(17)

1K 74 2
                                    


♡♡♡

​လေယူရာယိမ်းသည့် ပန်းတစ်ပွင့်နယ် လွင်သည် ဟိုဘက်ယိမ်းလိုက် သည်ဘက်ယိမ်းလိုက်နှင့် ပင်ပန်းလွန်းလှပြီဖြစ်၏။လွင် ပင်ပန်းသည်။လွင် သိပ်ပင်ပန်းပါသည်။

ဤစိတ် ဤစိတ်​ကြောင့်ပါ​လေ။​​နောင်ကို လွင်မည်သို့မည်ပုံ ချစ်​ပေးရမည်နည်း။ ​နောင်ကို မချစ်ဘူးလား​ဟုမေးလျှင်​တော့ ဟင့်အင်းလို့ ဖြေမိမည်ဖြစ်သည်။

သို့​သော် လွင်အနားမှာ ​နောင်ကိုမထားချင်ပါ။လွင်ဟာ ကမ္ဘာအပြင်ဖက်ကလူလို့ သူ့ကိုယ်သူသက်မှတ်ထားပြီသားပင်။​နောင်ကိုပါ သူ့​နောက်လိုက်လာခဲ့ဖို့ သူမ​စေခိုင်းရက်ဘူးကွယ်။

သက်ပြင်းကိုခက်ဖွဖွချမိ​သောအခါ ကြီးမေက ​စိုးရိမ်စွာ​မေး​လေသည်။

"လွင် ဘာဖြစ်​နေသလဲ ကြီးမေကို​ပြောပြပါ့လား "

" လွင် ​နောင်​အ​ကြောင်းစဥ်းစား​နေတာပါ ကြီး​မေ ​နောင် နဲ့ လွင့်အ​ကြောင်းကြီး​မေလည်း သိမယ်ထင်ပါတယ် လွင်ဘယ်လိုဆုံးဖြတ်ရမလဲမသိ​​တော့လို့ပါ "

" ကြီး​မေက အဖွားကြီးပါ အချစ်အ​ကြောင်း​တွေ ဘာ​တွေ သိပ်နားမလည်ဘူး ဒါ​ပေမယ့် ရုပ်မရှိတဲ့ နာမ်တစ်ခုအတွက်နဲ့ က​လေးတို့ နှစ်​ယောက်ရဲ့ ဘဝ​တွေ သူများတံ​ထွေးခွက်ပက်လက်​မျော​နေမှာ​တော့ မလိုလားဘူးကွယ် လွင်​လေး ကြီး​မေ​ပြောတာကို နားလည်တယ်မဟုတ်လား "

" လွင် နားလည်ပါတယ် ကြီး​မေ အခုလို​ပြောပြ​ပေးလို့ ​ကျေးဇူးလည်းတင်ပါတယ် "

" ဟုတ်ပါပြီကွယ် သတင်း​ကောင်းတစ်ခု​ပြောရအုန်းမယ် ​မ​နေ့ညက လွင်ရဲ့ ​မေ​မေ​ကဖုန်းဆက်တယ် ည​နေ​ရောက်မယ်တဲ့ "

" ဟယ် ​ဖေ​ဖေ ​ရောပါမှာလားဟင် "

" အဲ့တာ​တော့ မသိဘူးကွယ် လွင်​မေ​မေက​တော့လာပါလိမ့်မယ် "

" လွင်​ပျော်လိုက်တာ ကြီး​မေရယ် "

​မေ​မေ လာသည်က​ကောင်း​သောလာခြင်းဖြစ်ပါ​​​စေ။

...
ည​နေ​ရောက်​သောအခါ ကြီး​မေ​ပြောပြသကဲ့သို့ ​မေ့​မေ့၏ ကားအနီက​လေးက ခြံ​ရှေ့တွင်​ရောက်​နေခဲ့ပြီးသာဖြစ်၍​နေ​ချေပြီ။

~​ကြွေပန်းကိုသာ​ကောက်ပါ...မောင် ~(bl)(complete)Where stories live. Discover now