ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်...

By OpalHawthorn28

541K 78K 5.6K

ဝင်ဖတ်ကြည့်ပါ။အားမနာတမ်းဝေဖန်ပေးပါ။ More

Description
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (1.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (1.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (2.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (2.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (3.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (3.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (4.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (4.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (5.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (5.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (6)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (7)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (8)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (9.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (9.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (10)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (11)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (12.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (12.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (13.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (13.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (14.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (14.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (15.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (15.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (16)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (17)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (18)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ်( 19)
အခန်း (20) လူငယ်ပြုစုပျိူးထောင်ခြင်းလက်စွဲ(2)
အခန်း (21) လူငယ်ပြုစုပျိူးထောင်ခြင်းလက်စွဲ(3)
အခန်း (22) လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ (3)
အခန်း (23) လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (24) လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (25) လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (26)လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (27) လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
Ch27 Zawgyi
အခန်း (28)လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (29) လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (30)လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (31)
အခန်း (32)
အခန်း (33)
အခန်း (34.1)
အခန်း (34.2)
အခန်း (35)
အခန်း (36)
အခန်း (37)ငါလေးက Daddyရဲ့ သားအရင်းမဟုတ်ဘူး!!
အခန်း (38)
အခန်း (39.1)
အခန်း (39.2)
အခန်း (40)
အခန်း (41)
အခန်း (42)
အခန်း (43)
အခန်း (44)
အခန်း (45)
အခန်း (46.1)
အခန်း (46.2)
အခန်း (47)
အခန်း (48)
အခန်း (49.1)
အခန်း (49.2)
အခန်း (50)
အခန်း (51)
အခန်း (52)
အခန်း (53)
အခန်း (54)
ဝေဖန်မယ် လေကန်မယ် ခဏနေရင်ပြန်ဖျက်မယ်
CH (55.1)
CH 55
CH. 56
CH (57)
CH 58
Ch 59
CH 60
CH 61
CH 63
CH 64
CH 65
CH 66
CH 67
CH 68
CH 69
CH 70
CH 71
CH 72.1
CH 72.2
CH 73
CH 74
CH 75
CH 76
CH 77
CH 78
CH 79
CH 80.1
CH 80.2
CH 81
CH 82
CH 83

CH 62

2.6K 475 23
By OpalHawthorn28

ရှဲ့ဟယ် ချူရှင်းကို ကြည့်နေတယ်....လူလုံးသဲကွဲအောင် အချိန်ယူနေခဲ့ရတယ်.....

ခဏကြာတော့ ရှဲ့ဟယ်ရဲ့ မျက်ဝန်းတွေထဲမှာ မပီမပြင် အပြုံးလေးတစ်ခုဖြစ်တည်လာခဲ့တယ်.....

ဒီအပြုံးကြောင့် ချူရှင်းရဲ့နှလုံးသားတစ်ခုလုံး ကျဉ်းကြပ်လာခဲ့ရတယ်......

ထပ်ဖြစ်ပြန်ပြီ....ထပ်ဖြစ်ပြန်ပြီ.... ဘယ်လောက်ပဲနှိပ်စက်နေပါစေ ဘာလို့ အနှစ်အရသာကင်းမဲ့တဲ့အပြုံးမျိုးတွေပဲ ပြုံးပြနေရတာလဲ.....

ဒီအပြုံးတွေက ငါ့ကိုဘယ်လောက်ပဲ နှိပ်စက်နေပါစေ မင်း အားကုန်တာပဲ အဖတ်တင်မယ်လို့ လှောင်ပြောင်နေသလိုပဲ......

" မင်းကြီး​က ကိုယ့်အ​​ခြေနေ ကိုယ်နားမလည်နိူင်သေးဘူးပဲ....."

ချူရှင်းရဲ့လေသံက ရေခဲတမျှအေးစက်နေတယ်.....

" မင်းကြီးသာ နာခံမယ်ဆို ကျုပ်လဲ ခက်ခဲတာမျိုးတွေ မလုပ်တော့ဘူး....ကျုပ်က ပြောရင်ပြောတဲ့အတိုင်းပဲ လုပ်တတ်တယ်....သဘောတူတယ်ဆို လက်ချောင်းလှုပ်ပြ...."

ရှဲ့ဟယ်က ချူရှင်းကိုသာ နင့်နင့်နဲနဲ ကြည့်နေခဲ့တယ်.....တခဏကြာတော့မှ အပြုံးလေးတစ်ခုနဲ့အတူ လက်ချောင်းလေး လှုပ်ပြခဲ့တယ်.....

ဘာကြောင့်မှန်းမသိပေမယ့် ချူရှင်း စိတ်သက်သာရာရသွားခဲ့ပါတယ်...တကယ်ဆို သူကာနှိပ်စက်နေသူပါ...ဘာကြောင့်များ နှိပ်စက်ခံရေသူထက်ပိုပြီး ဒါတွေကို ရပ်တန့်ချင်နေခဲ့ရတာလဲ.....

အခုဆို နှိပ်စက်ခြင်းတွေကို အဆုံးသတ်နိုင်ခဲ့ပြီ........

ရှဲ့ဟယ် ပါးစပ်က အစို့လေးကို ချွတ်ပေးလိုက်တဲ့အခါ တိုးလျတဲ့စကားသံလေး ထွက်ပေါ်လာတယ်...တိုးလျလွန်းလို့ ချူရှင်း သေချာနားထောင်ကြည့်လိုက်တဲ့အခါ.....

"အိမ်...မက်..မက်..နေ..လိုက်...."

ချူရှင်ရဲ့ အမူအရာတွေ တမဟုတ်ချင်းပြောင်းလဲသွားခဲ့ရပြန်တယ်....ရှဲ့ဟယ်ရဲ့ မျက်ဝန်းတွေကို စိုက်ကြည့်လိုက်တဲ့အခါ လှောင်ပြောင်ခြင်းအငွေ့အသက်တွေကိုတွေ့လိုက်ရတယ်.....

ဒီမျက်ဝန်းတွေကပြောနေတဲ့ စကားတွေကတော့.....

မြင့်မြတ်လှတဲ့ ဘုရင်တစ်ပါးက သစ္စာဖောက်တစ်ယောက်ရှေ့မှာ ဘယ်တော့မှ ဉီးညွှတ်မှာမဟုတ်ဘူး.......

ဒီအခိုက်အတန့်လေးမှာ....ချူရှင်း ဒီလူ အညံ့ခံလာအောင် ဘယ်တော့မှ လုပ်နိူင်မှာ မဟုတ်ကြောင်း နားလည်ခဲ့လေပြီ......

ရှဲ့ဟယ် အသံတိတ်ရယ်မောပြီးနောက် မျက်လုံးတွေ မှိတ်ကျသွားခဲ့တယ်.....

ချူရှင်းရဲ့ နှလုံးခုန်သံတွေ စည်းချက်လွဲချော်ကုန်သလို ခံစားလိုက်ရတယ်....ရှဲ့ဟယ်ရဲ့ မျက်နှာကို ခပ်ဆတ်ဆတ်ပုတ်ကြည့်လိုက်သော်လည်း တုံ့ပြန်မှုမရှိတော့ပေ.....

ရှဲ့ဟယ်ရဲ့အသက်ရှုနှုန်းတွေ အလွန်အားနည်းနေခဲ့လေပြီ.....

ချူရှင်းရဲ့ လက်တွေ တုန်ရီနေခဲ့တယ်.....

သေသွားပြီလား.....သေလောက်အောင် နှိပ်စက်လိုက်မိပြီလား......

ဟင့်အင်း....သူမှာ တကယ်ကို သေစေလိုတဲ့ ဆန္ဒမရှိခဲ့ပါဘူး...ဘယ်တုန်းကမှ ဝန်မခံခဲ့ချင်ပေမယ့် ထပ်ပြီး လှည့်စားမနေတော့ပါဘူး....ဒီဘုရင်ဆိုလေးကို ဘယ်တုန်းကမှ မသေစေချင်ခဲ့ပါဘူး.......

ဒီဘုရင်ဆိုးလေးသာ သေဆုံးသွားမယ်ဆို လှပသက်ဝင်လွန်းလှတဲ့ မျက်နှာလေးပေါ်က အမျိုးမျိုးသော ခံစားချက်တွေကို မတွေ့မြင်နိုင်တော့ဘူးပေါ့......

ချူရှင်းရဲ့ နှလုံးသားတစ်ခုလုံး ဗလာကျင်းသွားသလို ခံစားနေခဲ့ရတယ်.....

တစ်စုံတစ်ယောက်ကို ဆုံးရှုံးလိုက်ရတော့မှသာ ဒီလူဟာ နှလုံးသားထဲမှာ နေရာအပြည့်ယူထားကြောင်း သိခဲ့ရတယ်....ဒီလူ့အပေါ်မှာ ခွင့်မလွှတ်နိုင်လောက်တဲ့ အမှားတွေလဲ ကျူးလွန်ခဲ့မိပါတယ်.......

[ တင်းတောင်....ပစ်မှတ်၏ နှစ်သက်မှု ၅ မှတ် ထပ်တိုးသွားပါပြီ.... စုစုပေါင်း နှစ်သက်မှု အမှတ် ၈၀ နဲ့....ဇာတ်ကောင်စရိုက်အမှောင်ဖုံးခြင်းရမှတ် ၁၀၀ ရှိနေပါပြီ......]

ချူရှင်း လက်သီးတင်းတင်းဆုပ်ပြီး မျက်လုံးတွေ မှတ်ချလိုက်တယ်.....ပြီးတာနဲ့ ရှဲ့ဟယ်ကို အပြစ်ပေးစင်ပေါ်ကနေ ပွေ့ချီလို​က်တယ်.....

ပိန်ပါးလွန်တဲ့ ခန္ဓာကိုယ်လေးက တစ်ချက်လေး ထိတွေ့လိုက်ရုံနဲ့ အပိုင်းပိုင်းအစစ ကျိုးပဲ့သွားတော့မလိုပါပဲ.....

ချူရှင်း နည်းနည်းလေးမှ အားမစိုက်ရဲခဲ့ဘူး...သူရဲ့ခွန်အားကြောင့်  ဒီကောင်လေး နာကျင်သွားမှာ စိုးလို့ပါ......

ချူရှင်း ရှဲ့ဟယ်ကို ချင်နန်းဆောင်ဆီ ပြန်ခေါ်လာခဲ့ပြီး ယုံကြည်ရတဲ့ ငယ်သားတစ်ယောက်ကို အမိန့်ပေးလိုက်တယ်.....

" တော်ဝင်သမားတော်ကို မြန်မြန်သွားခေါ်ပေးစမ်း....."

ငယ်သားခင်မျာ ထိတ်လန့်သွားပြီး.....

"မဖြစ်နိုင်ဘူး....တော်ဝင်သမားတော်ရောက်လာရင် အကုန်ရှုပ်ကုန်လိမ့်မယ်...ချင်နန်းဆောင်မှာ ဖြစ်ပျက်နေသမျှကို အသိပေးလိုက်သလို ဖြစ်သွားပါလိမ့်မယ်...."

ချူရှင်းရဲ့ အကြည့်တွေ ခက်ထန်လာပြီး.....

" သွားခေါ်ဆို သွားခေါ်လိုက်....ပြောသင့်တဲ့စကား မပြောသင့်တဲ့စကားကို သူကောင်းကောင်းကြီးနားလည်အောင် လုပ်ပေးနိူင်တဲ့နည်းလမ်းတွေ အများကြီးရှိတယ်....ဘယ်သူ့ရဲ့ အမြင်ကိုမှ ဂရုစိုက်နေစရာမလိုဘူး!!!!"

ဒီဘုရင်ဆိုးလေးသာ အသက်ရှင်နိုင်မယ်ဆို ဘယ်လို ကောလဟာလတွေပဲဖြစ်ဖြစ် ဘယ်လို အခြေနေပဲဖြစ်ဖြစ် အရေးကြီးမနေတော့ဘူး......

ချူရှင်း ရှဲ့ဟယ်ဘက်ကို ပြန်လှည့်လိုက်ပြီး ရှဲ့ဟယ်ရဲ့ မျက်နှာလေးကို ခပ်ဖွဖွ ပွတ်သပ်ပေးနေခဲ့တယ်....သူ့မျက်ဝန်းတွေထဲမှာ ရှုပ်ထွေးခြင်းတွေ၊ ဝေခွဲမရဖြစ်ခြင်းတွေ ရှိနေခဲ့ပေမယ့် အဆုံးသတ်မှာတော့ ပြတ်သားမှုများသာ ကျန်ရစ်ခဲ့လေတယ်......

သူဟာ အမြဲတစေ ပြတ်သားခဲ့သူတစ်ယောက်ပါ.....စားသောက်ပွဲမှာ အဆိပ်ခတ်ခံလိုက်ရကတည်းက ဒီဘုရင်ဆိုးလေးကို တိုက်ခိုက်ဖို့ ပြတ်ပြတ်သားသားဆုံးဖြတ်ခဲ့ပြီးပါပြီ....မိုးကောင်းကင်ကိုယ်စား ဒီဘုရင်ဆိုးလေးကို အပြစ်ပေးဖို့ နည်းနည်းလေးမှ တုံ့ဆိုင်းမနေဘဲ သစ္စာဖောက်အဖြစ်ခံခဲ့တယ်....

အခုတော့......ဒီဘုရင်လေးကို မသေစေချင်တော့ဘူး....ဒီဘုရင်လေးကို အသက်ရှင်စေချင်တယ်....ဒီ့အတွက် နာမည်ပျက်ရလဲ ဖြစ်တယ်.....ဒီဘုရင်လေးက အသုံးကျတဲ့သူမဟုတ်တာ ကောင်းတာလား ဆိုးတာပဲလား....ချူရှင်းသာ ဒီဘုရင်လေးကို မသတ်နိုင်ရင် တိုင်းပြည်ကို ဘယ်လို သိမ်းပိုက်နိုင်မှာလဲ.....

သူ မသတ်ရင်တောင် တခြားသူလက်အောက်မှာ သေရမှာပါ.....

ဒီတိုင်းပြည်...ဒီလူ...အကုန်လုံးကို သူပိုင်တယ်......

တကယ်တော့ ရှဲ့ဟယ် သတိမမေ့သေးပါဘူး...ကြာကြာထိန်းမထားနိုင်တော့တဲ့အတွက် 444 ဆီ အမြန် စာပို့လိုက်ရတယ်....

[ 444: Hostတာ့တာ့ ကျွန်တော့်ကို ပြန်ခေါ်ပြီ .....]

[ ရှဲ့ဟယ်: ဘေဘီ ပြန်ရောက်လာပြီလား....]

စက္ကန့်အနည်းငယ်ကြာပြီးနောက်......

[ ငိုကြွေးနေသော 444 : ဘယ်လိုတွေဖြစ်ရတာလဲ host တာ့တာ့ရယ်....host တာ့တာ့ရယ် သေတော့မယ်....သေတော့မယ်လို့! !!!!!]

[ ရှဲ့ဟယ်: ငါမသေသေးပါဘူးကွာ.....ကြိုပြီးငိုမနေနဲ့......]

[ 444: ပြောတော့ ကလေးတွေကြည့်ဖို့မသင့်တဲ့အချိန်ဆို.....Host တာ့တာ့ကျွန်တော့်ကိုညာတယ် အူးဝါးးးးးးးးး]

[ ရှဲ့ဟယ်: မညာပါဘူးကွာ...တကယ်လဲ ကလေးတွေကြည့်ဖို့မှ မသင့်တော်တာ....]

[ 444: အူးးးဝါးးးးးး အခုလို ဘယ်လိုလုပ်ကြမလဲ ဘယ်လိုလုပ်ကြမှာလဲလို့ ! !!!!]

[ ရှဲ့ဟယ်: ငါမင်းကို အခု ပြန်ခေါ်နေပြီပဲကွာ....." ငါလွယ်လွယ်မသေနိုင်ဘူး " ဆိုတဲ့ အမူအရာ Packageလေး ဝယ်ပေးစမ်းပါဉီး.... ]

[ 444:ဟင့်.. ဟင့်...." ငါလွယ်လွယ်မသေနိုင်ဘူး " ဆိုတဲ့ အမူအရာ Package ဝယ်ပြီးသွားပါပြီ...ဟင့်...ဟင့် point 1000 ကျသင့်ပါတယ်....အညွှန်းမှာရေးထားတာကတော့....// သေခြင်း ရှင်ခြင်း အတွေ့ကြုံများကို ခံစားလိုပါသလား....သေခြင်း ရှင်းခြင်းကြားမှာ မျက်ခုံးမွှေးပေါ် စကြန်လျှောက်သလို လျှောက်ကြည့်ချင်ပါသလား....ဒီ Package ကိုသာ သုံးလိုက်ပါ ကိုယ်ကျိုးနည်းလောက်အောင် ခံစားနိုင်ပါလိမ့်မယ်....မင်းကြိုက်သလောက် သေလမ်းရှာလို့ရတယ်....ဒါပေမယ့် လွယ်လွယ်သေနိုင်မှာ မဟုတ်ဘူး...// တဲ့.....]

[ ရှဲ့ဟယ်:အရမ်း မိုက်တယ်.....]

[ 444: အူးးးဝါးးးး]  ဘာတစ်ခုမှလဲ မကောင်းဘဲနဲ့.......

ချူရှင်း ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေပြီး မျက်မှောင်တွေလည်း ကြုံ့ထားတယ်.....ကြာလာတော့ စိတ်မရှည်တော့တာကြောင့် တင်းမာနေသောလေသံနဲ့......

"မြန်မြန်လိုက်ခေါ်ကြစမ်း....ဒီသမားတော် အခုထိရောက်မလာသေးဘူးလား.... "

လက်အောက်ငယ်သားတွေတော့ သမားတော်မြန်မြန်ရောက်လာဖို့သာ ကြိတ်ဆုတောင်းနေကြရှာတယ်.....နာရီဝက်လောက်ကြာတဲ့အခါ သမားတော်ရောက်လာခဲ့တယ်.....ချူရှင်းက သမားတော်တွေ
ကိုပဲ အထဲဝင်ခိုင်းပြီး ကျန်တဲ့သူတွေကို မောင်းထုတ်လိုက်တယ်.....

သမားတော်တွေခင်မျာ ရုတ်တရကကြီး ချင်နန်းဆောင်ဆီဆွဲခေါ်ခံခဲ့ရလို့ ကြောက်လန့်နေရှာတယ်.....

သလွန်ပေါ်မှာ ဒဏ်ရာတွေနဲ့ လှဲလျောင်းနေတဲ့ ရှဲ့ဟယ်ကို မြင်လိုက်တဲ့အခါ ကြောက်လန့်တကြား ဒူးထောက်လိုက်ကျပြီး ချူရှင်းကို သတိထားနေတဲ့ အကြည့်နဲ့ မော့ကြည့်လို​က်တယ်.....

အာဏာလွန်ဆွဲပွဲတွေအကြောင်း သတင်းသဲ့သဲ့ ကြားမိပေမယ့် စစ်သူကြီးချူ အခုလို မင်းကြီးကို နှိပ်စက်ထားမယ် မထင်ခဲ့မိဘူး....ကြည့်ရတာ ကောလဟာလတွေက အမှန်ဖြစ်နေခဲ့ပြီပဲ......

" မင်းကြီးကို မစမ်းသပ်သေးဘဲ ဘာလုပ်နေတာလဲ! !!!"

" ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ....."

ရှဲ့ဟယ် သေမင်းတံခါးဝ ရောက်နေမှန်း တွေးမိလိုက်တဲ့ အခါ ချူရှင်းရဲ့ မျက်လုံးတွေ နီရဲလာခဲ့တယ်.....

" အဓိပ္ပာယ်မရှိတာတွေ ပြောမနေဘဲ မြန်မြန်သာ စမ်းသပ်ပေးစမ်းပါ....."

သမားတော်အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြတယ်....ဒီအချိန်မှာ စစ်သူကြီးချူရဲ့ အမိန့်ကိုသာ နာခံရတော့မပေါ့......

စစ်ဆေးကြည့်လိုက်တဲ့အခါ ရှဲ့ဟယ်ရဲ့ ဒဏ်ရာတွေက သူတို့ ထင်ထားတာထက်တောင် ဆိုးဝါးနေခဲ့တယ်....ဒဏ်ရာတွေကို ကြည့်ရတာ အသည်းထိတ်စရာကောင်းလွန်းနေတယ်...ခေါင်းချင်းဆိုင်ဆွေးနွေးပြီးနောက်မှာ​တော့......

" မင်းကြီးရဲ့ ဒဏ်ရာတွေက သိပ်ကို ပြင်းထန်လွန်းတယ်....ကျွန်တော်မျိုးတို့ မကုသနိုင်လောက်ဘူး....."

ချူရှင်း ဒေါသတကြီးနဲ့ ဘေးနားက စားပွဲကို ပစ်ကန်လိုက်ပြီး........

"ဘာဆေးဝါးမှ​တောင်မပေးရသေးဘဲ မကုနိုင်ဘူး ပြောနေကြတယ်....မင်းတို့ အလုပ်ကို ဘယ်လိုလုပ်နေကြတာလဲ! !!!"

သမားတော်တွေ အကုန်လုံး ထိတ်လန့်ကုန်ကြတယ်....မှားများမှားသွားပြီလား....စစ်သူကြီးချူက မင်းကြီးကို သေစေချင်လို့ နှိပ်စက်ထားတာမဟုတ်ဘူးလား.....

ပြောလို့ရမယ်ဆို ပြောလိုက်ချင်ပါရဲ့....မင်းကြီးကို ကယ်တင်နိုင်ဖို့ မဖြစ်နိုင်တော့ကြောင်းကို.....

မင်းကြီး နာကျန်းဖြစ်ပြီး နတ်ရွာစံသွားကြောင်း ကြေငြာလိုက်မယ်ဆို စစ်သူကြီးချူအတွက် ပိုအဆင်ပြေမသွားဘူးလား.....

ဒါပေမယ့် စစ်သူကြီးကို ကြည့်ရတာ မင်းကြီးကို ကယ်တင်ပေးချင်နေပုံရတယ်....ဘာတွေဖြစ်ကုန်ကြတာလဲ ...

သို့ပေမယ့်လည်း တော်ဝင်သမားတော်များ ခင်မျာ ချူရှင်းကို မလွန်ဆန်ဝံ့ကြပေ။

ဒါ့ကြောင့် နောင်တစ်ကြိမ် သေချာပြန်စမ်းသပ်ခဲ့ကြတယ်....သွေးခုန်နှုန်းပြန်စမ်းတယ်....မျက်လုံးတွေ ဖွင့်ကြည့်တယ်....နောက်ဆုံးမှာတော့ တစ်ခေါင်းလုံးဖြူဖွေးနေတဲ့ သမားအိုကြီးက.....

" သတိရလာတဲ့အထိ စောင့်ကြည့်ရမှာပဲ....နှစ်ငါးရာသက်တမ်းရှိတဲ့ ဂျင်ဆင်းသာရမယ်ဆို မင်းကြီးရဲ့ အသက်ကို လောလောဆယ် ကယ်တင်နိုင်ပါလိမ့်မယ်....ဒါပေမယ့် ကျန်တာကိုတော့ ကျွန်တော်မျိုးတို့လဲ အာမမခံနိုင်ပါဘူး....."

ချူရှင်း သူ့လူတွေကို  လက်ဟန်​​​ခြေဟန်ပြလိုက်ပြီး သမားတော်တွေကို ဆေးသွားရှာခိုင်းလိုက်တယ်....ကံကောင်းထောက်မစွာနဲ့ ဂျင်ဆင်းသာမကဘဲ အခြားသော အဖိုးတန်ဆေးမြစ်များကိုပါ ရှာတွေ့ခဲ့တယ်.....

သေရေးရှင်ရေးအခြေနေကနေ မင်းကြီးကိုကယ်တင်နိုင်ပြီဖြစ်တဲ့အတွက် သမားတော်များ စိတ်အေးသွားခဲ့ရတယ်....ရက်အနည်းငယ်ကြာသည်အထိ သတိပြန်မလည်လာခဲ့ပါက ကောင်းကင်အလိုတော်အရဟုသာ သတ်မှတ်ရပေတော့မည်......

ချူရှင်းက သမားတော်တွေကို မပြန်ခိုင်းသေးဘဲ အချိန်မရွေးခေါ်လို့ရအောင် နန်းတော်ထဲမှာပဲ နေခိုင်းထားတယ်.....

သမားတော်တွေက သေလောက်အောင် ကြောက်နေပေမယ့်လည်း ပြေးစရာမြေမရှိလေတဲ့အတွက် မင်းကြီးကိုသာ အကောင်းဆုံး ကုသပေးခဲ့ကြတယ်....

သမားတော်တွေ ဝင်ချည် ထွက်ချည် လုပ်နေတာကို ချူရှင်း ထိုင်ကြည့်နေခဲ့တယ်.....နောက်ဆုံးမှာတော့ အခန်းတစ်ခုလုံး တိတ်ဆိတ်သွားခဲ့ပြန်တယ်.....

ကုတင်ပေါ်မှာ သတိမေ့နေတဲ့ ကောင်လေးကို ချူရှင်း ဒီအတိုင်း ငေးကြည့်နေခဲ့မိတယ်....ကောင်လေးရဲ့ အသားအရေက ဖြူဖျော့လွန်းနေပေမယ့် နာကျင်မှုအားလုံးကို မေ့ပစ်ပြီး ငြိမ်းချမ်းစွာ အိပ်စက်နေတယ်......
ရှဲ့ဟယ် အခုလို အိပ်စက်နေပုံမျိုးကို ချူရှင်းတစ်ခါမှ မမြင်ဖူးခဲ့ဘူး...ကောင်လေးရဲ့ အခုပုံစံလေး​က ခါတိုင်းလို ရိုင်းစိုင်းမောက်မာပုံနဲ့ ဆန့်ကျင်နေတယ်......

ချူရှင်းရဲ့ အကြည့်တွေ ပျော့ပြောင်းလာတယ်.....ရှဲ့ဟယ်ရှိရာဆီ သွားလိုက်ပြီး ပါးပြင်လေးကို ပွတ်သပ်ပေးလိုက်တယ်.....

" မင်းကိုယ့်ဆီကနေ လွတ်မြောက်နိူင်မယ်ထင်နေတာလား....."

ကိုယ် ခွင့်မပြုနိုင်ဘူး....ကိုယ်မင်းကို ဘယ်လောက်ဂရုစိုက်နေမိမှန်း နားလည်ခဲ့ပြီ....ကိုယ် မင်းကို ဒီအတိုင်း မထားလို​က်နိုင်ဘူး.......

မင်း သေချာပေါက် အသက်ဆက်ရှင်ရမယ်......

သုံးရက်ကြာတဲ့အထိ ရှဲ့ဟယ် သတိမရသေးပေ။ သမားတော်တွေလဲ အတော် ပြာယာခတ်နေကြလေပြီ.....

မင်းကြီး သတိမေ့နေတာ ကြာလေ အန္တာရာယ်ပိုကြီးလာလေပါပဲ....လက်ရှိ အခြေနေတိုင်းဆို မင်းကြီး အချိန်မရွေး နတ်ရွာစံသွားနိူင်တယ်.....ဒီလိုသာဆို သူတို့လဲ ချူရှင်းလက်နဲ့ ဘဝကူးရလိမ့်မယ်.....

ဒါတွေကို ချူရှင်း သိနေပေမယ့်လည်း သမားတော်တွေကို ဖိအားမပေးခဲ့ဘူး....အဲ့အစား တောင်းဆိုသမျှကို အကုန်ဖြည့်စည်းပေးခဲ့ပါတယ်.....သမားတော်တွေကိုလည်း ဖော်ဖော်ရွေရွေ ဆက်ဆံပေးခဲ့တယ်.....

ဒါတွေဟာ ရှဲ့ဟယ်ကို ကယ်တင်ပေးဖို့အတွက်ပါပဲ......

ချူရှင်း ညတိုင်း ရှဲ့ဟယ်ဘေးမှာ အိပ်စက်ခဲ့တယ်.....အိပ်တဲ့အချိန်တိုင်းလည်း ရှဲ့ဟယ်ရဲ့ ရင်ဘတ်လေးပေါ် လက်ကို ဖွဖွတင်ပြီး နှလုံးခုန်သံလေးကို ခံစားနေခဲ့တယ်....ဒီနည်းလမ်းတစ်ခုတည်းကသာ ဒီလူသားလေး အသက်ရှင်နေသေးကြောင်း ကိုယ့်ကိုကိုယ်ဖြေသိမ့်နိူင်ခဲ့ပါတယ်....သူသာ ခဏလောက်အနားကနေခွာသွားရင် ဒီလူသားလေး အသံမပေးဘဲ သူ့အနားက ထာဝရထွက်ခွာသွားမှာကိုလည်း စိုးရွံနေမိပါတယ်......

သုံးရက်ရှိနေခဲ့ပြီ....သမားတော်တွေတင်သာမကဘဲ ချူရှင်းလည်း အသက်တောင် ​ဖြောင့်ဖြောင့်မရှုနိူင်ခဲ့ပါဘူး.....

ဘဝတစ်လျှောက်လုံးမှာ လူပေါင်းများစွာသတ်ဖြတ်ဖူးခဲ့ပါတယ်....သူ့ဘေးနားမှာ လူပေါင်းများစွာ သေဆုံးခဲ့ဖူးတာကိုလည်း မြင်တွေခဲ့ဖူးပါတယ်.....အဲ့အတွက်လည်း ဝမ်းနည်းပူဆွေးဖူးတယ်....ဒါပေမယ့် တစ်စုံတစ်ယောက်ကို ဆုံးရှုံးရမှာကို သေမလောက်ကြောက်လန့်မိလာမယ့်နေ့မျိုး ရှိလာလိမ့်မယ်လို့ ထင်မထားမိခဲ့ဘူး......

ချူရှင်း ခေါင်းငုံ့လိုက်ပြီး ရှဲ့ဟယ်ရဲ့ နှုတ်ခမ်းလေးကို ထိတွေ့လိုက်တယ်......

" ခင်ဗျားလေး နိုင်ပါတယ်....ကျုပ် ခင်ဗျားလေးကို မသတ်ရက်ပါဘူး.....သတိရလာပါတော့....နောက်တစ်ခါ ဘယ်တော့မှ အတင်းအကြပ် ဖိအားမပေးတော့ပါဘူး ....ခင်ဗျားလေး ကျုပ်ကို သတ်ချင်နေတာကိုလည်း အပြစ်မတင်တော့ပါဘူး....ဘာပဲဖြစ်ဖြစ် ခင်ဗျားလေး ကျုပ်ကို သတ်နိုင်မှာမှမဟုတ်တာ....သတိရလာပြီရင် ဘယ်တော့မှ မငြင်းခုံတော့ဘူးနော်....."

ချူရှင်း မျက်လုံးတွေ မှိတ်ထားလိုက်တယ်.....ရှဲ့ဟယ် မျက်မှောင်ကြုံ့နေတဲ့ပုံ....ပြုံးရယ်နေတဲ့ပုံ.....စိတ်ဆိုးဒေါသထွက်နေတဲ့ပုံလေးတွေကို မြင်ယောင်ကြည့်နေမိတယ်.....

မျက်လုံးပြန်ဖွင့်လာတဲ့အချိန်မှာ လွမ်းဆွတ်နေတဲ့ အရိပ်ယောင်တွေ ကိန်းဝပ်နေပါတယ်...ဒါပေမယ့် လေသံတော့ ချိန်း​ခြောက်သံလေးနည်းနည်းလေး စွက်ဖက်နေတယ်.....

" မြန်မြန်သတိရလာပါတော့...နို့မို့ဆို ကျုပ်ကတိတည်နိုင်မှာမဟုတ်ဘူး.....မင်းရဲ့ အလောင်းကို လူသူလေးပါးမြင်တွေ့အောင် ချိတ်ဆွဲထားလိုက်ရမလား....အကယ်၍ ခင်ဗျားလေးသာ အသက်ဆက်ရှင်ပေးမယ်ဆို ကျုပ် အရာအားလုံးကို ခွင့်လွှတ်ပေးပါ့မယ်......"

[ တင်းတောင် ပစ်မှတ်ရဲ့ အမှောင်ဖုံးခြင်း တန်ဖိုး အမှတ်၅၀ လျော့နည်းသွားပါပြီ....စုစုပေါင်း အမှောင်ဖုံးခြင်းတန်ဖိုး ၅၀ နဲ့ နှစ်သက်မှုရမှတ် ၈၀ ပါ......]

ထိုနေ့ညတွင် တော်ဝင်သမားတော်များ ရှဲ့ဟယ် အခန်းထဲကနေ ပြန်ထွက်မလာကြတော့ပေ.......

ညီလာခံ မတက်ဖြစ်တာကြာနေပြီဖြစ်တဲ့အတွက် ကောလဟာလတွေလဲ ပျံ့နေခဲ့ပြီ.....

ချန်ချုန်ရောက်လာချိန်မှာ ရှဲ့ဟယ်ကို ဂရုတစိုက် ဆေးတိုက်ပေးနေတဲ့ ချူရှင်းကိုမြင်လိုက်ရတယ်....သတိမေ့နေတဲ့အတွက် ဆေးတွေက ပါးစပ်ထဲမရောက်ဘဲ ဘေးသို့သာ စီးကျနေခဲ့တယ်......

ဒေါသထွက်နေတဲ့ ချန်ချုန်က ဆေးခွက်ကို ပုတ်ထုတ်လိုက်ပြီး ချူရှင်းရဲ့ လက်ကို လှမ်းဆွဲလိုက်တယ်.....

" မင်း ရူးနေပြီလား......."

ချူရှင်းက ဒေါသမထွက်မနေဘဲ ရှဲ့ဟယ်ကို ပြန်လှဲပေးလိုက်ပြီး စောင်သေချာ ပြန်ခြုံပေးလိုက်တယ်......ပြီးတာနဲ့ ရှဲ့ဟယ်ရဲ့ နှုတ်ခမ်းမှာ ပေနေတဲ့ဆေးတွေကို ဝတ်ရုံလက်ဖျားနဲ့ သုတ်ပေးလိုက်ပြီး......

" အပြင်မှာ သွားပြောရအောင်....."

အပြင်ရောက်တာနဲ့ ချူရှင်းက မေးလိုက်တယ်......

" မင်း ဘာလို့ နန်းတွင်းထဲဝင်လာတာလဲ......"

" ငါဘာလို့ ရောက်လာလဲမေးမနေနဲ့.... မင်းလုပ်နေတာတွေကို အရင်ပြော....."

နန်းပြင်အခြေနေတွေကို သိထားပြီးသား ဖြစ်တဲ့အတွက် ချူရှင်းက........

"ဘာမှမဟုတ်ပါဘူး.....မင်းကြီးနေမကောင်းဖြစ်နေတယ်လို့သာ ပြောထားလိုက်...မနက်ဖြန်ကျရင် တော်ဝင်သမားတော်တွေကို ကြေငြာခိုင်းလိုက်မယ်....လူတွေ ထင်ချင်ရာ ထင်ကြပါစေ....သူတို့ဘာမှ မလုပ်ရဲမှာ မဟုတ်ဘူး....."

ချန်ချုန်ဒေါသတကြီးအော်ဟစ်လိုက်တယ်.....

" ဒီဘုရင်ယုတ် သေချင်သေပါစေလေ....မင်းဘာလို့ ဆေးကုပေးနေတာလဲ....."

ချူရှင်း နှုတ်ခမ်းကိုသာ တင်းတင်းစေ့ထားပြီး ဘာတစ်ခွန်းမှာ ထပ်မပြောတော့ပေ........

ချန်ချုန်နှင့် နှစ်ပေါင်းများစွာ ခင်မင်ခဲ့သော်လည်း ချူရှင်းရဲ့အတွေးများကို ချန်ချုန် နားမလည်နိူင်သေးပေ....အဲ့အစား ဒေါသတကြီးနဲ့.......

" မင်း ဒီဘုရင်ကြောင့် စိတ်တွေ ရှုပ်ထွေးနေတယ်မလား.....ကောင်းပြီ မင်းမသတ်ရင် ငါသတ်မယ်......"

ချန်ချုန် ပြောနေရင်းကနေ အခန်းထဲပြေးဝင်သွားပြီး နံရံမှာ ချိတ်ထားတဲ့ ဓားကို ဆွဲဖြုတ်လိုက်ပြီး ရှဲ့ဟယ်ကို ခုတ်ချလိုက််တယ်.....

ဓားသွားက ရှဲ့ဟယ်ကို ထိမိဖို့ လက်မအနည်းငယ်လောက်ပဲ လိုတော့တဲ့ အချိန်မှာ ချူရှင်း ချန်ချူန်ရဲ့ လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်ပြီး.....

" မင်း ဘာလုပ်နေတာလဲ..... "

" ငါကလဲ မေးမယ်....မင်းကရော ဘာလုပ်နေတာလဲ.....ဒီဘုရင်ရဲ့ လုပ်ရပ်တွေကို မေ့သွားပြီလား.....သူမင်းကို သတ်ချင်နေတာကိုရော မေ့လိုက်ပြီလား......မင်းကို အစ်ကိုကြီးတစ်ယောက်အဖြစ်သတ်မှတ်ထားတဲ့ ငါတို့ရဲ့ ယွမ်လေးကို ဒီဘုရင်ဘာတွေလုပ်ခဲ့သလဲဆိုတာ မင်း မေ့ပစ်လိုက်ပြီလား.....မင်းက ယွမ်လေးအတွက် လက်စားချေပေးရမယ့်အစား အပြစ်သားကိုတောင် ကာကွယ်ပေးနေလိုက်သေးတယ်....."

ချူရှင်းရဲ့ မျက်ဝန်းတွေ မည်းမှောင်လာခဲ့တယ်..........

" ငါမမေ့သေးပါဘူး.....သူ အသက်ရှင်မှ ပိုခံစားရမှာပေါ့.....စိတ်မပူပါနဲ့ သူဘယ်သူ့ကို မှ ထိခိုက်အောင် မလုပ်နိုင်စေရဘူး....."

ချန်ချုန်က အံကြိတ်လိုက်ပြီး.....

" ငါမင်းကို မယုံတော့ဘူး...... "

ချူရှင်း သက်ပြင်းချလိုက်တယ်....သူ့ကြည့်ရတာ စိတ်ရှုပ်နေပုံရတယ်....သူ ချန်ချူန်ကို သစ္စာဖောက်ခဲ့မိပြီ.....

"ငါ့ကို အချိန်နည်းနည်းပေးပါ....."

ချူရှင်းက လက်အောက်ငယ်သားအချို့ကို ခေါ်ပြီး ချန်ချုန်ကို ပြန်ပို့ခိုင်းလိုက်တယ်..... ချန်ချုန် သူ့ကို စိတ်ပျက်နေတဲ့အကြည့်တွေနဲ့ ကြည့်သွားတာကြောင့် စိတ်တွေ လေးလံခဲ့ရပြန်တယ်......

ချန်ချူန် သူ့အပေါ် နားမလည်နိုင်ခဲ့ဘူး....သူ့ကိုယ်သူတောင် နားမလည်နိုင်ခဲ့ပါဘူး.....မဖြစ်သင့်မှန်း သိနေပေမယ့်လည်း ဒီလူကို ဂရုမစိုက်ဘဲ မနေနိုင်ခဲ့ဘူးလေ.......

ချူရှင်း အခန်းထဲ ပြန်ဝင်လာခဲ့ပြီး ရှဲ့ဟယ်ကိုဆေးဆက်တိုက်နေခဲ့တယ်......သူ့မျက်ဝန်းတွေထဲမှာ နာကျင်မှုတွေ ပြည့်လျှံနေခဲ့ပါတယ်.......

" မင်းကြီးသာ သေဆုံးခဲ့မယ်ဆို ကျုပ်ဒီ့ထက်ပိုပြီး ကာကွယ်ပေးနိုင်မှာ မဟုတ်တော့ဘူး...."

လူသေတစ်ယောက်အတွက်နဲ့ သူငယ်ချင်းသံယောဇဉ်ကို အထိခိုက်မခံနိုင်ဘူး.....ကျုပ်ကို ပံ့ပိုးကာကွယ်ပေးခဲ့တဲ့သူတွေကို ထိခိုက်နာကျင်အောင် မလုပ်ချင်ဘူး....ကျုပ်သူတို့ကို စိတ်မပျက်စေချင်ဘူး......

အဲ့အချိန်ကျရင် ကျုပ် ခင်ဗျားလေးကို သူတို့လက်ထဲ ထည့်ပေးလိုက်ရတော့မယ်......

အကယ်၍ ခင်ဗျားလေးသာ သတိရလာမယ်ဆို ကျုပ် အစွမ်းကုန်ကာကွယ်ပေးပါ့မယ်.....

အဲ့ကတည်းကစပြီး ချူရှင်း အပြင်မထွက်တော့သလို ချန်ချုန်ရဲ့စာတွေကိုလဲ ပြန်လည်ဖြေကြားခြင်းမရှိတော့ဘူး....သူတို့နှစ်ယောက်ကြားမှာ ခွာပြဲမှုတွေ ရှိလာခဲ့လေပြီ....ချူရှင်း ဒီ့ထက်ပိုပြီး ရင်းဂေါင်မြို့စားစံအိမ်ရဲ့ အထောက်အပံ့ကို မရနိုင်တော့​ကြောင်း နားလည်သဘောပေါက်ခဲ့ရတယ်.....

ကံကောင်းတာတစ်ခုက မြို့ပြင်မှာ သူ့ရဲ့ စစ်တပ်ကြီးရှိနေခဲ့တာပါပဲ....အကယ်၍ အဆုံးဆိုး အခြေနေတွေ ဖြစ်လာပါက ထိုစစ်တပ်က မြို့တော့်တစ်ခုလုံးကို ဝန်းရံထားလိုက်ရုံပါပဲ...အဲ့အခါကျရင် သူဟာ ဘုရင်ဆိုးလေး ပြောနေတဲ့ သစ္စာဖောက်တစ်ယောက်ဖြစ်လာတော့မှာပါ......

ကုတင်ပေါ်မှာ လှဲလျောင်းနေသူလေးကို ငေးကြည့်နေရင်းကနေ အတွေးတစ်ခု ရုတ်တရက်ပေါ်လာခဲ့တယ်.....

ဒီလူသားလေးကို ပိုင်ဆိုင်နိုင်ဖို့အတွက် နိုင်ငံတော်ကိုတောင် ပုန်ကန်ရဲနေပြီ....ဒီလူသားလေးကို ပိုင်ဆိုင်နိုင်သရွေ့မိုးကောင်းကင်အောက်က လူတွေအကုန်လုံး သူ့ကို သစ္စာဖောက်လို့စွပ်စွဲလဲ မှုစရာမလိုတော့ဘူး.....

ဒီအတွေးက ရယ်စရာကောင်းနေပေမယ့်လည်း ခေါင်းထဲကထုတ်ပစ်ဖို့ ခက်ခဲနေခဲ့ပါတယ်........

[ တင်းတောင်....နှစ်သက်မှု ၅ မှတ်ထပ်တိုးပါတယ်.....]

နေ့ရက်တစ်ချို့ ကုန်လွန်သွားခဲ့ပြန်တယ်......

သမားတော်တွေ ရှဲ့ဟယ်ကို အပ်စိုက်ကုသပေးနေစဉ်မှာ လက်ချောင်းလေးတွေ လှုပ်ရှားသွားခဲ့တယ်.....

သမားတော်တွေ မျက်ရည်ကျလုမတတ် ဝမ်းသာနေခဲ့ရတယ်......

မင်းကြီး သတိပြန်ရလာခဲ့ပြီ......

တစ်ချိန်လုံး အေးစက်မာကျောနေခဲ့တဲ့ ချူရှင်းရဲ့ အမူအရာတွေလည်း ပျော့ပြောင်းလာခဲ့ပါပြီ.....သူဘယ်လောက်ထိ စိုးရိမ်နေခဲ့သလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ.....

ချုရှင်း ရှဲ့ဟယ်ရဲ့လက်လေးကို ဆုပ်ကိုင်လိုက်ပြီး....

" သတိရလာပြီလား......"

ရှဲ့ဟယ်ကတော့ မျက်လုံးမှိတ်ထားဆဲပါပဲ....ဖြစ်ပျက်ခဲ့သမျှဟာ ပုံရိပ်ယောင်တွေလိုပါပဲလား.......

ချူရှင်း ရှဲဟယ်ကို ကြည့်ပြီး တစ်ခုခုပြောချင်နေပေမယ့်လည်း တုံ့ဆိုင်းနေခဲ့မိတယ်....

ထိုအချိန်မှာ သက်တော်စောင့်တစ်ယောက် ရောက်လာပြီး သတင်းပို့ခဲ့တယ်......

" မင်းသားအန်း မြို့တော်ကိုပြန်ရောက်နေပါပြီ...အခု နန်းတော်အပြင်ကနေ အရှင်မင်းကြီးကို တွေ့ခွင့်တောင်းနေပါတယ်....."

ချူရှင်း ဇဝေဇဝါဖြစ်နေမိတယ်...မင်းသားအန်း ပြန်လာမယ်လို့လဲ သတင်းမကြားမိပါဘူး.....

" မင်းသားအန်းနဲ့အတူ ဘယ်သူတွေပါလာသေးလဲ....."

"မင်းသားအန်းတစ်ယောက်တည်းပါ....."

အင်း....ဒါဆိုရင်တော့ အဓိပ္ပါယ်ရှိတယ်...မင်းသားအန်းသာ ရောက်လာမယ်ဆို သူ့မျက်စိတွေ နားတွေကနေ ပြေးမလွတ်လောက်ဘူး....ဒါပေမယ့် တစ်ယောက်တည်းရောက်လာတယ်ဆိုတော့ ဖြစ်နိုင်လောက်တယ်.....

ဒါပေမယ့် မင်းသားအန်းက ဘာလို့ မြို့တော်ကို တစ်ယောက်တည်း ရောက်လာတာလဲ....သူ( ချူရှင်း ) နန်းလုတော့မယ်ဆိုတဲ့ ကောလဟာလတွေကြောင့် ရောက်လာတာလား...ဒါဆို ဘာကြောင့်တစ်ယောက်တည်းရောက်လာရတာလဲ...သေရမှာ မကြောက်ဘူးလား.....

ခဏအကြာမှာ ချူရှင်း မတ်တပ်ထရပ်လိုက်ပြီး......

" ငါ မင်းသားအန်းကို သွားတွေ့မယ်......"

မင်းသားအန်းက မင်းကြီးနဲ့ တွေ့ဖို့တောင်းဆိုတယ်ဆိုကတည်းက မင်းကြီးနဲ့သာတွေ့ချင်ကြောင်း ရှင်းလင်းနေခဲ့လေပြီ....သူကိုယ်တိုင် အန္တာရယ်ရှိသော အ​ခြေနေများကို ဖန်တီးခဲ့သောကြောင့် မင်းသားအန်နဲ့ သွားတွေ့ရပေလိမ့်မည်။မင်းသားအန်းက ကျန်းဇူမှာ အနေကြာနေပြီဖြစ်ပေမယ့် ထိုက်သင့်တဲ့ အရှိန်အဝါတွေ ရှိနေသေးတယ်....မထီမဲ့မြင်ပြုလို့မဖြစ်ချေသေးဘူး......

ချူရှင်း နန်းတော် ဂိတ်တံခါးဝကိုရောက်တဲ့အခါ လက်နောက်ပစ်ပြီး ရပ်နေတဲ့ မင်းသားအန်းကို မြင်လိုက်ရတယ်.....

" ကြိုဆိုပါတယ်..မင်းသားအန်း...... "

မင်းသားအန်း လရောင်ခြည်လို စွတ်စွတ်ဖြူနေတဲ့ ရိုးရာဝတ်စုံကို ဝတ်ဆင်ထားပြီး ကျောက်စိိမ်းခါးပတ်ကို ဆင်မြန်းထားတယ်....ဉီးခေါင်းပေါ်မှာ ရွှေသရဖူဆောင်းထားတဲ့အတွက် မြင့်မြတ်တဲ့ အငွေ့အသက်တွေ ဖြာထွက်နေတယ်......

"စစ်သူကြီးကို လာကြိုခိုင်းသလို ဖြစ်သွားပြီထင်ပါရဲ့....ကိုယ်တော် မြို့တော်ကို မရောက်ဖြစ်တာ အတော်ကြာပြီဆိုတော့ မင်းကြီးကို လွမ်းလာမိလို့....မင်းကြီးဆီ သတင်းပို့ပေးဖို့ စစ်သူကြီးကိုပဲ အပူကပ်ရတော့မယ်....."

ချူရှင်း အမူအရာကိုထိန်းကာ သက်ပြင်းချလိုက်ပြီး.....

" မင်းကြီး နာမကျန်းဖြစ်နေတယ်.....ဒါကြောင့် ဒီငယ်သားကို ဆင့်ခေါ်ထားရတာပါ...လတ်တလောတော့ တွေ့နိူင်ဉီးမယ်မထင်ဘူး....."

ကျန်းဟန်ရဲ့ မျက်ဝန်းတွေထဲမှာ ပြင်းထန်လှတဲ့ ဒေါသအငွေ့အသက်တွေ ပေါ်ထွက်လာခဲ့တယ်....သူက ခြေတစ်လှမ်းရှေ့တိုးလိုက်ပြီး ချူရှင်းတစ်ယောက်တည်းသာ ကြားနိူင်လောက်တဲ့လေသံနဲ့မေးလိုက်တယ်.....

"ပွင့်ပွင့်လင်းလင်း ပြောပြပါ .....ကိုယ်တော်သိချင်တာက မင်းကြီး သေပြီလား...ဒါမှမဟုတ် အသက်ရှင်နေ​သေးလား......"


Zawgyi

႐ွဲ႕ဟယ္ ခ်ဴ႐ွင္းကို ၾကည့္ေနတယ္....လူလုံးသဲကြဲေအာင္ အခ်ိန္ယူေနခဲ့ရတယ္.....

ခဏၾကာေတာ့ ႐ွဲ႕ဟယ္ရဲ႕ မ်က္ဝန္းေတြထဲမွာ မပီမျပင္ အျပဳံးေလးတစ္ခုျဖစ္တည္လာခဲ့တယ္.....

ဒီအျပဳံးေၾကာင့္ ခ်ဴ႐ွင္းရဲ႕ႏွလုံးသားတစ္ခုလုံး က်ဥ္းၾကပ္လာခဲ့ရတယ္......

ထပ္ျဖစ္ျပန္ၿပီ....ထပ္ျဖစ္ျပန္ၿပီ.... ဘယ္ေလာက္ပဲႏွိပ္စက္ေနပါေစ ဘာလို႔ အႏွစ္အရသာကင္းမဲ့တဲ့အျပဳံးမ်ိဳးေတြပဲ ျပဳံးျပေနရတာလဲ.....

ဒီအျပဳံးေတြက ငါ့ကိုဘယ္ေလာက္ပဲ ႏွိပ္စက္ေနပါေစ မင္း အားကုန္တာပဲ အဖတ္တင္မယ္လို႔ ေလွာင္ေျပာင္ေနသလိုပဲ......

" မင္းႀကီး​က ကိုယ့္အ​​ေျခေန ကိုယ္နားမလည္ႏိူင္ေသးဘူးပဲ....."

ခ်ဴ႐ွင္းရဲ႕ေလသံက ေရခဲတမွ်ေအးစက္ေနတယ္.....

" မင္းႀကီးသာ နာခံမယ္ဆို က်ဳပ္လဲ ခက္ခဲတာမ်ိဳးေတြ မလုပ္ေတာ့ဘူး....က်ဳပ္က ေျပာရင္ေျပာတဲ့အတိုင္းပဲ လုပ္တတ္တယ္....သေဘာတူတယ္ဆို လက္ေခ်ာင္းလႈပ္ျပ...."

႐ွဲ႕ဟယ္က ခ်ဴ႐ွင္းကိုသာ နင့္နင့္နဲနဲ ၾကည့္ေနခဲ့တယ္.....တခဏၾကာေတာ့မွ အျပဳံးေလးတစ္ခုနဲ႔အတူ လက္ေခ်ာင္းေလး လႈပ္ျပခဲ့တယ္.....

ဘာေၾကာင့္မွန္းမသိေပမယ့္ ခ်ဴ႐ွင္း စိတ္သက္သာရာရသြားခဲ့ပါတယ္...တကယ္ဆို သူကာႏွိပ္စက္ေနသူပါ...ဘာေၾကာင့္မ်ား ႏွိပ္စက္ခံေရသူထက္ပိုၿပီး ဒါေတြကို ရပ္တန္႔ခ်င္ေနခဲ့ရတာလဲ.....

အခုဆို ႏွိပ္စက္ျခင္းေတြကို အဆုံးသတ္ႏိုင္ခဲ့ၿပီ........

႐ွဲ႕ဟယ္ ပါးစပ္က အစို႔ေလးကို ခြၽတ္ေပးလိုက္တဲ့အခါ တိုးလ်တဲ့စကားသံေလး ထြက္ေပၚလာတယ္...တိုးလ်လြန္းလို႔ ခ်ဴ႐ွင္း ေသခ်ာနားေထာင္ၾကည့္လိုက္တဲ့အခါ.....

"အိမ္...မက္..မက္..ေန..လိုက္...."

ခ်ဴ႐ွင္ရဲ႕ အမူအရာေတြ တမဟုတ္ခ်င္းေျပာင္းလဲသြားခဲ့ရျပန္တယ္....႐ွဲ႕ဟယ္ရဲ႕ မ်က္ဝန္းေတြကို စိုက္ၾကည့္လိုက္တဲ့အခါ ေလွာင္ေျပာင္ျခင္းအေငြ႕အသက္ေတြကိုေတြ႕လိုက္ရတယ္.....

ဒီမ်က္ဝန္းေတြကေျပာေနတဲ့ စကားေတြကေတာ့.....

ျမင့္ျမတ္လွတဲ့ ဘုရင္တစ္ပါးက သစၥာေဖာက္တစ္ေယာက္ေ႐ွ႕မွာ ဘယ္ေတာ့မွ ဉီးၫႊတ္မွာမဟုတ္ဘူး.......

ဒီအခိုက္အတန္႔ေလးမွာ....ခ်ဴ႐ွင္း ဒီလူ အညံ့ခံလာေအာင္ ဘယ္ေတာ့မွ လုပ္ႏိူင္မွာ မဟုတ္ေၾကာင္း နားလည္ခဲ့ေလၿပီ......

႐ွဲ႕ဟယ္ အသံတိတ္ရယ္ေမာၿပီးေနာက္ မ်က္လုံးေတြ မွိတ္က်သြားခဲ့တယ္.....

ခ်ဴ႐ွင္းရဲ႕ ႏွလုံးခုန္သံေတြ စည္းခ်က္လြဲေခ်ာ္ကုန္သလို ခံစားလိုက္ရတယ္....႐ွဲ႕ဟယ္ရဲ႕ မ်က္ႏွာကို ခပ္ဆတ္ဆတ္ပုတ္ၾကည့္လိုက္ေသာ္လည္း တုံ႔ျပန္မႈမ႐ွိေတာ့ေပ.....

႐ွဲ႕ဟယ္ရဲ႕အသက္႐ႈႏႈန္းေတြ အလြန္အားနည္းေနခဲ့ေလၿပီ.....

ခ်ဴ႐ွင္းရဲ႕ လက္ေတြ တုန္ရီေနခဲ့တယ္.....

ေသသြားၿပီလား.....ေသေလာက္ေအာင္ ႏွိပ္စက္လိုက္မိၿပီလား......

ဟင့္အင္း....သူမွာ တကယ္ကို ေသေစလိုတဲ့ ဆႏၵမ႐ွိခဲ့ပါဘူး...ဘယ္တုန္းကမွ ဝန္မခံခဲ့ခ်င္ေပမယ့္ ထပ္ၿပီး လွည့္စားမေနေတာ့ပါဘူး....ဒီဘုရင္ဆိုေလးကို ဘယ္တုန္းကမွ မေသေစခ်င္ခဲ့ပါဘူး.......

ဒီဘုရင္ဆိုးေလးသာ ေသဆုံးသြားမယ္ဆို လွပသက္ဝင္လြန္းလွတဲ့ မ်က္ႏွာေလးေပၚက အမ်ိဳးမ်ိဳးေသာ ခံစားခ်က္ေတြကို မေတြ႕ျမင္ႏိုင္ေတာ့ဘူးေပါ့......

ခ်ဴ႐ွင္းရဲ႕ ႏွလုံးသားတစ္ခုလုံး ဗလာက်င္းသြားသလို ခံစားေနခဲ့ရတယ္.....

တစ္စုံတစ္ေယာက္ကို ဆုံး႐ႈံးလိုက္ရေတာ့မွသာ ဒီလူဟာ ႏွလုံးသားထဲမွာ ေနရာအျပည့္ယူထားေၾကာင္း သိခဲ့ရတယ္....ဒီလူ႕အေပၚမွာ ခြင့္မလႊတ္ႏိုင္ေလာက္တဲ့ အမွားေတြလဲ က်ဴးလြန္ခဲ့မိပါတယ္.......

[ တင္းေတာင္....ပစ္မွတ္၏ ႏွစ္သက္မႈ ၅ မွတ္ ထပ္တိုးသြားပါၿပီ.... စုစုေပါင္း ႏွစ္သက္မႈ အမွတ္ ၈၀ နဲ႔....ဇာတ္ေကာင္စ႐ိုက္အေမွာင္ဖုံးျခင္းရမွတ္ ၁၀၀ ႐ွိေနပါၿပီ......]

ခ်ဴ႐ွင္း လက္သီးတင္းတင္းဆုပ္ၿပီး မ်က္လုံးေတြ မွတ္ခ်လိုက္တယ္.....ၿပီးတာနဲ႔ ႐ွဲ႕ဟယ္ကို အျပစ္ေပးစင္ေပၚကေန ေပြ႕ခ်ီလို​က္တယ္.....

ပိန္ပါးလြန္တဲ့ ခႏၶာကိုယ္ေလးက တစ္ခ်က္ေလး ထိေတြ႕လိုက္႐ုံနဲ႔ အပိုင္းပိုင္းအစစ က်ိဳးပဲ့သြားေတာ့မလိုပါပဲ.....

ခ်ဴ႐ွင္း နည္းနည္းေလးမွ အားမစိုက္ရဲခဲ့ဘူး...သူရဲ႕ခြန္အားေၾကာင့္  ဒီေကာင္ေလး နာက်င္သြားမွာ စိုးလို႔ပါ......

ခ်ဴ႐ွင္း ႐ွဲ႕ဟယ္ကို ခ်င္နန္းေဆာင္ဆီ ျပန္ေခၚလာခဲ့ၿပီး ယုံၾကည္ရတဲ့ ငယ္သားတစ္ေယာက္ကို အမိန္႔ေပးလိုက္တယ္.....

" ေတာ္ဝင္သမားေတာ္ကို ျမန္ျမန္သြားေခၚေပးစမ္း....."

ငယ္သားခင္မ်ာ ထိတ္လန္႔သြားၿပီး.....

"မျဖစ္ႏိုင္ဘူး....ေတာ္ဝင္သမားေတာ္ေရာက္လာရင္ အကုန္႐ႈပ္ကုန္လိမ့္မယ္...ခ်င္နန္းေဆာင္မွာ ျဖစ္ပ်က္ေနသမွ်ကို အသိေပးလိုက္သလို ျဖစ္သြားပါလိမ့္မယ္...."

ခ်ဴ႐ွင္းရဲ႕ အၾကည့္ေတြ ခက္ထန္လာၿပီး.....

" သြားေခၚဆို သြားေခၚလိုက္....ေျပာသင့္တဲ့စကား မေျပာသင့္တဲ့စကားကို သူေကာင္းေကာင္းႀကီးနားလည္ေအာင္ လုပ္ေပးႏိူင္တဲ့နည္းလမ္းေတြ အမ်ားႀကီး႐ွိတယ္....ဘယ္သူ႕ရဲ႕ အျမင္ကိုမွ ဂ႐ုစိုက္ေနစရာမလိုဘူး!!!!"

ဒီဘုရင္ဆိုးေလးသာ အသက္႐ွင္ႏိုင္မယ္ဆို ဘယ္လို ေကာလဟာလေတြပဲျဖစ္ျဖစ္ ဘယ္လို အေျခေနပဲျဖစ္ျဖစ္ အေရးႀကီးမေနေတာ့ဘူး......

ခ်ဴ႐ွင္း ႐ွဲ႕ဟယ္ဘက္ကို ျပန္လွည့္လိုက္ၿပီး ႐ွဲ႕ဟယ္ရဲ႕ မ်က္ႏွာေလးကို ခပ္ဖြဖြ ပြတ္သပ္ေပးေနခဲ့တယ္....သူ႕မ်က္ဝန္းေတြထဲမွာ ႐ႈပ္ေထြးျခင္းေတြ၊ ေဝခြဲမရျဖစ္ျခင္းေတြ ႐ွိေနခဲ့ေပမယ့္ အဆုံးသတ္မွာေတာ့ ျပတ္သားမႈမ်ားသာ က်န္ရစ္ခဲ့ေလတယ္......

သူဟာ အၿမဲတေစ ျပတ္သားခဲ့သူတစ္ေယာက္ပါ.....စားေသာက္ပြဲမွာ အဆိပ္ခတ္ခံလိုက္ရကတည္းက ဒီဘုရင္ဆိုးေလးကို တိုက္ခိုက္ဖို႔ ျပတ္ျပတ္သားသားဆုံးျဖတ္ခဲ့ၿပီးပါၿပီ....မိုးေကာင္းကင္ကိုယ္စား ဒီဘုရင္ဆိုးေလးကို အျပစ္ေပးဖို႔ နည္းနည္းေလးမွ တုံ႔ဆိုင္းမေနဘဲ သစၥာေဖာက္အျဖစ္ခံခဲ့တယ္....

အခုေတာ့......ဒီဘုရင္ေလးကို မေသေစခ်င္ေတာ့ဘူး....ဒီဘုရင္ေလးကို အသက္႐ွင္ေစခ်င္တယ္....ဒီ့အတြက္ နာမည္ပ်က္ရလဲ ျဖစ္တယ္.....ဒီဘုရင္ေလးက အသုံးက်တဲ့သူမဟုတ္တာ ေကာင္းတာလား ဆိုးတာပဲလား....ခ်ဴ႐ွင္းသာ ဒီဘုရင္ေလးကို မသတ္ႏိုင္ရင္ တိုင္းျပည္ကို ဘယ္လို သိမ္းပိုက္ႏိုင္မွာလဲ.....

သူ မသတ္ရင္ေတာင္ တျခားသူလက္ေအာက္မွာ ေသရမွာပါ.....

ဒီတိုင္းျပည္...ဒီလူ...အကုန္လုံးကို သူပိုင္တယ္......

တကယ္ေတာ့ ႐ွဲ႕ဟယ္ သတိမေမ့ေသးပါဘူး...ၾကာၾကာထိန္းမထားႏိုင္ေတာ့တဲ့အတြက္ 444 ဆီ အျမန္ စာပို႔လိုက္ရတယ္....

[ 444: Hostတာ့တာ့ ကြၽန္ေတာ္႕ကို ျပန္ေခၚၿပီ .....]

[ ႐ွဲ႕ဟယ္: ေဘဘီ ျပန္ေရာက္လာၿပီလား....]

စကၠန္႔အနည္းငယ္ၾကာၿပီးေနာက္......

[ ငိုေႂကြးေနေသာ 444 : ဘယ္လိုေတြျဖစ္ရတာလဲ host တာ့တာ့ရယ္....host တာ့တာ့ရယ္ ေသေတာ့မယ္....ေသေတာ့မယ္လို႔! !!!!!]

[ ႐ွဲ႕ဟယ္: ငါမေသေသးပါဘူးကြာ.....ႀကိဳၿပီးငိုမေနနဲ႔......]

[ 444: ေျပာေတာ့ ကေလးေတြၾကည့္ဖို႔မသင့္တဲ့အခ်ိန္ဆို.....Host တာ့တာ့ကြၽန္ေတာ္႕ကိုညာတယ္ အူးဝါးးးးးးးးး]

[ ႐ွဲ႕ဟယ္: မညာပါဘူးကြာ...တကယ္လဲ ကေလးေတြၾကည့္ဖို႔မွ မသင့္ေတာ္တာ....]

[ 444: အူးးးဝါးးးးးး အခုလို ဘယ္လိုလုပ္ၾကမလဲ ဘယ္လိုလုပ္ၾကမွာလဲလို႔ ! !!!!]

[ ႐ွဲ႕ဟယ္: ငါမင္းကို အခု ျပန္ေခၚေနၿပီပဲကြာ....." ငါလြယ္လြယ္မေသႏိုင္ဘူး " ဆိုတဲ့ အမူအရာ Packageေလး ဝယ္ေပးစမ္းပါဉီး.... ]

[ 444:ဟင့္.. ဟင့္...." ငါလြယ္လြယ္မေသႏိုင္ဘူး " ဆိုတဲ့ အမူအရာ Package ဝယ္ၿပီးသြားပါၿပီ...ဟင့္...ဟင့္ point 1000 က်သင့္ပါတယ္....အၫႊန္းမွာေရးထားတာကေတာ့....// ေသျခင္း ႐ွင္ျခင္း အေတြ႕ၾကဳံမ်ားကို ခံစားလိုပါသလား....ေသျခင္း ႐ွင္းျခင္းၾကားမွာ မ်က္ခုံးေမႊးေပၚ စၾကန္ေလွ်ာက္သလို ေလွ်ာက္ၾကည့္ခ်င္ပါသလား....ဒီ Package ကိုသာ သုံးလိုက္ပါ ကိုယ္က်ိဳးနည္းေလာက္ေအာင္ ခံစားႏိုင္ပါလိမ့္မယ္....မင္းႀကိဳက္သေလာက္ ေသလမ္း႐ွာလို႔ရတယ္....ဒါေပမယ့္ လြယ္လြယ္ေသႏိုင္မွာ မဟုတ္ဘူး...// တဲ့.....]

[ ႐ွဲ႕ဟယ္:အရမ္း မိုက္တယ္.....]

[ 444: အူးးးဝါးးးး]  ဘာတစ္ခုမွလဲ မေကာင္းဘဲနဲ႔.......

ခ်ဴ႐ွင္း ေခါက္တုံ႔ေခါက္ျပန္ လမ္းေလွ်ာက္ေနၿပီး မ်က္ေမွာင္ေတြလည္း ၾကဳံ႕ထားတယ္.....ၾကာလာေတာ့ စိတ္မ႐ွည္ေတာ့တာေၾကာင့္ တင္းမာေနေသာေလသံနဲ႔......

"ျမန္ျမန္လိုက္ေခၚၾကစမ္း....ဒီသမားေတာ္ အခုထိေရာက္မလာေသးဘူးလား.... "

လက္ေအာက္ငယ္သားေတြေတာ့ သမားေတာ္ျမန္ျမန္ေရာက္လာဖို႔သာ ႀကိတ္ဆုေတာင္းေနၾက႐ွာတယ္.....နာရီဝက္ေလာက္ၾကာတဲ့အခါ သမားေတာ္ေရာက္လာခဲ့တယ္.....ခ်ဴ႐ွင္းက သမားေတာ္ေတြ
ကိုပဲ အထဲဝင္ခိုင္းၿပီး က်န္တဲ့သူေတြကို ေမာင္းထုတ္လိုက္တယ္.....

သမားေတာ္ေတြခင္မ်ာ ႐ုတ္တရကႀကီး ခ်င္နန္းေဆာင္ဆီဆြဲေခၚခံခဲ့ရလို႔ ေၾကာက္လန္႔ေန႐ွာတယ္.....

သလြန္ေပၚမွာ ဒဏ္ရာေတြနဲ႔ လွဲေလ်ာင္းေနတဲ့ ႐ွဲ႕ဟယ္ကို ျမင္လိုက္တဲ့အခါ ေၾကာက္လန္႔တၾကား ဒူးေထာက္လိုက္က်ၿပီး ခ်ဴ႐ွင္းကို သတိထားေနတဲ့ အၾကည့္နဲ႔ ေမာ့ၾကည့္လို​က္တယ္.....

အာဏာလြန္ဆြဲပြဲေတြအေၾကာင္း သတင္းသဲ့သဲ့ ၾကားမိေပမယ့္ စစ္သူႀကီးခ်ဴ အခုလို မင္းႀကီးကို ႏွိပ္စက္ထားမယ္ မထင္ခဲ့မိဘူး....ၾကည့္ရတာ ေကာလဟာလေတြက အမွန္ျဖစ္ေနခဲ့ၿပီပဲ......

" မင္းႀကီးကို မစမ္းသပ္ေသးဘဲ ဘာလုပ္ေနတာလဲ! !!!"

" ေက်းဇူးျပဳၿပီး ခြင့္လႊတ္ေပးပါ....."

႐ွဲ႕ဟယ္ ေသမင္းတံခါးဝ ေရာက္ေနမွန္း ေတြးမိလိုက္တဲ့ အခါ ခ်ဴ႐ွင္းရဲ႕ မ်က္လုံးေတြ နီရဲလာခဲ့တယ္.....

" အဓိပၸာယ္မ႐ွိတာေတြ ေျပာမေနဘဲ ျမန္ျမန္သာ စမ္းသပ္ေပးစမ္းပါ....."

သမားေတာ္အခ်င္းခ်င္း အၾကည့္ခ်င္းဖလွယ္လိုက္ၾကတယ္....ဒီအခ်ိန္မွာ စစ္သူႀကီးခ်ဴရဲ႕ အမိန္႔ကိုသာ နာခံရေတာ့မေပါ့......

စစ္ေဆးၾကည့္လိုက္တဲ့အခါ ႐ွဲ႕ဟယ္ရဲ႕ ဒဏ္ရာေတြက သူတို႔ ထင္ထားတာထက္ေတာင္ ဆိုးဝါးေနခဲ့တယ္....ဒဏ္ရာေတြကို ၾကည့္ရတာ အသည္းထိတ္စရာေကာင္းလြန္းေနတယ္...ေခါင္းခ်င္းဆိုင္ေဆြးေႏြးၿပီးေနာက္မွာ​ေတာ့......

" မင္းႀကီးရဲ႕ ဒဏ္ရာေတြက သိပ္ကို ျပင္းထန္လြန္းတယ္....ကြၽန္ေတာ္မ်ိဳးတို႔ မကုသႏိုင္ေလာက္ဘူး....."

ခ်ဴ႐ွင္း ေဒါသတႀကီးနဲ႔ ေဘးနားက စားပြဲကို ပစ္ကန္လိုက္ၿပီး........

"ဘာေဆးဝါးမွ​ေတာင္မေပးရေသးဘဲ မကုႏိုင္ဘူး ေျပာေနၾကတယ္....မင္းတို႔ အလုပ္ကို ဘယ္လိုလုပ္ေနၾကတာလဲ! !!!"

သမားေတာ္ေတြ အကုန္လုံး ထိတ္လန္႔ကုန္ၾကတယ္....မွားမ်ားမွားသြားၿပီလား....စစ္သူႀကီးခ်ဴက မင္းႀကီးကို ေသေစခ်င္လို႔ ႏွိပ္စက္ထားတာမဟုတ္ဘူးလား.....

ေျပာလို႔ရမယ္ဆို ေျပာလိုက္ခ်င္ပါရဲ႕....မင္းႀကီးကို ကယ္တင္ႏိုင္ဖို႔ မျဖစ္ႏိုင္ေတာ့ေၾကာင္းကို.....

မင္းႀကီး နာက်န္းျဖစ္ၿပီး နတ္႐ြာစံသြားေၾကာင္း ေၾကျငာလိုက္မယ္ဆို စစ္သူႀကီးခ်ဴအတြက္ ပိုအဆင္ေျပမသြားဘူးလား.....

ဒါေပမယ့္ စစ္သူႀကီးကို ၾကည့္ရတာ မင္းႀကီးကို ကယ္တင္ေပးခ်င္ေနပုံရတယ္....ဘာေတြျဖစ္ကုန္ၾကတာလဲ ...

သို႔ေပမယ့္လည္း ေတာ္ဝင္သမားေတာ္မ်ား ခင္မ်ာ ခ်ဴ႐ွင္းကို မလြန္ဆန္ဝံ့ၾကေပ။

ဒါ့ေၾကာင့္ ေနာင္တစ္ႀကိမ္ ေသခ်ာျပန္စမ္းသပ္ခဲ့ၾကတယ္....ေသြးခုန္ႏႈန္းျပန္စမ္းတယ္....မ်က္လုံးေတြ ဖြင့္ၾကည့္တယ္....ေနာက္ဆုံးမွာေတာ့ တစ္ေခါင္းလုံးျဖဴေဖြးေနတဲ့ သမားအိုႀကီးက.....

" သတိရလာတဲ့အထိ ေစာင့္ၾကည့္ရမွာပဲ....ႏွစ္ငါးရာသက္တမ္း႐ွိတဲ့ ဂ်င္ဆင္းသာရမယ္ဆို မင္းႀကီးရဲ႕ အသက္ကို ေလာေလာဆယ္ ကယ္တင္ႏိုင္ပါလိမ့္မယ္....ဒါေပမယ့္ က်န္တာကိုေတာ့ ကြၽန္ေတာ္မ်ိဳးတို႔လဲ အာမမခံႏိုင္ပါဘူး....."

ခ်ဴ႐ွင္း သူ႕လူေတြကို  လက္ဟန္​​​ေျခဟန္ျပလိုက္ၿပီး သမားေတာ္ေတြကို ေဆးသြား႐ွာခိုင္းလိုက္တယ္....ကံေကာင္းေထာက္မစြာနဲ႔ ဂ်င္ဆင္းသာမကဘဲ အျခားေသာ အဖိုးတန္ေဆးျမစ္မ်ားကိုပါ ႐ွာေတြ႕ခဲ့တယ္.....

ေသေရး႐ွင္ေရးအေျခေနကေန မင္းႀကီးကိုကယ္တင္ႏိုင္ၿပီျဖစ္တဲ့အတြက္ သမားေတာ္မ်ား စိတ္ေအးသြားခဲ့ရတယ္....ရက္အနည္းငယ္ၾကာသည္အထိ သတိျပန္မလည္လာခဲ့ပါက ေကာင္းကင္အလိုေတာ္အရဟုသာ သတ္မွတ္ရေပေတာ့မည္......

ခ်ဴ႐ွင္းက သမားေတာ္ေတြကို မျပန္ခိုင္းေသးဘဲ အခ်ိန္မေ႐ြးေခၚလို႔ရေအာင္ နန္းေတာ္ထဲမွာပဲ ေနခိုင္းထားတယ္.....

သမားေတာ္ေတြက ေသေလာက္ေအာင္ ေၾကာက္ေနေပမယ့္လည္း ေျပးစရာေျမမ႐ွိေလတဲ့အတြက္ မင္းႀကီးကိုသာ အေကာင္းဆုံး ကုသေပးခဲ့ၾကတယ္....

သမားေတာ္ေတြ ဝင္ခ်ည္ ထြက္ခ်ည္ လုပ္ေနတာကို ခ်ဴ႐ွင္း ထိုင္ၾကည့္ေနခဲ့တယ္.....ေနာက္ဆုံးမွာေတာ့ အခန္းတစ္ခုလုံး တိတ္ဆိတ္သြားခဲ့ျပန္တယ္.....

ကုတင္ေပၚမွာ သတိေမ့ေနတဲ့ ေကာင္ေလးကို ခ်ဴ႐ွင္း ဒီအတိုင္း ေငးၾကည့္ေနခဲ့မိတယ္....ေကာင္ေလးရဲ႕ အသားအေရက ျဖဴေဖ်ာ့လြန္းေနေပမယ့္ နာက်င္မႈအားလုံးကို ေမ့ပစ္ၿပီး ၿငိမ္းခ်မ္းစြာ အိပ္စက္ေနတယ္......
႐ွဲ႕ဟယ္ အခုလို အိပ္စက္ေနပုံမ်ိဳးကို ခ်ဴ႐ွင္းတစ္ခါမွ မျမင္ဖူးခဲ့ဘူး...ေကာင္ေလးရဲ႕ အခုပုံစံေလး​က ခါတိုင္းလို ႐ိုင္းစိုင္းေမာက္မာပုံနဲ႔ ဆန္႔က်င္ေနတယ္......

ခ်ဴ႐ွင္းရဲ႕ အၾကည့္ေတြ ေပ်ာ့ေျပာင္းလာတယ္.....႐ွဲ႕ဟယ္႐ွိရာဆီ သြားလိုက္ၿပီး ပါးျပင္ေလးကို ပြတ္သပ္ေပးလိုက္တယ္.....

" မင္းကိုယ့္ဆီကေန လြတ္ေျမာက္ႏိူင္မယ္ထင္ေနတာလား....."

ကိုယ္ ခြင့္မျပဳႏိုင္ဘူး....ကိုယ္မင္းကို ဘယ္ေလာက္ဂ႐ုစိုက္ေနမိမွန္း နားလည္ခဲ့ၿပီ....ကိုယ္ မင္းကို ဒီအတိုင္း မထားလို​က္ႏိုင္ဘူး.......

မင္း ေသခ်ာေပါက္ အသက္ဆက္႐ွင္ရမယ္......

သုံးရက္ၾကာတဲ့အထိ ႐ွဲ႕ဟယ္ သတိမရေသးေပ။ သမားေတာ္ေတြလဲ အေတာ္ ျပာယာခတ္ေနၾကေလၿပီ.....

မင္းႀကီး သတိေမ့ေနတာ ၾကာေလ အႏၲာရာယ္ပိုႀကီးလာေလပါပဲ....လက္႐ွိ အေျခေနတိုင္းဆို မင္းႀကီး အခ်ိန္မေ႐ြး နတ္႐ြာစံသြားႏိူင္တယ္.....ဒီလိုသာဆို သူတို႔လဲ ခ်ဴ႐ွင္းလက္နဲ႔ ဘဝကူးရလိမ့္မယ္.....

ဒါေတြကို ခ်ဴ႐ွင္း သိေနေပမယ့္လည္း သမားေတာ္ေတြကို ဖိအားမေပးခဲ့ဘူး....အဲ့အစား ေတာင္းဆိုသမွ်ကို အကုန္ျဖည့္စည္းေပးခဲ့ပါတယ္.....သမားေတာ္ေတြကိုလည္း ေဖာ္ေဖာ္ေ႐ြေ႐ြ ဆက္ဆံေပးခဲ့တယ္.....

ဒါေတြဟာ ႐ွဲ႕ဟယ္ကို ကယ္တင္ေပးဖို႔အတြက္ပါပဲ......

ခ်ဴ႐ွင္း ညတိုင္း ႐ွဲ႕ဟယ္ေဘးမွာ အိပ္စက္ခဲ့တယ္.....အိပ္တဲ့အခ်ိန္တိုင္းလည္း ႐ွဲ႕ဟယ္ရဲ႕ ရင္ဘတ္ေလးေပၚ လက္ကို ဖြဖြတင္ၿပီး ႏွလုံးခုန္သံေလးကို ခံစားေနခဲ့တယ္....ဒီနည္းလမ္းတစ္ခုတည္းကသာ ဒီလူသားေလး အသက္႐ွင္ေနေသးေၾကာင္း ကိုယ့္ကိုကိုယ္ေျဖသိမ့္ႏိူင္ခဲ့ပါတယ္....သူသာ ခဏေလာက္အနားကေနခြာသြားရင္ ဒီလူသားေလး အသံမေပးဘဲ သူ႕အနားက ထာဝရထြက္ခြာသြားမွာကိုလည္း စိုး႐ြံေနမိပါတယ္......

သုံးရက္႐ွိေနခဲ့ၿပီ....သမားေတာ္ေတြတင္သာမကဘဲ ခ်ဴ႐ွင္းလည္း အသက္ေတာင္ ​ေျဖာင့္ေျဖာင့္မ႐ႈႏိူင္ခဲ့ပါဘူး.....

ဘဝတစ္ေလွ်ာက္လုံးမွာ လူေပါင္းမ်ားစြာသတ္ျဖတ္ဖူးခဲ့ပါတယ္....သူ႕ေဘးနားမွာ လူေပါင္းမ်ားစြာ ေသဆုံးခဲ့ဖူးတာကိုလည္း ျမင္ေတြခဲ့ဖူးပါတယ္.....အဲ့အတြက္လည္း ဝမ္းနည္းပူေဆြးဖူးတယ္....ဒါေပမယ့္ တစ္စုံတစ္ေယာက္ကို ဆုံး႐ႈံးရမွာကို ေသမေလာက္ေၾကာက္လန္႔မိလာမယ့္ေန႔မ်ိဳး ႐ွိလာလိမ့္မယ္လို႔ ထင္မထားမိခဲ့ဘူး......

ခ်ဴ႐ွင္း ေခါင္းငုံ႔လိုက္ၿပီး ႐ွဲ႕ဟယ္ရဲ႕ ႏႈတ္ခမ္းေလးကို ထိေတြ႕လိုက္တယ္......

" ခင္ဗ်ားေလး ႏိုင္ပါတယ္....က်ဳပ္ ခင္ဗ်ားေလးကို မသတ္ရက္ပါဘူး.....သတိရလာပါေတာ့....ေနာက္တစ္ခါ ဘယ္ေတာ့မွ အတင္းအၾကပ္ ဖိအားမေပးေတာ့ပါဘူး ....ခင္ဗ်ားေလး က်ဳပ္ကို သတ္ခ်င္ေနတာကိုလည္း အျပစ္မတင္ေတာ့ပါဘူး....ဘာပဲျဖစ္ျဖစ္ ခင္ဗ်ားေလး က်ဳပ္ကို သတ္ႏိုင္မွာမွမဟုတ္တာ....သတိရလာၿပီရင္ ဘယ္ေတာ့မွ မျငင္းခုံေတာ့ဘူးေနာ္....."

ခ်ဴ႐ွင္း မ်က္လုံးေတြ မွိတ္ထားလိုက္တယ္.....႐ွဲ႕ဟယ္ မ်က္ေမွာင္ၾကဳံ႕ေနတဲ့ပုံ....ျပဳံးရယ္ေနတဲ့ပုံ.....စိတ္ဆိုးေဒါသထြက္ေနတဲ့ပုံေလးေတြကို ျမင္ေယာင္ၾကည့္ေနမိတယ္.....

မ်က္လုံးျပန္ဖြင့္လာတဲ့အခ်ိန္မွာ လြမ္းဆြတ္ေနတဲ့ အရိပ္ေယာင္ေတြ ကိန္းဝပ္ေနပါတယ္...ဒါေပမယ့္ ေလသံေတာ့ ခ်ိန္း​ေျခာက္သံေလးနည္းနည္းေလး စြက္ဖက္ေနတယ္.....

" ျမန္ျမန္သတိရလာပါေတာ့...ႏို႔မို႔ဆို က်ဳပ္ကတိတည္ႏိုင္မွာမဟုတ္ဘူး.....မင္းရဲ႕ အေလာင္းကို လူသူေလးပါးျမင္ေတြ႕ေအာင္ ခ်ိတ္ဆြဲထားလိုက္ရမလား....အကယ္၍ ခင္ဗ်ားေလးသာ အသက္ဆက္႐ွင္ေပးမယ္ဆို က်ဳပ္ အရာအားလုံးကို ခြင့္လႊတ္ေပးပါ့မယ္......"

[ တင္းေတာင္ ပစ္မွတ္ရဲ႕ အေမွာင္ဖုံးျခင္း တန္ဖိုး အမွတ္၅၀ ေလ်ာ့နည္းသြားပါၿပီ....စုစုေပါင္း အေမွာင္ဖုံးျခင္းတန္ဖိုး ၅၀ နဲ႔ ႏွစ္သက္မႈရမွတ္ ၈၀ ပါ......]

ထိုေန႔ညတြင္ ေတာ္ဝင္သမားေတာ္မ်ား ႐ွဲ႕ဟယ္ အခန္းထဲကေန ျပန္ထြက္မလာၾကေတာ့ေပ.......

ညီလာခံ မတက္ျဖစ္တာၾကာေနၿပီျဖစ္တဲ့အတြက္ ေကာလဟာလေတြလဲ ပ်ံ႕ေနခဲ့ၿပီ.....

ခ်န္ခ်ဳန္ေရာက္လာခ်ိန္မွာ ႐ွဲ႕ဟယ္ကို ဂ႐ုတစိုက္ ေဆးတိုက္ေပးေနတဲ့ ခ်ဴ႐ွင္းကိုျမင္လိုက္ရတယ္....သတိေမ့ေနတဲ့အတြက္ ေဆးေတြက ပါးစပ္ထဲမေရာက္ဘဲ ေဘးသို႔သာ စီးက်ေနခဲ့တယ္......

ေဒါသထြက္ေနတဲ့ ခ်န္ခ်ဳန္က ေဆးခြက္ကို ပုတ္ထုတ္လိုက္ၿပီး ခ်ဴ႐ွင္းရဲ႕ လက္ကို လွမ္းဆြဲလိုက္တယ္.....

" မင္း ႐ူးေနၿပီလား......."

ခ်ဴ႐ွင္းက ေဒါသမထြက္မေနဘဲ ႐ွဲ႕ဟယ္ကို ျပန္လွဲေပးလိုက္ၿပီး ေစာင္ေသခ်ာ ျပန္ျခဳံေပးလိုက္တယ္......ၿပီးတာနဲ႔ ႐ွဲ႕ဟယ္ရဲ႕ ႏႈတ္ခမ္းမွာ ေပေနတဲ့ေဆးေတြကို ဝတ္႐ုံလက္ဖ်ားနဲ႔ သုတ္ေပးလိုက္ၿပီး......

" အျပင္မွာ သြားေျပာရေအာင္....."

အျပင္ေရာက္တာနဲ႔ ခ်ဴ႐ွင္းက ေမးလိုက္တယ္......

" မင္း ဘာလို႔ နန္းတြင္းထဲဝင္လာတာလဲ......"

" ငါဘာလို႔ ေရာက္လာလဲေမးမေနနဲ႔.... မင္းလုပ္ေနတာေတြကို အရင္ေျပာ....."

နန္းျပင္အေျခေနေတြကို သိထားၿပီးသား ျဖစ္တဲ့အတြက္ ခ်ဴ႐ွင္းက........

"ဘာမွမဟုတ္ပါဘူး.....မင္းႀကီးေနမေကာင္းျဖစ္ေနတယ္လို႔သာ ေျပာထားလိုက္...မနက္ျဖန္က်ရင္ ေတာ္ဝင္သမားေတာ္ေတြကို ေၾကျငာခိုင္းလိုက္မယ္....လူေတြ ထင္ခ်င္ရာ ထင္ၾကပါေစ....သူတို႔ဘာမွ မလုပ္ရဲမွာ မဟုတ္ဘူး....."

ခ်န္ခ်ဳန္ေဒါသတႀကီးေအာ္ဟစ္လိုက္တယ္.....

" ဒီဘုရင္ယုတ္ ေသခ်င္ေသပါေစေလ....မင္းဘာလို႔ ေဆးကုေပးေနတာလဲ....."

ခ်ဴ႐ွင္း ႏႈတ္ခမ္းကိုသာ တင္းတင္းေစ့ထားၿပီး ဘာတစ္ခြန္းမွာ ထပ္မေျပာေတာ့ေပ........

ခ်န္ခ်ဳန္ႏွင့္ ႏွစ္ေပါင္းမ်ားစြာ ခင္မင္ခဲ့ေသာ္လည္း ခ်ဴ႐ွင္းရဲ႕အေတြးမ်ားကို ခ်န္ခ်ဳန္ နားမလည္ႏိူင္ေသးေပ....အဲ့အစား ေဒါသတႀကီးနဲ႔.......

" မင္း ဒီဘုရင္ေၾကာင့္ စိတ္ေတြ ႐ႈပ္ေထြးေနတယ္မလား.....ေကာင္းၿပီ မင္းမသတ္ရင္ ငါသတ္မယ္......"

ခ်န္ခ်ဳန္ ေျပာေနရင္းကေန အခန္းထဲေျပးဝင္သြားၿပီး နံရံမွာ ခ်ိတ္ထားတဲ့ ဓားကို ဆြဲျဖဳတ္လိုက္ၿပီး ႐ွဲ႕ဟယ္ကို ခုတ္ခ်လိုက္္တယ္.....

ဓားသြားက ႐ွဲ႕ဟယ္ကို ထိမိဖို႔ လက္မအနည္းငယ္ေလာက္ပဲ လိုေတာ့တဲ့ အခ်ိန္မွာ ခ်ဴ႐ွင္း ခ်န္ခ်ဴန္ရဲ႕ လက္ေကာက္ဝတ္ကို ဖမ္းဆြဲလိုက္ၿပီး.....

" မင္း ဘာလုပ္ေနတာလဲ..... "

" ငါကလဲ ေမးမယ္....မင္းကေရာ ဘာလုပ္ေနတာလဲ.....ဒီဘုရင္ရဲ႕ လုပ္ရပ္ေတြကို ေမ့သြားၿပီလား.....သူမင္းကို သတ္ခ်င္ေနတာကိုေရာ ေမ့လိုက္ၿပီလား......မင္းကို အစ္ကိုႀကီးတစ္ေယာက္အျဖစ္သတ္မွတ္ထားတဲ့ ငါတို႔ရဲ႕ ယြမ္ေလးကို ဒီဘုရင္ဘာေတြလုပ္ခဲ့သလဲဆိုတာ မင္း ေမ့ပစ္လိုက္ၿပီလား.....မင္းက ယြမ္ေလးအတြက္ လက္စားေခ်ေပးရမယ့္အစား အျပစ္သားကိုေတာင္ ကာကြယ္ေပးေနလိုက္ေသးတယ္....."

ခ်ဴ႐ွင္းရဲ႕ မ်က္ဝန္းေတြ မည္းေမွာင္လာခဲ့တယ္..........

" ငါမေမ့ေသးပါဘူး.....သူ အသက္႐ွင္မွ ပိုခံစားရမွာေပါ့.....စိတ္မပူပါနဲ႔ သူဘယ္သူ႕ကို မွ ထိခိုက္ေအာင္ မလုပ္ႏိုင္ေစရဘူး....."

ခ်န္ခ်ဳန္က အံႀကိတ္လိုက္ၿပီး.....

" ငါမင္းကို မယုံေတာ့ဘူး...... "

ခ်ဴ႐ွင္း သက္ျပင္းခ်လိုက္တယ္....သူ႕ၾကည့္ရတာ စိတ္႐ႈပ္ေနပုံရတယ္....သူ ခ်န္ခ်ဴန္ကို သစၥာေဖာက္ခဲ့မိၿပီ.....

"ငါ့ကို အခ်ိန္နည္းနည္းေပးပါ....."

ခ်ဴ႐ွင္းက လက္ေအာက္ငယ္သားအခ်ိဳ႕ကို ေခၚၿပီး ခ်န္ခ်ဳန္ကို ျပန္ပို႔ခိုင္းလိုက္တယ္..... ခ်န္ခ်ဳန္ သူ႕ကို စိတ္ပ်က္ေနတဲ့အၾကည့္ေတြနဲ႔ ၾကည့္သြားတာေၾကာင့္ စိတ္ေတြ ေလးလံခဲ့ရျပန္တယ္......

ခ်န္ခ်ဴန္ သူ႕အေပၚ နားမလည္ႏိုင္ခဲ့ဘူး....သူ႕ကိုယ္သူေတာင္ နားမလည္ႏိုင္ခဲ့ပါဘူး.....မျဖစ္သင့္မွန္း သိေနေပမယ့္လည္း ဒီလူကို ဂ႐ုမစိုက္ဘဲ မေနႏိုင္ခဲ့ဘူးေလ.......

ခ်ဴ႐ွင္း အခန္းထဲ ျပန္ဝင္လာခဲ့ၿပီး ႐ွဲ႕ဟယ္ကိုေဆးဆက္တိုက္ေနခဲ့တယ္......သူ႕မ်က္ဝန္းေတြထဲမွာ နာက်င္မႈေတြ ျပည့္လွ်ံေနခဲ့ပါတယ္.......

" မင္းႀကီးသာ ေသဆုံးခဲ့မယ္ဆို က်ဳပ္ဒီ့ထက္ပိုၿပီး ကာကြယ္ေပးႏိုင္မွာ မဟုတ္ေတာ့ဘူး...."

လူေသတစ္ေယာက္အတြက္နဲ႔ သူငယ္ခ်င္းသံေယာဇဥ္ကို အထိခိုက္မခံႏိုင္ဘူး.....က်ဳပ္ကို ပံ့ပိုးကာကြယ္ေပးခဲ့တဲ့သူေတြကို ထိခိုက္နာက်င္ေအာင္ မလုပ္ခ်င္ဘူး....က်ဳပ္သူတို႔ကို စိတ္မပ်က္ေစခ်င္ဘူး......

အဲ့အခ်ိန္က်ရင္ က်ဳပ္ ခင္ဗ်ားေလးကို သူတို႔လက္ထဲ ထည့္ေပးလိုက္ရေတာ့မယ္......

အကယ္၍ ခင္ဗ်ားေလးသာ သတိရလာမယ္ဆို က်ဳပ္ အစြမ္းကုန္ကာကြယ္ေပးပါ့မယ္.....

အဲ့ကတည္းကစၿပီး ခ်ဴ႐ွင္း အျပင္မထြက္ေတာ့သလို ခ်န္ခ်ဳန္ရဲ႕စာေတြကိုလဲ ျပန္လည္ေျဖၾကားျခင္းမ႐ွိေတာ့ဘူး....သူတို႔ႏွစ္ေယာက္ၾကားမွာ ခြာၿပဲမႈေတြ ႐ွိလာခဲ့ေလၿပီ....ခ်ဴ႐ွင္း ဒီ့ထက္ပိုၿပီး ရင္းေဂါင္ၿမိဳ႕စားစံအိမ္ရဲ႕ အေထာက္အပံ့ကို မရႏိုင္ေတာ့​ေၾကာင္း နားလည္သေဘာေပါက္ခဲ့ရတယ္.....

ကံေကာင္းတာတစ္ခုက ၿမိဳ႕ျပင္မွာ သူ႕ရဲ႕ စစ္တပ္ႀကီး႐ွိေနခဲ့တာပါပဲ....အကယ္၍ အဆုံးဆိုး အေျခေနေတြ ျဖစ္လာပါက ထိုစစ္တပ္က ၿမိဳ႕ေတာ္႕တစ္ခုလုံးကို ဝန္းရံထားလိုက္႐ုံပါပဲ...အဲ့အခါက်ရင္ သူဟာ ဘုရင္ဆိုးေလး ေျပာေနတဲ့ သစၥာေဖာက္တစ္ေယာက္ျဖစ္လာေတာ့မွာပါ......

ကုတင္ေပၚမွာ လွဲေလ်ာင္းေနသူေလးကို ေငးၾကည့္ေနရင္းကေန အေတြးတစ္ခု ႐ုတ္တရက္ေပၚလာခဲ့တယ္.....

ဒီလူသားေလးကို ပိုင္ဆိုင္ႏိုင္ဖို႔အတြက္ ႏိုင္ငံေတာ္ကိုေတာင္ ပုန္ကန္ရဲေနၿပီ....ဒီလူသားေလးကို ပိုင္ဆိုင္ႏိုင္သေ႐ြ႕မိုးေကာင္းကင္ေအာက္က လူေတြအကုန္လုံး သူ႕ကို သစၥာေဖာက္လို႔စြပ္စြဲလဲ မႈစရာမလိုေတာ့ဘူး.....

ဒီအေတြးက ရယ္စရာေကာင္းေနေပမယ့္လည္း ေခါင္းထဲကထုတ္ပစ္ဖို႔ ခက္ခဲေနခဲ့ပါတယ္........

[ တင္းေတာင္....ႏွစ္သက္မႈ ၅ မွတ္ထပ္တိုးပါတယ္.....]

ေန႔ရက္တစ္ခ်ိဳ႕ ကုန္လြန္သြားခဲ့ျပန္တယ္......

သမားေတာ္ေတြ ႐ွဲ႕ဟယ္ကို အပ္စိုက္ကုသေပးေနစဥ္မွာ လက္ေခ်ာင္းေလးေတြ လႈပ္႐ွားသြားခဲ့တယ္.....

သမားေတာ္ေတြ မ်က္ရည္က်လုမတတ္ ဝမ္းသာေနခဲ့ရတယ္......

မင္းႀကီး သတိျပန္ရလာခဲ့ၿပီ......

တစ္ခ်ိန္လုံး ေအးစက္မာေက်ာေနခဲ့တဲ့ ခ်ဴ႐ွင္းရဲ႕ အမူအရာေတြလည္း ေပ်ာ့ေျပာင္းလာခဲ့ပါၿပီ.....သူဘယ္ေလာက္ထိ စိုးရိမ္ေနခဲ့သလဲဆိုတာ ဘယ္သူသိႏိုင္မွာလဲ.....

ခ်ဳ႐ွင္း ႐ွဲ႕ဟယ္ရဲ႕လက္ေလးကို ဆုပ္ကိုင္လိုက္ၿပီး....

" သတိရလာၿပီလား......"

႐ွဲ႕ဟယ္ကေတာ့ မ်က္လုံးမွိတ္ထားဆဲပါပဲ....ျဖစ္ပ်က္ခဲ့သမွ်ဟာ ပုံရိပ္ေယာင္ေတြလိုပါပဲလား.......

ခ်ဴ႐ွင္း ႐ွဲဟယ္ကို ၾကည့္ၿပီး တစ္ခုခုေျပာခ်င္ေနေပမယ့္လည္း တုံ႔ဆိုင္းေနခဲ့မိတယ္....

ထိုအခ်ိန္မွာ သက္ေတာ္ေစာင့္တစ္ေယာက္ ေရာက္လာၿပီး သတင္းပို႔ခဲ့တယ္......

" မင္းသားအန္း ၿမိဳ႕ေတာ္ကိုျပန္ေရာက္ေနပါၿပီ...အခု နန္းေတာ္အျပင္ကေန အ႐ွင္မင္းႀကီးကို ေတြ႕ခြင့္ေတာင္းေနပါတယ္....."

ခ်ဴ႐ွင္း ဇေဝဇဝါျဖစ္ေနမိတယ္...မင္းသားအန္း ျပန္လာမယ္လို႔လဲ သတင္းမၾကားမိပါဘူး.....

" မင္းသားအန္းနဲ႔အတူ ဘယ္သူေတြပါလာေသးလဲ....."

"မင္းသားအန္းတစ္ေယာက္တည္းပါ....."

အင္း....ဒါဆိုရင္ေတာ့ အဓိပၸါယ္႐ွိတယ္...မင္းသားအန္းသာ ေရာက္လာမယ္ဆို သူ႕မ်က္စိေတြ နားေတြကေန ေျပးမလြတ္ေလာက္ဘူး....ဒါေပမယ့္ တစ္ေယာက္တည္းေရာက္လာတယ္ဆိုေတာ့ ျဖစ္ႏိုင္ေလာက္တယ္.....

ဒါေပမယ့္ မင္းသားအန္းက ဘာလို႔ ၿမိဳ႕ေတာ္ကို တစ္ေယာက္တည္း ေရာက္လာတာလဲ....သူ( ခ်ဴ႐ွင္း ) နန္းလုေတာ့မယ္ဆိုတဲ့ ေကာလဟာလေတြေၾကာင့္ ေရာက္လာတာလား...ဒါဆို ဘာေၾကာင့္တစ္ေယာက္တည္းေရာက္လာရတာလဲ...ေသရမွာ မေၾကာက္ဘူးလား.....

ခဏအၾကာမွာ ခ်ဴ႐ွင္း မတ္တပ္ထရပ္လိုက္ၿပီး......

" ငါ မင္းသားအန္းကို သြားေတြ႕မယ္......"

မင္းသားအန္းက မင္းႀကီးနဲ႔ ေတြ႕ဖို႔ေတာင္းဆိုတယ္ဆိုကတည္းက မင္းႀကီးနဲ႔သာေတြ႕ခ်င္ေၾကာင္း ႐ွင္းလင္းေနခဲ့ေလၿပီ....သူကိုယ္တိုင္ အႏၲာရယ္႐ွိေသာ အ​ေျခေနမ်ားကို ဖန္တီးခဲ့ေသာေၾကာင့္ မင္းသားအန္နဲ႔ သြားေတြ႕ရေပလိမ့္မည္။မင္းသားအန္းက က်န္းဇူမွာ အေနၾကာေနၿပီျဖစ္ေပမယ့္ ထိုက္သင့္တဲ့ အ႐ွိန္အဝါေတြ ႐ွိေနေသးတယ္....မထီမဲ့ျမင္ျပဳလို႔မျဖစ္ေခ်ေသးဘူး......

ခ်ဴ႐ွင္း နန္းေတာ္ ဂိတ္တံခါးဝကိုေရာက္တဲ့အခါ လက္ေနာက္ပစ္ၿပီး ရပ္ေနတဲ့ မင္းသားအန္းကို ျမင္လိုက္ရတယ္.....

" ႀကိဳဆိုပါတယ္..မင္းသားအန္း...... "

မင္းသားအန္း လေရာင္ျခည္လို စြတ္စြတ္ျဖဴေနတဲ့ ႐ိုးရာဝတ္စုံကို ဝတ္ဆင္ထားၿပီး ေက်ာက္စိိမ္းခါးပတ္ကို ဆင္ျမန္းထားတယ္....ဉီးေခါင္းေပၚမွာ ေ႐ႊသရဖူေဆာင္းထားတဲ့အတြက္ ျမင့္ျမတ္တဲ့ အေငြ႕အသက္ေတြ ျဖာထြက္ေနတယ္......

"စစ္သူႀကီးကို လာႀကိဳခိုင္းသလို ျဖစ္သြားၿပီထင္ပါရဲ႕....ကိုယ္ေတာ္ ၿမိဳ႕ေတာ္ကို မေရာက္ျဖစ္တာ အေတာ္ၾကာၿပီဆိုေတာ့ မင္းႀကီးကို လြမ္းလာမိလို႔....မင္းႀကီးဆီ သတင္းပို႔ေပးဖို႔ စစ္သူႀကီးကိုပဲ အပူကပ္ရေတာ့မယ္....."

ခ်ဴ႐ွင္း အမူအရာကိုထိန္းကာ သက္ျပင္းခ်လိုက္ၿပီး.....

" မင္းႀကီး နာမက်န္းျဖစ္ေနတယ္.....ဒါေၾကာင့္ ဒီငယ္သားကို ဆင့္ေခၚထားရတာပါ...လတ္တေလာေတာ့ ေတြ႕ႏိူင္ဉီးမယ္မထင္ဘူး....."

က်န္းဟန္ရဲ႕ မ်က္ဝန္းေတြထဲမွာ ျပင္းထန္လွတဲ့ ေဒါသအေငြ႕အသက္ေတြ ေပၚထြက္လာခဲ့တယ္....သူက ေျခတစ္လွမ္းေ႐ွ႕တိုးလိုက္ၿပီး ခ်ဴ႐ွင္းတစ္ေယာက္တည္းသာ ၾကားႏိူင္ေလာက္တဲ့ေလသံနဲ႔ေမးလိုက္တယ္.....

"ပြင့္ပြင့္လင္းလင္း ေျပာျပပါ .....ကိုယ္ေတာ္သိခ်င္တာက မင္းႀကီး ေသၿပီလား...ဒါမွမဟုတ္ အသက္႐ွင္ေန​ေသးလား......"

Continue Reading

You'll Also Like

250K 9.2K 45
မိုက်တယ်နော်၊ဒါပေမယ့်မယုတ်မာဘူး.. အစ်ကိုက သတ်ရဲတယ်၊သေရဲတယ် ဒါပေမယ့်မူနွဲ့မျက်ရည်ကျတာကိုတော့မကြည့်ရဲဘူး..... ကြက်သမား၊ဖဲသမား..လူမိုက်လေးတေဇဘုန်း‌ကျော်...
251K 13.7K 52
A Love Story ( Own Characters ) ဘုဏ်းဇေယျာကျော်xရှင်းသန့်တည်ကြည် " မင်းသားလေး...မင်း ငါ့အပေါ် သိပ်သဘောကောင်းတာပဲ၊ ငါ့မေမေကပြောတယ်၊ အသက်ကြီးလို့ လက်ထ...
817K 15K 56
" ဒယ်ဒီဘာပြောပြောဖြူဖြူတို့လက်ထပ်စရာမလိုပါဘူးကိုကို.." " ဒါပေါ့.. မင်းကမိဘကိုလည်းဂရုမစိုက်၊ပတ်၀န်း ကျင်ကိုလည်းဂရုမစိုက်ပဲနေနိုင်ပေမယ့်.. ငါကတော့ဆရာသ...
74.9K 8.6K 87
transition novel