ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်...

By OpalHawthorn28

541K 78K 5.6K

ဝင်ဖတ်ကြည့်ပါ။အားမနာတမ်းဝေဖန်ပေးပါ။ More

Description
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (1.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (1.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (2.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (2.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (3.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (3.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (4.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (4.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (5.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (5.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (6)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (7)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (8)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (9.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (9.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (10)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (11)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (12.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (12.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (13.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (13.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (14.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (14.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (15.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (15.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (16)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (17)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (18)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ်( 19)
အခန်း (20) လူငယ်ပြုစုပျိူးထောင်ခြင်းလက်စွဲ(2)
အခန်း (21) လူငယ်ပြုစုပျိူးထောင်ခြင်းလက်စွဲ(3)
အခန်း (22) လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ (3)
အခန်း (23) လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (24) လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (25) လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (26)လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (27) လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
Ch27 Zawgyi
အခန်း (28)လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (29) လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (30)လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (31)
အခန်း (32)
အခန်း (33)
အခန်း (34.1)
အခန်း (34.2)
အခန်း (35)
အခန်း (36)
အခန်း (37)ငါလေးက Daddyရဲ့ သားအရင်းမဟုတ်ဘူး!!
အခန်း (38)
အခန်း (39.1)
အခန်း (39.2)
အခန်း (40)
အခန်း (41)
အခန်း (42)
အခန်း (43)
အခန်း (44)
အခန်း (45)
အခန်း (46.1)
အခန်း (46.2)
အခန်း (47)
အခန်း (48)
အခန်း (49.1)
အခန်း (49.2)
အခန်း (50)
အခန်း (51)
အခန်း (52)
အခန်း (53)
အခန်း (54)
ဝေဖန်မယ် လေကန်မယ် ခဏနေရင်ပြန်ဖျက်မယ်
CH (55.1)
CH 55
CH. 56
CH (57)
CH 58
Ch 59
CH 60
CH 61
CH 62
CH 64
CH 65
CH 66
CH 67
CH 68
CH 69
CH 70
CH 71
CH 72.1
CH 72.2
CH 73
CH 74
CH 75
CH 76
CH 77
CH 78
CH 79
CH 80.1
CH 80.2
CH 81
CH 82
CH 83

CH 63

2.9K 500 54
By OpalHawthorn28

ချူရှင်း သိသိသာသာ မျက်နှာပျက်သွားခဲ့ပြီး   အကြည့်တွေလည်း အေးစက်လာခဲ့တယ်....

လာခြင်းမကောင်းပေမယ့်လည်း တကယ်ဆို မင်းသားအန်းလည်း သိသင့်သလောက်သိထားပြီးနေပြီပဲ....

ချူရှင်းက မထီလေးစားပြုလိုသော လေသံနဲ့......

" မင်းကြီး သေသေရှင်ရှင် ဂရုစိုက်နေစရာလိုသေးလို့လား....ပိုင်မိဖုရားကြီး သေဆုံးပြီးကတည်းက မြို့တော်ကနေ ထွက်သွားခဲ့တာ ကြာလှပြီပဲ....မင်းသားအန်း အခုလို မြို့တော်ရဲ့ အရေးကိစ္စတွေကို ဝင်စွက်ဖက်မယ် ထင်မထားဘူး....."

မင်းသားအန်း ယန်ရှန်း လျှောက်တင်ခဲ့တာတွေကို ပြန်စဉ်းစားကြည့်လိုက်တယ်....အခုချိန်မှာ ကျင်းကျောက် မတရားညှင်းပန်းနှိပ်စက်ခံထားရမှာကိုလည်း စိတ်ပူနေမိတယ်....ချူရှင်း ဘယ်လောက်ထိ မောက်မာတယ်ဆိုတာ မျက်မြင်ကြုံတွေ့လိုက်ရတဲ့အခါ မင်းသားအန်း ဒေါသတွေကို ထိန်းမထားနိုင်တော့ပေ။

"အမှန်တော့ ကောလဟလဆိုတာ အမှန်တွေမှမဟုတ်တာ....စစ်သူကြီးချူကို တိုင်းပြည်ရဲ့ သူရဲကောင်းအဖြစ် လူတိုင်းက သတ်မှတ်ထားကြတယ်.....ကိုယ်တော်ကတော့ ဒါကို မှားတယ်လို့ပဲ မြင်မိတယ်....တကယ်တးကျ​တော့ စစ်သူကြီးချူက ရက်စက်ကြမ်းကြုတ်ပြီး ရည်ရွယ်ချက်ကြီးမားတဲ့သူဖြစ်နေတယ်....မင်းရဲ့ လုပ်ရပ်တွေက သိက္ခာမဲ့တယ်....ရက်စက်တယ်...အညှာတာကင်းမဲ့တယ်....အဲ့အတွက် မိုးကောင်းကင်က မောင်မင်းကို အပြစ်ပေးမှာ မကြောက်ဘူးလား......"

ချူရှင်းကလဲ ပက်ကနဲ ပြန်ပြောလိုက်တယ်.....

" ဒါဆို မင်းသားကရော.....ဒီနေ့ မင်းသားရောက်လာခြင်းက မင်းကြီးကို သတိရလို့ဆိုတာ ဟုတ်ရော ဟုတ်ရဲ့လား....."

ဘုရင်ဆိုးလေးကို နန်းတင်ပေးပြီးတာနဲ့  မင်းသားအန်း ကျန်းဇူကို မောင်းထုတ်ခံလိုက်ရတဲ့အကြောင်း ချူရှင်း ကြားခဲ့ဖူးတယ်....ဒီနှစ်တွေ အတွင်းမှာ ကြောင်လက်သည်းဖွက်သလို နေနေခဲ့ပုံရတယ်...အခုလို မင်းကြီး  တစ်ခုခုဖြစ်သံကြားတာနဲ့ ချက်ချင်းရောက်ချလာပုံထောက်ရင် ဒီအခွင့်ရေးကို စောင့်နေခဲ့ပုံရတယ်.....ဒါဆို သူတို့နှစ်ယောက်ရဲ့ အဖြစ်က အတူတူနဲ့ အနူနူပါပဲ.....

ကျင်းဟန်ရဲ့ ရင်ဘတ်တစ်ခုလုံး နိမ့်ချည်မြင့်ချည် ဖြစ်လာခဲ့တယ်....လွမ်းတယ်တဲ့.....ဒီကောင်လေးကို သူအခုမှ လွမ်းနေတာမဟုတ်ခဲ့ပါဘူး.....လွန်လေပြီးခဲ့​သော နှစ်တွေတုန်းကတည်းက လွမ်းဆွတ်သတိရနေခဲ့တာပါ....ဒါပေမယ့်လည်း သတိကြီးလွန်းတဲ့ ဒီကောင်လေး စိတ်ချမ်းသာအောင် အဝေးမှာနေခဲ့ရတယ်....ဒါ့ကြောင့်လဲ ဒီကောင်လေး အခုလို ညှင်းပန်းနှိပ်စက်ခံနေခဲ့ရတာ....

ကျင်းဟန် ချူရှင်းကို မျက်လုံးချင်းဆုံအောင်ကြည့်လိုက်ပြီး....

" ကိုယ်တော့်ဘက်က ရိုးသားတယ်...."

" ဒါဆို မင်းသားအန်းကို လှည့်ပြန်ဖို့ပဲ တောင်းဆိုရတော့မယ်....အခုချိန်မှာ မင်းသားကို မင်းကြီးတွေ့နိုင်မှာ မဟုတ်ဘူး...."

ကျင်းဟန် လက်သီးဆုပ်လိုက်မိတယ်...ကျင်းကျောက်ကို မြန်နိုင်သမျှ အမြန်ဆုံးကယ်တင်နိုင်ဖို့ အပြေးအလွှားရောက်လာခဲ့တာဖြစ်တဲ့ အတွက် လွယ်လွယ်ပြန်သွားလို့ ဘယ်ဖြစ်ပါ့မလဲ....အကယ်၍ နန်းတော်တစ်ခုလုံးနဲ့ ကျင်းကျောက်သာ ဒီသစ္စာဖောက်ကောင် ချူရှင်းရဲ့ ထိန်းချုပ်မှုအောက်မှာသာ ရှိမနေခဲ့ရင် ချူရှင်းကို သတ်ပစ််လိုက်တာ ကြာပေါ့.....ဘာကြောင့်များ လေချိုသွေးနေရဉီးမှာလဲ.....

ကျင်းဟန် လေအေးတစ်သုတ် ရှူရှိုက်လိုက်ပြီး စိတ်ငြိမ်အောင် ထိန်းနေရတယ်.....ပြီးတာနဲ့ ချူရှင်းကို စိုက်ကြည့်လိုက်ပြီး.....

"မောင်မင်း ကိုယ်တော်နဲ့ အတူ လူတစ်ယောက်ကို လိုက်တွေ့ကြည့်ပါ....."

ချူရှင်း ပြုံးနေပေမယ့် လေသံကတော့ သိပ်ကိုတင်စီးလွန်းနေတယ်.....

" အိုးးး ကျုပ်က ဘာလို့ လိုက်တွေ့ရမှာလဲ....."

" ဒါက ချန်ယန်ရဲ့ သေဆုံးမှုနဲ့ ပတ်သတ်နေတယ်....စစ်သူကြီးချူလည်း ဒီအမှန်တရားကို သိချင်နေတာမဟုတ်လား....."

ချူရှင်းရဲ့ အကြည့်တွေ မသိမသာအေးစက်သွားပြီး.....

" ချန်ယန်က ဘုရင်ဆိုးရဲ့လက်ချက်ကြောင့် သေဆုံးခဲ့တယ်ဆိုတာ ရှင်းနေတာပဲလေ....ဘာကိစ္စကြောင့် အားကုန်ခံပြီး ရှုပ်ထွေးအောင် လုပ်နေမှာလဲ....."

ကျင်းဟန်ကလည်း ရေခဲတမျှအေးစက်နေသော အကြည့်တွေနဲ့ ချူရှင်းကို ပြန်ကြည့်လိုက်ပြီး.....

"စစ်သူကြီးချူဘက်က သိပ်ကို ယုံကြည်ချက်ရှိနေတယ်ဆို ဘာလို့ လိုက်မတွေ့ကြည့်ရတာလဲ..... ချန်ယန်ရဲ့ သေဆုံးမှာ ထူးဆန်းတဲ့ အချက်တွေရှိနေတယ်....တရားခံအစစ်အမှန် လှည့်စားတာကိုခံတော့မလို့လား...."

ချူရှင်း အမူအရာမပြောင်းခဲ့ပေမယ့် စိတ်ထဲမှာတော့ တုန်လှုပ်နေလေပြီ...အကယ်၍ မင်းသားအန်းပြောတဲ့အတိုင်း ချန်ယန်ရဲ့ သေဆုံးမှုမှာ ထူးဆန်းတဲ့ အချက်တွေ ရှိနေခဲ့မယ်ဆို.....

ဒါတွေဟာ ဘုရင်ဆိုးလေးရဲ့ အမှားတွေ မဟုတ်နိုင်ခဲ့ရင် ဟူသော မျှော်လင့်ချက်လေး ရုတ်တရက် ပေါ်ထွက်လာခဲ့တယ်....ဒီလိုသာဆို ဘုရင်ဆိုးလေးကို ခွင့်လွှတ်ပေးဖို့ နည်းလမ်းရှိလာနိူင်တော့မှာ.....

ကျင်းဟန်နဲ့ အတူ ထွက်သွားမယ်ဆို အန္တာရာယ်ရှိလာနိုင်တယ်...ဒါပေမယ့်လည်း ဒါတွေကို မှုနေစရာမလိုပါဘူး.....ဖြစ်နိုင်ချေနည်းပါးမယ်ဆိုရင်တောင် အခွင့်ရေးကို လက်လွှတ်မခံနိုင်ပါဘူး.....

အတော်ကြာတော့မှသာ ချူရှင်းက ပြုံးပြလိုက်ပြီး.....

" မင်းသားက ဝှက်ဖဲတွေ ပြင်လာမှတော့ ကျုပ် မင်းသားနဲ့ အတူ လိုက်ခဲ့ရတော့မှာပေါ့"

ချူရှင်း သူ့ကို မယုံမှန်း ကျင်းဟန် သိနေတယ်...ဒါ့ကြောင့် သံသယကင်းသွားအောင် လူရှင်းတဲ့နေရာကိုပဲ ခေါ်လာခဲ့လိုက်တယ်....တစ်ချက် ဝှေ့ကြည့်လိုက်ရုံနဲ့ လုပ်ကြံမယ့်သူ ရှိမရှိ အထင်းသားမြင်နေရတယ်....ချူရှင်း ကျင်းဟန်နဲ့ အတူ လသာဆောင်တစ်ခုဆီလျှောက်လာခဲ့တယ်...လသာဆောင်ထဲမှာ လူနှစ်ယောက်ရှိနေတယ်....မည်သူမည်ဝါမှန်း သိလိုက်ရတဲ့အခါ ချူရှင်းရဲ့ အမူအရာတွေ ပြောင်းလဲသွားခဲ့လေတယ်....

ပျော့ပြောင်းသော အသွင်သဏ္ဍာန်ဖြင့် မတ်တပ်ရပ်နေသူမှာ ယန်ရှန်းသာပင်.....

ယန်ရှန်းရဲ့ဘေးမှာ သွေးတွေစိုရွဲနေပြီး ကြိုးတုပ်ခံထားရတဲ့သူတစ်ယောက်ရှိနေတယ်....

ချူရှင်း ကျင်းဟန်ကို လှည့်ကြည့်လိုက်ပြီး.....

" ကျုပ်က သဘောရိုးနဲ့ ခေါ်တာလာတယ်ထင်နေတာ....လက်စသတ်တော့ မင်းသားက ကျုပ်ကို လှည့်စားခဲ့တာပဲ....."

မင်းသားအန်းက ဘုရင်ဆိုးလေးရဲ့ အယုံကြည်ရဆုံး ဘက်တော်သားကို ခေါ်လာတယ်ဆိုတော့.......

မင်းသားအန်းကလည်း ဘုရင်ဆိုးလေးရဲ့ လူပဲလား....ဒီနေ့အတွက် ကြိုတင်ကြံစည်ခဲ့ကြတာလား....

ချူရှင်း သွေးဆူလာခဲ့ပြီ.....မင်းသားအန်းကို ကြည့်တဲ့အကြည့်တွေကလဲ ပိုမိုကြမ်းကြုတိလာခဲ့တယ်.....

သူဒီမှာဆက်နေလို့ မဖြစ်တော့ဘူး.....

ကျင်းဟန်ကတော့ ချူရှင်းကို တည်ငြိမ်စွာနဲ့ပဲကြည့်နေခဲ့တယ်......

" စစ်သူကြီးချူ....ဘာကြောင့် အမုန်းတရားတွေနဲ့ အမြင်ဖုံးနေရတာလဲ....."

ချူရှင်းက ကျင်းဟန်ကို သတ်ဖြတ်လိုစိတ် ပြင်းပြတဲ့ အကြည့်တွေနဲ့ ကြည့်လိုက်ပြီး....

"ဒါဆို မင်းသားကရော ဘာလို့ ဒီသင်းကွပ်ထားတဲ့ကောင်နဲ့ အတူ ရှိနေရတာလဲ....."

ယန်ရှန်းက ချူရှင်းကို ရွံရှာမုန်းတီးစက်ဆုပ်တဲ့ အကြည့်တွေနဲ့ ကြည့်နေပြီး လက်သီးကို တင်းနေအောင် ဆုပ်ထားတယ်....အကယ်၍ သူ့ရဲ့မင်းကြီးသာ ဒီသစ္စာဖောက်လက်ထဲမှာ ရှိမနေခဲ့ရင် ဒီလူကို အပိုင်းပိုင်းခုတ်သတ်ပြီးနေလောက်ပြီ.....

ကျင်းဟန်က ချူရှင်းရဲ့ မေးခွန်းကို မဖြေဘဲ ယန်ရှန်းဘေးက ဒဏ်ရာတွေနဲ့လူကိုသာ ကြည့်နေပြီး.....

" စစ်သူကြီးချူ...သူ့ကို သိလား...."

ချူရှင်း မျက်မှောင်ကြုံ့လိုက်ပြီး.....

" သူ့ကို တစ်ခါမှ မမြင်ဖူးဘူး. ...."

" လူကို မမြင်ဖူးပေမယ့် နာမည်တော့ကြားဖူးလောက်မယ်ထင်ပါတယ်....သူ့နာမည်က ပိုင်တု....."

ချူရှင်းရဲ့ အမူအရာ မဆိုသလောက်ပြောင်းလဲသွားခဲ့တယ်.....

ကျင်းဟန်က မနှေးမမြန် ဆက်ပြောတယ်....

" သူက ပိုင်မိဖုရားကြီးရဲ့တူ...တော်ဝင်သင်ကြားရေးဆရာပိုင်ရဲ့ အကြီးဆုံးသား.....ပိုင်တု...."

ချူရှင်း တည်ငြိမ်မနေနိူင်တော့ပေ.....

" ပိုင်မိသားစုတစ်ခုလုံး သုတ်သင်ခံလိုက်ရပြီမဟုတ်လား.....ဟိုဘုရင်ယုတ်လက်ချက်ကြောင့် တစ်ယောက်မကျန် သေသွားခဲ့ပြီလေ....."

ကျင်းဟန်ရဲ့ မျက်ဝန်းတွေထဲမှာ ဖုံးဖိထားရတဲ့ အမုန်းတရားတွေရှိနေတယ်...ဒါ့အပြင် လေသံကလည်း အရိုးခိုက်အောင်အေးစက်နေခဲ့တယ်.....

" တကယ်သေခဲ့ရင်တော့ အံ့သြစရာပေါ့... ဒါပေမယ့် ငါးတစ်ကောင်က ပိုက်ကွန်ထဲကလွတ်သွားတယ်လေ.....ယန်ရှန်း...သူ့ကိုနှိုးလိုက်ပါ...စစ်သူကြီးချူ သိသင့်တာတွေကို သူကိုယ်တိုင် ပြောပြခွင့်ပေးလိုက်ပါ....."

နဂိုကတည်းကမှ စိတ်မရှည်တဲ့ ယန်ရှန်းက မင်းသားအန်း အမိန့်ပေးလိုက်တာနဲ့ ထိုလူရဲ့ လည်ကုတ်ကို ခပ်ပြင်းကုတ်ဆွဲလိုက်တဲ့အခါ နာကျင်မှုကြောင့် ထိုလူသတိလည်လာခဲ့တယ်.....

သတိလည်လာတဲ့ ပိုင်တုက ကျင်းဟန်ကိုတလှည့် ချူရှင်းကို တလှည့် ကြည့်နေခဲ့တယ်....တခဏကြာတဲ့အခါ.....

" ဟားးးး ဟားးးး မင်းတို့တွေ.....ဟားးး ဟားးး ဟားးးး..."

ယန်ရှန်း ပိုင်တုကို နှိုင်းစရာမရှိလောက်အောင် မုန်းတီးရွံရှာနေတဲ့ အကြည့်တွေနဲ့ ကြည့်လိုက်ပြီး အေးစက်နေတဲ့ လေသံနဲ့ အမိန့်ပေးလိုက်တယ်.....

" အဲ့နေ့က ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာ စစ်သူကြီးချူကို ပြောပြလိုက်....အကြောင်းအရာသေးသေးလေးတစ်ခုလောက်သာ ကျန်ခဲ့ကြည့် မင်းကို ဆယ်ရက်ဆယ်ညကြာအောင် နှိပ်စက်ပြမယ်......"

ပိုင်တုက ယန်ရှန်းဆီကနေ အကြည့်လွှဲလိုက်ပြီး ချူရှင်းကို ကြည့်ကာ.....

" စစ်သူကြီးချူ...ဟိုဘုရင်ယုတ် သေပြီးလား....သူ့ကို သတ်လိုက်ပြီလား....."

ချူရှင်း ထိတ်လန့်သွားခဲ့တယ်...ဒီလူ သူ့ကို သိနေတဲ့ အပြင် သူ့လုပ်ရပ်တွေကိုလည်း သိနေတယ်....ပြသာနာတွေက ထင်သလောက်မရိုးရှင်းတော့တာ သေချာနေပြီ ..

" မသတ်ရသေးရင်လည်း မြန်မြန်သာသတ်ပစ်လိုက်တော့....သူ့ရဲ့ ယုတ်မာတဲ့ စရိုက်နဲ့ဆို စစ်သူကြီးကို လုံးဝ အလွတ်ပေးမှာပါမဟုတ်ဘူး....ကျုပ်တို့ကို သတ်ခဲ့တဲ့အတိုင်း စစ်သူကြီးကို သတ်ဖို့ ကြိုးစားလိမ့်မယ်....ဟားးး ဟားးးသူ့ကို မြန်မြန်သတ်ပစ်ရမယ်....အခွင့်ရေး သေးသေးလေး ရခဲ့ရင်တောင် သူ ခင်ဗျားကို သေချာပေါက်သတ်ပစ်ဖို့ ကြိုးစားလိမ့်မယ်....."

ယန်ရှန်း နဲ့ ကျင်းဟန်တို့ အတော်လေး ဒေါသထွက်နေကြလေပြီ....ဒီသူတောင်းစားက သေခါနီးအထိတောင် နောင်တမရနိူင်သေးဘူးပဲ....

ယန်ရှန်း ပိုင်တုကို အကြောနှိပ်လိုက်တဲ့အခါ ပိုင်တု မြေပြင်ပေါ်မှာ လူးလှိမ့်နေပြီး....

" သတ်လိုက်...ငါ့ကို သတ်လိုက်! !!"

ပိုင်တု အော်ဟစ်နေရင်းကနေ အရူးတစ်ယောက်လို အော်ဟစ်ရယ်မောနေပြန်တယ်....

"ဟားးး ဟားးး ငါ့ကို နှိပ်စက်နေလို့လဲ ထူးလာမှာမဟုတ်ဘူး....ငါသေရင်တောင် ဟိုဘုရင်ယုတ်က ငါ့ဘေးမှာ မြှုပ်နှံခံရမှာပဲ...တန်ပါတယ်ကွာ....ဟားးး ဟားးးး....."

ချူရှင်းရဲ့ နှလုံးသားထဲမှာ ထိတ်လန့်မှုတွေ မသက်မသာခံစားရမှုတွေ မြင့်တက်လာခဲ့တယ်.....

" မင်း ငါ့ကို အသုံးချခဲ့တာလား....."

ပိုင်တုက ချူရှင်းတို့ သုံးယောက်စလုံးကို လှောင်ပြောင်သရော်နေခဲ့တယ်.....

"အသုံးချခဲ့တော့ရော ဘာတတ်နိုင်ဉီးမှာလဲ....မင်းတို့တွေ မယုံလောက်ပေမယ့် မင်းတို့အကုန်လုံး ငါလိုအမှိုက်ကောင် လှည့်စားတာခံခဲ့ရတာပဲလေ....နည်းနည်းလေး သွေးထိုးပေးလိုက်တာနဲ့ အချင်းချင်းသတ်ဖြတ်နေကြပြီမဟုတ်လား....ဟားးးဟားးး ဟိုဘုရင်ယုတ် သေကို သေရတော့မယ်...ဟားးး ဟားးးး"

ပိုင်တုက ဧကန်မုချ သေရတော့မည်ကို သိနေသောကြောင့် မောက်မာရိုင်းစိုင်းမှုများကို ထိန်းမထားတော့ဘဲ အကုန် လွှတ်ထုတ်နေခဲ့တယ်....ပြီးတော့ ယုတ်မာကောက်ကျစ်တဲ့ အပြုံးတွေကိုလဲ ဖောဖောသီသီပြုံးပြနေသေးတယ်......

" ငါ ချန်ယန်ကို စကမပြောနိုင်အောင် ဆေးကျွေးပြီး ဟိုဘုရင်ယုတ်ရဲ့ အသုံး​တော်ခံတစ်ယောက်နဲ့ တိတ်တဆိတ်လူချင်းလဲပြီး နန်းတွင်းထဲ ပို့ပေးလို​က်တယ်....ချန်ယန် သေတော့ ချန်မိသားစုတွေ သည်းမခံနိုင်ကြတော့ဘူး....ဒါဆို...ဘုရင်ယုတ်ကို မုန်းတီးနေကြတဲ့ မြင့်မြတ်တဲ့ မိသားစုတွေလည်း ဒီပုန်ကန်မှုမှာ ပါဝင်လာကြမယ်...ဒီလို အမှိုက်ကောင်မျိုးက ဘုရင်ဖြစ်နေရင်တောင် ငါ့မိသားစုနဲ့ ငါ့အဒေါ်ကို သတ်တဲ့အတွက် သေကို သေပေးရမယ်...ဟားးးဟားးးးး"

ချူရှင်း ဒေါသထွက်နေပေမယ့်လည်း ဟန်မပျင်အောင်ထိန်းပြီး.....

" ချန်ယန်ကို နန်းတွင်းထဲပို့ခဲ့တာ မင်းပေါ့....."

" ဟုတ်တယ်...တကယ်ဆို စစ်သူကြီးကို ကျုပ် အများကြီးကူညီခဲ့တယ်လို့တောင် ပြောလို့ရတယ်....ခင်ဗျားလည်း ဒီဘုရင်ရဲ့ အကျင့်စရိုက်တွေကို မနှစ်မြို့ဘူးမဟုတ်လား.....ကျုပ်မွှေးလိုက်တဲ့ မီးစကြောင့် ခင်ဗျားလဲ တရားမျှတမှု ရှိရှိ ပုန်ကန်နိူင်ခဲ့ပြီလေ....ဟားးးဟားးးအပြစ်တွေအကုန်လုံးကို မျိုးရိုးနိမ့်တဲ့ ဟိုကောင့်ဆီပဲ ပုံချနေကြတော့မှာ.....ကျုပ်သူ့ကို အသေစောအောင်လုပ်ပေးလိုက်တာလေ...ဟားးး ဟားးးး"

ပိုင်တိုကို ကြည့်ရတာ နာကျင်လွန်းလို့ စိတ်လွတ်သွားသည့်နှယ်......

" ဒီကောင်သေတာကို ကိုယ်တိုင် မမြင်နိုင်တော့မှာကို စိတ်မကောင်းဖြစ်မိတယ်....ခင်ဗျားက​တော့ ဘယ်သိလောက်မလဲ...ဟိုတုန်းကဆို ဒီကောင်က ငါတို့အတွက် ကစားစရာတစ်ခုသာသာပဲလေ....."

ကျင်းဟန်ရဲ့ အမူအရာတွေ တမုဟုတ်ချင်း ခက်ထန်သွားပြီး.....

" သတ်ပစ်လိုက်တော့! !!!"

ပိုင်တု ဆက်မပြောနိုင်အောင် သတ်ပစ်ရမယ်.....

ယန်ရှန်း သေလုအောင်ဒေါသထွက်နေပြီ...ဒါပေမယ့် ဓားထုတ်ဖို့ ပြင်လိုက်ချိန်မှာ ချူရှင်းက ဝင်တားနေတယ်.....

သူ အဖြစ်အမှန်တွေကို အစအဆုံး သိမှဖြစ်မယ်......

ဒေါသထွက်နေတဲ့ ယန်ရှန်းကို ကြည့်ပြီး ပိုင်တု အူလှိုက်သည်းလှိုက် ရယ်နေပြန်တယ်.....

" သစ္စာဖောက်ကောင်....မင်းလည်း သူ့အပေါ် ညွှတ်သွားပဲမဟုတ်လား....ငါ့ အဒေါ် မင်းအပေါ် ကောင်းခဲ့ပါရက်နဲ့ မင်းလည်း ဟိုကောင့်ဘက် ပါသွားတာပဲ....ဒါ့အပြင် ငါတို့ကို ပးအာခံဖို့ကိုတောင် ကူညီပေးလိုက်သေးတယ်....ဘာလဲ မင်းကိုလည်း ဟိုကောင်က ခန္ဓာကိုယ်ပေးပြီး မြှူစွယ်ခဲ့တာလား....မင်း သူ့ကိုလုပ်လိုက်သေးလား...အရသာဘယ်လိုရှိလဲ ပြောပြပါဉီး....မင်းတို့ ဘယ်လို ကစားခဲ့ကြလဲ. "

အခုဆို  ယန်ရှန်းရဲ့ မျက်လုံးတွေက သွေးတွေ စီးကျတော့မတတ်နီရဲနေပြီ...

"ပါးစပ်ပိတ်ထားစမ်း! !!!"

မပြောနိုင်ဘူး....ဒီအကြောင်းတွေကို ဘယ်တော့မှ ထပ်မပြောဖို့ မင်းကြီးကို ကတိပေးထားခဲ့ပြီးပြီ....ဒီအကြောင်းတွေကို တစ်သက်တာ မြှုပ်နှံခဲ့ပြီးပါပြီ.....

ယန်ရှန်း ဒေါသထွက်လေ ပိုက်တု အူမြူးလာလေပါပဲ......

"ဘာလဲ မင်းတို့က ငါ့ကို အမှန်တိုင်းမပြောစေချင်ကြဘူးလား.....အမှန်တိုင်းပြောပြလိုက်တာ ပိုကောင်းပါတယ်....ဟိုဘုရင်ယုတ်က ဘယ်လိုကောင်စားမျိုးလဲဆိုတာ ကျန်တဲ့သူတွေသိသွားအောင် ပြောပြပေးမယ်လေ......ငါတို့ မိသားစုနဲ့ နန်းတော်ထဲက လူတွေကို သတ်လိုက်ရုံနဲ့ အတိတ်က သူ့အကြောင်းတွေကို ဖုံးဖိထားန်ိုင်ပြီထင်နေတာလား....ဒါဆို ငါ့ရဲ့ ဂုဏ်အယူရဆုံး လုပ်ရပ်တွေကို ပြောပြရသေးတာပေါ့.....ဟိုဘုရင်ယုတ်ကလေ....စိတ်ပိုင်းဆိုင်ရာထိခိုက်လောက်တဲ့အထိ ယောက်ကျားတွေနဲ့ လိင်ဆက်ဆံခဲ့ရတာ....ယောက်ကျားမပီသနိုင်ရှာတဲ့ အဲ့ကောင်ကို ငါ့အဒေါ်က ထီးနန်းဆက်ခံဖို့ သားယောက်ကျားလေးမရှိလို့သာ နန်းတင်ခဲ့ရတာ....ညတိုင်း ညတိုင်း သူ့ရဲ့ မိဖုရားတွေနဲ့ ငါ သွားအိပ်တိုင်း ဒီကောင့်ကို ကြမ်းပြင်ပေါ်မှာ ယောက်ကျားတွေနဲ့အတင်းအ​ကြပ်
ဆက်ဆံခိုင်းလိုက်တယ်...ဒါကို သူ့မိဖုရားနဲ့ငါ့က ကုတင်ပေါ်ကနေ ထိုင်ကြည့်နေခဲ့တယ်....ဟားးးးဟားးးပြန်တွေးလိုက်တိုင်း စိတ်လှုပ်ရှားမိနေတယ်....သိပ်ကို အဖိုးတန်ခဲ့တဲ့အချိန်တွေပဲ.....ဟားးးး ဟားးး ဟားးးး"

ချူရှင်း လုံးဝမတည်ငြိမ်နိုင်တော့ပါဘူး....မတည်မငြိမ်ဖြစ်နေတဲ့သူ့ကို ယန်ရှန်း ဓားနဲ့ လှမ်းထိုးလိုက်တဲ့အတွက် လက်မောင်းကနေ သွေးတွေစီးကျလာတယ်.....

လက်မောင်းက နာကျင်မှုက နှလုံးသားထဲက နာကျင်မှုကို စိုးစဉ်းမျှ မယှဉ်သာနိုင်ခဲ့ပေ......

ထုံထိုင်းသွားသည်အထိ နာကျင်နေရပါတယ်.....

" ဒါတွေဟာ အမှန် မဟုတ်ဘူး...." " ဘာလို့ မှားနေတယ်လို့ ပြောရတာလဲ " ထိုအသံနှစ်ခုက ချူရှင်းရဲ့ ဉီးနှောက်ထဲမှာ အပြိုင်အဆိုင်မြည်ဟီးနေပါတယ်....

သေခြင်းတရားနဲ့ နီးကပ်နေတဲ့ ပိုင်တုက ဘာ့ကြောင့် သူ့ကို လိမ်ညာနေမှာလဲ......

သူသိချင်နေတဲ့ အမှန်တရားဆိုတာ ဒါလား.....

တစ်ခုခုမှားနေတာ ဖြစ်ပါလိမ့်မယ်.....ဒါတွေဟာ သူသိချင်နေတဲ့ အမှန်တရားတွေ မဟုတ်နိုင်ပါဘူး.....ဘုရင်ဆိုးလေးကို ဒီလို နာကျင်စရာအတိတ်တွေရှိနေရမယ့်အစား ရက်စက်တဲ့ဘုရင်တစ်ပါးလို့ပဲ ယုံကြည်ချင်နေမိတယ်.....

ဒီလ်ို အမှန်တရားမျိုးကို နားမထောင်ပါရစေနဲ့.....သူ မယုံကြည်နိူင်လို့ပါ......

ယန်ရှန်းက နှိုင်းစရာမရှိလောက်အောင် မုန်းတီးတဲ့အကြည့်တွေနဲ့ ပိုင်တုကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့်နေတယ်.....

အကုန် သူ့အမှားတွေပါ....ပေါ့ဆမိခဲ့လို့ မင်းကြီးရဲ့ နာကျင်မှုတွေကို ပြန်တူးဆွသိလိုဖြစ်ခဲ့ရတယ်...သစ္စာဖောက်ကောင် အမှန်တရားတွေ သိနိုင်ဖို့ ဟိုသူတောင်းစားဖွင့်ပြောနေသမျှကို ရင်နာနာနဲ့ ကြည့်နေခဲ့ရတယ်....စိတ်ချပါ....ကျွန်တော်မျိုး အသက်ပေးရမယ်ဆိုရင်တောင် ပိုင်တုကို ရအောင် သတ်သွားပါ့မယ်......

ချူရှင်း အာရုံလွှင့်နေတာကို အခွင့်ကောင်းယူပြီး ယန်ရှန်း ပိုင်တုရဲ့ လည်ပင်းကို ဓားနဲ့ လှမ်းထိုးလိုက်တယ်.....ဝူးဝူးဝါးဝါးအော်ဟစ်ပြီး သေဆုံးသွားသည့်တိုင် ပိုင်တုရဲ့ မျက်နှာပေါ်မှာ ကောက်ကျစ်တဲ့ အပြုံးတစ်ခုရှိဆဲပါပဲ......

ကျင်းဟန်ကလည်း အမျက်ဒေါသကို ခက်ခက်ခဲခဲ မြိုသိပ်နေရပြီး......

" အခု ပိုင်တု သေပြီဆိုတော့.....ပိုင်တုရဲ့ ဝန်ခံချက်တွေကို စစ်သူကြီးချူဆီ လွှဲပေးပါ့မယ်.... ကိုယ်​တော် ပူးပေါင်းကြံစည်သူတွေကိုလည်း ဖမ်းထားတယ်...ဒါတွေကို သေချာစစ်ဆေးပြီးရင် ချန်ယန်ရဲ့ သေဆုံးမှုအလုံးစုံဟာ မင်းကြီးရဲ့ အမှားတွေးချည်းပဲ မဟုတ်တာကို နားလည်လာပါလိမ့်မယ်....မတရားမှုတိုင်းမှာ ကျူးလွန်သူရှိစမြဲပါ....ချန်ယန်က နန်းတွင်းထဲမှာ သေဆုံးခဲ့တဲ့အတွက် မင်းကြီးလည်း အပြစ်မကင်းပေမယ့် ရှိသမျှ အပြစ်တွေအကုန်လုံးကို မင်းကြီးတစ်ယောက်တည်းအပေါ် ပုံချတာမျိုးတော့ မဖြစ်သင့်ဘူးလေ....."

"မင်းကြီးကို ကိုယ်တော်နဲ့အတူ မြို့တော်ကနေ ထွက်သွားခွင့်ပြုမယ်ဆို မောင်မင်းရဲ့ ပြစ်မှုတွေကို မင်းကြီးကိုယ်စား ကိုယ်တော် ချေဖျက်ပေးမယ်လို့ ကတိပေးပါတယ်...."

ချူရှင်း သူ့စကားတွေကို မယုံနိုင်လောက်မှန်းသိတာကြောင့် ကျင်းဟန် ထပ်ပြောလိုက်တယ်......

"ကိုယ်တော် တိုင်းပြည်အနှံ့က တပ်တွေဆီ စာပို့ထားပြီးပြီ....အခုဆို အကုန်လုံး မြို့တော်ကို စစ်ချီလာကြပြီ...မောင်မင်းဘက်ကသာ လျှော့ပေးမယ်ဆို ကိုယ်တော် အေးအေးဆေးဆေး ဖြေရှင်းပေးပါ့မယ်.....မောင်မင်းလည်း တော်ဝင်မင်းသားတစ်ပါးဖြစ်နေပြီပဲ...အပိုင်စားရထားတဲ့ နယ်မြေမှာ အေးအေးဆေးဆေး အုပ်စိုးနေလို့ရတယ်.....အခုချိန်မှာ နောက်ပြန်လှည့်ဖို့ဘအချိန်မှီသေးတယ်...လောဘကြောင့် သွေးချောင်းစီးတာမျိုးတွေ မဖြစ်ပါစေနဲ့တော့......"

ကျင်းဟန်ရဲ့ စကားတွေက ကျိုးကြောင်းဆီလျော်မှုရှိတဲ့အပြင် တဖက်သားကိုလည်း ဆွဲဆောင်နိူင်တယ်.....

ချူရှင်းကတော့ ကျောက်ရုပ်တစ်ခုလို ရပ်နေစမြဲပါပဲ.... ပြင်းထန်လှသော ထိုးနှက်ချက်တို့ကြောင့် တုံ့ပြန်နိုင်စွမ်း ကင်းမဲ့သွားပုံရတယ်.....

သူ့စိတ်ထဲမှာ ပိုင်တုရဲ့စကားသံတွေပဲ ထပ်တလဲလဲ ကြားယောင်နေတယ်....ယုတ်မာရိုင်းစိုင်းလွန်းတဲ့စကားတွေက သူ့နှလုံးသားကို အပိုင်းပိုင်းဆွဲစုတ်နေသလိုပါပဲ....

ကောင်းကင်ကိုယ်စား အပြစ်ပေးတယ်တဲ့လား.....ဒဏ်ရာပေါ် ဒဏ်ရာထပ်နေသူတစ်ယောက်ကို သူက ထပ်ပြီး အပြစ်ပေးခဲ့တယ်တဲ့.......

လက်ထဲက ဓားကိုလည်း ဆုပ်ကိုင်မထားနိုင်တော့ပေ.......

မှန်တယ်....ဘုရင်ဆိုးလေး အမှားတွေ ကျူးလွန်ခဲ့တယ်....ဒါပေမယ့် သူ ( ချူရှင်း ) လည်း မှားခဲ့တာပဲ....ရက်စက်ယုတ်မာလွန်းတဲ့ ပိုင်မိဖုရားကြီးလည်း မှားခဲ့တာပဲ....သိထားခဲ့သမျှအရာတွေ အကုန်လုံး ပြိုလဲ ခဲ့ပါပြီ....မှားတယ်ထင်ထားသမျှက အမှန်တွေ ဖြစ်နေပြီး....အမှန်ထင်ထားခဲ့သမျှ မှားယွင်းနေခဲ့ပါတယ်.....

သူရဲ့ ဆုံးဖြတ်ချက်တွေ ခံယူချက်တွေ ချည်နှဲ့ယိုင်လဲ လာခဲ့ပါပြီ.....

အတော်ကြာတော့မှသာ ချူရှင်း မင်းသားအန်းကို လှည့်ကြည့်လိုက်တယ်.....

မင်းသားအန်း ပြောခဲ့သမျှကို ကြားခဲ့ပါတယ်....ဒီဘုရင်လေးအတွက် မင်းသားအန်း ဘာကြောင့်များ ကြိုးစားပေးနေရတာလဲ.....

တစ်ချိန်တုန်းက ဒီဘုရင်လေး ပိုင်မိသားစုကို အမြစ်ဖြတ်ဖို့ မင်းသားအန်း ကူညီပေးခဲ့တယ်....ဒါပေမယ့် ကန်ထုတ်ခံခဲ့ရတယ်....ဒီ့အတွက်လည်း မင်းသားအန်းက နှစ်ပေါင်းများစွာကြာခဲ့သည့်တိုင် တစ်ခွန်းမှ အထွန့်မတက်ခဲ့ဘူး....အခုလည်း သူ့ကိုယ်တိုင် အန္တာရာယ်တွင်းထဲ ခုန်ဆင်းပြီး ဘုရင်လေးရဲ့ အခက်အခဲတွေကို ကူညီပေးနေပြန်တယ်....ဘာ့ကြောင့်လဲ......

ချူရှင်း မင်းသားအန်းကို ခပ်တင်းတင်းကြည့်လိုက်ပြီး တစ်ခွန်းချင်းစီ ထုတ်မေးလိုက်တယ်......

" မင်းသား မင်းကြီးကို သဘောကျနေတယ်မဟုတ်လား....."

ဒီဘုရင်လေးအတွက် မင်းသားအန်း ရေကုန်ရေခမ်း ကြိုးစားပေးနေရခြင်းအကြောင်းပြချက်က ဒီအချက်ကလွဲရင် အခြားမရှိနိုင်တော့ဘူး......

မင်းသားအန်းကလည်း တည်ငြိမ်စွာနဲ့ ပြန်​ဖြေတယ်.....

" ဟုတ်တယ်....."

ချူရှင်း လက်သီးဆုပ်လိုက်မိတယ်...မြေပြင်ပေါ်က အလောင်းကောင်ကို ကြည့်ပြီးစကားလုံးတွေ ပျောက်ရှကုန်ခဲ့တယ်.....

" သူ အသက်ရှင်နေသေးတယ်....."

ဤသည်မှာ မင်းသားအန်း၏ မေးခွန်းကို ပြန်လည်ဖြေဆိုခဲ့ခြင်းဖြစ်သည်။

ထိုအခါမှသာ ကျင်းဟန် သက်ပြင်းချနိုင်ရှာတော့တယ်....ကျင်းကျောက်သေသွားပြီလို့ ပြောလာမှာကို သိပ်ကြောက်နေခဲ့တာပါ....အဲ့လိုသာဆို ကယ်တင်ဖို့ နည်းလမ်းရှိတော့မှာ မဟုတ်ဘူး....အချိန်မှီခဲ့လို့ တော်ပါသေးရဲ့.....

" စစ်သူကြီးချူ....ကိုယ်တော်ပြောခဲ့တာတွေကို သေချာစဉ်းစားပေးပါ....မောင်မင်းဘက်က ကိုယ်တော်အတွက် အကောင်းဆုံးအဖြေတစ်ခုပေးလာဖို့ပဲ မျှော်လင့်ပါတယ်....."

လှည့်ထွက်လာခဲ့ပေမယ့်လည်း ချူရှင်း ခဏရပ်လိုက်ပြီး......

" ကောင်းပြီ...."

ချူရှင်း ထွက်သွားတဲ့ အခါ ကျင်းဟန်ရဲ့ တေူအရာတွေ ပြောင်းလဲသွားခဲ့တယ်....လောလောဆယ် စောင့်နေရဉီးမှာပဲလေ....သူသာ အလျင်စလိုတွေ လုပ်လိုက်ရင် ဒီသစ္စာဖောက်က မင်းကြီးကို သတ်ပစ်လိုက်နိုင်တယ်....ဒါဆို ကြိုးစားခဲ့သမျှ သဲထဲရေသွန်ဖြစ်ကုန်လိမ့်မယ်.....

ယန်ရှန်း ချးရှင်းနဲ့ သူသေ ကိုယ်သေ သတ်ပုတ်လိုက်ချင်ပေမယ့်လည်း မင်းကြီးအပေါ် ချူရှင်း ဒေါသတွေ ပုံချလိုက်မှာစိုးလို့ ငြိမ်နေခဲ့ရတယ်....

နောက်ဆုံးတော့ ယန်ရှန်း ဒေါသတွေကို ပိုင်တုရဲ့ အလောင်းပေါ် ပုံချလိုက်ပြီး ဓားနဲ့အချက်ပေါင်းများစွာ ထိုးနေလိုက်တယ်....

ဒါကိုမြင်တဲ့ ကျင်းဟန်က.....

"သွားကြရအောင်....."

ချူရှင်း မှန်ကန်စွာတွေးတောတတ်ပါစေလို့ပဲ ဆုတောင်းရတော့မယ်....ဒါပေမယ်​ ကျင်းဟန်စိတ်ထဲမှာ သိပ်မသေချာနေခဲ့ဘူး....ပိုင်တု ပြောခဲ့သလိုပဲ ချူရှင်းနဲ့ ကျင်းကျောက်တို့ကြားမှာ အဖြေရှာမရတဲ့ အမုန်းတရားတွေ ရှိနေပုံရတယ်....ဒါ့ကြောင့် သစ္စာဖောက်ကောင် ချူရှင်းကို ​​ဖြောင်းဖျဖို့ဆိုတာ ကောင်းကင်ပေါ်တက်ရသလို ခက်ခဲပေလိမ့်မည်။

ဒါပေမယ့် ချူရှင်းသာ ကျင်းကျောက်ကို သတ်ပစ်မယ်ဆို ဘာတွေပဲ ပေးဆပ်ရပါစေ ကျင်းဟန် လက်တုံ့ပြန်ပစ်မှာပါ.....

ချူရှင်း နန်းတော်ထဲပြန်ရောက်လာချိန်မှာ သူ့လက်မောင်းက ဒဏ်ရာကြောင့် ငယ်သားတွေ ထိတ်လန့်ကုန်ကြတယ်....

မင်းသားအန်း သူတို့ စစ်သူကြီးကို လုပ်ကြံလိုက်တာလား.....

" စစ်သူကြီး....ကျွန်တော်တို့ မင်းသားအန်းကို သတ်ပစ်လိုက်ရမလား......"

ချူရှင်းရဲ့ အကြည့်တွေ မှောင်မိုက်လာပြီး....

" မလိုဘူး...."

သိပ်မကြာခင်မှာ တော်ဝင်သမားတော်ရောက်လာခဲ့ပြီး ချူရှင်းရဲ့ဒဏ်ရာကို ကုသပေးခဲ့တယ်.....

ရှဲ့ဟယ်ကို မျက်နှာမပြဝံ့တာကြောင့် ချုရှင်း ရှဲ့ဟယ်ဆီ မသွားခဲ့ဘူး.....

သူဟာ သစ္စာဖောက်တစ်ယောက် ဖြစ်နေခဲ့ပေမယ့် သူ့လုပ်ရပ်တွေအပေါ် အမြဲတမ်း လိပ်ပြာသန့်ခဲ့ပါတယ်....ဘုရင်ဆိုးလေးကို နန်းချခဲ့ရရင်တောင် သိပ်ပြီးနောင်တရနေခဲ့မှာလည်း မဟုတ်ဘူး....ဒီဘုရင်လေးက အမှားတွေ အများကြီးကျူးလွန်ခဲ့တဲ့ ဆိုးယုတ်သူတစ်ယောက်ဖြစ်တယ်...ဒါ့ကြောင့် ဒီဘုရင်ဆိုးလေးကို သဘောမကျသင့်ဘူးလို့လဲ ထင်ခဲ့မိတယ်....

အခုတော့ ဒါတွေအားလုံးဟာ သူ့ဆီ သံသရာတစ်ပတ်ပြန်လည်လာခဲ့လေပြီ.....

[TN/ ကဲ ဒဏ္ဍာရီလာ ဓားတွေ လာပါပြီ ....ငိုကြမယ် လောင်ကြမယ်...ဆဲကြမယ်....ဘဝကြီးကသိပ်ကို အဆင်ပြေနေတော့တာပဲ.....]

Zawgyi

ခ်ဴ႐ွင္း သိသိသာသာ မ်က္ႏွာပ်က္သြားခဲ့ၿပီး   အၾကည့္ေတြလည္း ေအးစက္လာခဲ့တယ္....

လာျခင္းမေကာင္းေပမယ့္လည္း တကယ္ဆို မင္းသားအန္းလည္း သိသင့္သေလာက္သိထားၿပီးေနၿပီပဲ....

ခ်ဴ႐ွင္းက မထီေလးစားျပဳလိုေသာ ေလသံနဲ႔......

" မင္းႀကီး ေသေသ႐ွင္႐ွင္ ဂ႐ုစိုက္ေနစရာလိုေသးလို႔လား....ပိုင္မိဖုရားႀကီး ေသဆုံးၿပီးကတည္းက ၿမိဳ႕ေတာ္ကေန ထြက္သြားခဲ့တာ ၾကာလွၿပီပဲ....မင္းသားအန္း အခုလို ၿမိဳ႕ေတာ္ရဲ႕ အေရးကိစၥေတြကို ဝင္စြက္ဖက္မယ္ ထင္မထားဘူး....."

မင္းသားအန္း ယန္႐ွန္း ေလွ်ာက္တင္ခဲ့တာေတြကို ျပန္စဥ္းစားၾကည့္လိုက္တယ္....အခုခ်ိန္မွာ က်င္းေက်ာက္ မတရားညႇင္းပန္းႏွိပ္စက္ခံထားရမွာကိုလည္း စိတ္ပူေနမိတယ္....ခ်ဴ႐ွင္း ဘယ္ေလာက္ထိ ေမာက္မာတယ္ဆိုတာ မ်က္ျမင္ၾကဳံေတြ႕လိုက္ရတဲ့အခါ မင္းသားအန္း ေဒါသေတြကို ထိန္းမထားႏိုင္ေတာ့ေပ။

"အမွန္ေတာ့ ေကာလဟလဆိုတာ အမွန္ေတြမွမဟုတ္တာ....စစ္သူႀကီးခ်ဴကို တိုင္းျပည္ရဲ႕ သူရဲေကာင္းအျဖစ္ လူတိုင္းက သတ္မွတ္ထားၾကတယ္.....ကိုယ္ေတာ္ကေတာ့ ဒါကို မွားတယ္လို႔ပဲ ျမင္မိတယ္....တကယ္တးက်​ေတာ့ စစ္သူႀကီးခ်ဴက ရက္စက္ၾကမ္းၾကဳတ္ၿပီး ရည္႐ြယ္ခ်က္ႀကီးမားတဲ့သူျဖစ္ေနတယ္....မင္းရဲ႕ လုပ္ရပ္ေတြက သိကၡာမဲ့တယ္....ရက္စက္တယ္...အညႇာတာကင္းမဲ့တယ္....အဲ့အတြက္ မိုးေကာင္းကင္က ေမာင္မင္းကို အျပစ္ေပးမွာ မေၾကာက္ဘူးလား......"

ခ်ဴ႐ွင္းကလဲ ပက္ကနဲ ျပန္ေျပာလိုက္တယ္.....

" ဒါဆို မင္းသားကေရာ.....ဒီေန႔ မင္းသားေရာက္လာျခင္းက မင္းႀကီးကို သတိရလို႔ဆိုတာ ဟုတ္ေရာ ဟုတ္ရဲ႕လား....."

ဘုရင္ဆိုးေလးကို နန္းတင္ေပးၿပီးတာနဲ႔  မင္းသားအန္း က်န္းဇူကို ေမာင္းထုတ္ခံလိုက္ရတဲ့အေၾကာင္း ခ်ဴ႐ွင္း ၾကားခဲ့ဖူးတယ္....ဒီႏွစ္ေတြ အတြင္းမွာ ေၾကာင္လက္သည္းဖြက္သလို ေနေနခဲ့ပုံရတယ္...အခုလို မင္းႀကီး  တစ္ခုခုျဖစ္သံၾကားတာနဲ႔ ခ်က္ခ်င္းေရာက္ခ်လာပုံေထာက္ရင္ ဒီအခြင့္ေရးကို ေစာင့္ေနခဲ့ပုံရတယ္.....ဒါဆို သူတို႔ႏွစ္ေယာက္ရဲ႕ အျဖစ္က အတူတူနဲ႔ အႏူႏူပါပဲ.....

က်င္းဟန္ရဲ႕ ရင္ဘတ္တစ္ခုလုံး နိမ့္ခ်ည္ျမင့္ခ်ည္ ျဖစ္လာခဲ့တယ္....လြမ္းတယ္တဲ့.....ဒီေကာင္ေလးကို သူအခုမွ လြမ္းေနတာမဟုတ္ခဲ့ပါဘူး.....လြန္ေလၿပီးခဲ့​ေသာ ႏွစ္ေတြတုန္းကတည္းက လြမ္းဆြတ္သတိရေနခဲ့တာပါ....ဒါေပမယ့္လည္း သတိႀကီးလြန္းတဲ့ ဒီေကာင္ေလး စိတ္ခ်မ္းသာေအာင္ အေဝးမွာေနခဲ့ရတယ္....ဒါ့ေၾကာင့္လဲ ဒီေကာင္ေလး အခုလို ညႇင္းပန္းႏွိပ္စက္ခံေနခဲ့ရတာ....

က်င္းဟန္ ခ်ဴ႐ွင္းကို မ်က္လုံးခ်င္းဆုံေအာင္ၾကည့္လိုက္ၿပီး....

" ကိုယ္ေတာ္႕ဘက္က ႐ိုးသားတယ္...."

" ဒါဆို မင္းသားအန္းကို လွည့္ျပန္ဖို႔ပဲ ေတာင္းဆိုရေတာ့မယ္....အခုခ်ိန္မွာ မင္းသားကို မင္းႀကီးေတြ႕ႏိုင္မွာ မဟုတ္ဘူး...."

က်င္းဟန္ လက္သီးဆုပ္လိုက္မိတယ္...က်င္းေက်ာက္ကို ျမန္ႏိုင္သမွ် အျမန္ဆုံးကယ္တင္ႏိုင္ဖို႔ အေျပးအလႊားေရာက္လာခဲ့တာျဖစ္တဲ့ အတြက္ လြယ္လြယ္ျပန္သြားလို႔ ဘယ္ျဖစ္ပါ့မလဲ....အကယ္၍ နန္းေတာ္တစ္ခုလုံးနဲ႔ က်င္းေက်ာက္သာ ဒီသစၥာေဖာက္ေကာင္ ခ်ဴ႐ွင္းရဲ႕ ထိန္းခ်ဳပ္မႈေအာက္မွာသာ ႐ွိမေနခဲ့ရင္ ခ်ဴ႐ွင္းကို သတ္ပစ္္လိုက္တာ ၾကာေပါ့.....ဘာေၾကာင့္မ်ား ေလခ်ိဳေသြးေနရဉီးမွာလဲ.....

က်င္းဟန္ ေလေအးတစ္သုတ္ ႐ွဴ႐ိႈက္လိုက္ၿပီး စိတ္ၿငိမ္ေအာင္ ထိန္းေနရတယ္.....ၿပီးတာနဲ႔ ခ်ဴ႐ွင္းကို စိုက္ၾကည့္လိုက္ၿပီး.....

"ေမာင္မင္း ကိုယ္ေတာ္နဲ႔ အတူ လူတစ္ေယာက္ကို လိုက္ေတြ႕ၾကည့္ပါ....."

ခ်ဴ႐ွင္း ျပဳံးေနေပမယ့္ ေလသံကေတာ့ သိပ္ကိုတင္စီးလြန္းေနတယ္.....

" အိုးးး က်ဳပ္က ဘာလို႔ လိုက္ေတြ႕ရမွာလဲ....."

" ဒါက ခ်န္ယန္ရဲ႕ ေသဆုံးမႈနဲ႔ ပတ္သတ္ေနတယ္....စစ္သူႀကီးခ်ဴလည္း ဒီအမွန္တရားကို သိခ်င္ေနတာမဟုတ္လား....."

ခ်ဴ႐ွင္းရဲ႕ အၾကည့္ေတြ မသိမသာေအးစက္သြားၿပီး.....

" ခ်န္ယန္က ဘုရင္ဆိုးရဲ႕လက္ခ်က္ေၾကာင့္ ေသဆုံးခဲ့တယ္ဆိုတာ ႐ွင္းေနတာပဲေလ....ဘာကိစၥေၾကာင့္ အားကုန္ခံၿပီး ႐ႈပ္ေထြးေအာင္ လုပ္ေနမွာလဲ....."

က်င္းဟန္ကလည္း ေရခဲတမွ်ေအးစက္ေနေသာ အၾကည့္ေတြနဲ႔ ခ်ဴ႐ွင္းကို ျပန္ၾကည့္လိုက္ၿပီး.....

"စစ္သူႀကီးခ်ဴဘက္က သိပ္ကို ယုံၾကည္ခ်က္႐ွိေနတယ္ဆို ဘာလို႔ လိုက္မေတြ႕ၾကည့္ရတာလဲ..... ခ်န္ယန္ရဲ႕ ေသဆုံးမွာ ထူးဆန္းတဲ့ အခ်က္ေတြ႐ွိေနတယ္....တရားခံအစစ္အမွန္ လွည့္စားတာကိုခံေတာ့မလို႔လား...."

ခ်ဴ႐ွင္း အမူအရာမေျပာင္းခဲ့ေပမယ့္ စိတ္ထဲမွာေတာ့ တုန္လႈပ္ေနေလၿပီ...အကယ္၍ မင္းသားအန္းေျပာတဲ့အတိုင္း ခ်န္ယန္ရဲ႕ ေသဆုံးမႈမွာ ထူးဆန္းတဲ့ အခ်က္ေတြ ႐ွိေနခဲ့မယ္ဆို.....

ဒါေတြဟာ ဘုရင္ဆိုးေလးရဲ႕ အမွားေတြ မဟုတ္ႏိုင္ခဲ့ရင္ ဟူေသာ ေမွ်ာ္လင့္ခ်က္ေလး ႐ုတ္တရက္ ေပၚထြက္လာခဲ့တယ္....ဒီလိုသာဆို ဘုရင္ဆိုးေလးကို ခြင့္လႊတ္ေပးဖို႔ နည္းလမ္း႐ွိလာႏိူင္ေတာ့မွာ.....

က်င္းဟန္နဲ႔ အတူ ထြက္သြားမယ္ဆို အႏၲာရာယ္႐ွိလာႏိုင္တယ္...ဒါေပမယ့္လည္း ဒါေတြကို မႈေနစရာမလိုပါဘူး.....ျဖစ္ႏိုင္ေခ်နည္းပါးမယ္ဆိုရင္ေတာင္ အခြင့္ေရးကို လက္လႊတ္မခံႏိုင္ပါဘူး.....

အေတာ္ၾကာေတာ့မွသာ ခ်ဴ႐ွင္းက ျပဳံးျပလိုက္ၿပီး.....

" မင္းသားက ဝွက္ဖဲေတြ ျပင္လာမွေတာ့ က်ဳပ္ မင္းသားနဲ႔ အတူ လိုက္ခဲ့ရေတာ့မွာေပါ့"

ခ်ဴ႐ွင္း သူ႕ကို မယုံမွန္း က်င္းဟန္ သိေနတယ္...ဒါ့ေၾကာင့္ သံသယကင္းသြားေအာင္ လူ႐ွင္းတဲ့ေနရာကိုပဲ ေခၚလာခဲ့လိုက္တယ္....တစ္ခ်က္ ေဝွ႔ၾကည့္လိုက္႐ုံနဲ႔ လုပ္ၾကံမယ့္သူ ႐ွိမ႐ွိ အထင္းသားျမင္ေနရတယ္....ခ်ဴ႐ွင္း က်င္းဟန္နဲ႔ အတူ လသာေဆာင္တစ္ခုဆီေလွ်ာက္လာခဲ့တယ္...လသာေဆာင္ထဲမွာ လူႏွစ္ေယာက္႐ွိေနတယ္....မည္သူမည္ဝါမွန္း သိလိုက္ရတဲ့အခါ ခ်ဴ႐ွင္းရဲ႕ အမူအရာေတြ ေျပာင္းလဲသြားခဲ့ေလတယ္....

ေပ်ာ့ေျပာင္းေသာ အသြင္သ႑ာန္ျဖင့္ မတ္တပ္ရပ္ေနသူမွာ ယန္႐ွန္းသာပင္.....

ယန္႐ွန္းရဲ႕ေဘးမွာ ေသြးေတြစို႐ြဲေနၿပီး ႀကိဳးတုပ္ခံထားရတဲ့သူတစ္ေယာက္႐ွိေနတယ္....

ခ်ဴ႐ွင္း က်င္းဟန္ကို လွည့္ၾကည့္လိုက္ၿပီး.....

" က်ဳပ္က သေဘာ႐ိုးနဲ႔ ေခၚတာလာတယ္ထင္ေနတာ....လက္စသတ္ေတာ့ မင္းသားက က်ဳပ္ကို လွည့္စားခဲ့တာပဲ....."

မင္းသားအန္းက ဘုရင္ဆိုးေလးရဲ႕ အယုံၾကည္ရဆုံး ဘက္ေတာ္သားကို ေခၚလာတယ္ဆိုေတာ့.......

မင္းသားအန္းကလည္း ဘုရင္ဆိုးေလးရဲ႕ လူပဲလား....ဒီေန႔အတြက္ ႀကိဳတင္ၾကံစည္ခဲ့ၾကတာလား....

ခ်ဴ႐ွင္း ေသြးဆူလာခဲ့ၿပီ.....မင္းသားအန္းကို ၾကည့္တဲ့အၾကည့္ေတြကလဲ ပိုမိုၾကမ္းၾကဳတိလာခဲ့တယ္.....

သူဒီမွာဆက္ေနလို႔ မျဖစ္ေတာ့ဘူး.....

က်င္းဟန္ကေတာ့ ခ်ဴ႐ွင္းကို တည္ၿငိမ္စြာနဲ႔ပဲၾကည့္ေနခဲ့တယ္......

" စစ္သူႀကီးခ်ဴ....ဘာေၾကာင့္ အမုန္းတရားေတြနဲ႔ အျမင္ဖုံးေနရတာလဲ....."

ခ်ဴ႐ွင္းက က်င္းဟန္ကို သတ္ျဖတ္လိုစိတ္ ျပင္းျပတဲ့ အၾကည့္ေတြနဲ႔ ၾကည့္လိုက္ၿပီး....

"ဒါဆို မင္းသားကေရာ ဘာလို႔ ဒီသင္းကြပ္ထားတဲ့ေကာင္နဲ႔ အတူ ႐ွိေနရတာလဲ....."

ယန္႐ွန္းက ခ်ဴ႐ွင္းကို ႐ြံ႐ွာမုန္းတီးစက္ဆုပ္တဲ့ အၾကည့္ေတြနဲ႔ ၾကည့္ေနၿပီး လက္သီးကို တင္းေနေအာင္ ဆုပ္ထားတယ္....အကယ္၍ သူ႕ရဲ႕မင္းႀကီးသာ ဒီသစၥာေဖာက္လက္ထဲမွာ ႐ွိမေနခဲ့ရင္ ဒီလူကို အပိုင္းပိုင္းခုတ္သတ္ၿပီးေနေလာက္ၿပီ.....

က်င္းဟန္က ခ်ဴ႐ွင္းရဲ႕ ေမးခြန္းကို မေျဖဘဲ ယန္႐ွန္းေဘးက ဒဏ္ရာေတြနဲ႔လူကိုသာ ၾကည့္ေနၿပီး.....

" စစ္သူႀကီးခ်ဴ...သူ႕ကို သိလား...."

ခ်ဴ႐ွင္း မ်က္ေမွာင္ၾကဳံ႕လိုက္ၿပီး.....

" သူ႕ကို တစ္ခါမွ မျမင္ဖူးဘူး. ...."

" လူကို မျမင္ဖူးေပမယ့္ နာမည္ေတာ့ၾကားဖူးေလာက္မယ္ထင္ပါတယ္....သူ႕နာမည္က ပိုင္တု....."

ခ်ဴ႐ွင္းရဲ႕ အမူအရာ မဆိုသေလာက္ေျပာင္းလဲသြားခဲ့တယ္.....

က်င္းဟန္က မေႏွးမျမန္ ဆက္ေျပာတယ္....

" သူက ပိုင္မိဖုရားႀကီးရဲ႕တူ...ေတာ္ဝင္သင္ၾကားေရးဆရာပိုင္ရဲ႕ အႀကီးဆုံးသား.....ပိုင္တု...."

ခ်ဴ႐ွင္း တည္ၿငိမ္မေနႏိူင္ေတာ့ေပ.....

" ပိုင္မိသားစုတစ္ခုလုံး သုတ္သင္ခံလိုက္ရၿပီမဟုတ္လား.....ဟိုဘုရင္ယုတ္လက္ခ်က္ေၾကာင့္ တစ္ေယာက္မက်န္ ေသသြားခဲ့ၿပီေလ....."

က်င္းဟန္ရဲ႕ မ်က္ဝန္းေတြထဲမွာ ဖုံးဖိထားရတဲ့ အမုန္းတရားေတြ႐ွိေနတယ္...ဒါ့အျပင္ ေလသံကလည္း အ႐ိုးခိုက္ေအာင္ေအးစက္ေနခဲ့တယ္.....

" တကယ္ေသခဲ့ရင္ေတာ့ အံ့ၾသစရာေပါ့... ဒါေပမယ့္ ငါးတစ္ေကာင္က ပိုက္ကြန္ထဲကလြတ္သြားတယ္ေလ.....ယန္႐ွန္း...သူ႕ကိုႏိႈးလိုက္ပါ...စစ္သူႀကီးခ်ဴ သိသင့္တာေတြကို သူကိုယ္တိုင္ ေျပာျပခြင့္ေပးလိုက္ပါ....."

နဂိုကတည္းကမွ စိတ္မ႐ွည္တဲ့ ယန္႐ွန္းက မင္းသားအန္း အမိန္႔ေပးလိုက္တာနဲ႔ ထိုလူရဲ႕ လည္ကုတ္ကို ခပ္ျပင္းကုတ္ဆြဲလိုက္တဲ့အခါ နာက်င္မႈေၾကာင့္ ထိုလူသတိလည္လာခဲ့တယ္.....

သတိလည္လာတဲ့ ပိုင္တုက က်င္းဟန္ကိုတလွည့္ ခ်ဴ႐ွင္းကို တလွည့္ ၾကည့္ေနခဲ့တယ္....တခဏၾကာတဲ့အခါ.....

" ဟားးးး ဟားးးး မင္းတို႔ေတြ.....ဟားးး ဟားးး ဟားးးး..."

ယန္႐ွန္း ပိုင္တုကို ႏိႈင္းစရာမ႐ွိေလာက္ေအာင္ မုန္းတီး႐ြံ႐ွာေနတဲ့ အၾကည့္ေတြနဲ႔ ၾကည့္လိုက္ၿပီး ေအးစက္ေနတဲ့ ေလသံနဲ႔ အမိန္႔ေပးလိုက္တယ္.....

" အဲ့ေန႔က ဘာေတြ ျဖစ္ခဲ့တယ္ဆိုတာ စစ္သူႀကီးခ်ဴကို ေျပာျပလိုက္....အေၾကာင္းအရာေသးေသးေလးတစ္ခုေလာက္သာ က်န္ခဲ့ၾကည့္ မင္းကို ဆယ္ရက္ဆယ္ညၾကာေအာင္ ႏွိပ္စက္ျပမယ္......"

ပိုင္တုက ယန္႐ွန္းဆီကေန အၾကည့္လႊဲလိုက္ၿပီး ခ်ဴ႐ွင္းကို ၾကည့္ကာ.....

" စစ္သူႀကီးခ်ဴ...ဟိုဘုရင္ယုတ္ ေသၿပီးလား....သူ႕ကို သတ္လိုက္ၿပီလား....."

ခ်ဴ႐ွင္း ထိတ္လန္႔သြားခဲ့တယ္...ဒီလူ သူ႕ကို သိေနတဲ့ အျပင္ သူ႕လုပ္ရပ္ေတြကိုလည္း သိေနတယ္....ျပသာနာေတြက ထင္သေလာက္မ႐ိုး႐ွင္းေတာ့တာ ေသခ်ာေနၿပီ ..

" မသတ္ရေသးရင္လည္း ျမန္ျမန္သာသတ္ပစ္လိုက္ေတာ့....သူ႕ရဲ႕ ယုတ္မာတဲ့ စ႐ိုက္နဲ႔ဆို စစ္သူႀကီးကို လုံးဝ အလြတ္ေပးမွာပါမဟုတ္ဘူး....က်ဳပ္တို႔ကို သတ္ခဲ့တဲ့အတိုင္း စစ္သူႀကီးကို သတ္ဖို႔ ႀကိဳးစားလိမ့္မယ္....ဟားးး ဟားးးသူ႕ကို ျမန္ျမန္သတ္ပစ္ရမယ္....အခြင့္ေရး ေသးေသးေလး ရခဲ့ရင္ေတာင္ သူ ခင္ဗ်ားကို ေသခ်ာေပါက္သတ္ပစ္ဖို႔ ႀကိဳးစားလိမ့္မယ္....."

ယန္႐ွန္း နဲ႔ က်င္းဟန္တို႔ အေတာ္ေလး ေဒါသထြက္ေနၾကေလၿပီ....ဒီသူေတာင္းစားက ေသခါနီးအထိေတာင္ ေနာင္တမရႏိူင္ေသးဘူးပဲ....

ယန္႐ွန္း ပိုင္တုကို အေၾကာႏွိပ္လိုက္တဲ့အခါ ပိုင္တု ေျမျပင္ေပၚမွာ လူးလွိမ့္ေနၿပီး....

" သတ္လိုက္...ငါ့ကို သတ္လိုက္! !!"

ပိုင္တု ေအာ္ဟစ္ေနရင္းကေန အ႐ူးတစ္ေယာက္လို ေအာ္ဟစ္ရယ္ေမာေနျပန္တယ္....

"ဟားးး ဟားးး ငါ့ကို ႏွိပ္စက္ေနလို႔လဲ ထူးလာမွာမဟုတ္ဘူး....ငါေသရင္ေတာင္ ဟိုဘုရင္ယုတ္က ငါ့ေဘးမွာ ျမႇဳပ္ႏွံခံရမွာပဲ...တန္ပါတယ္ကြာ....ဟားးး ဟားးးး....."

ခ်ဴ႐ွင္းရဲ႕ ႏွလုံးသားထဲမွာ ထိတ္လန္႔မႈေတြ မသက္မသာခံစားရမႈေတြ ျမင့္တက္လာခဲ့တယ္.....

" မင္း ငါ့ကို အသုံးခ်ခဲ့တာလား....."

ပိုင္တုက ခ်ဴ႐ွင္းတို႔ သုံးေယာက္စလုံးကို ေလွာင္ေျပာင္သေရာ္ေနခဲ့တယ္.....

"အသုံးခ်ခဲ့ေတာ့ေရာ ဘာတတ္ႏိုင္ဉီးမွာလဲ....မင္းတို႔ေတြ မယုံေလာက္ေပမယ့္ မင္းတို႔အကုန္လုံး ငါလိုအမိႈက္ေကာင္ လွည့္စားတာခံခဲ့ရတာပဲေလ....နည္းနည္းေလး ေသြးထိုးေပးလိုက္တာနဲ႔ အခ်င္းခ်င္းသတ္ျဖတ္ေနၾကၿပီမဟုတ္လား....ဟားးးဟားးး ဟိုဘုရင္ယုတ္ ေသကို ေသရေတာ့မယ္...ဟားးး ဟားးးး"

ပိုင္တုက ဧကန္မုခ် ေသရေတာ့မည္ကို သိေနေသာေၾကာင့္ ေမာက္မာ႐ိုင္းစိုင္းမႈမ်ားကို ထိန္းမထားေတာ့ဘဲ အကုန္ လႊတ္ထုတ္ေနခဲ့တယ္....ၿပီးေတာ့ ယုတ္မာေကာက္က်စ္တဲ့ အျပဳံးေတြကိုလဲ ေဖာေဖာသီသီျပဳံးျပေနေသးတယ္......

" ငါ ခ်န္ယန္ကို စကမေျပာႏိုင္ေအာင္ ေဆးေကြၽးၿပီး ဟိုဘုရင္ယုတ္ရဲ႕ အသုံး​ေတာ္ခံတစ္ေယာက္နဲ႔ တိတ္တဆိတ္လူခ်င္းလဲၿပီး နန္းတြင္းထဲ ပို႔ေပးလို​က္တယ္....ခ်န္ယန္ ေသေတာ့ ခ်န္မိသားစုေတြ သည္းမခံႏိုင္ၾကေတာ့ဘူး....ဒါဆို...ဘုရင္ယုတ္ကို မုန္းတီးေနၾကတဲ့ ျမင့္ျမတ္တဲ့ မိသားစုေတြလည္း ဒီပုန္ကန္မႈမွာ ပါဝင္လာၾကမယ္...ဒီလို အမိႈက္ေကာင္မ်ိဳးက ဘုရင္ျဖစ္ေနရင္ေတာင္ ငါ့မိသားစုနဲ႔ ငါ့အေဒၚကို သတ္တဲ့အတြက္ ေသကို ေသေပးရမယ္...ဟားးးဟားးးးး"

ခ်ဴ႐ွင္း ေဒါသထြက္ေနေပမယ့္လည္း ဟန္မပ်င္ေအာင္ထိန္းၿပီး.....

" ခ်န္ယန္ကို နန္းတြင္းထဲပို႔ခဲ့တာ မင္းေပါ့....."

" ဟုတ္တယ္...တကယ္ဆို စစ္သူႀကီးကို က်ဳပ္ အမ်ားႀကီးကူညီခဲ့တယ္လို႔ေတာင္ ေျပာလို႔ရတယ္....ခင္ဗ်ားလည္း ဒီဘုရင္ရဲ႕ အက်င့္စ႐ိုက္ေတြကို မႏွစ္ၿမိဳ႕ဘူးမဟုတ္လား.....က်ဳပ္ေမႊးလိုက္တဲ့ မီးစေၾကာင့္ ခင္ဗ်ားလဲ တရားမွ်တမႈ ႐ွိ႐ွိ ပုန္ကန္ႏိူင္ခဲ့ၿပီေလ....ဟားးးဟားးးအျပစ္ေတြအကုန္လုံးကို မ်ိဳး႐ိုးနိမ့္တဲ့ ဟိုေကာင့္ဆီပဲ ပုံခ်ေနၾကေတာ့မွာ.....က်ဳပ္သူ႕ကို အေသေစာေအာင္လုပ္ေပးလိုက္တာေလ...ဟားးး ဟားးးး"

ပိုင္တိုကို ၾကည့္ရတာ နာက်င္လြန္းလို႔ စိတ္လြတ္သြားသည့္ႏွယ္......

" ဒီေကာင္ေသတာကို ကိုယ္တိုင္ မျမင္ႏိုင္ေတာ့မွာကို စိတ္မေကာင္းျဖစ္မိတယ္....ခင္ဗ်ားက​ေတာ့ ဘယ္သိေလာက္မလဲ...ဟိုတုန္းကဆို ဒီေကာင္က ငါတို႔အတြက္ ကစားစရာတစ္ခုသာသာပဲေလ....."

က်င္းဟန္ရဲ႕ အမူအရာေတြ တမုဟုတ္ခ်င္း ခက္ထန္သြားၿပီး.....

" သတ္ပစ္လိုက္ေတာ့! !!!"

ပိုင္တု ဆက္မေျပာႏိုင္ေအာင္ သတ္ပစ္ရမယ္.....

ယန္႐ွန္း ေသလုေအာင္ေဒါသထြက္ေနၿပီ...ဒါေပမယ့္ ဓားထုတ္ဖို႔ ျပင္လိုက္ခ်ိန္မွာ ခ်ဴ႐ွင္းက ဝင္တားေနတယ္.....

သူ အျဖစ္အမွန္ေတြကို အစအဆုံး သိမွျဖစ္မယ္......

ေဒါသထြက္ေနတဲ့ ယန္႐ွန္းကို ၾကည့္ၿပီး ပိုင္တု အူလိႈက္သည္းလိႈက္ ရယ္ေနျပန္တယ္.....

" သစၥာေဖာက္ေကာင္....မင္းလည္း သူ႕အေပၚ ၫႊတ္သြားပဲမဟုတ္လား....ငါ့ အေဒၚ မင္းအေပၚ ေကာင္းခဲ့ပါရက္နဲ႔ မင္းလည္း ဟိုေကာင့္ဘက္ ပါသြားတာပဲ....ဒါ့အျပင္ ငါတို႔ကို ပးအာခံဖို႔ကိုေတာင္ ကူညီေပးလိုက္ေသးတယ္....ဘာလဲ မင္းကိုလည္း ဟိုေကာင္က ခႏၶာကိုယ္ေပးၿပီး ျမႇဴစြယ္ခဲ့တာလား....မင္း သူ႕ကိုလုပ္လိုက္ေသးလား...အရသာဘယ္လို႐ွိလဲ ေျပာျပပါဉီး....မင္းတို႔ ဘယ္လို ကစားခဲ့ၾကလဲ. "

အခုဆို  ယန္႐ွန္းရဲ႕ မ်က္လုံးေတြက ေသြးေတြ စီးက်ေတာ့မတတ္နီရဲေနၿပီ...

"ပါးစပ္ပိတ္ထားစမ္း! !!!"

မေျပာႏိုင္ဘူး....ဒီအေၾကာင္းေတြကို ဘယ္ေတာ့မွ ထပ္မေျပာဖို႔ မင္းႀကီးကို ကတိေပးထားခဲ့ၿပီးၿပီ....ဒီအေၾကာင္းေတြကို တစ္သက္တာ ျမႇဳပ္ႏွံခဲ့ၿပီးပါၿပီ.....

ယန္႐ွန္း ေဒါသထြက္ေလ ပိုက္တု အူျမဴးလာေလပါပဲ......

"ဘာလဲ မင္းတို႔က ငါ့ကို အမွန္တိုင္းမေျပာေစခ်င္ၾကဘူးလား.....အမွန္တိုင္းေျပာျပလိုက္တာ ပိုေကာင္းပါတယ္....ဟိုဘုရင္ယုတ္က ဘယ္လိုေကာင္စားမ်ိဳးလဲဆိုတာ က်န္တဲ့သူေတြသိသြားေအာင္ ေျပာျပေပးမယ္ေလ......ငါတို႔ မိသားစုနဲ႔ နန္းေတာ္ထဲက လူေတြကို သတ္လိုက္႐ုံနဲ႔ အတိတ္က သူ႕အေၾကာင္းေတြကို ဖုံးဖိထားန္ိဳင္ၿပီထင္ေနတာလား....ဒါဆို ငါ့ရဲ႕ ဂုဏ္အယူရဆုံး လုပ္ရပ္ေတြကို ေျပာျပရေသးတာေပါ့.....ဟိုဘုရင္ယုတ္ကေလ....စိတ္ပိုင္းဆိုင္ရာထိခိုက္ေလာက္တဲ့အထိ ေယာက္က်ားေတြနဲ႔ လိင္ဆက္ဆံခဲ့ရတာ....ေယာက္က်ားမပီသႏိုင္႐ွာတဲ့ အဲ့ေကာင္ကို ငါ့အေဒၚက ထီးနန္းဆက္ခံဖို႔ သားေယာက္က်ားေလးမ႐ွိလို႔သာ နန္းတင္ခဲ့ရတာ....ညတိုင္း ညတိုင္း သူ႕ရဲ႕ မိဖုရားေတြနဲ႔ ငါ သြားအိပ္တိုင္း ဒီေကာင့္ကို ၾကမ္းျပင္ေပၚမွာ ေယာက္က်ားေတြနဲ႔အတင္းအ​ၾကပ္
ဆက္ဆံခိုင္းလိုက္တယ္...ဒါကို သူ႕မိဖုရားနဲ႔ငါ့က ကုတင္ေပၚကေန ထိုင္ၾကည့္ေနခဲ့တယ္....ဟားးးးဟားးးျပန္ေတြးလိုက္တိုင္း စိတ္လႈပ္႐ွားမိေနတယ္....သိပ္ကို အဖိုးတန္ခဲ့တဲ့အခ်ိန္ေတြပဲ.....ဟားးးး ဟားးး ဟားးးး"

ခ်ဴ႐ွင္း လုံးဝမတည္ၿငိမ္ႏိုင္ေတာ့ပါဘူး....မတည္မၿငိမ္ျဖစ္ေနတဲ့သူ႕ကို ယန္႐ွန္း ဓားနဲ႔ လွမ္းထိုးလိုက္တဲ့အတြက္ လက္ေမာင္းကေန ေသြးေတြစီးက်လာတယ္.....

လက္ေမာင္းက နာက်င္မႈက ႏွလုံးသားထဲက နာက်င္မႈကို စိုးစဥ္းမွ် မယွဥ္သာႏိုင္ခဲ့ေပ......

ထုံထိုင္းသြားသည္အထိ နာက်င္ေနရပါတယ္.....

" ဒါေတြဟာ အမွန္ မဟုတ္ဘူး...." " ဘာလို႔ မွားေနတယ္လို႔ ေျပာရတာလဲ " ထိုအသံႏွစ္ခုက ခ်ဴ႐ွင္းရဲ႕ ဉီးေႏွာက္ထဲမွာ အၿပိဳင္အဆိုင္ျမည္ဟီးေနပါတယ္....

ေသျခင္းတရားနဲ႔ နီးကပ္ေနတဲ့ ပိုင္တုက ဘာ့ေၾကာင့္ သူ႕ကို လိမ္ညာေနမွာလဲ......

သူသိခ်င္ေနတဲ့ အမွန္တရားဆိုတာ ဒါလား.....

တစ္ခုခုမွားေနတာ ျဖစ္ပါလိမ့္မယ္.....ဒါေတြဟာ သူသိခ်င္ေနတဲ့ အမွန္တရားေတြ မဟုတ္ႏိုင္ပါဘူး.....ဘုရင္ဆိုးေလးကို ဒီလို နာက်င္စရာအတိတ္ေတြ႐ွိေနရမယ့္အစား ရက္စက္တဲ့ဘုရင္တစ္ပါးလို႔ပဲ ယုံၾကည္ခ်င္ေနမိတယ္.....

ဒီလ္ိဳ အမွန္တရားမ်ိဳးကို နားမေထာင္ပါရေစနဲ႔.....သူ မယုံၾကည္ႏိူင္လို႔ပါ......

ယန္႐ွန္းက ႏိႈင္းစရာမ႐ွိေလာက္ေအာင္ မုန္းတီးတဲ့အၾကည့္ေတြနဲ႔ ပိုင္တုကို စိမ္းစိမ္းဝါးဝါး စိုက္ၾကည့္ေနတယ္.....

အကုန္ သူ႕အမွားေတြပါ....ေပါ့ဆမိခဲ့လို႔ မင္းႀကီးရဲ႕ နာက်င္မႈေတြကို ျပန္တူးဆြသိလိုျဖစ္ခဲ့ရတယ္...သစၥာေဖာက္ေကာင္ အမွန္တရားေတြ သိႏိုင္ဖို႔ ဟိုသူေတာင္းစားဖြင့္ေျပာေနသမွ်ကို ရင္နာနာနဲ႔ ၾကည့္ေနခဲ့ရတယ္....စိတ္ခ်ပါ....ကြၽန္ေတာ္မ်ိဳး အသက္ေပးရမယ္ဆိုရင္ေတာင္ ပိုင္တုကို ရေအာင္ သတ္သြားပါ့မယ္......

ခ်ဴ႐ွင္း အာ႐ုံလႊင့္ေနတာကို အခြင့္ေကာင္းယူၿပီး ယန္႐ွန္း ပိုင္တုရဲ႕ လည္ပင္းကို ဓားနဲ႔ လွမ္းထိုးလိုက္တယ္.....ဝူးဝူးဝါးဝါးေအာ္ဟစ္ၿပီး ေသဆုံးသြားသည့္တိုင္ ပိုင္တုရဲ႕ မ်က္ႏွာေပၚမွာ ေကာက္က်စ္တဲ့ အျပဳံးတစ္ခု႐ွိဆဲပါပဲ......

က်င္းဟန္ကလည္း အမ်က္ေဒါသကို ခက္ခက္ခဲခဲ ၿမိဳသိပ္ေနရၿပီး......

" အခု ပိုင္တု ေသၿပီဆိုေတာ့.....ပိုင္တုရဲ႕ ဝန္ခံခ်က္ေတြကို စစ္သူႀကီးခ်ဴဆီ လႊဲေပးပါ့မယ္.... ကိုယ္​ေတာ္ ပူးေပါင္းၾကံစည္သူေတြကိုလည္း ဖမ္းထားတယ္...ဒါေတြကို ေသခ်ာစစ္ေဆးၿပီးရင္ ခ်န္ယန္ရဲ႕ ေသဆုံးမႈအလုံးစုံဟာ မင္းႀကီးရဲ႕ အမွားေတြးခ်ည္းပဲ မဟုတ္တာကို နားလည္လာပါလိမ့္မယ္....မတရားမႈတိုင္းမွာ က်ဴးလြန္သူ႐ွိစၿမဲပါ....ခ်န္ယန္က နန္းတြင္းထဲမွာ ေသဆုံးခဲ့တဲ့အတြက္ မင္းႀကီးလည္း အျပစ္မကင္းေပမယ့္ ႐ွိသမွ် အျပစ္ေတြအကုန္လုံးကို မင္းႀကီးတစ္ေယာက္တည္းအေပၚ ပုံခ်တာမ်ိဳးေတာ့ မျဖစ္သင့္ဘူးေလ....."

"မင္းႀကီးကို ကိုယ္ေတာ္နဲ႔အတူ ၿမိဳ႕ေတာ္ကေန ထြက္သြားခြင့္ျပဳမယ္ဆို ေမာင္မင္းရဲ႕ ျပစ္မႈေတြကို မင္းႀကီးကိုယ္စား ကိုယ္ေတာ္ ေခ်ဖ်က္ေပးမယ္လို႔ ကတိေပးပါတယ္...."

ခ်ဴ႐ွင္း သူ႕စကားေတြကို မယုံႏိုင္ေလာက္မွန္းသိတာေၾကာင့္ က်င္းဟန္ ထပ္ေျပာလိုက္တယ္......

"ကိုယ္ေတာ္ တိုင္းျပည္အႏွံ႔က တပ္ေတြဆီ စာပို႔ထားၿပီးၿပီ....အခုဆို အကုန္လုံး ၿမိဳ႕ေတာ္ကို စစ္ခ်ီလာၾကၿပီ...ေမာင္မင္းဘက္ကသာ ေလွ်ာ့ေပးမယ္ဆို ကိုယ္ေတာ္ ေအးေအးေဆးေဆး ေျဖ႐ွင္းေပးပါ့မယ္.....ေမာင္မင္းလည္း ေတာ္ဝင္မင္းသားတစ္ပါးျဖစ္ေနၿပီပဲ...အပိုင္စားရထားတဲ့ နယ္ေျမမွာ ေအးေအးေဆးေဆး အုပ္စိုးေနလို႔ရတယ္.....အခုခ်ိန္မွာ ေနာက္ျပန္လွည့္ဖို႔ဘအခ်ိန္မွီေသးတယ္...ေလာဘေၾကာင့္ ေသြးေခ်ာင္းစီးတာမ်ိဳးေတြ မျဖစ္ပါေစနဲ႔ေတာ့......"

က်င္းဟန္ရဲ႕ စကားေတြက က်ိဳးေၾကာင္းဆီေလ်ာ္မႈ႐ွိတဲ့အျပင္ တဖက္သားကိုလည္း ဆြဲေဆာင္ႏိူင္တယ္.....

ခ်ဴ႐ွင္းကေတာ့ ေက်ာက္႐ုပ္တစ္ခုလို ရပ္ေနစၿမဲပါပဲ.... ျပင္းထန္လွေသာ ထိုးႏွက္ခ်က္တို႔ေၾကာင့္ တုံ႔ျပန္ႏိုင္စြမ္း ကင္းမဲ့သြားပုံရတယ္.....

သူ႕စိတ္ထဲမွာ ပိုင္တုရဲ႕စကားသံေတြပဲ ထပ္တလဲလဲ ၾကားေယာင္ေနတယ္....ယုတ္မာ႐ိုင္းစိုင္းလြန္းတဲ့စကားေတြက သူ႕ႏွလုံးသားကို အပိုင္းပိုင္းဆြဲစုတ္ေနသလိုပါပဲ....

ေကာင္းကင္ကိုယ္စား အျပစ္ေပးတယ္တဲ့လား.....ဒဏ္ရာေပၚ ဒဏ္ရာထပ္ေနသူတစ္ေယာက္ကို သူက ထပ္ၿပီး အျပစ္ေပးခဲ့တယ္တဲ့.......

လက္ထဲက ဓားကိုလည္း ဆုပ္ကိုင္မထားႏိုင္ေတာ့ေပ.......

မွန္တယ္....ဘုရင္ဆိုးေလး အမွားေတြ က်ဴးလြန္ခဲ့တယ္....ဒါေပမယ့္ သူ ( ခ်ဴ႐ွင္း ) လည္း မွားခဲ့တာပဲ....ရက္စက္ယုတ္မာလြန္းတဲ့ ပိုင္မိဖုရားႀကီးလည္း မွားခဲ့တာပဲ....သိထားခဲ့သမွ်အရာေတြ အကုန္လုံး ၿပိဳလဲ ခဲ့ပါၿပီ....မွားတယ္ထင္ထားသမွ်က အမွန္ေတြ ျဖစ္ေနၿပီး....အမွန္ထင္ထားခဲ့သမွ် မွားယြင္းေနခဲ့ပါတယ္.....

သူရဲ႕ ဆုံးျဖတ္ခ်က္ေတြ ခံယူခ်က္ေတြ ခ်ည္ႏွဲ႔ယိုင္လဲ လာခဲ့ပါၿပီ.....

အေတာ္ၾကာေတာ့မွသာ ခ်ဴ႐ွင္း မင္းသားအန္းကို လွည့္ၾကည့္လိုက္တယ္.....

မင္းသားအန္း ေျပာခဲ့သမွ်ကို ၾကားခဲ့ပါတယ္....ဒီဘုရင္ေလးအတြက္ မင္းသားအန္း ဘာေၾကာင့္မ်ား ႀကိဳးစားေပးေနရတာလဲ.....

တစ္ခ်ိန္တုန္းက ဒီဘုရင္ေလး ပိုင္မိသားစုကို အျမစ္ျဖတ္ဖို႔ မင္းသားအန္း ကူညီေပးခဲ့တယ္....ဒါေပမယ့္ ကန္ထုတ္ခံခဲ့ရတယ္....ဒီ့အတြက္လည္း မင္းသားအန္းက ႏွစ္ေပါင္းမ်ားစြာၾကာခဲ့သည့္တိုင္ တစ္ခြန္းမွ အထြန္႔မတက္ခဲ့ဘူး....အခုလည္း သူ႕ကိုယ္တိုင္ အႏၲာရာယ္တြင္းထဲ ခုန္ဆင္းၿပီး ဘုရင္ေလးရဲ႕ အခက္အခဲေတြကို ကူညီေပးေနျပန္တယ္....ဘာ့ေၾကာင့္လဲ......

ခ်ဴ႐ွင္း မင္းသားအန္းကို ခပ္တင္းတင္းၾကည့္လိုက္ၿပီး တစ္ခြန္းခ်င္းစီ ထုတ္ေမးလိုက္တယ္......

" မင္းသား မင္းႀကီးကို သေဘာက်ေနတယ္မဟုတ္လား....."

ဒီဘုရင္ေလးအတြက္ မင္းသားအန္း ေရကုန္ေရခမ္း ႀကိဳးစားေပးေနရျခင္းအေၾကာင္းျပခ်က္က ဒီအခ်က္ကလြဲရင္ အျခားမ႐ွိႏိုင္ေတာ့ဘူး......

မင္းသားအန္းကလည္း တည္ၿငိမ္စြာနဲ႔ ျပန္​ေျဖတယ္.....

" ဟုတ္တယ္....."

ခ်ဴ႐ွင္း လက္သီးဆုပ္လိုက္မိတယ္...ေျမျပင္ေပၚက အေလာင္းေကာင္ကို ၾကည့္ၿပီးစကားလုံးေတြ ေပ်ာက္႐ွကုန္ခဲ့တယ္.....

" သူ အသက္႐ွင္ေနေသးတယ္....."

ဤသည္မွာ မင္းသားအန္း၏ ေမးခြန္းကို ျပန္လည္ေျဖဆိုခဲ့ျခင္းျဖစ္သည္။

ထိုအခါမွသာ က်င္းဟန္ သက္ျပင္းခ်ႏိုင္႐ွာေတာ့တယ္....က်င္းေက်ာက္ေသသြားၿပီလို႔ ေျပာလာမွာကို သိပ္ေၾကာက္ေနခဲ့တာပါ....အဲ့လိုသာဆို ကယ္တင္ဖို႔ နည္းလမ္း႐ွိေတာ့မွာ မဟုတ္ဘူး....အခ်ိန္မွီခဲ့လို႔ ေတာ္ပါေသးရဲ႕.....

" စစ္သူႀကီးခ်ဴ....ကိုယ္ေတာ္ေျပာခဲ့တာေတြကို ေသခ်ာစဥ္းစားေပးပါ....ေမာင္မင္းဘက္က ကိုယ္ေတာ္အတြက္ အေကာင္းဆုံးအေျဖတစ္ခုေပးလာဖို႔ပဲ ေမွ်ာ္လင့္ပါတယ္....."

လွည့္ထြက္လာခဲ့ေပမယ့္လည္း ခ်ဴ႐ွင္း ခဏရပ္လိုက္ၿပီး......

" ေကာင္းၿပီ...."

ခ်ဴ႐ွင္း ထြက္သြားတဲ့ အခါ က်င္းဟန္ရဲ႕ ေတူအရာေတြ ေျပာင္းလဲသြားခဲ့တယ္....ေလာေလာဆယ္ ေစာင့္ေနရဉီးမွာပဲေလ....သူသာ အလ်င္စလိုေတြ လုပ္လိုက္ရင္ ဒီသစၥာေဖာက္က မင္းႀကီးကို သတ္ပစ္လိုက္ႏိုင္တယ္....ဒါဆို ႀကိဳးစားခဲ့သမွ် သဲထဲေရသြန္ျဖစ္ကုန္လိမ့္မယ္.....

ယန္႐ွန္း ခ်း႐ွင္းနဲ႔ သူေသ ကိုယ္ေသ သတ္ပုတ္လိုက္ခ်င္ေပမယ့္လည္း မင္းႀကီးအေပၚ ခ်ဴ႐ွင္း ေဒါသေတြ ပုံခ်လိုက္မွာစိုးလို႔ ၿငိမ္ေနခဲ့ရတယ္....

ေနာက္ဆုံးေတာ့ ယန္႐ွန္း ေဒါသေတြကို ပိုင္တုရဲ႕ အေလာင္းေပၚ ပုံခ်လိုက္ၿပီး ဓားနဲ႔အခ်က္ေပါင္းမ်ားစြာ ထိုးေနလိုက္တယ္....

ဒါကိုျမင္တဲ့ က်င္းဟန္က.....

"သြားၾကရေအာင္....."

ခ်ဴ႐ွင္း မွန္ကန္စြာေတြးေတာတတ္ပါေစလို႔ပဲ ဆုေတာင္းရေတာ့မယ္....ဒါေပမယ္​ က်င္းဟန္စိတ္ထဲမွာ သိပ္မေသခ်ာေနခဲ့ဘူး....ပိုင္တု ေျပာခဲ့သလိုပဲ ခ်ဴ႐ွင္းနဲ႔ က်င္းေက်ာက္တို႔ၾကားမွာ အေျဖ႐ွာမရတဲ့ အမုန္းတရားေတြ ႐ွိေနပုံရတယ္....ဒါ့ေၾကာင့္ သစၥာေဖာက္ေကာင္ ခ်ဴ႐ွင္းကို ​​ေျဖာင္းဖ်ဖို႔ဆိုတာ ေကာင္းကင္ေပၚတက္ရသလို ခက္ခဲေပလိမ့္မည္။

ဒါေပမယ့္ ခ်ဴ႐ွင္းသာ က်င္းေက်ာက္ကို သတ္ပစ္မယ္ဆို ဘာေတြပဲ ေပးဆပ္ရပါေစ က်င္းဟန္ လက္တုံ႔ျပန္ပစ္မွာပါ.....

ခ်ဴ႐ွင္း နန္းေတာ္ထဲျပန္ေရာက္လာခ်ိန္မွာ သူ႕လက္ေမာင္းက ဒဏ္ရာေၾကာင့္ ငယ္သားေတြ ထိတ္လန္႔ကုန္ၾကတယ္....

မင္းသားအန္း သူတို႔ စစ္သူႀကီးကို လုပ္ၾကံလိုက္တာလား.....

" စစ္သူႀကီး....ကြၽန္ေတာ္တို႔ မင္းသားအန္းကို သတ္ပစ္လိုက္ရမလား......"

ခ်ဴ႐ွင္းရဲ႕ အၾကည့္ေတြ ေမွာင္မိုက္လာၿပီး....

" မလိုဘူး...."

သိပ္မၾကာခင္မွာ ေတာ္ဝင္သမားေတာ္ေရာက္လာခဲ့ၿပီး ခ်ဴ႐ွင္းရဲ႕ဒဏ္ရာကို ကုသေပးခဲ့တယ္.....

႐ွဲ႕ဟယ္ကို မ်က္ႏွာမျပဝံ့တာေၾကာင့္ ခ်ဳ႐ွင္း ႐ွဲ႕ဟယ္ဆီ မသြားခဲ့ဘူး.....

သူဟာ သစၥာေဖာက္တစ္ေယာက္ ျဖစ္ေနခဲ့ေပမယ့္ သူ႕လုပ္ရပ္ေတြအေပၚ အၿမဲတမ္း လိပ္ျပာသန္႔ခဲ့ပါတယ္....ဘုရင္ဆိုးေလးကို နန္းခ်ခဲ့ရရင္ေတာင္ သိပ္ၿပီးေနာင္တရေနခဲ့မွာလည္း မဟုတ္ဘူး....ဒီဘုရင္ေလးက အမွားေတြ အမ်ားႀကီးက်ဴးလြန္ခဲ့တဲ့ ဆိုးယုတ္သူတစ္ေယာက္ျဖစ္တယ္...ဒါ့ေၾကာင့္ ဒီဘုရင္ဆိုးေလးကို သေဘာမက်သင့္ဘူးလို႔လဲ ထင္ခဲ့မိတယ္....

အခုေတာ့ ဒါေတြအားလုံးဟာ သူ႕ဆီ သံသရာတစ္ပတ္ျပန္လည္လာခဲ့ေလၿပီ.....

[TN/ ကဲ ဒ႑ာရီလာ ဓားေတြ လာပါၿပီ ....ငိုၾကမယ္ ေလာင္ၾကမယ္...ဆဲၾကမယ္....ဘဝႀကီးကသိပ္ကို အဆင္ေျပေနေတာ့တာပဲ.....]

Continue Reading

You'll Also Like

99.6K 10.3K 145
အပိုင်း၃၁၁စပါ့မယ်ရှင့်အရှေ့အပိုင်းများကို accထဲတွင်ရှာ၍ဖတ်နိုင်ပါတယ်😊
816K 15K 56
" ဒယ်ဒီဘာပြောပြောဖြူဖြူတို့လက်ထပ်စရာမလိုပါဘူးကိုကို.." " ဒါပေါ့.. မင်းကမိဘကိုလည်းဂရုမစိုက်၊ပတ်၀န်း ကျင်ကိုလည်းဂရုမစိုက်ပဲနေနိုင်ပေမယ့်.. ငါကတော့ဆရာသ...
73.6K 8.5K 87
transition novel
249K 9.2K 45
မိုက်တယ်နော်၊ဒါပေမယ့်မယုတ်မာဘူး.. အစ်ကိုက သတ်ရဲတယ်၊သေရဲတယ် ဒါပေမယ့်မူနွဲ့မျက်ရည်ကျတာကိုတော့မကြည့်ရဲဘူး..... ကြက်သမား၊ဖဲသမား..လူမိုက်လေးတေဇဘုန်း‌ကျော်...