အခ်စ္က သူေစစားရာ 🌚🌚 ( ေခါင...

By NabeNabe549

423K 19.6K 790

အမႊာခ်င္း တူေပမယ့္ သူမရဲ႕ ေမြးဖြားမႈမွာ ဒိြလိင္ ပါဝင္ေနတဲ့အတြက္ ဖခင္ ျဖစ္သူရဲ႕ စြန္႔ပစ္ျခင္းကို ခံခဲ့ရတဲ့ လ... More

Review
Part - 1 ( Zg + Uni)
Part - 2 ( Zg + Uni)
Part - 3 ( Zg + Uni)
Part - 4 ( Zg+ Uni)
Part - 5 ( Zg+ Uni)
Part - 6 ( Zg+ Uni)
Part - 7 ( Zg+ Uni)
Part - 8 ( Zg + Uni)
Part - 9 ( Zg + Uni)
Part - 10 ( Zg + Uni)
Part - 11 ( Zg + Uni)
Part - 12 ( Zg + Uni)
Part - 13 ( Zg + Uni)
Part - 14 ( Zg + Uni)
Part - 15 ( Zg + Uni)
Part - 16 ( Zg + Uni)
Part - 17 ( Zg + Uni)
Part - 18 ( Zg + Uni)
Part - 19 ( Zg + Uni)
Part - 20 ( Zg + Uni)
Part - 21 ( Zg + Uni)
Part - 23 ( Zg + Uni)
Part - 24 ( Zg + Uni)
Part - 25 ( Zg + Uni)
Part - 26 ( Zg + Uni)
Part - 27 ( Zg + Uni)
Part - 28 ( Zg + Uni)
Part - 29 ( Zg + Uni)
Part - 30 ( Zg + Uni)
Part - 31 ( Zg + Uni)
Part - 32 ( Zg + Uni )
Part 33 ( Zg + Uni )
Part - 34 ( Zg + Uni)
Part - 35 ( Zg + Uni)
Part - 36 ( Zg + Uni)
Part - 37 ( Zg + Uni)
Part - 38 ( Zg + Uni)
Part - 39 ( Zg + Uni)
Part - 40 ( Zg + Uni )
Part - 41 ( Zg + Uni)
ခြင့္တိုင္ၾကားျခင္း
Part - 42 ( Zg + Uni)
အသိေပးခ်က္
Part - 43 ( Zg + Uni)
Part - 44 ( Zg + Uni)
Part - 45 ( Zg + Uni)
Part - 46 ( Zg + Uni)
Part - 47 ( Zg + Uni)
Part - 48 ( Zg + Uni)
Part - 49 ( Zg + Uni)
Part - 50 ( Zg + Uni)
Part - 51 ( Zg + Uni)
Part - 52 ( Zg + Uni)
Part - 53 ( Zg + Uni)
Part - 54 ( Zg + Uni)
Part - 55 ( Zg + Uni)
Part - 56 ( Zg + Uni)
Part - 57 ( Zg + Uni)
Part - 58 ( Zg + Uni)
Part - 59 ( Zg + Uni)
Part - 60 ( Zg + Uni)
Part - 61 ( Zg + Uni)
Part - 62 ( Zg + Uni)
Part - 63 ( Zg + Uni)
Part - 64 ( Zg + Uni)
Part - 65 ( Zg + Uni)
Part - 66 ( Zg + Uni)
Part - 67 ( Zg + Uni)
Part - 68 ( Zg + Uni)
Part - 69 ( Zg + Uni)
Part - 70 Final Part ( Zg + Uni)

Part - 22 ( Zg + Uni)

5.2K 289 13
By NabeNabe549


☆☆☆☆♡⃛   အခ်စ္က သူေစစားရာ   ♡⃛ ☆☆☆☆
( Part - 22  )

" ေျခာက္ရက္ပဲ လိုေတာ့တယ္ေနာ္ ေဒၚျဖဴျဖဴ
ခင္ဗ်ား  က်ဳပ္နဲ႔ လက္ထပ္ဖို႔က "

တစ္ခ်ိန္လံုး ျဖဴျဖဴ ကို စေနာက္​​ေနၿပီး အခုက်မွ
သူ႔က စကားအေကာင္း  ေျပာလာခဲ့သည္။

" ငါ သိတယ္ ေခါင္ယံမိႈင္း...
ဒါနဲ႔ ေနပါအံုး မင္းကို ငါ ေမးရအံုးမယ္
မင္း ခ်စ္သည္းမာန္ နဲ႔ ေစ့စပ္တာ
ဖ်က္သိမ္းလိုက္ၿပီ ဆိုတဲ့ ကိစၥက ငါနဲ႔
လက္ထပ္မွာမို႔လို႔ ဖ်က္သိမ္းလိုက္တာလား...?? "

" ခင္ဗ်ား ဘယ္လိုထင္လဲ ေဒၚျဖဴျဖဴ...  "

ျဖဴျဖဴ ေမးတာကို မေျဖဘဲ ျဖဴျဖဴ ကို ျပန္
ေမးလာေတာ့ လူက ဘာေျပာရမွာတုန္း...။
သူ ဖ်က္တဲ့ အေၾကာင္း သူပဲ သိမွာေလ။

" ငါ မသိဘူး ေခါင္ယံမိႈင္း. ..တကယ္လို႔
ငါ့ ေၾကာင့္ဆိုရင္ မင္း ရပ္တန္းက
ရပ္လိုက္ပါ... .ေစ့စပ္တာကို
မင္း ဖ်က္သိမ္း​ေပးစရာမလိုဘူး
ငါ့က မင္းအလိုက် မင္းနဲ႔ အိပ္ေပးဖို႔
လက္ထပ္ထားျခင္း ခံရတဲ့သူပဲ "

" ဘာ.. .!! ခင္ဗ်ားက အဲ့ဒီလို ထင္တယ္ေပါ့
ခင္ဗ်ား နဲ႔ အိပ္ေပးဖို႔ အတြက္ က်ဳပ္က
လက္ထပ္တာေပါ့...!!  ေသလိုက္ေလ
ေဒၚျဖဴျဖဴ ခင္ဗ်ား အဲ့ဒီမွာ လဲေသလိုက္....
ေတာက္စ္....!!!  "

အေၾကာေတြ ေထာင္သြားတဲ့အထိ သူ႕ မ်က္ႏွာက
နီျမန္းသြားကာ လက္သီးကို တင္းတင္းဆုပ္ထား
ခဲ့သည္။

" ခင္ဗ်ားမို႔လို႔  က်ဳပ္ကို အဲ့ဒီလို ထင္ရက္တယ္
ေဒၚျဖဴျဖဴ. ..ခင္ဗ်ား အျမင္မွာ က်ဳပ္က
လိင္စိတ္ ျပင္းထန္ေနတဲ့သူ ထင္ေနတာလား..??
ခင္ဗ်ားကို xိုးဖို႔အတြက္ပဲ က်ဳပ္ ေခါင္းထဲမွာ
ရိွေနတယ္ ထင္ေနတာလား....??
ဟာဗ်ာ.. ခင္ဗ်ား..!!!  "

" ဒုန္း... ဒုန္း.. .!! "

အနားက သစ္ပင္ကို ေျခေထာက္နဲ႔ကန္၊
လက္သီး နဲ႔ အဆက္မျပတ္ထိုးလိုက္၍
ျဖဴျဖဴ ကိုယ္ေလး တုန္သြားရသည္။

" ဒုန္း... ဒုန္း...!!  "

သူ႔ လက္ေတြက ခဏအတြင္း ​ေသြး​ေတြ စီးက်
လာ၍  ျဖဴျဖဴ ၾကည့္ၿပီး ေၾကာက္ေနမိသည္။
တားခ်င္ေပမဲ့လည္း ျဖဴျဖဴမွာ မတားရဲ။
ဘာလို႔ သူ႕က ကိုယ့္ကိုယ္ကို ဒုကၡ​ေရာက္
ေအာင္ လုပ္ေနရတာလဲ။

သူ႕ လက္ေတြလည္း ေပါက္ၿပဲၿပီး ေျခေထာက္
ေတြလည္း ရစရာမရိွ။

ေတာ္ပါေတာ့ ေခါင္ယံမိႈင္းရယ္ ျဖဴျဖဴ
ေၾကာက္လာၿပီ။ စိတ္ထဲသာ ထိုစကား
ေလးကို ျဖဴျဖဴ ေအာ္ေျပာေနခဲ့သည္။
မ်က္လံုးေတြကေတာ့ သူ ထိုးတာကို
ၾကည့္ၿပီး မိွတ္တုတ္တုတ္ေလး ျဖစ္ေနၿပီေလ။

ခပ္လွမ္းလွမ္းကေန ဒီကို ေလွ်ာက္လာေသာ
မာသာ နဲ႔ ေထြးေထြးကို ေတြ႕လိုက္ရတဲ့
အခ်ိန္မွာေတာ့ ျဖဴျဖဴ စိတ္ေတြ စိုးထိတ္
သြားရသည္။ သူ အခုလို ထိုးေနတာကို
မာသာတို႔ ျမင္သြားလို႔ မရ။

" ငါ...ငါ  ေတာင္းပန္ပါတယ္ ေခါင္ယံမိႈင္း
ရပ္လိုက္ပါေတာ့ ဟိုမွာ မာသာတို႔
လာေနၿပီ...ရပ္လိုက္ပါေတာ့ ငါ
ေတာင္းပန္ပါတယ္ "

ေခါင္...ေက်ာျပင္ကို အသာေလးထိရင္း
ေဒၚျဖဴျဖဴ က တားလိုက္ေတာ့ သူ
ပို၍  ထပ္ထိုးေနလိုက္သည္။

သူ႕ကို စိတ္ပူၿပီး လာတားတာ မဟုတ္ဘဲ
မာသာႀကီးတို႔ ေတြ ့သြားမွာ စိုးလို႔တဲ့။
အေတာ္ တရားဖို႔ ေကာင္းတဲ့ မိန္းမ။
သူ႕ကသာ အစစအရာရာ စိတ္ပူေပးေနတာ
ေဒၚျဖဴျဖဴ ကေတာ့ သူ႕ အတြက္ တစ္စက္မွ
စိတ္ပူ ေပးျခင္းမရိွ။ ဒါ့အျပင္ သူ႕ကို
အိပ္ခ်င္တဲ့ ေကာင္လို႔ကပါ ထင္ေနေသးသည္။

" ေတာ္ပါေတာ့ ေခါင္ယံမိႈင္း..!!
ငါ ေတာင္းပန္ပါတယ္.. မာသာတို႔
လာေနၿပီ မင္း ရပ္လိုက္ပါေတာ့ "

သူ႕ အက်ၤ ီစကို ျဖဴျဖဴ အတင္းဆြဲလႈပ္ရင္း
ေတာင္းပန္ေနမိသည္။ ဒါေပမဲ့ သူ႕က
အခုထိ မရပ္ေတာ့ သူ ရပ္ေအာင္
ျဖဴျဖဴ တစ္ခုခု လုပ္ရမည္။

" မင္း အိပ္ဖို႔အတြက္ ငါ မင္းကို
လက္ထပ္ေပးမယ္​ေလ ေခါင္ယံမိႈင္း...
ဒါဆို မင္း ေက်နပ္တယ္မလား
ေက်နပ္ရင္ ေတာ္လိုက္ပါေတာ့...!!  "

ခ်ဳိလည္း မခ်ဳိသာသလို ၾကမ္းလည္း
မၾကမ္းတမ္း။ ထိုစကားလည္း
ေျပာၿပီးေရာ သူ႕က ျဖဴျဖဴ ကို
ၾကည့္လာခဲ့သည္။  ျဖဴျဖဴ လိုခ်င္တာ
ဒါပဲ သူ ရပ္လိုက္ဖို႔။

" ေတာက္စ္..!!!  ေဒၚျဖဴျဖဴ
ခင္ဗ်ားက က်ဳပ္ကို လိင္စိတ္ ျပင္းထန္
ေနတဲ့သူလို႔ ထင္ေနတာပဲ... ေကာင္းၿပီေလ
ခင္ဗ်ားက အဲ့ဒီလို ထင္ေနမွေတာ့
က်ဳပ္က ခင္ဗ်ား ဆႏၵကို ျဖည့္ဆည္း
ေပးရမွာေပါ့.... မနက္ျဖန္ က်ဳပ္နဲ႔
အိပ္ဖို႔အတြက္ ခင္ဗ်ား အသင့္ျပင္ထားပါ "

လူ႕ကို မာထန္စြာ တစ္ခ်က္ၾကည့္ရင္း
သူ႕က ထြက္သြားခဲ့သည္။  သူလည္း
ထြက္သြားေရာ မာသာနဲ႔ ေထြးေထြးတို႔က
ေရာက္လာၾကသည္။

"  ျဖဴေလး ... သားေခါင္ယံ
က ျပန္သြားၿပီလား... ?? "

" ဟုတ္ မာသာ "

"  ျဖဴျဖဴ သရက္ပင္ေပၚက ေသြးေတြက
အမ်ားႀကီးပဲ ဘယ္သူ႕ေသြးေတြလဲ...??   "

" ဟုတ္ပါရဲ႕ ေထြးေထြး အမ်ားႀကီးပဲ...
ျဖဴေလး သိလား အဲ့ဒါ ဘယ္သူ႕ ေသြး
ေတြလဲ ဆုိတာ ... တိရစာၦန္ေသြးေတြေတာ့
မျဖစ္ႏိုင္ဘူး "

မ်က္လုံးေကာင္းတဲ့ ေထြးေထြး က အရင္ျမင္
သြားၿပီး အခု မာသာကပါ ျဖဴျဖဴ ကို
ေမးလာခဲ့သည္။  အဲ့ဒါက ဘယ္သူ႕
ေသြးေတြဆိုတာ ျဖဴျဖဴ ဘာျပန္ေျဖရမွန္း မသိပါ။

"  ဟို... ဟို... အဲ့ဒါကေလ ေခါင္ယံမိႈင္း
သရက္ကိုင္းနဲ႔ ရွၿပီး ေသြးေတြ အဲ့ေပၚ
သုတ္ပစ္သြားတာ မာသာနဲ႔ ​ေထြး​ေထြး... "

" ေဆးထည့္ေပးရမွာေလ  ျဖဴေလး...
ျဖဴေလး က ေဆးထည့္မေပးဘူးလား သူ႔ကို..  "

" ဟုတ္တယ္ ေဆးထည့္မေပးဘူးလား
ျဖဴျဖဴ ...??  "

မာသာနဲ႔ ေထြးေထြး က ေဆးထည့္ေပးဖို႔ကို
ဆိုလာေတာ့ ျဖဴျဖဴ လည္ပင္းကို ကုတ္
လိုက္ရင္း.....

" ဟို​ေလ  ျဖဴျဖဴက
ေဆးထည့္ေပးဖို႔ ဆိုပါတယ္
သူ႕က ေဆးမထည့္ေတာ့ဘူး...
အေရးႀကီးလို႔ ဆိုၿပီး ခ်က္ခ်င္း  ျပန္သြားတာ
မာသာ နဲ႔ ေထြးေထြးရဲ႕  "

" ဪ.. "

ထိုအခါက်မွ ဪတစ္ခြန္းေျပာၿပီး မာသာနဲ႔
ေထြးေထြး က သက္ျပင္းခ်သြားခဲ့သည္။

ျဖဴျဖဴ မွာ အဲ့ဒီေတာ့မွ အသက္ကို ဝဝ႐ႉခြင့္ရသည္။
မဟုတ္ရင္ မာသာ နဲ႔ ေထြးေထြး တို႔ ေမး
ေနတာနဲ႔ ျဖဴျဖဴမွာ အသက္ကို
ေကာင္းေကာင္း ႐ႉခြင့္မရ။

***********************

" နင့္ေၾကာင့္မလား လြန္ႀကိဳးျဖဴျဖဴ ...??
ေခါင္ယံ ငါ့ကို ေစ့စပ္တာ ဖ်က္သိမ္း
ပစ္တာက.....ေျပာစမ္းပါအံုး
နင္ ဘာေတြနဲ႔ သူ႕ကို ျဖား​ေယာင္းထားတာလဲ "

အတန္းထဲ လူစံုေနခ်ိန္  ရန္ေတြ႕လာေသာ
ခ်စ္သည္းမာန္ စကားေတြက ျဖဴျဖဴကို
တစ္ျခားလူေတြအား တစ္မ်ဳိးထင္သြားေစသည္။

" ခ်စ္သည္း ရာ ေမးစရာေတာင္ မလိုဘူး
သူ လွပတဲ့ မ်က္ႏွာေလးကို သံုးၿပီး
ျဖား​ေယာင္းမွာေပါ့ "

" နင္ ေျပာတာ မွားေနတယ္ သရဖီ..
ဒီေကာင္မ က ငါ့ ေခါင္ယံ ကို သူ႕
တစ္ကိုယ္လံုး ခြၽတ္ျပၿပီးၿပီေနမွာ "

" ဟားဟား... ဟုတ္ေလာက္မွာ
ခ်စ္သည္း.. .နင္ ေျပာတာ မွန္တယ္ "

ျဖဴျဖဴ ကို သရဖီဆိုေသာ ခ်စ္​သည္​းမာန္​
သူငယ္​ခ်င္​း နဲ႔ ခ်စ္သည္းမာန္ က အပုပ္ခ်
ေနခဲ့သည္။

အတန္းထဲက လူေတြကလည္း ျဖဴျဖဴ ကို
ရြံရွာသလို ၾကည့္ေနၾကသည္။

ထက္ထက္ကလည္း ဒီေန႔က်မွ ေက်ာင္းမလာ။

ျဖဴျဖဴလည္​း  ဘာတစ္ခြန္းမွ ျပန္မေျပာမိပါ။

" နင့္က အေနတာလား လြန္ႀကိဳးျဖဴျဖဴ...
ဒါမွမဟုတ္ ငါ ေျပာတာကို ျပန္မေျပာတာက
နင့္ကိုယ္နင္ သူေတာ္ေကာင္း
ေယာင္​​ေဆာင္ေနတာလား "

" အရွက္မရိွဘူးပဲ နင့္က.. ..ေတာ္ပါေပတယ္
ငါ့ ေခါင္ယံ ငါ့ကို ေစ့စပ္တာ ဖ်က္သိမ္းပစ္ေအာင္
လုပ္ႏိုင္တာ ...ဒါနဲ႔ နင့္က ငါ ေခါင္ယံတင္
မဟုတ္ဘူး.. ..ေခါင္ယံ သူငယ္ခ်င္း ျခားနား
ကိုပါ အလြတ္မေပးတာပဲ  "

" ဒီမွာၾကည့္လိုက္ အကုန္လံုး. ..!!
လြန္ႀကိဳးျဖဴျဖဴ ဆိုတဲ့ ဒီမိန္းမက
က်မ ေခါင္ယံ တင္မကဘူး
ေခါင္ယံ သူငယ္ခ်င္း ျခားနား ကိုပါ
သိမ္းသြင္းေနခဲ့တာ.... "

မေန႔က ျခားနား ကို ျဖဴျဖဴ မ်က္ရည္သုတ္
​ေ​ပးတုန္းက ပံုေတြ ခ်စ္သည္းမာန္ က
ဘယ္လိုရတာလဲမသိ။ အခု အဲ့ဒါကို
တျခားလူေတြပါ ေထာင္ျပရင္း ဓာတ္ပံုေတြ
အကုန္လံုးကို ႀကဲပစ္လိုက္သည္။

" ဟယ္ ဟုတ္ပါ့ လြန္ႀကိဳးျဖဴျဖဴ က
ျခားနား နဲ႔ အၾကည့္ေတြစိုက္ေနတာ
နမ္းေတာ့မတတ္ဘဲ.... "

" မထင္ရဘူးေနာ္ ပံုစံၾကည့္ေတာ့ ႐ိုးမလိုနဲ႔
တကယ့္ကို အႀကံႀကီးတဲ့ မိန္းမပဲ "

" ဟုတ္ပါ့ ႐ုပ္ကေလးက လွသေလာက္
စိတ္ဓာတ္ အေတာ္ေအာက္တန္းက်တဲ့
မိန္းမပဲ  "

" စိတ္ပ်က္စရာႀကီး ဒီလိုမိန္းမေတြက
ဒီ ေက်ာင္းလာမတက္ရဘူး...xာတန္း
သြားရမွာ....အေတာ္ ႐ႉပ္ခ်င္တဲ့ မိန္းမ
႐ုပ္ကေလးနဲ႔မွ မလိုက္ "

ၾကမ္းျပင္ေပၚ က်ေနေသာ ဓာတ္ပံုေတြကို
ေကာက္ၾကည့္ကာ တစ္ေယာက္ တစ္ေပါက္နဲ႔
ေက်ာင္းသူေတြက  ျဖဴျဖဴ ကို ေျပာေနၾကသည္။
ေတာ္ပါေပတယ္ ခ်စ္သည္းမာန္ လုပ္ရပ္က..။

ေက်ာင္းသားေတြရဲ႕ မ်က္လုံးေတြထဲမွာလည္း
ျဖဴျဖဴ ကို အထင္ ေသးျခင္းက အျပည့္။

ဒါေပမဲ့ ျဖဴျဖဴ စိတ္ကို အတတ္ႏိုင္ဆံုး
ၿငိမ္ေအာင္ထိန္းၿပီး သူတို႔ ေျပာေနတာေတြကို
ဒီတိုင္းပဲ ၾကည့္ေနလိုက္သည္။ ရန္လည္း
မျဖစ္ခ်င္ပါ။ ရန္ျဖစ္တာက မေကာင္းတဲ့
လုပ္ရပ္။ ဒါ့အျပင္ ျဖဴျဖဴ scholarship
ဆုလည္း ျပဳတ္သြားႏိုင္သည္။

" ရြံစရာ ေကာင္းတဲ့ မိန္းမ... ငါတို႔ ကင္းကို
လု႐ံုတင္ အားမရဘူး ကင္း သူငယ္ခ်င္းကိုပါ
အလြတ္မေပးဘူး... အဲ့ဒီေလာက္ထိ
ႏွာေၾကာထတဲ့ မိန္းမ... စည္းမရိွတဲ့
ေကာင္မ... ႐ုပ္လွလည္း ရြံစရာပဲ "

" ေခြးေတာင္ သူ႕ ေလာက္ ရြံစရာ မေကာင္း
ဘူး.... ဒီဟာမက.... "

" အဲ့တာ ဘာျဖစ္ေနၾကတာလဲ......??  "

အသံနဲ႔အတူ အတန္းထဲ ဝင္လာေသာ
ေခါင္ယံမိႈင္း တို႔ အဖြဲ႕။  ထိုအခါ အကုန္လံုးမွာ
ေခါင္ယံမိႈင္း ကို ျမင္တာနဲ႔ ရပ္သြားၾကသည္။

သို႔ေသာ္ မရပ္ႏိုင္သူကေတာ့ ခ်စ္သည္းမာန္ နဲ႔
သူမ သူငယ္ခ်င္း သရဖီ ေပ။

" ေခါင္ယံ နင္ ငါ့ကို ထားသြားတာက
ဒီမိန္းမ ေၾကာင့္မလား...?? 
အခု ၾကည့္လိုက္စမ္း ဒီပံုေတြကို...
သူ ့က နင့္ကိုတင္ ငါ့ဆီက လု႐ံုတင္
အားမရဘူး နင့္ သူငယ္ခ်င္း ျခားနား နဲ႔ပါ
ျဖစ္ခ်င္​တိုင္​း ျဖစ္​​ေနတာ  "

" ဟုတ္ပါ့ ေခါင္... ရွင့္ သူငယ္ခ်င္း နဲ႔ပါ
ဒီဟာမက ျဖစ္ခ်င္တိုင္း ျဖစ္ေနတာ "

ခ်စ္သည္းမာန္ စကားကို သရဖီက
ေထာက္ခံေနေပမဲ့ ေခါင္ယံမိႈင္း ဘာတစ္ခ်က္မွ
ဝင္မေျပာ။ သူ႕ မ်က္လုံးေတြက ဓာတ္ပံုကို ၾကည့္ၿပီး
နီျမန္းသြားကာ ျခားနား ကို ၾကည့္လာခဲ့သည္။

" မဟုတ္ဘူး ေခါင္... ငါနဲ႔ မျဖဴ နဲ႔ ဘာမွ
မပတ္သက္ဘူး... ဘာမွ မပတ္သက္ဘူး
ေခါင္ "

ေခါင္ယံမိႈင္း အေၾကာင္း သိသူပီပီ ျခားနား မွာ
တန္းၿပီး ရွင္းလာခဲ့သည္။  ေသြးသစ္ၿဖိဳး
ကလည္း ဓာတ္ပံုေတြကို ၾကည့္ၿပီး
ျခားနား ကို စိတ္ပ်က္တဲ့ အၾကည့္နဲ႔။

ဘာလို႔ဆို ပံုေတြက နမ္းမလိုကို အနည္းငယ္ပဲ
လိုေတာ့တာေလ။

" ငါ ထင္မထားဘူး ျခားနား. ..
ကိုယ့္ သူငယ္ခ်င္း ေကာင္မေလးေတာင္
မင္​းက မေရွာင္ဘူး  အ​ေတာ္​ လုပ္ရက္တာပဲ...
မင္း ထားခ်င္ရင္ တျခား ေကာင္မေလး
ထားေလ...ငါ့က်ေတာ့ မျဖဴျဖဴ ကို
ဘာစိတ္မွ မထားနဲ႔ ေျပာၿပီး တကယ္တမ္း
က်​ေတာ့ မင္းက ပစ္မွားေနတာပဲ... ဒါေၾကာင့္
မျဖဴျဖဴ ကို အခ်ိန္တိုင္း မင္းက စိတ္ပူေပးေန
ခဲ့တာကိုး "

ျခားနား ျငင္းတာပင္ အပိုျဖစ္သြားတယ္။
ေသြးသစ္ ကပါ သူ႕ကို စြပ္စြဲေနတယ္ေလ။
ေခါင္ ကလည္း သူ႕ကို သတ္ေတာ့မယ့္
အၾကည့္နဲ႔။ 

​နီျမန္​း​ေနတဲ့ ​ေခါင္​ယံမိူွင္​း မ်က္​လုံး​ေတြ​ေၾကာင္​့
ျဖဴျဖဴ ဝင္​ပါမွ ျဖစ္​​ေတာ့မည္​။ ​ေတာ္​ၾကာ
ျခားနား ကို ထိုးမွ ဒုကၡ။

" ​ ငါနဲ႔ ျခားနားနဲ႔က ဘာမွ မပတ္သက္ဘူး ....
ငါတို႕ ႏွစ္ေယာက္က ႐ိုး႐ိုးသားသားပဲ "

" ခင္ဗ်ား ႐ိုးသားတယ္ဆိုရင္ ဒီပံုထဲမွာ
ဘာလို့ နမ္းေတာ့မတတ္ ျဖစ္ေနရတာလဲ
ေဒၚျဖဴျဖဴ .. ?? က်ဳပ္ကို ေျပာစမ္း..!!
ေျဖေလ.. .ခင္ဗ်ား ေျဖ "

" ဘုန္း..!!  "

စာေရးစားပြဲခံုကို ပုတ္ၿပီး စိတ္တိုေနတဲ့
ေခါင္ယံမိႈင္း ပံုစံက လူသတ္ေတာ့မယ့္အလား။
လက္မွာလည္း ပတ္တီးစီးထားတာေတာင္
ထပ္႐ိုက္ေတာ့ ေသြးပင္ ပတ္တီး ကို
စိုသြားခဲ့သည္။

လက္က အနာ အတြက္ ခ်စ္သည္းမာန္ စိုးရိမ္
တာက တစ္ဝက္၊  ေခါင္ယံမိႈင္း ေဒါသထြက္
ေနတာကို ေက်နပ္တာ တစ္ဝက္နဲ႔
ခ်စ္သည္းမာန္ မ်က္ႏွာက မူမမွန္ေပ။
ေဘးက သူမ သူငယ္ခ်င္း သရဖီ ကလည္း
သူမ နည္းတူ အလားတူ ေက်နပ္ေနေလ၏ ။

" မင္း ထင္ခ်င္သလိုထင္ ေခါင္ယံမိႈင္း...
ငါတို႔ ႐ိုးသားတာ ငါတို႔ပဲ သိတယ္ "

" ဪ က်ဳပ္ကပဲ အဆံုးေတာ့
မေကာင္းဘူး ျဖစ္သြားတာေပါ့..
ခင္ဗ်ားတို႔သာ ႐ိုးသားတယ္ဆိုရင္
ဒီပံုထဲမွာ အဲ့ဒီေလာက္ထိ နီးကပ္​ေနစရာမလိုဘူး
ေဒၚျဖဴျဖဴ...!! အခုခ်က္ခ်င္း ေျဖစမ္း...
ခင္ဗ်ား နဲ႔ ျခားနား က ဘာေတြလဲ
က်ဳပ္ ေမးေနတာၾကားလား ေဒၚျဖဴျဖဴ...!!
ေျဖစမ္းလို႔...!!  "

" ဘုန္း. ..ဘုန္း...!!  "

" ခလြမ္း...!!!  "

ခံုကို ပုတ္႐ုံတင္အားမရ၊  အနားက
ပန္းအိုးကိုပါ ခြဲပစ္လိုက္သည္။ ေဒါသထြက္ရင္
ပစၥည္းေတြ ခြဲတတ္တာ သူ႕ အက်င့္ တစ္ခုလိုေပ။
ဒါ့ကို ျဖဴျဖဴ မုန္းသည္။ စကားေတြနဲ႔
လူ႕ကို ေစာ္ကားေနတာကိုလည္း ျဖဴျဖဴ မုန္းသည္။

" မင္း လြန္မလာနဲ႔ ေခါင္ယံမိႈင္း..  .
ငါနဲ႔ ျခားနားက ေမာင္ႏွမေတြလိုပဲ "

" ဟုတ္တယ္ ေခါင္... မျဖဴနဲ႔ ငါနဲ႔က
ေမာင္ႏွမေတြလိုပဲ "

" မင္း ေစာက္ပါးစပ္ ပိတ္ထား ျခားနား...! !
မင္းကို ငါ ေမးေနတာ မဟုတ္ဘူး
သူ႕ကို ေမးေနတာ... ဝင္ၿပီး မေျဖနဲ႔
မဟုတ္ရင္ ငါ့ လက္သီး မင္းေပၚ
က်လာမယ္ "

" မင္း ႐ိုင္းလွခ်ည္လား ေခါင္ယံမိႈင္း...
ျခားနား က မင္း သူငယ္ခ်င္း ေနာ္ "

" တျခားနားတည္း ျခားနား ေနရေအာင္
သူ႕က ခင္ဗ်ား လင္မို႔လို႔လား ေဒၚျဖဴျဖဴ..."

အျမင္မေတာ္လို႔ ျဖဴျဖဴ ဝင္ေျပာလိုက္တာက
လူ႕ကို ပိုၿပီး အရွက္ကြဲေစသည္။
ၾကည့္ေနၾကတဲ့ လူေတြ နဲ႔ ခ်စ္သည္းမာန္ တို႔
ေၾကာင့္ ျဖဴျဖဴ မွာ အရွက္ပင္ မရိွေတာ့ပါ။

" မင္းက အရမ္း႐ိုင္းတာပဲ ေခါင္ယံမိႈင္း. ..
မင္း ထင္ခ်င္သလိုသာ ထင္လိုက္ေတာ့
ငါ မင္​းကို ထပ္ရွင္းမျပနိုင္​​ေတာ့ဘူး "

"  ဘာ...!!  ခင္ဗ်ားက က်ဳပ္ ေဒါသကို
လာဆြေနတာပဲ "

" မဟုတ္ဘူး ေခါင္... ငါနဲ႔ မျဖဴက
ေမာင္ႏွမေတြလိုပါ... မျဖဴကို ငါ့ အစ္မ
တစ္ေယာက္လို ငါ့က သေဘာထားတာ "

" xီးလို ေမာင္ႏွမ....မင္း အေၾကာင္း
ငါ မသိဘူးမ်ားမွန္း ထင္ေနတာလား ျခားနား...!!
ေဒၚျဖဴျဖဴ ကို ငါ ၾကမ္းတိုင္း မင္းက
စိတ္ပူေပးေနခဲ့တာ...တကယ္ေတာ့
အဲ့ဒီကတည္းက မင္းက ဇာတ္လမ္းစေနခဲ့တာပဲ "

" မဟုတ္ဘူး ေခါင္... ငါ မျဖဴ ကို
မႀကိဳက္ဘူး... ငါ့မွာ ႀကိဳက္တဲ့သူ
ရိွတယ္ ...ငါ မျဖဴကို လံုးဝ မႀကိဳက္ဘူး "

" ဘယ္သူလဲ ျခားနား  မင္း ႀကိဳက္တဲ့သူက...
....မေျဖလို႔ကေတာ့ မျဖဴျဖဴ ကို
မင္း ႀကိဳက္ေနတာပဲ "

ဝင္ေမးလာသူ ေသြးသစ္ၿဖိဳး ေၾကာင့္
ျခားနား ဘာေျဖရမွန္း မသိေတာ့ပါ။

သူ ႀကိဳက္ေနတာက ေသြးသစ္ ကိုေလ။
အဲ့ဒါကို သူ႕က ေသြးသစ္ကို ႀကိဳက္ေနတာ
ဆိုၿပီး ေျပာလိုက္ရင္ သူ႕ကို လူေတြက
ဘယ္လို ထင္သြားမလဲ။  ဒါ့အျပင္ အခု
အခု လူေတြ အကုန္လံုးကလည္း သူ
ေျဖမွာကို အရမ္းစိတ္ဝင္စားေနၾကသည္။

ဟင့္အင္း သူ မေျဖႏိုင္ပါ။  ေသြးသစ္ ကို
ႀကိဳက္ေနတယ္လို႔သာ  သူ ေျဖလိုက္ရင္
မျဖဴ အတန္းထဲက လူေတြ သူ႕ကို
ေလွာင္ၾကလိမ့္မည္။  ဒါ့အျပင္ ေသြးသစ္
ကေရာ သူ ခ်စ္တယ္လို႔ ေျပာရင္ သူ႕ကို
​ေဂးဆိုၿပီး မုန္းသြားမလား မသိ။  ဟင့္အင္း
အေတြးနဲ႔တင္ ေသြးသစ္ သူ႕ကို မုန္းသြားမွာ
အရမ္းေၾကာက္သည္။

" ေျဖေလ ျခားနား...!! မင္း ခ်စ္ေနတဲ့သူက
ဘယ္သူလဲ...??  "

ေသြးသစ္ၿဖိဳး ေမးတာကို ျခားနား က ေခြၽးေဇာ
ေတြ ျပန္ေနခဲ့သည္။  ဒါ့ကို ျဖဴျဖဴ ၾကည့္ၿပီး
သေဘာေပါက္သည္။  ျခားနား က
ေဂးလို႔ ဝန္ခံရမွာ ေၾကာက္တာေရာ၊ 
ေသြးသစ္ၿဖိဳး သူ႕ကို မုန္းသြားမွာ စိုးတဲ့
အတြက္ေၾကာင့္ေရာ အခုလို ျဖစ္ေနတာေပ။

ဒီေတာ့ ျဖဴျဖဴ ဘာဆက္လုပ္ရမလဲ။  ျခားနား
ကို ကယ္ေပးရမလား။  ျခားနား သာ
အမွန္အတိုင္း ဝန္ခံလိုက္ရင္ ျခားနား အတြက္
နစ္နာစရာေတြက အမ်ားႀကီးပါ။

ဒီလိုေတာ့ အျဖစ္မခံႏိုင္ပါ။  ျခားနား က ျဖဴျဖဴ
ေမာင္ေလး တစ္ေယာက္လိုေပ။

" ေျဖေလ ျခားနား မင္းက မျဖဴျဖဴ ကို
မႀကိဳက္ရင္ ဘယ္သူ႕ကို ႀကိဳက္ေနတာလဲ...??  "

"  သူ႕က အစ္မကို မႀကိဳက္ဘူး.... အစ္မကသာ
သူ႕ ကို ႀကိဳက္ေနတာ "

" ဘာ...!!  ခင္ဗ်ား  ဘာေျပာလိုက္တယ္
ေဒၚျဖဴျဖဴ...!!!  "

ျဖဴျဖဴ ရဲေဆးတင္ၿပီး ေျဖလိုက္ရာ စိတ္တိုသြားေသာ
ေခါင္ယံမိႈင္း ပံုစံက ေၾကာက္စရာႀကီး။
အခုလည္း ျဖဴျဖဴ ကို မ်က္လုံးရဲႀကီးနဲ႔
စိုက္ၾကည့္ၿပီး ထပ္ေမးေနသည္။  ဒီေတာ့
ျဖဴျဖဴ မွာ ေၾကာက္ေပမဲ့ အသက္ကို မနည္း
႐ႉေနရသည္။

" ဟုတ္တယ္ ေခါင္ယံမိႈင္း... ျခားနား က
ငါ့ကုိ မႀကိဳက္ဘူး... ငါ့က သူ႕ကို ႀကိဳက္ေနတာ "

" ေတာက္စ္... ခင္ဗ်ားက ဗေလာင္းဗလဲပဲ
ေဒၚျဖဴျဖဴ...!!  "

" ဟုတ္တယ္ ငါ့က ဗေလာင္းဗလဲပဲ....
ဒါေၾကာင့္ မင္း ငါနဲ႔ မပတ္သက္နဲ႔
ငါ ခ်စ္ေနတာက မင္း သူငယ္ခ်င္းပဲ "

" ဝုန္း...!! !"

လြန္ႀကိဳးျဖဴျဖဴ ရဲ႕ ခ်စ္တယ္စကားၾကားရေလ
ေခါင္ယံမိႈင္း မွာ ပို၍ စိတ္တိုကာ
အနားက စားပြဲ ကို အားကုန္ ကန္ပစ္လိုက္သည္။

" ဒီေန႔က စၿပီး က်ဳပ္ ေရွ႕မလာမိေစနဲ႔
ခင္ဗ်ားတို႔ ႏွစ္ေယာက္စလံုး...!!
ျမင္တာနဲ႔ က်ဳပ္ အေသသတ္မိရင္ ခံလိုက္ၾက...
စာခ်ဳပ္ ကိစၥလည္း ခင္ဗ်ား နဲ႔ က်ဳပ္
ျပတ္ၿပီ ေဒၚျဖဴျဖဴ ... ဘာအကန္႔မွ မရိွေတာ့ဘူး
ထူးျခားနား မင္းလည္း ဒီေန႔ကစၿပီး
ငါ့ သူငယ္ခ်င္း မဟုတ္ေတာ့ဘူး
ငါ့မွာ မင္းလို ေစာက္က်င့္ယုတ္တဲ့ သူငယ္ခ်င္း
မရိွဘူး.. .."

ေျပာရင္း ေခါင္ သူ႕ အၾကည့္ေတြကို ေသြးသစ္
ဆီ ပို႔လိုက္သည္။

" ေသြးသစ္ မင္းေရာ ဒီမေအxိုးကို
ဆက္ေပါင္းမွာလား...?? သူ႕ကို
ဆက္ေပါင္းမယ္ဆိုရင္ မင္း ငါနဲ႔ သူငယ္ခ်င္း
လုပ္စရာမလိုဘူး "

" ငါ့က မင္းဘက္က ေခါင္ႀကီး...
ဒီေကာင္လို ေနာက္ေက်ာကို ဓားနဲ႔
မထိုးတတ္ဘူး.. .ဘယ့္ႏွယ္ ကိုယ့္
သူငယ္ခ်င္း ေကာင္မေလးကိုေတာင္
မေရွာင္ "

" ထားလိုက္ေတာ့ ေသြးသစ္ ထပ္ေျပာမေနနဲ႔..!!
ဆက္ေျပာေနရင္ ငါတို႔ပဲ သိကၡာက်တယ္..
သြားၾကစို႔... "

" ေနအံုး ေခါင္ယံ... ငါနဲ႔ ေစ့စပ္တာ
ဖ်က္သိမ္းတာကိုေရာ ျပန္ျပင္အံုးမလား...? "

မ်က္ႏွာငယ္ေလးနဲ႔ ေမးလာတဲ့ ခ်စ္သည္းမာန္ ကို
ေခါင္ယံမိႈင္း တစ္ခ်က္သာ ၾကည့္ၿပီး
လြန္ႀကိဳးျဖဴျဖဴ ကို စိတ္နာစိတ္နဲ႔...

" မဖ်က္ေတာ့ဘူး နင္နဲ႔ ငါ ေစ့စပ္တာ
အတည္ ျဖစ္သြားၿပီ... ငါ ဒုတိယႏွစ္ၿပီးရင္
ငါတို႔ လက္ထပ္ၾကမယ္  ခ်စ္သည္း "

" ဝိုး... ခ်စ္ဖို့ ေကာင္းလိုက္တာ ငါ့
ေခါင္ယံေလးက "

" ရႊတ္ "

ေျပာကာဆိုကာ ေခါင္ယံမိႈင္း ပါးကို လွမ္းနမ္းလိုက္
ေသာ ခ်စ္သည္းမာန္ ပါ။  ဒါ့ကို လြန္ႀကိဳးျဖဴျဖဴ
ၾကည့္ၿပီး ဝမ္းနည္း မသြား။  ပံုမွန္ အတိုင္း
ေအးတိေအးစက္ေပ။

ဒီလိုနဲ႔ ျခားနား ကို  တိုက္ပစ္​ကာ ေခါင္ယံမိႈင္းတို႔
ထြက္သြားၾကသည္။  ခ်စ္သည္းမာန္ ကလည္း
ေခါင္ယံမိႈင္း လက္ေလးကို ကိုင္ကာ
အရွက္မရိွစြာ လိုက္ပါသြားခဲ့သည္။

" ဒီလို မိန္းမနဲ႔ ငါ စာမသင္ႏိုင္ဘူး
ပါခ်ဳပ္ႀကီးကို အတန္းေျပာင္းေပးဖို႔
ေတာင္းဆိုရမယ္ "

" ငါေရာ အတူတူပဲ... ျခားနား ကလည္း
ကိုယ္​့ သူငယ္ခ်င္း ထက္ ဒီေကာင္မကို ဘာေတြ
မက္ေနတာလဲ မသိဘူး "

" သနားပါတယ္ ငါတို႔ ျခားနား ေလး..
အခု ဒီမိန္းမယုတ္မေၾကာင့္ အဖြဲ႕ကြဲ
သြားၿပီ "

" ငါလည္​း ေအာက္တန္းစားမနဲ႔ စာဆက္မသင္ႏိုင္ဘူး "

တစ္ေယာက္ တစ္ေပါက္နဲ႔ ေျပာကာ တစ္တန္းလံုး
နီးပါး ထြက္သြားၾကသည္။  အတန္းထဲမွာ
တစ္​​ေယာက္ ႏွစ္ေယာက္သာ က်န္ေတာ့သည္။

ျခားနား ကလည္း ျဖဴျဖဴ ကို ၾကည့္ၿပီး
ေတာင္းပန္တဲ့ မ်က္ဝန္းေတြနဲ႔။ ၾကည့္ရတာ
ျဖဴျဖဴ ကူညီေပးလိုက္တာကို သူ႔က သိေနတာပဲ။

တစ္တန္းလံုး ဘယ္လိုထင္ထင္ ျဖဴျဖဴ ဂ႐ု
မစိုက္ဘူး။ ကိုယ့္ ေမာင္ေလးလို
သေဘာထားတဲ့ ျခားနား ကို ျဖဴျဖဴ
ကူညီေပးလိုက္ရလို႔ ေက်နပ္သည္။

ဒါ့အျပင္ အမ်ားအက်ဳိးေဆာင္ ၊ ကိုယ့္ အက်ဳိး
ေအာင္တယ္ဆိုတဲ့ စကားက သိပ္ကို မွန္သည္။

ျခားနားကို ကူညီေပးလိုက္တာနဲ႔ ေခါင္ယံမိႈင္း ကို
ျဖဴျဖဴ လက္ထပ္စရာမလိုေတာ့ပါ။

တကယ္တမ္း ျဖဴျဖဴ ကူညီေပးလိုက္လို႔
ဒီ ကိစၥမွာ အက်ဳိးအျမတ္က ျဖဴျဖဴ ပဲ ရသည္။
ျခားနား ကေတာ့ ျဖဴျဖဴ ေၾကာင့္ သူ႕
သူငယ္ခ်င္းေတြကို စြန္႔လႊတ္လိုက္ရၿပီ။
ေတြးမိၿပီး ျခားနား အတြက္ ျဖဴျဖဴ စိတ္မေကာင္း
ျဖစ္သြားရသည္။ တကယ္တမ္း သူ႕ကသာ
ေက်းဇူးတင္ေနတာ အမွန္တကယ္ေတာ့
ျဖဴျဖဴ ကသာ သူ႕ကို ေက်းဇူးတင္ရမွာေပ။ 
သူ႕ ေၾကာင့္သာ ေခါင္ယံမိႈင္း နဲ႔
ျဖဴျဖဴ လက္မထပ္ရေတာ့တာေပ။

Part  23 ေမွ်ာ္....................................
(  ျဖဴျဖဴ ရယ္ တအားသေဘာထား ျပည့္ဝ
တာပဲ 😔😔😔😔 ရွင္ေလးက
လူတိုင္း ကို တအားကူညီတတ္တာပါလား
ဒါေပမဲ့ မိဘရကံက်ေတာ့ ဆိုးတယ္ 😔😔😔
ေခါင္ေလး ကလည္း အခု ရွင့္ကို စိတ္နာသြားၿပီ 😔😔)

ခ်စ္​တယ္​​ေနာ္​ မင္​မင္​ရဲ႕ ဒါဒါ​ေလး​ေတြ.......😍😍😘😘
ဒီအပိုင္းေလးနဲ႔ ပတ္သက္ၿပီး ဒါဒါေလးေတြရဲ႕ မန္႔ကို
မင္မင္ေလယူရာယိမ္း ေစာင့္ေမွ်ာ္လ်က္.. ......😍😍😘😘

#​ေလယူရာယိမ္​း

☆☆☆☆♡⃛   အချစ်က သူစေစားရာ   ♡⃛ ☆☆☆☆
( Part - 22  )

" ခြောက်ရက်ပဲ လိုတော့တယ်နော် ဒေါ်ဖြူဖြူ
ခင်ဗျား  ကျုပ်နဲ့ လက်ထပ်ဖို့က "

တစ်ချိန်လုံး ဖြူဖြူ ကို စနောက်​နေပြီး အခုကျမှ
သူ့က စကားအကောင်း  ပြောလာခဲ့သည်။

" ငါ သိတယ် ခေါင်ယံမှိုင်း...
ဒါနဲ့ နေပါအုံး မင်းကို ငါ မေးရအုံးမယ်
မင်း ချစ်သည်းမာန် နဲ့ စေ့စပ်တာ
ဖျက်သိမ်းလိုက်ပြီ ဆိုတဲ့ ကိစ္စက ငါနဲ့
လက်ထပ်မှာမို့လို့ ဖျက်သိမ်းလိုက်တာလား...?? "

" ခင်ဗျား ဘယ်လိုထင်လဲ ဒေါ်ဖြူဖြူ...  "

ဖြူဖြူ မေးတာကို မဖြေဘဲ ဖြူဖြူ ကို ပြန်
မေးလာတော့ လူက ဘာပြောရမှာတုန်း...။
သူ ဖျက်တဲ့ အကြောင်း သူပဲ သိမှာလေ။

" ငါ မသိဘူး ခေါင်ယံမှိုင်း. ..တကယ်လို့
ငါ့ ကြောင့်ဆိုရင် မင်း ရပ်တန်းက
ရပ်လိုက်ပါ... .စေ့စပ်တာကို
မင်း ဖျက်သိမ်း​ပေးစရာမလိုဘူး
ငါ့က မင်းအလိုကျ မင်းနဲ့ အိပ်ပေးဖို့
လက်ထပ်ထားခြင်း ခံရတဲ့သူပဲ "

" ဘာ.. .!! ခင်ဗျားက အဲ့ဒီလို ထင်တယ်ပေါ့
ခင်ဗျား နဲ့ အိပ်ပေးဖို့ အတွက် ကျုပ်က
လက်ထပ်တာပေါ့...!!  သေလိုက်လေ
ဒေါ်ဖြူဖြူ ခင်ဗျား အဲ့ဒီမှာ လဲသေလိုက်....
တောက်စ်....!!!  "

အကြောတွေ ထောင်သွားတဲ့အထိ သူ့ မျက်နှာက
နီမြန်းသွားကာ လက်သီးကို တင်းတင်းဆုပ်ထား
ခဲ့သည်။

" ခင်ဗျားမို့လို့  ကျုပ်ကို အဲ့ဒီလို ထင်ရက်တယ်
ဒေါ်ဖြူဖြူ. ..ခင်ဗျား အမြင်မှာ ကျုပ်က
လိင်စိတ် ပြင်းထန်နေတဲ့သူ ထင်နေတာလား..??
ခင်ဗျားကို xိုးဖို့အတွက်ပဲ ကျုပ် ခေါင်းထဲမှာ
ရှိနေတယ် ထင်နေတာလား....??
ဟာဗျာ.. ခင်ဗျား..!!!  "

" ဒုန်း... ဒုန်း.. .!! "

အနားက သစ်ပင်ကို ခြေထောက်နဲ့ကန်၊
လက်သီး နဲ့ အဆက်မပြတ်ထိုးလိုက်၍
ဖြူဖြူ ကိုယ်လေး တုန်သွားရသည်။

" ဒုန်း... ဒုန်း...!!  "

သူ့ လက်တွေက ခဏအတွင်း​သွေး​တွေ စီးကျ
လာ၍  ဖြူဖြူ ကြည့်ပြီး ကြောက်နေမိသည်။
တားချင်ပေမဲ့လည်း ဖြူဖြူမှာ မတားရဲ။
ဘာလို့ သူ့က ကိုယ့်ကိုယ်ကို ဒုက္ခ​ရောက်
အောင် လုပ်နေရတာလဲ။

သူ့ လက်တွေလည်း ပေါက်ပြဲပြီး ခြေထောက်
တွေလည်း ရစရာမရှိ။

တော်ပါတော့ ခေါင်ယံမှိုင်းရယ် ဖြူဖြူ
ကြောက်လာပြီ။ စိတ်ထဲသာ ထိုစကား
လေးကို ဖြူဖြူ အော်ပြောနေခဲ့သည်။
မျက်လုံးတွေကတော့ သူ ထိုးတာကို
ကြည့်ပြီး မှိတ်တုတ်တုတ်လေး ဖြစ်နေပြီလေ။

ခပ်လှမ်းလှမ်းကနေ ဒီကို လျှောက်လာသော
မာသာ နဲ့ ထွေးထွေးကို တွေ့လိုက်ရတဲ့
အချိန်မှာတော့ ဖြူဖြူ စိတ်တွေ စိုးထိတ်
သွားရသည်။ သူ အခုလို ထိုးနေတာကို
မာသာတို့ မြင်သွားလို့ မရ။

" ငါ...ငါ  တောင်းပန်ပါတယ် ခေါင်ယံမှိုင်း
ရပ်လိုက်ပါတော့ ဟိုမှာ မာသာတို့
လာနေပြီ...ရပ်လိုက်ပါတော့ ငါ
တောင်းပန်ပါတယ် "

ခေါင်...ကျောပြင်ကို အသာလေးထိရင်း
ဒေါ်ဖြူဖြူ က တားလိုက်တော့ သူ
ပို၍  ထပ်ထိုးနေလိုက်သည်။

သူ့ကို စိတ်ပူပြီး လာတားတာ မဟုတ်ဘဲ
မာသာကြီးတို့ တွေ့ သွားမှာ စိုးလို့တဲ့။
အတော် တရားဖို့ ကောင်းတဲ့ မိန်းမ။
သူ့ကသာ အစစအရာရာ စိတ်ပူပေးနေတာ
ဒေါ်ဖြူဖြူ ကတော့ သူ့ အတွက် တစ်စက်မှ
စိတ်ပူ ပေးခြင်းမရှိ။ ဒါ့အပြင် သူ့ကို
အိပ်ချင်တဲ့ ကောင်လို့ကပါ ထင်နေသေးသည်။

" တော်ပါတော့ ခေါင်ယံမှိုင်း..!!
ငါ တောင်းပန်ပါတယ်.. မာသာတို့
လာနေပြီ မင်း ရပ်လိုက်ပါတော့ "

သူ့ အင်္ကျီစကို ဖြူဖြူ အတင်းဆွဲလှုပ်ရင်း
တောင်းပန်နေမိသည်။ ဒါပေမဲ့ သူ့က
အခုထိ မရပ်တော့ သူ ရပ်အောင်
ဖြူဖြူ တစ်ခုခု လုပ်ရမည်။

" မင်း အိပ်ဖို့အတွက် ငါ မင်းကို
လက်ထပ်ပေးမယ်​လေ ခေါင်ယံမှိုင်း...
ဒါဆို မင်း ကျေနပ်တယ်မလား
ကျေနပ်ရင် တော်လိုက်ပါတော့...!!  "

ချိုလည်း မချိုသာသလို ကြမ်းလည်း
မကြမ်းတမ်း။ ထိုစကားလည်း
ပြောပြီးရော သူ့က ဖြူဖြူ ကို
ကြည့်လာခဲ့သည်။  ဖြူဖြူ လိုချင်တာ
ဒါပဲ သူ ရပ်လိုက်ဖို့။

" တောက်စ်..!!!  ဒေါ်ဖြူဖြူ
ခင်ဗျားက ကျုပ်ကို လိင်စိတ် ပြင်းထန်
နေတဲ့သူလို့ ထင်နေတာပဲ... ကောင်းပြီလေ
ခင်ဗျားက အဲ့ဒီလို ထင်နေမှတော့
ကျုပ်က ခင်ဗျား ဆန္ဒကို ဖြည့်ဆည်း
ပေးရမှာပေါ့.... မနက်ဖြန် ကျုပ်နဲ့
အိပ်ဖို့အတွက် ခင်ဗျား အသင့်ပြင်ထားပါ "

လူ့ကို မာထန်စွာ တစ်ချက်ကြည့်ရင်း
သူ့က ထွက်သွားခဲ့သည်။  သူလည်း
ထွက်သွားရော မာသာနဲ့ ထွေးထွေးတို့က
ရောက်လာကြသည်။

"  ဖြူလေး ... သားခေါင်ယံ
က ပြန်သွားပြီလား... ?? "

" ဟုတ် မာသာ "

"  ဖြူဖြူ သရက်ပင်ပေါ်က သွေးတွေက
အများကြီးပဲ ဘယ်သူ့သွေးတွေလဲ...??   "

" ဟုတ်ပါရဲ့ ထွေးထွေး အများကြီးပဲ...
ဖြူလေး သိလား အဲ့ဒါ ဘယ်သူ့ သွေး
တွေလဲ ဆိုတာ ... တိရစ္ဆာန်သွေးတွေတော့
မဖြစ်နိုင်ဘူး "

မျက်လုံးကောင်းတဲ့ ထွေးထွေး က အရင်မြင်
သွားပြီး အခု မာသာကပါ ဖြူဖြူ ကို
မေးလာခဲ့သည်။  အဲ့ဒါက ဘယ်သူ့
သွေးတွေဆိုတာ ဖြူဖြူ ဘာပြန်ဖြေရမှန်း မသိပါ။

"  ဟို... ဟို... အဲ့ဒါကလေ ခေါင်ယံမှိုင်း
သရက်ကိုင်းနဲ့ ရှပြီး သွေးတွေ အဲ့ပေါ်
သုတ်ပစ်သွားတာ မာသာနဲ့​ထွေး​ထွေး... "

" ဆေးထည့်ပေးရမှာလေ  ဖြူလေး...
ဖြူလေး က ဆေးထည့်မပေးဘူးလား သူ့ကို..  "

" ဟုတ်တယ် ဆေးထည့်မပေးဘူးလား
ဖြူဖြူ ...??  "

မာသာနဲ့ ထွေးထွေး က ဆေးထည့်ပေးဖို့ကို
ဆိုလာတော့ ဖြူဖြူ လည်ပင်းကို ကုတ်
လိုက်ရင်း.....

" ဟို​လေ  ဖြူဖြူက
ဆေးထည့်ပေးဖို့ ဆိုပါတယ်
သူ့က ဆေးမထည့်တော့ဘူး...
အရေးကြီးလို့ ဆိုပြီး ချက်ချင်း  ပြန်သွားတာ
မာသာ နဲ့ ထွေးထွေးရဲ့  "

" ဪ.. "

ထိုအခါကျမှ ဪတစ်ခွန်းပြောပြီး မာသာနဲ့
ထွေးထွေး က သက်ပြင်းချသွားခဲ့သည်။

ဖြူဖြူ မှာ အဲ့ဒီတော့မှ အသက်ကို ဝဝရှူခွင့်ရသည်။
မဟုတ်ရင် မာသာ နဲ့ ထွေးထွေး တို့ မေး
နေတာနဲ့ ဖြူဖြူမှာ အသက်ကို
ကောင်းကောင်း ရှူခွင့်မရ။

***********************

" နင့်ကြောင့်မလား လွန်ကြိုးဖြူဖြူ ...??
ခေါင်ယံ ငါ့ကို စေ့စပ်တာ ဖျက်သိမ်း
ပစ်တာက.....ပြောစမ်းပါအုံး
နင် ဘာတွေနဲ့ သူ့ကို ဖြား​ယောင်းထားတာလဲ "

အတန်းထဲ လူစုံနေချိန်  ရန်တွေ့လာသော
ချစ်သည်းမာန် စကားတွေက ဖြူဖြူကို
တစ်ခြားလူတွေအား တစ်မျိုးထင်သွားစေသည်။

" ချစ်သည်း ရာ မေးစရာတောင် မလိုဘူး
သူ လှပတဲ့ မျက်နှာလေးကို သုံးပြီး
ဖြား​ယောင်းမှာပေါ့ "

" နင် ပြောတာ မှားနေတယ် သရဖီ..
ဒီကောင်မ က ငါ့ ခေါင်ယံ ကို သူ့
တစ်ကိုယ်လုံး ချွတ်ပြပြီးပြီနေမှာ "

" ဟားဟား... ဟုတ်လောက်မှာ
ချစ်သည်း.. .နင် ပြောတာ မှန်တယ် "

ဖြူဖြူ ကို သရဖီဆိုသော ချစ်​သည်းမာန်​
သူငယ်​ချင်း နဲ့ ချစ်သည်းမာန် က အပုပ်ချ
နေခဲ့သည်။

အတန်းထဲက လူတွေကလည်း ဖြူဖြူ ကို
ရွံရှာသလို ကြည့်နေကြသည်။

ထက်ထက်ကလည်း ဒီနေ့ကျမှ ကျောင်းမလာ။

ဖြူဖြူလည်း  ဘာတစ်ခွန်းမှ ပြန်မပြောမိပါ။

" နင့်က အနေတာလား လွန်ကြိုးဖြူဖြူ...
ဒါမှမဟုတ် ငါ ပြောတာကို ပြန်မပြောတာက
နင့်ကိုယ်နင် သူတော်ကောင်း
ယောင်​ဆောင်နေတာလား "

" အရှက်မရှိဘူးပဲ နင့်က.. ..တော်ပါပေတယ်
ငါ့ ခေါင်ယံ ငါ့ကို စေ့စပ်တာ ဖျက်သိမ်းပစ်အောင်
လုပ်နိုင်တာ ...ဒါနဲ့ နင့်က ငါ ခေါင်ယံတင်
မဟုတ်ဘူး.. ..ခေါင်ယံ သူငယ်ချင်း ခြားနား
ကိုပါ အလွတ်မပေးတာပဲ  "

" ဒီမှာကြည့်လိုက် အကုန်လုံး. ..!!
လွန်ကြိုးဖြူဖြူ ဆိုတဲ့ ဒီမိန်းမက
ကျမ ခေါင်ယံ တင်မကဘူး
ခေါင်ယံ သူငယ်ချင်း ခြားနား ကိုပါ
သိမ်းသွင်းနေခဲ့တာ.... "

မနေ့က ခြားနား ကို ဖြူဖြူ မျက်ရည်သုတ်
ေ​ပးတုန်းက ပုံတွေ ချစ်သည်းမာန် က
ဘယ်လိုရတာလဲမသိ။ အခု အဲ့ဒါကို
တခြားလူတွေပါ ထောင်ပြရင်း ဓာတ်ပုံတွေ
အကုန်လုံးကို ကြဲပစ်လိုက်သည်။

" ဟယ် ဟုတ်ပါ့ လွန်ကြိုးဖြူဖြူ က
ခြားနား နဲ့ အကြည့်တွေစိုက်နေတာ
နမ်းတော့မတတ်ဘဲ.... "

" မထင်ရဘူးနော် ပုံစံကြည့်တော့ ရိုးမလိုနဲ့
တကယ့်ကို အကြံကြီးတဲ့ မိန်းမပဲ "

" ဟုတ်ပါ့ ရုပ်ကလေးက လှသလောက်
စိတ်ဓာတ် အတော်အောက်တန်းကျတဲ့
မိန်းမပဲ  "

" စိတ်ပျက်စရာကြီး ဒီလိုမိန်းမတွေက
ဒီ ကျောင်းလာမတက်ရဘူး...xာတန်း
သွားရမှာ....အတော် ရှူပ်ချင်တဲ့ မိန်းမ
ရုပ်ကလေးနဲ့မှ မလိုက် "

ကြမ်းပြင်ပေါ် ကျနေသော ဓာတ်ပုံတွေကို
ကောက်ကြည့်ကာ တစ်ယောက် တစ်ပေါက်နဲ့
ကျောင်းသူတွေက  ဖြူဖြူ ကို ပြောနေကြသည်။
တော်ပါပေတယ် ချစ်သည်းမာန် လုပ်ရပ်က..။

ကျောင်းသားတွေရဲ့ မျက်လုံးတွေထဲမှာလည်း
ဖြူဖြူ ကို အထင် သေးခြင်းက အပြည့်။

ဒါပေမဲ့ ဖြူဖြူ စိတ်ကို အတတ်နိုင်ဆုံး
ငြိမ်အောင်ထိန်းပြီး သူတို့ ပြောနေတာတွေကို
ဒီတိုင်းပဲ ကြည့်နေလိုက်သည်။ ရန်လည်း
မဖြစ်ချင်ပါ။ ရန်ဖြစ်တာက မကောင်းတဲ့
လုပ်ရပ်။ ဒါ့အပြင် ဖြူဖြူ scholarship
ဆုလည်း ပြုတ်သွားနိုင်သည်။

" ရွံစရာ ကောင်းတဲ့ မိန်းမ... ငါတို့ ကင်းကို
လုရုံတင် အားမရဘူး ကင်း သူငယ်ချင်းကိုပါ
အလွတ်မပေးဘူး... အဲ့ဒီလောက်ထိ
နှာကြောထတဲ့ မိန်းမ... စည်းမရှိတဲ့
ကောင်မ... ရုပ်လှလည်း ရွံစရာပဲ "

" ခွေးတောင် သူ့ လောက် ရွံစရာ မကောင်း
ဘူး.... ဒီဟာမက.... "

" အဲ့တာ ဘာဖြစ်နေကြတာလဲ......??  "

အသံနဲ့အတူ အတန်းထဲ ဝင်လာသော
ခေါင်ယံမှိုင်း တို့ အဖွဲ့။  ထိုအခါ အကုန်လုံးမှာ
ခေါင်ယံမှိုင်း ကို မြင်တာနဲ့ ရပ်သွားကြသည်။

သို့သော် မရပ်နိုင်သူကတော့ ချစ်သည်းမာန် နဲ့
သူမ သူငယ်ချင်း သရဖီ ပေ။

" ခေါင်ယံ နင် ငါ့ကို ထားသွားတာက
ဒီမိန်းမ ကြောင့်မလား...?? 
အခု ကြည့်လိုက်စမ်း ဒီပုံတွေကို...
သူ့ က နင့်ကိုတင် ငါ့ဆီက လုရုံတင်
အားမရဘူး နင့် သူငယ်ချင်း ခြားနား နဲ့ပါ
ဖြစ်ချင်​တိုင်း ဖြစ်​နေတာ  "

" ဟုတ်ပါ့ ခေါင်... ရှင့် သူငယ်ချင်း နဲ့ပါ
ဒီဟာမက ဖြစ်ချင်တိုင်း ဖြစ်နေတာ "

ချစ်သည်းမာန် စကားကို သရဖီက
ထောက်ခံနေပေမဲ့ ခေါင်ယံမှိုင်း ဘာတစ်ချက်မှ
ဝင်မပြော။ သူ့ မျက်လုံးတွေက ဓာတ်ပုံကို ကြည့်ပြီး
နီမြန်းသွားကာ ခြားနား ကို ကြည့်လာခဲ့သည်။

" မဟုတ်ဘူး ခေါင်... ငါနဲ့ မဖြူ နဲ့ ဘာမှ
မပတ်သက်ဘူး... ဘာမှ မပတ်သက်ဘူး
ခေါင် "

ခေါင်ယံမှိုင်း အကြောင်း သိသူပီပီ ခြားနား မှာ
တန်းပြီး ရှင်းလာခဲ့သည်။  သွေးသစ်ဖြိုး
ကလည်း ဓာတ်ပုံတွေကို ကြည့်ပြီး
ခြားနား ကို စိတ်ပျက်တဲ့ အကြည့်နဲ့။

ဘာလို့ဆို ပုံတွေက နမ်းမလိုကို အနည်းငယ်ပဲ
လိုတော့တာလေ။

" ငါ ထင်မထားဘူး ခြားနား. ..
ကိုယ့် သူငယ်ချင်း ကောင်မလေးတောင်
မင်းက မရှောင်ဘူး  အ​တော်​လုပ်ရက်တာပဲ...
မင်း ထားချင်ရင် တခြား ကောင်မလေး
ထားလေ...ငါ့ကျတော့ မဖြူဖြူ ကို
ဘာစိတ်မှ မထားနဲ့ ပြောပြီး တကယ်တမ်း
ကျ​တော့ မင်းက ပစ်မှားနေတာပဲ... ဒါကြောင့်
မဖြူဖြူ ကို အချိန်တိုင်း မင်းက စိတ်ပူပေးနေ
ခဲ့တာကိုး "

ခြားနား ငြင်းတာပင် အပိုဖြစ်သွားတယ်။
သွေးသစ် ကပါ သူ့ကို စွပ်စွဲနေတယ်လေ။
ခေါင် ကလည်း သူ့ကို သတ်တော့မယ့်
အကြည့်နဲ့။ 

​နီမြန်း​နေတဲ့​ခေါင်​ယံမှိူင်း မျက်​လုံး​တွေ​ကြောင့်​
ဖြူဖြူ ဝင်​ပါမှ ဖြစ်​တော့မည်​။​တော်​ကြာ
ခြားနား ကို ထိုးမှ ဒုက္ခ။

"​ငါနဲ့ ခြားနားနဲ့က ဘာမှ မပတ်သက်ဘူး ....
ငါတို့ နှစ်ယောက်က ရိုးရိုးသားသားပဲ "

" ခင်ဗျား ရိုးသားတယ်ဆိုရင် ဒီပုံထဲမှာ
ဘာလို့ နမ်းတော့မတတ် ဖြစ်နေရတာလဲ
ဒေါ်ဖြူဖြူ .. ?? ကျုပ်ကို ပြောစမ်း..!!
ဖြေလေ.. .ခင်ဗျား ဖြေ "

" ဘုန်း..!!  "

စာရေးစားပွဲခုံကို ပုတ်ပြီး စိတ်တိုနေတဲ့
ခေါင်ယံမှိုင်း ပုံစံက လူသတ်တော့မယ့်အလား။
လက်မှာလည်း ပတ်တီးစီးထားတာတောင်
ထပ်ရိုက်တော့ သွေးပင် ပတ်တီး ကို
စိုသွားခဲ့သည်။

လက်က အနာ အတွက် ချစ်သည်းမာန် စိုးရိမ်
တာက တစ်ဝက်၊  ခေါင်ယံမှိုင်း ဒေါသထွက်
နေတာကို ကျေနပ်တာ တစ်ဝက်နဲ့
ချစ်သည်းမာန် မျက်နှာက မူမမှန်ပေ။
ဘေးက သူမ သူငယ်ချင်း သရဖီ ကလည်း
သူမ နည်းတူ အလားတူ ကျေနပ်နေလေ၏ ။

" မင်း ထင်ချင်သလိုထင် ခေါင်ယံမှိုင်း...
ငါတို့ ရိုးသားတာ ငါတို့ပဲ သိတယ် "

" ဪ ကျုပ်ကပဲ အဆုံးတော့
မကောင်းဘူး ဖြစ်သွားတာပေါ့..
ခင်ဗျားတို့သာ ရိုးသားတယ်ဆိုရင်
ဒီပုံထဲမှာ အဲ့ဒီလောက်ထိ နီးကပ်​နေစရာမလိုဘူး
ဒေါ်ဖြူဖြူ...!! အခုချက်ချင်း ဖြေစမ်း...
ခင်ဗျား နဲ့ ခြားနား က ဘာတွေလဲ
ကျုပ် မေးနေတာကြားလား ဒေါ်ဖြူဖြူ...!!
ဖြေစမ်းလို့...!!  "

" ဘုန်း. ..ဘုန်း...!!  "

" ခလွမ်း...!!!  "

ခုံကို ပုတ်ရုံတင်အားမရ၊  အနားက
ပန်းအိုးကိုပါ ခွဲပစ်လိုက်သည်။ ဒေါသထွက်ရင်
ပစ္စည်းတွေ ခွဲတတ်တာ သူ့ အကျင့် တစ်ခုလိုပေ။
ဒါ့ကို ဖြူဖြူ မုန်းသည်။ စကားတွေနဲ့
လူ့ကို စော်ကားနေတာကိုလည်း ဖြူဖြူ မုန်းသည်။

" မင်း လွန်မလာနဲ့ ခေါင်ယံမှိုင်း..  .
ငါနဲ့ ခြားနားက မောင်နှမတွေလိုပဲ "

" ဟုတ်တယ် ခေါင်... မဖြူနဲ့ ငါနဲ့က
မောင်နှမတွေလိုပဲ "

" မင်း စောက်ပါးစပ် ပိတ်ထား ခြားနား...! !
မင်းကို ငါ မေးနေတာ မဟုတ်ဘူး
သူ့ကို မေးနေတာ... ဝင်ပြီး မဖြေနဲ့
မဟုတ်ရင် ငါ့ လက်သီး မင်းပေါ်
ကျလာမယ် "

" မင်း ရိုင်းလှချည်လား ခေါင်ယံမှိုင်း...
ခြားနား က မင်း သူငယ်ချင်း နော် "

" တခြားနားတည်း ခြားနား နေရအောင်
သူ့က ခင်ဗျား လင်မို့လို့လား ဒေါ်ဖြူဖြူ..."

အမြင်မတော်လို့ ဖြူဖြူ ဝင်ပြောလိုက်တာက
လူ့ကို ပိုပြီး အရှက်ကွဲစေသည်။
ကြည့်နေကြတဲ့ လူတွေ နဲ့ ချစ်သည်းမာန် တို့
ကြောင့် ဖြူဖြူ မှာ အရှက်ပင် မရှိတော့ပါ။

" မင်းက အရမ်းရိုင်းတာပဲ ခေါင်ယံမှိုင်း. ..
မင်း ထင်ချင်သလိုသာ ထင်လိုက်တော့
ငါ မင်းကို ထပ်ရှင်းမပြနိုင်​တော့ဘူး "

"  ဘာ...!!  ခင်ဗျားက ကျုပ် ဒေါသကို
လာဆွနေတာပဲ "

" မဟုတ်ဘူး ခေါင်... ငါနဲ့ မဖြူက
မောင်နှမတွေလိုပါ... မဖြူကို ငါ့ အစ်မ
တစ်ယောက်လို ငါ့က သဘောထားတာ "

" xီးလို မောင်နှမ....မင်း အကြောင်း
ငါ မသိဘူးများမှန်း ထင်နေတာလား ခြားနား...!!
ဒေါ်ဖြူဖြူ ကို ငါ ကြမ်းတိုင်း မင်းက
စိတ်ပူပေးနေခဲ့တာ...တကယ်တော့
အဲ့ဒီကတည်းက မင်းက ဇာတ်လမ်းစနေခဲ့တာပဲ "

" မဟုတ်ဘူး ခေါင်... ငါ မဖြူ ကို
မကြိုက်ဘူး... ငါ့မှာ ကြိုက်တဲ့သူ
ရှိတယ် ...ငါ မဖြူကို လုံးဝ မကြိုက်ဘူး "

" ဘယ်သူလဲ ခြားနား  မင်း ကြိုက်တဲ့သူက...
....မဖြေလို့ကတော့ မဖြူဖြူ ကို
မင်း ကြိုက်နေတာပဲ "

ဝင်မေးလာသူ သွေးသစ်ဖြိုး ကြောင့်
ခြားနား ဘာဖြေရမှန်း မသိတော့ပါ။

သူ ကြိုက်နေတာက သွေးသစ် ကိုလေ။
အဲ့ဒါကို သူ့က သွေးသစ်ကို ကြိုက်နေတာ
ဆိုပြီး ပြောလိုက်ရင် သူ့ကို လူတွေက
ဘယ်လို ထင်သွားမလဲ။  ဒါ့အပြင် အခု
အခု လူတွေ အကုန်လုံးကလည်း သူ
ဖြေမှာကို အရမ်းစိတ်ဝင်စားနေကြသည်။

ဟင့်အင်း သူ မဖြေနိုင်ပါ။  သွေးသစ် ကို
ကြိုက်နေတယ်လို့သာ  သူ ဖြေလိုက်ရင်
မဖြူ အတန်းထဲက လူတွေ သူ့ကို
လှောင်ကြလိမ့်မည်။  ဒါ့အပြင် သွေးသစ်
ကရော သူ ချစ်တယ်လို့ ပြောရင် သူ့ကို
​ဂေးဆိုပြီး မုန်းသွားမလား မသိ။  ဟင့်အင်း
အတွေးနဲ့တင် သွေးသစ် သူ့ကို မုန်းသွားမှာ
အရမ်းကြောက်သည်။

" ဖြေလေ ခြားနား...!! မင်း ချစ်နေတဲ့သူက
ဘယ်သူလဲ...??  "

သွေးသစ်ဖြိုး မေးတာကို ခြားနား က ချွေးဇော
တွေ ပြန်နေခဲ့သည်။  ဒါ့ကို ဖြူဖြူ ကြည့်ပြီး
သဘောပေါက်သည်။  ခြားနား က
ဂေးလို့ ဝန်ခံရမှာ ကြောက်တာရော၊ 
သွေးသစ်ဖြိုး သူ့ကို မုန်းသွားမှာ စိုးတဲ့
အတွက်ကြောင့်ရော အခုလို ဖြစ်နေတာပေ။

ဒီတော့ ဖြူဖြူ ဘာဆက်လုပ်ရမလဲ။  ခြားနား
ကို ကယ်ပေးရမလား။  ခြားနား သာ
အမှန်အတိုင်း ဝန်ခံလိုက်ရင် ခြားနား အတွက်
နစ်နာစရာတွေက အများကြီးပါ။

ဒီလိုတော့ အဖြစ်မခံနိုင်ပါ။  ခြားနား က ဖြူဖြူ
မောင်လေး တစ်ယောက်လိုပေ။

" ဖြေလေ ခြားနား မင်းက မဖြူဖြူ ကို
မကြိုက်ရင် ဘယ်သူ့ကို ကြိုက်နေတာလဲ...??  "

"  သူ့က အစ်မကို မကြိုက်ဘူး.... အစ်မကသာ
သူ့ ကို ကြိုက်နေတာ "

" ဘာ...!!  ခင်ဗျား  ဘာပြောလိုက်တယ်
ဒေါ်ဖြူဖြူ...!!!  "

ဖြူဖြူ ရဲဆေးတင်ပြီး ဖြေလိုက်ရာ စိတ်တိုသွားသော
ခေါင်ယံမှိုင်း ပုံစံက ကြောက်စရာကြီး။
အခုလည်း ဖြူဖြူ ကို မျက်လုံးရဲကြီးနဲ့
စိုက်ကြည့်ပြီး ထပ်မေးနေသည်။  ဒီတော့
ဖြူဖြူ မှာ ကြောက်ပေမဲ့ အသက်ကို မနည်း
ရှူနေရသည်။

" ဟုတ်တယ် ခေါင်ယံမှိုင်း... ခြားနား က
ငါ့ကို မကြိုက်ဘူး... ငါ့က သူ့ကို ကြိုက်နေတာ "

" တောက်စ်... ခင်ဗျားက ဗလောင်းဗလဲပဲ
ဒေါ်ဖြူဖြူ...!!  "

" ဟုတ်တယ် ငါ့က ဗလောင်းဗလဲပဲ....
ဒါကြောင့် မင်း ငါနဲ့ မပတ်သက်နဲ့
ငါ ချစ်နေတာက မင်း သူငယ်ချင်းပဲ "

" ဝုန်း...!! !"

လွန်ကြိုးဖြူဖြူ ရဲ့ ချစ်တယ်စကားကြားရလေ
ခေါင်ယံမှိုင်း မှာ ပို၍ စိတ်တိုကာ
အနားက စားပွဲ ကို အားကုန် ကန်ပစ်လိုက်သည်။

" ဒီနေ့က စပြီး ကျုပ် ရှေ့မလာမိစေနဲ့
ခင်ဗျားတို့ နှစ်ယောက်စလုံး...!!
မြင်တာနဲ့ ကျုပ် အသေသတ်မိရင် ခံလိုက်ကြ...
စာချုပ် ကိစ္စလည်း ခင်ဗျား နဲ့ ကျုပ်
ပြတ်ပြီ ဒေါ်ဖြူဖြူ ... ဘာအကန့်မှ မရှိတော့ဘူး
ထူးခြားနား မင်းလည်း ဒီနေ့ကစပြီး
ငါ့ သူငယ်ချင်း မဟုတ်တော့ဘူး
ငါ့မှာ မင်းလို စောက်ကျင့်ယုတ်တဲ့ သူငယ်ချင်း
မရှိဘူး.. .."

ပြောရင်း ခေါင် သူ့ အကြည့်တွေကို သွေးသစ်
ဆီ ပို့လိုက်သည်။

" သွေးသစ် မင်းရော ဒီမအေxိုးကို
ဆက်ပေါင်းမှာလား...?? သူ့ကို
ဆက်ပေါင်းမယ်ဆိုရင် မင်း ငါနဲ့ သူငယ်ချင်း
လုပ်စရာမလိုဘူး "

" ငါ့က မင်းဘက်က ခေါင်ကြီး...
ဒီကောင်လို နောက်ကျောကို ဓားနဲ့
မထိုးတတ်ဘူး.. .ဘယ့်နှယ် ကိုယ့်
သူငယ်ချင်း ကောင်မလေးကိုတောင်
မရှောင် "

" ထားလိုက်တော့ သွေးသစ် ထပ်ပြောမနေနဲ့..!!
ဆက်ပြောနေရင် ငါတို့ပဲ သိက္ခာကျတယ်..
သွားကြစို့... "

" နေအုံး ခေါင်ယံ... ငါနဲ့ စေ့စပ်တာ
ဖျက်သိမ်းတာကိုရော ပြန်ပြင်အုံးမလား...? "

မျက်နှာငယ်လေးနဲ့ မေးလာတဲ့ ချစ်သည်းမာန် ကို
ခေါင်ယံမှိုင်း တစ်ချက်သာ ကြည့်ပြီး
လွန်ကြိုးဖြူဖြူ ကို စိတ်နာစိတ်နဲ့...

" မဖျက်တော့ဘူး နင်နဲ့ ငါ စေ့စပ်တာ
အတည် ဖြစ်သွားပြီ... ငါ ဒုတိယနှစ်ပြီးရင်
ငါတို့ လက်ထပ်ကြမယ်  ချစ်သည်း "

" ဝိုး... ချစ်ဖို့ ကောင်းလိုက်တာ ငါ့
ခေါင်ယံလေးက "

" ရွှတ် "

ပြောကာဆိုကာ ခေါင်ယံမှိုင်း ပါးကို လှမ်းနမ်းလိုက်
သော ချစ်သည်းမာန် ပါ။  ဒါ့ကို လွန်ကြိုးဖြူဖြူ
ကြည့်ပြီး ဝမ်းနည်း မသွား။  ပုံမှန် အတိုင်း
အေးတိအေးစက်ပေ။

ဒီလိုနဲ့ ခြားနား ကို  တိုက်ပစ်​ကာ ခေါင်ယံမှိုင်းတို့
ထွက်သွားကြသည်။  ချစ်သည်းမာန် ကလည်း
ခေါင်ယံမှိုင်း လက်လေးကို ကိုင်ကာ
အရှက်မရှိစွာ လိုက်ပါသွားခဲ့သည်။

" ဒီလို မိန်းမနဲ့ ငါ စာမသင်နိုင်ဘူး
ပါချုပ်ကြီးကို အတန်းပြောင်းပေးဖို့
တောင်းဆိုရမယ် "

" ငါရော အတူတူပဲ... ခြားနား ကလည်း
ကိုယ့်​သူငယ်ချင်း ထက် ဒီကောင်မကို ဘာတွေ
မက်နေတာလဲ မသိဘူး "

" သနားပါတယ် ငါတို့ ခြားနား လေး..
အခု ဒီမိန်းမယုတ်မကြောင့် အဖွဲ့ကွဲ
သွားပြီ "

" ငါလည်း အောက်တန်းစားမနဲ့ စာဆက်မသင်နိုင်ဘူး "

တစ်ယောက် တစ်ပေါက်နဲ့ ပြောကာ တစ်တန်းလုံး
နီးပါး ထွက်သွားကြသည်။  အတန်းထဲမှာ
တစ်​ယောက် နှစ်ယောက်သာ ကျန်တော့သည်။

ခြားနား ကလည်း ဖြူဖြူ ကို ကြည့်ပြီး
တောင်းပန်တဲ့ မျက်ဝန်းတွေနဲ့။ ကြည့်ရတာ
ဖြူဖြူ ကူညီပေးလိုက်တာကို သူ့က သိနေတာပဲ။

တစ်တန်းလုံး ဘယ်လိုထင်ထင် ဖြူဖြူ ဂရု
မစိုက်ဘူး။ ကိုယ့် မောင်လေးလို
သဘောထားတဲ့ ခြားနား ကို ဖြူဖြူ
ကူညီပေးလိုက်ရလို့ ကျေနပ်သည်။

ဒါ့အပြင် အများအကျိုးဆောင် ၊ ကိုယ့် အကျိုး
အောင်တယ်ဆိုတဲ့ စကားက သိပ်ကို မှန်သည်။

ခြားနားကို ကူညီပေးလိုက်တာနဲ့ ခေါင်ယံမှိုင်း ကို
ဖြူဖြူ လက်ထပ်စရာမလိုတော့ပါ။

တကယ်တမ်း ဖြူဖြူ ကူညီပေးလိုက်လို့
ဒီ ကိစ္စမှာ အကျိုးအမြတ်က ဖြူဖြူ ပဲ ရသည်။
ခြားနား ကတော့ ဖြူဖြူ ကြောင့် သူ့
သူငယ်ချင်းတွေကို စွန့်လွှတ်လိုက်ရပြီ။
တွေးမိပြီး ခြားနား အတွက် ဖြူဖြူ စိတ်မကောင်း
ဖြစ်သွားရသည်။ တကယ်တမ်း သူ့ကသာ
ကျေးဇူးတင်နေတာ အမှန်တကယ်တော့
ဖြူဖြူ ကသာ သူ့ကို ကျေးဇူးတင်ရမှာပေ။ 
သူ့ ကြောင့်သာ ခေါင်ယံမှိုင်း နဲ့
ဖြူဖြူ လက်မထပ်ရတော့တာပေ။

Part  23 မျှော်....................................
(  ဖြူဖြူ ရယ် တအားသဘောထား ပြည့်ဝ
တာပဲ 😔😔😔😔 ရှင်လေးက
လူတိုင်း ကို တအားကူညီတတ်တာပါလား
ဒါပေမဲ့ မိဘရကံကျတော့ ဆိုးတယ် 😔😔😔
ခေါင်လေး ကလည်း အခု ရှင့်ကို စိတ်နာသွားပြီ 😔😔)

ချစ်​တယ်​နော်​မင်​မင်​ရဲ့ ဒါဒါ​လေး​တွေ.......😍😍😘😘
ဒီအပိုင်းလေးနဲ့ ပတ်သက်ပြီး ဒါဒါလေးတွေရဲ့ မန့်ကို
မင်မင်လေယူရာယိမ်း စောင့်မျှော်လျက်.. ......😍😍😘😘

#​လေယူရာယိမ်း

Continue Reading

You'll Also Like

1.2M 50.2K 62
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
1M 36.1K 42
🚨 ဒီ Fic မှာ Adult Scences တွေပါဝင်တာကြောင့် မကြိုက်တဲ့လူများရှောင်ဖို့ ကြိုတင်အသိပေးပါတယ်နော် 🚨 🚨 ဒီ Fic မွာ Adult Scences ေတြပါဝင္တာေၾကာင့္ မႀက...
2.1K 186 58
လိုက်လိုသည် မလိုက်လိုသည်ထက် လိုက်လာရန်သာ တစ်ပါတည်း ခေါ်ခဲ့တော့သည်။ လွမ်းမာန်ဂုဏ်ရှိန်+နှောင်းသွဲ့သွဲ့ ထွန်းလင်းသာ+နေဝါမင်းမောင် ကြည်သာမှိုင်း+ပန်းနု...