နှလုံးသားနီးနီး...စည်းပါးပါး(...
By ThetThentYaungChel
98.6K 2.6K 35
စက်ဝန်းအလွန်+အနှစ်သာရ အနှစ်အတွက်တော့ ကိုကိုက အရာအားလုံးရဲ့ပထမ... Start date - Dec 25.2022 End date - May 25.2... More
ဇာတ်လမ်းမိတ်ဆက်
Part(1)
Part(2)
Part(4)
Part(5)
Part(6)
Part(7)
Part(8)
Part(9)
Part(10)
Part(11)
Part(12)
Part(13)
Part(14)
Part(15)
Part(16)
Part(17)
Part(18)
Part(19)
Part(20)
Part(21)
Part(22)
Part(23)
Part(24)
Part(25)
Part(26)
Part(27)
Part(28)
Part(29)
Part(30)
Part(31)
Part(32)
Part(33)
Part(34)
Part(35)
Part(36)
Part(37)
Part(38)
Part (39)
Part(40)
Part(41)
Part(42)
Part(43)
Part(44)
Part(45)
Part(46)-end
Part(3)
2.2K 75 5
By ThetThentYaungChel
🌺နှလုံးသား နီးနီး...စည်းပါးပါး🌺
Part(3)
စက်ဝန်းတောင်းပန်ပြီး နောက်တစ်ရက်!
"ခဏ ခဏလေး အနှစ်သာရ..."
အနှစ်နောက်ကို ပြေးလိုက်လာသည့်ကျောင်းသူတစ်ယောက်။
"ဘယ်သူ..."
"နင်က ငါ့ကိုသိမှာမဟုတ်ဘူး...ငါက ဘီခန်းက ရဝေသော် "
မျက်မှန်အထူကြီးကို ပင့်တင့်ရင်းမှ မိတ်ဆက်လာသည့် ရဝေသော်ကို သူမက ဖော်ရွေစွာခေါင်းငြိမ့်ပြလိုက်၏။
"ငါမေးစရာရှိလို့ "
"မေးကြည့်ပါ..."
"နင်နဲ့ စက်ဝန်းအလွန်က ဘယ်လိုဆက်ဆံရေးလဲ..."
"ငါတို့က ဆက်ဆံရေးတစ်ခုလို့သတ်မှတ်ရတဲ့ထိ စကားမပြောဖူးဘူး "
"ဒါဆို နင်တို့နှစ်ယောက်က လိုင်းပေါ်မှာပျံ့နေသလိုမျိုးမဟုတ်ဘူးပေါ့ "
"အင်း "
သူမအဖြေကြောင့် ရဝေသော်အတော်ပျော်သွားပုံရသည်။ ပါးချိုင့်တွေပေါ်သည်အထိရယ်‌၏။
"ကျေးဇူးပဲ "
သူမဘာမှမပြောဘဲ လှည့်ထွက်ခဲ့၏။ ပြီးမှ သတိရကာ နောက်ပြန်လှည့်လိုက်ရင်း...
"ဒါနဲ့လေ နောက်ခါ ငါ့ကိုမမေးဘဲ ကင်းကိုသွားမေးပါ...ဒါမျိုးက ကာယကံရှင်ကပဲ သေချာဖြေနိုင်တာ...သူ့မှာ ငါမဟုတ်တဲ့တခြားသူရှိချင်ရှိနေမှာ...ဒါကြောင့် ငါပြောချင်တာက ငါနဲ့ကင်းက ဘာဆက်ဆံရေးမှမဟုတ်ဘူး"
သူမစကားကြောင့် ရဝေသော်မျက်နှာတည်သွား၏။ ထို့နောက်တွင်တော့ ဘယ်လိုပုံစံမျိုးဖြစ်နေမယ်ဆိုတာ သေချာမသိတော့ပေ။
"မိုက်တယ် အနှစ် "
မွန်လေးက ဒါကိုကောင်းတယ်ဆိုပြီး လက်မထောင်ပြသည်။ သူမဘာမှပြန်မပြောဘဲ ခေါင်းသာခါမိတော့သည်။
"ကင်းနဲ့သတင်းထွက်ရတဲ့နင်လည်းမလွယ်ပါလားကွယ်...ခဏက ကင်းကိုကြိုက်နေတယ်ထင်တယ်"
"ဟုတ်မှာပေါ့..."
နေ့လည်က အနှစ်ဖြေလိုက်တဲ့စကားက ကင်းရဲ့နားထဲကို ဘယ်လိုရောက်သွားသည်မသိ ညနေကျောင်းဆင်းတော့ စက်ဝန်းအလွန် အနှစ်ဆီကို တည့်တည့်ရောက်လာပြန်သည်။
"ဟေ့ မင်း..."
အနှစ်ကမထူးယုံသာမက အကြည့်တောင်မပို့လာဘဲ ရှောင်ထွက်သွားသည်။
ကျစ်!..
"မင်းကိုခေါ်နေတာ အနှစ်သာရ..."
စက်ဝန်းက စိတ်မရှည်စွာ အနှစ်လက်ကိုဆွဲပြစ်သည်။ ယောက်ျားလေးအားနဲ့ဖြစ်၍ အနှစ် သူ့ရှေ့ကို စွေ့ခနဲပါသွား၏။
"ကျွန်မနာမည်က မင်းမဟုတ်ဘူး လွှတ်!.."
"ငါမင်းကိုကြည့်ပြီးခေါ်တာ..."
"ကျွန်မမှ ရှင့်ကိုမမြင်တာ "
လူအကောင်လိုက်ကြီး ရှေ့လာရပ်နေတာကို မမြင်ဘူးတဲ့။ မျက်မှန်တပ်သင့်နေပြီ။
"ကျစ်...ထားပါ မင်းဆီနေ့လည်က ကောင်မလေးတစ်ယောက်‌လာသေးလား"
"လာတယ်..."
"မင်းကိုဘာမေးသေးလဲ "
"ရှင်နဲ့ကျွန်မက ဘယ်လိုဆက်ဆံရေး...နေပါဦး ရှင်သိပြီးသားဆိုရင် ဘာလို့ကျွန်မကိုပြန်မေးနေသေးလဲ"
"မင်းဘယ်လိုဖြေလိုက်လဲလို့သိချင်လို့ "
"မဟုတ်ဘူးလို့ဖြေလိုက်တယ် ရပြီလား လွှတ်..."
အနှစ်က အတင်းရုန်းနေပေမဲ့ မလွှတ်ပေးသေးသည့်စက်ဝန်း။
"မင်းဘယ်လိုဖြေလိုက်လို့ ငါ့မှာ မင်းအပြင် နောက်တစ်ယောက်ရှိနေတာလားလို့မေးတာလဲ..."
"ဘာ!..."
"ငါ့ကိုပြောသွားတယ် မင်းကို တစ်ကယ်မချစ်ရင် လက်လွှတ်လိုက်တဲ့ မချစ်ဘဲခံစားချက်တွေမပေးနဲ့တဲ့"
"ဘယ်လို!..."
အနှစ် ခေါင်းပင်မူးသွား၏။ သူမနေ့လည်က သေချာရှင်းရှင်းလင်းလင်းဖြေလိုက်တာသေချာသည်။ ဒါကို ရဝေသော်ဆိုသူက ဘာကိုအဓိပ္ပါယ်ကောက်လွဲသွားတာပါလိမ့်။
"မင်း ငါ့ကိုကြိုက်ရင် ကြိုက်တယ်ပြော! သူများကို ပြောစရာမလိုဘူး "
"ဆုတောင်းလေ ရှင့်ကိုဘာလို့ကြိုက်ရမှာလဲ သူများကိုလည်းမပြောဖူးပါဘူး..."
"မကြိုက်ရင်ပြီးတာပဲ "
"အဟက် ရှင့်ကိုယ်ရှင်သိပ်အထင်ကြီးမနေနဲ့ လူ့ဂွစာရဲ့ ကျွန်မရှင့်ကိုကြိုက်မဲ့အစား ငှက်ပျောပင်ပဲဖက်အိပ်မယ်"
အင့်ဟာ...
သူ့လက်ကလွှတ်သည်နှင့် ခြေတောက်က သူ့ခြေတောက်ကို တက်နင်းကာ ထွက်လာခဲ့၏။ နောက်မှာဘယ်လိုပုံစံကျန်နေမလဲ လှည့်မကြည့်မိတော့။
ထိုသူသည် ကိုယ့်ကိုကိုယ်အရမ်းအထင်ကြီးပုံရသည်။ အကြောကြီးနဲ့ ငါ့ကိုကြိုက်နေတာလားဆိုပဲ။ ဆုတောင်းလေ သေနာရဲ့။
ကားပေါ်ရောက်တော့ မေမေက သူမကို ပြုံးကြည့်နေ၏။ သူမဘာမှမဖြစ်သလိုနဲ့ ရယ်လိုက်၏။ မေမေများအထင်လွဲသွားမလားလို့တွေးမိပေမဲ့ ဘာမေးခွန်းမှမမေးသည့် မေမေကြောင့် စိတ်သက်သာရာရပါသည်။
နောက်တစ်ရက်ကျရင် စက်ဝန်းအလွန်ရဲ့ခြေတောက်မှာ ပတ်တီးအဖွေးသားစည်းထားတာကို တွေ့ရပါတော့သည်။
အာရုံစိုက်ခံချင်လို့တမင်စည်းလာတာပဲဖြစ်မှာပေါ့။ အနှစ်အားက အဲ့လောက်ထိဖြစ်စေပါ့မလား။အပိုတွေ။
✿⁠............✿⁠...........✿⁠
စာသင်နှစ်ရဲ့ပထမပိုင်းမှာ ပွဲတွေက တော်တော်များသည်။ ထိုထဲမှာ ကျောင်းသားတွေစိတ်အဝင်စားဆုံးက Fresher Welcomeပါပဲ။ ထိုပွဲမှာ အမိုက်စားအဆိုတော်‌လာမှာဖြစ်သလို မင်းသား၊မင်းသမီးတွေကဲ့သို့ ဝတ်စားပြင်ဆင်ထားသည့် မေဂျာပေါင်းစုံမှ ကင်း၊ကွင်းတွေကိုတွေ့ရမှာကြောင့်ပင်။
Fresher Welcomeမတိုင်မီ တစ်ပတ်အလို!..
"ညီမလေးအနှစ်သာရ ဒီနှစ် ကွင်းထဲဝင်ပါလား"
ဆိုပြီး စီနီယာမမသုံးယောက်က လာပြော၏။
"‌မဝင်တော့ပါဘူး မမတို့...အနှစ်က လူများတဲ့နေရာ သွားလေ့မရှိဘူး ကျွန်မထက် မွန်လေးကပိုအဆင်ပြေမှာ"
"မွန်လေးက စေ့စပ်ထားတဲ့သူရှိလို့ဆိုပြီး ငြင်းတယ် အစ်မတို့မျက်လုံးထဲ အနှစ်ကအသင့်တော်ဆုံးပဲ"
"ဒါပေမဲ့..."
"ဝင်ပါ ညီမလေးရယ်...ညီမလေးက ပထမနှစ်ကတည်းက ရှောင်ပြေးနေတာ ဒီနှစ်တော့ ဝင်ပါနော် ‌‌တက္ကသိုလ်မှာ အမှတ်တရဆိုပြီးကျန်‌တာပေါ့ "
"ဟုတ်တယ် အခုနှစ်မဝင်ရင် မမတို့လိုဖြစ်လိမ့်မယ် နောက်ဆုံးနှစ်ကျ ဘွဲ့အတွက်ပြင်ဆင်စရာများတော့ ပွဲတွေမှာ မပါဖြစ်တော့ဘူး"
"ညီမလေးသာကွင်းဝင်ပြိုင်ရင် အရမ်းမိုက်မှာသိလား "
×××××
တစ်မျိုးပြီးတစ်မျိုးနဲ့ မြူဆွယ်နေကြသည့်အဆုံး အနှစ်လက်လျော့လိုက်ရသည်။ မွန်လေးကလည်း လက်ခံဖို့အကြံပေး၍ လက်ခံလိုက်သည်။
"ဟုတ်ကဲ့ "
ထိုစဉ်က ခေါင်းမငြိမ့်မိရင်ကောင်းသား။
အနှစ် ဝင်ပါရသည့် နေရာက စက်ဝန်းအလွန်ရဲ့တွဲဖက်တဲ့။ ဒါကြောင့်များအတင်းခေါ်နေသလားထင်ရသည်။
"မမ အနှစ်က ကွင်းတစ်ခါမှမရဘူးလေ ဘာလို့ ကင်းနဲ့တွဲရမှာလဲ "
"မမတို့က လိုက်ဖက်အောင် တွဲလိုက်တာမို့ပါ...ညီမလေး သည်းခံလိုက်ပါနော် "
သူမကို ကွင်းထဲအတင်းဆွဲခေါ်လာသည့် စီနီယာမမက မျက်နှာငယ်လေးနဲ့တောင်းပန်သည်။ သူမစိတ်ကိုလျှော့ချလိုက်ပြီး စက်ဝန်းအလွန်ကို ဘုကြည့် ကြည့်လိုက်၏။
ထိုသူသည် သူမကို ခပ်မဲ့မဲ့ပြန်ကြည့်နေသည်။
✿⁠............✿⁠...........✿⁠
ရှိူးလျှောက်ရတယ်ဆိုတာ လွယ်တာမဟုတ်။ ခြေလှမ်းတစ်လှမ်းကိုဘယ်လိုလှမ်းရမလဲဆိုတာ လေ့ကျင့်ရသည်။ ပြီးတော့ ဒေါက်နဲ့လေ့ကျင့်ရတာမို့ အနှစ်အတွက်သိပ်တော့အဆင်‌မပြေလှပါ။ အနှစ် ဒေါက်စီးဖူးတာ လက်ချိုးရေလို့တောင်ရသည်။ အရပ်က အတင့်အသင့်မို့ ဒေါက်မစီးဘဲ လေဒီရှူးတွေသာ အများဆုံးစီးဖြစ်တာမလို့ လမ်းလျှောက်ရတာ နည်းနည်းခက်ပါသည်။
"ဟေ့ လမ်းလျှောက်ရင် သေချာလျှောက်လေ! မင်းလမ်းမလျှောက်ဖူးဘူးလား မိန်းမဆန်ဆန်လျှောက်စမ်းပါ "
အနှစ်စိတ်တိုစွာ စက်ဝန်းကို ဘုကြည့်ကြည့်တော့ အနည်းငယ်ပြုံးနေသည့်သူ့မျက်နှာ။ အဲ့တာပြုံးတာမဟုတ်ဘဲ လှောင်နေတာ။ အနှစ်အံကြိတ်လိုက်ပြီး သူ့နားကပ်ကာ ခြေတောက်ကိုနင်းဖို့ကြံတော့ လိမ်မာပါးနပ်စွာဖြင့်ရှောင်ထွက်သွားသည်။
"တစ်ခါပဲရမယ် "
အနှစ်နောက်တစ်ခါထပ်နင်းဖို့ကြံတော့ သူက အနှစ်လက်မောင်းကို တင်းတင်းဆုပ်ကိုင်ကာ မျက်နှာတည်ကြီးနှင့်ပြောလာသည်။
"သေချာလုပ် အနှစ်သာရ...တခြားသူတွေ လမ်းလျှောက်တာလုပ်တတ်နေပြီ မင်းက အခုထိ သေချာမှန်အောင်မလျှောက်နိုင်သေးဘူး "
"ကျွန်မသာ အချိန်ပိုရခဲ့ရင်လုပ်တတ်ပြီ"
ကြည့်။ ပြောလိုက်ရင် အပြစ်မရှိတဲ့ပုံစံနဲ့။
"အပိုတွေပြောမနေနဲ့ အနှစ်သာရ...သေချာလေ့ကျင့် မင်းကြောင့်နဲ့ ငါပါနောက်ကျမခံနိုင်ဘူး အသိစိတ်‌ကပ်ပြီး သေချာလုပ်...သူများကို လိုက်ပြီး ဂရုစိုက်မနေနဲ့ "
အနှစ်ဟက်ခနဲရယ်ချလိုက်၏။ ဒီလူ အနှစ်ကို မာနထိအောင်ပြောနိုင်တာပဲ။ တစ်ရက်တည်းနဲ့ဘယ်သူက ကျွမ်းသွားနိုင်မှာလဲ။ ပြီးတော့ အနှစ်က ဒီနှစ်မှလျှောက်ဖူးတာ။
"ရှင့်တွဲဖက်က စံချိန်မြင့်တဲ့ပုံပဲ...ဒါဆို တခြားပါတနာရှာလိုက်"
သူ့ဆီက အတင်းရုန်းထွက်ကာ စီးလာသည့်ဒေါက်ဖိနပ်ကို အမှိုက်ပုံးထဲကောက်ပြစ်ပြီး အပိုပါလာသည့်ဖိနပ်ကို စီးကာ ထိုနေရာမှထွက်ခဲ့တော့၏။
အနှစ်ခြေတောက်ကို သေချာကြည့်လျှင် ခြေဖနောင့်မှာ နီရဲပေါက်ပြဲနေပြီ‌ဆိုတာ တွေ့ရပါလိမ့်မည်။ တစ်ကယ်ဆို သေချာပင်ကြည့်စရာ‌မလို။ ထော့နဲ့ထော့နဲ့ဖြစ်နေသည့် အနှစ်ခြေတောက်က နာနေတယ်ဆိုတာ သက်သေပင်။
"ကျစ်!..."
"မောင်လေးရယ် အနှစ်ကိုမဆူပါနဲ့...အနှစ်က ဒေါက်စီးလေ့မရှိဘူးတဲ့ ဒါကြောင့် သိပ်ပြီးမလေ့ကျင့်နိုင်တာ အနှစ်ကကြိုးစားပါတယ် လမ်းမလျှောက်တတ်လို့ ထမင်းစားချိန်တောင် မစားဘဲ တစ်ယောက်တည်းလေ့ကျင့်နေတာ "
အနှစ်ကို စောင့်ကြည့်ထားသည့် စီနီယာမမက စက်ဝန်းကိုဒီလိုလာပြောရှာသည်။ လိုက်ဖက်လို့သာတွဲပေးထားရတာ။ ဒီလို ရန်ထသတ်နေရင်တော့ ပြဿနာပဲ။
စက်ဝန်း စုတ်သတ်လိုက်ပြီး ထိုနေရာမှထွက်ခဲ့တော့သည်။
‌မာနထိအောင်ပြောပြီးမှ နောင်တကရချင်သလိုလို။
✿⁠............✿⁠...........✿⁠
"အာ့ နာတယ် မွန်လေးရဲ့..."
မွန်လေးက အနှစ်အိမ်မှာ ခြေတောက်ကို ဆေးထည့်ပေးနေတာဖြစ်သည်။
"အရမ်းနာနေသေးတာလား "
"နည်းနည်းပါ ပြီးပြီလား..."
"အင်း ပလာစတာနဲ့ကပ်လိုက်မယ် ဒီတိုင်းထားရင် ဆေးက တခြားပေကုန်မှာ "
"အင်း "
"ရှိုးလျှောက်ရတာ မလွယ်ရင် ထွက်လိုက်ပါလား အနှစ်...ဒီလိုဒဏ်ရာရနေရင် ငါစိတ်မကောင်းတော့ဘူး အနှစ်အကျင့်ကိုသိရဲ့သားနဲ့ အမှန်ဆို ငါပဲလက်ခံလိုက်ရမှာ"
ကွင်းဖြစ်ဖူးသည့်မွန်လေးက အားနာသည့်အကြည့်နဲ့ကြည့်ကာပြောလာ၏။ ပြီးတော့ အနှစ်ကို ညွှန်းပေးလိုက်သူက သူမဖြစ်နေ၍ ပို၍အားနာမိသည်။
"ဒါကြောင့် မလုပ်တော့ဘူး ‌ဝယ်ထားတဲ့ဒေါက်ကိုတောင် ပြစ်ခဲ့လိုက်ပြီ "
"နှမြောစရာကြီး..."
"နှမြောပေမဲ့ မတတ်နိုင်ဘူး စိတ်တိုပြီး ပြစ်ခဲ့တာ"
"ဘာလို့လဲ "
"ကင်းကြောင့် ငါ့ကိုအဖြစ်မရှိဘူးပြောလို့!.."
"ဘာ အဲ့ဒီစက်ဝန်းအလွန်ကလား "
"အင်း "
"ကောင်းတယ်မလုပ်နဲ့ ငါတို့ရဲ့မင်းသမီးလေးကို ဒီလိုပြောစရာလား"
အနှစ်ရယ်သည်။ မွန်လေးက ကင်းကိုသဘောကျပါသည်။ ဒါပေမဲ့ အနှစ်ဘက်လိုက်ပြီး ကင်းကိုမကောင်းပြောပေးသည်။ ဒါကိုတွေးမိပြီး ရယ်လိုက်တာဖြစ်သည်။
"ဒီမှာ အိပ်မလား..."
"မဖြစ်ဘူး ဖေဖေက စေ့စပ်ထားတဲ့သူရဲ့အိမ်မှာအိပ်လို့မရဘူးတဲ့ "
"ကိုကြီးနဲ့အိပ်မှာမှမဟုတ်တာ ငါနဲ့အိပ်မှာပဲ"
"ပတ်ဝန်းကျင်က အဲ့လိုမြင်မှာမဟုတ်ဘူးလေ...အနှစ်ရဲ့ ဖေဖေက ဂုဏ်သိက္ခာကိုအရမ်းတန်ဖိုးထားတာ "
"ပြီးရော..."
မွန်လေးကနှုတ်ဆက်ပြီးထွက်သွားသည်။ မွန်လေးနဲ့ကိုကြီးက မိဘသဘောတူမှုကြောင့်စေ့စပ်ထားတဲ့သူတွေ။ မွန်လေးက သူမတို့နဲ့ အလှမ်းဝေးသည်။ မွန်လေးက ချမ်းသာပြီး ချစ်စရာကောင်းသည့်မိန်းကလေး။ မွန်လေးဖေဖေဦးဇွဲသီဟက Car Showroomတွေပိုင်သည်။ ပြီးတော့ ထိပ်တန်းကုမ္ပဏီတွေရဲ့ရှယ်ယာရှင်တစ်ဦးလည်းဖြစ်သည်။
သူမတို့က သာမန်အေးအေးလူလူနေနိုင်သည့်မိသားစု။ ဖေဖေက ‌ရွာလေးတစ်ရွာက သူဌေးသားဖြစ်ပြီး မေမေက အထက်တန်းဆရာမ။ တာဝန်ထမ်းဆောင်ရင်းမှတွေ့ခဲ့တာဖြစ်သည်။ သူမအသက်(၁၀)နှစ်မှာ ဖေဖေဆုံးသွားခဲ့သည်။ သို့သော် ဖေဖေရဲ့အမွေနဲ့အတူ သူမတို့မိသားစု အေးအေးချမ်းချမ်းနေနိုင်၏။ ဆယ်တန်းအောင်ပြီးမှ မေမေကျူတာအဖြစ် မြို့ကိုပြောင်းခဲ့တာဖြစ်သည်။
ဒီလိုကွာခြားလွန်းသည့်မိသားစုနှစ်ခုက အဘယ်ကြောင့်ဆုံစည်းခဲ့ရပါလဲဆိုရင် မေမေနှင့် မွန်လေးဖေဖေတို့သည် ကျောင်းတက်ရင်းသိခဲ့ကြသည့် သူငယ်ချင်းဖြစ်သည်။ မွန်လေးကို ကျောင်းလာပို့ရင်းမှ ပြန်တွေ့ကြတာဖြစ်သည်။
ထိုစဉ်က သူမလည်း ပထမနှစ်။ မွန်လေးကလည်းပထမနှစ်တဲ့။
ကျောင်းအပ်ရင်းမှသိခဲ့ကြတာဖြစ်ပြီး သူမတို့ကလည်း သူငယ်ချင်းဖြစ်ခဲ့ကြသည်။ ကိုကြီးနဲ့က ဓာတ်ပုံထဲမှာ မြင်ဖူးပြီး စေ့စပ်ခဲ့ကြယုံသာ။ ထို့နောက်မှသာ လူချင်းတွေ့ဖူးကြတာဖြစ်သည်။ စေ့စပ်ထားတယ်ဆိုပေမဲ့ မွန်လေးနဲ့ကိုကြီးက အနေစိမ်းသည်။ တွေ့ရင်နှုတ်ဆက်မည်။ အိမ်ကတွေ့ခိုင်းရင် လာတွေ့သည်။ ဒီလောက်ပင်။ ချစ်ကြောင်းကြိုက်ကြောင်းဆို အဝေးကြီးမှာ။
ဒါကြောင့် သူမ မွန်လေးကိုမေးဖြစ်ခဲ့သည်။
"နင် ဘာလို့ကိုကြီးကို လက်ခံခဲ့တာလဲ မချစ်ဘဲနဲ့"
"ငါ့အတွက် ဖေဖေရဲ့ဂုဏ်သိက္ခာက ပိုအရေးကြီးတယ် အချစ်က ဘာမှမဟုတ်တော့ဘူး "တဲ့။
မွန်လေးမှာ ဘာအတိတ်တွေရှိခဲ့လဲဆိုတာ သူမသိဘူး။ ဒါပေမဲ့ ထိုအတိတ်က နာကျင်စရာကောင်းခဲ့မှန်းတော့ သိသည်။ ဒါကြောင့် မမေးဖြစ်ခဲ့တာပင်။
မွန်လေးရဲ့မိသားစုက ဂုဏ်သိက္ခာကိုအရမ်းအလေးထားတယ်ဆိုပြီး အနှစ်တို့မိသားစုက အလေးမထားဘူးမထင်ပါနဲ့။ မေမေက ဆရာမဆိုတဲ့ဂုဏ်ပုဒ်နဲ့အညီ အလေးထားပါသည်။ စည်းကမ်းတိကျစွာ မချထားတာလေးပဲရှိမည်။
✿⁠............✿⁠...........✿⁠
"ဒါဘာလဲ လက်ဆောင်လား..."
ထင်ရှားအမေးကို စက်ဝန်းက မဖြေဘဲ အိတ်ကို ခုံဘေးချိတ်လိုက်သည်။
"ဘာကြီးလဲ..."
ထင်ရှားက ပြောလည်းပြော၊ယူလည်းကြည့်လိုက်ရော ဖိနပ်ကြီးဖြစ်နေသည်။
"ဟျောင့် ဒေါက်ဖိနပ်က ဘာလုပ်တာလဲ...မင်းမဟုတ်မှ ဂေးသွားတာလား "
"မင်းမေဂျီးတော် ဂေးပါလား...တိုးတိုးပြောစမ်းဟေ့ကောင် မင်းအသံကြောင့် လူတွေလန့်ကုန်မယ်"
"ငါ့အသံကကောင်းလွန်းလို့ အဆိုတော်လုပ်ရင် ပေါက်ပြီး ဘစိုင်းက အဖေခေါ်ရမှာဆိုးလို့ မလုပ်တာကွ...လူတွေမလန့်တဲ့အသံကွ..."
"ကျစ်! မင်းလည်းစကားကို နားဝင်မချိုအောင်ပြောတတ်တာပဲ "
အံမာ!..မင်းကကျ စကားကိုချိုချိုသာသာပြောတတ်သူကြီးဆိုတော့။ ပြန်တော့မပြောတော့ပါ။ ဒီကောင့်မျက်နှာက ရည်းစားကစကား‌မပြောလို့ဖြစ်နေတဲ့မျက်နှာမျိုးဖြစ်နေတာ။ နေပါဦး ဒီကောင်ဒီရက်ပိုင်း အချိုးတွေက တစ်ကယ်ပြောင်းနေတာ။
စက်ဝန်းကတော့ သူ့အပူနဲ့သူ အနှစ်သာရကိုဘယ်လိုတောင်းပန်ရမလဲစဉ်းစားနေပါသည်။
သူ့ဘဝမှာ အနှစ်သာရကြောင့် မလုပ်ဖူးတာတွေလုပ်နေရသည်။ ကိုယ့်ဘက်ကစပြီးမတောင်းပန်ဖူးပေမဲ့ ကိုမင်းထက်ရဲ့တောင်းဆိုမှုကြောင့် အနှစ်သာရကိုတောင်းပန်ခဲ့ရသည်။ အခုလည်း အနှစ်သာရစိတ်ဆိုးသွားလို့တောင်းပန်ရဦးမည်။ တခြားကောင်မလေးတွေနဲ့ကျ အသေချေမိုးခဲ့သမျှ အနှစ်သာရနဲ့ကျမှ ချေခံနေရသည်။
ကျစ်!...
အရင်ပြိုင်ပွဲတွေမှာဆို အနိုင်ရရင်ပြီးသွားပြီ။ အနှစ်သာရနဲ့ကျမှ ပါးနမ်းပြီးကတည်းက မပြီးနိုင်သည့်ရေစက်တွေ၊ ကိစ္စတွေက တစ်ခုပြီးတစ်ခု။ ထိုမျှသာမက သူ့ရဲ့စိတ်ကပါ တဖြည်းဖြည်း ထူးဆန်းနေသည်။
"ငါသွားတော့မယ် တီချယ် Roll callခေါ်ရင် မင်းပဲကြည့်ပြောလိုက် "
"အေး "
စက်ဝန်း လွယ်အိတ်နဲ့အတူ ဖိနပ်အိတ်ကိုပါယူရင်း အနှစ်သာရရှိရာအခန်းဆီထွက်ခဲ့သည်။
အနှစ်သာရက အခန်းမှာမရှိ‌‌။ ထို့ကြောင့်အခန်းထဲဝင်မည့် ကောင်မလေးတစ်ယောက်ကိုမေးလိုက်သည်။
"အနှစ်သာရဘယ်သွားလဲ "
"အနှစ်သာရက မနက်ခင်းကိုကန်တင်းထိုင်လေ့ရှိတယ် ပြီးမှစာသင်ခန်းထဲလာတာ...လာတော့မယ်ထင်တယ်"
"ဪ Thank you..."
"ရပါတယ် "
ဆယ့်ငါးမိနစ်လောက်စောင့်ပြီးမှ အခန်းဆီဦးတည်လာနေသည့် အနှစ်သာရကို မြင်လိုက်ရသည်။ သူမကလည်း သူ့ကိုမြင်ပုံပင်။မျက်နှာလေးတည်သွား၏။
သူ သူမရှေ့ပိတ်ရပ်လိုက်၏။
"ဘာလို့ပိတ်ရပ်တာလဲ "
စူပုတ်ပုတ်၊ခပ်တည်တည်မျက်နှာထားနဲ့ မော့ကာ မေးလာသည့်သူမလေး။ သူကလည်းငုံ့ကြည့်ဆိုတော့ နီးကပ်သွားသည့်မျက်နှာနှစ်ခု။ ထူးဆန်းစွာ သူပြောစရာ စကားရှာမရခဲ့။
"ဖယ်ပေး..."
"အဟမ်း!..ပြောစရာရှိတယ် "
"ငါ အတန်းထဲမှာပဲ စောင့်တော့မယ်နော် အနှစ်"
မွန်လေးက အလိုက်တသိနဲ့အထဲအရင်ထွက်သွားနှင့်သည်။ စက်ဝန်းစိတ်ထဲကနေ ကျေးဇူးတင်မိ၏။ မာနက သူမ‌တစ်ယောက်ရှေ့မှာပဲ ထိရင်ရပြီ။ တခြားသူတွေမလိုအပ်ဘူး။
"ဘာပြောမှာလဲ "
"မင်းကိုလာခေါ်တာ ရှိုးလျှောက်တာ လေ့ကျင့်ရမယ်"
"တခြားပါတနာရှာဖို့ပြောပြီး‌ပြီ ကျွန်မမလျှောက်ဘူး"
သူမက ပြောပြီးတာနဲ့သွားဖို့ပြင်သည်။ သူ သူမလက်ကို ဆွဲလိုက်၏။
"မင်းကိုပဲ လိုချင်တယ်! "
"ဒါဆိုလည်း ရှင်ပါထွက်လိုက်လေ "
"ဟာ ဟေ့..."
"အမေ့!..."
လူတစ်ယောက်လာလို့ တိုက်မိမှာဆိုးပြီး ဆွဲလိုက်သည့်စက်ဝန်း။ သူဆွဲရာနောက် သူမကအလိုက်သင့်ပါလာလေတော့ သူ့ရင်ခွင်ထဲ ပြစ်ဝင်ကျ၏။
"ဘာလုပ်တာလဲ "
"မင်းကို ‌မရရအောင်ခေါ်မှာ မင်းမလိုက်ရင် ငါပွေ့ချီသွားမှာ "
"ရှင်နော်!..လွှတ် "
"မလွှတ်ဘူး...ကြိုက်ရာရွေး ကောင်းကောင်းလိုက်မလား ပွေ့ခေါ်သွားရမလား "
အနှစ် သူ့ကိုမော့ကြည့်မိတော့ တစ်ကယ်လုပ်တော့မည့်မျက်နှာမျိုး။
"ရှင်အကြပ်မကိုင်နဲ့"
"ကိုယ်ပဲပွေ့လိုက်တော့မယ် "
"အာ မဟုတ် မဟုတ်ဘူး ကျွန်မလမ်းလျှောက်လိုက်မယ် "
တစ်ကယ်ကြီး ပွေ့ချီမလိုလုပ်မှ အနှစ်လက်ခံတော့သည်။
"အိုခေ သွားမယ် "
"ခဏလေး မွန်လေးကိုပြောလိုက်ဦးမယ် "
သူခေါင်းငြိမ့်တော့ အခန်းထဲဝင်သွားသည့်သူမလေး။ ခဏကြာတော့ ပြန်ထွက်လာသည်။
"သွားမယ် "
"အင်း..."
ရှိုးလျှောက်သည့်နေရာရောက်တော့ စီနီယာမမက သူမပြန်ပါလာ၍ အံ့ဩနေ၏။ သူ့ကိုကြည့်လာတော့ မသိသလိုနဲ့မျက်နှာလွှဲတော့ ထိုမမသဘောကျစွာရယ်သည်။
"ဖိနပ်ပါမလာဘူး "
"ရော့..."
သူပေးသည့်ဖိနပ်က မနေ့ကဖိနပ်ဖြစ်နေ၍ အံ့ဩသွားပုံရသည်။
"အကောင်းကြီးကို လွှင့်ပြစ်ရင် နှမြောစရာကြီး...ဒါကြောင့် ဒါနဲ့ပဲလေ့ကျင့်လိုက် "
"အင်း ကျေးဇူးပဲ "
သူမထွက်သွားတော့ ထိုမမက သူ့ဘေးနားကပ်လာကာ အစ်မသိတယ်နော်ဟုပြောသွားပါသည်။
အလကားပါ။ သူ့ကြောင့်ဖြစ်တာမို့ဟန်ဆောင်လုပ်ပြနေတာ။
✿⁠............✿⁠...........✿⁠
ဆက်ရန်
ဒါက uni lifeကနေ married lifeထိသွားမှာပါနော်။
စိတ်ကူးနဲ့သာဖန်တီးထားတာမို့ မကောင်းရင်တော့ အားနာရပါတယ်။
Part(3)
"ခဏ ခဏလေး အနှစ်သာရ..."
"ဘယ်သူ..."
"ငါမေးစရာရှိလို့ "
"မေးကြည့်ပါ..."
"အင်း "
"ကျေးဇူးပဲ "
"မိုက်တယ် အနှစ် "
"ဟုတ်မှာပေါ့..."
"ဟေ့ မင်း..."
ကျစ်!..
"လာတယ်..."
"မင်းကိုဘာမေးသေးလဲ "
"ဘာ!..."
"ဘယ်လို!..."
"မကြိုက်ရင်ပြီးတာပဲ "
အင့်ဟာ...
✿⁠............✿⁠...........✿⁠
"ဒါပေမဲ့..."
×××××
"ဟုတ်ကဲ့ "
✿⁠............✿⁠...........✿⁠
"တစ်ခါပဲရမယ် "
"ကျစ်!..."
✿⁠............✿⁠...........✿⁠
"အာ့ နာတယ် မွန်လေးရဲ့..."
"အရမ်းနာနေသေးတာလား "
"အင်း "
"နှမြောစရာကြီး..."
"ဘာလို့လဲ "
"အင်း "
"ဒီမှာ အိပ်မလား..."
"ပြီးရော..."
✿⁠............✿⁠...........✿⁠
"ဒါဘာလဲ လက်ဆောင်လား..."
"ဘာကြီးလဲ..."
ကျစ်!...
"အေး "
"အနှစ်သာရဘယ်သွားလဲ "
"ဪ Thank you..."
"ရပါတယ် "
"ဘာလို့ပိတ်ရပ်တာလဲ "
"ဖယ်ပေး..."
"အဟမ်း!..ပြောစရာရှိတယ် "
"ဘာပြောမှာလဲ "
"မင်းကိုပဲ လိုချင်တယ်! "
"ဟာ ဟေ့..."
"အမေ့!..."
"ဘာလုပ်တာလဲ "
"ရှင်နော်!..လွှတ် "
"ရှင်အကြပ်မကိုင်နဲ့"
"အိုခေ သွားမယ် "
"သွားမယ် "
"အင်း..."
"ဖိနပ်ပါမလာဘူး "
"ရော့..."
"အင်း ကျေးဇူးပဲ "
✿⁠............✿⁠...........✿⁠
ဆက်ရန်
Continue Reading
You'll Also Like
60.8K 1.2K 25
အချစ်ဆိုတဲ့အရာတွေတောင်သေးနုပ်ဂုဏ်ငယ်သွား​ေစနိုင်တဲ့ သံယောဇဉ်နဲ့မေတ္တာတချို့ကို အချစ်ထက်ပိုတယ်လို့ယူဆလို့ရကောင်းရပါတယ် အချစ်ဆိုတာခါးသီးမှုတွေပေးတက်ပေမ...
119K 3.9K 27
အရိုးအကြောအထူးကုဆရာဝန် ငြိမ်းမောင်နှင့် ဇီးဖြူကုန်းရွာသူ ကြည်ဖြူမိုးတို့၏ အချစ်ဇာတ်လမ်း။ 1980ခုနှစ် ကိုအခြေခံထားပါတယ်။ April 17 2023 အရိုးအေၾကာအထူးကု...
74.7K 3.3K 27
Start : 6.11.2022 Finish : ????? မင်းနဲ့ငါနဲ့ ဘယ်လောက်ပဲဝေးနေနေ ငါတို့နှစ်ယောက်ကြားမှာ သာမာန်လူတွေမမြင်တွေ့နိုင်တဲ့ ချည်နှောင်ထားတဲ့ကြိုးတစ်ချောင်းရှ...
21.2K 802 16
ကိုယ့်​ကို ချစ်​ပါလို့ဆိုလိုတာမဟုတ်​ပါဘူး ကိုယ့်​ကိုစဉ်းစား​ပေး​စေချင်​တာပါ ကိုယ်​ ချာတိတ်​ကိုချစ်​တဲ့အချစ်​​တွေ ဘယ်​​လောက်​များပြားတယ်​ဆိုတာကို ချာ...