♡♡♡
~~ နှင်းလေ သုန်ကြူးလာ အို မမေ့ကွယ် လွမ်းရသည်အခါ အဘယ်သို့များ ဆွေးလေရော့အုန်းသလား တပင်မြနန််း ဝေးခဲ့ပြီးသကာ ~~
ဆွေးဆွေးငြိမ့်ငြိမ့် လွမ်းစရာတေးသီချင်းကလေးက ရေဒီယိုမှတဆင့် လွင့်ပျံ့လာခဲ့သည်။စာရွက်ကိုတဖျက်ဖျက်လှမ်းနေသော်ငြှားလည်း သည်စာအုပ်ပေါ်တွင် စိတ်သိပ်မရောက်ပေ။
အတွေး ဟုတ်သည်။အတွေး အတွေးတွေက လွင်ကိုစိတ်ဒုက္ခတော်တော်ပေးသည်ပဲ။ ဘာမျှမတွေးခြင်းဘူးကွယ်။ သို့ပေမယ့် ခေါင်းထဲရောက်ရောက်လာသည့်အတွက် လွင်မတွေးဘဲ မနေနိုင်ပြန်ဘူးရယ်။
"မောင်တေဇနောင် လာတယ် လွင် "
ခြံစောင့် ဦးလေးကြီးကအပြေးတစ်ပိုင်းလာ၍ပြောလေသည်။မတွေ့ချင်ဘူး လွင် နောင်ကိုအခုချိန်မတွေ့ချင်ဆုံးပဲ။
" တံခါးမဖွင့်ပေးပါနဲ့ ဦးလေး "
" ဘယ်လိုလုပ်မလဲလွင် မောင်က အထဲတောင်ရောက်နေပြီ "
ကျူးကျူးကျော်ကျော် အိမ်ရှင်တောင်ခွင့်မပြုဘဲ ဝင်လာရဲသည့် နောင် တကယ်ကို ကြောက်စရာပါကလား။
"မောင်တို့ စကားပြောရမှကိုဖြစ်မယ် "
"ဟင်း ဦးလေးသွားလို့ရပါပြီနော် "
" အေးပါကွယ် အေးပါ "
" စာကြည့်ခန်းထဲကို လိုက်ခဲ့ "
စာအုပ်ကို ဧည်ခန်းထဲတွင်ထားခဲ့ပြီ အပေါ်ထပ်ရှိ စာကြည့်ခန်းသို့ တက်လာခဲ့သည်။ အောက်ထပ်တွင်ပြောလို့ရပင့်မယ့် အိမ်ဖော်တွေကြောင့် စကားကို လွှတ်လွှတ်လပ်လပ်ပြော၍ရမည်မထင်သောကြောင့် အပေါ်ထပ်သို့ ခေါ်ရခြင်းဖြစ်သည်။
ကြီးမေအိမ်မှာမရှိသောကြောင့် လွင်တစ်မျိုးစိတ်သက်သာရာရသည်။နို့မို့ဆိုလျှင် ကြီးမေ နောင်ကိုဘာလုပ်မလဲ လွင်မစဥ်းစားတက်ပါ။
စာကြည့်ခန်းထဲရောက်သည်နှင့် တံခါးကို ဂျက်ထိုးလိုက်သည်။
" လွင်ကို တစ်ယောက်တည်းလွှတ်ထားလို့မရဘူးလား ဘာလို့ လွင်ကိုပဲစိတ်ဒုက္ခတွေဝိုင်းပေးနေကြတာလဲ လွင်ပင်ပန်းနေပြီ သိရဲ့လား "
" မောင် တောင်းပန်ချင်လို့လာတာပါ လွင်ရယ် မောင် အမှားအတွက်တကယ်နောင်တရလို့ပါ "
"တော်ပါတော့ နောင်ဘယ်တုန်းကရော တောင်းပန်ပြီ အချိုးပြောင်းသွားလို့လဲ အမြဲစိတ်လိုက်မာန်ပါပဲလုပ်နေတာ လွင် နောင်ကို အယုံအကြည်မရှိတော့ဘူး နောင်ရယ် ပြန်ပါတော့ "
စိတ်ရှိလက်ရှိအော်ဟစ်ပြီးတော့မှ လွင်တွေးမိသည်။လွင်ရဲ့ အမှိုက်ထုတ်ကို နောင်အားပေးမိနေပြီလား၊လွင် ပြောသည်က လွန်သွားပြီထင်သည်။နောင်မျက်နှာညိုးကြသွားပြီ တဖြည်းဖြည်းလွင်အနားကပ်၍လာသည်။
" ဘာလုပ်မလို့လဲ နောင် ဖယ်နော် "
တဖြည်းဖြည်းနောက်ဆုတ်ရင် ဆုတ်စရာနေရာမရှိတော့ပဲ စာအုပ်စင်တွင် လွင်ကျောကပ်သွားသည်။လွင်ရှောင်ထွက်ဖို့ပြင်လိုက်ပင့်မယ့် နောင်ကတား၏။
" လွှတ်နော် နောင် လွှတ် "
လွင် လက်ကိုအတင်းဆုတ်ကိုင်ရင် နောင်မျက်ရည်တွေကျလာသည်ကို လွင်အနီးကပ်မြင်နေရသည်။အလိုလေး နောင်ငိုနေပါလား။
" နောင် နင်ဘာဖြစ်နေတာလဲဟာ "
" မောင်လေ မောင် တောင်းပန်ပါတယ်ကွာ တကယ်ပါ မောင် နည်းနည်းစိတ်ရှုပ်နေလို့ အစ်ကိုမောင်ဆိုတဲ့သူကိုရိုင်းပြမိသွားတာပါ မောင်တကယ် နောင်တရပါပြီ လွင်မကျေနပ်ရင် မောင် အဲ့လူကို ဒူးထောက်ပြီးတောင်းပန်ပါမယ့်နော် "
ငိုသံအဖျားခပ်၍ ပြောနေသည့် နောင်စကားတို့အား လွင်ဘယ်လိုငြင်းရက်ပါ့မလဲ။ လွင်ကိုယ်တိုင် နှင်ထုတ်ခဲ့တဲ့ လူတစ်ယောက်ကို နောင်ဘယ်လိုတောင်းပန်မလဲကွယ်။
" ဒီလောက်အထိတော့မလိုပါဘူး နောင်တကယ် နောင်တရတယ်ဆိုရင် နောက်နောင် ဒီလိုစိတ်လိုက်မာန်ပါတွေ မလုပ်ပါနဲ့နော် "
" မောင်ကတိပေးပါတယ် လွင် မလုပ်တော့ပါဘူးနော် "
" ဒါဆိုရင် လက်ကိုချုပ်ထားတာလွှတ်တော့လေ နာလှပြီ "
" တောင်းပန်ပါတယ် တောင်းပန်ပါတယ် "
" ရတယ် "
အရင်လိုမျိုး မျက်စောင်းတစ်ချက်ထိုး၍ ဤရန်ပွဲအား အဆုံးသတ်လိုက်ပြီဖြစ်သည်။
"မောင်တို့ အရင်လို လျှောက်လည်ကြမယ်လေ မကောင်းဘူးလား "
"ကောင်းတာတော့ ကောင်းပါတယ် နောင်အမေက မဆူဘူးလား ကျောင်းကရော မတက်ဘဲနေလို့ရလို့လား "
" မေမေဆူတာက မောင့်အတွက်ဘာမှမဖြစ်ပါဘူး ကျောင်းကတော့ လွင်လည်းကြားမိမှာပါ ကျောင်းသားသပိတ်ဖြစ်တော့ ကျောင်းတွေရပ်ရှည်ပိတ်ထားရတယ်လေ "
"ဪ "
နောင်က ပြုံးပြသည်။ မကြာခင်အတွင်းမှာပင် လွင် နှင့် နောင်တို့ အရင်တုန်းကအတိုင်း ရယ်စရာများပြောနိုင်ကြသည်။
ဒါက ၁နှစ်ကျော်လောက်ခင်မင်ခဲ့သော သဲယောဇဥ်ကြောင့်ပင်ပဲလား။နောင် အပေါ်ထားသည့် အပြစ်မမြင်တက်သော လွင်စိတ်ကြောင့်ရယ်ပဲလား။
" နောင် နောင်ကိုယ်နောင် မောင့်လို့သုံးနေတာကိုရပ်ပေးလို့ရမလား "
"ဘာဖြစ်လို့လဲလွင်ရယ် မောင့်က ဒီအတိုင်းပဲ သုံးနှုန်းချင်တယ် သူများတွေပြောကြမှာကိုစိတ်ပူမနေပါနဲ့လား "
" ဒါပေမယ့် မဖြစ်သင့်ဘူးလေကွယ် "
"မဖြစ်သင့်ဘူး ဖြစ်သင့်တယ် လို့ ဘယ်သူကလွင်ကိုလာပြောနေသလဲ ပြော မဖြစ်သင့်ဘူးဆိုတာရှိကိုမရှိဘူး မောင့် ခံစားချက်တွေကလည်း အစစ်အမှန်ပဲ မောင့် လွင့်ကို .. "
" တော်ပါပြီ နောင် လွင်တို့ဆက်မပြောကြရင်ကောင်းမယ် ဒီအကြောင်းကိုပြောဖို့ လွင်တို့သဘောထားတိုက်ဆိုင်မနေဘူးကွယ် "
" လွင့် သဘောပါ ညနေကြရင် ဘိုင်စကုတ်သွားကြည့်ကြရအောင်လေ လွင်နဲ့ အချိန်မဖြုန်းရတာတောင် တော်တော်ကြာသွားပြီ "
" ဟုတ်ပါပြီ "
လွင် စိတ်ထဲမယ် အနည်းငယ်မသက်မသာဖြစ်မိလေသည်။လွင်သည်လို နောင်ကိုပြန်လက်ခံလိုက်သည်က မှန်ကန်သော ဆုံးဖြတ်ချက်တစ်ခုဖြစ်ပါ့မည်လား။
~~ သျှပ်ပန်း ~~
######
♡♡♡
~~ ႏွင္းေလ သုန္ၾကဴးလာ အို မေမ့ကြယ္ လြမ္းရသည္အခါ အဘယ္သို႔မ်ား ေဆြးေလေရာ့အုန္းသလား တပင္ျမနန္္း ေဝးခဲ့ၿပီးသကာ ~~
ေဆြးေဆြးၿငိမ့္ၿငိမ့္ လြမ္းစရာေတးသီခ်င္းကေလးက ေရဒီယိုမွတဆင့္ လြင့္ပ်ံ႕လာခဲ့သည္။စာ႐ြက္ကိုတဖ်က္ဖ်က္လွမ္းေနေသာ္ျငႇားလည္း သည္စာအုပ္ေပၚတြင္ စိတ္သိပ္မေရာက္ေပ။
အေတြး ဟုတ္သည္။အေတြး အေတြးေတြက လြင္ကိုစိတ္ဒုကၡေတာ္ေတာ္ေပးသည္ပဲ။ ဘာမွ်မေတြးျခင္းဘူးကြယ္။ သို႔ေပမယ့္ ေခါင္းထဲေရာက္ေရာက္လာသည့္အတြက္ လြင္မေတြးဘဲ မေနႏိုင္ျပန္ဘူးရယ္။
"ေမာင္ေတဇေနာင္ လာတယ္ လြင္ "
ၿခံေစာင့္ ဦးေလးႀကီးကအေျပးတစ္ပိုင္းလာ၍ေျပာေလသည္။မေတြ႕ခ်င္ဘူး လြင္ ေနာင္ကိုအခုခ်ိန္မေတြ႕ခ်င္ဆုံးပဲ။
" တံခါးမဖြင့္ေပးပါနဲ႔ ဦးေလး "
" ဘယ္လိုလုပ္မလဲလြင္ ေမာင္က အထဲေတာင္ေရာက္ေနၿပီ "
က်ဴးက်ဴးေက်ာ္ေက်ာ္ အိမ္ရွင္ေတာင္ခြင့္မျပဳဘဲ ဝင္လာရဲသည့္ ေနာင္ တကယ္ကို ေၾကာက္စရာပါကလား။
"ေမာင္တို႔ စကားေျပာရမွကိုျဖစ္မယ္ "
"ဟင္း ဦးေလးသြားလို႔ရပါၿပီေနာ္ "
" ေအးပါကြယ္ ေအးပါ "
" စာၾကည့္ခန္းထဲကို လိုက္ခဲ့ "
စာအုပ္ကို ဧည္ခန္းထဲတြင္ထားခဲ့ၿပီ အေပၚထပ္ရွိ စာၾကည့္ခန္းသို႔ တက္လာခဲ့သည္။ ေအာက္ထပ္တြင္ေျပာလို႔ရပင့္မယ့္ အိမ္ေဖာ္ေတြေၾကာင့္ စကားကို လႊတ္လႊတ္လပ္လပ္ေျပာ၍ရမည္မထင္ေသာေၾကာင့္ အေပၚထပ္သို႔ ေခၚရျခင္းျဖစ္သည္။
ႀကီးေမအိမ္မွာမရွိေသာေၾကာင့္ လြင္တစ္မ်ိဳးစိတ္သက္သာရာရသည္။ႏို႔မို႔ဆိုလွ်င္ ႀကီးေမ ေနာင္ကိုဘာလုပ္မလဲ လြင္မစဥ္းစားတက္ပါ။
စာၾကည့္ခန္းထဲေရာက္သည္ႏွင့္ တံခါးကို ဂ်က္ထိုးလိုက္သည္။
" လြင္ကို တစ္ေယာက္တည္းလႊတ္ထားလို႔မရဘူးလား ဘာလို႔ လြင္ကိုပဲစိတ္ဒုကၡေတြဝိုင္းေပးေနၾကတာလဲ လြင္ပင္ပန္းေနၿပီ သိရဲ႕လား "
" ေမာင္ ေတာင္းပန္ခ်င္လို႔လာတာပါ လြင္ရယ္ ေမာင္ အမွားအတြက္တကယ္ေနာင္တရလို႔ပါ "
"ေတာ္ပါေတာ့ ေနာင္ဘယ္တုန္းကေရာ ေတာင္းပန္ၿပီ အခ်ိဳးေျပာင္းသြားလို႔လဲ အၿမဲစိတ္လိုက္မာန္ပါပဲလုပ္ေနတာ လြင္ ေနာင္ကို အယုံအၾကည္မရွိေတာ့ဘူး ေနာင္ရယ္ ျပန္ပါေတာ့ "
စိတ္ရွိလက္ရွိေအာ္ဟစ္ၿပီးေတာ့မွ လြင္ေတြးမိသည္။လြင္ရဲ႕ အမႈိက္ထုတ္ကို ေနာင္အားေပးမိေနၿပီလား၊လြင္ ေျပာသည္က လြန္သြားၿပီထင္သည္။ေနာင္မ်က္ႏွာညိဳးၾကသြားၿပီ တျဖည္းျဖည္းလြင္အနားကပ္၍လာသည္။
" ဘာလုပ္မလို႔လဲ ေနာင္ ဖယ္ေနာ္ "
တျဖည္းျဖည္းေနာက္ဆုတ္ရင္ ဆုတ္စရာေနရာမရွိေတာ့ပဲ စာအုပ္စင္တြင္ လြင္ေက်ာကပ္သြားသည္။လြင္ေရွာင္ထြက္ဖို႔ျပင္လိုက္ပင့္မယ့္ ေနာင္ကတား၏။
" လႊတ္ေနာ္ ေနာင္ လႊတ္ "
လြင္ လက္ကိုအတင္းဆုတ္ကိုင္ရင္ ေနာင္မ်က္ရည္ေတြက်လာသည္ကို လြင္အနီးကပ္ျမင္ေနရသည္။အလိုေလး ေနာင္ငိုေနပါလား။
" ေနာင္ နင္ဘာျဖစ္ေနတာလဲဟာ "
" ေမာင္ေလ ေမာင္ ေတာင္းပန္ပါတယ္ကြာ တကယ္ပါ ေမာင္ နည္းနည္းစိတ္ရႈပ္ေနလို႔ အစ္ကိုေမာင္ဆိုတဲ့သူကို႐ိုင္းျပမိသြားတာပါ ေမာင္တကယ္ ေနာင္တရပါၿပီ လြင္မေက်နပ္ရင္ ေမာင္ အဲ့လူကို ဒူးေထာက္ၿပီးေတာင္းပန္ပါမယ့္ေနာ္ "
ငိုသံအဖ်ားခပ္၍ ေျပာေနသည့္ ေနာင္စကားတို႔အား လြင္ဘယ္လိုျငင္းရက္ပါ့မလဲ။ လြင္ကိုယ္တိုင္ ႏွင္ထုတ္ခဲ့တဲ့ လူတစ္ေယာက္ကို ေနာင္ဘယ္လိုေတာင္းပန္မလဲကြယ္။
" ဒီေလာက္အထိေတာ့မလိုပါဘူး ေနာင္တကယ္ ေနာင္တရတယ္ဆိုရင္ ေနာက္ေနာင္ ဒီလိုစိတ္လိုက္မာန္ပါေတြ မလုပ္ပါနဲ႔ေနာ္ "
" ေမာင္ကတိေပးပါတယ္ လြင္ မလုပ္ေတာ့ပါဘူးေနာ္ "
" ဒါဆိုရင္ လက္ကိုခ်ဳပ္ထားတာလႊတ္ေတာ့ေလ နာလွၿပီ "
" ေတာင္းပန္ပါတယ္ ေတာင္းပန္ပါတယ္ "
" ရတယ္ "
အရင္လိုမ်ိဳး မ်က္ေစာင္းတစ္ခ်က္ထိုး၍ ဤရန္ပြဲအား အဆုံးသတ္လိုက္ၿပီျဖစ္သည္။
"ေမာင္တို႔ အရင္လို ေလွ်ာက္လည္ၾကမယ္ေလ မေကာင္းဘူးလား "
"ေကာင္းတာေတာ့ ေကာင္းပါတယ္ ေနာင္အေမက မဆူဘူးလား ေက်ာင္းကေရာ မတက္ဘဲေနလို႔ရလို႔လား "
" ေမေမဆူတာက ေမာင့္အတြက္ဘာမွမျဖစ္ပါဘူး ေက်ာင္းကေတာ့ လြင္လည္းၾကားမိမွာပါ ေက်ာင္းသားသပိတ္ျဖစ္ေတာ့ ေက်ာင္းေတြရပ္ရွည္ပိတ္ထားရတယ္ေလ "
"ဪ "
ေနာင္က ၿပဳံးျပသည္။ မၾကာခင္အတြင္းမွာပင္ လြင္ ႏွင့္ ေနာင္တို႔ အရင္တုန္းကအတိုင္း ရယ္စရာမ်ားေျပာႏိုင္ၾကသည္။
ဒါက ၁ႏွစ္ေက်ာ္ေလာက္ခင္မင္ခဲ့ေသာ သဲေယာဇဥ္ေၾကာင့္ပင္ပဲလား။ေနာင္ အေပၚထားသည့္ အျပစ္မျမင္တက္ေသာ လြင္စိတ္ေၾကာင့္ရယ္ပဲလား။
" ေနာင္ ေနာင္ကိုယ္ေနာင္ ေမာင့္လို႔သုံးေနတာကိုရပ္ေပးလို႔ရမလား "
"ဘာျဖစ္လို႔လဲလြင္ရယ္ ေမာင့္က ဒီအတိုင္းပဲ သုံးႏႈန္းခ်င္တယ္ သူမ်ားေတြေျပာၾကမွာကိုစိတ္ပူမေနပါနဲ႔လား "
" ဒါေပမယ့္ မျဖစ္သင့္ဘူးေလကြယ္ "
"မျဖစ္သင့္ဘူး ျဖစ္သင့္တယ္ လို႔ ဘယ္သူကလြင္ကိုလာေျပာေနသလဲ ေျပာ မျဖစ္သင့္ဘူးဆိုတာရွိကိုမရွိဘူး ေမာင့္ ခံစားခ်က္ေတြကလည္း အစစ္အမွန္ပဲ ေမာင့္ လြင့္ကို .. "
" ေတာ္ပါၿပီ ေနာင္ လြင္တို႔ဆက္မေျပာၾကရင္ေကာင္းမယ္ ဒီအေၾကာင္းကိုေျပာဖို႔ လြင္တို႔သေဘာထားတိုက္ဆိုင္မေနဘူးကြယ္ "
" လြင့္ သေဘာပါ ညေနၾကရင္ ဘိုင္စကုတ္သြားၾကည့္ၾကရေအာင္ေလ လြင္နဲ႔ အခ်ိန္မျဖဳန္းရတာေတာင္ ေတာ္ေတာ္ၾကာသြားၿပီ "
" ဟုတ္ပါၿပီ "
လြင္ စိတ္ထဲမယ္ အနည္းငယ္မသက္မသာျဖစ္မိေလသည္။လြင္သည္လို ေနာင္ကိုျပန္လက္ခံလိုက္သည္က မွန္ကန္ေသာ ဆုံးျဖတ္ခ်က္တစ္ခုျဖစ္ပါ့မည္လား။
~~ သွ်ပ္ပန္း ~~
######