အခ်စ္က သူေစစားရာ 🌚🌚 ( ေခါင...

By NabeNabe549

419K 19.5K 790

အမႊာခ်င္း တူေပမယ့္ သူမရဲ႕ ေမြးဖြားမႈမွာ ဒိြလိင္ ပါဝင္ေနတဲ့အတြက္ ဖခင္ ျဖစ္သူရဲ႕ စြန္႔ပစ္ျခင္းကို ခံခဲ့ရတဲ့ လ... More

Review
Part - 1 ( Zg + Uni)
Part - 2 ( Zg + Uni)
Part - 3 ( Zg + Uni)
Part - 4 ( Zg+ Uni)
Part - 5 ( Zg+ Uni)
Part - 6 ( Zg+ Uni)
Part - 7 ( Zg+ Uni)
Part - 8 ( Zg + Uni)
Part - 9 ( Zg + Uni)
Part - 10 ( Zg + Uni)
Part - 11 ( Zg + Uni)
Part - 12 ( Zg + Uni)
Part - 13 ( Zg + Uni)
Part - 14 ( Zg + Uni)
Part - 15 ( Zg + Uni)
Part - 16 ( Zg + Uni)
Part - 17 ( Zg + Uni)
Part - 18 ( Zg + Uni)
Part - 19 ( Zg + Uni)
Part - 20 ( Zg + Uni)
Part - 21 ( Zg + Uni)
Part - 22 ( Zg + Uni)
Part - 23 ( Zg + Uni)
Part - 24 ( Zg + Uni)
Part - 25 ( Zg + Uni)
Part - 26 ( Zg + Uni)
Part - 28 ( Zg + Uni)
Part - 29 ( Zg + Uni)
Part - 30 ( Zg + Uni)
Part - 31 ( Zg + Uni)
Part - 32 ( Zg + Uni )
Part 33 ( Zg + Uni )
Part - 34 ( Zg + Uni)
Part - 35 ( Zg + Uni)
Part - 36 ( Zg + Uni)
Part - 37 ( Zg + Uni)
Part - 38 ( Zg + Uni)
Part - 39 ( Zg + Uni)
Part - 40 ( Zg + Uni )
Part - 41 ( Zg + Uni)
ခြင့္တိုင္ၾကားျခင္း
Part - 42 ( Zg + Uni)
အသိေပးခ်က္
Part - 43 ( Zg + Uni)
Part - 44 ( Zg + Uni)
Part - 45 ( Zg + Uni)
Part - 46 ( Zg + Uni)
Part - 47 ( Zg + Uni)
Part - 48 ( Zg + Uni)
Part - 49 ( Zg + Uni)
Part - 50 ( Zg + Uni)
Part - 51 ( Zg + Uni)
Part - 52 ( Zg + Uni)
Part - 53 ( Zg + Uni)
Part - 54 ( Zg + Uni)
Part - 55 ( Zg + Uni)
Part - 56 ( Zg + Uni)
Part - 57 ( Zg + Uni)
Part - 58 ( Zg + Uni)
Part - 59 ( Zg + Uni)
Part - 60 ( Zg + Uni)
Part - 61 ( Zg + Uni)
Part - 62 ( Zg + Uni)
Part - 63 ( Zg + Uni)
Part - 64 ( Zg + Uni)
Part - 65 ( Zg + Uni)
Part - 66 ( Zg + Uni)
Part - 67 ( Zg + Uni)
Part - 68 ( Zg + Uni)
Part - 69 ( Zg + Uni)
Part - 70 Final Part ( Zg + Uni)

Part - 27 ( Zg + Uni)

5.1K 274 33
By NabeNabe549

☆☆☆☆♡⃛   အခ်စ္က သူေစစားရာ   ♡⃛ ☆☆☆☆
( Part - 27  )

" အေမ့.... ဘုန္း...!!!  "

" ရရဲ႕လားဟင္ ႀကီးႀကီး ဘာျဖစ္သြားေသးလဲ...??  "

မနက္ခင္း အေစာ ေက်ာင္းမသြားခင္ ေဈးကို
အသြား ႀကီးႀကီး တစ္ေယာက္က ပစ္လဲက်
သြား၍  ျဖဴျဖဴ အေျပးသြားထူလိုက္သည္။

" ဟင္.....မွည့္...မွည့္သံုးလံုး "

ျဖဴျဖဴ ထူေပးေနတာကို မထဘဲ ျဖဴျဖဴ
ရင္ဘတ္ကို စိုက္ၾကည့္ၿပီး တစ္ခုခုကို
ေျပာေနတာေၾကာင့္ စိတ္ထဲ တစ္မ်ဳိးႀကီး
ျဖစ္လို႔သြားသည္။

အဲ့ဒီ ႀကီးၾကီး ကို ထူေပးဖို႔ အတြက္ ျဖဴျဖဴ
ကုန္းလိုက္မိရာ အက်ၤ ီက အနည္းငယ္ဟသြား၍
ျဖဴျဖဴ မလံုမလဲ ျဖစ္ၿပီး ျပန္ဆြဲတင္လိုက္သည္။

" ထေလ ႀကီးႀကီး.... မထႏိုင္ဘူးလားဟင္
ဒါမွမဟုတ္ ျဖဴျဖဴ ခ်ဳိင္းကေန မေပးရမလား..?? "

" ရတယ္ သမီး... ႀကီးတင္ၿမိဳင္ ဘာမွ မျဖစ္ဘူး "

အေျပာနဲ႔အတူ ေဒၚတင္ၿမိဳင္ လြန္ႀကိဳးျဖဴျဖဴ
လက္​​ေလးကို ကိုင္႐ံုေလာက္သာ ကိုင္ၿပီး
သူ႕ဟာသူ  ထလိုက္သည္။

" ဟို​ေလ...သမီး...သမီး ရင္ၫႊန္႔တည့္တည့္မွာ
မွည့္ေလးသံုးလံုးတန္းေနတာ ႀကီးတင္ၿမိဳင္
ၾကည့္လို႔ရမလားဟင္.... "

ျဖဴျဖဴ လက္ကို ဆြဲရင္းနဲ႔ ထလာတဲ့ ႀကီးတင္ၿမိဳင္
ဆိုတဲ့ အန္တီႀကီးက ခုဏက သူ
ျမင္သြားေသာ မွည့္ကို ၾကည့္ခ်င္ေၾကာင္း
ေျပာလာခဲ့သည္။

ႀကီးတင္ၿမိဳင္ ဆိုတဲ့ အန္တီႀကီး ပံုစံ ၾကည့္ရတာ
ျဖဴျဖဴ ရင္ဘတ္က မွည့္သံုးလံုးကို အေတာ္
စိတ္ဝင္စားေနပုံရသည္။  ဒါ့အျပင္ သူ႕ကို
ထူေပးဖို႔ ျဖဴျဖဴ ကုန္းလိုက္တုန္းကဆို
ေပၚသြားေသာ မွည့္သံုးလံုးကို ၾကည့္ၿပီးလည္း
အံ့ဩကာ မ်က္ႏွာလည္း ပ်က္သြားေသးသည္။

ဒီႀကီးတင္ၿမိဳင္ ဆိုတဲ့ အန္တီႀကီးက ျဖဴျဖဴ
မွည့္နဲ႔ ပတ္သက္ၿပီး တစ္ခုခုေတာ့ တစ္ခုခုေပ။

" ရပါတယ္ ႀကီးႀကီး....ႀကီးႀကီး
ၾကည့္ခ်င္ရင္ ၾကည့္ေလ "

ျဖဴျဖဴ ခြင့္ျပဳေပးလိုက္ေတာ့ လူရွင္းတဲ့အနား
ေခၚလာၿပီး ျဖဴျဖဴ မွည့္ကို ၾကည့္ရင္း
ႀကီးတင္ၿမိဳင္ ဆိုတဲ့ အန္တီႀကီးက မ်က္ရည္ေတြ
က်လာေလသည္။

" ဘာလို႔ ငိုေနတာလဲ ႀကီးႀကီး.. ..မငိုပါနဲ႔ "

"  သမီး နာမည္ကေလ ဘယ္လိုေခၚလဲဟင္... "

မ်က္ရည္စေတြနဲ့ ေမးလာေသာ ႀကီးတင္ၿမိဳင္
ကို ၾကည့္ၿပီး ျဖဴျဖဴ ၿပံဳးျပလိုက္မိသည္။

" ျဖဴျဖဴ နာမည္က လြန္ႀကိဳးျဖဴျဖဴ လို႔
ေခၚပါတယ္ ႀကီးႀကီး.. .."

" လွလိုက္တာ သမီးနာမည္ေလးက...
လူေလးကလည္း သိပ္ကို လွတယ္... "

" ဟုတ္ ႀကီးႀကီး ေက်းဇူးပါ "

" ဒါနဲ႔ သမီး မိဘေတြေရာ... သူတို ့ နာမည္က
ဘယ္သူေတြလဲဟင္ ႀကီးတင္ၿမိဳင္ ကို
စပ္စုတယ္ မထင္ပါနဲ႔... သမီးက
ဆံုးသြားတဲ့ ႀကီးတင္ၿမိဳင္ သမီးနဲ႔ တူ​ေနလို႔ပါ
သူ႕ကလည္း သမီးလို ရင္ၫႊန္႔မွာ မွည့္သံုးလံုး
ရိွတယ္ေလ...."

ဪ... အစက ႀကီးတင္ၿမိဳင္ ဆိုတဲ့ အန္တီႀကီး
ကို ျဖဴျဖဴ က တစ္မ်ဳိးထင္ေနမိတာ။
တကယ္တမ္​း​ေတာ့ သူ႕က ျဖဴျဖဴ က သူ႕
သမီးနဲ႔ တူေနလို႔ အခုလိုေတြ ျဖစ္ေနတာကိုး။

" အေဖနဲ႔ အေမက ဘယ္သူေတြဆိုတာ
ျဖဴျဖဴ မသိပါဘူး ႀကီးႀကီး ...
ျဖဴျဖဴ က ေမြးကတည္းက မိဘမဲ့ေဂဟာမွာ
စြန္႔ပစ္ခံရတဲ့ ကေလးပါ "

" ႀကီးတင္ၿမိဳင္ ေတာင္းပန္ပါတယ္ေနာ္
သမီး...ႀကီးတင္ၿမိဳင္ မသိလို႔ ေမးမိသြားတာပါ "

" ရပါတယ္ ႀကီးႀကီး... ျဖဴျဖဴ ဘာမွမျဖစ္ပါဘူး "

"  အပန္းမႀကီးရင္ သမီးကိုေလ
ႀကီးတင္ၿမိဳင္ တစ္ခါေလာက္ ဖက္ထားလို႔
ရမလားဟင္.. ...??  သမီးက ဆံုးသြားတဲ့
ႀကီးတင္ၿမိဳင္ သမီးနဲ႔ တူေနေတာ့ ႀကီးတင္ၿမိဳင္
ဖက္ထားခ်င္လို႔ပါ "

" ဟုတ္ ရပါတယ္ ႀကီးႀကီးတင္ၿမိဳင္  .....
ျဖဴျဖဴ ကို ဖက္ေလ "

လက္ဆန္႔တန္းေပးလိုက္ရာ ဖက္လာေသာ
လက္တစ္စံုက တင္းၾကပ္စြာနဲ႔ ေႏြးေထြးေန
သည္။

ဒီေတာ့ ျဖဴျဖဴ လည္း အားရပါးရ ျပန္ဖက္ထား
ေပးလိုက္သည္။

ေက်ာက္ပုစြန္ မရလို႔ ဒီေန႔ တျခားေဈး
ေတြပါ ပတ္ၾကည့္ရင္း လူက ခဲလံုးမျမင္ဘဲ
တိုက္မိကာ လဲသြားခဲ့သည္။

ေဒၚတင္ၿမိဳင္ နာေနတုန္း လက္ျဖဴျဖဴေလး
တစ္ဖက္က သူမ ကို ထူေပးလာေတာ့
ထူေပးတာကို မထဘဲ ျမင္လိုက္ရေသာ
ရင္ၫႊန္႔တည့္တည့္က မွည့္စိမ္းေလး
သံုးလံုးေၾကာင့္ တစ္ကိုယ္လံုး တုန္ယင္
သြားၿပီး အာေမဋိတ္သံေတြပါ ထြက္သြားမိသည္။

ဒီမွည့္သံုးလံုးေလး တန္းေနတာက မမေလး
ရဲ႕ သမီး ဒိြလိင္ဆိုတဲ့ အႀကီးမေလးမွာလည္း
ဒီလိုေလး ပါတာေလ။  ဒါ့ကို အႀကီးမေလး
ကို ရထားလမ္း ​ေဘးက ျမက္႐ိုင္းေတြ
ၾကားမွာ စြန္႔ပစ္တုန္းက သူမ မွတ္ထားခဲ့သည္။

ဒါ့အျပင္ ေသခ်ာေအာင္လို႔ မိဘေတြ
အေၾကာင္းကို ေမးၾကည့္ေတာ့လည္း
ေမြးကတည္းက မိဘမဲ့ေဂဟာ မွာ
စြန္႔ပစ္ထားခံရတာတဲ့။

ဒီေတာ့ သိပ္ကို ေသခ်ာေနပါၿပီ။  သူမ
စြန္႔ပစ္တဲ့ ဒိြလိင္ အႀကီးမေလးကို
တစ္ေယာက္ေယာက္ကေတြ႕လို႔
မိဘမဲ့ေဂဟာမွာ လာထားေပးတာပဲ
ေနမွာ။

" ကေလးရယ္ ႀကီးတင္ၿမိဳင္ ေတာင္းပန္ပါတယ္...
ႀကီးတင္ၿမိဳင္ ေၾကာင့္ မင္းအခုလို မိဘမဲ့
ျဖစ္ရတာပါ... မမေလးသာ ကေလး
သက္ရိွထင္ရွားရိွေနမွန္းသာ သိရင္ သိပ္ကို
ေပ်ာ္မွာ...ျဖစ္ႏိုင္ရင္ေလ မမေလးဆီ
သြားၿပီး မင္းတို႔ သားမိကို ႀကီးတင္ၿမိဳင္
ျပန္ဆံုဆည္းေပးေစခ်င္လိုက္တာ
ဒါေပမဲ့ အစ္ကိုေလးကို ႀကီးတင္ၿမိဳင္
ေၾကာက္တယ္...အစ္ကိုေလးသာ
ကေလး  အသက္ရိွေနမွန္းသိရင္
ကေလးကို သတ္ဖို႔ လုပ္ေလာက္တယ္....
ဒါ့အျပင္ ႀကီးတင္ၿမိဳင္ကိုလည္း သတ္မွာ
ကေလးရဲ႕.... ႀကီးတင္ၿမိဳင္ ဘာဆက္​
လုပ္ရမွန္း မသိေတာ့ဘူး "

လြန္ႀကိဳးျဖဴျဖဴ ကိုယ္ေလးကို တင္းၾကပ္
ေနေအာင္ ဖက္ထားရင္း ရင္တြင္းစကားေတြ
စိတ္ထဲမွာ ဆိုကာ ေဒၚတင္ၿမိဳင္ တစ္ေယာက္
မ်က္ရည္ေတြ က်ေနေလသည္။

ေဒၚတင္ၿမိဳင္ ဆိုသည္ကား ဦးႏိုင္ေစမာန္ အိမ္က
အိမ္ထိန္းႀကီးေပ။  တစ္နည္းအားျဖင့္
ဦးႏိုင္ေစမာန္ အလိုက် လြန္ႀကိဳးျဖဴျဖဴ ကို
ရထားလမ္းေဘးနားက ျမက္႐ိုင္းေတြၾကားထဲ
စြန္႔ပစ္ေပးေသာ လူဆိုရင္လည္း မမွားပါ။
ဒါေၾကာင့္ သူမ စြန္႔ပစ္ေပးတုန္းက ေတြ႕ခဲ့ေသာ
အႀကီးမ ဒိြလိင္ေလး ရဲ႕ ရင္ၫႊန္႔တည့္တည့္ေပၚက
မွည့္သံုးလံုး တန္းေနတာကို အခု လြန္ႀကိဳးျဖဴျဖဴ
ဆီမွာ ေတြ႕လိုက္ရေတာ့ ေဒၚတင္ၿမိဳင္
အံ့ဩသြားတာ မဆန္းပါ။

သူမ လုပ္လိုက္မိတဲ့ အမွားအတြက္လည္း
ယူႀကံဳးမရျဖစ္ၿပီး ညတိုင္း အိပ္မေပ်ာ္ျဖစ္ေနတာ
လည္း သူမသာ သိသည္။

********************

စကားေတြ အမ်ားႀကီး ျဖဴျဖဴ ကို
ႀကီးႀကီးတင္ၿမိဳင္က ဆိုလာေတာ့
ခဏအတြင္းမွာပဲ ႀကီးတင္ၿမိဳင္ နဲ႔ ျဖဴျဖဴ
ရင္းႏီွးလို႔ သြားသည္။

ႀကီးႀကီးတင္ၿမိဳင္ ကိုလည္း ျဖဴျဖဴ သနားမိသည္။
သားသမီး ကို ငယ္ငယ္ရြယ္နဲ႔ ဆံုးပါးထားတဲ့
သူဆိုေတာ့ အထီးက်န္ေနမွာ ေသခ်ာေပါက္ေပ။

ဒီေတာ့ ခဏေလာက္ ျဖဴျဖဴ အေဖာ္ျပဳေပး
လိုက္သည္။  ဒါေပမဲ့ ဒီေန႔ ေက်ာင္းတက္ရအံုးမွာ
ဆိုေတာ့ ျဖဴျဖဴ အၾကာႀကီး ေနလို႔ မျဖစ္ပါ။

ျဖဴျဖဴ ခြင့္ေတာင္းၿပီး ႀကီးႀကီးတင္ၿမိဳင္ ဆီကေန
ထြက္လာလိုက္သည္။

ေဂဟာကို ေရာက္ေတာ့ ​ေျခာက္​နာရီ ခြဲ​ေတာ့မွာ
ျဖစ္၍  ျဖဴျဖဴ အတြက္ သိပ္ကို ေနာက္က်
ေနၿပီ။ ျပင္ဆင္စရာရိွတာေတြလည္း ျဖဴျဖဴ
ခ်က္ခ်င္း ျပင္လိုက္သည္။

မေန႔က ျဖဴျဖဴ ရဲ႕ ညိဳေလး ေသသြားတုန္းက
ျဖဴျဖဴ ညိဳေလး ကို ေျပးဖက္ထားမိသည္။

ထိုအခါ ျဖဴျဖဴ အက်ၤ ီမွာ ညိဳေလး ရဲ႕ ေသြးေတြ။
အဲ့ဒီေန႔က ဝတ္တဲ့ အက်ၤ ီ က အနီဆိုေတာ့
ညိဳေလး ေသြးေတြေပသြားတာေတာင္
ျဖဴျဖဴ အက်ၤ ီက သိပ္မသိသာပါ။

မသိသာေပမဲ့လည္း ထိုအက်ၤ ီေလးကို ျဖဴျဖဴ
မေလွ်ာ္ပစ္ခဲ့။  ညိဳေလး ကို လြမ္းတဲ့စိတ္နဲ႔
ဒီ အက်ၤ ီေလးကို ျဖဴျဖဴ သိမ္းထားမည္။
ဒါ့အျပင္ ညိဳေလး ကို တိုက္ခဲ့ေသာ
ေခါင္ယံမိႈင္း ကိုလည္း ျဖဴျဖဴ ဒီတစ္သက္
မေၾက။  ကလဲ့စားေတာ့ ျဖဴျဖဴ ေခ်မွာ
မဟုတ္ပါ။ သူ႕ အကုသိုလ္နဲ႔ သူ
သြားလိမ့္မည္။

မာသာနဲ႔ ေထြးေထြးကလည္း ေခါင္ယံမိႈင္း
ေၾကာင့္ ညိဳေလး ေသသြားတာ ျဖဴျဖဴ
ေျပာတုန္းကဆိုရင္ သတၱဝါ တစ္ခု ကံတစ္ခုေပါ့
ျဖဴေလးရယ္ ဆိုၿပီး ဆိုလာခဲ့သည္။

ျဖဴျဖဴ ကေတာ့ အဲ့ဒီေလာက္ထိ ေမတၱာႀကီး
မေပးႏိုင္၊  ေခါင္ယံမိႈင္း ျပန္ခံစားရပါေစလို႔
ဆုေတာင္းမိသည္။ ညိဳေလးလို သူ
ျပန္​ဝဋ္​မလည္ပါေစနဲ႔။

သူေၾကာင့္ ျဖဴျဖဴ ေက်ာင္းသြားတိုင္း စက္ဘီး
ေနာက္ အေျပးလိုက္လာၿပီး ႏႈတ္ဆက္တက္ေသာ
ညိဳေလး ကို ျဖဴျဖဴ ဆံုး႐ံႉးခဲ့ရၿပီ။

ျဖဴျဖဴ အစာေကြ်းတိုင္း စားမယ္ဆိုၿပီး
ေျခေထာက္ေလး ႏွစ္ေခ်ာင္းေထာက္ကာ
အၿမီးေလး တဆက္ဆက္ခါတတ္ေသာ
ညိဳေလး ကို ျဖဴျဖဴ ဆံုး႐ံႉးလိုက္ရၿပီ။

ျဖဴျဖဴ ဝမ္းနည္းခ်ိန္တိုင္း ျဖဴျဖဴ ရင္ခြင္ထဲ
တိုးေဝွ႔ၿပီး ႏွစ္သိမ့္ေပးတတ္တဲ့ ညိဳေလး
ကို ျဖဴျဖဴ ဆံုး႐ံႉးလိုက္ရၿပီ။

ဒါတင္မကေသး ျဖဴျဖဴ အသက္ကို ကယ္ေပး
ခဲ့ေသာ မိစြာႀကီး ရဲ႕ ေက်းဇူးေတြကို
ျဖဴျဖဴ ျပန္ဆပ္ေပးမယ္ေျပာၿပီး
မိစြာႀကီးရဲ႕ သမီး  ညိဳေလးကိုေတာင္မွ
ျဖဴျဖဴ က ကာကြယ္မေပးႏိုင္ခဲ့။

ဒီေတာ့ ျဖဴျဖဴ က ဘာအသံုးက်ေတာ့မွာလဲ။

ေဂဟာကို ေခၚလာ​ေပးတဲ့ မိစြာႀကီးရဲ႕ သမီး
ညိဳ​ေလးကိုေတာင္မွ ျဖဴျဖဴ က
မေစာင့္ေရွာက္ႏိုင္တာ။

တျခားဘာေတြေရာ ျဖဴျဖဴ က ေစာင့္ေရွာက္
ေပးႏိုင္ေတာ့မွာလဲ။  ျဖဴျဖဴ သိတာတစ္ခုက
ေခါင္ယံမိႈင္း ကို အရမ္းနာၾကည္းတယ္ဆိုတာ
ပဲ။  ဒီက ေရွ႕ေလွ်ာက္ ျဖဴျဖဴ ဆုေတာင္းေနမွာ။
ညိဳေလး လို သူ ျပန္မခံစားရပါေစနဲ႔ဆိုၿပီး။

>>>>>>>>>>>>>>>>>

ေရကန္ထဲ ငါးတစ္ေကာင္လို ေပါ့ပါးစြာ
ေရကူးေနေသာ ေသြးသစ္ ကို မုန္႔ဟင္းခါး
ထည့္ထားတဲ့ ခ်ဳိင့္ေလး ကိုင္ကာ အသက္႐ႉဖို႔
ေမ့ေလာက္ေအာင္ ျခားနား ရပ္ၾကည့္ေန
​ေလသည္။

" ဗြမ္း....!!  "
" ေအမ့...!! "

ရပ္ၾကည့္ေနတုန္းမွာပဲ သူ႕ ကိုယ္ေလးက ေရထဲ
ဆြဲယူျခင္း ခံလိုက္ရ၍ ေသြးသစ္ ရင္ဘတ္ႏွင့္
နီးကပ္သြားခဲ့သည္။

" ဘာလုပ္တာလဲ ေသြးသစ္...!!  မင္း
ဘာလုပ္တာလဲ ငါ့ အဝတ္ေတြ စိုေအာင္လို႔ "

"  အဲ့တာက ငါ ေမးရမွာ ထူးျခားနား...
မင္း ငါ့ အိမ္ကို ဘာလာလုပ္တာလဲ.....??  "

"  မာမီက အိမ္မွာ မုန္႔ဟင္းခါး ခ်က္လို ့ အဲ့တာ
မင္းတို႔ အိမ္ကို လာပို႔ခိုင္းလို႔ ငါ လာပို႔တာ "

" ပို႔စရာ မလိုဘူး... "

ေျပာလည္းေျပာ မုန္႔ဟင္းခါး ခ်ဳိင့္ေလးကို ယူကာ
ေသြးသစ္ အေဝးကို ပစ္ေပါက္လိုက္သည္။

" ဝုန္း...!!!!  "

" ခြပ္...!! "

မ်က္​စိ​ေရွ႕တင္​ လက္တစ္စံုက
ဖ်က္ဆီးလိုက္တယ္လုပ္ရပ္ေၾကာင့္ ျခားနား
သည္းခံႏိုင္စြမ္းမဲ့သြားၿပီး ခ်က္ခ်င္းဆိုသလို
ထိုးပစ္လိုက္သည္။

" အဟက္.. မင္း ငါ့ကို ထိုးတယ္ေပါ့ ထူးျခားနား "

" ေအး ထိုးတယ္... မင္း ငါ့ကို မုန္းတာက
မုန္းလို႔ ရတယ္ ဒါေပမဲ့ ငါ့ မာမီဟာေတာ့
မဖ်က္စီးသင့္ဘူး ဒါေၾကာင့္ ငါထိုးတာ
မင္း မေက်နပ္ရင္ ျပန္ထိုးလို ့ ရတယ္ "

" ေအး ျပန္ထိုးမွာ "

အေျပာနဲ႔အတူ ရြယ္လာေသာ လက္တစ္စံုေၾကာင့္
ျခားနား မ်က္လုံးေတြကို မိွတ္ခ်ပစ္လိုက္သည္။

သို႔ေသာ္ ထိုးမယ္ဆိုၿပီး ရြယ္လိုက္တဲ့ ေသြးသစ္
လက္တစ္စံုမွာ ျခားနား မ်က္ႏွာကို ၾကည့္ၿပီး
ထိုးလိုက္ဖို႔ ရပ္တန္႔သြားရသည္။

ထူထပ္နက္ေမွာင္ေသာ မ်က္ေတာင္ အရွည္ႀကီး
ေတြက ေၾကာက္ၿပီး တအားမိွတ္ထားေတာ့
တစ္ခ်က္တစ္ခ်က္ လႈပ္လို႔သြားသည္။ 

ႏႈတ္ခမ္းေလးကလည္း ေယာက်ၤားေလးမတန္မဲ့
နီရဲလို႔ ေန၏ ။  ႏႈတ္ခမ္းစပ္နားမွာ မွဲ႔စိမ္းေလး
တစ္လံုးကလည္း တည္ရိွေနသည္။  ဒါ့ကို
ျမင္ၿပီး နမ္းခ်င္တဲ့ စိတ္ႀကီး ျဖစ္လာတာေၾကာင့္
ေသြးသစ္ ေခါင္းကို ခါယမ္းပစ္လိုက္သည္။

ဒီလိုနဲ႔ ေအာက္ပိုင္းကို အၾကည့္ေရာက္သြားမိေတာ့
ေရစိုေန၍ အထင္းသားျမင္ေနရတဲ့ အေပၚပိုင္းက
ျခားနား ပံုစံေၾကာင့္ ေသြးသစ္ တံေတြးေတြ
ခဏခဏ ၿမိဳခ်ေနရသည္။

ျဖဴေဖြး ႏူးညံ့ေနတဲ့ ျခားနား လည္တိုင္ေလး
ကိုလည္​း ေသြးသစ္ ကိုက္ခ်င္စိတ္ မနည္းထိန္း
​ေနရသည္။ ျခားနား ရင္ဘတ္က ေရစိုေနလို႔
ကပ္​ခ်ပ္​​ေနတဲ့ ျဖဴေဖြးျပားကပ္ကပ္
ခႏၶာကိုယ္ေလးကိုလည္း သူ  အာဘြားေပးခ်င္သည္။

ဟာ... ေသြးသစ္ မင္း ဘယ္လို ျဖစ္ေနတာလဲ။
မင္းက straight တစ္ေယာက္ပါ...!!
မေကြးဘူး။မင္း ႀကိဳက္တာက မိ္န္းမေတြ။
ေယာက်္ားေတြမဟုတ္ဘူး..!! ဟုတ္တယ္ ငါ
ေယာက်္ားေတြကို မႀကိဳက္ဘူး။ အခုနမ္းခ်င္တဲ့
စိတ္ ေပၚတာက ျခားနား ကို ငါ့ ရည္​းစား
နမ္းခမ္းလို႔ ေတြးမိသြားလို႔။

ေခါင္းကို ဘယ္ျပန္ညာျပန္ယမ္းရင္း ေသြးသစ္
အလုပ္႐ႉပ္ေနတုန္း... .

"  မင္း ဘာျဖစ္ေနတာလဲ ေသြးသစ္
ေနမေကာင္းဘူးလား.... ?? "

" ဖယ္စမ္း မင္းလက္... !! ငါ့ နဖူးကို
မထိနဲ႔ ငါ မင္းကို ရြံတယ္ "

ေသြးသစ္ မထိုးလို႔ ျခားနား
မ်က္လုံးဖြင့္လိုက္​တုန္း ေသြးသစ္ က
ေခါင္းကို  အတြင္တြင္ ခါယမ္းေနတာ
ျမင္​လိုက္၍  စိတ္ပူၿပီး နဖူးေလးကို
စမ္းလိုက္မိသည္။

ထိုအခါ ျပန္ရလာတာက ခ်စ္ရသူရဲ႕ ရြံတယ္ဆိုတဲ့
စကားပင္​... ေတာ္ပါေတာ့ သူ႕ မာမီ ခ်ဳိင့္ကို
လႊတ္ပစ္တာနဲ႔တင္ ေတာ္ပါေတာ့... အခုေတာ့
ရြံတယ္ဆိုတဲ့ စကားပါ ေျပာလာခဲ့သည္။

သူ မခံစားႏိုင္ေတာ့ဘူး။  ထူးျခားနား လို႔
သူစိမ္းဆန္ဆန္ ေသြးသစ္ ေခၚတာနဲ႔တင္
သူ႕ ႏွလုံးသားက အရမ္းကို နာက်င္ေနၿပီ။
ဒီထက္ နာက်င္ရေအာင္ ထပ္မလုပ္ပါေတာ့နဲ႔။

" သြား ငါေရွ႕ ေပၚမလာနဲ႔ ထူးျခားနား.. 
ငါ့ အိမ္ထဲက အခုထြက္သြား "

" မင္းငါ့ကို အဲ့ဒီေလာက္ေတာင္ မုန္းေနတာလား
ေသြးသစ္ "

" ေအး မုန္းတယ္... မင္းလို ကိုယ့္ သူငယ္ခ်င္း
ရဲ႕ လူကို စႏိုက္တတ္တဲ့ ၾကာကူလီေကာင္ကို
ငါ အရမ္းမုန္းတယ္... ငါ့ ကမာၻေပၚမွာ အမုန္းဆံုး
က မင္းပဲ "

" ေကာင္းၿပီ မင္းေရွ႕ကေန ငါ ထြက္သြားေပးမယ္
ဘယ္ေတာ့မွ မင္းေရွ႕ ​ေပၚမလာေစရဘူး "

ငိုခ်င္ေနတဲ့ စိတ္ကို ျခားနား မနည္းခ်ဳပ္တည္း
ရင္း ေရကန္ေပၚကေန တက္လာခဲ့သည္။

ေသြးသစ္ ကိုလည္း ေက်ာခိုင္းလိုက္ေရာ သူ ့
ပါးျပင္ေပၚ မ်က္ရည္စေတြက အျပည့္စီး
က်လာသည္​။

ေသခ်ာတယ္ ဒီေန႔ သူ ေက်ာင္းမလာႏိုင္ေတာ့ဘူး။

ေက်ာင္းကို သြားရင္ သူ ငိုမိမွာ။

နာက်င္လိုက္တာ ေသြးသစ္ ... !! ငါေလ
ကိုယ့္ကို မခ်စ္ႏိုင္တဲ့ လူကို ခ်စ္ေနရတာ။

ေတာ္ပါၿပီ ဒီေန႔ကစၿပီး မင္း သေဘာအတိုင္း
မင္းေရွ႕ မလာမိေအာင္ ငါ ​ေန​ေပးမယ္​။
မေနႏိုင္လို႔ လာလာေခ်ာင္းၾကည့္တတ္တာကိုလည္း
ငါ ျပင္မယ္။  ဒီထက္ ငါ မခံစားႏိုင္ေတာ့ဘူး။
မင္း မုန္းတယ္ေျပာမွာကို... မင္းနဲ႔ ပတ္သက္ရင္
မ်က္ရည္ေတြလည္း ငါ လြယ္တတ္ေနၿပီ။

ဒါေပမဲ့ ငါ ေနာင္တမရပါဘူး။ ဘဝမွာ
တစ္ႀကိမ္ တစ္ခါ လူတစ္ေယာက္ကို
အမွန္အကန္ဆံုး ခ်စ္ခဲ့ဖူးတယ္ေလ။

ကိုယ္ ခ်စ္တဲ့လူက ကိုယ့္ကို ျပန္မခ်စ္တာက
လႊဲလို႔။ ေနာင္ဘဝေတြ ရိွရင္ေတာ့
ငါ ဆုေတာင္းတယ္။ ငါ ခ်စ္တဲ့လူက
ငါ့ကို ျပန္ခ်စ္ပါေစဆိုၿပီး...အခုလို
ငါ တစ္ေယာက္တည္း ခ်စ္ရတဲ့ တစ္ဖက္သတ္
အခ်စ္ မဟုတ္ပါေစနဲ႔။

>>>>>>>>>>>>>>>>

" အားလံုး လုပ္ၿပီးသြားၿပီ မဟုတ္လား သရဖီ "

" ေအး အားလံုး လုပ္ၿပီးသြားၿပီ...
လြန္ႀကိဳးျဖဴျဖဴ ေက်ာင္းလာတာနဲ႔
အရွက္ႀကီးက်ယ္ကြဲမွာ.... ဒါတင္မကေသးဘူး
သူ႕ကို ေက်ာင္းသူ၊  ေက်ာင္းသား
ေတြက​ေရာပါ ပစ္ေပါက္ဖို႔ဆိုၿပီး
ၾကက္ဥေတြ၊  ဂ်ံဴမႈန္႔ေတြ၊  ေဆးနီမႈန္႔ေတြေရာ
အစံုပဲ ဝယ္ထားၾကတယ္ "

" ဒါဆို ေကာင္းတယ္.... ငါတို႔ အေဝးကေန
ထိုင္ၾကည့္႐ံုပဲေပါ့..  ."

" သိပ္ဟုတ္... ပါခ်ဳပ္ႀကီးကလည္း သူ
တစ္ေယာက္ေယာက္နဲ႔ အိပ္ဖို႔ လုပ္တဲ့
ပံုေတြ ျမင္ရင္ သူ႕ scholarship ဆုကိုလည္း
ျဖဳတ္ပစ္မွာ ေသခ်ာေပါက္ပဲ ခ်စ္​သည္​း "

" ႐ိုက္လိုက္ပါအံုး "

ခ်စ္သည္းမာန္ ႐ိုက္ဖို႔အတြက္ လက္ဝါးေထာင္
ေပးလာရာ သရဖီကလည္း ေနာက္က်မခံဘဲ
႐ိုက္ပစ္သည္။ ထိုအခါ ၿပံဳးသြားေသာ
မ်က္ႏွာေတြက သိပ္ကို ေၾကာက္စရာ
ေကာင္းသည္။ ေကာက္က်စ္တဲ့ အၿပံဳးေတြနဲ႔။

ခ်စ္သည္း အခုေလးတင္ လြန္ႀကိဳးျဖဴျဖဴ နဲ႔
ဒယ္ဒီ ပံုေတြကို ျဖန္႔ခိုင္းလိုက္သည္။ ဒါေပမဲ့
ဒယ္ဒီ ပံုကိုက် ဝါးထားခဲ့သည္။

ဒါ့အျပင္ ေခါင္းစဥ္ကအစ ပိုက္ဆံ မရိွလို႔
သူမ်ား မယားငယ္လုပ္ေနတယ္ဆိုတဲ့
သတင္း။  အခု ဒီပံုေတြကို ျမင္ၿပီး
ေက်ာင္းရဲ႕ ဂုဏ္ကို ထိခိုက္တယ္ဆိုၿပီး
ေက်ာင္းက ေက်ာင္းသူေတြက လြန္ႀကိဳးျဖဴျဖဴ
ကို လုပ္ခ်င္ေနၾကသည္။  ပါခ်ဳပ္ႀကီးကလည္း
သိရင္ ေက်ာင္းထုတ္မွာ ေသခ်ာေပါက္​ေပ။

အရိွန္ နဲ႔ နင္းလာေသာ လြန္ႀကိဳးျဖဴျဖဴ
စက္ဘီးေလးက တကၠသိုလ္ဝင္းထဲလည္​း
ဝင္လာေရာ ခ်စ္သည္းမာန္ နဲ႔ သူမ သူငယ္ခ်င္း
သရဖီ မ်က္ႏွာက ၿပံဳးၿဖီးသြားခဲ့သည္။

ဒါ့အျပင္ ေက်ာင္းသားေတြပါ ပါတဲ့
ေက်ာင္းသူအုပ္ႀကီးက လြန္ႀကိဳးျဖဴျဖဴ
နားကို ေျပးသြားတာ ျမင္လိုက္ေရာ
ႏွစ္ေယာက္စလံုးက တစ္ေယာက္မ်က္ႏွာ
တစ္ေယာက္ ၾကည့္ၿပီး ရယ္လိုက္ၾကသည္။

" မ်ဳိးမစစ္မ...! ! ပိုင္းလံုးမ ငါတို႔
တကၠသိုလ္ ကို အရွက္ခြဲတဲ့ မိန္းမ... !! "

" ဒါတင္မကေသးဘူး ျခားနား အေပၚမွာ
သစၥာမရိွတဲ့ ေကာင္မ....!! xာသည္မ
က xာသည္မ လို မေနဘူး အဲ့ဒီေလာက္ထိ
ေငြလိုေနရင္ xာတန္းသြားေလ..!!
ငါတို႔ တကၠသိုလ္ကို မလာနဲ႔... လူတကာနဲ႔
အိပ္တဲ့ ေကာင္မ... လင္xိုးခံမ၊  အxိုးမ "

စက္ဘီးေပၚက ဆင္းတုန္းေလး ရိွေသး
ျဖဴျဖဴ နား ေက်ာင္းသူအုပ္ႀကီးက
ေရာက္လာျပီး ယုတ္ရင့္တဲ့ ဆဲနည္းေတြ
ဆဲေန၍  ျဖဴျဖဴ ရွက္သြားမိသည္။

ဒါ့ကို ေဘးနားက ၾကည့္ေနၾကေသာ တကၠသိုလ္
ထဲက လူေတြေၾကာင့္လည္း ျဖဴျဖဴ
ရွက္ၿပီး ထြက္ေျပးခ်င္မိသည္။  ဒါေပမဲ့
ထြက္ေျပးဖို႔ မျဖစ္ႏိုင္။ သူတို႔ေတြက
ပတ္ပတ္လည္ ျဖဴျဖဴ ကို ဝိုင္းထားၾကသည္။

" ထုၾကဟာ... ကဲဟာ...!!! "

" ဘုတ္...!! "

" ဘုတ္...!! "

သူတို႔ လက္ထဲက ၾကက္ဥေတြနဲ႔ ျဖဴျဖဴ ကို
အလုအယက္ ထုလာၾကသည္။

ျဖဴျဖဴ လက္တစ္စံုကို တင္းတင္းဆုပ္ထားၿပီး
ေတာင့္ခံေနမိသည္။

ဂ်ံဳမႈန္႔ေတြ၊  ေဆးနီမႈန္႔ မ်ဳိးစံုနဲ႔ပါ တစ္ခ်ဳိ႕သူ
ေတြက ျဖဴျဖဴ ကို ပက္လာၾကေတာ့
ဒီေန႔ ျဖဴျဖဴ ဝတ္လာတဲ့ ဝမ္းဆက္
အျဖဴေလးမွာ ရစရာပင္ မရိွေတာ့။

ဘိုသားပဲသီး၊  ကန္စြန္းရြက္၊  ခ်ဥ္ေပါင္ရြက္
ေတြနဲ႔ပါ မခ်န္ ျဖဴျဖဴ ကို ​ပစ္​​ေပါက္​လာၾကသည္။

ဒီေတာ့ ျဖဴျဖဴ မွာ ရစရာမရိွေတာ့။

" အ့...!!  "

ၾကက္ဥေတြ ပစ္ေပါက္တာမ်ားလာေတာ့
လြန္ႀကိဳးျဖဴျဖဴ သိပ္မခံႏိုင္ေတာ့ပါ။ 
မ်က္နွာကို ခဏခဏ ထိလာ၍ သူမ
ညည္းသံေလးပင္ ထြက္သြားမိသည္။

" ဘုတ္... ဘုတ္.. .!! "

" အ့... အ့...!!  "

ပစ္တာေတြက တရစပ္ ျဖစ္လာ၍ ႏႈတ္ခမ္း
တစ္စံုကို ဖိကိုက္ထားၿပီး ေအာ္သံမထြက္ေအာင္
မနည္းထိန္းထား​ေနေသာ္လည္း ထြက္သြားမိသည္။

ဒီလိုေတြ လုပ္ခံရလို႔ သူမ မငိုခဲ့ပါ။
မငိုတတ္တဲ့သူဆိုေတာ့ နာက်င္႐ံုအျပင္
မရိွ။

" ဒီေကာင္မ စက္ဘီးကိုပါ ဖ်က္ဆီးပစ္..!!  "

" မလုပ္ၾကပါနဲ႔ ျဖဴျဖဴ ေတာင္းပန္ပါတယ္. ..!!
မလုပ္ပါနဲ႔ ျဖဴျဖဴ ေတာင္းပန္ပါတယ္ "

ျဖဴျဖဴ ကို လုပ္႐ံုတင္ အားမရ
ေက်ာင္းသူအုပ္ထဲက ေက်ာင္းသားေတြက
ျဖဴျဖဴ စက္ဘီးကိုမၿပီး အေဝးကို
ပစ္ေပါက္လိုက္ၾကသည္။

စက္ဘီးေပၚ ဓာတ္ဆီေတြ ျဖန္းၿပီး မီး႐ိွူ ့ ဖို႔
ျပင္လိုက္သျဖင့္ လြန္ႀကိဳးျဖဴျဖဴ ထေအာ္၏ ။

" မလုပ္နဲ႔....!!!  "

" အား...!!!  "

ေအာ္တာပင္ ေနာက္က်သြားသည္။ စက္ဘီးေလး
က မီး႐ိႉ ့ ခံလိုက္ရလို႔ အရိွန္အဟုန္ျပင္းစြာနဲ႔
ေတာက္ေလာင္ေနေလသည္။

သြားၿပီ မာသာ ဝယ္​​ေပးထားတဲ့ ျဖဴျဖဴ
စက္​ဘီး​ေလးပ်က္​စီးသြားၿပီ။

ဒါ့ကို မာသာ သာသိရင္​ အရမ္​း စိတ္​မ​ေကာင္​း
ျဖစ္​မွာ။ ျဖဴျဖဴက အ​ေတာ္​အသုံးမက်တဲ့လူပဲ။

ျဖဴျဖဴ ​ေလာက္​ အသုံးမက်တဲ့သူ ဒီကမ႓ာ​ေပၚမွာ
ရိွမွာမဟုတ္​​ေတာ့။

မာသာ ဝယ္​​ေပးထားတဲ့ စက္​ဘီး​ေလးကို​ေတာင္​
ျဖဴျဖဴက မကာကြယ္​​ေပးနိုင္​ခဲ့ဘူး။

မီး​ေလာင္​​ေန​ေသာ စက္​ဘီး​ေလးကို
လြန္ႀကိဳးျဖဴျဖဴ ယူႀကံဳးမရၾကည့္ၿပီး
သူမကို အဆက္မျပတ္ ၾကက္ဥေတြနဲ႔
ေပါက္ေနတဲ့ လူေတြေၾကာင့္ အဆုံးမွာ
​ေမ့လဲက်သြားေတာ့သည္။

" ေဒၚျဖဴျဖဴ.....!!! "

Part  28 ေမွ်ာ္...........................
( ေခါင္ႀကီး ေရ ကယ္ေပးပါအံုး မင္း မမကို... 😭😭
ငါ့ ေခါင္ႀကီး 😭😭😭)

ဒီ​ေန႔ အပိုင္​း အရမ္​းရွည္​လို႔ မနက္​ျဖန္​ တိုပါမယ္​
ဒါဒါ​ေလး​ေတြ 😁😁😁😍😍😍

ခ်စ္​တယ္​​ေနာ္​ မင္​မင္​ရဲ႕ ဒါဒါ​ေလး​ေတြ.......😍😍😘😘
ဒီအပိုင္းေလးနဲ႔ ပတ္သက္ၿပီး ဒါဒါေလးေတြရဲ႕ မန္႔ကို
မင္မင္ေလယူရာယိမ္း ေစာင့္ေမွ်ာ္လ်က္.. ......😍😍😘😘

#​ေလယူရာယိမ္​း

☆☆☆☆♡⃛   အချစ်က သူစေစားရာ   ♡⃛ ☆☆☆☆
( Part - 27  )

" အမေ့.... ဘုန်း...!!!  "

" ရရဲ့လားဟင် ကြီးကြီး ဘာဖြစ်သွားသေးလဲ...??  "

မနက်ခင်း အစော ကျောင်းမသွားခင် ဈေးကို
အသွား ကြီးကြီး တစ်ယောက်က ပစ်လဲကျ
သွား၍  ဖြူဖြူ အပြေးသွားထူလိုက်သည်။

" ဟင်.....မှည့်...မှည့်သုံးလုံး "

ဖြူဖြူ ထူပေးနေတာကို မထဘဲ ဖြူဖြူ
ရင်ဘတ်ကို စိုက်ကြည့်ပြီး တစ်ခုခုကို
ပြောနေတာကြောင့် စိတ်ထဲ တစ်မျိုးကြီး
ဖြစ်လို့သွားသည်။

အဲ့ဒီ ကြီးကြီး ကို ထူပေးဖို့ အတွက် ဖြူဖြူ
ကုန်းလိုက်မိရာ အင်္ကျီက အနည်းငယ်ဟသွား၍
ဖြူဖြူ မလုံမလဲ ဖြစ်ပြီး ပြန်ဆွဲတင်လိုက်သည်။

" ထလေ ကြီးကြီး.... မထနိုင်ဘူးလားဟင်
ဒါမှမဟုတ် ဖြူဖြူ ချိုင်းကနေ မပေးရမလား..?? "

" ရတယ် သမီး... ကြီးတင်မြိုင် ဘာမှ မဖြစ်ဘူး "

အပြောနဲ့အတူ ဒေါ်တင်မြိုင် လွန်ကြိုးဖြူဖြူ
လက်​လေးကို ကိုင်ရုံလောက်သာ ကိုင်ပြီး
သူ့ဟာသူ  ထလိုက်သည်။

" ဟို​လေ...သမီး...သမီး ရင်ညွှန့်တည့်တည့်မှာ
မှည့်လေးသုံးလုံးတန်းနေတာ ကြီးတင်မြိုင်
ကြည့်လို့ရမလားဟင်.... "

ဖြူဖြူ လက်ကို ဆွဲရင်းနဲ့ ထလာတဲ့ ကြီးတင်မြိုင်
ဆိုတဲ့ အန်တီကြီးက ခုဏက သူ
မြင်သွားသော မှည့်ကို ကြည့်ချင်ကြောင်း
ပြောလာခဲ့သည်။

ကြီးတင်မြိုင် ဆိုတဲ့ အန်တီကြီး ပုံစံ ကြည့်ရတာ
ဖြူဖြူ ရင်ဘတ်က မှည့်သုံးလုံးကို အတော်
စိတ်ဝင်စားနေပုံရသည်။  ဒါ့အပြင် သူ့ကို
ထူပေးဖို့ ဖြူဖြူ ကုန်းလိုက်တုန်းကဆို
ပေါ်သွားသော မှည့်သုံးလုံးကို ကြည့်ပြီးလည်း
အံ့ဩကာ မျက်နှာလည်း ပျက်သွားသေးသည်။

ဒီကြီးတင်မြိုင် ဆိုတဲ့ အန်တီကြီးက ဖြူဖြူ
မှည့်နဲ့ ပတ်သက်ပြီး တစ်ခုခုတော့ တစ်ခုခုပေ။

" ရပါတယ် ကြီးကြီး....ကြီးကြီး
ကြည့်ချင်ရင် ကြည့်လေ "

ဖြူဖြူ ခွင့်ပြုပေးလိုက်တော့ လူရှင်းတဲ့အနား
ခေါ်လာပြီး ဖြူဖြူ မှည့်ကို ကြည့်ရင်း
ကြီးတင်မြိုင် ဆိုတဲ့ အန်တီကြီးက မျက်ရည်တွေ
ကျလာလေသည်။

" ဘာလို့ ငိုနေတာလဲ ကြီးကြီး.. ..မငိုပါနဲ့ "

"  သမီး နာမည်ကလေ ဘယ်လိုခေါ်လဲဟင်... "

မျက်ရည်စတွေနဲ့ မေးလာသော ကြီးတင်မြိုင်
ကို ကြည့်ပြီး ဖြူဖြူ ပြုံးပြလိုက်မိသည်။

" ဖြူဖြူ နာမည်က လွန်ကြိုးဖြူဖြူ လို့
ခေါ်ပါတယ် ကြီးကြီး.. .."

" လှလိုက်တာ သမီးနာမည်လေးက...
လူလေးကလည်း သိပ်ကို လှတယ်... "

" ဟုတ် ကြီးကြီး ကျေးဇူးပါ "

" ဒါနဲ့ သမီး မိဘတွေရော... သူတို့  နာမည်က
ဘယ်သူတွေလဲဟင် ကြီးတင်မြိုင် ကို
စပ်စုတယ် မထင်ပါနဲ့... သမီးက
ဆုံးသွားတဲ့ ကြီးတင်မြိုင် သမီးနဲ့ တူ​နေလို့ပါ
သူ့ကလည်း သမီးလို ရင်ညွှန့်မှာ မှည့်သုံးလုံး
ရှိတယ်လေ...."

ဪ... အစက ကြီးတင်မြိုင် ဆိုတဲ့ အန်တီကြီး
ကို ဖြူဖြူ က တစ်မျိုးထင်နေမိတာ။
တကယ်တမ်း​တော့ သူ့က ဖြူဖြူ က သူ့
သမီးနဲ့ တူနေလို့ အခုလိုတွေ ဖြစ်နေတာကိုး။

" အဖေနဲ့ အမေက ဘယ်သူတွေဆိုတာ
ဖြူဖြူ မသိပါဘူး ကြီးကြီး ...
ဖြူဖြူ က မွေးကတည်းက မိဘမဲ့ဂေဟာမှာ
စွန့်ပစ်ခံရတဲ့ ကလေးပါ "

" ကြီးတင်မြိုင် တောင်းပန်ပါတယ်နော်
သမီး...ကြီးတင်မြိုင် မသိလို့ မေးမိသွားတာပါ "

" ရပါတယ် ကြီးကြီး... ဖြူဖြူ ဘာမှမဖြစ်ပါဘူး "

"  အပန်းမကြီးရင် သမီးကိုလေ
ကြီးတင်မြိုင် တစ်ခါလောက် ဖက်ထားလို့
ရမလားဟင်.. ...??  သမီးက ဆုံးသွားတဲ့
ကြီးတင်မြိုင် သမီးနဲ့ တူနေတော့ ကြီးတင်မြိုင်
ဖက်ထားချင်လို့ပါ "

" ဟုတ် ရပါတယ် ကြီးကြီးတင်မြိုင်  .....
ဖြူဖြူ ကို ဖက်လေ "

လက်ဆန့်တန်းပေးလိုက်ရာ ဖက်လာသော
လက်တစ်စုံက တင်းကြပ်စွာနဲ့ နွေးထွေးနေ
သည်။

ဒီတော့ ဖြူဖြူ လည်း အားရပါးရ ပြန်ဖက်ထား
ပေးလိုက်သည်။

ကျောက်ပုစွန် မရလို့ ဒီနေ့ တခြားဈေး
တွေပါ ပတ်ကြည့်ရင်း လူက ခဲလုံးမမြင်ဘဲ
တိုက်မိကာ လဲသွားခဲ့သည်။

ဒေါ်တင်မြိုင် နာနေတုန်း လက်ဖြူဖြူလေး
တစ်ဖက်က သူမ ကို ထူပေးလာတော့
ထူပေးတာကို မထဘဲ မြင်လိုက်ရသော
ရင်ညွှန့်တည့်တည့်က မှည့်စိမ်းလေး
သုံးလုံးကြောင့် တစ်ကိုယ်လုံး တုန်ယင်
သွားပြီး အာမေဋိတ်သံတွေပါ ထွက်သွားမိသည်။

ဒီမှည့်သုံးလုံးလေး တန်းနေတာက မမလေး
ရဲ့ သမီး ဒွိလိင်ဆိုတဲ့ အကြီးမလေးမှာလည်း
ဒီလိုလေး ပါတာလေ။  ဒါ့ကို အကြီးမလေး
ကို ရထားလမ်း​ဘေးက မြက်ရိုင်းတွေ
ကြားမှာ စွန့်ပစ်တုန်းက သူမ မှတ်ထားခဲ့သည်။

ဒါ့အပြင် သေချာအောင်လို့ မိဘတွေ
အကြောင်းကို မေးကြည့်တော့လည်း
မွေးကတည်းက မိဘမဲ့ဂေဟာ မှာ
စွန့်ပစ်ထားခံရတာတဲ့။

ဒီတော့ သိပ်ကို သေချာနေပါပြီ။  သူမ
စွန့်ပစ်တဲ့ ဒွိလိင် အကြီးမလေးကို
တစ်ယောက်ယောက်ကတွေ့လို့
မိဘမဲ့ဂေဟာမှာ လာထားပေးတာပဲ
နေမှာ။

" ကလေးရယ် ကြီးတင်မြိုင် တောင်းပန်ပါတယ်...
ကြီးတင်မြိုင် ကြောင့် မင်းအခုလို မိဘမဲ့
ဖြစ်ရတာပါ... မမလေးသာ ကလေး
သက်ရှိထင်ရှားရှိနေမှန်းသာ သိရင် သိပ်ကို
ပျော်မှာ...ဖြစ်နိုင်ရင်လေ မမလေးဆီ
သွားပြီး မင်းတို့ သားမိကို ကြီးတင်မြိုင်
ပြန်ဆုံဆည်းပေးစေချင်လိုက်တာ
ဒါပေမဲ့ အစ်ကိုလေးကို ကြီးတင်မြိုင်
ကြောက်တယ်...အစ်ကိုလေးသာ
ကလေး  အသက်ရှိနေမှန်းသိရင်
ကလေးကို သတ်ဖို့ လုပ်လောက်တယ်....
ဒါ့အပြင် ကြီးတင်မြိုင်ကိုလည်း သတ်မှာ
ကလေးရဲ့.... ကြီးတင်မြိုင် ဘာဆက်​
လုပ်ရမှန်း မသိတော့ဘူး "

လွန်ကြိုးဖြူဖြူ ကိုယ်လေးကို တင်းကြပ်
နေအောင် ဖက်ထားရင်း ရင်တွင်းစကားတွေ
စိတ်ထဲမှာ ဆိုကာ ဒေါ်တင်မြိုင် တစ်ယောက်
မျက်ရည်တွေ ကျနေလေသည်။

ဒေါ်တင်မြိုင် ဆိုသည်ကား ဦးနိုင်စေမာန် အိမ်က
အိမ်ထိန်းကြီးပေ။  တစ်နည်းအားဖြင့်
ဦးနိုင်စေမာန် အလိုကျ လွန်ကြိုးဖြူဖြူ ကို
ရထားလမ်းဘေးနားက မြက်ရိုင်းတွေကြားထဲ
စွန့်ပစ်ပေးသော လူဆိုရင်လည်း မမှားပါ။
ဒါကြောင့် သူမ စွန့်ပစ်ပေးတုန်းက တွေ့ခဲ့သော
အကြီးမ ဒွိလိင်လေး ရဲ့ ရင်ညွှန့်တည့်တည့်ပေါ်က
မှည့်သုံးလုံး တန်းနေတာကို အခု လွန်ကြိုးဖြူဖြူ
ဆီမှာ တွေ့လိုက်ရတော့ ဒေါ်တင်မြိုင်
အံ့ဩသွားတာ မဆန်းပါ။

သူမ လုပ်လိုက်မိတဲ့ အမှားအတွက်လည်း
ယူကြုံးမရဖြစ်ပြီး ညတိုင်း အိပ်မပျော်ဖြစ်နေတာ
လည်း သူမသာ သိသည်။

********************

စကားတွေ အများကြီး ဖြူဖြူ ကို
ကြီးကြီးတင်မြိုင်က ဆိုလာတော့
ခဏအတွင်းမှာပဲ ကြီးတင်မြိုင် နဲ့ ဖြူဖြူ
ရင်းနှီးလို့ သွားသည်။

ကြီးကြီးတင်မြိုင် ကိုလည်း ဖြူဖြူ သနားမိသည်။
သားသမီး ကို ငယ်ငယ်ရွယ်နဲ့ ဆုံးပါးထားတဲ့
သူဆိုတော့ အထီးကျန်နေမှာ သေချာပေါက်ပေ။

ဒီတော့ ခဏလောက် ဖြူဖြူ အဖော်ပြုပေး
လိုက်သည်။  ဒါပေမဲ့ ဒီနေ့ ကျောင်းတက်ရအုံးမှာ
ဆိုတော့ ဖြူဖြူ အကြာကြီး နေလို့ မဖြစ်ပါ။

ဖြူဖြူ ခွင့်တောင်းပြီး ကြီးကြီးတင်မြိုင် ဆီကနေ
ထွက်လာလိုက်သည်။

ဂေဟာကို ရောက်တော့​ခြောက်​နာရီ ခွဲ​တော့မှာ
ဖြစ်၍  ဖြူဖြူ အတွက် သိပ်ကို နောက်ကျ
နေပြီ။ ပြင်ဆင်စရာရှိတာတွေလည်း ဖြူဖြူ
ချက်ချင်း ပြင်လိုက်သည်။

မနေ့က ဖြူဖြူ ရဲ့ ညိုလေး သေသွားတုန်းက
ဖြူဖြူ ညိုလေး ကို ပြေးဖက်ထားမိသည်။

ထိုအခါ ဖြူဖြူ အင်္ကျီမှာ ညိုလေး ရဲ့ သွေးတွေ။
အဲ့ဒီနေ့က ဝတ်တဲ့ အင်္ကျီ က အနီဆိုတော့
ညိုလေး သွေးတွေပေသွားတာတောင်
ဖြူဖြူ အင်္ကျီက သိပ်မသိသာပါ။

မသိသာပေမဲ့လည်း ထိုအင်္ကျီလေးကို ဖြူဖြူ
မလျှော်ပစ်ခဲ့။  ညိုလေး ကို လွမ်းတဲ့စိတ်နဲ့
ဒီ အင်္ကျီလေးကို ဖြူဖြူ သိမ်းထားမည်။
ဒါ့အပြင် ညိုလေး ကို တိုက်ခဲ့သော
ခေါင်ယံမှိုင်း ကိုလည်း ဖြူဖြူ ဒီတစ်သက်
မကြေ။  ကလဲ့စားတော့ ဖြူဖြူ ချေမှာ
မဟုတ်ပါ။ သူ့ အကုသိုလ်နဲ့ သူ
သွားလိမ့်မည်။

မာသာနဲ့ ထွေးထွေးကလည်း ခေါင်ယံမှိုင်း
ကြောင့် ညိုလေး သေသွားတာ ဖြူဖြူ
ပြောတုန်းကဆိုရင် သတ္တဝါ တစ်ခု ကံတစ်ခုပေါ့
ဖြူလေးရယ် ဆိုပြီး ဆိုလာခဲ့သည်။

ဖြူဖြူ ကတော့ အဲ့ဒီလောက်ထိ မေတ္တာကြီး
မပေးနိုင်၊  ခေါင်ယံမှိုင်း ပြန်ခံစားရပါစေလို့
ဆုတောင်းမိသည်။ ညိုလေးလို သူ
ပြန်​ဝဋ်​မလည်ပါစေနဲ့။

သူကြောင့် ဖြူဖြူ ကျောင်းသွားတိုင်း စက်ဘီး
နောက် အပြေးလိုက်လာပြီး နှုတ်ဆက်တက်သော
ညိုလေး ကို ဖြူဖြူ ဆုံးရှူံးခဲ့ရပြီ။

ဖြူဖြူ အစာကျွေးတိုင်း စားမယ်ဆိုပြီး
ခြေထောက်လေး နှစ်ချောင်းထောက်ကာ
အမြီးလေး တဆက်ဆက်ခါတတ်သော
ညိုလေး ကို ဖြူဖြူ ဆုံးရှူံးလိုက်ရပြီ။

ဖြူဖြူ ဝမ်းနည်းချိန်တိုင်း ဖြူဖြူ ရင်ခွင်ထဲ
တိုးဝှေ့ပြီး နှစ်သိမ့်ပေးတတ်တဲ့ ညိုလေး
ကို ဖြူဖြူ ဆုံးရှူံးလိုက်ရပြီ။

ဒါတင်မကသေး ဖြူဖြူ အသက်ကို ကယ်ပေး
ခဲ့သော မိစွာကြီး ရဲ့ ကျေးဇူးတွေကို
ဖြူဖြူ ပြန်ဆပ်ပေးမယ်ပြောပြီး
မိစွာကြီးရဲ့ သမီး  ညိုလေးကိုတောင်မှ
ဖြူဖြူ က ကာကွယ်မပေးနိုင်ခဲ့။

ဒီတော့ ဖြူဖြူ က ဘာအသုံးကျတော့မှာလဲ။

ဂေဟာကို ခေါ်လာ​ပေးတဲ့ မိစွာကြီးရဲ့ သမီး
ညို​လေးကိုတောင်မှ ဖြူဖြူ က
မစောင့်ရှောက်နိုင်တာ။

တခြားဘာတွေရော ဖြူဖြူ က စောင့်ရှောက်
ပေးနိုင်တော့မှာလဲ။  ဖြူဖြူ သိတာတစ်ခုက
ခေါင်ယံမှိုင်း ကို အရမ်းနာကြည်းတယ်ဆိုတာ
ပဲ။  ဒီက ရှေ့လျှောက် ဖြူဖြူ ဆုတောင်းနေမှာ။
ညိုလေး လို သူ ပြန်မခံစားရပါစေနဲ့ဆိုပြီး။

>>>>>>>>>>>>>>>>>

ရေကန်ထဲ ငါးတစ်ကောင်လို ပေါ့ပါးစွာ
ရေကူးနေသော သွေးသစ် ကို မုန့်ဟင်းခါး
ထည့်ထားတဲ့ ချိုင့်လေး ကိုင်ကာ အသက်ရှူဖို့
မေ့လောက်အောင် ခြားနား ရပ်ကြည့်နေ
​လေသည်။

" ဗွမ်း....!!  "
" အေမ့...!! "

ရပ်ကြည့်နေတုန်းမှာပဲ သူ့ ကိုယ်လေးက ရေထဲ
ဆွဲယူခြင်း ခံလိုက်ရ၍ သွေးသစ် ရင်ဘတ်နှင့်
နီးကပ်သွားခဲ့သည်။

" ဘာလုပ်တာလဲ သွေးသစ်...!!  မင်း
ဘာလုပ်တာလဲ ငါ့ အဝတ်တွေ စိုအောင်လို့ "

"  အဲ့တာက ငါ မေးရမှာ ထူးခြားနား...
မင်း ငါ့ အိမ်ကို ဘာလာလုပ်တာလဲ.....??  "

"  မာမီက အိမ်မှာ မုန့်ဟင်းခါး ချက်လို့  အဲ့တာ
မင်းတို့ အိမ်ကို လာပို့ခိုင်းလို့ ငါ လာပို့တာ "

" ပို့စရာ မလိုဘူး... "

ပြောလည်းပြော မုန့်ဟင်းခါး ချိုင့်လေးကို ယူကာ
သွေးသစ် အဝေးကို ပစ်ပေါက်လိုက်သည်။

" ဝုန်း...!!!!  "

" ခွပ်...!! "

မျက်​စိ​ရှေ့တင်​လက်တစ်စုံက
ဖျက်ဆီးလိုက်တယ်လုပ်ရပ်ကြောင့် ခြားနား
သည်းခံနိုင်စွမ်းမဲ့သွားပြီး ချက်ချင်းဆိုသလို
ထိုးပစ်လိုက်သည်။

" အဟက်.. မင်း ငါ့ကို ထိုးတယ်ပေါ့ ထူးခြားနား "

" အေး ထိုးတယ်... မင်း ငါ့ကို မုန်းတာက
မုန်းလို့ ရတယ် ဒါပေမဲ့ ငါ့ မာမီဟာတော့
မဖျက်စီးသင့်ဘူး ဒါကြောင့် ငါထိုးတာ
မင်း မကျေနပ်ရင် ပြန်ထိုးလို့  ရတယ် "

" အေး ပြန်ထိုးမှာ "

အပြောနဲ့အတူ ရွယ်လာသော လက်တစ်စုံကြောင့်
ခြားနား မျက်လုံးတွေကို မှိတ်ချပစ်လိုက်သည်။

သို့သော် ထိုးမယ်ဆိုပြီး ရွယ်လိုက်တဲ့ သွေးသစ်
လက်တစ်စုံမှာ ခြားနား မျက်နှာကို ကြည့်ပြီး
ထိုးလိုက်ဖို့ ရပ်တန့်သွားရသည်။

ထူထပ်နက်မှောင်သော မျက်တောင် အရှည်ကြီး
တွေက ကြောက်ပြီး တအားမှိတ်ထားတော့
တစ်ချက်တစ်ချက် လှုပ်လို့သွားသည်။ 

နှုတ်ခမ်းလေးကလည်း ယောင်္ကျားလေးမတန်မဲ့
နီရဲလို့ နေ၏ ။  နှုတ်ခမ်းစပ်နားမှာ မှဲ့စိမ်းလေး
တစ်လုံးကလည်း တည်ရှိနေသည်။  ဒါ့ကို
မြင်ပြီး နမ်းချင်တဲ့ စိတ်ကြီး ဖြစ်လာတာကြောင့်
သွေးသစ် ခေါင်းကို ခါယမ်းပစ်လိုက်သည်။

ဒီလိုနဲ့ အောက်ပိုင်းကို အကြည့်ရောက်သွားမိတော့
ရေစိုနေ၍ အထင်းသားမြင်နေရတဲ့ အပေါ်ပိုင်းက
ခြားနား ပုံစံကြောင့် သွေးသစ် တံတွေးတွေ
ခဏခဏ မြိုချနေရသည်။

ဖြူဖွေး နူးညံ့နေတဲ့ ခြားနား လည်တိုင်လေး
ကိုလည်း သွေးသစ် ကိုက်ချင်စိတ် မနည်းထိန်း
​နေရသည်။ ခြားနား ရင်ဘတ်က ရေစိုနေလို့
ကပ်​ချပ်​နေတဲ့ ဖြူဖွေးပြားကပ်ကပ်
ခန္ဓာကိုယ်လေးကိုလည်း သူ  အာဘွားပေးချင်သည်။

ဟာ... သွေးသစ် မင်း ဘယ်လို ဖြစ်နေတာလဲ။
မင်းက straight တစ်ယောက်ပါ...!!
မကွေးဘူး။မင်း ကြိုက်တာက မ်ိန်းမတွေ။
ယောက်ျားတွေမဟုတ်ဘူး..!! ဟုတ်တယ် ငါ
ယောက်ျားတွေကို မကြိုက်ဘူး။ အခုနမ်းချင်တဲ့
စိတ် ပေါ်တာက ခြားနား ကို ငါ့ ရည်းစား
နမ်းခမ်းလို့ တွေးမိသွားလို့။

ခေါင်းကို ဘယ်ပြန်ညာပြန်ယမ်းရင်း သွေးသစ်
အလုပ်ရှူပ်နေတုန်း... .

"  မင်း ဘာဖြစ်နေတာလဲ သွေးသစ်
နေမကောင်းဘူးလား.... ?? "

" ဖယ်စမ်း မင်းလက်... !! ငါ့ နဖူးကို
မထိနဲ့ ငါ မင်းကို ရွံတယ် "

သွေးသစ် မထိုးလို့ ခြားနား
မျက်လုံးဖွင့်လိုက်​တုန်း သွေးသစ် က
ခေါင်းကို  အတွင်တွင် ခါယမ်းနေတာ
မြင်​လိုက်၍  စိတ်ပူပြီး နဖူးလေးကို
စမ်းလိုက်မိသည်။

ထိုအခါ ပြန်ရလာတာက ချစ်ရသူရဲ့ ရွံတယ်ဆိုတဲ့
စကားပင်​... တော်ပါတော့ သူ့ မာမီ ချိုင့်ကို
လွှတ်ပစ်တာနဲ့တင် တော်ပါတော့... အခုတော့
ရွံတယ်ဆိုတဲ့ စကားပါ ပြောလာခဲ့သည်။

သူ မခံစားနိုင်တော့ဘူး။  ထူးခြားနား လို့
သူစိမ်းဆန်ဆန် သွေးသစ် ခေါ်တာနဲ့တင်
သူ့ နှလုံးသားက အရမ်းကို နာကျင်နေပြီ။
ဒီထက် နာကျင်ရအောင် ထပ်မလုပ်ပါတော့နဲ့။

" သွား ငါရှေ့ ပေါ်မလာနဲ့ ထူးခြားနား.. 
ငါ့ အိမ်ထဲက အခုထွက်သွား "

" မင်းငါ့ကို အဲ့ဒီလောက်တောင် မုန်းနေတာလား
သွေးသစ် "

" အေး မုန်းတယ်... မင်းလို ကိုယ့် သူငယ်ချင်း
ရဲ့ လူကို စနိုက်တတ်တဲ့ ကြာကူလီကောင်ကို
ငါ အရမ်းမုန်းတယ်... ငါ့ ကမ္ဘာပေါ်မှာ အမုန်းဆုံး
က မင်းပဲ "

" ကောင်းပြီ မင်းရှေ့ကနေ ငါ ထွက်သွားပေးမယ်
ဘယ်တော့မှ မင်းရှေ့​ပေါ်မလာစေရဘူး "

ငိုချင်နေတဲ့ စိတ်ကို ခြားနား မနည်းချုပ်တည်း
ရင်း ရေကန်ပေါ်ကနေ တက်လာခဲ့သည်။

သွေးသစ် ကိုလည်း ကျောခိုင်းလိုက်ရော သူ့
ပါးပြင်ပေါ် မျက်ရည်စတွေက အပြည့်စီး
ကျလာသည်​။

သေချာတယ် ဒီနေ့ သူ ကျောင်းမလာနိုင်တော့ဘူး။

ကျောင်းကို သွားရင် သူ ငိုမိမှာ။

နာကျင်လိုက်တာ သွေးသစ် ... !! ငါလေ
ကိုယ့်ကို မချစ်နိုင်တဲ့ လူကို ချစ်နေရတာ။

တော်ပါပြီ ဒီနေ့ကစပြီး မင်း သဘောအတိုင်း
မင်းရှေ့ မလာမိအောင် ငါ​နေ​ပေးမယ်​။
မနေနိုင်လို့ လာလာချောင်းကြည့်တတ်တာကိုလည်း
ငါ ပြင်မယ်။  ဒီထက် ငါ မခံစားနိုင်တော့ဘူး။
မင်း မုန်းတယ်ပြောမှာကို... မင်းနဲ့ ပတ်သက်ရင်
မျက်ရည်တွေလည်း ငါ လွယ်တတ်နေပြီ။

ဒါပေမဲ့ ငါ နောင်တမရပါဘူး။ ဘဝမှာ
တစ်ကြိမ် တစ်ခါ လူတစ်ယောက်ကို
အမှန်အကန်ဆုံး ချစ်ခဲ့ဖူးတယ်လေ။

ကိုယ် ချစ်တဲ့လူက ကိုယ့်ကို ပြန်မချစ်တာက
လွှဲလို့။ နောင်ဘဝတွေ ရှိရင်တော့
ငါ ဆုတောင်းတယ်။ ငါ ချစ်တဲ့လူက
ငါ့ကို ပြန်ချစ်ပါစေဆိုပြီး...အခုလို
ငါ တစ်ယောက်တည်း ချစ်ရတဲ့ တစ်ဖက်သတ်
အချစ် မဟုတ်ပါစေနဲ့။

>>>>>>>>>>>>>>>>

" အားလုံး လုပ်ပြီးသွားပြီ မဟုတ်လား သရဖီ "

" အေး အားလုံး လုပ်ပြီးသွားပြီ...
လွန်ကြိုးဖြူဖြူ ကျောင်းလာတာနဲ့
အရှက်ကြီးကျယ်ကွဲမှာ.... ဒါတင်မကသေးဘူး
သူ့ကို ကျောင်းသူ၊  ကျောင်းသား
တွေက​ရောပါ ပစ်ပေါက်ဖို့ဆိုပြီး
ကြက်ဥတွေ၊  ဂျူံမှုန့်တွေ၊  ဆေးနီမှုန့်တွေရော
အစုံပဲ ဝယ်ထားကြတယ် "

" ဒါဆို ကောင်းတယ်.... ငါတို့ အဝေးကနေ
ထိုင်ကြည့်ရုံပဲပေါ့..  ."

" သိပ်ဟုတ်... ပါချုပ်ကြီးကလည်း သူ
တစ်ယောက်ယောက်နဲ့ အိပ်ဖို့ လုပ်တဲ့
ပုံတွေ မြင်ရင် သူ့ scholarship ဆုကိုလည်း
ဖြုတ်ပစ်မှာ သေချာပေါက်ပဲ ချစ်​သည်း "

" ရိုက်လိုက်ပါအုံး "

ချစ်သည်းမာန် ရိုက်ဖို့အတွက် လက်ဝါးထောင်
ပေးလာရာ သရဖီကလည်း နောက်ကျမခံဘဲ
ရိုက်ပစ်သည်။ ထိုအခါ ပြုံးသွားသော
မျက်နှာတွေက သိပ်ကို ကြောက်စရာ
ကောင်းသည်။ ကောက်ကျစ်တဲ့ အပြုံးတွေနဲ့။

ချစ်သည်း အခုလေးတင် လွန်ကြိုးဖြူဖြူ နဲ့
ဒယ်ဒီ ပုံတွေကို ဖြန့်ခိုင်းလိုက်သည်။ ဒါပေမဲ့
ဒယ်ဒီ ပုံကိုကျ ဝါးထားခဲ့သည်။

ဒါ့အပြင် ခေါင်းစဉ်ကအစ ပိုက်ဆံ မရှိလို့
သူများ မယားငယ်လုပ်နေတယ်ဆိုတဲ့
သတင်း။  အခု ဒီပုံတွေကို မြင်ပြီး
ကျောင်းရဲ့ ဂုဏ်ကို ထိခိုက်တယ်ဆိုပြီး
ကျောင်းက ကျောင်းသူတွေက လွန်ကြိုးဖြူဖြူ
ကို လုပ်ချင်နေကြသည်။  ပါချုပ်ကြီးကလည်း
သိရင် ကျောင်းထုတ်မှာ သေချာပေါက်​ပေ။

အရှိန် နဲ့ နင်းလာသော လွန်ကြိုးဖြူဖြူ
စက်ဘီးလေးက တက္ကသိုလ်ဝင်းထဲလည်း
ဝင်လာရော ချစ်သည်းမာန် နဲ့ သူမ သူငယ်ချင်း
သရဖီ မျက်နှာက ပြုံးဖြီးသွားခဲ့သည်။

ဒါ့အပြင် ကျောင်းသားတွေပါ ပါတဲ့
ကျောင်းသူအုပ်ကြီးက လွန်ကြိုးဖြူဖြူ
နားကို ပြေးသွားတာ မြင်လိုက်ရော
နှစ်ယောက်စလုံးက တစ်ယောက်မျက်နှာ
တစ်ယောက် ကြည့်ပြီး ရယ်လိုက်ကြသည်။

" မျိုးမစစ်မ...! ! ပိုင်းလုံးမ ငါတို့
တက္ကသိုလ် ကို အရှက်ခွဲတဲ့ မိန်းမ... !! "

" ဒါတင်မကသေးဘူး ခြားနား အပေါ်မှာ
သစ္စာမရှိတဲ့ ကောင်မ....!! xာသည်မ
က xာသည်မ လို မနေဘူး အဲ့ဒီလောက်ထိ
ငွေလိုနေရင် xာတန်းသွားလေ..!!
ငါတို့ တက္ကသိုလ်ကို မလာနဲ့... လူတကာနဲ့
အိပ်တဲ့ ကောင်မ... လင်xိုးခံမ၊  အxိုးမ "

စက်ဘီးပေါ်က ဆင်းတုန်းလေး ရှိသေး
ဖြူဖြူ နား ကျောင်းသူအုပ်ကြီးက
ရောက်လာပြီး ယုတ်ရင့်တဲ့ ဆဲနည်းတွေ
ဆဲနေ၍  ဖြူဖြူ ရှက်သွားမိသည်။

ဒါ့ကို ဘေးနားက ကြည့်နေကြသော တက္ကသိုလ်
ထဲက လူတွေကြောင့်လည်း ဖြူဖြူ
ရှက်ပြီး ထွက်ပြေးချင်မိသည်။  ဒါပေမဲ့
ထွက်ပြေးဖို့ မဖြစ်နိုင်။ သူတို့တွေက
ပတ်ပတ်လည် ဖြူဖြူ ကို ဝိုင်းထားကြသည်။

" ထုကြဟာ... ကဲဟာ...!!! "

" ဘုတ်...!! "

" ဘုတ်...!! "

သူတို့ လက်ထဲက ကြက်ဥတွေနဲ့ ဖြူဖြူ ကို
အလုအယက် ထုလာကြသည်။

ဖြူဖြူ လက်တစ်စုံကို တင်းတင်းဆုပ်ထားပြီး
တောင့်ခံနေမိသည်။

ဂျုံမှုန့်တွေ၊  ဆေးနီမှုန့် မျိုးစုံနဲ့ပါ တစ်ချို့သူ
တွေက ဖြူဖြူ ကို ပက်လာကြတော့
ဒီနေ့ ဖြူဖြူ ဝတ်လာတဲ့ ဝမ်းဆက်
အဖြူလေးမှာ ရစရာပင် မရှိတော့။

ဘိုသားပဲသီး၊  ကန်စွန်းရွက်၊  ချဉ်ပေါင်ရွက်
တွေနဲ့ပါ မချန် ဖြူဖြူ ကို​ပစ်​ပေါက်​လာကြသည်။

ဒီတော့ ဖြူဖြူ မှာ ရစရာမရှိတော့။

" အ့...!!  "

ကြက်ဥတွေ ပစ်ပေါက်တာများလာတော့
လွန်ကြိုးဖြူဖြူ သိပ်မခံနိုင်တော့ပါ။ 
မျက်နှာကို ခဏခဏ ထိလာ၍ သူမ
ညည်းသံလေးပင် ထွက်သွားမိသည်။

" ဘုတ်... ဘုတ်.. .!! "

" အ့... အ့...!!  "

ပစ်တာတွေက တရစပ် ဖြစ်လာ၍ နှုတ်ခမ်း
တစ်စုံကို ဖိကိုက်ထားပြီး အော်သံမထွက်အောင်
မနည်းထိန်းထား​နေသော်လည်း ထွက်သွားမိသည်။

ဒီလိုတွေ လုပ်ခံရလို့ သူမ မငိုခဲ့ပါ။
မငိုတတ်တဲ့သူဆိုတော့ နာကျင်ရုံအပြင်
မရှိ။

" ဒီကောင်မ စက်ဘီးကိုပါ ဖျက်ဆီးပစ်..!!  "

" မလုပ်ကြပါနဲ့ ဖြူဖြူ တောင်းပန်ပါတယ်. ..!!
မလုပ်ပါနဲ့ ဖြူဖြူ တောင်းပန်ပါတယ် "

ဖြူဖြူ ကို လုပ်ရုံတင် အားမရ
ကျောင်းသူအုပ်ထဲက ကျောင်းသားတွေက
ဖြူဖြူ စက်ဘီးကိုမပြီး အဝေးကို
ပစ်ပေါက်လိုက်ကြသည်။

စက်ဘီးပေါ် ဓာတ်ဆီတွေ ဖြန်းပြီး မီးရှိူ့  ဖို့
ပြင်လိုက်သဖြင့် လွန်ကြိုးဖြူဖြူ ထအော်၏ ။

" မလုပ်နဲ့....!!!  "

" အား...!!!  "

အော်တာပင် နောက်ကျသွားသည်။ စက်ဘီးလေး
က မီးရှိူ့  ခံလိုက်ရလို့ အရှိန်အဟုန်ပြင်းစွာနဲ့
တောက်လောင်နေလေသည်။

သွားပြီ မာသာ ဝယ်​ပေးထားတဲ့ ဖြူဖြူ
စက်​ဘီး​လေးပျက်​စီးသွားပြီ။

ဒါ့ကို မာသာ သာသိရင်​အရမ်း စိတ်​မ​ကောင်း
ဖြစ်​မှာ။ ဖြူဖြူက အ​တော်​အသုံးမကျတဲ့လူပဲ။

ဖြူဖြူ​လောက်​အသုံးမကျတဲ့သူ ဒီကမ္ဘာ​ပေါ်မှာ
ရှိမှာမဟုတ်​တော့။

မာသာ ဝယ်​ပေးထားတဲ့ စက်​ဘီး​လေးကို​တောင်​
ဖြူဖြူက မကာကွယ်​ပေးနိုင်​ခဲ့ဘူး။

မီး​လောင်​နေ​သော စက်​ဘီး​လေးကို
လွန်ကြိုးဖြူဖြူ ယူကြုံးမရကြည့်ပြီး
သူမကို အဆက်မပြတ် ကြက်ဥတွေနဲ့
ပေါက်နေတဲ့ လူတွေကြောင့် အဆုံးမှာ
​မေ့လဲကျသွားတော့သည်။

" ဒေါ်ဖြူဖြူ.....!!! "

Part  28 မျှော်...........................
( ခေါင်ကြီး ရေ ကယ်ပေးပါအုံး မင်း မမကို... 😭😭
ငါ့ ခေါင်ကြီး 😭😭😭)

ဒီ​နေ့ အပိုင်း အရမ်းရှည်​လို့ မနက်​ဖြန်​တိုပါမယ်​
ဒါဒါ​လေး​တွေ 😁😁😁😍😍😍

ချစ်​တယ်​နော်​မင်​မင်​ရဲ့ ဒါဒါ​လေး​တွေ.......😍😍😘😘
ဒီအပိုင်းလေးနဲ့ ပတ်သက်ပြီး ဒါဒါလေးတွေရဲ့ မန့်ကို
မင်မင်လေယူရာယိမ်း စောင့်မျှော်လျက်.. ......😍😍😘😘

#​လေယူရာယိမ်း


Continue Reading

You'll Also Like

607K 30.3K 73
ကျွန်တော်၏အသက်နှင့်ခန္ဓာအား ဤရွာအတွက်အပ်နှင်းပါသည်။ ကျွန်တော့်ပခုံးထက်သို့ လွှဲပြောင်းယူခဲ့သော တာ၀န်နှင့်၀တ္တရားတို့အတိုင်း ဤရွာ၏ကောင်းကျိုးကိုရှေးရှ...
1.1M 46.5K 59
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
316K 25.4K 29
Mini Story Uni Life Style Sweet Romance
182K 13.6K 49
ဟိတ် ဟိုကောင်လေး အချိန်စေ့ပြီ အိမ်စာလာထပ်ချည်တော့..! - စောသိုက်ခေတ် မော်​ကြီးဆိုတဲ့အကောင် လမ်းမှာ ခွေးချီးတက်နင်းပြီး ချော...