တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Co...

By zuriiiiii8

179K 28.9K 808

-အစ်ကိုဘာတွေပဲလုပ်လုပ် အစ်ကိုက အစ်ကိုပဲ။ ကျွန်တော့် နှလုံးသားထဲမှာ သဘောအကျရ ဆုံး ဂိုဏ်းတူအစ်ကိုဝမ် ဖြစ်န... More

Synopsis
အခန်း(၁)
အခန်း(၂)
အခန်း(၃)
အခန်း(၄)
အခန်း(၅)
အခန်း(၆)
အခန်း(၇)
အခန်း(၈)
အခန်း(၉)
အခန်း(၁၀)
အခန်း(၁၁)
အခန်း(၁၂)
အခန်း(၁၃)
အခန်း(၁၄)
အခန်း(၁၅)
အခန်း(၁၆)
အခန်း(၁၇)
အခန်း(၁၈)
အခန်း(၁၉)
အခန်း(၂၀)
အခန်း (၂၁)(၁)
အခန်း(၂၁)(၂)
အခန်း(၂၂)
အခန်း(၂၃)
အခန်း(၂၄)
အခန်း(၂၅)
အခန်း(၂၆)
အခန်း(၂၇)
အခန်း(၂၈)
အခန်း(၂၉)
အခန်း(၃၀)
အခန်း(၃၁)
အခန်း(၃၂)
အခန်း(၃၃)
အခန်း(၃၄)
အခန်း(၃၅)
အခန်း(၃၆)
အခန်း(၃၇)
အခန်း(၃၈)
အခန်း(၃၉)(၁)
အခန်း(၃၉)(၂)
အခန်း(၄၀)
အခန်း(၄၁)
အခန်း(၄၂)
အခန်း(၄၃)
အခန်း(၄၄)
အခန်း(၄၅)
အခန်း(၄၆)
အခန်း(၄၇)
အခန်း(၄၈)
အခန်း(၄၉)
အခန်း(၅၀)
အခန်း(၅၁)
အခန်း(၅၂)
အခန်း(၅၃)
အခန်း(၅၄)
အခန်း(၅၅)
အခန်း(၅၆)
အခန်း(၅၇)
အခန်း(၅၈)
အခန်း(၅၉)
အခန်း(၆၀)
အခန်း(၆၁)
အခန်း(၆၂)
အခန်း(၆၄)
အခန်း(၆၅)
အခန်း(၆၆)
အခန်း(၆၇)
အခန်း(၆၈)
အခန်း (၆၉)
အခန်း(၇၀)
အခန်း (၇၁)
အခန်း(၇၂)
အခန်း (၇၃)
အခန်း(၇၄)
အခန်း(၇၅)
အခန်း(၇၆)
အခန်း(၇၇)(၁)
အခန်း(၇၇)(၂)
အခန်း(၇၈)
အခန်း(၇၉)(၁)
အခန်း(၇၉)(၂)
အခန်း(၈၀)
အခန်း(၈၁)
အခန်း(၈၂) (ဇာတ်သိမ်း)
from author
farewell

အခန်း(၆၃)

1K 193 1
By zuriiiiii8

<နတ်မိစ္ဆာ၏ လှုပ်ရှားမှု>

ကျန်းရီထံမှ ယုံကြည်မှုအပြည့်နှင့် ရဲရင့်သော စ
ကားကို ကြားလိုက်ရခြင်းကြောင့် ချီကျိပိုင်သည်
အတန်ငယ်ကြာသည်အထိ ပြန်မပြောနိုင်တော့ဘဲ
သက်ပြင်းသာချ၏။

"မင်းလို တပည့်တစ်ယောက် ရလိုက်တာ ငါ အ
တိတ်ဘဝတုန်းက ကျူးလွန်ခဲ့မိတဲ့ အပြစ်ကြွေးတွေကြောင့်ပဲ ဖြစ်မယ်"

"ရှစ်ဖူ ဘာဖြစ်လို့ ဒီလိုပြောရတာလဲ?"

"ကျွန်တော် ရှစ်ဖူကို ပေးခဲ့တဲ့ ကတိအတိုင်း မလု
ပ်ပေးနိုင်မှာ စိုးလို့လား?"

"ကတိမတည်ခင် မင်း အရင်သေသွားမှာ ကြော
က်လို့ဟေ့!"

ချီကျိပိုင်က ဝတ်ရုံလက်ကို ခါထုတ်၍ မကျေမချ
မ်း ဆို၏။

ကျန်းရီ ပြုံးလိုက်သော်လည်း ချီကျိပိုင်နှင့် စကား
ဆက်မပြောတော့ဘဲ ပြတင်းပေါက်မှတဆင့် အ
ပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။တောင်ဆင်းလမ်းလေးကို ဤပြတင်းပေါက်မှ လှမ်းမြင်နေရသည်။ထိုအချိန်တွင် ဝမ်ရွှမ်သည် တောင်ပေါ်မှ ဆင်း၍ တောင်ဆင်းလမ်းအတိုင်း ဆက်လျှောက်နေ၏။

လမ်းတစ်လျှောက်တွင် ဝမ်ရွှမ့် ပုံရိပ်က အထီး
ကျန်ဆန်နေပြီး ဘေးဘက်မှ လမ်းသွားလမ်းလာတို့၏ အကြည့်များကို ဗလာကျင်းနေသော အကြည့်များဖြင့်သာ တုံ့ပြန်ခဲ့သည်။သူသည် မည်သူ တစ်ဦး၊တစ်ယောက်ကိုမှ အဖတ်မလုပ်သလို အ
ခြားလူများကလည်း သူ့နှင့် အရောတဝင်မနေကြချေ။နှစ်ဖက်စလုံးသည် ကမ္ဘာ့တစ်ဖက်ခြမ်းစီတွ
င် နေထိုင်ကြသူများပမာ။

ကျန်းရီသည် ဂိုဏ်းအတွင်း၌ ယခုလို အခြေအနေမျိုးကို ဝမ်ရွှမ် ကြုံနေရခြင်းကြောင့် အထီးကျန်နေလိမ့်မည်ဟု တွေးမိ၍ စိတ်မကောင်းဖြစ်သွားရသော်လည်း တစ်ချိန်တည်းမှာပင် တိတ်တခိုး ပျော်ရွှင်မှုက နှလုံးသားအခြေမှ ဆန်တက်လာခဲ့သည်။

လမ်းအဆုံးသို့ ရောက်ခါနီးတွင် လူတစ်ဦးက ရု
တ်တရက် ပေါ်ထွက်လာပြီး ဝမ်ရွှမ့် လမ်းကို ပိတ်
ဆို့လိုက်သည်။

အနှီ ရုတ်တရက် ပေါ်ထွက်လာသူသည် များမ
ကြာမီ အချိန်လေးကပင် ဝမ်ရွှမ့် နေရာမှ ထွက်လာသော လော့ချင်းချွမ်ဖြစ်နေ၏။

လော့ချင်းချွမ်သည် အမှန်တကယ် ပျင်းစရာကောင်းသော လူစားမျိုးဖြစ်သည်။ဝမ်ရွှမ့် လမ်းကို ပိတ်ဆို့သော်ငြားလည်း မယ်မယ်ရရ လုပ်စရာ မရှိပါဘဲ အရှေ့တည့်တည့်တွင် ပိတ်ရပ်ပြီး ကြမ်းကြမ်းတမ်းတမ်း စကားများကို ဆောင့်အောင့်၍ ပြောဆိုသွားခြင်းသာ။ထိုအလုပ်ကပင် သူ၏ တ
စ်နေ့တာကို ပြီးပြည့်စုံသွားစေသည့်အလား မှတ်ထင်ရသည်။

သို့ပေမဲ့ လော့ချင်းချွမ်၏ ကလေးဆန်သော အ
ပြုအမူက ဝမ်ရွှမ့်ကို အတန်ငယ် ပျော်ရွှင်စေခြင်းကြောင့် မျက်နှာအမူအရာသည်ပင် ပြေလျော့သွားခဲ့သည်။

ကျန်းရီသည် ထိုမြင်ကွင်းကို အပေါ်မှ လှမ်းကြည့်ရင်း ပြတင်းပေါက်ဘောင်ကို သတိလက်လွတ် ကုတ်ခြစ်လိုက်လေသည်။

"ဟေ့ ပန်းချီကားကို မဖျက်ဆီးနဲ့လေ"

ချီကျိပိုင်က ကျန်းရီ၏ လက်ချောင်းများကို ပုတ်
၍ သတိပေးလိုက်သည်။

ကံကောင်းထောက်မစွာဖြင့်၊ လော့ချင်းချွမ်က ဝမ်ရွှမ်နှင့် ခပ်မြန်မြန် လမ်းခွဲသွားခဲ့သည်။ကျန်းရီသည်လည်း ကုတ်ခြစ်နေသော လက်ချောင်းများကို ဖြေလျော့ပစ်လိုက်သည်။နောက်ဆုံးတွင် ပြ
တင်းပေါက်ဘောင်မှ ဆေးပန်းချီများလည်း ဘေးကင်းသွားရချေပြီ။သို့သော် လော့ချင်းချွမ်ကို စိုက်ကြည့်နေသော ကျန်းရီ၏ အကြည့်များက မလိုမုန်းထားစိတ်အပြည့်ဖြင့် ရန်လိုနေခဲ့သ
ည်။

ချီကျိပိုင်သည် ရုတ်တရက် ထွက်လာသော 'လမ်း
လျှောက် ပြသနာအိုး' တူလေးလော့အတွက် ခဏမျှ ငြိမ်သက်ပေးလိုက်သည်။ထို့အပြင် ကျန်းရီ၏ ပုံမှန်မဟုတ်သော ပိုင်စိုးပိုင်နင်းဆန်လှသည့် စိတ်
ဓာတ်ကြောင့် ဤနေရာတွင် ဆက်ထိုင်မနေတော့ဘဲ ထရပ်၍ နှုတ်ဆက်ပြီး မီးလင်းဖိုရှိရာ အခန်းသို့ ပြန်ထွက်သွားခဲ့သည်။

ကျန်းရီ၏ အမူအရာဟာ ခဏကြာသည်အထိ သု
န်မှုန်သွားရသော်လည်း တဖြည်းဖြည်း တည်ကြ
ည်လာခဲ့သည်။သူ မကြိုက်သော်လည်း တစ်ခုခု လုပ်လိုသည့် ဆန္ဒမျိုး မရှိ။လော့ချင်းချွမ်အပေါ် ကျန်းရီ၏ ဒေါသက သိပ်မရှည်ကြာခဲ့ပေ။အဘယ့်ကြောင့်ဆိုသော် ဒါတွေဟာ ခဏတာ အပိုင်း
အခြားကာလသာ ဖြစ်ကြောင်း သူနားလည်ထားခြင်းကြောင့်ပင်။

ထို့နောက် ရက်အနည်းငယ် ထပ်ကြာသွားခဲ့သ
ည်။ကျန်းရီသည် သူလိုအပ်သော ကျင့်ကြံခြင်းန
ည်းလမ်းကို အသည်းအသန် ပုံဖော်ခဲ့ပြီး နောက်
ဆုံးတွင် အောင်မြင်မှုကို မြင်လာခဲ့သည်။သို့သော် ဝမ်ရွှမ့် အရှေ့သို့ ပြန်သွားလိုပါက မျက်နှာအရော
င်ကို အရင်ဆုံး ပြန်သက်သာအောင် လုပ်ရပေမည်။

လွန်ခဲ့သော ရက်အတွင်း၊ ဝမ်ရွှမ်သည် ကျောက်ဂူထဲတွင်သာ နေထိုင်ပြီး ဘယ်ကိုမှ ထွက်မသွားခဲ့ပေ။လော့ချင်းချွမ်က ဝမ်ရွှမ်နှင့် ရန်ဖြစ်ရန် နေ့တိုင်းလိုလို ရောက်လာတတ်ခြင်းကြောင့် အနည်း
ငယ် စိတ်သက်သာစေခဲ့သည်။ယနေ့တွင် လော့ချင်းချွမ် ရန်လာရှာနေကြ အချိန်သို့ရောက်ခါနီးပြီဖြစ်သည့်အတွက် ဝမ်ရွှမ်သည် တံခါးဝသို့ စိတ်
မြန်လက်မြန် ထရပ်ပြီး လှမ်းကြည့်လိုက်သည်။

သူထင်ထားသည့်အတိုင်း လော့ချင်းချွမ်က ရန်
ထောင်ရန် အရောက်လာနေချေပြီ။သို့သော်လ
ည်း တောင်ခြေအရောက်တွင် လူတစ်ယောက်က သူ့ကို တား၍ စကားဝင်ပြော၏။

ဝမ်ရွှမ် အာရုံစိုက်ပြီး ကြည့်လိုက်ရာ လော့ချင်းချွမ်နှင့် စကားပြောနေသူသည် ကျန်းရှောင်ချင်းမှတပါး အခြားမဖြစ်နိုင်ချေ။ကျန်းရှောင်ချင်းက သူ့ကို မြင်သည်နှင့် ငှက်ကလေးပမာ လှစ်ခနဲ ပြေးသွားပုံကိုပါ ပြန်အမှတ်ရသွားပြီး ဝမ်ရွှမ့် နှ
လုံးသားတစ်စုံလုံး မွန်းကျပ်သွားရသည်။

လော့ချင်းချွမ်သည် ကျန်းရှောင်ချင်းအပေါ် အ
မြဲတမ်း အစွဲအလမ်းရှိသော်လည်း ယခုလို အတားခံလိုက်ရချိန်တွင် အနည်းငယ် စိတ်လှုပ်ရှားပြီး တုန်လှုပ်သွားခဲ့သည်။ထို့နောက် ကျန်းရှောင်ချင်း ပြောလိုက်သော စကားကို မကြားရသော်လ
ည်း လော့ချင်းချွမ်၏ အမူအရာက သိသိသာသာကို ပျက်ယွင်းသွားခဲ့သည်။

ထို့နောက် ဝမ်ရွှမ်ရှိရာသို့ အံ့သြတကြီး လှမ်းကြည့်လိုက်စဥ်တွင် ဝမ်ရွှမ်နှင့် တိုက်တိုက်ဆိုင်ဆိုင် အကြည့်ဆုံသွားပြီး အမူအရာက ကိုးရို့ကားယား ပြောင်းလဲသွားလျက် ခပ်မြန်မြန် အကြည့်လွှဲလို
က်သည်။

ကျန်းရှောင်ချင်းက ဆက်ပြော၏။၎င်းကိုလည်း ဝမ်ရွှမ် အသေအချာ မကြားရသော်ငြား သတိ
ပေးစကားအချို့ဖြစ်မည်ဟု ခန်မှန်းလိုက်နိုင်သ
ည်။

ကျန်းရှောင်ချင်း ထွက်သွားပြီးနောက် လော့ချင်းချွမ်က နောက်တစ်ကြိမ် ထပ်ကြည့်၏။ဤတစ်ကြိမ်တွင် ဝမ်ရွှမ့်ကို ကြည့်သော အကြည့်များက ပိုရှုပ်ထွေးလာပြီး အရှေ့သို့ ခြေနှစ်လှမ်းတိုး၍ တစ်စုံတစ်ခုကို ထုတ်ပြောတော့မည့်အတိုင်း လ
က်မြှောက်လိုက်သော်လည်း ခေါင်းခါပြီးနောက် လာရာလမ်းအတိုင်း လှည့်ပြန်သွားတော့သည်။

ဝမ်ရွှမ့်ကို လော့ချင်းချွမ် နှောင့်ယှက်နေရသောအကြောင်းအရင်းမှာ သူကိုယ်တိုင် မထိန်းချုပ်နိုင်သော အတ္တကြောင့်ဖြစ်ပြီး နှိုင်းယှဥ်ရလျှင်တော့ ကျန်းရှောင်ချင်းအပေါ် အချိန်တိုင်း မြတ်
နိုးခဲ့သော အချစ်က သူ့ကိုယ်ပိုင် အတ္တထက် ပိုအ
ရေးကြီးနေသေးသည်။

ထိုအချိန်မှစ၍ လော့ချင်းချွမ်သည်လည်း ဝမ်ရွှမ့်နေရာသို့ ဘယ်သောအခါမှ ထပ်မလာတော့ဘဲ အ
ခြားဂိုဏ်းတူတပည့်များအတိုင်း ခပ်ကင်းကင်း နေခဲ့သည်။

ဝမ်ရွှမ်သည် ကျောက်ဂူထဲတွင် ထိုင်၍ သူ့ကိုယ်သူ လှောင်ရယ်လိုက်သည်။စားပွဲပေါ်တွင် ကျန်းရီပို့ထားသော စာများသာ အပုံလိုက်ရှိနေသည်။ရံဖ
န်ရံခါတွင် ဝမ်ရွှမ်သည် ကျန်းရီက အလွန် တွယ်
ကပ်လွန်းသည်ဟု ထင်မိသော်လည်း ယခုအချိန်တွင်မူ ကျန်းရီ၏ စာများကသာ သူ့အတွက် တစ်ခုတည်းသော နှစ်သိမ့်မှုဖြစ်လာခဲ့သည်။

နောက်တစ်နေ့ နံနက်တွင် ကျန်းရီ ပို့နေကျ စာလွှာလေးပင် ရောက်မလာတော့ချေ။

ဝမ်ရွှမ်သည် နေ့လည်စာ စားပြီးသည့်တိုင်အောင် အပြင်ဘက်ကို ထပ်ကာတလဲလဲ လှမ်းကြည့်၍ ထူးဆန်းသည်ဟု တွေးနေစဥ်တွင် အပြင်ဘက်မှ ခုန်ဆွခုန်ဆွဖြင့် တက်ကြွစွာ အပြေးလာနေသော အရိပ်လေးက သူ့အရှေ့တည့်တည့်တွင် ရပ်လာခဲ့သည်။နောက်ဆုံးတွင် ကျန်းရီသည် ချီကျိပိုင်၏ အဂ္ဂိရတ်ကျောင်းမှ ပြန်ထွက်လာခဲ့ချေပြီ။

"ရှစ်ရှုန်း!"

ကျန်းရီသည် လွန်ခဲ့သော ရက်များအတွင်း အပြည့်အဝ ပြန်ကောင်းသည်အထိ ဂရုစိုက်ခဲ့ပြီး ဝမ်ရွှမ့်ကို မြင်သည်နှင့် ချက်ချင်း တွယ်ဖက်လျက်။

"မတွေ့ရတာ ကြာပြီနော်။ကျွန်တော့်ကို လွမ်းရဲ့လား?"

ဝမ်ရွှမ်က ပြုံးပြရင်း ပြန်မေးခဲ့သည်။

"မတွေ့ရတာကြာပြီ?"

ကျန်းရီက လက်ချောင်းများကို မြှောက်၍ ရေတွ
က်ကြည့်ပြီးနောက် ခြောက်ကပ်စွာ ရယ်မောလာ
၏။

"ကြည့်ရတာ.....ငါးရက်ကြာသွားပြီထင်တယ်နော့်"

ငါးရက်။ ငါးရက်မျှသာ ကြာမြင့်ခဲ့သည်။ငါးရက်ဟူသော အချိန်ကာလက ရေတွက်ကြည့်လျှင် မများလှသော်ငြား ဝမ်ရွှမ်ကိုယ်တိုင်လည်း အချိန်အတော်ကြာသွားသလို ခံစားခဲ့ရသည်။ဤတစ်ကြိမ်တွင် ကျန်းရီကို ပြန်တွေ့ရခြင်းကြောင့် သူ အလွန် ပျော်ရွှင်နေခဲ့သည်။

ထို့နောက် ပြုံးပြလျက် ကျန်းရီ၏ ခေါင်းလေးကို ပွတ်သပ်ပေးရင်း အလေးနက်ဆုံး ပြန်ဖြေပေးလို
က်သည်။

"ငါ မင်းကို အရမ်းလွမ်းတယ်"

ကျန်းရီသည် ဝမ်ရွှမ့် သက်ပြင်းရှိုက်သံကို ကြားရချိန်တွင် စိတ်ထဲ၌ ပီတိဖြစ်စပြုလာပြီး ဖြစ်ပျက်ခဲ့သမျှကို အလျင်စလို မေးမြန်းလိုက်သည်။

ဝမ်ရွှမ်က လော့ချင်းချွမ်နှင့် ဖြစ်ပျက်ခဲ့သော ကိစ္စကိုရှင်းပြခဲ့သည်။ကျန်းရီသည် တစ်နေ့တွင် ယခုလို ဖြစ်လာမည်ကို ကြိုသိပြီးသားဖြစ်သော်
လည်း ဝမ်ရွှမ် ရင်ဖွင့်လာချိန်၌ အာရုံစိုက်၍ နား
ထောင်ပေးနေမြဲပင်။

"ရှစ်ရှုန်း"

နားထောင်ပြီးသည်နှင့် ဝမ်ရွှမ့်ကို မေး၏။

"ဘာဖြစ်လို့ ဒီလိုဖြစ်သွားရလဲဆိုတာကို သိချင်လား?"

ဝမ်ရွှမ် ခဏမျှ စဥ်းစားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။

"ကျန်းရှောင်ချင်း....အဲ့ဒီ ကျန်းရှစ်ကျဲက "

"တကယ်တော့ အစ်ကို့ကို သဘောကျခဲ့ဖူးတယ်"

ဝမ်ရွှမ် အတန်ငယ် အံ့သြသွားရသော်လည်း ၎င်းကို အသေအချာ စဥ်းစားကြည့်ပြီးနောက်၊ဤစကားက အမှန်ဖြစ်နိုင်သည်ဟု လက်ခံခဲ့သည်။

"ဒါပေမယ့် သူ(မ)က ဂိုဏ်းချုပ်ရဲ့ တပည့်တစ်ယောက်ဖြစ်နေတုန်းပဲလေ။ဟိုးအရင်တုန်းက
တော့ ဂိုဏ်းချုပ်က အစ်ကို့ကို အသုံးချချင်တဲ့ ရည်ရွယ်ချက်ရှိနေလို့ ဘာမှမပြောဘဲ လွှတ်ထားပေမယ့် နောက်ပိုင်း အစ်ကိုနဲ့ ဂိုဏ်းချုပ်က ဆက်
ဆံရေးတွေ အားလုံးနီးပါး ဖြတ်တောက်လိုက်တော့ သူ့အနေနဲ့ သူ့တပည့်မှာ အဲ့ဒီလို ခံစားချက်မျိုး ရှိနေတာကို ဘယ်လိုလုပ် မသိချင်ယောင်
ဆောင်ပေးနိုင်တော့မလဲ?"

"အစ်ကို့အပေါ် သူ့တပည့်ရဲ့ ခံစားချက်တွေကို ဖြတ်တောက်ပစ်ဖို့ သုံးခဲ့တဲ့ နည်းလမ်းကတော့ ရိုးရိုးလေးပဲ"

ဤစကားကြောင့် နောက်ဆုံးတွင် ဝမ်ရွှမ် နားလ
ည်သွားခဲ့သည်။သို့နှင့် မျက်လွှာချလျက် စားပွဲကို မှီရင်း သက်ပြင်းချလိုက်သည်။

"ဂိုဏ်းချုပ်က သူ(မ)ကို အမှန်အတိုင်း ပြောပြလိုက်တာ မဟုတ်လား?"

ကျန်းရီက နှုတ်ခမ်းများကို စေ့ထား၍ နှုတ်ဆိတ်နေ၏။သို့ပေမဲ့ မျက်ဝန်းများကတော့ အဖြေပေးနှင့်ပြီးသား ဖြစ်လေသည်။

"အဲ့ဒီလိုတွေ ဖြစ်ခဲ့တာကိုး"

ဝမ်ရွှမ်က သက်ပြင်းချပြန်၏။

"အဲ့ဒီလိုတွေ ဖြစ်ခဲ့တာကိုး။ငါ့ရဲ့ ဘဝနောက်ခံကြောင့်..."

တစ်ချိန်က ကျန်းရှောင်ချင်းဟာ ဝမ်ရွှမ့်အပေါ် အလွန်ကောင်းမွန်စွာ ဆက်ဆံခဲ့သော်လည်း ယခုတွင်မူ ထိုသို့ပြောင်းလဲသွားရခြင်းမှာ အံ့သြစရာတော့ မဟုတ်ချေ။သူ(မ)ကို ပြောင်းလဲစေခဲ့သော အကြောင်းအရာမှာ လူတိုင်းနီးပါး ပြောဆိုနေကြသော ကောလဟလများ​ မဟုတ်ဘဲ အမှန်တရားကြောင့်ဖြစ်သည်။

ထို့နောက် ကျန်းရှောင်ချင်းသည် လော့ချင်းချွမ်ကိုလည်း သတိပေးခဲ့သည်။လော့ချင်းချွမ်တစ်ယောက် ဝမ်ရွှမ်နှင့် ပတ်သတ်လွန်းပြီး ဆိုးဆိုးရွားရွား အန္တရာယ်ကြုံရမည်ကို စိုးရိမ်ခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။လော့ချင်းချွမ်ကို အမှန်အတိုင်း ပြောခဲ့ခြင်းလား၊ဖျောင်းဖျရန် သူ(မ)နှင့် လော့ချင်းချွမ်အကြားမှ ဆက်ဆံရေးဖြင့် ခြိမ်း
ခြောက်ခဲ့ခြင်းလားတော့ ဝမ်ရွှမ် မသိနိုင်ပေ။

"ရှစ်ရှုန်း စိတ်မညစ်ပါနဲ့။ကျွန်တော် အရင်က ပြောခဲ့တယ် မဟုတ်လား။သူတို့ အခုလို ဆက်ဆံနေကြတဲ့ အပြုအမူတွေက အစ်ကို့အနေနဲ့ သူတို့အပေါ် ဆက်ပြီး ဂရုစိုက် ချစ်ခင်ပေးစရာ မလိုတော့ဘူးဆိုတာကို သက်သေပြနေတာပဲလို့"

ကျန်းရီက ဝမ်ရွှမ့်လက်ကို ဆုပ်ကိုင်ရင်း အသာ
အယာပုတ်ပေး၏။

"ပြီးတော့...."

ကျန်းရီသည် ခေါင်းငုံ့လျက် အသံကို ထပ်မတိုးနိုင်တော့သည်အထိ တိုးညှင်းရင်း။

"အမှန်အတိုင်း ပြောရရင် အရင်တုန်းက အစ်ကို သူတို့နဲ့အတူ အချိန်ဖြုန်းနေတာ မြင်ရတိုင်း ကျွန်
တော် အရမ်း သဝန်တိုခဲ့ရတာ"

ဝမ်ရွှမ်က ခေါင်းကို ပွတ်သပ်ပေးလျက်။

"မင်းကတော့လေ..."

ကျန်းရီက ခေါင်းလေးကို အုပ်ရင်း အနောက်ပြန်ဆုတ်လျက် နှုတ်ခမ်းများကို စေ့ပိတ်ထားလေသည်။

သို့ပေမဲ့ ဝမ်ရွှမ့် စိတ်အခြေအနေဟာ ယခင်ကထက် ပိုအဆင်ပြေလာခဲ့သည်။လက်ရှိ အခြေအ
နေကို အသုံးချ၍ ကျန်းရီနှင့်အတူ စိတ်ပြေရာပြေကြောင်း ဖလှယ်ရခြင်းကား သင့်တော်သည်ဟု ခံစားမိခဲ့သည်။

"မင်း ဂူပိတ်ကျင့်ကြံအုံးမယ်လို့ ပြောခဲ့တယ် မဟု
တ်လား?"

"ပြင်ဆင်တာကရော ဘယ်လိုလဲ?"

"အခုလာမယ့် ရက်ပိုင်းအတွင်း ဝင်ဖြစ်မယ်ထင်တယ်"

"ရှစ်ဖူက ကျွန်တော်နဲ့ သင့်တော်တဲ့ ကျင့်ကြံခြင်းနည်းလမ်းကိုလည်း ရှာပေးထားပြီးပြီ"

"ဒါဆိုရင် စိတ်ချလက်ချ သွားပါ။ငါနဲ့ ဒီမှာဖြစ်နေတဲ့ ကိစ္စတွေကို တွေးပြီး စိတ်ပူမနေနဲ့တော့"

"ကျွန်တော်လည်း အဲ့တာ ပြောမလို့ပဲ"

"အစ်ကို့နေရာက တော်တော်လေး တိတ်ဆိတ်နေတော့ ကျွန်တော် ဒီမှာပဲ ဂူပိတ်ကျင့်ကြံလိုက်ရင်ရော?"

ထိုစကားကို ဝမ်ရွှမ် ကြားရသော် မျက်နှာထားမှာ ပိုတည်တင်းလာရတော့သည်။

"အတင့်ရဲလိုက်တာ! ကျန်းရှစ်တိ မင်း အာရုံစိုက်ပြီး ဂူပိတ်ကျင့်ကြံမယ့် စိတ်ကူးရော ရှိသေးရဲ့လား?"

အပြစ်တင်ခံလိုက်ရခြင်းကြောင့် ကျန်းရီခမျာမှာ သုန်မှုန်နေသော မျက်နှာဖြင့် ခေါင်းငုံ့နေလေသ
ည်။

သို့ပေမဲ့ ဝမ်ရွှမ်ဟာ ကျန်းရီ သူ့ကို စိတ်ပူ၍ ထုတ်​ပြောခြင်းဖြစ်ကြောင်း နားလည်သည့်အတွက် အ
မူအရာကို လျင်မြန်စွာ ပြန်ဖြေလျှော့ရင်း ညင်
သာသော လေသံဖြင့် ချော့မော့၏။

"မင်း ငါ့ကို စိတ်ပူလို့ ပြောမှန်း နားလည်ပါတယ်။ဒါပေမယ့် မင်း စိတ်ချပါ။ငါက မင်းထင်သလော
က် ယူကျုံးမရဖြစ်ပြီး စိတ်ပျက်လက်ပျက်ဖြစ်နေမယ့် လူစားမျိုး မဟုတ်ပါဘူး။ပြီးတော့ မင်း ဂူပိတ်ကျင့်ကြံတာနဲ့ ငါလည်း ဂူပိတ်ကျင့်ကြံတော့မှာပဲလေ"

ထိုအကြောင်းကို ပြောရလျှင် ယခင်တုန်းက ဝမ်ရွှမ်သည် သုံးနှစ်မှ ငါးနှစ်အထိ ဂူပိတ်ကျင့်ကြံလေ့ရှိသည်။ထိုသို့ ကျင့်ကြံနေစဥ်အတွင်း မည်
သူ တစ်ဦး၊တစ်ယောက်နှင့်မျှ မတွေ့သည့်အပြင် အထီးကျန်ဆန်သော ခံစားချက်တို့ မရှိဘဲ အပူအ
ပင်ကင်းစွာ ဖြတ်သန်းခဲ့သည်။ထို့ကြောင့် လက်ရှိအချိန်တွင် ခံစားနေရသမျှသည် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနေခြင်းကြောင့်သာဖြစ်ကြောင်း သက်
သေပြနိုင်သည်။

ဆွေးနွှေးမှုက ဤအခြေအနေအထိ ရောက်လာပြီဖြစ်၍ ကျန်းရီအနေနှင့် မူလအကြံကို စွန့်လွှတ်၍ ချီကျိပိုင်ရှိရာ ကျောင်းတော်သို့ ပြန်ရပေတော့မ
ည်။

အမှန်ဆိုရသော် အခြားအမြင်တစ်မျိုးမှ ကြည့်လျှင်လည်း ချီကျိပိုင်၏ နေရာက ကျန်းရီအတွ
က် ဂူပိတ်ကျင့်ကြံရန် အသင့်တော်ဆုံးနေရာဖြစ်
သည်။

သို့ပေမဲ့ ကျန်းရီကတော့ ဝမ်ရွှမ့် ကျောက်ဂူမှ ထွ
က်သွားသည်နှင့် ခြေတစ်လှမ်း လှမ်းပြီးတိုင်း တ
စ်ကြိမ်ခန့် နောက်ပြန်လှည့်ကြည့်ပြီး မသွားချင့်တချင် တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေလေသည်။ဝမ်ရွှမ့်ခမျာမှာ ထိုမြင်ကွင်းကို ကြည့်ရင်း ရယ်ရအ
ခက်၊ငိုရအခက်သာ။

သို့နှင့် ကျန်းရီ ထွက်သွားပြီးနောက် ဝမ်ရွှမ်သည် အသက်ပြင်းပြင်း ရှုသွင်းလျက် ပါးပြင်ကို ရိုက်
ပုတ်ပြီး ကျင့်ကြံခြင်းနည်းလမ်းအပေါ် အပြည့်အဝ အာရုံစိုက်လိုက်သည်။

ဤနည်းဖြင့် အချိန်ကုန်ဆုံးသွားခဲ့သည်။မျက်စိတစ်မှိတ်အတွင်း၌ နှစ်တစ်ဝက်ခန့် ကုန်လွန်သွားခဲ့သည်။လွန်ခဲ့သော နှစ်တစ်ဝက်အတွင်း ဝမ်ရွှမ်သည် ဂူပိတ်ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ခဲ့ပြီး ရံဖန်ရံခါမှသာ လေကောင်းလေသန့် ရှုငင်ရန် အ
ပြင်ထွက်လေ့ရှိသည်။သူနှင့်ပတ်သတ်၍ တံခွန်တိမ်ဂိုဏ်းအတွင်းမှ အခြေအနေက တိုးတက်ခြ
င်းအလျဥ်း မရှိသော်လည်း ကောင်းသောအချက်မှာ သူကိုယ်တိုင်ကလည်း အားလုံးကို ဥပေက္ခာ
ပြုလိုက်ပြီး ဂိုဏ်းတူတပည့်များကလည်း သူ၏
ခံစားချက်ကင်းမဲ့သော နေထိုင်မှုပုံစံကို အသား
ကျနေပြီဖြစ်သည်။ဂိုဏ်းချုပ် ကျီကျစ်အန်းသည်လည်း ပြသနာရှာခြင်းမျိုး ထပ်မလုပ်တော့ဘဲ ဂိုဏ်းထဲတွင် ဝမ်ရွှမ်ဟူသော တပည့်တစ်ယောက် မရှိ၊မသိဟုသာ သတ်မှတ်၍ မမြင်ချင်ဟန်ဆော
င်ထားလေသည်။

လက်ရှိတွင် ကျီကျစ်အန်းကို ခေါင်းအကိုက်စေဆုံး ပြသနာမှာ ပုန်းကွယ်နေသော နတ်မိစ္ဆာ​ကြီး လုံးဝ လွတ်မြောက်သွားခြင်းဖြစ်သည်။

အစပိုင်းတွင် လူတိုင်းက ထိုနတ်မိစ္ဆာ မည်မျှအစွ
မ်းထက်နေပါစေ ဝိဥာဥ်ပျိုးစကျင့်ကြံသူများ၏ ပူးပေါင်းထိန်းချုပ်မှာအောက်တွင် မည်သို့သော ပြသနာမျိုးကိုမှ ဖန်တီးနိုင်မည်မဟုတ်ဟု ထင်မှ
တ်ခဲ့ကြသော်လည်း လက်တွေ့တွင် လူတိုင်း၏ ထင်မြင်ယူဆချက်ထက် ကျော်လွန်သွားခဲ့သည်။

ထိုနတ်မိစ္ဆာကား ပုန်းကွယ်နေခြင်းကြောင့် ဝိဥာဥ်ပျိုးစကျင့်ကြံသူများလည်း ရှာမတွေ့ခဲ့ချေ။သို့
ပေမဲ့ ပုန်းကွယ်နေရာမှ တစ်ကြိမ်ပေါ်လာသည်နှင့် ကျင့်ကြံသူပေါင်းများစွာ၏ အသက်ကိုပါ နှုတ်ယူသွားလေ့ရှိသည်။အချိန်ကြာလာသည်နှင့်အမျှ လူထုကို ပိုထိတ်လန့်စေသည်မှာ နတ်မိစ္ဆာ၏ အစွ
မ်းက ပိုအားကောင်းသထက် ကောင်းလာပြီး များမကြာသေးမီ လများအတွင်း ဂိုဏ်းငယ်များကိုပါ စတင်တိုက်ခိုက်လာခဲ့သည်။

ဝိဥာဥ်ပျိုးစကျင့်ကြံသူများသည် ထိုနတ်မိစ္ဆာကို လိုက်ဖမ်းရင်း မူလတုန်းက နတ်မိစ္ဆာတစ်ကောင်ထဲ လှုပ်ရှားခဲ့သော်လည်း နောက်ပိုင်းတွင် နောက်
လိုက်မိစ္ဆာငယ်များပါ တစုတဝေးတည်း ပေါင်းစ
ည်းသွားကြောင်း သတိပြုမိခဲ့သည်။လူ့လောကတွင် သိုသိပ်စွာ ပုန်းအောင်းနေကြသော မိစ္ဆာငယ်များလည်း ထိုနတ်မိစ္ဆာနှင့် ပူးပေါင်းသွားကြသ
ည်။

နောက်ဆုံးတွင် ဝိဥာဥ်ပျိုးစကျင့်ကြံသူများလည်း နတ်မိစ္ဆာ၏ အကြံအစည်ကို နားလည်သွားပြီး လွ
တ်မြောက်သွားသော မိစ္ဆာငယ်များကို လိုက်ဖမ်းရန် အပူတပြင်း ကြိုးစားကြသော်လည်း နတ်မိစ္ဆာက ၎င်းတို့အားလုံးကို သူနှင့်အတူ ခေါ်ဆောင်ထားပြီးသားဖြစ်နေချေပြီ။

အဆုံးသတ်တွင် ဝိဥာဥ်ပျိုးစကျင့်ကြံသူများ ရှာတွေ့ခဲ့သည့် တစ်ကောင်တည်းသော မိစ္ဆာငယ်မှာ ချူလျန့်လက်ထဲတွင် အဖမ်းခံထားရသော အရိပ်နတ်ဆိုးဖြစ်သည်။

"ငါတို့ ထောင်ချောက်ဆင်မလား?ပြီးရင် အဲ့ဒီနတ်
မိစ္ဆာကို မျှားခေါ်ကြည့်ရင်ရော?"

"ငါးစာအဖြစ် သုံးလို့ရပါ့မလား?"

"ကြိုးစားကြည့်လို့ရတယ်။အနည်းဆုံးတော့ အရိ
ပ်နတ်ဆိုးကလည်း အဲ့ဒီနတ်မိစ္ဆာရဲ့ နောက်လိုက်အပေါင်းအပါဖြ​စ်နေတုန်းပဲ"

သို့နှင့် ဝိဥာဥ်ပျိုးစကျင့်ကြံသူများလည်း ထိုနည်းအတိုင်း ​ထောင်ချောက်ဆင်ရန် ဆုံးဖြတ်ပြီး သ
ဘောတူခဲ့ကြသည်။သို့ပေမဲ့ ချူလျန်ကတော့ ဂု
ဏ်ရှိန်ဝင့်ကြွားပြီး မာနကြီးသူဖြစ်သည့်အလျော
က် အခြားသော ဝိဥာဥ်ပျိုးစကျင့်ကြံသူများနှင့် အတူတကွ တိုက်ခိုက်လိုစိတ်မရှိဘဲ တံခွန်တိမ်တို
က်ဂိုဏ်းသို့ ပြန်၍ ကျီကျစ်အန်းနှင့် ဆွေးနွှေးမှုအ
ချို့ ပြုလုပ်ပြီး ဂိုဏ်း၏ အထောက်အပံ့ဖြင့် မန္တန်စည်းများကိုသာ ပိုတင်းကြပ်စွာ စီရင်ခဲ့သည်။

ထိုမန္တန်စည်းအခင်းအကျင်းကို လူသူကင်းမဲ့သော တောင်တန်းပေါ်တွင် စီရင်ထားခဲ့သည်။ကျီကျစ်အန်း၏ အဆိုအရ ထိုအခင်းအကျင်းသည် ဂိုဏ်း၏ အကာအကွယ်စည်းလောက် အရည်အ
သွေး မကောင်းလှသော်လည်း သိပ်တော့ မကွာလှချေ။ချူလျန်သည် အရိပ်နတ်ဆိုးကို အခင်းအ
ကျင်း အလယ်တွင် ထည့်ထားပြီး နတ်မိစ္ဆာကို ထောင်ဖမ်းရန် စိတ်ရှည်စွာ စောင့်ဆိုင်းခဲ့သည်။အခြားသော ဝိဥာဥ်ပျိုးစကျင့်ကြံသူများလည်း ဤပြသနာကို ချူလျန့်တစ်ဦးတည်းအပေါ် လွှဲချ
ခဲ့ခြင်းမျိုး မလုပ်ဘဲ လိုအပ်ပါက အကူအညီပေးရန် အသင့်စောင့်နေကြသည်။

ဤသည်မှာ ပြီးပြည့်စုံသော ထောင်ချောက်ဖြစ်ဟန်ရှိသည်။နတ်မိစ္ဆာဟာ သူတို့၏ အစီအစဥ်ကို ပြောင်းပြန်လှန်၍ လွတ်မြောက်သွားလိမ့်မည်ဟု မယုံကြချေ။သူတို့ စိုးရိမ်နေသည့် တစ်ခုတည်းသော ​အရာမှာ မြှားခေါ်ထားသော ထောင်ချောက်ထဲသို့ ဝင်မလာခဲ့လျှင် မည်သို့ဆက်လုပ်သင့်သန
ည်းဟူသော မေးခွန်းဖြစ်သည်။

နောက်ဆုံးတွင် နတ်မိစ္ဆာက အမှန်တကယ် ပေါ်ထွ
က်လာခဲ့သည်။

သို့ပေမဲ့ နောက်ဆက်တွဲ အကျိုးဆက်က အများမျှော်မှန်းထားသည်ထက် အဆပေါင်းများစွာ ဆိုး
ရွားသွားခဲ့သည်။

ဝမ်ရွှမ် ဂူပိတ်ကျင့်ကြံနေစဥ်အတွင်း အလွန် ထိ
တ်လန့် တုန်လှုပ်ဖွယ်ကောင်းသော သတင်းကို ကြားလိုက်ရလေသည်။

နတ်မိစ္ဆာသည် မန္တန်စည်း အခင်းအကျင်းကို ချိုး
ဖျက်ပြီး အခင်းအကျင်းကို စောင့်ကြပ်နေသော ချူလျန်နှင့် ကျီကျစ်အန်းတို့ကို အကြီးအကျယ် ထိခိုက်ဒဏ်ရာရစေလျက် ငါးစာအဖြစ် အသုံးချခံထားရသော အရိပ်နတ်ဆိုးကို သူနှင့်အတူ ပြန်ခေါ်သွားသည်ဟူသော သတင်းပင်။

-

-

-

-
.................

နောက်လာမယ့်Chapter 64ရဲ့ခေါင်းစဥ်က(ချူလျန်ပါဝင်သော​နောက်ဆုံးအခန်း)ပါတဲ့ရှင်။ Chapter 62ကလေnotiတွေမတက်၊errorတက်
နေတဲ့နေ့က တင်လိုက်တာမို့ မသိလိုက်တဲ့ လူတွေရှိရင် 62 အရင်ဖတ်လိုက်ပါအုံးနော်။

...................................××...................................

က်န္းရီထံမွ ယုံၾကည္မႈအျပည့္ႏွင့္ ရဲရင့္ေသာ စကားကို ၾကားလိုက္ရျခင္းေၾကာင့္ ခ်ီက်ိပိုင္သည္အတန္ငယ္ၾကာသည္အထိ ျပန္မေျပာနိုင္ေတာ့ဘဲသက္ျပင္းသာခ်၏။

"မင္းလို တပည့္တစ္ေယာက္ ရလိုက္တာ ငါ အတိ
တ္ဘဝတုန္းက က်ဴးလြန္ခဲ့တဲ့ အျပစ္ေႂကြးေတြ
ေၾကာင့္ပဲ ျဖစ္မယ္"

"ရွစ္ဖူ ဘာျဖစ္လို႔ ဒီလိုေျပာရတာလဲ?"

"ကြၽန္ေတာ္ ရွစ္ဖူကို ေပးခဲ့တဲ့ ကတိအတိုင္း မလုပ္
ေပးနိုင္မွာ စိုးလို႔လား?"

"ကတိမတည္ခင္ မင္း အရင္ေသသြားမွာ ေၾကာက္လို႔ေဟ့!"

ခ်ီက်ိပိုင္က ဝတ္႐ုံလက္ကို ခါထုတ္၍ မေက်မခ်မ္း ဆို၏။

က်န္းရီ ၿပဳံးလိုက္ေသာ္လည္း ခ်ီက်ိပိုင္ႏွင့္ စကားဆက္မေျပာေတာ့ဘဲ ျပတင္းေပါက္မွတဆင့္ အျပင္ဘက္သို႔ လွမ္းၾကည့္လိုက္သည္။ေတာင္ဆင္းလမ္းေလးကို ဤျပတင္းေပါက္မွ လွမ္းျမင္ေနရသည္။ထိုအခ်ိန္တြင္ ဝမ္႐ႊမ္သည္ ေတာင္ေပၚမွ ဆင္း၍ ေတာင္ဆင္းလမ္းအတိုင္း ဆက္ေလွ်ာက္ေန၏။

လမ္းတစ္ေလွ်ာက္တြင္ ဝမ္႐ႊမ့္ ပုံရိပ္က အထီးက်န္ဆန္ေနၿပီး ေဘးဘက္မွ လမ္းသြားလမ္းလာတို႔၏ အၾကည့္မ်ားကို ဗလာက်င္းေနေသာ အၾကည့္မ်ားျဖင့္သာ တုံ႕ျပန္ခဲ့သည္။သူသည္ မည္သူ တစ္ဦး၊တစ္ေယာက္ကိုမွ အဖတ္မလုပ္သလို အျခားလူမ်ားကလည္း သူ႕ႏွင့္ အေရာတဝင္မေနၾကေခ်။ႏွစ္ဖက္စလုံးသည္ ကမၻာတစ္ဖက္ျခမ္းစီတြင္ ေနထိုင္ၾကသူမ်ားပမာ။

က်န္းရီသည္ ဂိုဏ္းအတြင္း၌ ယခုလို အေျခအေနမ်ိဳးကို ဝမ္႐ႊမ္ ႀကဳံေနရျခင္းေၾကာင့္ အထီးက်န္ေနလိမ့္မည္ဟု ေတြးမိ၍ စိတ္မေကာင္းျဖစ္သြားရေသာ္လည္း တစ္ခ်ိန္တည္းမွာပင္ တိတ္တခိုး ေပ်ာ္႐ႊင္မႈက ႏွလုံးသားအေျခမွ ဆန္တက္လာခဲ့သည္။

လမ္းအဆုံးသို႔ ေရာက္ခါနီးတြင္ လူတစ္ဦးက ႐ုတ္တရက္ ေပၚထြက္လာၿပီး ဝမ္႐ႊမ့္ လမ္းကို ပိတ္ဆို႔လိုက္သည္။

အႏွီ ႐ုတ္တရက္ ေပၚထြက္လာသူသည္ မ်ားမၾကာမီ အခ်ိန္ေလးကပင္ ဝမ္႐ႊမ့္ ေနရာမွ ထြက္လာေသာ ေလာ့ခ်င္းခြၽမ္ျဖစ္ေန၏။

ေလာ့ခ်င္းခြၽမ္သည္ အမွန္တကယ္ ပ်င္းစရာေကာင္းေသာ လူစားမ်ိဳးျဖစ္သည္။ဝမ္႐ႊမ့္ လမ္းကို ပိတ္ဆို႔ေသာ္ျငားလည္း မယ္မယ္ရရ လုပ္စရာ မရွိပါဘဲ အေရွ႕တည့္တည့္တြင္ ပိတ္ရပ္ၿပီး ၾကမ္းၾကမ္းတမ္းတမ္း စကားမ်ားကို ေဆာင့္ေအာင့္၍ ေျပာဆိုသြားျခင္းသာ။ထိုအလုပ္ကပင္ သူ၏ တစ္ေန႕တာကို ၿပီးျပည့္စုံသြားေစသည့္အလား မွတ္ထင္ရသည္။

သို႔ေပမဲ့ ေလာ့ခ်င္းခြၽမ္၏ ကေလးဆန္ေသာ အျပဳအမူက ဝမ္႐ႊမ့္ကို အတန္ငေပ်ာ္႐ႊင္ေစျခင္းေၾကာင့္ မ်က္ႏွာအမူအရာသည္ပင္ ေျပေလ်ာ့သြားခဲ့သည္။

က်န္းရီသည္ ထိုျမင္ကြင္းကို အေပၚမွ လွမ္းၾကည့္ရင္းျပတင္းေပါက္ေဘာင္ကို သတိလက္လြတ္ ကုတ္ျခစ္လိုက္ေလသည္။

"ေဟ့ ပန္းခ်ီကားကို မဖ်က္ဆီးနဲ႕ေလ"

ခ်ီက်ိပိုင္က က်န္းရီ၏ လက္ေခ်ာင္းမ်ားကို ပုတ္၍ သတိေပးလိုက္သည္။

ကံေကာင္းေထာက္မစြာျဖင့္၊ ေလာ့ခ်င္းခြၽမ္က ဝမ္႐ႊမ္ႏွင့္ ခပ္ျမန္ျမန္ လမ္းခြဲသြားခဲ့သည္။က်န္းရီသည္လည္း ကုတ္ျခစ္ေနေသာ လက္ေခ်ာင္းမ်ားကို ေျဖေလ်ာ့ပစ္လိုက္သည္။ေနာက္ဆုံးတြင္ ျပတင္းေပါက္ေဘာင္မွ ေဆးပန္းခ်ီမ်ားလည္း ေဘးကင္းသြားရေခ်ၿပီ။သို႔ေသာ္ ေလာ့ခ်င္းခြၽမ္ကို စိုက္ၾကည့္ေနေသာ က်န္းရီ၏ အၾကည့္မ်ားျဖင့္ မလိုမုန္းထားစိတ္အျပည့္ျဖင့္ ရန္လိုေနခဲ့သည္။

ခ်ီက်ိပိုင္သည္ ႐ုတ္တရက္ ထြက္လာေသာ 'လမ္း
ေလွ်ာက္ ျပသနာအိုး' တူေလးေလာ့အတြက္ ခဏမွ် ၿငိမ္သက္ေပးလိုက္သည္။ထို႔အျပင္ က်န္းရီ၏ ပုံမွန္မဟုတ္ေသာ ပိုင္စိုးပိုင္နင္းဆန္လွသည့္ စိတ္ဓာတ္ေၾကာင့္ ဤေနရာတြင္ ဆက္ထိုင္မေနေတာ့ဘဲ ထရပ္၍ ႏႈတ္ဆက္ၿပီး မီးလင္းဖိုရွိရာ အခန္းသို႔ ျပန္ထြက္သြားခဲ့သည္။

က်န္းရီ၏ အမူအရာဟာ ခဏၾကာသည္အထိ သုန္မႈန္သြားရေသာ္လည္း တျဖည္းျဖည္း တည္ၾကည္လာခဲ့သည္။သူ မႀကိဳက္ေသာ္လည္း တစ္ခုခု လုပ္လိုသည့္ ဆႏၵမ်ိဳး မရွိ။ေလာ့ခ်င္းခြၽမ္အေပၚ က်န္းရီ၏ ေဒါသက သိပ္မရွည္ၾကာခဲ့ေပ။အဘယ့္ေၾကာင့္ဆိုေသာ္ ဒါေတြဟာ ခဏတာ အပိုင္းအျခားကာလသာ ျဖစ္ေၾကာင္း သူနားလည္ထားျခင္းေၾကာင့္ပင္။

ထို႔ေနာက္ ရက္အနည္းငယ္ ထပ္ၾကာသြားခဲ့သည္။က်န္းရီသည္ သူလိုအပ္ေသာ က်င့္ႀကံျခင္းနည္းလမ္းကို အသည္းအသန္ ပုံေဖာ္ခဲ့ၿပီး ေနာက္ဆုံးတြင္ ေအာင္ျမင္မႈကို ျမင္လာခဲ့သည္။သို႔ေသာ္ ဝမ္႐ႊမ့္ေရွ႕သို႔ ျပန္သြားလိုပါက မ်က္ႏွာအေရာင္ကို အရင္ဆုံး ျပန္သက္သာေအာင္ လုပ္ရေပမည္။

လြန္ခဲ့ေသာ ရက္အတြင္း၊ ဝမ္႐ႊမ္သည္ ေက်ာက္ဂူထဲတြင္သာ ေနထိုင္ၿပီး ဘယ္ကိုမွ ထြက္မသြားခဲ့ေပ။ေလာ့ခ်င္းခြၽမ္က ဝမ္႐ႊမ္ႏွင့္ ရန္ျဖစ္ရန္ ေန႕တိုင္းလိုလို ေရာက္လာတတ္ျခင္းေၾကာင့္ အနည္းငယ္ စိတ္သက္သာေစခဲ့သည္။ယေန႕တြင္ ေလာ့ခ်င္းခြၽမ္ ရန္လာရွာေနၾက အခ်ိန္သို႔ေရာက္ခါနီးၿပီျဖစ္သည့္အတြက္ ဝမ္႐ႊမ္သည္ တံခါးဝတြင္ စိတ္ျမန္လက္ျမန္ ထရပ္ၿပီး လွမ္းၾကည့္လိုက္သည္။

သူထင္ထားသည့္အတိုင္း ေလာ့ခ်င္းခြၽမ္က ရန္ေထာင္ရန္ အေရာက္လာေနေခ်ၿပီ။သို႔ေသာ္လည္း လူတစ္ေယာက္က သူ႕ကို ေတာင္ေျခတြင္ လာတား၍ စကားဝင္ေျပာ၏။

ဝမ္႐ႊမ္ အာ႐ုံစိုက္ၿပီး ၾကည့္လိုက္ရာ ေလာ့ခ်င္းခြၽမ္ႏွင့္ စကားေျပာေနသူသည္ က်န္းေရွာင္ခ်င္းမွတပါး အျခားမျဖစ္နိုင္ေခ်။က်န္းေရွာင္ခ်င္းက သူ႕ကို ျမင္သည္ႏွင့္ ငွက္ကေလးပမာ လွစ္ခနဲ ေျပးသြားပုံကိုပါ ျပန္အမွတ္ရသြားၿပီး ဝမ္႐ႊမ့္ ႏွလုံးသားတစ္စုံလုံး မြန္းက်ပ္သြားရသည္။

ေလာ့ခ်င္းခြၽမ္သည္ က်န္းေရွာင္ခ်င္းအေပၚ အၿမဲတမ္း အစြဲအလမ္းရွိေသာ္လည္း ယခုလို အတားခံလိုက္ရခ်ိန္တြင္ အနည္းငယ္ စိတ္လႈပ္ရွားၿပီး တုန္လႈပ္သြားခဲ့သည္။ထို႔ေနာက္ က်န္းေရွာင္ခ်င္း ေျပာလိုက္ေသာ စကားကို မၾကားရေသာ္လည္း ေလာ့ခ်င္းခြၽမ္၏ အမူအရာက
သိသိသာသာကို ပ်က္ယြင္းသြားခဲ့သည္။

ထို႔ေနာက္ ဝမ္႐ႊမ္ရွိရာသို႔ အံ့ၾသတႀကီး လွမ္းၾကည့္လိုက္စဥ္တြင္ ဝမ္႐ႊမ္ႏွင့္ တိုက္တိုက္ဆိုင္ဆိုင္ အၾကည့္ဆုံသြားၿပီး အမူအရာက ကိုးရို႔ကားယား ေျပာင္းလဲသြားလ်က္ ခပ္ျမန္ျမန္ အၾကည့္လႊဲလိုက္သည္။

က်န္းေရွာင္ခ်င္းက ဆက္ေျပာ၏။၎ကိုလည္း ဝမ္႐ႊမ္ အေသအခ်ာ မၾကားရေသာ္ျငား သတိေပးစကားအခ်ိဳ႕ျဖစ္မည္ဟု ခန္မွန္းလိုက္နိုင္သည္။

က်န္းေရွာင္ခ်င္း ထြက္သြားၿပီးေနာက္ ေလာ့ခ်င္းခြၽမ္က ေနာက္တစ္ႀကိမ္ ထပ္ၾကည့္၏။ဤတစ္ႀကိမ္တြင္ ဝမ္႐ႊမ့္ကို ၾကည့္ေသာ အၾကည့္မ်ားက ပိုရႈပ္ေထြးလာၿပီး အေရွ႕သို႔ ေျခႏွစ္လွမ္းတိုး၍ တစ္စုံတစ္ခုကို ထုတ္ေျပာေတာ့မည့္အတိုင္း လက္ျမႇောက္လိုက္ေသာ္လည္း ေခါင္းခါၿပီးေနာက္ လာရာလမ္းအတိုင္း လွည့္ျပန္သြားေတာ့သည္။

ဝမ္႐ႊမ့္ကို ေလာ့ခ်င္းခြၽမ္ ႏွောင့္ယွက္ေနရေသာအေၾကာင္းအရင္းမွာ သူကိုယ္တိုင္ မထိန္းခ်ဳပ္နိုင္ေသာအတၱေၾကာင့္ျဖစ္ၿပီး ႏွိုင္းယွဥ္ရလွ်င္ေတာ့ က်န္းေရွာင္ခ်င္းအေပၚ အခ်ိန္တိုင္း ျမတ္နိုးခဲ့ေသာ အခ်စ္က သူ႕ကိုယ္ပိုင္ အတၱထက္ ပိုအေရးႀကီးေနေသးသည္။

ထိုအခ်ိန္မွစ၍ ေလာ့ခ်င္းခြၽမ္သည္လည္း ဝမ္႐ႊမ့္ေနရာသို႔ ဘယ္ေသာအခါမွ ထပ္မလာေတာ့ဘဲ အျခားဂိုဏ္းတူတပည့္မ်ားအတိုင္း ခပ္ကင္းကင္း ေနခဲ့သည္။

ဝမ္႐ႊမ္သည္ ေက်ာက္ဂူထဲတြင္ ထိုင္၍ သူ႕ကိုယ္သူ ေလွာင္ရယ္လိုက္သည္။စားပြဲေပၚတြင္ က်န္းရီပို႔ထားေသာ စာမ်ားသာ အပုံလိုက္ရွိေနသည္။ရံဖန္ရံခါတြင္ ဝမ္႐ႊမ္သည္ က်န္းရီက အလြန္ တြယ္ကပ္လြန္းသည္ဟု ထင္မိေသာ္လည္း ယခုအခ်ိန္တြင္မူ က်န္းရီ၏ စာမ်ားကသာ သူ႕အတြက္ တစ္ခုတည္းေသာ ႏွစ္သိမ့္မႈျဖစ္လာခဲ့သည္။

ေနာက္တစ္ေန႕ နံနက္တြင္ က်န္းရီ ပို႔ေနက် စာလႊာေလးပင္ ေရာက္မလာေတာ့ေခ်။

ဝမ္႐ႊမ္သည္ ေန႕လည္စာ စားၿပီးသည့္တိုင္ေအာင္ အျပင္ဘက္ကို ထပ္ကာတလဲလဲ လွမ္းၾကည့္၍ ထူးဆန္းသည္ဟု ေတြးေနစဥ္တြင္ အျပင္ဘက္မွ ခုန္ဆြခုန္ဆြျဖင့္ တက္ႂကြစြာ အေျပးလာေနေသာ အရိပ္ေလးက သူ႕အေရွ႕တည့္တည့္တြင္ ရပ္လာခဲ့သည္။ေနာက္ဆုံးတြင္ က်န္းရီသည္ ခ်ီက်ိပိုင္၏ အဂၢိရတ္ေက်ာင္းမွ ျပန္ထြက္လာခဲ့ေခ်ၿပီ။

"ရွစ္ရႈန္း!"

က်န္းရီသည္ လြန္ခဲ့ေသာ ရက္မ်ားအတြင္း အျပည့္အဝ ျပန္ေကာင္းသည္အထိ ဂ႐ုစိုက္ခဲ့ၿပီး ဝမ္႐ႊမ့္ကို ျမင္သည္ႏွင့္ ခ်က္ခ်င္း တြယ္ဖက္လ်က္။

"မေတြ႕ရတာ ၾကာၿပီေနာ္။ကြၽန္ေတာ့္ကို လြမ္းရဲ႕လား?"

ဝမ္႐ႊမ္က ၿပဳံးျပရင္း ျပန္ေမးခဲ့သည္။

"မေတြ႕ရတာၾကာၿပီ?"

က်န္းရီက လက္ေခ်ာင္းမ်ားကို ျမႇောက္၍ ေရတြက္ၾကည့္ၿပီးေနာက္ ေျခာက္ကပ္စြာ ရယ္ေမာလာ၏။

"ၾကည့္ရတာ.....ငါးရက္ၾကာသြားၿပီထင္တယ္ေနာ့္"

ငါးရက္။ ငါးရက္မွ်သာ ၾကာျမင့္ခဲ့သည္။ငါးရက္ဟူေသာ အခ်ိန္ကာလက ေရတြက္ၾကည့္လွ်င္ မမ်ားလွေသာ္ျငား ဝမ္႐ႊမ္ကိုယ္တိုင္လည္း အခ်ိန္အေတာ္ၾကာသြားသလို ခံစားခဲ့ရသည္။ဤတစ္ႀကိမ္တြင္ က်န္းရီကို ျပန္ေတြ႕ရျခင္းေၾကာင့္ သူ အလြန္ ေပ်ာ္႐ႊင္ေနခဲ့သည္။

ထို႔ေနာက္ ၿပဳံးျပလ်က္ က်န္းရီ၏ ေခါင္းေလးကို ပြတ္သပ္ေပးရင္း အေလးနက္ဆုံး ျပန္ေျဖေပးလိုက္သည္။

"ငါ မင္းကို အရမ္းလြမ္းတယ္"

က်န္းရီသည္ ဝမ္႐ႊမ့္ သက္ျပင္းရွိုက္သံကို ၾကားရခ်ိန္တြင္ စိတ္ထဲ၌ ပီတိျဖစ္စျပဳလာၿပီး ျဖစ္ပ်က္ခဲ့သမွ်ကို အလ်င္စလို ေမးျမန္းလိုက္သည္။

ဝမ္႐ႊမ္က ေလာ့ခ်င္းခြၽမ္ႏွင့္ ျဖစ္ပ်က္ခဲ့ေသာ ကိစၥကိုရွင္းျပခဲ့သည္။က်န္းရီသည္ တစ္ေန႕တြင္ ယခုလို ျဖစ္လာမည္ကို ႀကိဳသိၿပီးသားျဖစ္ေသာ္လည္း ဝမ္႐ႊမ္ ရင္ဖြင့္လာခ်ိန္၌ အာ႐ုံစိုက္၍ နားေထာင္ေပးေနၿမဲပင္။

"ရွစ္ရႈန္း"

နားေထာင္ၿပီးသည္ႏွင့္ ဝမ္႐ႊမ့္ကို ေမး၏။

"ဘာျဖစ္လို႔ ဒီလိုျဖစ္သြားရလဲဆိုတာကို သိခ်င္လား?"

ဝမ္႐ႊမ္ ခဏမွ် စဥ္းစားၿပီးေနာက္ ေခါင္းညိတ္ျပလိုက္သည္။

"က်န္းေရွာင္ခ်င္း.....အဲ့ဒီ က်န္းရွစ္က်ဲက "

"တကယ္ေတာ့ အစ္ကို႔ကို သေဘာက်ခဲ့ဖူးတယ္"

ဝမ္႐ႊမ္ အတန္ငယ္ အံ့ၾသသြားရေသာ္လည္း ၎ကို အေသအခ်ာ စဥ္းစားၾကည့္ၿပီးေနာက္၊ဤစကားက အမွန္ျဖစ္နိုင္သည္ဟု လက္ခံခဲ့သည္။

"ဒါေပမယ့္ သူ(မ)က ဂိုဏ္းခ်ဳပ္ရဲ႕ တပည့္တစ္ေယာက္ျဖစ္ေနတုန္းပဲေလ။ဟိုးအရင္တုန္းကေတာ့ ဂိုဏ္းခ်ဳပ္က အစ္ကို႔ကို အသုံးခ်ခ်င္တဲ့ ရည္႐ြယ္ခ်က္ရွိေနလို႔ဘာမွမေျပာဘဲ လႊတ္ထားေပမယ့္ ေနာက္ပိုင္း အစ္ကိုနဲ႕ ဂိုဏ္းခ်ဳပ္က ဆက္ဆံေရးေတြ အားလုံးနီးပါး ျဖတ္ေတာက္လိုက္ေတာ့ သူ႕အေနနဲ႕ သူ႕တပည့္က အဲ့ဒီလို ခံစားခ်က္မ်ိဳး ရွိေနတာကို ဘယ္လိုလုပ္ မသိခ်င္ေယာင္ေဆာင္ေပးနိုင္ေတာ့မလဲ?"

"အစ္ကို႔အေပၚ သူ႕တပည့္ရဲ႕ ခံစားခ်က္ေတြကို ျဖတ္ေတာက္ပစ္ဖို႔ သုံးခဲ့တဲ့ နည္းလမ္းကေတာ့ ရိုးရိုးေလးပဲ"

ဤစကားေၾကာင့္ ေနာက္ဆုံးတြင္ ဝမ္႐ႊမ္ နားလည္သြားခဲ့သည္။သို႔ႏွင့္ မ်က္လႊာခ်လ်က္ စားပြဲကို မွီရင္း သက္ျပင္းခ်လိဳက္သည္။

"ဂိုဏ္းခ်ဳပ္က သူ(မ)ကို အမွန္အတိုင္း ေျပာျပလိုက္တာ မဟုတ္လား?"

က်န္းရီက ႏႈတ္ခမ္းမ်ားကို ေစ့ထား၍ ႏႈတ္ဆိတ္ေန၏။သို႔ေပမဲ့ မ်က္ဝန္းမ်ားကေတာ့ အေျဖေပးႏွင့္ၿပီးသား ျဖစ္ေလသည္။

"အဲ့ဒီလိုေတြ ျဖစ္ခဲ့တာကိုး"

ဝမ္႐ႊမ္က သက္ျပင္းခ်ျပန္၏။

"အဲ့ဒီလိုေတြ ျဖစ္ခဲ့တာကိုး။ငါ့ရဲ႕ ဘဝေနာက္ခံေၾကာင့္.."

တစ္ခ်ိန္က က်န္းေရွာင္ခ်င္းဟာ ဝမ္႐ႊမ့္အေပၚ အလြန္ေကာင္းမြန္စြာ ဆက္ဆံခဲ့ေသာ္လည္း ယခုတြင္မူ ထိုသို႔ေျပာင္းလဲသြားရျခင္းမွာ အံ့ၾသစရာေတာ့ မဟုတ္ေခ်။သူ(မ)ကို ေျပာင္းလဲေစခဲ့ေသာ အေၾကာင္းအရာမွာ လူ
တိုင္းနီးပါး ေျပာဆိုေနၾကေသာ ေကာလဟလမ်ား မဟုတ္ဘဲ အမွန္တရားေၾကာင့္ျဖစ္သည္။

ထို႔ေနာက္ က်န္းေရွာင္ခ်င္းသည္ ေလာ့ခ်င္းခြၽမ္ကိုလည္း သတိေပးခဲ့သည္။ေလာ့ခ်င္းခြၽမ္တစ္ေယာက္ ဝမ္႐ႊမ္ႏွင့္ ပတ္သတ္လြန္းၿပီး ဆိုးဆိုး႐ြား႐ြား အႏၱရာယ္ႀကဳံရမည္ကို စိုးရိမ္ျခင္းေၾကာင့္ ျဖစ္ေကာင္းျဖစ္နိုင္သ
ည္။ေလာ့ခ်င္းခြၽမ္ကို အမွန္အတိုင္း ေျပာခဲ့ျခင္းလား၊ေဖ်ာင္းဖ်ရန္ သူ(မ)ႏွင့္ ေလာ့ခ်င္းခြၽမ္အၾကားမွ ဆက္ဆံေရးျဖင့္ ၿခိမ္းေျခာက္ခဲ့ျခင္းလားေတာ့ ဝမ္႐ႊမ္ မသိနိုင္ေပ။

"ရွစ္ရႈန္း စိတ္မညစ္ပါနဲ႕။ကြၽန္ေတာ္ အရင္က ေျပာခဲ့တယ္ မဟုတ္လား။သူတို႔ အခုလို ဆက္ဆံေနၾကတဲ့ အျပဳအမူေတြက အစ္ကို႔အေနနဲ႕ သူတို႔အေပၚ ဆက္ၿပီး ဂ႐ုစိုက္ ခ်စ္ခင္ေပးစရာ မလိုေတာ့ဘူးဆိုတာကို သက္ေသျပေနတာပဲလို႔"

က်န္းရီက ဝမ္႐ႊမ့္လက္ကို ဆုပ္ကိုင္ရင္း အသာအ
ယာပုတ္ေပး၏။

"ၿပီးေတာ့...."

က်န္းရီသည္ ေခါင္းငုံ႕လ်က္ အသံကို ထပ္မတိုးနိုင္ေတာ့သည္အထိ တိုးညွင္းရင္း။

"အမွန္အတိုင္း ေျပာရရင္ အရင္တုန္းက အစ္ကို သူတို႔နဲ႕အတူ အခ်ိန္ျဖဳန္းေနတာ ျမင္ရတိုင္း ကြၽန္ေတာ္ အရမ္း သဝန္တိုခဲ့ရတာ"

ဝမ္႐ႊမ္က ေခါင္းကို ပြတ္သပ္ေပးလ်က္။

"မင္းကေတာ့ေလ..."

က်န္းရီက ေခါင္းေလးကို အုပ္ရင္း အေနာက္ျပန္ဆုတ္လ်က္ ႏႈတ္ခမ္းမ်ားကို ေစ့ပိတ္ထားေလသည္။

သို႔ေပမဲ့ ဝမ္႐ႊမ့္ စိတ္အေျခအေနဟာ ယခင္ကထက္ ပိုအဆင္ေျပလာခဲ့သည္။လက္ရွိအေျခအေနကို အသုံးခ်၍ က်န္းရီႏွင့္အတူ စိတ္ေျပရာေျပေၾကာင္း ဖလွယ္ရျခင္းကား သင့္ေတာ္သည္ဟု ခံစားမိခဲ့သည္။

"မင္း ဂူပိတ္က်င့္ႀကံအုံးမယ္လို႔ ေျပာခဲ့တယ္ မဟုတ္လား?"

"ျပင္ဆင္တာကေရာ ဘယ္လိုလဲ?"

"အခုလာမယ့္ ရက္ပိုင္းအတြင္း ဝင္ျဖစ္မယ္ထင္တယ္"

"ရွစ္ဖူက ကြၽန္ေတာ္နဲ႕ သင့္ေတာ္တဲ့ က်င့္ႀကံျခင္းနည္းလမ္းကိုလည္း ရွာေပးထားၿပီးၿပီ"

"ဒါဆိုရင္ စိတ္ခ်လက္ခ် သြားပါ။ငါနဲ႕ ဒီမွာျဖစ္ေနတဲ့ကိစၥေတြကို ေတြးၿပီး စိတ္ပူမေနနဲ႕ေတာ့"

"ကြၽန္ေတာ္လည္း အဲ့တာ ေျပာမလို႔ပဲ"

"အစ္ကို႔ေနရာက ေတာ္ေတာ္ေလး တိတ္ဆိတ္ေနေတာ့ကြၽန္ေတာ္ ဒီမွာပဲ ဂူပိတ္က်င့္ႀကံလိုက္ရင္ေရာ?"

ထိုစကားကို ဝမ္႐ႊမ္ ၾကားရေသာ္ မ်က္ႏွာထားမွာ ပိုတည္တင္းလာရေတာ့သည္။

"အတင့္ရဲလိုက္တာ! က်န္းရွစ္တိ မင္း အာ႐ုံစိုက္ၿပီး
ဂူပိတ္က်င့္ႀကံမယ့္ စိတ္ကူးေရာ ရွိေသးရဲ႕လား?"

အျပစ္တင္ခံလိုက္ရျခင္းေၾကာင့္ က်န္းရီခမ်ာမွာ သုန္မႈန္ေနေသာ မ်က္ႏွာျဖင့္ ေခါင္းငုံ႕ေနေလသည္။

သို႔ေပမဲ့ ဝမ္႐ႊမ္ဟာ က်န္းရီ သူ႕ကို စိတ္ပူ၍ ထုတ္ေျပာျခင္းျဖစ္ေၾကာင္း နားလည္သည့္အတြက္ အမူအရာကိုလ်င္ျမန္စြာ ျပန္ေျဖေလွ်ာ့ရင္း ႏြေးေထြးေသာ ေလသံ
ျဖင့္ ေခ်ာ့ေမာ့၏။

"မင္း ငါ့ကို စိတ္ပူလို႔ ေျပာမွန္း နားလည္ပါတယ္။ဒါေပမယ့္ မင္း စိတ္ခ်ပါ။ငါက မင္းထင္သေလာက္ ယူက်ဳံးမရျဖစ္ၿပီး စိတ္ပ်က္လက္ပ်က္ျဖစ္ေနမယ့္ လူစားမ်ိဳး မဟုတ္ပါဘူး။ၿပီးေတာ့ မင္း ဂူပိတ္က်င့္ႀကံတာနဲ႕ ငါလည္း ဂူပိတ္က်င့္ႀကံေတာ့မွာပဲေလ"

ထိုအေၾကာင္းကို ေျပာရလွ်င္ ယခင္တုန္းက ဝမ္႐ႊမ္သည္ သုံးႏွစ္မွ ငါးႏွစ္အထိ ဂူပိတ္က်င့္ႀကံေလ့ရွိသည္။ထိုသို႔ က်င့္ႀကံေနစဥ္အတြင္း မည္သူ တစ္ဦး၊တစ္ေယာက္ႏွင့္မွ် မေတြ႕သည့္အျပင္ အထီးက်န္ဆန္ေသာခံစားခ်က္တို႔ မရွိဘဲ အပူအပင္ကင္းစြာ ျဖတ္သန္းခဲ့သည္။ထို႔ေၾကာင့္ လက္ရွိအခ်ိန္တြင္ ခံစားေနရသမွ်သည္ စိတ္ပိုင္းဆိုင္ရာ ပင္ပန္းေနျခင္းေၾကာင့္သာျဖစ္ေၾကာင္း သက္ေသျပနိုင္ေပသည္။

ေဆြးႏႊေးမႈက ဤအေျခအေနအထိ ေရာက္လာၿပီျဖစ္၍ က်န္းရီအေနႏွင့္ မူလအႀကံကို စြန့္လႊတ္၍ ခ်ီက်ိပိုင္ရွိရာ ေက်ာင္းေတာ္သို႔ ျပန္ရေပေတာ့မည္။

အမွန္ဆိုရေသာ္ အျခားအျမင္တစ္မ်ိဳးမွ ၾကည့္လွ်င္လ
ည္း ခ်ီက်ိပိုင္၏ ေနရာက က်န္းရီအတြက္ ဂူပိတ္က်င့္ႀကံရန္ အသင့္ေတာ္ဆုံးေနရာျဖစ္သည္။

သို႔ေပမဲ့ ဝမ္႐ႊမ့္ ေက်ာက္ဂူမွ ထြက္သြားသည္ႏွင့္ က်န္းရီသည္ ေျခတစ္လွမ္း လွမ္းၿပီးတိုင္း တစ္ႀကိမ္ခန့္ ေနာက္ျပန္လွည့္ၾကည့္၍ မသြားခ်င့္တခ်င္ တြန့္ဆုတ္တြန့္ဆုတ္ျဖစ္ေနေလသည္။ဝမ္႐ႊမ့္ခမ်ာမွာ ထိုျမင္ကြင္းကို
ၾကည့္ရင္း ရယ္ရအခက္၊ငိုရအခက္သာ။

သို႔ႏွင့္ က်န္းရီ ထြက္သြားၿပီးေနာက္ ဝမ္႐ႊမ္သည္ အသက္ျပင္းျပင္း ရႈသြင္းလ်က္ ပါးျပင္ကို ရိုက္ပုတ္ၿပီး က်င့္ႀကံျခင္းနည္းလမ္းအေပၚ အျပည့္အဝ အာ႐ုံစိုက္လိုက္သည္။

ဤနည္းျဖင့္ အခ်ိန္ကုန္ဆုံးသြားခဲ့သည္။မ်က္စိတစ္မွိတ္အတြင္း၌ ႏွစ္တစ္ဝက္ခန့္ ကုန္လြန္သြားခဲ့သည္။လြန္ခဲ့ေသာ ႏွစ္တစ္ဝက္အတြင္း ဝမ္႐ႊမ္သည္ ဂူပိတ္က်င့္ႀကံျခင္းကိုသာ အာ႐ုံစိုက္ခဲ့ၿပီး ရံဖန္ရံခါမွသာ ေလေကာင္းေလသန့္ ရႈငင္ရန္ အျပင္ထြက္ေလ့ရွိသည္။သူႏွင့္ပတ္သတ္၍ တံခြန္တိမ္ဂိုဏ္းအတြင္းမွ အေျခအေနက တိုးတက္ျခင္းအလ်ဥ္း မရွိေသာ္လည္း ေကာင္းေသာအခ်က္မွာ သူကိုယ္တိုင္ကလည္း အားလုံးကို ဥေပကၡာျပဳလိုက္ၿပီး ဂိုဏ္းတူတပည့္မ်ားကလည္း သူ၏
ခံစားခ်က္ကင္းမဲ့ေသာ ေနထိုင္မႈပုံစံကို အသားက်ေနၿပီျဖစ္သည္။ဂိုဏ္းခ်ဳပ္ က်ီက်စ္အန္းသည္လည္း ျပသနာရွာျခင္းမ်ိဳး ထပ္မလုပ္ေတာ့ဘဲ ဂိုဏ္းထဲတြင္ ဝမ္႐ႊမ္ဟူေသာ တပည့္တစ္ေယာက္ မရွိဟုသာ သတ္မွတ္၍ မျမင္ခ်င္ဟန္ေဆာင္ထားေလသည္။

လက္ရွိတြင္ က်ီက်စ္အန္းကို ေခါင္းအကိုက္ေစဆုံး ျပျပသနာမွာ ပုန္းကြယ္ေနေသာ နတ္မိစ္ဆာႀကီး လုံးဝလြတ္ေျမာက္သြားျခင္းျဖစ္သည္။

အစပိုင္းတြင္ လူတိုင္းက ထိုနတ္မိစ္ဆာ မည္မွ်အစြမ္းထက္ေနပါေစ ဝိဥာဥ္ပ်ိဳးစက်င့္ႀကံသူမ်ား၏ ပူးေပါင္းထိန္းခ်ဳပ္မွာေအာက္တြင္ မည္သို႔ေသာ ျပသနာမ်ိဳးကိုမွဖန္တီးနိုင္မည္မဟုတ္ဟု ထင္မွတ္ခဲ့ၾကေသာ္လည္းလက္ေတြ႕တြင္ လူတိုင္း၏ ထင္ျမင္ယူဆခ်က္ထက္ေက်ာ္လြန္သြားခဲ့သည္။

ထိုနတ္မိစ္ဆာကား ပုန္းကြယ္ေနျခင္းေၾကာင့္ ဝိဥာဥ္ပ်ိဳးစက်င့္ႀကံသူမ်ားလည္း ရွာမေတြ႕ခဲ့ေခ်။သို႔ေပမဲ့ ပုန္းကြယ္ေနရာမွ တစ္ႀကိမ္ေပၚလာသည္ႏွင့္ က်င့္ႀကံသူေပါ
င္းမ်ားစြာ၏ အသက္ကိုပါ ႏႈတ္ယူသြားေလ့ရွိသည္။အခ်ိန္ၾကာလာသည္ႏွင့္အမွ် လူထုကို ပိုထိတ္လန့္ေစသည္မွာ နတ္မိစ္ဆာ၏ အစြမ္းက ပိုအားေကာင္းသထက္ေကာင္းလာၿပီး မ်ားမၾကာေသးမီ လြန္ခဲ့ေသာ လမ်ားအတြင္း၌ ဂိုဏ္းငယ္မ်ားကိုပင္ စတင္တိုက္ခိုက္လာခဲ့သည္။

ဝိဥာဥ္ပ်ိဳးစက်င့္ႀကံသူမ်ားသည္ ထိုနတ္မိစ္ဆာကို လိုက္
ဖမ္းရင္း မူလတုန္းက နတ္မိစ္ဆာတစ္ေကာင္ထဲ လႈပ္ရွားခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ ေနာက္လိုက္မိစ္ဆာငယ္မ်ားပါ တစုတေဝးတည္း ေပါင္းစည္းသြားေၾကာင္း သတိျပဳမိခဲ့သည္။လူ႕ေလာကတြင္ သိုသိပ္စြာ ပုန္းေအာင္း
ေနၾကေသာ မိစ္ဆာငယ္မ်ားလည္း ထိုနတ္မိစ္ဆာႏွင့္ ပူးေပါင္းသြားၾကသည္။

ေနာက္ဆုံးတြင္ ဝိဥာဥ္ပ်ိဳးစက်င့္ႀကံသူမ်ားလည္း နတ္မိစ္ဆာ၏ အႀကံအစည္ကို နားလည္သြားၿပီး လြတ္သြားေသာ မိစ္ဆာငယ္မ်ားကို လိုက္ဖမ္းရန္ အပူတျပင္း ႀကိဳးစားၾကေသာ္လည္း နတ္မိစ္ဆာက ၎တို႔အားလုံးကို သူႏွင့္အတူ ေခၚေဆာင္ထားၿပီးသားျဖစ္ေနေခ်ၿပီ။

အဆုံးသတ္တြင္ ဝိဥာဥ္ပ်ိဳးစက်င့္ႀကံသူမ်ား ရွာေတြ႕ခဲ့သည့္ တစ္ေကာင္တည္းေသာ မိစ္ဆာငယ္မွာ ခ်ဴလ်န့္လက္ထဲတြင္ အဖမ္းခံထားရေသာ အရိပ္နတ္ဆိုးျဖစ္သည္။

"ငါတို႔ ေထာင္ေခ်ာက္ဆင္မလား?ၿပီးရင္ အဲ့ဒီနတ္မိစ္ဆာကို မွ်ားေခၚၾကည့္ရင္ေရာ?"

"ငါးစာအျဖစ္ သုံးလို႔ရပါ့မလား?"

"ႀကိဳးစားၾကည့္လို႔ရတယ္။အနည္းဆုံးေတာ့ အရိပ္နတ္ဆိုးကလည္း အဲ့ဒီနတ္မိစ္ဆာရဲ႕ ေနာက္လိုက္အေပါင္းအပါျဖစ္ေနတုန္းပဲ"

သို႔ႏွင့္ ဝိဥာဥ္ပ်ိဳးစက်င့္ႀကံသူမ်ားလည္း ထိုနည္းအတိုင္း ေထာင္ေခ်ာက္ဆင္ရန္ ဆုံးျဖတ္ၿပီး သေဘာတူခဲ့ၾကသည္။သို႔ေပမဲ့ ခ်ဴလ်န္ကေတာ့ ဂုဏ္ရွိန္ဝင့္ႂကြားၿပီးမာနႀကီးသူျဖစ္သည့္အေလ်ာက္ အျခားေသာ ဝိဥာဥ္ပ်ိဳးစက်င့္ႀကံသူမ်ားႏွင့္ အတူတကြ တိုက္ခိုက္လိုစိတ္မရွိဘဲ တံခြန္တိမ္တိုက္ဂိုဏ္းသို႔ ျပန္၍ က်ီက်စ္အန္းႏွင့္ေဆြးႏႊေးမႈအခ်ိဳ႕ ျပဳလုပ္ၿပီး ဂိုဏ္း၏ အေထာက္အပံ့ျဖင့္ မႏၱန္စည္းမ်ားကိုသာ ပိုတင္းၾကပ္စြာ စီရင္ခဲ့သည္။

ထိုမႏၱန္စည္းအခင္းအက်င္းကို လူသူကင္းမဲ့ေသာေတာင္တန္းေပၚတြင္ စီရင္ထားခဲ့သည္။က်ီက်စ္အန္း၏ အဆိုအရ ထိုအခင္းအက်င္းသည္ ဂိုဏ္း၏ အကာအကြယ္စည္းေလာက္ အရည္အေသြး မေကာင္းလွေသာ္လည္း သိပ္ေတာ့ မကြာလွေခ်။ခ်ဴလ်န္သည္ အရိပ္နတ္ဆိုးကို အခင္းအက်င္း အလယ္တြင္ ထည့္ထားၿပီး နတ္မိစ္ဆာကို ေထာင္ဖမ္းရန္ စိတ္ရွည္စြာ ေစာင့္ဆိုင္းခဲ့သည္။အျခားေသာ ဝိဥာဥ္ပ်ိဳးစက်င့္ႀကံသူမ်ားလည္း ဤျပသနာကို ခ်ဴလ်န့္တစ္ဦးတည္းအေပၚ လႊဲခ်ခဲ့ျခင္းမ်ိဳး မလုပ္ဘဲ လိုအပ္ပါက အကူအညီေပးရန္ အသင့္ေစာင့္ေနၾကသည္။

ဤသည္မွာ ၿပီးျပည့္စုံေသာ ေထာင္ေခ်ာက္ျဖစ္ဟန္ရွိသည္။နတ္မိစ္ဆာဟာ သူတို႔၏ အစီအစဥ္ကို ေျပာင္းျပန္လွန္၍ လြတ္ေျမာက္သြားလိမ့္မည္ဟု မယုံၾကေခ်။သူတို႔ စိုးရိမ္ေနသည့္ တစ္ခုတည္းေသာ အရာမွာ ျမႇားေခၚ
ထားေသာ ေထာင္ေခ်ာက္ထဲသို႔ မဝင္လာခဲ့လွ်င္ မည္သို႔ဆက္လုပ္သင့္သနည္းဟူေသာ ေမးခြန္းမ်ိဴးျဖစ္သည္။

ေနာက္ဆုံးတြင္ နတ္မိစ္ဆာက အမွန္တကယ္ ေပၚထြက္လာခဲ့သည္။

သို႔ေပမဲ့ ေနာက္ဆက္တြဲ အက်ိဳးဆက္က အမ်ားေမွ်ာ္
မွန္းထားသည္ထက္ အဆေပါင္းမ်ားစြာ ဆိုး႐ြားသြားခဲ့သည္။

ဝမ္႐ႊမ္ ဂူပိတ္က်င့္ႀကံေနစဥ္အတြင္း အလြန္ ထိတ္လန့္တုန္လႈပ္ဖြယ္ေကာင္းေသာ သတင္းကို ၾကားလိုက္ရေလသည္။

နတ္မိစ္ဆာသည္ မႏၱန္စည္း အခင္းအက်င္းကို ခ်ိဳးဖ်က္ၿပီး အခင္းအက်င္းကို ေစာင့္ၾကပ္ေနေသာ ခ်ဴလ်န္ႏွင့္က်ီက်စ္အန္းတို႔ကို အႀကီးအက်ယ္ ထိခိုက္ဒဏ္ရာရေစလ်က္ ငါးစာအျဖစ္ အသုံးခ်ခံထားရေသာ အရိပ္နတ္ဆိုးကို သူႏွင့္အတူ ျပန္ေခၚသြားသည္ဟူေသာ သတင္းပင္။

...........................

Chapter 64ရဲ့႕ေခါင္းစဥ္က(ခ်ဴလ်န္ပါဝင္ေသာေနာက္ဆုံးအခန္း)ပါတဲ့ရွင္။ Chapter62ကေလ
notiေတြမတက္၊errorတက္ေနတဲ့ေန႕ကတင္လိုက္တာမို႔ မသိလိုက္တဲ့လူေတြရွိရင္62အရင္ဖတ္လိုက္ပါအုံးေနာ္။

............................................................................

Continue Reading

You'll Also Like

86.7K 11.5K 200
✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမ...
541K 75.3K 64
Author - 很是矫情 Original name - 快穿之炮灰女配逆袭记 English translator - Butterfly's Curse နဥ္ရႈေသဆံုးခဲ့သည္။ သို႔ေသာ္ သူမ၏ကံေကာင္းမႈအနည္းငယ္ေၾကာင့္ သနားစရ...
80.6K 8.9K 200
✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမ...
4.8K 455 5
ယာဉ်မတော်တဆဖြစ်မှုမှ နိုးလာပြီးနောက် ပရော်ဖက်ရှင်နယ် esport player တစ်ယောက်ဖြစ်တဲ့ ရဲ့ရှောက်ယန်သည် သူ့ကိုယ်သူ A/B/Oကမ္ဘာလို့ ခေါ်ကြတဲ့ ထူးခြားဆန်းပြာ...