဆာေနမွာကိုစိုးရိမ္လို႔ အဲဒါေၾကာင့္ ေလာေလာဆယ္ ဒါေတြကိုမင္းအရင္စားထားလို႔ရတယ္"

"ဟုတ္ၿပီ ကြၽန္မပန္းကန္သြားယူလိုက္မယ္"

႐ႊီလ်န္ မီးဖိုေခ်ာင္ထဲသြားၿပီး ပန္းကန္တစ္ခ်ပ္၊ပန္းကန္လုံးႏွစ္လုံးႏွင့္တူႏွစ္စုံယူလာခဲ့သည္။ စားပြဲေပၚေနရာခ်ေနရင္းျဖင့္ သူမကဆို၏။

"ရွင္လဲစားေလ"

"မစားေတာ့ပါဘူး ကိုယ္ဟင္းခ်က္လိုက္ဦးမယ္"

ရွန့္ခ်န္ခုန္းျပန္ေျဖ၏။ ထို႔ေနာက္ သူက သူ႕အိတ္ထဲမွအိတ္ေသးေသးေလးကို ျဖည္းျဖည္းခ်င္းထုတ္လ်က္ ႐ႊီလ်န္ကိုေပးလိုက္သည္။

"ဒါ...ဒါကမင္းအတြက္"

႐ႊီလ်န္မွာ ယခုေလးတင္ ဖက္ထုပ္ကိုတစ္ကိုက္စားလိုက္ျခင္းျဖစ္သည္။ ရွန့္ခ်န္ခုန္းစကားကိုၾကားေတာ့ သူမ သူ႕ကိုေမာ့ၾကည့္၏။ သူ႕လက္ထဲ၌ အိတ္ေပၚတြင္ယုန္နား႐ြက္ေလးတစ္စုံရိုက္ႏွိပ္ထားေသာ ပန္းေရာင္စကၠဴအိတ္ေသးေသးေလးတစ္အိတ္ရွိေနသည္။ ဒါက BUNNY logo ပဲ...

"ႏႈတ္ခမ္းနီ?"

"အင္း"

ရွန္ခ်န္ခုန္းက အျခားဘာမွထပ္မေျပာ ၊ ထို႔ေၾကာင့္ ႐ႊီလ်န္က အိတ္ကိုယူၿပီး ႏႈတ္ခမ္းနီကိုထုတ္ၾကည့္လိုက္သည္။

"အာ ဒီဟာေလးပဲ.. ကြၽန္မ ဒါကိုဝယ္ခ်င္ေနခဲ့တာ ဒါေပမဲ့ ေနာက္ဆုံးတစ္ေခါက္ ကြၽန္မသြားေမးတုန္းကပစၥည္းျပတ္ေနခဲ့တာ"

႐ႊီလ်န္ ေခါင္းေမာ့၍ ရွန့္ခ်န္ခုန္းကိုၿပဳံးျပလ်က္

"ေက်းဇူးပဲေနာ္"

"ရ..ရပါတယ္ ဘာမွမဟုတ္ပါဘူး"

႐ႊီလ်န္ႏႈတ္ခမ္းပါးေတြ နည္းနည္းေလးေကာ့တက္သြား၏။ သူမ ဧည့္ခန္းထဲကေျပးထြက္သြားၿပီး မွန္အေသးေလးတစ္ခ်ပ္သြားယူလာခဲ့သည္။

"ကြၽန္မစမ္းၾကည့္လိုက္မယ္"

႐ႊီလ်န္မွာ ႏႈတ္ခမ္းနီေဖ်ာ့ေဖ်ာ့ေလးဆိုးထားသည့္အတြက္ အမ်ားႀကီးထပ္ဆိုးစရာမလိုေတာ့ ၊ ႏႈတ္ခမ္းနီဆိုးၿပီးေနာက္ သူမက ႏႈတ္ခမ္းကိုနည္းနည္းပြတ္လိုက္သည္။ အေရာင္က မက္မြန္ေရာင္သန္းေနေသာအနီေရာင္ျဖစ္၏။ သူမကဝိုင္နည္းနည္းေသာက္ထားၿပီး ဝိုင္ကသူမႏႈတ္ခမ္းကို မေတာ္တဆ စြန္းထင္းသြားသလိုမ်ိဳး....

သူမ အနားမွာမတ္တပ္ရပ္ေနသည့္ရွန့္ခ်န္ခုန္းဘက္ကိုလွည့္၍ေမး၏။

"ဘယ္လိုလဲ?"

"လွတယ္ ၾကည့္ေကာင္းတယ္"

ရွန့္ခ်န္ခုန္းသည္ သူ ႐ႊီလ်န္အနားမွာရွိေနသည့္အခ်ိန္ဆို အၿမဲလိုလိုတုံ႕ဆိုင္းသြားတက္သည္။

႐ႊီလ်န္ထပ္ၿပဳံးလိုက္ျပန္သည္။ ေရွ႕သို႔ေျခတစ္လွမ္းလွမ္း၍ ရွန့္ခ်န္ခုန္းလည္ပင္းအား သူမလက္ျဖင့္ဖက္တြယ္ၿပီး ေျခဖ်ားေထာက္ရပ္လိုက္၏။ ထို႔ေနာက္ သူ႕လည္ပင္းနားကို သူမအနမ္းေပးကာ ထင္ရွားျပတ္သားေသာႏႈတ္ခမ္းနီရာတစ္ခု ခ်န္ထားေလသည္။

"အင္း လွတယ္"

ရွန့္ခ်န္ခုန္း "......."

သူ႕တစ္ကိုယ္လုံးေတာင့္ခဲသြားေသာ္လည္း သူ႕လည္ပင္းမွာမူ ခ်က္ခ်င္းအနီေရာင္ေျပာင္းသြားၿပီး သူ႕နား႐ြက္ေတြမွာလည္း ေလာင္ကြၽမ္းေနသကဲ့သို႔ပင္။

႐ႊီလ်န္မွာ စားပြဲကိုမွီရင္းရယ္ေနေလသည္။ ခဏၾကာၿပီးေနာက္ ရွန့္ခ်န္ခုန္းမွာ အသိစိတ္ျပန္ဝင္လာေတာ့၏။ ထစ္ထစ္ေငါ့ေငါ့ႏွင့္သူေျပာလာသည္။

"ကိုယ္...ကိုယ္သြားခ်က္လိုက္ေတာ့မယ္"

ထိုသူမွာ အလြန္အထိတ္တလန့္ျဖစ္ေနေသာေၾကာင့္ သူ႕လည္ပင္းကႏႈတ္ခမ္းရာကိုဖ်က္ပစ္ဖို႔ေတာင္ ေမ့ေလ်ာ့ေနခဲ့သည္။ ႐ႊီလ်န္ကလည္း သူ႕ကိုသတိမေပး ၊ ထိုအစား သူမလည္း မီးဖိုေခ်ာင္ထဲသို႔ သူ႕အေနာက္မွလိုက္သြားေတာ့သည္။

ေရခဲေသတၱာကိုဖြင့္ရင္း ႐ႊီလ်န္ ရွန့္ခ်န္ခုန္းကိုၾကည့္လိုက္သည္။ သူက ပစၥည္းေတြကိုၾကည့္လ်က္

"ကိုယ္တို႔ပုဇြန္ၾကက္သြန္ျဖဴနဲ႕သုံးေရာင္ျခယ္ၾကက္သား*ရယ္ ဂ်ဳံေခါက္ဆြဲဟင္းခ်ိဳရယ္ခ်က္လို႔ရတယ္ အဆင္ေျပတယ္မလား?"

( * ၾကက္သားကိုသခြါးသီးနဲ႕မုန္လာဥနီနဲ႕ေရာေၾကာ္တာ )

"ရွင္ကစားဖိုမႉးပဲေလ ကြၽန္မရွင့္စကားနားေထာင္မယ္"

"ေကာင္းၿပီ ဒါဆို ဒါေတြကိုအရင္ေဆးလိုက္ ကိုယ္ပုဇြန္ကိုင္လိုက္မယ္"

ရွန့္ခ်န္ခုန္းသည္ ၾကာဥ၊ဆလ႐ြတ္ႏွင့္မုန္လာဥနီနည္းနည္းကိုယူ၍ ႐ႊီလ်န္ကိုေပးလိုက္သည္။ ၿပီးေနာက္ သူ ပုဇြန္အခြံစႏႊာေတာ့သည္။

႐ႊီလ်န္မွာ ဟင္းခ်က္အေတြ႕အႀကဳံအမ်ားႀကီးမရွိေပ ၊ ထို႔ေၾကာင့္ သူမ ဓားကိုင္လိုက္သည့္အခ်ိန္၌ နည္းနည္းစိတ္လႈပ္ရွားေန၏။ သို႔ေသာ္လည္း ႐ႊီလ်န္သည္ သူမအလုပ္အကိုင္ေၾကာင့္ အတန္အသင့္ လက္ယဥ္ေနၿပီးသားပင္။ ဒါ့အျပင္ ရွန့္ခ်န္ခုန္းကလည္း သူမကို ကူညီအႀကံေပးထားသည့္အတြက္ မုန္လာဥနီေတြကိုစ၍လွီးျဖတ္ေတာ့သည္။

သူမ မုန္လာဥနီကိုလွီးျဖတ္ၿပီးသည့္အခ်ိန္တြင္ ရွန့္ခ်န္ခုန္းမွာလည္း ပုဇြန္အေတာ္မ်ားမ်ားကိုအခြံႏႊာၿပီးသြားခဲ့ၿပီ။ သူက ႐ႊီလ်န္ထံမွမီးဖိုေခ်ာင္သုံးဓားကိုယူ၍

"ကိုယ္လွီးလိုက္မယ္ ဂ်ဳံေခါက္ဆြဲကိုေရနည္းနည္းထည့္ၿပီးပဲငံျပာရည္နဲ႕ေရာေမႊလိုက္"

"အိုေက"

႐ႊီလ်န္ ပန္းကန္အႀကီးတစ္လုံးကိုထုတ္ၿပီး ဂ်ဳံေခါက္ဆြဲထည့္လိုက္သည္။ သူမလွည့္ၾကည့္လိုက္ခ်ိန္၌ ရွန့္ခ်န္ခုန္း၏လက္ရာေျမာက္ေသာနည္းစနစ္ေၾကာင့္ သူမ ရင္ခုန္သြားရ၏။

"ရွင္လွီးတာအရမ္းျမန္တာပဲ ရွင့္လက္ကိုမေတာ္တဆရွသြားမွာမေၾကာက္ဘူးလား"

"ႀကိဳးစားရင္ဘုရားေတာင္ျဖစ္နိုင္တယ္တဲ့.. ကိုယ္ကအက်င့္ျဖစ္ေနၿပီ"

"အာ...."

႐ႊီလ်န္ ေခါက္ဆြဲပန္းကန္နားပဲျပန္သြားလိုက္ကာ ပန္းကန္ထဲေရျဖည့္ရန္ ေရဘုံပိုင္ေခါင္းကိုဖြင့္လိုက္သည္။ ခဏၾကာၿပီးေနာက္ ေရစင္ေအာင္စစ္ထားၿပီး ပဲငံျပာရည္တစ္ပုလင္းကိုထုတ္ယူ၏။

"ပဲငံျပာရည္ဘယ္ေလာက္ထည့္ရမွာလဲ"

"နည္းနည္းပဲ အမ်ားႀကီးေလာင္းမထည့္လိုက္နဲ႕"

႐ႊီလ်န္ ခဏေတြးၾကည့္ၿပီး ေမး၏။

"ကြၽန္မ အစက္ခ်ဖန္ႁပြန္လိုေသးလား?"

"......."

အသီးအ႐ြက္ေတြလွီးေနေသာ ရွန့္ခ်န္ခုန္းလက္မွာ အတန္ၾကာရပ္တန့္သြားခဲ့၏။

"အစက္ခ်ဖန္ႁပြန္?"

႐ႊီလ်န္ေခါင္းညိတ္ျပ၏။

"ကြၽန္မရဲ႕ဂ်စ္ပဆမ္ကဒ္ေတြလုပ္တဲ့အခ်ိန္ဆို တခါတေလ ေရအခ်ိဳးအစားနဲ႕ဂ်စ္ပဆမ္ကို ေသခ်ာအာ႐ုံစိုက္ရတယ္ေလ.. ကြၽန္မေရနည္းနည္းပဲလိုတဲ့အခ်ိန္ဆိုရင္ ဘယ္ေလာက္ထည့္ရမလဲဆိုတာကိုထိန္းညွိဖို႔အတြက္ အစက္ခ်ဖန္ႁပြန္ကိုသုံးရတယ္"

ရွန့္ခ်န္ခုန္း ေအာက္ႏႈတ္ခမ္းကိုကိုက္လ်က္

"ဟင္းခ်က္တဲ့ေနရာမွာ ကိုယ္တို႔အဲေလာက္ထိအတိအက်ျဖစ္ေနဖို႔မလိုဘူး မ်က္မွန္းထည့္လို႔ရတယ္"

"ေကာင္းၿပီ"

႐ႊီလ်န္ ပဲငံျပာရည္ဘူးကိုဖြင့္ေနရင္း သူ႕ကို မခံခ်င္ေအာင္ နည္းနည္းေလာက္မစဘဲမေနနိုင္ေတာ့။

"ဒါေပမဲ့ ကြၽန္မကမခ်က္တက္ဘူးေလ.. လူေတြကအၿမဲတမ္း ေသးေသးေလး၊နည္းနည္း၊သင့္ေတာ္တဲ့ပမာဏေလာက္ပဲဆိုၿပီးေျပာေနၾကတာ ဒါေပမဲ့ ေနာက္ဆုံးက်ေတာ့ အဲဒါကဘယ္ေလာက္ထိကိုေျပာေနတာလဲ?"

ရွန့္ခ်န္ခုန္းၿပဳံးလ်က္

"မင္းကဒီလိုအရာမ်ိဳးေတြကိုအသားက်ေနရမယ္ေလ"

႐ႊီလ်န္ျပန္မေျဖဘဲ သူမလက္ထဲကပဲငံျပာရည္ပုလင္းကိုစိုက္ၾကည့္ၿပီး ေခါက္ဆြဲထဲနည္းနည္းေလာက္အစက္ခ်လိဳက္၏။

"ဒီေလာက္ဆိုရင္ေရာ? ရၿပီလား?"

"ရၿပီ မင္း ပုဇြန္ထဲကိုလည္းဟင္းခ်က္ဝိုင္နည္းနည္းထည့္လိုက္ ၿပီးရင္ တူနဲ႕နည္းနည္းေမႊလိုက္"

"ဝိုင္ဘယ္ေလာက္ထည့္ရမွာလဲ?"

ရွန့္ခ်န္ခုန္းရယ္ၿပီးေျပာလိုက္သည္။

"သင့္ေတာ္တဲ့ပမာဏေလာက္"

႐ႊီလ်န္ "........"

ရွန့္ခ်န္ခုန္းက အသီးအ႐ြက္ေတြအားလုံးလွီးျဖတ္ၿပီးေတာ့ ပန္းကန္အေသးတစ္လုံးထဲေျပာင္းထည့္လိုက္သည္။ ထို႔ေနာက္ ၾကက္သြန္ျဖဴအမႊာအေသးတစ္ခုအား ႏုပ္ႏုပ္စဥ္းကာ ေ႐ႊေရာင္ေျပာင္းလာသည္အထိေၾကာ္ေလွာ္ၿပီး ဝိုင္ႏွင့္ႏွပ္ထားေသာပုဇြန္ထဲသို႔ေလာင္းထည့္လိုက္၏။

"အိုေက အခု ကိုယ္တို႔ဒါကိုဆယ္မိနစ္ေလာက္ေပါင္းထားလိုက္မယ္"

႐ႊီလ်န္သည္ ပုဇြန္ခ်က္ဖို႔ရာ ဒီေလာက္ထိရိုးရွင္းမယ္မွန္းမထင္ထားခဲ့ေပ။

"ကြၽန္မတို႔အခုဘာလုပ္ၾကမလဲ"

"ၾကက္သြန္နီနည္းနည္းေရေဆးၿပီးေတာ့ႏုပ္ႏုပ္စဥ္းထားလိုက္.. ပုဇြန္ခ်က္ထားတုန္း ကိုယ္ကၾကက္သားေၾကာ္ထားလိုက္မယ္"

"အိုေက"

႐ႊီလ်န္သည္ ၾကက္သြန္နီကိုႏုပ္ႏုပ္စဥ္းရတာက မုန္လာဥနီကိုလွီးရတာထက္ ပိုၿပီးလြယ္ကူေၾကာင္းသိလိုက္ရ၏။

လူႏွစ္ေယာက္ကမီးဖိုေခ်ာင္ေကာင္တာနားတြင္ရပ္ေနၾကၿပီး တစ္ေယာက္ခ်င္းစီဟာ သူတို႔အလုပ္ကိုယ္စီႏွင့္အလုပ္မ်ားေနၾကသည္။ ရွန့္ခ်န္ခုန္းမွာ ႐ႊီလ်န္အား တိတ္တိတ္ေလးခိုးၾကည့္လိုက္လွ်င္ ေႏြးေထြးခ်ိဳၿမိန္လွသည့္ခံစားခ်က္ေလးက သူ႕ႏွလုံးသားထဲမွတစ္ရွိန္ထိုးတက္လာခဲ့၏။

သူတို႔ႏွစ္ေယာက္ကၾကင္စဦးေမာင္ႏွံေတြအတိုင္းပဲ...

သူတို႔ေတြအလုပ္မ်ားေနၾကကာ ရွစ္နာရီခြဲမွာေတာ့ ဟင္းပြဲအားလုံးကိုျပင္ဆင္ၿပီးသြားၿပီျဖစ္သည္။ ႐ႊီလ်န္က ရွန့္ခ်န္ခုန္းအား ပန္းကန္ျပားေတြကိုစားပြဲေပၚကူသယ္ေပးၿပီး ေမႊးႀကိဳင္ေသာထမင္းႏွစ္ပန္းကန္ကိုလည္း အျပင္ကူသယ္ေပးလာခဲ့၏။ သူမက ယေန႕မနက္ကပဲ Starlight စိုက္ပ်ိဳးေရးၿခံကေန ဆန္ဝယ္လာခဲ့ျခင္းျဖစ္သည္။ အေရာင္းစာေရးေျပာတာေတာ့ သူတို႔က သူတို႔ဆန္ေတြကို ကိုယ္တိုင္စိုက္ပ်ိဳးၾကတာတဲ့။

"အာ ဒီထမင္းအနံ႕ေလးကတကယ္ေမႊးတာပဲ သူ႕ေဈးနဲ႕တကယ္တန္တယ္"

႐ႊီလ်န္ သူမဖုန္းကိုထုတ္၍ စားပြဲေပၚကအသားအေသာက္ေတြကိုပုံအခ်ိဳ႕ရိုက္ယူလိုက္၏။

"ကြၽန္မအေမကိုပို႔ေပးလိုက္ဦးမယ္ အဲတာဆို အေမက ကြၽန္မကေခါက္ဆြဲပဲခ်က္တက္တယ္ဆိုတဲ့အေၾကာင္းေျပာတာရပ္သြားလိမ့္မယ္"

႐ႊီလ်န္က သူမရိုက္ထားတဲ့ဓာတ္ပုံေတြကို သူမအေမကိုပို႔ေပးၿပီး မက္ေဆ့ခ်္ထပ္ပို႔လိုက္၏။

[ အိမ္ခ်က္ ]

သူမအေမက ခ်က္ခ်င္း အသံမက္ေဆ့ခ်္တစ္ေစာင့္ပို႔လာ၏။ ႐ႊီလ်န္ မက္ေဆ့ခ်္ကို နားေထာင္ရန္ႏွိပ္လိုက္ေတာ့ သူမအေမေျပာထားသည္အားၾကားလိုက္ရသည္။

[ ေကာင္မေလး နင္ေကာင္ေလးရေနၿပီလား? စားပြဲေပၚမွာဘယ္လိုလုပ္ထမင္းႏွစ္ပန္းကန္ရွိေနရတာလဲ? ]

ရွန့္ခ်န္ခုန္း "..........."

႐ႊီလ်န္မွာ အသံသြင္းခလုတ္ကိုႏွိပ္လ်က္ သူမအေမအား အသံမက္ေဆ့ခ်္ျပန္ပို႔၏။

[ အေမျပန္ေရာက္တဲ့အခ်ိန္က်ရင္ သမီး သူ႕ကို အေမနဲ႕မိတ္ဆက္ေပးမယ္ ]

ရွန့္ခ်န္ခုန္း ထိတ္လန့္သြားၿပီး သူမကိုေမာ့ၾကည့္လိုက္သည္။ ဒါကို သူမရဲ႕အသိအမွတ္ျပဳမႈလို႔ယူဆလို႔ရနိုင္တယ္မလား?

႐ႊီလ်န္သည္ မက္ေဆ့ခ်္ပို႔ၿပီးေနာက္ သူမဖုန္းကိုျပန္ခ်ထား၏။ သူမတူကိုေကာက္ကိုင္၍ စတင္စားေသာက္ေတာ့မည့္အခ်ိန္၌ ရွန့္ခ်န္ခုန္းမွာ သူမအား စားပြဲရဲ႕အျခားတစ္ဖက္မွၾကည့္ေနေၾကာင္း သတိျပဳမိလိုက္သည္။

"ဘာျဖစ္လို႔လဲ ရွင္ဘာလို႔မစားတာလဲ?"

ရွန့္ခ်န္ခုန္းမွာ စကၠန့္အနည္းငယ္ေလာက္တုံ႕ဆိုင္းေနမိ၏။ သို႔ေသာ္ ယခုအခ်ိန္မွာ တစ္ခုခုေျပာၿပီး ကိစၥေတြကိုရွင္းလင္းထားတာပိုေကာင္းတယ္။

"ေစာနက မင္း မင္းအေမကိုေျပာလိုက္တာက....မင္းတကယ္ေျပာေနတာလား?"

"ဘာကိုလဲ? ရွင့္ကိုသူမနဲ႕မိတ္ဆက္ေပးဖို႔ကိုလား?"

႐ႊီလ်န္ ေစာင္းငဲ့ၾကည့္လ်က္

"ရွင္ကမလုပ္ခ်င္ဘူးလား?"

"မဟုတ္ပါဘူး မဟုတ္ဘူး"

ရွန့္ခ်န္ခုန္း သူ႕လက္ထဲကတူကိုတင္းတင္းဆုပ္ကိုင္ထား၏။ သူ ႐ႊီလ်န္ကို ေစ့ေစ့ၾကည့္ရန္ေၾကာက္လန့္ေနမိသည္။

"အခု ကိုယ္တို႔ရဲ႕ဆက္ဆံေရးကဘာလဲ?"

႐ႊီလ်န္ ခ်က္ခ်င္းအေျဖျပန္မေပးဘဲ ထိုအစား သူ႕ကိုစိတ္ဝင္တစားၾကည့္ေန၏။ အခန္းတြင္းရွိတိတ္ဆိတ္ေနမႈက အလြန္လႊမ္းမိုးလာေသာေၾကာင့္ ရွန့္ခ်န္ခုန္းမွာ ခက္ခက္ခဲခဲအသက္ရႈေနရသည္။

"ရွင္ကဒါကိုဘယ္လိုထင္လဲ"

႐ႊီလ်န္ကသူ႕ကိုျပန္ေမးလိုက္သည္။

"သူငယ္ခ်င္းေကာင္းလား? ဒါမွမဟုတ္......."

"မဟုတ္ဘူး မဟုတ္ဘူး.........."

ရွန့္ခ်န္ခုန္းမွာမူ ဤအေတြးေတြကိုျငင္းဆိုရန္ အလြန္စိုးရိမ္ေၾကာင့္က်ေနေသာ္လည္း သူ အျခားမည္သည္မွလည္းမေျပာနိုင္ေပ။

"မဟုတ္ရင္ ဒါဆို ခ်စ္သူရည္းစားေတြျဖစ္ရမွာမလား ဟုတယ္မလား? ဒါမွမဟုတ္ ရွင္ကကစားေနတာလား?"

"ကိုယ္ကစားေနတာမဟုတ္ဘူး"

"ကြၽန္မလဲမဟုတ္ဘူး"

စကားေျပာေနရာမွ ႐ုတ္ျခည္းအၿပီးသတ္သြားခဲ့သည္။ ေနာက္တစ္ဖန္ ရွန့္ခ်န္ခုန္းမ်က္ႏွာနီျမန္းလာသည္အထိ သူတို႔ေတြ တစ္ေယာက္ႏွင့္တစ္ေယာက္စိုက္ၾကည့္ေနၾက၏။ သူက

"စား စားေတာ့ ဟင္းေတြေအးသြားရင္အရသာေကာင္းေတာ့မွာမဟုတ္ဘူး"

"အင္း"

ယေန႕ ရွန့္ခ်န္ခုန္းက သူမအား ဟင္းခ်က္နည္းသင္ေပးရန္ ဒီကိုေရာက္လာခဲ့ျခင္းျဖစ္ေသာ္လည္း တကယ္တမ္း သူမအမ်ားႀကီးမလုပ္ခဲ့ရေပ။ ႐ႊီလ်န္ အရင္က ရွန့္ခ်န္ခုန္းခ်က္ထားတာေတြကိုမစားဖူးတာေၾကာင့္ သူမ ပုဇြန္ၾကက္သြန္ျဖဴကိုတစ္လုတ္စားလိုက္သည့္အခ်ိန္တြင္ ႐ႊီလ်န္အံ့အားသင့္သြား၏။

"ဒါကအရသာရွိလိုက္တာ ဒီပုဇြန္ၾကက္သြန္ျဖဴက စားေသာက္ဆိုင္မွာစားရတဲ့အတိုင္းပဲ အရမ္းေကာင္းတယ္"

ပုံမွန္အားျဖင့္ ရွန့္ႏြမ္က သူ႕ဟင္းခ်က္ျပဳတ္စေကးကိုအၿမဲခ်ီးက်ဴးတက္၏။ သို႔ေသာ္လည္း ႐ႊီလ်န္ကခ်ီးက်ဴးလာခ်ိန္မွာေတာ့ ရွန့္ခ်န္ခုန္းရင္တဒိန္းဒိန္းခုန္လာေတာ့သည္။

"ဒါဆို မင္းမ်ားမ်ားစားသင့္တယ္"

ရွန့္ခ်န္ခုန္းသည္ ႐ႊီလ်န္နားသို႔ ပန္းကန္ကိုတြန္းေပးလိုက္၏။ ႐ႊီလ်န္မွာ သူ႕ပန္းကန္ထဲ၌ ထမင္းမွလြဲ၍တျခားဘာမွမရွိမွန္း သတိျပဳမိသြားသည္။ ထို႔ေၾကာင့္ သူမက ပုဇြန္အႀကီးဆုံးကိုယူ၍ သူ႕ပန္းကန္ထဲထည့္ေပးလ်က္

"မ်ားမ်ားစား"

"အာ ကိုယ္ ကိုယ့္ဘာသာထည့္လို႔ရပါတယ္"

႐ႊီလ်န္ ထိုည၌ ထမင္းႏွစ္ပန္းကန္၊ဟင္းႏွစ္ပြဲႏွင့္ ရွန့္ခ်န္ခုန္းထည့္ေပးေသာဟင္းခ်ိဳတစ္ခြက္အားစားခဲ့သည္။ သူမ ပန္းကန္ေတြကိုေဆးေၾကာၿပီးေနာက္ ႐ႊီလ်န္မွ နည္းနည္းစိုးရိမ္စျပဳလာ၏။ ဒီညအမ်ားႀကီးစားထားဆိုေတာ့ မနက္ျဖန္မနက္က်ရင္ သူမက်ိန္းေသေပါက္ထေျပးဖို႔လိုတယ္။

"မင္းတကယ္ပဲကိုယ့္အကူအညီမလိုဘူးလား?"

ရွန့္ခ်န္ခုန္းက မီးဖိုေခ်ာင္တံခါးနားတြင္ရပ္ေနရင္း ေဘစင္နားရွိ႐ႊီလ်န္အားၾကည့္ေန၏။ ႐ႊီလ်န္ေခါင္းရမ္းရင္းေျပာလိုက္သည္။

"မလိုဘူး ကြၽန္မအစားမ်ားသြားလို႔အစာေျခဖို႔လိုတယ္.. ကြၽန္မ ေနာက္တစ္ေခါက္က်ရင္ ပန္းကန္ေဆးစက္ဆင္ထားလိုက္မယ္"

အရင္က သူမတိုက္ခန္း၏အျပင္အဆင္ကို သူမစီစဥ္တုန္းက oven အတြက္ ေနရာနည္းနည္းခ်န္ထားရန္အတြက္သာ သတိရခဲ့သည္။ သူမ ပန္းကန္ေဆးစက္ထားဖို႔ကို လုံးဝေမ့သြားခဲ့၏။ အဆုံးမွာေတာ့ oven ကို တစ္ႀကိမ္ေလးေတာင္ မသုံးခဲ့ဖူးဘဲ မၾကာမၾကာ သူမ ပန္းကန္ေတြကိုပဲေဆးေနခဲ့ရသည္။ ပန္းကန္ေဆးစက္ဆင္ဖို႔စီစဥ္တာကလည္း အခုခ်ိန္မွာ မျဖစ္နိုင္တာေတာ့မဟုတ္ဘူး။ ေနရာခ်ဖိဳ႕ရာ နည္းနည္းဒုကၡျဖစ္ေစ႐ုံပဲ...

"ကြၽန္မတစ္မိနစ္အတြင္းလတ္စသက္လိုက္မယ္ ဧည့္ခန္းထဲအရင္သြားၿပီး TVၾကည့္ေနလိုက္"

႐ႊီလ်န္က ဘာမွထပ္မေျပာေတာ့ဘဲ ပန္းကန္ဆက္ေဆးေနသည္။ အားလုံးေဆးၿပီးေနာက္ သူမ ဧည့္ခန္းထဲေလွ်ာက္သြား၏။

ရွန့္ခ်န္ခုန္းက TVမၾကည့္ဘဲ ထိုအစား လသာေဆာင္လက္ရန္းအားမွီလ်က္ ေကာင္းကင္အားၾကည့္ေန၏။ ညေလညွင္းက သူ႕ဆံပင္ေတြၾကား ျဖည္းျဖည္းခ်င္း တိုးေဝွ႕တိုက္ခတ္သြားၿပီး အမည္းေရာင္ႏြယ္ပင္ႏွာေမာင္းေတြက သူ႕နဖူးအားၾကင္နာစြာပြတ္သပ္သြားေလသည္။

႐ႊီလ်န္က ေယာက္်ားတစ္ေယာက္အား ဒီေလာက္ထိေစ့ေစ့စပ္စပ္ တစ္ခါမွမၾကည့္ခဲ့ဖူးဘူး။ သူ႕မ်က္ႏွာသြင္ျပင္၊ သူ႕ႏႈတ္ခမ္း၊ သူ႕ေမးရိုး၊ သူ႕လည္စလုတ္ႏွင့္ သူ၏လြမ္းေဆြးဖြယ္ပင္ကိုယ္စရိုက္ေတြကို ဤညေလညွင္းက သိပ္ၿပီးလြင့္ျပယ္မသြားေစနိုင္ေပ။

သူ႕ၾကည့္ရတာ ညနက္ႏွင့္အတူေပါင္းစပ္သြားေတာ့မယ့္ပုံပဲ...

ျပႆနာေတြကအၿမဲလိုလိုဧကန္မလြဲေရာက္လာတက္သည့္အတြက္ ႐ႊီလ်န္သည္ သူမက တျခားသူေတြႏွင့္အရမ္းမနီးစပ္နိုင္မွန္း အၿမဲတမ္းနားလည္ထားသည္။ သူမ သူငယ္ခ်င္းဖြဲ႕သည့္အခ်ိန္အတိုင္း ႐ႊီလ်န္သည္ မိမိကိုယ္တိုက္ခ်မွတ္ထားသည့္စည္းမ်ဥ္းအား အၿမဲတေစလိုက္နာခဲ့၏။

သို႔ေသာ္ ရွန့္ခ်န္ခုန္းႏွင့္သာဆို ကိစၥေတြကက်ိန္းေသေပါက္ျပႆနာျဖစ္လာမယ္မွန္း သူမ သိေနခဲ့တာေတာင္မွ ဝမ္းပန္းတသာျဖင့္ အရာအားလုံးကို သူမလက္ခံနိုင္လိမ့္မည္။

အဘယ္ေၾကာင့္ဆိုေသာ္ သူမ ဒီေနရာမွာပဲ မရပ္တန့္ေစခ်င္တာေၾကာင့္ပဲ။ သူမ သူ႕ကိုၾကည့္လိုက္၏။

႐ႊီလ်န္ေလွ်ာက္သြားၿပီး သူ႕ေဘးနားတြင္ လက္ရန္းအားမွီၿပီး ေမး၏။

"ရွင္ဘာေတြစဥ္းစားေနတာလဲ?"

ရွန့္ခ်န္ခုန္းၿပဳံးရင္းေခါင္းရမ္းလိုက္သည္။

"ဘာမွမဟုတ္ပါဘူး"

႐ႊီလ်န္ တခဏေလာက္ သူ႕ပုံရိပ္ေလးကိုၾကည့္ၿပီးေနာက္

"ရွင္ဒီလိုပုံျဖစ္ေနတာေတာင္ ဘယ္လိုလုပ္ၿပီးဘာမွမဟုတ္ရမွာလဲ? စကားေျပာၾကရေအာင္ အစ္မႀကီးကမင္းကိုအျမင္မွန္ရေအာင္လုပ္ေပးမယ္"

"အစ္မႀကီး?"

ရွန့္ခ်န္ခုန္း မ်က္ေမွာင္ၾကဳတ္သြား၏။

"အင္း"

႐ႊီလ်န္ ေခါင္းညိတ္လ်က္

"ကြၽန္မတကၠသိုလ္ၿပီးတာႏွစ္ႏွစ္ေလာက္ရွိၿပီ"

ရွန့္ခ်န္ခုန္းသည္ အေဝးတစ္ေနရာသို႔ ေခတၱမွ်ေငးေမာၾကည့္ၿပီးေနာက္ သူမဘက္သို႔ ၿပဳံးလ်က္ျပန္လွည့္လာရင္း

"ကိုယ္ကသုံးႏွစ္ရွိၿပီ"

"........"

႐ႊီလ်န္ မယုံၾကည္နိုင္ဘူး ၊ ရွန့္ခ်န္ခုန္းက သူမထက္ငယ္တယ္လို႔ သူမအၿမဲတမ္းထင္ထားခဲ့တာ..

"ရွင္ ဒီႏွစ္အသက္ဘယ္ေလာက္လဲ?"

"ႏွစ္ဆယ့္ေလး"

"ကြၽန္မလဲႏွစ္ဆယ့္ေလးပဲ.. ရွင္ကဘယ္လလဲ?"

"March"

႐ႊီလ်န္ "........"

ငါရႈံးသြားၿပီ...

ရွက္႐ြံ႕တက္သည္မွတစ္ပါး မည္သည့္အရာမဆိုၾကည့္ခဲလွေသာ ရွန့္ခ်န္ခုန္းက သူမအား စိတ္ဝင္တစားျဖင့္ၾကည့္လ်က္

"ကိုယ္တို႔ဘယ္ႏွစ္လေလာက္ကြာလဲ?"

"ကြၽန္မကဂ်ဴလိုင္လ"

႐ႊီလ်န္ပုံကအလြန္စိတ္မပါသည့္ပုံပင္။

"ကိုယ္ကႀကီးတဲ့ပုံပဲေနာ္"

ရွန့္ခ်န္ခုန္းက အၿပဳံးျဖင့္ဆိုလာ၏။

"......."

႐ႊီလ်န္ႏႈတ္ခမ္းပါးေကာ့တက္သြားကာ

"တုံးအလိုက္တာ"

ရွန့္ခ်န္ခုန္း တိုးတိုးေလးရယ္ေမာေနရာမွ အသံထြက္ေပၚလာ၏။ သူတို႔ႏွစ္ေယာက္မွာ ဘယ္သူကပိုၿပီးတုံးအတာလဲဆိုတာ သူမသိဘူး။

႐ႊီလ်န္ အတန္ၾကာတိတ္ဆိတ္ေနၿပီးေနာက္ ေမးလာ၏။

"ရွင္က မၾကာေသးခင္ကမွ ပစၥည္းပို႔တဲ့အလုပ္ကိုစလုပ္ခဲ့တာေနာ္ ဟုတ္တယ္မလား? ရွင္အရင္ကဘာလုပ္ခဲ့တာလဲ"

အတိုင္းမသိက်ယ္ျပန့္ေသာညဥ့္ေကာင္းကင္ကိုေမာ့ၾကည့္လ်က္ ရွန့္ခ်န္ခုန္းျပန္ေျဖလိုက္သည္။

"ထိပ္တန္း 500 ကုမၸဏီတစ္ခုမွာ ကိုယ္အလုပ္လုပ္ခဲ့တာ"

"ဘာလို႔ထြက္လိုက္တာလဲ"

"ဘာလို႔လဲဆိုေတာ့ ကိုယ္ပိုက္ဆံလိုလို႔"

ရွန့္ခ်န္ခုန္း ခဏေလာက္တိတ္ဆိတ္သြား၏။ ထို႔ေနာက္ ျဖည္းျဖည္းခ်င္း ရွင္းျပလာခဲ့သည္။

"ကိုယ္တို႔ကုမၸဏီကကုမၸဏီႀကီးတစ္ခုေလ ဒါေပမဲ့ တိုးတက္ေနဆဲပဲရွိေသးတယ္၊ မင္းသိတဲ့အတိုင္းပဲ ကုမၸဏီႀကီးေတြမွာဆို ပုံမွန္အားျဖင့္ ျဖည္းျဖည္းခ်င္းရာထူးတိုးသြားနိုင္တယ္ေလ လစာကလည္း တစ္ႏွစ္ထက္တစ္ႏွစ္တိုးလာမွာပဲ.. အဲဒါေၾကာင့္ ပထမႏွစ္အနည္းငယ္ေတာ့ ရတဲ့လစာကအရမ္းနည္းေနမွာပဲ၊ ေနာက္ၿပီး အဲဒီအခ်ိန္တုန္းက ကိုယ္ကဘြဲ႕မရေသးတဲ့တကၠသိုလ္ေက်ာင္းသားတစ္ေယာက္ ဒီေတာ့ ဘြဲ႕ရေက်ာင္းသားေတြအုပ္စုၾကားမွာ ကိုယ္ကေအာက္ေမ့ဖြယ္ရာမဟုတ္ခဲ့ဘူး"

႐ႊီလ်န္မွာ ဘြဲ႕ရၿပီးတာနဲ႕ ေဘာ့စ္တစ္ေယာက္ျဖစ္လာခဲ့ျခင္းျဖစ္သည္။ သူမက အျပင္မွာအလုပ္ထြက္မရွာခဲ့ေပမဲ့လည္း လုပ္ငန္းခြင္အေလ့အထကိုေတာ့ သူမသိေနဆဲပဲ။ ေယဘုယ်အားျဖင့္ ဘြဲ႕ရခါစေက်ာင္းသားေတြကို တန္ဖိုးနည္းအလုပ္သမားအျဖစ္ သတ္မွတ္ခံရတယ္ဆိုတာအမွန္ပဲ ၊ သူတို႔ေတြက အမွန္တကယ္ တာထြက္မစတင္ခင္ ကုမၸဏီတြင္ ေလး၊ငါး၊ခုနစ္ႏွစ္ေလာက္ေနရန္လိုအပ္သည္။

"မင္းကိုယ့္အိမ္ေရာက္ဖူးတယ္ဆိုေတာ့ ကိုယ့္အေမကေနမေကာင္းျဖစ္ေနတယ္ဆိုတာသိမွာပဲ.. ဟုတ္တယ္မလား? အေမ့ကိုေဆးကုသေနရတုန္းပဲ၊ ကိုယ့္ညီမေလးကလည္းမၾကာခင္တကၠသိုလ္သြားရေတာ့မွာ.. ကိုယ္ပိုက္ဆံလိုတယ္၊ ပစၥည္းပို႔တဲ့အလုပ္က ကုမၸဏီႀကီးေတြနဲ႕ယွဥ္ရင္ အခ်ိန္အမ်ားႀကီးမလိုဘူး။ ပစၥည္းအမ်ားႀကီးပို႔နိုင္သေ႐ြ႕ လစာကလည္းအေတာ္ေလးမ်ားလာမွာပဲ"

႐ႊီလ်န္ ခဏၾကာစဥ္းစားၿပီးေနာက္ ေျပာလာ၏။

"ပစၥည္းပို႔တာက ရွင္ပိုက္ဆံပိုရတယ္ဆိုတာေတာ့မွန္ပါတယ္ ဒါေပမဲ့ ရွင့္ရဲ႕အနာဂတ္တက္လမ္းေတြကေတာ့ ကုမၸဏီႀကီးေတြမွာအလုပ္လုပ္တာထက္ေတာ့ေကာင္းမွာမဟုတ္ဘူး။ ကုမၸဏီမွာႏွစ္ႏွစ္ၾကာအလုပ္လုပ္ၿပီး ရွင္စုေဆာင္းထားတာေတြက အခ်ည္းႏွီးျဖစ္သြားလိမ့္မယ္"

"ကိုယ္ကဒီလိုအရာေတြကိုစဥ္းစားနိုင္တဲ့အေနအထားမွာမဟုတ္ခဲ့ဘူး"

သူ႕အေမနဲ႕သူ႕ညီမေလးအျပင္ သူသည္လည္းပိုက္ဆံစုရန္လိုအပ္၏။ မဟုတ္ရင္ အကယ္၍မ်ား မေတာ္တဆတစ္ခုခု၊ အေရးေပၚကိစၥတစ္ခုခုမ်ားျဖစ္လာခဲ့ပါက သူလုပ္နိုင္တာဘာမွရွိလိမ့္မွာမဟုတ္ဘူး။

"ေနာက္ၿပီး အဲဒီအခ်ိန္တုန္းက မေျပလည္တဲ့ကိစၥနည္းနည္းကလည္း ကုမၸဏီမွာျဖစ္ေနခဲ့တာ"

႐ႊီလ်န္မွာေမးခြန္းေတြအျပည့္ျဖစ္ေနဆဲပဲ ၊ သူ႕အေဖကေရာ? အတိအက် သူ႕အေမကဘာျဖစ္ေနတာလဲ? ဤေမးခြန္းေတြ သူမစိတ္ထဲေပၚလာခဲ့ေသာ္လည္း အဆုံးမွာေတာ့ သူမအျပင္ထုတ္မေျပာျဖစ္ခဲ့ေပ။

႐ႊီလ်န္မွာ သစ္သားေလယာဥ္ေလးႏွင့္အတူ သူ႕စားပြဲေပၚ၌သူမေတြ႕ခဲ့ေသာစာအုပ္မ်ားအေၾကာင္း ျပန္ေတြးမိသြားသည္။ အၿမဲလိုလို လြမ္းေဆြးဖြယ္အၾကည့္မ်ားျဖင့္ ေကာင္းကင္ကိုေမာ့ၾကည့္တက္တဲ့သူ႕ကိုလည္းစဥ္းစားမိ၏။

"ရွန့္ခ်န္ခုန္း"

"ဟင္?"

"ရွင္တကၠသိုလ္မွာေလယာဥ္ဒီဇိုင္းပညာကိုေလ့လာခဲ့တာမလား?"

ရွန့္ခ်န္ခုန္း သူမအား အံ့အားသင့္စြာျဖင့္ၾကည့္လ်က္

"မင္းဘယ္လိုသိတာလဲ"

"ကြၽန္မ ရွင့္အခန္းထဲမွာ အဲဒါေတြနဲ႕ပတ္သတ္တဲ့စာအုပ္ေတြေတြ႕ခဲ့တယ္.. ရွင္ေလ့လာခဲ့တယ္ဆိုေတာ့ ရွင့္ရဲ႕အလုပ္အကိုင္ကိုဘာလို႔ေျပာင္းလိုက္တာလဲ"

"ကိုယ္ အဲဒီ့နယ္ပယ္မွာလုပ္ခဲ့ပါတယ္ ဒါေပမဲ့ လစာကိစၥေၾကာင့္ ကိုယ္အလုပ္ေျပာင္းခဲ့တာ.. တူညီတဲ့နယ္ပယ္တစ္ခုတည္းမွာ ေနာက္ထပ္အလုပ္ရွာဖို႔ကလည္းခက္ခဲတယ္"

"ဒါေပမဲ့ ရွင္ကပ်ံသန္းတာကိုႀကိဳက္တယ္မလား"

ရွန့္ခ်န္ခုန္း မည္သည့္စကားမွမဆိုဘဲ သူမကို အတန္ၾကာၾကည့္ေန၏။ ဒါကလည္း ႐ႊီလ်န္က သူ႕ကိုဆြဲေဆာင္နိုင္တဲ့အရာေတြထဲကတစ္ခုျဖစ္နိုင္တယ္ ၊ ဘယ္အေျခအေနပဲေရာက္ေရာက္ သူမက သူနဲ႕အၿမဲတမ္းပြင့္ပြင့္လင္းလင္းေျပာဆိုေပးနိုင္၏။

"ပ်ံသန္းတာ...."

သူ တိုးတိုးေရ႐ြတ္လိုက္မိသည္။

"ကိုယ့္ရဲ႕ဘြဲ႕ႀကိဳကၿပီးသြားၿပီ ဒါေပမဲ့ တကၠသိုလ္ေတာ့မသြားခဲ့ဘူး"

ဘြဲ႕ရၿပီးေနာက္ သူ၏ေလ့လာမႈေတြကို ေလေၾကာင္းသုေတသနတကၠသိုလ္မွာအက်ိဳးျပဳေထာက္ပံ့ရန္ ရည္႐ြယ္ထားခဲ့ျခင္းျဖစ္သည္။

"ကြၽန္မ ဘြဲ႕လြန္သင္တန္းတစ္ခုကေက်ာင္းသားေတြကိုေခၚယူေနတယ္လို႔ေျပာထားတဲ့ webpage တစ္ခုကို အမွတ္မထင္ေတြ႕လိုက္တယ္"

႐ႊီလ်န္ ဆက္ေျပာ၏။

"ရွင္စာရင္းသြင္းခ်င္လား?"

သူ အေဝးတစ္ေနရာသို႔လွမ္းၾကည့္သြားခ်ိန္၌ ရွန့္ခ်န္ခုန္းမ်က္ဝန္းေတြ နည္းနည္းလႈပ္ခတ္သြားသည္။ ေမွာင္မိုက္ေသာညလိုမ်ိဳး သူတို႔ႏွစ္ေယာက္ဟာလည္း ထပ္ၿပီးတိတ္ဆိတ္သြားခဲ့၏။

႐ႊီလ်န္ သူ႕ကိုၾကည့္ရင္း

"တကယ္လို႔ ပိုက္ဆံကိစၥဆိုရင္ ေျဖရွင္းဖို႔အျခားနည္းလမ္းေတြရွိပါတယ္ ဒါေပမဲ့ ရွင္တကယ္လုပ္ခ်င္တဲ့အရာေတြနဲ႕ပတ္သတ္လာရင္ေတာ့ ရွင္လြယ္လြယ္လက္မေလွ်ာ့သင့္ဘူး"

ရွန့္ခ်န္ခုန္း ပါးစပ္ဟလိုက္ေပမဲ့လည္း မည္သည့္စကားမွထြက္လာခဲ့ေခ်။ တိတ္ဆိတ္မႈၾကား လသာေဆာင္လက္ရန္းကိုသာမွီထားရင္း ေမွာင္မိုက္ေသာေကာင္းကင္ကိုေငးၾကည့္ေနခဲ့သည္။ သူ႕မ်က္လုံးေတြထဲ၌ေရာင္ျပန္ဟပ္ေနေသာၾကယ္ေလးေတြမွာလည္း ေပ်ာက္ကြယ္သြားေတာ့သည္။

သူ႕အတြက္ ဒီလိုအမူအရာမ်ိဳးေဖာ္ျပနိုင္ရန္ မည္မွ်ႀကီးမားေသာတာဝန္မ်ိဳးကို သူေခါင္းခံထားခဲ့ရတာလဲ? သူ႕ဝါသနာကိုလက္ေလွ်ာ့ထားရေအာင္ထိ ဘာေတြမ်ားျဖစ္ပ်က္ခဲ့တာလဲ?

ပထမဆုံးအႀကိမ္အေနျဖင့္ ႐ႊီလ်န္မွာ လူတစ္ေယာက္အတြက္ ဝမ္းနည္းပူေဆြးခဲ့ရ၏။

"ရွန့္ခ်န္ခုန္း"

"ဘာျဖစ္လို႔လဲ?"

ရွန့္ခ်န္ခုန္း သူမကိုၾကည့္လိုက္သည္။

"ကြၽန္မၾကည့္ေကာင္းလား?"

"......."

သတိလက္လြတ္ျဖစ္သြားၿပီး ရွန့္ခ်န္ခုန္းႏွလုံးခုန္သံေတြ ဂနာမၿငိမ္ျဖစ္လာ၏။

"ေကာင္း...ေကာင္းတယ္"

"ဒါဆို ရွင္ papapa ခ်င္လား"

[ T/N : ဒီေနရာမွာ႐ႊီလ်န္ေျပာလိုက္တာက Chinese slang တစ္ခုသုံးၿပီးေျပာလိုက္တာ E-Translator ကသင့္ေတာ္သလို 'bang' ဆိုၿပီးသုံးထားတယ္၊ ျမန္မာမႈျပဳရမယ္ဆိုေဖာင္းဒိုင္းလုပ္တာေပါ့ အိုင္ကဖတ္ရအဆင္ေျပေအာင္ papapa လို႔ပဲျပန္လိုက္တယ္.. papapa means sex ]

"အ-အာ ဟင့္အင္း!"

ရွန့္ခ်န္ခုန္းႏွလုံးသားက သူ႕ရင္ဘတ္ထဲကခုန္ထြက္လုနီးပါးပဲ ၊ သူအရမ္းစိတ္လႈပ္ရွားသြားတာေၾကာင့္ အလိုလို'ဟင့္အင္း'လို႔ေျပာမိသြားတာ..

မ်က္ခုံးပင့္မလ်က္ ႐ႊီလ်န္ထပ္ေမး၏။

"ရွင္မလုပ္ခ်င္လား?"

"မဟုတ္ဘူး မဟုတ္ဘူး!"

"ကြၽန္မကေတာ့လုပ္ခ်င္တယ္"

ရွန့္ခ်န္ခုန္း "........."

႐ႊီလ်န္သည္ မၾကာေသးမီကပင္ အသက္မပါေသာသူ၏နီရဲေနေသာမ်က္ႏွာကိုၾကည့္ကာ ၿပဳံးရင္းဆို၏။

"ဒါဆို ရွင္ဘာေစာင့္ေနတာလဲ"

သူမအၿပဳံးကလွပ၏။ သို႔ေသာ္ ရွန့္ခ်န္ခုန္းအတြက္မူ ၎က ေသေစနိုင္ေသာမူးယစ္ေဆးတစ္မ်ိဳးလိုပဲ...

သူသည္းမခံနိုင္ေတာ့ဘဲ သူမကိုေပြ႕ဖက္ထားလို၏။ သူ နီးကပ္လာသည္ႏွင့္အမွ် ႐ႊီလ်န္က သူ႕လည္ပင္းကိုဖက္တြယ္လ်က္ခုန္လိုက္ကာ သူမေျခေထာက္ေတြအား သူ႕ကိုရစ္ပတ္ထားေစလိုက္သည္။

သူမတစ္ကိုယ္လုံးက ရွန့္ခ်န္ခုန္းကိုဖက္တြယ္ထား၏။ ရွန့္ခ်န္ခုန္း၏သန္မာလွတဲ့လက္ေတြက သူမကိုတင္းတင္းက်ပ္က်ပ္ ေပြ႕ဖက္ထားမွန္း ႐ႊီလ်န္ခံစားေနရသည္။ သူတို႔အသက္ရႈသံေတြမွာေရာေထြးလာၿပီး ပို၍ပို၍ ပရမ္းပတာျဖစ္လာေတာ့၏။ ရွန့္ခ်န္ခုန္းက သူမအား နံရံႏွင့္ကပ္ကာ သူ႕ႏႈတ္ခမ္းေတြမွာ သူမႏႈတ္ခမ္းေတြႏွင့္အလြန္နီးကပ္ေနလ်က္ ေမးလိုက္သည္။

"သြားေတာ့မလား?"

႐ႊီလ်န္ ပင့္သက္ရွိုက္ကာ အရည္႐ႊန္းေနေသာမ်က္ဝန္းေတြျဖင့္ ထိုသူအားၾကည့္လ်က္

"အင္း"

ရွန့္ခ်န္ခုန္းမ်က္လုံးေတြေမွာင္မည္းလာကာ သူ ႐ႊီလ်န္အား အိပ္ခန္းထဲသို႔ေခၚသြားၿပီး အိပ္ရာေပၚ အတူတူလွဲခ်လိဳက္ေလသည္။ ႏွစ္ေယာက္သားမွာ တစ္ေယာက္ႏွင့္တစ္ေယာက္စိတ္ျပင္းျပမႈေတြေလာင္ကြၽမ္းေနကာ ျမႇားႏွစ္ေခ်ာင္းသြယ္တန္းထားသကဲ့သို႔ ပစ္လႊတ္ရန္အဆင္သင့္ျဖစ္ေနေလၿပီ။

"မင္းအဆင္ေျပရဲ႕လား"

သူတို႔ႏွစ္ေယာက္ရဲ႕လြန္ခဲ့တဲ့အခ်ိန္ကို သူမွတ္မိေနဆဲပဲ ၊ ႐ႊီလ်န္ သူ႕ကိုၾကည့္ရင္းျပန္ေျဖ၏။

"ကြၽန္မအဆင္ေျပတယ္"

"ဒါဆို ကိုယ္......"

ရွန့္ခ်န္ခုန္းဘာေတြပဲေျပာေနပါေစ ႐ႊီလ်န္ကိုေျပာျပေနစရာမလိုေပ ၊ သူ႕အသက္ရႈသံေတြမွာ သူမကိုယ္ေပၚရိုက္ခတ္လာကာ ဌက္ေမႊးျဖင့္တိုးေဝွ႕ေနသကဲ့သို႔ပင္။ သူမလက္ေတြျဖင့္ သူ႕ခါးကိုဖက္တြယ္ၿပီး သူ႕အား ေအာက္ဆြဲခ်လိဳက္၏။

အခန္းတြင္းရွိအပူခ်ိန္မွာဆက္လက္ျမင့္တက္ေန၏။ မၾကာခင္အတြင္းမွာပဲ သူတို႔အကၤ်ီေတြကို ၾကမ္းျပင္ေပၚ ျဖစ္ကတက္ဆန္းလႊင့္ပစ္၍ ေထာင့္နားကဘူးအနီးေလးမွာလည္း ဖြင့္ေဖာက္ျခင္းခံလိုက္ရေလသည္။

႐ႊီလ်န္အားေပြ႕ဖက္ထားလ်က္ ရွန့္ခ်န္ခုန္းက တိုးတိုးေလးကပ္ေျပာ၏။

"မင္းႀကိဳက္ရဲ႕လား"

"ႀကိဳက္တယ္......."

သူနဲ႕ပတ္သတ္တာမွန္သမွ် သူမအကုန္လုံးႀကိဳက္တယ္။

"ကိုယ္...ကိုယ္လဲႀကိဳက္တယ္....."

ရွန့္ခ်န္ခုန္းမွာ သူမအား ညင္ညင္သာသာထိေတြ႕ေနရင္း သူ႕ခံစားခ်က္ေတြကိုလည္း ရွင္းရွင္းလင္းလင္းေျပာဆိုနိုင္ရန္ႀကိဳးစားေနခဲ့သည္။

႐ႊီလ်န္မွာ သူ႕နာမည္ကိုပဲ အႀကိမ္ႀကိမ္အခါခါ ညည္းၫူေနကာ စိတ္ခံစားခ်က္ေတြလႊမ္းမိုးေနလ်က္ ရွန့္ခ်န္ခုန္းကသာ သူမကိုတုံ႕ျပန္နိုင္ေလသည္။

ထို႔ေနာက္ သူတို႔ေရခ်ိဳးၿပီး သူတို႔၏ပရမ္းပတာျဖစ္ေနေသာႏွလုံးခုန္သံေတြၿငိမ္သက္ေစရန္ အိပ္ရာေပၚတြင္ အတူတူလွဲေန၏။

ရွန့္ခ်န္ခုန္းမွာ သူ႕လက္ေခ်ာင္းေတြျဖင့္ ႐ႊီလ်န္ဆံပင္ေတြကိုပြတ္သပ္ေပးေန၏။ သူမဆံပင္ေတြမွာႏူးညံ့သိမ္ေမြ႕ၿပီး ေမႊးရနံ႕သင္းေနေလသည္။ ႐ႊီလ်န္ေခါင္းေပၚ သူ႕ႏွာဖ်ားေလးျဖင့္ ပြတ္တိုက္ကာ မနမ္းရွိုုက္ဘဲမေနနိုင္ေတာ့.. ထိုအခ်ိန္တြင္ ႐ႊီလ်န္မွာ သူမမ်က္ႏွာအား သူ႕ရင္ဘတ္ထဲတြင္ျမႇုပ္ႏွံထားၿပီး သူ႕ႏွလုံးခုန္သံကိုနားေထာင္ေန၏။ ထို႔ေနာက္ သူတို႔ႏွစ္ေယာက္ဟာ တစ္ေယာက္နဲ႕တစ္ေယာက္တည္ရွိမႈေပၚမွီခိုရင္း ဘာမွဆက္မလုပ္ေတာ့ဘဲ အတူတူလွဲေနေလသည္။

အတန္ၾကာၿပီးေနာက္ ရွန့္ခ်န္ခုန္းက

"ကိုယ္အိမ္ျပန္ဖို႔လိုတယ္"

႐ႊီလ်န္ မ်က္ေမွာင္ၾကဳတ္သြားကာ ေခါင္းေမာ့ၿပီး

"ရွင္ကအိမ္ျပန္ခ်င္လို႔လား?"

"အင္း....."

ရွန့္ခ်န္ခုန္း သူမႏႈတ္ခမ္းကိုအနမ္းေပးကာ

"ကိုယ့္အေမကအိမ္မွာတစ္ေယာက္တည္း အဲဒါေၾကာင့္ ကိုယ္နည္းနည္းစိုးရိမ္တယ္၊ ေနာက္ၿပီး ကိုယ္ျပန္မသြားဘူးဆိုရင္ မနက္ျဖန္က်ရင္ သူမအတြက္ဘယ္သူမွထမင္းခ်က္ေပးမွာမဟုတ္ဘူး"

အရမ္းေနာက္က်ေနၿပီဆိုရင္ေတာင္မွ လုံးဝျပန္မသြားတာထက္စာရင္ ေနာက္က်မွျပန္သြားတာက သူ႕အတြက္ပိုအဆင္ေျပလိမ့္မယ္။

႐ႊီလ်န္မွာ နာမက်န္းျဖစ္ေနေသာသူ႕အေမကို ေတြးမိသြား၏။ သူ႕အိမ္မွာတစ္ေယာက္တည္းသာဆိုရင္ သူမအတြက္စိုးရိမ္မိမွာပဲ။ သူမ ရွန့္ခ်န္ခုန္းကိုၾကည့္ရင္း ေမးလိုက္သည္။

"ဒါဆို ရွင္ဘယ္အခ်ိန္ျပန္လာမွာလဲ"

ရွန့္ခ်န္ခုန္း ခဏေလာက္ မွင္သက္ေနမိသည္။ ထို႔ေနာက္ ရယ္ေမာလာ၏။

႐ႊီလ်န္ကတကယ္ပြင့္လင္းတဲ့သူတစ္ေယာက္ပဲ ၊ သူ႕အေပၚ သူမရဲ႕လိုအပ္ဆႏၵကိုေတာင္ မဖုံးကြယ္ထားနိုင္ဘူး။

ရွန့္ခ်န္ခုန္း မွီခ်ကာ သူမနားထဲကပ္ေျပာ၏။

"ကိုယ့္ကိုေခၚလိုက္ ကိုယ္လာခဲ့မယ္"

ေနာက္ဆုံးတြင္မူ သူ႕အကၤ်ီေတြရွာရန္ အိပ္ရာေပၚမွထသြား၏။ ႐ႊီလ်န္မွာ အိပ္ရာထဲတြင္သာလွဲေနရင္း သူအကၤ်ီဝတ္ေနသည္အားၾကည့္ေနသည္။ တစ္စုံတစ္ေယာက္ကအကၤ်ီဝတ္ေနတာကိုၾကည့္ေနရျခင္းက အလြန္ၾကည္ႏူးဖြယ္ေကာင္းမွန္း သူမသိလိုက္ရသည္။

အဝတ္အစားဝတ္ၿပီးေနာက္ ရွန့္ခ်န္ခုန္းက ႐ႊီလ်န္နားသို႔ေလွ်ာက္သြားကာ သူမအားနမ္းရန္ေခါင္းငုံ႕လိုက္၏။

"သြားႏွင့္ေတာ့မယ္ အိပ္ေတာ့ေနာ္ ဂြတ္နိုက္"

"အင္း......"

႐ႊီလ်န္က အသံတိုးတိုးျဖင့္ျပန္ေျဖၿပီး အခန္းထဲကထြက္သြားေသာသူ႕ကိုၾကည့္ေနခဲ့သည္။

ရွန့္ခ်န္ခုန္း အေဆာက္အဦးထဲကထြက္လာသည္ႏွင့္ သူ႕ဖုန္းကိုထုတ္၍ အခ်ိန္ကိုၾကည့္လိုက္သည္။ အရမ္းေနာက္က်ေနခဲ့ၿပီ ၊ သူ သက္ျပင္းဖြဖြခ်ကာ ဆံပင္ၾကားထဲလက္ျဖင့္ထိုးဖြလိုက္၏။

သူ႕လက္ထဲရွိဖုန္းမွာ ႐ုတ္တရက္ ထျမည္လာ၏။ ရွန့္ခ်န္ခုန္း ဖုန္းဖြင့္ၾကည့္လိုက္ေတာ့ ႐ႊီလ်န္က သူ႕ကိုေခၚေနေၾကာင္းေတြ႕လိုက္သည္။ သူမ အဆက္မေျပျဖစ္ေနမွာကို စိုးရိမ္ေနသည့္အတြက္ သူ ျမန္ျမန္ဖုန္းကိုင္၏။

"႐ႊီလ်န္? ဘာျဖစ္လို႔လဲ"

႐ႊီလ်န္အသံက တစ္ဖက္မွထိုးေဖာက္လာကာ

"ရွန့္ခ်န္ခုန္း ေနာက္လွည့္ၾကည့္လိုက္"

လွည့္ၾကည့္လိုက္ခ်ိန္၌ ရွန့္ခ်န္ခုန္းသည္ ေလးထပ္ရွိသူမလသာေဆာင္တြင္ သူ႕ကိုၾကည့္ေနေသာသူမအားေတြ႕လိုက္ရသည္။ သူမက လက္တစ္ဖက္ျဖင့္ဖုန္းကိုင္ထားလ်က္ လက္ရန္းကိုမွီထား၏။ သူမ၏ပိုးသားကဲ့သို႔ႏူးညံ့သိမ္ေမြ႕လွသည့္ဆံပင္ရွည္ေတြမွာ သူမပခုံးေပၚျဖာက်ေနကာ ပဝါတစ္ထည္ကဲ့သို႔ပင္။

ညေလျပင္းေလညွင္းတစ္ခ်က္တိုက္ခတ္လာ၏။ ႐ႊီလ်န္က ေလေျပေလညွင္းအား အခြင့္အေရးယူလ်က္ သူ႕ထံ တစ္စုံတစ္ရာအားပစ္ေပးလိုက္သည္။

အျဖဴေရာင္စကၠဴေလယာဥ္တစ္ခု.....

အျဖဴေရာင္အလင္းတန္းလိုမ်ိဳး ေမွာင္မိုက္ေနေသာညအား တစ္ဟုန္ထိုးျဖတ္သန္းလ်က္ သူ႕ထံပ်ံဝဲလာခဲ့သည္။

ရွန့္ခ်န္ခုန္းသည္ သူ႕ေျခေထာက္နားက်လာေသာစကၠဴေလယာဥ္ေလးအား ေကာက္ယူလိုက္၏။ ဖုန္း၏တျခားတစ္ဖက္မွ ႐ႊီလ်န္က သူ႕ကိုေျပာလာသည္။

"ဂြတ္နိုက္"

ထို႔ေနာက္ သူမကဖုန္းခ်၍ သူမအခန္းထဲျပန္ဝင္သြားေတာ့သည္။ ရွန့္ခ်န္ခုန္းမွာ သူ႕လက္ထဲကစကၠဴေလယာဥ္အားစိုက္ၾကည့္ၿပီး ေခါက္ထားသည္ကိုျဖန့္လိုက္၏။

အျဖဴေရာင္စကၠဴေပၚ၌ စာတစ္ေၾကာင္းရွိေန၏။

[ ေသဆုံးျခင္းကမနာက်င္နိုင္ဘူး ရွင္သန္ျခင္းကမွနာက်င္ျခင္းပဲ ]

မင္းကိုနာက်င္ေစတဲ့အရာေတြက မင္းအသက္ရွင္ေနတာဆိုတာကို သက္ေသျပ႐ုံပါပဲ။

__________________

Continue Reading

You'll Also Like

1.6M 138K 46
โœซ ๐๐จ๐จ๐ค ๐Ž๐ง๐ž ๐ˆ๐ง ๐‘๐š๐ญ๐ก๐จ๐ซ๐ž ๐†๐ž๐ง'๐ฌ ๐‹๐จ๐ฏ๐ž ๐’๐š๐ ๐š ๐’๐ž๐ซ๐ข๐ž๐ฌ โŽโŽโŽโŽโŽโŽโŽโŽโŽโŽโŽ She is shy He is outspoken She is clumsy He is graceful...
4.1M 170K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally โฃ๏ธ Cover credit...
26.2K 3.4K 37
แ€€แ€ปแ€„แ€บแ€ทแ€šแ€ญแ€แ€”แ€บ ร— แ€œแ€ฏแ€ถแ€แ€ปแ€ฎ "แ€€แ€ปแ€ฝแ€”แ€บโ€‹แ€แ€ฑแ€ฌแ€บ แ€žแ€ฐแ€ทแ€กแ€แ€ฝแ€€แ€บ โ€‹แ€žแ€ฑโ€‹แ€•แ€ฑแ€ธแ€œแ€ญแ€ฏแ€€แ€บแ€–แ€ญแ€ฏแ€ท แ€†แ€”แ€นแ€’แ€›แ€พแ€ญแ€žแ€œแ€ญแ€ฏ แ€žแ€ฐแ€ทแ€กแ€แ€ฝแ€€แ€บแ€”แ€ฒแ€ทแ€•แ€ฒ แ€กแ€žแ€€แ€บ แ‰แˆ แ€”แ€พแ€…แ€บแ€‘แ€ญ แ€กแ€žแ€€แ€บแ€›แ€พแ€„แ€บแ€žแ€ฝแ€ฌแ€ธโ€‹แ€•แ€ฑแ€ธแ€–แ€ญแ€ฏแ€ทแ€œแ€Šแ€บแ€ธ แ€†แ€”แ€นแ€’แ€›แ€พแ€ญแ€แ€šแ€บ"
7.9K 691 15
แ€•แ€Šแ€ฌแ€žแ€„แ€บแ€†แ€ฏแ€›แ€›แ€พแ€ญโ€‹แ€›แ€ฑแ€ธแ€กแ€แ€ฝแ€€แ€บ แ€•แ€ผแ€ญแ€ฏแ€„แ€บแ€†แ€ญแ€ฏแ€„แ€บแ€€แ€ผแ€žแ€Šแ€บแ€™แ€พแ€ฌ โ€‹แ€แ€ฑแ€ฌแ€™แ€ฎแ€ธโ€‹แ€œแ€ฑแ€ฌแ€„แ€บแ€žแ€–แ€ฝแ€šแ€บ แ€กแ€€แ€ปแ€ญแ€แ€บแ€กแ€”แ€šแ€บแ‹ โ€‹แ€€แ€ปแ€ฑแ€ฌแ€„แ€บแ€ธแ€กแ€ฏแ€•แ€บแ€€แ€ผแ€ฎแ€ธแ€›แ€ฏแ€ถแ€ธแ€แ€”แ€บแ€ธโ€‹แ€›แ€พแ€ฑแ€ทแ€แ€ฝแ€„แ€บ 'แ€œแ€„แ€บแ€ธแ€šแ€ฝแ€ฎแ€€แ€ปแ€„แ€บแ€ธ' แ€”แ€พแ€„แ€บแ€ท 'แ€›แ€พแ€”แ€บแ€€แ€ปแ€ฝแ€™แ€บแ€ท'แ€แ€ญแ€ฏแ€ท แ€‘แ€ญแ€•แ€บ...