Unicode***
အချိန်တွေကြာလာတာနဲ့အမျှ ယောင်းလေးက သူနဲ့အချိန်တိုင်းနီးပါးအတူတူရှိကြသည်
အန်တီဆယ်ယောင်းကလဲအခုနောက်ပိုင်းဖေဖေနဲ့ပိုရင်းနှီးလာသလို ပြီးတော့ယောင်းလေးကလဲတစ်ခါတလေအာပါးရှေ့ဆိုငြိမ်ငြိမ်သွားသည်
ဒါပေမဲ့သူမကြိုက်တာကိုတော့ ဂျစ်ကန်ကန်ပုံစံဖြင့်ငြင်းဆိုတတ်သည်
ယောင်းလေးတစ်ခါမှမပြောဖူးတော့ သူလဲမသိဘူးပေါ့လေ
သူတို့ကျောင်းတက်ပြီဆိုလျှင်လဲ အားချိန်ရတိုင်း ယောင်းလေးရှိတဲ့
အငယ်တန်းတွေဆိီသွားသွားလည်သည်
ပြီးတော့ယောင်းလေးမှာသူ့အပြင်ထပ်ခင်ရမဲ့သူတစ်ဦးထပ်ပေါ်နေပြီဖြစ်၏။
ဘတ်ဂျီမင်းတဲ့လေ လူကောင်ကသေးသေးလေးနှင့်ယောင်းလေးနဲ့ဆိုလျှင်ခေါင်းတစ်လုံးစာပိုသေး၏
အထူးသဖြင့်သူ့ရဲ့လက်သေးသေးလေးတွေကတကယ့်ကိုအသည်းယားစရာ
သူနဲ့ပါအကြိုက်ချင်းတူတဲ့သူ့ညီက ခင်တော့လဲ တကယ်ချစ်စရာမိုချီလုံးလေးကိုမှရွေးခင်တာမျိုး
"ယောင်းလေး ထမင်းသွားစားရအောင် "
သူလာခေါ်တော့ရေးလက်စစာတွေကိုရပ်ပြီးခေါင်းငြိမ့်ပြသည် ဂျီမင်းလေးကတော့ သူ့ကိုမြင်ပုံမပေါ်သေးပဲ သင်ပုန်းကစာကိုပြူးကြည့်လိုက်မျက်မှောင်ကျုပ်ပြီးစာကူးလိုက်ပင်ရှုပ်နေသည်
နောက်ဆုံးတော့ သူ့ကိုသွားခေါ်ရတာကယောင်းလေးပဲဖြစ်သည်
"မုန့်သွားစားမယ်ဂျီမင်း "
" အင်း ထယ်... အာ အစ်ကိုဂျင်!"
သူတို့သုံးယောက်စားသောက်ခန်းရောက်တော့ ယောင်းလေးကတစ်နေရာရာကိုသဘောမကျသလိုခပ်တန်းတန်းကြည့်နေသည်
သူ့ကိုဆိုအဲ့လိုမကြည့်ပေမဲ့ အရွယ်နဲ့မလိုက်ယောင်းလေးကတကယ်ကိုကြောက်စရာ..
"ဘာလို့လဲယောင်းလေး ထမင်းစားရင်အဲ့လိုမနေနဲ့လေအသက်ကြီးရင်နှဖူးတွေတွန့်တယ် "
"....."
ဪ..သူ့ကိုစကားပြန်မပြောဘူးပေါ့လေ!
သူလဲထိုကောင်လေးကြည့်တဲ့နေရာကိုကြည့်မိတော့ သူ့ဘေးရောက်နေတဲ့ကောင်လေးတစ်ယောက်
" ကျွန်တော်လဲဒီမှာစားလို့ရလားအစ်ကို"
"မရဘူး !ထွက်သွားစမ်း!"
" အဟင့်!"
သူဘာမှမပြောရပဲယောင်းလေးကသာဝင်ပြောသည်
ဘာလို့ဒီကလေးအဲ့လောက်ရိုင်းတာလဲ??
"ထယ်ယောင်း ဘာလို့အဲ့လိုပြောရတာလဲ??ကိုယ်နဲ့ရွယ်တူလေ"
သူ့စကားကိုကြားတော့ တစ်ချက်သာမော့ကြည်ဲပြီး ထမင်းပြန်စားသည်
ဪ..သူ့ကိုအရေးမလုပ်ဘူးပေါ့လေ!
"အစ်ကိုဂျင်မသိလို့ အဲ့ကောင်ကဂျီမင်းတို့အခန်းထဲက ချွဲဆူဘင်းတဲ့လေ သူကအစ်ကိုဂျင်ကိုကြိုက်နေတာ "
အယ် မဟုတ်သေးပါဘူး အခုကလေးတွေဘာတွေများတွေးနေကျလဲ??ငယ်ငယ်ရွယ်ရွယ်နဲ့ စာကိုကြိုးစားသင်မယ်မစဥ်းစားဘူး
တဒေါက်ဒေါက်နဲ့ခုံခေါက်သံကြားမှသူအသိပြန်ဝင်လာတော့ ယောင်းကသူ့ကိုမမှိန်မသုန်ကြည့်သည် Cocacolaဗူးကိုဖောက်သောက်ပြီး မသိသလိုပြန်နေပြန်သည် ငယ်ငယ်လေးက အအေးတွေဖျော်ရည်တွေမဟုတ်ပဲ ကိုကာကိုလာကိုကြိုက်ရတယ်လို့ တကယ်ကိုယောင်းလေးအတွေးကိုသူလိုက်လို့မရ...
နောက်တော့သူလဲဂျီမင်းစကားကိုအစပြန်ဖော်သည်
" စိတ်မပူနဲနော်ဂျီမင်းလေး အစ်ကိုဂျင်က ကောင်မလေးလှလှလေးထားမှာ အစ်ကိုကချောတော့ ကောင်မလေးချောချောလေးထားမှာအဆင်ပြေမှာပေါ့ဟုတ်တယ်မလား?ဟဲဟဲ..."
"မဟုတ်ပါဘူး အစ်ကိုဂျင်က လှတာ"
"ဟေ့ဟေ့ ဘတ်ဂျီမင်း ငါကအမျိုးကောင်းသားလေးနော် လှတာက အမျိုးသမီးလေးတွေနဲ့မှသက်ဆိုင်တာကွ!"
"ဂျီမင်းမေမေကပြောတယ် နှင်းဆီဖူးလိုနှုတ်ခမ်းဖူးဖူးလေး ကြည်လင်နေတဲ့မျက်ဝန်း နဲ့ခါးသိမ်သိမ်လေးရယ် လက်သွယ်သွယ်လေးတွေရယ် ပြီးတော့လှတဲ့အသားအရေလေးရယ် အဲ့လိုပြည့်စုံနေရင်လှတယ်တဲ့ ဒါကြောင့်အစ်ကိုဂျင်ကလှတာပါဆို"
"......."
...................
သူတက္ကသိုလ်ရောက်တော့ ယောင်းလေးသည် အထက်တန်းပထနှစ်ဖြစ်သည်
ထို့ပြင် ပိုပြီးလဲသီးသန့်ဆန်လာသည်
သူကျောင်းတက်တော့ ကျောင်းနဲ့အနီးဆုံးဖြစ်မည့်နေရာကိုအာပါးက ကွန်ဒိုဝယ်ပေးထားသည်
ဒါကြောင့်တော်ရုံကျောင်းပိတ်ရက်ကလွှဲလို့သူအိမ်ကိုမပြန်ဖြစ်ခဲ့ပေ။
ဒီနေ့ကတော့ ရက်ရှည်ကျောင်းပိတ်ရက်လဲဖြစ်တာမို့ အိမ်ကိုပြန်လာသည်
မှောင်မဲနေတဲ့အခန်းကြောင့် မီးဖွင့်ရန်လိုက်စမ်းပြီးမှ မီးလင်းမှတွေ့ရတာက ဧည့်ခန်းတွင်ထိုင်နေသည့် ကောင်လေးပင်
"ဘာလုပ်နေတာလဲ ထယ်ယောင်းအား? "
"ပြန်လာပြီလား??"
" အာပါးနဲ့အန်တီဆယ်ယောင်းရော!"
"အဲ့ကိစ္စပြောဖို့! ကျွန်တော်အိမ်ခွဲနေတော့ဖို့ "
"ဘာလို့လဲ ထယ်ယောင်းကငယ်သေးတယ်လေ"
ပြီးတော့သူထယ်ယောင်းအနားကိုသွားမှာသေချာသတိထားမိသည်
မျက်ရစ်တွေကမို့နေသည်
နှာခေါင်းထိပ်ကလဲနီဆွေလျက်။
" သူတို့က လက်ထပ်တော့မယ်တဲ့ ကျွန်တော်သဘောမတူချင်ပေမဲ့ ကိုကို့အဖေကိုမုန်းပေမဲ့
သဘောတူမှာပါ အဲ့အချက်နဲ့ဒီအိမ်ကထွက်သွားမှာ"
အဲ့ဒါကြောင့်နဲ့များငိုခဲ့တာလား??
"ကိုကိုလဲသဘောမတူတာမို့ ကန့်"
"မလိုဘူးရတယ်! ကျွန်တော်သဘောတူမှာ!ကျွန်တော်ပင်ပန်းနေပြီဗျ ကိုကိုနားတော့နော် ကျွန်တော်လဲအိပ်တော့မယ် "
အခန်းထဲရောက်တော့ စိတ်ထဲရှင်းသွားအောင်ရေအရင်ချိုးသည်
ပြီးနောက် Pajamaတစ်ထည်ကိုယူဝတ်လိုက်ပြီးအိပ်ရန်ပြင်ခါမှတံခါးခေါက်သံကြောင့်
"ကိုကိုအိပ်ပြီလား??"
"အခုအိပ်တော့မို့ လာလေယောင်းလေးရတယ်"
" ကျွန်တော်အတူအိပ်ချင်လို့ "
"အာ....ရတယ် ဒါဆိုကိုကိုဆိုဖာမှာ"
"မဟုတ်ဘူး ကိုကိုနဲ့ဒီနေ့တူတူအိပ်ချင်လို့ ခနလေးပါပဲ ကိုကိုအိပ်ပျော်သွားရင်အခန်းကိုပြန်ပါမယ် "
သူ့အနားကိုရောက်တော့ငြိမ်ငြိမ်လေးအိပ်ပျော်သွားသည် သူ့ဖက်ကိုတစ်ချက်တောင်လှည့်မလာပဲ တစ်ခါတစ်လေသူ့နားထဲ အသံသဲ့သဲ့လေးကကြားနေရသလို!
ထိုအချိန်ယောင်းလေးသူ့အမေအားဘယ်လောက်တွယ်တာကြောင်း သူခန့်မှန်းနိုင်သည် ယောင်းလေးဒီအိမ်ကိုစရောက်တည်း အာပါးကိုဆိုကြည့်မရခဲ့တာလေ ကလေးတစ်ယောက်ရဲ့အမြင်နဲ့ဒါတွေကိုကြိုသိနေခဲ့သလိုမျိုး...
ပြီးတော့ အာပါးကရော အစတည်ကဒီလိုရည်ရွယ်ချက်ကြောင့် အန်တီဆယ်ယောင်းတို့ကိုအိမ်ပေါ်ခေါ်တင်ခဲ့တာလား??
နောက်နေ့တွင်ထမင်းစားခန်းကလုံးဝတိတ်ဆိတ်လျက်...
"အာပါးတို့လက်ထပ်တာက သားတို့သဘောမပါပဲလုံးဝရတာလား??"
"အာပါး ထယ်ယောင်းလေးဆီကသဘောတူညီမှုရထားပြီးပါပြီ!ဂျင်လေးကိုပြောဖို့ပဲကျန်တာ "
" အစတည်းကအာပါးကိုသဘောမကျခဲ့တဲ့ ယောင်းလေးက သဘောတူခဲ့တယ်ဆိုတာ နည်းနည်းတော့အဆင်ပြေမနေဘူးမလား??"
စားနေတာကိုရပ်ပြီးသူ့ကိုနားမလည်သလိုကြည့်လာတာက အာပါးနဲ့အန်တီဆယ်ယောင်းဖြစ်သည် ယောင်းလေးကတော့ စားလက်စကိုနည်းနည်းတောင်ပျက်မသွား။
သူဒီမှာရှိမနေတော့တဲ့အတောအတွင်းအကုန်လုံးကလွှဲတော့နေတယ်မဟုတ်လား??
.......................
"ဆော့ဂျင်း!"
ကျောင်းဝန်းထဲရောက်ရောက်ချင်း စာဂျပိုး ကောင်၏အသံကိုတန်းကြားရပြီဖြစ်သည်
"ဖြေးဖြေးသာသာခေါ်လို့မရဘူးလားနမ်ဂျွန်း!"
သူပြန်အော်တော့မျက်မှန်ကိုပင့်ရင်း သူ့ပါးချိုင့်နက်ကြီးနဲ့ရယ်သည် အဲ့လိုအချိန်တိုင်းနမ်ဂျွန်းစတိုင်ကျတာတော့အမှန်ပင်...
အင်းလေးဒီလောက်တော့ ရှိရမှာပေါ့ ဆော့ဂျင်းရဲ့သူငယ်ချင်းပဲကို
သူ့သူငယ်ချင်း ဖြစ်ဖို့ကအဲ့လောက်တော့မခက်ပါဘူး အချစ်သုံးချက် ပြည့်ရင်ကိုရပြီ..
နံပါတ်တစ် ချောရမယ်!
နံပါတ်နှစ် ချောရမယ်!
နံပါတ်သုံးချောရမယ်!
"ဒီနေ့ စီနီယာ ဟယ်ဆောင်းအတန်းတက်မှာတဲ့!"
" စီနီယာ ဟယ်ဆောင်းဆိုတာက ဟိုကွင်းမမအချောလေးလား? "
နမ်ဂျွန်းကတော့ဟုတ်တယ်ဆိုတဲ့အတိုင်း ခေါင်းတဆက်ဆက်ငြိမ့်ပြသည်
ဒီလိုမျိုးဆို ဒီအကောင်ကသိပ်လက်သွက်သည် စာဂျပိုးလို့သာပြောပေမဲ့ စာလုပ်စရာမလိုအောင်ကိုသေလောက်အောင်ဉာဏ်ကောင်းတဲ့အပြင် IQ 146ဆိုတာက သူ့ကိုနည်းနည်းတောင်မျက်နှာပြောင်နေတယ်မဟုတ်လား? ပြီးတော့စာဆိုတာထက် သုံးတန်းလောက်တည်းက sideပေါင်းစုံနေတဲ့
ဒီကောင်က IQတစ်စက်လေးမှနိမ့်မသွားတာတော့နည်းနည်းစဥ်းစားစရာ
အခန်းထဲကိုရောက်တော့ လူတော်တော်များရောက်နေပြီဖြစ်သည်
စီနီယာဟယ်ဆောင်းဆိုတာက ချောတဲ့လှတဲ့အပြင် ကြော်ငြာလေးတွေမှာလဲ အနည်းနဲ့အများပါဝင်နေတာမို့ သဘောကျသူများတာတော့သိပ်မဆန်းပေ
" မင်းအဲ့လောက်ဖြစ်ပြမနေနဲ့ ဟိုကပိုင်ရှင်ကြီးနဲ့ထင်တယ် ငါကြားတာတော့တစ်ယောက်တည်းလာတာမဟုတ်ဘူးဆိုပဲ"
သူ့ပုံစံကိုကြည့်ပြီး နမ်ဂျွန်းကဆိုတော့
" မင်းဘယ်လိုသိလဲ?? ပြီးတော့ရောငါ့လောက်ရောချောလို့လား?"
"ဟက်!ကင်မ်ဆော့ဂျင်း ရေဟိုကတကယ်ကိုDaddy Typeကြီးနော် အသာကြီးပါကွာ"
ဟက်!ဟုတ်မဟုတ် လာတော့မှကြည့်မှာပေါ့
သူလဲစာတမ်းတစ်ချို့ပြန်ကြည့်ရင်းနဲ့မှ ဆူဆူအသံတွေကြောင့် ကြည့်တော့ သူမျှော်နေတဲ့သူ့ခရက်ရှ်ကြီးပင် အပေါက်ဝမှာရပ်နေရင်း
အကွယ်ကတစ်ယောက်ယောက်နှင့်စကားပြောနေပုံပင် ပြုံးပျော်နေတဲ့ပုံက ကင်မရာထက်ကအပြုံးတွေထက် ပို၍တောက်ပသည်...ပြီးတော့ လူတစ်ယောက်ရဲ့လက်ပဲပေါ်ပေါ်လာပြီး စီနီယာရဲ့ဆံပင်တွေကိုသပ်တင်ပေးနေသည်
စိတ်ပျက်စရာ လက်မှာလဲတက်တူးတွေနဲ့ ကုတ်အနက်ရောက်ဝတ်ဆင်ထားသော်လည်း
လက်ဖမိုးပေါ်ကဆေးမှင်ကြောင်တို့က နည်းနည်းမှကိုကြည့်ကောင်းမနေဘူးနော်...
အခုထိအပြင်ထွက်မလာသေးလို့မျက်နှာကိုမမြင်ရသေးပေမဲ့ စီနီယာကတောင် သဘောကျရတဲ့သူဆိုတော့ နမ်ဂျွန်းပြောသလို တကယ်ပဲမိုက်တဲ့သူလား?
မိုက်တော့ရောဘာဖြစ်လဲ?သူကချောမောပြီးဖြူစင်တဲ့လူလေးပါနော် ဟွန့်!
ဒါကပထမဆုံး ဆော့ဂျင်းလူတစ်ယောက်အပေါ်မနာလိုဖြစ်မိခြင်းပင်
********************************
Zawgyi***
အငယ်တန်းတွေဆိီသွားသွားလည်သည်
" အင်း ထယ်... အာ အစ်ကိုဂျင်!"
"....."
"မရဘူး !ထွက်သွားစမ်း!"
" အဟင့်!"
သူ့စကားကိုကြားတော့ တစ်ချက်သာမော့ကြည်ဲပြီး ထမင်းပြန်စားသည်
"......."
...................
"ပြန်လာပြီလား??"
"ကိုကိုအိပ်ပြီလား??"
.......................
"ဆော့ဂျင်း!"
နံပါတ်တစ် ချောရမယ်!
နံပါတ်နှစ် ချောရမယ်!
နံပါတ်သုံးချောရမယ်!
********************************