ဇာတ္ပို႔တစ္ေယာက္ရဲ့ အဆံုးသတ္...

By devil61002

76.8K 12.8K 1.7K

" ဘယ္ဇာတ္လိုက္ကို ရိုက္ခ်ခ်င္လည္း ဒီသခင္ေလးက စင္ေပၚကေန ကန္ခ်ေပးမယ္ " " ဘယ်ဇာတ်လိုက်ကို ရိုက်ချချင်လည်း ဒီသခင်... More

Arc.10.1
Arc.10.2
Arc.10.5
Arc.10.6
Arc.10.7
Arc.10.8
Arc.10.10
Arc.10.11
Arc.10.11
Arc.10.12
Arc.10.13
Arc.10.14
Arc.10.15
Arc.10.16
Arc.10.17
Arc.10.18
Arc.10.19
Arc.10.20
Arc.10. Extra 1
Arc.10.Extra 2
Arc.10.Extra 3
Arc.11.1
Arc.11.2
Arc.11.3
Arc.11.4
Arc.11.5
Arc.11.6
Arc.11.7
Arc.11.8
Arc.11.9
Arc.11.10
Arc.11.12
Arc.11.13
Arc.11.14
Arc.11.15
Arc.11.16
Arc.11.17
Arc.11.18
Arc.10.3
Arc.11.19
Arc.11.20
Arc.11.21
Arc.11.22
Arc.11.23
Arc.11.24
Arc.11.25
Arc.11.26
Arc.11.27 End
Arc.12.1
Arc.12.2
Arc.12.3
Arc.12.4
Arc.12.5
Arc.12.6
Arc.12.7
Arc.12.8
Arc.12.9
Arc.12.10
Arc.12.11
Arc.12.12
Arc.12.13
Arc.12.14
Arc.12.15
Arc.12.16
Arc.12.17
Arc.12.18
Arc.12.19
Arc.12.20
Arc.12.21
Arc.12.22
Arc.12.23
Arc.12.24
Arc.12.25
Arc.12.26
Arc.12.27
Arc.12.28
Arc.12.29
Arc.12.30
Arc.10.4
Arc.12.31
Arc.12.32
Arc.12.33
Arc.12.34
Arc.12.35
Arc.12.36
Arc.12.37 End
Arc.13.1
Arc.13.2
Arc.13.3
Arc.13.4
Arc.13.5
Arc.13.6
Arc.13.7
Arc.13.8
Arc.13.9
Arc.13.10
Arc.13.11
Arc.13.12
Arc.13.13
Arc.13.14
Arc.13.15
Arc.13.16
Arc.13.17

Arc.10.9

1.2K 197 3
By devil61002

ေရွာင္ယုယြီ၏ တည္ၿငိမ္ေနသၫ့္ စိတ္ေလးက အနည္းငယ္ ကေယာက္ဂယက္ ျဖစ္ေန၏ ။ သူမ ဘာေၾကာင့္ ဒီလိုမ်ိဳး ခံစားေနရတယ္ဆိုတာကို သူမကိုယ္တိုင္ မေသခ်ာေနေပမဲ့ ကုက်င္းဟန္ တစ္ခုခု ျဖစ္သြားတာမ်ိဳးကို သူမ မလိုခ်င္ေနဘူး ။

သူမ မွတ္ဉာဏ္အရ ဒီေန့ ၿပီးတာနဲ႔ ကုမိသားစုတစ္ခုလံုးက ပိုင္လင္ဆိုတဲ့ လူလက္ထဲကို ေရာက္သြားလိမ့္မယ္ ။ ကုက်င္းဟန္ အပါအဝင္ဘဲ ။ သူမ ကလြဲရင္ ဒီအေၾကာင္းကို ဘယ္သူမွ မသိဘူး ။ သူမေျပာရင္ေတာင္ ယံုမဲ့သူ မရိွဘူးေလ။

ဘာလို႔လဲ ?

ဒီ လူ႔ေလာကမွာရိွေနေပမဲ့ ေပ်ာက္ကြယ္ေနတဲ့ လူတစ္ေယာက္လို ေနထိုင္ေနတဲ့ ပိုင္လင္လို လူမ်ိဳးက အႀကံအစည္ႀကီးတဲ့ သူမ်ိဳးလို႔ ဘယ္သူမွ ထင္မိမွာ မဟုတ္ဘူး ။

သူမသာ ျပန္လည္ေမြးဖြားလာသူမဟုတ္ရင္ သူမလည္း ထင္ထားမွာမဟုတ္ဘူး ။

အဲ့ဒီလူက အရမ္းဟန္ေဆာင္ေကာင္းလြန္းတယ္ .. ေလးႏွစ္လံုး သူ႔ရဲ့ သရုပ္မွန္ကို ေသခ်ာေလးဖံုးကြယ္ထားႏိုင္ခဲ့တယ္ေလ ..

သူ႔အတြက္ ေသဆံုးသြားၿပီျဖစ္တဲ့ သူ႔အစ္မကသာ အေရးႀကီးဆံုးျဖစ္တယ္ .. သူမနဲ႔ ပတ္သက္တဲ့အရာအားလံုးက အထိမခံႏိုင္တဲ့ သူ႔ရဲ့ ေနာက္ဆံုး စည္းမ်ဉ္းဘဲ ..

သူမရဲ့ အရင္ဘဝတုန္းက သူမမွာလည္း ကိုယ္ပိုင္ကိစၥနဲ႔ အလုပ္ရႈပ္ေနခဲ့သၫ့္အတြက္ သိပ္ၿပီး အတြင္းက်က်မသိခဲ့ရာ မွတ္ဉာဏ္မ်ားက မၾကည္လင္ေနေပ ။ လြန္ခဲ့တဲ့ ရက္အနည္းငယ္ေလာက္က ပိုင္လင္ကို ျပန္ေတြ ့ ၿပီးမွသာ ျဖည္းျဖည္းခ်င္း ေပၚလာခဲ့ျခင္း ။

ေရွာင္ယုယြီအား ေလွာင္ေျပာင္သၫ့္အမ်ိဳးသမီးသည္ အတြင္းသို႔ ေက်ာ့ေမာ့ကာ ဝင္ေရာက္သြားခဲ့ၿပီျဖစ္သည္ ။ သူမသည္ ေဘးပတ္လည္သို႔ အကူအညီတခ်ိဳ႕ ရလိုရျငား ေဝ့ဝိုက္ၾကၫ့္လိုက္သည္ ။ သူမ တာဝန္ခံလာတဲ့အထိ မေစာင့္ႏိုင္ေခ် ။
မတတ္သာတဲ့အဆံုးတြင္ သူမ ခိုးဝင္ဖို႔ေတာင္ ျပဳလုပ္ႏိုင္သည္ ။

ကုအိမ္ေတာ္ထဲတြင္ ေလထုက ေပ်ာ္ရြင္မႈမ်ား၊ တက္ႂကြလႈပ္ရွားမႈမ်ား ႏွင့္ ျပင္းထန္ေနသည္ ။ စီးပြားေရးသမားမ်ားက ကုက်င္းဟန္နဲ႔ ေဆြးေနြးႏိုင္လိုက္သလို အဆက္အသြယ္ေကာင္းခ်င္သူမ်ားကလည္း ခ်ိတ္ဆက္ႏိုင္လိုက္သည္ ။ ေလထုက အလြန္ပနံသင့္ေနၿပီး ေခ်ာေခ်ာေမြ ့ေမြ့ပင္ ။

ပိုင္လင္သည္ သူ႔ဖုန္းအား ထုတ္လိုက္ၿပီး နံပါတ္တစ္ခုအား တစ္စံုတစ္ခုကို စတင္ရန္ အမိန႔္ေပးလိုက္သည္ ။

သူသာ ဒိုင္ယာရီစာအုပ္ကိုမေတြ ့ခဲ့ရင္ ပိုင္လင္က ဘယ္လိုလူမ်ိဳး ျဖစ္ျပီး၊ ဘယ္လိုအႀကံစည္မ်ိဳး ႀကံစည္ထားသလဲဆိုတာ ခန႔္မွန္းမိမွာ မဟုတ္ေပ ။ ဒီပြဲဟာ ဒီတိုင္းေလးသာ အဆံုးသတ္သြားေလာက္သည္ ။

လြန္ခဲ့သၫ့္ေလးႏွစ္ကတည္းက ပိုင္လင္၏ အႀကံအစည္သည္ ယခုတြင္ အေကာင္အထည္ေပၚလာေတာ့မည္ ျဖစ္သည္။

သူသည္ ပိုင္လင္၏ အစီအစဉ္ကိုသိရၿပီးေနာက္ စဉ္းစားစရာ ပိုလာသည္မွ လြဲ၍ ထူးဆန္းသည္ဟု မခံစားရေပ ။ ပိုင္ယင္း၏ ေနာက္ဆံုးစကားသည္ ဘာလဲဆိုတာ မသိေသာ္လည္း ပိုင္မိသားစု ပ်က္စီးရာအေၾကာင္းအရင္းမွာ ကုမိသားစုႏွင့္ ဆက္စပ္ေနေလာက္သည္ ။ မဟုတ္လ်ွင္ ပိုင္လင္က ကုမိသားစုကို ကလဲ့စားေခ်ဖို႔ လုပ္မည္မဟုတ္ေခ် ။

ပိုင္လင္သည္ အခ်ိန္ကိုေစာင့္ေနခ်ိန္ ကုက်င္းဟန္၏ ဖုန္းက ျမည္လာေလသည္ ။ သတိထားေနသၫ့္ ပိုင္လင္က အသာေခါင္းယမ္လိုက္သည္ ။ မူလကိုယ္ရဲ့ အစီအစဉ္က အဲ့ဒီဖုန္းေကာေၾကာင့္ ပ်က္စီးသြားမယ္ဆိုတာ သူထင္ထားၿပီသား။

ယခင္ပိုင္လင္က မည္မ်ွအားႀကီးခဲ့ပါေစ ယခုဇာတ္လမ္းတြင္ ဇာတ္လိုက္က ေရွာင္ယုယြီျဖစ္သည္ ။

ပိုင္လင္က စိုးရိမ္ပူပန္ျခင္းမရိွ လက္ထဲရိွဝိုင္ခြက္အား ျဖည္းျဖည္းခ်င္းေမာ့လိုက္သည္ ။ သူ႔ရဲ့ အေၾကာေသေနသ‌ေယာင္မ်က္ႏွာထက္တြင္ အၿပံဳးဖြဖြေလး ေပၚလာေလသည္ ။

တိုက္ဆိုင္စြာပင္ စင္ေပၚ၌ က်န္ရစ္ေနခဲ့သၫ့္ ကုအဘိုးက ေစ့စပ္ပြဲကို ေၾကညာလိုက္ခ်ိန္တြင္ ျဖစ္သည္ ။

တဖက္တြင္ ကုက်င္းဟန္သည္ သူ႔ထံသို႔ ဖုန္းေခၚလာသၫ့္ ေရွာင္ယုယြီအား နားမလည္ႏိုင္ဟန္ ေမးလိုက္သည္။

" မင္းအခု ဘယ္မွာလဲ "

" ကြၽန္မ ၿခံဝင္းထဲက ေရပန္းနားမွာ.. "

ကုက်င္းဟန္၏ ဖုန္းတစ္ဖက္အသံက ခဏတာ တိတ္ဆိတ္သြားတာေၾကာင့္ ေရွာင္ယုယြီက ျပန္ေျဖလိုက္သည္ ။

" ရွင္ ဘယ္သူလဲဆိုတာ ကြၽန္မ ဘယ္လိုသိသြားလဲဆိုတာေရာ ရွင္ဘာလို႔ ဖံုးကြယ္ထားလဲဆိုတာေရာ ေနာက္မွ ေျပာမယ္ .. အခုခ်က္ခ်င္း ထိန္းခ်ဳပ္ေရးအခန္း ဆီကိုသြားပါ .. "

ထိန္းခ်ဳပ္ေရးအခန္းက ပရိုဂ်က္တာကို ခုနကတင္ ကုမိသားစုရဲ့ ပေရာဂ်က္ကို တင္ျပဖို႔ ကုက်င္းဟန္ အသံုးျပဳခဲ့ေသးသည္ ။ ဘာမွားေနလို႔လဲ။

ဖုန္းေျပာ‌ေနရင္း သူ႔ေျခလွမ္းမ်ားက ပရိုဂ်က္တာ အပါအဝင္ လ်ွပ္စစ္ပစၥည္းမ်ား တာဝန္ယူထားသူမ်ားရိွရာအခန္းသို႔ ဦးတည္လိုက္သည္ ။ သူေရာက္သြားသၫ့္ အခ်ိန္တြင္ တံခါးရိွ ဝန္ထမ္းအခ်ိဳ ့မွာ လဲက်ေနသည္ကို ေတြ ့လိုက္ရ၍ ထိတ့္လန႔္သြားသည္ ။ သူအခန္းတြင္းသို႔ အလ်င္အျမန္ေရာက္လာခ်ိန္တြင္ လူတစ္ေယာက္သည္ USB တစ္ခုအား ထိုးဖို႔ ျပဳလုပ္ေနသည္ကို ေတြ ့ရသည္ ။ အခန္းတြင္း အခန္းျပင္အေျခအေနေၾကာင့္ ထိုလူလုပ္ေနသၫ့္ အရာသည္ မေကာင္းတဲ့အရာဆိုသည္ကို ေတြးစရာမလိုေအာင္ သိႏိုင္သည္ ။

ထိုလူသည္လည္း ကုက်င္းဟန္ေရာက္လာသည္ကို ထိတ္လန႔္သြားပံုေပၚသည္ ။ USB အား အျမန္ထိုးသြင္းလိုက္ေတာ့သည္ ။

အခမ္းအနားရိွ ပိတ္ကားထက္တြင္ ကုအဘိုး ေၾကညာၿပီးသည္ႏွင့္ ရုပ္ပံုမ်ား ေျပာင္းလဲသြားေလသည္ ။ စီစဉ္ထားသၫ့္ အတိုင္းပင္ လူအမ်ား အာရံုစိုက္ေနၾကသည္ ။ သူတို႔က ကုက်င္းဟန္နဲ႔ လက္ထပ္မဲ့ သူက ဘယ္သူဆိုတာကို သိခ်င္ေနၾကတယ္ ။

ဒီမွာရိွေနတဲ့ လူတခ်ိဳ႕ကသာ ကုက်င္းဟန္နဲ႔ ေစ့စပ္ထားတဲ့သူက ပိုင္လင္ျဖစ္တယ္ဆိုတာကို သိၾကတာပင္ ။

ပိတ္ကားထက္တြင္ ပထမဦးဆံုးေပၚလာသည္က မိသားစု ဓာတ္ပံုတစ္ခုပင္ ။ ထိုပံုထဲတြင္ ပိုင္လင္၏ မ်က္ႏွာထက္တြင္ တက္ႂကြရြင္လန္းသၫ့္ အၿပံဳးမ်ား ရိွေနခဲ့ေသးသည္ ။

ကုက်င္းဟန္သည္ USB အား ဆတ္ခနဲဆြဲႏႈတ္လိုက္ၿပီးမွ စိတ္ေအးသြားသည္ ။ ဒီထဲမွာ ဘာရိွေနေန ေကာင္းတဲ့အရာမဟုတ္ဘူး ။

သူက ပြဲထဲသို႔ ျပန္မသြားဘဲ ၿခံဝင္းထဲသို႔ ဆင္းသြားလိုက္သည္ ။ အနည္းငယ္ သြားၿပီးေနာက္ ေရပန္းနားတြင္ ထိုင္ေနသၫ့္ ပံုရိပ္ေလးတစ္ခုကို ေတြ ့လိုက္ရသည္ ။ သူမသည္ ခရမ္းႏုေရာင္ဝတ္စံုေလးအား ဝတ္ဆင္လ်က္ ေအးခ်မ္းစြာ လွပေနေသာ္လည္း သူမမ်က္ႏွာထက္တြင္ တစ္ခုခုကို စိုးရိမ္ေနပံုရသည္ ။

ေျခသံၾကားလိုက္ရ၍ ေရွာင္ယုယြီသည္ လွၫ့္ၾကၫ့္လိုက္ခ်ိန္တြင္ အနက္ေရာင္ဝတ္စံုႏွင့္ ခန႔္ညားလြန္းသၫ့္ ကုက်င္းဟန္အား ေတြ ့လိုက္ရ၏ ။ ႏွစ္ေယာက္သား တစ္ေယာက္ကို တစ္ေယာက္ ရပ္ၾကၫ့္ေနကာ အခ်ိန္မ်ား ရပ္တန႔္သြားသေယာင္ ။

ပြဲအခမ္းအနားထဲတြင္ ပိုင္မိသားစုအေၾကာင္း သိသူမ်ားက မည္သူဆိုသည္ကို ခ်က္ခ်င္း ခန႔္မွန္းမိလိုက္ၾကသည္ ။ ကုက်င္းဟန္ႏွင့္ လက္ထပ္မၫ့္သူမွာ ပိုင္မိသားစုတြင္ တစ္ဦးတည္းေသာ က်န္သၫ့္ ပိုင္လင္မွလြဲ၍ မည္သူျဖစ္ႏိုင္မည္နည္း။ ဒါ့အျပင္ ဒီႏွစ္မ်ားတြင္ ကုမိသားစု ဒီအေျခအေနထိေရာက္ေနသည္မွာ ထိုပိုင္လင္၏ ပိုင္ဆိုင္မႈမ်ားအား အသံုးခ်ႏိုင္ခဲ့၍ ျဖစ္ေၾကာင္း မသိသူ မရိွေခ် ။ သူတို႔က ပိုင္လင္အား ေမြးစားထားျခင္းဟုသာ ထင္ထားၿပီး ဒီလို ကိစၥမ်ိဳးအထိပါ စီစဉ္ထားမယ္လို႔ မထင္ထားခဲ့ေခ် ။

လူအားလံုး၏ အေတြးမ်ားက ထပ္တူညီေနသည္ ။

' ကုမိသားစုက အခြင့္ေကာင္းကို အရယူတတ္သားဘဲ '

သူတို႔က ဆက္လက္ၾကၫ့္ရႈဖို႔ စိုင္းျပင္ေနခ်ိန္မွာဘဲ ပိတ္ကာက ျဖတ္ခနဲ႔ ပိတ္သြားေလသည္ ။ ဘာျဖစ္တာလဲဟု ေမးရန္ ပါးစပ္ျပင္လိုက္ၾကခ်ိန္ သူတို႔၏ ပါးစပ္မ်ားက အေဟာင္းသားျဖစ္သြားရသည္ ။ အေၾကာင္းမွာ ပိတ္ကားသည္ ထပ္မံ ရုပ္ပံုမ်ားကို ျပသေနျခင္းေၾကာင့္ ။ သို႔ေသာ္ ယခုတစ္ေခါက္တြင္ မတူေတာ့ေခ် ။

ရိွေနတဲ့ လူအားလံုး သူတို႔ မ်က္လံုးေတြကို ပြတ္သတ္မိလိုက္တယ္ ။ သူတို႔ျမင္ေနတာ မွားေနၿပီဟုေတာင္ ထင္မွတ္မိသည္ ။ ဘာေၾကာင့္ဆို ယခုပိတ္ကား ထက္တြင္ရိွေနသည္က ေပြ ့ဖက္ထားသၫ့္ စံုတြဲတစ္တြဲပင္ ။ မိန္းကေလသည္ လွပ၍ ေကာင္ေလးသည္ ေခ်ာေမာ လွကာ လိုက္ဖက္လွေလသည္ ။

သို႔ေသာ္ လူတိုင္း၏ မ်က္ႏွာက ၿပံဳးစိစိျဖစ္သြားကာ ရယ္ခ်င္ေနသည္ကို ေအာင့္ထားသၫ့္ပံုေပါက္ေနသည္ ။

ကုမိသားစုက ကိုယ့္ဘာသာကိုယ္ အရွက္ခြဲေနတာဘဲ

ကုအဘိုး၏ မ်က္ႏွာသည္လည္း မည္းေမွာင္ေနသည္ ။ သူ႔ရဲ့ ထက္ျမတ္လွတဲ့ ေျမးက ဒီလို ရူးမိုက္တဲ့ အလုပ္ကို လုပ္လိမ့္မည္ဟု ထင္မထားေပ ။

ေလထုက ကိုးရိုးကားယားျဖင့္ တိတ္ဆိတ္သြားသည္ ။

ခြမ္း!!!

တိတ္ဆိတ္ေနသၫ့္ ေလထုၾကားထြက္ေပၚလာသၫ့္ အသံက အာရံုစိုက္စရာျဖစ္လာကာ အလိုအေလ်ာက္လွၫ့္ၾကၫ့္မိၾကသည္ ။

အရပ္ရွည္ရွည္ႏွင့္ ၾကၫ့္ေကာင္းသၫ့္ လူငယ္ေလးသည္ ပိတ္ကားအား ေတြေတြႀကီး စိုက္ၾကၫ့္ေနသည္ကို ေတြ ့လိုက္ၾကရသည္ ။ မ်က္ႏွာထက္တြင္ မည္သၫ့္အမႈအရာမွ မရိွေသာ္လည္း တုန္ယင္ေနသၫ့္ လက္မ်ားက အလြန္ခံစားေနရေသာ္လည္း ထိန္းခ်ဳပ္ေနရပံု ေပါက္ေနသည္ ။

မၾကာခင္ကပင္ ပိုင္လင္၏ ငယ္စဉ္ကပံုကို ေတြ ့လိုက္ၾကရ၍ ဒီလူငယ္ေလးက ဘယ္သူဆိုတာကို ခန႔္မွန္းဖို႔ မခက္ခဲပါေခ် ။ သနားသၫ့္အၾကၫ့္မ်ားျဖင့္ သက္ျပင္းတစ္ခ်ိဳ႕ ခ်လိုက္မိျကသည္ ။

ကိုယ့္ေစ့စပ္ပြဲေၾကညာတဲ့ေန့မွာမွ ဒီလိုမ်ိဳး ႀကံဳရတယ္လို႔

-----
ရှောင်ယုယွီ၏ တည်ငြိမ်နေသည့် စိတ်လေးက အနည်းငယ် ကယောက်ဂယက် ဖြစ်နေ၏ ။ သူမ ဘာကြောင့် ဒီလိုမျိုး ခံစားနေရတယ်ဆိုတာကို သူမကိုယ်တိုင် မသေချာနေပေမဲ့ ကုကျင်းဟန် တစ်ခုခု ဖြစ်သွားတာမျိုးကို သူမ မလိုချင်နေဘူး ။

သူမ မှတ်ဉာဏ်အရ ဒီနေ့ ပြီးတာနဲ့ ကုမိသားစုတစ်ခုလုံးက ပိုင်လင်ဆိုတဲ့ လူလက်ထဲကို ရောက်သွားလိမ့်မယ် ။ ကုကျင်းဟန် အပါအဝင်ဘဲ ။ သူမ ကလွဲရင် ဒီအကြောင်းကို ဘယ်သူမှ မသိဘူး ။ သူမပြောရင်တောင် ယုံမဲ့သူ မရှိဘူးလေ။

ဘာလို့လဲ ?

ဒီ လူ့လောကမှာရှိနေပေမဲ့ ပျောက်ကွယ်နေတဲ့ လူတစ်ယောက်လို နေထိုင်နေတဲ့ ပိုင်လင်လို လူမျိုးက အကြံအစည်ကြီးတဲ့ သူမျိုးလို့ ဘယ်သူမှ ထင်မိမှာ မဟုတ်ဘူး ။

သူမသာ ပြန်လည်မွေးဖွားလာသူမဟုတ်ရင် သူမလည်း ထင်ထားမှာမဟုတ်ဘူး ။

အဲ့ဒီလူက အရမ်းဟန်ဆောင်ကောင်းလွန်းတယ် .. လေးနှစ်လုံး သူ့ရဲ့ သရုပ်မှန်ကို သေချာလေးဖုံးကွယ်ထားနိုင်ခဲ့တယ်လေ ..

သူ့အတွက် သေဆုံးသွားပြီဖြစ်တဲ့ သူ့အစ်မကသာ အရေးကြီးဆုံးဖြစ်တယ် .. သူမနဲ့ ပတ်သက်တဲ့အရာအားလုံးက အထိမခံနိုင်တဲ့ သူ့ရဲ့ နောက်ဆုံး စည်းမျဉ်းဘဲ ..

သူမရဲ့ အရင်ဘဝတုန်းက သူမမှာလည်း ကိုယ်ပိုင်ကိစ္စနဲ့ အလုပ်ရှုပ်နေခဲ့သည့်အတွက် သိပ်ပြီး အတွင်းကျကျမသိခဲ့ရာ မှတ်ဉာဏ်များက မကြည်လင်နေပေ ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က ပိုင်လင်ကို ပြန်တွေ ့ ပြီးမှသာ ဖြည်းဖြည်းချင်း ပေါ်လာခဲ့ခြင်း ။

ရှောင်ယုယွီအား လှောင်ပြောင်သည့်အမျိုးသမီးသည် အတွင်းသို့ ကျော့မော့ကာ ဝင်ရောက်သွားခဲ့ပြီဖြစ်သည် ။ သူမသည် ဘေးပတ်လည်သို့ အကူအညီတချို့ ရလိုရငြား ဝေ့ဝိုက်ကြည့်လိုက်သည် ။ သူမ တာဝန်ခံလာတဲ့အထိ မစောင့်နိုင်ချေ ။
မတတ်သာတဲ့အဆုံးတွင် သူမ ခိုးဝင်ဖို့တောင် ပြုလုပ်နိုင်သည် ။

ကုအိမ်တော်ထဲတွင် လေထုက ပျော်ရွင်မှုများ၊ တက်ကြွလှုပ်ရှားမှုများ နှင့် ပြင်းထန်နေသည် ။ စီးပွားရေးသမားများက ကုကျင်းဟန်နဲ့ ဆွေးနွေးနိုင်လိုက်သလို အဆက်အသွယ်ကောင်းချင်သူများကလည်း ချိတ်ဆက်နိုင်လိုက်သည် ။ လေထုက အလွန်ပနံသင့်နေပြီး ချောချောမွေ ့မွေ့ပင် ။

ပိုင်လင်သည် သူ့ဖုန်းအား ထုတ်လိုက်ပြီး နံပါတ်တစ်ခုအား တစ်စုံတစ်ခုကို စတင်ရန် အမိန့်ပေးလိုက်သည် ။

သူသာ ဒိုင်ယာရီစာအုပ်ကိုမတွေ ့ခဲ့ရင် ပိုင်လင်က ဘယ်လိုလူမျိုး ဖြစ်ပြီး၊ ဘယ်လိုအကြံစည်မျိုး ကြံစည်ထားသလဲဆိုတာ ခန့်မှန်းမိမှာ မဟုတ်ပေ ။ ဒီပွဲဟာ ဒီတိုင်းလေးသာ အဆုံးသတ်သွားလောက်သည် ။

လွန်ခဲ့သည့်လေးနှစ်ကတည်းက ပိုင်လင်၏ အကြံအစည်သည် ယခုတွင် အကောင်အထည်ပေါ်လာတော့မည် ဖြစ်သည်။

သူသည် ပိုင်လင်၏ အစီအစဉ်ကိုသိရပြီးနောက် စဉ်းစားစရာ ပိုလာသည်မှ လွဲ၍ ထူးဆန်းသည်ဟု မခံစားရပေ ။ ပိုင်ယင်း၏ နောက်ဆုံးစကားသည် ဘာလဲဆိုတာ မသိသော်လည်း ပိုင်မိသားစု ပျက်စီးရာအကြောင်းအရင်းမှာ ကုမိသားစုနှင့် ဆက်စပ်နေလောက်သည် ။ မဟုတ်လျှင် ပိုင်လင်က ကုမိသားစုကို ကလဲ့စားချေဖို့ လုပ်မည်မဟုတ်ချေ ။

ပိုင်လင်သည် အချိန်ကိုစောင့်နေချိန် ကုကျင်းဟန်၏ ဖုန်းက မြည်လာလေသည် ။ သတိထားနေသည့် ပိုင်လင်က အသာခေါင်းယမ်လိုက်သည် ။ မူလကိုယ်ရဲ့ အစီအစဉ်က အဲ့ဒီဖုန်းကောကြောင့် ပျက်စီးသွားမယ်ဆိုတာ သူထင်ထားပြီသား။

ယခင်ပိုင်လင်က မည်မျှအားကြီးခဲ့ပါစေ ယခုဇာတ်လမ်းတွင် ဇာတ်လိုက်က ရှောင်ယုယွီဖြစ်သည် ။

ပိုင်လင်က စိုးရိမ်ပူပန်ခြင်းမရှိ လက်ထဲရှိဝိုင်ခွက်အား ဖြည်းဖြည်းချင်းမော့လိုက်သည် ။ သူ့ရဲ့ အကြောသေနေသ‌ယောင်မျက်နှာထက်တွင် အပြုံးဖွဖွလေး ပေါ်လာလေသည် ။

တိုက်ဆိုင်စွာပင် စင်ပေါ်၌ ကျန်ရစ်နေခဲ့သည့် ကုအဘိုးက စေ့စပ်ပွဲကို ကြေညာလိုက်ချိန်တွင် ဖြစ်သည် ။

တဖက်တွင် ကုကျင်းဟန်သည် သူ့ထံသို့ ဖုန်းခေါ်လာသည့် ရှောင်ယုယွီအား နားမလည်နိုင်ဟန် မေးလိုက်သည်။

" မင်းအခု ဘယ်မှာလဲ "

" ကျွန်မ ခြံဝင်းထဲက ရေပန်းနားမှာ.. "

ကုကျင်းဟန်၏ ဖုန်းတစ်ဖက်အသံက ခဏတာ တိတ်ဆိတ်သွားတာကြောင့် ရှောင်ယုယွီက ပြန်ဖြေလိုက်သည် ။

" ရှင် ဘယ်သူလဲဆိုတာ ကျွန်မ ဘယ်လိုသိသွားလဲဆိုတာရော ရှင်ဘာလို့ ဖုံးကွယ်ထားလဲဆိုတာရော နောက်မှ ပြောမယ် .. အခုချက်ချင်း ထိန်းချုပ်ရေးအခန်း ဆီကိုသွားပါ .. "

ထိန်းချုပ်ရေးအခန်းက ပရိုဂျက်တာကို ခုနကတင် ကုမိသားစုရဲ့ ပရောဂျက်ကို တင်ပြဖို့ ကုကျင်းဟန် အသုံးပြုခဲ့သေးသည် ။ ဘာမှားနေလို့လဲ။

ဖုန်းပြော‌နေရင်း သူ့ခြေလှမ်းများက ပရိုဂျက်တာ အပါအဝင် လျှပ်စစ်ပစ္စည်းများ တာဝန်ယူထားသူများရှိရာအခန်းသို့ ဦးတည်လိုက်သည် ။ သူရောက်သွားသည့် အချိန်တွင် တံခါးရှိ ဝန်ထမ်းအချို ့မှာ လဲကျနေသည်ကို တွေ ့လိုက်ရ၍ ထိတ့်လန့်သွားသည် ။ သူအခန်းတွင်းသို့ အလျင်အမြန်ရောက်လာချိန်တွင် လူတစ်ယောက်သည် USB တစ်ခုအား ထိုးဖို့ ပြုလုပ်နေသည်ကို တွေ ့ရသည် ။ အခန်းတွင်း အခန်းပြင်အခြေအနေကြောင့် ထိုလူလုပ်နေသည့် အရာသည် မကောင်းတဲ့အရာဆိုသည်ကို တွေးစရာမလိုအောင် သိနိုင်သည် ။

ထိုလူသည်လည်း ကုကျင်းဟန်ရောက်လာသည်ကို ထိတ်လန့်သွားပုံပေါ်သည် ။ USB အား အမြန်ထိုးသွင်းလိုက်တော့သည် ။

အခမ်းအနားရှိ ပိတ်ကားထက်တွင် ကုအဘိုး ကြေညာပြီးသည်နှင့် ရုပ်ပုံများ ပြောင်းလဲသွားလေသည် ။ စီစဉ်ထားသည့် အတိုင်းပင် လူအများ အာရုံစိုက်နေကြသည် ။ သူတို့က ကုကျင်းဟန်နဲ့ လက်ထပ်မဲ့ သူက ဘယ်သူဆိုတာကို သိချင်နေကြတယ် ။

ဒီမှာရှိနေတဲ့ လူတချို့ကသာ ကုကျင်းဟန်နဲ့ စေ့စပ်ထားတဲ့သူက ပိုင်လင်ဖြစ်တယ်ဆိုတာကို သိကြတာပင် ။

ပိတ်ကားထက်တွင် ပထမဦးဆုံးပေါ်လာသည်က မိသားစု ဓာတ်ပုံတစ်ခုပင် ။ ထိုပုံထဲတွင် ပိုင်လင်၏ မျက်နှာထက်တွင် တက်ကြွရွင်လန်းသည့် အပြုံးများ ရှိနေခဲ့သေးသည် ။

ကုကျင်းဟန်သည် USB အား ဆတ်ခနဲဆွဲနှုတ်လိုက်ပြီးမှ စိတ်အေးသွားသည် ။ ဒီထဲမှာ ဘာရှိနေနေ ကောင်းတဲ့အရာမဟုတ်ဘူး ။

သူက ပွဲထဲသို့ ပြန်မသွားဘဲ ခြံဝင်းထဲသို့ ဆင်းသွားလိုက်သည် ။ အနည်းငယ် သွားပြီးနောက် ရေပန်းနားတွင် ထိုင်နေသည့် ပုံရိပ်လေးတစ်ခုကို တွေ ့လိုက်ရသည် ။ သူမသည် ခရမ်းနုရောင်ဝတ်စုံလေးအား ဝတ်ဆင်လျက် အေးချမ်းစွာ လှပနေသော်လည်း သူမမျက်နှာထက်တွင် တစ်ခုခုကို စိုးရိမ်နေပုံရသည် ။

ခြေသံကြားလိုက်ရ၍ ရှောင်ယုယွီသည် လှည့်ကြည့်လိုက်ချိန်တွင် အနက်ရောင်ဝတ်စုံနှင့် ခန့်ညားလွန်းသည့် ကုကျင်းဟန်အား တွေ ့လိုက်ရ၏ ။ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ရပ်ကြည့်နေကာ အချိန်များ ရပ်တန့်သွားသယောင် ။

ပွဲအခမ်းအနားထဲတွင် ပိုင်မိသားစုအကြောင်း သိသူများက မည်သူဆိုသည်ကို ချက်ချင်း ခန့်မှန်းမိလိုက်ကြသည် ။ ကုကျင်းဟန်နှင့် လက်ထပ်မည့်သူမှာ ပိုင်မိသားစုတွင် တစ်ဦးတည်းသော ကျန်သည့် ပိုင်လင်မှလွဲ၍ မည်သူဖြစ်နိုင်မည်နည်း။ ဒါ့အပြင် ဒီနှစ်များတွင် ကုမိသားစု ဒီအခြေအနေထိရောက်နေသည်မှာ ထိုပိုင်လင်၏ ပိုင်ဆိုင်မှုများအား အသုံးချနိုင်ခဲ့၍ ဖြစ်ကြောင်း မသိသူ မရှိချေ ။ သူတို့က ပိုင်လင်အား မွေးစားထားခြင်းဟုသာ ထင်ထားပြီး ဒီလို ကိစ္စမျိုးအထိပါ စီစဉ်ထားမယ်လို့ မထင်ထားခဲ့ချေ ။

လူအားလုံး၏ အတွေးများက ထပ်တူညီနေသည် ။

' ကုမိသားစုက အခွင့်ကောင်းကို အရယူတတ်သားဘဲ '

သူတို့က ဆက်လက်ကြည့်ရှုဖို့ စိုင်းပြင်နေချိန်မှာဘဲ ပိတ်ကာက ဖြတ်ခနဲ့ ပိတ်သွားလေသည် ။ ဘာဖြစ်တာလဲဟု မေးရန် ပါးစပ်ပြင်လိုက်ကြချိန် သူတို့၏ ပါးစပ်များက အဟောင်းသားဖြစ်သွားရသည် ။ အကြောင်းမှာ ပိတ်ကားသည် ထပ်မံ ရုပ်ပုံများကို ပြသနေခြင်းကြောင့် ။ သို့သော် ယခုတစ်ခေါက်တွင် မတူတော့ချေ ။

ရှိနေတဲ့ လူအားလုံး သူတို့ မျက်လုံးတွေကို ပွတ်သတ်မိလိုက်တယ် ။ သူတို့မြင်နေတာ မှားနေပြီဟုတောင် ထင်မှတ်မိသည် ။ ဘာကြောင့်ဆို ယခုပိတ်ကား ထက်တွင်ရှိနေသည်က ပွေ ့ဖက်ထားသည့် စုံတွဲတစ်တွဲပင် ။ မိန်းကလေသည် လှပ၍ ကောင်လေးသည် ချောမော လှကာ လိုက်ဖက်လှလေသည် ။

သို့သော် လူတိုင်း၏ မျက်နှာက ပြုံးစိစိဖြစ်သွားကာ ရယ်ချင်နေသည်ကို အောင့်ထားသည့်ပုံပေါက်နေသည် ။

ကုမိသားစုက ကိုယ့်ဘာသာကိုယ် အရှက်ခွဲနေတာဘဲ

ကုအဘိုး၏ မျက်နှာသည်လည်း မည်းမှောင်နေသည် ။ သူ့ရဲ့ ထက်မြတ်လှတဲ့ မြေးက ဒီလို ရူးမိုက်တဲ့ အလုပ်ကို လုပ်လိမ့်မည်ဟု ထင်မထားပေ ။

လေထုက ကိုးရိုးကားယားဖြင့် တိတ်ဆိတ်သွားသည် ။

ခွမ်း!!!

တိတ်ဆိတ်နေသည့် လေထုကြားထွက်ပေါ်လာသည့် အသံက အာရုံစိုက်စရာဖြစ်လာကာ အလိုအလျောက်လှည့်ကြည့်မိကြသည် ။

အရပ်ရှည်ရှည်နှင့် ကြည့်ကောင်းသည့် လူငယ်လေးသည် ပိတ်ကားအား တွေတွေကြီး စိုက်ကြည့်နေသည်ကို တွေ ့လိုက်ကြရသည် ။ မျက်နှာထက်တွင် မည်သည့်အမှုအရာမှ မရှိသော်လည်း တုန်ယင်နေသည့် လက်များက အလွန်ခံစားနေရသော်လည်း ထိန်းချုပ်နေရပုံ ပေါက်နေသည် ။

မကြာခင်ကပင် ပိုင်လင်၏ ငယ်စဉ်ကပုံကို တွေ ့လိုက်ကြရ၍ ဒီလူငယ်လေးက ဘယ်သူဆိုတာကို ခန့်မှန်းဖို့ မခက်ခဲပါချေ ။ သနားသည့်အကြည့်များဖြင့် သက်ပြင်းတစ်ချို့ ချလိုက်မိကြသည် ။

ကိုယ့်စေ့စပ်ပွဲကြေညာတဲ့နေ့မှာမှ ဒီလိုမျိုး ကြုံရတယ်လို့

Continue Reading

You'll Also Like

234K 22.9K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
23.8K 3K 14
လုကျင်းမင်...ခင်ဗျားကို ကျွန်တော် ဘယ်တော့မှ ထပ်မတွေ့တော့ဘူး...အိမ်မက်ထဲမှာတောင်မှပဲ။ လုက်င္းမင္...ခင္ဗ်ားကို ကြၽန္ေတာ္ ဘယ္ေတာ့မွ ထပ္မေတြ႕ေတာ့ဘူး...အိ...
442K 23.1K 51
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...
1.5M 47.4K 69
(Zawgyi/ unicode) 🔞💗🔞 [Arc-5ႏွလံုးသည္းပြတ္၏ရိွဳက္သံ🌹 ] မူလ ဇာတ္ေကာင္ စ႐ိုက္ကို ထိန္းခ်ဳပ္ရင္း mission ကိုၿပီးေျမာက္ေအာင္စြမ္းေဆာင္ရသူ. 'လ်န္က်င္း...