☆☆☆☆♡⃛ အခ်စ္က သူေစစားရာ ♡⃛ ☆☆☆☆
( Part - 25 )
" ေရာ့ ဒါက ျဖဴျဖဴ အတြက္ "
" သားလည္း ထည့္ေပးမယ္ ျဖဴျဖဴ ကို "
" မီးမီးလည္း ထည့္ေပးမယ္ ျဖဴျဖဴ "
ေဂဟာက ကေလးေတြ ထမင္းစားခ်ိန္ေရာက္ေတာ့
ျဖဴျဖဴ အကုန္လံုးကို အမွ်ေဝေပးဖို႔
တိုင္ပင္ ေခၚေပးခဲ့သည္။
အမွ်ေဝတာလည္း ၿပီးေရာ သူတို႔ ပန္းကန္ထဲက
ဟင္းေတြကို ျဖဴျဖဴ ဆီ အလုအယက္ထည့္
လာၾကသည္။
ျဖဴျဖဴ မွာ ၾကည့္လို႔ မ်က္လုံးျပဴးမိသည္။
မ်ားလိုက္တဲ့ ဘဲဥခ်က္ေတြ။
" ၿပီးသြားတဲ့ ျဖဴေလး ေမြးေန႔တုန္းက သူတို႔
ဘာမွ ဝယ္မေပးႏိုင္ၾကလို႔ ဒီေန႔ ျဖဴေလး
အႀကိဳက္ဆံုး ဘဲဥဟင္း ခ်က္တဲ့ ေန႔မွာ
သူတို႔က လက္ေဆာင္ ေပးၾကတာ...
ဟုတ္တယ္မလား ကေလးတုိ ့ "
အံ့ဩကာ ျဖဴျဖဴ ေၾကာင္ေနတုန္း မာသာက
ရွင္းျပေပးလာ၍ ျဖဴျဖဴ နားလည္သြားသည္။
ကေလးေတြကလည္း မာသာ အေျပာကို
လက္ေလး ပိုက္ကာ ဟုတ္ဟုတ္ နဲ႔။
" ဒါေၾကာင့္ ျဖဴျဖဴ ကို မာသာက ဒီေန႔
ထမင္း၊ ဟင္း မခ်က္ခိုင္းတာကိုး..
တကယ္လို႔ ခ်က္ရင္ ေမြးေန႔ရွင္ ကို
ကိုယ့္ လက္ေဆာင္ ကိုယ္ျပန္ေပးသလို
ျဖစ္ေနမွာစိုးလို႔မလား....? ဟုတ္တယ္မလား
မာသာ "
" ဟုတ္ပါေတာ္ ရွင့္ မာသာက ရွင့္ အတြက္
သူ ကိုယ္တိုင္ခ်က္ေပးတာ "
ေထြးေထြး က ဝင္ၿပီး ေျဖေပးလိုက္ရာ ျဖဴျဖဴ
အၿပံဳးေတြ ဘာနဲ႔မွ လဲလို႔ မရပါ။
မာသာ က ျဖဴျဖဴ ကို အရမ္းခ်စ္တာပဲ ဆိုတဲ့
အသိနဲ႔တင္ ျဖဴျဖဴ ကမာၻႀကီးက ျပည့္စံုေနၿပီ။
တျခား ဘာမွ မလိုေတာ့။
" စားေနာ္ ျဖဴေလး ဒီဟင္းေတြကို မာသာ
ကိုယ္တိုင္ ခ်က္ထားတာ... ျဖဴေလး စားဖို႔ "
" ဟုတ္ မာသာ "
" က်မက်ေတာ့ မစားရဘူးေပါ့ မာသာ...
ဒါေတြက ျဖဴျဖဴ အတြက္ဆိုေတာ့ "
" ဟုတ္ ေထြးေထြး မစားပါနဲ႔... မီးမီးတို႔
ျဖဴျဖဴ အတြက္ ခ်က္ထားတာပါ မီးမီးေတာင္
မစားဘူး "
" သားသားလည္း မစားဘူး ေထြးေထြး..
ေထြးေထြး လည္း မစားပါနဲ႔ ဒါေတြ အားလံုးက
ျဖဴျဖဴ အတြက္ပါ "
ေဂဟာက ကေလးနွစ္ေယာက္က ဝင္ၿပီးေျပာလာ
ေရာ စစ္စတာ ေထြး မ်က္ႏွာက မဲ့တဲ့တဲ့ႀကီးနဲ႔
ျဖစ္သြားေလသည္။
ဒါ့ကို လြန္ႀကိဳးျဖဴျဖဴ နဲ႔ မာသာတို႔ ၾကည့္ကာ
ႏႈတ္ခမ္းေတြ ေကြးၫႊတ္သြားၾကသည္။
ေဂဟာက ကေလးေတြကလည္း ပါးစပ္ေလး
ပိတ္ကာ ၿပံဳးစိစိနဲ႔။
ဒီလိုနဲ႔ ပန္းၿမိဳင္ မိဘမဲ့ေဂဟာ ရဲ႕ ထမင္းပြဲေလးက
သိပ္ကို ေပ်ာ္ရြင္ၾကည္ႏူးစရာ ေကာင္းသြား
ခဲ့သည္။
ၿပီးသြားတဲ့ လြန္ႀကိဳးျဖဴျဖဴ ေမြးေန႔ပြဲအတြက္
ဘာမွ လုပ္မေပးရလို႔ သူကိုယ္တိုင္ မီးဖိုေခ်ာင္
ထဲ ဝင္ကာ ဘဲဥခ်က္ ခ်က္ေပးတဲ့ မာသာနဲ႔
မာသာ ခ်က္တဲ့ ဘဲဥကို အၿပိဳင္အဆိုင္
အလုအယက္နဲ႔ လြန္ႀကိဳးျဖဴျဖဴ ထမင္းပန္းကန္ထဲ
ထည့္ေပးေနၾကေသာ ေဂဟာက ကေလးေတြ။
သူတို႔ ဒီလိုလုပ္ေပးတာက လက္ေဆာင္
ရတာထက္ ပိုၿပီး ေကာင္းမြန္ၿပီး လြန္ႀကိဳးျဖဴျဖဴ
ကို ေပ်ာ္ရြင္ေစတယ္ဆိုတာ လြန္ႀကိဳးျဖဴျဖဴပဲ
သိသည္။
စစ္စတာ ေထြးကလည္း ဟာသလုပ္ၿပီး
ကေလးေတြနဲ႔ အၿပိဳင္ လိုက္စိတ္ေကာက္ေပးေတာ့
လြန္ႀကိဳးျဖဴျဖဴ ရဲ႕ ပြဲေလးက ဘာနဲ႔မွ လဲလို ့မရ။
**************************
ဒီေန႔ ေက်ာင္းပိတ္ရက္ ျဖစ္တာေၾကာင့္ ေဂဟာက
ကေလးေတြ ေခၚလာၿပီး ျဖဴျဖဴ မုန္႔လိုက္ဝယ္ေကြၽး
တာေပ။
" တစ္ေယာက္ကို မုန္႔က ဘယ္ေလာက္ဖိုး
ေပးရမွာလဲ ညီမေလး .... "
" တစ္ေထာင္ဖိုးပါ အစ္မ... ကေလးေတြက
ဆယ္သုံးေယာက္ဆိုေတာ့ ေသာင္းသုံး
က်တယ္... ဒီမွာေနာ္ အစ္မ ေသာင္းသုံးေထာင္ "
" အကုန္လံုး တစ္ေယာက္ကို မုန္႔တစ္ေထာင္
ဖိုးစီယူမယ္ေနာ္... ျဖဴျဖဴ က်သင့္ေငြေတြ
ဒီအစ္မႀကီးကို အကုန္ေပးၿပီးသြားၿပီ...
ညိဳေလး ကို ျဖဴျဖဴ ဟိုဘက္ခဏေခၚသြားအံုးမယ္
မုန္႔ေရြးၿပီးရင္ ကေလးေတြ ျဖဴျဖဴ ေနာက္ကို
အကုန္လိုက္လာၾကေနာ္ "
" ဟုတ္ကဲ့ ျဖဴျဖဴ "
" ဟုတ္ ျဖဴျဖဴ "
ကေလးေတြရဲ႕ တညီတညာတည္း ေျဖတာကို
လြန္ႀကိဳးျဖဴျဖဴ ၾကည့္ၿပီး ၿပံဳးလိုက္ကာ
ညိဳေလး ကို ခ်ည္ထားတဲ့ ႀကိဳးကို
ဆြဲကာ မုန္႔ဆိုင္နဲ႔ ေဝးရာကို ထြက္လာခဲ့သည္။
သူမ လက္ထဲမွာလည္း ေပါင္မုန္႔ လံုးႀကီးတစ္ခု။
" ကဲ ညိဳေလး ေျဖးေျဖးစားမယ္ေနာ္...
ငါ ေမြးေန႔တုန္းက ပိုက္ဆံ မရိွလို႔ ဝယ္မေကြၽး
ႏိုင္ခဲ့ဘူး....အခု မေန႔ကမွ ဆုတက္ယူရတဲ့
ပိုက္ဆံေတြ ရလို႔ ဝယ္ေကြၽးႏိုင္တာ..
အဲ့ဒီေငြေတြ မာသာကို ကန္ေတာ့ရင္း
ေပးလိုက္ၿပီ... အခု နင္တို႔ကိုလည္း
ငါ ဝယ္ေကြၽးလိုက္ၿပီဆိုေတာ့ ငါ့ လက္ထဲ
တစ္ျပားမွ မရိွေတာ့ဘူး... ဒါေၾကာင့္ အခု
ငါ ဝယ္လာတဲ့ ေပါင္မုန္႔လံုး တစ္ခုနဲ႔ပဲ
ေက်နပ္လိုက္ေတာ့ေနာ္ "
" ဝုတ္... ဝုတ္ "
စားရင္းနဲ႔ ဝုတ္ဝုတ္လို႔ ထေအာ္ၿပီး
အသိေပးလိုက္တဲ့ အသံေလးက လြန္ႀကိဳးျဖဴျဖဴ
စကားကို ပို၍ နားလည္ေနသလိုေပ။
ထိုအခါ လြန္ႀကိဳးျဖဴျဖဴ မွာ ေပါင္မုန႔္လံုးကို
စားေနေသာ မိညိဳ ေခါင္းကို သပ္ေပးရင္း
ခ်စ္ၾကည္ႏူးလို႔ မဝ။
အစားလည္း ကုန္ေတာ့ မိညိဳမ မွာ
လြန္ႀကိဳးျဖဴျဖဴ ေျခေထာက္ေလးကို
လွ်ာနဲ႔ယက္၏ ။
ယားက်ိက်ိ အထိအေတြ႕ေလးေၾကာင့္
လြန္ႀကိဳးျဖဴျဖဴ တြန္႔လို႔သြား၏ ။
" အား...!! မလုပ္နဲ႔ ယားတယ္ ညိဳေလး...
မလုပ္နဲ႔လို႔ ညိဳေလး...!!! ငါ ယားတယ္ "
လြန္ႀကိဳးျဖဴျဖဴ က မလုပ္နဲ႔ေျပာေလ ညိဳေလး
မွာ ပို၍ လုပ္ေလပင္။ ထိုအခါ မခံႏိုင္တဲ့
အဆံုး လြန္ႀကိဳးျဖဴျဖဴ ထ၍ ေျပး၏ ။
အဲ့ဒီအခါ ညိဳေလးကလည္း ေနာက္က
အလိုက္နဲ႔ဆိုေတာ့ သူတို႔ ႏွစ္ဦးစလံုးက
လမ္းမေပၚ ေရာက္မွန္းမသိ ေရာက္လာၾကသည္။
" ကြၽီ... "
" ဒုန္း...!!! "
" အ့... .အ့... အ့.. .အ"
" ညိဳေလး. ...!!! "
အရိွန္နဲ႔ ေမာင္းလာေသာ ၿပိဳင္ကား အနက္ေရာင္က
လြန္ႀကိဳးျဖဴျဖဴ ေရွ႕မွာတင္ ညိဳေလးကို
က်ံဳးၿပီး တက္နင္းသြားၿပီး ထိုအခါ
တစ္ကိုယ္လံုး ျပားသြား၍ ေသြးေတြ
တရစပ္စီးက်ေနတာက လြန္ႀကိဳးျဖဴျဖဴ ကို အသံကုန္ေအာ္သြားေစသည္။
တိုက္မိလိုက္မွန္း သိလိုက္ရတဲ့ ၿပိဳင္ကား
အနက္ေရာင္ ပိုင္ရွင္ကလည္း ကားေပၚကေန
ခ်က္ခ်င္း ဆင္းလာသည္။
သို႔ေသာ္ ဒါ့ကို လြန္ႀကိဳးျဖဴျဖဴ မၾကည့္အားေသး
တစ္ကိုယ္လံုး ရစရာမရိွေအာင္ ျပားေနၿပီး
ေသြးေတြ ထြက္ေနေသာ ညိဳေလး ကို
သူမ ေပြ႕ခ်ီထားသည္။
" အ့.... အ့.... အ့... အ့...!!! "
အရမ္းနာၿပီး မ်က္လုံးေတာင္ မဖြင့္ႏိုင္ ျဖစ္ေနေသာ
ညိဳေလး ကို လြန္ႀကိဳးျဖဴျဖဴ ယူႀကံဳးမရ
ၾကည့္ၿပီး.....
" ဘာမွ မျဖစ္ဘူးေနာ္ ညိဳေလး... နင္
ဘာမွ မျဖစ္ဘူးေနာ္ ... ငါ နင့္ကို ေဆး႐ုံ
လို္က္ပို႔ေပးမယ္ ဟုတ္ၿပီလား...?? "
" ျဖဴျဖဴ ညိဳေလး က မလႈပ္ေတာ့ဘူး
ၾကည့္ရတာ ညိဳေလး ေသၿပီလား
မသိဘူး "
" ဟုတ္တယ္ ျဖဴျဖဴ ညိဳေလး ေသၿပီ "
အနားကို ေရာက္လာတဲ့ ေဂဟာက ကေလးအုပ္
ႀကီးကလည္း မုန္႔ေတြကိုယ္စီနဲ႔ မ်က္လုံး မဖြင့္ဘဲ
ၿငိမ္သက္သြားေသာ ညိဳေလး ကို ေတြ႕လိုက္ရေတာ့
တၿပိဳင္တည္း ေသၿပီဟု ေျပာလာၾကသည္။
" မဟုတ္ဘူး ညိဳေလး မေသေသးဘူး
ခုဏကမွ အအအနဲ႔ ေအာ္ေနေသးတယ္...
ညိဳေလး ဘာမွ မျဖစ္ဘူး "
ဝမ္းနည္းစြာ ဆိုလာေသာ လြန္ႀကိဳးျဖဴျဖဴ ကို
တိုက္မိတဲ့ ၿပိဳင္ကား အနက္ေရာင္ ရဲ႕
ပိုင္ရွင္ ေခါင္ယံမိႈင္း ၾကည့္ၿပီး စိတ္မေကာင္း။
" ကိုကိုေခါင္ယံက သားသားတို႔ ညိဳေလး ကို
ဘာလို့ တိုက္လိုက္တာလဲဟင္. .?? "
" ဟုတ္တယ္ ကိုကို. ..ကိုကိုက မီးမီးတို႔
အခ်စ္ဆံုး ေခြးေလးကို ဘာလို႔တိုက္လိုက္တာလဲ..
သူ႕ကို မုန္းလို႔လား....?? "
ကေလးေတြရဲ႕ အေမးစကားၾကားမွ တိုက္လိုက္တဲ့
လူကို လြန္ႀကိဳးျဖဴျဖဴ ေမာ့ၾကည့္လာသည္။
ထိုအခါ တစ္ကိုယ္လံုး အနက္နဲ႔ နက္ေစြးေနတဲ့
ေခါင္ယံမိႈင္း ကို ျမင္လိုက္ရေရာ လြန္ႀကိဳးျဖဴျဖဴ
ႏႈတ္ခမ္းတစ္စံုက ပြင့္ဟသြားသည္။
" က်ဳပ္ တမင္တိုက္တာ မဟုတ္ဘူး
ေဒၚလြန္ႀကိဳးျဖဴျဖဴ... ခင္ဗ်ား ေခြးက
က်ဳပ္ ကားလာတာ မျမင္ဘဲ ေျပးလာတာ...
က်ဳပ္ကလည္း ကားကို အျမန္ေမာင္းတတ္တဲ့
သူဆိုေတာ့ ခင္ဗ်ား ေခြးကို မျမင္ဘဲ တိုက္မိသြားတာ..
က်ဳပ္ ေတာင္းပန္ပါတယ္ ေဒၚလြန္ႀကိဳးျဖဴျဖဴ.. .
ခင္ဗ်ား ေခြးကို တိုက္မိသြားတဲ့ အတြက္ "
" ေတာ္စမ္း မင္း အပိုေတြ မေျပာနဲ႔ ေခါင္ယံမိႈင္း...
မင္း ငါ့ကို မုန္းလို႔ ငါအခ်စ္ဆံုး ညိဳေလး ကို
တမင္တိုက္သတ္ပစ္တာမလား.. .??
ငါ ေမးေနတာ ၾကားလား ေျဖေလ ေခါင္ယံမိႈင္း
...ငါ ေျပာတာၾကားလား ေျဖလို႔... !! "
ေခြးေသကို အသာေလးခ်ကာ ေခါင္ယံမိႈင္း
အက်ၤ ီစ ကို ဆြဲရင္း လြန္ႀကိဳးျဖဴျဖဴ ေမးေနခဲ့၏ ။
" လူယုတ္မာ မင္းက.. .ငါ့ကို မုန္းတာနဲ႔ပဲ
ဘာအျပစ္မွ မရိွတဲ့ ေခြးကို မင္းက တိုက္ရတယ္
လို႔.... မင္းက လူယုတ္မာပဲ ေခါင္ယံမိႈင္း ...
ဘာလို့ ငါ့ ေခြးကို တိုက္ပစ္ရတာလဲ...??
ဘာလို႔လဲ ေခါင္ယံမိႈင္း...?? မင္း မုန္းတယ္
ဆိုရင္ ငါ့ကို တိုက္ေလ...ငါ ေျပာေနတာ
ၾကားလား ငါ့ကို တိုက္လို႔.. .!! "
" ဘုန္း... ဘုန္း... ဘုန္း "
ေခါင္... ေမးရင္း သူ႕ ရင္ဘတ္ကို ထု႐ိုက္ေနတဲ့
လြန္ႀကိဳးျဖဴျဖဴ လက္တစ္စံုကို သူ႕ လက္နဲ႔
ဆုပ္ကိုင္ပစ္သည္။
" မေတာ္တဆ တိုက္မိတာလို႔ က်ဳပ္ ေျပာေနတယ္
ေနာ္ ေဒၚျဖဴျဖဴ ... ခင္ဗ်ား ေခြးမွန္းသာ
သိၿပီး ျမင္ခဲ့ရင္ ျဖစ္ခ်င္ရာ ျဖစ္ဆိုၿပီး
က်ဳပ္ အေသခံၿပီး ကားကို ဟိုဘက္ဆြဲလွည့္
ေပးခဲ့မွာ "
" အပိုေတြ... မင္းက အပိုေတြ ေျပာေနတာပဲ
ေခါင္ယံမိႈင္း.. .မင္းအေၾကာင္း ငါ မသိဘူးမွန္း
ထင္ေနတာလား....??
မင္း ငါ့ကို မုန္းတာနဲ႔ ငါ ေခြးကို
တမင္တိုက္သတ္တယ္ဆိုတာ....
ဘာလို႔လဲ ဘာလို႔ တိုက္ရတာလဲ "
လူကို မုန္းတီးျခင္း ေတြနဲ႔ စိုက္ၾကည့္ေနေသာ
ေဒၚျဖဴျဖဴ မ်က္ဝန္း တစ္စံုက သူ႕ကို
ရင္နာေစသည္။ ဘာလဲ ေဒၚျဖဴျဖဴ က
ဘာလို႔ သူ႕ကို မယံုၾကည္ရတာလဲ။
သူ မေတာ္တဆတိုက္မိတယ္ ေျပာတာေတာင္
စြပ္စြဲေနတယ္။ သူ ဘယ္လိုလုပ္ေပးမွ
ယံုမွာလဲ။
" ခင္ဗ်ား က်ဳပ္ကို အဲ့ဒီေလာက္ေတာင္
မယံုၾကည္ဘူးလား ေဒၚျဖဴျဖဴ.. .က်ဳပ္
မျမင္လို့ တိုက္မိတယ္ဆိုတာ ေျပာၿပီးၿပီေလ
က်ဳပ္ ဘယ္လို လုပ္ေပးမွ ခင္ဗ်ားက
ယံုမွာလဲ ေဒၚျဖဴျဖဴ.. .."
" ေသေတာင္ မယံုဘူး... ငါေရွ ့ မင္းေသျပရင္
ေတာင္ ငါ မယံုဘူး... .မင္းက ယုတ္မာ႐ိုင္း
စိုင္းတဲ့ သူပဲ. ..အၾကင္နာတရား မရိွတဲ့လူ
တစ္ေန႔ေန႔ တစ္ခ်ိန္ခ်ိန္မွာ ညိဳေလးလို
မင္း ျပန္မျဖစ္ပါေစနဲ႔ "
" သနားပါတယ္ ညိဳေလး က...
ညိဳေလး ေသသြားၿပီ ျဖဴျဖဴ "
" မီးမီးတို႔ရဲ႕ ညိဳေလး မရိွေတာ့ဘူး ျဖဴျဖဴ "
" အီးဟီး.. .အင့္ဟင့္. ..အင့္ဟင့္ "
" အီးဟီး.. .အင့္ဟင့္. ..အင့္ဟင့္ "
ေဂဟာက ကေလးေတြ ညိဳေလး ကို
ၾကည့္ရင္း ငိုၿပီး ေျပာေနတာကို လြန္ႀကိဳးျဖဴျဖဴ
အသက္မရိွသလို စိုက္ၾကည့္ၿပီး ႏႈတ္ခမ္း
တစ္စံုကို ဖိကိုက္ထားသည္။
ဒါ့ကို ေခါင္ယံမိႈင္း အေသအခ်ာၾကည့္ေနေလသည္။
ကေလးေတြ ညိဳေလး ေသလို႔ ငိုေနေပမဲ့
ျဖဴျဖဴ မွာ ငိုခြင့္မရိွခဲ့။ ငိုခြင့္မရိွတာထက္
မ်က္ရည္မက်တတ္တာဆိုရင္ ပို၍ မွန္မည္။
ျဖစ္ႏိုင္ရင္ေလ ျဖဴျဖဴ ကိုယ့္ ပါး ကိုယ္
ျပန္႐ိုက္ၿပီး ငိုလိုက္စမ္းလို႔ ေျပာခ်င္သည္။
သို႔ေသာ္ ထြက္မလာတဲ့ မ်က္ရည္ေတြေၾကာင့္
စိတ္အေတာ္ တိုမိသည္။
ငိုခ်င္ရင္ေတာင္ မငိုတတ္လို႔ ျဖဴျဖဴ မွာ
ငိုခြင့္မရိွတဲ့ ဘဝ။
" ခင္ဗ်ား ႏႈတ္ခမ္းေတြ ကိုက္မထားနဲ႔ ေဒၚျဖဴျဖဴ. .
ခင္ဗ်ား ငိုခ်င္ရင္ ငိုပစ္လိုက္... မဟုတ္ရင္
ခင္ဗ်ား ႏႈတ္ခမ္းေတြ နီေစြးကုန္မယ္ "
" ေတာ္စမ္းပါ ငါ့ အတြက္ စိတ္ပူေပးသလို
လာလုပ္မေနနဲ႔ ေခါင္ယံမိႈင္း... မင္းသာ
တစ္ေန႔ေန႔ တစ္ခ်ိန္ခ်ိန္မွာ ညိဳေလးလို
ျပန္ၿပီး မခံစားရပါေစနဲ႔လို႔ ငါ ဆုေတာင္းတယ္
အခု မင္းျမင္လား မင္းေၾကာင့္ ဘာအျပစ္မွ
မရိွတဲ့ ညိဳေလး ေသသြားရတဲ့အျပင္
ေဂဟာက ကေလးေတြလည္း ငိုေနၾကၿပီ.. .
ဒါ့အျပင္ ဘယ္ေတာ့မွ မ်က္ရည္ မက်တတ္တဲ့
ငါ့ကလည္း မင္းလုပ္လို႔ မ်က္ရည္မက်တတ္တာ
ကို အရမ္းမုန္းသြားၿပီ...တစ္ခ်ိန္လံုး မ်က္ရည္
မက်တတ္တာကို ဝမ္းမနည္း ခဲ့တဲ့ ငါ့က
ဒီေန႔မွာ မင္းေၾကာင့္ အရမ္းဝမ္းနည္းသြားခဲ့ၿပီ...
ေပ်ာ္တယ္မလား ငါ ငိုခ်င္ရင္ေတာင္ မငိုႏိုင္ဘဲ
ႏႈတ္ခမ္းကိုက္ေနရတဲ့ အျဖစ္ကို...ေျဖေလ
ေခါင္ယံမိႈင္း မင္း ေပ်ာ္တယ္မလားလို႔....!! "
" ဘုန္း....ဘုန္း... ဘုန္း..! ! "
ရင္ဘတ္ကို ထု႐ိုက္ကာ ေမးေနေသာ လြန္ႀကိဳးျဖဴျဖဴ
အေမးကို ေခါင္ယံမိႈင္း ဘာမွ ျပန္မေျဖႏိုင္။
ေတြေတြႀကီးနဲ႔ ဆြံ႕အေနခဲ့၏ ။
ဘာေတြ ဘယ္လိုျဖစ္ကုန္တာလဲ။ သူ ခ်စ္ရတဲ့
ေဒၚျဖဴျဖဴ က မငိုတတ္ဘူးတဲ့။ မငိုတတ္တဲ့
လူသား ကမာၻေပၚမွာ ရိွလို႔လား။
ဒါမွမဟုတ္ သူ႕ကို လိမ္ေနတာလား။
ဟင့္အင္း လိမ္တာ လံုးဝ မျဖစ္ႏိုင္။
ေဒၚျဖဴျဖဴ မ်က္လုံးေတြက အမွန္ေတြေျပာေနတာ
ၾကည့္႐ံုနဲ႔တင္ သူ ခံစားႏိုင္သည္။
" ခင္ဗ်ား တကယ္ မငိုတတ္တာလား
ေဒၚျဖဴျဖဴ... ဒါဆို က်ဳပ္ ေတာင္းပန္ပါတယ္.. .
က်ဳပ္ေၾကာင့္ ခင္ဗ်ား အရမ္းနာက်င္သြားရၿပီ
က်ဳပ္ကို ဘာလုပ္ခ်င္လဲေျပာ...က်ဳပ္
ခင္ဗ်ား လုပ္တာကို ခံမယ္ "
" အပိုေတြ မေျပာစမ္းနဲ႔ ေခါင္ယံမိႈင္း...!!
ညိဳေလး လို ကားေရွ႕ တည့္တည့္ မင္း
ဝင္တိုးရဲလား...?? "
" အိုေက က်ဳပ္ လုပ္ေပးမယ္ ခင္ဗ်ား သေဘာ
အတိုင္း.... "
အေျပာနဲ႔အတူ အရိွန္နဲ႔ လာေနေသာ ကားေရွ႕
သူ႕က တိုးသြားခဲ့သည္။
ျဖဴျဖဴ မတားဘဲ ၾကည့္ေနလိုက္သည္။
သူ အဲ့ဒီေလာက္ထိ မလုပ္ရဲပါဘူး။
ၾကည့္ေန ကားက သူ႕ကို တိုက္ဖို႔ လုပ္တာနဲ႔
သူ ထြက္ေျပးမွာ။
" ေဝါ.... "
သို႔ေသာ္ ျဖဴျဖဴ ထင္တာေတြ မွားသြားခဲ့သည္။
ေနရာကေန ေနာက္ျပန္မဆုတ္တဲ့အျပင္
ေရွ႕ကို ပိုၿပီး တိုးသြားခဲ့သည္။
ကားနဲ႔ သူနဲ႔ကလည္း တိုက္ဖို႔ အနည္းငယ္ပဲ
လိုေတာ့သည္။
သူ ဘာေတြ လုပ္ေနတာလဲ။ သူ ႐ူးေနတာလား။
အရိွန္နဲ႔ ေမာင္းလာေသာ ကားက ဘရိတ္ကို
အခ်ိန္မီွ အုပ္ႏိုင္မွာ မဟုတ္ဘူးေလ။
သူ ေသရင္ေသ မေသရင္ က်ဳိးမွာေလ။
ဒါ့ကို သူ ေမ့ေနတာလား။ အဲ့ဒီေလာက္ေတာင္
သူ႕မွာ စဥ္းစားဥာဏ္ မရိွဘူးလား။
ဘာလဲ ထမင္းစားျပီး လူက ႐ူးေနတာလား။
သူ႕က ႐ူးေပမဲ့ ျဖဴျဖဴ ကေတာ့ မ႐ူးနိုင္ပါ။
တားရမည္။ မဟုတ္ရင္ ျဖဴျဖဴ ေၾကာင့္
ဆိုတာ အျဖစ္မခံႏိုင္။
" ေခါင္ယံမိႈင္း ေတာ္ပါေတာ့.... !!
မင္း ရပ္လိုက္ပါေတာ့....!!! "
တားတာပင္ အေမာျဖစ္သြားတယ္ ကားေရွ႕
ပို၍ တိုးသြားေနေသာ ေခါင္ယံမိႈင္း။
ကားကလည္း တိုက္ဖို႔ ဘယ္ေလာက္မွ
မလိုေတာ့ပါ။
" ျဖဴျဖဴ ထပ္တားအံုးေလ ကိုကိုေခါင္ယံ
တိုက္မိေတာ့မယ္ "
" ဟုတ္တယ္ ျဖဴျဖဴ ထပ္တားအံုးေလ "
" တိုက္မိေတာ့မယ္ ျဖဴျဖဴ တားပါအံုး..!! "
ကေလးေတြရဲ႕ စကားေတြလည္း ျဖဴျဖဴ နားထဲ
ၾကားတစ္ခ်က္ မၾကားတစ္ခ်က္။ လက္ရိွ
ျဖဴျဖဴ လုပ္လိုက္မိတာက ေခါင္ယံမိႈင္း
ဆီကို ေျပးသြားလိုက္ျခင္းေပ။
" ေခါင္ယံမိႈင္း အား....!!! "
ျဖဴျဖဴလည္း ေျပးသြားေရာ သူ႔
နားမေရာက္ခင္မွာပဲ ကားက ေခါင္ယံမိႈင္း
ကို တိုက္ဖို႔ လုပ္လိုက္ေတာ့ လူက ေၾကာက္ၿပီး
မ်က္လုံး အစံုကို မိွတ္ပစ္လိုက္မိသည္။
သြားၿပီ သူ ေသၿပီ။ ျဖဴျဖဴ ေၾကာင့္ သူ
ေသၿပီ။
မ်က္လုံး မဖြင့္ဘဲ လြန္ႀကိဳးျဖဴျဖဴ တစ္ကိုယ္လံုး
တုန္ယင္ကာ နားနွစ္ဖက္ကို ပိတ္ထားရင္း
ထိုစကားကို စိတ္ထဲ ဆိုေနသည္။
သြားၿပီ ျဖဴျဖဴ လူသတ္လိုက္မိၿပီ။ ျဖဴျဖဴ
လူသတ္လိုက္မိၿပီ။
" ေတာက္စ္... ေခြးမသား !!!
႐ူးရင္လည္း ထမင္းလြတ္ ဟင္းလြတ္႐ူး
ကားေရွ႕ လာမရူးနဲ႔... ေသသြားမယ္
ဘာမွတ္ေနတာလဲ မင္း အေဖ ကား
ထင္ေနတာလား. .....?? "
" ေစာက္ပိုေတြ မေျပာနဲ႔ ဘိုးေတာ္ နားခါးတယ္...
ခင္ဗ်ား အလုပ္က က်ဳပ္ လာတာျမင္ရင္
တိုက္လိုက္ဖို႔ပဲ မဟုတ္လား...
ဘာ ကိစၥ ခင္ဗ်ားက ရပ္ပစ္ရတာလဲ
မေအေဘးေကာင္ရဲ႕... xီးပဲ "
" ေတာက္စ္.. .ငါ xိုးမသား
မင္းကမ်ားငါ့ကို "
သူ႕ကို ဆက္မတိုက္ဘဲ ကားရပ္ပစ္၍
ေခါင္ယံမိႈင္းစိတ္တိုကာ ထဆဲ၏ ။ ထိုအခါ
ကားသမားမွာ ပို၍ စိတ္တိုသြားၿပီး ေခါင္ယံမိႈင္းကို
လက္သီးနဲ႔ ထိုးသည္။
" ခြပ္..!! "
ေခါင္ယံမိႈင္း ေရွာင္လိုက္ရာ မ်က္ႏွာကို
မထိဘဲ ပုခံုးစြန္းကို ရွပ္ထိသြားခဲ့သည္။
" မေအေဘး ဘိုးေတာ္... ခင္ဗ်ားကမ်ား
က်ဳပ္ကို ထိုးရဲတယ္ေပါ့ ေအး အဲ့ဒီလက္
အေသပဲ "
" အား.. ..အား.... ငါ့ လက္.... ငါ့ လက္ "
" ဂြၽတ္စ္...!! "
ေျပာလည္းေျပာ ထိုလက္ကို ေခါင္ယံမိႈင္း
လွန္လိမ္ကာ ခ်ဳိးပစ္ေတာ့ ဂြၽတ္စ္ဆိုေသာ
က်ဳိးတဲ့အခါ ထြက္ေပၚလာေသာ အသံႀကီးက
အေတာ္က်ယ္သည္။
" အားးးးးးးးးးးးး.. .....!!! "
အရမ္းနာၿပီး ကားသမားမွာ အားခနဲ
ထေအာ္လိုက္ေတာ့ လမ္းသြားလမ္းလာ
ကားေတြလည္း အကုန္ရပ္ၾကည့္ၾကေတာ့သည္။
လြန္ႀကိဳးျဖဴျဖဴ မွာလည္း အံ့ဩလို႔ မဆံုးေသး။
ေသၿပီထင္လို႔ ေၾကာက္ၿပီး သူမ မ်က္လံုးမိွတ္ေန
ခ်ိန္ ကားသမားရဲ႕ ဆဲသံ နဲ႔ ေခါင္ယံမိႈင္း
ရဲ႕ ဆဲသံေၾကာင့္ မ်က္လုံးဖြင့္ၾကည့္ရာ
ေခါင္ယံမိႈင္း လုပ္ရပ္ေၾကာင့္ မ်က္လုံးေတြ
ဝိုင္းစက္သြားၿပီး ပါးစပ္ေဟာင္းေလာင္းပါ
ျဖစ္သြားခဲ့သည္။
ေဂဟာက ကေလးေတြလည္း ထိုနည္းအတူေပ။
Part 26 ေမွ်ာ္.................................
( ေတာ္ၿပီ ေခါင္ကို မခ်စ္ေတာ့ဘူး
အရမ္းေၾကာက္သြားၿပီ ေၾကာက္စရာႀကီး
ေခါင္က 😆😆😆😆 အဲ့ဒီလို ေျပာမယ္
ထင္ေနတာလား ႀကိဳက္တယ္ ေခါင္ကို
အရမ္းပဲ 🤣🤣🤣🤣🤣
ေခါင္ကို ႀကိဳက္တဲ့ သူေလးေတြ လင္းပါ
ေၾကာက္တဲ့သူေလးေတြေရာ လင္းၾကပါ
က်မကို ခ်စ္ရင္ 😆😆)
ခ်စ္တယ္ေနာ္ မင္မင္ရဲ႕ ဒါဒါေလးေတြ.......😍😍😘😘
ဒီအပိုင္းေလးနဲ႔ ပတ္သက္ၿပီး ဒါဒါေလးေတြရဲ႕ မန္႔ကို
မင္မင္ေလယူရာယိမ္း ေစာင့္ေမွ်ာ္လ်က္.. ......😍😍😘😘
#ေလယူရာယိမ္း
☆☆☆☆♡⃛ အချစ်က သူစေစားရာ ♡⃛ ☆☆☆☆
( Part - 25 )
" ရော့ ဒါက ဖြူဖြူ အတွက် "
" သားလည်း ထည့်ပေးမယ် ဖြူဖြူ ကို "
" မီးမီးလည်း ထည့်ပေးမယ် ဖြူဖြူ "
ဂေဟာက ကလေးတွေ ထမင်းစားချိန်ရောက်တော့
ဖြူဖြူ အကုန်လုံးကို အမျှဝေပေးဖို့
တိုင်ပင် ခေါ်ပေးခဲ့သည်။
အမျှဝေတာလည်း ပြီးရော သူတို့ ပန်းကန်ထဲက
ဟင်းတွေကို ဖြူဖြူ ဆီ အလုအယက်ထည့်
လာကြသည်။
ဖြူဖြူ မှာ ကြည့်လို့ မျက်လုံးပြူးမိသည်။
များလိုက်တဲ့ ဘဲဥချက်တွေ။
" ပြီးသွားတဲ့ ဖြူလေး မွေးနေ့တုန်းက သူတို့
ဘာမှ ဝယ်မပေးနိုင်ကြလို့ ဒီနေ့ ဖြူလေး
အကြိုက်ဆုံး ဘဲဥဟင်း ချက်တဲ့ နေ့မှာ
သူတို့က လက်ဆောင် ပေးကြတာ...
ဟုတ်တယ်မလား ကလေးတို့ "
အံ့ဩကာ ဖြူဖြူ ကြောင်နေတုန်း မာသာက
ရှင်းပြပေးလာ၍ ဖြူဖြူ နားလည်သွားသည်။
ကလေးတွေကလည်း မာသာ အပြောကို
လက်လေး ပိုက်ကာ ဟုတ်ဟုတ် နဲ့။
" ဒါကြောင့် ဖြူဖြူ ကို မာသာက ဒီနေ့
ထမင်း၊ ဟင်း မချက်ခိုင်းတာကိုး..
တကယ်လို့ ချက်ရင် မွေးနေ့ရှင် ကို
ကိုယ့် လက်ဆောင် ကိုယ်ပြန်ပေးသလို
ဖြစ်နေမှာစိုးလို့မလား....? ဟုတ်တယ်မလား
မာသာ "
" ဟုတ်ပါတော် ရှင့် မာသာက ရှင့် အတွက်
သူ ကိုယ်တိုင်ချက်ပေးတာ "
ထွေးထွေး က ဝင်ပြီး ဖြေပေးလိုက်ရာ ဖြူဖြူ
အပြုံးတွေ ဘာနဲ့မှ လဲလို့ မရပါ။
မာသာ က ဖြူဖြူ ကို အရမ်းချစ်တာပဲ ဆိုတဲ့
အသိနဲ့တင် ဖြူဖြူ ကမ္ဘာကြီးက ပြည့်စုံနေပြီ။
တခြား ဘာမှ မလိုတော့။
" စားနော် ဖြူလေး ဒီဟင်းတွေကို မာသာ
ကိုယ်တိုင် ချက်ထားတာ... ဖြူလေး စားဖို့ "
" ဟုတ် မာသာ "
" ကျမကျတော့ မစားရဘူးပေါ့ မာသာ...
ဒါတွေက ဖြူဖြူ အတွက်ဆိုတော့ "
" ဟုတ် ထွေးထွေး မစားပါနဲ့... မီးမီးတို့
ဖြူဖြူ အတွက် ချက်ထားတာပါ မီးမီးတောင်
မစားဘူး "
" သားသားလည်း မစားဘူး ထွေးထွေး..
ထွေးထွေး လည်း မစားပါနဲ့ ဒါတွေ အားလုံးက
ဖြူဖြူ အတွက်ပါ "
ဂေဟာက ကလေးနှစ်ယောက်က ဝင်ပြီးပြောလာ
ရော စစ်စတာ ထွေး မျက်နှာက မဲ့တဲ့တဲ့ကြီးနဲ့
ဖြစ်သွားလေသည်။
ဒါ့ကို လွန်ကြိုးဖြူဖြူ နဲ့ မာသာတို့ ကြည့်ကာ
နှုတ်ခမ်းတွေ ကွေးညွှတ်သွားကြသည်။
ဂေဟာက ကလေးတွေကလည်း ပါးစပ်လေး
ပိတ်ကာ ပြုံးစိစိနဲ့။
ဒီလိုနဲ့ ပန်းမြိုင် မိဘမဲ့ဂေဟာ ရဲ့ ထမင်းပွဲလေးက
သိပ်ကို ပျော်ရွင်ကြည်နူးစရာ ကောင်းသွား
ခဲ့သည်။
ပြီးသွားတဲ့ လွန်ကြိုးဖြူဖြူ မွေးနေ့ပွဲအတွက်
ဘာမှ လုပ်မပေးရလို့ သူကိုယ်တိုင် မီးဖိုချောင်
ထဲ ဝင်ကာ ဘဲဥချက် ချက်ပေးတဲ့ မာသာနဲ့
မာသာ ချက်တဲ့ ဘဲဥကို အပြိုင်အဆိုင်
အလုအယက်နဲ့ လွန်ကြိုးဖြူဖြူ ထမင်းပန်းကန်ထဲ
ထည့်ပေးနေကြသော ဂေဟာက ကလေးတွေ။
သူတို့ ဒီလိုလုပ်ပေးတာက လက်ဆောင်
ရတာထက် ပိုပြီး ကောင်းမွန်ပြီး လွန်ကြိုးဖြူဖြူ
ကို ပျော်ရွင်စေတယ်ဆိုတာ လွန်ကြိုးဖြူဖြူပဲ
သိသည်။
စစ်စတာ ထွေးကလည်း ဟာသလုပ်ပြီး
ကလေးတွေနဲ့ အပြိုင် လိုက်စိတ်ကောက်ပေးတော့
လွန်ကြိုးဖြူဖြူ ရဲ့ ပွဲလေးက ဘာနဲ့မှ လဲလို့ မရ။
**************************
ဒီနေ့ ကျောင်းပိတ်ရက် ဖြစ်တာကြောင့် ဂေဟာက
ကလေးတွေ ခေါ်လာပြီး ဖြူဖြူ မုန့်လိုက်ဝယ်ကျွေး
တာပေ။
" တစ်ယောက်ကို မုန့်က ဘယ်လောက်ဖိုး
ပေးရမှာလဲ ညီမလေး .... "
" တစ်ထောင်ဖိုးပါ အစ်မ... ကလေးတွေက
ဆယ်သုံးယောက်ဆိုတော့သောင်းသုံး
ကျတယ်... ဒီမှာနော် အစ်မသောင်းသုံးထောင်"
" အကုန်လုံး တစ်ယောက်ကို မုန့်တစ်ထောင်
ဖိုးစီယူမယ်နော်... ဖြူဖြူ ကျသင့်ငွေတွေ
ဒီအစ်မကြီးကို အကုန်ပေးပြီးသွားပြီ...
ညိုလေး ကို ဖြူဖြူ ဟိုဘက်ခဏခေါ်သွားအုံးမယ်
မုန့်ရွေးပြီးရင် ကလေးတွေ ဖြူဖြူ နောက်ကို
အကုန်လိုက်လာကြနော် "
" ဟုတ်ကဲ့ ဖြူဖြူ "
" ဟုတ် ဖြူဖြူ "
ကလေးတွေရဲ့ တညီတညာတည်း ဖြေတာကို
လွန်ကြိုးဖြူဖြူ ကြည့်ပြီး ပြုံးလိုက်ကာ
ညိုလေး ကို ချည်ထားတဲ့ ကြိုးကို
ဆွဲကာ မုန့်ဆိုင်နဲ့ ဝေးရာကို ထွက်လာခဲ့သည်။
သူမ လက်ထဲမှာလည်း ပေါင်မုန့် လုံးကြီးတစ်ခု။
" ကဲ ညိုလေး ဖြေးဖြေးစားမယ်နော်...
ငါ မွေးနေ့တုန်းက ပိုက်ဆံ မရှိလို့ ဝယ်မကျွေး
နိုင်ခဲ့ဘူး....အခု မနေ့ကမှ ဆုတက်ယူရတဲ့
ပိုက်ဆံတွေ ရလို့ ဝယ်ကျွေးနိုင်တာ..
အဲ့ဒီငွေတွေ မာသာကို ကန်တော့ရင်း
ပေးလိုက်ပြီ... အခု နင်တို့ကိုလည်း
ငါ ဝယ်ကျွေးလိုက်ပြီဆိုတော့ ငါ့ လက်ထဲ
တစ်ပြားမှ မရှိတော့ဘူး... ဒါကြောင့် အခု
ငါ ဝယ်လာတဲ့ ပေါင်မုန့်လုံး တစ်ခုနဲ့ပဲ
ကျေနပ်လိုက်တော့နော် "
" ဝုတ်... ဝုတ် "
စားရင်းနဲ့ ဝုတ်ဝုတ်လို့ ထအော်ပြီး
အသိပေးလိုက်တဲ့ အသံလေးက လွန်ကြိုးဖြူဖြူ
စကားကို ပို၍ နားလည်နေသလိုပေ။
ထိုအခါ လွန်ကြိုးဖြူဖြူ မှာ ပေါင်မုန့်လုံးကို
စားနေသော မိညို ခေါင်းကို သပ်ပေးရင်း
ချစ်ကြည်နူးလို့ မဝ။
အစားလည်း ကုန်တော့ မိညိုမ မှာ
လွန်ကြိုးဖြူဖြူ ခြေထောက်လေးကို
လျှာနဲ့ယက်၏ ။
ယားကျိကျိ အထိအတွေ့လေးကြောင့်
လွန်ကြိုးဖြူဖြူ တွန့်လို့သွား၏ ။
" အား...!! မလုပ်နဲ့ ယားတယ် ညိုလေး...
မလုပ်နဲ့လို့ ညိုလေး...!!! ငါ ယားတယ် "
လွန်ကြိုးဖြူဖြူ က မလုပ်နဲ့ပြောလေ ညိုလေး
မှာ ပို၍ လုပ်လေပင်။ ထိုအခါ မခံနိုင်တဲ့
အဆုံး လွန်ကြိုးဖြူဖြူ ထ၍ ပြေး၏ ။
အဲ့ဒီအခါ ညိုလေးကလည်း နောက်က
အလိုက်နဲ့ဆိုတော့ သူတို့ နှစ်ဦးစလုံးက
လမ်းမပေါ် ရောက်မှန်းမသိ ရောက်လာကြသည်။
" ကျွီ... "
" ဒုန်း...!!! "
" အ့... .အ့... အ့.. .အ"
" ညိုလေး. ...!!! "
အရှိန်နဲ့ မောင်းလာသော ပြိုင်ကား အနက်ရောင်က
လွန်ကြိုးဖြူဖြူ ရှေ့မှာတင် ညိုလေးကို
ကျုံးပြီး တက်နင်းသွားပြီး ထိုအခါ
တစ်ကိုယ်လုံး ပြားသွား၍ သွေးတွေ
တရစပ်စီးကျနေတာက လွန်ကြိုးဖြူဖြူ ကို အသံကုန်အော်သွားစေသည်။
တိုက်မိလိုက်မှန်း သိလိုက်ရတဲ့ ပြိုင်ကား
အနက်ရောင် ပိုင်ရှင်ကလည်း ကားပေါ်ကနေ
ချက်ချင်း ဆင်းလာသည်။
သို့သော် ဒါ့ကို လွန်ကြိုးဖြူဖြူ မကြည့်အားသေး
တစ်ကိုယ်လုံး ရစရာမရှိအောင် ပြားနေပြီး
သွေးတွေ ထွက်နေသော ညိုလေး ကို
သူမ ပွေ့ချီထားသည်။
" အ့.... အ့.... အ့... အ့...!!! "
အရမ်းနာပြီး မျက်လုံးတောင် မဖွင့်နိုင် ဖြစ်နေသော
ညိုလေး ကို လွန်ကြိုးဖြူဖြူ ယူကြုံးမရ
ကြည့်ပြီး.....
" ဘာမှ မဖြစ်ဘူးနော် ညိုလေး... နင်
ဘာမှ မဖြစ်ဘူးနော် ... ငါ နင့်ကို ဆေးရုံ
လိုက်ပို့ပေးမယ် ဟုတ်ပြီလား...?? "
" ဖြူဖြူ ညိုလေး က မလှုပ်တော့ဘူး
ကြည့်ရတာ ညိုလေး သေပြီလား
မသိဘူး "
" ဟုတ်တယ် ဖြူဖြူ ညိုလေး သေပြီ "
အနားကို ရောက်လာတဲ့ ဂေဟာက ကလေးအုပ်
ကြီးကလည်း မုန့်တွေကိုယ်စီနဲ့ မျက်လုံး မဖွင့်ဘဲ
ငြိမ်သက်သွားသော ညိုလေး ကို တွေ့လိုက်ရတော့
တပြိုင်တည်း သေပြီဟု ပြောလာကြသည်။
" မဟုတ်ဘူး ညိုလေး မသေသေးဘူး
ခုဏကမှ အအအနဲ့ အော်နေသေးတယ်...
ညိုလေး ဘာမှ မဖြစ်ဘူး "
ဝမ်းနည်းစွာ ဆိုလာသော လွန်ကြိုးဖြူဖြူ ကို
တိုက်မိတဲ့ ပြိုင်ကား အနက်ရောင် ရဲ့
ပိုင်ရှင် ခေါင်ယံမှိုင်း ကြည့်ပြီး စိတ်မကောင်း။
" ကိုကိုခေါင်ယံက သားသားတို့ ညိုလေး ကို
ဘာလို့ တိုက်လိုက်တာလဲဟင်. .?? "
" ဟုတ်တယ် ကိုကို. ..ကိုကိုက မီးမီးတို့
အချစ်ဆုံး ခွေးလေးကို ဘာလို့တိုက်လိုက်တာလဲ..
သူ့ကို မုန်းလို့လား....?? "
ကလေးတွေရဲ့ အမေးစကားကြားမှ တိုက်လိုက်တဲ့
လူကို လွန်ကြိုးဖြူဖြူ မော့ကြည့်လာသည်။
ထိုအခါ တစ်ကိုယ်လုံး အနက်နဲ့ နက်စွေးနေတဲ့
ခေါင်ယံမှိုင်း ကို မြင်လိုက်ရရော လွန်ကြိုးဖြူဖြူ
နှုတ်ခမ်းတစ်စုံက ပွင့်ဟသွားသည်။
" ကျုပ် တမင်တိုက်တာ မဟုတ်ဘူး
ဒေါ်လွန်ကြိုးဖြူဖြူ... ခင်ဗျား ခွေးက
ကျုပ် ကားလာတာ မမြင်ဘဲ ပြေးလာတာ...
ကျုပ်ကလည်း ကားကို အမြန်မောင်းတတ်တဲ့
သူဆိုတော့ ခင်ဗျား ခွေးကို မမြင်ဘဲ တိုက်မိသွားတာ..
ကျုပ် တောင်းပန်ပါတယ် ဒေါ်လွန်ကြိုးဖြူဖြူ.. .
ခင်ဗျား ခွေးကို တိုက်မိသွားတဲ့ အတွက် "
" တော်စမ်း မင်း အပိုတွေ မပြောနဲ့ ခေါင်ယံမှိုင်း...
မင်း ငါ့ကို မုန်းလို့ ငါအချစ်ဆုံး ညိုလေး ကို
တမင်တိုက်သတ်ပစ်တာမလား.. .??
ငါ မေးနေတာ ကြားလား ဖြေလေ ခေါင်ယံမှိုင်း
...ငါ ပြောတာကြားလား ဖြေလို့... !! "
ခွေးသေကို အသာလေးချကာ ခေါင်ယံမှိုင်း
အင်္ကျီစ ကို ဆွဲရင်း လွန်ကြိုးဖြူဖြူ မေးနေခဲ့၏ ။
" လူယုတ်မာ မင်းက.. .ငါ့ကို မုန်းတာနဲ့ပဲ
ဘာအပြစ်မှ မရှိတဲ့ ခွေးကို မင်းက တိုက်ရတယ်
လို့.... မင်းက လူယုတ်မာပဲ ခေါင်ယံမှိုင်း ...
ဘာလို့ ငါ့ ခွေးကို တိုက်ပစ်ရတာလဲ...??
ဘာလို့လဲ ခေါင်ယံမှိုင်း...?? မင်း မုန်းတယ်
ဆိုရင် ငါ့ကို တိုက်လေ...ငါ ပြောနေတာ
ကြားလား ငါ့ကို တိုက်လို့.. .!! "
" ဘုန်း... ဘုန်း... ဘုန်း "
ခေါင်... မေးရင်း သူ့ ရင်ဘတ်ကို ထုရိုက်နေတဲ့
လွန်ကြိုးဖြူဖြူ လက်တစ်စုံကို သူ့ လက်နဲ့
ဆုပ်ကိုင်ပစ်သည်။
" မတော်တဆ တိုက်မိတာလို့ ကျုပ် ပြောနေတယ်
နော် ဒေါ်ဖြူဖြူ ... ခင်ဗျား ခွေးမှန်းသာ
သိပြီး မြင်ခဲ့ရင် ဖြစ်ချင်ရာ ဖြစ်ဆိုပြီး
ကျုပ် အသေခံပြီး ကားကို ဟိုဘက်ဆွဲလှည့်
ပေးခဲ့မှာ "
" အပိုတွေ... မင်းက အပိုတွေ ပြောနေတာပဲ
ခေါင်ယံမှိုင်း.. .မင်းအကြောင်း ငါ မသိဘူးမှန်း
ထင်နေတာလား....??
မင်း ငါ့ကို မုန်းတာနဲ့ ငါ ခွေးကို
တမင်တိုက်သတ်တယ်ဆိုတာ....
ဘာလို့လဲ ဘာလို့ တိုက်ရတာလဲ "
လူကို မုန်းတီးခြင်း တွေနဲ့ စိုက်ကြည့်နေသော
ဒေါ်ဖြူဖြူ မျက်ဝန်း တစ်စုံက သူ့ကို
ရင်နာစေသည်။ ဘာလဲ ဒေါ်ဖြူဖြူ က
ဘာလို့ သူ့ကို မယုံကြည်ရတာလဲ။
သူ မတော်တဆတိုက်မိတယ် ပြောတာတောင်
စွပ်စွဲနေတယ်။ သူ ဘယ်လိုလုပ်ပေးမှ
ယုံမှာလဲ။
" ခင်ဗျား ကျုပ်ကို အဲ့ဒီလောက်တောင်
မယုံကြည်ဘူးလား ဒေါ်ဖြူဖြူ.. .ကျုပ်
မမြင်လို့ တိုက်မိတယ်ဆိုတာ ပြောပြီးပြီလေ
ကျုပ် ဘယ်လို လုပ်ပေးမှ ခင်ဗျားက
ယုံမှာလဲ ဒေါ်ဖြူဖြူ.. .."
" သေတောင် မယုံဘူး... ငါရှေ့ မင်းသေပြရင်
တောင် ငါ မယုံဘူး... .မင်းက ယုတ်မာရိုင်း
စိုင်းတဲ့ သူပဲ. ..အကြင်နာတရား မရှိတဲ့လူ
တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ညိုလေးလို
မင်း ပြန်မဖြစ်ပါစေနဲ့ "
" သနားပါတယ် ညိုလေး က...
ညိုလေး သေသွားပြီ ဖြူဖြူ "
" မီးမီးတို့ရဲ့ ညိုလေး မရှိတော့ဘူး ဖြူဖြူ "
" အီးဟီး.. .အင့်ဟင့်. ..အင့်ဟင့် "
" အီးဟီး.. .အင့်ဟင့်. ..အင့်ဟင့် "
ဂေဟာက ကလေးတွေ ညိုလေး ကို
ကြည့်ရင်း ငိုပြီး ပြောနေတာကို လွန်ကြိုးဖြူဖြူ
အသက်မရှိသလို စိုက်ကြည့်ပြီး နှုတ်ခမ်း
တစ်စုံကို ဖိကိုက်ထားသည်။
ဒါ့ကို ခေါင်ယံမှိုင်း အသေအချာကြည့်နေလေသည်။
ကလေးတွေ ညိုလေး သေလို့ ငိုနေပေမဲ့
ဖြူဖြူ မှာ ငိုခွင့်မရှိခဲ့။ ငိုခွင့်မရှိတာထက်
မျက်ရည်မကျတတ်တာဆိုရင် ပို၍ မှန်မည်။
ဖြစ်နိုင်ရင်လေ ဖြူဖြူ ကိုယ့် ပါး ကိုယ်
ပြန်ရိုက်ပြီး ငိုလိုက်စမ်းလို့ ပြောချင်သည်။
သို့သော် ထွက်မလာတဲ့ မျက်ရည်တွေကြောင့်
စိတ်အတော် တိုမိသည်။
ငိုချင်ရင်တောင် မငိုတတ်လို့ ဖြူဖြူ မှာ
ငိုခွင့်မရှိတဲ့ ဘဝ။
" ခင်ဗျား နှုတ်ခမ်းတွေ ကိုက်မထားနဲ့ ဒေါ်ဖြူဖြူ. .
ခင်ဗျား ငိုချင်ရင် ငိုပစ်လိုက်... မဟုတ်ရင်
ခင်ဗျား နှုတ်ခမ်းတွေ နီစွေးကုန်မယ် "
" တော်စမ်းပါ ငါ့ အတွက် စိတ်ပူပေးသလို
လာလုပ်မနေနဲ့ ခေါင်ယံမှိုင်း... မင်းသာ
တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ညိုလေးလို
ပြန်ပြီး မခံစားရပါစေနဲ့လို့ ငါ ဆုတောင်းတယ်
အခု မင်းမြင်လား မင်းကြောင့် ဘာအပြစ်မှ
မရှိတဲ့ ညိုလေး သေသွားရတဲ့အပြင်
ဂေဟာက ကလေးတွေလည်း ငိုနေကြပြီ.. .
ဒါ့အပြင် ဘယ်တော့မှ မျက်ရည် မကျတတ်တဲ့
ငါ့ကလည်း မင်းလုပ်လို့ မျက်ရည်မကျတတ်တာ
ကို အရမ်းမုန်းသွားပြီ...တစ်ချိန်လုံး မျက်ရည်
မကျတတ်တာကို ဝမ်းမနည်း ခဲ့တဲ့ ငါ့က
ဒီနေ့မှာ မင်းကြောင့် အရမ်းဝမ်းနည်းသွားခဲ့ပြီ...
ပျော်တယ်မလား ငါ ငိုချင်ရင်တောင် မငိုနိုင်ဘဲ
နှုတ်ခမ်းကိုက်နေရတဲ့ အဖြစ်ကို...ဖြေလေ
ခေါင်ယံမှိုင်း မင်း ပျော်တယ်မလားလို့....!! "
" ဘုန်း....ဘုန်း... ဘုန်း..! ! "
ရင်ဘတ်ကို ထုရိုက်ကာ မေးနေသော လွန်ကြိုးဖြူဖြူ
အမေးကို ခေါင်ယံမှိုင်း ဘာမှ ပြန်မဖြေနိုင်။
တွေတွေကြီးနဲ့ ဆွံ့အနေခဲ့၏ ။
ဘာတွေ ဘယ်လိုဖြစ်ကုန်တာလဲ။ သူ ချစ်ရတဲ့
ဒေါ်ဖြူဖြူ က မငိုတတ်ဘူးတဲ့။ မငိုတတ်တဲ့
လူသား ကမ္ဘာပေါ်မှာ ရှိလို့လား။
ဒါမှမဟုတ် သူ့ကို လိမ်နေတာလား။
ဟင့်အင်း လိမ်တာ လုံးဝ မဖြစ်နိုင်။
ဒေါ်ဖြူဖြူ မျက်လုံးတွေက အမှန်တွေပြောနေတာ
ကြည့်ရုံနဲ့တင် သူ ခံစားနိုင်သည်။
" ခင်ဗျား တကယ် မငိုတတ်တာလား
ဒေါ်ဖြူဖြူ... ဒါဆို ကျုပ် တောင်းပန်ပါတယ်.. .
ကျုပ်ကြောင့် ခင်ဗျား အရမ်းနာကျင်သွားရပြီ
ကျုပ်ကို ဘာလုပ်ချင်လဲပြော...ကျုပ်
ခင်ဗျား လုပ်တာကို ခံမယ် "
" အပိုတွေ မပြောစမ်းနဲ့ ခေါင်ယံမှိုင်း...!!
ညိုလေး လို ကားရှေ့ တည့်တည့် မင်း
ဝင်တိုးရဲလား...?? "
" အိုကေ ကျုပ် လုပ်ပေးမယ် ခင်ဗျား သဘော
အတိုင်း.... "
အပြောနဲ့အတူ အရှိန်နဲ့ လာနေသော ကားရှေ့
သူ့က တိုးသွားခဲ့သည်။
ဖြူဖြူ မတားဘဲ ကြည့်နေလိုက်သည်။
သူ အဲ့ဒီလောက်ထိ မလုပ်ရဲပါဘူး။
ကြည့်နေ ကားက သူ့ကို တိုက်ဖို့ လုပ်တာနဲ့
သူ ထွက်ပြေးမှာ။
" ဝေါ.... "
သို့သော် ဖြူဖြူ ထင်တာတွေ မှားသွားခဲ့သည်။
နေရာကနေနောက်ပြန်မဆုတ်တဲ့အပြင်
ရှေ့ကို ပိုပြီး တိုးသွားခဲ့သည်။
ကားနဲ့ သူနဲ့ကလည်း တိုက်ဖို့ အနည်းငယ်ပဲ
လိုတော့သည်။
သူ ဘာတွေ လုပ်နေတာလဲ။ သူ ရူးနေတာလား။
အရှိန်နဲ့ မောင်းလာသော ကားက ဘရိတ်ကို
အချိန်မှီ အုပ်နိုင်မှာ မဟုတ်ဘူးလေ။
သူ သေရင်သေ မသေရင် ကျိုးမှာလေ။
ဒါ့ကို သူ မေ့နေတာလား။ အဲ့ဒီလောက်တောင်
သူ့မှာ စဉ်းစားဥာဏ် မရှိဘူးလား။
ဘာလဲ ထမင်းစားပြီး လူက ရူးနေတာလား။
သူ့က ရူးပေမဲ့ ဖြူဖြူ ကတော့ မရူးနိုင်ပါ။
တားရမည်။ မဟုတ်ရင် ဖြူဖြူ ကြောင့်
ဆိုတာ အဖြစ်မခံနိုင်။
" ခေါင်ယံမှိုင်း တော်ပါတော့.... !!
မင်း ရပ်လိုက်ပါတော့....!!! "
တားတာပင် အမောဖြစ်သွားတယ် ကားရှေ့
ပို၍ တိုးသွားနေသော ခေါင်ယံမှိုင်း။
ကားကလည်း တိုက်ဖို့ ဘယ်လောက်မှ
မလိုတော့ပါ။
" ဖြူဖြူ ထပ်တားအုံးလေ ကိုကိုခေါင်ယံ
တိုက်မိတော့မယ် "
" ဟုတ်တယ် ဖြူဖြူ ထပ်တားအုံးလေ "
" တိုက်မိတော့မယ် ဖြူဖြူ တားပါအုံး..!! "
ကလေးတွေရဲ့ စကားတွေလည်း ဖြူဖြူ နားထဲ
ကြားတစ်ချက် မကြားတစ်ချက်။ လက်ရှိ
ဖြူဖြူ လုပ်လိုက်မိတာက ခေါင်ယံမှိုင်း
ဆီကို ပြေးသွားလိုက်ခြင်းပေ။
" ခေါင်ယံမှိုင်း အား....!!! "
ဖြူဖြူလည်း ပြေးသွားရော သူ့
နားမရောက်ခင်မှာပဲ ကားက ခေါင်ယံမှိုင်း
ကို တိုက်ဖို့ လုပ်လိုက်တော့ လူက ကြောက်ပြီး
မျက်လုံး အစုံကို မှိတ်ပစ်လိုက်မိသည်။
သွားပြီ သူ သေပြီ။ ဖြူဖြူ ကြောင့် သူ
သေပြီ။
မျက်လုံး မဖွင့်ဘဲ လွန်ကြိုးဖြူဖြူ တစ်ကိုယ်လုံး
တုန်ယင်ကာ နားနှစ်ဖက်ကို ပိတ်ထားရင်း
ထိုစကားကို စိတ်ထဲ ဆိုနေသည်။
သွားပြီ ဖြူဖြူ လူသတ်လိုက်မိပြီ။ ဖြူဖြူ
လူသတ်လိုက်မိပြီ။
" တောက်စ်... ခွေးမသား !!!
ရူးရင်လည်း ထမင်းလွတ် ဟင်းလွတ်ရူး
ကားရှေ့ လာမရူးနဲ့... သေသွားမယ်
ဘာမှတ်နေတာလဲ မင်း အဖေ ကား
ထင်နေတာလား. .....?? "
" စောက်ပိုတွေ မပြောနဲ့ ဘိုးတော် နားခါးတယ်...
ခင်ဗျား အလုပ်က ကျုပ် လာတာမြင်ရင်
တိုက်လိုက်ဖို့ပဲ မဟုတ်လား...
ဘာ ကိစ္စ ခင်ဗျားက ရပ်ပစ်ရတာလဲ
မအေဘေးကောင်ရဲ့... xီးပဲ "
" တောက်စ်.. .ငါ xိုးမသား
မင်းကများငါ့ကို "
သူ့ကို ဆက်မတိုက်ဘဲ ကားရပ်ပစ်၍
ခေါင်ယံမှိုင်းစိတ်တိုကာ ထဆဲ၏ ။ ထိုအခါ
ကားသမားမှာ ပို၍ စိတ်တိုသွားပြီး ခေါင်ယံမှိုင်းကို
လက်သီးနဲ့ ထိုးသည်။
" ခွပ်..!! "
ခေါင်ယံမှိုင်း ရှောင်လိုက်ရာ မျက်နှာကို
မထိဘဲ ပုခုံးစွန်းကို ရှပ်ထိသွားခဲ့သည်။
" မအေဘေး ဘိုးတော်... ခင်ဗျားကများ
ကျုပ်ကို ထိုးရဲတယ်ပေါ့ အေး အဲ့ဒီလက်
အသေပဲ "
" အား.. ..အား.... ငါ့ လက်.... ငါ့ လက် "
" ဂျွတ်စ်...!! "
ပြောလည်းပြော ထိုလက်ကို ခေါင်ယံမှိုင်း
လှန်လိမ်ကာ ချိုးပစ်တော့ ဂျွတ်စ်ဆိုသော
ကျိုးတဲ့အခါ ထွက်ပေါ်လာသော အသံကြီးက
အတော်ကျယ်သည်။
" အားးးးးးးးးးးးး.. .....!!! "
အရမ်းနာပြီး ကားသမားမှာ အားခနဲ
ထအော်လိုက်တော့ လမ်းသွားလမ်းလာ
ကားတွေလည်း အကုန်ရပ်ကြည့်ကြတော့သည်။
လွန်ကြိုးဖြူဖြူ မှာလည်း အံ့ဩလို့ မဆုံးသေး။
သေပြီထင်လို့ ကြောက်ပြီး သူမ မျက်လုံးမှိတ်နေ
ချိန် ကားသမားရဲ့ ဆဲသံ နဲ့ ခေါင်ယံမှိုင်း
ရဲ့ ဆဲသံကြောင့် မျက်လုံးဖွင့်ကြည့်ရာ
ခေါင်ယံမှိုင်း လုပ်ရပ်ကြောင့် မျက်လုံးတွေ
ဝိုင်းစက်သွားပြီး ပါးစပ်ဟောင်းလောင်းပါ
ဖြစ်သွားခဲ့သည်။
ဂေဟာက ကလေးတွေလည်း ထိုနည်းအတူပေ။
Part 26 မျှော်.................................
( တော်ပြီ ခေါင်ကို မချစ်တော့ဘူး
အရမ်းကြောက်သွားပြီ ကြောက်စရာကြီး
ခေါင်က 😆😆😆😆 အဲ့ဒီလို ပြောမယ်
ထင်နေတာလား ကြိုက်တယ် ခေါင်ကို
အရမ်းပဲ 🤣🤣🤣🤣🤣
ခေါင်ကို ကြိုက်တဲ့ သူလေးတွေ လင်းပါ
ကြောက်တဲ့သူလေးတွေရော လင်းကြပါ
ကျမကို ချစ်ရင် 😆😆)
ချစ်တယ်နော်မင်မင်ရဲ့ ဒါဒါလေးတွေ.......😍😍😘😘
ဒီအပိုင်းလေးနဲ့ ပတ်သက်ပြီး ဒါဒါလေးတွေရဲ့ မန့်ကို
မင်မင်လေယူရာယိမ်း စောင့်မျှော်လျက်.. ......😍😍😘😘
#လေယူရာယိမ်း