ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်...

By OpalHawthorn28

548K 78.1K 5.6K

ဝင်ဖတ်ကြည့်ပါ။အားမနာတမ်းဝေဖန်ပေးပါ။ More

Description
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (1.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (1.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (2.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (2.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (3.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (3.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (4.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (4.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (5.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (5.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (6)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (7)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (8)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (9.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (9.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (10)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (11)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (12.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (12.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (13.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (13.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (14.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (14.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (15.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (15.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (16)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (17)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (18)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ်( 19)
အခန်း (20) လူငယ်ပြုစုပျိူးထောင်ခြင်းလက်စွဲ(2)
အခန်း (21) လူငယ်ပြုစုပျိူးထောင်ခြင်းလက်စွဲ(3)
အခန်း (22) လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ (3)
အခန်း (23) လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (24) လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (25) လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (26)လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (27) လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
Ch27 Zawgyi
အခန်း (28)လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (29) လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (30)လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (31)
အခန်း (32)
အခန်း (33)
အခန်း (34.1)
အခန်း (34.2)
အခန်း (35)
အခန်း (36)
အခန်း (37)ငါလေးက Daddyရဲ့ သားအရင်းမဟုတ်ဘူး!!
အခန်း (38)
အခန်း (39.1)
အခန်း (39.2)
အခန်း (40)
အခန်း (41)
အခန်း (42)
အခန်း (43)
အခန်း (44)
အခန်း (45)
အခန်း (46.1)
အခန်း (46.2)
အခန်း (47)
အခန်း (48)
အခန်း (49.1)
အခန်း (49.2)
အခန်း (50)
အခန်း (51)
အခန်း (52)
အခန်း (53)
အခန်း (54)
ဝေဖန်မယ် လေကန်မယ် ခဏနေရင်ပြန်ဖျက်မယ်
CH (55.1)
CH 55
CH. 56
CH (57)
CH 58
Ch 59
CH 60
CH 62
CH 63
CH 64
CH 65
CH 66
CH 67
CH 68
CH 69
CH 70
CH 71
CH 72.1
CH 72.2
CH 73
CH 74
CH 75
CH 76
CH 77
CH 78
CH 79
CH 80.1
CH 80.2
CH 81
CH 82
CH 83

CH 61

2.5K 433 33
By OpalHawthorn28

ချူရှင်း ချန်ချုန်ကို နှုတ်ဆက်ပြီး ပြန်လာခဲ့လိုက်တယ်...နန်းတော်ကို ရောက်တဲ့အခါ လက်အောက်ငယ်သားတစ်ယောက်လာပေးတဲ့စာကို ဖတ်လိုက်ပြီး အမူအရာတွေ ချက်ချင်းပြောင်းလဲသွားခဲ့တယ် ....ပြီးတာနဲ့ မြင်းကို အသော့နှင်ပြီး တစ်နေရာဆီ ထွက်ခွာသွားခဲ့လေတယ်.....

ချင်နန်းတော်ကို ရောက်ရောက်ချင်းမှာပဲ...ရှဲ့ဟယ်ရဲ့ပါးစပ်ထဲမှာ သွေးတွေ ပြည့်နေတာကို မြင်လိုက်ရတယ်.....

" ကျွန်တော်တို့ ထမင်းလာပို့တော့ သူ လျှာကိုက်ပြီး သေကြောင်းကြံနေခဲ့တာ....အသိမြန်လိုက်လို့ သေတော့ မသေသေးဘူး....သမားတော်တော့ ခေါ်ထားပြီးပြီ....."

ရှဲ့ဟယ်က ဖြူ​ဖျော့နေသည့်တိုင် ချူရှင်းကို အကြည့်တွေနဲ့ အသံတိတ် လှောင်ပြောင်နေဆဲပါပဲ.......

ချူရှင်း ဒေါသပုန်ထနေလေပြီ.....ဒီဘုရင်ဆိုးလေးက သူ့ကိုအချိန်တိုင်း ဒေါသထွက်အောင် လုပ်နေခဲ့တာပဲ.....

" လွယ်လွယ်သေလို့ ရရိုးလား...."

ဂရုမစိုက်မိတဲ့ တခဏမှာ သေကြောင်းကြံဖို့ ကြိုးစားခဲ့တယ်....အေးအေးဆေးဆေး မနေဘဲ ကိုယ့်ဒုက္ခ ကိုယ်ရှာချင်နေတယ်ပေါ့..... သဘောထားကြီးပေးမိတာ မှားပြီပဲ.....တခဏတာ စိတ်ရှုပ်ထွေးသွားမိလို့ ဒီဘုရင်ရဲ့ ဆိုးသွမ်းမှုတွေကို မေ့ထားခဲ့မိတယ်....ဒီလိုအမှားမျိူး ဘယ်တော့မှ ထပ်မကျူးလွန်တော့ဘူး.....

ရှဲ့ဟယ် သွေးတွေ မျိုချလို့မရအောင် ချူရှင်းက ဖိထားလိုက်တယ်...စိတ်ထဲမှာတော့ ဒီသမားတော် ဘာကြောင့် နောက်ကျနေသလဲ တွေးတောနေပေမယ့် လက်တွေ့မှာတော့ လက်အောက်ငယ်သားတစ်ယောက်ကိုသွေးတိတ်ဆေး အမြန်သွားယူခိုင်းလိုက်တယ်......

သွေးတိတ်ဆေးကြောင့် သွေးသိပ်မထွက်တော့ပေမယ့်လည်း သမားတော်ရောက်လာပြီး အပ်စိုက်ကုသပေးလိုက်မှသာ သွေးတိတ်သွားခဲ့လေတယ်....

ကံကောင်းလို့သာ အချိန်မှီခဲ့ခြင်းဖြစ်တယ်...နည်းနည်းသာ ​နောက်ကျသွားပါက သွေးထွက်လွန်ပြီး အသက်ဆုံးရှုံး ရလိမ့်မည်သာ.....

သမားတော်က ဒဏ်ရာကို သေချာဂရုစိုက်ဖို့ မှာကြားပြီး ပြန်သွားခဲ့တယ်....

သမားတော် ထွက်သွားတာနဲ့ ချူရှင်းက ရှဲ့ဟယ်ရဲ့ မေးစေ့ကို ညစ်လိုက်ပြီး.....

"မင်းကြီးက တစ်ဖက်သားကို နည်းနည်းလေးမှ ပင်ပန်းအောင် မလုပ်ရရင် မနေနိူင်ဘူးနော်...."

ရှဲ့ဟယ်က စကားပြန်မပြောနိုင်ပေမယ့်လည်း အကြည့်တွေနဲ့ လှောင်ပြောင်နေခဲ့တယ်.....

ချူရှင်းက ရှဲ့ဟယ်ရဲ့ နားနားကို တိုးတိုးလေးကပ်ပြောလိုက်တယ်.....

" စိတ်ရှည်ရှည်ထားစမ်းပါ...ကျွန်တော်မျိုးက မင်းကြီးကို လွယ်လွယ် သေခိုင်းမှာမဟုတ်ဘူး."

ချူရှင်းက ရှဲ့ဟယ်ထပ်ပြီး ဒဏ်ရာမရအောင် ပါးစပ်အစို့လေး ပြန်တပ်ပေးလိုက်ပြီး စူးရဲလှသော အကြည့်တွေနဲ့ စိုက်ကြည့်နေလိုက်ပြီး.....

"အရင်တုန်းက ကျုပ်ဘယ်လောက် ညှာတာပေးခဲ့သလဲဆိုတာ မင်းကြီး မကြာခင်သိလာမှာပါ....."

ရန်သူ့အပေါ်ကို ညှာတာသနားရန် စာနာထောက်ထားနေရန် လုံးဝမလိုအပ်ပေ......

ချူရှင်းက ရှဲ့ဟယ်ကို သတိပေးသလို စိုက်ကြည့်လိုက်ပြီး ထွက်သွားခဲ့လေတယ်.....

[ 444: ဝါးးးးး သွေးတွေအများကြီးပဲ....ဘယ်လိုလုပ်ကြမလဲ....ဘယ်လိုလုပ်ကြမလဲလို့! !!!]

[ ရှဲ့ဟယ်: အမှန်တိုင်းဝန်ခံရရင် လျှာကိုက်တယ်ဆိုတာ သတ်သေဖို့အတွက် နည်းလမ်းကောင်း လုံးဝဟုတ်မနေဘူး.....အသေနာတယ်...ပြီးတော့ ချက်ချင်းလည်း မသေနိုင်ဘူး.....]

[ 444: အာ့ဆို ဘာလို့ လျှာကိုက်သေးလဲ....]

[ ရှဲ့ဟယ် : ဘာလို့လဲဆိုတော့ အဲ့ဒီ့နည်းက ကျက်သရေရှိရှိ လှလှပပသေလို့ရတဲ့ နည်းမို့လို့ပဲ.....]

[ 444: .........]

[ ရှဲ့ဟယ် : ဘေဘီ....ငါ့ကို အနာသက်သာတဲ့ဆေးလေး ပေးစမ်းပါဉီး...... ]

[ 444: .........] Host တာ့တာ့က အနာသက်သာတဲ့ဆေးမတောင်းတာကြာတော့ ငါလေး မေ့တောင် မေ့နေပြီပဲ.......

ဤတစ်ကြိမ်တွင် ချူရှင်း ရှဲ့ဟယ်ကို လုံးဝမညှာတာတော့ပေ။ စစ်တပ်ထဲတွင် နှစ်ပေါင်းများစွာနေထိုင်ခဲ့သူ ဖြစ်တဲ့အတွက် သုံ့ပန်းတွေကို အသက်မသေအောင် နှိပ်စက်နိုင်တဲ့နည်းလမ်းတွေ အများကြီးကို သိနေခဲ့တယ်.....

ရှဲ့ဟယ် တစ်ညလုံး အိပ်ပျော်နေခဲ့သော်လည်းနိုးလာချိန်မှာ နိုးတစ်ဝက် အိပ်တစ်ဝက်ဖြစ်နေဆဲပင်...

ပြတင်းပေါက်နားမှာ လူရိပ်တစ်ခုလှုပ်ရှားနေတာကို မြင်လိုက်ရပြီး ထိုလူက အသံမထွက်ဘဲ အခန်းထဲကို ဝင်လာခဲ့တယ်....

အမလေး .....ဘုရားသကြားမလို့ အသက်ရှင်နိုင်ပြီပဲ...နောက်ဆုံးတော့ ယန်ရှန်းရောက်လာပြီပေါ့......နောက်ထပ်လှမ်းရမယ့် ​​ခြေလှမ်းတွေအတွက် ယန်ရှန်းကို တကယ်လိုအပ်နေခဲ့တာ....သူသာ ရောက်မလာရင်  ဆက်ပြီး အနာခံနေရဉီးမယ်.....

ဒီအတောအတွင်း လိုက်ရှာနေတဲ့သူတွေ လက်ကလွတ်အောင် ယန်ရှန်း တစ်နေရာပြီးတစ်နေရာ ပြောင်းရွေ့ပုန်းအောင်းနေခဲ့ရတယ်....ဒါ့အပြင် ချန်ယန်ရဲ့ ကိစ္စတွေကို အမှန်တိုင်းသိရအောင် စုံစမ်းနေတဲ့အတွက် နန်းတော်ထဲ မဝင်နိုင်ခဲ့သေးပေ.....

ရှဲ့ဟယ်က ချူရှင်းကို ဆုလာဒ်တွေပေးသနားလို​က်တယ် ကြားကတည်းက ရှဲ့ဟယ် ချိန်း​ခြောက်ခံနေရမှန်း သိခဲ့တယ်...သူ မင်းကြီးအတွက် တကယ်ကို စိတ်ပူနေခဲ့တယ်......

ယန်ရှန်းက သူ့ကိုယ်သူ အသေခံပြီး ချူရှင်းလက်ကနေ မင်းကြီးကို ကယ်ထုတ်ဖို့ ကြိုးစားခဲ့တယ်....ဒါပေမယ့် နှိပ်စက်ခံထားရတဲ့ ရှဲ့ဟယ်ကို မြင်လိုက်ရချိန်မှာ ယန်ရှန်ရဲ့ မျက်လုံးတွေ နီရဲလာခဲ့တယ်.....

ဤမြင်ကွင်းမျိုးကို လွန်လေပြီးခဲ့သော နှစ်များတုန်းကတည်းက မြင်တွေ့ဖူးခဲ့ပါတယ်.....

ယန်ရှန်းတစ်ယောက်  ရှဲ့ဟယ် ပါးစပ်မှာ စည်းနှောင်ထားတဲ့ ကြိုးတွေကို ဖြတ်တောက်လိုက်ပြီး ရှဲ့ဟယ်ကို ညှင်သာစွာထွေးပွေ့လိုက်တယ်....တုန်ရီနေတဲ့ လက်တွေနဲ့ ရှဲ့ဟယ်ပါးစပ်ထဲက အစို့ကို ဖယ်ရှားပေးနေတယ်......

ယန်ရှန်းရဲ့ မျက်ဝန်းတွေ နီရဲနေပြီး ရင်ထဲမှာ ဆို့နင့်လာတယ်.....

"ဒီအစေခံ အလာနောက်ကျသွားတယ် မင်းကြီးရယ်......"

ရှဲ့ဟယ်က ယန်ရှန်းမှန်းသေချာအောင် ခဏလောက်စိုက်ကြည့်လိုက်ပြီး ကွဲရှနေသော လေသံနဲ့.......

" မောင်မင်းရောက်လာပြီပဲ....."

ယန်ရှန်းက တုန်ရီနေသော လေသံကို အတတ်နိုင်ဆုံး ထိန်းလိုက်ပြီး.....

" ဒီအစေခံရောက်လာပါပြီ...မင်းကြီးကို ဒီနေရာကနေ ကယ်ထုတ်သွားမယ်....."

ချူရှင်း! !!! သစ္စာဖောက်ကောင်....လူတိုင်းရဲ့ ပါးစပ်ဖျားမှာတော့ တိုင်းပြည်ပေါ် သစ္စာစောင့်သိလွန်းတဲ့ သူရဲကောင်းကြီးပေါ့.....သူရဲကောင်းတဲ့လား....ဟာသပဲ....ဒီကောင်ကအရှင်မင်းမြတ်ကို အခုလို ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်ထားတယ်.....ဒါဆို ဒီကောင်ချူရှင်းလည်း  အတိတ်ကာလတွေတုန်းက အရှင်မင်းကြီးကို နှိပ်စက်ညှင်းပန်းခဲ့တဲ့သူတွေနဲ့ မထူးမခြားနားပါပဲ.......

​သေသင့်တဲ့သူတွေ၊ ယုတ်မာတဲ့သူတွေ၊ မျက်နှာနှစ်ဖက်ရှိတဲ့ ကြောင်သူတော်တွေ! !!!

ယန်ရှန်းရဲ့ နှလုံးသားတစ်ခုလုံး ​ခြောက်သွေ့သွားသလို နာကျင်နေခဲ့ရတယ်.....ဒါပေမယ့်လည်း ဒီမှာ ကြာကြာနေလို့ မဖြစ်သေးတဲ့အတွက် လက်ထဲကဓားနဲ့ ရှဲ့ဟယ်ခြေထောက်က ​ခြေထိပ်တွေကို ခုတ်ဖြတ်လိုက်တယ်.....

သို့ပေမယ့်လည်း မာကြောလွန်းတဲ့ သတ္တုနဲ့ ပြုလုပ်ထားတာဖြစ်တဲ့အတွက် ဖြတ်တောက်လို့ မရခဲ့ပေ.....

ယန်ရှန်း အံကြိတ်လိုက်ပြီး ရှဲ့ဟယ်ကို ပွေ့ချီကာ ပြတင်ပေါက်ကနေ ခုန်ထွက်လိုက်တယ်.....

ကံဆိုးပါတယ်.......

ချင်နန်းဆောင် အပြင်ကို ရောက်ရောက်ချင်းမှာပဲ မီးတုပ်တွေ ကိုင်ဆောင်ထားတဲ့ ရဲမက်တွေက သူတို့ကို ဝိုင်းထားလိုက်လေပြီ.....

ဒါကို မြင်တော့ ရှဲ့ဟယ်က တည်​ငြိမ်စွာနဲ့ပဲ.....

" ဒါက ထောင်​ခြောက်ပဲ....."

ချူရှင်း ဒီည သူ့ဆီရောက်မလာခြင်းသည် ယန်ရှန်းကို ထောင်​ခြောက်ဆင် ဖမ်းဆီးဖို့အတွက်သာပင်....

ယန်ရှန်းက ရှဲ့ဟယ်ကို တင်းကြပ်စွာ ပွေ့ဖက်လိုက်ပြီး......

"မစိုးရိမ်ပါနဲ့....ဒီအစေခံ မင်းကြီးကို ရအောင်ကယ်ထုတ်သွားပါ့မယ်....."

ရှဲ့ဟယ်က ခေါင်းခါပြလိုက်ပြီး.....

" မဟုတ်သေးဘူး....မင်း ထွက်သွားပါတော့...."

" ဒီအစေခံ အရှင့်ကို မထားခဲ့နိူင်ဘူး..."

ရှဲ့ဟယ်က ယန်ရှန်းကို စူးရဲစွာစိုက်ကြည့်လိုက်ပြီး......

" မောင်မင်း ကိုယ်တော်နဲ့ အတူရှိနေမယ်ဆို  မောင်မင်း ထွက်သွားလို့ရမှာ မဟုတ်ဘူး.

ဒါကို ယန်ရှန်း မသိဘဲနေပါ့မလား.....ယန်ရှန်းရဲ့ မျက်ဝန်းတွေထဲမှာ နာကျင်မှုတွေ ပြည့်သိပ်လာခဲ့တယ်....ဘယ်လောက်ပဲ သန်မာနေပါစေ သူလည်း လူသားတစ်ယောက်ပါပဲ.....

ဒါပေမယ့်လည်း မင်းကြီးကို ဘယ်လို ထားခဲ့ရက်ပါ့မလဲ.....သူ မသေသေးသ၍ ချူရှင်း မင်းကြီးကို နာကျင်အောင်လုပ်ခွင့်မပေးနိုင်တော့ဘူး......

မင်းကြီးဘေးမှာ နောက်ဆုံးအချိန်ထိ အတူမရှိပေးနိုင်တဲ့အတွက် ဝမ်းနည်းမိပါတယ်....ဒီလောကကြီးကနေ သူ အရင်ထွက်ခွာသွားရတော့မယ်.......ယန်ရှန်းရဲ့ မျက်ဝန်းတွေထဲမှာ နာကျင်ဝမ်းနည်းမှုတွေကို အသံတိတ်သည်းခံနေရတဲ့ အရိပ်အယောင်တွေ မြင်နေရတယ်......

" ဒီအစေခံ မလုပ်နိူင်ဘူး......"

ရှဲ့ဟယ်က စိတ်ပိုင်းဖြတ်ထားဟန်ဖြင့် ယန်ရှန်းကို စူးရဲစွာစိုက်ကြည့်လိုက်ပြီး.....

" မောင်မင်း ဒီနေရာကနေ အသက်ရှင်လျှက်
ထွက်သွားရမယ်!!"

" မောင်မင်းမှာ ကိုယ်တော့်ကိုယ်စား လုပ်ပေးရမယ့်အရာတွေရှိတယ်....."

ယန်ရှန်း မင်းကြီးရဲ့ အမိန့်တွေကို တစ်ခါလေးမျှ မငြင်းဆန်ဖူးခဲ့ပေ။ ဤသည်မှာ ပထမဆုံးအကြိမ်ဖြစ် ငြင်းဆန်ခဲ့ခြင််းပင်....

သူမသွားချင်ဘူး.....သူမရှိတော့ရင် ဒီငရဲလိုနေရာမှာ မင်းကြီးတစ်ယောက်တည်း ကျန်ခဲ့ရမှာ......

သူ့ရဲ့မင်းကြီး အခုလို နှိပ်စက်ခံနေရတာမျိုးတွေ ထပ်မမြင်ချင်တော့ဘူး.....သူ့ရဲ့မင်းကြီးကို အခုလိုတွေ မနှိပ်စက်ကြပါနဲ့တော့......

" ကိုယ်တော် မောင်မင်းကို ကျန်းဇူကိုသွားစေချင်တယ်.....ဟိုရောက်ရင် မင်းသားအန်းကို နေပြည်တော်ပြန်လာပြီး ကိုယ်တော့်ကို ကယ်ပေးဖို့ ပြောပေးပါ..... အရင်နှစ်တွေတုန်းက သူတောင်းဆိုထားတဲ့အရာကို ကိုယ်တော်
လက်ခံပေးမယ်လို့လဲ ပြောပေးပါ....."

ယန်ရှန်းတစ်ယောက် အတော်လေး ထိတ်လန့်သွားခဲ့ရတယ်......

" မင်းကြီး....မင်းကြီး...တ..တကယ်ပဲ...တကယ်ပဲ..."

ရှဲ့ဟယ်က ထွန်းညှိထားတဲ့ မီးတုပ်တွေကို ငေးကြည့်လိုက်ပြီး....

"ချူရှင်းက ကိုယ်တော့်ကို အခုလို နှိပ်စက်ပြီး အရှက်ခွဲခဲ့တယ်...ကိုယ်တော်သာ လွယ်လွယ်သေသွားခဲ့ရင် ကိုယ်တော့်တိုင်းပြည်ကို ချူရှင်းအလွယ်တကူ သိမ်းပိုက်သွားလိမ့်မယ်.....ဒီလူက ထီးနန်းကို တရားနည်းလမ်းတကျ စိုးစံဖို့ထက် အကြမ်းနည်းနဲ့ နန်းလုဖို့ ကြိုးစားနေတယ်....."

ယန်ရှန်း ချူရှင်းကို သေလောက်အောင် မုန်းပါတယ်...ဒါပေမယ့် မင်းသားအန်းကိုတော့.....

ရှဲ့ဟယ် ယန်ရှင်းကို ပြုံးပြလိုက်ပြီး.....

"သွားတော့.....ကိုယ်တော့်မှာ မောင်မင်းတစ်ယောက်ပဲ ရှိတော့တာ......မောင်မင်းကတော့ ကိုယ်တော့်ကို စိတ်မပျက်စေဘူး မဟုတ်လား......"

ယန်ရှန်းကို ကြည့်ရတာ နာကျင်မှုကို အနိူင်နိုင်မျိုသိပ်နေပုံရတယ်....အချိန်အတော်ကြာမှသာ ရှဲ့ဟယ်ကို လွှတ်ပေးလိုက်ပြီး ဝတ်ရုံလေးကို သပ်သပ်ရပ်ရပ်လေးဖြစ်အောင် ပြန်ပြင်ပေးခဲ့တယ်.....ပြီးတာနဲ့ ရှဲ့ဟယ်ကို သုံးကြိမ် အရိုအသေပေးပြီး အမှောင်ထုထဲကို တိုးဝင်သွားခဲ့လေတယ်......

သူမသွားခင် ပြောခဲ့သေးတယ်.....

" ဒီအစေခံကြောင့် မင်းကြီးစိတ်မပျက်စေရပါဘူး...."

မင်းကြီးရဲ့ ဆန္ဒအတိုင်း အစေခံအသက်စွန့်ကြိုးပမ်းပါ့မယ်.....ကိစ္စပြီးမြောက်ချိန်မှာ မင်းကြီး နတ်ရွာစံခဲ့ရင်လည်း ဒီအစေခံနောင်ဘဝထိလိုက်ပြီး မင်းကြီးကို အလုပ်ကျွေးပြုပါ့မယ်........

ယန်ရှန်း ပျောက်ကွယ်သွားတော့မှသာ ရှဲ့ဟယ် သက်ပြင်းချနိုင်တော့တယ်.....

တကယ်တော့ ယန်ရှန်း သူ့ကို စွန့်ပစ်ပြီး အကူညီမပေးတော့မှာကို ကြောက်နေခဲ့မိတယ်...မင်းသားအန်းနဲ့ ကျင်းကျောက်ကြားမှာရှိတဲ့ ကျေးဇူးတရားတွေ နာကျည်းမှုတွေကို ယန်ရှန်းသာ အသိဆုံးဖြစ်တယ်.....

ကျင်းကျောက် မိဖုရားကြီးပိုင်ရဲ့ ရုပ်သေးရုပ်ဖြစ်ခဲ့စဉ်က မင်းသားအန်းရဲ့ အကူညီတွေ ယူခဲ့ရတယ်....ဒီလိုကူညီရခြင်းမှာလည်း များစွာသော ​အကြောင်းပြချက်တွေရှိနေခဲ့တယ်....

ကျင်းဟန်( မင်းသားအန်း ) နဲ့ မင်းသမီး ချင်ဟွေး ( ကျင်းကျောက်၏ အမေ) တို့ဟာ အဖေတူ အမေကွဲ မောင်နှမတွေ ဖြစ်ကြပေမယ့်လည်း ဆက်ဆံရေး ပြေလည်ခဲ့ကြပါတယ်....နောက်ပိုင်း မင်းသမီးချင်ဟွေး အဆောင်ထဲမှာ ပိတ်လှောင်ခံကတုန်းကလည်း ကျင်းဟန် မင်းကြီး ချန်းယွန်ရှေ့မှာ သောင်းကျန်းခဲ့သေးတယ်....

နောက်ပိုင်း မင်းကြီး ချန်းယွန်နဲ့ မင်းသမီးချင်ဟွေးတို့ ဆုံးပါးပြီးတဲ့အခါ ကျင်းကျောက် ထီးနန်းဆက်ခံခဲ့တယ်....ကျင်းဟန်ဟာ မင်းသမီးချင်းဟွေးအပေါ် ရှုပ်ထွေးတဲ့ ခံစားချက်တွေရှိခဲ့တယ်...သူတို့နှစ်ယောက်က အရမ်းကြီး မရင်းနှီးခဲ့ကြသလို အရမ်းကြီးလည်း မစိမ်းသက်ခဲ့ကြဘူး.....

ကျင်းဟန်ဟာ ထူးချွန်ထက်မြက်ပြီး အရည်ချင်းရှိပေမယ့်လည်း ရည်ရွယ်ချက်ကြီးမားသူတစ်ယောက်မဟုတ်ခဲ့ပါဘူး..သူဟာ ခွန်အားကို တစ်ချိန်လုံးဖုံးကွယ်ထားခဲ့ပါတယ်....ကျင်းကျောက်ရဲ့ အခြေနေမှန်ကိုသာ မသိခဲ့ရရင် ကျင်းကျောက်အတွက် ထီးနန်းရယူပေးဖို့ တော်လှန်ပုန်ကန်မှာ မဟုတ်ခဲ့ဘူး.....

တစ်ခါတုန်းက ကျင်းဟန် နန်းတော်ထဲရောက်တဲ့အချိန်မှာ မိန်းမစိုးတစ်ယောက်က ကျင်းကျောက်ကို အနိုင်ကျင့်နေတာကို အမှတ်တမဲ့ မြင်ခဲ့ရတယ်....ဒါဟာ ကျင်းဟန်ကို အတော်လေးဒေါသထွက်စေခဲ့တယ်...ကျင်းကျောက် မွေးဖွားလာမှုကို ဘယ်သူမှ မနှစ်မျို့ပေမယ့်လည်း ကျင်းကျောက်ရဲ့ခန္ဓာကိုယ်ထဲမှာ အသန့်စင်ဆုံးသော တော်ဝင်သွေးတွေ စီးဆင်းနေဆဲပဲလေ.....

ဒါနဲ့များ ဒီလူကို ယောက်ကျားတွေထက်တောင် နိမ့်ကျသေးတဲ့ မိန်းမစိုးတစ်ယောက်က ဘယ်လိုတောင် စော်ကားဝံ့ရတာလဲ.....

ထိုမိန်းမစိုးကို နေရာမှာတင် ပွဲချင်းပြီး ကွပ်မျက်ပစ်ခဲ့တယ်.....ပိုင်မိဖုရားကြီး လွယ်လွယ်လှည့်စားလို့ရမယ့်သူထဲမှာ ကျင်းဟန်ပါခဲ့ဘူး....ဒါ့ကြောင့် လက်ရှိအ​ခြေနေတွေအပေါ် ကျင်းဟန် သံသယဝင်လာခဲ့တယ်.....

ဒီလုပ်ရပ်တွေရဲ့နောက်ကွယ်မှာ ပိုင်မိဖုရားကြီးရှိနေခဲ့တယ်.....တိုင်းပြည်ရဲ့ ရှင်ဘုရင်တစ်ပါးကို လူမြင်သူမြင် စော်ကားရဲတဲ့အတွက် ပိုင်မိဖုရားကြီးကလည်း ခေသူမဟုတ်ခဲ့ပေ။

ကျင်းဟန် ​ဒေါသထွက်နေပေမယ့်လည်း နှစ်ပေါင်းများစွာ သြဇာလွှမ်းမိုးထားခဲ့တဲ့ ပိုင်မိသားစုကို လွယ်လွယ်ရှင်းထုတ်ပစ်လို့မရခဲ့ဘူး......ဒါ့ကြောင့် နန်းတော်ထဲ တိတ်တဆိတ်ခိုးဝင်ပြီး ကျင်းကျောက်နဲ့တွေ့ဆုံးခဲ့တယ်....

အစကတော့ မှားယွင်းနေတာတွေကို အမှန်တိုင်းဖြစ်အောင် တည့်မတ်ပေးချင်ပေမယ့်လည်း အရာအားလုံးကို စိတ်ကုန်နေသူတစ်ယောက်လို တစ်ယောက်တည်း တိတ်ဆိတ်ကြေကွဲနေတတ်တဲ့ လူငယ်လေး ကျင်းကျောက်ကို ကျင်းဟန် ချစ်မိသွားခဲ့လေတယ်.........

ဒါတွေကို ပြန်တွေးမိချိန်မှာ ရှဲ့ဟယ် ငိုကျွေးနေခဲ့မိတယ်......

တော်ဝင် ကျင်းမိသားစုတွေက တစ်ယောက်မှ ပုံမှန်မဟုတ်ကြပါလား.......

ကျင်းကျောက်အပေါ်မှာ ခံစားချက်တွေရှိနေလို့သာ ပိုင်မိသားစုကို အမြစ်ဖြတ်သုတ်သင်ဖို့ ကျင်းဟန် ကူညီခဲ့တာပါ.....

ဒါပေမယ့်လည်း အာဏာပြန်ရပြီးချိန်မှာ ကျင်းကျောက်က မင်းသားအန်းကို နေပြည်တော်ကနေ နှင်ထုတ်ခဲ့တယ်.....

ဒီလို ဆိုးယုတ်လှတဲ့ ဘဝကြီးထဲကနေ ရုန်းထွက်န်ိူင်အောင် ကျင်းကျောက် အတော်​လေး
ကြိုးစားရုန်းကန်ခဲ့ရပါတယ်...

ယောက်ကျားသားတွေအပေါ်ထားရှိတဲ့ အမုန်းတရားတွေက ဆံဖျားမှ ​​ခြေဖျားထိတိုင် ပြည့်နှက်နေခဲ့တယ်...ယောက်ကျားတစ်ယောက်ရဲ့ ခန္ဓာကိုယ်အောက်ကို နောက်တစ်ခါ မသက်ဆင်းပေးချင်တော့ဘူး.....ဒါအပြင် ကျင်းကျောက်ဟာ သံသယလွန်ကဲပြီး ထိရှလွယ်သူတစ်ယောက်ပါ....ကျင်းဟန် တစ်ချိန်ချိန်မှာ ပြောင်းလဲမသွားနိူင်ဘူးလို့ ဘယ်သူအာမခံ ခံပေးနိူင်မှာလဲ...ကျင်းဟန် အနားမှာရှိနေသ၍ စိတ်ဖြောင့်ဖြောင့်နဲ့ ထီးနန်းစိုးစံနိုင်မှာ မဟုတ်ဘူး.....

ဒီလို ကျေးဇူးကန်းတဲ့ အပြုအမူအတွက်လည်း ကျင်းဟန်ဘက်က ထူးထူးခြားခြား မနာကျည်းခဲ့ပါဘူး....အကယ်၍ သူသာ ထွက်မသွားချင်ခဲ့ရင် ကျင်းကျောက်ဘက်က ဘယ်နည်းလမ်းသုံးသုံး ထွက်သွားခိုင်းလိို့ရမှာ မဟုတ်လောက်ဘူး....ဒါပေမယ့် ကျင်းကျောက်ရဲ့ နာကျင်စရာအတိတ်တွေ သိထားသူတစ်ယောက်ဖြစ်တဲ့အတွက် ကျင်းကျောက်ကို ဖိအားတွေ ထပ်မပေးရက်ခဲ့ဘူး.....

ဒါ့​ကြောင့် ကျင်းဟန် ထွက်မသွားခင်မှာ ကျင်းကျောက်ဆီ စာတစ်စောင်ရေးပေးခဲ့တယ်.....

// မင်းသာ ပြန်မလာစေချင်ဘူးဆို ကိုယ်နေပြည်တော်ကို ​​​​ ဘယ်​တော့မှ ခြေမချတော့ဘူး.....အကယ်၍ မင်းသာ ကိုယ့်ကိုလက်ခံ
မယ်ဆို ဘယ်လောက်ဝေးဝေး ကိုယ်ရောက်အောင်လာခဲ့ပါ့မယ်......//

ဒါပေမယ့်လည်း ကျင်းဟန် ထွက်သွားပြီးတကည်းက ဘယ်တော့မှ ပြန်မလာဖြစ်ခဲ့ပါဘူး......

ဒီအကြောင်းတွေကို အစအဆုံး သိနေတဲ့ ယန်ရှန်းက ရှဲ့ဟယ်ရဲ့ " လက်ခံပေးမယ် " ဆိုတဲ့စကားကြောင့် နာကျင်ဝမ်းနည်းနေခဲ့တာပါ.....

ချူရှင်းကို ရင်ဆိုင်ဖို့အတွက် မင်းကြီးက တစ်ပါးသူလက်ထဲ သက်ဆင်းပေးရတော့မယ်......

မင်းသားအန်း ပြန်လာဖို့ အချိန်တန်ပြီ.....ကျန်းဇူက လူဉီးရေထူထပ်ပြီး ချမ်းသာကြွယ်ဝတဲ့ မြို့တစ်မြို့ဖြစ်တယ်.....မင်းသားအန်းတစ်ယောက် ကျန်းဇူမှာ အုပ်စိုးနေခဲ့တာ အချိန်အတော်ကြာခဲ့လေပြီ....နဂိုရှိရင်းစွဲအာဏာပေါ်မှာ ကျန်းဇူရဲ့ ချမ်းသာကြွယ်ဝမှုကို ထပ်ပေါင်းလိုက်မယ်ဆို မင်းသားအန်းတစ်ယောက် ချူရှင်းကို ရင်ဆိုင်နိုင်ပါလိမ့်မယ်.......

ဒါတင်ဘယ်ကမလဲ.....ကျင်းဟန်က အရင်ဧကရာဇ်ရဲ့ အငယ်ဆုံးသားတော် ဖြစ်တဲ့အပြင် လက်ရှိဧကရာဇ်ဖြစ်တဲ့ ကျင်းကျောက်ရဲ့ ဉီးရီးတော်ဆိုလဲ ဟုတ်တယ်....ကျင်းကျောက် ကွယ်လွန်သွားသည့်တိုင် ချူရှင်းသာ သစ္စာဖောက်တစ်ယောက်အဖြစ် ကျင်းမိသားစုအကုန်လုံးကို မသုတ်သင်န်ိုင်ဘဲ ထီးနန်းရယူနိုင်လိမ့်မည်မဟုတ်ပေ။

ဒါ့အပြင် ချူရှင်းလို လူစားမျိုးရဲ့ စိတ်နှလုံးသားကို ချုပ်ကိုင်ချင်တယ်ဆို သနားစရာကောင်းအောင်ပြုမူနေတာတစ်ခုတည်းနဲ့ မလုံလောက်နိုင်သေးဘူး........

ဘာပဲဖြစ်ဖြစ် ကျင်းဟန်ပြန်ရောက်လာရင် ပိုပြီးတော့ အကျိုးရှိလာလိမ့်မယ်....ဒါဆို အမှတ်တွေလဲ အများကြီးထပ်ရလာဉီးမယ်....ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်လိုက်သလို အကျိုးရှိလာပေဉီးမည်သာ.....

ရှဲ့ဟယ် မျက်မှောင်ကြုံ့လိုက်ပြီး အပြင်ဘက်က အ​​​ခြေနေကို နားစွင့်နေလိုက်တယ်....အသံတွေ ငြိမ်သွားပုံထောက်ရင် ယန်ရှန်း လွတ်မြောက်သွားပြီထင်ပါရဲ့.......

ထိုအချိန်မှာ အေးခိုက်လောက်အောင် အေးစက်နေသော လေအေးများ တိုက်ခတ်လာပြီး အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော ချူရှင်းရောက်လာခဲ့လေတယ်.......

မှုန်ဝါးသော လရောင်အောက်မှာ တစ်လှမ်းချင်းလှမ်းလျှောက်လာပုံက ရှဲ့ဟယ်ရဲ့ နှလုံးသားကို နင်းလျှောက်လာသည့်ပမာနှယ်......

ရှဲ့ဟယ်က အမူအရာမပျက်သည့်အပြင် ပြုံးတောင် ပြုံးပြနေလိုက်သေးသည်.......

လရောင်ခြည်က ချူရှင်းရဲ့ တင်းမာနေတဲ့ မျက်နှာထားကို အလွှာတထပ်ဖုံးလွှမ်းထားသလို ဖြာကျနေတယ်.....ချူရှင်းရဲ့ လက်ရှိအသွင်သဏ္ဍာန်က သတ်ဖြတ်ခြင်းနတ်ဘုရားတစ်ပါးလို ထိတ်လန့်စရာကောင်းလွန်းနေတယ်.....

ရှဲ့ဟယ် အနားရောက်တဲ့အခါ ချူရှင်းက.....

" မင်းကြီးက မနာခံတတ်သေးဘူးပဲ....."

[ တင်းတောင်....ပစ်မှတ်၏ ဇာတ်ကောင်စရိုက်အမှောင်ဖုံးခြင်းရမှတ် အမှတ် ၂၀ ထပ်တိုးသွားပါပြီ.... စုစုပေါင်း နှစ်သက်မှု ၇၅ မှတ်နဲ့....ဇာတ်ကောင်စရိုက်အမှောင်ဖုံးခြင်းရမှတ် ၁၀၀ ရှိနေပါပြီ......]

[ ရှဲ့ဟယ်: ဘေဘီ ရှိနေတာလား.....]

[ 444:  ရှိပါတယ်ခင်ဗျ....(⊙v⊙) ]

[ ရှဲ့ဟယ်: ဒါဆိုအခုရက်ပိုင်း တစ်နေရာရာမှာ သွားကစားနေလိုက်နော်.....ကုန်ကျစရိတ်အားလုံး ငါ တာဝန်ယူတယ်.....]

[ 444: ကြည့်ရတာ ကလေးတွေ ကြည့်ဖို့မသင့်တဲ့ဟာတွေ ဖြစ်လာတော့မယ်ထင်တယ်..]

[ ရှဲ့ဟယ်:  ဟုတ်တယ်....]

[ TN- ငါကလေးမဟုတ်တော့ဘူးလေ ..လင်လဲရနေပါပြီဟယ်...ငါ့လဲပေးကြည့်ကြပါဉီးဟဲ့ ...မြင်ဖူးတယ်ရှိအောင် ပြကြစမ်းပါ 😭😭]

ချူရှင်းက ရှဲ့ဟယ်ကို အခန်းထဲဆွဲသွင်းသွားခဲ့တယ်....သုံးရက် သုံးည ကြာမြင့်ပြီးချိန်မှာ ရှဲ့ဟယ် အသေကောင်ကြီးလို အိပ်ယာပေါ်လှဲလျောင်းနေခဲ့ရလေပြီ......

ဒီသုံးရက်စလုံး ချူရှင်း ရှဲ့ဟယ်ကို အေးစက်သောအကြည့်တွေနဲ့သာ ကြည့်နေခဲ့တယ်....

ဒီဘုရင် စကားတစ်ခွန်းမှ မပြောတော့ဘူးလား....ခွင့်လွှတ်ပေးဖို့ အသနားမခံတော့ဘူးလား.....

စိတ်ဓာတ်ကြံ့ခိုင်လှပါပြီဆိုတဲ့ ဝါရင့် စစ်ပြန်ကြီးတွေတောင် ဒီလို နှိပ်စက်မှုမျိုးကို ခံနိုင်လောက်မှာ မဟုတ်ဘူး....နာကျင်မှုကို မခံစားဖူးတဲ့ ဒီဘုရင်ဆိုးလေး ဒါကို ဘယ်လိုများ ခံနိုင်ရည်ရှိနေတာလဲ......

ငါ ဒီဘုရင်ကို မသတ်န်ိူင်သေးဘူးလား......

ဒီအတွေးကြောင့် ချူရှင်း အလိိုလိုနေရင်း ဒေါသထွက်လာမိပြန်တယ်....ဒီဘုရင်ဆိုးလေးကို သတ်ပစ်ဖို့ အစကတည်းကကြံစည်ထားပြီးပြီ.....စားသောက်ပွဲမှာ သူ့ကို အဆိပ်ခတ်လိုက်ကတည်းက သူသေကိုယ်သေ တိုက်ခိုက်ကြဖို့လည်း ရည်ရွယ်ခဲ့ပြီးပြီ.....

ပုန်ကန်ဖို့ ရွေးချယ်လိုက်ကတည်းက သူ့မှာ ပြန်လမ်းမရှိတော့ဘူး.....ဘာ့ကြောင့်များ တုံ့ဆိုင်းနေမိတာလဲ.....

ဒီဘုရင်ဆိုးလေး သေလို့ မဖြစ်သေးကြောင်း ကိုယ့်ကိုကိုယ် ထပ်ခါထပ်ခါ သတိပေးနေခဲ့တယ်.....အချိန်နည်းနည်းလောက်ပိုပြီး အသက်ရှင်ခိုင်းရဉီးမယ်.....

ဒါ တကယ်ပဲလား....သူဘယ်တုန်းကစပြီး ပခုလို မပြတ်မသားတွေ ဖြစ်ခဲ့ရတာလဲ....ရှင်းပါတယ်....ရွေးချယ်စရာမရှိသည့်တိုင် ဒီဘုရင်ဆိုးလေးကို သူ မသေစေချင်သေးဘူးလေ.....

ဒီဘုရင်ဆိုးလေးသာ သူ့တောင်းဆိုချက်တွေကို လိုက်လျောပေးနေသ၍ အသက်ရှင်ခွင့်ပေးထားဉီးမှာပါ......

ချူရှင်း ရှဲ့ဟယ်ရဲ့ မျက်နှာကို ဆွဲမော့လိုက်တယ်.....

မျက်နှာတစ်ခုလုံး ဖြူဖျော့နေပြီး နှုတ်ခမ်းထောင့်ကနေ သွေးအနည်းငယ်စီးကျနေတယ်.....ဒါပေမယ့် မျက်လုံးတွေကိုတော့ မှိတ်ထားတယ်....မျက်တောင်ဖျားလေးတွေမှာ မျက်ရည်တွေ စိုစွတ်နေပြီး နာကျင်မှုကြောင့် မျက်ခုံးလေးတွေ တွန့်ချိုးနေတယ်....နှုတ်ခမ်းသားလေးတွေလဲ ဖြူဖျော့နေတယ်.....

ချူရှင်း အားထည့်ပြီး ဖျစ်ညှစ်လိုက်တဲ့အခါ နာကျင်မှုကြောင့် မျက်လုံးဖွင့်ကြည့်လာခဲ့တယ်.....

လှပလွန်းတဲ့ မျက်တောင်လေးတွေက တောင်ပံများသဖွယ် တဖြည်းဖြည်း လှုပ်ခါလာသည့်အခါ ဇာမဏီမျက်ဝန်းသဏ္ဍာန် မျက်ဝန်းလှလှလေးများကို မြင်တွေ့လိုက်ရတယ်.....

ချူရှင်း ထိုမျက်ဝန်းလေးများကို စိုက်ကြည့်လိုက်ပြီး......

" မင်းကြီးက သိပ်ခေါင်းမာတာပဲ....ကိုယ့်ဒုက္ခကိုယ်ရှာတဲ့နေရာမှာ တကယ်ထူးချွန်တယ်နော်......"

Zawgyi

ခ်ဴ႐ွင္း ခ်န္ခ်ဳန္ကို ႏႈတ္ဆက္ၿပီး ျပန္လာခဲ့လိုက္တယ္...နန္းေတာ္ကို ေရာက္တဲ့အခါ လက္ေအာက္ငယ္သားတစ္ေယာက္လာေပးတဲ့စာကို ဖတ္လိုက္ၿပီး အမူအရာေတြ ခ်က္ခ်င္းေျပာင္းလဲသြားခဲ့တယ္ ....ၿပီးတာနဲ႔ ျမင္းကို အေသာ့ႏွင္ၿပီး တစ္ေနရာဆီ ထြက္ခြာသြားခဲ့ေလတယ္.....

ခ်င္နန္းေတာ္ကို ေရာက္ေရာက္ခ်င္းမွာပဲ...႐ွဲ႕ဟယ္ရဲ႕ပါးစပ္ထဲမွာ ေသြးေတြ ျပည့္ေနတာကို ျမင္လိုက္ရတယ္.....

" ကြၽန္ေတာ္တို႔ ထမင္းလာပို႔ေတာ့ သူ လွ်ာကိုက္ၿပီး ေသေၾကာင္းၾကံေနခဲ့တာ....အသိျမန္လိုက္လို႔ ေသေတာ့ မေသေသးဘူး....သမားေတာ္ေတာ့ ေခၚထားၿပီးၿပီ....."

႐ွဲ႕ဟယ္က ျဖဴ​ေဖ်ာ့ေနသည့္တိုင္ ခ်ဴ႐ွင္းကို အၾကည့္ေတြနဲ႔ အသံတိတ္ ေလွာင္ေျပာင္ေနဆဲပါပဲ.......

ခ်ဴ႐ွင္း ေဒါသပုန္ထေနေလၿပီ.....ဒီဘုရင္ဆိုးေလးက သူ႕ကိုအခ်ိန္တိုင္း ေဒါသထြက္ေအာင္ လုပ္ေနခဲ့တာပဲ.....

" လြယ္လြယ္ေသလို႔ ရ႐ိုးလား...."

ဂ႐ုမစိုက္မိတဲ့ တခဏမွာ ေသေၾကာင္းၾကံဖို႔ ႀကိဳးစားခဲ့တယ္....ေအးေအးေဆးေဆး မေနဘဲ ကိုယ့္ဒုကၡ ကိုယ္႐ွာခ်င္ေနတယ္ေပါ့..... သေဘာထားႀကီးေပးမိတာ မွားၿပီပဲ.....တခဏတာ စိတ္႐ႈပ္ေထြးသြားမိလို႔ ဒီဘုရင္ရဲ႕ ဆိုးသြမ္းမႈေတြကို ေမ့ထားခဲ့မိတယ္....ဒီလိုအမွားမ်ိဴး ဘယ္ေတာ့မွ ထပ္မက်ဴးလြန္ေတာ့ဘူး.....

႐ွဲ႕ဟယ္ ေသြးေတြ မ်ိဳခ်လို႔မရေအာင္ ခ်ဴ႐ွင္းက ဖိထားလိုက္တယ္...စိတ္ထဲမွာေတာ့ ဒီသမားေတာ္ ဘာေၾကာင့္ ေနာက္က်ေနသလဲ ေတြးေတာေနေပမယ့္ လက္ေတြ႕မွာေတာ့ လက္ေအာက္ငယ္သားတစ္ေယာက္ကိုေသြးတိတ္ေဆး အျမန္သြားယူခိုင္းလိုက္တယ္......

ေသြးတိတ္ေဆးေၾကာင့္ ေသြးသိပ္မထြက္ေတာ့ေပမယ့္လည္း သမားေတာ္ေရာက္လာၿပီး အပ္စိုက္ကုသေပးလိုက္မွသာ ေသြးတိတ္သြားခဲ့ေလတယ္....

ကံေကာင္းလို႔သာ အခ်ိန္မွီခဲ့ျခင္းျဖစ္တယ္...နည္းနည္းသာ ​ေနာက္က်သြားပါက ေသြးထြက္လြန္ၿပီး အသက္ဆုံး႐ႈံး ရလိမ့္မည္သာ.....

သမားေတာ္က ဒဏ္ရာကို ေသခ်ာဂ႐ုစိုက္ဖို႔ မွာၾကားၿပီး ျပန္သြားခဲ့တယ္....

သမားေတာ္ ထြက္သြားတာနဲ႔ ခ်ဴ႐ွင္းက ႐ွဲ႕ဟယ္ရဲ႕ ေမးေစ့ကို ညစ္လိုက္ၿပီး.....

"မင္းႀကီးက တစ္ဖက္သားကို နည္းနည္းေလးမွ ပင္ပန္းေအာင္ မလုပ္ရရင္ မေနႏိူင္ဘူးေနာ္...."

႐ွဲ႕ဟယ္က စကားျပန္မေျပာႏိုင္ေပမယ့္လည္း အၾကည့္ေတြနဲ႔ ေလွာင္ေျပာင္ေနခဲ့တယ္.....

ခ်ဴ႐ွင္းက ႐ွဲ႕ဟယ္ရဲ႕ နားနားကို တိုးတိုးေလးကပ္ေျပာလိုက္တယ္.....

" စိတ္႐ွည္႐ွည္ထားစမ္းပါ...ကြၽန္ေတာ္မ်ိဳးက မင္းႀကီးကို လြယ္လြယ္ ေသခိုင္းမွာမဟုတ္ဘူး."

ခ်ဴ႐ွင္းက ႐ွဲ႕ဟယ္ထပ္ၿပီး ဒဏ္ရာမရေအာင္ ပါးစပ္အစို႔ေလး ျပန္တပ္ေပးလိုက္ၿပီး စူးရဲလွေသာ အၾကည့္ေတြနဲ႔ စိုက္ၾကည့္ေနလိုက္ၿပီး.....

"အရင္တုန္းက က်ဳပ္ဘယ္ေလာက္ ညႇာတာေပးခဲ့သလဲဆိုတာ မင္းႀကီး မၾကာခင္သိလာမွာပါ....."

ရန္သူ႕အေပၚကို ညႇာတာသနားရန္ စာနာေထာက္ထားေနရန္ လုံးဝမလိုအပ္ေပ......

ခ်ဴ႐ွင္းက ႐ွဲ႕ဟယ္ကို သတိေပးသလို စိုက္ၾကည့္လိုက္ၿပီး ထြက္သြားခဲ့ေလတယ္.....

[ 444: ဝါးးးးး ေသြးေတြအမ်ားႀကီးပဲ....ဘယ္လိုလုပ္ၾကမလဲ....ဘယ္လိုလုပ္ၾကမလဲလို႔! !!!]

[ ႐ွဲ႕ဟယ္: အမွန္တိုင္းဝန္ခံရရင္ လွ်ာကိုက္တယ္ဆိုတာ သတ္ေသဖို႔အတြက္ နည္းလမ္းေကာင္း လုံးဝဟုတ္မေနဘူး.....အေသနာတယ္...ၿပီးေတာ့ ခ်က္ခ်င္းလည္း မေသႏိုင္ဘူး.....]

[ 444: အာ့ဆို ဘာလို႔ လွ်ာကိုက္ေသးလဲ....]

[ ႐ွဲ႕ဟယ္ : ဘာလို႔လဲဆိုေတာ့ အဲ့ဒီ့နည္းက က်က္သေရ႐ွိ႐ွိ လွလွပပေသလို႔ရတဲ့ နည္းမို႔လို႔ပဲ.....]

[ 444: .........]

[ ႐ွဲ႕ဟယ္ : ေဘဘီ....ငါ့ကို အနာသက္သာတဲ့ေဆးေလး ေပးစမ္းပါဉီး...... ]

[ 444: .........] Host တာ့တာ့က အနာသက္သာတဲ့ေဆးမေတာင္းတာၾကာေတာ့ ငါေလး ေမ့ေတာင္ ေမ့ေနၿပီပဲ.......

ဤတစ္ႀကိမ္တြင္ ခ်ဴ႐ွင္း ႐ွဲ႕ဟယ္ကို လုံးဝမညႇာတာေတာ့ေပ။ စစ္တပ္ထဲတြင္ ႏွစ္ေပါင္းမ်ားစြာေနထိုင္ခဲ့သူ ျဖစ္တဲ့အတြက္ သုံ႔ပန္းေတြကို အသက္မေသေအာင္ ႏွိပ္စက္ႏိုင္တဲ့နည္းလမ္းေတြ အမ်ားႀကီးကို သိေနခဲ့တယ္.....

႐ွဲ႕ဟယ္ တစ္ညလုံး အိပ္ေပ်ာ္ေနခဲ့ေသာ္လည္းႏိုးလာခ်ိန္မွာ ႏိုးတစ္ဝက္ အိပ္တစ္ဝက္ျဖစ္ေနဆဲပင္...

ျပတင္းေပါက္နားမွာ လူရိပ္တစ္ခုလႈပ္႐ွားေနတာကို ျမင္လိုက္ရၿပီး ထိုလူက အသံမထြက္ဘဲ အခန္းထဲကို ဝင္လာခဲ့တယ္....

အမေလး .....ဘုရားသၾကားမလို႔ အသက္႐ွင္ႏိုင္ၿပီပဲ...ေနာက္ဆုံးေတာ့ ယန္႐ွန္းေရာက္လာၿပီေပါ့......ေနာက္ထပ္လွမ္းရမယ့္ ​​ေျခလွမ္းေတြအတြက္ ယန္႐ွန္းကို တကယ္လိုအပ္ေနခဲ့တာ....သူသာ ေရာက္မလာရင္  ဆက္ၿပီး အနာခံေနရဉီးမယ္.....

ဒီအေတာအတြင္း လိုက္႐ွာေနတဲ့သူေတြ လက္ကလြတ္ေအာင္ ယန္႐ွန္း တစ္ေနရာၿပီးတစ္ေနရာ ေျပာင္းေ႐ြ႕ပုန္းေအာင္းေနခဲ့ရတယ္....ဒါ့အျပင္ ခ်န္ယန္ရဲ႕ ကိစၥေတြကို အမွန္တိုင္းသိရေအာင္ စုံစမ္းေနတဲ့အတြက္ နန္းေတာ္ထဲ မဝင္ႏိုင္ခဲ့ေသးေပ.....

႐ွဲ႕ဟယ္က ခ်ဴ႐ွင္းကို ဆုလာဒ္ေတြေပးသနားလို​က္တယ္ ၾကားကတည္းက ႐ွဲ႕ဟယ္ ခ်ိန္း​ေျခာက္ခံေနရမွန္း သိခဲ့တယ္...သူ မင္းႀကီးအတြက္ တကယ္ကို စိတ္ပူေနခဲ့တယ္......

ယန္႐ွန္းက သူ႕ကိုယ္သူ အေသခံၿပီး ခ်ဴ႐ွင္းလက္ကေန မင္းႀကီးကို ကယ္ထုတ္ဖို႔ ႀကိဳးစားခဲ့တယ္....ဒါေပမယ့္ ႏွိပ္စက္ခံထားရတဲ့ ႐ွဲ႕ဟယ္ကို ျမင္လိုက္ရခ်ိန္မွာ ယန္႐ွန္ရဲ႕ မ်က္လုံးေတြ နီရဲလာခဲ့တယ္.....

ဤျမင္ကြင္းမ်ိဳးကို လြန္ေလၿပီးခဲ့ေသာ ႏွစ္မ်ားတုန္းကတည္းက ျမင္ေတြ႕ဖူးခဲ့ပါတယ္.....

ယန္႐ွန္းတစ္ေယာက္  ႐ွဲ႕ဟယ္ ပါးစပ္မွာ စည္းေႏွာင္ထားတဲ့ ႀကိဳးေတြကို ျဖတ္ေတာက္လိုက္ၿပီး ႐ွဲ႕ဟယ္ကို ညႇင္သာစြာေထြးေပြ႕လိုက္တယ္....တုန္ရီေနတဲ့ လက္ေတြနဲ႔ ႐ွဲ႕ဟယ္ပါးစပ္ထဲက အစို႔ကို ဖယ္႐ွားေပးေနတယ္......

ယန္႐ွန္းရဲ႕ မ်က္ဝန္းေတြ နီရဲေနၿပီး ရင္ထဲမွာ ဆို႔နင့္လာတယ္.....

"ဒီအေစခံ အလာေနာက္က်သြားတယ္ မင္းႀကီးရယ္......"

႐ွဲ႕ဟယ္က ယန္႐ွန္းမွန္းေသခ်ာေအာင္ ခဏေလာက္စိုက္ၾကည့္လိုက္ၿပီး ကြဲ႐ွေနေသာ ေလသံနဲ႔.......

" ေမာင္မင္းေရာက္လာၿပီပဲ....."

ယန္႐ွန္းက တုန္ရီေနေသာ ေလသံကို အတတ္ႏိုင္ဆုံး ထိန္းလိုက္ၿပီး.....

" ဒီအေစခံေရာက္လာပါၿပီ...မင္းႀကီးကို ဒီေနရာကေန ကယ္ထုတ္သြားမယ္....."

ခ်ဴ႐ွင္း! !!! သစၥာေဖာက္ေကာင္....လူတိုင္းရဲ႕ ပါးစပ္ဖ်ားမွာေတာ့ တိုင္းျပည္ေပၚ သစၥာေစာင့္သိလြန္းတဲ့ သူရဲေကာင္းႀကီးေပါ့.....သူရဲေကာင္းတဲ့လား....ဟာသပဲ....ဒီေကာင္ကအ႐ွင္မင္းျမတ္ကို အခုလို ရက္ရက္စက္စက္ ညႇင္းပန္းႏွိပ္စက္ထားတယ္.....ဒါဆို ဒီေကာင္ခ်ဴ႐ွင္းလည္း  အတိတ္ကာလေတြတုန္းက အ႐ွင္မင္းႀကီးကို ႏွိပ္စက္ညႇင္းပန္းခဲ့တဲ့သူေတြနဲ႔ မထူးမျခားနားပါပဲ.......

​ေသသင့္တဲ့သူေတြ၊ ယုတ္မာတဲ့သူေတြ၊ မ်က္ႏွာႏွစ္ဖက္႐ွိတဲ့ ေၾကာင္သူေတာ္ေတြ! !!!

ယန္႐ွန္းရဲ႕ ႏွလုံးသားတစ္ခုလုံး ​ေျခာက္ေသြ႕သြားသလို နာက်င္ေနခဲ့ရတယ္.....ဒါေပမယ့္လည္း ဒီမွာ ၾကာၾကာေနလို႔ မျဖစ္ေသးတဲ့အတြက္ လက္ထဲကဓားနဲ႔ ႐ွဲ႕ဟယ္ေျခေထာက္က ​ေျခထိပ္ေတြကို ခုတ္ျဖတ္လိုက္တယ္.....

သို႔ေပမယ့္လည္း မာေၾကာလြန္းတဲ့ သတၱဳနဲ႔ ျပဳလုပ္ထားတာျဖစ္တဲ့အတြက္ ျဖတ္ေတာက္လို႔ မရခဲ့ေပ.....

ယန္႐ွန္း အံႀကိတ္လိုက္ၿပီး ႐ွဲ႕ဟယ္ကို ေပြ႕ခ်ီကာ ျပတင္ေပါက္ကေန ခုန္ထြက္လိုက္တယ္.....

ကံဆိုးပါတယ္.......

ခ်င္နန္းေဆာင္ အျပင္ကို ေရာက္ေရာက္ခ်င္းမွာပဲ မီးတုပ္ေတြ ကိုင္ေဆာင္ထားတဲ့ ရဲမက္ေတြက သူတို႔ကို ဝိုင္းထားလိုက္ေလၿပီ.....

ဒါကို ျမင္ေတာ့ ႐ွဲ႕ဟယ္က တည္​ၿငိမ္စြာနဲ႔ပဲ.....

" ဒါက ေထာင္​ေျခာက္ပဲ....."

ခ်ဴ႐ွင္း ဒီည သူ႕ဆီေရာက္မလာျခင္းသည္ ယန္႐ွန္းကို ေထာင္​ေျခာက္ဆင္ ဖမ္းဆီးဖို႔အတြက္သာပင္....

ယန္႐ွန္းက ႐ွဲ႕ဟယ္ကို တင္းၾကပ္စြာ ေပြ႕ဖက္လိုက္ၿပီး......

"မစိုးရိမ္ပါနဲ႔....ဒီအေစခံ မင္းႀကီးကို ရေအာင္ကယ္ထုတ္သြားပါ့မယ္....."

႐ွဲ႕ဟယ္က ေခါင္းခါျပလိုက္ၿပီး.....

" မဟုတ္ေသးဘူး....မင္း ထြက္သြားပါေတာ့...."

" ဒီအေစခံ အ႐ွင့္ကို မထားခဲ့ႏိူင္ဘူး..."

႐ွဲ႕ဟယ္က ယန္႐ွန္းကို စူးရဲစြာစိုက္ၾကည့္လိုက္ၿပီး......

" ေမာင္မင္း ကိုယ္ေတာ္နဲ႔ အတူ႐ွိေနမယ္ဆို  ေမာင္မင္း ထြက္သြားလို႔ရမွာ မဟုတ္ဘူး.

ဒါကို ယန္႐ွန္း မသိဘဲေနပါ့မလား.....ယန္႐ွန္းရဲ႕ မ်က္ဝန္းေတြထဲမွာ နာက်င္မႈေတြ ျပည့္သိပ္လာခဲ့တယ္....ဘယ္ေလာက္ပဲ သန္မာေနပါေစ သူလည္း လူသားတစ္ေယာက္ပါပဲ.....

ဒါေပမယ့္လည္း မင္းႀကီးကို ဘယ္လို ထားခဲ့ရက္ပါ့မလဲ.....သူ မေသေသးသ၍ ခ်ဴ႐ွင္း မင္းႀကီးကို နာက်င္ေအာင္လုပ္ခြင့္မေပးႏိုင္ေတာ့ဘူး......

မင္းႀကီးေဘးမွာ ေနာက္ဆုံးအခ်ိန္ထိ အတူမ႐ွိေပးႏိုင္တဲ့အတြက္ ဝမ္းနည္းမိပါတယ္....ဒီေလာကႀကီးကေန သူ အရင္ထြက္ခြာသြားရေတာ့မယ္.......ယန္႐ွန္းရဲ႕ မ်က္ဝန္းေတြထဲမွာ နာက်င္ဝမ္းနည္းမႈေတြကို အသံတိတ္သည္းခံေနရတဲ့ အရိပ္အေယာင္ေတြ ျမင္ေနရတယ္......

" ဒီအေစခံ မလုပ္ႏိူင္ဘူး......"

႐ွဲ႕ဟယ္က စိတ္ပိုင္းျဖတ္ထားဟန္ျဖင့္ ယန္႐ွန္းကို စူးရဲစြာစိုက္ၾကည့္လိုက္ၿပီး.....

" ေမာင္မင္း ဒီေနရာကေန အသက္႐ွင္လွ်က္
ထြက္သြားရမယ္!!"

" ေမာင္မင္းမွာ ကိုယ္ေတာ္႕ကိုယ္စား လုပ္ေပးရမယ့္အရာေတြ႐ွိတယ္....."

ယန္႐ွန္း မင္းႀကီးရဲ႕ အမိန္႔ေတြကို တစ္ခါေလးမွ် မျငင္းဆန္ဖူးခဲ့ေပ။ ဤသည္မွာ ပထမဆုံးအႀကိမ္ျဖစ္ ျငင္းဆန္ခဲ့ျခင္္းပင္....

သူမသြားခ်င္ဘူး.....သူမ႐ွိေတာ့ရင္ ဒီငရဲလိုေနရာမွာ မင္းႀကီးတစ္ေယာက္တည္း က်န္ခဲ့ရမွာ......

သူ႕ရဲ႕မင္းႀကီး အခုလို ႏွိပ္စက္ခံေနရတာမ်ိဳးေတြ ထပ္မျမင္ခ်င္ေတာ့ဘူး.....သူ႕ရဲ႕မင္းႀကီးကို အခုလိုေတြ မႏွိပ္စက္ၾကပါနဲ႔ေတာ့......

" ကိုယ္ေတာ္ ေမာင္မင္းကို က်န္းဇူကိုသြားေစခ်င္တယ္.....ဟိုေရာက္ရင္ မင္းသားအန္းကို ေနျပည္ေတာ္ျပန္လာၿပီး ကိုယ္ေတာ္႕ကို ကယ္ေပးဖို႔ ေျပာေပးပါ..... အရင္ႏွစ္ေတြတုန္းက သူေတာင္းဆိုထားတဲ့အရာကို ကိုယ္ေတာ္
လက္ခံေပးမယ္လို႔လဲ ေျပာေပးပါ....."

ယန္႐ွန္းတစ္ေယာက္ အေတာ္ေလး ထိတ္လန္႔သြားခဲ့ရတယ္......

" မင္းႀကီး....မင္းႀကီး...တ..တကယ္ပဲ...တကယ္ပဲ..."

႐ွဲ႕ဟယ္က ထြန္းညႇိထားတဲ့ မီးတုပ္ေတြကို ေငးၾကည့္လိုက္ၿပီး....

"ခ်ဴ႐ွင္းက ကိုယ္ေတာ္႕ကို အခုလို ႏွိပ္စက္ၿပီး အ႐ွက္ခြဲခဲ့တယ္...ကိုယ္ေတာ္သာ လြယ္လြယ္ေသသြားခဲ့ရင္ ကိုယ္ေတာ္႕တိုင္းျပည္ကို ခ်ဴ႐ွင္းအလြယ္တကူ သိမ္းပိုက္သြားလိမ့္မယ္.....ဒီလူက ထီးနန္းကို တရားနည္းလမ္းတက် စိုးစံဖို႔ထက္ အၾကမ္းနည္းနဲ႔ နန္းလုဖို႔ ႀကိဳးစားေနတယ္....."

ယန္႐ွန္း ခ်ဴ႐ွင္းကို ေသေလာက္ေအာင္ မုန္းပါတယ္...ဒါေပမယ့္ မင္းသားအန္းကိုေတာ့.....

႐ွဲ႕ဟယ္ ယန္႐ွင္းကို ျပဳံးျပလိုက္ၿပီး.....

"သြားေတာ့.....ကိုယ္ေတာ္႕မွာ ေမာင္မင္းတစ္ေယာက္ပဲ ႐ွိေတာ့တာ......ေမာင္မင္းကေတာ့ ကိုယ္ေတာ္႕ကို စိတ္မပ်က္ေစဘူး မဟုတ္လား......"

ယန္႐ွန္းကို ၾကည့္ရတာ နာက်င္မႈကို အႏိူင္ႏိုင္မ်ိဳသိပ္ေနပုံရတယ္....အခ်ိန္အေတာ္ၾကာမွသာ ႐ွဲ႕ဟယ္ကို လႊတ္ေပးလိုက္ၿပီး ဝတ္႐ုံေလးကို သပ္သပ္ရပ္ရပ္ေလးျဖစ္ေအာင္ ျပန္ျပင္ေပးခဲ့တယ္.....ၿပီးတာနဲ႔ ႐ွဲ႕ဟယ္ကို သုံးႀကိမ္ အ႐ိုအေသေပးၿပီး အေမွာင္ထုထဲကို တိုးဝင္သြားခဲ့ေလတယ္......

သူမသြားခင္ ေျပာခဲ့ေသးတယ္.....

" ဒီအေစခံေၾကာင့္ မင္းႀကီးစိတ္မပ်က္ေစရပါဘူး...."

မင္းႀကီးရဲ႕ ဆႏၵအတိုင္း အေစခံအသက္စြန္႔ႀကိဳးပမ္းပါ့မယ္.....ကိစၥၿပီးေျမာက္ခ်ိန္မွာ မင္းႀကီး နတ္႐ြာစံခဲ့ရင္လည္း ဒီအေစခံေနာင္ဘဝထိလိုက္ၿပီး မင္းႀကီးကို အလုပ္ေကြၽးျပဳပါ့မယ္........

ယန္႐ွန္း ေပ်ာက္ကြယ္သြားေတာ့မွသာ ႐ွဲ႕ဟယ္ သက္ျပင္းခ်ႏိုင္ေတာ့တယ္.....

တကယ္ေတာ့ ယန္႐ွန္း သူ႕ကို စြန္႔ပစ္ၿပီး အကူညီမေပးေတာ့မွာကို ေၾကာက္ေနခဲ့မိတယ္...မင္းသားအန္းနဲ႔ က်င္းေက်ာက္ၾကားမွာ႐ွိတဲ့ ေက်းဇူးတရားေတြ နာက်ည္းမႈေတြကို ယန္႐ွန္းသာ အသိဆုံးျဖစ္တယ္.....

က်င္းေက်ာက္ မိဖုရားႀကီးပိုင္ရဲ႕ ႐ုပ္ေသး႐ုပ္ျဖစ္ခဲ့စဥ္က မင္းသားအန္းရဲ႕ အကူညီေတြ ယူခဲ့ရတယ္....ဒီလိုကူညီရျခင္းမွာလည္း မ်ားစြာေသာ ​အေၾကာင္းျပခ်က္ေတြ႐ွိေနခဲ့တယ္....

က်င္းဟန္( မင္းသားအန္း ) နဲ႔ မင္းသမီး ခ်င္ေဟြး ( က်င္းေက်ာက္၏ အေမ) တို႔ဟာ အေဖတူ အေမကြဲ ေမာင္ႏွမေတြ ျဖစ္ၾကေပမယ့္လည္း ဆက္ဆံေရး ေျပလည္ခဲ့ၾကပါတယ္....ေနာက္ပိုင္း မင္းသမီးခ်င္ေဟြး အေဆာင္ထဲမွာ ပိတ္ေလွာင္ခံကတုန္းကလည္း က်င္းဟန္ မင္းႀကီး ခ်န္းယြန္ေ႐ွ႕မွာ ေသာင္းက်န္းခဲ့ေသးတယ္....

ေနာက္ပိုင္း မင္းႀကီး ခ်န္းယြန္နဲ႔ မင္းသမီးခ်င္ေဟြးတို႔ ဆုံးပါးၿပီးတဲ့အခါ က်င္းေက်ာက္ ထီးနန္းဆက္ခံခဲ့တယ္....က်င္းဟန္ဟာ မင္းသမီးခ်င္းေဟြးအေပၚ ႐ႈပ္ေထြးတဲ့ ခံစားခ်က္ေတြ႐ွိခဲ့တယ္...သူတို႔ႏွစ္ေယာက္က အရမ္းႀကီး မရင္းႏွီးခဲ့ၾကသလို အရမ္းႀကီးလည္း မစိမ္းသက္ခဲ့ၾကဘူး.....

က်င္းဟန္ဟာ ထူးခြၽန္ထက္ျမက္ၿပီး အရည္ခ်င္း႐ွိေပမယ့္လည္း ရည္႐ြယ္ခ်က္ႀကီးမားသူတစ္ေယာက္မဟုတ္ခဲ့ပါဘူး..သူဟာ ခြန္အားကို တစ္ခ်ိန္လုံးဖုံးကြယ္ထားခဲ့ပါတယ္....က်င္းေက်ာက္ရဲ႕ အေျခေနမွန္ကိုသာ မသိခဲ့ရရင္ က်င္းေက်ာက္အတြက္ ထီးနန္းရယူေပးဖို႔ ေတာ္လွန္ပုန္ကန္မွာ မဟုတ္ခဲ့ဘူး.....

တစ္ခါတုန္းက က်င္းဟန္ နန္းေတာ္ထဲေရာက္တဲ့အခ်ိန္မွာ မိန္းမစိုးတစ္ေယာက္က က်င္းေက်ာက္ကို အႏိုင္က်င့္ေနတာကို အမွတ္တမဲ့ ျမင္ခဲ့ရတယ္....ဒါဟာ က်င္းဟန္ကို အေတာ္ေလးေဒါသထြက္ေစခဲ့တယ္...က်င္းေက်ာက္ ေမြးဖြားလာမႈကို ဘယ္သူမွ မႏွစ္မ်ိဳ႕ေပမယ့္လည္း က်င္းေက်ာက္ရဲ႕ခႏၶာကိုယ္ထဲမွာ အသန္႔စင္ဆုံးေသာ ေတာ္ဝင္ေသြးေတြ စီးဆင္းေနဆဲပဲေလ.....

ဒါနဲ႔မ်ား ဒီလူကို ေယာက္က်ားေတြထက္ေတာင္ နိမ့္က်ေသးတဲ့ မိန္းမစိုးတစ္ေယာက္က ဘယ္လိုေတာင္ ေစာ္ကားဝံ့ရတာလဲ.....

ထိုမိန္းမစိုးကို ေနရာမွာတင္ ပြဲခ်င္းၿပီး ကြပ္မ်က္ပစ္ခဲ့တယ္.....ပိုင္မိဖုရားႀကီး လြယ္လြယ္လွည့္စားလို႔ရမယ့္သူထဲမွာ က်င္းဟန္ပါခဲ့ဘူး....ဒါ့ေၾကာင့္ လက္႐ွိအ​ေျခေနေတြအေပၚ က်င္းဟန္ သံသယဝင္လာခဲ့တယ္.....

ဒီလုပ္ရပ္ေတြရဲ႕ေနာက္ကြယ္မွာ ပိုင္မိဖုရားႀကီး႐ွိေနခဲ့တယ္.....တိုင္းျပည္ရဲ႕ ႐ွင္ဘုရင္တစ္ပါးကို လူျမင္သူျမင္ ေစာ္ကားရဲတဲ့အတြက္ ပိုင္မိဖုရားႀကီးကလည္း ေခသူမဟုတ္ခဲ့ေပ။

က်င္းဟန္ ​ေဒါသထြက္ေနေပမယ့္လည္း ႏွစ္ေပါင္းမ်ားစြာ ၾသဇာလႊမ္းမိုးထားခဲ့တဲ့ ပိုင္မိသားစုကို လြယ္လြယ္႐ွင္းထုတ္ပစ္လို႔မရခဲ့ဘူး......ဒါ့ေၾကာင့္ နန္းေတာ္ထဲ တိတ္တဆိတ္ခိုးဝင္ၿပီး က်င္းေက်ာက္နဲ႔ေတြ႕ဆုံးခဲ့တယ္....

အစကေတာ့ မွားယြင္းေနတာေတြကို အမွန္တိုင္းျဖစ္ေအာင္ တည့္မတ္ေပးခ်င္ေပမယ့္လည္း အရာအားလုံးကို စိတ္ကုန္ေနသူတစ္ေယာက္လို တစ္ေယာက္တည္း တိတ္ဆိတ္ေၾကကြဲေနတတ္တဲ့ လူငယ္ေလး က်င္းေက်ာက္ကို က်င္းဟန္ ခ်စ္မိသြားခဲ့ေလတယ္.........

ဒါေတြကို ျပန္ေတြးမိခ်ိန္မွာ ႐ွဲ႕ဟယ္ ငိုေကြၽးေနခဲ့မိတယ္......

ေတာ္ဝင္ က်င္းမိသားစုေတြက တစ္ေယာက္မွ ပုံမွန္မဟုတ္ၾကပါလား.......

က်င္းေက်ာက္အေပၚမွာ ခံစားခ်က္ေတြ႐ွိေနလို႔သာ ပိုင္မိသားစုကို အျမစ္ျဖတ္သုတ္သင္ဖို႔ က်င္းဟန္ ကူညီခဲ့တာပါ.....

ဒါေပမယ့္လည္း အာဏာျပန္ရၿပီးခ်ိန္မွာ က်င္းေက်ာက္က မင္းသားအန္းကို ေနျပည္ေတာ္ကေန ႏွင္ထုတ္ခဲ့တယ္.....

ဒီလို ဆိုးယုတ္လွတဲ့ ဘဝႀကီးထဲကေန ႐ုန္းထြက္န္ိဴင္ေအာင္ က်င္းေက်ာက္ အေတာ္​ေလး
ႀကိဳးစား႐ုန္းကန္ခဲ့ရပါတယ္...

ေယာက္က်ားသားေတြအေပၚထား႐ွိတဲ့ အမုန္းတရားေတြက ဆံဖ်ားမွ ​​ေျခဖ်ားထိတိုင္ ျပည့္ႏွက္ေနခဲ့တယ္...ေယာက္က်ားတစ္ေယာက္ရဲ႕ ခႏၶာကိုယ္ေအာက္ကို ေနာက္တစ္ခါ မသက္ဆင္းေပးခ်င္ေတာ့ဘူး.....ဒါအျပင္ က်င္းေက်ာက္ဟာ သံသယလြန္ကဲၿပီး ထိ႐ွလြယ္သူတစ္ေယာက္ပါ....က်င္းဟန္ တစ္ခ်ိန္ခ်ိန္မွာ ေျပာင္းလဲမသြားႏိူင္ဘူးလို႔ ဘယ္သူအာမခံ ခံေပးႏိူင္မွာလဲ...က်င္းဟန္ အနားမွာ႐ွိေနသ၍ စိတ္ေျဖာင့္ေျဖာင့္နဲ႔ ထီးနန္းစိုးစံႏိုင္မွာ မဟုတ္ဘူး.....

ဒီလို ေက်းဇူးကန္းတဲ့ အျပဳအမူအတြက္လည္း က်င္းဟန္ဘက္က ထူးထူးျခားျခား မနာက်ည္းခဲ့ပါဘူး....အကယ္၍ သူသာ ထြက္မသြားခ်င္ခဲ့ရင္ က်င္းေက်ာက္ဘက္က ဘယ္နည္းလမ္းသုံးသုံး ထြက္သြားခိုင္းလိိဳ႕ရမွာ မဟုတ္ေလာက္ဘူး....ဒါေပမယ့္ က်င္းေက်ာက္ရဲ႕ နာက်င္စရာအတိတ္ေတြ သိထားသူတစ္ေယာက္ျဖစ္တဲ့အတြက္ က်င္းေက်ာက္ကို ဖိအားေတြ ထပ္မေပးရက္ခဲ့ဘူး.....

ဒါ့​ေၾကာင့္ က်င္းဟန္ ထြက္မသြားခင္မွာ က်င္းေက်ာက္ဆီ စာတစ္ေစာင္ေရးေပးခဲ့တယ္.....

// မင္းသာ ျပန္မလာေစခ်င္ဘူးဆို ကိုယ္ေနျပည္ေတာ္ကို ​​​​ ဘယ္​ေတာ့မွ ေျခမခ်ေတာ့ဘူး.....အကယ္၍ မင္းသာ ကိုယ့္ကိုလက္ခံ
မယ္ဆို ဘယ္ေလာက္ေဝးေဝး ကိုယ္ေရာက္ေအာင္လာခဲ့ပါ့မယ္......//

ဒါေပမယ့္လည္း က်င္းဟန္ ထြက္သြားၿပီးတကည္းက ဘယ္ေတာ့မွ ျပန္မလာျဖစ္ခဲ့ပါဘူး......

ဒီအေၾကာင္းေတြကို အစအဆုံး သိေနတဲ့ ယန္႐ွန္းက ႐ွဲ႕ဟယ္ရဲ႕ " လက္ခံေပးမယ္ " ဆိုတဲ့စကားေၾကာင့္ နာက်င္ဝမ္းနည္းေနခဲ့တာပါ.....

ခ်ဴ႐ွင္းကို ရင္ဆိုင္ဖို႔အတြက္ မင္းႀကီးက တစ္ပါးသူလက္ထဲ သက္ဆင္းေပးရေတာ့မယ္......

မင္းသားအန္း ျပန္လာဖို႔ အခ်ိန္တန္ၿပီ.....က်န္းဇူက လူဉီးေရထူထပ္ၿပီး ခ်မ္းသာႂကြယ္ဝတဲ့ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္တယ္.....မင္းသားအန္းတစ္ေယာက္ က်န္းဇူမွာ အုပ္စိုးေနခဲ့တာ အခ်ိန္အေတာ္ၾကာခဲ့ေလၿပီ....နဂို႐ွိရင္းစြဲအာဏာေပၚမွာ က်န္းဇူရဲ႕ ခ်မ္းသာႂကြယ္ဝမႈကို ထပ္ေပါင္းလိုက္မယ္ဆို မင္းသားအန္းတစ္ေယာက္ ခ်ဴ႐ွင္းကို ရင္ဆိုင္ႏိုင္ပါလိမ့္မယ္.......

ဒါတင္ဘယ္ကမလဲ.....က်င္းဟန္က အရင္ဧကရာဇ္ရဲ႕ အငယ္ဆုံးသားေတာ္ ျဖစ္တဲ့အျပင္ လက္႐ွိဧကရာဇ္ျဖစ္တဲ့ က်င္းေက်ာက္ရဲ႕ ဉီးရီးေတာ္ဆိုလဲ ဟုတ္တယ္....က်င္းေက်ာက္ ကြယ္လြန္သြားသည့္တိုင္ ခ်ဴ႐ွင္းသာ သစၥာေဖာက္တစ္ေယာက္အျဖစ္ က်င္းမိသားစုအကုန္လုံးကို မသုတ္သင္န္ိဳင္ဘဲ ထီးနန္းရယူႏိုင္လိမ့္မည္မဟုတ္ေပ။

ဒါ့အျပင္ ခ်ဴ႐ွင္းလို လူစားမ်ိဳးရဲ႕ စိတ္ႏွလုံးသားကို ခ်ဳပ္ကိုင္ခ်င္တယ္ဆို သနားစရာေကာင္းေအာင္ျပဳမူေနတာတစ္ခုတည္းနဲ႔ မလုံေလာက္ႏိုင္ေသးဘူး........

ဘာပဲျဖစ္ျဖစ္ က်င္းဟန္ျပန္ေရာက္လာရင္ ပိုၿပီးေတာ့ အက်ိဳး႐ွိလာလိမ့္မယ္....ဒါဆို အမွတ္ေတြလဲ အမ်ားႀကီးထပ္ရလာဉီးမယ္....ခဲတစ္လုံးနဲ႔ ငွက္ႏွစ္ေကာင္ပစ္လိုက္သလို အက်ိဳး႐ွိလာေပဉီးမည္သာ.....

႐ွဲ႕ဟယ္ မ်က္ေမွာင္ၾကဳံ႕လိုက္ၿပီး အျပင္ဘက္က အ​​​ေျခေနကို နားစြင့္ေနလိုက္တယ္....အသံေတြ ၿငိမ္သြားပုံေထာက္ရင္ ယန္႐ွန္း လြတ္ေျမာက္သြားၿပီထင္ပါရဲ႕.......

ထိုအခ်ိန္မွာ ေအးခိုက္ေလာက္ေအာင္ ေအးစက္ေနေသာ ေလေအးမ်ား တိုက္ခတ္လာၿပီး အနက္ေရာင္ဝတ္စုံ ဝတ္ဆင္ထားေသာ ခ်ဴ႐ွင္းေရာက္လာခဲ့ေလတယ္.......

မႈန္ဝါးေသာ လေရာင္ေအာက္မွာ တစ္လွမ္းခ်င္းလွမ္းေလွ်ာက္လာပုံက ႐ွဲ႕ဟယ္ရဲ႕ ႏွလုံးသားကို နင္းေလွ်ာက္လာသည့္ပမာႏွယ္......

႐ွဲ႕ဟယ္က အမူအရာမပ်က္သည့္အျပင္ ျပဳံးေတာင္ ျပဳံးျပေနလိုက္ေသးသည္.......

လေရာင္ျခည္က ခ်ဴ႐ွင္းရဲ႕ တင္းမာေနတဲ့ မ်က္ႏွာထားကို အလႊာတထပ္ဖုံးလႊမ္းထားသလို ျဖာက်ေနတယ္.....ခ်ဴ႐ွင္းရဲ႕ လက္႐ွိအသြင္သ႑ာန္က သတ္ျဖတ္ျခင္းနတ္ဘုရားတစ္ပါးလို ထိတ္လန္႔စရာေကာင္းလြန္းေနတယ္.....

႐ွဲ႕ဟယ္ အနားေရာက္တဲ့အခါ ခ်ဴ႐ွင္းက.....

" မင္းႀကီးက မနာခံတတ္ေသးဘူးပဲ....."

[ တင္းေတာင္....ပစ္မွတ္၏ ဇာတ္ေကာင္စ႐ိုက္အေမွာင္ဖုံးျခင္းရမွတ္ အမွတ္ ၂၀ ထပ္တိုးသြားပါၿပီ.... စုစုေပါင္း ႏွစ္သက္မႈ ၇၅ မွတ္နဲ႔....ဇာတ္ေကာင္စ႐ိုက္အေမွာင္ဖုံးျခင္းရမွတ္ ၁၀၀ ႐ွိေနပါၿပီ......]

[ ႐ွဲ႕ဟယ္: ေဘဘီ ႐ွိေနတာလား.....]

[ 444:  ႐ွိပါတယ္ခင္ဗ်....(⊙v⊙) ]

[ ႐ွဲ႕ဟယ္: ဒါဆိုအခုရက္ပိုင္း တစ္ေနရာရာမွာ သြားကစားေနလိုက္ေနာ္.....ကုန္က်စရိတ္အားလုံး ငါ တာဝန္ယူတယ္.....]

[ 444: ၾကည့္ရတာ ကေလးေတြ ၾကည့္ဖို႔မသင့္တဲ့ဟာေတြ ျဖစ္လာေတာ့မယ္ထင္တယ္..]

[ ႐ွဲ႕ဟယ္:  ဟုတ္တယ္....]

[ TN- ငါကေလးမဟုတ္ေတာ့ဘူးေလ ..လင္လဲရေနပါၿပီဟယ္...ငါ့လဲေပးၾကည့္ၾကပါဉီးဟဲ့ ...ျမင္ဖူးတယ္႐ွိေအာင္ ျပၾကစမ္းပါ 😭😭]

ခ်ဴ႐ွင္းက ႐ွဲ႕ဟယ္ကို အခန္းထဲဆြဲသြင္းသြားခဲ့တယ္....သုံးရက္ သုံးည ၾကာျမင့္ၿပီးခ်ိန္မွာ ႐ွဲ႕ဟယ္ အေသေကာင္ႀကီးလို အိပ္ယာေပၚလွဲေလ်ာင္းေနခဲ့ရေလၿပီ......

ဒီသုံးရက္စလုံး ခ်ဴ႐ွင္း ႐ွဲ႕ဟယ္ကို ေအးစက္ေသာအၾကည့္ေတြနဲ႔သာ ၾကည့္ေနခဲ့တယ္....

ဒီဘုရင္ စကားတစ္ခြန္းမွ မေျပာေတာ့ဘူးလား....ခြင့္လႊတ္ေပးဖို႔ အသနားမခံေတာ့ဘူးလား.....

စိတ္ဓာတ္ၾကံ့ခိုင္လွပါၿပီဆိုတဲ့ ဝါရင့္ စစ္ျပန္ႀကီးေတြေတာင္ ဒီလို ႏွိပ္စက္မႈမ်ိဳးကို ခံႏိုင္ေလာက္မွာ မဟုတ္ဘူး....နာက်င္မႈကို မခံစားဖူးတဲ့ ဒီဘုရင္ဆိုးေလး ဒါကို ဘယ္လိုမ်ား ခံႏိုင္ရည္႐ွိေနတာလဲ......

ငါ ဒီဘုရင္ကို မသတ္န္ိဴင္ေသးဘူးလား......

ဒီအေတြးေၾကာင့္ ခ်ဴ႐ွင္း အလိိဳလိုေနရင္း ေဒါသထြက္လာမိျပန္တယ္....ဒီဘုရင္ဆိုးေလးကို သတ္ပစ္ဖို႔ အစကတည္းကၾကံစည္ထားၿပီးၿပီ.....စားေသာက္ပြဲမွာ သူ႕ကို အဆိပ္ခတ္လိုက္ကတည္းက သူေသကိုယ္ေသ တိုက္ခိုက္ၾကဖို႔လည္း ရည္႐ြယ္ခဲ့ၿပီးၿပီ.....

ပုန္ကန္ဖို႔ ေ႐ြးခ်ယ္လိုက္ကတည္းက သူ႕မွာ ျပန္လမ္းမ႐ွိေတာ့ဘူး.....ဘာ့ေၾကာင့္မ်ား တုံ႔ဆိုင္းေနမိတာလဲ.....

ဒီဘုရင္ဆိုးေလး ေသလို႔ မျဖစ္ေသးေၾကာင္း ကိုယ့္ကိုကိုယ္ ထပ္ခါထပ္ခါ သတိေပးေနခဲ့တယ္.....အခ်ိန္နည္းနည္းေလာက္ပိုၿပီး အသက္႐ွင္ခိုင္းရဉီးမယ္.....

ဒါ တကယ္ပဲလား....သူဘယ္တုန္းကစၿပီး ပခုလို မျပတ္မသားေတြ ျဖစ္ခဲ့ရတာလဲ....႐ွင္းပါတယ္....ေ႐ြးခ်ယ္စရာမ႐ွိသည့္တိုင္ ဒီဘုရင္ဆိုးေလးကို သူ မေသေစခ်င္ေသးဘူးေလ.....

ဒီဘုရင္ဆိုးေလးသာ သူ႕ေတာင္းဆိုခ်က္ေတြကို လိုက္ေလ်ာေပးေနသ၍ အသက္႐ွင္ခြင့္ေပးထားဉီးမွာပါ......

ခ်ဴ႐ွင္း ႐ွဲ႕ဟယ္ရဲ႕ မ်က္ႏွာကို ဆြဲေမာ့လိုက္တယ္.....

မ်က္ႏွာတစ္ခုလုံး ျဖဴေဖ်ာ့ေနၿပီး ႏႈတ္ခမ္းေထာင့္ကေန ေသြးအနည္းငယ္စီးက်ေနတယ္.....ဒါေပမယ့္ မ်က္လုံးေတြကိုေတာ့ မွိတ္ထားတယ္....မ်က္ေတာင္ဖ်ားေလးေတြမွာ မ်က္ရည္ေတြ စိုစြတ္ေနၿပီး နာက်င္မႈေၾကာင့္ မ်က္ခုံးေလးေတြ တြန္႔ခ်ိဳးေနတယ္....ႏႈတ္ခမ္းသားေလးေတြလဲ ျဖဴေဖ်ာ့ေနတယ္.....

ခ်ဴ႐ွင္း အားထည့္ၿပီး ဖ်စ္ညႇစ္လိုက္တဲ့အခါ နာက်င္မႈေၾကာင့္ မ်က္လုံးဖြင့္ၾကည့္လာခဲ့တယ္.....

လွပလြန္းတဲ့ မ်က္ေတာင္ေလးေတြက ေတာင္ပံမ်ားသဖြယ္ တျဖည္းျဖည္း လႈပ္ခါလာသည့္အခါ ဇာမဏီမ်က္ဝန္းသ႑ာန္ မ်က္ဝန္းလွလွေလးမ်ားကို ျမင္ေတြ႕လိုက္ရတယ္.....

ခ်ဴ႐ွင္း ထိုမ်က္ဝန္းေလးမ်ားကို စိုက္ၾကည့္လိုက္ၿပီး......

" မင္းႀကီးက သိပ္ေခါင္းမာတာပဲ....ကိုယ့္ဒုကၡကိုယ္႐ွာတဲ့ေနရာမွာ တကယ္ထူးခြၽန္တယ္ေနာ္......"

Continue Reading

You'll Also Like

9.4K 2K 57
ලස්සනම මූර්ති මැවෙනවද, ගල්කුළු කඩතොළු නොවුනොතින්?
24.4K 3K 66
မပိုင်း၄၅၆ကနေစပြီးဖတ်ပေးကြပါဦး
61.7K 6.8K 75
translation novel အသစ်လေးဖတ်ပေးကြပါဦးနော် 😊
305K 23.9K 31
punishment type ပါ။ အဆင်ပြေမှဖတ်ပါ။