အချစ်က သူစေစားရာ 🌚🌚 ( ခေါင...
By NabeNabe549
418K 19.5K 790
အမွှာချင်း တူပေမယ့် သူမရဲ့ မွေးဖွားမှုမှာ ဒွိလိင် ပါဝင်နေတဲ့အတွက် ဖခင် ဖြစ်သူရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရတဲ့ လ... More
Review
Part - 1 ( Zg + Uni)
Part - 2 ( Zg + Uni)
Part - 3 ( Zg + Uni)
Part - 4 ( Zg+ Uni)
Part - 5 ( Zg+ Uni)
Part - 6 ( Zg+ Uni)
Part - 7 ( Zg+ Uni)
Part - 8 ( Zg + Uni)
Part - 9 ( Zg + Uni)
Part - 10 ( Zg + Uni)
Part - 11 ( Zg + Uni)
Part - 12 ( Zg + Uni)
Part - 13 ( Zg + Uni)
Part - 14 ( Zg + Uni)
Part - 15 ( Zg + Uni)
Part - 16 ( Zg + Uni)
Part - 17 ( Zg + Uni)
Part - 18 ( Zg + Uni)
Part - 19 ( Zg + Uni)
Part - 20 ( Zg + Uni)
Part - 21 ( Zg + Uni)
Part - 22 ( Zg + Uni)
Part - 24 ( Zg + Uni)
Part - 25 ( Zg + Uni)
Part - 26 ( Zg + Uni)
Part - 27 ( Zg + Uni)
Part - 28 ( Zg + Uni)
Part - 29 ( Zg + Uni)
Part - 30 ( Zg + Uni)
Part - 31 ( Zg + Uni)
Part - 32 ( Zg + Uni )
Part 33 ( Zg + Uni )
Part - 34 ( Zg + Uni)
Part - 35 ( Zg + Uni)
Part - 36 ( Zg + Uni)
Part - 37 ( Zg + Uni)
Part - 38 ( Zg + Uni)
Part - 39 ( Zg + Uni)
Part - 40 ( Zg + Uni )
Part - 41 ( Zg + Uni)
ခွင့်တိုင်ကြားခြင်း
Part - 42 ( Zg + Uni)
အသိပေးချက်
Part - 43 ( Zg + Uni)
Part - 44 ( Zg + Uni)
Part - 45 ( Zg + Uni)
Part - 46 ( Zg + Uni)
Part - 47 ( Zg + Uni)
Part - 48 ( Zg + Uni)
Part - 49 ( Zg + Uni)
Part - 50 ( Zg + Uni)
Part - 51 ( Zg + Uni)
Part - 52 ( Zg + Uni)
Part - 53 ( Zg + Uni)
Part - 54 ( Zg + Uni)
Part - 55 ( Zg + Uni)
Part - 56 ( Zg + Uni)
Part - 57 ( Zg + Uni)
Part - 58 ( Zg + Uni)
Part - 59 ( Zg + Uni)
Part - 60 ( Zg + Uni)
Part - 61 ( Zg + Uni)
Part - 62 ( Zg + Uni)
Part - 63 ( Zg + Uni)
Part - 64 ( Zg + Uni)
Part - 65 ( Zg + Uni)
Part - 66 ( Zg + Uni)
Part - 67 ( Zg + Uni)
Part - 68 ( Zg + Uni)
Part - 69 ( Zg + Uni)
Part - 70 Final Part ( Zg + Uni)
Part - 23 ( Zg + Uni)
5.1K 286 16
By NabeNabe549
☆☆☆☆♡⃛   အချစ်က သူစေစားရာ   ♡⃛ ☆☆☆☆
( Part - 23  )
" ဒုန်း.....!! "
" ဗြိ...!! "
လာသည်။
လွှတ်မပေးခဲ့ပါ။
မလုပ်နဲ့.... "
" အင်း... "
***********************
တွေ့ရင် အသေပဲတဲ့။  ဒီတော့ သူ့ကို
မဖြူ.... "
သူ့က ထိုးပစ်လောက်တယ် "
" မဖြူကြောင့်... "
" ဟင်.. ငါကြောင့် ဟုတ်လား..  ?? "
" မဖြစ်နိုင်ပါဘူး "
မတတ်နိုင်ပါ။
" ဒါပေါ့.."
ဖွပစ်လိုက်သည်။
တစ်ယောက် နဲ့ တစ်ယောက်
" ဘုန်း....!!! "
" အေမ့..!! "
ရှေ့နောက်ကြည့်ဆော့....!! 
"  ဆောရီး မင်းကို.... "
ထွက်သွားခဲ့သည်။
သွားသည်​။
**********************
ဖြူဖြူ နဲ့ ခြားနား "
ကျေးဇူးတင်နေလေသည်။
***********************
ခြားနား... ??"
ပိုပြီး ခင်တွယ်မိသည်။
ကူညီ​ပေးမယ် "
ကျေးဇူးစကား မလိုဘူး "
မလွဲခဲပါ။
>>>>>>>>>>>>>>>>>
"   အနာက နာသေးလား ကို....
သွားပြကြမယ်လေ "
ကို... "
" ရွှတ်... "
စိုက်ကြည့်နေလေသည်။
ရုံးသွားတော့မယ်နော် "
မိန်းမ "
" ဟုတ် ကို "
ဆင်းလာတော့သည်။
အခုလို ရိုက်ခွဲရတာလဲ။ သိလို့ရှိရင် သူမ
ရဲကို တိုင်မည်။  သမီးလေးကလည်း
နောက်ကျနေပြီလေ။
************************
ဆယ်ရက် ကြာပြီးနောက်......
ပထမဆုရခဲ့သည်။
အုံးမည်တဲ့။  ဒီတော့ ဖြူဖြူ အတွက်
ပျော်စရာကြီးပါ။
ပြူးသွားမိသည်။
လား မသိဘူး "
ပြောနေရသည်။
အောင် လုပ်တယ်လေ "
လိုက်မိသည်။ 
အမှန်ပေ။
ဖြစ်တော့မည်။  ဒါပေမဲ့ ဒီနေ့တော့
အဖြစ်မခံနိုင်ပါ။  သူမ ကဲရမည်။ 
သူမ သယ်ချလာတာလေ။
ဝတ်ကို ဝတ်ရမည်။ သေချာတယ် the
ဖြူဖြူပဲ ရမှာ။ ဗဟက်ဟက်....!!
Part  24 မျှော်...................................
မွှေတာပဲ 😅😅🤣😅 ဖြူဖြူ သာ
ဗဟက်ဟက် 🤣🤣🤣🤣 သဘောကျလို့
ရယ်တာပါ 🤣🤣🤣🤣🤣)
#​လေယူရာယိမ်း
☆☆☆☆♡⃛   အချစ်က သူစေစားရာ   ♡⃛ ☆☆☆☆
( Part - 23  )
" သောက်ကွာ.... ဒီနေ့ မင်း ကြိုက်သလောက်
သောက် ငါ မတားဘူး ခေါင်ကြီး "
ပြောလည်းပြော သွေးသစ်ဖြိုး သူ့ပါ ခေါင်ယံမှိုင်း
နဲ့ အပြိုင်သောက်နေလေသည်။
ခြားနား  နဲ့ နမ်းမလို့ ဖြစ်တဲ့ လွန်ကြိုးဖြူဖြူ ပုံတွေ၊
ဒါ့အပြင် ခြားနား ကို ချစ်တယ်လို့ ပြောနေသော
လွန်ကြိုးဖြူဖြူ စကားတွေကို ခေါင်ယံမှိုင်း
ပြန်ကြားကာ ရှေ့က အရက်ခွက်ကို
စားပွဲပေါ် ဆောင့်ချပစ်သည်။
" ဒုန်း.....!! "
" ဗြိ...!! "
လက်ထဲမှာတင် ဖန်ခွက်က ခေါင်ယံမှိုင်း ရဲ့ ညှစ်
အားကြောင့် တစ်စစီကွဲကြေသွားပြီး
ညာလက်တစ်ဖက်ကလည်း သွေးတွေစီးကျ
လာသည်။
" ခေါင်ကြီး မင်း လက်မှာ သွေးတွေ ထွက်နေပြီ...
ဖန်ခွက်ကို လွှတ်လိုက်တော့....!!
လွှတ်လိုက်တော့ ခေါင်ကြီး...!!  "
အရက်​သောက်တာတောင် သွေးသစ်ဖြိုး
ကောင်းကောင်း မသောက်ရ ခေါင်ယံမှိုင်း
လက်က သွေးတွေကို မြင်တာနဲ့
ပြောလည်းပြော လက်ကလည်း တား၏ ။
ဒါပေမဲ့ သိပ်ကို ခေါင်းမာတဲ့ ခေါင်ယံမှိုင်း က
လွှတ်မပေးခဲ့ပါ။
" သွေးတွေ အများကြီး ထွက်နေပြီ ခေါင်ကြီး...
တော်ပါတော့ ငါ တောင်းပန်ပါတယ်
မင်း ရပ်လိုက်ပါတော့..!!အသဲကွဲတာနဲ့
ကိုယ့် လက်ကိုယ် ထိခိုက်အောင်
မလုပ်ချင်စမ်းပါနဲ့... ကိုယ့် နဲ့  မတန်တဲ့
မိန်းမတစ်ယောက်အတွက် မင်း လက်ကို
မထိခိုက်ချင်စမ်းပါနဲ့... အထူးသဖြင့်
သစ္စာမရှိတဲ့ ထူးခြားနားလို​ကောင်​အတွက်...
အလကားကောင် ကိုယ့် သူငယ်ချင်း ကြိုက်နေတဲ့
လူကိုမှ လုယူရက်တယ်.. မြေမြိုမယ့်ကောင် "
" ငါ ပြောတာကြားလား ခေါင်ယံမှိုင်း. ..!!
ရပ်တော့လို့... မင်းနဲ့ မတန်တဲ့ လူတွေ
အတွက် ကိုယ့် အသားကိုယ် နာအောင်
မလုပ်ချင်စမ်းနဲ့...​တော်​တော့လို့​ခေါင်​ကြီး....!!! "
အဆုံးသတ်​မှ​သွေးသစ်​အော်​လိုက်၍
​ခေါင်​ယံ သတိဝင်​သွားကာ ဖန်​ခွက်​ကွဲကို
ဆုပ်​ထားတာ လွှတ်​ပစ်​လိုက်​သည်​။
" ဆောရီး သွေးသစ်... ငါ စိတ်လွတ်သွားတယ်
ငါကြောင့် မင်း စိတ်ပင်ပန်းသွားပြီ "
" ရတယ် ခေါင်ကြီး... ဘာမှမဖြစ်ဘူး
မင်းသာ ကိုယ့်ကိုယ်ကို ထိခိုက်အောင်
မလုပ်နဲ့.... "
" အင်း... "
ထိုအခါကျမှသာ သွေးသစ် ခေါင်ယံမှိုင်း အတွက်
စိတ်ပင်ပန်းတာ ရပ်သွားတော့သည်။
ဒါပေမဲ့လည်း သူ ဆေးထည့်ပေးရအုံးမည်။
***********************
" ဟင်... ဟိုမှာ ခေါင်ယံမှိုင်း "
ဖြူဖြူ နဲ့ ခြားနား ဒီနေ့ ကျောင်းမှာ စကားပြော
နေတုန်း ခပ်လှမ်းလှမ်းမှာ လျှောက်လာသော
ခေါင်ယံမှိုင်း နဲ့ သွေးသစ်ဖြိုး ကို မြင်လိုက်၍
ဖြူဖြူ  ခြားနား လက်ကို ဆွဲကာ ဟိုဘက်ကို
ပြေးထွက်သွားလိုက်သည်။
သူ ပြောထားတယ်လေ ဖြူဖြူ နဲ့ ခြားနား ကို
တွေ့ရင် အသေပဲတဲ့။  ဒီတော့ သူ့ကို
မြင်တာနဲ့ ဖြူဖြူ အတွက်က ပြေးဖို့ပေ။
" အမယ်လေး အခုမှပဲ စိတ်အေးချမ်းတော့တယ် "
ပြောလည်းပြော ခြားနား လက်ကို လွန်ကြိုးဖြူဖြူ
မလွှတ်သေးဘဲ သူမရဲ့ ကျန်တဲ့လက်တစ်ဖက်
နဲ့ ကိုယ့်ရင်ဘတ်ကို အသာလေး ဖိကာ
အသက်ကို မနည်းရှူနေလေသည်။ ဒါ့ကို
ထူးခြားနား ကြည့်ပြီး ပြုံးစိစိဖြစ်သွားခဲ့သည်။
" အဲ့ဒီလောက်တောင် အမောပြေသွားလား
မဖြူ.... "
မေးလာတဲ့ ထူးခြားနား ကို လွန်ကြိုးဖြူဖြူ
တစ်ချက်ကြည့်ရင်း ပြုံးလိုက်ကာ....
" အင်း တအားကို အမောပြေသွားတယ်...
ဒါနဲ့ ခြားနား မင်း သိလား မင်း သူငယ်ချင်း
ခေါင်ယံမှိုင်း က အရမ်းဆိုးတာ..
ပြောရင် ပြောတဲ့အတိုင်း လုပ်တတ်တယ်...
အခုတောင် မဖြူ မျက်စိက လျင်သွားလို့
မဟုတ်ရင် ငါတို့ နှစ်ယောက်ကို တွေ့တာနဲ့
သူ့က ထိုးပစ်လောက်တယ် "
" မထိုးပါဘူး မဖြူ... ခေါင်က မထိုးပါဘူး "
ခြားနား ရဲ့ ယုံကြည်တဲ့ မျက်ဝန်း တစ်စုံကို
ကြည့်ပြီး ဖြူဖြူ ခေါင်းယမ်းပစ်လိုက်သည်။
" နိုး... နိုး မင်း မှားနေပြီ ခြားနား....
ငါတို့ နှစ်ယောက်ကို မြင်တာနဲ့ သူ့က
တစ်ခုခုလုပ်မှာ သေချာပေါက်ပဲ "
" မဟုတ်ဘူး မဖြူ... ခေါင် မလုပ်ဘူးလို့
ကျတော် ယုံကြည်တယ် ဘာလို့ဆို
သူ ထိုးချင်ရင် မနေ့က ကတည်းက
ထိုးလို့ရတယ်... ဒါပေမဲ့ သူ မထိုးခဲ့ဘူး
အဲ့ဒါ ဘာကြောင့်လဲဆိုတာ မဖြူ သိလား...??  "
" ဟင့်အင်း ငါ မသိဘူး ခြားနား... ဘာလို့လဲ "
" မဖြူကြောင့်... "
" ဟင်.. ငါကြောင့် ဟုတ်လား..  ?? "
" မဖြစ်နိုင်ပါဘူး "
မယုံသလို မေးလာရင်း အဆုံးသတ်မှာ
မယုံဘူး ပြောကာ ခေါင်းယမ်းသွားခဲ့သည်။
" ဘာလို့ မဖြစ်နိုင်ရမှာလဲ မဖြူ... သိပ်ကို
ဖြစ်နိုင်တာပေါ့..  ခေါင်က မဖြူ ကို
အရမ်းချစ်နေတာ ဒါ့ကို သူ့ မျက်ဝန်းတွေက
တစ်ဆင့် ကျတော် ခံစားနိုင်တယ် "
" လျှောက်မပြောပါနဲ့ ခြားနား ...သူ့က ငါ့ကို
မကြိုက်ပါဘူး... ငါ လှလို့ ငါ့ အလှတွေကို
မက်မောသွားရုံလောက်ပဲ ရှိတာ"
" ဟင့်အင်း မဖြူ... ခေါင်က မဖြူကို လှလို့
ကြိုက်တာ မဟုတ်ဘူး... မဖြူရဲ့ ပုံစံလေးနဲ့
စိတ်ဓာတ်ကို ကြည့်ပြီး ကြိုက်သွားခဲ့တာ...
ကျတော့် ကို သူ တစ်ခါပြောဖူးတယ်
မဖြူက လှတာထက် မဖြူရဲ့ သူ့ကို ဆက်ဆံ
တဲ့ ပုံက တခြားဘယ်မိန်းကလေးတွေနဲ့မှ
မတူဘူးတဲ့.... ဒါ့ကို သူ အရမ်းကြိုက်တယ်တဲ့ "
သူငယ်ချင်း ဖြစ်သူအစား ရွန်းရွန်းဝေအောင် ပြော
ပေးနေ၍  ဖြူဖြူ ငြိမ်သက်ရုံကလွဲ ဘာမှ
မတတ်နိုင်ပါ။
" ဒါနဲ့ ခေါင် ကို မဖြူ နည်းနည်းလေးတောင်
စိတ်မဝင်စားဘူးလားဟင် "
"  မဖြူ စိတ်မဝင်စားဘူး ခြားနား...  မဖြူ ဘဝမှာ
အချစ်က အရေးမကြီးဘူး အရေးကြီးတာဆိုလို့
မာသာ နဲ့ ပန်းမြိုင်ဂေဟာပဲ ရှိတယ် "
" ဒါဆို မဖြူက မားမား girl လေးပဲ "
" ဒါပေါ့.."
ခြားနား ပုံစံက ကလေးတစ်ယောက်လို ချစ်ဖို့
ကောင်းနေ၍ သူ့ ဆံပင်တွေကို ဖြူဖြူ
ဖွပစ်လိုက်သည်။
" ကျတော့် ဆံပင်တွေကို မဖြူ က ဖွတယ်ပေါ့
ဒါဆို ကျတော်လည်း ပြန်ဖွမယ် "
" မလုပ်နဲ့နော် ခြားနား... မလုပ်နဲ့..!!  "
ခြားနား က အပြောနဲ့အတူ ဖွဖို့လာတော့
လွန်ကြိုးဖြူဖြူ ထလို့ ပြေး၏ ။  ထိုအခါ
တစ်ယောက် နဲ့ တစ်ယောက်
ကျီစယ်နေကြသည်မှာ ချစ်စရာ အတွဲလေးလိုပေ။
" ဘုန်း....!!! "
" အေမ့..!! "
ဆံပင်ဖွမှာ စိုးပြီး ပြေးလာတာ နောက်က
လူမမြင်ဘဲ တိုက်မိသွားခဲ့သည်။ လဲပြီလို့
အောက်မေ့နေတုန်း ဖြူဖြူ ကိုယ်လေးကို
တစ်ယောက်ယောက်က ပွေ့ထားပေးသလို
ခံစားလိုက်​၍ ဘယ်​သူလဲဆိုတာ သိဖို့
မျက်လုံးကို ဖွင့်ကြည့်ဖို့ ပြင်လိုက်သည်။
" အဲ့မှာတင် အပျော်လွန်ပြီး သေမနေနဲ့
ဒေါ်လွန်ကြိုးဖြူဖြူ.... ဆော့ရင်လည်း
ရှေ့နောက်ကြည့်ဆော့....!! 
တကတည်း ကလေးမဟုတ် ကုလားမဟုတ်
စိတ်​ပျက်​စရာ ကောင်းတယ် "
"  ဆောရီး မင်းကို.... "
လွန်ကြိုးဖြူဖြူ တောင်းပန်တာလေးပင်​မဆုံးသေး
ခါးလေးကို လွှတ်ပေးကာ ခေါင်ယံမှိုင်း
ထွက်သွားခဲ့သည်။
ထိုအခါ ခေါင်ယံမှိုင်း နဲ့ အတူပါလာတဲ့
သွေးသစ်ဖြိုး မှာ ငုတ်တုပ်ကြီးနဲ့ ကျန်နေခဲ့သည်။
ထူးခြားနား ကလည်း သွေးသစ်ဖြိုး ကို ကြည့်လို့။
" နောက်တစ်ခါ ခေါင်ကြီး ကို တွေ့တာနဲ့
မင်းတို့ နှစ်ယောက်စလုံး ဝေးဝေးရှောင်ကြ..
ဒီတစ်ခါ ခေါင်ကြီး က ဘာမှ မလုပ်ပေမဲ့
နောက်တစ်ခါ အသေသတ်လောက်တယ်...
သေချင်သပါ့ဆိုရင်လည်း ရှေ့ဆက်တိုးကြပေါ့
အထူးသဖြင့် ထူးခြားနား မင်း...
ပိုင်းလုံးကောင်.. ကြာကူလီကောင်
သူငယ်ချင်း အချင်းချင်း စည်းမရှိတဲ့ကောင်.
ငါ့ ရှေ့ ပေါ်မလာမိစေနဲ့ တွေ့တာနဲ့
တွေ့တဲ့ နေရာတင် မင်းကို ဆွဲထိုးပစ်မှာ "
မျက်လုံးရဲကြီးနဲ့ သွေးသစ်ဖြိုး စိုက်ကြည့်ရင်း
​ပြောကာ အဝေးကို ရောက်နေပြီဖြစ်တဲ့ ခေါင်ယံမှိုင်း
နောက် ပြေးလိုက်သွားခဲ့သည်။
သွေးသစ်ဖြိုး သွားတာနဲ့ ခြားနား ပုံစံက
စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့သည်။
ညှိုးငယ်သွားတဲ့ မျက်နှာလေးကို ကြည့်ပြီး
လွန်ကြိုးဖြူဖြူလည်း စိတ်မကောင်းဖြစ်​လို့
သွားသည်​။
**********************
" ဟုတ်တယ် ငါတို့ တွဲနေတာ ထက်ထက်... "
" မိုက်တာပဲ ဒါဆို... ကွန်ကွန်နော်
ဖြူဖြူ နဲ့ ခြားနား "
အပြုံးတွေနဲ့ ဂုဏ်လာပြုပေးတဲ့ ထက်ထက်ကို
ဖြူဖြူ ကြည့်ရင်း ဖြူဖြူ ကို ကျေးဇူးတင်ပါတယ်
ဆိုတဲ့ အကြည့်နဲ့ ပြောနေသော​ဘေးက
ခြားနား ကို မလိုပါဘူးဆိုပြီး ခေါင်းယမ်းပြလိုက်သည်။
ထက်ထက် ကို ခြားနားက ဂေးဆိုတာ
အမှန်အတိုင်း ပြောသင့်မပြောသင့် ဖြူဖြူ
စဉ်းစားခဲ့သည်။  သို့သော် ယောင်္ကျားလေးချင်း
ကြိုက်တာကို အားမပေးတဲ့သူဆိုတာ
စောနလေးက ထက်ထက်က ကောင်လေး
နှစ်ယောက် လက်ချိတ်ကာ ပျော်နေတာကို
ကြည့်ပြီး ရွံစရာကြီးဟု ပြောလာခဲ့သည်။
ဒီအတွက် ဖြူဖြူ ထက်ထက်ကို အမှန်အတိုင်း
ပြောစရာပင် မလိုတော့ပါ။ ခြားနား ကလည်း
ဖြူဖြူ လိမ်ပေးတာနဲ့ ပတ်သက်ပြီး အရမ်းကို
ကျေးဇူးတင်နေလေသည်။
ဟူး.. ရင်မောလိုက်တာ ဘာလိုလိုနဲ့ ဖြူဖြူ တောင်
အယောင်ဆောင်ရည်းစား ရသွားခဲ့ပြီ။
***********************
" မင်း ဘယ်လိုလုပ်ဖို့  တွေးထားလဲ
ခြားနား... ??"
" ကျတော်ကြောင့် အရမ်းပင်ပန်းနေလား မဖြူ..
ဒါဆို ကျတော် တောင်းပန်ပါတယ် တကယ်လို့
မဖြူ ပင်ပန်းနေရင် ကျတော် အမှန်အတိုင်းပဲ
ဝန်ခံလိုက်မယ်လေ....ကျတော့် က ဂေးဆိုတာ"
" ဟင့်အင်း ခြားနား... မဖြူ မပင်ပန်းဘူး
မဖြူ ပြောချင်တာက မင်း ပင်ပန်းမှာကို
ပြောတာ... .မနေ့က နမ်းခမ်းဆိုတဲ့
ကောင်မလေး နဲ့ သွေးသစ်ဖြိုး ချစ်ကြည်နူး
နေတာကို ကြည့်ပြီး မင်း မျက်လုံးတွေ
နီရဲငြီး ငိုမတတ်ဖြစ်နေတာ မဖြူ
မြင်လိုက်တယ်... ဒါကြောင့် မင်း ဘာဆက်
လုပ်မလဲလို့ မဖြူက မေးတာ...မဖြူ
ပင်ပန်းလို့မဟုတ်ဘူး မင်းအတွက် တွေးပေးတာ "
ခြားနား အစစအရာရာ သူ့ အပေါ် မဖြူက
တွေးပေးတတ်လွန်းလို့ အစ်မတစ်ယောက်လိုပင်
ပိုပြီး ခင်တွယ်မိသည်။
" ကျတော် အရမ်း ပင်ပန်းတယ် မဖြူ.....
ဒါပေမဲ့ ဘာမှမတတ်နိုင်ဘူး ကျတော် သာ
သွေးသစ် ကို ချစ်တယ်လို့ ဝန်ခံလိုက်ရင်
ကျတော့် ကို အခြောက်ဆိုပြီး သူ့က
ပြောလိမ့်မယ်....ဒါတင်မကသေးဘူး
ကျတော့် အချစ်ကိုလည်း သူ့က စော်ကား
လိမ့်မယ်... နောက်ပြီး မဖြူလည်း
သိပါတယ် ဒီကျောင်းက LGBT အတွဲတွေကို
အပြစ်တင် ရှူံ့ချတာ...ဒီကျောင်းတင်မကဘူး
တစ်နိုင်ငံလုံးပဲ....ဒီကျောင်းမှာ လူဦးရေတွေ
သောင်းချီရှိနေလည်း LGBT ချင်း
ကြိုက်တာ လူနည်းစုလောက်ပဲ ရှိတာ...
ဒါတောင် ဒီကျောင်းက လူတွေ လုပ်လို့
ပျက်သွားတဲ့ LGBT အတွဲတွေအများကြီးပဲ...
ဒါ့ကို မဖြူ မသိသေးပါဘူး "
" ဘာမှ အားမငယ်နဲ့ ခြားနား. ..မင်း အနားမှာ
မဖြူ ရှိတယ် မင်းက မဖြူ အတွက်
မောင်လေး တစ်ယောက်လိုပဲ ...
ဒါ့အပြင် မဖြူ မင်းကို ကူညီပေးမယ်..
သွေးသစ်ဖြိုး မင်း အပေါ် စိတ် ရှိမရှိဆိုတာကို "
" မလုပ်ပါနဲ့ မဖြူရာ... ကျတော်
တဖတ်သက်ဘဝနဲ့ နေသားကျနေပါပြီ... တော်ကြာ
ကျတော် ချစ်​နေတာ သူ သိသွားမှ ကျတော့် မှာ
အဝေးက​ငေးကြည့်ခွင့်တောင် မရှိဘဲ နေပါလိမ့်မယ် "
" အဲ့ဒီလို မဖြစ်စေရဘူး ခြားနား... မဖြူကိုသာ
မင်း စိတ်ချထား... မဖြူ မင်းကို အတတ်နိုင်ဆုံး
ကူညီ​ပေးမယ် "
" ဟုတ် မဖြူ ...ဒါဆို ကျေးဇူးပါနော်
မဖြူ ကို ကျတော် အရမ်းကျေးဇူးတင်ပါတယ် "
" ရပါတယ် ခြားနား ရယ်.. မဖြူနဲ့ မင်းနဲ့က
မောင်နှမတွေလိုပဲ... မဖြူတို့ ကြားမှာ
ကျေးဇူးစကား မလိုဘူး "
ဆံပင်လေးကို ဖြူဖြူ အသာလေးဖွရင်း ပြောလိုက်
တော့ စိုက်ကြည့်လာတဲ့ ခြားနား မျက်နှာက
တကယ့် ကလေးတစ်ယောက်လို အပြစ်ကင်းသည်။
ဘာရယ်မဟုတ် ဖြူဖြူ အတွက် ခြားနား ကို
မောင်လေး တစ်ယောက် ကောက်ရလိုက်သလိုပေ။
သူ့က ဂေး၊  ဖြူဖြူ က ဒွိလိင် ဆိုတော့
သူ့ကို ဖြူဖြူ ကိုယ်ချင်းစာသည်။ ဒီတော့
သွေးသစ်ဖြိုး ကြိုက်လာအောင် သူ့ကို ဖြူဖြူ
ကူညီပေးမည်။ နောက်ပြီး သွေးသစ်ဖြိုး ရဲ့
မျက်ဝန်းတွေက ခြားနား အပေါ်မှာ
တစ်မျိုး ထူးခြားနေသည်။  ဖြူဖြူ ထင်ရင်
မလွဲခဲပါ။
>>>>>>>>>>>>>>>>>
"   အနာက နာသေးလား ကို....
နာ​နေရင်​ကြည်ဖြူ တို့ ဒီနေ့ ဆေးရုံ
သွားပြကြမယ်လေ "
" ရတယ် ကြည်ဖြူ... ကိုယ် သက်သာနေပြီ
အနာက ဘာမှ မဖြစ်တော့ပါဘူး "
" ဒါဆိုလည်း ကြည်ဖြူ ရုံးသွားနေတုန်း
အနာကို  ကို ဂရုစိုက်အုံးနော်... နာတာနဲ့
အောက်မှာ ကြီးတင်မြိုင် ရှိတယ် ခေါ်လိုက်နော်
ကို... "
" ဟုတ်ကဲ့ပါ ကြည်ဖြူရယ်... ဒါကြောင့်
ကြည်ဖြူကို ကိုယ့်က ချစ်နေရတာ "
" ရွှတ်... "
ပါးလေးကို နမ်းရင်း ဇနီးသည် မေးဖျားလေး
ကိုင်ကာ ဦးနိုင်စေမာန် သည် ရီဝေစွာနဲ့
စိုက်ကြည့်နေလေသည်။
" ကဲ နောက်ကျနေပြီ ကို.... ကြည်ဖြူ
ရုံးသွားတော့မယ်နော် "
" ဟုတ်ကဲ့ပါဗျာ... ဂရုစိုက်သွားနော်
မိန်းမ "
" ဟုတ် ကို "
နှစ်ဦးသား အပြန်အလှန် အနမ်းခြွေရင်း နှုတ်ဆက်
ပြီးတာနဲ့ ဒေါ်ကြည်ဖြူခင် အောက်ထပ်ကို
ဆင်းလာတော့သည်။
သူမ ရင်ထဲမှာ ကြည်နူးနေပေမဲ့ ဒါပေမဲ့
အလုပ်ကိစ္စနဲ့ ဘားကိုသွားရင်း ရန်ဖြစ်တဲ့
လူငယ်တွေကြား အမြင်မတော်ရင်း ဝင်ဆွဲရာကနေ
ခေါင်းရိုက်ခွဲခံလိုက်ရတဲ့ သူမ  ယောင်္ကျား
အဖြစ်ကြောင့်တော့ ရတက်မအေး ဖြစ်နေလေသည်။
ဖုန်းမဆက်ဘဲ တစ်ရက်လောက်ကြာမှ ရောက်ချ
လာတဲ့ ယောင်္ကျားကြောင့်လည်း သူမရင်ထဲက
ပူပန်မှုတွေက အခုထိ မပျောက်သေးပေ။
ဘယ်သူ့ကများ သူမ ယောင်္ကျားခေါင်းကို
အခုလို ရိုက်ခွဲရတာလဲ။ သိလို့ရှိရင် သူမ
ရဲကို တိုင်မည်။  သမီးလေးကလည်း
သူ့ ဒယ်ဒီ အတွက် စိတ်တွေပူကာ
မနေ့ကဆို ကျောင်းတောင်မတက်ပါ။
ဒီနေ့မှ အစောကြီး ကျောင်းကို သွားတော့သည်။
သူမလည်း စိတ်တွေ အရမ်းပူပြီး အလုပ်သွားဖို့ပင်
နောက်ကျနေပြီလေ။
************************
ဆယ်ရက် ကြာပြီးနောက်......
ဒီနေ့ ကျောင်းရဲ့ the whole king / queen
ရွေးပွဲဆိုပေမဲ့ ဖြူဖြူ မပြိုင်ပါ။
ဒါပေမဲ့ ဖြူဖြူ ဆုတက်ယူရအုံးမည်။ ခရိုင်မှာ
စာစီစာကုံးတက်ပြိုင်တော့လည်း ဖြူဖြူ
ပထမဆုရခဲ့သည်။
ဒါ့ကို ပါချုပ်ကြီးက အရင်တစ်ခါက
စာစီစာကုံး ဆုအတွက်ရော၊ ခရိုင်မှာ
ပြိုင်တာ နိုင်တဲ့ အတွက်ရော ဆုကို နှစ်ခုပေး
အုံးမည်တဲ့။  ဒီတော့ ဖြူဖြူ အတွက်
ပျော်စရာကြီးပါ။
" ဖြူဖြူ ဒီမှာကြည့် ငါ နင့် အတွက် မိတ်ကပ်
ဘူး​တွေယူလာတယ်.... အဝတ်အစားရော "
အခန်းထဲ ဝင်လာရင်း ဝမ်းဆက်တစ်စုံနဲ့
မိတ်ကပ်ဘူးတွေကို ဖြူဖြူ ရှေ့ တင်ကာ
ဆိုလာသော ထက်ထက် ကြောင့် မျက်လုံး
ပြူးသွားမိသည်။
အတန်းထဲက လူတွေကလည်း the whole
king / queen အတွက် မိတ်ကပ်တွေ
ထုတ်ကာ မိတ်ကပ် ပြင်တဲ့သူနဲ့
  နှုတ်ခမ်းနီ ဆိုးတဲ့သူနဲ့ အလုပ်တွေ ရှူပ်နေကြ၏ ။
သို့သော် ဖြူဖြူ အတွက် ထက်ထက် ဝယ်ပေး
လာတာတွေကို မြင်လိုက်ရတဲ့ အချိန်
သူတို့ မျက်လုံးတွေက ဖြူဖြူ ကို ကြည့်လာ
ကြသည်။ ပိုင်းလုံးမဆိုတဲ့ အကြည့်နဲ့။
" ငါ့က ဆုလေး တက်ယူရုံပါ ထက်ထက်...
ဒါတွေ ငါ့ အတွက် မလိုအပ်​ပါဘူး "
" ဘာလို့ မလိုရမှာလဲ ဖြူဖြူ... ဒီနေ့က
ကျောင်းရဲ့ အရေးကြီးတဲ့နေ့ ....ဒီလိုနေ့မှာ
နင် လှကိုလှရမယ်... အခု နင် ဝတ်ထားတဲ့
အဝတ်အစားကို ကြည့်လိုက် နွမ်းနေပြီ...
ဒါကြောင့် နင် အခု ငါ ယူလာတဲ့ ဝမ်းဆက်နဲ့
ငါ မိတ်ကပ်လိမ်းပေးတာကို ငြိမ်ခံရမယ်.. .
မဟုတ်ရင် ငါ နင့်ကို စိတ်ဆိုးမှာ "
" ပိုင်းလုံးမကတော့ ခေါင်တို့ သူငယ်ချင်း
အချင်းချင်း ကွဲအောင် လုပ်ရုံတင် အားမရဘူး
အခု ထက်ထက်လင်း ဆီကပါ ခြူဆီနေပြီ
မြင်ရတာ ကျက်သရေကို ယုတ်တယ် "
" ဟုတ်ပါ့ သူ့မို့လို့ ခြူတာ... မရှက်ဘူး
လား မသိဘူး ရုပ်ကလေးက လှသလောက်
စိတ်ဓာတ်က​လောက်​လောက်​ယုတ်တဲ့ မိန်းမ...
ရုပ်နဲ့ စိတ်နဲ့ တခြားစီပဲ....ဒါ့ကို မြန်မာစကားပုံအရ
ဘယ်လိုဆိုပါလိမ့်... လူကြည့်တော့
အောင်မောင်း အိမ်​ကြည့်တော့ စောက်ခေါင်း
လား မသိဘူး "
" ထင်တာပဲ ငါလည်း သိပ်မသိဘူး "
ပျံ့လွင်လာသော စကားသံတွေကို ဖြူဖြူ
မကြားချင်ယောင်ဆောင်ထားပေမဲ့
စိတ်တိုလွယ်တဲ့ ထက်ထက်မှာတော့
ရန်သွားဖြစ်ဖို့ ပြင်နေတာကြောင့် သူ့
လက်ကို ကိုင်ကာ စိတ်လျှော့ဖို့ ဖြူဖြူ
ပြောနေရသည်။
" ဖြူဖြူ နင် ဘယ်လိုမှ မနေဘူးလား...
သူတို့တွေ နင့်ကို ဒီလောက်တောင်
ပြောဆိုနေကြတာ... တစ်နေ့  တစ်မျိုးမရိုးရဘူး
နေ့ တိုင်းကို ပြောဆိုနေကြတာ... ဒါတင်မကသေး
ဘူး နင့် စားပွဲခုံပေါ်မှာကအစ သူတို့
အမှိုက်တွေ လာလာလွှင့်ထားကြတာ...စည်းမရှိ
ကမ်းမရှိ...ငါတော့ မရ တော့ဘူး
သူတို့ကို အမှုန့်ကို ကြိတ်ချင်နေပြီ "
" စိတ်ကို လျှော့ပါ ထက်ထက်.. .မမြင်ချင်ယောင်
မကြားချင်ယောင်သာ ဆောင်ထားလိုက်ပါ
ငါတို့သာ ရန်ကို ရန်ချင်း တုံ့ပြန်နေမယ်ဆိုရင်
ဘယ်တော့မှ အေးချမ်းမှာကို မဟုတ်ဘူး "
"  ဒါပေမဲ့ဟာ သူတို့တွေက အရမ်းကို
လွန်နေပြီ​လေ ဖြူဖြူ... နင့် ကို ပါးစပ်ကတင်
မဟုတ်ဘူး ငါတို့ ခုံကိုပါ မနေ့က ညစ်ပတ်
အောင် လုပ်တယ်လေ "
" သူတို့ မောရင် ရပ်သွားပါလိမ့်မယ် ထက်ထက်..
ငါတို့ အပြုံးလေးနဲ့ပဲ သူတို့ မောမယ့်
အချိန်ကိုပဲ စောင့်လိုက်ကြရအောင်...
ရန်ဖြစ်တာက မကောင်းပါဘူး...စိတ်ငြိမ်အောင်
ဗုဒ္ဓသရဏံ ဂစ္ဆာမိ ကို  သုံး​ခေါက်​တိတိ
ဆိုကြည့် ထက်ထက်... ဒါဆို နင့် စိတ်တွေ အေးချမ်းသွားလိမ့်မယ် "
လက်ကို ဆုပ်ကိုင်ပေးထားရင်း စိတ်လျှော့ဖို့
ဖြောင်းဖြနေတဲ့ လွန်ကြိုးဖြူဖြူ ကို
ထက်ထက်လင်း ကြည့်ကာ သက်ပြင်းချ
လိုက်မိသည်။ 
သူမ သူငယ်ချင်းက တကယ့်ကို သည်းခံ
နိုင်စွမ်းရှိတဲ့လူပါ။ သူမသာဆိုရင်အတင်း
ပြောနေတဲ့လူတွေရဲ့ ပါးစပ်ကိုသွားရိုက်မိမှာ
အမှန်ပေ။
သူမ သူငယ်ချင်းကတော့ ထိုသို့မဟုတ်၊
အမြဲတမ်း သည်းခံဖို့ပဲ ပြောနေခဲ့သည်။
ဒါတင်မကသေး စိတ်တိုနေရင် ဗုဒ္ဓသရဏံ
ဂစ္ဆာမိ ရွတ်လို့ကပါပြောသေးသည်။ ကြာတော့
သူမလည်း မယ်သီလရှင်ကြီး လုံးလုံး
ဖြစ်တော့မည်။  ဒါပေမဲ့ ဒီနေ့တော့
အဖြစ်မခံနိုင်ပါ။  သူမ ကဲရမည်။ 
ဒါ့အပြင် ဖြူဖြူ အတွက် the whole king /
queen ပြိုင်ဖို့ သူမ စာရင်းပေးထားသေးသည်။
ဒါ့ကို ဖြူဖြူ မသိ၊  အခုလည်း ဖြူဖြူ
ပြိုင်ဖို့ အတွက် မြန်မာဝမ်းဆက်နဲ့ မိတ်ကပ်တွေ
သူမ သယ်ချလာတာလေ။
ဒါကြောင့် သူမ ယူလာတဲ့ ဟာတွေ ဖြူဖြူ
ဝတ်ကို ဝတ်ရမည်။ သေချာတယ် the
whole queen က သူမ သူငယ်ချင်း
ဖြူဖြူပဲ ရမှာ။ ဗဟက်ဟက်....!!
တယ်တော်တဲ့ ကျမ ထက်ထက်လင်းပါ။
Part  24 မျှော်...................................
( ထက်ထက်လင်း ရယ် ရှင်လေးက လျှောက်ကို
မွှေတာပဲ 😅😅🤣😅 ဖြူဖြူ သာ
သိရင် ဘယ်လိုနေမလဲ မသိဘူး 🤣🤣🤣
ဗဟက်ဟက် 🤣🤣🤣🤣 သဘောကျလို့
လူယုတ်မာ အသံနဲ့ ဗဟက်ဟက်လို့
ရယ်တာပါ 🤣🤣🤣🤣🤣)
ချစ်​တယ်​နော်​မင်​မင်​ရဲ့ ဒါဒါ​လေး​တွေ.......😍😍😘😘
ဒီအပိုင်းလေးနဲ့ ပတ်သက်ပြီး ဒါဒါလေးတွေရဲ့ မန့်ကို
မင်မင်လေယူရာယိမ်း စောင့်မျှော်လျက်.. ......😍😍😘😘
#​လေယူရာယိမ်း
Continue Reading
You'll Also Like
312K 25K 29
Mini Story Uni Life Style Sweet Romance
3M 261K 48
!အမှန်တော့ မင်းက ကိုယ်အမြဲတမ်း အမှတ်တရ သိမ်းထားချင်မိတဲ့ အစိမ်းရောင် ပျော်ရွှင်ခြင်းလေးပါ... Oct9.2021 !အ...
8K 337 9
ကိုယ်ဟာအားနွဲ့တဲ့မိန်းမသားမို့ ပြုသမျှနုရမယ်ဆိုတဲ့အတွေးကို ခေါင်းထဲကကန်ထုတ်ပစ်လိုက်။ ကိုယ့်ခန္ဓာကိုယ်မှာ ကိုယ့်စိတ်တိုင်းကျဆင်ယင်တာကို ကြံဖန်အပြစ်ပြေ...
1.1M 45.9K 58
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...